Tuesday, March 6, 2012

ဒါဖတ်ပြီးမှ မြန်မာပြည် အပြီးပြန်ပါ


Swe Swe Kyi facebookမှ



အမေရိကန်ဆန်ရှင်ရုတ်သိမ်းအောင် သိန်းစိန်အစိုးရ အောက်လမ်းနည်းသုံးပြီ




by Swe Swe Kyi on Monday, March 5, 2012 at 5:48am ·

အမေရိကန်ဆန်ရှင်ရုတ်သိမ်းအောင် သိန်းစိန်အစိုးရ အောက်လမ်းနည်းသုံးပြီ
========================================

မြန်မာအပေါ် အမေရိကန် စီးပွားရေးဒဏ်ခတ်မှု (ဆန်ရှင်) ကို ပြန်ရုတ်သိမ်းရေးအတွက် သိန်းစိန်အစိုးရက နည်းမျိုးစုံ ကျင့်သုံးနေတယ်။ ဒေါ်စုနဲ့ သိန်းစိန်အစိုးရ အပေါ်ယံ လောကွတ်ဆက်ဆံရေးကနေ အမေရိကန်ဘက်က ဆန်ရှင်ရုတ်သိမ်းရေး လွယ်လွယ် လုပ်မပေးဘူးဆိုတာ သိန်းစိန်အစိုးရ သိလာတယ်။

ဒီမှာတင်သိန်းစိန်အစိုးရက အောက်လမ်းနည်းတွေသုံးလာတယ်။ ဒီနည်းကတော့ အမေရိကန်သမ္မတ အိုဘားမားကို မြန်မာအပေါ်ဆန်ရှင်တွေ ဖွင့်ပေးပါလို့ အမေရိကန် မဲဆန္ဒရှင်တွေက စာရေးဖိအားပေးတဲ့နည်းပါ။

အမေရိကန် နယူးရောက်မြို့ မြန်မာသံရုံးကနေ နယူးရောက်မြို့မှာရှိတဲ့ အမေရိကန်နိုင်ငံသား တရုတ်မြန်မာအသင်းကြီးရဲ့ ဥက္ကဌ ဦးသိန်းဟန်နဲ့ အလှည့်ကျသဘာပတိ ဒေါက်တာဟာဘီချူးကို သမ္မတ အိုဘားမားထံ စာရေးပေးဖို့ လျို့ဝှက်ညှိနှိုင်းခဲ့ကြတယ်။ အဲသလို နယူးရောက်မြန်မာသံရုံးနဲ့ နယူးရောက် တရုတ်မြန်မာအသင်းလူကြီးတွေ လျို့ဝှက်ဆွေးနွေးတဲ့ မှတ်တမ်း အထောက်အထားတွေကို ခု ဖော်ထုတ်လိုက်တယ်။ (အင်တာနက်ပေါ်မှ တွေ့ရှိချက်)

အမေရိကန်ဆန်ရှင်ပြန်ဖွင့်ရေး နယူးရောက်မြန်မာသံရုံးနဲ့ ပူးပေါင်းကြံစည်ခဲ့သူ နယူးရောက် တရုတ်မြန်မာအသင်း ပူးတွဲဥက္ကဌ တရုတ်ကြီး ဟာဗေးချူး


-အတိုက်အခံဘက်က နယူးရောက် မြန်မာသံရုံးနဲ့ တရုတ်မြန်မာအသင်းကို ၀ိုင်းပြီး ဖိအားပေးသင့်တယ်။

-သိန်းစိန်အစိုးရရဲ့ ခိုးကြောင်ခိုးဝှက် လုပ်ရပ်ကြောင့် ကြားဖြတ်ရွေးကောက်အပြီးမှာ သိန်းစိန်အစိုးရနဲ့ဒေါ်စုကြား ဆန်ရှင်နဲ့ ပတ်သက်ပြီး အကြီးအကျယ် စကားများမဲ့အလားအလာရှိတယ်။

-ဒေါ်စုနဲ့ သိန်းစိန်အစိုးရ အပေါ်ယံ လောကွတ်ဆက်ဆံရေးဟာ စလယ်ဝင် ဖင်မမဲခင်က ကွဲမဲ့အရိပ်အယောင်တွေ မြင်နေရတယ်

-သိန်းစိန်အစိုးရ ခုလို လိမ်နေတဲ့အကြောင်း အိုဘားမားထံ စာရေးကြပါ။ နယ်မြေ ဆီနိတ်တာတွေထံ စာရေးကြပါ။ ခုစာကို ပူးတွဲပေးပို့ပါ သက်သေအနေနဲ့။





· Share


နိုင်ငံတော် သမ္မတကြီး ခင် ဗျား... ချောင်း တွေ ဘာ တွေ ဟန့် မနေ ဘဲ ဒိုး ဒိုး ဒေါက် ဒေါက် ပြတ် ပြတ် သား သား ပြော စေ ချင် ပါ တယ်

သမ္မတကြီး က အထူး မိန့်ခွန်း ပြော မယ် ဆိုတာက ကတော့ အားလုံးကြားပြီး ကြ ပါ ပြီ ခင်ဗျာ။
အဲ ဒီ မနက် က တော့ အတွေး အမျိုး မျိုး နဲ့ မျော်လင့်ချက် အမျိုး မျိုး နဲ့ ရေဒီယို ရှေ့
ရုပ်မြင်သံကြားစက် ရှေ့ တွေ မှာ ရုံးတွေ က လူ တွေ စုပြီး နားထောင် နေ ကြ တာ ၊
လဘက်ရည်ဆိုင် တွေ မှာ လူ တွေ စုပြီး မန်ချက် ဘောပွဲ ကြည့် နေ ကြ တဲ့ အလား နားထောင်
နေကြ ရ တာပါ ၊ မန်ချက် က ကွင်း လယ် ကစား ကွက် ဟဲဗီး ကစား သွား ပေ မဲ့ ၊ ဂိုး ကို တလုံး
မှ ရှူး မသွား လို့ သက်ပြင်း ချရ သလို ၊ မိန့် ခွန်း က အဆုံး သတ်သွား လို့ နိုင်ငံတော် သမ္မတကြီး
ပြန် ကြွ သွားပါ ဘီ ကြေညာ သွား သည့် တိုင် အောင် ၊ လ စာ တိုး ပေး မဲ့ အကြောင်း တလုံး
တပါဒ မှ ပါ မလာ တော့ ၊ သက် ပြင်း ချ သံ တွေ နဲ့ ဘဲ ပြီး ခဲ့ ရ ပါ ပ ဗျာ။

နိုင်ငံတော် သမ္မတကြီး က လည်း စကား ကို ပြော သာ ပြော နေ ရ တာပါ ၊ မ ဝံ့ မ ရဲ အား တုံ့
အား နာ ပုံ စံ မျိုး နဲ့ ပါ ခင် ဗျာ ၊ မျက် နှာ က လဲ အို ၊ စကား က လည်း ထစ် ၊ ချောင်း က လေး
အဟမ်း ၊ အဟမ်း နဲ့ ခနခန က ဟန့် ၊ ကင် မရာ က လည်း ၊ သမ္မတကြီး က လက် က လေး ကာ
ပြီး ချောင်း ဟန့် နေတာ ကို အသေး စိတ် ရိုက် ပြ ၊ နဲ့ သွား လေ သူ မင်း သားကြီး ဦးကျောက်လုံး
ရဲ့ ခေတ်ဟောင်း ဇတ်ဝင် ခန်း တခု ကို ကလို့စ် အပ် ၊ ပြန် ကြည့် နေ ရ သလို ပါ ခင် ဗျာ ။

နိုင်ငံတော် သမ္မတကြီး က မိန့် ကြား သွား ပါ တယ် ၊ ဝန်ထမ်း က ၃.၃ ရာ နှုန်း ဘဲ ရှိ တာ ကို
လစာ တွေ တိုး ပေး လိုက် ရင် ကျန် တဲ့ ၉၆.၇ ရာ နှုန်း ပြည်သူ တွေ မှာ ကုန် ဈေး နှုန်း တက်တဲ့
ဒါဏ် ကို ခံစား ရ မှာ မို့ တိုး မပေး တာ ဖြစ် ကြောင်း ပြော သွာ ပါ တယ်။ တကယ် တော့
ဒီ ဝန်ထမ်း တွေ ကို မှီ ခို နေ တဲ့ မိသား စု တွေ အများ ကြီး ပါ။ လူ တိုင်း မှာ မိသားစု ရှိ ပါတယ်
နိုင်ငံတော် သမ္မတကြီး မှာ တောင် သန်ခေါင်စာရင်း ထဲ ခုနှစ်ယောက် ရှိ တယ် ကြား ဘူး ပါတယ် ဗျာ

ဒါပေမဲ့ နိုင်ငံတော် သမ္မတကြီး ပြော တာ မှန် ပါ တယ် ၊ မနက်ဖန် မိန့် ခွန်း ပြော မယ် ကြား
ကတဲ က ရွှေ ဈေး က အလကား နေ ရင်း တသောင်း ခွဲ လောက် ထပ် တက် သွား ပါတယ်။
ရွှေကုန် သည်တွေ တ ည လုံး တဝုံး ဝုံး နဲ့ ရောင်း ကြ ဝယ် ကြ ၊ ဘ လ ပွ ပေါ့ ခင် ဗျာ ၊ ပွဲ သိမ်း
လို့ နိဂုံး ချုပ် တော့ ၊ ရောင်း သူ တွေ က မှန် ပြီး ၊ ဝယ် သူ တွေ က မှား သွား ပြန် ပါ တယ်။
ဒီ ကနေ့ ရွှေဈေး က တော့ အများ သိ ကြ တဲ့ အတိုင်း ပါ ဘဲ ၊ တသောင်း ကျော် ပြန် ကျသွားပါဘီ

နိုင်ငံတော် သမ္မတကြီးပြန် ကြွ သွားပါ ဘီ ကြေညာ လိုက်ပြီး ၊ လစာ တိုး ပေး မဲ့ အကြောင်း တလုံး
တပါဒ မှ ပါ မလာ တဲ့ အဆုံး ၊ စပါး ဈေး က ၃ သောင်း ချက် ချင်း ကျ သွား ပါ လား ခင် ဗျာ
လူ တွေ က လည်း လူ တွေ ပါ ခင် ဗျာ ၊ ခဲ မှန် ဘူး တဲ့ စာ သူ ငယ် တွေ ပါ ၊ ဘာ သံ ကြား
ကြား ၊ ဝုန်း နဲ ရုတ် ရုတ် သဲ သဲ ထ လုပ် ကြတာ အစဉ်အလာ တခု ဖြစ် နေ ပါ ဘီ။

တကယ်တော့ သမ္မတကြီး ပြော သွား တာ မှန် ပါ တယ် ၊ မရှိ ဘဲ နဲ့ ဘယ် လို ပေး မလဲ ဗျာ။
သမ္မတကြီး မိန့်ခွန်း ကို တလုံးချင်း နား ထောင် ကြည့် ရင် မမှန်တာ ပြော မသွား ပါဘူး ၊ အမှန်
ကို ခရေစေ့တွင်းကျ ပြော မသွား တာ ဘဲ ရှိ ပါ တယ်။ အရင် က လို ဘဏ္ဍာတော် တိုက် က လို
သလောက် ထုတ်ယူ စေ ဗျား ၊ ပ လို့ ဂျိ ၊ ဆို ပြီး ငွေစက္ကူ တွေ ရိုက် ထုတ် ပေး လိုက် ရင်
စီး ပွား ရေး သံ သ ရာ တကြော့ ပြန် ဆိုး ပြီ ပေါ့ ခင် ဗျာ ၊

တိုင်းပြည် က စီးပွား ရေး တွေ တအား ဖွံ့ ဖြိုး လာ နေ လို့ ၊ ထုတ် ကုန် တွေ အိတ်စပို့ တွေ
တအား များ နေ လို့ လခ တိုးပေး ချင် တယ် ဆို တမျိုး ပေါ့ ဗျာ ၊
အခု တော့ တိုင်းပြည် စီးပွား ရေး က ၊ တ ယိမ်း တရိုင် ကျား ကန် နေ ရ တာ
မှာ မြွေ ပူ ရာ ကင်း မှောင့် သဘော မဖြစ် သင့် ဘူး ပေါ့ ဗျာ ၊ လခ တိုး ပေး မဲ့ အစား ၊
တိုင်း ပြည် မှာ အလေ အလွင့် တွေ နဲ သွားအောင် အရင် ထိမ်းဘို့ လို ပါ တယ် ခင် ဗျာ။

အခု လဲ ၊ အရင် က နဲ့ စာ ရင် လွှတ် တော် က အားရှိ လာ တာ တွေ့ ရ ပါ တယ် ၊ မသမာမှု
ဒလဟော ယို ပေါက် ကြီး ကို စောင့် ကြည့် နေ မဲ့ သူ တွေ ၊ တား ဆီး ပေး နိုင် မဲ့ လက် တွေ
တွေ့ လာ ရ ပါ တယ်။ တနေ့ က လွှတ်တော် အမတ် တယောက် ပြော သွား တာ က ၊ လွှတ် တော်
က စီစစ် ခွင့်ပြု ထားတာ မဟုတ် ဘဲ ၊ အစိုးရ က တကျပ် တပြားမှ ကျော် လွန် သုံး စွဲ ခွင့် မရှိဘူး
လို့ ပြတ်ပြတ် သား သား ၊ သတိ ပေးထား ပါ တယ် ၊ ခွင့် ပြု ချက် မရှိ ဘဲ ၊ ဘဏ္ဍာငွေ ကို ကျော်
သုံးရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ အရေး ပါ မယ် တဲ့ ခင် ဗျ။

ဒီ သတိပေးချက် ဟာ စားနေကျ ကြောင်ဖား ဝန်ကြီး ဌာန တချို့ နဲ့ သူတို့ နဲ့ လက်ဝါး ရိုက် ထား
တဲ့ ကုန်ပဏီ တချို့ အတွက် က တော့ အတော် ထိခိုက် သွားစေ ပါ တယ် ။ အရင် လို အုတ် ရော
ရော ကျောက် ရောရော ၊ ကြို ပွိုင့် လေး တွေ သုံး ပစ် ဘို့ စီ စဉ် ထား တာ ၊ ရပ် တန်း က ရပ်
ဖြစ် သွား ရ တာ ပါ။ ဒါ က တိုင်း ပြည်အတွက် အင်မတန် ကောင်း တဲ့ အလား အလာ ပါ ခင် ဗျာ
အဲ လို လွှတ် တော် က အရာ ရောက် အောင် စီ မံ နိုင် ရင် ၊ တကယ့် ကို တအား ပါ ဘဲ။
အမေစု တို့ အဖွဲ့ လွှတ်တော် ထဲ မြန်မြန် ရောက် လာ ပါ စေ ခင် ဗျာ။

မသမာ မှု တွေ ကြောင့် တိုင်းပြည် မှာ အလဟသ ဖြစ် ရ တာ တွေ အများ ကြီး ပါ။
ပြီး ခဲ့ တဲ့ ၂ နှစ် က နေပြည် တော် မှာ သွယ် တန်း ထား တဲ့ ပါဝါကြိုး ၊ လမ်း မီး ကြိုး တွေ ကို
စာရင်း စစ် ပါ တယ်။ သုံးထား တဲ့ အမ်ပီယာ အလိုက် ကြိုး က ဂိတ် ၊ အကြီး အသေး ခွဲ ပြီး သုံး
ရ ပါ တယ် ၊ တကယ် တမ်း စာရင်း ပြ ထား တဲ့ မီးကြိုး အရွယ် အစား နဲ့ တကယ် တပ် ထား တဲ့
မီး ကြိုး အရွယ် အစား လိုက် စစ် ကြည့် တော့ ၊ ဘယ် နေ ရာ မှာ မှ ၊ စာ ရင်း ထဲ ပြ ထား တဲ့
ကြိုး အရွယ် တပ် မထား ပါဘူး ၊ဆိုဒ် တွေ အကုန် လျော့ သုံးထား ပါ တယ် ၊ ဘယ် လိုင်း ကြိုး မှ
ဆိုဒ် မပြည့် ပါဘူး ၊ တကယ် သုံးထား တဲ့ မီး ကြိုး တန်ဘိုး အကုန် ပေါင်း နဲ့ စာရင်း ထဲ ပြထား
တာ ခြား နား ရင် ကျပ် ငွေ ငါး ဘီလီလျံ ကျော် ဘိုး ရှိ ပါတယ် ၊ စဉ်း စား ကြည့် ပါ ခင်ဗျာ။

ရန်ကုန် မြို့ ထဲ က ဓါတ် တိုင် တွေ အခု အချိန် ဆို ဆေး ပြန် သုတ် တဲ့ အချိန် ပါ။ ဓါတ် တိုင်
ဆေး သုတ် ခ ချ ပေး တာ က ၊ တိုင်း အင်ဂျင် နီယာ ရဲ့ လုပ် ပိုင် ခွင့် ပါ ခင် ဗျာ။ ထား ပါ တော့
တတိုင် ဆေးသုတ် ခ ကျပ် ၁ဝဝ စာ ရင်း တင်ထားရင် ၊ တ တိုင် ကို ၈ဝ နှုန် နဲ့ မြို့ နယ် အင် ဂျင်
နီယာ ကို ဘတ်ဂျက် ပေး လိုက် ပါ တယ် ၊ ၂ဝ က တော့ ဆရာကြီး ရဲ့ ဘတ်ခ ပေါ့ ဗျာ။

မြို့နယ် အင်ဂျင် နီယာ က သူ နဲ့ နီး စပ် တဲ့ ကန် ထရိုက် ကို တတိုင် ၆ဝ နဲ့ ကန် ထရိုက် ပြန်ပေး
လိုက် ပါ တယ် ၊ ကန် ထရိုက် က သူ့ လက် ခွဲ တပည့် တွေ ကို ရပ် ကွက် အလိုက် တတိုင် ၅ဝ နဲ့
ပြန်ဖြန့် ပေး လိုက် ပါတယ်။ အဲ ဒီ ကန် ထရိုက် က လူ မြင် များ တဲ့ လမ်း မ ကြီး က မီးတိုင်
တွေ ကို ဘဲဆေး ရေ ကြဲ လေး တွေ လိုက် သုတ် ပြီး ၊ ရပ် ကွက် အတွင်း ပိုင်း တွေ ကို တတိုင်
အစိတ် နဲ့ကန်ထရိုက်ထပ်ပေး ပြန် ပါ တယ် ။
အဲဒီ အဆင့် ရောက် တော့ တိုင် ကို ဆေး မသုတ် တော့ပါဘူး

အဝတ် စုတ် လေး နဲ့ ဘဲ ဓါတ်တိုင် ကို ရေ ပတ် တိုက် ပေး လိုက် ပါ တယ်။ အဲ လို လူ မျိုး က
လက်ကြော မတင်း တော့ ၊ တိုင် စေ့ တောင် ရေ ပါတ် မတိုက် နိုင် တော့ ပါ ဘူး ၊ သူ က ဘဲ
နောက် တခါ ၊ တတိုင် ကို ၁၅ ကျပ် နဲ့ ပုတ်ပြတ် ထပ် ငှား ပါ တယ်။ ပုတ် ပြတ် ရ တဲ့ သူ က
ဓါတ် တိုင် ကို ရေ ပါတ် မတိုက် နိုင် တော့ ဘဲ ၊ ဓါတ် တိုင် မှာ ရေး ထား တဲ့ နံပါတ် အနက်
နေရာ လေး ကို ဘဲ ကွက် ပြီး ရေပါတ် တိုက် ပေး ပါ တော့ တယ်။ နံပါတ် နေရာ လေး ဂဏန်း
ပေါ်လာ ရင် တော့ ဆေးသုတ် လုပ် ငန်းပြီးစီးကြောင်း ဓါတ်ပုံ ရိုက်ပြီး ငွေ ထုတ် တော့ တာပါ။
အလေ အလွင့် တွေ အကြောင်း ၊ ရှိ သမျှ ပြော ရရင် ၊ ပြော မကုန် ၊ ဒု နဲ့ ဒေး ပေါ့ ခင် ဗျာ။

လစာ တိုး တာ ၊ မတိုး တာ အပ ထား ၊ အရေး မကြီး ပါဘူး ၊ ဒီလို အလေ အလွင့် တွေ မဖြစ်
အောင် နိုင်ငံသား တိုင်း ၊ ဝန်ထမ်း တိုင်း တာဝန် သိ ဘို့ လို ပါတယ် ၊ ဒီလို မျိုး ပကတိ ဖြစ် ရပ်
မှန် တွေ ကို လွပ် လွပ် လပ် လပ် ၊ ဝေ ဘန် ထောက် ပြ ခွင့် ရှိ ဘို့ က ပို အရေး ကြီး ပါ တယ်
ဒီအကြောင်း တွေ ရှိ နေ မှန်း နိုင်ငံတော် သမ္မတကြီး က ကျွန်တော် တို့ ထက် ပို သိတာ ပေါ့ ဗျာ
သူ့ မိန့်ခွန်း ထဲ မှာ လဲ အချို့ တဝက် ထုတ်ပြော သွာပါ တယ်။ နိုင်ငံတော် သမ္မတကြီး ပြော သွား
တာ အား လုံး အမှန် တရား တွေ ပါ ဘဲ ၊ နိုင်ငံတော် သမ္မတကြီး ခင် ဗျား ၊ ဒိ ထက် ပို ပြီး ရဲ ရဲ
တင်း တင်း ပွင့် ပွင့် လင်း လင်း ပြော သွား စေ ချင် ပါ တယ်။ ချောင်း တွေ ဘာ တွေ ဟန့် မနေ
ဘဲ ဒိုး ဒိုး ဒေါက် ဒေါက် ပြတ် ပြတ် သား သား ၊ ဖြစ် အောင် ပြော စေ ချင် ပါ တယ် ခင် ဗျာ။

တကယ် တော့ ဗျာ ၊ မညီ မျှ မှု တွေ ကင်းဝေး ပြီး ၊ ညီ တူ ညီ မျှ လေး တွေ ဖြစ် လာ ရင် ဘဲ
လစာ တိုး တာ ထက် ပို အကျိုး များ ပါ တယ် ခင် ဗျာ ၊ မ ညီ မျှ မှု ဆို လို့ ကြံရည် ဝယ် သောက်
ရ တာ ချင်း အတူတူ ၊ နေရာ ဒေသ ကြောင့် မညီ မျှ မှု လေး တွေ ဘဲ စဉ်းစား ကြည့် ရ အောင် ပါ

ကျွန်တော် တို့ အညာ မှာ ခု လို အချိန် မျိုး ကြံရည် ဝယ် သောက် ရင် ၊ တကယ့် ကြံရည် စစ်စစ်
သောက် ရ ပါ တယ်။ ကြံ ရည် က မောင်းထောင်ချိုင့် အကြီးကြီး နဲ့ စား ပွဲ ပေါ် မှာ တည် ထား
ပြီး သား ပါ။ ကြံရည် သက်သက် ကို သောက် လို့ က တော့ ကြိုက် သလောက် သောက် ၊
ဆိုင်ရှင် က ဘာ တလုံး မှ မပြော ပါ။ ကြံရည် ဝယ် သောက် တယ် ဆို တာ ၊ ရေ ခဲ အတုံး သေး
သေး လေး ထည့် ထား တဲ့ ဖန် ခွက် အလွတ် ကို လာ ချ ပေး တာ ပါ။ တခွက် ကို ရေ ခဲ တတုံး
ဘဲ ရ ပါ တယ် ၊ ကြံရည် က တော့ ခု န ဂျိုင့် ခွက် အကြီးကြီး ထဲ က နေ ကြိုက် သလောက်
ယူ သောက် ပေါ့ ဗျာ။

အဲ ၊ ကြံ ရည် က တော့ ကြိုက် သလောက် သောက် ၊ ရေ ခဲ က တော့ ထပ် မတောင်း နဲ့ ၊ နိုး ပါ
ရေ ခဲ တုံး ထပ် ယူ ရင် ၊ နောက် ထပ် ကြံ ရည် တခွက် ဘိုး ပိုက် ဆံ ရှင်း ပေါ့ ခင် ဗျာ ၊
အညာ မှာ ရေ ခဲ ဆို တာ ရှား ပါး ကုန် တခု ပါ။

ရန် ကုန် မှာ ကြံ ရည် သောက် ရင် ၊ မှာ လိုက် တာ နဲ့ ၊ ရေ ခဲ တုံး အကြီးကြီး ကို အိတ် ထဲ
ထည့် ၊ ပြီး တော့ လက် ရိုက် ဒုတ် နဲ့ တအား ရိုက် ပြီး မွ နေ အောင် ချေ ၊ ပြိးတော့ ဖန် ခွက်
ထဲ ကြပ် နေ အောင် ထည့်၊ ကြံ ရည် တောင် ထည့် စရာ မကျန် တော့ မှ ၊ အပေါ် ပိုင်း လေး မှာ
ကြံရည် လေး ၃ ဇွန်းစာ လောက် ထည့် ပေး လိုက် တာပါ ၊ ဒါ တောင် ရေခဲ တွေ နင်း ကန်
ထည့် တုံး ၊ ဆေးသကြား ၂ စေ့ လောက် အောက် က ခံ ထည့်ပေး လိုက် ပါ သေးတယ်။

ရေခဲ လို ချင် ကြိုက် သလောက် တောင်း ၊ ဆိုင် ရှင် က မညင်း ပါ ဘူး ၊ အဲ ကြံ ရည် တော့
အဆစ် မတောင်း နဲ့ ၊ ကြံ ရည် ထပ်သောက် ချင် ရင် ၊ နောက် တခွက် ဘိုး ပေး ပေါ့ ဗျာ။
အညာ မှာ ကြံ ရည် ဝယ် သောက် သူ က ကြံရည် သက်သက် ပူ ကဲကဲ ၊ ချို ရဲ ရဲ ကြီး ကို
ဘယ် လို လုပ် သောက် လို့ အဆင် ပြေ မှာ လဲ ၊ ရန် ကုန် မှာ ကြံရည် ဝယ် သောက် ရ သူ
က လဲ ရေ ခဲ တွေ ဘလပွ နဲ့ ဆေးသကြား အရသာ ချို ခါးခါး ကြီး ကို ဘယ် လို လုပ်
သောက် လို့ အဆင် ပြေ မှာ လဲ ခင် ဗျာ။

မညီ မျှ မှု ဆို တာ ၊ အဲ သာ ပါ ဘဲ ခင် ဗျာ၊
အညာ မှာ ကြံ ရည် ရှိ ပေ မဲ့ ၊ လျပ်စစ် မီး မရှိ တော့ ၊ ရေ ရှိ ပေ မဲ့ ရေ ခဲ မရှိ ပါ။
ရန် ကုန် မှာ ရေ ရှိ ၊ လျပ် စစ် မီး ရှိ တော့ ၊ ရေ ခဲ ဆို တာ အလျံ အပါယ် ပါ။
ကြံ ချောင်း ကို ရန် ကုန် ထဲ သယ် စရိတ် က ကြီး နေ တော့ ၊ မ တတ် နိုင် ဘူး ပေါ့ ဗျာ။

ဒီတော့ တနိုင်ငံ ထဲ သား ချင်း တောင် နေရာ ဒေသ မတူ လို့ မညီ မမျှ ဖြစ် နေ ရ ကြတာပါ။
ဒါ လေး တွေ ညီ အောင် ညှိ နိုင် ရင် ဘဲ ၊ လခ တိုး ပေး တာ ထက် ပို လို့ အဆင် ပြေတာပါ။

တရား မျှတခြင်း ၊ လွပ်လပ်ခြင်း ၊ ညီ မျှ ခြင်း ဆို တဲ့ လောကပါလ တရား ပေါ်ထွန်းဘို့ က
လစာ တိုး ပေး တာ ထက် ပို အရေးကြီး ပါ တယ်။

လောကပါလ တရား တကယ် ထွန်းကားနိုင်ရင် လစာ တိုးပေးဘို့ မပြော နဲ့
လစာ ကို ဆယ်ဆ လျော့ပစ် လို့ ကျပ် ထောင် ဂဏန်းလေး ဘဲ သုံး ရ ပါ စေ ဦး
ကြေ နပ် လို့ မဆုံးပါ ၊ လောကပါလ တရား ကျွန်တော် တို့ နိုင်ငံ မှာ ရှိလာချိန် မှာ
နိုင်ငံဟာ ဂုဏ်မြင့် နေ ပီ ပေါ့ ခင် ဗျာ ၊ ကမ္ဘာ့ အလယ် မှ မြန်မာ ဟေ့ လို့
ဂုဏ်ဝင့် နိုင် ပီ ပေါ့ ခင် ဗျာ ၊ အဲဒီ အချိန် မှာ ကျွန်တော်တို့ ကိုင် သုံး နေ တဲ့
ကျပ်တန် လေး က အမေရိကန် ဒေါ်လာ ထက် ပို တိုး လို့ ၊ တန်ဘိုး ရှိ နေ ပီ ပေါ့ ခင်ဗျာ။

အဲ သလို မျိုး ဆို ၊ လစာ ဆယ် ဆ လျော့ ယူ ရ လို့ ၊ ဘာ အ ရေး ပါ လဲ ခင် ဗျာ။

မြန်ပြည် တလွှား လောကပါလ တရား အမြန် ထွန်း ကား လို့
တရား မျှတခြင်း ၊ လွပ်လပ်ခြင်း ၊ ညီ မျှ ခြင်း ၊ အ စ ရှိ တဲ့
လူ ဖြစ် ရ ကျိုး နပ် ရ တဲ့ ၊ လူ့ အရသာ အစုံ စုံ ၊ လူ တိုင်းစေ့ ရရှိ ခံ စား နိုင် ကြ ပါ စေ ဗျား ။

azawgyi
VIMC Senior Cupid
မြန်မာကျူ့ပစ်ဖိုရမ်မှတဆင့်ဖေါ်ပြပါသည်။

အရေးပေါ်သန္ဓေတားဆေး


အရေးပေါ်သန္ဓေတားဆေး မကြာခဏသုံးစွဲပါက ထိရောက်မှု မရှိဟုဆို

by Yangon Press International on Tuesday, March 6, 2012 at 3:18am ·
ရန်ကုန်၊ မတ် ၆ ရက်၊ ၂၀၁၂ (YPI)

အရေးပေါ် သန္ဓေတား ဆေးကို မကြာခဏ အသုံးပြုပါက သန္ဓေတားခြင်းကို ထိရောက်စွာ မကာကွယ်နိုင်ကြောင်း ဗဟိုအမျိုးသမီးဆေးရုံမှ သားဖွားမီးယပ် အထူးကုဆရာဝန် ကြီး ဒေါက်တာစိုးလွင်ကပြောသည်။

“အရေးပေါ် သန္ဓေတား ဆေးဆိုတာ အရေးပေါ်အတွက် သာ အသုံးပြုရမယ် ၊မကြာခဏအသုံးပြုနေရင် သန္ဓေတားခြင်းကိုထိရောက်စွာ ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး၊ အခုမလိုချင်ပဲ ကိုယ်ဝန်ရကြလို့လာလာပြ တဲ့အထဲမှာ မေးကြည့်တော့ အရေးပေါ် သန္ဓေတား ဆေးတွေ မကြာခဏသုံးလို့ ရသွားကြတာများတယ်” ဟု ၎င်းကပြောသည်။

ထို့ပြင် “သူကဟော်မုန်းဆေးဆိုတော့ အထဲက ဟော်မုန်းဖြစ်စဉ်တွေကို အပြောင်းအလဲဖြစ်စေနိုင်တယ်၊ အမျိုးသမီးတွေဆို ခဏခဏသောက်ရင် ရာသီမမှန်တာတွေ ရာသီနောက်ကျတာတွေဖြစ်တတ်တယ်” ဟု ဒေါက်တာစိုးလွင်က အကျိုးဆက်များကို ရှင်းလင်းပြောပြသည်။




အရေးပေါ်သန္ဓေတားဆေးကို မကြာခဏအသုံးပြုပါက သန္ဓေတားခြင်းကို ထိရောက်စွာ မကာကွယ်ပေးနိုင်သည့် အပြင် အမျိုးသမီးများဧ။် ဓမ္မတာ လာသည့်လုပ်ငန်းစဉ်အချို့ကိုပါ ထိခိုက်နိုင်သည်ဟု ဒေါက်တာစိုးလွင်ကပြောပါသည်။

ယခုနောက်ပိုင်း လူငယ်များအကြား လက်မထပ်မီ အတူနေထိုင်ခြင်း များပြားလာကာ အဆိုပါစုံတွဲများသည် အရေးပေါ်သန္ဓေတားဆေးကို မကြာခဏ လာရောက်ဝယ်ယူကြသည်ဟု  ဒဂုံမြို့သစ်မှ ဆေးအရောင်းဆိုင် တဆိုင်က ပြောသည်။

“အမတို့ဆိုင်ဆို အရေးပေါ် သန္ဓေတားဆေး ဖောက်သည်တွေတောင်ရှိတယ် ၊တချို့ဆို တလ နှစ်ခါသုံးခါ လာဝယ်ကြတယ် ၊များသောအားဖြင့် လက်မထပ်ရသေးတဲ့စုံတွဲတွေ၊ ကောင်လေး၊ ကောင်မလေးတွေ လာဝယ်ကြတာများတယ်” ဟု ၎င်းကပြောသည်။

ကိုယ်တိုင် သုံးစွဲဖူးသူ တဦးဖြစ်သည့် သင်္ကန်းကျွန်းတွင် နေထိုင်သူ မနွယ်နွယ် (အမည်လွှဲ) က “ကျွန်မတော့တခါပဲသုံးဖူးတယ် ၊သူကသုံးပြီးတော့ ဓမ္မတာ လာရော ၊တခါပဲသုံးဖူးတော့ ဘာမှဘေးထွက် ဆိုးကျိုး မရှိဘူးပေါ့၊ ခဏခဏတော့မသုံးရဲဘူး” ဟု ပြောသည်။

ဆေးဈေးကွက်ထဲတွင် အရေးပေါ် သန္ဓေတား ဆေးအမျိုးမျိုးရှိပြီး အသုံးများသည့် ဆေးအမျိုးအစားမှာ ECee 2,Pill 72အစရှိသည်ဖြင့် ဈေးကွက်တွင် အရောင်းတွင်ကျယ်နေသည့် ဆေးဖြစ်ပြီး အိန္ဒိယနိုင်ငံဘက်မှ အ၀င်များသည်ဟု ဆေးရောင်းသူများကပြောသည်။

ယင်းဆေးမှာ နှစ်လုံးပါရှိပြီး အတူနေပြီး ၃၆ နာရီအတွင်း၊၇၂ နာရီအတွင်းသောက်ရသည့်ဆေးဖြစ်၍ ဈေးနှုန်းမှာ ရောင်းချသည့်ဆိုင် အပေါ်မူတည်၍ ကျပ် ၆၀၀ နှင့် ၁၀၀၀ ကြားတွင်ရှိသည်ဟု သိရသည်။ ယင်းဆေးကို ဆေးဆိုင်တိုင်း အလွယ်တကူ ၀ယ်ယူရရှိနိုင်သောကြောင့် လူငယ်များ အသုံးများလာခြင်းဖြစ်သည်။

လက်မထပ်ရသေးသည့် လူငယ်များအနေဖြင့် လိင်ဆက်ဆံသည့်အခါ ဖြစ်ပေါ်လာသည့် အန္တရာယ်များမှာ မလိုလားအပ်သည့် ကိုယ်ဝန် ရရှိစေသည့်အပြင် လိင်မှတဆင့် ကူးစက်နိုင်သည့် ရောဂါ အန္တရာယ်များလည်း ရှိနိုင်သည်။

လက်မထပ်သေးသည့် လူငယ်များအနေဖြင့် မလိုလားအပ်သည့် ပြဿနာများမဖြစ်ပေါ်နိုင်ရန် စောင့်စည်းမှုများ ထားသင့်သည်ဟု ဒေါက်တာစိုးလွင်က အကြံပြုပြောဆိုသည်။      ။


မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒရှင်စာရင်းထုတ်ပြန်ရာမှာ မှားယွင်းမှုတွေရှိ


Uploaded by BurmaVJMedia on Mar 5, 2012

မင်္ဂလာတောင်ညွန့်မြို့နယ်မှာ လာမယ့် ဧပြီ(၁)နေ့မှာကျင်းပပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲအတွင်း မဲပေးနိုင်တဲ့ မဲဆန္ဒရှင် စာရင်းထုတ်ပြန်ခဲ့ရာ ရပ်ကွက်အတွင်း အမှန်တကယ်နေထိုင်ခြင်းမရှိတဲ့ သူတွေအမည်နဲ့ ကလေးငယ်တွေရဲ့အမည်တွေပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်စာတင်သွားမှာဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေကို အမြန်ဆုံးလာရောက် စုံးစမ်းစေချင်ကြောင်းကို မင်္ဂလာတောင်ညွန့်မြို့နယ် ၊အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အောင်နိုင်ရေးကော်မတီ တာဝန်ခံ ဦးခင်လှိုင်မှ ပြောပြထားပါတယ်။


မြောင်းမြတွင်လည်း မဲစာရင်းများ မှားယွင်းနေဟု NLD ပြော
မျိုးသန့် | အင်္ဂါနေ့၊ မတ်လ ၀၆ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၃၈ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဧရာဝတီတိုင်း၊ မြောင်းမြမြို့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ခရိုင်ကော်မရှင်မှ ထုတ်ပြန်သည့် ဆန္ဒမဲပေးခွင့်ရှိသူ စာရင်းတွင် မှားယွင်းမှု ဖြစ်ပေါ်နေသည်ဟု မြောင်းမြမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး ခေါင်းဆောင် ဦးဝင်းရွှေ က မဇ္ဈိမကို ပြောသည်။

၂ဝ၁ဝ ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ် မပြည့်သေး၍ မဲပေးပိုင်ခွင့်စာရင်းတွင် မပါဝင်ခဲ့သော်လည်း ၂ဝ၁၂ ခုနှစ် တွင် အသက်ပြည့်ပြီးသူများ မဲပေးပိုင်ခွင့် စာရင်းတွင် မပါခြင်း၊ မှတ်ပုံတင် အမှတ်များ မှားယွင်းခြင်း၊ မိဘအမည်များ မှားယွင်းခြင်း၊ မဲဆန္ဒနယ်အတွင်း နေထိုင်ခြင်းမရှိသည့် လူအမည်များ ပါဝင်နေခြင်းတို့မှာ လူ ၁ဝဝ တွင် ၂၅ ယောက် ခန့် ဖြစ်ပေါ်နေသည်ဟုလည်း NLD ရပ်/ကျေးအဖွဲ့ဝင်များ၏ စာရင်းပေးပို့ချက်ကို ကိုးကား၍ ဦးဝင်းရွှေက ခန့်မှန်း
ပြောဆိုသည်။

"ရွာတိုင်း ဖြစ်နေတာပါခင်ဗျာ။ မလွတ်ပါဘူး။ မြို့ပေါ်မှာလည်း ဖြစ်နေပါတယ်။ တရပ်ကွက်မှ မလွတ်ပါဘူးခင်ဗျာ။ ကျနော့်ဆီကို နေ့စဉ်နေ့စဉ် ရပ်ကွက်တွေ ရွာတွေက စာရင်းတွေ တက်လာနေတာ အဲဒီကိစ္စတွေ တက်လာနေပါတယ်။ ကျနော် ဒီကိစ္စနဲ့ ပတ်သက်လို့ အထိတွေ့ရဆုံးပါပဲ" ဟု ပြောသည်။

မြောင်းမြမြို့ပေါ်တွင် မဲပေးနိုင်သည့် ရပ်ကွက်ပေါင်း ၁၄ ရပ်ကွက်ရှိပြီး မြို့နယ်တွင်း ကျေးရွာအုပ်စုပေါင်း ၁၁၄ အုပ်စုမှ ရွာပေါင်း ၆ဝဝ ခန့်တွင် ထိုအခြေအနေမျိုး ဖြစ်ပေါ်နေသည်ဟု ဦးဝင်းရွှေက ဆိုခြင်းဖြစ်သည်။

"မဲစာရင်းမှာ သေပြီးသားလူတွေ ပါတယ်။ ရှင်တဲ့လူတွေ မပါဘူး။ မြောင်းမြမြို့က ဦးစံပြုံးဆိုတဲ့ မိသားစုမှာ လွန် ခဲ့တဲ့ ၇ နှစ်လောက်က ဆုံးသွားတဲ့ ဦးစံပြုံး ပါပြီးတော့ သက်ရှိထင်ရှားရှိနေတဲ့ သူ့သမီးတယောက် မပါဘူး။ အဲဒီလိုမျိုးတွေ ဗျာ တမြို့နယ်လုံး ဖြစ်နေတယ်" ဟု ဦးဝင်းရွှေက ပြောသည်။

မဲဆန္ဒရှင်များ၏ စာရင်းများကို NLD လူငယ်များက လက်ရေးဖြင့် ကူးယူ၍ စစ်ဆေးနိုင်ရန် ကြိုးပမ်းမှုကိုလည်း တနင်္လာနေ့က မြောင်းမြမြို့ အမှတ် ၈ ရပ်ကွက် ကော်မရှင်ဥက္ကဋ္ဌမှ တားမြစ်ခဲ့သည်ဟုလည်း သိရသည်။

မှားယွင်းမှုများနှင့် ပတ်သက်၍ ခရိုင်ရွေးကောက်ပွဲကော်မရှင်သို့ စာရေးသား တင်ပြခဲ့သော်လည်း ရွေးကောက်ပွဲ
ကော်မရှင်မှ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများအတိုင်း ဆောင်ရွက်ရန်သာ ညွှန်ကြားခဲ့သည်ဟု သိရသည်။

နည်းဥပဒေအရ သတ်မှတ်ပုံစံစာရွက်များတွင် ဖြည့်စွက်ကာ ကော်မရှင်သို့ တင်ပြတောင်းဆိုနိုင်သည်ဟု ပါရှိသည်။

မြောင်းမြမဲဆန္ဒနယ်တွင် NLD ပါတီမှ မန်းဂျော်နီ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာ ဖြိုးကိုကို တင့်ဆန်း၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ဦးအောင်မျိုးလှိုင်တို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

NLD ၏ အဓိက ပြိုင်ဘက်ဟု အများက ယူဆသော ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ ကိုယ်စားလှယ်လောင်း ဒေါက်တာ ဖြိုးကိုကိုတင့်ဆန်းသည် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၏ သားဖြစ်သည်။ ဖေဖေါ်ဝါရီလအတွင်းက ဒေါ်အောင်ဆန်းစုကြည်၏ မြောင်းမြမြို့ စည်းရုံးရေး ခရီးစဉ် များအတွင်း ဘောလုံးကွင်း အသုံးပြုမှုကို ဦးတင့်ဆန်း က ပိတ်ပင်ခဲ့ဖူးသည်။

၂ဝ၁ဝ ရွေးကောက်ပွဲအတွင်း ကြံ့ခိုင်ရေးပါတီမှ ဦးတင့်ဆန်း အနိုင်ရကာ ပြည်ထောင်စု ဝန်ကြီး ဖြစ်လာခဲ့သည်။

မြောင်းမြမဲဆန္ဒနယ်တွင် ဖြစ်ပေါ်နေသည့် အထက်ပါဖြစ်ရပ်မျိုး ဖျာပုံ မဲဆန္ဒနယ်တွင်လည်း ဖြစ်ပေါ်နေသည်။ မဲဆန္ဒရှင်များ စာရင်းသည် ၂ဝ၁ဝ ရွေးကောက်ပွဲကာလအတွင်းက ကောက်ယူထားသည့် စာရင်းများတိုင်း ယခု ထပ်မံ ထုတ်ပြန်ခြင်း ဖြစ်သည်ဟု ဖျာပုံ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသိန်းဆွေက မဇ္ဈိမကို ပြောသည်။

ဦးသိန်းဆွေက အဆိုးရွားဆုံး ဖြစ်ရပ်အဖြစ် မဲဆန္ဒရှင် ၇ဝဝ ခန့်ရှိမည့် ဖျာပုံမြို့ အမှတ် ၁၆ ရပ်ကွက်တွင် မှတ်ပုံတင်နံပါတ် ၁၄/ဖပန (နိုင်) ၁၄၄၂၆၇ တခုတည်း ကို လူ ၂၆ ယောက် ဖြစ်နေသည့် ဖြစ်ရပ်ကို ညွှန်းဆို၍ မဇ္ဈိမနှင့် အင်တာဗျူးတခုတွင် ပြောဆိုခဲ့သည်။
http://www.mizzimaburmese.com/news/inside-burma/9077-2012-03-06-11-11-37.html

ကလေးသူငယ်ကို အသက်မပြည့်ပဲ စစ်မှုထမ်းခိုင်း


by Burma VJ Media Network on Tuesday, March 6, 2012 at 5:08am ·
ကလေးသူငယ်တွေကို အရွယ်မရောက်သေးခင် စစ်တပ်ထဲ သွတ်သွင်းခြင်းဟာ ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရရော ထိခိုက်စေတာ အမှန်ပါပဲ။ ကလေးတွေကို စစ်တပ်ထဲမှာ ကြောက်ရွံ့မူဖြစ်စေတာ ကလေးတွေရဲ့ လွတ်လပ်မှုကို ချုပ်ချယ်တာတွေဟာ ကလေးတွေရဲ့ တိုးတက်လိုစိတ်၊ စူးစမ်းလိုစိတ်တွေကို ပိတ်ပင်ပြီး တခါတလေ ကလေးတွေကို ရိုင်းပြစေတဲ့ မသိစိတ်ကို နိုးဆွပေးသလို ဖြစ်နေတတ်ပါတယ်။ ကြောက်ရွံ့မှုဖြင့် ကြီးပြင်းလာသော ကလေးများဟာ စိုးရိမ်ပူပန်မှုတွေကို ဖြစ်စေတတ်သလို လူသားအဖြစ် တန်ဖိုးထားခြင်းမခံရတဲ့ ကလေးများဟာလည်း အခြားသူများရဲ့တန်ဖိုးကို နားမလည်ခြင်း၊ တခြားသူများရဲ့အခွင့်အရေးများကို တန်ဖိုးမထားခြင်းများလည်း ဖြစ်တတ်ပါတယ်။

 အဲဒါကြောင့် ၁၉၈၉ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ကုလသမဂ္ဂအထွေထွေညီလာခံကနေ ကလေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပြီး မြန်မာနိုင်ငံက ထိုစာချုပ်ကို ၁၉၉၁ခုနှစ်၊ ဇူလိုင်လ၊ ၁၅ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ပြီးလည်းဖြစ်ပါတယ်။ ထိုစာချုပ်မှာ အပိုဒ်ပေါင်း (၅၄)ပိုဒ် ပါဝင်ပြီး
အပိုဒ်(၃၈)မှာ လက်နက်ကိုင် ပဋိပက္ခများမှာ ကလေးစစ်သား အသုံးပြုခြင်းကို တားမြစ်ထားပါတယ်။

 သို့သော်လည်း ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မနော်ဟရီ(၂)လမ်းက ဦးကုလား(ခ)ဦးအငယ်လေးရဲ့သား မောင်အောင်ကိုလတ်(ကို အသက်မပြည့်ပဲ စစ်မှုထမ်းခိုင်းထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ထိုကိစ္စကို လူ့အခွင့်အရေး စောင့်ကြည့်ကာကွယ်ရေးကွန်ယက် (HRWDN) ကနေ (ILO)ကို တာဝန်ယူတိုင်တန်း ဆောင်ရွက်ပေးနေတာကို တွေ့ရပါတယ်။ ထိုကွန်ယက်ကနေ ကလေးစစ်သားအပြင် လယ်သိမ်း၊ယာသိမ်းကိစ္စတွေကို တရားမျှတမှုတွေကိုဖြစ်အောင် လိုက်လံကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။


 
HRWDNသို့ ကလေးစစ်သားကိစ္စ အကူအညီတောင်းခံစာ


ဒေါ်အောင်ဆန်းစုကြည် မဟာဝိသုဒ္ဒါရုံ ကျောင်းတိုက်နဲ့ မဟာဂန္ဓာရုံကျောင်းတိုက်က ဆရာတော်တွေကို သွားရောက် ဖူးမျှော်ခဲ့

Burma VJ Media Network
ပြည်သူတွေအတွက် တပ်မတော်ကို စည်းရုံးလှုံဆော်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော
မန္တလေးမြို့ကို မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မက်လ ၄ ရက်နေ့ မနက် ၈ နာရီလောက်မှာ အထင်ကရ ဘုန်းတော်ကြီး ကျောင်းတွေဖြစ်တဲ့ မဟာဝိသုဒ္ဒါရုံ ကျောင်းတိုက်နဲ့ မဟာဂန္ဓာရုံကျောင်းတိုက်က ဆရာတော်တွေကို သွားရောက် ဖူးမျှော်ခဲ့ပါတယ်။ အဲဒီနောက် စစ်ကိုင်းကိုသွားရောက်ပြီး သိန်းနဲ့ချီကြိုဆိုခဲ့ကြတဲ့ ပြည်သူလူထုကို မိန့်ခွန်းပြောခဲ့သလို တပ်မတော်အနေနဲ့ ပြည်သူတွေအတွက် အကျိုးရှိစေမယ့် အပြောင်းအလဲတွေ လုပ်လာနိုင်အောင် စည်းရုံးလှုံဆော် သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုသွားပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားစဉ် ကားပေါ်၌ အရှင်ဂမ္ဘီရနှင့် ဆက်သွယ်မေးမြန်းချက်

Ashin Sandaw
အရှင်ဂမ္ဘီယ ကို အာဏာပိုင်များ လက်ထိပ်ခပ်ပြီး ဖမ်းဆီးသွားပြီလို့သတင်းရရှိပါတယ်။ မြောက်ဒဂုံမှ သူ့အမ မခင်သူဌေး အိမ်တွင် ခေတ္တရောက်ရှိနေတုန်း ဖမ်းဆီးခံသွားရတာဖြစ်ကြောင်းသိရှိရပါတယ်။ သူကိုင်ထားတဲ့ ဖုန်းနံပါတ်က ၀၉၄၈၈၇၂၀၅၁ 0948872051 ဖြစ်ပါတယ်။ သူ့ညီအငယ်ဆုံးဖုန်းနံပါတ်က ၅၈၀၂၁၄ 580214 ဖြစ်ပါတယ်။

စာနာနားလည်နိုင်တဲ့ စိတ်နှလုံးပိုင်ရှင် (သို့မဟုတ်) ဟံသာဝတီ ဦးဝင်းတင်


by Nyein Chan Aye on Sunday, March 4, 2012 at 9:33am ·

ဒေါ်အောင်ဆန်းစုကြည် မန္တလေးခရီးစဉ်မှာ ပါသွားတဲ့ ဆရာဦးဝင်းတင်ရဲ့ ဓာတ်ပုံတွေကို ခုတက်လာတဲ့ သတင်းတွေမှာ သိပ်မတွေ့ရဘူး။ ခုခေတ် မန္တလေးအနေနဲ့တော့ မပြောတတ်ဘူး။ ဟိုးအရင်ကတော့ ဦးဝင်းတင်ကို မန္တလေးရဲ့ထောက်ခံမှု၊ ချစ်ခင်မှုက တော်တော်ကြီးတယ်။ စာပေအသိုင်းအဝန်း၊ စာဖတ်သူ ပရိသတ် တင်မက လူထုမောင်နှံလို မြို့မိ၊ မြိုဖတွေနဲ့အတူ မန္တလေး လူမှုပတ်ဝန်းကျင်မှာ အရေးပါ၊ အရာရောက် ဝင်ဆန့်ပြီး လူထုချစ်ခင်မှု ရခဲ့တယ်။ ဦးဝင်းတင် နဲ့ သူရဲ့ သတင်းစာ ဟံသာဝတီ အတွက် မန္တလေးဟာ အောင်မြေဖြစ်ခဲ့တယ်။

ဦးဝင်းတင် မန္တလေးရောက်သွားပုံ၊ နောက်ခံ အကြောင်းအရာ ကို သူကိုယ်တိုင် သူ့ဘဝဇတ်ကြောင်းပြန်ပြောတဲ့ လွတ်လပ်တဲ့အာရှအသံ "ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကို လျှောက်ခြင်း" အစီအစဉ်မှာ ထည့်ပြောသွားတာလည်း စိတ်ဝင်စားဖို့ကောင်းတယ်။

စစ်တပ်ကအာဏာသိမ်းပြီး (၆) နှစ်အကြာ တော်လှန်ရေးကောင်စီခေတ် ၁၉၆၈ မှာ အဲ့တုန်းက ပြန်ကြားရေးဝန်ကြီး ဗိုလ်မှုးချုပ် သောင်းဒန် (ကျနော်သိသလောက် သူက ကာကွယ်ရေးဦးစီးချုပ် (လေ) လည်းဖြစ်တယ်။) နဲ့ သတင်းစာတွေ ဌာနဆိုင်ရာ အစည်းအဝေး မဟုတ်ပဲ၊ (informally, ထမင်းလက်ဆုံစားပွဲပုံစံနဲ့) တွေ့ဆုံမှုလေး ဖြစ်ခဲ့တယ်။ အမှန်က ဗိုလ်နေဝင်းက သတင်းစာဆရာတွေရဲ့ လက်ရှိ အမြင်တွေသိရအောင် ဗိုလ်သောင်းဒန်ကို တွေ့ခိုင်းလိုက်တယ်လို့ ယူဆရတယ်။ အဲ့တုန်းက သတင်းစာအများစုကို ပြည်သူပိုင်သိမ်းပြီး သွားပြီ ဆိုတော့ သူ့အောက်မှာ အစိုးရဝန်ထမ်းအနေနဲ့ လုပ်နေရတဲ့ အယ်ဒီတာချုပ်တွေ၊ အယ်ဒီတာတွေကို ဝန်ကြီးက ခေါ်တွေ့တာလည်း ဖြစ်တယ်။ သတင်းစာ အသီးသီးက အယ်ဒီတာချုပ်နဲ့ လက်ထောက် အယ်ဒီတာချုပ် တွေ တက်ရတယ်။ နောက်ပြန်ကြားရေးက အတွင်းဝန်၊ ဒါရိုက်တာ စတဲ့ ရာထူးတွေယူထားတဲ့ စစ်ဗိုလ်တွေလည်းပါတယ်။  ကြေးမုံကို စတင်တည်ထောင်တဲ့ ကြေးမုံဦးသောင်းလည်း ပြန်ကြားရေးဌာန အကြံပေးအရာရှိအနေနဲ့ ပါတယ်။ (ကြေးမုံဦးသောင်းရဲ့ အဲ့ရာထူးက ဗိုလ်နေဝင်းက တိုက်ရိုက်ဖန်တီးပေးပြီး ခန့်လိုက်တာ။ လူကိုထောင်ချ၊ ပြီးတော့ သူပိုင် ကြေးမုံကိုသိမ်း၊ ပြီးတော့မှ ထောင်ကလွှတ်တော့ ဗိုလ်နေဝင်းက ချော့တဲ့အနေနဲ့ အဲ့ရာထူးဖန်တီးပေးလိုက်တာ၊ အသေးစိတ်ကို အောက်မှာ ညွှန်းထားတဲ့ ဦးသောင်းရဲ့ စာအုပ်များတွင် ရှု)

ကြေးမုံအနေနဲ့ အယ်ဒီတာချုပ်ဖြစ်တဲ့ ဆရာဇဝန နဲ့အတူ လက်ထောက်အယ်ဒီတာချုပ် (အမှုဆောင်/တာဝန်ခံ အယ်ဒီတာ) ဦးဝင်းတင်လည်း တက်ရတယ်။ အဲ့မှာ ဒီတွေ့ဆုံပွဲဟာ အမြဲ မျက်စိရှင်၊ နားပါးနေတတ်တဲ့ ဗိုလ်နေဝင်း က သတင်းစာတွေ အခြေအနေနဲ့ သတင်းစာဆရာတွေရဲ့ လက်ရှိ အမြင်ကို သိချင်လို့ပဲဆိုတာကို သတင်းရတဲ့ (ဒါမှမဟုတ် ခန့်မှန်းနိုင်တဲ့)၊ ခေတ်အဆက်ဆက် နိုင်ငံရေးသြာဇာ ရှိခဲ့တဲ့၊ တော်လှန်ရေး ကောင်စီခေတ် မှာလည်း အရေးပါ၊ အရာရောက်နေတဲ့ ဦးသိန်းဖေမြင့်က (ဗိုလ်တစ်ထောင်သတင်းစာ အယ်ဒီတာချုပ်အနေနဲ့) စပြီး ဝန်ကြီးကို သတင်းစာတွေ အခြေအနေ ဆွေးနွေးဖို့ ခွင့်တောင်းပြီး သူကစပြီး သတင်းစာလောက အခြေအနေကို မိတ်ဆက်အနေနဲ့ နည်းနည်းပြောတယ်။ ပြီးတော့ ဦးဝင်းတင်ဘက်လှည့်ပြီး အောင်မြင်နေတဲ့ ကြေးမုံကို အဓိကတာဝန်ခံလုပ်တဲ့ ပုဂ္ဂိုလ်အနေနဲ့ သတင်းစာလုပ်ငန်းအခြေအနေကို ဆက်လက်ဆွေးနွေးဖို့ ပြောတယ်။ ဦးဝင်းတင်က ဆရာကြီးတွေ (ရွှေဥဒေါင်း (လုပ်သားပြည်သူ့ သတင်းစာ)၊ ဇဝန၊ ဦးခင်မောင်လတ် (Working People's Daily၊ ဦးသိန်းဖေမြင့် အစရှိသဖြင့်) ကို ကျော်ပြီးမပြောချင်ပေမဲ့ သူ့ကိုပြောခိုင်းနေတော့ မတတ်သာဘဲ လက်ရှိ စစ်တပ်ခေတ် သတင်းစာလောက ကို ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုခဲ့တယ်။

သတင်းလုပ်ငန်းတွေမှာ ဝန်ကြီး၊ ဝန်ကလေး၊ အတွင်းဝန်၊ ဒါရိုက်တာ၊ စစ်တပ် အစရှိသဖြင့် အဆင့်ဆင့်ဝင်ရောက် ခြယ်လှယ်ပုံ၊ သတင်းပိတ်ဆို့မှု စတာတွေကို ပြောတယ်။ အဲ့သလိုပြောတော့ သတင်းစာတွေနဲ့ တကယ်ဆက်ဆံပြီး အလုပ်လုပ်နေရတဲ့ ပြန်ကြားရေးက စစ်ဗိုလ်အရာရှိတွေက ခုဦးဝင်းတင်ပြောနေတာတွေဟာ စာပေလွတ်လပ်ခွင့်ကို အခြေခံပြီး တောင်းဆိုနေတာဆိုပြီး ပုဒ်မအကြီးကြီးတပ်ပြီး ပြန်လည်ပြောဆိုတဲ့အပြင် အဲ့ကိစ္စကိုသူတို့ ဘယ်လိုကိုင်တွယ်ရမလဲ ဆိုတာပါ တခါတည်း သူ့တို့ အထက်အရာရှိဖြစ်တဲ့ ဝန်ကြီးကို မေးတယ်။ ဗိုလ်သောင်းဒန်လည်း ဘာပြောလို့ ပြောရမှန်းမသိဖြစ်နေတဲ့ အချိန်မှာ ဆရာဦးခင်မောင်လတ်က ဝင်ပြီးပြောတယ်။ ဦးခင်မောင်လတ်နဲ့ သူ့ဇနီး ဒေါ်ခင်မြ (ဒေါ်ခင်မျိုးချစ်) က ဗိုလ်နေဝင်းနဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးကျွမ်းဝင်လို့ တော်လှန်ရေးခေတ် သတင်းစာလုပ်ငန်းမှာ ဝင်လုပ်ပေးနေတာ ဖြစ်တယ်။

ဦးခင်မောင်လတ်က ပညာတတ်၊ လူကြီးပီပီ အမြဲတမ်း တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးဆေးဆေး ပြောတတ်ပေမဲ့ အဲ့အချိန်မှာတော့ စိတ်ထဲ အချည်ပေါက်နေတာကြာနေတဲ့ ခံစားမှုနဲ့ ဦးဝင်းတင်ဘက်ကနေ ထောက်ခံပြီး စစ်ဗိုလ်တွေကို ပြင်းပြင်းထန်ထန်ပြန်ပြောတယ်။ "ဟုတ်တယ်..။ ကိုဝင်းတင်ပြောတာ မှန်တယ်။ အတွင်းဝန်တွေ၊ ဒါရိုက်တာတွေ၊ စစ်ဗိုလ်တွေက နည်းအမျိုးမျိုးနဲ့ သတင်းစာတွေကို ဖိနှိပ်နေတယ်။ အဲ့သလို လုပ်ရအောင် ခင်ဗျားတို့ စစ်ဗိုလ်အရာရှိတွေက ဘာကောင်တွေလဲ..။ ဝန်ကြီးက ခိုင်းလို့သတင်းတွေ ပိတ်ရတယ်.. ပြောတယ်။ ဝန်ကြီးဆိုတာကော ဘာကောင်လဲ..။ တော်လှန်ရေးကောင်စီဝင်ရဲ့ အမိန့်ကြောင့်ပါလို့.. ပြောတယ်။ အဲ့ တော်လှန်ရေးကောင်စီဝင် ဆိုတာကကော ဘာကောင်လဲ..။ သတင်းစာလုပ်ငန်းကို ဘာသိလဲ...။" အစရှိသဖြင့် တော်လှန်ရေးကောင်စီဝင်၊ ဝန်ကြီး၊ စစ်ဗိုလ်ချုပ် ဗိုလ်သောင်းဒန်တစ်ယောက်လုံးကို ရှေ့မှာ ငုတ်တုတ်ထားပြီး ပြင်းပြင်းထန်ထန်နဲ့ ဝင်ပြောတယ်။

ဗိုလ်သောင်းဒန်ကလည်း လူကြီးတွေအားလုံးရှေ့မှာဆိုတော့ စစ်တပ်ထုံးစံနဲ့ ရုပ်ပျက်အောင်ပြန်ပြောလို့မရမှန်းသိတော့ (သူကိုယ်တိုင်လည်း လူကြီးလူကောင်း အနေနဲ့ဖြစ်အောင် ကြိုးစားပြီး) ကဲ..ဒါတွေ ထားလိုက်ပါတော့.. ခုမိတ်ဖြစ်ဆွေဖြစ်တွေ့ကြတာ..၊ ထမင်းပဲဆက်စားကြရအောင်ပါ လို့ပြောပြီး အဲ့ဒီဆွေးနွေးပွဲကို အမြန်နိဂုံးချုပ်လိုက်တယ်။

အဲ့အဖြစ်အပျက်ပြီးတော့ ဗိုလ်နေဝင်းက ဦးခင်မောင်လတ်နဲ့ ဒေါ်ခင်မျိုးချစ်ကို သူ့အိမ်တော်ကို ဖိတ်ပြီး ကဲ..ကိုလတ်ရေ.. ခင်ဗျားလည်း ဒီကောင်တွေနဲ့ (သူ့အောက်ကစစ်ဗိုလ်တွကို ပြောတာ။) ဆက်ဆံရတာ အဆင်မပြေဘူးကြားတယ်..။ ကိုလတ်လည်း စိတ်ညစ်နေမှာပဲ..။ ခုလက်ရှိ အလုပ် (အစိုးရသတင်းစာရဲ့ အယ်ဒီတာချုပ်ရာထူး) ဆက်မလုပ်ရင်ကောင်းမယ်။ နိုင်ငံခြားမှာ သံအမတ်ကြီးရာထူး စီစဉ်ပေးမယ်.. အစရှိသဖြင့် ယဉ်ယဉ်ကျေးကျေးနဲ့ ပြောပြီး အလုပ်က ထုတ်တော့တာပဲ..။ အဲ့တော့ ဦးခင်မောင်လတ်ကလည်း "ကျနော်  သတင်းစာအလုပ်ကိုပဲ လုပ်ချင်တယ်။ ဒါပေမဲ့ မကျေနပ်ရင်ထွက်ပေးမယ်။ ကျနော်ဟာ အစကတည်းက ကျောင်းဆရာ အလုပ်လုပ်ခဲ့တယ်။  ခုလည်းကျောင်းဆရာအလုပ်ပဲ လုပ်မှာပေါ့" လို့ ပြောပြီး အဲ့အချိန်က စစ်ဗိုလ်တိုင်းမက်မောတဲ့ သံအမတ်ရာထူးကို ငြင်းပြီး ထွက်ခဲ့တယ်။

အဲ့သလို ဦးခင်မောင်လတ်ထွက်ရတာကို ဆရာကြီး ရွှေဥဒေါင်းကြားတော့ စိတ်မကောင်းဖြစ်ပြီး သူလည်းထွက်မယ် ဖြစ်တယ်။  ရွှေဥဒေါင်းဟာ တော်လှန်ရေးကောင်စီစတက်ပြီး နောက်နှစ် (၁၉၆၃) အစိုးရသတင်းစာအသစ် (လုပ်သားပြည်သူ့နေ့စဉ်) ထုတ်မယ်စီစဉ်ကတည်းက သူကိုယ်တိုင် မန္တလေးကနေ ပင့်ပြီး ယောက်လမ်း စစ်အရာရှိရိပ်သာတိုက်ခန်းမှာ ကား၊ ယဉ်မောင်း၊ အဆောင်အယောင်အပြည့်အစုံနဲ့လိုလေးသေးမရှိအောင်ထားပြီး အယ်ဒီတာချုပ်ရာထူးယူခိုင်းခဲ့တဲ့ သတင်းစာဘုရားဆိုတော့ ဗိုလ်နေဝင်းက ဆရာကြီး... ထွက်မယ်မဆုံးဖြစ်ခင် သူ့အိမ်တော်မှာလာနေပြီး ဥပုတ်သီလစောင့် တရားအားထုတ်လှည့်ပါလို့ဖိတ်တယ်။ အနေအထိုင်၊အစားအသောက် စီစဉ်ပေးပြီး ဆရာကြီး တရားအားထုတ်တာကို ဝတ်ကြီးဝတ်ငယ် ပြုစုရင်း ချော့တယ်။ ဒါပေမဲ့ ဆရာကြီးက ဥပုတ်ထွက်တော့လည်း သူ့ဆုံးဖြစ်ချက်ကို မပြင်ဘဲ အလုပ်ကထွက်ပြီး မန္တလေးပြန်သွားတယ်။ (အကြောင်းအရာနဲ့ သိပ်မဆိုင်ပေမဲ့ ဆရာကြီးကို ဗိုလ်နေဝင်းတို့ စောင့်ရှောက်တာအကောင်းလွန်ပုံကို ပြောရရင် ဆရာကြီးကတော် မျက်စိတိမ်စွဲတော့ အရပ်ဆေးရုံမတက်စေဘဲ စစ်ဆေးရုံတင်ပြီးခွဲလိုက်တာ ဒေါ်ကြီးစိုးခမျာ မျက်စိတစ်လုံးကွယ်ပါလေရော..။)

ဦးဝင်းတင်အကြောင်းဆက်ရရင် အထက်က ဆွေးနွေးပွဲမှာ စာပေလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး စပြောခဲ့တဲ့ သူဆိုတော့ သူ့ကိုလည်း ထိတာပေါ့။ အဲ့အချိန်မှာ ပြည်သူပိုင်သိမ်းပြီးဖြစ်တဲ့ မြန်မာ့အလင်း နဲ့ ဟံသာဝတီ တစ်ခုခုကို မန္တလေးပြောင်းပြီး ထွက်မယ်။ (၁၉၆၇ ကတည်းက မန္တလေးက လူထုသတင်းစာ လည်း ပိတ်လိုက်ရပြီ။)  အဲ့မှာ ဦးဝင်းတင် အယ်ဒီတာချုပ်လုပ်စေ ဆိုပြီး နယ်နှင်ဒဏ်ပေးခံရတယ်။

ကျနော်တစ်ယောက်တည်း အယူအဆရတော့ ဦးဝင်းတင် နယ်နှင်ဒဏ်လောက်ပဲထိတာဟာ ဗိုလ်နေဝင်းက ဦးဝင်းတင်အပါ် ဆရာဇဝနနဲ့ ဆက်စပ်ပြီး ခင်မင်ရင်းစွဲစိတ်ရှိတာကြောင့်လို့ ထင်တယ်။  ဗိုလ်နေဝင်းနဲ့ ဆရာဇဝနက တစ်နယ်တည်းသားတွေဖြစ်တဲ့အပြင် သူငယ်ချင်းတွေဖြစ်တော့ တော်တော်ရင်းနှီးတယ်။ အဲ့တော့ အမြဲတမ်းသူ့ရဲ့ အိမ်(နောင် အစိုးရအိမ်တော်) ကို ထမင်းစား၊ အရက်သောက်ဖိတ်တယ်။ အဲ့သလို ဖိတ်ရင် ဆရာဇဝနနဲ့ တွဲလျက် သူနဲ့အတူတူ ကြေးမုံမှာလုပ်နေတဲ့ ကြေးမုံဦးသောင်း၊ ဦးဝင်းတင်တို့ကိုပါ ခေါ်လေ့ရှိတယ်။ ဆရာဇဝနက ဗိုလ်နေဝင်းနဲ့ ဘယ်လောက်ရင်းနှီးသလဲဆို အရက်ကလေး တစ်ခွက်၊နှစ်ခွက်ဝင်ရင် စပြီး ဗိုလ်နေဝင်းကို စလိုက်၊နောက်လိုက်၊ ငေါ့လိုက်လုပ်တော့တာပဲ။ ဗိုလ်နေဝင်းကလည်း ကိုသိန်း..ကိုသိန်းနဲ့ ဆရာဇဝနကိုခေါ်ပြီး ရယ်(ရီ)ရင်းမောရင်းနဲ့ပဲ ဆရာဇဝနငေါ့သမျှခံတယ်။

သူတို့နှစ်ဦးရင်းပုံကို သာဓကတစ်ခုပြရရင်...။

၁၉၆၃ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်တော့ သခင်စိုးအပါအဝင် တောထဲက ပုဂ္ဂိုလ်တွေ ပြန်တဲ့ အချိန်မှာ မြို့ပေါ်မှာ ရှိသမျှ လက်ဝဲအရောင်ရှိသူရော၊ မရှိသူပါ နိုင်ငံရေးနဲ့ ဆက်စပ်နေတဲ့ စာရေးဆရာ၊ သတင်းစာဆရာ၊ နိုင်ငံရေးသမားတွေကို စစ်ထောက်လှမ်းရေးကအကုန်လိုက်ဖမ်းတယ်။ သခင်စိုးကြီးကို  ကျပ်တစ်ထောင်တန် ညစာစားပွဲနဲ့ ဂုဏ်ပြုရမယ်လို့ ကြေညာပြီး ဧည့်ဝတ်ပြုတဲ့ (စာရေးဆရာ၊ သတင်းစာဆရာ၊ အယ်ဒီတာ) အထောက်တော်လှအောင် ကအစ သခင်စိုးကြီး စွန့်ပစ်ထားခဲ့တဲ့ မြို့ပေါ်က မယားကြီးကို ယူမိတဲ့ နောက်အိမ်ထောင်သစ် (ကံဆိုးရှာသူ) ယောင်္ကျား အဆုံး ရှိရှိသမျှ အဖမ်းခံနေရတဲ့ အချိန်ပေါ့.။ အဲ့အချိန်က ဖမ်းခံထိတဲ့ထဲမှာ ဟာသဖြစ်ရတဲ့ ဇာတ်လမ်းတစ်ပုဒ်ဆို ဇိမ်အိမ်မှာ လူငယ်တစ်ယောက် သူ့ကိစ္စပြီး၊ ပြန်မယ်လုပ်တဲ့အချိန်မှာ ဇိမ်မယ်က အပိုဘောက်ဆူးတောင်းတယ်။  အဲ့လူငယ်က သနားတာနဲ့ အပိုကြေး (၅) ကျပ် ပေးလိုက်တယ်။ အဲ့တော့ ဇိမ်မယ်က (၅) ကျပ်ကတော့ နည်းပါတယ်၊ ထပ်ပိုပေးပါလို့ ပြောတော့ လူငယ်က "ဟဲ့ နင်က ငါ့များ စစ်ဗိုလ်မှတ်နေသလား..။ ငါ့က ရိုးရိုးသာမန်သမ္မာအာဇီဝနဲ့ စီးပွားလုပ်စားနေတဲ့လူဟ၊ စစ်ဗိုလ်တွေလိုတော့ မပေးနိုင်ဘူး" လို့ ပြောပြီး ပြန်ခဲ့တယ်။ နောက်တစ်နေ့မိုးလင်းတော့ အဲ့လူငယ်လေး မတော်တရော် နေရာသွားပြီး စစ်ဗိုလ် သိက္ခာချရပါ့မလားဆိုတဲ့ ပုဒ်မနဲ့ ဖမ်းခံထိတယ်။

အဲ့သလိုမဲမဲမြင်ရာ ဖမ်းနေတဲ့ အချိန်မှာ ကြေးမုံက လက်ဝဲအရောင်ရှိတဲ့ အယ်ဒီတာ စိန်ခင်မောင်ရီ (နာမည်ကြီး ရုပ်ရှင်ဝေဖန်ရေးဆရာ) နဲ့ ဦးသောင်းရဲ့ အတွင်းရေးမှုးပါ ဖမ်းခံရတယ်။ အဲ့တော့ ကြေးမုံဦးသောင်းလည်း ရန်ကုန်မြို့ထဲမှာပဲပတ်ပြီး တိမ်းရှောင်နေရတယ်။ အဲ့သလိုနဲ့ လေး၊ငါးလကြာတဲ့ အချိန်မှာ ဗိုလ်နေဝင်းက ဆရာဇဝနကို အိမ်တော်မှာ ထမင်းစားဖိတ်တယ်။ (လူထု ဦးလှလည်းပါတယ်။) စားရင်းသောက်ရင်း၊ ထွေရာလေးပါးပြောရင်းနဲ့ ဗိုလ်နေဝင်းက ဆရာဇဝနကို "ကိုသိန်း ခင်ဗျားလူကို သူ့သတင်းစာပြန်လုပ်ပါစေ၊ သူ့ကိုဖမ်းဖို့စာရင်းမှာ မပါဘူး၊ ဖမ်းလည်းမဖမ်းချင်ပါဘူး" လို့ပြောတယ်။ အဲ့သလိုပြောပြီးနောက် ခဏနေတော့ ဗိုလ်နေဝင်းကထပြီး နောက်ဖေး၊ နောက်ဖီထွက်သွားတယ်။ အဲ့အချိန်မှာ ထမင်းစားပွဲမှာ အတူတက်ရတဲ့ ဒေါက်တာမောင်မောင် (ဗိုလ်နေဝင်းရဲ့ လူယုံ၊ လက်ရင်း)က ဆရာဇဝနနဲ့ လူထုဦးလှကို "ကျနော့် ယောက္ခမကြီးလည်း ခုဖမ်းခံထိနေတယ်။ ဗိုလ်ချုပ်ကြီးကို ပြောပေးဦး" လို့ တောင်ပန်းရှာတယ်။ ဗိုလ်နေဝင်းပြန်လာတော့ ဆရာဇဝနနဲ့ လူထုဦးလှက ဒေါက်တာမောင်မောင်ရဲ့ ယောက္ခမလည်း ဖမ်းခံနေရတယ်။ လွှတ်ပေးပါလို့ ပြောပေးရတယ်။ အဲ့သလိုပြောတော့ ဗိုလ်နေဝင်းက အံ့သြတကြီးနဲ့ "ဟ..မောင်မောင်ရာ..၊ မင်းနဲ့ ငါ့ နေ့တိုင်တွေ့နေတာ၊ စောစောကဘာလို့မပြောသလဲ" လို့မေးတယ်။ ဒေါက်တာမောင်မောင်က မဖြေရဲတော့ ဘာမှမဖြေဘဲ ငိုင်နေတယ်။ ဆရာဇဝနကသာ အရက်ကလေးနည်းနည်းဝင်နေပြီဆိုတော့ ထုံးစံအတိုင်း "ကြောက်လို့ပေါ့ဗျာ" လို့ ပြန်ပြောရဲတယ်။

အဲ့တော့ ဆိုလိုချင်တာက ဗိုလ်နေဝင်းက ဆရာဇဝနကို အကြောင်းပြုပြီး ဦးဝင်းတင်ကို ခင်မင်တယ်။ ဦးဝင်းတင်ကို မန္တလေးပို့ပြီးနောက်ပိုင်းလည်း ဗိုလ်နေဝင်း မေမြို့၊ ပုဂံစတဲ့ဒေသတွေ တိုင်းခန်းလှည့်လည်လို့ မန္တလေးဝင်ရင် ဦးဝင်းတင်ကို အမြဲခေါ်တွေ့ပြီး စကားပြောတယ်။ ဦးဝင်းတင် အစိုးရကိုယ်စားလှယ်အနေနဲ့ ဥရောပခရီးစဉ်ထွက်တုန်း လန်ဒန်မှာ ဗိုလ်နေဝင်းဆေးကုတာနဲ့ကြုံတော့လည်း ဦးဝင်းတင်ကို ခေါ်တွေ့တယ်။ စကားပြောရင်လည်း ဗိုလ်နေဝင်းက ဦးဝင်းတင်ကို အသက်ကွာပေးမဲ့ လေးလေးစားစား "ခင်ဗျား၊ ကျနော်" သုံးပြီး ပြောလေ့ရှိတယ်။ အဲ့တော့ ဗိုလ်နေဝင်းရဲ့ မင်း၊ငါနဲ့ ပြောပြီး မအေ၊နှမကုန်အောင် ဆဲခံနေကြ သူ့လက်အောင်က ဗိုလ်ချုပ်တွေ၊ တိုင်းမှုးတွေကပါ ဦးဝင်းတင်ကို ရှိန်ကုန်တယ်။ ဦးဝင်းတင် မန္တလေးမှာ အထိုက်အလျောက် လွတ်လွတ်လပ်လပ်နဲ့ စာပေ၊သတင်းစာလုပ်ငန်းတွေ အောင်အောင်မြင်လုပ်နိုင်ခဲ့တာဟာ ဗိုလ်နေဝင်း Blessing ကြောင့်လို့လည်း ပြောလို့ရတယ်။ ဒါပေမဲ့ နောက်ဆုံးတော့လည်း ဦးဝင်းတင် မန္တလေးမှာ လုပ်ငန်းတွေအောင်မြင်၊ လူထုမေတ္တာခံယူနေတဲ့အချိန်ကျတော့ လူထုချစ်တဲ့လူတွေကို အမြဲတမ်း မနာလိုမုန်းထားလေ့ရှိတဲ့ ဗိုလ်နေဝင်းရဲ့ စရိုက်အတိုင်း ဦးဝင်းတင်ကို မျက်စိဆံပင်မွှေးစူးလာပြီး နောက်ပိုင်း စနေစာပေဝိုင်းမှာ ဦးသိန်းဖေမြင့်နဲ့ပတ်သက်တဲ့ စာတမ်းတင်တာကို အကြောင်းပြုပြီး ဟံသာဝတီကိုဖျက်၊ ဦးဝင်းတင်ကိုလည်း အလုပ်ကအနားယူခိုင်းခဲ့တယ်။

ဗိုလ်နေဝင်း ဦးသိန်းဖေမြင့်ကို မျက်မန်တော်ရှရတာကလည်း ကလေးကလားနိုင်တယ်။ ဦးသိန်းဖေမြင့်ဟာ  စစ်တပ်အာဏာသိမ်းပြီး တော်လှန်ရေးအစိုးရတက်ကတည်းက ဗိုလ်နေဝင်းကို ထောက်ခံခဲ့တယ်။ ဗိုလ်နေဝင်းကလည်း ဦးသိန်းဖေမြင့်ကို ကြည်ဖြူတယ်။ တော်လှန်ရေးကောင်စီရဲ့ အတိုင်ပင်ခံကော်မတီမှာ ဒုဥက္ကဌခန့်တယ်။ ဒါပေမဲ့ တော်လှန်ရေးအစိုးရရဲ့ လုပ်ပုံကိုင်ပုံတွေ၊ နောက်ပိုင်း မဆလ ပါတီရဲ့ အပုတ်နံ့တွေကို တဖြည်းဖြည်းမနှစ်မြို့လာတော့ ဦးသိန်းဖေမြင့်က သူဆုံးခါနီးနှစ်တွေမှာ သူ့သတင်းစာရဲ့ "ပွင့်ပွင့်လင်းလင်းပြောပါရစေ" ကဏ္ဍကနေတဆင့် မဆလကို ဝေဖန်လာတယ်။ နောက်ဆုံး ဦးနေဝင်းရဲ့ ဝတ်လဲတော်ပုဆိုး အသုံးစရိတ် ကြီးမားတော်မူနေတာကို သရော်ပြီးရေးတော့ ရန်ကုန်က စာနယ်ဇင်းတွေမှာ စာရေးခွင့်ပိတ်ခံလိုက်ရတယ်။ အဲ့အချိန်မှာလည်း ဦးဝင်းတင်ကတော့ သူ့ဟံသာဝတီမှာ ဦးသိန်းဖေမြင့်ရဲ့ ဆောင်းပါးတွေကို ဆက်သုံးတယ်။ နောက်ဆုံး ဦးသိန်းဖေမြင့်ဆုံးတော့လည်း အစိုးရက သူ့အကြောင်း မရေးရဆိုပြီး အမိန့်ထုတ်တယ်။ ဒါပေမဲ့ ဦးဝင်းတင်ကတော့ သူ့ရဲ့ စနေစာပေဝိုင်းမှာ သိန်းဖေမြင့်အမှတ်တရအနေနဲ့ သိန်းဖေမြင့်ရဲ့ နိုင်ငံရေး၊ စာရေးဆရာ၊ သတင်းစာဆရာ စတဲ့ ဘဝသုံးခုအကြောင်းစာတမ်း (၃) စောင်ကို သခင်ကျော်စိန်၊ ချင်းတွင်းချစ်သွေး တို့နဲ့အတူတင်ပြီး ဂုဏ်ပြုတယ်။ အဲ့သလိုလုပ်ခဲ့လို့လည်း လက်ငင်းအကြောင်းအနေနဲ့ ဦးဝင်းတင် မန္တလေးကနေ ထွက်တောမူနန်းကခွာခဲ့ရတယ်။ တကယ့်အကြောင်းကတော့ ကျနော်အထက်ကပြောသလို ဦးဝင်းတင် မန္တလေးမှာ နေခဲ့တဲ့ (၉)နှစ်တာကာလအတွင်းမှာ လုပ်ခဲ့တဲ့ ကောင်းမွန်တဲ့လုပ်ရပ်တွေကိုအကြောင်းပြုပြီး ကောင်းတာလုပ်ရင် မကြိုက်တဲ့ အာဏာရှင်တွေရဲ့ ထုံးစံအတိုင်း ဗိုလ်နေဝင်း၊ စစ်တပ်နဲ့ မဆလပါတီက ဦးဝင်းတင်ကို ရန်သူစာရင်းသွင်းလိုက်ကြတော့တာပဲ။

ဦးဝင်းတင် မန္တလေးကို စရောက်တဲ့အချိန် (၁၉၆၉) ကိုပြန်ဆက်ရရင်.. ဟံသာဝတီ မန္တလေးမှာ စထုတ်တော့ ဗိုလ်သောင်းဒန်က သတင်းစာမှာ နိုင်ငံရေးအနေနဲ့ အစိုးရနဲ့ မတည့်တဲ့၊ စာပေလမ်းစဉ်အနေနဲ့လည်း အထက်ဗမာပြည်စာရေးဆရာအသင်းကို ဦးဆောင်ပြီး "စာပေကို စကားပြောနဲ့ရေးမယ်" ဆိုတဲ့ "တယ်"  စာပေတိုက်ပွဲ လှုပ်ရှားမှုကို  မြန်မာစာပါမောက္ခ ဦးကျော်ရင်၊ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၊ မောင်သာနိုးစသူတို့နဲ့ အတူ ဦးဆောင်လှုပ်ရှားနေတဲ့ လူထု ဦးလှ၊ လူထု ဒေါ်အမာ စတဲ့ သူတွေရဲ့ စာတွေ မထည့်ဖို့မှာတယ်။ အဲ့တော့ ဦးဝင်းတင်က ကျနော်တို့ မန္တလေးမှာ အစိုးရသတင်းစာထုတ်ဖို့သွားတာက လူထုဦးလှတို့နဲ့ ရန်ဖြစ်ဖို့သွားတာမဟုတ်ဘူး။ လူထုမောင်နှံလို စာပေသြာဇာရှိတဲ့၊ မြို့ခံ မြို့မိ၊မြို့ဖလည်းဖြစ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ စာတွေကို ကျနော်ကတော့ ငြင်းစရာအကြောင်းမရှိဘူး။ "တယ်" နဲ့ရေးလည်း စာကောင်းရင်၊ အကျိုးရှိရင် ထည့်ရမှာပဲ။ အဲ့တော့ ကျနော် အယ်ဒီတာတစ်ယောက်အနေနဲ့ တာဝန်ယူပြီး သူတို့စာတွေထည့်မယ်။ ဒါပေမဲ့ အစိုးရသတင်းစာဖြစ်တဲ့အတွက် အစိုးရရဲ့ ပေါ်လစီနဲ့ မကိုက်လို့ မထည့်နိုင်တဲ့ တချို့စာတွေတော့ ခြွင်းချက်ပေါ့ဆိုပြီး ပြန်ပြောတယ်။ ဗိုလ်သောင်းဒန်ကလည်း (unofficially) လွတ်လွတ်လပ်လပ်လုပ်ဖို့ သဘောတူလိုက်တယ်။

တကယ်လည်း မန္တလေးမှာ ဟံသာဝတီသတင်းစာစထုတ်တော့ စထွက်တဲ့ နေ့မှာကို ဆရာတော် ဦးသောဘိတ (ရွှေကိုင်းသား)၊ လူထုဦးလှ၊ လူထု ဒေါ်အမာအစရှိတဲ့ မြို့ခံစာပေပညာရှင်တွေရဲ့ ဆောင်းပါးတွေနဲ့ ဖွင့်ခဲ့တယ်။ ရန်ကုန်က ပုဂ္ဂိုလ်ရေး ခင်မင်တဲ့ (ကြေးမုံကတည်းကလည်း သုံးလာတဲ့) ကာတွန်းဆရာကြီး ဦးဖေသိန်း၊ ဦးဘထွေးစသူတွေရဲ့ ကာတွန်းတွေမသုံးဘဲ ဒေသအသံထွက်စေချင်လို့ ဒေသခံ လူသစ်ကာတွန်းဆရာမြောက်များစွာ (ကံချွန်၊ ဗိုလ်မောင် အစရှိသဖြင့်) ကို မွေးထုတ်ပြီး သူ့သတင်းစာမှာ သုံးတယ်။ ပန်းချီဆရာတွေမှာလည်း မြို့ခံ ဆရာပေါ်ဦးသက်၊ ဆရာဝင်းဖေ စတဲ့ သူတွေကို သုံးတယ်။ ထက်မြက်တဲ့ ကလောင်ရှင်၊ ဆောင်းပါးရှင်၊ သတင်းထောက် (ကံချွန်၊ ကျော်မင်းကျော်၊ စိန်ရွှေလှိုင် အစရှိတဲ့) အမြောက်အများကို  မွေးထုတ်ပေးခဲ့တယ်။  ဒေသရဲ့ စာပေ၊ လူမှု၊ ပညာ၊ စီးပွား၊ နယ်ပယ်အသီးသီးမှာ ဦးဆောင်နေတဲ့ သူတွေရဲ့ စာတွေနဲ့ သူ့သတင်းစာကို ဒေသခံ ပြည်သူ့တွေရဲ့အသံ၊ ခံစားချက်တွေ ကို ဟစ်ကြွေးပေးနေတဲ့ ရှေ့တန်းခံတပ်ဖြစ်အောင် တည်ဆောက်ခဲ့တယ်။ အဲ့သလို ဒေသအသံ၊ ဒေသရနံ့တွေနဲ့ သင်းထုံနေတဲ့ အောင်မြင်တဲ့ သတင်းစာတစ်စောင်ကို မွေးထုတ်နိုင်ခဲ့တယ်။ ပညာရှင်တွေရဲ့ဆောင်းပါးတွေ၊ အာဘော်တွေနဲ့လည်း (သူ့အရင်လုပ်တဲ့ ကြေးမုံလို intellectual works များများသုံးပြီး) သတင်းစာအဆင့်အတန်းကို မြှင့်တင်ခဲ့တယ်။

စာပေ၊ အနုပညာ အတွက်လည်း (စစ်တပ်စတက်ကတည်းက မရှိတော့တဲ့) စာရေးဆရာတွေ၊ သတင်းစာဆရာတွေ တွေ့ဆုံဆွေးနွေးပွဲ၊ စာတမ်းဖတ်ပွဲတွေ၊ ဟောပြောပွဲတွေ သူ့သတင်းစာတိုက်မှာ ဦးဆောင်ပြီးလုပ်တယ်။ နောက်ပိုင်း စနေစာပေဝိုင်းဆိုပြီး နာမည်ကြီးခဲ့တယ်။ စနေစာပေဝိုင်းမှာ ဦးသောဘိတ၊ ဦးလှ၊ ဒေါ်အမာ၊ ဒေါက်တာသန်းထွန်း၊ ဦးချမ်းမြ၊ ဦးတင့်လွင်၊ မြန်မာစာ ပါမောက္ခ ဒေါ်သန်းဆွေ၊ ဒါးတန်းဦးသန့် အစရှိတဲ့ ပညာရှင်တွေရဲ့ စာပေ၊ အနုပညာ၊ ရိုးရာယဉ်ကျေးမှုစတဲ့ နယ်ပယ်အသီးသီးနဲ့ပတ်သက်တဲ့ စာတမ်းတွေ အပတ်စဉ်ဖတ်စေတယ်။ သူကိုယ်တိုင်လည်း စာတမ်းတွေ တင်၊ ဟောပြောတယ်။ သူ့လက်အောက်က သတင်းထောက်တွေ အရည်အသွေးတက်စေဖို့ သတင်းထောက် အလုပ်ရုံဆွေးနွေးပွဲတွေ၊ လေ့လာရေးခရီးတွေ လုပ်ပေးတယ်။ ကိုယ်တိုင်လည်း နယ်တွေဆင်း လူထုနဲ့ အနီးကပ်နေ၊ နယ်သတင်းထောက်တွေနဲ့ ဆွေးနွေးပွဲ၊ ဟောပြောပွဲတွေလုပ်တယ်။  သူရဲ့သတင်းထောက်တွေ ကလောင်စွမ်းဘယ်လောက်ထက်သလဲဆို သူတာဝန်က ရပ်စဲခံရပြီး ဗမာပြည်အနှံ့ ခရီးလှည့်လည်နေစဉ် ယောချောင်က ရွာလေးတစ်ရွာကို ရောက်တော့ ရွာဦးကျောင်း ဆရာတော်ကို ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ်ပါလို့ မိတ်ဆက်တော့ ဆရာတော်က (ဟံသာဝတီ ဆိုတဲ့ အသံကြားတာနဲ့) ဝမ်းသားအားရ စကားတွေပြော၊ မေးခွန်းတွေ မေးတော့တာပဲ။ "ဒကာကြီးက ဟံသာဝတီကဆိုတော့ 'ကျော်မင်းကျော်' နဲ့ ဘယ်သူကကြီးလဲ" လို့ ဘွင်းဘွင်းကြီးမေးရော။ အဲ့တော့ ပါလာတဲ့ နယ်ခံသတင်းထောက်တစ်ယောက်က "အရှင်ဘုရား.. အယ်ဒီတာချုပ်ဆိုတာ သတင်းစာတိုက် မှာတော့ အကြီးဆုံး ဘုရား" လို့ ပြန်လျှောက်ရတယ်။ အဲ့တော့ ဆရာတော်က "ဘုန်းကြီးက 'ကျော်မင်းကျော်' တော့လေးစာတယ်၊ ပြည်သူ့ဘက်က ရပ်ပြီး အမြဲတမ်း ရေးပေးတဲ့အတွက် ကြည်ညိုတယ်၊ ကျန်တဲ့ သူတွေတော့ အရေးကြီးတယ်မထင်ပေါင်" လို့ ပြန်မိန့်တယ်။ ဦးဝင်းတင်က သူမြေတောင်မြှောက်ပေးခဲ့တဲ့ သတင်းထောက်တွေ၊ ချွန်မြတဲ့ ကလောင်ရှင် တွေ ပြည်သူ့မေတ္တာ သူ့ထက်ပိုခံယူနိုင်တာကို မုဒိတာပွားနိုင်ခဲ့တယ်။

နိုင်ငံရေးဝေဖန်မှုအနေနဲ့ အစိုးရသတင်းစာဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန်မလုပ်နိုင်ပေမဲ့ အစိုးရသတင်းစာအချင်းချင်း ယှဉ်ရင် ခေါင်းတစ်လုံးမြင့်ရပ်တည်ခဲ့ပြီး သူများထက် ဟံသာဝတီက မတရားမှုတွေကို ဖော်ထုတ်တယ်။ ဝေဖန်တယ်။ အမြဲတမ်း လူထုဘက်က မာမာထန်ထန်ရပ်တည်ပေးနိုင်ခဲ့တယ်။

အထက်မှာ ပြောခဲ့တဲ့ အကြောင်းအရာတွေအားလုံးထက် ရင်ကို ထိစေတဲ့ ဦးဝင်းတင်ရဲ့ ဟံသာဝတီ အယ်ဒီတာချုပ်ဘဝ မန္တလေးမှာ လုပ်ဆောင်ချက်တွေက စာပေ၊ သတင်းစာ၊ နိုင်ငံရေးနဲ့ မပတ်သက်တဲ့ သူ့ရဲ့ အုပ်ချုပ်မှုပိုင်းဆိုင်ရာ စွမ်းရည်၊ သဘောထား၊ ခံယူချက်တွေဖြစ်တယ်။ သူ့လက်အောက်မှာ အုပ်ချုပ်နေရတဲ့ သတင်းစာလုပ်ငန်းရဲ့ အခြေခံဝန်ထမ်း လူလေးငါးခြေက်ဆယ် လာက်နဲ့ သူတို့ရဲ့ မိသားစု ဘဝတွေသာယာဝပြောရေးအတွက် ဦးဝင်းတင်လုပ်ပေးခဲ့တာတွေဟာ မန္တလေးမှာ ပြောစမှတ်တွင်ကျန်ခဲ့တယ်။

သူ့အတွက် ကားထားဖို့ ပေးထားတဲ့နေရာမှာ အဆောင်လေးဆောက်ပြီး ဝန်ထမ်းသက်သာ လဘ္ဘက်ရည်ဆိုင်လေးဖွင့်စေတယ်။ ဝန်ထမ်းတွေအတွက် အထူးသက်သာတဲ့နှုန်းနဲ့ ဟင်း၊ထမင်းကြော်စတာတွေပါတွဲပြီး ရောင်းစေတယ်။ ဝန်ထမ်းတွေရဲ့ သားသမီးတွေကိုလည်း ဆိုင်မှာခေါ်ပြီး အလုပ်ပေးတယ်။ ကလေးတွေ ဆိုင်မှာပဲ စားပွဲထိုး၊ ပန်းကန်ဆေး ဘဝနဲ့ အချိန်ကုန်မသွားစေဘဲ၊ နည်းနည်းအချိန်ကြာလာတာနဲ့အမျှ သူတို့ကို စာစီ၊စာရိုက်၊ပုံနှိပ်စက်ပညာတွေ သင်ပေးစေတယ်။ ပြီးတော့ သူ့ရဲ့ သတင်းစာတိုက်မှာ အစိုးရဝန်ထမ်းအနေနဲ့ ပြန်ခန့်ပေးတယ်။ ဆိုင်ကရတဲ့ အမြတ်အားလုံးကို ဝန်ထမ်းတွေရဲ့ မီးဖိုချောင်စရိတ်အတွက် ခွဲပေးတယ်။ ကလေးတွေ ကျောင်းပညာဆက်လက် သင်နိုင်အောင် ထောက်ပံ့တယ်။ ဝန်ထမ်းတွေအတွက် အခမဲ့ဆေးခန်းလေးဖွင့်ပေးတယ်။ ဝန်ထမ်းတွေ သူတို့နေတဲ့ရပ်ကွက်ထဲမှာ လူရာဝင်လာအောင်၊ လူလေးစားလာမှု၊ ခေါင်းဆောင်မှုရအောင် ဝန်ထမ်းတစ်အိမ်ထောင်စုအနေနဲ့ ဝန်ထမ်းမဟုတ်တဲ့ အိမ်နီးချင်းရပ်ကွက်ထဲက မိသားစုလေးစုစာနှုန်း သူ့ရဲ့ (သတင်းစာတိုက်ရဲ့) အခမဲ့ဆေးခန်းမှာ လာကုခွင့်ပေးတယ်။

သူရဲ့အယ်ဒီတာချုပ်အခန်းဟာ အဆောင်အယောင်မရှိ၊ တံခါးတောင်မရှိဘူး။ သူ့လက်အောက်က ဝန်ထမ်းကြီးငယ်မရွေးဝင်ပြီး သူနဲ့ စကားပြောဆို၊ ဆွေးနွေး၊ တင်ပြနိုင်တယ်။ သူကိုယ်တိုင်လည်း ကိန်းခန်းတကြီးမနေဘဲ စာစီသမားတွေလုပ်တဲ့ အခန်းထဲက စားပွဲမှာ သွားထိုင်ပြီး အလုပ် လုပ်လေ့ရှိတယ်။ အခြေခံဝန်ထမ်းတွေနဲ့ နီးနီးကပ်ကပ်အမြဲနေထိုင်ပြီး သူတို့ရဲ့ လှုမှုဘဝ သာရေး၊နာရေး ကိစ္စအဝဝကို သူမှာရှိတဲ့ ရာထူး၊ အာဏာ၊ ငွေကြေး ရှိသမျှလေးနဲ့ တာဝန်ယူပေးတယ်။

အဲ့သလို မန္တလေးမှာ လုပ်ခဲ့တဲ့ သူရဲ့ ချီးမွမ်းဖွယ် နာမည်ကျော် ဖြစ်ရပ်တွေကို လွတ်လပ်တဲ့ အာရှအသံ၊ အစီအစဉ်တင်ဆက်သူက ဦးဝင်းတင်ကိုမေးရင်းနဲ့ ဖြတ်ပြီးတော့ "ဆရာ ဒီလိုတွေလုပ်ဖို့ ဘယ်လို အတွေးအခေါ်၊ အကြံဥာဏ်တွေ ရခဲ့လဲ" ဆိုတဲ့ မေးခွန်းကို ဦးဝင်းတင်ပြန်ဖြေပုံက ပိုပြီး မှတ်သားနာယူဖို့ကောင်းတယ်။ ဦးဝင်းတင်က "ဒါတွေကို လုပ်ခဲ့တာ အတွေးအခေါ်၊ အကြံဥာဏ်ကြောင့်မဟုတ်ဘူးဗျာ..။ ခံစားချက်ကြောင့်ဗျာ..။ လက်တွေ့မြင်တွေ့နေရတဲ့ လူတွေရဲ့ ဒုက္ခတွေကို ရင်ထဲ၊ နှလုံးထဲ၊ စိတ်ထဲကနေ ခံစာရင်ဒီလိုပဲ လုပ်ရမယ်"လို့ ပြန်ဖြေတယ်။ ဦးဝင်းတင်က တဆက်တည်း ခုလက်ရှိဗမာပြည်မှာ ဖြစ်ပျက်နေတဲ့ ပြည်သူလူထုရဲ့ ဒုက္ခ၊ သုက္ခတွေကို စစ်ဗိုလ်ချုပ်ကြီးတွေအနေနဲ့ တကယ်စိတ်ထဲ၊ အသည်းထဲက ခံစားနားလည်မပေးတာ၊ လူထုသက်သာချောင်ချိ၊ ဘဝသာယာလာရေး အတွက် လုပ်မပေးနိုင်တဲ့ သူတို့ရဲ့ စိတ်ဓာတ်တွေကို အံ့သြရတယ်လို့ ဆက်ပြောတယ်။

ဦးဝင်းတင်ရဲ့ လက်အောက်ကဝန်ထမ်းတွေကို အုပ်ချုပ်ပုံစနစ် နဲ့ သူရဲ့ ခံစားချက်၊ ခံယူချက်၊ သဘောထား၊ လုပ်ရပ်တွေကို အရင်ကလည်း (ဆရာတင်မိုး အစရှိတဲ့ သူများတွေရေးတဲ့) စာအုပ်တွေမှာ ဖတ်ဖူး၊ နောက် သူကိုယ်တိုင်လည်း ရေဒီယိုမှာ ပြောတာတွေနားထောင်ရတော့ သူအုပ်ချုပ်ခွင့်ရတဲ့ လူလေး လေးငါးခြောက်ဆယ်ကနေပြီးတော့ ရပ်ကွက်၊ မြို့နယ်၊ တိုင်း၊ နိုင်ငံဆိုပြီး ချဲ့တွေးကြည့်မိတယ်။ လူအနည်းအများကွာပေမဲ့ အုပ်ချုပ်ရတဲ့၊ တာဝန်ယူရတဲ့ သဘောတရားကအတူတူပဲ ဖြစ်တယ်။ ဦးဝင်းတင်သူ့ဝန်ထမ်းတွေကို လုပ်ပေးခဲ့တဲ့ စားဝတ်နေရေးချောင်လည်ရေး၊ ကလေးတွေပညာသင်နိုင်ရေး၊ ဘဝမှာ ပညာတစ်ခုခုနဲ့ အမှီအခိုကင်းကင်းရပ်တည်နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု စတဲ့ လူမှုဘဝသာယာဝပြောမှုလုပ်ငန်းတွေဟာ တိုင်းပြည်နဲ့ချီပြောရင်လည်း အဓိကလိုအပ်တဲ့၊ ဦးစားပေးလုပ်ရမဲ့ တိုင်းသူပြည်သားတွေအတွက် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ပြည့်စုံအောင်လုပ်ပေးရတဲ့ လုပ်ငန်းတွေပဲ ဖြစ်တယ်။ လုပ်နည်းလုပ်ဟန်နဲ့ သဘောတရားကအတူတူပဲ။ တကယ်လုပ်ပေးနိုင်/ချင်ဖို့က အာဏာ၊ အခွင့်အရေး၊ တာဝန်၊ ဝတ္တရား ရှိတဲ့ သူတွေရဲ့ ခံယူချက်၊ စိတ်ခံစားမှု၊ တကယ်လုပ်ပေးချင်တဲ့ ဆန္ဒကသာ စကားပြောတယ်။

ခုလက်ရှိ ပြည်သူ့အစိုးရပါ ဆိုပြီးတက်လာတဲ့ အစိုးရသစ်အနေနဲ့ ဆရာဦးဝင်းတင်လို အောက်ခြေကလူတွေရဲ့ အသံကိုနားထောင်၊ စာနာနားလည်၊ ခံစားပြီးတော့ သူတို့အတွက် ကောင်းရာမွန်ရာကို မဖြစ်မနေ ဆောင်ရွက်ရမယ်ဆိုတဲ့ အသိ၊ ခံယူချက်၊ ခံစားချက်ရှိဖို့လိုတယ်။ အဲ့ဒါက ပိုပြီး အရေးကြီးတယ်။ တကယ်လက်တွေ့ တိုင်းပြည်ကို သာယာဝပြောတိုးတက်အောင် လုပ်ပေးနိုင်တဲ့ အသိဥာဏ်၊ ပညာ၊ အတွေးအခေါ် မရှိရင်တောင် အဲ့ဒါတွေကို ရှိတဲ့၊ သိတဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေက ဝိုင်းဝန်းပံ့ပိုးပေးလို့ရတယ်။ အစိုးရကောင်း တစ်ရပ်မှာရှိရမဲ့ ပြည်သူ့အသံ၊ ခံစားချက်ကို နားထောင်ချင်တဲ့စိတ်၊ စာနာနားလည်နိုင်တဲ့ ပြည့်ဝတဲ့ နှလုံးသားတွေမရှိရင် တိုင်းပြည်တိုးတက်အောင် ဘာမှဆက်ပြီးတော့ လုပ်လို့ရမှာ မဟုတ်ဘူး။ အဲ့သလို ခံစားနားလည်တဲ့ စိတ်နှလုံးမရှိဘဲ ဇွတ်လုပ်လည်း တိုင်းပြည်က ဆင်းရဲတွင်းကထွက်လာနိုင်မှာ မဟုတ်ဘူး။ အဲ့တော့ အစိုးရသစ်ရဲ့ သမ္မတက အစ၊ ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှုးအထိ အခြေခံလူတန်းစာအများစုရဲ့ ဆန္ဒ၊ သဘောထား၊ သူတို့ခံစားနေရတဲ့ လူမှုဘဝဒုက္ခတွေကို ခံစားနားလည်နိုင်တဲ့ စိတ်နှလုံးပိုင်ရှင်တွေဖြစ်အောင် ကြိုးစားစေချင်တယ်။ တိုင်းပြည်အနာဂတ်အတွက် လှပတဲ့ အသီးအပွင့်တွေ ဝေဆာနိုင်အောင် ကောင်းမွန်တဲ့ အကျင့်တွေ ခုကစပြီး ပြုစုပျိုးထောင်စေချင်တယ်။

နိဂုံးချုပ်အနေနဲ့တော့ ဆရာဦးဝင်းတင်ရဲ့ သူ့ဘဝဇာတ်ကြောင်းပြောထားတဲ့ ရေဒီယိုအစီအစဉ်တွေကို စာအုပ်အနေနဲ့ ပြည်တွင်းမှာ ထုတ်စေချင်တယ်။ အနည်းဆုံး audio autobiography အနေနဲ့ဖြစ်ဖြစ် ထုတ်စေချင်တယ်။ ဒီမိုကရေစီ အစိုးရသစ်လို့ အမြဲအော်အော်နေတော့ ပြည်တွင်းမှာ ထုတ်ဝေခွင့်ရမယ်လို့လည်း မျှော်လင့်တယ်။

ဆရာဦးဝင်းတင် သက်ရှည်၊ ကျန်းမာပြီး တိုင်းပြည်အကျိုး ဆထက်တပိုး ဆောင်ရွက်နိုင်ပါစေ။

ငြိမ်းချမ်းအေး ၀၄၊ မတ်လ၊ ၂၀၁၂

ရည်ညွှန်း ။ ။ "ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကို လျှောက်ခြင်း" ရေဒီယိုအစီအစဉ်၊ လွတ်လပ်တဲ့အာရှအသံ၊
                    ကြေးမုံ ဦးသောင်း(အောင်ဗလ) ရေး "ဗိုလ်နေဝင်း ဇာတ်လမ်းရှုပ်သမျှ" နှင့် "ဘီလူးတို့ရွာ"၊

 
ဓာတ်ပုံ - မိုးခခမီဒီယာ

သမိုင်းဝင် NLD အလံ ပုံမပျက်စေချင်


by Zaw Win on Monday, March 5, 2012 at 5:21am ·


တိုင်းပြည်ရဲ့ နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်တွေကို အရေးတကြီး စောင့်ကြည့်၊ ဝေဖန်၊ ဆွေးနွေး၊ ငြင်းခုံနေချိန်မှာ ဒီပန်းချီ ဆရာကလည်း တမှောင့်လို့ ပြောလာရင်လည်းခံရမှာပါ။ ဒါပေမယ့် မပြောလို့ကလည်း မဖြစ်တော့ ပြောစရာရှိတာလေး ပြောပါရစေ။ ပြောချိန်လည်း တန်နေလို့ပါ။ တခြားတော့ မဟုတ်ပါဘူး။ NLD အလံဒီဇိုင်းကိစ္စပါ။

အများသိကြတဲ့အတိုင်း ရှစ်လေးလုံးအရေးတော်ပုံ ဖြိုခွင်းခံရပြီးတဲ့နောက် နဝတက အာဏာသိမ်း၊ ပါတီစုံ ဒီမိုကရေစီစနစ် ဖော်ဆောင်မယ်လို့ ကြေညာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအ၀င် နိုင်ငံရေးပါတီတွေ ပေါ်ပေါက်လာကြတယ်။ ကျနော်တို့က အရေးတော်ပုံကာလအတွင်း “စာပေနဲ့အနုပညာရှင်များ” ဆိုင်းဘုတ်အောက်မှာ လက်တွဲခဲ့တဲ့ ဦးဝင်းတင်၊ ဦးမိုးသူ၊ ဦးသော်က၊ ဦးအောင်လွင်တို့နဲ့အတူတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး ဦးဆောင်တဲ့ NLD ကို ဝန်းရံခဲ့ကြတယ်။

အဲဒီကာလမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးကိုပဲ အာရုံစူးစိုက်နေကြချိန်ဆိုတော့ အဓိကအတိုက်အခံ အင်အားကြီးဖြစ်တဲ့ NLD မှာပဲ အနုပညာသမား တော်တော်များများ စုရုံးခဲ့ကြတယ်။ လိုအပ်နေတဲ့ ကွက်လပ်တွေမှာ ကိုယ်လုပ်နိုင်တာမှန်သမျှနဲ့ ဖြည့်ဆည်းပေးခဲ့ကြတယ်။ ကျနော်တို့လို ထဲထဲဝင်ဝင် လုပ်နေသူတွေရှိသလို မလှမ်းမကမ်းကနေ လိုအပ်တာကို ပံ့ပိုးပေးကြတဲ့ အနုပညာသမားတွေလည်း ရှိခဲ့ကြတယ်။

မိတ်ဆွေကြီး ကဗျာဆရာ ကိုအောင်ဝေးက “အရေးတော်ပုံ ရင်ခုန်သူများ” ဆိုတဲ့ခေါင်းစဉ်နဲ့ ၈၈ နောက်ကြောင်းပြန် မှတ်တမ်းသဘောမျိုးလေး မိုးမခမှာ အခန်းဆက်ရေးတော့ ကျနော့်အကြောင်း တစွန်းတစ ထည့်ရေးပါတယ်။ အဲဒီအတွက် ကိုအောင်ဝေးကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ပြဿနာက NLD အလံကို ကျနော် (ပန်းချီမျိုးမြင့်) ရေးဆွဲခဲ့တာပါလို့ မှတ်တမ်းပြုထားတာပါပဲ။ ကျနော် ကိုအောင်ဝေးဆီ ချက်ချင်းစာရေးပါတယ်။ NLD အလံကို ရေးဆွဲခဲ့သူဟာ ကျနော် မဟုတ်ကြောင်း၊ ပန်းချီကိုမောင်မောင်သိုက်ဖြစ်ကြာင်း၊ နောက်ပိုင်းလူငယ်တွေ အမှတ်မမှားအောင်နဲ့ သမိုင်းအမှန်ဖြစ်အောင် ပြန်ပြင်သင့်ကြောင်း ကျနော်ပြောပါတယ်။

ဒါပေမယ့် ခက်နေတာက အဲဒီအချိန် ပြည်တွင်းမှာကလည်း အဖမ်းအဆီးတွေ ခပ်ကြမ်းကြမ်း ဖြစ်နေချိန်ဆိုတော့ ဒီကိစ္စကို ပေါ်ပေါ်ထင်ထင် ဖွင့်ပြောဖို့ သူရောကျနော်ရော လက်တွန့်နေခဲ့ကြတယ်။ ကျနော်တို့ရဲ့ မဆင်ခြင်မှုကြောင့် ကိုမောင်မောင်သိုက် ဒုက္ခမရောက်စေချင်ဘူးလေ။ အနိမ့်ဆုံးအဆင့် သူ့ရဲ့အနုပညာလုပ်ကိုင်ခွင့်လေး ပိတ်ပင်သွားရင်တောင် ကျနော်တို့ တသက်လုံး စိတ်မကောင်းဖြစ်ကြရမှာ။ အခုတော့ ကိုမောင်မောင်သိုက်ခမျာလည်း ဆုံးပါးရှာပါပြီ။

အမှန်တော့ ကိုအောင်ဝေးကလည်း သေသေချာချာမသိဘဲ ရမ်းတုပ်လိုက်တာတော့ မဟုတ်ပါဘူး။ သူရောထွေးပြီး အမှတ်မှားသွားတာ ဖြစ်နိုင်ပါတယ်။ မှားချင်စရာကလည်း ဖြစ်ခဲ့တာကိုး။ ဖြစ်ပုံက ၂၀၀၇ ဝန်းကျင်မှာ NLD အလံကို ကျနော်ပြန်လည်ကူးယူ ရေးဆွဲခဲ့ပါတယ်။

ပန်းချီကိုမောင်မောင်သိုက်ဟာ ကျနော့်ရဲ့ အစ်ကိုဆရာပါ။ အစ်ကိုလိုရင်းနှီးသလို ဆရာလိုလည်း ကျေးဇူးရှိသူပါ။ ဒီလိုပဲ NLD ဟာလည်း အခုထက်ထိ ကျနော်သံယောဇဉ်ရှိနေဆဲ ပါတီပါ။ စပြီး တည်ထောင်စဉ်ကတည်းက တထောင့်တနေရာကနေ မထင်မရှား ပါဝင်ခဲ့ရလို့ပါ။ အဲဒီအတွက်ကြောင့် ကိုမောင်မောင်သိုက် ရေးဆွဲပေးခဲ့တဲ့ NLD အလံကို ကျနော် သိပ်ကိုတန်ဖိုးထားခဲ့ပါတယ်။

ကျနော်တို့က ဘယ်လိုပဲ တန်ဖိုးထားထား နှစ်တွေကြာလာတော့ NLD အလံဟာ တဖြည်းဖြည်း ပုံပျက်လာပါတယ်။ အဆင့်ဆင့် ပြန်ကူးပြန်ဆွဲ လုပ်ကြရတော့ မူရင်းနဲ့ မတူတော့ဘဲ အချိုးအစားမကျ ဖြစ်လာပါတယ်။ နောက်ခံအနီရောင်မှာ ကြယ်ဖြူရယ် အဝါရောင်ခွပ်ဒေါင်းရယ် ပါတာမှန်ပေမယ့် ကြယ်ဖြုက အရွယ်ကြီးနေတာ၊ ဒါမှမဟုတ် သေးနေတာမျိုး၊ ခွပ်ဒေါင်းက အချိုးအဆက် မမှန်တာမျိုး၊ ခွပ်ဒေါင်းနဲ့ ကြယ်ဖြူ နီးတဲ့အခါနီး၊ ဝေးတဲ့အခါဝေး အမျိုးစုံ တွေ့လာရတယ်။

ရင်ထဲမကောင်းပေမယ့် ကိုယ်သိသလောက် ကိုယ်တတ်သလောက်လေးနဲ့ ကူးယူရေးဆွဲခဲ့တဲ့လူတွေကိုလည်း အပြစ်မတင်ရက်ဘူး။ အဲဒီမှာ ကျနော် မူရင်းအချိုးအစားအတိုင်း ပြန်ရေးဆွဲဖို့ စိတ်ပိုင်းဖြတ်လိုက်တာပါပဲ။ မူရင်းလည်း ပျောက်ပျက်မသွားအောင်၊ အလံကို အသုံးပြုဖော်ပြတဲ့အခါတိုင်းမှာလည်း စံတမျိုးတည်း (Standardise) ဖြစ်အောင်လုပ်မယ်လို့ ရည်ရွယ်တာပါ။ ကိုမောင်မောင်သိုက် ရေးဆွဲစဉ် ၁၉၈၈-၈၉ အချိန်က ကွန်ပျူတာ မရှိသေးပါဘူး။ စက္ကူပေါ်မှာ
လက်နဲ့ပဲရေးဆွဲခဲ့တာပါ။ ကျနော့်ကျတော့ ကွန်ပျူတာခေတ် အိုင်တီခေတ်နဲ့လည်း လျော်ညီအောင်၊ အလွယ်တကူလည်း ဖြန့်ဝေပေးလို့ရအောင်၊ အကြီးချဲ့ အသေးချုံ့ လုပ်ချင်သလို လုပ်လို့ရအောင်၊ ဒစ်ဂျစ်တယ်ပုံရိပ် (Digitize) အဖြစ် လုပ်ရမှာပါ။

ကိုထွန်းမြတ်ဦး (ပန်းသီး) အကူအညီနဲ့ ဦးမိုးသူ(ဘကြီးမိုး) ကို ဆက်သွယ်ပြီး ပုံနှိပ်ထားတဲ့ ကိုမောင်မောင်သိုက်ရဲ့ မူရင်းအလံဒီဇိုင်းကို ပြည်တွင်းကနေ ရအောင်မှာယူခဲ့ပါတယ်။ ရလာတော့ Scan လုပ်၊ Computer ထဲမှာ Vector image ရအောင် Adobe Illustrator Software ကိုအသုံးပြုပြီး အတိအကျ Trace လုပ်ယူပါတယ်။ အဲဒီလိုလုပ်လိုက်တော့ ပုံကြီးပဲချဲ့ချဲ့ ပုံသေးပဲချုံ့ချုံ့ ကိုမောင်မောင်သိုက်ရဲ့ မူရင်းဒီဇိုင်း အချိုးအစားအတိုင်း အတိအကျ ထွက်ပါတယ်။ မမှားနိုင်တော့ပါဘူး။ တကယ်တော့ ဘယ်သူလုပ်လုပ် မလုပ်လုပ်၊ လိုအပ်မယ်ထင်လို့ ကျနော့်ဖာသာ လုပ်လိုက်တာပါ။ ကျနော့်လုပ်ရပ်ဟာ နငယ်ကို အမြီးတပ်တဲ့၊ အရေးမပါတဲ့အလုပ်လို့ ပြောမယ်ဆိုရင်လည်း ပြောနိုင်ပါတယ်။ ဒါပေမယ့် ကျနော်တန်ဖိုးထားတဲ့ NLD အလံကို အခုလို Standardise လုပ်လိုက်နိုင်တဲ့အတွက် ကိုယ့်ဖာသာကိုယ်တော့ ကျေနပ်ပါတယ်။

ပြောစရာတခုရှိလာတာက ကျနော့်ဆီမှာ မူရင်းအတိုင်း ဒစ်ဂျစ်တယ်ပုံရိပ်အဖြစ် ပြန်ဆွဲထားတာ ရှိနေတဲ့အကြောင်း ကျယ်ကျယ်ပြန့်ပြန့် မသိကြတာပါပဲ။ သိတဲ့လူတချို့ရှိပေမယ့် သိပ်နည်းပါတယ်။ မဏ္ဍပ်တိုင်တက်ရမှာကို အလကားနေရင်း စိုးရွံ့နေတတ်တဲ့ ကျနော့်အကျင့် အားနည်းချက်ကြောင့်လည်း ပါပါတယ်။ တဖက်ကလည်း ဒီလိုနဲ့ကြာလာရင် သမိုင်းဝင် မူရင်းအလံ ပျောက်ပျက်သွားမှာကိုလည်း စိုးမိပါတယ်။ ဒါကြောင့် အခုလို အများပြည်သူကို မီဒီယာကနေ အသိပေးရခြင်းပါ။



ပြည်တွင်းပြည်ပ မီဒီယာတွေအနေနဲ့ ခါတိုင်းဖော်ပြနေကျ မူရင်းမဟုတ်တဲ့ NLD အလံကို မူရင်းအတိုင်း ကူးယူရေးဆွဲထားတဲ့အလံနဲ့ အစားထိုးအသုံးပြုပေးကြဖို့ ကျနော် မေတ္တာရပ်ခံပါတယ်။NLD ရုံးချုပ်နဲ့ ရုံးခွဲများအနေနဲ့လည်း စာရွက်စာတမ်း၊ စာအိတ်၊ ရင်ထိုးမှအစ ဆိုင်းဘုတ်အလယ် အခမ်းအနား နောက်ခံတွေမှာသုံးတဲ့ အလံအဆုံး တညီတညွတ်တည်း တပုံစံတည်း အသုံးပြုပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ အခုအချိန်က ရံပုံငွေအတွက် ပြက္ခဒိန်၊ ပိုစတာ၊ ပို့စကတ်၊ တီရှပ်၊ ဦးထုပ်တွေ မှိုလိုပေါက်အောင် ထုတ်လုပ် ရောင်းချနေချိန်ဆိုတော့ NLD က တာဝန်ရှိပုဂ္ဂိုလ်များကလည်း အလံအမှန်ဖြစ်အောင် ထိန်းကွပ်ပေးကြစေချင်ပါတယ်။

jpeg, tiff, png, ai, psd စသဖြင့် အလိုရှိရာ Format ကို ကျနော့်ဆီ (artistmyomyint@gmail.com) စာရေးမှာကြား တောင်းဆိုနိုင်ပါတယ်။ မဖြစ်ဖြစ်တဲ့နည်းနဲ့ ပို့ပေးပါမယ်။ ရလာရင်လည်း တခြားလိုအပ်တဲ့သူတွေဆီကို လက်ဆင့်ကမ်းပြီး ဖြန့်ပေးကြပါ။ အလံပိုင်ရှင် NLD ကို လေးစားတဲ့အနေနဲ့၊ ဖန်တီးရေးဆွဲပေးခဲ့တဲ့ (ကွယ်လွန်သူ) ပန်းချီကိုမောင်မောင်သိုက်ကို တန်ဖိုးထားတဲ့အနေနဲ့၊ မူရင်းအလံဒီဇိုင်းကိုပဲ မူရင်းမပျက် အသုံးပြုပေးကြပါခင်ဗျား။

သမိုင်းကို ရေးသူတွေက ရေးသွားကြပါပြီ။ တချို့လည်း ရေးနေကြဆဲပါ။ အဲဒီသမိုင်းတွေ မမှားမယွင်း မပျောက်မပျက်အောင် ကျနော်တို့အားလုံး ၀ိုင်းဝန်းထိန်းသိမ်းကြရပါမယ်။ ဒါကိုလဲ “သမိုင်း” လို့ဆိုရင် ရကောင်းလေမလား။

ခွတ်ဒေါင်း အလံတော် ကိုတော့ "ကာတွန်း ဦးဘဂျမ်း" က ရေးဆွဲခဲ့ကြောင်း သိရပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အလံကိုတော့ "ပန်းချီ မောင်မောင်သိုက်" ကဆွဲပါတယ်။ ဒီနှစ်ခုဟာ သမိုင်းဆိုင်ရာ အရေးကြီးတဲ့မှတ်သားစရာ သမိုင်းပါ။


နေပြည်တော်ရောက်ဒေါ်အောင်ဆန်းစုကြည်

RFA Burmese TV Channel

ဒေါ်အောင်ဆန်းစုကြည်အား နှုတ်ဆက်သည့် တပ်မတော်သားအား စစ်တိုင်းမှူးကိုယ်တိုင် လွှတ်ပေးလိုက်ပြီ

Yangon Press International
ကြားဖြတ်သတင်း

မတ်လ ၆ ရက်၊ ၂၀၁၂၊ ည ၉နာရီခွဲ (YPI)

ဒေါ်အောင်ဆန်းစုကြည်၏ ကလောမြို့ ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်အား နှုတ်ဆက်လိုက်သဖြင့် ဖမ်းချုပ်ခြင်းခံရသည့် တပ်မ ၅၅ မှ တပ်သား ကျော်ဇင်ဝင်းအား ယနေ့ညနေပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်တိုင်းမှူး ကိုယ်တိုင် လာရောက်၍ အချုပ်မှ လွှတ်ပေးလိုက်ကြောင်း ကလောမြို့ လုံခြုံရေး သတင်းရပ်ကွက် အဆိုအရ သိရှိရသည်။

ပြည်သူအပေါ် ပွင့်လင်းမြင်သာမှု ရှိအောင် ကြိုးစားပါ တပ်မတော်သားတို့
by Yan Aung on Monday, March 5, 2012 at 3:22am ·

တပ်မတော်သားဆိုတာ  အထက်ကပေးတဲ့အမိန့်၊ တာဝန်၊ လိုက်နာတဲ့စည်းကမ်းနဲ့မပတ်သက်ပဲ ဥပဒေကိုမချိုးဖောက်တဲ့ အပြုအမူမှန်သမျှကို မိမိဆန္ဒအလျောက်လုပ်ပိုင်ခွင့်ရှိပါတယ်။ လက်ရှိတပ်မတော်ကို ဦးဆောင်နေတဲ့ ကာချုပ်ရဲ့အထက် သမ္မတ ကတောင် တလေးတစားလက်ဆွဲနှုတ်ဆက်နေတဲ့သူတစ်ယောက်ကို သာမန်တပ်မတော်သားတစ်ယောက်က ဆန္ဒအလျောက် နှုတ်ဆက်တဲ့ကိစ္စဟာ ပြစ်မှုမြောက်တယ်ဆိုရင် မြန်မာ့နိုင်ငံရေးမှာ တပ်မတော်က ဗီလိန်ပြန်ဖြစ်လာပါလိမ့်မယ်..။ ဘာ့ကြောင့်လဲဆိုတော့ တပ်မတော်သားလည်း ပါတီတစ်ခုခုကို မဲပေးပိုင်ခွင့် ထောက်ခံပိုင်ခွင့်ရှိတဲ့ ပြည်သူ ဆိုတဲ့ အ၀န်းအ၀ိုင်းထဲမှာ ပါဝင်နေလို့ပါပဲ..။

အဲဒီဓာတ်ပုံကို တပ်မတော်သားမဟုတ်ကြောင်း ဂျင်းဘောင်းဘီနဲ့ဖြစ်ကြောင်း online သုံးတဲ့ တပ်မတော်သားတွေ Admin လုပ်တဲ့ ဘလော့တွေထဲမှာ အသည်းအသန် ချေပရေးသားထားတာတွေလည်း တွေ့ရပါတယ်..။ အောက်က ဂျင်းဘောင်းဘီဟုတ်မဟုတ်နဲ့ တပ်မတော်သားဟုတ်မဟုတ် သုံးသပ်ချက်ကတော့ အောက်က ပုံမှာ မြင်ရတဲ့အတိုင်းပါပဲ..။

ထို့အတူပဲ သမ္မတရဲ့ မိန့်ခွန်းထဲမှာ ´´ကျွန်တော်ကိုယ်တိုင် တပ်မတော်ကို မိမိကိုယ်တိုင် ခုခံကာကွယ်ရုံ က လွဲပြီး ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ မလုပ်ဖို့ ညွှန်ကြားထားပြီးတဲ့ အနေအထားမှာ ဘာဖြစ်လို့ ပစ်ခတ်တိုက်ခိုက်မှုတွေ မရပ်သေးတာလဲဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေကို ဆက်လက် ညွှန်ကြားထားပြီးလည်း ဖြစ်ပါတယ်။´´
လို့ ထည့်သွင်းပြောရလောက်အောင် ဖြစ်ခဲ့တာက အမိန့်နာခံမှုဆိုတဲ့ တပ်မတော်သားတွေ အမွှမ်းတင်လေ့ရှိတဲ့ ဂုဏ်ပုဒ်တစ်ခုကို သံသယ၀င်စေပါတယ်။ ဒါပေမယ့် သမ္မတက တပ်မတော်ကို ဖေးမပြောကြားခဲ့တာတွေ့ရပါတယ်။ သေချာတာတစ်ခုက ယနေ့ထုတ် ပြည်တွင်းဂျာနယ်တွေအပါအ၀င် ပုံနှိပ်မီဒီယာနဲ့ ပုဂ္ဂလိက အစိုးရ ရုပ်မြင်သံကြားတွေမှာ ယနေ့အထိ ပြည်သူပေါင်းများစွာ သေကြေဒုက္ခရောက်နေတဲ့ တိုက်ပွဲသတင်းတွေကို ဖော်ပြခွင့်မရှိတာက တော်တော် အရုပ်ဆိုးတဲ့ ဖြစ်ရပ်လည်းဖြစ်သလို အဲဒီလို တပ်မတော်ရဲ့ ပွင့်လင်းမြင်သာမှုမရှိခြင်းကြောင့် တပ်မတော်ကို လူအမြင်ကတ်ပြီး ပြည်ပမီဒီယာတွေပြောသမျှကို တဖက်သတ်ယုံကြည်လာကာ သတင်းတွေကို ပိုမိုအားကိုးစေတဲ့အဖြစ်လည်း ဖြစ်ပါတယ်။

နောက်ဆုံးတစ်ချက်က ဂျပန်နိုင်ငံသားက မြန်မာအမျိုးသမီး ဟိုတယ်ဝန်ထမ်းကို ပါးရိုက်တဲ့ကိစ္စမှာ Online ထဲက တပ်မတော်သားအများစု FB ထဲမှာနဲ့ ဘလော့ဂ်တွေထဲမှာ ထူးထူးခြားခြား ၀ါဒဖြန့်ရေးခဲ့ကြတာတွေက ကာလုံ (အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ) က ထိုဂျပန်ကို ချက်ချင်းပဲ နယ်နှင်ဒဏ်ပေးလိုက်သလိုရေးခဲ့ကြပါတယ်။ ကာလုံ ကို အမွှမ်းတင်လိုက်တာပါ။ ဒါပေမယ့် ဒါတွေက သတင်းမှားတွေပါ။ တကယ့်အဖြစ်မှန်က အဲဒီဂျပန်ဘက်ကလည်း အပြန်အလှန်တရားစွဲပြီး အခုထက်ထိ နှစ်ဖက် အမှုဆိုင်နေကြတုန်းပါ။ အဲဒါကို ဘယ်လိုလုပ် ကာလုံက ရောက်လာသလဲတော့  မသိပါဘူ။ ဘယ်သူ့ရဲ့ လုပ်ဇာတ်လည်းမသိပေမယ့် တပ်မတော်သားအများစုပဲ admin လုပ်ပြီး ရေးခွင့်ရှိတဲ့ ဘလော့တွေထဲကလာတာတော့ သေချာပါတယ်..။

အရပ်သားတစ်ယောက်ရဲ့အပြုအမူကို မြင်တဲ့အမြင်နဲ့ ယူနီဖောင်းဝတ်ပြီး လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုကို ကိုယ်စားပြုထားတဲ့ တပ်မတော်သားတစ်ယောက်ရဲ့ အပြုအမူကို ပြည်သူနဲ့ ပတ်ဝန်းကျင်က မြင်တဲ့အမြင် မတူပါဘူး။ ယူနီဖောင်းဝတ်ထားပြီဆိုတာနဲ့ ကိုယ့်ရဲ့ အပြုအမူနဲ့ အယူအဆကို လွတ်လပ်စွာချပြခွင့်ရှိပေမယ့် ကိုယ်တစ်ယောက်ထည်းကို ကိုယ်စားမပြုပါဘူး။ ကိုယ့်နောက်က အဖွဲ့အစည်းကို ကိုယ်စားပြုသွားပါလိမ့်မယ်..။ ဒါက အရေးကြီးပါတယ်။ အခုလည်း ရဲဘော်လေးက အမေစုကို နှုတ်ဆက်တာကို ပြည်သူတွေက ငါတို့တပ်မတော်သားလို့ သြဘာပေးကြသလို အမေစုကို စစ်သားတစ်ယောက်က ကိုယ့်အယူအဆနဲ့ ဝေဖန်တိုက်ခိုက်မယ်ဆိုရင်းလည်း xxxxxx ဝေဖန်ကြပါလိမ့်မယ်။

ဘာ့ကြောင့်လဲဆိုတော့ လွတ်လပ်ရေးရပြီး ပြည်တွင်စစ်မီးတွေ၊ တရုတ်ဖြူအရေးတွေအပြီးမှာ ကျေးဇူးတင်ခံခဲ့ရတဲ့ တပ်မတော်ဟာ တိုင်းပြည်ကို ကာကွယ်ခဲ့ပေမယ့် နိုင်ငံတော်အာဏာကို စတင်ကို်င်တွယ်ချိန်က စပြီး ပြည်သူနဲ့ တိုင်းပြည်ဆင်းရဲစုတ်ပြတ်အောင် သက်ဦးဆန်ပိုင်ဆန်ဆန် လုပ်ခဲ့တာတွေ၊ နည်းမျိုးစုံနဲ့ နှိပ်ကွပ်ခဲ့တာတွေနဲ့ ပြည်နယ်ပြည်မ စစ်တွေတိုက်ပြီး ကွာခြားချက်ကြီးစွာ (သမ္မတကြီးကိုယ်တိုင် ၀န်ခံခဲ့တဲ့) ဖွံဖြိုးမှုနောက်ကျပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်နည်းပါးအောင် ဖန်တီးအုပ်ချုပ်ခဲ့တဲ့ အမည်းစက်က ဗမာအပါအ၀င် တိုင်းရင်းသားပြည်သူပေါင်းစုံရဲ့ရင်ထဲမှာ ယနေ့အထိ အနာဟောင်းတစ်ခုအဖြစ် ရှိနေသေးလို့ပါပဲ..။ အမှန်တော့ တပ်မတော်လည်း ပြည်သူထဲက ပေါက်ပွားလာတာပါပဲ..။ တပ်မတော်သားတွေရဲ့ ပွင့်လင်းမြင်သာရှိမှုကို ပြည်သူတွေအားလုံးက ယုံကြည်ချင်ပါတယ်..။ ယုံကြည်ဖို့လည်း စောင့်ဆိုင်းနေတယ်ဆိုတာ ... သိရှိစေချင်ပါတယ်..။


သန်းပေါင်းများစွာထောက်ခံအားပေးသောအမေစုအား.....လာရောက်နှုတ်ဆက်ယုံနှုတ်ဆက်သည့်...စစ်သားငယ်တစ်ဦးအား အတုဖြစ်နိုင်ကြောင်းဝေဖန်သူများအတွက်.......
(ညာဘက်ကလက်မောင်းက ဂျီအီးတံဆိပ် (၇၅%)Sure ၊ဘယ်လက်မောင်းက ၅၅ ၊အိကျီလက်မောင်းခေါက်တဲ့ပုံစံ-စစ်သားများခေါက်နေကျတံတောင်ဆစ်ကျော်နေသည့်ပုံင်္စ၊(ညာလက်ကိုကြည့်ရင်ပိုသိသာတယ်)
ကျွန်တော်တို့အရပ်သားများအရပ်သားပုံစံမခေါက်ပါ၊ဆံပင်ညှပ်တာမပြောပါနဲ့
ဆံပင်ကိုတစ်ပတ်တစ်ခါအရာရှိတောင်ညှပ်လေ့မရှိကြောင်း၊အကျီလယ်ပင်းဟနေတာမရှိပါ
၊ကော်လံတံဆိပ် အမည်းပါ၊ဦးထုတ်ဘယ်ဘက်မှာကြယ်သီးတပ်ပါတယ်၊
တိုင်းချုပ်ထားတဲ့ယူနီဖေါင်းပုံစံပါ၊စစ်သားယူနီဖေါင်းကိုအရပ်သားယူဝတ်လာတဲ့ပုံမဟုတ်ကြောင်း၊
တပ်ကအရာရှိတွေကိုမေးလို့သိရပါတယ်)
Pa Yit