Thursday, March 8, 2012

ကနေဒါနိုင်ငံခြားရေးဝန်ကြီးJohn Bairdဒေါ်အောင်ဆန်းစုကြည်နင့်တွေ့ ဆုံ

The five honorary Canadians
Raoul Wallenberg, Nelson Mandela, Dalai Lama, Aung San Suu Kyi, The Aga Khan have been honored

Nobel laureate and Burma's opposition leader, Aung San Suu Kyi, received honorary Canadian citizenship in 2007. Foreign Affairs Minister John Baird made the presentation on March 8, during a historic visit to the house where she has served 15 of the last 23 years under house arrest. (Paul Chiasson/Canadian Press)




Canada Welcomes Progress, Encourages Continued Reforms in Burma by Foreign Minister John Baird
March 8, 2012 – Foreign Affairs Minister John Baird today made the following statement after his meetings in Burma, with Burma’s President Thein Sein and General Secretary of the National League for Democracy Aung San Suu Kyi:
“There is palpable optimism in the streets of Rangoon. I commend President Thein Sein and his government for their commitments to reform.
“Meeting Aung San Suu Kyi, one of Burma’s great champions of change, was quite a moving experience—a definite honour for me personally.
“I thank Aung San Suu Kyi for her hospitality and salute the incredible strength and courage that she has summoned to face adversity and to be an advocate on behalf of the Burmese people.
“Her dedication to freedom, democracy, human rights and the rule of law is truly inspiring. I am proud to count her as an honorary Canadian.
“On this International Women’s Day, it also strikes me that there is no stronger female role model for girls around the globe than this woman who has devoted her life to furthering the cause of democracy in the interests of the well-being of her fellow citizens.
“Burma has taken several very positive first steps toward democratic development and change; we hope that the progress made to date will continue and lead to further reforms. We will be watching, in particular, the by-elections on April 1. But the true test will be in the weeks and months that follow.
“Canada has been a strong opponent of repression in Burma. Change must be sustained so that the will of the Burmese people can turn their hopes of a better, brighter future into reality for all.”
Minister Baird’s visit to Burma is the first by a Canadian foreign minister.
For more information, please consult Canada’s Policy on Burma.
- 30 -
For further information, media representatives may contact:
Foreign Affairs Media Relations Office         
Foreign Affairs and International Trade Canada
613-995-1874
Follow us on Twitter: @DFAIT_MAECI

Related News
Baird hears about election ‘irregularities’ in Burma
http://www.cbc.ca/news/politics/story/2012/03/08/baird-burma.html
Video: Suu Kyi discusses election irregularities
http://www.theglobeandmail.com/news/video/video-suu-kyi-discusses-election-irregularities-with-john-baird/article2363063/
In Photos
http://www.theglobeandmail.com/news/politics/in-photos-john-bairds-historic-visit-to-myanmar/article2362503/

Canada’s Foreign Affairs Minister Baird presents Suu Kyi with Canadian citizenship
Myanmar's pro-democracy leader Aung San Suu Kyi smiles as Canada's Foreign Minister John Baird talks to reporters after their meeting at Suu Kyi's home in Rangoon Thursday. Myanmar’s pro-democracy leader Aung San Suu Kyi smiles as Canada’s Foreign Minister John Baird talks to reporters after their meeting at Suu Kyi’s home in Rangoon Thursday. (Soe Zeya Tun/Reuters)
In historic visit, foreign affairs minister confers honorary citizenship on Nobel laureate
Go to below link for details
http://www.cbc.ca/news/politics/story/2012/03/08/baird-burma.html
Related news: 
Foreign Affairs Minister John Baird came bearing gifts Thursday as he travelled to Burma
http://news.nationalpost.com/2012/03/08/suu-kyi-burma-myanmar/
Symbolic Myanmar visit signals Harper’s shifting worldview
http://www.theglobeandmail.com/news/politics/symbolic-myanmar-visit-signals-harpers-shifting-worldview/article2362364/

ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် မဲဆွယ်မှုများပြုလုပ်နေ


by Yangon Press International on Thursday, March 8, 2012 at 9:14am ·
မတ် ၈၊ ၂၀၁၂ (YPI)

ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်သည် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွက် မဲဆွယ်မှုများပြုလုပ်ပေးနေသည့်ပြင် မဲဆွယ်အခမ်းအနားများအတွက် စင်မြင့်တည်ဆောက်ရာတွင် ဒေသခံများကို လုပ်အားပေးစေခိုင်းမှုများကိုပါ လုပ်ဆောင်နေကြောင်း ဒေသခံများကပြောသည်။

မြင်းကကွင်းတိုက်နယ်ဒေသခံတစ်ဦးက “ကျွန်တော်တို့ဆီကို ရှေ့လ ၂၄ ရက်ကလာတာ၊ မလာခင် သုံးရက်လောက်အလိုမှာ မဏ္ဍပ်ဆောက်ဖို့ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးက လူငယ်တွေကို လုပ်အားပေးလာခေါ်တယ်” ဟု ပြောသည်။



ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးသိန်းအောင်သည် ဖေဖေါ်ဝါရီလအတွင်းက ငပုတောမြို့နယ်၊ မြင်းကကွင်းတိုက်နယ်အပါအ၀င် ဒေသငါးခုခန့်သို့သွားရောက်ခဲ့ပြီး ရောက်ရာဒေသတိုင်းတွင် ပြောကြားသောမိန့်ခွန်းများ၌ ကြံ့ခိုင်ရေးပါတီကို မဲထည့်ရန်တိုက်တွန်းမှုများပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။

ပုသိမ်မြို့ရှိ ကြံ့ခိုင်ရေးပါတီရုံးများတွင် ဧရာဝတီတိုင်းသား ၀န်ကြီးချုပ် အဘဦးသိန်းအောင်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်အား မဲပေးကြပါစို့ ဟူသောစာတန်းဖြင့် ဦးသိန်းအောင်ဓါတ်ပုံများကပ်ကာကြော်ငြာထားခြင်း၊ ရပ်ကွက်အတွင်း ကြံ့ခိုင်ရေးပါတီဝင်သူတိုင်းကို ငွေကျပ်သုံးသောင်းကို နေ့သွင်းအနေဖြင့်ထုတ်ချေးပေးခြင်း၊ ၎င်းပါတီတံဆိပ်ပါသော အင်္ကျီများနှင့် ဦးထုပ်များကို အခမဲ့ပေးခြင်းများပြုလုပ်နေကြောင်း ပုသိမ်မြို့ခံတို့ကပြောသည်။

ပုသိမ်ခရိုင်တရားလွှတ်တော်ရှေ့နေတစ်ဦးက“ ဦးသိန်းအောင်ဟာ အလုပ်အရမ်းလုပ်တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ ဒါပေမယ့် သူ့မှာပါတီစွဲကရှိနေတော့ ဥပဒေနဲ့ငြိစွန်းနေတာစိတ်မကောင်းစရာပဲ” ဟု မှတ်ချက်ပြုသည်။


အစိုးရ၀န်ကြီးများအနေဖြင့် ၎င်းတို့သက်ဆိုင်ရာ ပါတီလုပ်ငန်းများနှင့် ပါတီအတွက် မဲဆွယ်စည်းရုံးခြင်းများမပြုလုပ်ရန် နည်းဥပဒေများထုတ်ပြန်ထားသည်။      ။

Nyunt Win နာဂစ်တုန်းက သေဆုံးသွားသူများ အပေါ် သိန်းအောင် က အလောင်းကောက်စရာ မလိုဘူး၊ ငါးတွေ စားသွားလိမ့်မယ်လို့ ပြောခဲ့တာ မမေ့ကြပါနဲ့။

ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းသည် ပဒိုမန်းငြိမ်းမောင်အား အင်းစိန်ထောင်တွင်းသို့ လာရောက်တွေဆုံကာအရေးယူခြင်းမခံရစေရန် ၎င်းအနေဖြင့် အာမခံချက်ပေးခဲ့


ပဒိုမန်းငြိမ်းမောင်အမှုအား လာမည့်အပတ်တွင် အမိန့်ချမည်

by Yangon Press International on Thursday, March 8, 2012 at 9:42am ·
 မတ်၊ ၈၊ ၂၀၁၂၊ (YPI)

နိုင်ငံတော်ပုန်ကန်မှု၊ မတရားအသင်းပုဒ်မ စသည်တို့ဖြင့်  တရားစွဲဆိုခြင်းခံထားရသော ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်၏ အမှုအား လာမည့်အပတ် အင်္ဂါနေ့တွင် အမိန့်ချမည်ဖြစ်ကြောင်း ၎င်း၏ရှေ့နေဦးကြီးမြင့်ကပြောသည်။

ယနေ့ရုံးချိန်းတွင် တရားခံဘက်မှ ဆင့်ခေါ်ထားသည့် နောက်ဆုံးသက်သေဖြစ်သည့် တောင်ကလေးဆရာတော်မှာ ကျန်းမာရေးအခြေအနေအရ ကြွရောက်နိုင်ခြင်းမရှိကြောင်း ၎င်းကဆိုသည်။

၎င်းက “ နဂိုကတည်းက တရားစွဲလည်းရ။ မစွဲလည်းရတဲ့အချိန်မှာ အပြစ်ပေးချင်လို့ တရားစွဲခဲ့တဲ့အမှုပဲ။ အနည်းနဲ့အများ အပြစ်ပေးတာတော့ ခံရမယ်ထင်တယ်” ဟု ပြောသည်။

ယခုအချိန်တွင် ပဒိုမန်းငြိမ်းမောင်မှာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်လျက်ရှိသော်လည်း  စိတ်ပိုင်းဆိုင်ရာထိခိုက်မှုရှိနေကြောင်း ဦးကြီးမြင့်ကဆိုသည်။

“ လူကတော့နေကောင်းနေပေမယ့် စိတ်ကတော့ ကျန်းမာပုံမရဘူး။ တစ်စုံတရာ ဖိအားပေးခံနေရတဲ့ပုံပဲ ” ဟု ၎င်းကဆိုသည်။
ယခုအမှုတွင် ပဒိုမန်းငြိမ်းမောင်ဘက်မှ  တင်ပြထားသော သက်သေ ၈ ဦးအနက် အင်းစိန်ထောင်မှ ထောင်ပိုင်အရာရှိနှစ်ဦးကိုသာ တရားရုံးမှ ဆင့်ခေါ်ပေးပြီး ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းအပါအ၀င် အခြားသက်သေများကိုမူ ဆင့်ခေါ်ပေးရန် ငြင်းဆိုခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ဦးဆောင်ပြုလုပ်နေသည့် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းသည် ပဒိုမန်းငြိမ်းမောင်အား အင်းစိန်ထောင်တွင်းသို့ လာရောက်တွေဆုံကာ ငြိမ်းချမ်းရေးအတွက် အကြံဥာဏ်များလာရောက်တောင်းခံခဲ့ပြီးနောက် အရေးယူခြင်းမခံရစေရန် ၎င်းအနေဖြင့် အာမခံချက်ပေးခဲ့ကြောင်း ဦီးကြီးမြင့်ကဆိုသည်။

သို့သော် ယခင်အပတ်က ပြုလုပ်ခဲ့သော ရုံးချိန်းတွင် လာရောက်အစစ်ခံသည့် သက်သေနှစ်ဦးဖြစ်သော အင်းစိန်ထောင်မှ အရာရှိနှစ်ဦးကမူ ယင်းကိစ္စကို ငြင်းဆိုခဲ့သည်။

ပဒိုမန်းငြိမ်းမောင်သည် လက်ရှိတွင်လည်း လူဝင်မှုကြီးကြပ်ရေးဋ္ဌာန တံဆိပ်တုံးအတုပြုလုပ်မှု ဥပဒေပုဒ်မ ၄၆၈ နှင့် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ပုဒ်မ ၁၃/၁ တို့အရ တရားစွဲခံရကာ ထောင်ဒဏ် ခြောက်လစီ တစ်ပေါင်းတည်း ကျခံလျက်ရှိသည်။

 ပဒိုမန်းငြိမ်းမောင်သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၁)ဖွဲ့ဖြင့် ပူးပေါင်းဖွဲ့စည်းထားသည့် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ ကော်မတီဝင် တစ်ဦးဖြစ်သည်။       ။

တကိုယ်တော် ဆန္ဒပြသူ ဦးစိုးကြွယ်နှင့် အခြား ၈ဦးအား အာမခံဖို့ ထောက်ခံစာတောင်းခံ


by Yangon Press International on Thursday, March 8, 2012 at 9:57am ·
မတ်လ ၈၊ ၂၀၁၂ (YPI)

ယခုနှစ် ဇန်န၀ါရီလ ၁၀ ရက်နေ့က တကိုယ်တော်ဆန္ဒပြခဲ့သူ ဦးစိုးကြွယ်အပါအ၀င် ၉ ဦးအား တရားစွဲဆိုထားမှုအား လာမည့် ၂၁ ရက်နေ့သို ရုံးပြန်ချိန်းလိုက်ကာ လာမည့် ရုံးချိန်းတွင် အာမခံပေးရန် ရပ်ကွက်ထောက်ခံစာပါ တောင်းခံထားသည်ဟု ဦးစိုးကြွယ် ၏ သားဖြစ်သူ ကိုညီညီမင်းက ပြောသည်။

ဦးစိုးကြွယ်နှင့် ၎င်းဆန္ဒပြစဉ် အနီးအနားတွင် ရှိနေသူများဖြစ်သည့် ကိုမျိုးမြင့်ဇော်၊ ကိုသိန်းမြင့်၊ ကိုကျော်အောင်၊ ကိုဆန်းဝင်း၊ ကိုတင်မောင်ကြည်၊ ဒေါ်ခင်အေး၊ မချိုနှင့် ဒေါ်ခင်ဝင်းတို့အား ပုဒ်မ ၁၄၃၊ ၁၄၅ တို့ဖြင့် စွဲဆိုထားကာ တောင်ဒဂုံမြို့နယ် တရားရုံးတွင် ယနေ့ ရုံးချိန်းခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ဦးစိုးကြွယ်သည် တောင်ဒဂုံမြို့နယ်တွင် ရပ်ရွာ ရေရရှိရေး၊ လမ်းပြင်ဆင်ရေး၊ လျှပ်စစ်မီးရရှိရေး အစရှိသည့် တောင်းဆိုချက်များကို တကိုယ်တော် ဆန္ဒြ့ပတောင်းဆိုခဲ့စဉ် ရဲလုံခြုံရေးများက ကားဖြင့် ခေါ်ဆောင်သွားပြီး တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။         ။

International Women's Courage ဆုရမဇင်မာအောင်ကိုRFA က တွေ့ဆုံမေးမြန်း

Uploaded by RFABurmeseVideo on Mar 7, 2012

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ်ချီးမြှင့်နေတဲ့ International Women's Courage ဆုကို ဒီနှစ်အတွက် နိုင်ငံပေါင်း ၁၀ နိုင်ငံက အမျိုးသမီး ၁၀ ဦးကို ချီးမြှင့်ရာမှာ မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားဟောင်း မဇင်မာအောင်လည်း ချီးမြှင့်ခံရပါတယ်။
ဝါရှင်တန်ဒီစီမြို့ကိုရောက်နေတဲ့ မဇင်မာအောင်ကို RFA ကိုနေရိန်ကျော်က တွေ့ဆုံမေးမြန်းထားပါတယ်။

ယူဂန္တာ သူပုန် ခေါင်းဆောင် ဂျိုးဆက်ဖ် ကိုနီ ကို လူမျိုးတုံး သတ်ဖြတ်မှု စစ် ရာဇ၀တ်မှု များ ဖြင့် ဖမ်းဆီးရန်စည်း ရုံး လှုံ ဆော်



KONY 2012 from INVISIBLE CHILDREN on Vimeo.
၃ရက် အတွင်း လူ သန်း ၄၀ ကျော် ကြည့်ခဲ့ သည့် အွန်လိုင်း ဗီဒီယို ကြောင့် ကိုနီ အရေး ဦးစားပေး စဉ်းစားလာ
by FNG on March 8, 2012
Freedom News Group

KONY 2012 ဟု အမည်ပေးထား သည့် အွန်လိုင်း ဗီဒီယို ကြောင့် ယူဂန္တာ သူပုန် ခေါင်းဆောင်
ဂျိုးဆက်ဖ် ကိုနီ ကို လူမျိုးတုံး သတ်ဖြတ်မှု စစ် ရာဇ၀တ်မှု များ ဖြင့် ဖမ်းဆီးရန် တက်ကြွ လှုပ်ရှား
သူများက စည်း ရုံး လှုံ ဆော်လာကြသည်။

Invisible Children ဟု အမည်ပေးထားသည့် အမေရိကန် အခြေစိုက် ကလေး သူငယ် ကာ
ကွယ်စောင့်ရှောက် ရေး အဖွဲ့  မှ စီစဉ် ပြီး ဒါရိုက်တာ ဂျေဆန် ရပ်ဆဲလ် ရိုက်ကူး ခဲ့ သည့် မိနစ်
၃၀ ကြာ မှတ်တမ်း ရုပ်ရှင် မှာ မတ်လ ၅ ရက်နေ့ က Vimeo ဗီဒီယို ဆိုတ် တွင် စတင်
ဖော်ပြပြီး ၃ ရက် အကြာ မှာ ပင် ကြည့် ရူ သူ ၁၅ သန်းကျော် ရှိ ခဲ့ ပြီး ယူတု တွင် ၁၅ သန်း
ကျော် ရှိ ကာ အခြား ဗီဒီယို ဆိုတ်များ တွင် ကြည့်ရှု မှု မျာ ယခု သန်း ၄၀ ကျော် ပြီ
ဟု ဟဖ်ဖင်တန် ပိုစ် အွန်လိုင်း သတင်းစာတွင် ဖော်ပြထား သည်။

သူပုန် ခေါင်းဆောင် ဂျိုးဆက်ဖ် ကိုနီ ၏ Lord’s Resistance Armyဟု အမည်ပေးထား သည့်
ယူဂန္တာ နိုင်ငံ တွင်း ရှိ ပြောက် ကျား လက်နက် ကိုင် တပ်ဖွဲ့ သည် ၁၉၈၀ ပြည့်လွန် နှစ်များမှ စပြီး
လက်နက်စွဲ ကိုင် တော်လှန် ချိန် မှ စ၍ ကလေး သူငယ်များ ကို ဖမ်းဆီး ခြင်း ၊ ပြန်ပေး ဆွဲ သတ်
ဖြတ် ခြင်း မိန်းကလေး ငယ်များ ကို ထာဝရ ဖမ်းဆီးထား ပြီး မတော် မတရား ကျင့်ခြင်း ၊ ယေင်္ကျား
လေးများ ကို လက်နက် ကိုင် တိုက်ခိုက်မှုများ တွင် ခိုင်းစေခြင်း တို့  ကို လုပ်ဆောင် ခဲ့ သည်။

KONY 2012 ဗီဒီယို ကြောင့် ဂျိုးဆက်ဖ် ကိုနီ ကို ဖမ်းဆီး ရန် နိုင်ငံ တကာ လူ့  အခွင့် အရေး အဖွဲ့ 
များ က အပြင်း အထန် ဖိအား ပေး လာကြ သည်။

ကိုနီ ၏ LRA ကို စက်တင်ဘာ ၁၁ အကြမ်းဖက် တိုက်ခိုက်မှု ပြီး နောက် အမေရိကန် အစိုးရက
အကြမ်းဖက် အဖွဲ့  အစည်း အဖြစ် သတ်မှတ်ထား ပြီး ကိုနီ ၏ ပြောက်ကျား တပ် ကို ချေမှုန်း နိုင်
ရန် အမေရိကန် က ယူဂန္တာ အစိုးရ ကို တပ်သား ၁၀၀ ကူညီထား သည်။

ဝေဖန် သူများ က မူ ထိုဗီဒီယို ကြောင့် ကိုနီ သည် ပိုမို ထင်ရှားလာ သည် ဟု ဆိုသည်။

Invisible Children ကမူ ကိုနီ ကို ဖမ်းဆီး အပြစ်ပေး နိုင်ရေး လှုံဆော်မှု မဆုံးခင် နေ့ ဖြစ်
သည့် ၂၀၁၂ ဒီဇင်ဘာ ၃၁ မတိုင် ခင် အမေရိကန် အစိုးရ ကိုကိုနီ ကို ဖမ်းဆီး နိုင်ရန် ဖိအား ပေး
သွား မည် ဟု ဆိုသည်။

မြို့နယ်ကော်မရှင်ဆီမိတ္တူကူးစက်တွေ မီစက်တွေ သယ်သွားကြတယ်၊


ဆန္ဒမဲပေးနိုင်သူစာရင်းရယူရန် မိတ္တူကူးစက် သယ်ဆောင်သွားရန် မလိုတော့ဟု ပြည်သူ့ဒီမိုကရေစီ ပါတီဥက္ကဌ ပြောကြား

by The Voice Weekly on Thursday, March 8, 2012 at 5:10am ·
မန္တလေး - မတ် ၉
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများအနေဖြင့်မြို့နယ်ကော်မရှင် ထံမှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများစာ
ရင်းကို ရယူရာတွင်မိတ္တူကူးစက်သယ်ဆောင်လာရမည် ဆိုသည့်အချက်မှာ မှားယွင်းနေကြောင်းနှင့်
ယင်းအချက်ကို  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံပြန်လည်မေးမြန်းပြီးနောက်တွင် မြို့နယ်ကော်မရှင်မှ မိတ္တကူးစက်
ယူဆောင်လာရန် မလိုတော့ဟု ပြောကြားကြောင်း ပြည်သူ့ဒီမိုကရေစီပါတီဥက္ကဌဒေါက်တာ သန်းထိုက်ဦးက ပြောကြားသည်။
ခင်ဗျားတို့ ဂျာနယ်မှာ မိတ္တူကူးစက်ယူလာရမယ်ဆိုတဲ့ သတင်းကိုတွေ့တယ်၊
ဒီကိစ္စကြီးက အဓိပ္ပါယ်မရှိဘူးထင်လို့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးဝင်းကိုထံ ဖုန်းဆက်မေးမြန်းတော့ အတွင်းရေးမှူးကတာဝန်ရှိသူတစ်ဦးထံ ထပ်လွှဲပေးပါတယ်။ အဲ့ဒီ တာဝန်ရှိသူက ကျွန်တော့်ကို
မနက်ဖန် မြို့နယ်ကော်မရှင်ကို သွားလိုက်ပါ၊ ဘာမှယူမသွားပါနဲ့လို့ပြောပါတယ်။ အခု ကျွန်တော် ဘာမိတ္တကူးစက်မှ မသယ်ဘဲ မဲစာရင်းတွေ ရခဲ့ပြီ၊ပါတီတစ်ချို့ကတော့ အလုပ်မရှုပ်ချင်လို့ မိတ္တကူးစက်တွေ မီးစက်တွေသယ်သွားကြတယ်၊ ကျွန်တော်ကတော့ ပါတီတွေကို ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်ထင်လို့ကော်မရှင်ဆီတိုင်တာ " ဟု ဒေါက်တာ သန်းထိုက်ဦးကဆိုသည်။
ပည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ပါတီများသည် မဲစာရင်းကိုမိမိအစီအစဉ်ဖြင့် ရယူရမည်ဆိုသည့် ညွှန်ကြားချက်မှာ မိတ္တူကူးစက်သယ်ဆောင်သွားရန်မဟုတ်ဘဲ ပါတီများ အနေဖြင့် မဲစာရင်းကိုမိတ္တူဆိုင်သွားရောက်ကူးယူသည့် စရိတ်နှင့် ကူးခကိုသာပေးဆောင်ရန် ဖြစ်ကြောင်း၊ ထိုသို့သွားရောက်ကူးယူရာတွင်  မြို့နယ်ကော်မရှင်မှ
မဲစာရင်းတာဝန်ရှိသူ တစ်ဦးဦး လိုက်ပါရန်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ညွှန်ကြားချက်နဲ့ပဲ လုပ်ပါတယ်။ဒါလေးတော့ စီစဉ်ပေးလိုက်လို့ ညွှန်ကြားရင် စီစဉ်ပေးလိုက်ပါတယ်" ဟုမဟာအောင်မြေမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ (အထွေထွေအုပ်ချုပ်ရေး
ညွန်ကြားရေးမှူး(ငြိမ်း)က ဆိုသည်။;ဖေဖော်ဝါရီလ ၂၉ ရက်နေ့က နေပြည်တော်တွင်ကျင်းပ ပြုလုပ်သည့် ၂၀၁၂
ကြားဖြတ်ရွေးကောက်ပွဲ ပညာပေးအလုပ်ရုံဆွေးနွေးပွဲတွင် SNDP ပါတီမှကြိုတင်မဲ ကိစ္စနှင့် ပါတ်သက်၍ မေးမြန်းပြီးနောက်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပါတီများအနေဖြင့်မြို့နယ်ကော်မရှင်ရုံးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ စာရင်းကို
ရယူနိုင်ကြောင်း ဖြေကြား ခဲ့သည်။


မြန်မာနိုင်ငံ စက်မှုလုပ်ငန်းအလုပ်သမားများသမဂ္ဂမှ ကြေငြာချက်ထုတ်ပြန်

Uploaded by BurmaVJMedia on Mar 7, 2012

လွတ်လပ်သောအလုပ်သမားသမဂ္ဂများဖြစ်မြောက်ရေးကော်မတီရဲ့ သတင်းစာရှင်း လင်းပွဲတစ်ခုကို မတ်လ(၇)ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမှာ ရှိတဲ့ M3 စားသောက်ဆိုင် ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီအခန်းအနားမှာကိုသူရိန်အောင်၊ကိုထွန်းကြည်၊ကိုဝင်းချို၊ကိုဇေယျနဲ့ရှေ့နေကိုဖိုးဖြူ­တို့မှ အလုပ်သမားရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးအကြံပြုခဲ့ကြပါတယ်။
လွတ်လပ်သော အလုပ်သမားသမဂ္ဂများပေါ်ပေါက်ရေး၊ အလုပ် သမားထု အခွင့်အရေးကာကွယ်ပေးရေး၊ အလုပ်သမားရေးနဲ့ပတ်သက်တဲ့ကိစ္စအဝဝကို ဖြေရှင်းဆောက်ရွက်ရေးနဲ့ အလုပ်သမားထုသွေးစည်းညီညွတ် ရေးစတဲ့ ရည်ရွယ်ချက် တွေနဲ့ ကော်မတီကို ဖွဲ့စည်းထားတာဖြစ်ပြီးအလုပ်သမားရေးအတွက် မည်သည့် အင်အားစု မည်သည့် အဖွဲ့ အစည်းနဲ့မဆိုပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်းသိရှိရပါတယ်။



မြန်မာနိုင်ငံ စက်မှုလုပ်ငန်းအလုပ်သမားများသမဂ္ဂမှ ကြေငြာချက်ထုတ်ပြန်

By Burma VJ Media Network



NLDရုံးချုပ်ဗဟိုအောင်နိုင်ရေးအဖွဲ့ ဒေါ်အောင်ဆန်းစုကြည် အဖွင့်မိန့်ခွန်း

Burma VJ Media Network
၈-၃-၂၀၁၂နေ့ နံနက် ၉း၃၀တွင် NLDရုံးချုပ်တွင်ဗဟိုအောင်နိုင်ရေးအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အောင်နိုင်ရေးကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည် အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါတယ်....

အပြောင်းအလဲတွေကို ပူပေါင်းပြီး အမြန်ဆုံးလုပ်ဆောင်ဖို့ တွေ့ဆုံပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်အမတ်တွေကို တိုက်တွန်းပြောဆို

Uploaded by BurmaVJMedia on Mar 8, 2012

ကြားဖြတ်ရွေးကောက်ပွဲဟာ အနာဂတ်အတွက် အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားပါတီတွေက လွှတ်တော်ကိုယ်စားလှယ်တွေဟာ မက်လ ၆ ရက်နေ့ မနက် ၆ နာရီခွဲမှာ တွေ့ဆုံခဲ့ကြပါတယ်။ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲ တရားမျှတဖို့အရေး စစ်မှန်တဲ့ပြည်ထောင်စု ပေါ်ပေါက်ရေး နဲ့ အပြောင်းအလဲတွေကို ပူပေါင်းပြီး အမြန်ဆုံးလုပ်ဆောင်ဖို့ ၁ နာရီခန့်အကြာ တွေ့ဆုံပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်အမတ်တွေကို တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။

ရေနံချောင်းမြို့က ကျောင်းသားတွေ၊ အလုပ်သမားခေါင်းဆောင်တွေနဲ့ ပြည်သူတွေအတွက် ရည်စူးပြီး ကိုမင်းကိုနိုင်က ဂုဏ်ပြုပန်းစည်းချ ဂါရဝပြု

Uploaded by BurmaVJMedia on Mar 8, 2012
အောင်ပွဲအလံ ဒေါင်းအလံ ပြန်စိုက်
ရေနံချောင်းမြို့ဟာ သခင်အများစု ထွက်ရှိရာ သခင်မြို့ဖြစ်တဲ့အပြင် သခင်ကိုယ်တော်မှိုင်းဟာလဲ ရေနံချောင်းမြို့ လယ်တော်ဓမ္မာရုံမှာ သခင်ဘွဲ့ ခံယူခဲ့တာ ဖြစ်တဲ့အတွက် အစဉ်အလာရှိတဲ့ မြို့ဖြစ်ပါတယ်။ ရေနံချောင်းမြို့ပြည်သူတွေဟာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့အဖွဲ့ကို လမ်းတလျှောက် လှိုက်လှဲစွာ ကြိုဆိုခဲ့ကြပါတယ်။ ကိုမင်းကိုနိုင်က ပြည်သူတွေ အနေနဲ့ သတ္တိရှိတာကို ပြနိုင်သလို စည်းကမ်းရှိမှုနဲ့ ညီညွတ်မှုကိုလဲ ပြသနိုင်ရမယ်လို့ ရေနံချောင်းမြို့က ပြည်သူတွေကို တိုက်တွန်းလိုက်ပါတယ်။ အဲ့ဒီနောက် ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုအတွင်း ကျဆုံးသွားတဲ့ ရေနံချောင်းမြို့က ကျောင်းသားတွေ၊ အလုပ်သမားခေါင်းဆောင်တွေနဲ့ ပြည်သူတွေအတွက် ရည်စူးပြီး ကိုမင်းကိုနိုင်က ဂုဏ်ပြုပန်းစည်းချ ဂါရဝပြုခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကားတစီး ချောင်းမြောင်း ပစ်ခတ်ခံရ(မေးမြန်းခန်း)

Uploaded by BurmaVJMedia on Mar 8, 2012

မတ်လ ၆ ရက်နေ့ ည ၇း၁၅ မိနစ်အချိန်မှာ ထန်းတပင်စည်းရုံးရေးခရီးစဉ်က အပြန် နေပြည်တော်လမ်းမပေါ် မိုင်တိုင် ၈၆ အရောက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းကို လုံခြုံရေးယူထားတဲ့ ကားတစီး လောက်စာလုံးနဲ့ ချောင်းမြောင်း ပစ်ခတ်ခံခဲ့ရတဲ့အတွက် အရှေ့လေကာမှန် ထိမှန် ကွဲရှပြီး အဆိုပါ မှန်ကွဲစတွေကြောင့် လုံခြုံရေးယူဖို့ လိုက်ပါလာသူ လူငယ်တွေ ထိမှန်ပြီး ဒဏ်ရာရရှိခဲ့ကြတယ်လို့ သိရှိရပါတယ်။

ဦးအုန်းကြိုင် ဝင်ရောက်ယှဉ်ပြိုင်မည့်နေရာမဲပေးပိုင်ခွင့် ရှိသည့်စာရင်းမှာ ချန်လှပ်ခံရတဲ့လူတွေ အများအပြား ရှိ


by Burma VJ Media Network on Thursday, March 8, 2012 at 11:54am ·
By ဇာဏီ၊ မတ်လ ၈ ရက်နေ့၊ ၂၀၁၂ ခုနှစ်။

လာမည့် ဧပြီလ ၁ ရက်နေ့မှာ  ကျင်းပမယ့်  ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြန်ကြားရေး တာဝန်ခံဖြစ်သည့် ဦးအုန်းကြိုင် ဝင်ရောက်ယှဉ်ပြိုင်မည့် မန္တလေးတိုင်း မဟာအောင်မြေ ပြည်သူ့လွှတ်တော် နေရာအတွက် မဲပေးပိုင်ခွင့် ရှိသည့်စာရင်းမှာ ချန်လှပ်ခံရတဲ့လူတွေ အများအပြား ရှိနေသည်ဟု သတင်းရရှိပါသည်။

 "ကျနော်တို့ မဲပေးချင်တဲ့လူရှိရင် ရုံးရှေ့မှာ နာမည်တွေနဲ့ ကပ်ထားတယ်။ ရပ်ကွက်တွေ ဥပမာ ၄၁၅၊ ၄၃၁ တို့ အကွက်တွေ အများကြီးပဲ ကပ်ထားပါတယ်။ မဲပေးချင်တဲ့လူတွေ လာကြည့်၊ နာမည်မပါရင် လာပြောဖို့ သူတို့ကြေငြာတဲ့အခါ ကျနော်တို့ မတ်လ ၈ ရက်နေ့ ဒီကနေ့ သွားကြည့်တယ်။ အကွက် (၄၀၅) စာရင်းမှာ ကျနော်တို့ တမိသားစုလုံးရဲ့ နာမည်မပါဘူး။ အဲ့ဒီအတွက် ရပ်ကွက်ရုံးကို သွားပြောတဲ့အခါမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ကြည် က ဒီနေ့ မတ်လ ၈ ရက်နေ့ ဖြစ်နေပြီမို့ မဲစာရင်းက ပိတ်သွားပြီ၊ မင်းတို့ မဲပေးပိုင်ခွင့် မရှိတော့ဘူး လို့ ပြန်ပြောပါတယ်" ဟု မိသားစုတစုလုံး မဲစာရင်းမှာ ချန်လှပ်ခံခဲ့ရတဲ့ အကွက် (၄၀၅) နေ ပြည်သူတဦးက ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။

 မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အရှေ့၊ အကွက် (၄၀၅)လက်သမားရပ် (စိန်ပန်း) မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးမှာ မဲပေးပိုင်ခွင့်ရှိသည့် စာရင်းကို ကပ်ထားတာဖြစ်ပြီး ဖေဖော်ဝါရီ ၂၉ ရက်နေ့မှ မတ်လ ၇ ရက်နေ့အထိသာ လာရောက်ပြင်ဆင်နိုင်ခွင့်ရှိတယ်လို့ ကြေငြာထားတာ ဖြစ်ပါတယ်။

"တချို့လူတွေကျတော့ သွားမကြည့်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နာမည်တွေက အများကြီးဆိုတော့ တော်ယုံတန်ယုံ မကြည့်နိုင်တဲ့လူတွေကျတော့ မဲပေးပိုင်ခွင့်မရှိတော့ဘူး ဖြစ်သွားတာ တော်တော်တော့ များမယ်။ လူတွေက ကိုယ့်အလုပ် ကိုယ်လုပ်နေကြတာဆိုတော့ တကူးတကကြီး နာမည်လာရှာမနေနိုင်ဘူး။ စာရင်းတွေကလဲ အများကြီး ကပ်ထားတော့ အများကြီး လိုက်ရှာရမှာ။ တကယ်လို့ ကိုယ့်နာမည်မတွေ့ရင် အိမ်ထောင်စုဇယား ယူ ၊ မှတ်ပုံတင် ယူပြီးတော့မှ သူတို့ဆီ နာမည် ပြန်ပေး၊ အဲကျတော့မှ ကျနော်တို့က မဲထည့်လို့ရမှာတဲ့၊ အခုကျတော့ မဲပေးခွင့် မရတော့ဘဲ ကျန်ခဲ့တယ်။" လို့ ဆိုပါတယ်။

"ဒါက သူတို့ မသမာမှု ပြုလုပ်တာပဲ၊ မဲထည့်ရမည့်လူတွေကို အလုပ်ရှုပ်အောင် လုပ်တယ်။ မဲပေးပိုင်ခွင့်ရှိတဲ့ စာရင်းမှာ သွားပြီး မထည့်ဖြစ်တဲ့လူ၊ မကြည့်ဖြစ်တဲ့ လူနဲ့ သတိမထားမိတဲ့လူတွေက တော်ယုံတန်ယုံကျတော့ သွားမပေးဖြစ်တော့ဘူး၊ မပေးဖြစ်တဲ့ မဲတွေက သူတို့ထဲရောက်ပြီး ကြိုတင်မဲတွေ ဖြစ်သွားမှာ။ ကျနော်တို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ( NLD) ကို မဲပေးချင်တာလေ။ ကျနော်တို့ချစ်တဲ့လူ၊ ကျနော်တို့ တကယ်တမ်း အားပေးမည့်လူ သူ့အတွက် နေရာတခုခု မရမှာကို ကြောက်တယ်။ ကျနော်တို့က အမှောင်မှာလဲ နေလာတာ ကြာပြီဆိုတော့ အခုမှ အလင်းတွေ့တာ၊ကျနော်တို့နိုင်ငံကို ကောင်းတာပဲ ဖြစ်စေချင်ပါတယ်"လို့ ထပ်မံ ပြောဆိုလိုက်ပါတယ်။

 မိသားစုတစုလုံး မဲစာရင်းထဲမှာ မပါဝင်တဲ့အတွက် ဒီကနေ့ မတ်လ ၈ ရက်နေ့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို သွားရောက်ပြောကြားတဲ့အခါ မဲစာရင်းပိတ်သွားပြီဟုသာ အကြောင်းပြန်ကြားလိုက်တဲ့အတွက် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်မဲပေးခွင့်ဆုံးရှုံးသွားပြီဖြစ်တဲ့ အကွက်(၄၀၅)နေ ပြည်သူတဦးက ဘားမားဗီဂျေမီဒီယာ နက်ဝက်ကို ဆက်သွယ်ပြောကြားလာတာ ဖြစ်ပါတယ်။

 ဒေါ်အောင်ဆန်းစုကြည် မန္တလေးမြို့သို့ မဲဆွယ်စည်းရုံးရေး လာရောက်စဉ်

ငြိမ်းချမ်းရေး မာယာထောင်ချောက်


by Swe Swe Kyi on Wednesday, March 7, 2012 at 12:54pm ·
ငြိမ်းချမ်းရေး မာယာ ထောင်ချောက်

(အစိုးရ၏ ငြိမ်းချမ်းရေးလမ်းပြမြေပုံစစ်တမ်း)

By: ဟန်တင်အောင်


သမိုင်းတကျော့ပြန်

တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲရေးကို အတိုချုပ်ပြောရရင် ၁၉၈၉  ခုနှစ် ဗကပပြိုကွဲအပြီးမှာ စတင်ခဲ့တာဖြစ်တယ်။

ဗကပပြိုကွဲအပြီးမှာ လူမျိုးစုလိုက်ပြီး ဗကပ လက်နက်ကိုင်တပ်ဖွဲ့ကြီး ၄ ပိုင်း ကွဲထွက်သွားတယ်။ ဒီအဖွဲ့တွေကတော့ ဦးပေါက်ယိုချန်း ခေါင်းဆောင်တဲ့ UWSA ဝသွေးစည်းညီညွတ်ရေးအဖွဲ့၊ ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကျားရှင် ခေါင်းဆောင်တဲ့ MNDA မြန်မာနိုင်ငံ လူမျိုးစုများ မဟာမိတ် တပ်ပေါင်းစုအဖွဲ့၊ ဦးစိုင်းလင်း ခေါင်းဆောင်တဲ့ NDAA အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့နဲ့ ဦးဇခုန်တိန်ယိန်း ခေါင်းဆောင်တဲ့ NDAK ဒီမိုကရေစီသစ်တပ်မတော် (ကချင်) စတဲ့ အဖွဲ့ (၄) ဖွဲ့ဖြစ်တယ်။

၁၉၈၈ ခုနှစ်မှာ အရေးအခင်းကြီးဖြစ်တယ်။

၈၈ အရေးအခင်းဖြစ်ပြီး တနှစ်အကြာမှာ လက်နက်အင်အား စစ်ရေးအတွေ့အကြုံကောင်းတဲ့ ဗကပတပ်ကြီး ပြိုကွဲသွားတယ်။ ဒီအချိန်မှာ ထိုင်းမြန်မာနယ်စပ်မှာလဲ မာနယ်ပလောမှာ ကေအန်ယူက အားကောင်းနေချိန်ဖြစ်တယ်။ မဟာမိတ်လက်နက်ကိုင်တွေ အားကောင်းနေချိန်ဖြစ်တယ်။ ဗကပခွဲထွက် လက်နက်ကိုင်တွေနဲ့ ထိုင်းမြန်မာနယ်စပ်လက်နက်ကိုင်တွေ ပေါင်းသွားရင်ဆိုတဲ့အတွေးဟာ အာဏာရှင် ဦးနေ၀င်းကို ငယ်ထိပ်သွေးတက်သွားစေတယ်။

ဒီမှာတင် ဗိုလ်ချုပ်ခင်ညွန့်နဲ့ လော်စစ်ဟန် လော်စစ်မင်း အောလစ်ယန်း ဗိုလ်ချုပ်အောင်ကြီးတို့ကို ကြားပွဲစားလုပ် တက်သုတ်ရိုက် ငြိမ်းချမ်းရေး လုပ်ခဲ့တာဖြစ်တယ်။ နောက်ပိုင်း တခြားလက်နက်ကိုင်မျိုးစုံနဲ့ပါ ပုံစံအမျိုးမျိုးနဲ့ ငြိမ်းချမ်းရေးလုပ်တယ်။

နောက် ၁၄ နှစ်ကြာတဲ့အချိန် ၂၀၀၄ ခုနှစ်မှာ ဗကပခွဲထွက် လက်နက်ကိုင်နဲ့ တခြားလက်နက်ကိုင်တွေဟာ အခြေခံဥပဒေ ၂၀၀၈ ကို မွေးထုတ်ပေးမဲ့ အမျိုးသားညီလာခံကိုယ်စားလှယ်ကြိးတွေ ဖြစ်လာတယ်။ ၂ဝဝ၄ ခု အမျိုးသားညီလာခံတက်ခဲ့တဲ့ အပစ်ရပ်စဲထားတဲ့ အဖွဲ့နဲ့ လက်နက်ချ အဖွဲ့ပေါင်း ၂၈ ဖွဲ့ရှိတယ်လို့ ၂ဝဝ၅ ခု ဧပြီင်္လ ၂၂ ရက် နအဖက တရားဝင်ထုတ်ပြန်တဲ့ Burma Gazette မှာ ဖော်ပြထားတယ်။ ဒါ့ပြင် အမျိုးသားညီလာခံပီးကာနီးမှ လက်ပူတိုက် တက်ခိုင်းတဲ့ ဘိန်းဘုရင်ခွန်ဆာရဲ့ ခွဲထွက်အဖွဲ့တွေလဲ ပါဝင်ပါတယ်။

ရှမ်းပြည်တောင်ပိုင်း ဦးလင်းဆိုင် ခေါင်းဆောင်တဲ့ မတ်ကျန်းဒေသ ဖွံဖြိုးရေးအဖွဲ့တဲ့၊ ဦးလီချန်းခေါင်းဆောင်တဲ့ နားရိုင်းဒေသ ဖွံဖြိုးရေးနဲ့ ဘဝသစ်ထူထောင်ရေးအဖွဲ့တဲ့၊ မုံးဟ ပြည်သူ့စစ်အဖွဲ့တဲ့ ဦးလောမား ခေါင်းဆောင်တဲ့ မုံးပေါ်  ပြည်သူ့စစ်အဖွဲ့တဲ့ စုံလို့ပါပဲ။ ဒီအဖွဲ့တွေအားလုံး တချိန်က ဘိန်းဘုရင် ခွန်ဆာရဲ့အဖွဲ့က ခွဲထွက်လာတဲ့အဖွဲ့တွေပါ၊ နားရိုင်းဒေသဆိုတာ ရှမ်ပြည်တောင်ပိုင်း နမ့်ဆန်မြိုနယ်ထဲက ရွာလေးပါ။ အဲဒီင်္မှာ ဦးလီချန်းခေါင်းဆောင်တဲ့ ခွန်ဆာအဖွဲ့က ဒေသစ်ထူထောင်ပါတယ်။ မတ်ကျန်းတို့ မုံးပေါ်တို့ မုံးဟတို့လဲ ဒီသဘောပါပါပဲ။

နှစ် ၂၀ကျော်တဲ့ လက်ရှိအချိန်မတော့ အခြေခံဥပဒေ ၂၀၀၈ ကို ဖန်တီးခဲ့သူ လက်နက်ကိုင်အုပ်စုတွေကို ဒုတိယအကြိမ်  ငြိမ်းချမ်းရေးပြန်လုပ်-အခြေခံဥပဒေ ၂၀၀၈ ထောက်ခံ- ပါတီဖွဲ့ လွှတ်တော်ထဲဝင်ခိုင်းလာပြန်တယ်။ သမိုင်းတပတ်ကျော့လာခြင်း ဖြစ်တယ်။ ထူးခြားချက်က ငြိမ်းချမ်းရေးမျိုးဆက် နှစ်ခုလုံးကို စစ်တပ်က ကြိုးကိုင်ခဲ့တာ ကြိုးကိုင်နေတာ ဖြစ်တယ်။


ဒုတိယလမ်းပြေမြေပုံလား

၂၀၁၀ ရွေးကောက်ပွဲအပြီးကာလမှာ ဒုတိယလမ်းမြေပုံမလိုလို့ ဆရာ မောင်စူးစမ်းက ယူဆပါတယ်။

ဒါပေမဲ့ ငြိမ်းချမ်းရေး လမ်းပြမြေပုံလိုတယ်လို့ သမ္မတ ဦးသိန်းစိန်က မတ်လ ၁ ရက် သူ့မိန့်ခွန်းမှာ ပြောတယ်။ လက်နက်ကိုင်တိုင်းရင်းသားတွေ တိုင်းရင်းသားမဟုတ်တဲ့ လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးလုပ်ဖို့ ကြိုးပမ်းနေတာကို အဆင့် ၃ ဆင့်နဲ့ အကောင်အထည်ဖော်နေတယ်လို့ ဦးသိန်းစိန်ကပြောတယ်။ ဒီလို အဆင့် ၃ ဆင့်နဲ့ အကောင်အထည်ဖော်တာကို ငြိမ်းချမ်းရေးလမ်းပြမြေပုံလို့ သုံးနှုန်းတာဖြစ်တယ်။

ဆရာမောင်စူးစမ်း အယူအဆအရဆိုရင် လက်နက်ကိုင်နိုင်ငံရေးက တစ်ကဏ္ဍဆိုပြီး လုပ်တာမျိုး၊ ဂိုဏ်းဂဏနိုင်ငံရေးမျိုး အခုချိန်မှာ မရတော့ဘူး။ အခုက Paradigm shift ဖြစ်သွားတာ။ ဒီမိုကရေစီနိုင်ငံရေးမှာ ရွေးကောက်ပွဲကို တန်ဖိုးထားရမယ်။ election politic ရွေးကောက်ပွဲနဲ့ လွှတ်တော်နဲ့ လုပ်တာ။ အခု လွှတ်တော်က ပင်မရေစီးပဲ။ ဒီပင်မ ရေစီးကြောင်းထဲ ၀င်ပြီး ဆွေးနွေး ရမယ်လို့ဆိုတယ်။

ပင်မရေစီးကိုက ဖြောင့်ဖြောင့် မစီးနိုင်ပဲ အမှိုက်သရိုက်တွေ အညစ်အကြေးတွေ များနေတာမို့ ပါရာဒိုင်း အပြောင်းအလဲဟုတ်ရဲ့လားဆိုတာ အရင် ကြည့်ရမယ်။ ဒီမိုကရေစီနိုင်ငံရေးလို့ဆိုရာမှာ အခြေခံဥပဒေ ၂၀၀၈ အရ ကမ္ဘာမှာမရှိတဲ့ စည်းကမ်းပြည်ဝတဲ့ဒီမိုကရေစီကိုသာ ဦးတည်ထားတာဖြစ်တယ်။ ဒါကြောင့် မောင်စူးစမ်းအယူအဆနဲ့ မတူတဲ့ ငြိမ်းချမ်းရေး ဘေးထွက်ဆိုးကျိုးတွေ အများကြီးမျှော်လင့်ထားရမှာဖြစ်တယ်။

စစ်အစိုးရတလျှောက်လုံး ဘယ်လိုဒီမိုကရေစီသွားမလဲဆိုတာကိုတောင် ၀ိဝါဒ အမျိုးမျိုး ကွဲခဲ့တယ်။

၂ဝဝ၁ ခုနှစ်မှာ Functioning ဒီမိုကရေစီစနစ်ကို သွားမယ်လို့ နအဖက ပြောတယ်။ တချိန်ကနအဖပြောခွင့်ရ ပုဂ္ဂိုလ် ပြုတ်သွားတဲ့ ထောက်လှမ်းရေး ဗိုလ်မှုးကြိးလှမင်းကတော့ စစ်မှန်တဲ့ ဒီမိုကစီသွားရမယ်လို့ ပြောတယ်။ ၂ဝဝ၄  ခု နအဖရဲ Road Map မှာတော့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို သွားမယ်လို့ ဆိုတယ်။ ဒိနောက် ပြုတ်သွားတဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်က လောကပါတရား သုံးပါး အခြေခံတဲ့ ဒီမိုကရေစီကို သွားမယ်လို့ ပြင်ဆင်ပြောပြန်တယ်။ နအဖခေတ် သတင်းစာတွေမတော့ ခေတ်သစ်ဒီမိုကရေစီဆိုပီး ပြောင်းလဲရေးသားပြန်တယ်။ အတော်ရီစရာကောင်းတယ်။ နောက်ပိုင်း အဲသလို ပေါက်ကရ ဒီမိုကရေစီကြောင်းပြောသူ ထောက်လှမ်းရေးဗိုလ်တွေကို စစ်တပ်ကပဲ ထောင်ချလိုက်တယ်။


ငြိမ်းချမ်းရေးလမ်းပြမြေပုံ....တဲ့

မှန်ပါတယ်။ ငြိမ်းချမ်းရေးလုပ်တာ ကောင်းတဲ့အလုပ်ဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်တုံးကမှ မရိုးသားခဲ့တဲ့ စစ်ဗိုလ်လူထွက်အစိုးရ လုပ်ပုံတွေဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဦးတည်သလား-ယာယီ တပွဲတိုးလုပ်ပြီး လက်နက်ကိုင်တွေကို လှည့်ဖျားဖို့လားဆိုတာလဲ ဆန်းစစ်ဖို့လိုတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ မတ်လ ၁ ရက် မိန့်ခွန်းပါအပြောအရ အစိုးရကမကထပြုတဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံမှာ အဆင့် ၃ ဆင့်ရှိတယ်လို့ဆိုပါတယ်။ အောက်ပါ ပုံကိုကြည့်ရင် ဘယ်အဆင့်တွေမှာ ဘာကိုရည်မှန်းသလဲ ရှင်းထားတယ်။ ဒါကြောင့် အစိုးရ ငြိမ်းချမ်းရေးလမ်းပြမြေပုံကို ဆန်းစစ်ကြည့်ရမှာဖြစ်တယ်။






ပြည်နယ်အဆင့်ငြိမ်းချမ်းရေး

ပထမအဆင့် ဟာ ပြည်နယ် အဆင့် တွေ့ဆုံဆွေးနွေးဖို့ ဖြစ်တယ်။

ပြည်နယ်အဆင့်မှာ နှစ်ဖက်ရန်လိုမှုတွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ရပ်စဲဖို့၊ နှစ်ဦးနှစ်ဖက် ညှိနှိုင်းသဘောတူထားတဲ့ နယ်မြေဒေသများမှာပဲ နေထိုင်ကြဖို့၊ ယင်း သတ်မှတ်နေရာမှအပ ကျန်နေရာဒေသများသို့ သွားရောက်ရာတွင် လက်နက်ကိုင်ဆောင်ခြင်း မပြုဘဲ သွားလာဖို့၊ နှစ်ဖက်ညှိနှိုင်း သဘောတူထား သည့် နေရာများမှာ ဆက်ဆံရေး ရုံးတွေ ဖွင့်လှစ်ထားရှိဖို့၊ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲ ကျင်းပမည့် နေရာ၊ အချိန်၊ နေ့ရက်တွေ ညှိနှိုင်း သတ်မှတ်ဖို့ဖြစ်တဲ့အတွက် လက်နက်ကိုင်အဖွဲ့စည်းတိုင်းက အလွယ်တကူ သဘောတူဖို့များပါတယ်။ လွန်ခဲ့တဲ့ နှစ်၂၀ကျော် ဗိုလ်ချုပ်ကြိးခင်ညွန့် ငြိမ်းချမ်းရေးလုပ်တုံးကလဲ ဒီနည်းပဲသုံးခဲ့တာပါ။


ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး

ဒုတိယအဆင့် ကတော့ ပြည်ထောင်စုအဆင့်ပဲ ဖြစ်ပါတယ်။ ဒီအဆင့်ဟာ ဦးသိန်းစိန်အစိုးရရဲ့ ပရိယာယ်အများဆုံး လှည့်ကွက်အများဆုံးပါဝင်တာမို့ မာယာထောင်ချောက်လို့ဆိုနိုင်တယ်။ လက်နက်ကိုင်တိုင်းရင်းသားတွေ အထူးသတိထားရမဲ့အချက်ဖြစ်တယ်။ အစိုးရ ငြိမ်းချမ်းရေးလမ်းပြမြေပုံ ပြည်ထောင်စုအဆင့်ပါ အချက်တွေသာ လက်ခံရင် ဒီအဆင့်ကိုတက်လှမ်းလာတဲ့ လက်နက်ကိုင်အဖွဲ့မှန်သမျှ လက်နက်စွန့်ရတော့မှာဖြစ်တယ်။ ဒါဟာ အစိုးရဘက်ကလိုချင်တဲ့ အဓိကအချက်ဖြစ်တယ်။

ဒီအဆင့်မှာ ဆွေးနွေးရမယ့်အချက်တွေကတော့ ပြည်ထောင်စုကနေ ဘယ်တော့မှ ခွဲမထွက်ဖို့၊ ဒို့တာဝန်အရေးသုံးပါးကို လက်ခံဖို့ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် နှစ်ဖက် ပူးပေါင်းဆောင်ရွက်ဖို့၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲ စေတတ်တဲ့ဆေးဝါးများ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ဆိုတဲ့အချက်တွေမှာတော့ ၂ ဘက်သဘောတူနိုင်စရာရှိတယ်ပဲထား။ လက်နက်ကိုင် တိုင်းရင်းသားတွေဘက်က နောက်တဆင့်ကို သဘောတူဖို့ အတော်ခက်မှာဖြစ်ပါတယ်။

အဲဒီနောက်တဆင့်က နိုင်ငံရေး ပါတီများထူထောင်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ဖို့ ဆိုတဲ့အချက်ဖြစ်ပါတယ်။


လွှတ်တော်နိုင်ငံရေး ညစ်ကွက်

အစိုးရနဲ့ ပြည်နယ်အဆင့် မူလအပစ်ရပ်ချိန်တုံးက ကိုင်ထားတဲ့လက်နက် မချရေးက လက်နက်ကိုင်အဖွဲ့တွေဘက်က အဓိက ဖြစ်မှာပါ။ ကိုယ့်လက်နက်ကိုင်ပြီး ကိုယ့်နယ်မြေနေရတယ်၊ စီးပွားလုပ်စရာလေးတွေ လုပ်နိုင်တယ်ဆိုတော့ ဟန်ကျသလိုလို တွက်နိုင်တယ်။

ဒါပေမဲ့ ပြည်ထောင်စုအဆင့်မှာ နိုင်ငံရေးပါတီဖွဲ့ရမယ်ဆိုတဲ့အချက်ကိုဆုံးဖြတ်ဖို့ကျတော့ လက်နက်ကိုင်အဖွဲ့ဝင်တွေကြား သဘောထားကွဲပြားမှုတွေ ကြုံရမှာ မုချဖြစ်တယ်။ အထူးသဖြင့် နိုင်ငံရေးပါတီဖွဲပြီဆိုရင် လက်နက်စွန့်ရတော့မှာဖြစ်တယ်။ လက်နက်စွန့်အောင် နိုင်ငံရေးပါတီဖွဲ့ခိုင်းတာ ဖြစ်တယ်။ ဒါမှ လက်နက်စွန့်အဖွဲ့တွေကို အစိုးရက ကြိုက်သလိုကြိုးကိုင်နိုင်မှာဖြစ်တယ်။

ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးမှာ နိုင်ငံရေးပါတီဖွဲ့ရမယ်ဆိုတဲ့ ပြဌာန်းချက်တခုသာထားခဲ့ရင် လက်နက်စွန့်ခိုင်းရေး အစိုးရအကြံအစည် ရိပ်မိသွားမှာ စိုးတဲ့အတွက် ပြည်ထောင်စုကနေ ဘယ်တော့မှ ခွဲမထွက်ဖို့၊ ဒို့တာဝန်အရေးသုံးပါးကို လက်ခံဖို့ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် နှစ်ဖက် ပူးပေါင်းဆောင်ရွက်ဖို့၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲ စေတတ်တဲ့ဆေးဝါးများ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖို့ စတဲ့အချက်တွေနဲ့ အရင်ချည်တုတ်ဖို့ ကြိုးစားထားတာဖြစ်တယ်။

ဥိးသိန်းစိန်အစိုးရ ပထမ ၅ နှစ်သက်တမ်း ကျန်တဲ့ ၄နှစ်တာကာလမှာ သမ္မတနဲ့ အစိုးရအဖွဲဝင်အများစုပါတဲ့ ကြံ့ဖွံပါတီကသာ လွှတ်တော်အသီးသီးမှာ ကြီးစိုးထားမှာဖြစ်ပါတယ်။

နိုင်ငံရေးပါတီဖွဲ့ပြီဆိုတာနဲ့ လက်နက်ကိုင်တိုင်းရင်းသားတွေ တချိန်က လက်မခံခဲ့တဲ့ အခြေခံဥပဒေ ၂၀၀၈ ကို ထိမ်းသိမ်းစောင့်ရှောက်လိုက်နာပါမည်ဆိုတဲ့ ကတိပေးရတော့မှာ ဖြစ်ပါတယ်။ ဒီကတိကြောင့် အခြေခံဥပဒေကိုမပြင်ခင် ကပျက်ယပျက် ပြောမိ ဝေဖန်မိရင်တောင် အခြခံဥပဒေဖောက်ဖျက်မှုနဲ့ ဒုက္ခရောက်မှာ သေချာနေပါတယ်။ ဒါ့ပြင် ကနေ့အန်အယ်ဒီပါတီ လွှတ်တော်နိုင်ငံရေးဝင်ဖို့ဆုံးဖြတ်ချိန်မှာ ကြုံရမဲ့ ပြဿနာတွေလဲ တွေ့ရမှာဖြစ်တယ်။

ပါတီဖွဲ့ပြီးရင် ရွေးကောက်ပွဲတခုခုအတွက် အနည်းဆုံး မဲဆန္ဒနယ် ၃ နေရာ မပြိုင်နူိုင်ရင်လဲ ပါတီအဖျက်ခံရမှာဖြစ်တယ်။ ဒီအဆင့်မှာတင် လက်နက်ကိုင်အသွင်ပြောင်းပါတီ အတော်များများ ပြုတ်ထွက်သွားနိုင်တယ်။

- ရွေးကောက်ပွဲဥပဒေတွေအရ ပါတီဝင်ဦးရေကို သတ်မှတ်ထားတဲ့အတိုင်း ထိမ်းမထားနိုင်ရင်လဲ ပါတီအဖျက်ခံရနိုင်ပါတယ်။

-အမတ်လောင်းတွေကိုလဲ အရည်အချင်းမပြည့်မီအောင် အစိုးရဘက်က ညစ်ကွက်မျိုးစုံနဲ့ ဖြုတ်ချနိုင်ပါတယ်။

-အထူးသဖြင့် ရွေ့းကောက်ပွဲကော်မရှင် ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးစတဲ့ အဖွဲ့ဝင်တွေဟာ တချိန်က စစ်ခေါင်းဆောင်တွေရဲ့ လက်ကတုံးတောင်ဝှေးတွေဖြစ်နေတဲ့အတွက် တခြားညစ်ကွက်မျိုးစုံနဲ့လဲ ထစ်ထားမှာဖြစ်တယ်။


မာယာ ထောင်ချောက်

ပြည်ထောင်စုအဆင့်မှာပါတဲ့ နောက်လှည့်ကွက်က-

“လွှတ်တော် တွင်းရောက်ရှိလာလျှင် အခြားသော တိုင်းရင်းသားများနှင့် အကြေ အလည် ဆွေးနွေးညှိနှိုင်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့” ဆိုတဲ့အချက်ဖြစ်တယ်။

လွှတ်တော်ထဲရောက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင် အသွင်ပြောင်းပါတီတွေဟာ အခြေခံဥပဒေပြင်ဆင်ရေးကို စိတ်ကူးယဉ်မယ်ဆိုရင် အောက်ဖော်ပြပါ အဆင့်တွေနဲ့ ချည်တုတ်ပြီး မလှုပ်နိုင်အောင် ကိုင်ထားနိုင်မှာဖြစ်တယ်။ (အသေးစိတ်ကို ဟန်တင်အောင်ရဲ့ ဘာပြင်မှာလဲ ဒေါ်အောင်ဆန်းစုကြည် ဆောင်းပါးမှာ ဖတ်ကြည့်ပါ)




သေချာတာက လက်နက်ကိုင်အသွင်ပြောင်း ပါတီတွေဟာ လွှတ်တော်ထဲမှာ ကြံ့ဖွံပါတီနဲ့ မဟာမိတ်လုပ်ထားတဲ့ တိုင်းရင်းသားပါတီတွေနဲ့ပါ ထိပ်တိုက်ဖြစ်မဲ့အချက်ဖြစ်ပါတယ်။ ဒါကြောင့်လဲ လက်နက်ကိုင်အဖွဲ့တွေကို မြန်မြန် လွှတ်တော်သတ်ကွင်းထဲကို အစိုးရက ကျုံးသွင်းပေးနေသလားလို့ တွက်စရာရှိပါတယ်။

ဒီလိုအခြေအနေမျိုးမှာ အသွင်ပြောင်းပါတီတချို့ လက်နက်ပြန်ကိုင်သွားမဲ့အလားအလာရှိ တာမို့ ပြည်ထောင်စုအဆင့်လမ်းပြမြေပုံမှာပြောထားသလို“ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ တစ်ခုတည်းသော လက်နက်ကိုင် တပ်မတော်အဖြစ် ရပ်တည်ရေး ညှိနှိုင်းဆောင်ရွက်ဖို့” ဆိုတာ အကောင်အထည်ဖော်နိုင်ဖို့ အလားအလာမရှိတာ ထင်ရှားနေပါတယ်။

စပေ့စ်မရှိတဲ့ လွှတ်တော်နိုင်ငံရေး

ဦးသိန်းစိန်အစိုးရရဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံ အကောင်အထည်ဖော်မဲ့ကာလကို ၃နှစ် အနည်းဆုံးကြာမယ်လို့ ကြံ့ဖွံအတွင်းရေးမှူး ဦးအောင်သောင်းပြောတဲ့အချက်ရယ်၊ ဧပြီ ၁ရက် ကြားဖြတ်ရွေးကောက်ပွဲနောက်ပိုင်း ကျန်တဲ့ ဦးသိန်းစိန်အစိုးရသက်တမ်းမှာ ကြားဖြတ်ရွေးကောက်ပွဲလုပ်မဲ့အလားအလာ နည်းတာရယ်ထဲ့တွက်မယ်ဆိုရင် လက်နက်ကိုင်အသွင်ပြောင်းပါတီတွေဟာ အစောဆုံး ဒုတိယ ၅ နှစ်သက်တမ်း အထွေထွေ ရွေးကောက်ပွဲကျမှာသာ ၀င်ပြိုင်နိုင်မှာဖြစ်တယ်။ ဒါကြားကာလမှာ လက်နက်ကိုင်အဖွဲ့တွေရဲ့ ဟာကွက်ပျော့ကွက်ကို လေ့လာဖို့အတွက် ကြိုးရှည်ရှည်နဲ့ လှန်ထားမှာဖြစ်တယ်။

ဒုတိယ ၅ နှစ်သက်တမ်းကိုလဲ ကြံ့ဖွံပါတီကဘဲ ညစ်နည်းမျိုးစုံနဲ့ ဆက်ပီး အစိုးရဖွဲနိုင်အောင် လုပ်နိုင်တယ်ဆိုရင် လက်နက်ကိုင်အသွင်ပြောင်းပါတီတွေရဲ့ အနာဂတ်ဟာ လွှတ်တော်ထဲမှာ ဘာမှပြောခွင့်မရပဲ အိပ်ငိုက်ရင်း မူလမျှော်မှန်းတဲ့ တိုင်းရင်းသားအခွင့်အရေးတွေ ဆုံးရှုံးတော့မှာဖြစ်တယ်။

စစ်တပ်နဲ့ ကြံ့ဖွံပါတီကလဲ လူထုအပေါ်သြဇာကြီးမားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နောက် ၅နှစ်သက်တမ်း ရွေးကောက်ပွဲမှာ ကြားဖြတ်ရွေးကောက်ပွဲစည်းရုံးတဲ့ပုံစံမျိုး လုပ်ခွင့်ပေးပါ့မလားဆိုတာလဲ စဉ်းစားစရာဖြစ်တယ်။ ဒုတိယ ၅ နှစ်သက်တမ်းမှာ  အန်အယ်ဒီက အများစုအနိုင်ရဖို့ဆိုတာ ရေရေရာရာ မရှိသေးတဲ့တိုင်အောင် လက်နက်ကိုင်အသွင်ပြောင်းပါတီတွေ အန်အယ်ဒီနဲ့သာ မဟာမိတ်ဖွဲ့ဖို့ပြီး အတိုက်အခံကောင်းကောင်းပေါ်လာရေး စဉ်းစားရမှာဖြစ်တယ်။

အခြေခံဥပဒေထဲက အရေးပါတဲ့ (လူတွေ လက်မခံတဲ့) ပုဒ်မတွေ ပြင်မယ်ဆိုရင် ဘယ်လိုမှပြင်မရအောင် စစ်ဗိုလ်အမတ် ၂၅%နဲ့တမျိုး ဥပဒေနဲတဖုံ ဒိုင်းတွေ လွှားတွေ မျိုးစုံကာထားပြီးဖြစ်တယ်။ ဒါကြောင့် လက်နက်ကိုင်အသွင်ပြောင်းပါတီတွေ လွှတ်တော်နိုင်ငံရေးထဲ ၀င်လာဖို့ ဦးသိန်းစိန်အစိုးရက ရဲရဲတင်းတင်း မြှောက်ပေးပြီး ထောင်ချောက်ဆင်နေတာသာ ဖြစ်တယ်။

ဖြစ်နိုင်ခြေရှိတာက ငြိမ်းချမ်းရေးလမ်းပြမြေပုံ ဒုတိယဆင့်ခေါ် ပြည်ထောင်စုအဆင့်မှာတင် အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တွေကြား ပဋိပက္ခတွေ အငြင်းပွားမှုတွေ သဘောထားကွဲလွဲမှုတွေ ဖြစ်ပြီး လက်နက်ကိုင်လမ်းစဉ် ကို ခြေဦးပြန်လှည့်မဲ့အဖွဲ့တွေလဲ ပေါ်ပေါက်လာနိုင်စရာရှိပါတယ်။

ချုပ်ကြည့်မယ်ဆိုရင် ဦးသိန်းစိန်အစိုးရရဲ့  ငြိမ်းချမ်းရေးလမ်းပြမြေပုံ တတိယဆင့်ဖြစ်တဲ့ “နိုင်ငံတော်အစိုးရ၊ တိုင်းရင်းသားခေါင်းဆောင် တွေ၊ နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးအင်အားစုတွေ၊ ပြည်သူ့ကိုယ်စားလှယ်တွေ စတဲ့ နိုင်ငံတော်မှာရှိတဲ့ အဓိကကျတဲ့ Political Player အားလုံး ပါဝင်တဲ့ ဤလွှတ်တော်ကြီးမှာ သဘောတူ လက်မှတ်ရေးထိုးရေး” ဆိုတာ စိတ်ကူးယဉ်သာဖြစ်ပြီး လုံးဝအကောင်အထည်ပေါ်လာဖို့ မဖြစ်နိုင်ဘူးလို့ ကောက်ချက်ချနိုင်ပါတယ်။

သံတိုင်ကြားက ပန်းချီကားများခင်းကျင်းပြသပွဲ


By Political Prisoner

သံတိုင်ကြားကပန်းချီကားများ ပြသပွဲတစ်ခုကို ၉-၃-၂၀၁၂ နေ့တွင် စာပေလောက ပန်းဆိုးတန်းလမ်းအထက်ဘလောက်တွင်ကျင်းပပြုလုပ်မည်ဖြစ်သည်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော မင်းကိုနိုင်၊ ဋ္ဌေးကြွယ် ၊ ပြုံးချို၊ ဂျင်မီတို့ ၏ပန်းချီကားများ၊ အကျဉ်းထောင်တွင်းမှ ယခုနောက်ဆုံးမှလွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား များ၏ ပန်းချီကားများကိုသာ ရွေးချယ်ကာပြသခြင်းဖြစ်ပါသည်။ ယင်းပြပွဲကို ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ သုံးရက်တိုင်ကျင်းပမည်ဖြစ်သည်။ ၉ ရက်နေ့မနက် ၉နာရီခွဲတွင် စတင်ဖွင့်လှစ်မည်ဖြစ်ပါသည်။



သမ္မတကြီး ဦးသိန်းစိန်ထံသို့ (ဦးပဉ္စင်းဝီရသူ)(ကျန်ရစ်သူတို့၏ခံစားချက်)


by Ye Min Tun on Thursday, March 8, 2012 at 12:31pm ·
သမ္မတကြီး ဦးသိန်းစိန်ထံသို့

သမ္မတကြီး ဦးသိန်းစိန်ထံသို့အိတ်ဖွင့်ပေးစာ
          သမ္မတကြီးခင်္ဗျာ- ဦးပဉ္စင်းသည် မြစ်ဆုံကိစ္စမှစ၍ သမ္မတကြီးကို လေးစားကြည်ဖြူလာခဲ့သူ ဖြစ်ပါ သည်။ ယခုလည်း သမ္မတကြီးတို့ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး ကိစ္စ၊ အမျိုးသားပြန်လည် သင့်မြတ်ရေး ကိစ္စ၊ တိုင်းပြည်ဖွင့်ဖြိုး တိုးတက်ရေးကိစ္စ မှန်သမျှကို ဆက်လက်ထောက်ခံ အားပေးနေဆဲ ဖြစ်ပါသည်။
          သမ္မတကြီး၏ မိန့်ခွန်းထဲ၌
     အစိုးရသက်တမ်း တစ်နှစ်တာကာလ အတွင်းမှာ အကျဉ်းသားပေါင်း နှစ်သောင်း ရှစ်ထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြောင်း၊ ထိုသို့ ပေးခဲ့ခြင်းမှာလည်း အမျိုးသား ပြန်လည်ပေါင်းစည်း ညီညွတ်ရေးနှင့် နိုင်ငံတည်ဆောက်ရေးမှာ အားလုံးပါဝင်ခွင့်ရရှိရေးအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ သမိုင်းတစ်လျှောက်အရ တစ်နှစ်အတွင်း၌ အကြိမ်ရေ အများဆုံး ပေးခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် မှတ်တမ်း အသစ်တင်ရမည် ဖြစ်ကြောင်း၊ ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားခဲ့သည်ကို တွေ့ရပါသည်။
          ထို့အပြင် “ပွင့်ပွင့်လင်းလင်း ပြောရရင် ကြားဖြတ် ရွေးကောက်ပွဲမှာ အားလုံးပါဝင်ခွင့် ရရှိရေးကို မျှော်မှန်းပြီး ဇန်န၀ါရီလအတွင်းမှာ(၂)ကြိမ်တိုင်တိုင် ဆောင်ရွက်ပေးခဲ့တာလည်း ဖြစ်ပါတယ်” ဟု လွတ်ငြိမ်း ချမ်းသာခွင့်ပေးရခြင်း၏ အကြောင်းကို ပွင့်လင်းစွာ ပြောပြသွားသည် ကိုလည်း တွေ့ရပါသည်။
          လွတ်လပ်ခြင်းအလှူ ပေးလှူခဲ့ခြင်းနှင့် ပတ်သက်၍ သမ္မတကြီးသည် ဂုဏ်ယူဝင့်ကြွား ထိုက်သည်ကို ဂုဏ်ယူဝင့်ကြွားခဲ့ခြင်း ဖြစ်သည်ဟု ထင်မြင်ယူဆမိပါသည်။
          သို့သော် သမ္မတကြီးသည် လက်ကျန် ယုံကြည်ချက်အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်၍ကား အရိပ်အမြွက်မျှပင် ပြောကြားခဲ့ခြင်း မရှိသည်ကို တွေ့ရှိခဲ့ ရပါသည်။
          သမ္မတကြီးခင်္ဗျာ လက်ရှိထောင်ထဲမှာ ကျန်ရစ်ခဲ့ကြသော ယုံကြည်ချက် အကျဉ်းသားများသည် လည်း အမျိုးသားပြန်လည်ပေါင်းစည်းညီညွတ်ရေး၊ နိုင်ငံတည်ဆောက်ရေးနှင့် ကြားဖြတ်ရွေးကောက်ပွဲတို့မှာ ပါဝင်ခွင့် မရှိကြတော့ဘူးလား ခင်္ဗျာ။ သူတို့ကို ချန်ထားခဲ့ခြင်း ကြောင့် သမ္မတကြီးမျှော်မှန်းသည့် “အားလုံးပါဝင်ခွင့်” သည် ပြီးပြည့်စုံသော မျှော်မှန်းချက်ဟု ပြော၍ ဖြစ်နိုင် ပါမည်လား ခင်္ဗျာ။


သမ္မတကြီးခင်္ဗျာ-
ထောင်ကျသူချင်းအတူတူ-မိဘက လွတ်လာပြီး၊ သားသမီးက ကျန်နေခဲ့လျှင်၊ ဆရာကလွတ်လာပြီး၊ တပည့်များက ကျန်နေခဲ့လျှင်၊ လွတ်လာသည့် မိဘဆရာသမားများ စိတ်ချမ်းသာစွာ၊ စိတ်ဖြောင့်စွာ နေထိုင်နိုင်ပါမည်လား ခင်္ဗျာ။ ကျန်ရစ်သူ တပည့်သားသမီးများ ကရော ပိုပြီးအားငယ်၊ ပိုပြီးဝမ်းနည်းနှင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများ ဖြစ်မလာနိုင်တော့ဘူးလား ခင်္ဗျာ။ ပြန်ခဲ့သူနှင့် ကျန်ခဲ့သူအပေါ်  သမ္မတကြီး စက္ကန့်ပိုင်းလေး လောက် ကိုယ်ချင်းစာ ကြည့်စေချင်ပါသည် ခင်္ဗျာ။
          သမ္မတကြီးခင်္ဗျာ-
          ပြစ်မှုတူ၊ ပြစ်ဒဏ်တူ၊ ပုဒ်မတူချင်းဖြစ်ပါလျက် အချို့ကို လွှတ်ပြီး၊ အချို့ကို မလွှတ်ဘဲ ထားခဲ့ခြင်း ကြောင့် သမ္မတကြီးပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်သည် မျှတမှုရှိသည့် လွတ်ငြိမ်းချမ်းသာခွင့်ဟု ဆိုနိုင်ပါမည် လား ခင်္ဗျာ။ သမ္မတကြီး၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်သည်လည်း တရားမျှတသည့် အမိန့်ဖြစ်နိုင်ပါမည်လား ခင်္ဗျာ။ သမ္မတကြီးသည်လည်း တရားသောမင်း ဖြစ်နိုင်ပါမည်လား ခင်္ဗျာ။

ဘုရားလောင်း ဇနသန္ဒမင်းကြီး နန်းတက်စကာလ၌ ထောင်တံခါးများ အရှင်းဖွင့်၍ လွတ်ငြိမ်းချမ်း သာခွင့် ပေးခဲ့ဖူးသည့် သာဓက ရှိခဲ့ဖူးပါသည်။ သမ္မတကြီးအနေဖြင့် ထောင်တံခါးများ ဟင်းလင်းဖွင့်၍ အရှင်းမလွှတ်နိုင်တောင် ယုံကြည်ချက် အကျဉ်းသားများကိုတော့ တစ်ယောက်မကျန် လွတ်ပေးသင့်သည်ဟု ယုံကြည်မိပါသည်။ ကိုယ့်အိပ်ကပ်ထဲမှ စိုက်ထုတ်လှူရသည့် အလှူဒါနမျိုး မဟုတ်သောကြောင့် လွတ်ငြိမ်း ချမ်းသာခွင့်တည်းဟူသော လွတ်လပ်ရေးအလှူကြီးကို တွန့်တိုဆုတ်နစ်မှု မရှိဘဲ အမြန်ပေးလှူ စေလိုပါသည်။ သို့မှသာ သမ္မတကြီး မျှော်မှန်းသည့် ဒီမိုကရေစီနိုင်ငံတော်ကြီး သို့ အမြန်လျှောက်လှမ်းနိုင်မည် ဖြစ်ပါသည်။ အကြောင်းမှာ ဒီမိုကရေစီနိုင်ငံတော်များ၌ နိုင်ငံရေးအကျဉ်းသား (ယုံကြည်ချက်အကျဉ်းသား) မရှိသောကြောင့် (၀ါ)နိုင်ငံရေးအကျဉ်းသား ရှိနေလျှင် ဒီမိုကရေစီနိုင်ငံ မပီသသောကြောင့် ဖြစ်ပါသည်။


၁၃.၁.၂၀၁၂-နေ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်လာသူ
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
ဓမ္မသဟာယကျောင်း
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ မန္တလေးတိုင်းဒေသကြီး
 ၉.၃.၂၀၁၂



၁၃.၁.၂၀၁၂-ကျန်ရစ်သူ၏ မိသားစု ကြေကွဲစွာ လျှောက်ထားနေပုံ။

Uploaded by aeioukoyyk on Mar 8, 2012
ဆရာတော် ဦးဝီရသူ စီစဉ်ပြီး ကိုဝိုင်ဝိုင်ကေ ရိုက်ကူးပါတယ်။ မေးမြန်းသူက ကိုမင်းမင်းလတ်ပါ။ လွတ်ငြိမ်းချမ်းသာကြေငြာတော့ မလွတ်မြောက်တဲ့သူတွေရဲ့ မိသားစုတွေ ပြောပြချက် ရင်ဖွင့်သံပါ။





ကိုဝိုင် ဝိုင်ကေ.... ‎(၄)ပြီးရင် အိပ်ဦးမယ်ဗျို့...(၁၇)ထိရှိတာ....။