Monday, March 12, 2012

အမေစုကိုချစ်တဲ့တပ်မတော်သားများရဲ့ ပုံရိပ်များ

Thiha Thwe
Myanmar soldiers greeting Daw Su`s motorcade while it was travelingin Nay Pyi Taw






ဘယ်သူ့ကို မဲပေးကြမှာလဲ ... (၂)

Written by ဇေ၀င်းနောင် Saturday, 10 March 2012 21:35
''ကျွန်တော်ဘယ်သူ့ကို မဲပေးလိုက်သလဲ ကျွန်တော်သိတာပေါ့။ သူတို့လည်း သိမှာပေါ့။ ဒါပေမဲ့ ကျွန်တော့်မဲ ဘယ်သူရသွားလဲဆိုတာ တော့ သူတို့ပဲသိတယ်''
ဘရာဇီးလ်က ရွေးကောက်ပွဲဆိုင်ရာ ကျွမ်းကျင်သူ အမီလ်ကာ ဘရူနာဇိုဖီလ်ဟို ပြောတာပါ။ ကျွန်တော်ပြောတာ မဟုတ်ပါဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်က ...။ အင်း။ ထားပါတော့လေ။ ပြီးခဲ့တာတွေလည်း ပြီးပါစေတော့။
အနှစ် ၂၀ အတွင်း ပထမဆုံး အကြိမ်လုပ်တဲ့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဟာ စိတ်ကျေနပ်မှုရလောက်တဲ့ အခြေအနေမျိုးတော့ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဒီရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရကတော့ မျှော်လင့်မထားဘဲကို ပိုကောင်းအောင် လုပ်ပြနိုင်ခဲ့ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ စခဲ့တာ လုံးဝမဟုတ်ပါဘူး။ တက်လာတဲ့ ကြံ့ခိုင်ရေးအစိုးရ လက်ထက်မှာမှ စခဲ့တာပါ။ ဒါကိုတော့ အသိအမှတ် ပြုရပါမယ်။ Revolution ကို မကြုံချင်တဲ့ အစိုးရသစ်ဟာ R ဖြုတ်ပြီး ဖြည်းဖြည်းချင်း ပြောင်းလဲတဲ့ ဆင့်ကဲဖြစ်စဉ် Evolution အတိုင်း အပြောင်းအလဲကို လုပ်ပေးခဲ့တယ်လို့ ထင်တာပါပဲ။
နှစ်နှစ်အကြာမှာတော့ ရွေးကောက်ပွဲတွေ တစ်ကျော့ ပြန်လာပါပြီ။ ဒီတစ်ခါ ရွေးကောက်ပွဲကတော့  အစိုးရအဖွဲ့နဲ့ အုပ်ချုပ်မှုအာဏာပိုင်းမှာ အပြောင်းအလဲ ကြီးကြီးမားဖြစ်စေနိုင်တဲ့ အတိုင်းအတာမှာ မရှိပါဘူး။ သမ္မတ၊ ဒုသမ္မတနဲ့ ၀န်ကြီးတွေ၊ ပြည်နယ် ၀န်ကြီးချုပ်တွေ၊ ပြည်နယ် ၀န်ကြီးတွေဖြစ်သွားကြတဲ့ ကြံ့ခိုင်ရေး ကိုယ်စားလှယ်များရဲ့ လစ်လပ်သွားတဲ့နေရာ အနည်းငယ်ကိုပဲ ပြန်ရွေးကြရမှာပါ။
ဒါကြောင့် ဒီရွေးကောက်ပွဲဟာ အာဏာအပြောင်းအလဲဖြစ်ဖို့ (ဒါမမဟုတ်) အာဏာ ဆက်လက်တည်မြဲဖို့အတွက် အဓိကကျတဲ့ ရွေးကောက်ပွဲ မဟုတ်ပါဘူး။ ဒီမိုကရေစီနည်းကျ အပြောင်းအလဲအပေါ် မြန်မာအစိုးရ တကယ် လျှောက်နေတယ်ဆိုတာ သက်သေပြရမယ့် ရွေးကောက်ပွဲပါ။ အတိုက်အခံတွေဘက်ကလည်း နိုင်ဖို့ထက် မျှတတယ်၊ မမျှတဘူးဆိုတာကို အဓိကစောင့်ကြည့်ဖို့၊ အဲဒီအပေါ်မှာ ဘယ်လို ရှေ့ဆက်ရမယ်ဆိုတာ ဆုံးဖြတ်ဖို့ အဓိကကျတဲ့ ရွေးကောက်ပွဲပါ။ ကျွန်တော်တို့ ပြည်သူတွေ အတွက်ကရော။ ရွေးချယ်စရာ ပိုမိုစုံလင်လာတဲ့ ရွေးကောက်ပွဲမှာ ကိုယ်ပေးတဲ့ မဲတစ်ပြား ပေးတဲ့သူဆီ အမှန်တကယ် ရောက် မရောက် ဒုတိယ အကြိမ်မြောက် ဆန်းစစ်ရမယ့် ပွဲပါ။ ဒါဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲများရဲ့အစ ဖြစ်လာနိုင်ပါ တယ်။ ရွေးချယ်စရာ စုံလင်လာတဲ့ ဒီတစ်ခေါက်မှာတော့ ကျွန်တော်တို့ သွားပေးကြည့်တာတော့ မမှားဘူး ထင်ပါတယ်။
၂၀၁၀ ပြည့်နှစ်တုန်းက ရွေးကောက်ပွဲ မစခင် စဉ်းစားကြည့်မိတယ်။ ပြောင်းပြန်စောက်ထိုး စဉ်းစားပုံနဲ့ပါ။ ဘယ်လိုလူမျိုးကို ရွေးမလဲဆိုတာထက် ဘယ်လိုလူမျိုးကို မရွေးဘူးလဲ ဆိုတာကိုပါ။ အဲဒီတုန်းက မရွေးသင့်တဲ့သူ ခြောက်မျိုးအကြောင်း ရေးခဲ့ပါသေးတယ်။ ဒီတစ်ခါ ရွေးကောက်ပွဲမှာလည်း မရွေးသင့်တဲ့သူ ခြောက်မျိုးအကြောင်းက ပြန်စကြည့်ပါမယ်။
(၁) ဒေါင်းယောင်ဆောင်သော ကျီး
(၂) သစ္စာဖောက်
(၃) အခွင့်ရေးသမား၊ သာကူး
(၄) လက်ဝေခံ၊လက်ကိုင်တုတ်
(၅) ဆိုင်းသံဗုံသံကြားရင် ကချင်ကြသူတွေ၊ ပါလေရာတွေ
(၆) နေ့ခင်းကြောင်တောင် အိပ်မက်မက်သူတွေ ဆိုပြီးတော့ပါ။

ဒီခြောက်မျိုးထဲ မပါတဲ့သူမျိုး ရွေးသင့်ပါတယ်လို့ ပြောခဲ့ပါတယ်။ အခု နှစ်နှစ်လောက် ရှိလာပြီဆိုတော့လည်း ဘယ်သူတွေက ဒေါင်းယောင်ဆောင်တဲ့ ကျီးတွေ၊ ဘယ်သူတွေကတော့ လက်ကိုင်တုတ်တွေ၊ ဘယ်သူတွေကတော့ အခွင့်အရေးသမားတွေ ဆိုတာ တော်တော်လေးတော့ ရှင်းရှင်းလင်းလင်း ဖြစ်လာပါပြီ။ စင်ဒရဲလားလေးနဲ့မှ တော်မယ့်ဖိနပ်ကို မိထွေးသမီးတွေစွပ်လို့ မတော်ဘူးဆိုတာလည်း ပြောတဲ့အတိုင်း ဖြစ်လာခဲ့တာပါပဲ။
နေ့ခင်းကြောင်တောင် အိပ်မက်မက်ခဲ့သူတွေလည်း အိပ်မက်က လန့်နိုးလာကြပြီ ထင်ပါတယ်။ လက်ဝေခံတို့၊ သာကူးတို့ဆိုတာကတော့ ခေတ်တိုင်း၊ နိုင်ငံတိုင်းက နိုင်ငံရေးနယ်ပယ်မှာ ရှိနေဦးမှာဆိုတော့ အဲဒါတော့ မတတ်နိုင်ဘူးပေါ့။ ကိုယ့်ဘာသာကိုယ် ကြည့်ရွေးကြပေါ့။
တစ်ခါအလိမ်ခံရရင် လိမ်တဲ့သူအပြစ်။ နှစ်ခါအလိမ်ခံရရင်တော့ အလိမ်ခံရတဲ့သူကိုက အတာ။ အလိမ် ခံရတဲ့သူ အပြစ်ဖြစ်သွားပြီ။ အဲဒီတော့ အလိမ်မခံရအောင် ဘယ်လိုလုပ်ကြမလဲ။ ကိုယ့်ရင်ထဲ ရှိတဲ့အတိုင်း မှန်မှန်ကန်ကန် မဲပေးရုံနဲ့ မပြီးပါဘူး။ အဲဒီမဲတွေ မှန်မှန်ကန်ကန် ဖြစ်ဖို့ပါ အားလုံးက တတ်နိုင်သရွေ့ ၀ိုင်းဝန်းကြရမှာပါ။
ရွေးကောက်ပွဲ မသမာမှုဆိုတာ အစိုးရဘက်က ဖြစ်စေ၊ အတိုက်အခံတွေဘက်က ဖြစ်စေ ဘယ်ဘက်ကမဆို လုပ်နိုင်တာပါပဲ။ ၂၀၁၀ ပြည့်နှစ်တုန်းကတောင် အောင်ပွဲရ ကြံ့ခိုင်ရေး ပါတီကိုယ်တိုင်က တချို့ မဲဆန္ဒနယ်တွေမှာ သူတို့ကိုယ်စားလှယ်တွေ မဲ အလိမ်ခံရတယ်ဆိုတဲ့ ကိစ္စတွေ ကော်မရှင်ကို တိုင်ခဲ့ပါသေးတယ်။ ဒါကိုကြည့်ရင် မသမာမှုဆိုတာ ရှိနိုင်တယ်။ ဟိုဘက်ကရော၊ ဒီဘက်ကပါ ခံရနိုင်တယ်ဆိုတာ ရှင်းနေပါတယ်။
ဒီတော့ မဲဆိုတာ ဘယ်လိုခိုးလို့ ရတယ်၊ ဘယ်လို မသမာမှုလုပ်လို့ ရတယ်ဆိုတာကိုပါ သိထားရင် ပိုကောင်းပါလိမ့်မယ်။ ဒါမှအဲဒါတွေကို မဲဆန္ဒရှင်တွေက ဟန့်တားနိုင်မှာပါ။
မဲ မသမာမှုဆိုတာ အခြေခံအားဖြင့် ခွဲရင် နှစ်မျိုးရှိပါတယ်။ ပထမတစ်မျိုးက ကိုယ်စားလှယ်လောင်းတစ်ဦး မဲများအောင် မသမာမှုလုပ်တာ၊ နောက်တစ်မျိုးက ပြိုင်ဘက် ကိုယ်စားလှယ် မဲနည်းအောင် မသမာမှုလုပ်တာပါ။ ကျွန်တော်တို့က မဲခိုးတယ်၊ မဲခိုးတယ်ဆိုရင် ဒီဘက်ပုံး ထဲများအောင်လုပ်တာပဲ မျက်လုံးထဲ ပေါ်တတ်ကြတာ။ ဟိုဘက်ပုံးထဲ နည်းအောင်လုပ်ရင်လည်း ရနိုင်တယ်ဆိုတာကို သတိ မမူမိတတ်ကြဘူး။ မဲများအောင် လုပ်တယ်ဆိုတဲ့ နေရာမှာ မဲဝယ်တာ၊ သူများကိုပေးထားတဲ့ မဲကို ခိုးတာ၊ မဲလာမပေးတဲ့ သူရဲ့ မဲကို ကိုယ့်မဲ လုပ်ပစ်တာဆိုပြီး ရှိပါတယ်။ သေသွားတဲ့သူကိုတောင် မဲပေးဖို့ အတုမှတ်ပုံတင်ပြီး ထည့်တာ ရှိပါတယ်။ ဒါကတော့ ဖုတ်သွင်းမဲပေးနည်း (zombie voting)လို့ ခေါ်ရင်ကောင်းမယ်။
ကိုယ့်လူကို မဲရုံတွေပတ်ပြီး မဲထည့်ခိုင်းတာလည်း ရှိပါတယ်။ ဒီတစ်ယောက်ထဲက ဟိုမဲရုံလည်း အမည်ပေါက်၊ ဒီမဲရုံလည်း အမည်ပေါက်နေတာမျိုးပေါ့။ မကြာသေးခင်က ရုရှားရွေးကောက်ပွဲမှာ လူတွေကို ကားတွေနဲ့ တင်ပြီး အဲဒီလိုမျိုး မဲရုံတွေ ပတ်ထည့်ခိုင်းတာတဲ့။ အဲဒါကို ချားရဟတ် မဲခိုးနည်း carousel voting လို့ ခေါ်ပါတယ်။ ကျွန်တော်ကတော့ အဲဒါကို ချားစီးမဲခိုးနည်းပဲ ခေါ်ချင်ပါတယ်။ အဲဒီလိုပဲ ကိုယ်ရောက်နေတဲ့ နယ်မှာ လည်း အမည်ပေါက်၊ အဲဒီမှာ ကြိုတင်မဲထည့်ခဲ့ပြီးတော့ ကိုယ့်ဇာတိပြန်လာပြီး နောက်တစ်ခါထပ်ထည့်။ ဒါမျိုးလည်း ရှိပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်း တစ်ပြိုင်နက်ကောက်ထားတာ မရှိလေတော့လည်း ခက်တာပါပဲ။
နောက်တစ်မျိုးကတော့ မဲပုံးချိန်း၊ မဲပုံးပေါင်းပေါ့။ ဒါမျိုးကတော့  မဲရုံကိုယ်စားလှယ်တွေ သိက္ခာရှိရင် လုပ်လို့ မလွယ်ပါဘူး။ မဲရုံတွေက သေးသေး သေးသေးနဲ့ အများကြီးဖြစ်နေပြီး သိက္ခာရှိတဲ့သူက နည်းနေရင်တော့ ပြဿနာရှိပါတယ်။ ပြိုင်ဘက်ကိုယ်စားလှယ်ရဲ့ မဲနည်းအောင် လုပ်တဲ့အကြောင်း ပြောရပါဦးမယ်။ အဲဒါကတော့ မဲဆန္ဒရှင်တွေကို ခြိမ်းခြောက်တဲ့နည်းက အဓိကပေါ့။ မင်းအဲဒီလူကိုပေးရင် ဘာဖြစ်သွားမယ်။ ဘာညာပေါ့။
နောက်တစ်နည်းက မဲရုံနားမှာ အကြမ်းဖက်မှုတွေဖြစ်အောင် လုပ်ပြီး လူတွေမဲလာ မပေးကြအောင် လုပ်တာပါ။ ပြီးတော့ ပြိုင်ဘက်ကိုယ်စားလှယ်ရတဲ့ မဲတွေကို ပယ်မဲထဲ များများထည့်ပစ်လိုက်တာပါ။ အမှန်ခြစ်က မပီသဘူး၊မှန်သလို မှားသလို ဖြစ်နေတယ် ဘာညာပေါ့။
ရိုးရှင်းပြီး တစ်ခေတ်တစ်ခါက အနောက်နိုင်ငံတွေမှာတောင် အသုံးများတဲ့ မဲမသမာတဲ့ နည်းတစ်နည်းလည်း ရှိပါသေးတယ်။ ဒါကတော့ ကျွန်တော်တို့ ပြောပြောနေတဲ့ ''မာကင်'' နည်းပဲ။ လျို့ဝှက် မဲ ပေးရပေမဲ့ ကိုယ်ဘယ်သူ့ကို ပေးတယ်ဆိုတာ သိသွားအောင် မဲ မှာ အမှတ်အသားလုပ်တဲ့ နည်းပေါ့။ အဲဒီတော့ ဟိုလူ့ကို ငါပေးမှန်းသိရင် ငါ့ကိုများ ဒုက္ခပေးလေမလားဆိုပြီး ကြောက်ကြတာပေါ့။ အမှန်တော့ ရဲရင့်တဲ့သူများရင် ဘာမှလုပ်လို့မရပါဘူး။

ကြားဖြတ် ရွေးကောက်ပွဲမှာတောင် တရားမျှတမှုမရှိရင်တော့ အနာဂတ်ကမလှ ဖြစ်သွားပါလိမ့်မယ်။ နိုင်ခြင်း ရှုံးခြင်းထက် တရားမျှတမှု ရှိ၊ မရှိက ပိုအရေးပါပါတယ်။ မဲရုံတွေမှာ ဒီမိုကရေစီမရှိရင်တော့ ကြေကွဲစရာသမိုင်းဟာ တစ်ကျော့ ပြန်လာပါလိမ့်မယ် . . .
နောက်ဆုံးတစ်မျိုးကတော့ ကြိုတင် မဲ တွေကို မသမာမှုလုပ်တဲ့ နည်းပါ။ အရပ်ဘက်၊ စစ်ဘက်ဝန်ထမ်းတွေဟာ မဲ ပေးတဲ့နေ့မှာ တာဝန်ကျနေရင် လာပေးဖို့ မလွယ်ပါဘူး။ တချို့ဆို မဲရုံ ၀န်ထမ်းလည်း လုပ်ရတော့ အဲဒီအချိန်ကျမှ ပေးဖို့ ဘယ်လွယ်မလဲ။ အဲဒီတော့ သူတို့လည်း မဲမပေးရ မရှိစေရအောင် ဒီလိုလုပ်ပေးထားတာပါ။ ဒါပေမဲ့ ကြိုတင်မဲက လာပေးတဲ့မဲလောက်၊ ဒါမမဟုတ် လာပေးတဲ့မဲထက် များနေရင်တော့ မူမမှန်ဘူးပေါ့။ ''မာကင်''လုပ်ထားတဲ့ ကြိုတင်မဲ ဆိုရင်တော့လည်း ဘယ်လာတရားတော့မှာလဲ။ မဲပေးတာတောင် တရားမျှတမှုမရှိရင် ဘယ်လာဒီမိုကရေစီ ဖြစ်တော့မှာလဲ။ ကြိုတင်မဲပေးလည်း လွတ်လွတ်လပ်လပ် လျို့ဝှက်စွာ ပေးခွင့်ရှိအောင် လုပ်ပေးကြဖို့ လိုပါတယ်။
လာပေးနိုင်တဲ့သူများအဖို့မှာ တော့လာပေးကြတာပဲ ကောင်းပါတယ်။ မဲရုံရှေ့မှာ တန်းစီရတာ ပျော်စရာမဟုတ်လား။ ပေးရမယ့် မဲရုံနဲ့ စာရင်းကိုတော့ ပေးမယ့်နေ့မတိုင်ခင်ကတည်းက ကြိုစစ်ဖို့ လိုပါလိမ့်မယ်။ နာမည် မှားတာ၊ နှစ်နေရာမှာ ပါနေတာ၊ ပါကိုမလာတာ စသဖြင့် စစ်ကြည့်ဖို့ လိုမယ်ထင်ပါတယ်။
မဲရေတွက်မှုမှာလည်း တရားမျှတဖို့ စောင့်ကြည့်ရမယ့် နှစ်ဆင့် ရှိပါတယ်။ ဥပဒေအတိုင်း ကြိုတင်မဲတွေကို မဲရုံမဖွင့်မီ အများရှေ့မှာ ရေတွက်ဖို့၊ အဲဒီမဲတွေဟာ ရှိသင့်တာထက် မများဖို့၊ မဲရုံပိတ်ခါနီးမှ ကြိုတင်မဲတွေ ရောက်လာတာမျိုး မရှိဖို့ စောင့်ကြည့်ခွင့် ရှိရပါမယ်။ နောက်တစ်ချက်ကတော့ မဲရေတွက်ရာမှာ ထင်သာမြင်သာရှိဖို့ပါ။
များသောအားဖြင့် နယ်က မဲရုံတွေက ခြံဝင်းရှိတဲ့ အဆောက်အအုံထဲမှာထားပြီး မဲရေချိန် ခြံထဲတောင် ၀င်မရတာမျိုးက မဖြစ်သင့်ပါဘူး။ ခပ်လှမ်းလှမ်းကပဲဖြစ်ဖြစ် ရပ်ကြည့်ခွင့် ပေးသင့်ပြီး အားလုံးရှေ့မှာ ရေတွက်သင့် ပါတယ်။ ကျေးရွာများတဲ့ နယ်တွေမှာ ဆိုရင် မဲရုံတွေက အရမ်းများတာကြောင့် သက်ဆိုင်ရာပါတီက မဲရုံစောင့်သူတွေတင် မကဘဲ ရပ်မိရပ်ဖတွေ ပြည်သူတွေအားလုံးက စောင့်ကြည့်ဖို့ လိုမယ်ထင်ပါတယ်။
အခု ရွေးကောက်ပွဲဟာ ခွပ်ဒေါင်းနဲ့ ခြင်္သေ့ အားပြိုင်ပွဲ မဟုတ်ပါဘူး။ အဲဒီထက် ပိုအရေးပါပါတယ်။
အာဏာအပြောင်းအလဲမဖြစ်နိုင်တဲ့ မဲဆန္ဒနယ် အနည်းငယ်ပဲ ပါတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာတောင် တရားမျှတမှုမရှိရင်တော့ အနာဂတ်က မလှဖြစ်သွားပါလိမ့်မယ်။ နိုင်ခြင်း ရှုံးခြင်းထက် တရားမျှတမှု ရှိ၊ မရှိက ပိုအရေးပါပါတယ်။
မဲရုံတွေမှာ ဒီမိုကရေစီမရှိရင်တော့ ကြေကွဲစရာသမိုင်းဟာ တစ်ကျော့ပြန်လာပါလိမ့်မယ်။

မြန်မာစာနယ်ဇင်းသမဂ္ဂ (Myanmar Journalists Union) ဖွဲ့စည်းရေးနှင့် ပတ်သက်သည့် အကြိုညှိနှိုင်းဆွေးနွေး


Saturday, 10 March 2012 23:32

မြန်မာစာနယ်ဇင်းသမဂ္ဂ (Myanmar Journalists Union)  ဖွဲ့စည်းရေးနှင့် ပတ်သက်သည့် အကြိုညှိနှိုင်းဆွေးနွေးပွဲကို မတ်လ ၁၀ ရက်နေ့က SS Food Center ၌ ကျင်းပခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲနှင့် မြန်မာစာနယ်ဇင်းသမဂ္ဂ ဖွဲ့စည်းရေးကို ကိုဇော်သက်ထွေးမှ ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးသို့ သတင်းမီဒီယာနယ်ပယ်မှ ဖိတ်ကြားခံရသူများ တက်ရောက်ခဲ့ကြပါသည်။
"ဂျာနယ်လစ်တွေကို အကာအကွယ်ပေးမယ့် အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်စေချင်တယ်။ လွတ်လပ်တဲ့ စာပေရေးသားခွင့်ကို ကာကွယ်စောင့်ရှောက်ဖို့(freedom of expression) ရယ်၊ နောက်တစ်ခုက  ဒီ နယ်ပယ်မှာ ရှင်သန်ဆောင်ရွက်နေ ကြတဲ့ ဂျာနယ်လစ်တွေအားလုံးရဲ့ အကျိုးစီးပွားနဲ့ သူတို့ကို ကာကွယ်စောင့်ရှောက်ဖို့ (Protection  of Journalists)အတွက်ကို ဘေးက ၀ိုင်းရံပေးမယ့် အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်ဖို့ လိုအပ်ပြီလို့ ထင်ပါတယ်။ ဒါကြောင့်မို့ အတွေ့အကြုံ ရှိတဲ့၊ ဒီလောကမှာ နှစ်ပေါင်းများစွာ ကျင်လည်နေတဲ့ ရပ်တည်နေတဲ့ သူတွေကို ဒီနေ့ဖိတ်ကြားပြီးတော့ အကြံဉာဏ်တောင်းခံပြီးတော့ အသိပေးမယ်။ အားလုံးရဲ့ အကြံဉာဏ်နဲ့ ၀ိုင်းဝန်းပြီးတော့ ဒီအဖွဲ့အတွက် ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းကိုဆွဲပြီး အဲဒါပြီးတော့မှ လူကိုရွေးချယ်ဖို့ပါ။ အဓိက ရည်ရွယ်ချက်ကတော့ အဲတာပါပဲ''ဟု ကိုဇော်သက်ထွေးက ပြောကြားခဲ့ပါသည်။
မြန်မာစာနယ်ဇင်းသမဂ္ဂအဖွဲ့ကို ယခုပြုလုပ်သော အကြိုညှိနှိုင်း ဆွေးနွေးပွဲသို့ တက်ရောက်လာ သူများထံမှ အကြံဉာဏ်များ ရယူပြီး ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း ရေးဆွဲမည်ဖြစ်ပါသည်။ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း ထွက်ပေါ်လာသည်နှင့်  သတင်းမီဒီယာသမားအားလုံး ဖိတ် ခေါ်၍ Mass Meeting  ပြုလုပ်မည်ဖြစ်ကာ စာနယ်ဇင်းသမဂ္ဂနှင့် ပတ်သက်သော သမဂ္ဂနှင့်ပတ်သက်သည့် ဖွဲ့စည်းပုံအခြေ ခံစည်းမျဉ်းကို ချပြပြီး အဖွဲ့၌ ဦးဆောင်မည့်သူများကို  မဲပေးရွေးချယ်မှုဖြင့် ရွေးချယ်မည်ဖြစ်ကြောင်း သိရပါသည်။
ယခုပြုလုပ်ခဲ့သော အကြိုညှိ နှိုင်းဆွေးနွေးပွဲသို့ စာနယ်ဇင်း သမဂ္ဂဖြစ်မြောက်ရန် ဦးဆောင်ခဲ့သူ ကိုဇော်သက်ထွေး၊ ဦးဝဏ္ဏ (မာဂျေ)၊ ဦးမြင့်မောင်ကျော်၊ ဒေါ်အေးအေးဝင်း (AP သတင်းထောက်)၊ ရွှေသံစဉ် ဦးဝင်းမော် (DVB VJ )၊ ဦးစန်းဦး(စိတ်ကူးချိုချိုစာပေ)၊ ဦးချစ်ဝင်းမောင်(အယ်ဒီတာချုပ်- တက်လမ်းအားကစားဂျာနယ်)၊ ဦးသောင်းထိုက်(CEO, True News Journal) ၊ဦးဖေမြင့် (အယ်ဒီတာချုပ်-ပြည်သူ့ခေတ်ဂျာနယ်)၊ ဦးမော်လင်း(ဒုတိယအယ်ဒီတာချုပ်- ပြည်သူ့ခေတ်ဂျာနယ်) ၊ ကိုဝေဖြိုး (အယ်ဒီတာချုပ်-Weekly Eleven News Journal)၊ ကိုနေထွန်းနိုင် အကြီးတန်းအယ်ဒီတာ(Weekly Eleven News Journal)၊ ကိုမျိုး(မြန်မာစာ) (အယ်ဒီတာချုပ်- ပေါ်ပြူလာ အနုပညာဂျာနယ်)၊ ဦးဝင်းကျော်ဦး (မန်းနေးဂျင်းအယ်ဒီတာ-မဇ္ဈိမသတင်းဌာန)၊ ကိုအားမာန်(အမှုဆောင် အယ်ဒီတာ-7Day News Journal)၊ ကိုသူရအောင်(တာဝန်ခံအယ်ဒီတာ- Messenger Journal)နှင့် ကိုဉာဏ်လင်းအောင်(Popular News Journal)တို့ တက်ရောက်ခဲ့ကြပါသည်။
ထိုသို့ တက်ရောက်လာသူများအနက် အချို့မှာ မြန်မာစာနယ်ဇင်းသမဂ္ဂအဖွဲ့ ဖြစ်ပေါ်လာရေးအတွက် လုပ်ဆောင်မည်ဖြစ်ပြီး အဖွဲ့ဖွဲ့စည်းချိန်၌ ပါဝင် ရွေးချယ်ခံမည်မဟုတ်ကြောင်း သိရပါသည်။
ဆွေးနွေးပွဲ တက်ရောက်လာသူများအနေဖြင့် လွတ်လပ်သော မြန်မာစာနယ်ဇင်းသမဂ္ဂ ဖွဲ့စည်းရေး ကို သဘောတူညီခဲ့ကြပြီး မြန်မာစာနယ်ဇင်းသမဂ္ဂ ဖြစ်မြောက်ရေး ယာယီကော်မတီ ဖွဲ့စည်းခြင်းနှင့် အဖွဲ့အတွက် ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း ရေးဆွဲခြင်းများကို မတ်လ ၁၈ရက် နေ့တွင် ပြုလုပ်မည့် အကြိုညှိနှိုင်း အစည်းအဝေး၌ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
http://news-eleven.com/index.php?option=com_content&view=article&id=12722%3A-myanmar-journalists-union---&catid=42%3A2009-11-10-07-36-59&Itemid=112

မြစ်ဆုံစီမံကိန်းပြန်လည်စတင်ရန် တရုတ်အစိုးရတိုက်တွန်း

7Day News Journal

ရန်ကုန်- မတ် ၁၀
သမ္မတ၏အမိန့်နှင့်ရပ်တန့်ထား ခဲ့သော မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်ရန် မြန်မာအစိုးရကိုတရုတ်နိုင်ငံမှ တာဝန်ရှိသူများက တိုက်တွန်းလိုက်ကြောင်းတရုတ်နိုင်ငံထုတ်ချိုင်းနားဒေးလီးသတင်းစာ၏ ရေးသားချက်ကိုကိုးကား၍ အေပီသတင်းဌာနကဖော်
ပြထားသည်။
နိုင်ငံတော်သမ္မတ၏ အမိန့် နှင့် အစိုးရသက်တမ်းအတွင်း မြစ် ဆုံရေအားလျှပ်စစ်စီမံကိန်းကို ရပ်တန့်ထားရန် ၂၀၁၁ခုနှစ် စက် တင်ဘာ ၃၀ ရက်က အမိန့်ထုတ် ပြန်ခဲ့သဖြင့် စီမံကိန်းရပ်နားထား သည်မှာ ၅ လကျော်ရှိသောအချိန် တွင် ယခုကဲ့သို့ တရုတ်နိုင်ငံ၏ စီမံကိန်းတာဝန်ရှိသူများက ပြန် လည်တိုက်တွန်းလာခြင်းဖြစ်သည်။
မတ်လ ၁၀ ရက်ထုတ်ချိုင်းနားဒေးလီးသတင်းစာတွင်တရုတ် နိုင်ငံတွင်ကျင်းပလျက်ရှိသောလွှတ် တော်အစည်းအဝေးနှင့်ဆက်စပ် အစည်းအဝေးတစ်ရပ်တွင် အစိုး ရတာဝန်ရှိသူများက မြစ်ဆုံဆည် အနေနှင့် မြန်မာနိုင်ငံတွင်းအထူး လိုအပ်နေသော လျှပ်စစ်ဓာတ် အားများ ထုတ်လုပ်ပေးနိုင်မည် ဖြစ်ကာဒေသခံများ၏လူနေထိုင်မှု ကိုလည်း အဆင့်မြှင့်တင်ပေးနိုင် သည်ဟုပြောကြားထားသည်ကို ရေးသားဖော်ပြထားသည်။တရုတ် နိုင်ငံ၏ အမျိုးသားစွမ်းအင်အစိုး ရအဖွဲ့၏ခေါင်း ဆောင်တစ်ဦး အဖြစ်တာဝန်ထမ်းဆောင်ခဲ့သော ဇောင်ဂျူပေါင်က မြစ်ဆုံဆည်စီမံ ကိန်းသည်ဒေသခံများ၏လူမှုဘ၀ အဆင့်မြင့်မားအောင် ဆောင်ရွက် ပေးနိုင်မည့်စီမံကိန်းကောင်းတစ်ခု ဖြစ်ကြောင်းပြောကြားခဲ့သည်ဟု ချိုင်းနားဒေးလီးတွင်ဖော်ပြထား သည်။
မြစ်ဆုံစီမံကိန်း၏ အဓိက ရင်းနှီးမြှုပ်နှံသူ CPI ကုမ္ပဏီမှ ဥက္ကဋ္ဌကလည်း မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းကို ပြန်လည် စတင်လိုကြောင်း ပြောကြားထား သည်ကို တရုတ်နိုင်ငံထုတ် သတင်းမီဒီယာများတွင်ကိုးကား ဖော်ပြထားကြသည်။
မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းသည် တရုတ်အစိုးရပိုင် ကုမ္ပဏီတစ်ခုဖြစ်သော တရုတ် စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ(CPI) နှင့်မြန်မာအစိုးရတို့ပူးပေါင်းကာ ၂၀၀၉ခုနှစ် ဒီဇင်ဘာ ၂၀ တွင် စတင်ခဲ့ကာ မြန်မာနိုင်ငံတွင်းမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူ များ၊ ပညာရှင်များနှင့် ဒေသခံများ ၀ိုင်းဝန်းကန့်ကွက်ခဲ့သဖြင့် နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်က ပြည် သူ့ ဆန္ဒကိုလိုက်လျောသည့်အနေ နှင့် စီမံကိန်းကို ရပ်တန့်ထားရန် ၂၀၁၁ခုနှစ် စက်တင်ဘာ ၃၀ ကကြေညာခဲ့သည်။ မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းသည် တရုတ် အစိုးရနှင့် မြန်မာအစိုးရတို့ ပူး ပေါင်းကာမေခ၊မလိခနှင့် ဧရာ ၀တီမြစ်ဝှမ်းရေအားလျှပ်စစ်စီမံ ကိန်း ၇ ခုအနက်မှတစ်ခုဖြစ် သည်။ မြစ်ဆုံစီမံကိန်းသည် ရင်း နှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ ၃.၆ ဘီလျံ ရှိသည့် စီမံကိန်းဖြစ်ပြီး စီမံကိန်းပြီးစီးပါက လျှပ်စစ်ဓာတ် အား ၉၀ ရာခိုင်နှုန်းကို တရုတ် နိုင်ငံသို့ပို့လွှတ်ပြီး ကျန် ၁၀ ရာ ခိုင်နှုန်းကို မြန်မာနိုင်ငံက ရရှိမည်ဖြစ်သည်။
မြစ်ဆုံစီမံကိန်းကိုရပ်နား ထားရန်သမ္မတညွှန်ကြားအပြီး တစ်လအကြာ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဒုတိယ၀န်ကြီးက မြန်မာနိုင်ငံသို့ လာရောက်ပြီး ပြည်တွင်းမှ သ ဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များ၊ ပတ်ဝန်းကျင်ထိန်း သိမ်းရေးသမားများနှင့် လျှို့ဝှက် တွေ့ဆုံခဲ့ပြီး မြစ်ဆုံဆည်ဆက် လက်ဆောက်လုပ်ပါက သဘာဝ ပတ်ဝန်းကျင်ကိုထိခိုက်မှုနည်းနိုင် သမျှနည်းအောင်ဆောက်လုပ်မည့် အကြောင်းကို တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း စုံစမ်းသိရသည်။
မြစ်ဆုံစီမံကိန်းကြောင့် ရေ ၀ပ်မည့်နေရာတွင် ပါဝင်နေသော မြစ်ဆုံအနီးမှ တန်ဖဲရွာအပါအ၀င် ရွာပေါင်း ၃၀ ကျော်မှ ဒေသခံ များကို ဆွမ်ပရာဘွန်-မြစ်ကြီးနား ကားလမ်းနံဘေးရှိ အောင်မြေ သာစံပြကျေးရွာနှင့် အခြားရွာသစ်များသို့ ရွေ့ပြောင်းထား ပြီးဖြစ်ပြီး လွန်ခဲ့သောရက်ပိုင်း အတွင်းက တန်ဖဲရွာသို့ ဥယျာဉ် ခြံစိုက်ပျိုးရန် ပြန်လည်လာရောက်နေထိုင်သော ရွာသား ၂၈ဦးကို မြစ်ကြီးနားသို့ ခေါ်ဆောင်ကာ တန်ဖဲရွာမှအပြီး ရွှေ့ပြောင်းရန် သက်ဆိုင်ရာ တာ ၀န်ရှိသူများက ညွှန်ကြားခဲ့သည် ဟု ဒေသခံများကဖုန်းနှင့်ဆက် သွယ်ပြောကြားသည်။ မြစ်ဆုံ စီမံကိန်းကြောင့် ရွေ့ပြောင်းခဲ့ ရသောလူဦးရေမှာ ၁၁ç၈၀၇ ဦး ဖြစ်ကြောင်း သိရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးခန်းသစ်တွေ ဖွင့်လှစ်တဲ့ လှုပ်ရှားဆောင်ရွက်မှုတွေမှာ ရဲအထူးသတင်း တပ်ဖွဲ့ SB တွေ က လိုက်လံ နှောင့်ယှက်

Uploaded by BurmaVJMedia on Mar 10, 2012

ရန်ကုန်တိုင်း ဒလမြို့နယ်အတွင်းတွင် ရှိသည့် မှော်စက် ရပ်ကွက်၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၏ ဆိုင်းဘုတ်သစ် တင်ပွဲ နှင့် ရုံးခန်းသစ် ဖွင့်ပွဲ အခမ်းအနားကို မတ်လ ၃ ရက်နေ့က ပြုလုပ်ခဲ့ပါသည်။ ဒလ မြို့နယ် က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် များနှင့် ဒေသခံပြည်သူ အမြောက်အများ တက်ရောက် ခဲ့ကြပြီး အဖွဲ့ချုပ် အဖွဲ့ဝင် ဦးထွန်းရင် မှ ဒလ မြို့နယ် အတွင်း အခုလိုမျိုး ရုံးခန်းသစ်တွေ ဖွင့်လှစ်တဲ့ လှုပ်ရှားဆောင်ရွက်မှုတွေမှာ ရဲအထူးသတင်း တပ်ဖွဲ့ SB တွေ က လိုက်လံ နှောင့်ယှက် မှုတွေ ရှိနေသည် ဟု ပြောကြားခဲ့ပါသည်။

ဝါးတရာစက်မှုဇုန် အကောင်အထည်ဖော်မှု လယ်သမားများကန့်ကွက်မည်

by Yangon Press International on Monday, March 12, 2012 at 7:58am ·

မတ်၊ ၁၂၊ ၂၀၁၂ (YPI)

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ၀ါးတရာ ၂၃ ရပ်ကွက်ရှိ စက်မှုဇုန် အကောင် အထည် ဖော်ခြင်းအား ယင်းစီမံကိန်းကြောင့် လယ်သိမ်းခံခဲ့ရသည့် လယ်သမားများက ကန့်ကွက်မည်ဟု လယ်သိမ်းခံ လယ်သမားတစ်ဦးဖြစ်သည့် ဦးရှိန်မြင့်ကပြောသည်။

“ စက်ရုံဆောက်ဖို့လာလုပ်တဲ့ သူတွေကို လယ်သမားတွေစုပြီးကန့်ကွက်မယ်။ ဋ္ဌာနဆိုင်ရာနဲ့ ပြောရမယ်ဆိုလည်းပြောမယ်။ ကျွန်တော်တို့ပိုင်တဲ့လယ်အတွက် ကျွန်တော်တို့ကန့်ကွက်မှာပါ” ဟု ၎င်းကပြောသည်။

ထိုသို့ကန့်ကွက်သည့်အပြင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ထံလည်း စာတင်ပြ တောင်းဆိုသွားမည်ဖြစ်ကြောင်း ၎င်း ကဆက်ပြောသည်။

လယ်သိမ်းခံအခြားလယ်သမားတစ်ဦးဖြစ့်သည့် ဦးစိုးဝင်းကလည်း “ လျော်ကြေးလည်း မလိုချင်ဘူး။ ကိုယ့်လယ်ပဲကိုယ်ပြန်လိုချင်တယ်။ အမေမွေးကတည်းက လယ်ပဲစိုက်စားလာတာ။ ဘာမှမလုပ်တတ်ဘူး” ဟု ပြောသည်။

ဝါးတရာ စက်မှုဇုန်စီမံကိန်းအတွက် ၀ါးတရာ ၂၃ ရပ်ကွက်ရှိ လယ်မြေဧက ၁၀၆၀ အား ၂၀၀၄ ခုနှစ်တွင် အစိုးရမှ သိမ်းယူခဲ့သည်။ ထိုသို့သိမ်းယစဉ်က နစ်နာကြေးပေးခဲ့ခြင်းမရှိပေ။

၂၀၀၄ ခုနှစ်နောက်ပိုင်း စက်မှုဇုန် အကောင်အထည်မဖော်သေးသဖြင့် ဒေသခံလယ်သမားများမှာ လယ်စိုက်ခွင့်ရရှိနေခဲ့ရာမှ မကြာသေးမီက ၀ါးတရာစက်မှုဇုန်နယ်မြေအတွင်း စက်ရုံအချို့ တည်ဆောက်ရန်ပြင်ဆင်မှုကြောင့် နယ်မြေခံလယ်သမားများ၏ လယ်ဧက ၅၀ မှာလယ်စိုက်ခွင့်ဆုံးရှုံးခဲ့ရသည်။

ယခုကိစ္စနှင့် ပတ်သက်၍ လယ်သမားများအရေးဆောင်ရွက်လျက်ရှိသည့် မစုစုနွေးက “ လယ်သမားတွေမျက်နှာကိုမကြည့်ဘဲအခုလိုလုပ်တာ ထမင်းရှင်ကို စော်ကားတာပဲ။ အစိုးရမှာ တာဝန်ရှိတယ်။ တိုင်းပြည်မှာ အများစုဖြစ်တဲ့ လယ်သမားတွေရဲ့အခွင့်အရေးကို ကာကွယ်ရေးတွေ၊ လယ်သမားဘ၀မြှင့်တင်ရေးတွေမလုပ်မချင်း ဒီမိုကရေစီဖော်ဆောင်တဲ့အစိုးရလို့ပြောလို့မရဘူး” ဟုပြောသည်။

ဝါးတရာစက်မှုဇုန်စီမံကိန်းကို ယခင်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သော ACE ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင်မှာ လက်ရှိအစိုးရ၏ အားကစားဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့၏ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း ဖြစ်သည်။

အလားတူဖြစ်ရပ်မျိုးအဖြစ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဒေါက်တာခင်ရွှေပိုင် ဇေကမ္ဘာ ကုမ္ပဏီမှလည်း မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာမှ လယ်ယာမြေများကို သိမ်းယူထားပြီး လယ်သမားများနှင့် ကုမ္ပဏီကြား အငြင်းပွားလျက်ရှိသည်။

စက်မှုဇုန်စီမံကိန်းများ အကောင်အထည်ဖော်ရန်အတွက် လက်ငုတ်လက်ရင်းလုပ်ကိုင်လျက်ရှိသော လယ်သမားများထံမှ လယ်ယာမြေများကို သိမ်းယူမှုများမှာ မြန်မာနိုင်ငံ အနှံ့အပြားဖြစ်ပွားလျှက်ရှိသည်ကို တွေ့ရသည်။ ။

ပြည်သူ့လွှတ်တော်သို့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် သွားရောက်လေ့လာ

by Yangon Press International on Monday, March 12, 2012 at 11:45am ·

မတ်၊ ၁၂၊ ၂၀၁၂ (YPI)

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ကျင်းပသော ပထမအကြိမ်ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးကျင်းပလျှက်ရှိရာသို့ ပထမဆုံးအကြိမ်အဖြစ် သွားရောက်လေ့လာကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်က “ ဘယ်သူနဲ့မှတော့ စကားပြောတာ မရှိဘူး။ လွှတ်တော်ထဲမှာ အမေးအဖြေတွေ နားထောင်ပြီး ပြန်သွားတာ” ဟု YPI သို့ပြောသည်။

အလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်(ခ)ခင်မောင်ရည်က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လွှတ်တော်၏ လုပ်ထုံးလုပ်နည်းများကို လာရောက်လေ့လာခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့လာရောက် လေ့လာခြင်းသည် ရွေးကောက်ပွဲဝင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ယောက် လွှတ်တော်သို့ ပထမဆုံးအကြိမ် လာရောက်လေ့လာခြင်းဖြစ်သည်ဟုလည်း ပြောသည်။

“ ဒေါ်အောင်ဆန်းစုကြည်လိုပဲ အခြား လွှတ်တော်ကိုယ်စားလှယ်တွေကို လည်း လွှတ်တော်ကို လာရောက်လေ့လာခွင့် ပြုသင့်တယ်။ မဟုတ်ရင် သူ့မို့လို့ လွှတ်တော်ထဲကို ၀င်ခွင့်ပြုတယ်ဆိုပြီး လွှတ်တော်အပေါ် အထင်လွဲနိုင်တယ်” ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ယနေ့ လွှတ်တော်သို့ သွားရောက်လေ့လာစဉ် အတွင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့နှင့်ပါ တွေ့ဆုံခဲ့သည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ၀င်ရောက်အရွေးချယ်ခံမည်ဖြစ်သည်။

Eleven Media Group
ဒေါ်အောင်ဆန်းစုကြည့်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့သည် ၄၅ မိနစ်ကြာ တွေ့ဆုံ စကားပြောမှုများ ပြုလုပ်ခဲ့ကြသည်။ ထိုတွေ့ဆုံမှုနှင့် ပတ်သက်၍ မည်သည့် အကြောင်း အရာများ ပြောဆိုသည်ကို မသိရှိရသေးဘဲ နှစ်ဦးသီးသန့်အနေဖြင့်
တွေ့ဆုံခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော် ဥက္ကဌနှင့် တွေ့ဆုံခဲ့ပြီးနောက် ပြည်သူ့လွှတ်တော်အစည်းအဝေး ကျင်းပနေခြင်းကို
မိနစ် ၃၀ ကြာ လေ့လာမှု ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် တွေ့ဆုံရာ၌ နိုင်ငံနှင့် တိုင်းပြည် ကောင်းကျိုးအတွက် ဆွေးနွေးမှုများ
ပြုလုပ်ခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်များကို နိုင်ငံပိုင် ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့မှ ဟောပြောရန်အတွက် အသံသွင်း၊ ရိုက်ကူးရေး ပြုလုပ်ရန် နေပြည်တော်သို့ ရောက်ရှိချိန်၌ လွှတ်တော်နှစ်ရပ်မှ ဥက္ကဋ္ဌများနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်ပါသည်။

The Voice Weekly






လမ်းတလျှောက် ဘေးအန္တရာယ်ကင်းစေဖို့ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံ

Uploaded by BurmaVJMedia on Mar 12, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည် အနှံ့အပြား ရွေးကောက်ပွဲ ဝင်ရောက်မည့် မဲဆန္ဒနယ်မြေတွေကို အခုရက်ပိုင်းအတွင်း ဆက်တိုက် သွားရောက်နေတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့နဲ့ နယ်ဝေး ခရီးစဉ်တွေအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို တာဝန်ယူပေးနေတဲ့ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ရာ နယ်မြေတွေတလျှောက် လိုက်ပါ ကူညီပေးကြတဲ့ ဒေသခံ အဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ လူငယ်တွေ၊ မီဒီယာအသီးသီးမှ သတင်းထောက်တွေနဲ့ မဲဆန္ဒနယ်မြေတွေမှာ ရှိတဲ့ ဒေသခံပြည်သူတွေ အကြား နားလည်မှုတွေ ရှိစေဖို့နဲ့ သွားရောက်ရာ လမ်းတလျှောက် ဘေးအန္တရာယ်ကင်းစေဖို့ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံလိုက်ပါတယ်။

ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးအကြောင်း ဟောပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်၏ မော်လမြိုင်မြို့ မိန့်ခွန်း

Uploaded by BurmaVJMedia on Mar 12, 2012

'ဒီမိုကရေစီရဲ့ သဘောတရားဟာ အများစုရဲ့ ဆန္ဒအရ လုပ်ရတာဖြစ်တယ်၊ လူနည်းစုရဲ့ အခွင့်အရေးကို လေးစားရမယ်၊ တန်ဖိုးထားရမယ်၊ ကျမတို့နိုင်ငံမှာ တိုးတက်ဖို့ဆိုရင် အားရှိတဲ့ လူတွေက အားနွဲ့တဲ့သူတွေကို ကူညီရမယ်' လို့ ဒေါ်အောင်ဆန်းစုကြည်က မော်လမြိုင်မြို့ ခြောက်မိုင် ကျွဲခြံကုန်းကျေးရွာ ဘောလုံးကွင်းမှာ ပြောကြားခဲ့သော မိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

၈၂ နှစ်မြောက်မွေးနေ့တွင်ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းစာနယ်ဇင်းရှင်းလင်းပွဲ

by Burma VJ Media Network



by Political Prisoner
အဘဦးဝင်းတင်၏၈၂ နှစ်မြောက်မွေးနေ့တွင်ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းစာနယ်ဇင်းရှင်းလင်းပွဲတစ်ရပ်ကို တော်ဝင်နှင်းဆီ ငြိမ်းချမ်းခန်းမတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ ဦးဝင်းတင်ဖောင်ဒေးရှင်းမှအတိဒုက္ခရောက်နေသော နိုင်ငံရေးအကျဉ်းသားများအတွက်နှင့် နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များကို ကူညီထောက်ပံ့သွားမည်ဖြစ်သည်။







(၂၄)နှစ်ပြည့်ကိုဖုန်းမော်နှစ်ပတ်လည်ကိုမင်းကိုနိုင်မိန့် ခွန်း


နိုင်ငံတကာတွင်ပူးတွဲကျင်ပပြုလုပ်ကြသော(၂၄)နှစ်ပြည့်ကိုဖုန်းမော်နှစ်ပတ်လည် မြန်မာနိုင်ငံ
လူ့အခွင့်အရေးနေ့ အခမ်းအနားများသို့ပေးပို့လာသော၈၈မျိုးဆက်များကိုယ်စား ကိုမင်းကိုနိုင်၏ ရုပ်သံဖိုင်
Uploaded by aunghtun1 on Mar 11, 2012

(၁၄) ရက်နေ့ညမြန်မာ့ရုပ်မြင်သံကြားမှာလွှင့်မဲ့ ဒေါ်အောင်ဆန်းစုကြည်မိန့် ခွန်း


from ပိုးလောက်လန်း facebook
ကော်မရှင်က ဖြတ်တောက်လို့ ရပေမယ့် MRTV ကတော့ သူတို့ပြောတဲ့အတိုင်းပဲ လွှင့်ပေးရမယ်လို့ လည်းဆိုပါတယ်။




ဒေါ်အောင်ဆန်းစုကြည် ၏ မိန့် ခွန်း ကို ဦးသန်းရွှေ တည်းဖြတ်
Freedom News Group
by FNG on March 12, 2012

FNG၊ ၊မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်မြင် သံကြား မှ
ပြောကြား မည့်မိန့် ခွန်း ကို ယခင် စစ် အစိုးရ အကြီး အကဲ ဗိုလ်ချုပ်မှုးကြီး အငြိမ်းစား
သန်းရွှေ က ကျကျနန တည်းဖြတ် ခဲ့ သည် ဟု မြန်မာ့ ရုပ်သံ အကြီးတန်း အရာ ရှိ တစ်ဦး က FNG ကို ပြောသည်။

ဝန်ကြီး ( ဦးကျော်ဆန်း) ကိုယ်တိုင် သွားပေး ရတာ ၊ နှစ်ရက် လောက် နေ တော့ မှ သွား ယူရ
တာ သူက မှင်နီ နဲ့ သူ ကိုယ်တိုင် တား ပြီး ပေးတာ က တစ်ခု ၊ အချော ပြန်ပြီး ကွန်ပျုတာ စာ
စီထား တာ တစ်ခု နှစ် ခု ပြန်ရလာ တယ် ၊ ပြီး တော့ မှ ဒေါ်စု ကို အကြောင်း ကြား ရတာ ဟု
ပြောသည်။

လက်ရှိ အစိုးရ ၀န်ကြီးများ တွင် တန်ခိုး သြဇာ ကြီးလှသည့် ၀န်ကြီး တစ်ဦး ဖြစ်သည့် ပြန်ကြား
ရေး ၀န်ကြီး ဦးကျော်ဆန်းသည် Wall Street Journal နှင့် တွေ့ ဆုံ စဉ် ဗိုလ်ချုပ်မှုး ကြီး စာ
ဖတ်နေသည် ဟု ပြောကြား ခဲ့ သည်။

ယမန် နေ့  က ဒေါ်အောင်ဆန်းစုကြည် ၏ မွန် ပြည်နယ် ခရီး စဉ် အတွင်း ကျိုက်မရော မိန့် ခွန်း
တွင်” စစ်အာဏာရှင်စနစ် အောက်မှာ နှစ်ပေါင်းများစွာရှိလာခဲ့ပြီး မနှစ်ကမှ အရပ်သားအစိုးရ
တရပ် ဖြစ်ပေါ်လာခဲ့တဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ဆိုတာ မရှိသေးဘဲ အာဏာရှင်စနစ်
ပြန်ဖြစ်လာမယ် မလာဘူး ဆိုတာကလည်း မရေရာသေးကြောင်း၊ ဒါကြောင့် အာဏာရှင်စနစ်
ချုပ်ငြိမ်းပြီး ဒီမိုကရေစီစနစ်ကို မှန်မှန်ဦးတည်ပြီး သွားနိုင်ဖို့ လူထုရဲ့ ထောက်ခံမှုလိုတယ်လို့
ဒေါ်အောင်ဆန်းစုကြည်က တက်ရောက် လာသည့် ပြည်သူ များ ကို ပြောကြား ခဲ့ သည်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ သည် ယခု နှစ် မတ် လ ၂၉ ရက်နေ့ တွင် တရုတ် ပြည် သို့  အလည်
အပတ် သွားရောက် မည် ဖြစ်သည်။