Tuesday, March 13, 2012

နိုင်ငံတော်အတွင်းရှိ ကူညီမှုပေးနိုင်သော လူကြီးများထံရေတပ်သားတဦးပေးစာ



သို့

နိုင်ငံတော်အတွင်းရှိ ကူညီမှုပေးနိုင်သော လူကြီးများထံပေးစာ

ကျွန်တော်၏အမည်မှာ အောင်ကျော်သူဖြစ် ပြီးကိုယ်ပိုင်အမှတ်36303/တပ်ကြပ်အဆင့်ဖြင့်တပ်မတော်ရေတွင်တာဝန်ထမ်းဆောင်
နေရင်း လူမှုဒုက္ခရောက်နေပါသဖြင့်အကူအညီပေးနိုင်ပါရန်လေးစားစွာဖြင့်တင်ပြအပ်ပါသည်။

ကျွန်တော်၏ဖြစ်စဉ်မှာ-

ကျွန်တော်သည် 2002 ခုနှစ်တွင် 10တန်းအောင်မြင်ပြီး 5နှစ်သက်တမ်းအာမခံစာချုပ်ဖြင့်တာဝန်ထမ်းဆောင်ရန် တပ်မတော်ရေမှလာရောက်ခေါ်ဆောင်သဖြင့်စတင်အမှုထမ်းဆောင်ခဲ့ပါသည်။တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း တာဝန်ကျရာရေပိုင်နက်ပင်လယ်များတွင် သက်စွန့်ဆန်ဖျားဖြင့်သွားရောက်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ နာဂစ်မှုန်တိုင်း
တွင်လည်း ကလေးငယ်ဖြင့် အိမ်ပြိုသွားသောဇနီးသည်အား ပြန်လည်မကူညီနိုင်ပဲ တိမ်းမှောက်သွားသော ကျွန်တော်၏ စစ်ရေယာဉ်415အား ပြန်လည်ကောင်းမွန်အောင် တစ်လ နှင့် တစ်ရက်ကြာအောင်သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

ယခု ကျွန်တော်သည် မြိတ်မြို့နယ် အစွန်ဘက် ပင်လယ်ထဲရှိ ရေနံစင် အားလုံခြုံရေး တာဝန်အဖြစ် (9လ)မျှတာဝန်ထမ်းဆောင်နေစဉ်တပ်လိုင်းခန်းတွင်ကျန်ခဲ့သော ကျွန်တော်၏ဇနီးအား ရဲဘော်ဖြစ်သူမှသစ္စာမဲ့စွာဖြင့် ခိုးယူပေါင်းသင်းရန် တစ်ဘက်နိုင်ငံသို့ ခေါ်ဆောင်သွားပါသည်။ ကျွန်တော့တွင် 2 နှစ် နှင့် 6နှစ် ကလေးငယ် နှစ်ဦးဖြင့်ကျန်ခဲ့ပြီး တပ်လိုင်းခန်းမှ (3)ရက်အတွင်း ဆင်းပေးရန်တပ်မှ နှင်ချခံခဲ့ပါသည်။




-သို့ဖြစ်ပါသဖြင့် ကျွန်တော်အလုပ်မှာ ပင်လယ်ထဲတွင် စစ်သဘောင်္အား စက်ပြင်တာ ၀န် ဖြစ်နေသည်က တစ်ကြောင်း သင်္ဘောတစ်စီးထဲတွင် အခြားသူများ၏ အထင်အမြင်သေးခြင်း ခံရခြင်းကြောင့်တစ်ကြောင်း အခက်အခဲများရှိပါသဖြင့် ရွာတွင်ကျန်ခဲ့သော76 နှစ်အရွယ် အမေအိုအား ပြုစုစောင့်ရှောက်ရင်း လယ်ယာလုပ်ငန်းအား ပြန်လည်လုပ်
ကိုနိုင်ရန် တပ်မတော်မှ နှတ်ထွက်ခွင့်ပြုပေးဖို့ တင်ပြခဲ့ပါသည်။
၎င်းတင်ပြမှုအားလက်မခံပဲ စစ်ရေယာဉ် 558မှ ဗိုလ်မှုးသန်းဇော်ထိုက်သည် ကလေးငယ်နှစ်ဦးအား ဆွေမျိုးများထံအပ်နှံပြီး တပ်မတော်တွင်ပြန်လည်ထမ်းဆောင်ရန်တွန်းအားပေး လက်မှတ်ထိုးခိုင်းခဲ့ပါသည်။ ယင်းအခက်အခဲများကြောင့် ဆက်လက်
တာဝန်ထမ်းဆောင်ရန် မဖြစ်နိုင်ကြောင်းတင်ပြသောအခါ ကျွန်တော့အား 12.2.2012 နေ/့မှ 16.2.2012 ထိ တပ်အချုပ်ထဲ တွင် ထည့်ထားခဲ့ပါသည်။ အပြင်တွင်ကျန်ခဲ့သော ခလေးများမှာ ကျမ်းမာရေးချို့တဲ့သဖြင့် ဒုက္ခရောက်နေသောကြောင့် တာဝန်ပြန်လည်ထမ်းဆောင်ပါမည်ဟု တောင်းပန်သောကြောင့် ပြန်လည်လွှတ်ပေးခဲ့ပါသည်။

ထို့ကြောင့်ယခုတွင်ကျွန်တော်သည်ကလေးငယ်နှစ်ဦးဖြင့် စေလွှတ်သောနေရာတွင်သွားရောက်တာဝန်ထမ်းဆောင်ရန် စောင့်ဆိုင်းရင်း ဒုက္ခဆင်းရဲရောက်နေပါသဖြင့်အကူအညီပေးနိုင်ကြပါရန် လေးစားစွာဖြင့်တင်ပြအပ်ပါသည်။


တပ်ကြပ်/41 အောင်ကျော်သူ


posted by https://www.facebook.com/luminthaungtun

ကြံဖွတ်အောင်နိုင်ရေးလက်ပ်တော့နဲ့ မဲဆွယ်

Kyaw Swar
အငြိမ့်လေးတစ်ခု ကြည့်ဖူးပါတယ် ။ တော်တော်များများလည်း ကြည့်ဖူးကြမှာပါ ။ လူရွှင်တော် တစ်ယောက်မေးထားတာက "မြန်မာနိုင်ငံမှာ မုသာဝါဒ ဖရုသ၀ါစ ညစ်ညမ်း ရုပ်ရင်းကြမ်းတမ်း မဟုတ်မမှန်သော စကားများကို အပြောအများဆုံးနေရာ" ဟာ ဘယ်နေရာလဲတဲ့ ။ အဖြေမှန်ရင် ဆုချမယ်ပေါ့ ။ ၁- ငါးစိမ်းတန်း ၂-ဖဲဝိုင်း ၃-ဘီယာဆိုင် စသဖြင့်ပေါ့ ။ တစ်ယောက်မှမမှန်ပါဘူး ။ အဖြေမှန်က " မြန်မာနိုင်ငံမှာ မုသာဝါဒ ဖရုသ၀ါစ ညစ်ညမ်း ရုပ်ရင်းကြမ်းတမ်း မဟုတ်မမှန်သော စကားများကို အပြောအများဆုံးနေရာ" ဟာ မြန်မာသတင်းစာများ ဖြစ်ပါတယ် ခင်ဗျားတဲ့ ။ အဲ့ဒီ့ ပြက်လုံး ထုတ်ခဲ့တဲ့သူသာ ဒီသတင်းလေးကိုများမြင်ရင် ရယ်စရာလည်း ရေးတတ်ရ်ျ ဘာမှမသိနားမလည်ပဲ မြှောက်ပင့်ပြောဆိုဖို့ တစ်ခုတည်းသာ နားလည်သော စတဲ့ စကားလုံးတွေများ ထပ်တိုးလေဦးမလားလို့ တွေးမိပါတယ် ။



ကိုဖုန်းမော် အမှတ်တရနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် အမှာစကားပြောကြား

Yangon Press International







The Voice Weekly
မတ်လ ၁၃ ရက်နေ့တွင် ကျရောက်သော ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်နှင့် ကိုစိုးနိုင် တို့ ကျဆုံးခြင်း ၂၄ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားကို ရန်ကုန်မြို့တော် ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် ကျင်းပခဲ့သည်။ (ဓါတ်ပုံ - ကျော်စွာစိုး)





မြန်မာ နိုင်ငံသားများသည် ကမ္ဘာ့လူသား အားလုံး ရရှိနေသော အခွင့်အရေးများ ရသင့် ရထိုက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ အခမ်းအနားတွင် ပြောကြားသည်။ ၁၉၈၈ အရေးအခင်း ဖြစ်ပွားစေခဲ့သော မီးပွားတစ်ရပ် ဖြစ်ခဲ့သည့် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ စက်မှုတက္ကသိုလ် ဝင်းအတွင်း ကျဆုံးခဲ့သော ယင်းနေ့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အဖြစ် ကျောင်းသား ခေါင်းဆောင်များက သတ်မှတ်ထားသည်။

AP




လူ့အခွင့်အရေးရအောင် အားထုတ်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

2012-03-13
ကမ္ဘာ့လူသားအားလုံးမှာ ရရှိနေတဲ့ အခွင့်အရေးတွေကို မြန်မာနိုင်ငံသားတွေ ခံစားခွင့်ရအောင် ကြိုးပမ်းဆောင်ရွက်ကြဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့နဲ့ ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ ကျဆုံးတဲ့ ၂၄ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။ ကိုဖုန်းမော်ကျဆုံးတဲ့ ၁ နှစ်ပြည့်နေ့မှာ နိုင်ငံရေးအင်အားစုတွေက မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ကို သတ်မှတ်ခဲ့တာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြပါတယ်။

“ပထမတစ်နှစ်မြောက် ကိုဖုန်းမော်ကျဆုံးတဲ့နေ့နဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးများ မရှိခြင်းများနဲ့ ဆက်နွယ်နေတယ် ဆိုပြီးတော့ ကျွန်မတို့ အဲဒါနဲ့ပဲ အားလုံးကလည်း သဘောတူလို့ ဆုံးဖြတ်လိုက်တယ်။ မြန်မာနိုင်ငံအတွက် လူ့အခွင့်အရေးနေ့ဆိုပြီးတော့ ကျွန်မတို့ သဘောတူလိုက်ကြတယ်။ ဘာပဲလုပ်လုပ် အပြုသဘောဆောင်တဲ့ရည်ရွယ်ချက် ရှိရမယ်။”

ဒါ့အပြင် မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး အရေးကြီးပုံနဲ့ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်တွေကို အရှိန်မြှင့်ပြီး ညီညီညွတ်ညွတ် လုပ်ဆောင်သွားကြဖို့လည်း ပြောကြားသွားပါတယ်။ ဒီအခမ်းအနားမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကလည်း အမှာစကား ပြောကြားပါတယ်။

အခုလို အခမ်းအနားကျင်းပခွင့်ရဖို့ ပေးဆပ်ခဲ့ရတာကြောင့် ဒီအခွင့်အရေးတွေကနေ မြန်မာပြည်သူတွေ လူ့အခွင့်အရေး အမှန်တကယ်ရရှိရေးကို ကြိုးစားသွားကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။ ဒီအခမ်းအနားကို ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားများသမဂ္ဂ နဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ စုပေါင်းကျင်းပတာဖြစ်ပြီး သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၊ ဦးမိုးသူ အပါအ၀င် နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ နိုင်ငံရေးပါတီတွေ၊ စာပေအနုပညာရှင်တွေ၊ ကျောင်းသားအင်အားစုတွေ သုံးရာခန့် တက်ရောက်ခဲ့ကြပါတယ်။

ဒီကနေ့မှာပဲ ၈၈ မျိုးဆက်ကျောင်းသားများက မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။

ဒီကြေညာချက်မှာ မတ်လ ၁၃ ရက်နေ့ကို နိုင်ငံရေးအင်အားစုတွေက မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့အဖြစ် ၁၉၈၉ ခုနှစ်မှာ သတ်မှတ်ခဲ့ကြပေမယ့် နှစ်ပေါင်း ၂၀ ကျော်ကြာ ဒီကနေ့မှ စုဝေးခွင့်တွေ အခမ်းအနားကျင်းပခွင့်တွေ ရခဲ့တာဖြစ်ကြောင်း၊ ဒီအခွင့်အရေးကို ဆက်လက်ထိန်းသိမ်းထားဖို့နဲ့ ရှင်သန်ကြီးထွားနိုင်ဖို့ အားလုံးမှာ တာဝန်ရှိကြောင်း၊ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ပါဝင် သဘောတူ လက်မှတ်ရေးထိုးခဲ့တဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းကို ပြည်သူတွေ သိရှိဖို့၊ လူ့အခွင့်အရေးကို ခံစားကျင့်သုံးနိုင်ရေးအတွက် နိုင်ငံရေးအင်အားစုအားလုံးနဲ့ နိုင်ငံသားအားလုံး ပူးပေါင်းကြိုးပမ်းကြဖို့ တိုက်တွန်းထားပါတယ်။
http://www.rfa.org/burmese/news/burma-hrs-day-03132012100942.html

အင်္ဂါ, 13 မတ် 2012
မြန်မာနိုင်ငံသားတွေ လူ့အခွင့်အရေး အပြည့်အ၀ခံစားနိုင်ဖို့ ဒေါ်စု ဆန္ဒပြု
By သင်းသီရိ
ဓာတ်ပုံ ASSOCIATED PRESS
ဒီကမ္ဘာမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ  လူသားတိုင်းရသင့် ရထိုက်တဲ့ လူ့အခွင့်ရေးတွေကို ရယူ ခံစားနိုင်ခွင့် ရှိရမယ်လို့  မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ရန်ကုန်မြို့မှာ ဒီကနေ့ ကျင်းပတဲ့  မြန်မာနိုင်ငံ လူ့အခွင့်ရေးနေ့  အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။  မြန်မာနိုင်ငံမှာ လူ့အခွင့်ရေးအခြေအနေတချို့ တိုးတက်မှု ရှိလာတယ်ဆိုပေမဲ့  နိုင်ငံမှာ ဒီထက် ပိုမို ကောင်းမွန်တဲ့ လူ့အခွင့်ရေး တွေ ရဖို့ လိုသေးတယ်လို့လည်း လူ့အခွင့်ရေးလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။ ဒီအခြေအနေအပြည့်အစုံကိုတော့ မသင်းသီရိက ဆက်ပြောပြပေးမှာပါရှင်၊
ဒီကနေ့ မတ်လ ၁၃ ရက်နေ့ဟာ   ၁၉၈၈ ခုနှစ်တုန်းက စက်မှုတက္ကသိုလ် ကျောင်းသားကိုဖုန်းမော် ကျဆုံးတဲ့နေ့ ဖြစ်ပြီး မြန်မာနိုင်ငံမှာ ၁၉၈၉ ခုနှစ်ကစလို့  ဒီနေ့ကို မြန်မာနိုင်ငံ လူ့အခွင့်ရေးနေ့ အဖြစ် သတ်မှတ်ကျင်းပလာတာ အခု ၂၃နှစ် ပြည့်ပြီ ဖြစ်ပါတယ်၊  ဒါ့ကြောင့် ဒီကနေ့ ကျရောက်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်ရေးနေ့ကို  ရန်ကုန်က တော်ဝင်နှင်းဆီမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ   စက်မှု တက္ကသိုလ်ကျောင်းသားဟောင်းတွေ က ဦးဆောင်ပြီး  အခမ်းအနား ကျင်းပခဲ့တာပါ၊ ဒီအခမ်းအနားကို တက်ရောက်ခဲ့တဲ့  ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ လူသားတိုင် ရသင့် ရထိုက်တဲ့ လူ့အခွင့်ရေးတွေကို ခံစားနိုင်ခွင့် ရှိရမယ်လို့ ပြောပါတယ်။
"ကျမတို့ဟာ ဒီကမ္ဘာကြီးမှာ နေတဲ့ လူသားတွေထဲက တစိတ်တပိုင်းဖြစ်တယ်ဆိုတာကို အမြဲ မမေ့တမ်း နှလုံးထဲမှာ စွဲထားရမှာဖြစ်ပါတယ်။ ဒီတော့ ကျမတို့ လူ့အခွင့်အရေးလို့ ပြောတာ မြန်မာနိုင်ငံသူ နိုင်ငံသား အခွင့်အရေးလို့ ပြောနေတာမဟုတ်ဘူး။ မြန်မာနိုင်ငံသူ နိုင်ငံသားများဟာ လူသားတိုင်း ရသင့် ရထိုက်တဲ့ အခွင့်အရေးကို ရရမယ်လို့ ပြောနေတာဖြစ်ပါတယ်။ ကျမအနေနဲ့ မြန်မာနိုင်ငံမှာ မကြာခင်အချိန်အတွင်း လူ့အခွင့်အရေး ပြည့်ပြည့်၀၀ ခံစားနိုင်ပါစေ၊ တကမ္ဘာလုံးမှာလည်း ကမ္ဘာ့လူသားအားလုံး လူ့အခွင့်အရေးပြည့်ပြည့်၀၀ ခံစားနိုင်ပါစေလို့ ကျမနဲ့ အတူ ဆန္ဒပြုကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။"
မြန်မာနိုင်ငံ ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးတွေအတွက် စတင်လှုပ်ရှားခဲ့တဲ့ ၈၈ အရေးတော်ပုံကြီးကို အခြေခံတဲ့ ဒီနေ့ဟာ သမိုင်းဝင်နေ့တနေ့ ဖြစ်ပြီး တိုးတက်မှုဘက် ဦးတည်တဲ့ ခြေလှမ်းတွေ အတူ လှမ်းကြဖို့နဲ့  ပညာရေးကဏ္ဍ အရေးကြီးပုံ တွေကိုလည်း ထည်သွင်းပြောကြားသွားပါတယ်။
"ကျမတို့ အဲဒီတုန်းက မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ဆိုပြီးတော့ အားလုံးသဘောတူပြီးတဲ့နောက်မှာ လူ့အခွင့်အရေးဆိုတဲ့ အသုံးအနှုန်းက ဒီနိုင်ငံမှာ အတော်လေး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာပါတယ်။ ကျမတို့ ဘယ်ကို သွားသွား တိုးတက်တဲ့ ဘက်ကို ဦးတည်ရမယ်။ တိုးတက်အောင် လုပ်ချင်တဲ့စိတ် ရှိရမယ်။ အဲဒီလို စိတ်ဓာတ်ရှိမှလည်း တိုးတက်နိုင်မှာ။ ပြီးတော့ အဖြစ်တခုကို သုံးသပ်တဲ့အခါမှာ နက်နက်နဲနဲ သုံးသပ်ရမယ်။ အပေါ်ယံကျော ကြည့်လို့မရဘူး။ ကျမတို့ နိုင်ငံအတွက် မျှော်လင့်ချက်တွေ များတယ်။ ဒါပေမဲ့ မျှော်လင့်ချက်ဆိုတာ မျှော်လင့်ချက်နဲ့ မပြီးဘူး။ အလုပ်လုပ်မှ ဒီမျှော်လင့်ချက်ကို အကောင်အထည်ဖော်နိုင်မှာ၊ ဒါကြောင့် ကျမတို့ ကလေးတွေကို ပညာသင်ပေးရမယ်။ ပညာသင်ပေးထားတယ်။ ပညာဆိုတာဘာလဲဆိုတော့ နောက်ဆုံးကျတော့ အခြေအနေတခုကို မှန်မှန်ကန်ကန်သုံးသပ်ဆင်ခြင်နိုင်ခွင့်၊ အဲဒီဟာ ပညာပဲ။"
ဒါကတော့ ဒီကနေ ရန်ကုန်  တော်ဝင်နှင်းဆီမှာ ကျင်းပတဲ့ စက်မှုတက္ကသိုလ်ကျောင်းသား  ကိုဖုန်းမော် ကျဆုံးခြင်း  ၂၄ နှစ်ပြည့် နဲ့  မြန်မာနိုင်ငံ လူ့အခွင့်ရေးအနေ့ အခမ်းအနားတွင်း ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ မိန့်ခွန်းထဲက တချို့ကို ကောက်နှုတ် တင်ပြပေးခဲ့တာပါ။ လွန်ခဲ့တဲ့ ၂၃ နှစ်က စလို့  လူ့အခွင့်ရေးနေ့ရယ်လို့ သတ်မှတ်ကျင်းပလာခဲ့ပေမဲ့ ဒီနေ့ထိတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်ရေးတွေ အပြည့်အ၀ မရသေးဘူးလို့  ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က သုံးသပ်ပါတယ်။
"တကယ်ပြောင်းလဲရတော့မယ့်နေရာကို အသိတရားနဲ့ ပြောင်းလဲခြင်းဆိုရင်တော့ ခုလက်ရှိအခြေအနေကို ကျနော်တို့ ကြိုဆိုရမယ်။ နှစ်ဦးနှစ်ဘက်ပေါင်းပြီးတော့ ဒါကို ချဲ့ထွင်သွားရလိမ့်မယ်။ အဲတော့ ကျနော်တို့ဘက်က လိုတာက ကိုဖုန်းမော် ကျဆုံးခဲ့ပြီးတာဟာ မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့လို့ ၂၃နှစ် ပြည့်တဲ့အထိ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးတွေ မရသေးဘူး။ ခုမှ စပြီး လူ့အခွင့်အရေးအတွက် ကြိုးစားကြရမယ်။ အဲဒီအတွက် တကမ္ဘာလုံးမှာ ပေးနေတဲ့ လူ့အခွင့်အရေး စံချိန် စံညွှန်းတွေ အတိုင်း မြန်မာပြည်သူ ပြည်သားတွေလည်း ရနိုင်ဖို့အတွက် ပြည်သူလူထုဆီသို့ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျနော် အားလုံးကို ဖိတ်ခေါ်ထားခဲ့ပါတယ်။ တိုင်းရင်းသားတွေမှာ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတာတွေ များစွာ ရှိမယ်ဆိုတာလည်း သေချာပါတယ်။"
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ပါ။ ဒါပေမဲ့ အရင်ကထက်စာရင် လူ့အခွင့်ရေးအခြေအနေတွေဟာ အခု တိုးတက်မှု တစုံတရာ ရှိလာပေမဲ့  ဒီထက်ကောင်းမွန်တဲ့ အခြေအနေတွေနဲ့ တိုးတက်မှုတွေရဖို့ လိုနေသေးတယ်လို့လည်း လူ့အခွင့်ရေးကော်မရှင်  ဥက္ကဋ္ဌ ဦးဝင်းမြက သုံးသပ်ပါတယ်။
"လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး အသိတရားရှိမှု Awareness က အရင်ထက် အများကြီးတိုးတက်ကောင်းမွန်လာတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ နိုင်ငံမှာ ဖြစ်နေတဲ့ အခြေနေကို ဒီထက် တိုးတက်ကောင်းမွန်အောင်တော့ ပိုမိုကြိုးစား ဆောင်ရွက်ဖို့ လိုနေသေးတယ်လို့ ပြောလိုပါတယ်။ ပြီးတော့ အရေးကြီးတာက အကယ်၍ ပဋိပက္ခဖြစ်နေတဲ့ နေရာက လူ့အခွင့်အရေးအခြေနေနဲ့ ပတ်သက်လို့ကတော့ တိတိကျကျ ဘာမှပြောလို့ မရပါဘူး။ ဒါကြောင့် ပဋိပက္ခဖြစ်နေတဲ့ နေရာတွေမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေက ခုချိန်မှာ တိတိကျကျ ပြောဖို့ ခက်ပါတယ်။"
လူ့အခွင့်ရေးကော်မရှင်  ဥက္ကဌ ဦးဝင်းမြက သုံးသပ်ခဲ့တာပါရှင်။ ဒီကနေ့ ကျရောက်တဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေးနေ့ အခမ်းအနားတွေကို နယ်မြို့တချို့မှာလည်း ကျင်းပကြသလို  ထိုင်းနိုင်ငံအပါအ၀င် တခြား  နိုင်ငံတချို့မှာလည်း  ကိုဖုန်းမော်ကျဆုံးခြင်း နှစ်ပတ်လည်နဲ့ လူ့အခွင့်ရေးနေ့ အခမ်းအနားတွေကို ကျင်းပကြပါတယ်။
http://www.voanews.com/burmese/news/03-13-12--burma-humanrights-day--142462615.html

ဝန်ကြီးဌာနတွေရဲ့  ငွေသိန်းထောင်ချီ အလွဲသုံးမှု တွေလွှတ်တော်မှာဖွင့်ချ



အစိုးရ၀န်ကြီးဌာနတွေ အတွင်း ငွေကျပ်သိန်းပေါင်းထောင်ချီကွာဟမှု
Published on March 13, 2012 by ​အေး​နိုင် ·

ပြည်ထောင်စုဝန်ကြီးဌာနများရဲ့ကျပ်သိန်းပေါင်းထောင်ချီတဲ့ အလွဲသုံးစားမှုများနဲ့ ငွေစာရင်းအင်း မမှန်မကန် ဖော်ပြမှုများကို ပြည်ထောင်စု စာရင်းစစ်ရုံးက စစ်ဆေးတွေ့ရှိခဲ့ပြီး လွှတ်တော်ကို တင်ပြလိုက်ပါတယ်။ ဒါဟာ ဒုတိယအကြိမ် တင်ပြချက် ဖြစ်ပြီး ပထမအကြိမ်တုန်းကလည်း မအောင်မမြင်ဖြစ်တဲ့ စီမံကိန်းတွေကိစ္စကို တင်ပြခဲ့လို့ မြစ်ရေတင် စီမံကိန်းတွေ အတော်များများ ရပ်ဆိုင်းသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အခုမှာ လွှတ်တော်က ဘယ်လို ဆုံးဖြတ်မယ် ဆိုတာ မသိရသေးပါဘူး။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း လသာ အမတ် ဦးကြည်မြင့်ကို မေးမြန်းထားပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ ပြည်ထောင်စု စာရင်းစစ်ချုပ်ကနေပြီးတော့ လွှတ်တော် ငွေစာရင်းကော်မတီထံကို ပေးပို့တဲ့အစီရင်ခံစာနဲ့ ပတ်သက်ပြီး နည်းနည်းပြောပြပါလား။

“ဒီဟာက ပြည်ထောင်စု စာရင်းစစ်ချုပ်က ပြည်သူ့ငွေစာရင်းကော်မတီကို ဘဏ္ဍာငွေ ရသုံးဆိုင်ရာ ဥပဒေအပေါ်မှာ သူ့ရဲ့တွေ့ရှိချက်ကို ပြည်သူ့လွှတ်တော်ကို ပို့လိုက်တာပါ။ အခုဖြစ်တဲ့တခုမှာ သူပို့ထားတာက ကန်ချောင်းဆည်မြောင်း တာတမံတွေ လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ စာရင်းစစ်ချုပ်ရဲ့ တွေ့ရှိချက်ကို ပြည်သူ့လွှတ်တော်ကို အစီရင်ခံထားတာ။ ဒါကပထမတခု၊ ဒုတိယတခုက ဘဏ္ဍာငွေ ရသုံးဆိုင်ရာ ဥပဒေအပေါ်မှာ စစ်ဆေး တွေ့ရှိချက်ကို ပြည်သူ့လွှတ်တော်ကို တင်ပြတာ။ အဲဒါကို ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်း ကော်မတီက စတင်သုံးသပ်နေတာ။ ကျနော်တို့ ဘတ်ဂျက်ပိုင်းကို သိပ်မလာသေးဘူး။ အဲဒီမှာ ၀န်ကြီးဌာန အလိုက်ဆိုရင် စက်မှုဝန်ကြီးဌာန၊ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သမ၀ါယမ၀န်ကြီးဌာန၊ အဲ့ဒါတွေကို သုံးသပ်ထားတာတွေ ပါတယ်။”

ဝန်ကြီးဌာန တချို့က ကျပ်ငွေသိန်းပေါင်း ထောင်ချီပြီး ငွေကြေးအလွဲသုံးစားပြုလုပ်မှုတွေနဲ့ ငွေစာရင်း မမှန်မကန် ဖော်ပြမှုတွေကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးကနေ ရှာဖွေတွေ့ရှိခဲ့တယ် လို့ သတင်းတွေမှာလည်း ရေးသားဖော်ပြကြတယ်။ ကြားပါတယ်။ ဒါမှန်ပါသလား။ ဘယ်အချက်တွေကို ထောက်ပြီး ပြောကြတာလဲ။

“မှန်ပါတယ်။ စာရင်းစစ်ချုပ်ရုံးဆိုတာက ရှေးထဲက ရှိပြီးသားလေ။ လမ်းစဉ်ပါတီခေတ်မှာ ဆိုရင် လုပ်ငန်းစစ်ဆေးရေး အဖွဲ့ဆိုပြီး အာဏာပိုင် ၄ရပ်ဆိုပြီး ရှိခဲ့တာလေ။ အခုခေတ် ကျတော့ အာဏာပိုင် သုံးရပ်ပဲ ရှိတဲ့ အခါကျတော့ စီမံကိန်းနဲ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန အောက်ကို ရောက်သွားတာပဲ။ သူ့ရဲ့ တာဝန်နဲ့ လုပ်ငန်းတွေကျတော့ ၀န်ကြီး ဌာနတွေ၊ ရုံးတွေမှာ စာရင်းစစ်အဖွဲ့တွေကို ထားပေးထားရတာ ရှိတယ်။ ဌာနတွေရဲ့ ငွေစာရင်းတွေ၊ စီမံကိန်းနဲ့ ပတ်သက်တဲ့ စာရင်းတွေကို အမြဲတမ်း စစ်ဆေးတာတွေ ရှိတယ်။ လုပ်ပိုင်ခွင့်လည်း ဖြစ်တယ်။ စစ်ဆေးပြီးတဲ့အခါမှာ တွေ့ရှိချက်တွေကို သာမန်ပဲ တိုက်ရိုက် ၀န်ကြီးအဖွဲ့ကို တင်ပြလိုက်တာပေါ့။ ၀န်ကြီးအဖွဲ့ကပဲ ကိုယ့်အချင်းချင်း ဖြေရှင်းယူတာပေါ့။ အခုကတော့ ပြည်သူ့လွှတ်တော်ရှိတဲ့အတွက် လွှတ်တော်ကို ပို့လိုက်တာပေါ့။ လွှတ်တော်က ဒီဟာတော့ ကွာခြားချက် ရှိတယ်၊ လိုအပ်ချက်ရှိတယ် ဆိုပြီးတော့ သမ္မတနဲ့ ၀န်ကြီးအဖွဲ့ကို သုံးသပ်တင်ပြချက် လုပ်တာပေါ့။ ဒီ နှစ်ခုကြောင့် လုပ်ရိုးလုပ်ငန်းပုံစံတော့ ကွဲသွားတာပေါ့။ ကွဲသွားတယ် ဆိုပေမယ့် စာရင်းစစ်ချုပ်ရုံး ဆိုတာက အရင်တုန်းက ပြည်သူ့လုပ်ငန်း စစ်ဆေးရေးဌာနရဲ့ လုပ်တဲ့ ပုံစံအတိုင်းပဲ လုပ်တာပေါ့။ လုပ်တဲ့အခါမှာ နည်းနာ တခုချင်းကနေပြီးတော့၊ အထူးသဖြင့် ဘတ်ဂျက် ကာလ ရောက်တဲ့အခါကျတော့ ဘတ်ဂျက်မှာ နောက်ထပ် ငွေတောင်းထားတဲ့ ကိစ္စမျိုးတွေ နောက် နှစ်အတွက် ငွေလျာထားတဲ့ ကိစ္စမျိုးတွေ၊ ကျနော်တို့ အသေးစိတ် စာရင်းတွေ ပေးထားရတယ်။ ကျနော်ပြောဖူးပါတယ်။ ဆာလာအိတ် တလုံးစာလောက် လွှတ်တော် ကိုယ်စားလှယ်တယောက်စီကို လေ့လာဖို့ ဆိုပြီးတော့။ ဌာနတခုချင်းအလိုက် ရေးထားတာရှိတယ်။

အဲဒီမှာ ပြန်ပြီးတော့ လေ့လာတဲ့ အခါကျတော့ စောစောကပြောသလို ၀န်ကြီးဌာန တော်တော်များများမှာ လိုအပ်တဲ့ အသုံးစရိတ်ထက် ပိုပြီးတော့ တောင်းထားတာတွေ စီမံကိန်း မအောင်မြင်တာတွေ။ ကုန်ကျတာနဲ့ ပြန်ရတာ မကိုက်ညီတာတွေ။ မကိုက်မှန်းလည်း သိလျက်နဲ့ လုပ်တာတွေက ပြည်သူ့အတွက် အကျိုးရှိ၊ မရှိဆိုတဲ့ ကျင့်ထုံးဥပဒေ မပါဘဲ လုပ်ထားတာတွေ၊ အစသဖြင့် မြင်တာကို သူက ထည့်ပြော သွားတယ်။ သူ့အနေနဲ့ လုပ်ပိုင်ခွင့်လည်းရှိတယ်။ ပြောပိုင်ခွင့်လည်း ရှိတယ်။ အမြဲတမ်းလည်း အနီးကပ်ပြီးတော့ သူ့ရဲ့စာရင်းစစ်အဖွဲ့ကို ချထားပြီးတော့ စစ်ဆေးနေတာ။”

အဲဒီတော့ ကျနော်တို့တွေ့တာ ကြောက်ခမန်းလိလိပဲ။ ကျပ်သိန်း ထောင်ချီပြီးတော့ အဲဒါမျိုး ဖြစ်တယ်ဆိုတော့ ငွေစာရင်း မမှန်မကန် ဖြစ်တာတွေ တွေ့ရတယ်။ အခုလိုမျိုး ဖြစ်တာ အခု ဘဏ္ဍာရေးနှစ်မှာမှ ဖြစ်တာမဟုတ်ပဲနဲ့ ဟိုးအရင် ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်ကနေ စဖြစ်တယ် ဆိုတာတွေလည်း တွေ့ရတယ်။ အရင်တုန်းကတော့ နအဖအစိုးရ အုပ်ချုပ်တော့ ဒီကိစ္စက ညှိပြီးတော့ ပြေလည်ကောင်း ပြေလည်မှာပေါ့။ အခုက လွှတ်တော် ပေါ်လာပြီဆိုတော့ လွှတ်တော် ကိုယ်စားလှယ်တွေလည်း ရှိလာပြီလေ။ ဒီဟာနဲ့ပတ်သက်လို့ လွှတ်တော် ကိုယ်စားလှယ်တွေကကော ဘယ်လိုမျိုး ရပ်တည်ကြလည်း၊ အခုတောင်းပန်လိုက်ရင် ပြီးသွားကောလား။ ဘယ်လိုဆက်လုပ်မလဲ။

“မရဘူး။ အဲဒါကျတော့လည်း လွှတ်တော်က ကြာသွားတာ။ ကျနော်တို့ကလည်း တွေ့ရှိချက်ကို တွေ့ရှိချက်အတိုင်း ပြောတယ်ပေါ့။ အဲဒီလိုပဲ ခုနကစာရင်းစစ်ချုပ်ကလည်း ခေတ်စနစ်နဲ့ ပြောင်းလဲသွားတာနဲ့အညီ သူကလည်းပဲ အရင်လို အစိုးရအဖွဲ့ကို အစီရင်ခံရတာ မဟုတ်တော့ပဲနဲ့ လွှတ်တော်ကို တင်ပြရတာ။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကို အစီရင်ခံရတဲ့ သဘောရောက်တော့ ပြည်သူ့ကိုယ်စားလှယ် တွေဆီကို ရောက်လာတယ်။ ပြည်သူ့ကိုယ်စားလှယ်တွေက ဒီပေါ်မှာ တည်ပြီးတော့ အရင်အတိုင်းတော့ လက်မခံနိုင်ဘူးပေါ့။ ပထမနှစ်မှာ အချိန်ကလည်း မရှိတော့လို့၊ ဖြစ်တယ်ဆိုဦးတော့၊ ကျနော်တို့ဘက်က စာရင်းစစ်ချုပ်ရဲ့ တွေ့ရှိချက်ကို ကျနော်တို့က ထောက်ခံထားတယ်။ ကျနော်တို့ ကိုယ်တိုင်လည်း ဒီဥစ္စာကို လက်ခံ ယုံကြည်ထားတယ် ဆိုတဲ့ သဘောတရားတွေနဲ့ ကျနော်တို့ လျော့ခိုင်းတယ်ပေါ့။ ဒီသဘောမျိုးတော့ လုပ်နေတယ်။”

အခုလဲ ဒီကိစ္စမပြတ်သေးဘူးထင်တယ်။

“မပြတ်သေးဘူး။ ဘတ်ဂျက်အပိုင်းကို မပြတ်သေးဘူး။ စီမံကိန်းအပိုင်းမှာပဲ လာပြီးတော့ ဒီကိစ္စက စီမံကိန်းအပိုင်းမှာ ပါလာတာကို။ ဘတ်ဂျက်ကို စစ်ဆေးပြီးတဲ့အခါကျတော့ ရှေ့က စီမံကိန်းတွေ ပရောဂျက်တွေ လာပြီးပေါ်တယ်။ အစိုးရဘက်ကလည်း ရိုးသားမှု ရှိပါတယ်။ ကျနော် ပြောချင်တာက အမျိုးသားစီမံကိန်းနဲ့ စီမံချက်တွေကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာကို ထည့်ထားတယ်။ လွှတ်တော်ကို ပြရမယ်ဆိုတာကိုပေါ့၊ အခုက ဘတ်ဂျက်ကို မဆွေးနွေးခင်မှာပဲ ဘတ်ဂျက်ရှေ့ကနေ ဒီလိုဖြစ်ပေါ်စေတဲ့ အစိုးရရဲ့ စီမံကိန်းတွေ ကို လာပြီးတော့ စစ်ဆေးပြီးသား ဖြစ်သွားတယ်။ အဲဒီမှာ စီမံကိန်းတွေမှာ လွဲချော်တာတွေ မြင်သွားတယ်။ အလွဲသုံးစား လုပ်တယ်လို့တော့ စွပ်စွဲမှုတွေ မရှိဘူးပေါ့။ ဒါပေမယ့်လည်း လုပ်ငန်းတခုက အကျိုးသက်ရောက်မှုနဲ့ အကျိုးအမြတ်က မကိုက်မှန်း သိသိနဲ့ လုပ်ထားတာတွေက အခုပေါ်လာတော့ ပေါ်လာတဲ့အတိုင်းပဲ ဒီကိစ္စကို လျှော့ဖို့ ဖျောက်ဖို့ ကျနော်တို့ပြောတယ်။”

အခု ကျနော်တို့တွေ့ရတဲ့ စာရင်းအရဆိုရင် ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ ဘဏ်သို့ ပေးသွင်းထားတဲ့ နိုင်ငံပိုင် သတင်းစာများအတွက် ရောင်းရငွေ ကျပ်ငွေ သိန်းပေါင်း ၂၅၈၀ ကျော်ကို ဌာနက ပြန်လည်ပေးသွင်းခြင်း မပြုဘဲ အလွဲသုံးစား ပြုလုပ်ထားပြီး စာရင်းစစ်ချုပ်ရုံးက စစ်ဆေးတွေ့ရှိရသဖြင့် ကျပ်ငွေ သိန်းပေါင်း ၁၅၀၀ ကျော်ကိုသာ ပြန်လည်ပေးသွင်းခဲ့ကြောင်း သိရပါတယ်။ ဒီကိစ္စက မှန်လား။

“ဟုတ်ပါတယ်။ သူက တွေ့ရှိသလောက်ကို ပြန်မသွင်းဘူးပေါ့။ သို့သော်လည်း သူ့မှာလည်း သူပြစရာ အကြောင်းတွေတော့ ရှိပါလိမ့်မယ်။ မီးရထားဌာနဆို ကျပ် သိန်းပေါင်း ၅၀၀၀ ကျော်ကို ပြန်သွင်းပေးရတယ်။ ကောင်းသွားတာပေါ့။ အရင်လို လွှတ်ထားတာနဲ့ စာရင်တော့ အတော်များများက ပြည်သူ့ဘဏ္ဍာထဲကို ပြန်ဝင်လာတာပေါ့။”

အမှတ်(၁) စက်မှု ၀န်ကြီးဌာနရဲ့ ငွေကြေးအလွဲသုံးစားမှုမှာလို့ ထောက်ပြထားတာ ရသာချို ခေါက်ဆွဲခြောက်လုပ်ရန်၊ မီးထိုးဆီ ဂါလံ ၂ သိန်းကျော်ကို ချောက်ရေနံချက်စက်ရုံက ထုတ်ပြီးတော့ အပြင်ကို လက်လွှဲရောင်းချခဲ့တယ်တဲ့။ အဲဒါမျိုးတွေလည်း ပါတယ်။ ဒါတွေကော မှန်လား။

“များသောအားဖြင့်ကတော့ ကျနော်တို့မှာ ကော်မတီဝင်ရှိတယ်။ ကော်မတီက တခြားလုပ်ငန်း လုပ်ဖို့လည်း ဖွဲ့တာတော့ မှန်တာပေါ့။ သို့သော်လည်း ဘတ်ဂျက်နဲ့ ပတ်သက်တဲ့ကာလ ရောက်လာတဲ့အခါကျတော့ ကော်မတီတခုကနေ ၀န်ကြီးဌာန တခုလုံး၊ ၀န်ကြီးဌာန မဟုတ်လို့ရှိရင် ပြည်ထောင်စု အဆင့်အဖွဲ့အစည်းတွေ ဥပမာ – ရွေးကောက်ပွဲကော်မရှင်လို၊ ဥပဒေရေးရာအကြံပေး အဖွဲ့တွေလို၊ ဖြစ်ရင်ဖြစ်မယ်။ အဲဒါတွေနဲ့ တွဲပြီးတော့ ကျနော်တို့ ကော်မတီ တခုဆီကနေ စစ်ထုတ်လိုက်တာပေါ့။ ဒီဥစ္စာက ပိုပြီး အသေးစိတ်ပြီး သိနေတာပေါ့။ တဦးချင်း အနေနဲ့ကတော့ ပြောတာတွေကလည်း ၇၅ယောက် ရှိတယ်။ ဒါ့အပြင် ပြည်သူ့လွှတ်တော်မှာ ရေးရာကော်မတီဝင် ၁၉ ဦး ကနေပြီးတော့ ၀န်ကြီးဌာနနဲ့ ပြည်ထောင်စု အဆင့်ဌာန တခု၊ နှစ်ခုလောက်ကို တာဝန်ယူပြီးတော့ ခွဲဝေစစ်ဆေးတဲ့ အခါကျတော့ အခုလို အသေးစိတ် ပေါ်လာတယ်။”

အဲဒီငွေတွေ ပြည်သူ့ဘဏ္ဍာငွေထဲ ပြန်ရောက်အောင် ငွေစာရင်း ကော်မတီတို့၊ ပြည်ထောင်စု စာရင်းစစ်ချုပ်တို့က ဘယ်လိုဆောင်ရွက်ဖို့ ရှိလဲ။ အထူးသဖြင့် လွှတ်တော်ကပေါ့။

“ဒါကြောင့်လည်း လွှတ်တော် နည်းနည်းကြာသွားတယ်။ ပြောရရင်တော့ စပြီးတော့ စစ်စစ်ပေါက်ပေါက် လုပ်တာက ၀န်ထမ်းတွေ လစာတိုးပေးနိုင်ရေးအတွက် ဘတ်ဂျက်မှာ ရှိတဲ့ ငွေလေး အပိုအလျှံ ထွက်လာမလားဆိုပြီးတော့ လုပ်ရင်းနဲ့က သွားတွေ့တာ တပိုင်း။ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ကတော့ ဒါနဲ့ပတ်သက်လို့ ၇၅ ယောက်က ဆွေးနွေးတာက ပထမတပိုင်းပေါ့။ နောက်တပိုင်းကျတော့ ဦးသူရရွှေမန်းက ၀န်ထမ်းတွေ လစာတိုးပေးနိုင်ဖို့ ဘတ်ဂျက်ထဲမှာ ပိုက်ဆံဘယ်လောက် ထွက်လာမလဲဆိုတာ ရှာလို့ရအောင် ပြည်သူ့လွှတ်တော်မှာရှိတဲ့ ကော်မတီ၁၉ ခုကို၊ ၀န်ကြီးဌာနနဲ့ ပြည်ထောင်စု အဆင့် ဌာနတွေရဲ့ ဘတ်ဂျက်တွေ လိုက်ပြီး စစ်ဖို့အတွက် တာဝန်ခွဲဝေ ပေးတဲ့ အခါမှာ ပိုပြီးတော့ ပေါ်လွင်သွားတယ်။

ကော်မတီတွေကျတော့ ကျနော်တို့က ၀န်ကြီးဌာနကို တိုက်ရိုက်ခေါ်ပြီး ဆွေးနွေးတာကို၊ ကျနော်တို့ဆိုရင်လည်း သိပ္ပံနဲ့ နည်းပညာဌာနကို ခေါ်လိုက်တယ်။ ခေါ်ပြီးတော့ ခင်များတို့ ဘတ်ဂျက်က ဒီနေရာတွေ ကျနော်တို့ မြင်တယ်။ ဒီဥစ္စာတွေက မသုံးပဲနေလို့ ရလား၊ ဆိုင်းငံ့ထားလို့ရသလား။ ဥပမာ - ကျနော်တို့က ဗဟိုစက်ပစ္စည်းနဲ့ စာရင်းအင်း ဌာနအဖွဲ့ဆိုတာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဌာန အောက်မှာ ရှိတယ်။ သူကနေ ဈေးနှုန်း သတ်မှတ်ပေးတယ်။ သူသတ်မှတ်ပေးတဲ့ ဈေးနှုန်းနဲ့ပဲ ၀န်ကြီးဌာနတိုင်းကနေ သွင်းယူတဲ့ ဈေးနှုန်းတွေရဲ့ တန်ဖိုးကို ဖော်ပြရမယ်။ ၀န်ကြီးဌာန တခုနဲ့တခု မတူတာတွေ ရှိတယ်။ ဒီဥစ္စာကို အမ်စီစီလို့ခေါ်တယ်။ ဗဟိုစက်ပစ္စည်းနဲ့ စာရင်းအင်းဌာနရဲ့ သတ်မှတ်တဲ့ ဈေးနှုန်းအတိုင်း တညီတည်း ဖော်ပြရန် ဆိုတာမျိုး၊ ကျနော်တို့က ချပေးရတယ်။”

ဒီကိစ္စကို အများပြည်သူတွေသိအောင် သတင်းစာတွေမှာ မဖော်ပြသင့်ဘူးလား။

“ဂျာနယ်တွေမှာ တချို့ဖော်ပြနေတယ်။ သတင်းစာတွေမှာ ဖော်ပြတယ်။ ကျနော်တို့ဆီမှာ အခု ဂျာနယ်က သတင်းထောက်တွေတော့ လာကြတယ်။ သူတို့က အကုန်ကြားတယ် လေ။ ဆက်ပြီးတော့ အင်တာဗျူးလို့လည်း ရပါတယ်။ ဂျာနယ်တွေမှာတော့ တော်တော်များများ ပြောတယ်။”

အခုက ဒီကိစ္စက ပြည်သူ့ဘဏ္ဍာထဲကို ငွေစာရင်းတွေ တော်တော်ဝင်လာမယ့် ပုံစံရှိတယ်။

“တော်တော်လေးကို ပြန်ဝင်လာရင် မူလက ချပေးထားတဲ့ ၀င်ငွေအချိုး ၄ဒဿမ ၈ တို့ဘာတို့ ပြောင်းသွားမယ်။ ဘတ်ဂျက်လိုငွေ ဘီလီယံ ၂ ထောင် ဆိုတာလည်း ပြောင်းသွားလိမ့်မယ်။”



ဝန်ကြီးဌာနတွေရဲ့  ငွေသိန်းထောင်ချီ အလွဲသုံးမှု တွေလွှတ်တော်မှာဖွင့်ချ

Published on March 13, 2012 by ​အေး​နိုင် ·

ပြည်ထောင်စု ၀န်ကြီးဌာနတွေရဲ့ ကျပ် သိန်း ထောင်ပေါင်းများစွာ အလွဲသုံးမှုများနဲ့ ငွေစာရင်းအင်း မမှန်မကန် ဖော်ပြတဲ့ တွေ့ရှိချက်တွေကို ပြည်ထောင်စု စာရင်းစစ်ရုံးက လွှတ်တော်ကို တင်ပြလိုက်ပြီး အစီရင်ခံစာကို ငွေစာရင်း ကော်မတီထံ တင်ပြလိုက် ပါတယ်။

ပြည်ထောင်စု စာရင်းစစ်ရုံးက ငွေစာရင်း ကော်မတီကို ပေးပို့တဲ့ အစီရင်ခံစာမှာ ပြည်ထောင်စု ၀န်ကြီးဌာနတွေက ကျပ် သိန်းပေါင်း ထောင်ချီပြီး အလွဲသုံးတာ မမှန်မကန် လိမ်လည် ဖော်ပြမှုတွေ ရှိတယ်လို့ ထည့်သွင်း ဖော်ပြထားတာပါ။

ဒီတကြိမ် ပြည်ထောင်စု စာရင်းစစ်ရုံးက တင်ပြချက်ဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၀န်ထမ်းတွေကို လစာတိုးပေးရေး အဆိုပြုချက်ကနေ အစပြုပြီး စစ်ဆေးရာက ပေါ်ထွက်ခဲ့တာဖြစ်ပါတယ်။

ကနဦးပိုင်းက ၀န်ထမ်းတွေ လစာ တိုးပေးရေးကိစ္စဟာ လတ်တလောမှာ မဖြစ်နိုင်တဲ့ အကြောင်းကို ဘဏ္ဍာအခွန်ဝန်ကြီးက စာရင်းနဲ့တကွ ရှင်းခဲ့ပါတယ်။ ဒီနောက်မှာ သူရဦးရွှေမန်းက ၀န်ထမ်း လစာတိုးရေး ဖြစ်နိုင်ဖွယ် ကိစ္စတွေကို စာရင်းစစ်ဆေးဖို့ တာဝန်ပေးရာက လွှတ်တော်က ခန့်အပ်ထားတဲ့ ရေးရာ ကော်မတီ ၁၉ ခုက ပြည်ထောင်စု ၀န်ကြီးဌာနတွေကို စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

အခုတကြိမ်ဟာ ပြည်ထောင်စု စာရင်းစစ်ရုံးက ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ဥပဒေပေါ်မှာ စစ်ဆေး တွေ့ရှိချက်ကို ပြည်သူ့လွှတ်တော်ကိုတင်ပြတာဖြစ်ပြီး ပြည်သူ့ငွေစာရင်းကော်မတီက ပြန်လည်သုံးသပ် နေတာဖြစ်ပါတယ်။

အဲဒီတင်ပြချက်တွေထဲမှာ ၀န်ကြီးဌာနအလိုက် စွမ်းအင်ဝန်ကြီးဌာန၊ စိုက်ပျိုးရေးနဲ့ ဆည်မြောင်း ၀န်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ သမ၀ါယမ ၀န်ကြီးဌာနနဲ့ ပြန်ကြားရေးဝန်ကြီးဌာနတွေရဲ့ အလွဲသုံးမှု မမှန်မကန်ဖော်ပြချက်တွေပါရှိပါတယ်။

ရန်ကုန်တိုင်း လသာမြို့နယ်အမတ် ဦးကြည်မြင့်က ခုလိုငွေကြေးကွာဟမှုတွေ စတင် ပေါ်ပေါက် လာပုံကို ခုလို ပြောပါတယ်။

“စပြီး စစ်စစ်ပေါက်ပေါက် လုပ်တာက ၀န်ထမ်းတွေ လစာတိုးပေးနိုင်ရေးအတွက် ဘတ်ဂျက်ထဲမှာ ရှိတဲ့ ငွေကြေးအပို ထွက်လာ မလားလို့ ရှာတာ လုပ်ရင်းက သွားတွေ့တာ တပိုင်းပေါ့။ နောက်တခုက ၀န်ထမ်းတွေကို လစာတိုးပေးနိုင်ဖို့ ဘတ်ဂျက်ထဲမှာ ငွေ ဘယ်လောက် ပိုနိုင်မလဲ ဆိုတာကို ရှာလို့ရအောင် ပြည်သူ့ လွှတ်တော် ထဲမှာ ရှိတဲ့ ကော်မတီ ၁၉ခုကို ၀န်ကြီးဌာန အလိုက် ပြည်ထောင်စုအဆင့် ဌာနတွေရဲ့ ဘတ်ဂျက်တွေကို စစ်ဖို့ တာဝန်ခွဲဝေ ပေးလိုက်တဲ့ အခါမှာ ပိုပေါ်သွားတာ။ ကော်မတီတွေကျတော့ ၀န်ကြီးဌာနတွေကို တိုက်ရိုက်ခေါ်ပြီး ဆွေးနွေးတယ်လေ။”
စာရင်းစစ်ရုံးဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ)ခေတ် ကတည်းက လုပ်ငန်း စစ်ဆေးရေး အဖွဲ့ဆိုတဲ့ အမည်ဖြင့် သြဇာရှိခဲ့တဲ့ အဖွဲ့ဖြစ်ခဲ့ပြီး အခုခေတ် နောက်ပိုင်းမှာ စီမံကိန်းနဲ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန လက်အောက်မှာ ထည့်သွင်းထားပြီး ၀န်ကြီးဌာနတွေမှာ စာရင်းစစ်အဖွဲ့တွေ ထားရှိ ထားပါတယ်။

ယခင် မဆလအစိုးရ နဲ့ န၀တ၊ နအဖအစိုးရ လက်ထက်တုန်းက ၀န်ကြီးအဖွဲ့ကို တင်ပြရတဲ့ တာဝန်ရှိပြီး၊ အရင်က ၀န်ကြီးအဖွဲ့အတွင်းမှာပဲ စာရင်း ညှိနှိုင်းလေ့ ရှိပါတယ်။ အခု ပြည်သူ့လွှတ်တော် ပေါ်ပေါက်လာတဲ့အခါ လွှတ်တော်ကို တင်ပြလာတာ ဖြစ်ပါတယ်။

အခု ဖော်ထုတ် တွေ့ရှိချက်တွေမှာ ကျပ် ငွေ သိန်းပေါင်း ၂ ထောင်ကျော် စာရင်း မသွင်းပဲ ထားတာတွေရယ်၊ စာရင်း လိမ်ပြတာတွေကို ဖော်ထုတ် တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ အခုလို လွှတ်တော်မှာ တင်ပြလာတဲ့အတွက် ၀န်ကြီးဌာနတွေရဲ့ ငွေယိုပေါက်တွေကို ဖာထေးနိုင်မယ် လို့ မျှော်လင့်ရပြီး ပြည်သူ့ဘဏ္ဍာ ငွေထဲကို ကျပ် ငွေ သိန်းထောင်ပေါင်း များစွာ ပြန်လည် ၀င်လာမယ့် အလားအလာရှိပါတယ်။

ပြည်ထောင် စာရင်းစစ်ရုံးရဲ့ ပထမတကြိမ် တင်ပြခဲ့တုန်းကလည်း ကန်ချောင်း ဆည် မြောင်း တာတမံ တွေရဲ့ လုပ်ငန်း ဆောင်တာနဲ့ ပတ်သက်လို့ တွေ့ရှိချက် ဆိုပြီး လွှတ်တော်ကို တင်ပြခဲ့ပါတယ်။ အဲဒီတုန်းက မြစ်ရေတင်စီမံကိန်းတွေ မအောင်မမြင် ဖြစ်ရပြီး အရှုံးပေါ်တာတွေကို တင်ပြခဲ့တာကြောင့် လွှတ်တော်ကနေ အရှုံးပေါ်တဲ့ စီမံကိန်းတွေ အကုန်လုံး နီးပါးကို ရပ်နားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
http://burmese.dvb.no/

“အမေဒေါ်စု” လူထုကိုတစ်ကယ်ချစ်ရင်…(ရေးသူ့အမြင် )


by Yangon Press International on Tuesday, March 13, 2012 at 12:01pm ·
မတ်လ ၁၃၊ ၂၀၁၂ ၊ (YPI) မွန်မွန်မြတ်ရေးသားသည်။

မတ် ၁၃ ၂၀၁၂။ ရန်ကုန် (YPI) -“ရှင်ဘယ်နေရာမှာပဲနေနေ၊ ရှင့်နိုင်ငံရေးအမြင်က ဘယ်လိုပဲရှိရှိ အရေးမကြီးပါဘူး၊ ကျွန်မတို့ရဲ့ အရေးကြီးတဲ့ဆွေးနွေးပွဲတွေကိုသာ အခုချက်ခြင်း စလိုက်ကြရအောင်”
ငါးလနီးပါးကြာမြင့်ခဲ့တဲ့ ၂၀၀၈ သမ္မတမဲဆွယ်ပွဲကာလက ဟီလာရီကလင်တန် ပြောခဲ့ဖူးတဲ့စကားဖြစ်တယ်။

သူမကြွေးကြော်ခဲ့တာက “I’m in. And I’m in to win” ကျွန်မ ၀င်ပြိုင်မယ် အောင်ပွဲခံဖို့ ကျွန်မ၀င်ပြိုင်တယ် လို့အဓိပါယ်ရတဲ့စကားပဲဖြစ်ပါလိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေမှာတော့ “အမေဒေါ်စု ပြန်လာပြီ” ဆိုတဲ့ လားရှိုးသိန်းအောင်ရဲ့လက်ရာ သီချင်းတစ်ပုဒ်ကို အမြဲဖွင့်နေကျပါ။ ဒါပေမယ့် မဲဆွယ်စည်းရုံးပုံခြင်း မတူကွဲပြားတာတွေကတော့အများကြီးပေါ.။

ဟီလာရီကလင်တန်ရဲ့အောင်နိုင်ရေးအဖွဲ့မှာ အလုပ်လုပ်ခဲ့ကြတဲ့ အကြံပေးတွေ နိုင်ငံရေးလှုပ်ရှားသူတွေထဲမှာ တော်တော်များများဟာ Madeleine Albright တို့ Richard Holbrooke တို့လို ဒိတ်ဒိတ်ကြဲ ၀ါရင့်ထိပ်တန်းနိုင်ငံရေးသမားတွေ ဖြစ်ကြတဲ့အပြင် ထက်ဝက်ကျော်ကျော်လောက်ဟာ အမျိုးသမီးတွေဖြစ်တယ်။

မဲဆွယ်ပွဲမန်နေဂျာတွေ မီဒီယာတာဝန်ခံတွေ ပေါ်လစီချမှတ်သူတွေ ခန့်ထားတဲ့ သူ့ရဲ့အောင်နိုင်ရေးအဖွဲ့ဟာ အမေရိကန်သမ္မတဟောင်း George W. Bush ရဲ့အောင်နိုင်ရေးအဖွဲ့လိုမျိုး အင်အားကြီးမားခဲ့တယ်လို့ သတင်းစာတွေကရေးခဲ့ကြဘူးတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့အောင်နိုင်ရေးအဖွဲ့မှာလည်း ကော်မတီငါးခုဖွဲ့စည်းထားပြီး နိုင်ငံရေးအစဉ်အလာရှိသူအတော်များများပါဝင်ကြပါတယ်။ ဒါပေမယ့် အောင်နိုင်ရေးခရီးစဉ်တစ်ခုထဲမှာတောင်မှ ဘယ်နေရာကိုသွားမယ် ဘာလုပ်မယ်ဆိုတာ အချိန်မှီ သတင်းထုတ်ပြန်နိုင်ခြင်းမရှိတဲ့အတွက် စမ်းတ၀ါးဝါးသွားခဲ့ရတာတွေ အများကြီးပါပဲ။

အမေရိကန်လို ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးတစ်ခုရဲ့မဲဆွယ်ပွဲမှာ အလုပ်လုပ်ကြပုံတွေနဲ့ ဗမာပြည်က နေပူဖုန်ထူအောက်က မဲဆွယ်ပွဲတွေအကြောင်း နှိုင်းယှဉ်ပြောဖို့ရာ မဆီလျော်လှပါဘူး။ စီမံခန့်ခွဲမှုအရာ နိုင်ငံရေးပရိယာယ်ကြွယ်ဝမှုအရာတွေမှာ အမေရိက မဲဆွယ်ပွဲတွေကို မယှဉ်နိုင်ပေမယ့် လူထုထောက်ခံမှုအရာမှာတော့ လေ့လာသူတွေအံ့အားသင့်သွားရလောက်အောင် တစ်ခဲနက်ထောက်ခံခဲ့ကြတာကိုတွေ့ရတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့သူ့ကိုထောက်ခံသူတွေကို အမရပူရ မဟာဂန္ဓာရုံကျောင်းထဲမှာ မမျှော်လင့်ပဲတွေ့မြင်ခဲ့ရတဲ့ပြင်သစ်လူမျိုးခရီးသွားတစ်ယောက်ကတော့ စကားမဆိုနိုင်ပဲ စိတ်လှုပ်ရှားမှုကြောင့်မျက်ရည်တွေတွေကျနေတာကိုသာ တွေ့ခဲ့ရပါတယ်။

အလွတ်တမ်းပြင်သစ်သတင်းထောက် ဂျရုမ်းက သူ့နိုင်ငံမှာတွေ့ဖူးနေကျ မဲဆွယ်ပွဲတွေနဲ့ နိုင်ငံရေးသမားတွေအပေါ်လူထုကဆက်ဆံပုံတွေကို သူလိုက်ပါခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွန်ပြည်နယ်အောင်နိုင်ရေးခရီးစဉ်နဲ့နှိုင်းယှဉ်ပြီး ပြောခဲ့တယ်။

“ငါတွေ့ဖူးတဲ့မဲဆွယ်ပွဲတွေမှာတော့ လူထုက သူတို့မကြိုက်တဲ့နိုင်ငံရေးသမားဆို ကြက်ဥနဲ့ပေါက်တာတို့ မောင်းထုတ်တာတို့တွေ့ဖူးတယ်။ အခု ခရီးစဉ်တစ်လျောက်လုံး လူတွေက ဆိုင်းတွေဗုံတွေနဲ့ကခုန်ပြီးကြိုကြတာ၊ ကရင်တွေ ပအို့တွေလို လူမျိုးစုငယ်တွေကပါမကျန် ပျော်ပျော်ပါးပါးကြိုနေကြတာမြင်ရတာ သိပ်စိတ်လှုပ်ရှားဖို့ကောင်းတယ်”

ဂျရုမ်းတွေ့ဖူးနေကျ နိုင်ငံရေးသမားတွေနဲ့ကွာခြားတာက ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုကို ဘာကတိက၀တ်မှမပေးပဲ မဲဆွယ်ခဲ့ခြင်းပဲဖြစ်တယ်လို့ပြောခဲ့ပါတယ်။

ဗမာပြည်တနံတလျား နေရာပေါင်း နှစ်ဆယ်ကျော် မဲဆွယ်ဖို့သွားရောက်ခဲ့ပြီးဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ဟာ တစ်ကောင်ထဲပြေးတဲ့မြင်းတစ်ကောင်လိုဖြစ်နေပေမယ့် သူသွားတဲ့နေရာတိုင်းမှာ ထောင်သောင်းချီတဲ့လူထုရဲ့ဒီမိုကရေစီ မွတ်သိပ်မှုကို ငြိမ်းငြိမ်းချမ်းချမ်းဖေါ်ထုတ်နိုင်အောင်၊ အကြောက်တရားတွေနဲ့ထုံထိုင်းငိုက်မြည်းနေရာက နိုးကြားလာအောင် လှုပ်နှိုးနိုင်ခဲ့ပါတယ်။

လူပင်လယ်ကြီးတွေတစ်ခုပြီးတစ်ခု သူတစ်ယောက်တည်းလက်ပစ်ကူးခတ်လာခဲ့တယ်။
မန္တလေးက အောင်ပင်လယ်ကွင်းကိုရောက်တဲ့အခါမှာတော့ သူအတော် လက်ပမ်းကျနေခဲ့ပြီဆိုတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။ လှိုင်းလုံးတွေလိုဖြစ်နေတဲ့လူပင်လယ်ကြီးကိုကြည့်ရင်း လှိုင်းမူးသူဖြစ်သွားခဲ့တာကသက်သေပါပဲ။

သူဘာကြောင့်များဒီလောက်ထိပင်ပင်ပန်းပန်းတစ်ယောက်တည်းလက်ပစ်ကူးနေရပါလိမ့်…။ ၄၈နေရာလုံးက အမတ်လောင်းတွေအနိုင်ရဖို့အတွက် တစ်မြို့ဝင်တစ်ရွာထွက် စည်းရုံးရေးတွေ သူကိုယ်တိုင်ဆင်းမှကိုဖြစ်မှာလား။

ဒါမှမဟုတ် နိုင်ငံခြားကကွန်ဖရန့်တွေကို သူပြောမယ့်မိန့်ခွန်းကိုဗီဒီယိုရိုက်ပြီးပေးပို့သလိုမျိုး၊ ဝေးလံခေါင်သီတဲ့နေရာတွေကို ကိုယ်တိုင်မသွားရောက်ပဲ ဗီဒီယိုကနေတစ်ဆင့် လူထုကို မိန့်ခွန်းပြောလို့မရနိုင်ဘူးလား။ လူထုနဲ့တွေ့ဆုံပွဲတွေကို ဗီဒီယိုကွန်ဖရန့်လိုမျိုးလုပ်လို့ရော မရနိုင်ဘူးလား။

ဒါတွေဟာတစ်ကယ်တော့ အောင်နိုင်ရေးအဖွဲ့ကလူတွေစဉ်းစားပြီးသားကိစ္စတွေဖြစ်ကောင်းလည်း ဖြစ်နိုင်ပါတယ်။
ဧပြီတစ်ရက်နေ့ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ ၄၈နေရာလုံးကိုရောက်အောင်သွားမယ်ဆိုရင်တော့ ရလာနိုင်တဲ့ ရလာဒ်တွေအပြင် ဘေးထွက်ဆိုးကျိုးတွေကိုပါထည့်တွက်ရတော့မှာပါ။

ရလာဘ်တွေကတော့ အရှေ့မှာသွားထားခဲ့တဲ့ ခရီးစဉ်ပေါင်းများစွာမှာ မြင်တွေ့ခဲ့ရတဲ့ အတိုင်းပဲ ထောင်သောင်းချီတဲ့လူထုရဲ့ဒီမိုကရေစီ မွတ်သိပ်မှုကို ငြိမ်းချမ်းသောနည်းနဲ့ဖေါ်ထုတ်ကြတဲ့ လူထုတွေ့ဆုံပွဲတွေပါ။ ဒါတွေဟာ လာမဲ့ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် NLDပါတီ အတွက် အလားအလာကောင်းတွေလည်းဖြစ်နေပါတယ်။ ရေတိုတိုက်ပွဲအတွက်တော့ အင်မတန်ကောင်းတဲ့ ရလာဒ်တွေပါပဲ။

ဒါပေမယ့် ရေရှည်မှာ ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေက ဘာတွေဖြစ်မလဲ…။ အဓိကစဉ်းစားရမယ့်ကိစ္စက သုံးခုရှိပါတယ်။ အစားထိုးဖို့ရာခက်ခဲတဲ့ လူထုခေါင်းဆောင်တစ်ယောက်ရဲ့ လုံခြုံရေး၊ ကျန်းမာရေး နဲ့ အရေးပေါ်အခြေအနေတွေပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကုန်းလမ်းရော ရေလမ်းရော လေကြောင်းလမ်းကိုပါအသုံးပြုပြီးသွားနေတဲ့အပြင် သူ့ယာဉ်တန်းဟာ အဝေးပြေးလမ်းမပေါ်မှာ အမြဲလိုမြန်နှုန်းမြှင့်မောင်းနှင်နေတာဖြစ်လို့ အချိန်မရွေးယာဉ်မတော်တဆမှုတြွေဖစ်လာနိုင်တဲ့ အလားအလာရှိပါတယ်။

အလားတူပဲ သူ့ယာဉ်တန်းနောက်ကို ကမူးရှုးထိုးလိုက်ကြတဲ့ အဖွဲ့ဝင်တွေ၊ မီဒီယာသမားတွေ နဲ့ထောက်ခံသူတွေမှာလည်း တစ်နေ့မဟုတ်တစ်နေ့ ကြုံတွေ့နိုင်တဲ့ အန္တရာယ်ပါ။

အသက် ၆၇နှစ်ပြည့်တော့မယ့် အမျိုးသမီးကြီးတစ်ဦးအတွက် အင်မတန်ပြင်းထန်တဲ့နေပူရှိန်အောက်မှာ မရပ်မနားခရီးသွားဖို့နဲ့တစ်မြို့ဝင်တစ်ရွာထွက် စကားပြောဖို့ဆိုတာ ၀န်နဲ့အားမမျှတလွန်းတဲ့ တာဝန်ထမ်းဆောင်မှုကြီးတစ်ခုဖြစ်ပါတယ်။

အထူးသဖြင့် မန္တလေး-နေပြည်တော် ခရီးစဉ်လိုမျိုး တစ်နေ့တည်းနဲ့ မနက်၈နာရီကနေ ည၈နာရီအတွင်းမှာ နေရာပေါင်းခြောက်နေရာလောက်အရောက်သွားပြီး လူထုတွေ့ဆုံပွဲတွေ လုပ်ပစ်လိုက်တာမျိုးက စိတ်ရောကိုယ်ပါ မတန်တဆအားစိုက်ရတဲ့ အလုပ်တွေပဲဖြစ်ပါတယ်။

စိတ်ခွန်အားအင်မတန်ကောင်းတဲ့သူမို့ မလဲမပြိုခံနိုင်ရည်ရှိကောင်းရှိခဲ့မယ်ဆိုပေမယ့်၊ စကားပြောတဲ့အခါမှာ တစ်ခွန်းနဲ့တစ်ခွန်းကြားမှာ လေဆက်ပြတ်သွားတာ၊ အသံတွေပြာလာတာ၊ အပြုံးတွေလျော့ရဲသွားတာ၊ အသားအရောင်တွေဖျော့တော့လာတာတွေဟာ ခံနိုင်ရည်ကျဆင်းလာတဲ့လက္ခဏာတွေပဲဖြစ်တယ်။

ခရီးစဉ်တိုင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုအတွက်လိုက်ပါလာကြတဲ့ ဆရာဝန်အဖွဲ့ပါပေမယ့် မန္တလေးတိုင်းခရီးစဉ်နောက်ပိုင်းမှာတော့ အောင်နိုင်ရေးယာဉ်တန်းထဲမှာ အရေးပေါ်လူနာတင်ယာဉ်ကိုပါ လိုက်ပါစေတာဟာ ကောင်းမွန်တဲ့ပြင်ဆင်မှုတစ်ခုပါပဲ။
နေပူကျဲကျဲအောက်က မဲဆွယ်ပွဲမှာတွေ့ရတဲ့ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်ဟာ သူလုပ်ပိုင်ခွင့်ရတဲ့ ကာလတိုလေးတစ်ခုအတွင်းမှာ ရှိသမျှအလုပ်တွေကို သိမ်းကြုံးလုပ်ရင်း သူ့ပါတီအတွက်ရော နိုင်ငံအတွက်ရော လူထုအတွက်ပါ “တာဝန်ကျေသူ” တစ်ယောက်ဖြစ်အောင်လုပ်နေပေမယ့်၊ သူ့အောင်နိုင်ရေးကော်မတီအနေနဲ့တော့ ဘေးထွက်ဆိုးကျိုးတွေနဲ့ချိန်ဆပြီး၊ အလွန်အကျွံအလုပ်လုပ်တာမျိုးမဖြစ်အောင်ထိန်းကျောင်းဖို့တာဝန်ရှိပါတယ်။

မကြာမီ ရက်နှစ်ဆယ်ကျော်အတွင်း ရောက်လာတော့မယ့် ကြားဖြတ်ရွေးကောက်ပွဲကိစ္စတစ်ခုတည်းကိုပဲကြည့်ပြီး အရိုးကြေကြေ အရေခမ်းခမ်း အလုပ်လုပ်နေမယ်ဆိုရင်တော့၊ ကြားဖြတ်ရွေးကောက်ပွဲအပြီး လွှတ်တော်ထဲမှာ မလွဲမသွေ ကြုံတွေ့လာရမယ့် နိုင်ငံရေးအားပြိုင်မှုတွေနဲ့ ရေရှည်မှာ ရင်ဆိုင်လာရမယ့် နိုင်ငံတည်ဆောက်ရေး ပြဿနာတွေကို ကြံ့ကြံ့ခံဖို့ ခွန်အားချည့်နဲ့ကောင်းချည့်နဲ့သွားနိုင်ပါတယ်။

ဘယ်သူမှ မတွေးရဲ တွေးမကြည့်ချင်ကြပေမယ့် NLD ပါတီအနေနဲ့ရဲရဲကြီးပြင်ဆင်ထားရမယ့် အရေးပေါ်အခြေအနေတစ်ရပ် ရှိကိုရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်များမရှိခဲ့ရင် NLD ပါတီအနေနဲ့ နိုင်ငံရေးကို ဘယ်လိုဆက်လုပ်ကြမလဲဆိုတာကိုပါ။
သူ့ပါတီမှာ သူ့လိုတာဝန်ကျေတဲ့သူ များများစားစားမှ ရှိပါ့မလားဆိုတာ ရင်လေးဖွယ်ကိစ္စတစ်ရပ်ဖြစ်ပါတယ်။

ကမ္ဘာကျော်သတင်းစာဆရာ အင်ဒရူးမာရှယ်ကတော့ သူကိုယ်တိုင်လိုက်ပါ သတင်းရယူခဲ့တဲ့ မွန်ပြည်နယ်ခရီးစဉ်ကိုကြည့်ပြီးအခုလိုသုံးသပ်ခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် မပါဝင်မယ့် NLD မဲဆွယ်ပွဲမျိုးကို တွေးကြည့်ရမှာတောင်အင်မတန်ခက်တယ်။ လူထုက သူ့အပေါ်တုံ့ပြန်ပုံက တစ်ကယ့်ကိုအံ့မခန်းပဲ။ ဒါပေမယ့် လူထုက သူ့အပေါ်ထားတဲ့ ချစ်ခင်ကြည်ညိုမှုတွေဟာ ဒီကြားဖြတ်ရွေးကောက်ပွဲအတွက်တင်မကပဲ လာမယ့်၂၀၁၅ ရွေးကောက်ပွဲမှာပါ NLD ပါတီကိုထောက်ခံမယ့် မဲတွေ တစ်ကယ်ပဲဖြစ်လာမှာလားဆိုတာတော့ စိတ်ဝင်စားစရာပဲ”

အင်ဒရူးမာရှယ်ဟာ တိုင်း(မ) မဂ္ဂဇင်းမှာ မြန်မာပြည်နိုင်ငံရေးနဲ့ပါတ်သက်တဲ့ ဆောင်းပါးရှည်တွေ အစဉ်တစိုက်ရေးသားခဲ့ဖူးသလို ရိုက်တာသတင်းဋ္ဌာနရဲ့ ထိုင်းနိုင်ငံနဲ့အင်ဒိုချိုင်းနားဒေသဆိုင်ရာ အထူးသတင်းထောက်အနေနဲ့လက်ရှိတာဝန်ထမ်းဆောင်နေသူဖြစ်တယ်။

“NLD ပါတီအတွက်တော့ ရှေ့ဆက်လျှောက်ရမယ့် ခရီးကြမ်းတွေရှိသေးတယ်။ အဲဒီခရီးကြမ်းမှာ အမေစုဆိုတဲ့ ပုဂ္ဂိုလ်စွဲတစ်ခုထက်ပိုတဲ့ အောင်မြင်မှုတွေရှိလာဖို့ လိုအပ်လိမ့်မယ်” လို့သူ့အမြင်ကိုပြောကြားခဲ့ပါတယ်။

“အမေဒေါ်စု” လူထုကိုတစ်ကယ်ချစ်တယ်ဆိုရင်တော့ NLD ပါတီကိုရော နိုင်ငံရေးအသိအမြင်နိုးကြားလာတဲ့လူထုကိုပါ ကိုယ့်ခြေထောက်ပေါ်ကိုယ်မြဲမြဲမြံမြံ ရပ်တည်နိုင်တဲ့အချိန်အထိရောက်အောင် ကျန်ရှိတဲ့သက်တမ်းကို ပါးပါးနပ်နပ်ခြွေခြွေတာတာသုံးပြီး အလုပ်လုပ်မှသာ တစ်ကယ်ချစ်ရာရောက်မှာဖြစ်တယ်ဆိုတာကိုတော့ သတိချပ်သင့်ပါတယ်။

ပြီး။
(ဤ ဆောင်းပါးသည် ရေးသူ့အမြင်သက်သက်သာဖြစ်ပါသည်။ YPI ၏ သဘောထားအမြင်ကို ကိုယ်စားပြုခြင်းမရှိပါ။)


ဒေါ်အောင်ဆန်းစုကြည် ၏ ဟောပြောချက် ပေါက်ကြား၍ NLD က ကန့်ကွက်စာတင်



ရေးသားသူ - D-မင်း _ Yangon Media Group © 2012

ရက်စွဲ - March 13, 2012

မြန်မာ့ရုပ်မြင်သံကြားမှ ဒေါ်အောင်ဆန်းစုကြည် က ဟောပြော ထုတ်လွှင့်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ သဘောထား မူဝါဒများ ပေါက်ကြားမှုကြောင့် ကန့်ကွက်စာတင်ထားကြောင်း ယင်းပါတီ၏ ဗဟိုအောင်နိုင်ရေး ကော်မတီ အတွင်း ရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။

မတ်လ ၁၄ ရက်နှင့် ၂၂ ရက် တို့တွင် မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်မည့် ဒေါ်အောင်ဆန်းစုကြည်၏ဟောပြောချက် သည် ယနေ့မတ်လ ၁၃ ရက်နေ့က အွန်လိုင်းသတင်း စာမျက်နှာများတွင် ရုပ်သံနှင့် တစ်ကွကြိုတင် ထုတ်လွှင့်ခဲ့ သဖြင့် ယင်းကဲ့သို့ ကန့်ကွက်စာ တင်ရကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

‘‘ဒီသတင်းပေါက်ကြားမှုအတွက် ရေဒီယိုနဲ့ရုပ်မြင်သံကြားမှာ တာဝန်ရှိတယ် ၊ အခုပဲ အဲဒီဌာနမှာရှိတဲ့ တာဝန်ရှိသူ တွေထံ ကျွန်တော်ကိုယ်တိုင် လတ်မှတ်ထိုးပြီး တိုင်တန်းထားပါတယ်’’ ဟု ယင်းကပြောသည်။
http://www.yangonmedia.com/news/2012/03/daw-aung-san-su-kyi-speech-leak-nld-protest



စစ်ပွဲတွေ အားလုံး ရပ်(အနုပညာရှင်များ)

ploaded by BurmaVJMedia on Mar 13, 2012

ယနေ့ ကမ္ဘာမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရယ် ယနေ့ မြန်မာပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေနဲ့ အစိုးရကြား ပြည်တွင်းစစ်မီးတွေရယ်ကြောင့် ဒုက္ခ ကြုံတွေ့နေရတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေ၊ မြန်မာပြည်သူ ပြည်သားတွေအတွက် စစ်ပွဲတွေ အားလုံး ရပ် ငြိမ်းချမ်းမှု ရရှိစေဖို့ ဆုတောင်းစကားသံများ။

ရဲတိုက်


လူမင်း


ဝိုင်း


သျှီ


စံလင်း


သစ္စာနီ


ကိုမြအေး(၈၈)


ကိုကိုကြီး(၈၈)

နိုင်ငံတကာ အမျိုးသမီးများနေ့ သို့ ဒေါ်အောင်ဆန်းစုကြည်မှ နှုတ်ခွန်းဆက်စကား

Uploaded by BurmaVJMedia on Mar 12, 2012

မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ နှစ် ၁၀၀ ပြည့် နိုင်ငံတကာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ နှုတ်ခွန်းဆက် စကား ပေးပို့လိုက်တာ ဖြစ်ပါတယ်။ အဲ့ဒီ အခမ်းအနားကို ရန်ကုန်မြို့မှာတော့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ မတ်လ ၁၂ ရက်နေ့ကမှ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။



နှစ် ၁၀၀ ပြည့် နိုင်ငံတကာအမျိုးသမီးများနေ့ အခမ်းအနား


Uploaded by BurmaVJMedia on Mar 13, 2012
နှစ် ၁၀၀ ပြည့် နိုင်ငံတကာအမျိုးသမီးများနေ့ အခမ်းအနားပွဲတစ်ခုကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမှာရှိတဲ့ တော်ဝင်နှင်းဆီ ခန်းမမှာ မတ်လ (၁၂) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီအခမ်းအနားကို အဲန်ဂျီအို ဂျဲန်ဒါအဖွဲ့၊ သင်္ဂဟ အဖွဲ့အစည်း၊ အမျိုးသမီး အဖွဲ့များ ကွန်ယက် (မြန်မာ) နဲ့ အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ရေး ပညာရပ်ဆိုင်ရာ လုပ်ငန်းအဖွဲ့တို့မှ ပူးပေါင်းကျင်းပတာဖြစ်ပြီး အမျိုးသမီးဆိုင်ရာ အဖွဲ့အစည်းအသီးသီးနဲ့ စိတ်ပါဝင်စားတဲ့ ပြည်သူလူထု အယောက် ၃၀၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။အဲ့ဒီအခမ်းအနားကို မတက်ရောက်နိုင်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုရုပ်သံဖိုင်ကို ပေးပို့ပြီး နှုတ်ခွန်းဆက် စကား ပြောကြားခဲ့ပါတယ်။ မတ်လ (၈) ရက်နေ့မှာ ကျရောက်တဲ့ နှစ် ၁၀၀ ပြည့် နိုင်ငံတကာအမျိုးသမီးများနေ့ကို နေပြည်တော်မှာ ကျင်းပခဲ့ပြီး အခု ရန်ကုန်မှာတော့ မတ်လ ၁၂ ရက်နေ့မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဖျော်ဖြေရေးယာဉ်

Burma VJ Media Network
ရန်ကုန်တိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေး စည်းရုံးလှုံ့ဆော်တဲ့ အနေနဲ့ ကော်မတီ ဖျော်ဖြေရေး အစီအစဉ်မှ ဖျော်ဖြေရေးယာဉ်နဲ့ အဖွဲ့ဟာ မတ်လ ၁၀ ရက်နေ့က လှည်းကူးကို ရောက်ရှိခဲ့ပြီး လူထုကို တေးသီချင်းတွေနဲ့ သီဆို ဖျော်ဖြေပေးခဲ့ကြပါတယ်။ဖျော်ဖြေရေးယာဉ်နဲ့ အဖွဲ့ဟာ မနက် ၁၀ နာရီကနေ စတင်ဖျော်ဖြေခဲ့ကြတာဖြစ်ပြီး အောင်နိုင်ရေးနဲ့ ပတ်သက်တဲ့ တေးသီချင်းတွေကို အဓိကထားပြီး ညနေ သုံးနာရီခွဲလောက်အထိ လှည်းကူးမြို့တွင်း လိုက်လံ ဖျော်ဖြေခဲ့ကြပါတယ်။အဆိုပါ အဖွဲ့အနေနဲ့ ရန်ကုန်မြို့တွင်းမှာလဲ အခုလိုမျိုးပဲ တေးသီချင်းတွေကို လိုက်လံဖျော်ဖြေခဲ့ကြပြီး ကော့မှူးမြို့နယ်ကိုလဲ သွားရောက်ဖျော်ဖြေဖို့ အစီအစဉ်ရှိတယ်လို့ သိရှိရပါတယ်

ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းရဲ့ စာနယ်ဇင်းရှင်းလင်းပွဲ

Uploaded by BurmaVJMedia on Mar 13, 2012

ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းရဲ့ စာနယ်ဇင်းရှင်းလင်းပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမှာရှိတဲ့ တော်ဝင်နှင်းဆီ ခန်းမမှာ မတ်လ (၁၂) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီအခမ်းအနားပွဲကို ဦးဝင်းတင်နဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်မိတ်ဆွေတွေ၊ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တွေနဲ့ စာနယ်ဇင်းသတင်းထောက်တွေ တက်ရောက်ခဲ့ကြပါတယ်။အဲ့ဒီအခမ်းအနားအတွင်း အကျဉ်းထောင်တွေမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ အတွက် ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့ကြပါတယ်။ ဒီဖောင်ဒေးရှင်ကို နိုင်ငံရေးအကျဉ်းသားတွေနဲ့ ၄င်းတို့ရဲ့ မိသားစုတွေကို ကူညီထောက်ပံ့ရေးနဲ့ ဘဝတူစာနယ်ဇင်းသမားတွေကို ကူညီထောက်ပံ့ရေးအစီအစဉ်တွေကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ပေးဖို့နဲ့ ဒီလုပ်ငန်းတွေကို အရှည်သဖြင့် ဆက်လက်ဆောက်ရွက်သွားဖို့အတွက် ရည်ရွယ်ချက် ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း ဦးဆောင်အဖွဲ့ကို ဆရာကြီး ဒဂုံတာရာ၊ ဝါးခယ်မ သခင်သိန်းမောင်၊ ဦးသော်(ကြေးမုံ)၊ ဟံသာဝတီဦးဝင်းတင်တို့က နာယကအဖြစ် ဆောင်ရွက်ပြီး အလုပ်အမှုဆောင်အဖွဲ့ဝင် (၁၅) ဦးနဲ့ လုပ်ငန်းအထောက်အကူပြု အဖွဲ့ဝင် (၁၆) ဦးတို့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

အညာဖျားရေကာတာစီမံကိန်းနှင့် ပတ်သတ်၍ ရွာသူရွာသား ၃၀၀၀ ခန့်မှ သူတို့၏ နစ်နာမှုများကို သမ္မတဆီ လက်မှတ်ရေးထိုးပေးပို့






ထားဝယ်မြို့နယ်အနီး DELCO ကုမ္ပဏီက အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသော အညာဖျားရေကာတာစီမံကိန်းနှင့် ပတ်သတ်၍ ရွာသူရွာသား ၃၀၀၀ ခန့်မှ သူတို့၏ နစ်နာမှုများကို သမ္မတဆီ လက်မှတ်ရေးထိုးပေးပို့လိုက်ပါတယ်။ သမ္မဆီ တင်လိုက်သောစာကို ပူးတွဲပါဖိုင်တွင် ကြည့်ရှုနိုင်ပါတယ်။

အဆိုပါ ကိစ္စရပ်အားအသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

အညာဖျားရွာ - ဦးခင်ကြည် (အုပ်ချုပ်ရေးမှုး) ၊
ဦးမြင့်အောင် ( အညာဖျားကျေးရွာအုပ်စု ဘက်စုံဖွံ့ဖြိုးရေးကော်မတီ အတွင်းရေးမှုး) ( တဆင့် - ၀၉-၄၉၈၅၁၉ ၊ ၀၉-၈၇၅၂၁၉၆)

ဒါးသွေးကျောက်ရွာ - စောဒေးစံ ( အုပ်ချုပ်ရေးမှုး)၊ ဆရာဖိုးစူး ( တဆင့် - ၀၉-၄၉၈၅၁၉ ၊ ၀၉-၈၇၅၂၁၉၆)

ဆိပ်ချောင်းရွာ - ဆရာအဲလယ် ( တဆင့် - ၀၉-၄၉၃၄၂၅၁၅ - ဖုန်းနှင့် အိမ်ဝေးသည့်အတွက် ၁၅ မီနစ်ခန့်စောင့်ပေးရန်)

ညောင်ချောင်း - စောခင်ထူး ( တဆင့် - ၀၉-၄၉၃၄၂၅၁၅)

(အညာဖျားရွာ၊ ဆိပ်ချောင်းရွာတို့မှာ အဆက်သွယ်ရ အလွယ်ကူဆုံးဖြစ်မည်။)







တံတားနီ နှစ်ပတ်လည်အခန်းအနား IBC ခန်းမတွင်ပြုလုပ်မည်။

by Political Prisoner on Tuesday, March 13, 2012 at 7:16am ·
ရန်ကုန်ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု့ တံတားနီ နှစ်ပတ်လည်အခန်းအနားကို ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
၁၆-၃-၂၀၁၂ နေ့ သောကြာနေ့ နံနက် ၉နာရီ ၃၀ မိနစ် မှ ၁၂နာရီအထိ IBC ခန်းမတွင်ပြုလုပ်ပါမည်။


မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းဖို့ ၈၈ မျိုးဆက် ကျောင်းသားများက တောင်းဆိုမှု ပြုလုပ်

Uploaded by BurmaVJMedia on Mar 12, 2012

တရုပ်ကြောင့် တိုင်းပြည်အပျက်မခံဘူး