Wednesday, March 14, 2012

အမေရိကန် အထူးကိုယ်စားလှယ် မစ္စတာ Derek Mitchell ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေး၊ -

MRTV အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၏ ဟောပြောချက် (14.3.2012)


ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရုပ်သံဟောပြောချက် မိန့်ခွန်းတစ်ချို့ဖြုတ်ပယ်ခဲ့ဟုဆို


Yangon Press International

မတ်၊၁၄၊ ၂၀၁၂။(YPI)
ယနေ့ညတွင်ထုတ်လွှင့်မည့်် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီမူဝါဒဟောပြောချက် မိန့်ခွန်းတွင် အချို့စာပိုဒ်များအား ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အချိန်အခက်အခဲကြောင့်ဖြုတ်ပယ် ခဲ့ရကြောင်းဟု ယနေ့ ပြုလုပ်သော မြန်မာနိုင်ငံဆိုင်ရာမူဝါဒညှိနှိုင်းရေးမှုး ဒဲရစ်မစ်ချယ်လ်နှင့် တွေ့ဆုံပြီးတွင် သတင်းထောက်များအား ပြောကြားသည်။

“ကျွန်မရဲ့မိန့်ခွန်းက နည်းနည်းရှည်နေတယ်။ ရှည်နေတဲ့အခါကျတော့ ကျွန်မကလည်း လေ့ကျင့်ဖို့အချိန်မရှိဘူးဆိုတော့ အချိန်ကသိပ်မကိုက်ဘူးပေါ့နော် ဟိုကျတော့ပိုနေတာပေါ့ ၁၅မိနစ် လုပ်ရမှာ ၁၈မိနစ်ဖြစ်နေတဲ့အခါကျတော့ ဒုတိယအကြိမ်ပြန်ပြီးတော့ခပ်မြန်မြန်လေးပြောကြည့်တဲ့ အခါလည်းမရဘူး ၁၆ မိနစ် ။ကဲမဖြစ်တော့ဘူးဆိုပြီးတော့ တစ်ချို့ဟာတွေဖြုတ်ပြစ်လိုက်တယ်။ ကျွန်မဖြုတ်တာပါ။” ဟု ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားသတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရင်း ပြောဆိုသည်။

မိန့်ခွန်းအား ပြင်ဆင်ရာတွင် အချက် နှစ်ချက်ရှိကြောင်း ပထမအချက် အနေဖြင့် စာပုဒ်တစ်ပုဒ်ကို စည်းမျဉ်းနှင့်မကိုက်ညီ ဟူ၍ ဆင်ဆာလုပ် ဖြုတ်ခံခဲ့ရကြောင်း ဒုတိယအချက်အနေဖြင့် အချိန်အခက်အခဲကြောင့် ဖြုတ်လိုက်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့်ပါတီများ ၏မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်ဆိုင်ရာ ဟောပြောချက် မိန့်ခွန်းများကို ယခုလ ၇ ရက်နေ့မှ စတင်ပြီး နိုင်ငံပိုင် ရုပ်သံများတွင် တစ်ရက်လျှင် နှစ်ပါတီကျ ထုတ်လွှင့်ပေးလျှက်ရှိသည်။ ။


အာရှမှာ ထိုင်းက ဆိုက်ရောက်ဗီဇာ မပေးတာ မြန်မာ တနိုင်ငံထဲ ရှိ


ခရီးသွားအကျိုးဆောင်များမှတဆင့် ထိုင်းဗီဇာ လျှောက်ထားမှု ခေတ္တရပ်ဆိုင်းထား
by Yangon Press International on Wednesday, March 14, 2012 at 11:09am ·
မတ်လ ၁၄၊ ၂၀၁၂ (YPI)

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးသို့ ဗီဇာလျှောက်ထားကြရာတွင် ခရီးသွားအကျိုးဆောင်များက အချက်အလက်အတုများဖြင့် လျှောက်တင်မှုကြောင့် အကျိုးဆောင်များမှ တဆင့် ဗီဇာလျှောက်တင်လာခြင်းအား သံရုံးမှ ယာယီ ရပ်ဆိုင်း ထားသည်ဟု သံရုံးဗီဇာဋ္ဌာနမှ ပြောသည်။

“ Fake Doucument (စာရွက်စာတမ်းအတု) တွေနဲ့တင်လို့ပါ။ တနင်္လာနေ့ကစပိတ်တာပါ။ အဲကိစ္စတွေကို ထိုင်းသံရုံးကို အေးဂျင့်က စာတင်ထားတာနဲ့ ပတ်သတ်လို့ ဘန်ကောက်ရုံးရဲ့ အဆုံးအဖြတ်ကို စောင့်နေပါတယ်” ဟု ထိုင်းဗီဇာဋ္ဌာနမှ YPI သို့ ပြောကြားသည်။
ယခုကဲ့သို့ ခေတ္တရပ်ဆိုင်းခြင်းကို အဂါင်္နေ့ နံနက်ပိုင်းတွင်မှ အတိအကျ သိရှိကြရသဖြင့် အကျိုးဆောင်များဖြင့် ဗီဇာလျှောက်ထားသူများ အခက်အခဲဖြစ်ကြရသည်ဟု ထိုင်းဗီဇာလျှောက်ထားသူများက ပြောသည်။
ယခုရက်ပိုင်းအတွင်း ဗီဇာလျှောက်ထားသူ အန်ဂျီအိုဝန်ထမ်းတဦးက “ မနေ့ကထိုင်းသံရုံးကို ဖုန်းဆက်တော့ ဘာမှမပြောဘူး။ နောက်Visa Officer နဲ့စကားပြောဖို့ တောင်းဆိုတော့ သူတို့က ဖက်စ်ထိုးခိုင်းတယ်။ နောက်ဗီဇာအရာရှိနဲ့ စကားပြောတော့ သူတို့က အေဂျင်စီနှစ်ခု (ခရီးသွားအကျိုးဆောင်) ပဲ ပိတ်တာလို့ ပြောတယ်။ လေယဉ်လက်မှတ် အတုနဲ့တင်လို့တဲ့။ နောက်တော့ ဗီဇာကို ချက်ချင်းထုတ်ပေးတယ်။ အဲဒီမှာ ကိုယ်တိုင် လာတင်တဲ့လူတွေလဲ တွေ့တယ်။ အဲဒီလူတွေကိုတော့ ထုတ်ပေးတယ်။ အေးဂျင့်ကိုအပ်ထားတဲ့ လူတွေတော့ ဒုက္ခရောက်တာပေါ့” ဟု ၀ိုင်ပီအိုင်သို့ ပြောသည်။

အကျိုးဆောင်ဖြင့် လျှောက်ထားခိုင်းရာမှ မရသဖြင့် ကိုယ်တိုင် လာရောက်ရသူ အခြားတဦးကလည်း “ပထမတော့ အေးဂျင့်နဲ့တင်တာ မရဘူးဆိုတော့ ကိုယ်တိုင်လာလျှောက်ရတယ်။ မနက် ၇ နာရီမှာ တိုကင်လာယူတာ နံပါတ်က ၁၀၄ ရောက်နေပြီ။ အရေးကြီးကိစ္စနဲ့ ထိုင်းနိုင်ငံသွားဖို့ လိုတယ်လို့ ဗီဇာဌာနကို ပြောတော့ နေ့ချင်းလုပ်ပေးလို့ ညနေ ၄နာရီခွဲမှာ ဗီဇာရတယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံသည် ပြည်ပခရီးသည်များကို ဆွဲဆောင်သည့်အနေဖြင့် ပြည်ဝင်ခွင့်ဗီဇာကြေး ကင်းလွတ်ခွင့် ပြုသည့် အစီအစဉ်များကို မကြာခဏ ပြုလုပ်ပေးနေသော်လည်း မြန်မာနိုင်ငံသားများ အနက်ထိုင်းဗီဇာ ရရန်ခက်ခဲ ဆဲဖြစ်သည်။ ထိုင်းနိုင်ငံသို့ ပထမဆုံးသွားရောက်မည့် မြန်မာနိုင်ငံသားများ အနေနှင့် မြန်မာနိုင်ငံသို့ ပြန်လာမည့် အိမ်ခြံမြေ ဖုန်း ကား အစရှိသည်တို့ကို ပြသနိုင်မှ ထိုင်းဗီဇာ ရရှိနိုင်သည်။

“ထိုင်းနိုင်ငံက မြန်မာနိုင်ငံနဲ့ ဒီလောက်ဆက်ဆံရေး ကောင်းအောင် လုပ်နေတဲ့အချိန်မှာ မြန်မာနိုင်ငံသားတွေ ရဲ့ပိုင်ဆိုင်ခွင့်ကို  ပြခိုင်းထားတယ်။ ပြီးတော့ အာရှမှာ ထိုင်းက ဆိုက်ရောက်ဗီဇာ မပေးတာ မြန်မာ တနိုင်ငံထဲ ရှိတယ်လို့ ကြားတယ်။ ကမ္ဘောဒီးယားကိုတောင် ဆိုက်ရောက်ဗီဇာ ၁၅ရက်ပေးတယ်လို့ ကြားဖူးတယ်” ဟု အဆိုပါ ထိုင်းဗီဇာလျှောက်သူ အန်ဂျီအိုဝန်ထမ်းက ပြောသည်။

ကိုဖုန်းမော်နေ့အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် နဲ့ ၈၈ ကျောင်းသားခေါင်းဆောင်တွေ တက်ရောက်

Uploaded by BurmaVJMedia on Mar 14, 2012
စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် နဲ့ ကိုစိုးနိုင် ကျဆုံးခြင်း ၂၄ နှစ်ပြည့် အောင့်မေ့ဖွယ် အခမ်းအနား ကို မက်လ ၁၃ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသားများ သမဂ္ဂဟောင်းများနဲ့ ရန်ကုန်စက်မှု တက္ကသိုလ် ကျောင်းသား ဟောင်းများ ဦးစီးကျင်းပတဲ့ ဒီအခမ်းအနားမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ၂၀၀၇ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ နိုင်ငံရေး အကျဉ်းသား ဟောင်းတွေ နိုင်ငံရေးအင်အာစုတွေ တက်ရောက် လာခဲ့ပါတယ်။ အလားတူ ထိုင်းနိုင်ငံ မဲစောက်မြို့မှာလည်း ပြည်ပရောက် စက်မှုတက္ကသိုလ် ကျောင်းသားတွေကလည်း ကိုဖုန်းမော်နေ့ အခမ်းအနားပြုလုပ်ခဲ့ကြပါတယ်။


ကိုဖုန်းမော်နေ့ အခမ်းအနားတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော မိန့်ခွန်း စ/ဆုံး

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် အငြင်းပွားမှု ဘင်္ဂလားဒေ့ရှ်ကို အနိုင်ပေး

The Voice Weekly
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် အငြင်းပွားမှု ကြားနာပွဲတွင် ဘင်္ဂလားဒေ့ရှ်ကို အနိုင်ပေးလိုက်ပြီ ဖြစ်ကြောင်း ယနေ့ထုတ် နိုင်ငံတကာ သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

“ မိမိတို့ လိုချင်တာ အားလုံး ရခဲ့ပြီ ” ဟု ပင်လယ် ရေပိုင်နက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာခုံရုံး ရှိရာ ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့သို့ ရောက်ရှိနေသော ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dr Dipu Moni က ဘင်္ဂလားဒေ့ရှ် bdnews24 သို့ တယ်လီဖုန်းဖြင့် ပြောကြားသည်။

ကာလကြာရှည်စွာ မြန်မာနှင့် ပင်လယ်ရေပိုင်နက် အငြင်းပွားလျက်ရှိသော ကိစ္စတွင် ဘင်္ဂလားဒေ့ရှ်ဘက်က ၎င်းတို့ တောင်းဆိုထားသည့် ဧရိယာထက် ပိုမို၍ အနိုင်ရရှိခဲ့သည်ဟု ၎င်းက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဘင်္ဂလားပင်လယ်အော်တွင် အဆိုပြုထားသော ဧရိယာမှာ ၁၀၇,၀၀၀ စတုရန်း ကီလိုမီတာသာ ရှိသော်လည်း ယခု တရားရုံးက ဘင်္ဂလားဒေ့ရှ် ပိုင်နက်ဧရိယာအဖြစ် ဆုံးဖြတ်ခဲ့သော ဧရိယာမှာ ၁၁၁,၀၀၀ စတုရန်း ကီလိုမီတာ ရှိသည်။

ပင်လယ် ရေပိုင်နက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်အရ ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ၎င်း၏ ကမ်းဦး ရေတိမ်ပိုင်း မိုင် ၂၀၀ နှင့် မိုင်၂၀၀ အလွန် ပတ်ဝန်းကျင် ရေပြင်ပိုင်နက်တွင် စီးပွားရေးများ လုပ်ကိုင်နိုင်တော့မည် ဖြစ်သည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ အများအပြားရှိသော အဆိုပါဧရိယာ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့သည် ၂၀၀၉ ခုနှစ်မှစ၍ ပင်လယ် ရေပိုင်နက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ခုံရုံးတွင် အမှုဖွင့်၍ တရားဥပဒေ ကြောင်းအရ ဖြေရှင်းရန် ကြိုးပမ်းခဲ့သော အမှုကိစ္စ ဖြစ်သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် ပင်လယ်နယ်နိမိတ်သစ်ကို ကုလသမဂ္ဂတရားရုံးက ဆုံးဖြတ်သတ်မှတ်
Thursday, 15 March 2012 02:06

သယံဇာတ ရင်းမြစ်ကြွယ်ဝသော ပင်လယ်ပြင် ဧရိယာတွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကြား ပိုင်ဆိုင်မှု အငြင်းပွားနေခြင်းကို အဆုံးအဖြတ်ပေးသည့်အနေဖြင့် နှစ်နိုင်ငံကြား ပင်လယ်နယ်နိမိတ်သစ်တစ်ခုကို ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ အထူးခုံရုံး (International Tribunal for the Law of the Sea) က မတ်လ ၁၄ ရက်နေ့တွင် သတ်မှတ်ပေးလိုက်သည်။

ဂျာမနီနိုင်ငံ၊ မြောက်ပိုင်း ဟမ်းဘတ်မြို့ရှိ ITLOS တရားရုံးက ချမှတ်ခဲ့သည့် အမိန့်အရ ပင်လယ်ပိုင်း နယ်နိမိတ်သစ်ကို တရားသူကြီးအဖွဲ့ဥက္ကဋ္ဌ ဟိုဆေးလူးဝစ်ဂျီးဆပ်စ်က တင်ပြခဲ့သည်။ နှစ်နိုင်ငံစလုံးအနေဖြင့် ၎င်းတို့၏ သက်ဆိုင်ရာ ကမ်းဦးရေတိမ်ပိုင်းနှင့် ပတ်သက်၍ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း ၎င်းက အမိန့်ချခဲ့သည်။ နယ်နိမိတ်အား တိုင်းတာရာတွင် မြန်မာ၏ နည်းလမ်းကို ထောက်ခံခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်က ဧရိယာပိုမိုရရှိခဲ့သည်။ တရားရုံး၏ ဆုံးဖြတ်ချက်ပါ တချို့အစိတ်အပိုင်းများအပေါ် တရားသူကြီးအချို့ သဘောထား ကွဲလွဲခဲ့သော်လည်း ဆုံးဖြတ်ချက်ကိုမူ တစ်ကမ္ဘာလုံးမှ တရားသူကြီး ၂၃ ဦးက တညီတညွတ်တည်း ချမှတ်ခဲ့ခြင်းဖြစ်သည်။ ''နှစ်ဖက်စလုံးဟာ တစ်စုံတစ်ရာကို ရရှိခဲ့ကြသလို တစ်စုံတစ်ရာကိုလည်း ဆုံးရှုံးခဲ့ကြပါတယ်''ဟု ဂျာမန်တရားသူ ကြီး ရူဒီဂျာဝိုလ်ဖရမ်က ပြောကြားခဲ့သည်။ တရားရုံး၏ ဆုံးဖြတ်ချက်မှာ နှစ်ဖက်စလုံးအတွက် အောင်ပွဲဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒီပူမိုနီက ပြောကြားခဲ့သည်။ သို့သော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်က အနိုင်ရရှိခဲ့သော နေရာတွင် သဘာဝဓာတ်ငွေ့နှင့် ရေနံ တူးဖော်နိုင်ပြီဟုလည်း ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်၏ သီးသန့် စီးပွားရေးဇုန် ရေမိုင် ၂၀၀ ကို တရားရုံးကသတ်မှတ်ပေးခဲ့ပြီး ဘင်္ဂလားဒေ့ရှ်က ပိုင်ဆိုင်သည်ဟု တောင်းဆိုထားသည့် စိန့်မာတင်ကျွန်း တစ်ဝိုက်နေရာတစ်ခုကိုလည်း အတည်ပြုပေးခဲ့သည်။
ပိုင်နက်အငြင်းပွားမှုမှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီး မြန်မာသည် အငြင်းပွားရေပိုင်နက်တွင် သဘာဝဓာတ်ငွေ့ တူးဖော်နေသည်ဟု ဘင်္ဂလားဒေ့ရှ်က စွပ်စွဲခဲ့သည့် ၂၀၀၈ ခုနှစ်က နှစ်နိုင်ငံမှာ စစ်ရေးပဋိပက္ခ ဖြစ်လုနီးပါး အခြေအနေသို့ ဆိုက်ရောက်ခဲ့သည်။ ဘင်္ဂလားပင် လယ်အော်တွင် ကြီးမားသည့် သဘာဝဓာတ်ငွေ့သိုက်များ မြန်မာက တွေ့ရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်က ပိုင်ဆိုင်သည်ဟု ပြောကြားထားသည့်နေရာတစ်ခုတွင် နောက်ထပ်တူးဖော်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်သည် အိန္ဒိယနှင့် အလားတူ ပင်လယ်ပိုင်နက် အငြင်းပွားမှု ပြဿနာကို ၂၀၁၄ ခုနှစ်တွင် ဖြေရှင်းရန် မျှော်လင့်ထားသည်။
http://www.weeklyeleven.com/index.php?option=com_content&view=article&id=12812:2012-03-14-19-45-10&catid=42:2009-11-10-07-36-59&Itemid=112

မြန်မာ၊ ဘင်္ဂလားဒေ့ရှ့်  အကြား အငြင်းပွားခဲ့တဲ့ ပင်လယ်ပြင်နယ်နိမိတ် ပိုင်ဆိုင်မှု တရားရုံး ဆုံးဖြတ်ချက်အပေါ် ရှင်းလင်းချက်
by Nyein Chan Aye on Wednesday, March 14, 2012 at 9:45pm ·

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ့်  အကြား အငြင်းပွားခဲ့တဲ့ ပင်လယ်ပြင်နယ်နိမိတ် ပိုင်ဆိုင်မှု ပြဿနာအပေါ် ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကုလသမဂ္ဂ နိုင်ငံတကာ တရားရုံး (ITLOS) က ဆုံးဖြတ်ခဲ့တာ ပတ်သက်ပြီး (ကျနော်တို့လို လူပြိန်းတွေ အတွက်) အထိုက်အလျောက် နားလည်နိုင်ဖို့က အသုံးအနှုန်း၊ အခေါ်အဝေါ် တွေရဲ့ အနက်ကို အရင်သိမှ ဖြစ်ပါမယ်။



Internal Water (ကုန်တွင်း ရေပိုင်နက်/ကမ်းရိုးတန်းအတွင်း)



ကုန်တွင်း ရေပိုင်နက် သတ်မှတ်ရာမှာ ရေမိုင် အတိအကျ မရှိ (ဟု ယူဆရ)။ အခြေခံမျဉ်း (Baseline) မှ ကုန်တွင်းဘက်ခြမ်း ဧရိယာအားလုံးပါ။ အခြေခံမျဉ်း (Baseline) ရဲ့ အကွာအဝေး ကို သတ်မှတ်ရာမှာ ရေတိမ်မျဉ်း (Low-Water Line) အပေါ်မူတည်။ ဒါကြောင့် ရေတိမ်မျဉ်းမှစပြီး ကုန်းတွင်း ကမ်းဦးရေတိမ်ပိုင်းဧရိယာအားလုံးကို ကုန်တွင်း ရေပိုင်နက် ဟု ခေါ်။ ကုန်တွင်း ရေပိုင်နက် အတွင်းမှာ သက်ဆိုင်ရာ ကမ်းရိုးတန်း နိုင်ငံက ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ ပြဌာန်းလို့ရ၊ ရှာလို့ရသမျှ (ထွက်သမျှ) သယံဇာတပိုင်၊ နိုင်ငံခြား သင်္ဘော (စစ်/အရပ်/ကုန်တင်စီးပွား) ဖြတ်သွားခွင့်မရှိ။



Territorial Waters (နိုင်ငံတစ်နိုင်ငံရဲ့ အပြည့်အဝပိုင်တဲ့ ရေပိုင်နက်)



အခြေခံမျဉ်း (Baseline) မှ (ပင်လယ်ဘက်) ရေမိုင် (၁၂) မိုင် (၂၂ ကီလိုမီတာ/ ၁၄ မိုင်) ကို သတ်မှတ်။ ဥပဒေ နဲ့ သယံဇာတ လုပ်ပိုင်ခွင့်မှာ ကုန်တွင်း ရေပိုင်နက် နှင့် အတူတူ။ သက်ဆိုင်ရာ ကမ်းရိုးတန်း နိုင်ငံရဲ့ အချုပ်အခြာ အာဏာ ကို မထိပါးစေတဲ့၊ အန္တာရယ်မရှိတဲ့ သင်္ဘော (Innocent Passage) သွားလာခွင့်ရှိ။ အန္တာရယ်မရှိတဲ့ သင်္ဘော အနက်အဓိပ္ပါယ်တွင် ငါးဖမ်းခြင်း၊ ပင်လယ်ပြင် (သဘာဝ ပတ်ဝန်းကျင်) ညစ်ညမ်းစေခြင်း၊ လက်နက် စမ်းသပ် ပစ်ခတ်ခြင်၊ လေ့ကျင့်ခြင်း၊ ထောက်လှမ်းခြင်း မပါ။ နိုင်ငံခြားစစ်သင်္ဘောအနေနဲ့ ခရီးလမ်းကြောင်းပေါ် ရှိနေလို့ ဖြတ်တဲ့ သဘောနဲ့ (ဆက်)သွားမယ်ဆိုရင် ဖြတ်သွားလို့ရ။



Contiguous Zone (အချုပ်အခြာ အာဏာဆက်လက်တည်မြဲတဲ့ နယ်နိမိတ်)



Territorial Waters ဧရိယာ မှ နောက်ထပ် ရေမိုင် (၁၂) မိုင် (၂၂ ကီလိုမီတာ/ ၁၄ မိုင်)၊ တနည်းအားဖြင့် အခြေခံမျဉ်း (Baseline) မှ ရေမိုင် (၂၄) မိုင် အကွားအဝေးကို သတ်မှတ်။ သက်ဆိုင်ရာ ကမ်းရိုးတန်း နိုင်ငံမှ လူဝင်မှု၊ အခွန်၊ ရေထု ညစ်ညမ်းမှု နဲ့ ပတ်သက်လို့ ဥပဒေ ပြဌာန်းနိုင်။ ဥပမာ - အခွန်ရှောင်/မှောင်ခို၊ လူကုန်ကူး စတဲ့ သင်္ဘောတွေကို သက်ဆိုင်ရာ နိုင်ငံရေတပ်က မိမိရဲ့ ကမ်းလွန်ရေပိုင်နက် ကို ကျော်ပြီး Contiguous Zone ထိလိုက်ဖမ်းနိုင်။



Exclusive Economic Zones (EEZs) (တစ်နိုင်ငံတည်း (မူပိုင်) စီးပွားလုပ်ကိုင်နိုင်တဲ့ ရေပိုင်နက်)



အခြေခံမျဉ်း (Baseline) မှ (ပင်လယ်ဘက်) ရေမိုင် (၂၀၀) မိုင် (၃၇၀ ကီလိုမီတာ/ ၂၃၀ မိုင်) ကို သတ်မှတ်။ သက်ဆိုင်ရာ ကမ်းရိုးတန်း နိုင်ငံ မှ Exclusive Economic Zones အတွင်း ထွက်သမျှ သဘာဝ သယံဇာတ ပိုင်။ ငါးဖမ်း၊ သတ္တုတူးဖော်၊ ရေနံ/သဘာဝဓာတ်ငွေ့ ရှာ အကုန်ပါ။



ခု အထက်က ဖော်ပြထားတဲ့ ရေပိုင်နက်တွေကို အကြမ်းအားဖြင့် (နိုင်ငံတစ်နိုင်ငံ ပိုင်ဆိုင်တဲ့) မိမိရေပိုင်နက်လို့ (သီးခြားဖြစ်တဲ့ လုပ်ပိုင်ခွင့်၊ အာဏာ ကွာပေမဲ့) ခေါ်နိုင်။ ဆိုတော့ မိမိရေပိုင်နက် အပြင် (အခြေခံမျဉ်း ရေမိုင် (၂၀၀) မိုင် အလွန်) ကို နိုင်ငံတကာ ရေပိုင်နက် (International waters) လို့ ခေါ်။



အထပ်မှာ ဖော်ပြထားတဲ့ သတ်မှတ်ချက်တွေကို ပုံ (၀) တွင်ကြည့်။



အဲ့သလို အတိအကျ သတ်မှတ်ထားပေမဲ့ (မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ့်  လို) အိမ်နီးချင်း နိုင်ငံတွေမှာ အခြေခံမျဉ်း (Baseline)၊ တနည်းအားဖြင့် ကမ်းဦး ရေတိမ်မျဉ်း (Low-Water Line) သတ်မှတ်ရာမှ လုံလောက်တဲ့ အကျယ်အဝန်း မရှိတဲ့အတွက် အငြင်းပွားမှု ဖြစ်လေ့ရှိ။



ခု ဒီပြဿနာ စဖြစ်ရတာကလည်း မြန်မာက ၂၀၀၈ မှာ တစ်နိုင်ငံတည်း (မူပိုင်) စီးပွားလုပ်ကိုင်နိုင်တဲ့ ပိုင်နက် (EEZs) မှာ သဘာဝဓာတ်ငွေ့ ရှာတော့ ဘင်္ဂလားဒေ့ရှ့် က (နှစ်နိုင်ငံ)အခြေခံမျဉ်း သတ်မှတ်မှု မတူညီဖြစ်နေတဲ့အပေါ်မူတည်ပြီး ကုလသမဂ္ဂမှာ ကန့်ကွက်ရာမှ စဖြစ်။



ရေနယ်နိမိတ်တွေရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို ယေဘုယျ နားလည်သွားပြီ ဆိုရင် ခုတရားရုံးက ဆုံးဖြတ်ချက် မှတ်တမ်းမှာ ပါတဲ့ ဓာတ်ပုံတွေကို ကြည့်လို့ ရပြီ။



ပုံ (၁) က Territorial Waters (နိုင်ငံတစ်နိုင်ငံရဲ့ အပြည့်အဝပိုင်တဲ့ ရေပိုင်နက်) အတွက် နှစ်ဖက် (မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ့် ) က တရားရုံးကို တင်တဲ့ နယ်နိမိတ်သတ်မှတ်မျဉ်း နှစ်ကြောင်း။



ပုံ(၂) က တရားရုံးက နောက်ဆုံး ဆုံးဖြတ်ပေးလိုက်တဲ့ Territorial Waters အတွက် နယ်နိမိတ်သတ်မှတ်မျဉ်း။ ပုံ (၂) အရ ဘင်္ဂလားဒေ့ရှ့် က ရေပိုင်နက် ဧရိယာ ပိုရဟု သတ်မှတ်နိုင်။



ပုံ(၃) က တရားရုံးက နောက်ဆုံး ဆုံးဖြတ်ပေးလိုက်တဲ့ နှစ်နိုင်ငံ ကမ်းရိုးတန်း ဧရိယာ အကျယ်အဝန်း။ မြန်မာက ကမ်းရိုးတန်းထိစပ်မှု ပိုရှိ၊ ပိုရှည်၊ ပိုကျယ်ပြန့်တဲ့ အတွက် ဧရိယာပိုရ။ မြန်မာ (၅၈၇ ကီလိုမီတာ)၊ ဘင်္ဂလားဒေ့ရှ့်  (၄၁၃ ကီလိုမီတာ)။



ပုံ(၄) က Exclusive Economic Zones (EEZs) (တစ်နိုင်ငံတည်း (မူပိုင်) စီးပွားလုပ်ကိုင်နိုင်တဲ့ ရေပိုင်နက်) အတွက် နှစ်ဖက် (မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ့် ) က တရားရုံးကို တင်တဲ့ နယ်နိမိတ်သတ်မှတ်မျဉ်း နှစ်ကြောင်း။



ပုံ(၅) က တရားရုံးက နှစ်နိုင်ငံ Exclusive Economic Zones (EEZs) (တစ်နိုင်ငံတည်း (မူပိုင်) စီးပွားလုပ်ကိုင်နိုင်တဲ့ ရေပိုင်နက်) အတွက် အကွာအဝေးပေါ်မူတည်ပြီး ကနဦးသတ်မှတ်ပေးတဲ့ နယ်နိမိတ်သတ်မှတ်မျဉ်း။



ပုံ(၆) က တရားရုံးက နောက်ဆုံး ဆုံးဖြတ်ပေးလိုက်တဲ့ နှစ်နိုင်ငံ Exclusive Economic Zones (EEZs) (တစ်နိုင်ငံတည်း (မူပိုင်) စီးပွားလုပ်ကိုင်နိုင်တဲ့ ရေပိုင်နက်) အတွက် အကွာအဝေးပေါ်မူတည်ပြီး (နောက်ဆုံး အတိုးအလျော့လုပ်ပြီး) သတ်မှတ်ပေးလိုက်တဲ့ နယ်နိမိတ်သတ်မှတ်မျဉ်း။



ပုံ(၄) နဲ့ ပုံ (၆) ကို နှိုင်းယှဉ် ကြည့်ရင် စီးပွားရေးလုပ်ပိုင်ခွင့်အတွက် သတ်မှတ်ပေးချက်ဟာ နှစ်ဖက်စလုံးကို မနစ်နာစေဘူး သိသာထင်ရှားစေတယ်။



ပုံ(၆) အတိုင်း စီးပွားရေးလုပ်ပိုင်ခွင့်အတွက် နောက်ဆုံးသတ်မှတ်ပေးလိုက်တဲ့နေရာမှာ နှစ်နိုင်ငံရလိုက်တဲ့ ရေပိုင်နက်နှစ်ခု ထပ်တူကျတဲ့ (Overlap) ဖြစ်တဲ့ နေရာရှတယ်။ အညိရောင် ဧရိယာ (Grey Area) ဟု သတ်မှတ်။ ပုံ (၇) တွင် ကြည့်။ အဲ့တာဟာ နိုင်ငံတကာ မှာ ထိစပ်နေတဲ့ ရေပိုင်နက် နယ်နိမိတ်တွေမှာ ဖြစ်လေ့ဖြစ်ထရှိ။ အညိုရောင် ဧရိယာ အတွင်း လုပ်ပိုင်ခွင့်ကို နှစ်နိုင်ငံ (နိုင်ငံတာက နဲ့ မဆိုင်) လေးစားမှုကိုအခြေပြုပြီး နှစ်ဘက်သဘောတူ ပူးပေါင်းဆောင်ရွက်ရန်ဖြစ်။



ပုံ(၈) က နှစ်နိုင်ငံ ပင်လယ်နဲ့ ထိစပ်လို့ ပိုင်တဲ့ ရေပိုင်နက် ဧရိယာအကျယ်အဝန်း စုစုပေါင်း။ ပုံ(၃) ရဲ့ သဘောတရားအတိုင်း မြန်မာက ကမ်းရိုးတန်းထိစပ်မှု ပိုရှိ၊ ပိုရှည်၊ ပိုကျယ်ပြန့်တဲ့ အတွက် ဧရိယာပိုရ၊ ဧရိယာ ပိုကျယ်ဟု ဆိုနိုင်။



ပုံ(၉) က တရားရုံးက နောက်ဆုံး ဆုံးဖြတ်ပေးလိုက်တဲ့ နှစ်နိုင်ငံအတွက် ရေပိုင်နက် နယ်နိမတ်မျဉ်း။ ပုံ(၄) နဲ့ ပုံ (၆) ကို နှိုင်းယှဉ် ကြည့်တဲ့ သဘောအတိုင်းပဲ နှစ်နိုင်ငံတောင်းဆိုခဲ့တာနဲ့ နောက်ဆုံးရတာကို နှိုင်းယှဉ်ရင် နှစ်ဖက်စလုံးမနစ်နာ။



ပုံ (၉) အတိုင်း နောက်ဆုံး သတ်မှတ်ထားတဲ့ နယ်နိမတ်မျဉ်းမှာ ခြွင်းချက် ကင်းလွတ် သွားတာက စိန့်မာတင်ကျွန်း (St. Martin's Island)။ ပုံ (၉) ရဲ့ နယ်နိမတ်မျဉ်းအတိုင်းပြောရင် စိန့်မာတင်ကျွန်းကို မြန်မာပိုင်တယ်။ ဒါပေမဲ့ ကျွန်းပိုင်ဆိုင်မှုမှာ သတ်မှတ်ရာမှာ ပုံ (၉) ရဲ့ နယ်နိမိတ်မျဉ်းက သက်ရောက်မှု မရှိတဲ့အတွက် (Territorial Waters ပိုင်ဆိုင်မှု နယ်နိမိတ်သတ်မှတ်မျဉ်း ပုံ (၂) အရ) စိန့်မာတင်ကျွန်းကို ဘင်္ဂလားဒေ့ရှ် ပိုင်လို့ သတ်မှတ်လိုက်တယ်။



နိဂုံး



စာရေးသူ ကိုယ်တိုင် ပင်လယ်ရေကြောင်း ဝေါဟာရတွေနဲ့ ဝေးတဲ့ သာမန်လူပြိန်းဖြစ်တဲ့အတွက် ဝေါဟာရများရဲ့ မြန်မာပြန်မှာ တကယ့် ဝေါဟာရ အမှန်ပြန်ထားတာနဲ့ ကွာနိုင်ပါတယ်။ ဒါပေမဲ့ အနက်အဓိပ္ပါယ် ဖွင့်ဆိုရှင်းလင်းရာမှာ အနီးစပ်ဆုံး မှန်ကန်အောင် ပြန်ဆိုထားပါတယ်။ ပြီးတော့ ဒီစာစုဟာ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကိုသာ (ခု မိတ်ဆွေတွေအကြား "ငါတို့နိုင်တယ်၊ သူတို့နိုင်တယ်" ဆိုတဲ့ ငြင်းခုံမှု၊ ဒွိဟဖြစ်နေတာတွေကို ပျောက်စေလိုတဲ့ အတွက်) ရှင်းလင်းထားခြင်းဖြစ်ပါတယ်။ ဘာကြောင့် ဒီလို ဆုံးဖြတ်နိုင်တယ်ဆိုတဲ့ အကြောင်းရှာပြီး ရှင်းလင်းဖို့က ရှုပ်ထွေးတဲ့ ဥပဒေ၊ နည်းပညာ သဘောတရားတွေကို နားလည်တဲ့ ပညာရှင်များကသာ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်မေးခွန်းထုတ်၊ တရားမျှတမှုကို ဆန်းစစ်နိုင်မှာ ဖြစ်ပါတယ်။ အထက်မှာ တင်ပြခဲ့တဲ့ အချက်အလက်တွေကို အခြေခံပြီး ကျနော့် အမြင်ကို တင်ပြရမယ်ဆိုရင်တော့ တရားရုံးဆုံးဖြတ်ချက်ဟာ တရားမျှတမှု နဲ့ အနီးစပ်ဆုံးရှိပြီးတော့ အငြင်းပွားတဲ့ နှစ်နိုင်ငံစလုံး မနစ်နာစေပါလို့ ကောက်ချက်ချရင်းနဲက နိဂုံးချုပ်ပါတယ်။



နိုင်ငံအရေးတွေ ပိုမို စိတ်ပါဝင်စားပြီး အမှန်အတိုင်း နားလည်လက်ခံနိုင်ကြပါစေ။



ငြိမ်းချမ်းအေး



၁၅ မတ်လ၊ ၂၀၁၂





Photo Source: itlos.org

Ref: ITLOS Final Judgement Report

သန့်ရှင်းသော အစိုးရ ၊ သတ္တိရှိရှိတင်ပြကြပါ ၊ ရေနစ်နေသော တိုင်းပြည်နှင့်၊ ရေပန်းစားနေသော ပုဂ္ဂိုလ်တစ်ဦး


by Thar Lay on Tuesday, March 13, 2012 at 3:01pm ·
ယနေ့ နိုင်ငံတော်ကို အုပ်ချုပ်နေသည်ဟုဆိုသော သမ္မတကြီးဦးသိန်းစိန်သည် clean government ဟူသောဆောင်ပုဒ်ကို စွဲကိုင်ပြီး သမ္မတရာထူးကို ဆက်ခံခဲ့သူဖြစ်သည်။ ဆိုရလောက်အောင်လည်း သမ္မတကြီးသည် ထင်ထင်ရှားရှားပြလောက်စရာ လာဘ်စားသည်ဟူသော သက်သေပြချက်ခိုင်ခိုင်မာမာ ယနေ့အထိ ထွက်ပေါ်လာခြင်းမရှိသေးပါ။ ထို့နည်းတူ သူရဦးရွှေမန်းသည်လည်း ယခင်က အဘယ့်လောက်ဆိုးခဲ့စေကာမူ ယနေ့အခါ အပြောင်းအလဲဆိုသောစကား သတ္တိရှိရှိဆိုသောစကားများကို တော့်တော့်ကို သုံးနှုန်းနေသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါသည်။ ယေဘူယျအားဖြင့် ဦးသိန်းစိန်၊ ဦးရွှေမန်း ၊ ဦးအောင်မင်းတို့အုပ်စုကို ပြည်သူဖက်သို့ကြည့်လိုစိတ်ရှိသော အပြောင်းအလဲဝါဒီများဟု သမုတ်ကြပါစို့.....

သူတို့အတွက် ဒီအသွင်ကူးပြောင်းရေးကာလတစ်ခုမှာ တိုင်းပြည်အတွက် စေတနာထားသည်ဆိုပါက လုပ်စရာအလုပ်တွေက တစ်ပုံတပင်.....ရှေ့လူက အခွံချည့်ကျန်သော တိုင်းပြည်ကို သူတို့လက်ထဲထိုးအပ်သွားခဲ့သည်။ အိမ်နီးချင်းတိုင်းပြည် တရုတ်ကြီးက အမျိုးမျိုးအဖုံဖုံ ဖိအားပေး၊ သူ့အကျိုးစီးပွားတွေကို ဘယ်လိုနည်းနှင့်မျှ အထိခိုက်ခံလိမ့်မည် မဟုတ်ကြောင်း ခြိမ်းခြောက်၊ တဖန် အစိုးရအဖွဲ့တွင် သန်းရွှေအမိန့်ဖြင့် မဖြစ်မနေ ပြန်နေရာပေးထားရသည့် ဦးဇော်မင်း၊ ဦးတင့်ဆန်း၊ ဦးအောင်သောင်းတို့အုပ်စုရဲ့ အပုပ်နံ့တွေကလည်း လှိုင်လာပြန်တော့ ဘယ်ကဘယ်လိုစကိုင်ရမှန်းမသိသည့်အခြေအနေပင်....တကယ့်ကိုရေနစ်နေတဲ့ သင်္ဘောပျက်ကိုဆယ်နေရတဲ့အနေအထားပါ။

တဖန် နိုင်ငံတော်အာဏာကို အချိန်မရွေးပြန်သိမ်းလို့ရသည်ဟု သန်းရွှေပြဌာန်းသောဥပဒေအရ တပ်မတော်စစ်ဦးစီးချုပ်နှင့် ဒုသမ္မတ (၈)လုံးပိုင်ရှင်တင်အောင်မြင့်ဦးတို့ကိုလည်း တင်းတင်းမာမာမပြောရဲ....ဘေးကျပ်နံကျပ်ပါ.....

တိုင်းရင်းသားတွေနဲ့ ပဍိပက္ခဖြစ်နေတဲ့နေရာတွေကို ထိုးစစ်ရပ်ပါလို့ညွှန်ကြားချက်ထုတ်တယ်....ဒါပေမယ့် ကာချုပ်က ထိုးစစ်ကို ပိုတောင်အရှိန်တင်လိုက်သေးတယ်....ဒါဟာသမ္မတကို လက်နက်အားကိုးနဲ့ လူမိုက်ဆန်ဆန် စိန်ခေါ်လိုက်တာပါဘဲ.....

ယခုတစ်လော Onlineမှာ ပွနေတဲ့ ဦးအောင်သောင်းရဲ့ ဗုန်းချက်တွေဟာ ရပ်ကွက်တွေထဲအထိ ပြန့်နှံ့ပြီး ဒီနေ့မနက် ဆိုရင် ဦးအောင်သောင်းကို ထိန်းသိမ်းလိုက်ပြီဆိုပြီး ကောလဟလတွေဖြစ်နေခဲ့ပါတယ်.......

တကယ်တမ်း အောင်သောင်းကို ကိုင်မယ်ဆိုရင် သန်းရွှေကိုပါ တစ်ပါတည်းကိုင်မှ ရပါလိမ့်မယ်.....အောင်သောင်းလိုခွေးကိုရိုက်ရင် ခွေးရှင် သန်းရွှေ ငြိမ်ခံနေပါ့မလားဆိုတာ စဉ်းစားစရာပါ.....

အောင်သောင်းကို ထိထိရောက်ရောက်ကိုင်နိုင်မယ်ဆိုရင်တော့ ပြည်သူအပေါင်းက လက်ခုပ်တီးပြီး ကြိုဆိုကြမှာပါ.....
အောင်သောင်းငွေအများစုကစကာင်္ပူက UOB နဲ့ OCBC မှာလို့ အကြောင်းသိတွေကဆိုသမို့  အမေရိကန်ရဲ့ဖိအားနဲ့ ဒီငွေတွေကို ထိန်းချုပ်မယ်ဆိုရင် ဖြစ်နိုင်စရာရှိပါတယ်....အတိအကျလို့တေ့ ပြောမရပါ....ဘာလို့လဲဆိုတော့ စင်္ကာပူဆိုတာ အမေရိကန်ကို ခြေသလုံးနှိပ်ပေးသလို တရုတ်ကြီးကိုလည်းယပ်ခပ်ပေးတဲ့ လူပါးမို့လို့ပါ....

 အောင်သောင်းလို ကျေးဇူးရှင်ဆရာရင်း ထွန်းကြည်ကိုတောင်မှ ခင်ညွန့်နဲ့ပေါင်းပြီး ပြန်သတ်တဲ့လူမျိုးကို အစိုးရအဖွဲ့ထဲ ဆက်ထားထားတာဟာ မြွေထုပ်ကို ခါးပိုက်ပိုက်သလိုပါဘဲ...လူရဲ့ ပကတိ ဗီဇဟာ ရုပ်ကိုထင်ဟပ်ပါတယ်....အောင်သောင်းဦးဆောင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ အနုတ်လက္ခဏာချည့်ပါဘဲ... ဘာလို့လဲဆိုတော့ သူ့ရုပ်သူ့ရည်ဟာ -ာခေါင်းတစ်ယောက်ရဲ့ ရုပ်ရည်ထက်မပိုလို့ပါ...

အောင်သောင်းကို ကိုင်နိုင်မယ်ဆိုရင် ပြည်သူတွေက သြဘာပေးမှာဖြစ်သလို လွှတ်တော်နဲ့ အစိုးရအဖွဲ့အတွင်းမှာ ပြုပြင်ရေးဝါဒီအုပ်စုရဲ့ အရှိန်အ၀ါက ပိုကြီးလာမှာပါ......

ငုတ်မိသဲထိုင်၊ တက်နိုင်ဖျားရောက် ပလ္လင်ပူပေါ်ထိုင်မိမှတော့ ဖင်လောင်မှာကြောက်မနေပါနဲ့တော့.......

----------------------------------------------------------------------------------------------------------------------------------
http://aoungthaung.blogspot.com/ မှ နိုင်ငံတော် ရေပန်းစားပုဂ္ဂိုလ်အကြောင်းတစ်စေ့တစ်စောင်းပါ.....

ရေပန်းစားနေသော ပုဂ္ဂိုယ်တစ်ဦး

Sunday, 15 March 2009
ကကလှမ်းရဲ့ အဆင့်မြင့် သတင်းပေး
ကိုဖိုးတရုတ်ဆိုဒ်မှ ကူးယူဖေါ်ပြပါသည်။


စက်မှူ (၁) ဝန်ကြီး ဦးအောင်သောင်းဆိုတာ တစ်ချိန်က ကကလှမ်းရဲ့ အဆင့်မြင့် သတင်းပေး ပါဘဲ။

နအဖ ဗျူရိုကရက် စစ်ပဒေသရာဇ် အုပ်စုအတွင်း မကောင်းသတင်းများဖြင့် နာမည်ကျော်ကြား လူကြောက်များနေသော ဝန်ကြီးတဦးဖြစ်သူ အမှတ်(၁) စက်မှူဝန်ကြီး ဦးအောင်သောင်း သည် တပ်မတော်တွင် ဗျူဟာမှူး (ဗိုလ်မှူးကြီး) အဆင့်မှ မကွေးတိုင်းငြိမ်ဝပ်ပိပြားမှူတည်ဆောက်ရေးအဖွဲ့  ဥက္ကဌ တာဝန်ပူးတွဲ ထမ်းဆောင်ရင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှူဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်အဖြစ် ပြောင်းလဲတာဝန် ထမ်းဆောင်ရင်း ဘောင်းဘီချွတ်၊ တိုက်ပုံ ဝတ်ဘဝ ရောက်ခဲ့သူ ဖြစ်သည်။

၎င်းအနေဖြင့် အရပ်ဘက်ဌာနဆိုင်ရာတွင် ညွှန်ကြားရေးမှူးချုပ်ဘဝဖြင့် ဂိတ်ဆုံးတော့မည့်အရေးကို မြင်လာသည့်အတွက် ဘက်ပြောင်းလှုပ်ရှားမှုများစတင်ရာတွင် ထိုစဉ်က တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး ၏ အဆင့်မြင့်သတင်းပေးအဖြစ် မရှက်မကြောက် လုပ်စားခဲ့ခြင်းပင် ဖြစ်သည်။ ဖြစ်စဉ်မှာ ထိုစဉ်က စစ်အုပ်စုအတွင်း အရိုးရင့် အမွေးရှည် အာဏာသိမ်းခေါင်းဆောင် တစ်ဦးဖြစ်သူ ယခင် အနောက်မြောက်တိုင်း/အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည်သည် ကကလှမ်း ညွှန်မှူး(အတွင်းရေးမှူး-၁) ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်  နှင့် အဆင်ပြေသူမဟုတ်ပေ။

ထိုအချက်ကိုသိထားသော ဦးအောင်သောင်းသည် ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့် ၏ နားသို့  ပေါက်နိုင်သည့် လမ်းကြောင်းမှတဆင့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် ၏ အတွင်းရေး များ၊ ဝန်ကြီးဌာနအတွင်းမှ ချွတ်ယွင်းချက် အားနည်းချက်များကို ကြမ်းခင်းဈေးပေါပေါဖြင့် ချကြွေးကာ တာဝန်သိ ပြည်သူ့  ဝန်ထမ်းကောင်းကြီး လုပ်ခဲ့သူ ဖြစ်သည်။ ဦးအောင်သောင်း ပေးပို့ လာသော အတွင်းသတင်းများအရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန အတွင်းမှ မသမာမှူများ၊ အကျင့် ပျက်မှူများ အားလုံးကို ကကလှမ်း က ဖိုင်ဖွင့် နိုင်ခဲ့တော့သည်။

ထိုစဉ်က ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် ရန်ပုံငွေရှာ ဦးဆောင်ထူထောင်ခဲ့သည့် ဂရုဏာဖောင်ဒေးရှင်းသည် ကျန်းမာရေးဝန်ကြီးဌာနကို မြောင်းထဲရောက်အောင် ပို့ နိုင်ခဲ့သည်သာမက ပြည်သူလူထုအတွင်း၌လည်း စည်းရုံးရေးအရ အထူးအောင်မြင်ခဲ့ရာ အမျိုးသားကျန်းမာရေးကော်မတီဥက္ကဌ တာဝန်ကိုပါ ပူးတွဲယူထားသော အတွင်းရေးမှူး (၁) ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့် သည် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် ကို ပွဲသိမ်းရိုက်ချနိုင်မည့် ဒုတ် ရလာသည်နှင့် ကကလှမ်းရှိ ဖိုင်များကို တပ်ချုပ်ကြီးထံ တင်ပေးလိုက်တော့သည်။ ထိုအခြေအနေကို မသိသော ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် ကမူ ဂရုဏာဖောင်ဒေးရှင်းအကြောင်း အမွှန်းတင်ရိုက်ကူးနေသည့် ရုပ်ရှင်ဇာတ်ကားကြီး၏ မြန်မာပြည်အနှံ့  ရိုက်ကွင်းများတွင် ဒါရိုက်တာ ဇင်ယော်မောင်မောင် ဦးဆောင်သော ရုပ်ရှင်မင်းသားမင်းသမီး တစ်အုပ်တစ်မနှင့်အတူ ပျော်သလားဟေ့မောင်တို့ ရေ . ပျော်တယ်ဟေ့  ...ပျော်တယ်ဟေ့ ...လုပ်ကောင်းဆဲ။

ခမျာ ကြာကြာမပျော်လိုက်ရ။ အမျိုးသားထောက်လှမ်းရေးအဖွဲ့  ၏ ဆင်ဖြူတော် (၉၇) စစ်ဆင်ရေးနှင့် ထိပ်တိုက်တွေ့ လေပြီ။ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် ၏ လက်ရင်းတပည့်များဖြစ်သော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ဗိုလ်မှူးတင်ဖေ၊ ဗိုလ်မှူးမိုးကျော်၊ ဗိုလ်ကြီးကျော်ကျော်ဦး၊ ဗိုလ်ကြီးအောင်မင်းနိုင်၊ ဗိုလ်ကြီးသန်းဌေးအောင် နှင့် ဒုဗိုလ်မှူးကြီး ကျော်မြင့် တို့ ကို အမျိုးသားထောက်လှမ်းရေးအဖွဲ့  ပူးပေါင်းအဖွဲ့ များက စတင်ဖမ်းဆီးစစ်ဆေးတော့သည်။ ထိုအခြေအနေကို သိသော ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် က ထိုစဉ်က ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်မှူးကြီးတင်လှိုင် (၄င်းလက်အောက်တွင် ဗျူဟာမှူး၊ ဒုတိုင်းမှူးလုပ်ခဲ့ဖူးသူ) အား ဖုန်းဖြင့်ဆက်သွယ်ကာ ဖမ်းဆီးစစ်ဆေးခြင်းများ ရပ်ဆိုင်းရန် အမိန့် ပေးခဲ့သော်လည်း အရာမရောက်တော့ပေ။ ဗိုလ်မှူးကြီးတင်လှိုင်က ကကလှမ်း အမိန့် အရ လုပ်ရခြင်းဖြစ်ကြောင်း ပြန်လည်တင်ပြခဲ့မှု အပေါ် မခံမရပ်နိုင်ဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် က ၄င်းနှင့်စစ်တက္ကသိုလ် အပါတ်စဉ် (၁) ကျောင်းဆင်းဘက် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီးမောင်အေး အား အားကိုယ်းရှာခဲ့သေးသော်လည်း ဆရာအေးက နာအတိဖူး နှာမှူးနေဒယ် ဇာတ်လမ်း ရိုက်ပြလိုက်သည်။

ဤသို့ နှင့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် တယောက် ကကလှမ်း၏ ကံစမ်းမဲပေါက်ကာ နဝတ ပေါ်လစ်ဗျူရို အဖွဲ့ မှ အရှင်ထွက် ထွက်သွားခဲ့ရ သည်။ သက်သေများထံမှ စစ်ကြောချက်များအရ မူ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် တွင် ဦးအောင်သောင်းသတင်းပေးခဲ့သလို ငွေကြေးမသမာမှူနှင့် ဘာညာမြှာကိစ္စများ လုံးဝညိစွန်းမှူ မတွေ့ ခဲ့ရပေ။ မဆီမဆိုင် ကြားညှပ်သွားခဲ့သူက ပူပူနွေးနွေး ဒုဝန်ကြီးဖြစ်လာသူ ဗိုလ်မှူးကြီးကျော်ရွှေပင် ဖြစ်သည်။ အမြတ်တကယ် ထွက်သွားသူများက အခြားမဟုတ်၊ ဆင်ဖြူတော် (၉၇) စစ်ဆင်ရေးတွင် ပါဝင်ခဲ့သော အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စစစ) မှ အမှူကိုင် တရားလို ဦးစီးအရာရှိများပင် ဖြစ်သည်။ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် ၏ တပည့်များဖြစ်သော အထက်တွင်ဖေါ်ပြခဲ့ပြီးသူ အရာရှိများက အမှုသေးအောင် ကြောက်ကြေးအဖြစ် လိုင်းကြေးပေးလိုက်ရသည်မှာ နဲနဲနောနော ငွေများမဟုတ်။

ဆင်ဖြူတော် (၉၇) စစ်ဆင်ရေးအပြီး လူဝတ်ကြောင်ဘဝရောက်သွားသော အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် က ၄င်းအရေခွံချွတ်ခံလိုက်ရသည့် ပွဲသည် ဦးအောင်သောင်းစနက်မှန်း သိလာပြီးနောက် မှတ်ချက်ချ ပြောသောစကားက မှတ်သားစရာပင်။ အောင်သောင်းရှောင် အိုအောင်မဆင်းရဲ ဟူ၏။

မည်သို့ ဆိုစေ ဦးအောင်သောင်းကမူ ပန်းပန်ခလျက် ရှိနေဆဲပင်။ လူမိုက်သေခဲ ကျောင်းအိုပြိုခဲ စကားအရ ၂၀၁၀ ရွေးကောက်ပွဲအထိ ဦးအောင်သောင်း သက်ဆိုးရှည်ခဲ့ပါလျင် မြန်မာ့နိုင်ငံရေးစဉ်မြင့်တွင် ၄င်းကို မည်သို့ သော မျက်နှာဖုန်းစွပ်မျိုးဖြင့် တွေ့ ရပေလိမ့်ဦးမည် ဆိုခြင်းမှာ နိုင်ငံတော်အတွက် ကောင်းသော အလားအလာ မဟုတ်ပေ။

ယခုသော်ကား ဦးအောင်သောင်းဝဋ္ဋ် စလည်နေပေပြီ။ ၄င်း၏မကောင်းသတင်းအမှန်များက ပြည်ပမီဒီယာ အင်တာနက်စာမျက်နှာများတွင် ပလူပျံနေပေသည်။ သူ့ အတွင်းရေးများကို သူ့ အတွင်းလူများကဘဲ သတင်းပေးနေခြင်းသာ ဖြစ်တော့၏။

နောင်ရိုး
၁၆-၁၁-၂၀၀၈


http://photayokeking.myanmarbloggers.org/2008/11/blog-post_16.html

http://irrawaddy.org/articlefiles/7327-Aung_Thaung.gif
Posted by FF at 07:52 0 comments
အာဏာရူးတဲ့ ကြံ့ဖွတ်အတွင်းရေးမှူး ငအောင်သောင်း
ခောတ်ပြိုင်မှကူးယူဖေါ်ပြပါသည်။
ဗိုလ်ထက်မင်း (၈ ဒီဇင်ဘာ ၂၀၀၈)
ယနေ့ကမ္ဘာ့နိုင်ငံတွေမှာ စက်မှုကဏ္ဍဟာ အတိုးတက် အမြင့်မားဆုံး ခေတ်ကို ရောက်ရှိနေတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံက စက်မှု (၁) ဝန်ကြီးဌာန လက်အောက်ခံ စက်ရုံတွေကတော့ စက်စွမ်းအား (၇ဝ) ရာခိုင်နှုန်းအထိ ကျဆင်းနေလို့ (၁၁၅) ရာခိုင်နှုန်း ကုန်ထုတ်လုပ်မှု ကို မရနိုင်မှန်း သိလျက်နဲ့ ဝန်ကြီးက မျက်စိမှိတ်ပြီး ထုတ်လုပ် သည့် ကုန်ပစ္စည်းတန်ဖိုးအား အရေအတွက် တိုးတက်မှုဖြင့် ပြရမယ့်အစား ပစ္စည်းဈေးနှုန်းကို အဆမတန်မြှင့်ပြီး ကိန်းဂဏန်း စာရင်းဇယားတွေကို လိမ်လည်ပြသခိုင်း နေတာတွေကြောင့် မြန်မာပြည်ရဲ့ လူ့စွမ်းအား အရင်းအမြစ် တိုးတက်မှု အမှန်မရှိတာ တွေ့ရပါတယ်။
စက်မှု (၁) နဲ့ အကျိုးတူ စီးပွားရေးလုပ်နေတဲ့ ကျော်သာ၊ ရတနာသိင်္ဂီ၊ လွယ်ဟိန်း၊ ရွှေသံလွင်၊ မားသား ထရေးဒင်းစတဲ့ ကုမ္ပဏီတွေဟာ နိုင်ငံခြားက ကုန်ကြမ်းပစ္စည်းတွေကို တင်သွင်းခွင့် လိုင်စင်အား သီးခြား မရရှိနိုင်လို့ စက်မှု (၁) ဝန်ကြီးနဲ့ ပူးပေါင်းပြီး ကိုယ်ကျိုး စီးပွား ရှာကြပါတယ်။ စက်မှု (၁) ကို အကြောင်းပြကာ ကုန်ကြမ်းပစ္စည်းတွေကို တင်သွင်းနေကြပေမယ့် တကယ်တမ်းမှာတော့ အရည်အသွေး မြင့် ကုန်ကြမ်းပစ္စည်းကို ရောင်းစားပြီး ပြည်တွင်းဖြစ် ခပ်ညံ့ညံ့ ကုန်ကြမ်းပစ္စည်းတွေကို အစားထိုးသုံးခြင်းနဲ့ ရောနှောသုံးခြင်းတွေ ပြုလုပ်ကြပါတယ်။


အဲဒီလို ၀န်ကြီးနဲ့ သူ့တပည့် ၀န်ထမ်းတွေဟာ ကုန်သည်များနဲ့ ပေါင်းပြီး မသမာမှုလုပ်နေတာတွေကြောင့် စက်မှု (၁) ကထုတ်နေတဲ့ ကုန် ပစ္စည်းတွေရဲ့  အရည်အသွေးတွေဟာ ညံ့ဖျင်း ကျဆင်းနေကာ အရှုံးပေါ်နေတာကို တွေ့မြင်နေကြရပါတယ်။ ဒါ့အပြင် မသမာမှုတွေအမျိုး မျိုးနဲ့ အစွမ်းကုန် ကိုယ်ကျိုးစီးပွားရှာတဲ့ စက်ရုံမှူး အများစုကြောင့် စက်ရုံတွေဟာ အရှုံးပေါ်ပြီး နာလန်မထူနိုင်အောင် ဖြစ်နေရပါ တယ်။

“င” လေးလုံးကိုရှောင်ဆိုတဲ့ ဗိုလ်သန်းရွှေရဲ့  ဆောင်ပုဒ်ကို လိုက်နာရမယ့်အစား “င” လေးလုံးကို ဆောင်ပြီးတော့ ငါ့အတွက်၊ ငါ့မိန်းမ အတွက် ငါ့သားသမီးအတွက် ငါ့ဆွေမျိုးအတွက် မရှက်မကြောက် ပေါ်ပေါ်ထင်ထင် အစွမ်းကုန် လုပ်ဆောင်နေတဲ့ ဦးအောင်သောင်းလို အာဏာရူးအား ဗိုလ်သန်းရွှေက ဘာကြောင့် အရေးမယူသလဲ ဆိုတာ မေးစရာရှိနေပါတယ်။

သူ့ရဲ့ အမျိုးကောင်းစားရေးမူဝါဒနဲ့ တကယ့်ပညာရှင်တွေကို လုပ်ပိုင်ခွင့်မပေးဘဲ ဘေးဖယ် ချောင်ထိုးထားတဲ့ သိမ်ဖျင်းတဲ့ လုပ်ရပ်တွေ ကြောင့်လည်း စက်မူ (၁) ရဲ့  လုပ်ငန်းတွေဟာ အခုလို ဆုံးရှုံးရတာလို့လည်း ၀န်ထမ်းတွေက ထင်မြင်ချက် ပေးပြန်ပါတယ်။ ဦးအောင်သောင်းအနေနဲ့ အရှက်ရှိတယ်ဆိုရင် သိက္ခာရှိရှိ ရာထူးက နုတ်ထွက်ဖို့ သင့်ပေမယ့် နောင်လာမယ့် အစိုးရအဖွဲ့ထဲမှာ ဆက် လက် ခြယ်လှယ်နိုင်အောင် အစွမ်းကုန် ကြိုးစားနေတဲ့အထိ အာဏာကို မတန်မရာ ယစ်မူးနေဆဲ ဖြစ်နေပါတယ်။

စက်မှု (၁) လက်အောက်ခံ သာပေါင်းစက္ကူစက်ရုံကြီးဟာ ကြီးမားတဲ့စက်ရုံကြီးဖြစ်ပြီး ကြိတ်ဝါးမှု စွမ်းအား မြင့်မားလို့ နွေရာသီမှာ နေ့ စဉ်ဝါး တွေကို ကားအစီးပေါင်း (၆ဝ) မှ (၁ဝဝ) အထိ သယ်ယူဖို့ လိုအပ်ပေမယ့် ကားများနဲ့ စက်သုံးဆီများ မရှိဘဲ အခက်အခဲ ကြုံတွေ့ နေကြောင်း သိရပါတယ်။ မူလကတည်းက ကုန်ကြမ်းသယ် ဖို့ ဘတ်ဂျတ်မှာ ထည့်မဆွဲတာလား၊ ထည့်ဆွဲလျက်သားနဲ့ ငွေတွေ ပျောက် သွားတာလားဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်၊၊

အဲဒီစီမံကိန်းမှာ ပူးပေါင်းလုပ်နေတဲ့ တရုတ်ကုမ္ပဏီကို ဝန်ကြီးက လာဘ်လာဘအဖြစ် နအဖဥက္ကဋ္ဌကို ဖားရန် ရဟတ်ယာဉ်တစင်း၊ သူ့အ တွက် တစင်း တောင်းခံခဲ့တယ်လို့ သိရပါတယ်။

မြန်မာပြည်ရဲ့ ပညာရေးအတွက်ကိုတော့ စက်မှု (၁) ကထုတ်တဲ့ ခပ်ညံ့ညံ့ ဗလာစာအုပ်တွေကိုတောင် အလုံအလောက် ထုတ်မပေး နိုင်တာ ပြည်သူတွေ အားလုံးသိကြပါတယ်။ သာပေါင်းစက္ကူစက်ရုံကြီးဟာ လာဘ်စားမှု၊ အဂတိလိုက်စားမှု ရှိနေကြောင်း စက်မှု (၁) ဒုတိယဝန်ကြီးဟောင်း ဗိုလ်ချုပ်ကျော်ဝင်းက သတင်းပို့လိုက်လို့ ဗိုလ်ချုပ်ခင်ညွှန့်က သိရှိရာမှ အသေးစိတ် စစ်ဆေးမှုပြုလုပ်နေစဉ် ဦးအောင်သောင်းဟာ ၎င်းရဲ့သားတော်မောင် ဗိုလ်ပြည်အောင်ကို ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မောင်အေးရဲ့ တစ်ဦးတည်းသော မွေးစားသမီးနန္ဒာအေးနဲ့ လက်ဆက်စေပြီး ထိုးကျွေးကာ အကာအကွယ်ယူခဲ့ပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်ခင်ညွန့်ရဲ့ နှိပ်ကွပ်မဲ့ အန္တရာယ်ကို စိုးရိမ်ပြီး စက်မှု (၁) လက်အောက်ခံ စစ်ကိုင်းချည်မျှင်နဲ့အထည်စက်ရုံမှူးအား အထူး တာဝန်ပေးကာ ဗိုလ်သန်းရွှေမိသားစုရဲ့ မီးဖိုချောင်ကိစ္စကို တာဝန်ယူ လုပ်ကိုင်စေခဲ့ပါတယ်။ နောက်ဆုံးအိမ်တော်ကြီးဟာ ဦးအောင် သောင်း ချက်ပြုတ်စီမံမှ စားရတဲ့ဘဝ ရောက်ရှိခဲ့ပါတယ်။ ဗိုလ်ခင်ညွန့်ကို ဖြုတ်ချရာမှာလည်းကောင်း၊ သူ့ရဲ့  ဆရာ ကုန်သွယ်ရေးဝန်ကြီး ဗိုလ်ထွန်းကြည်ကို ဖြုတ်ချရာမှာလည်းကောင်း၊ ဒီပဲယင်း အရေးအခင်းဖြစ်အောင် အကောင်အထည်ဖော်ရာမှာ လည်းကောင်း၊ ဦးအောင် သောင်းဟာ အဓိက အခန်းမှ တက်ကြွစွာ ပါဝင်ခဲ့ကြောင်း သိရပါတယ်။

စက်မှု (၁) ဝန်ကြီးဌာန လက်အောက်ခံ ဂျုံလုပ်ငန်း စက်ရုံမှူးဟာ ဆီချေးစော် နံနေတဲ့ စက်ရုံထုတ်ခေါက်ဆွဲတွေနဲ့ မုန့်တွေရောင်း မ ကောင်းလို့ အရှုံးပေါ်မှာ စိုးရိမ်ပြီး ဂျုံကုန်ကြမ်းတွေကို နှစ်စကတည်းက ဝယ်ယူထားကာ ထုတ်လုပ်မှုနည်းစဉ်အတိုင်း ကုန်ချောကို မ ထုတ်လုပ်တော့ဘဲ ကုန်ကြမ်းကိုသာ နှစ်ကုန်မှာ ဈေးတက်လို့ အမြတ်ရရှိဖို့ ရောင်းစားခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အမှု ဖြစ်ပြီး ဝန်ကြီးအနေနဲ့ ပုဂ္ဂလိက အကျိုးတူ ကုမ္ပဏီများနဲ့ လာဘ်စားထားတာပေါ်မှာ စိုးရိမ်ကာ စက်ရုံမှူးကို ပင်စင်တောင်မပေးဘဲ ရာထူးက ဖြုတ်ပစ်ခဲ့ပါတယ်။

ဝန်ကြီး ဦးအောင်သောင်းရ့ စီးပွားရေးသောင်းကျန်းမှုဟာ သူတဦးတည်းမဟုတ်ဘဲ သူ့ရဲ့သား ကိုနေအောင် ဦးစီးတဲ့ အောင်ရီဖြိုး ကုမ္ပဏီ ဟာလည်း ပြဿနာဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။သူ့ရဲ့ ဖခင် အရှိန်အဝါကို သုံးပြီး Export/ Import ဆန်တွေကို လုပ်ကိုင် နေစဉ် မသမာမှု ရှိနေကြောင်း သတင်းရလို့ အထူးရဲက ဖမ်းဆီးစစ်ဆေး ရာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးနဲ့ ထိပ်တိုက်တွေ့ကာ တိုးတိုးတိတ်တိတ် ကြိတ်ပြီး ဖြေရှင်းလိုက်ရ ကြောင်း သိရှိရပါတယ်။

ဝန်ကြီးဦးအောင်သောင်းဟာ ရန်ကုန်မြို့ ရန်ကင်းမှာရှိတဲ့ ကျောင်းကြီးကျောင်းတိုက်မှာ ကျောင်းဒကာအဖြစ် ဆည်းကပ်ကိုးကွယ်နေပြီး စက်မှု (၁) ရဲ့ အလှူပွဲတွေကို အဲဒီ ဘုန်းကြီးကျောင်းမှာ နှစ်စဉ် ကျင်းပခဲ့ပါတယ်။ နအဖရဲ့ နိုင်ငံတော်ကာကွယ်ရေး မဟာဗျူဟာအရ အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး ခွပ်ခိုင်းရာမှာ ဦးအောင်သောင်းဟာ အဓိကပါဝင် လှုပ်ရှားခဲ့ပါတယ်။ အဲဒီဘုန်းကြီးကျောင်းမှာ ကိုအေးလွင် ဦးစီးတဲ့ (၈၈) မျိုး ဆက်စင်ပြိုင်ကျောင်းသားအဖွဲ့၊ ဒေါက်တာစိုးလင်း၊ ဦးတင်ထွန်းမောင်၊ ဦးကြည်ဝင်းတို့ ပါဝင်တဲ့ စင်ပြိုင် အန်အယ် လ် ဒီအဖွဲ့၊ စင်ပြိုင်အမျိုးသားရေးအဖွဲ့ စတာတွေကို စုစည်းစေကာ ဖျက်မြင်းအသွင် အတိုက်အခံများအား တန်ပြန်တဲ့ အစီအမံများအား ကြပ်မတ် ဆောင်ရွက်ခဲ့တာဟာ ဦးအောင်သောင်းရဲ့ လက်ချက်ဖြစ်ကြောင်း ပေါ်လွင်ထင်ရှားပါတယ်။

ဒါ့အပြင် ဦးအောင်သောင်းဟာ ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပွားတဲ့အခါမှာလည်း ရဟန်းသံဃာတွေရဲ့  ကြီးမားတဲ့စွမ်းအားကြောင့် ကြံ့ဖွံ့ တွေ မနိုင်မနင်းဖြစ်နေလို့  ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ စက်မှု (၁) ဝန်ကြီးရုံးအဟောင်းမှာ စက်မှု (၁) ရွှေတောင် စက်ရုံ ၀န်ထမ်း များအား အမာခံထားကာ ဝန်ထမ်းတွေကို အသင့်ပြင်၊ စုဖွဲ့နေခိုင်းပြီး လိုအပ်လာရင် ကြ့ဖွံ့တွေနဲ့ ရောနှောကာ စွမ်းအားရှင် အမည် ခံ၍ ချေမှုန်းနိုင်ရေး စီစဉ်ခဲ့သူဖြစ်ပါတယ်။

ဦးအောင်သောင်းဟာ ကြံ့ဖွံ့အတွင်းရေးမှူးပီပီ နောင်ပေါ်လာမယ့် အစိုးရအဖွဲ့အသစ်မှာ နေရာရရှိဖို့အတွက် မီးကုန်ယမ်းကုန် အစွမ်းပြကာ သောင်းကျန်းနေသူ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေး ခရီးစဉ်တွေမှာ ပြည်သူလူထုက တခဲနက် ထောက်ခံမှု ရရှိနေ တဲ့အပေါ်မှာလည်း မနာလို မရှုစိမ့်ဖြစ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ပအားကိုးသူအဖြစ် စွပ်စွဲကာ နောင်ဖွဲ့မယ့် အစိုးရအသစ်မှာ မထိုက်တန်ကြောင်း ဝန်ထမ်းတွေနဲ့ ကြံ့ဖွံ့တွေကို အစည်းအဝေးတိုင်းမှာ မကြာခဏ တိုက်ခိုက် ပြောကြားနေတယ်လို့ သိရပါတယ်။

ဝန်ကြီး ဦးအောင်သောင်းဟာ ဘုရားသားရဟန်းသံဃာတွေရဲ့ ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲမှာတော့ အကြပ်ရိုက်ခဲ့ပါတယ်။ မန္တလေးနဲ့ကျောက်ပန်းတောင်းမှာ ရှိတဲ့ ဘုန်းကြီးကျောင်းတွေကို အပြေးအလွှား သွားရောက်ပြီး ဆွမ်းကပ်လှူခဲ့၊ စည်းရုံးခဲ့ပေမယ့် အောင်မြင်မှုမရရှိခဲ့ဘဲ မရှုမလှ ဆုတ်ခွာခဲ့ရပါတယ်။ ပြည်သူလူထုဟာ ရပ်ကွက်အတွင်းရှိ ကြံ့ဖွံ့ခေါင်းဆောင်များကို အင်တာနက်တွင် နာမည် နှင့်တကွ ချေမှုန်းဖို့ ဖော်ပြခဲ့သလို ကြံ့ဖွံ့ခေါင်းဆောင်ဖြစ်တဲ့ ငပွကြီး မောင်အောင်သောင်း အကြောင်းကိုလည်း ဆက်လက်ဖော်ပြပေးလိုက်ရပါတယ်။

http://www.khitpyaing.org/articles/December_08/08-12-08a2.php

Aung Thaung is a strategic and influential player of the USDA



ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဟောပြောချက်စာသား


by Min Kyaw Khine on Wednesday, March 14, 2012 at 1:03am ·

ယခုလို ကျွန်မရဲ့ နိုင်ငံရေးပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒသဘောတရားတွေကို ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ တင်ပြခြင်းဟာ ပြည်သူတွေရဲ့ အခွင့်အရေးကို အသိအမှတ်ပြုရခြင်းဖြစ်ပါတယ်။

 မဲဆန္ဒရှင်များသာမက နိုင်ငံသူနိုင်ငံသားအားလုံးအနေနဲ့ မိမိတို့ကို ကိုယ်စားပြုလိုကြတဲ့ ပါတီအဖွဲ့အစည်း ပုဂ္ဂိုလ်တွေကို လေ့လာသုံးသပ်ပြီး ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ်ကို ထောက်ခံရွေးချယ်မယ်ဆိုတာ ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။
 ဒီမိုကရေစီအခြေခံမူအရ ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို လက်ခံမှာဖြစ်တဲ့ ကျွန်မတို့ပါတီရဲ့ နိုင်ငံနဲ့ ပြည်သူတွေအတွက်ထားတဲ့ ရည်မှန်းချက်တွေကို အနှစ် ၂၀ ကျော် ကိုင်စွဲခဲ့တဲ့ မူတွေနဲ့တွဲပြီး ရှင်းပြချင်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဓိက ရည်ရွယ်ချက်တွေအနက် ထိပ်တန်းတင်ထားတဲ့ ကိစ္စသုံးရပ်ကတော့ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ပဲ ဖြစ်ပါတယ်။

 တရားစီရင်ရေးကို အစိုးရယန္တရားအောက် သွတ်သွင်းခဲ့ပြီး မီဒီယာတွေကို အစိုးရပိုင်အဖြစ်ပြောင်းကာ ချုပ်ကိုင်လာခြင်း၊ တင်းကျပ်တဲ့ မီဒီယာနဲ့ ဆင်ဆာဥပဒေတွေ ပြဌာန်းပြီး ပြည်သူတွေရဲ့ လွတ်လပ်စွာ ပြောပိုင်ခွင့်၊ ရေးပိုင်ခွင့်၊ ကြားပိုင်ခွင့်၊ ဆန္ဒဖော်ထုတ်ပိုင်ခွင့်တွေကို ရုတ်သိမ်းပစ်ခဲ့ခြင်း စတဲ့ နည်းလမ်းစုံနဲ့ တရားဥပေဒစိုးမိုးမှုကို ခြေဖျက်ပစ်ခဲ့တာ ပြည်သူလူထုဘ၀မှာ အကြောက်တရားကသာ လွှမ်းမိုးခဲ့ပါတော့တယ်။

 ပြည်သူလူထုဘ၀ အကြောက်တရားကလွတ်မြောက်ပြီး လူ့အခွင့်အရေးမရသေးတဲ့အထိတော့ ဒီမိုကရေစီစနစ် ထွန်းကားခိုင်မြဲနိုင်မှာ မဟုတ်ပါဘူး။

 ဥပဒေစိုးမိုးမှုရှိမှသာ ပြည်သူတွေဟာ ဥပဒေရဲ့ကာကွယ်မှုကို အမှန်တကယ်ရနိုင်ပြီး လွတ်လပ်မှုရဲ့ အရသာကို အမှန်တကယ် ခံစားနိုင်ကြမှာ ဖြစ်ပါတယ်။ ဥပေဒစိုးမိုးရေးရှိခြင်းသည် သာမန်လူများ၊ နိုင်ငံတော်ဝန်ထမ်းများနဲ့ နိုင်ငံရေးသမားအားလုံးတို့ မိမိတို့ ရသင့်ရထိုက်တဲ့ အကာအကွယ် အစောင့်အရှောက်ပေးမှာဖြစ်ပါတယ်။
 အာဏာရှိတဲ့ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ အကြီးအကဲတွေက တစ်ချက်လွတ်အမိန့်နဲ့ ဘယ်သူ့ကိုမှ အရေးယူ အနိုင်ကျင့်နိုင်မှာ မဟုတ်ပါဘူး။
ဒါမှ ဒီမိုကရေစီလည်း ခိုင်မာထွန်းကားတယ်လို့ ဆိုနိုင်ပါမယ်။

 ဥပဒေစိုးမိုးရေးအတွက် ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ။ ပြည်သူတွေကို ဖိနှိပ်ထားတဲ့ ခေတ်နဲ့ မလျော်ညီတော့တဲ့ ဥပဒေအချို့ကို မဆိုင်းမတွ ဖျက်သိမ်းပစ်ကြရပါမယ်။ ပြည်သူတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေကို ပြဌာန်းရေးဆွဲကြရပါမယ်။
 တရားစီရင်ရေးစနစ်ကို လွတ်လပ်အောင်ထားပြီး သမာသမတ်ဖြစ်အောင်ဖြစ်အောင် ပြုပြင်ရပါမယ်။ စာနယ်ဇင်းလွတ်လပ်ခွင့် အပြည့်အ၀ပေးရပါမယ်။ ပြည်သူလူထုကို အကူအညီပေးမယ့် ဥပဒေအထောက်အကူပြု ကွန်ယက်တွေ တိုးချဲ့ရပါမယ်။

တရားစီရင်ရေးမဏ္ဍိုင်ဟာ ဒီမိုကရေစီသဘောထားနဲ့ ကိုက်ညီတဲ့ ဥပဒေပြုမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်တို့နဲ့ လွတ်လပ်စွာရပ်တည်နေစေရပါမယ်။ တရားစီရင်ရေးမဏ္ဍိုင်ဟာ အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့အပေါ်မှာ အမြဲရှိနေမှာဖြစ်ပြီး ဥပဒေနဲ့ ငြိစွန်တဲ့ အုပ်ချုပ်သူ လူပုဂ္ဂိုလ် အဖွဲ့အစည်းမှန်သမျှကို တရားစီရင်ပိုင်ခွင့် ရှိစေရပါမယ်။ ဥပဒေအရ ပြစ်မှုထင်ရှားပြီး စီရင်ခြင်းမရှိသေးရင် ဘယ်သူ့ကိုမဆို အပြစ်ကင်းတယ်လို့ မှတ်ယူရမှာ ဖြစ်ပါတယ်။

 လွတ်လပ်ရေးနဲ့ ဖွားဘက်တော်အဖြစ်ပါလာတဲ့ ပြည်တွင်းစစ်ဟာ ကျွန်မတို့နိုင်ငံမှာ ဒီနေ့အထိ လောင်မြိုက်နေဆဲ ဖြစ်နေပါတယ်။ ၁၉၄၇ ခုနှစ်မှာ အမျိုးသားခေါင်းဆောင်ကြီးများ ရုတ်တရက် လုပ်ကြံခံရပြီးကတည်းက စတင်ခဲ့တဲ့ တိုင်းရင်းသားမျိုးနွယ်များအကြား သံသယပွားခြင်း၊ နိုင်ငံရေးအယူအဆ မတူသူများအကြား သဘောထားကွဲပြားခြင်း စတာတွေကို စားပွဲဝိုင်းမှာ တွေ့ဆုံညှိနှိုင်းဖြေရှင်းမှု မပြုနိုင်ကြသေးဘဲ လက်နက်အားကိုး အင်အားသုံးဖြေရှင်းဖို့ ကြိုးစားနေကြခြင်းဟာ ကနေ့အထိပဲ ဖြစ်ပါတယ်။
 ဒါ့အပြင် ဥပေဒစိုးမိုးမှုမရှိတာကလည်း ပြည်တွင်းစစ်မီးကို အရှိန်မြင့်စေခဲ့ပါတယ်။ တိုင်းရင်းသားတွေရဲ့ လုံခြုံမှုနဲ့ အခွင့်အရေးတွေကို အကာအကွယ်မပေးနိုင်ခဲ့ဘဲ ပြည်တွင်းစစ်ရဲ့ ဆိုးကျိုးတစ်ခုအဖြစ် စစ်အာဏာရှင်စနစ်ကိုသာ ပေါ်ပေါက်စေခဲ့ပါတယ်။

 ပြည်တွင်းစစ်မီးတောက်ကို အမြန်ဆုံးငြိမ်းသတ်ပြီး အမြန်ဆုံးငြိမ်းချမ်းအောင် လုပ်နိုင်မှသာ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ပြည်တွင်းစစ် ရပ်ဆိုင်းပြီး ငြိမ်းချမ်းစေရေးအတွက် အဆင့်သုံးဆင့် ဆောင်ရွက်ရပါမယ်။

 ပထမအဆင့်အနေနဲ့က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရပါမယ်။

ဒုတိယအဆင့်အနေနဲ့ နိုင်ငံရေးအရ ဆွေးနွေးပွဲတွေကျင်းပပြီး ညှိနှိုင်းအဖြေရှာကြရပါမယ်။

တတိယအဆင့်အနေနဲ့ တိုင်းရင်းသားတွေလိုလားနေတဲ့အတိုင်း ပင်လုံရဲ့အခြေခံမူဖြစ်တဲ့ တန်းတူညီမျှမှု၊ ကိုယ်ပိုင်အုပ်ချုပ်ရေးပြဌာန်းခွင့်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွတ်လပ်စွာဆုံးဖြတ်နိုင်ခွင့်စတာတွေကို အခြေခံတဲ့ ပြည်ထောင်စုနိုင်ငံစစ်စစ် တည်ထောင်နိုင်ဖို့ ဘုံဦးတည်ချက်ထားပြီး ကြိုးပမ်းရပါမယ်။

 ကျွန်မတို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေဟာ ခွဲထွက်ရေးကို လုံးဝမလိုလားဘဲ စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုကြီးကိုသာ လိုလားတယ်လို့ ကျွန်မ တစ်ထစ်ချ ယုံကြည်ပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ထွက်ခဲ့ပြီးကတည်းက ဒီဥပဒေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သဘောမတူတာ ကြေညာခဲ့ပြီး ပြုပြင်ရမယ့် အချက်တွေကို ထောက်ပြခဲ့ပါတယ်။
 ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပါတီစွဲ၊ အဖွဲ့စွဲ၊ လူပုဂ္ဂိုလ်စွဲတွေမထားဘဲ နိုင်ငံ့အကျိုးကိုသာရှေးရှုတဲ့စိတ်ဓာတ်နဲ့ ညီညွတ်တဲ့တပ်မတော်အင်အားစုအပါအ၀င် လွှတ်တော်ကိုယ်စားလှယ်အားလုံးက ညှိညှိနှိုင်းနှိုင်းလုပ်သွားကြရမှာဖြစ်ပါတယ်။

 မြန်မာနိုင်ငံရဲ့စစ်တပ်နဲ့ နိုင်ငံတကာမှာရှိတဲ့ နိုင်ငံအသီးသီးရဲ့ စစ်တပ်များဟာ နိုင်ငံကာကွယ်ရေးအတွက် အဓိကအင်အားစုဖြစ်တယ်ဆိုတာကို အငြင်းပွားဖို့မရှိပါဘူး။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအတွေ့အကြုံနဲ့ တွေ့ကြုံခဲ့ရတဲ့ ဖြစ်စဉ်များအရ လက်ရှိမြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြရာမှာ တပ်မတော်ဟာ မပါမဖြစ် ပါရန်လိုအပ်တယ်လို့ ကျွန်မယုံကြည်ပါတယ်။

 ကျွန်မရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့တဲ့ တပ်မတော်ဟာ နိုင်ငံတော်အကျိုးအတွက် ဆောင်ရွက်ဖိုပ အစဉ်အမြဲ အဆင်သင့်ရှိမယ်လို့လည်း ကျွန်မယုံကြည်ပါတယ်။

 ဖွဲ့စည်းပုံအခြေခံဥပေဒဆိုတာ ပြည်သူနဲ့ အုပ်ချုပ်သူတို့အကြားမှာ ထားရှိတဲ့ ပဋိဥာဏ်ဖြစ်တယ်ဆိုတဲ့အတိုင်း လိုအပ်တဲ့အခါတွေမှာ ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း၊ ပယ်ဖျက်ခြင်း တို့ကို ပြုလုပ်ကြရမှာဖြစ်ပါတယ်။
 လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတာကို တွေ့နေရပါတယ်။ ထင်ရှားတဲ့ ဥပမာတစ်ခုကိုပြောရမယ်ဆိုရင် .. ပြည်သူတွေကို ပြည်သူကတင်မြောက်တဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေက အုပ်စိုးခြင်းကသာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်ပါတယ်။
 ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရွေးကောက်ခံမဟုတ်တဲ့ လွတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်နေတာကို ပြည်သူတွေအသိဖြစ်ပါတယ်။ ဆိုလိုတာက လက်ရှိလွှတ်တော်အသီးသီးမှာ ပြည်သူက ရွေးကောက်ထားခြင်းမဟုတ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်နေတဲ့အတွက် ဒီမိုကရေစီမူများနဲ့ မကိုက်ညီပါဘူး။

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒမှာ ပြင်ဆင်သင့်တဲ့ ပုဒ်မများကို ပြည်သူတွေကို အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးပြီးတဲ့နောက် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီပေါ်ပေါက်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရတာ နှစ်ပေါင်း ၂၀ ကျော် အဖိနှိပ်ခံဘ၀နဲ့ ကြိုးပမ်းရုန်းကန်ခဲ့ရတာကို ပြည်သူတွေအသိဖြစ်ပါတယ်။

 အဖွဲ့ချုပ်ရဲ့ သစ္စာရှိအဖွဲ့ဝင်တွေ အလုပ်ထုတ်ခံရတာ၊ ရှေ့နေတွေ လိုင်စင်ရုတ်သိမ်းခံရတာ၊ ဆရာဝန်တွေ လိုင်စင်ရုတ်သိမ်းခံရတာ၊ မတရားဖမ်းဆီးခံရပြီး အမြင့်ဆုံးပြစ်ဒဏ်တွေ ချမှတ်ခံရတွေကြောင့် မိမိတို့ လူမှုဘ၀တွေပျက်စီး၊ မိသားစုစီးပွားရေးတွေ ပျက်စီးခဲ့ရပါတယ်။

 ဘယ်လိုပဲဖြစ်ဖြစ် အဖွဲ့ချုပ်အဖွဲ့ဝင်တွေဟာ မိမိတို့ယုံကြည်ချက်ကို ဆက်လက်ထိန်းသိမ်းပြီး ပြည်သူတွေအတွက် အဖွဲ့ချုပ်အတွက် ရပ်တည်ခဲ့ကြပါတယ်။ အဖွဲ့ချုပ်အနေနဲ့ နိုင်ငံတကာနဲ့ ဆက်ဆံမှု ချောမွေ့ပြေပြစ်ပြီး ပြည်သူများအတွက် အကျိုးရှိစေမယ့် ဆက်ဆံပေါင်းသင်းမှုကို တိုးမြင့်ဆောင်ရွက်ခဲ့ပါတယ်။

 စီးပွားဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီစနစ် ထွန်းကားနေတဲ့ နိုင်ငံများနဲ့သာမက အိမ်နီးချင်းနိုင်ငံများနဲ့လည်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ထူထောင်နို်င်ခဲ့ပါတယ်။ မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာရဲ့ လိုအပ်တဲ့ ပံ့ပိုးကူညီမှုများရရှိနိုင်ရေးကိုလည်း ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
 စီးပွားရေးနဲ့ပတ်သတ်လို့ လွတ်လပ်မှု၊ တည်ငြိမ်မှုနဲ့ လူမှုရေးတရားမျှတမှုတို့ ဟန်ချက်ညီပြီး ဥပေဒေစိုးမိုးမှုကို အခြေခံတဲ့ ဈေးကွက်စီးပွားရေးစနစ်သို့ ပြောင်းလဲဖို့ကို လုပ်ရပါမယ်။ ဆင်းရဲနွမ်းပါးမှု ပပျောက်ပြီး ဒေသလိုက် လူမျိုးများအကြား လူတစ်ဦးချင်းရဲ့ လူနေမှုအဆင့်အတန်း၊ လူမှုဘ၀သိက္ခာမြင့်မားစေဖို့ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ လူမျိုးစုအားလုံး တန်းတူညီမျှ အလုပ်လုပ်ကိုင်နိုင်ခွင့်ရဖိုအတွက် အလုပ်အကိုင်ဖော်ထုတ်ရေး၊ အလုပ်လက်မဲ့ပြသနာဖြေရှင်းရေးကို ဦးတည်ဆောင်ရွက်ရပါမယ်။

 စီးပွားရေးမှာ နိုင်ငံတော်ရဲ့ ဘတ်ဂျက် ရငွေ၊ သုံးငွေ လိုငွေပြနေတာကို ငွေစက္ကူအသစ် ရိုက်ထုတ်ပြီး ဖြေရှင်းတာမျိုးမဟုတ်ဘဲ တခြားနည်းလမ်းတွေနဲ့ ဖြေရှင်းရပါမယ်။ လက်ရှိငွေရေးကြေးရေးစနစ်၊ ဘဏ်စနစ်မှာ အနှောင်အဖွဲ့ အဟန့်အတားဖြစ်နေတဲ့ အချက်တွေကို ဖယ်ရှားရမှာဖြစ်ပါတယ်။နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေအားလုံး ဖွံ့ဖြိုးဖို့ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့၊ နိုင်ငံတကာဘဏ္ဍာရေးကော်မရှင်၊ ကမ္ဘာ့ဘဏ်တို့နဲ့ ရင်းရင်းနှီးနှီးပူးပေါင်းဆောင်ရွက်သွားဖို့ လိုပါတယ်။ NLD က ယခုစပြီး ဒီလိုပူးပေါင်းမှုများကို စတင်လမ်းစဖော်နေပါတယ်။

 ပညာရေးပိုင်းမှာလည်း နိုင်ငံသားတိုင်း အရည်အသွေးပြည့်ဝတဲ့ ပညာသင်ယူခွင့်ရရှိဖို့၊ မသင်မနေရ မူလတန်းပညာရေးကို ကလေးတိုင်း အခမဲ့သင်ယူခွင့်ရရှိဖို့၊ အလယ်တန်း အထက်တန်းအဆင့် အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ ကျောင်းတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဖွင့်လှစ်နိုင်ဖို့တို့ကို ဆောင်ရွက်ရပါမယ်။ မြန်မာဘာသာစကား အခက်အခဲရှိတဲ့ တိုင်းရင်းသားမျိုးနွယ်တွေရဲ့ ကလေးတွေအတွက် အထောက်အကူဖြစ်စေမယ့် ပညာလုပ်ငန်းအစီအစဉ်တွေကို ထည့်သွင်းရေးဆွဲရပါမယ်။
ပုံမှန်ကျောင်းပညာသင်ယူရန်အခက်အခဲရှိခဲ့တဲ့ အရွယ်ရောက်ပြီးကလေးများ၊ လူငယ်လူရွယ်များ ကျောင်းပြင်ပ ပညာရေးအတွက် အထူးအစီအစဉ်များ ဆောင်ရွက်ပေးရပါမယ်။

 ကျွန်မတို့ပညာရေးအဆင့်အတန်းဟာ နိုင်ငံတကာပညာရေးအဆင့်အတန်းကို လိုက်မီစေဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဒါမှ အခုပြောနေကြတဲ့ လူ့စွမ်းအားအရင်းအမြစ် အစစ်အမှန်တွေ ပေါ်ထွက်လာမှာဖြစ်ပါတယ်။ ဆရာ ဆရာမတွေ အရည်အချင်းပြည့်ဝဖို့ဟာလည်း အင်မတန် အရေးကြီးပါတယ်။ ဒီ့အတွက် ပြုပြင်ဆောင်ရွက်သွားရမှာဖြစ်သလို သူတို့ အရည်အချင်းနဲ့ တိုက်တန်တဲ့ လစာငွေကြေးရရှိဖို့ကိုလည်း စဉ်းစားပေးရပါမယ်။ ပညာရေးပြုပြင်ပြောင်းလဲရာမှာလည်း လက်ရှိပညာရေးစနစ်မှာတွေ့ကြုံနေကြရတဲ့ အတားအဆီး အဟန့်အတားများကို ဖယ်ရှားပစ်ရမှာ ဖြစ်ပါတယ်။

 ကျန်းမာရေးအပိုင်းအနေနဲ့ နိုင်ငံတော်မှာ အရည်အသွေးပြည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ရှိရပါမယ်။ အများပြည်သူ အထူးသဖြင့် ချို့တဲ့တဲ့ နိုင်ငံသူနိုင်ငံသားတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုရဖို့ ကျန်းမာရေး အာမခံစီမံကိန်းတွေကို သီးသန့်အားဖြင့် ထူထောင်နိုင်ရန် နည်းလမ်းများ ရှာဖွေဆောင်ရွက်သွားရပါမယ်။ ဆေးပညာသင်ကြားရေးစနစ်၊ ဆေးပညာရပ်၊ ဆေးကုထုံးနည်း၊ ဆေးဝါးထုတ်လုပ်ရေးနည်းတွေကို
ခေတ်မီတိုးတက်လာအောင်လို့ နိုင်ငံတကာ ကပညာရှင်တွေ ဆေးပညာဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရပါမယ်။

 တောင်သူလယ်သမားများကို ဥပဒေနဲ့အညီ လယ်ယာလုပ်ပိုင်ခွင့်၊ လယ်ယာပိုင်ဆိုင်ခွင့်ရဖို့ ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပြီး ဆန်စပါး အပါအ၀င် လယ်ယာထွက်ကုန်ပစ္စည်းများ ဈေးကွက်စီးပွားရေးစနစ်နဲ့အညီ လွတ်လပ်စွာ စိုက်ပျိုး ကြိတ်ခွဲ ရောင်းဝယ်ခွင့်ရဖို့နဲ့ သင့်တော်တဲ့ ဈေးနှုန်းများရဖို့ကို ဦးစားပေးဆောင်ရွက်သွားရပါမယ်။ ကမ္ဘာတ၀ှမ်း လယ်ယာထွက်ကုန်ပစ္စည်းဈေးများတက်နေခြင်းကို သတိပြုပြီး အနာဂတ်ကိုရှေးရှုတဲ့ လက်ယာထွက်ကုန်စီးပွားရေးစနစ်ကို ထူထောင်ဖို့လိုပါတယ်။ တောင်သူလယ်သမားများရဲ့ နစ်နာဆုံးရှုံးမှုများကို ရပိုင်ခွင့်များ ပြသနာအရေးကိစ္စရပ်မျာကို ဆောင်ရွက်နိုင်ဖို့အတွက် ညီညွတ်သော တောင်သူလယ်သမားအဖွဲ့အစည်းများအား ဖွဲ့စည်းခွင့်ပေးသွားရပါမယ်။

 အလုပ်သမားများးရဲ့ ရပိုင်ခွင့်များ အပြည့်အ၀ရရှိရေးအတွက် အလုပ်သမားအဖွဲ့အစည်းများဖွဲ့စည်းနိုင်ရေး၊ အလုပ်သမားအခွင့်အရေးကို
ဥပဒေနဲ့အညီ အကာအကွယ်ရရှိနိုင်ရေးကို ဆောင်ရွက်သွားရပါမယ်။ အလုပ်သမားတိုင်း တရားမျှတမှု၊ တန်းတူညီမျှ အခွင့်အရေးရရှိမှု၊ လုပ်ပျော်သော အလုပ်ခွင်အခြေအနေ၊ တူညီသော အလုပ်အတွက် တူညီသော အခကြေးငွေရရှိခွင့်၊ လုပ်ခလစာရရှိခွင့်၊ အလုပ်လက်မဲ့ဖြစ်ခြင်းမှ အကာအကွယ်ရရှိခွင့် ရစေရပါမယ်။ အဓမ္မအလုပ်စေခိုင်းခြင်းကို တားဆီးပိတ်ပင်ပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ ပြဌာန်းချက်များနဲ့ ညီညွတ်စေရန် အတတ်နိုင်ဆုံး ဆောင်ရွက်သွားရပါမယ်။

 လူငယ်တွေဟာ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် တိုင်းပြည်ရဲ့ အဖိုးအတန်ဆုံးအင်အားစုတွေဖြစ်လို့ လူငယ်တွေအတွက် ပညာသင်ကြားရေး အဆင့်အတန်းမြင့်စေဖို့၊ ပွင့်လင်းလွယ်ကူစေဖို့နဲ့ ပညာအဆင့်အတန်းနဲ့ ကိုက်ညီတဲ့ လုပ်ငန်းတွေမှာ အလုပ်အကိုင်ရရှိစေဖို့ အားပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အလုပ်အကိုင်သစ်များဖန်တီးပေးရင်းနဲ့ လူငယ်တွေရဲ့ အလုပ်လက်မဲ့ပြသနာကို ဖြေရှုင်းဆောင်ရွက်ပေးရပါမယ်။ နိုင်ငံရဲ့ အနာဂတ်ဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ်ဖြစ်တဲ့ လူငယ်တွေရဲ့ စွမ်းရည်တွေကို ဖော်ထုတ်ပြီး နိုင်ငံတည်ဆောက်ရေးမှာ ခိုင်မာတဲ့စွမ်းအားစုအဖြစ် အသုံးပြုသွားပါမယ်။

 ကျောင်းသားများကိုယ်တိုင်ဖွဲ့စည်းတဲ့ လွတ်လပ်တဲ့ ကျောင်းသားသမဂ္ဂများကိုလည်း ဥပဒေနဲ့အညီခွင့်ပြုသွားရပါမယ်။ နိုင်ငံရဲ့ ၅၀ ရာခိုင်နှုန်းမကဖြစ်တဲ့ အမျိုးသမီးများရဲ့ အခွင့်အရေးများ ကာကွယ်ရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးတွင် အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို တိုးချဲ့ရေးတို့ကိုလည်း အလေးပေးဆောင်ရွက်ရမှာဖြစ်ပါတယ်။

 ယခု ကျွန်မတင်ပြသွားခဲ့တဲ့ မူဝါဒသဘောတရား အများအပြားကို ကျွန်မရဲ့ စည်းရုံးရေးခရီးစဉ် တလျှောက်မှာ ပြောပြီးဖြစ်ပါတယ်။ ဒါတွေဟာ နားထောင်လို့တော့ ကောင်းပါရဲ့ .. တကယ်ပဲ အကောင်အထည်ဖော်နိုင်ပါ့မလားလို့ ပြည်သူများက တွေးနေကြမယ်ထင်ပါတယ်။ လွယ်လွယ်နဲ့တော့ ကျွန်မတို့ လိုလားတောင့်တနေတဲ့ ပြည်ထောင်စုကြီးထူထောင်ဖို့ မဖြစ်နိုင်ပါဘူး။ ကျွန်မတို့အားလုံး ညီညီညွတ်ညွတ်နဲ့ ဆန္ဒ၊ ၀ိရိယ၊ စိတ်ဓာတ်၊ ပညာဆိုတဲ့ အောင်မြင်ခြင်းတရား လေးပါးကို ဆုပ်ကိုင်ပြီး ကြိုးစားသွားကြရင်တော့ ဖြစ်နိုင်မယ်လို့ ကျွန်မယုံကြည်ပါတယ်။

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ခက်ခဲတဲ့ အလုပ်တာဝန်တွေကို ဇွဲ လုံ့လနဲ့ လုပ်ခဲ့ရတဲ့အတွေ့အကြုံတွေ ဆယ်စုနှစ်နဲ့ချီပြီး ရှိခဲ့ပါတယ်။ နိုင်ငံ့အတွက် နောက်တစ်ဆင့်တိုးပြီး ခက်ခဲတဲ့အလုပ်တွေကို အောင်မြင်စွာ ထမ်းဆောင်ပေးနိုင်ဖို့ တာဝန်ပေးတဲ့အနေနဲ့ ကျွန်မတို့ ဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်များကို ထောက်ခံရွေးချယ်ကြဖို့ မေတ္တာရပ်ခံပါတယ်။ ကျွန်မတို့ရဲ့ တံဆပ်ကတော့ အနီရောင် အောက်ခံပေါ်မှာ ရွှေရောင်ခွပ်ဒေါင်းနဲ့ ၀ဲဘက်ထိပ်စွန်းနားမှာ ထောင့်ငါးထောင့်ရှိတဲ့ ကြယ်ဖြူကြီးပါပဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့ စာတန်းလည်း ပါပါတယ်။

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူတွေ မဲပေးကြပါ။

 ကျေးဇူးတင်ပါတယ်။
 ဒေါ်အောင်ဆန်းစုကြည်

 http://www.youtube.com/watch?v=sR3vv0DK_jw

Eleven Media Group အနေနဲ့ The Voice ဂျာနယ်ဘက်က ရပ်တည်သွားမယ်


ဝန်ကြီးဋ္ဌာနမှ ဂျာနယ်သို့ တရားစွဲလာလျှင် အထောက်အထားဖြင့် ပြန်တုံ့ပြန်သွားမည်ဟု The Voice ဂျာနယ်မှဆို
by Yangon Press International on Wednesday, March 14, 2012 at 5:53am ·
မတ်လ ၁၄၊ ၂၀၁၂၊ (YPI)

The Voice weekly ဂျာနယ်မှ သတ္တုတွင်း ၀န်ကြီးဌာနမှ ဋ္ဌာနနှင့်ပတ်သက်သည့် ရေးသားချက် မှန်ကန်မှုမရှိသဖြင့် ထုတ်ဝေသူနှင့် သတင်းရေးသားသူတို့အား ဥပဒေကြောင်းအရ ဆောင်ရွက်သွားမည်ဟု ကြေငြာချက်အပေါ် အထောက်အထား ခိုင်ခိုင်မာမာဖြင့် တုံ့ပြန်သွားမည်ဖြစ်ကြောင်း The Voice Weekly မှ အမှုဆောင် အယ်ဒီတာ ဦးကျော်ဆန်းမင်းက ပြောသည်။

“ကျွန်တော်တို့က သတင်းပိုင်းနှင့် ပတ်သက်ရင် အထောက်အထား မခိုင်လုံရင် မရေးဘူး၊ Attribution (ရည်ညွှန်းကိုးကားခြင်း)  မရရင် မရေးဘူး၊ ဒါနဲ့ပတ်သတ်ပြီး အချက်အလက် စာရွက်စာတမ်း တွေလည်းရှိတယ်” ဟု ၎င်းက YPI သို့ပြောသည်။

မတ်လ ၁၂-၁၈ ရက်စွဲပါ The Voice Weekly ဂျာနယ် ရှေ့စာမျက်နှာတွင် “၀န်ကြီးဌာနအချို့ ကျပ်သိန်းထောင်ချီအလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ” ဟူသောခေါင်းစဉ်ဖြင့် သတ္တုတွင်း ၀န်ကြီးဋ္ဌာန၏ အလွဲသုံးစားလုပ်မှုနှင့် ပတ်သတ်၍ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောဆိုချက် အပေါ်အခြေခံကာ ရေးသားထားခြင်းဖြစ်သည်။

အဆိုပါငွေအလွဲသုံးစားလုပ်မှုနှင့်ပတ်သက်သည့် ရေးသားချက်တွင် ၀န်ကြီးဋ္ဌာန ၅ခု ပါဝင်ပြီး ပြည်ထောင်စုစားရင်းစစ်ချုပ်ရုံးမှ စစ်ဆေးတွေ့ရှိသဖြင့် ပြည်သူ့လွှတ်တော် ကော်မတီသို့ အစီရင်ခံစာပေးပို့ခဲ့သည်ဟု ပါရှိသည်။
 ယင်းအစီရင်ခံစာကို ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တင်ပြဆွေးနွေးသွားမည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ပြောကြားချက်အပေါ်အခြေခံ ရေးသားထားခြင်းဖြစ်သည်။

ရေးသားချက်နှင့်ပတ်သတ်၍ မှန်ကန်မှု မရှိကြောင်းသတ္တုတွင်းဝန်ကြီးဌာနက ဥပဒေကြောင်းအရ ဆောင်ရွက်သွားမည် ဟု ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ကြေငြာထားသော်လည်း ဂျာနယ်တိုက်သို့ ယခုအချိန်ထိအကြောင်းကြားလာ ခြင်းမရှိသေးဟု ဦးကျော်ဆန်းမင်းကဆက်ပြောသည်။

“သူတို့ကအခုအထိ ဘာမှအကြောင်းမကြားတော့ ကျွန်တော်တို့လည်း အခုအထိဘာမှမပြင်ဆင်ရသေးဘူး၊ သူတို့ရဲ့တုံ့ပြန်မှု အပေါ်မူတည်မူတည်တယ်၊ ကျွန်တော်တို့မှာ စွပ်စွဲရေးသားချက်မရှိဘူး၊ confirm (အတည်ပြုချက်) လုပ်လို့ရတဲ့ အချက်အလက်တိုင်းကို ပြန်တင်ပြတာပါ”ဟု ၎င်းကဆက်ပြောသည်။

သတ္တုတွင်းဝန်ကြီးဌာန၏ ငွေကြေးအလွဲသုံးစားလုပ်ခြင်းနှင့်ပတ်သက်၍ The Voice Weekly မှ ရေးသားဖေါ်ပြထားရာတွင်  မုံရွာကြေးနီစီမံကိန်းဧ။်အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းအားဒေါ်လာသန်းတစ်ရာဖြင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်သို့ ရောင်းချခဲ့သည့်ဖြစ်စဉ်တွင် ငွေပေးချေမှုများ၌ ဦးပိုင်လီမိတက်က ပေးချေရမည့်အစား နိုင်ငံခြားကုမ္ပဏီတစ်ခုက ပေးချေခဲ့သည့် ဖြစ်စဉ်များပါရှိသည်ဟု ဖေါ်ပြရေးသားထားသည်။

အဆိုပါသတင်းကို ဂျာနယ်တွင် မဖော်ပြမီ  စာပေစိစစ်ရေးမှ ခွင့်ပြုချက်ရရှိ ထားခြင်းရှိ မရှိ မေးမြန်းရာ ၎င်းအနေဖြင့် ဖြေကြားပေးခြင်း မပြုနိုင်ကြောင်း သတင်းနှင့်ပတ်သတ်၍ ဖြေကြားပေးသည့် သတင်းအရင်းအမြစ်များကိုလည်း ဂျာနယ်မှ တမင်လျို့ဝှက်ပေးထားခြင်းဖြစ်သည်ဟုဆိုသည်။

ဂျာနယ်မှရေးသားထားသည့် ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုပြုလုပ်ခဲ့သည့် ၀န်ကြီးဌာနများမှာ ပြန်ကြားရေး ၀န်ကြီးဌာန၊သတ္တုတွင်း ၀န်ကြီးဌာန၊လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အမှတ် (၁) စက်မှု ၀န်ကြီးဌာနနှင့် အမှတ်(၂) စက်မှုဝန်ကြီးဌာနတို့လည်း ပါဝင်သည်။

အထက်ပါသတင်းကို သတင်းထောက်တဦးက ရေးသားထားခြင်းဖြစ်ပြီး သတ္တုတွင်း ၀န်ကြီးဌာနမှ တရားစွဲဆိုလာပါက တာဝန်ရှိသည့် အယ်ဒီတာများသာ အဆင့်ဆင့် တာဝန်ယူဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။

ဂျာနယ်များနှင့် ဌာနဆိုင်ရာအချို့ ဥပဒေကြောင်းအရ ဖြေရှင်းလာခြင်းနှင့်ပတ်သတ်၍ အပတ်စဉ်ထုတ် ဂျာနယ် တစောင်ဖြစ်သည့် မော်ဒန် ဂျာနယ်ကိုလည်းသပိတ်ကျဉ်းမြို့နယ်အတွင်း ကားလမ်းများပျက်စီးနေမှု အကြောင်းရေးသားသည့် ဆောင်းပါးနှင့်ပတ်သက်၍ သပိတ်ကျဉ်း မြို့နယ်ဆောက်လုပ် ရေးအင်ဂျင်နီယာဒေါ်နွဲ့နွဲ့ရီက ကတာဝန်ခံအယ်ဒီတာနှင့်သတင်းထောက်တို့အား အသရေဖျက်မှု ၊အားပေးကူညီမှုနှင့် တရားစွဲဆိုထားသည်။

အဆိုပါ ဂျာနယ်များရေးသားချက်နှင့် ပတ်သက်၍ ဋ္ဌာနဆိုင်ရာတို့ ဥပဒေကြောင်းအရ ရင်ဆိုင်လာခြင်းနှင့်ပတ်သက်၍ တရား လွှတ်တော်ရှေ့နေ တဦးဖြစ်သူ  ဦးသန်းညွန့်က “ရေးတဲ့အခါ အချက်အလက်မှန်ဖို့ အရေးကြီးတယ် ၊ကိုယ်ကမမှန်တာရေးတာမဟုတ်ဘူး၊ မှန်ကြောင်းအထောက်အထားပြနိုင်ရင် တရားစွဲလာရင်တောင် ကိုယ်ကရှင်းလို့ရတယ်”ဟု မှတ်ချက်ပေးပြောဆိုသည်။     ။




ကိုကို သစ္စာ




အခုလည်းမယုံသေး... အရင်တုံးကလည်းမယုံခဲ့... ဒါပြည်သူ့အသံစစ်စစ်ပါကွာ။
The voice journal အားတရားစွဲဆိုရန်သတင်းစာပါအကြောင်းအရာနှင့်ပတ်သက်ပြီး EMG CEO ဒေါက်တာသန်းထွန်အောင်ရဲ့စကား။။။

“နောက်တစ်ခုက ၀န်ကြီးတစ်ဦးရဲ့လစာက ၅သိန်းပဲ ရတယ်။ အခု အစိုးရအဖွဲ့ သက်တမ်းတစ်နှစ်အတွင်းမှာ သူနဲ့သူ့သားသမီးတွေပိုင်ဆိုင်မှု က သိန်း ၅၀၀၀၀လောက်ရှိသွားပြီ လို့ ခန့်မှန်းရတယ်။ အဲဒီတော့ ကျွန် တော်တို့က လာဘ်ပေး၊ လာဘ်ယူမှု တွေ ဒီဝန်ကြီးဌာနမှာ ရှိလောက် တယ်လို့ ရေးတယ်။ ဒါကို မမှန်မကန် စွပ်စွဲတယ်။ ကျင့်ဝတ်နဲ့မညီဘူး။ အပြုသဘော မဆောင်ဘူးလို့ စွပ်စွဲလို့ မရဘူး။ ကျွန်တော်တို့ သတင်းမီဒီယာဆိုတာ ရဲမဟုတ်ဘူး။ သက်သေ အတိအကျ မရနိုင်ဘူး။ ကျွန်တော်တို့ ရေးတဲ့ သတင်းအပေါ် မှာ အငြင်းပွားရင် ရဲတို့၊ စသုံးလုံး တို့က စစ်ဆေး၊ အများသူငါ ထင်သာ မြင်သာအောင် သတင်းထုတ် ပြန်ပေါ့။ အခုကိစ္စမှာလည်း အငြင်းပွားဖွယ်ရှိရင် ပြည်ထောင်စုလွှတ်တော်၊ စာရင်းစစ်ချုပ်၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့က ၀င်စစ်ဆေးပေါ့ဗျာ။ ကျွန်တော်တို့ သတင်းမီဒီယာ မှာ ထောက်ပြစရာတွေ ထပ်ရှိသေး ရင်လည်း ထောက်ပြမှာပေါ့။ ကျွန်တော်တို့ဆီမှာ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးက ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီကို တင်ပြထားတဲ့ အစီရင်ခံစာလည်း ရှိပါ တယ်။ ဒီကိစ္စမှာ The Voice ရဲ့ သတင်း ဖော်ပြချက်တွေဟာ ကျင့်ဝတ် နဲ့အညီ ဖော်ပြခဲ့တာဖြစ်တယ်။ ဒါကြောင့် Eleven Media Group အနေနဲ့ The Voice ဂျာနယ်ဘက်က ရပ်တည်သွားမယ်” (EMG)
By: Pa Yit


မီဒီယာလွတ်လပ်မှုကန့်သတ်ခြင်းသည် တိုင်းပြည်တိုးတက်ရေးကို ကန့်သတ်ခြင်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
by Yangon Press International on Wednesday, March 14, 2012 at 9:07am ·

မတ်၊၁၄၊ ၂၀၁၂။ (YPI)

မီဒီယာလွတ်လပ်မှု ကန့်သတ်ခြင်းသည် တိုင်းပြည်တိုးတက်ရေးကို ကန့်သတ်ခြင်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အစိုးရမူဝါဒ ညှိနှိုင်းရေးမှုး ဒဲရစ်မီချယ်နှင့် တွေ့ဆုံပြီး ပြည်တွင်းသတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကိုဖြေကြားစဉ် ပြောဆိုလိုက်သည်။

“တရားစွဲတယ်ဆိုတာ မဟုတ်မမှန် စွပ်စွဲရင်တော့ တရားစွဲနိုင်တယ်ပေါ့ အမှန်ကိုအမှန်အတိုင်းပြောတာကို ပါးစပ်ပိတ်တယ်ဆိုတာ၊ မီဒီယာလွတ်လပ်မှုမျိုးကို ကန့်သတ်တယ်ဆိုတာဟာ နိုင်ငံရဲ့တိုးတက်ရေးကိုကန့်သတ်တာနဲ့ အတူတူဘဲလို့ အန်တီတော့ ဒီလိုဘဲ ယုံကြည်တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ပြည်တွင်းသတင်းထောက် တဦးက ယနေ့ဖြစ်ပေါ်နေသော လမ်းမကောင်းသည့် အဖြစ်ကိုရေးသားခဲ့သော မော်ဒန်ဂျာနယ်တရားစွဲဆိုခံရမှု နှင့် သတ္တုတွင်းဝန်ကြီး ဋ္ဌာနနှင့် ၀န်ကြီးဋ္ဌာနအချို့၏ အလွဲသုံးစားလုပ်သည့် ကိစ္စများ သတင်းကိုရေးသားခဲ့သော The voice ဂျာနယ်တို့ တရားဆွဲဆိုခံရသည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ အမြင်ကိုမေးမြန်းခဲ့ခြင်းဖြစ်သည်။

“လမ်းတွေမကောင်းတာမှာ တရားဆွဲလို့ ရှိရင်လည်း တရားရုံးမှာရင်ဆိုင်လိုက် ဓါတ်ပုံရိုက်ပြီးတော့ ပြပြီးတော့ ဒီလမ်းတွေမကောင်းလို့ မကောင်းတာပြောတာကို ဒါဘာတရားစွဲစရာလိုလို့လဲ။ ကောင်းတဲ့လမ်းကြီးကို နေပြည်တော်လမ်းကိုပြောနေတာမှမဟုတ်ဘဲ သားတို့ပြောနေတဲ့လမ်းဟာ မကောင်းတဲ့လမ်းဘဲဟာ”ဟုဒေါ်အောင်ဆန်းစုကြည်က မော်ဒန်ဂျာနယ် တရားစွဲဆိုခံရမှုအပေါ် သုံးသပ်ပြောကြားသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေစိုးမိုးရေးနှင့်ပါတ်သက် ၍ မီဒီယာလွတ်လပ်ခွင့်လည်းလိုအပ်ကြောင်း ၊မီဒီယာလွတ်လပ်ခွင့်ရှိမှ တရားဥပဒေစိုးမိုးရေးကို ဖေးမပေးနိုင်မည်ဖြစ်ကြောင်း ၊မီဒီယာဘက်မှ ၎င်းရပ်တည်ပါကြောင်းပြောကြားခဲ့သည်။

ဦးခင်ညွန့် မိသားစုမှ ကျပ် (၂၄)သိန်းတန် ဆေးကုသခန်းကို ရေစက်ချလှူဒါန်း