Thursday, March 15, 2012
A Message From Suu Kyi to HK University
လူအင်အားငွေအင်အားမရှိတဲ့မြန်မာတွေရဲ့ ဒုက္ခ
Uploaded by BurmaVJMedia on Mar 14, 2012
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာ တော့ဝမ်း ကျောက်စက်ရှေ့မှာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့က ကျောက်ကျင်းအလုပ်သမား ကိုမင်းလွင်ဦး စီးနင်းလာတဲ့ ဆိုင်ကယ်နဲ့ ကျောက်သယ်ယူဖို့ မောင်းနှင်လာတဲ့ ကျောက်သယ်ကား တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ အခင်းဖြစ်ပွားရာနေရာကနေ လူနာကို မန္တလေးကို သယ်ဆောင်ခဲ့ပြီး မန္တလေးအရောက်မှာမှ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူ ကိုမင်းလွင်ဦးမှာ တောင်ကြီးမြို့ကနေ လာရောက်အလုပ်လုပ်ကိုင်တဲ့ ရွှေ့ပြောင်းအလုပ်သမား တဦးဖြစ်ပြီး မိသားစုမှာလဲ သတင်းရရှိချိန် နောက်ကျတဲ့အတွက် လာရောက် မေးမြန်း စုံစမ်းတဲ့အချိန်မှာတော့ အုန်းချော ရဲစခန်းမှူး အပါအဝင် ယာဉ်မှူစစ်တွေကပါ သေမှုသေခင်းအဖြစ်သာ အမှုဖွင့် အရေးယူထားကြောင်း ပြောဆိုခဲ့တဲ့အတွက် မိသားစုတွေမှာ သေဆုံးမှုအတွက် လျော်ကြေး တစုံတရာ မရရှိခဲ့ဘဲ ပြန်သွားခဲ့ရပါတယ်။ တရားစီရင်ရေးစနစ်အတွင်း အကျင့်ပျက် ခြစားမှုတွေ ရှိနေတဲ့အတွက် အမှုမှန်တွေဟာ ပပျောက်နေတာ ဖြစ်တယ်လို့ ကာယကံရှင် မိသားစုဝင်တွေက ပြောဆိုလိုက်ပါတယ်။
အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာ ညှိနှိုင်းရေးမှုး မစ္စတာ ဒဲရစ်မစ်ချယ်လ် ဟာ မက်လ ၁၄ ရက်နေ့ က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့သွားရောက်တွေ့ဆုံ
Uploaded by BurmaVJMedia on Mar 15, 2012
အမေရိကန် အထူးကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး စိုးရိမ်
မြန်မာနိုင်ငံကို ၆ ရက်တာခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာ ညှိနှိုင်းရေးမှုး မစ္စတာ ဒဲရစ်မစ်ချယ်လ် ဟာ မက်လ ၁၄ ရက်နေ့ က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့သွားရောက်တွေ့ဆုံပြီး လာမယ့်ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ အခြေအနေ တွေနဲ့ ပတ်သက်လို့ ဆွေးနွေးသွားခဲ့ကြသလို ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လာတဲ့ မဲစာရင်း လွဲမှားမှုတွေနဲ့ ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က တင်ပြ ဆွေးနွေးသွားခဲ့ပါတယ်။ အဲဒီနောက် ပူးတွဲသတင်းစာ ရှင်းလင်းပွဲပြုလုပ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေး အတွက် စိုးရိမ်ကြောင်း မစ္စတာ ဒဲရစ်မစ်ချယ်လ်က ပြောဆိုသွားခဲ့ပါတယ်။
ကြံ့ခိုင်ရေး ပါတီမှလွဲ၍ အခြားသော ပါတီများအားမဲ ပေးခဲ့ပါက တစ်ရွာလုံး ဒုက္ခရောက်သွားမည်ဟု..
Waiyan Winzaw
ကလောမြို့နယ် ကမ္ဘားနီရွာမှ ရပ်ကျေး အုပ်ချုပ်ရေးမှုး ဦးကျော်မွှေး (ခ)ထွန်းလင်း ကကြံ့ခိုင်ရေး ပါတီမှလွဲ၍ အခြားသော ပါတီများအားမဲမပေးရ။ ပေးခဲ့ပါက တစ်ရွာလုံး ဒုက္ခရောက်သွားမည်ဟု ၂၈.၂.၂၀၁၂ ရက်နေ့ညနေပိုင်း တွင် ကျေးရွာချောင်းကူးတံတားပြုပြင်ရေး လုပ်အားပေးလာကြသော ကမ္ဘားနီအိုးသည်ရွာ၊ ဘုရားကုန်း ရွာ၊ တောင်ရွာ စသော ရွာသုံးရွာမှ ရွာသားများအား အမိန့်ပေးခဲ့ သည်ကို တာဝန်သိရွာခံလူငယ် လေးဦးမှအောင်ပန်းမြို့ခံလူငယ်များထံလာရောက်ရင်ဖွင့်သံကို ကြား လိုက်ရသည်။
ထိုရပ်ကျေးအုပ်ချုပ်ရေးမှုးကျော်မွှေးသည် ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲ မတိုင်မှီတုန်းကလည်း ရွာရှိလူအားလုံး ကြံ့ခိုင်ရေးပါတီဝင်ကပ်ပြား ပြုလုပ်ရမည်ဆိုကာ တစ်ဦးလျှင်ငွေကျပ် ၁၅၀၀ ကောက်ခံ ကာရွာသားများအားပါတီဝင်အဖြစ် အတင်းသွတ်သွင်းခဲ့သည်ကိုလည်း သတင်းရရှိခဲ့ပါသည်။ ကမ္ဘားနီ ကျေးရွာအုပ်စု သရက်ပုကျေးရွာတွင်လည်း ရပ်ရွာမှ ရွေးချယ်ခန့်အပ်ထားသော အုပ်ချုပ်ရေးမှုး ဦးညွန့် ဝင်း အား မြို့နယ်အုပ်ချုပ်ရေးမှုး ဦးသိန်းဇော်နှင့် ကျော်မွှေးတို့က ဦးညွှန့်ဝင်းအား မြေရောင်းစားသည် ဟုဆိုကာ နှစ်ဦးပူးပေါင်း၍ ဖြုတ်ထုတ်ခဲ့သည်။ ၎င်းတို့နှစ်ဦးတင်မြောက်လိုသော လူတစ်ဦးသည်လည်း (ဦးတီးတူ) ကြံ့ခိုင်ရေးပါတီဝင်ဖြစ်ပြီး ကျေးရွာလူထုမှလည်း လုံးဝ လက်မခံသဖြင့် ယခုအချိန် အထိ သရက်ပုရွာ၌ အုပ်ချုပ်ရေးမှုး ရွေးချယ်ခန့်ထားခြင်း မရှိသေးပါ။
၂၀၁၁ ခုနှစ် အောက်တိုဘာလတုန်းကလည်း ကမ္ဘားနီရွာမှ ထို ကျော်မွှေးကို ဖြိုးရေးအတွက် UNDP မှ ထောက်ပံ့ငွေနှင့်ပစ္စည်းများကို အလွဲသုံးစား လုပ်မှုနှင့် ကျေးရွာလူထုက တိုင်ကြားသဖြင့် အုပ်ချုပ်ရေးမှုးရာထူးမှထုပ်ပယ်လိုက်သော်လည်း ကလောမြို့နယ် အုပ်ချုပ်ရေးမှုး ဦးသိန်းဇော် ကိုငွေကျပ်သုံးသိန်းနှင့်အတူ ကျောက်နွားတောင်အရှေ့ဖက် ထင်းရှုးတောနှင့်ကပ်လျှက်ပြည်ထောင်စု လမ်းမကြီးအနီးတွင်ရှိသော ပလပ်မြေကို ဦးသိန်းဇော်အမည်ဖြင့် မြေစာရင်းနှင့်ပေါင်းကာ ၁၀၅ ဖောက်ပေး၍ အုပ်ချုပ်ရေးမှုးရာထူး မပြုတ်ရန်လာဘ်ထိုးခဲ့ သည်ကို ရွာခံလူများ အားလုံးအသိပင် ဖြစ်ပါသည်။ ထိုကိစ္စအား မှန်မှန်ကန်ကန်ဖြစ်စေလိုပါသည်။ ဒီမိုကရေစီနိုင်ငံတွင် ထိုကဲ့သို့သောတရား မဲ့အုပ်ချုပ်ရေးမှုးများ မြန်မာနိုင်ငံတစ်ဝှမ်းတွင် မည်မျှရှိနေသည်ကို မသိရသေးပေ။ တရားရုံးများတွင် မတရားမှု့အများဆုံးဖြစ်နေသည်ကို နိုင်ငံတော်မှ သေချာစွာစီစစ်၍ တရားမျှတစွာ စီရင်ပြုပြင်စေလို ကြောင်းတင်ပြလိုက်ရပါသည်။…
(ဓါတ်ပုံမှာ..ဦးကျော်မွှေးပုံဖြစ်ပါသည်)
ခံစားမှုများဖြင့် ရင်ဖွင့်လာသော တပ်မတော်မှ သာမန်အဆင့်ရှိ တပ်သားလေးတစ်ဦး၏ ပြောကြားချက်များ။
Uploaded by KoNiknayman on Mar 14, 2012
ထောင်ထဲမှာ ဖန်တီးထားတဲ့ တူရိယာတွေနဲ့ တေးသီချင်းတွေကို ပြန်လည် တီးခတ် ဖျော်ဖြေကြမယ်
Uploaded by BurmaVJMedia on Mar 15, 2012
ထောင်ထဲမှာ ဖန်တီးထားတဲ့ တူရိယာတွေနဲ့ တေးသီချင်းတွေကို ပြန်လည် တီးခတ် ဖျော်ဖြေကြမယ့် နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ အနုပညာပြပွဲတခုကို ရန်ကုန်မြို့ အမေရိကန်စင်တာမှာ ဒီကနေ့ မတ်လ ၁၅ ရက်နေ့ ညနေ ၄း၃၀ နာရီ အချိန်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ အကျဉ်းထောင်တွင်းက ရရှိတဲ့ ပုလင်းကွဲစတွေ၊ ပလတ်စတစ်ဗူးတွေနဲ့ ဂစ်တာတလက်ဖြစ်လာအောင် အများကြီး အားစိုက်ပြုလုပ်ခဲ့ရတဲ့ တူရိယာပစ္စည်းတွေနဲ့ အကျဉ်းထောင်တွင်းမှာပဲ စပ်ဆိုခဲ့တဲ့ တေးသီချင်းတွေကို အခု အပြင်မှာ ပြန်လည် သီဆိုဖျော်ဖြေကြမှာ ဖြစ်ပါတယ်။ ဒီအနုပညာပြပွဲအတွင်း တေးသီချင်း ၈ ပုဒ် တီးခတ်ဖျော်ဖြေမှာဖြစ်ပြီး ပန်းချီ၊ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး၊ လက်မှု (hand made) ပစ္စည်းတွေကိုပါ ပြသမှာ ဖြစ်တယ်လို့ သိရပါတယ်။ ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံအတွင်း အကျဉ်းထောင်ထဲ ရောက်ရှိသွားကြတဲ့ သူတွေရဲ့ အနုပညာတွေ ထောင်ထဲမှာ ဘယ်လိုရှင်သန်ခဲ့ကြသလဲ ဆိုတာကို ပြချင်တဲ့အတွက် အခုလို ပွဲ ကျင်းပရတာ ဖြစ်တယ်လို့ ရွှေသံစဉ် တေးဂီတမှူး ကိုဝင်းမော်က ဆိုပါတယ်။
နောက်ဆိုမြန်မာတွေ သောက်စရာရေ ကျန်ပါဦးမလား
Ah Ba Yah
မြန်မာတပ်သား၂၀၀၀ကျော်ဘင်္ဂလားနယ်စပ်ဖြန့် ချ..
ရေပိုင်နက်ခွဲဝေမှုဘင်္ဂလားဖက်မှအသာရပြီးနောက်နယ်စပ်တလျောက်အခုလိုမြန်မာတပ်ရင်း၅ရင်း
ထက်မနဲချထားတယ်လို့ ဘင်္ဂလားဝက်ဆိုဒ်တွေမှာဖေါ်ပြပါတယ်။
''Bangladesh wins in legal battle over bay ''လို့ ဘင်္ဂလားမီဒီယာတွေမှာဝေေ၀ဆာဆာဖေါ်ပြနေချိန်မှာနယ်စပ်မှချထားတဲ့ မြန်မာစစ်တပ်တွေဟာ
တိုက်ပွဲအတွက်အသင့်ဖြစ်နေတဲ့ပုံရှိတယ်လို့ မျက်မြင်တွေကဆိုပါတယ်။
ပုံ-The Voice Weekly
ပုံ-google
Thar Phyo
အဘတို့ပြောတော့ တလက်မမှအထိမခံဆို ကဲခုတော့မိုင်နဲ့ချီပါသွားပြီ၊
နာရီနဲ့ချီပြီး စာရွက်ကြီးကြည့် ဖတ်ပြနေရုံနဲ့မပြီးဘူး၊
ကြီးမေတို့များ ၁၅မိနစ်လောက် လက်တန်းပြောသွားတာ အပိုအလိုကိုမရှိ၊ ရင်ထဲကစကားကိုးဗျ၊
ကျုပ်လေအဘကို ယုံကိုမယုံရဲတာ၊ စိတ်ကိုကုန်ရော...
တို့ပြည်ကိုတစ်လက်မမှအထိမခံဆိုတဲ့ အိမ်ကျယ် မြန်မာစစ်အစိုးရ
၂၀၀၉ ခုနှစ်က မြန်မာ့ရေနံ၏ AD7 Block တွင် စူးစမ်းလေ့လာနေသော သဘောင်္များအား ဘင်္ဂလားရေတပ်က ၀င်ရောက်ရန်ပြုရာမှ ယခု အငြင်းပွားမှုစခဲ့ခြင်းဖြစ်သည်။ ယခု သတ်မှတ်သဘောတူသော နယ်နိမိတ် သည် အဆိုပါ နေရာ၏ အပြင်ဖက်တွင်ဖြစ်သဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်သည် ဟု ဆိုနေခြင်းမှာ ထိုစဉ်က သူတပါး၏ ပိုင်နက်အတွင်း ၀င်ရောက်ရန်စ ခဲ့ ကြောင်း ၀န်ခံရာရောက်တယ်။ ဒါကို အောင်ပွဲခံနေတဲ့ ဘင်္ဂလားမီဒီယာတွေကို ပြန်ပြောနိုင်ရမယ်။ သူ့တောင်းဆိုတဲ့ မျဉ်းက အဲလုပ်ကွက်တွေကို ဖြတ်သွားခဲ့လို့ အဲဒီလုပ်ကွက်တွေ ရပ်ထားခဲ့ရတာ ခုထိပဲ ဒါနစ်နာတယ်။ ဘင်္ဂလားတွေ၊ မလေးတွေ၊ နာရီဝက် ၁နာရီအတွင်း အပြိုင်ဆိုင် သတင်းတွေတက်လာပြီး ငြင်းနေကြချိန်မှာ မြန်မာတွေ အချင်းချင်း ပြူးကြောင်ကြောင်လေးတွေ ငေးနေခဲ့ရတာ ညနေ ၅နာရီကနေ ခုထိပဲ။ ဘင်္ဂလားက သူနိုင်တယ်အော်နေတာကို ဘာသာပြန်တင်ပေးနေကြတာလဲ ရှိသေးတယ်။ ငါတို့ မယ် အောက်ကျလိုက်လေခြင်း...
credit to Mg Koo..
7Day News Journal
မြန်မာ-ဘင်္ဂလားဒေ့ရှ် ပင်လယ်ပြင် အငြင်းပွားမှုကို ကုလသမဂ္ဂ တရားရုံးက ဆုံးဖြတ်ချက်ချ
ဘာလင်၊ မတ် - ၁၅
ကုလသမဂ္ဂ တရားရုံးက မြန်မာ နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှစ် နိုင်ငံကြားတွင် ပင်လယ်ပြင်နယ် နမိတ် အသစ်တစ်ရပ်ချမှတ်လိုက် ပြီးနှစ်နိုင်ငံကြား မကြာခဏပြဿ နာဖြစ်ရသည့် အရင်းအမြစ်ကြွယ် ၀သော ပင်လယ်ပြင် အငြင်းပွားမှုကို ဆုံးဖြတ်ချက်ချမှတ်လိုက်သည်။
ဂျာမနီနိုင်ငံ မြောက်ပိုင်း ဟမ်းဘတ်မြို့၌ ပင်လယ်ပြင်ဥပ ဒေဆိုင်ရာ နိုင်ငံတကာ တရားရုံး တွင်တရားသူကြီး ပရိုဆေးလူးဝစ် ဂျီးဆပ်က ချမှတ်ပေးလိုက်သော နှစ်နာရီကြာ ဆုံးဖြတ်ချက်မှာ နှစ် နိုင်ငံက အပြိုင်တင်ပြသည့်အမှု များအပေါ် ကြားချညှိနှိုင်းဆုံး ဖြတ်မှုဟု ကျယ်ကျယ်ပြန့်ပြန့် ရှု မြင်ကြသည်။
နှစ်နိုင်ငံစလုံးက ၎င်းင်းတို့၏ သက်ဆိုင်ရာ ပင်လယ်ပြင်နယ်နမိတ်များကိုဆက်လက် ထိန်းသိမ်း နိုင်သည်ဟု တရားသူကြီးကဆုံး ဖြတ်ပြီး နယ်နမိတ်တိုင်းတာရေး မြန်မာနိုင်ငံ၏ နည်းလမ်းကို မျက်နှာသာပေးသော်လည်း ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ပင်လယ်ဧရိယာပိုမို ပေးအပ်ခဲ့သည်။
တရားရုံးဆုံးဖြတ်ချက်၏ အချို့အစိတ်အပိုင်းများကို ကွဲလွဲ သောသဘောထားများ ပြော ကြားကြသော်လည်း ကမ္ဘာတစ် ၀န်းမှ တရားသူကြီး ၂၃ ဦးစလုံးက ဆုံးဖြတ်ချက်ကို တညီတညွတ် တည်းချမှတ်ခဲ့သည်ဟု အေအက်ဖ် ပီသတင်းက ဆိုသည်။
“နှစ်ဖက်စလုံးက နိုင်တာတချို့၊ ရှုံးတာတချို့ရှိပါတယ်"ဟု ခုံ ရုံးအဖွဲ့တွင် ပါဝင်သော ဂျာမန် တရားသူကြီးရူဒီဂါဂူဖရန်က ပြော ကြောင်း ဂျာမန်သတင်းအေဂျင်စီ DPA ကဖော်ပြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ၀န်ကြီး ဒီပူမိုနီက နိုင်ငံတကာ တရားရုံးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဘင်္ဂလားပင်လယ်အော်ရှိ သီးသန့် စီးပွားရေးဇုန်မိုင် ၂၀၀ တောင်းဆို မှုကို အပြည့်အ၀ အသိအမှတ်ပြုခဲ့သည်ဟု ပြောကြောင်းအေပီ သတင်းက ဖော်ပြသည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံကြား ရေပိုင်နက်ပြဿနာ မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ ပြီဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် အငြင်း ပွားနယ်မြေများတွင် မြန်မာနိုင်ငံ ကဓာတ်ငွေ့ရှာဖွေနေသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စွပ်စွဲချက်များကြောင့် နှစ်နိုင်ငံကြားစစ်ရေး ပဋိပက္ခဖြစ်လုနီးပါး ဖြစ်ခဲ့သည်။ သို့သော်နောက်ပိုင်းတွင် သံတမန် ရေးနည်းလမ်းဖြင့် ဖြေရှင်းခဲ့၍ တင်းမာမှုများ လျော့ပါးခဲ့သည်။
နိုင်ငံတကာ တရားရုံး၏ ဆုံး ဖြတ်ချက်ကို အယူခံဝင်ခွင့်မရှိ ကြောင်း သိရသည်။
—Ref: AFP/ AP
ကြာသပတေး, 15 မတ် 2012
မြန်မာအဖွဲ့အားနည်းမှုကြောင့် ရေပိုင်နက်ဆုံးရှုံးရဟု ကနဦးပါခဲ့ဝင်သူသုံးသပ်
သင်းသီရိ
မြန်မာနိုင်ငံ နဲ့ ဘင်္ဂလားနိုင်ငံတို့ကြား အငြင်းပွားနေတဲ့ရေပိုင်နက် ပြသနာကို ဂျာမဏီနိုင်ငံ ဟမ်းဘတ်မြို့ အခြေစိုက် နိုင်ငံတကာ ပင်လယ် ပြင်ရေပိုင်နက် ခုံရုံးက မတ်လ (၁၄) ရက်နေ့မှာ ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်ပါတယ်။ သဘာဝ သယံဇာတ ပေါကြွယ်ဝတဲ့ ဘင်္ဂလား ပင်လယ်အော် အတွင်းမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံက စီးပွားရေးဇုန် ရေပြင် ပိုက်နက် မိုင် (၂၀၀) အပြည့် ခံစား ပိုင်ခွင့်ရှိစေပြီး ကမ်းဦး ရေတိမ်ပိုင်း ကိုလည်း မိုင် (၂၀၀) အထက် ဘင်္ဂလားဒေ့ရှ် ဖက်က အသုံးပြု နိုင်တယ်လို့ တရားရုံးက ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ဒီ ဆုံးဖြတ်ချက် ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အတွက် အောင်မြင်မှု တခု ဖြစ်ပေမယ့် မြန်မာနိုင်ငံ အတွက် အင်မတန် နစ်နာ ဆုံးရှုံး မှု ဖြစ်တယ်လို့လည်း သုံးသပ်ချက်တွေ ရှိနေပါတယ်။ ဒီ အခြေအနေ အပြည်အစုံ ကိုတော့ မသင်းသီရိ က ဆက် ပြောပြပေးမှာပါ၊
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကြား နှစ်ပေါင်း (၃၈) နှစ်ကျော် အငြင်းပွားနေတဲ့ နှစ် နိုင်ငံ ရေပိုင်နက် ပြသနာ ကို မတ်လ (၁၄) ရက်နေ့က ဂျာမဏီ နိုင်ငံ ဟမ်းဘတ်မြို့ အခြေစိုက် နိုင်ငံတကာ ပင်လယ်ပြင် ရေပိုင်နက် ခုံရုံးက အဆုံးသတ် လိုက်တဲ့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်တာပါ။ နှစ်နိုင်ငံ အငြင်းပွား နေတဲ့ ရေပြင်ပိုင်နက် နယ်နမိတ်ထဲမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဖက်က ကမ်းဦး ရေတိမ်ပိုင်း ကိုလည်း မိုင် (၂၀၀) အထက် ကျော်ပြီး ခံစားခွင့် ရှိတဲ့အကြောင်း နိုင်ငံတကာပင်လယ်ပြင်ရေပိုင်နက် ခုံရုံးက ဥက္ကဌ ဂျိုဆေး လူးဝစ်ဂျီးဆပ်စ် က အမိန့်ချပါတယ်။
“နိုင်ငံတကာ ပင်လယ်ရေပြင် ပိုက်နက် ဆိုင်ရာ ခုံရုံးအနေနဲ့ အချက်အလက်တွေကို လေ့လာ သုံးသပ်ပြီး ဆုံးဖြတ်ချက် ချလိုက်တာက နှစ်နိုင်ငံခြား ပြင်ဆင် သက်မှတ်တဲ့ ရေပြင် နယ်နမိတ် ပိုက်နက် မျဉ်းကြောင်းဟာ စီးပွားရေး ဇုံ ရေပိုက်နက် နယ်နမိတ် အရ ရော ကမ်းလွန်ရေတိမ်ပိုင်း နဲ့ ပတ်သက်တဲ့ ဆိုင်ရာ နဲ့ပါ ပင်လယ် ရေပြင် မိုင် (၂၀၀) အတွင်း ရှိရမယ် ဆိုတာနဲ့ အပိုဒ် (၃၃၇) က နေ (၃၄၂) အရ ဘင်္ဂလားဒေ့ရှ်ဘက်က ရေပြင် မိုင် (၂၀၀) ကျော်ပြီး နောက် တတိယ နိုင်ငံရဲ့ ရေပြင် ပိုက်နက် နယ်နမိတ်နဲ့ ထိတွေ့တဲ့ အထိ ရပိုင်ခွင့် ရှိတယ် ဆိုတာပါဘဲ။”
ဒီဆုံးဖြတ်ချက်ဟာ ဘင်္ဂလားဒေ့ရှ်က သူတို့ ပိုင်ဆိုင်တယ် ဆိုတဲ့ နေရာတွေ တော်တော် များများ ရသွားတာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ (၁၉၇၄) ခုနှစ် က နှစ်ဘက် သဘောတူ စာချွန်လွှာဟာ အခိုင်အမာ ဖြစ်တယ်ဆိုပြီး အခု အငြင်းပွားနေတဲ့ ရေပိုင်နက်ဟာ သူတို့ ပိုင်တဲ့ရေပိုင်နက် လို့ လက်ခံထားပြီးမှ မြန်မာတို့ ဖက်က သူ့တိုပိုင်တာ ဖြစ်တယ်ဆိုပြီး ပြောဆိုနေတာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်က တရားရုံးမှာ လျှောက်လဲတင် ပြခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အဖွဲ့ခေါင်းဆောင် ပြည်ထောင်စု ရှေနေ့ချုပ် ဦးထွန်းရှင်ကတော့ ဒီအမှုနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်မချခင် တရားရုံးမှာ အခုလို နောက်ဆုံး လျှောက်လဲချက် ပေးခဲ့ပါတယ်။
မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စု ရှေနေချုပ် ဦးထွန်းရှင်က နိုင်ငံတကာ ပင်လယ်ပြင် ရေပိုင်နက် ခုံရုံးမှာ မြန်မာနိုင်ငံဖက်က ပိုင်ဆိုင်မှု နယ်နမိတ်တွေကို လျှောက်လဲချက်ပေးခဲ့တာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ နိုင်ငံခြားရေးဌာန ၀န်ကြီး ဒီပြွန်မူနီ (Dipu Monti) ကတော့ ဒီဆုံးဖြတ်ချက်ကို ကြိုဆိုတယ်လို့ အခုလိုပြောပါတယ်။
“ကျမတို့ သိပ် ပျော်သွားတာပေါ့ရှင်။ အရမ်းလည်း ဝမ်းသာမိပါတယ်။ အမှု စီရင်ချက် ချမှတ်တာကို ကျမတို့ လက်ခံရရှိပါတယ်။ ဒါဟာ တရားမျှတမှု ရှိတဲ့ အဖြေ တစ်ခုပါဘဲ။ ဒါကိုလည်း ကျမတို့ က လိုလား နေကြ တာပါ။ အိမ်နီးချင်း နှစ် နိုင်ငံလုံး အတွက် အရေးကြီးတဲ့ စီရင်ချက်ပါဘဲ။ ကျမတို့ နှစ် နိုင်ငံကြားမှာ ဖြစ်နေ ခဲ့တဲ့ ပင်လယ် ရေကြောင်း အငြင်းပွားမှု ဆိုတာကို အတိတ်မှာ ချန်ထားခဲ့လို့ ရပါပြီ ရှင်။ ”
ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ နိုင်ငံခြားရေးဌာန ၀န်ကြီး ဒီပြွန်မူနီ (Dipu Monti) ပါရှင်။
အခု အငြင်းပွားနေတဲ့ ရေပိုင်နက်ဟာ ကမ်းလွန်သဘာဝ ဓါတ်ငွေတွေ ထွက်လာ ပြီးတဲ့နောက် သူပိုင် ကိုယ်ပိုင် တယ်လို့ အငြင်းပွားခဲ့တာ ဖြစ်ပြီး (၂၀၀၈) ခုနှစ်မှာ နှစ် နိုင်ငံကြား အခြေအနေ အတော် တင်းမာ ခဲ့ပြီး နောက် အခုလို နိုင်ငံတကာ ပင်လယ်ပြင် ရေပိုင်နက် ခုံရုံးကို အမှု ရောက် လာတာဖြစ်ပါတယ်။ ဒီအမှု ကို (၂၀၁၁) ခုနှစ် စက်တင်ဘာမှာ စတင် စစ်ဆေးတာ နေတာဖြစ်ပါတယ်။ အခု တရားရုံးရဲ့ ဆုံးဖြတ်ချက် ဟာ နောက်ဆုံး အဆင့် ဖြစ်တာမို့ မြန်မာနိုင်ငံဘက် က ဘာမှ ထပ် လုပ်ပိုင်ခွင့် မရှိ တော့ပါဘူး။ ဒီအဖြေ ဟာ ဘင်္ဂလားဒေ့ရှ် အတွက် အောင်မြင်မှု တခုဖြစ်ပေမယ့် မြန်မာနိုင်ငံ အတွက်တော့ အင်မတန် နစ်နာမှုကြီး ဖြစ်တယ်လို့ အခု ပြသနာ ဖြစ်တဲ့ နေရာမှာ ကိုးနှစ် ကျော်ကြာ တာဝန် ထမ်းဆောင် ခဲ့ဘူးတဲ့ ကာကွယ်ရေး စစ်ဦးစီးချုပ်ဟောင်း သူရ ဦးတင်ဦးက သုံးသပ်ပါတယ်၊
“မနက် က ကြားလိုက်ရကတည်း က အင်မတန် ကျနော် ယူကြုံးမရဖြစ်တယ်။ စိတ်မကောင်းဘူးဗျာ။ ကျနော့် သဘောထားကတော့ အများကြီး ဆုံးရှုံးတာပေါ့ဗျာ။ ဒီ နတ်မြစ်ဝ နဲ့က အပေါက်ဝ စိန့်မာတင် ကျွန်း အထိ တိုင်းထားတဲ့ ဥစ္စာဟာ ကျနော် တို့ ရေနက် ကြောင်း သာရာ Deep Water Channel လို့ ခေါ်တဲ့ ဟာ အပေါ် မှာ သဘောတူပြီးတော့ စာချုပ် ချုပ်ခဲ့တယ် လို့ ကျနော် နားလည်တယ်။ အဲဒီ အပေါ်မှာ မူတည် ပြီးတော့ က တိုင်းထွာလိုက်တဲ့ သွားမယ် ဆိုရင် ရေကြောင်းသာရာ Deep Water Channel ဟာ စိန့်မာတင် ကျွန်း ဘေးနား ကနေ ကပ်ပြီးတော့မှ နတ်မြစ် အပေါက်ထဲကို ဝင်တာပါခင်ဗျာ။ အဲဒီတော့ အခု ဒီဟာ ဒီရေနက် ကြောင်း သာရာ ဆိုတဲ့ သဘော မဟုတ်တော့ဘဲနဲ့ Equal distance ဆိုတဲ့ နှစ်ဖက် ကျနော် တို့ ဒီ ကမ်းရိုး တန်း က နေ ညီမျှတဲ့ အတိုင်း အတာ လုပ်လိုက်တဲ့ အခါကျတော့ သူတို့ ဘက် က ခုံးခုံး ကြီး ဆိုတဲ့ အခါ ကျတော့ မိုင် (၂၀၀) ပတ်လည် Exclusive Economic Zone တွေ ဘာတွေ လုပ်လိုက်တဲ့ အခါကျတော့ ဟာ ဒီမြေကြီးတွေ ပါသွားမှာပေါ့။”
ဒီပြသနာ ဖြစ်ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုင်ငံခြားရေး ၀န်ကြီးအဆင့် ကိုယ်တိုင် ဦးဆောင် ဆောင်ရွက် နေပေမယ့် မြန်မာဖက် ကတော့ တရားသူကြီးချုပ် အဆင့်လောက်နဲ့သာ ဖြေရှင်းနေတဲ့ အချက် ဟာလည်း အားနည်း ခဲ့တယ်လို့ ဦးတင်ဦးက မြင်ပါတယ်။
“ကျနော် က အားနည်း တယ် လို့ ထင်တယ်။ နောက် တစ်ခုက အဝန်းအဝိုင်းလည်း လိုတယ် ခင်ဗျ။ ဒီလို ကိစ္စမျိုး ဆိုတာက ကိုယ်နဲ့ ချစ်ခင် ရင်းနှီးပြီး ကိုယ်ဘက်ကို ဆောင်ရွက် နိုင်အောင် လုပ်နိုင်တဲ့ Lobbying ပေါ့ဗျာ။ အဲဒါတွေလည်း တော်တော် အားနည်းပုံရတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်တို့ ဘက်က ဒီ ကျနော်တို့ ချဉ်းကပ်ပုံ ချဉ်းကပ် နည်းလေး အားနည်းသလားဗျာ။ အဲဒီလိုလည်း ကျနော် တွက်တာဘဲ။ နတ်မြစ်ဝ ထိပ်မှာ ကျနော်တို့ ခေါင်းတုံး၊ ခေါင်းတုံး ဆိုတာက သူတို့က ဂွန်းတွန်း ခေါ်တာပေါ့၊ ကျနော်တို့ က တော့ ခေါင်းတုံး ခေါ်တာပေါ့၊ အဲဒီမှာ ကျနော်တို့ ကျီးကျွန်းတွေ ရှိသေးတယ် ခင်ဗျ။ အဲဒါတွေကလည်း တော်ကြာ ကျတော့ ဆက်ပြီးတော့ စကားများ လာရင် ကျနော်တို့ ကျီးကျွန်းတွေက ဒုက္ခသုက္ခများ ပေး မလား အဲဒီ လို ကျနော် ဆက်ပြီးတော့ စိုးရိမ် ပူပန်တယ် ခင်ဗျ။ ”
ကာကွယ်ရေး စစ်ဦးစီးချုပ်ဟောင်း သူရ ဦးတင်ဦးပါရှင်။ နိုင်ငံတကာ ပင်လယ်ပြင် ဆိုင်ရာ စာချုပ်ကို ဘဂ်လားဒေ့ရှ် ဟာ ၂၀၀၁ ခုနှစ်က လက်မှတ် ထိုးတာာဖြစ်ပြီး မြန်မာကတော့ ၁၉၉၆ မေလ ကတည်းက လက်မှတ် ထိုးထားတာ ဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံ နဲ့ ပြဿနာဟာ အဆုံးသတ် စီရင်ချက် ချပြီးပြီ ဆိုပေမယ့် ဘင်္ဂလားဒေ့ရှ်ဟာ အိန္ဒိယနိုင်ငံ နဲ့ အငြင်းပွားနေတာကို ဆက်ပြီး ဖြေရှင်းရအုံးမှာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/03-15-12_bangla_burma_territoria_dispute_ILTOS-142798915.html#.T2J7IGECTnU.facebook
ပျို့ချင်ချင် အန်ချင်ချင် ဖြစ်နေသူများအတွက် အကူအညီ(ဦးအောင်သိန်းလင်းနှင့်တွေ့ ဆုံခြင်း)
အဂ္ဂမဟာ ဒီမိုဖက်တီး
Hot News ဆိုတာ ခင်ညွန့်ကခုံပေါ်၊ အယ်ဒီတာမမက အောက်မှာ ဆိုတာမျိုးလုပ်တဲ့ဂျာနယ်
ခေါင်းမှာသေနတ်ဖေါက်သွားတော့.ဦးနှောက်တွေပါသွားတယ်။အခုအခွံပဲကျန်တော့တယ်၊
တိုင်းပြည်ကိုဘယ်သူ့လက်မရောက်အောင်ကာကွယ်ခဲ့လဲ..တရုတ်လား..သက်သေပြ..
ထိုင်ကန်တော့လိုက်မယ်...အချင်းချင်းသတ်နေတာကိုတေဇသီဟသူရဘွဲ့လိုချင်နေတာ။။။
တခါက မုဒိမ်းတပ်မတော် ၊ ခုတော့ သူခိုးဝန်ကြီးတွေနဲ့ 
ခိုင်အောင်ကျော် ( နယူးယောက် )
မည်သို့ ပင်ဆိုစေ လွန်ခဲ့သော နှစ်လေးဆယ်လောက်ပင်ဗိုလ်ချုပ်ကြီးနေ၀င်းကို ကောင်းသည့်အကွက် ရှိလျှင်
ကောင်းသည်လို့ ပြောပြီး မကောင်းဆိုးဝါးတာတွေ တွေ့ လျှင်ပက်ပက်စက်စက် ပြောတတ်သည့်အထဲမှာကျနော်ပါပါသည်။ ၈၈-အရေးအခင်းအပြီးန၀တလက်ထက်နအဖလက်ထက်ယခုဦးသိန်းစိန်လက်ထက်အထိ ကောင်းတာလေးတွေရှိလျှင်လည်းကောင်းပါသည်ခင်ဗျားလို့  ရှေ့ဆုံးကကျနော်ပြောရဲသည်။ လေလည်တာကိုပင်စစ်အစိုးရကြောင့်လို့  ပြောသည့်အထဲမှာ ကျနော်မပါ ။ ခုတော့လည်းစစ်တပ်ယူနီဖေါင်းချွတ်ထားပြီး အရပ်သားအစိုးရပါလို့  ပြောနေသောသမတဦးသိန်းစိန်၏ ၀န်ကြီးတချို့ က လာဒ်စားတာများ ကမ်းကုန်နေသည်ကိုကြားလာရသည်။
သေချာလေ့လာတော့ ကျင်းပနေသော ပြည်သူ့ လွှတ်တော်ညီလာခံမှာပင်လွှတ်တော်ကိုယ်စားလှယ်တွေကို ဖြန့် ပေးနေသည်ကို
သိရှိရသည် ။သို့ ဆိုလျှင် ခေတ်အဆက်ဆက် လာဘ်စားနေခဲ့ သော ဒင်းတို့ တွေကိုနိုင်ငံတော်ဘဏ္ဍာငွေ ခိုးယူလိမ်လည် သိုဝှက် ဗြောင်လိမ်စားကာလုပ်နေသည့်အတွက် မည်သို့  အရေးယူမည်နည်းဆိုသည်က မေးခွန်းတွေ ဖြစ်လာပြီ ။
၂၀၀၈- ဖွဲ့ စည်းအုပ်ချုပ် အခြေခံဥပဒေမှာ ယင်းသို့  နိုင်ငံတော်ငွေကြေးကိုလိမ်လည် ခိုးဝှက် အလွဲသုံးစား လုပ်ခဲ့ လျှင် သင်ပုန်းချေမည့် ဥပဒေပြဋ္ဌန်းထားချက် ရှိလေသလားဆိုသည်ကို ဥပဒေကျွမ်းကျင်သူများက စစ်ဆေးကြည့်ကြရတော့မည်
။ စစ်အစိုးရ၏ အရေခြုံ ၂၀၀၈- ဖွဲ့ စည်းအုပ်ချုပ်ပုံကို လက်မခံသောကျနော်မှာ ယင်းဥပဒေတွင် ယင်းကဲ့ သို့  လာဒ်စားမှုများ ၊ သူခိုးသူဝှက်များ ၊လာဒ်စားမှုများ ၊ ကိုယ်ကျိုးရှာ အလွဲသုံးစားမှုများ ရှိနေသည်ဆိုပါကထိုက်ထိုက်တန်တန် အရေးယူ အပြစ်ပေးကြရလိမ့်မည်ဟု လက်ခံယုံကြည့်ထားသည်သူဖြစ်သည်။
သွားလေသူ ဦးနေ၀င်းကို စစ်အာဏာရှင်ဟု တချိန်လုံး ပြောဆိုနေခဲ့သော ကျနော်တို့ မှာ ခုတော့ သူ့ ထက်ဆိုးသော
ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို လက်ပိုက်ကြည့်နေရသည်မှာ သဘာဝမကျလှပေ ။ ၈၈-အရေးအခင်းတွင်ဗိုလ်ချုပ်မှူးကြီးစောမောင်နှင့်
ဗိုလ်ခင်ညွန့်  ၊ ဗိုလ်မျိုးညွန့် တို့မှာ အဓိက လူသတ်တရားခံဖြစ်ပြီး န၀တကို အကောင်အထည်ဖေါ်ခဲ့ သူများဖြစ်သည် ။
ပြီးတော့ ဗိုလ်ချုပ်စောမောင်ကို ဗိုလ်ခင်ညွန့် က ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်ပေါင်းက နအဖ အစိုးရကို ဆက်လက်ဖန်တီးသည်။ ဗိုလ်ခင်ညွန့် တို့ အာဏာလက်စောင်းထက်ချိန် မတရားသေဆုံးကြရသူများ ၊ မတရား အဖမ်းဆီးခံရသူများနယ်စပ်ဒေသသို့  ထွက်ပြေးတိမ်းရှောင်ရသူများ နှင့် သားကွဲမယားကွဲနောက်ဆုံးဒေါ်အောင်ဆန်းစုကြည်မှာ သူ့ ခင်ပွန်းသေဆုံးတာတောင်
ခွင့်မပြုသူမှာ ဗိုလ်ခင်ညွန့် ဖြစ်သည်ကို ရင်နာနာနှင့် ထိုင်ကြည့်နေရသည်။မ၀င်းမော်ဦး၏ မိဘ ညီအကို မောင်နှမခမြာ သူတို့  သမီးလေး သေဆုံးရသည်မှာဗိုလ်ခင်ညွန့်က ပစ်မိန့် ပေးထား၍ သေဆုံးရသည်ကို ယခုအချိန်မှာ နားလည်
သဘောပေါက်နေလောက်ပါပြီ ။ ပုဂံကို ဘုရားဖူးသွားနေသော ဗိုလ်ခင်ညွန့်ကိုလက်အုပ်ချီပြီး ခရီးဦးကြိုနေသော လူတွေကို
မြင်တော့ ထောင်က လွတ်လာသောသူ့ လို လူမျိုးကို ဘာကြောင့် လက်အုပ်ချီ လုပ်နေကြရသနည်းဆိုသည်ကို
စဉ်းစားမရ ဖြစ်နေမိသည် ။ သူက ထောင်ကျအကျဉ်းသမား ။နာမည်ပျက်နှင့်အဖမ်းဆီးခံရသူ ပြီးတော့- -၈၈-အရေးအခင်းမှာ
လူပေါင်းများစွာကို ပစ်မိန့် ပေးပြီး သတ်ခိုင်းသူ ဖြစ်သည်မို့  သူ့ ကိုဘာမျှ ခရီးဦးကြို လက်အုပ်ချီစရာ မလိုဟုထင်သည်။
သူကထောင်ကျနေသူမို့  ထောင်ကလွတ်တော့ လူထုက သူ့ ကိုအယင်ကလို ကြောက်ရွံ့နေစေချင်သည်လား မသိ။ လမ်းပေါ်ထွက်ပြ နေလိုက်သည်။အာဏာရှင်ကြီးဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာမူ သေခါနီးအလောင်း.မပျောက်ရအောင် ငြိမ်ချက်
သားကောင်းစွာဖြင့် နေပြထားသည်။ သူအတွက်က အရာရာတိုင်းသည် ပြီးပြည့်စုံပြီဟု ထင်မှတ်နေသည်များလား မပြောတတ်
။ သို့ သော် ယခုကျိန်စာတိုက်လာနေပါပြီ ။ ဦးနေ၀င်းခေတ် အဆက်ဆက် နှင့်ဦးသန်းရွှေခေတ်အဆက်ဆက် ၏ ၀န်ကြီးဋ္ဌါန လာဒ်စားမှုများနှင့်နိုင်ငံတော်ဘဏ္ဍာငွေ ခိုးဝှက်ပြီး အလွှဲသုံးစားမှုများမှာ ၀န်ကြီးဋ္ဌါနမှာသာတာဝန် ရှိသည် မဟုတ်ချေ ။ အဓိက တာဝန်ရှိသူမှာဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဗိုလ်ခင်ညွန့် မှာတာဝန်အရှိဆုံးဖြစ်နေသည်ကို တွေ့ မြင်ရသည်။ နိုင်ငံတော် ဘဏ္ဍာငွေ
အလွှဲစားသုံးမှုကို တာဝန်ရှိသူများအား အရေးမယူခဲ့ ပါက မြန်မာနိုင်ငံ၏အလွှဲသုံစားမှူများမှာ မည်သည့်အခါမျှအဆုံးသတ်တော့
မည်မဟုတ် ။
ကျင်းပနေသော ပြည်သူ့ လွှတ်တော် ညီလာခံတွင် ဤပြသနာကိုတင်ပြနေကြသည် ။ အရေးယူမည်လား သို့ မဟုတ် လာဘ်စားငွေများအားစာရင်းလိမ်များအား ပြန်လည်ပေးဆပ်ပါက လက်သင့်ခံမည်လား ဆိုသည်ကိုဆွေးနွေးစရာ
ရှိသည်ဟု ပြောသံတွေ ကြားရသည်။တရားဥပဒေမဲ့ အလွှဲသုံးစားမှုများမှာ ငွေကို ပြန်ပေးရုံမျှနှင့် ယင်းအမှုမှာ
ပပျောက်သွားသည် မဟုတ်ချေ ။ ပြီးတော့ ယခုက နိုင်ငံတော် ဘဏ္ဍာရေး တခုလုံးပြသနာ ဖြစ်နေသည်။ သူတို့  ခေတ်အဆက်ဆက် ကောင်းမှုကြောင့် မြန်မာနိုင်ငံသူနိုင်ငံသားတို့ မှာ ကုန်းကောက်စရာ မရအောင် ဆင်းရဲနုံချာ ခဲ့ ရသည် ။ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးနိုင်ငံဟု ကြေညာခဲ့ ရသည် ။သို့ သော်စစ်အုပ်စုတို့ မှာ ကျိကျိတက် ချမ်းသာခဲ့ ကြ
သည်မှာ ပြော၍မှ မယုံနိုင်စရာ ။
စစ်အာဏာရှင်စနစ် ထွန်းကားသော နိုင်ငံမှာ အာဏာရှင်အုပ်စုတို့ က-ချမ်းသာကြွယ်ဝပြီး ပြည်သူတွေကတော့ ဆင်းရဲနွမ်းပါးရသည်မှာ ဓမ္မတာပင်ဖြစ်သည်။ ဒီမိုကရေစီထွန်းကားသော နိုင်ငံများမှာမူ အစိုးရက ဆင်းရဲပြီး
ပြည်သူတွေမှာ ချမ်းသာကြီးပွါးကြပါသည်။
ကမ္ဘာပေါ်မှာ မျက်မှောက်ကာလ အဆင်းရဲဆုံးနိုင်ငံဖြစ်သောမြန်မာနိုင်ငံကို အဓိက ဆင်းရဲတွင်းက လွတ်မြောက်အောင် ကယ်တင်နိုင်သည့်လမ်းစမှာ စစ်အာဏာရှင် ဦးသန်းရွှေနှင့် အပေါင်းပါများအား ဥပဒေအတိုင်းအရေးယူမှ ဖြစ်မည် ။ ယခုအချိန်တွင် သန်းထောင်ချီအလွဲသုံးစား ပြုလုပ်နေသောဝန်ကြီးဋ္ဌါနများသည် ဘူးပေါ်သလို ပေါ်လာခဲ့ပြီဖြစ်ရာ ယင်းသို့ သော
အချိန်ကာလတွင် န၀တ နအဖ ခေါင်းဆောင်ကြီးတို့ မှာ အိမ်မက်လှလှနှင့်အိပ်စက်နိုင်မည်တော့မထင်ချေ။ အကြောင်းတခုမှာ တရားဥပဒေစနစ်နှင့် ပါတ်သက်၍ဒေါ်အောင်ဆန်းစုကြည် ပြောကြားသောမိန့် ခွန်းကို သေချာစွာ လေ့လာကြည့်လျှင်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေအဖို့  ထမင်းလုံးတစ္ဆေ အခြောက်ခံရခြင်းပင်ဖြစ်နေပေလိမ့်မည် ။
သူခိုးက လူဟစ်သော ပုံစံအတိုင်း လုပ်နေကျပေါ်လီစီကို သူတို့ လုပ်ပြသည်မှာ ခုလည်းလုပ်တုံး ။ ယင်းကား သတ္တူတွင်းဝန်ကြီးဋ္ဌါနက The Voiceဂျာနယ်ကို တရားစွဲမည်ဟု ဆိုသော အသံကို ကြားရသည် ။ ရယ်စရာဖြစ်နေသည်ကို
မြင်ရသည် ။ ပြည်သူ့ လွှတ်တော်အတွင်းမှာ ဖြန့်ဝေနေသော ယင်းသတင်းကိုတဆင့်ဖေါ်ပြသော ယင်းဂျာနယ်အား တရားစွဲမည်ဆိုခြင်းမှာ စဉ်းစားမရအောင်အထိရွံရှာမိသည် ။ ဖြစ်သင့်သည်က သတ္တုတွင်းဝန်ကြီး ဋ္ဌါန မှ ၀န်ကြီးအပါဝင်
တာဝန်ရှိသူတွေနှင့် အခြားဝန်ကြီးဋ္ဌါန အသီးသီးတွေကိုပါ ထောင်ထဲတန်းပိုလိုက်ရမည်သာ ဖြစ်သည်။ ခုတော့ ပြန်လည်တရားစွဲမည်ဆိုလျှင်မူ ဤပြသနာ၏နောက်ကွယ်မှာ မည်သူက ပါဝင်ပတ်သက်လေသနည်းဆိုသည်ကို တွက်ဆကြည့်ရန် လိုသည်။
ယခုသူတို့ အမှူ သူတို့ ပြသနာ ရွာပတ်လာပါပြီ ။ တိုင်ပတ်လာပါပြီ ။သူတို့ အမှု သူတို့ ပြသနာလွှတ်တော်အထဲ
ရောက်လာပါပြီ ။ မြန်မာနိုင်ငံကိုပြုပြင်ပြောင်းလဲရေးအတွက် ကျင်းပနေသော လွှတ်တော်သည်လည်း ယခုလို
လဘ်စားနေသော ၀န်ကြီးတွေကို ဥပဒေအရ အရေးယူရန် ဆုံးဖြတ်ချက် ချပေးရန်တောင်းဆိုကြရမည်ဖြစ်သည်။ ဦးအောင်သောင်း ၊ ဦးကျော်ဆန်းတို့ မှာသန်းချီပြီး လဒ်စားနေသော သူခိုးကြီးများဟု ပြောဆိုလာနေကြပြီ ။
စင်စစ်အားဖြင့် သူတို့ အား ဖမ်းဆီး မစစ်ဆေးသမျ -ဥပဒေအရ အပြစ်ရှိသည်ဟုမပြောဆိုနိုင်သေး ။ သို့ သော် သူတို့  သေချာလွန်းပါသည် ။ သူတို့ တောင်မှယခုအချိန်တွင် ချမ်းသာကြီးပွါးလျင် ဥက္ကဋ္ဌလုပ်ခဲ့ သူများမှာ
မည်မျှချမ်းသာကြီးပွါး ကြမည်နည်း ဆိုသည်ကို စဉ်းစားရန်မလို ။
ဦးအောင်သောင်းက်ု ဖမ်းဆီးစစ်ဆေးလျင် ဦးသန်းေ၇ွှ နှင့် ဦးခင်ညွန့် တို အမှူတွေ တသီကြီး ပေါ်လာနိုင်ပါသည်။ သည်တော့ တခါက နအဖ စစ်အစိုးရကိုမုဒိမ်းတပ်မတော် ဟု ပြောခဲ့ သလို ခုတော့ သူခိုးအစိုးရလို့ ပြောနိုင်လောက်အောင် ၀န်ကြီးတွေက နိုင်ငံတော်ဘဏ္ဍာကို ခိုးဝှက်ယူသူများဖြစ်နေပြီ ။ တခါက မုဒိမ်း တပ်မတော်  ခုတော့ သူခိုးအစိုးရဟု ပြောလျှင်မည်သူငြင်းနိုင်ပါမည်နည်း ။