Friday, March 16, 2012

ပြောကြပါဦးလား သံဃာ က သံဃာအလုပ်ပဲလုပ်ပါလားလို့ ။

Messenger News Journal
တောင်ဥက္ကလာ(၄)ရပ်ကွက်သုတ(၁)လမ်းတွင်ယနေ့ ညနေ၆နာရီခွဲခန့် ကမီးလောင်မှုဖြစ်ပွားခဲ့သည်။ယနေ့(၁၆.၃.၂၀၁၂)
ညနေ ၆နာရီ ခွဲခန့်တွင်အဆိုပါလမ်းရှိအိမ်အမှတ် ၄၉၃ ၊ဦးအုန်းမြင့်၏နေအိမ်မှမီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီးညနေ ၆ နာရီ ၅၀မိနစ်ခန့်တွင်မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသတင်းရရှိသည်။မီးလောင်မှုကြောင့်အိမ်ခြေ၁၀လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်းသတင်းရရှိ
သည်။

တောင်ဥက္ကလာ(၄)ရပ်ကွက်သုတ(၁)လမ်းမီးလောင်မှုကိုသံဃာတော်များနှင့်ရပ်ကွက်နေပြည်သူများဝိုင်းဝန်းကူညီငြိမ်းသတ်နေစဉ်။






တောင်ဥက္ကလာ (၄) ရပ်ကွက် သုတ (၁)လမ်းတွင် ယနေ့ ညနေ၆နာရီခွဲ ခန့် ကမီးလောင်မှုဖြစ်ပွားခဲ့ရာတွင်မြန်မာနိုင်ငံ
မီးသတ်တပ်ဖွဲ့အပါအ၀င်၊သံဃာတော်များနှင့်ရပ်ကွက်နေပြည်သူများညီညီညာညာစုပေါင်းငြှိမ်းသတ်မှုကြောင့်မီးအားထိန်းချုပ်နိုင်
ခဲ့ပြီးနောက်ပျော်ရွှင်နေကြသောရပ်ကွက်နေပြည်သူများ

မြန်မာ့မူးယစ်ဆေး ပြဿနာ

စနေ, 17 မတ် 2012


By ဦးအောင်ခင် & မညိုညိုလွင်

မြန်မာနိုင်ငံရဲ့  ၂၀၁၁ မူယစ်ဆေးထုတ်လုပ်မှု အခြေအနေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ နှစ်စောင် လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလ နှောင်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ Austria နိုင်ငံ Vienna မြို့  အခြေစိုက် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး UNODC – United Nations Office on Drugs and Crime က ၂၀၁၁ Myanmar Opium Survey ကို ထုတ်ဝေခဲ့ပါတယ်။ Vienna မြို့  အခြေစိုက် INCB – International Narcotics Control Board အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဘုတ်အဖွဲ့က ၂၀၁၁ နှစ်လည် အစီရင်ခံစာ ထုတ်ပါတယ်။ အာရှနဲ့ ဗမာ့ပြဿနာကို စာမျက်နှာ (၇၁) ကနေ ((၉၁) အထိ အကျဉ်းချုပ် ဖော်ပြထားပါတယ်။

UNDOC ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံးဟာ မြန်မာအစိုးရ မူးယစ်ဆေးတိုက်ဖျက်ရေးဌာန၊ သစ်တောဌာနတို့နဲ့ ပူးတွဲပြီး မူးယစ်ဆေးစစ်တမ်း ကောက်ယူတယ်လို့ ဆိုပါတယ်။ ဒေသခံ အမှုထမ်း (၁၄၇) ယောက်ရဲ့  ကွင်းဆင်းလေ့လာချက် နဲ့ ဂြိုလ်တုက ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကို အခြေခံပြီး ရေးသားထားကြောင်း ဖော်ပြပါတယ်။ မြန်မာပြည်မှာ ဘိန်းစိုက်ပျိုးမှု ဆက်တိုက်တိုးပွားနေတာ (၅) နှစ်ရှိပြီလို့ ဆိုပါတယ်။ ၂၀၁၁ မှာ ဘိန်းစိုက်ပျိုးမှု (၁၄) ရာခိုင်နှုန်း တိုးပွားလာပါတယ်။ (၆) နှစ်လောက် ကျဆင်းလာခဲ့ပြီးမှ ၂၀၀၇ ကစပြီး ဆက်တိုက် တိုးပွားလာတာ ဖြစ်ပါတယ်။

မြန်မာပြည်မှာ ထုတ်လုပ်တဲ့ ဘိန်းပမာဏရဲ့  (၉၀) ရာခိုင်နှုန်းဟာ ရှမ်းပြည်က ထွက်တာဖြစ်ပါတယ်။ ကျန်တဲ့ (၁၀) ရာခိုင်နှုန်းက ကချင်ပြည်နယ်က ထွက်ပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်းမှာ ဘိန်းစိုက်ပျိုးမှု (၂၀) ရာခိုင်နှုန်းလောက် တိုးပွားလာပြီး အရှေ့ ပိုင်းဒေသမှာ တိုးပွားမှုမရှိဘူးလို့ ဆိုပါတယ်။ ကချင်ပြည်နယ်မှာ ဘိန်းစိုက်ပျိးတဲ့နယ်မြေ အများဆုံးတိုးပွားလာပြီး (၃၀) ရာခိုင်နှုန်းနီးပါး ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကေအိုင်အို၊ ကချင်လွတ်မြောက်ရေးအဖွဲ့က ၂၀၁၀ အောက်တိုဘာလကစပြီး မူးယစ်ဆေးတိုက်ဖျက်ရေး အထူးစီမံချက် အကောင်အထည်ဖော်နေကြောင်း သိရပါတယ်။ ဘိန်းစိုက်ခင်းတွေ တိုးပွားလာလို့ (၅) ရာခိုင်နှုန်း အထွက်တိုးလာတဲ့အတွက် လွန်ခဲ့တဲ့နှစ်က ဘိန်းစိမ်းတန်ချိန် (၆၀၀) ကျော်ထွက်တယ်လို့ ခန့်မှန်းပါတယ်။

၂၀၁၁ မှာ ဘိန်းစိုက်ပျိုးတဲ့ အိမ်ထောင်စုပေါင်း နှစ်သိန်းခွဲကျော် ရှိတယ်လို့ ခန့်မှန်းပါတယ်။ ရှမ်းပြည်နယ်မှာ စစ်တမ်းကောက်ယူတဲ့ ကျေးရွာတွေထဲမှာ (၃၄) ရာခိုင်နှုန်းဟာ ဘိန်းစိုက်ကြတယ်လို့ သိရပါတယ်။ တအိမ်ထောင်မှာ ဧကဝက်လောက် ဘိန်းစိုက်ပါတယ်။ အာဖဂန်မှာ ဘိန်းစိုက်သူ နှစ်သိန်းနီးပါးသာ ရှိပေမယ့် တအိမ်ထောင်မှာ တဧကကျော် စိုက်ပျိုးတာမို့ မြန်မာထက်ပိုပြီး အထွက်များနေတာ ဖြစ်ပါတယ်။ ဘိန်းစိုက်ပျိုးရတဲ့ အကြောင်းရင်းတွေထဲမှာ ရိက္ခာဝယ်ဖို့ငွေရအောင် စိုက်ပျိုးသူက အများစုဖြစ်နေပါတယ်။ ဘိန်းစိုက်တဲ့ တောင်သူလယ်သမားတွေဟာ ဝင်ငွေပိုရပါတယ်။ ဘိန်းတဧကစိုက်ရင် ကျပ် (၂၂) သိန်းလောက် ဝင်ငွေရနိုင်ပြီး စပါးတဧကစိုက်ရင် သုံးသိန်းခွဲသာ ရနိုင်တာမို့ ဘိန်းစိုက်သူဟာ စပါးစိုက်သူထက် ဝင်ငွေ (၉) ဆ ပိုရပါတယ်။ ဘိန်းစိုက်ခင်းကြီးတွေကို တိုင်းရင်းသားတပ်ဖွဲ့ ပြည်သူ့စစ်နဲ့ အစိုးရတပ်တွေ ချုပ်ကိုင်ရာဒေသမှာသာ တွေ့နိုင်ပါတယ်။

ဘိန်းစိုက်ပျိုးတဲ့ဒေသမှာ လူဦးရေ (၁) ရာခိုင်နှုန်းကျော်ဟာ ဘိန်းကိုစားသုံးပါတယ်။ မစိုက်တဲ့ဒေသမှာတော့ ဘိန်းစိုက်သုံးသူ သုည ဒဿမ ငါး ရာခိုင်နှုန်းသာ ရှိပါတယ်။ ကချင်ပြည်နယ်မှာ အများဆုံး စားသုံးကြတယ်လို့ ဆိုပါတယ်။ စစ်တမ်းကောက်ယူရာမှာ ဘိန်းခင်းဖျက်ဆီးမှုကို လေ့လာစစ်ဆေးတာမျိုး မလုပ်ပါဘူး။ အစိုးရစာရင်းဇယားအရ လွန်ခဲ့တဲ့နှစ်က ဘိန်းဧက (၂) သိန်းနီးပါး ဖျက်ဆီးခဲ့တဲ့ အလုပ်ရုံးလေးတွေ တောကြိုးတောင်ကြားမှာ ရှိပေမယ့် ရှာဖွေတွေ့ရှိဖို့ ခက်ခဲပါတယ်။ ဘိန်းဖြူချက်လုပ်ရာမှာ လိုအပ်တဲ့ ဓာတုပစ္စည်းကို ထိုင်းနဲ့လာအိုက တင်သွင်းပါတယ်။ ဒါကြောင့် ဘိန်းဖြူချက် လျှို့ ဝှက်စခန်းလေးတွေဟာ ရှမ်းပြည်နယ်မှာ အများဆုံးရှိတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂနဲ့ အစိုးရအမှုထမ်းတွေနဲ့အတူ ရိုက်တာသတင်းထောက်က (၅) ရက် လေ့လာရေးခရီးထွက်တဲ့အခါမှာ သုံးနှစ်အတွင်း ဘိန်းပပျောက်ရေးစီမံကိန်း အကောင်အထည်ဖော်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အိမ်ထောင်စု နှစ်သိန်းခွဲကို ဘိန်းမစိုက်အောင် လုပ်နိုင်ဖို့အတွက် ဒေါ်လာသန်း ငါးရာကျော်လိုတယ်လို့ ဗမာအစိုးရက တွက်ထားပါတယ်။ အပြည်ပြည်ဆိုင်ရာ အကူအညီသာရမယ်ဆိုရင် ၂၀၁၄ မှာ ဘိန်းပြဿနာ နိဂုံးချုပ်ဖို့ အာမခံနိုင်တယ်လို့ သမ္မတအကြံပေး ဦးစစ်အေး က ပြောပါတယ်။ သမိုင်းကြည့်ရင် နိုင်ငံခြားအကူအညီရသည်ဖြစ်စေ မရသည်ဖြစ်စေ သုံးနှစ်အတွင်း ဘိန်းစိုက်ပျိုးမှု နိဂုံးချုပ်ဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

လက်နက်ကိုင်ပဋိပက္ခကို ဘိန်းလုပ်ငန်းက ရန်ပုံငွေထောက်ပံ့နေတာမို့ ဘိန်းပပျောက်ရေးနဲ့ ငြိမ်းချမ်းရေးဟာ ဆက်စပ်နေပါတယ်။ ငြိမ်းချမ်းရေးနဲ့ ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးမရှိရင် မူးယစ်ဆေးပြဿနာကို ဖြေရှင်းဖို့ဟာ မဖြစ်နိုင်သလောက်ပါ။ ထိုင်းနိုင်ငံမှာ ဒေါ်လာသန်းတထောင် အကုန်ခံပြီး အနှစ် (၃၀) ကျော် ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးလုပ်တော့မှ အောင်မြင်ပါတယ်။ ဒါတောင် ထိုင်းနိုင်ငံမှာ နှစ်စဉ် ဘိန်းတန်ချိန် (၅) တန်လောက် ထုတ်လုပ်နေဆဲဖြစ်ကြောင်း သိရပါတယ်။
http://www.voanews.com/burmese/news/news-analysis/news_analysis_03-17-2012-143005585.html

ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်နယ်မြောက်ပိုင်းအောင်နိုင်ရေးခရီးစဉ်။

Yangon Press International

၁၇ မတ် - လားရှိုးမြို့သို့ လေယာဉ်ဖြင့်၁၂နာရီ၁၅မိနစ်ခန့်တွင်ဆိုက်ရောက်လာမည်ဖြစ်ပြီး၊ လားရှိုးတက္ကသိုလ်ရှေ့ရှိဦးသန်းဋ္ဌေး၏နေအိမ်တွင် ခေတ္တနားခိုကာ၊ ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီဘုရားဝင်းအတွင်းလူထုတွေ့ဆုံပွဲကို ညနေ ၃နာရီမှ၅နာရီအတွင်းပြုလုပ်မည်ဖြစ်ပါသည်။
၁၈ မတ် - သိန္ဒင်္ီင်္ီမြို့ရှိဘုန်းတော်ကြီးကျောင်းအချို့သို့သွားရောက်ဂါရ၀ပြုတွေ့ဆုံမည်ဖြစ်ပြီး ညနေပိုင်းတွင် ရန်ကုန်မြို့သို့လေယာဉ်ဖြင့်ပြန်လည်ထွက်ခွါမည်ဖြစ်သည်။
(ဦးစိုင်းမြင့်မောင်၊ လွှတ်တော်ကိုယ်စားလှယ်လောင်း၊ လားရှိုး)
လားရှိုးမြို့ ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီဘုရားဝင်းအတွင်းမှာ ပြင်ဆင်ထားတဲ့ စကားပြောစင်မြင့် ။ ဓါတ်ပုံ-ဆိုင်းဆွတ်





ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် ထားဝယ်စီမံကိန်းသို့လာရောက်


by Yangon Press International on Friday, March 16, 2012 at 10:29am ·
ထားဝယ်၊ မတ်လ ၁၆၊ ၂၀၁၂၊ (YPI)

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူစီးပွားရေးဇုန်စီမံကိန်းသို့ သွားရောက်ကြည့်ရှုပြီး အီတာလျှံထိုင်း ကုမ္ပဏီသင်္ဘောပေါ်တွင် တစ်ညအိပ်ခဲ့ကြောင်း စီမံကိန်းဝန်ထမ်းတဦးကပြောသည်။
ထားဝယ်သို့ ကိုယ်ပိုင် သီးသန့်လေယာဉ်ဖြင့် လာရောက်သည့် သက်ဆင်သည် မတ်လ ၁၄ ရက် နေ့ မနက်ပိုင်းတွင် ထားဝယ်မှပြန်လည်ထွက်ခွာသွားကြောင်းလည်း ၎င်းဝန်ထမ်းကဖြည့်စွက်ပြောဆိုသည်။

 “သက်ဆင်လာတယ်။ သင်္ဘောပေါ်တစ်ညအိပ်ပြီး ပြန်သွားတယ်။ ဒီတစ်ခါက ဒုတိယအခေါက်ပေါ့။ သူနဲ့ အတူ နောက်ထပ် လူကြီးနှစ်ယောက်ပါသေးတယ်။ ဘယ်သူလဲတော့ မသိဘူး “ ဟု မျက်မြင်တွေ့လိုက်ရသည့်  စီမံကိန်း ၀န်ထမ်း ကပြောသည်။
ယခုခရီးစဉ်သည် ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်၏ ထားဝယ်ရေနက်ဆိပ်ကမ်းသို့ ဒုတိယမြောက်ခရီးစဉ်ဖြစ်ပြီး ယမန်နှစ် ဒီဇင်ဘာလ အတွင်းကလည်း တစ်ကြိမ်လာရောက်ခဲ့ဖူးသည်။

၁၃ ရက်နေ့မနက်ပိုင်းက ရောက်ရှိလာသော ထိုင်းဝန်ကြီးချုပ်ဟောင်း စီးနင်းလာသည့် ကိုယ်ပိုင်သီးသန့် လေယဉ်မှာ ထားဝယ် လေဆိပ်တွင် ညအိပ်ရပ်နားကာ မတ်လ ၁၄ ရက်နေ့ မနက်ပိုင်းတွင် ထားဝယ်လေဆိပ်မှ ကမ္ဘောဒီးယားသို့ ထွက်ခွာသွားသည်ဟု ထားဝယ်လေဆိပ်မှ ၀န်ထမ်းတစ်ဦးကလည်း သက်ဆင်၏ ခရီးစဉ်ကို အတည်ပြုပြောကြားသည်။

 “ သူလာတော့ ကျနော်တို့ဘက်က လုံခြုံရေးတာဝန်ယူပေးရတာပေါ့။ မကောင်းပါဘူးဗျာ။ သူများနိုင်ငံက ၀ရမ်းပြေးကို သွားစောင့်ပေး နေရတာ “ ဟု ယခင်တစ်ခေါက်ခရီးစဉ်နှင့် ပက်သက်၍ အစိုးရလုံခြုံရေးဆိုင်ရာ အရာရှိတစ်ဦးက ဆိုသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း၏ စကားပြန်မှာ စီမံကိန်းဧရိယာသို့ လိုက်ပါမသွားပဲ ထားဝယ်တွင်ပင်ကျန်ခဲ့ကာ လေယဉ်မောင်း နှစ်ဦးနှင့် လေယဉ်မယ်တို့မှာလည်း ထားဝယ် Golden Guest ဟိုတယ်တွင် တည်းခိုသွားကြောင်း ထားဝယ်မြို့မှ စီးပွားရေးသမားတစ်ဦး ကပြောကြားသည်။

“ သူ့အနေနဲ့ ဒီထားဝယ်ရေနက်ဆိပ်ကမ်းမှာ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်ပက်သက်နေတယ်ဆိုတာ သတိထားဖို့ လိုအပ်တယ်။ အခု လာတာကလည်း ခိုးကြောင်ခိုးဝှက်နဲ့ လူမသိသူမသိ လာတာလေ။ သူ့လိုလူတစ်ယောက်က လူသိရှင်ကြား လာရမှာပေါ့ “ ဟု သက်ဆင်၏ ခရီးစဉ်နှင့် ပက်သက်၍ ထားဝယ်စီမံကိန်းအကြောင်း စိတ်ဝင်စားသူဒေသခံတစ်ဦးက ဆိုသည်။

ထိုင်းဆက်သွယ်ရေးကုမ္ပဏီ Advanced Info Service ကိုတည်ထောင်ပြီး သန်းကြွယ်သူဌေးဖြစ်လာသူ သက်ဆင်မှာ ၂၀၀၁မှစ၍ ထိုင်းဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဒုတိယသက်တမ်းအတွင်း ၂၀၀၆ ခုနှစ်တွင် နိုင်ငံခြားသို့ရောက်ရှိနေစဉ် စစ်တပ်မှ အာဏာသိမ်း ခြင်းခံရသည်။
ငွေကြေးအလွဲသုံးစားမှုများဖြင့် ၂၀၀၈ ခုနှစ် အတွင်းက မျက်ကွယ်ထောင်ဒဏ် (၂) နှစ်ချမှတ်ခံရခြင်းသူ သက်ဆင်၏ သမာရိုးကျ မဟုတ်သော ပိုင်ဆိုင်မှုဖြစ်သော ဘတ်ငွေ ၄၆ ဘီလျံအား တရားရုံးအမိန့်ဖြင့် ၂၀၁၀ခုနှစ်တွင် သိမ်းဆည်းခဲ့သည်။



အခြေခံ အဆောက်အအုံစီမံကိန်းများ အကြီးအကျယ်အကောင်အထည်ဖော်ခဲ့သော ထိုင်းဝန်ကြီးချုပ်သက်ဆင် လက်ထက်က ဘန်ကောက်မြို့ သုဝဏ္ဏဘူမိနိုင်ငံတကာလေဆိပ်စီမံကိန်းတွင် ယခုထားဝယ်စီမံကိန်း အကောင်အထည်ဖော်သည့်  အီတာလျံထိုင်းကုမ္ပဏီ က အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။             ။

ထိုင်းအခြေစိုက် အင်အားကြီး ဆောက်လုပ်ရေးကုမ္ပဏီ အီတာလျှံထိုင်းမှ တည်ဆောာက်အကောင်အထည်ဖော်နေသော (၅၈) ဘီလျံ ခန့် ရင်းနှီးမြုပ်နှံမှုမည့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်ပိုင် MAX Myanmay ကုမ္ပဏီမှလည်း ရှယ်ယာ (၂၅) ရာခိုင်နှုန်းပိုင်ဆိုင်ထားသည်။

အရှေ့တောင်အာရှတွင် အကြီးဆုံး ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း ဖြစ်လာမည်ဖြစ်သည့် ထားဝယ်စီမံကိန်းသည် ထိုင်းနိုင်ငံအား ဒေသတွင်း ကုန်သွယ်ရေးဗဟိုဖြစ်စေရန်ဟု အီတာလျံထိုင်းကုမ္ပဏီထုတ် စိတ်ကူးပုံရိပ် အစီအစဉ် (Conceptual Plan) တွင် ဖော်ပြထားသည်။      ။

ဒေါ်အောင်ဆန်းစုကြည် မကွေးစည်းရုံးခရီးစဉ် ကွင်းရရှိရန် ကြိုးစားနေဆဲ

by Yangon Press International on Friday, March 16, 2012 at 8:31am ·

မတ်လ ၁၆၊ ၂၀၁၂ (YPI)

လာမည့် မတ်လ ၂၇ ရက်နေ့ တွင် မဲဆွယ်စည်းရုံးရေး ခရီးစဉ်အတွက် မကွေးမြို့သို့ ကွင်းရရှိရန်အခက် အခဲဖြေစ်နေသောကြောင့် ကြိုးစားနေဆဲဖြစ်ကြောင်း မကွေးမြို့ NLDအောင်နိုင် ရေးကော်မတီမှ အဖွဲ့ဝင်တဦးဖြစ်သူ ဦးရဲတင့်က ပြောသည်။

“အခုကြားတာက တိုင်းကော်မရှင်ရုံးက ကွင်းကိုခွင့်ပြုလိုက်ပြီးလို့ ပြောတယ် ၊ဒါပေမယ့် ၀န်ကြီးချုပ်က ကွင်းအခြေ အနေသွားကြည့်နေဆဲ၊ စစ်ဆေးနေဆဲ ပေးမပေး မသေချာသေးဘူး”ဟု ဆိုသည်။

မကွေးတိုင်း ခရီးစဉ်အတွက် မြသလွန် ဘုရားပွဲ နှစ်စဉ်ကျင်းပရာ ဧရာဝတီ မြစ်ကမ်းနဖူးရှိ နံကပ်ကျွန်း ကျေးရွာပိုင်ကွင်း ကိုလျောက်ထားရာ အဆိုပါကွင်းကိုပိုင်သည့် ဘုရားဂေါကပအဖွဲ့က ခွင့်ပြုချက်ပေး ခဲ့သည်။

သို့ရာတွင် မကွေးတိုင်းဝန်ကြီးချုပ်က ယခုချိန်ထိခွင့်ပြုချက် မပေးသောကြောင့် စီစဉ်ရန်အခက် အခဲဖြစ်ကြောင်း ၎င်းက လက်ရှိအခြေအနေကို ရှင်းလင်းပြောပြသည်။

အဆိုပါကွင်းသည် ၁၉၈၈ မျိုးဆက် ကျောင်းးသားတဦးဖြစ်သူ ဦးအေးလွင် နှင့်အဖွဲ့က ယခင်က ဟောပြော ပွဲများကျင်းပခဲ့ဖူးပြီး ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း အမျိုးသားဒီမိုကရေစီအင်အားစု (NDF) မှ စည်းရုံးဟောပြောခွင့်ရရှိထားသည့် ကွင်းဖြစ်သည်ဟုလည်း ဆိုသည်။

“ကျွန်တော်တို့က အရင်က စည်းရုံးခွင့်ရထားတဲ့ အကြောင်းတွေလည်း တင်ပြထားတယ်၊ အခုနေပြည်တော် ကကော်မရှင်ရုံးကိုလည်း တင်ပြထားတယ်၊ ဒီကွင်းပဲရအောင် ကြိုးစားသွားမယ်၊ နောက်ဆုံး ခွင့်ပြုချက်မပေးရင် (NLD) ဗဟိုကိုရော၊ အာဏာပိုင်တွေနဲ့ ပတ်သက်ရင် အခြားအဆင့်မြင့် ဋ္ဌာနတွေပါ တင်ပြသွားမယ်”ဟု၎င်းက ဆိုသည်။

အဆိုပါကွင်းကိစ္စနှင့်ပတ်သတ်၍ မကွေးမြို့နယ်ကော်မရှင်ရုံးမှ တာဝန်ရှိသူတဦးဖြစ်သူ ဦးလှအောင်အား မေးမြန်းခဲ့ရာ ၎င်းအနေဖြင့်ကွင်းကိစ္စနှင့်ပတ်သက်၍ တစုံတရာ သိရှိထားခြင်းမရှိကြောင်းသာ ပြန်လည်ဖြေကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဧ။် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် လ လဆန်းပိုင်းမှစ၍ လူထုစည်းရုံးရေးခရီးစဉ်များနိုင်ငံအနှံ့သွားလျှက်ရှိရာတွင် လူထုဟောပြောပွဲ ကွင်းနေရာနှင့် ပတ်သက်ပြီး အဖုအထစ်များမကြာခဏ ကြုံတွေ့နေရသည်။

၎င်းတို့ထဲမှာ မန္တလေးတိုင်း ခရီးစဉ် တွင်တောင်းဆိုသည့် ကွင်းမရရှိခြင်းကြောင့် ရွေ့ဆိုင်းခဲ့ရပြီး မော်လမြိုင်ခရီး စဉ်တွင်လည်း ဟောပြောပွဲ ကျင်းပလိုသည့် သံလွင်ဥယျာဉ် ကွင်းအစား ၆မိုင်ကျွဲခြံကွင်းသာ သက်ဆိုင်ရာ အာဏာပိုင်များက ခွင့်ပြုချက်ပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ လားရှိုးမြို့သို့ရောက်ရှိနေပြီး မနက်ဖြန်တွင် လားရှိုးမြို့ ရန်တိုင်အောင် ကွင်း၌ လူထုမဲဆွယ်စည်းရုံးဟောပြောပွဲကျင်းပမည်ဖြစ်သည်။ ။

ကော့မှူးမြို့နယ်မှ ဆန္ဒမဲအတွက် လိမ်လည်မှုတွေပြုလုပ်နေ

Burma VJ Media Network
ကော့မှူးမြို့နယ်က ၀ါးဘလောက်သောက် ကျေးရွာမှာ လူအယောက် လေးရာကိုးဆယ် ခန့်မဲစာရင်းထဲပါမလာပါဘူး။ အဲဒီလိုဖြစ်တာဟာ ယခင်ရွေးကောက်ပွဲတုန်းက မဲစာရင်းကိုအခြေခံပြီးတော့ မဲစာရင်းထပ်မံမကောက်ခံတဲ့အတွက် အခုလိုဖြစ်တာဖြစ်ပါတယ်။ အခုလိုဖြစ်နေတာတွေကို ကော့မှူးမြို့နယ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတင်ပြ​မှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်မှတဆင့် နေပြည်တော်ကိုသွားရောက်တင်ြ​ပဖို့ အစီစဉ်လုပ်ထားပါတယ်။ အဲဒီလိုမဲမသမာမှုတွေအပြင် ကျေးရွာတွေမှာလဲ ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဆိုတဲ့အမည်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မကောင်းကြောင်းတွေကို ရေးသားဖြန့်ဝေနေတယ်လို့သိရှိရပါတယ်ခင်ဗျာ။

အဓိဌာန်ရေစဉ်နဲ့ ရောဂါကုတဲ့ ဆရာလေး ဒေါ်သုနန္ဒာ

Uploaded by BurmaVJMedia on Mar 16, 2012

အဓိဌာန်ရေစဉ်နဲ့ ရောဂါကုတဲ့ ဆရာလေး ဒေါ်သုနန္ဒာ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့က ညောင်ပင်သာ ဘုန်းတော်ကြီးကျောင်းမှာ ဆေးထိုးအပ်တွေ ခွဲစိတ်ဓားတွေ ဆေးဝါးပစ္စည်းတွေမသုံးပဲ သစ္စာသမာဓိ အဓိဌာန်ရေစဉ်နဲ့ မွေးရာပါ ဆွံ့အ နားမကြား သူတွေ ၊ လေဖြတ်နေတဲ့သူတွေ ၊ အရိုးပျော့ ရောဂါကြောင့် လမ်းမလျှောက် နိုင်တဲ့သူတွေကို ဆရာလေး ဒေါ်သုနန္ဒဟာ သူ့ရဲ့ အဓိဌာန်ရေစဉ်နဲ့ ထောင်နဲ့ချီလာရောက် ကုသကြတဲ့ ဝေဒနာရှင်တွေကို ၃ ၇က်တိုင်တိုင် ကုသပေးနေပါတယ်။ ရပ်ဝေးက လာရောက်ကုသတဲ့ သူတွေကို လည်း နေရာထိုင်ခင်း အစားအသောက်ကအစ အခမဲ့ ကုသပေးနေတယ်လို့ သိရပါတယ်။

ဦးကံစိန်ဆိုသည့် အဘိုးအိုတဦးပွဲချင်းပြီး သေဆုံးသွားသည့်အမှု့ဦးအောင်သောင်းမှ နေရာမှာတင် အပြီးဖြေရှင်းရန်


Burma VJ Media Network

ဒီကနေ့ မတ်လ ၁၆ ရက်နေ့ နေ့လည် ၁း၀၀ နာရီအချိန်ခန့်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြည်ထောင်စု ဝန်ကြီး ဦးအောင်သောင်း ဦးဆောင်သည့် အဖွဲ့သည် စစ်ကိုင်းတိုင်း ဝက်လက်ကျေးရွာသို့ မဲဆွယ်စည်းရုံးရေးဆင်းရာမှာ နတ်နွားတော်ပို့ရွာအနီးတွင် ဦးကံစိန်ဆိုသည့် အဘိုးအိုတဦးကို စည်းရုံးရေးခရီး ထွက်လာသည့် ယာဉ်တန်းမှ ကားတစီးက တိုက်မိပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားသည့် ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ပါသည်။ အဆိုပါ ယာဉ်တိုက်မှုကို ပြည်ထောင်စု ဝန်ကြီး ဦးအောင်သောင်းမှ နေရာမှာတင် အပြီးဖြေရှင်းရန် လက်အောက်ငယ်သားများအား ညွှန်ကြားပြီး ဝက်လူး ကျေးရွာကို ဆက်လက်ထွက်ခွာသွားသည်လို့ သိရပါသည်။ သေဆုံးသူ အဘိုးအိုမှာ နတ်နွားတော်ပို့ရွာအနီး ပြရာကျေးရွာက ဖြစ်ပါသည်။ တိုက်မိသည့် အဆိုပါကားပိုင်ရှင်မှာ ဦးဦးမောင် (ကားနံပါတ် ၁က/၆၃၆၄) ဖြစ်ပြီး ဦးအောင်သောင်းနှင့် အဖွဲ့မှ မြင်းခြံမြို့နယ်ကနေ ငှားလာတာဖြစ်သည်လို့ သတင်းရရှိပါသည်။



သွေးမြေကျခဲ့တဲ့ ၂၄ နှစ်မြောက် တံတားနီ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနား

Uploaded by BurmaVJMedia on Mar 16, 2012

၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ လုံထိန်းတွေရဲ့ လက်ချက်နဲ့ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးခဲ့ရတဲ့အပေါ် ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေက မတ်လ ၁၆ ရက်နေ့မှာ စက်မှုတက္ကသိုလ် အာရ်အိုင်တီကို ချီတက် ဆန္ဒပြစဉ် ပြည်လမ်း တံတားဖြူမှတ်တိုင်မှာ လုံထိန်းတွေနဲ့ ရဲတပ်ဖွဲ့တွေက ပစ်ခတ် နှိမ်နင်းခဲ့မှုတွေကြောင့် တံတားဖြူကနေ သွေးနီစွန်းထင်းပြီး တံတားနီအရေးအခင်းအဖြစ် အမှတ်ရစရာ သမိုင်းဖြစ်ရပ်ကို မှတ်တမ်းတင်ခဲ့တာ အခုဆိုရင် ၂၄ နှစ်မြောက် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ရန်ကုန်ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်ကျောင်းသားတွေ သွေးမြေကျခဲ့တဲ့ ၂၄ နှစ်မြောက် တံတားနီ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ မတ်လ ၁၆ ရက်နေ့မှာ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမှာရှိတဲ့ မင်္ဂလာဒို့ရိုးရာခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး စတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ၊ ကျောင်းသားသမဂ္ဂများ ဖြစ်မြောက်ရေး ကော်မတီဝင်တွေ အပါအဝင် ပရိသတ် အယောက် ၅၀၀ ခန့် တက်ရောက်ခဲ့ပါတယ်။











ဦးအောင်မြင့်အား ဒီကနေ့ ရွာသာကြီးမှာရှိတဲ့ စိတ္တဇဆေးရုံကို ပို့ဆောင်

Burma VJ Media Network

အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အကျဉ်းသား ဝတ်စုံနှင့် သံခြေကျင်းကို ဝတ်ဆင်ပြီး တကိုယ်တော် ဆန္ဒထုတ်ဖော်နေသည့် ဘိုကလေးမြို့မှ ဦးအောင်မြင့်သည် မနေ့ မတ်လ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ကို ရောက်ရှိလာစဉ် နေ့လည် ၃း၀၀ နာရီအချိန်မှာ အာဏာပိုင်တွေက လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု သတင်းရရှိပါသည်။ သူနှင့်အတူ သမီးဖြစ်သူ မနှင်းထက်ထက်အောင် ကိုပါ တပါတည်းခေါ်ဆောင်သွားသည်ဟု သိရပါသည်။

နောက်ဆက်တွဲ သိရသည့် သတင်းအရ ဦးအောင်မြင့်အား ဒီကနေ့ ရွာသာကြီးမှာရှိတဲ့ စိတ္တဇဆေးရုံကို ပို့ဆောင်လိုက်ပြီး မတ်လ ၁၉ ရက်နေ့ လာမည့် တနင်္လာနေ့တွင် ဆေးရုံမှ ဆရာဝန်တွေ အစည်းအဝေးထိုင်ပြီး စိတ်ကျန်းမာရေးနှင့် ပတ်သတ်၍ ဆုံးဖြတ်ချက် ချမည်ဟု သိရပါသည်။ ဦးအောင်မြင့် နှင့် အတူ ဖမ်းဆီးခံလိုက်ရသည့် သမီးဖြစ်သူ မနှင်းထက်ထက်အောင်ကိုတော့ နေ့လယ်ပိုင်းက ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါသည်။



နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့တောင်းဆိုသူ အဖမ်းခံရ

2012-03-16
ဘိုကလေးမြို့မှာ အကျဉ်းထောင်ဝတ်စုံ ၀တ်ဆင်ပြီး တစ်ကိုယ်တော် ဆန္ဒပြနေတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးအောင်မြင့်နဲ့ သမီးဖြစ်သူ မနှင်းထက်ထက်အောင်ကို အာဏာပိုင်တွေက ရန်ကုန်မြို့မှာ မနေ့က ဖမ်းဆီးလိုက်ပါတယ်။


Photo courtesy of ဌေးအောင် ဓာတ်ပုံနှင့် ဗီဒီယို
နိုင်ငံရေး အကျဉ်းသားဟောင်း ဦးအောင်မြင့်(အလယ်)နှင့် သမီး မနှင်းထက်ထက်အောင် ဖြစ်ပါသည်။
ဦးအောင်မြင့်ဟာ အကျဉ်းသားဝတ်စုံ ၀တ်ဆင်ပြီး ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့အတွက် တောင်းဆိုဆန္ဒပြတာလို့ သိရပါတယ်။
မနေ့က နေ့လည်တစ်နာရီလောက်မှာ ဗဟန်းရဲစခန်းက ဦးအောင်မြင့်နဲ့ သမီးမနှင်းထက်ထက်အောင်ကို ဖမ်းဆီးခဲ့ပြီး၊ ပြည်လမ်းက စုပေါင်းရုံး အမှတ် ၄ စစ်ကြောရေးစခန်းကို ပို့ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ စစ်ကြောရေးစခန်းမှာ တစ်ညလုံးစစ်ဆေးခဲ့တယ်လို့ သမီးဖြစ်သူ မနှင်းထက်ထက်အောင်က ပြောပါတယ်။
ဒီကနေ့ နေ့လည်ပိုင်းမှာတော့ သမီးဖြစ်သူကို ပြန်လွှတ်ပေးခဲ့ပေမယ့် ဦးအောင်မြင့်ကိုတော့ ဆက်လက်ဖမ်းဆီးထားဆဲလို့ သိရပါတယ်။ ဦးအောင်မြင့်ဟာ နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်ပြီး ၁၉၉၉ ခုနှစ်မှာ တစ်ကြိမ် ၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃာ့အရေးမှာ ပါဝင်မှုကြောင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရပြီး ၂၀၀၉ ခုနှစ် စက်တင်ဘာလမှာ ပြန်လည်လွတ်မြောက်လာသူ ဖြစ်ပါတယ်။
မနှင်းထက်ထက်အောင်နဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
http://www.rfa.org/burmese/news/ex-prisoner-re-arrest-03162012100934.html