Wednesday, March 21, 2012

ဒဂုံဆိပ်ကမ်းမြို့နယ်က တိုင်းရင်းသူလေးတွေ အမေစုကို ကြိုဆို










မဲစာရင်းကျန်၍ တင်ပြသူ အမျိုးသမီးအား ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုယ်ထိလက်ရောက် ကျူးလွန်မှု ဒဂုံဆိပ်ကမ်းတွင်ဖြစ်ပွား

ရန်ကုန်၊ မတ် ၁၅
မဲစာရင်းတွင် အမည်မပါလာသဖြင့် နောက်တိုးစာရင်း သွားရောက်တင်ပြသူ အမျိုးသမီးတစ်ဦးအား ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ဆဲဆိုခြိမ်းခြောက်၍ ကာယိနြေ္ဒပျက်အောင် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သော ဖြစ်ရပ်တစ်ခု မတ်လ ၆ရက်နေ့က ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၆ ရက်နေ့ ည ၇ နာရီအချိန်က ဒဂုံဆိပ်ကမ်း မြို့နယ်၊ (၆၈) ရပ်ကွက်၊ ရတနာလမ်း၊ အမှတ်(၁၆၃)တွင် နေထိုင်သူ ဒေါ်သီသီခိုင်က ၄င်း၏အမည်အပါ အဝင် အဆိုပါရပ်ကွက် အတွင်းနေထိုင်သူ ၃၄ ဦး၏ အမည်စာရင်းမှာ မဲပေးရမည့် အမည်စာရင်းတွင် ပါဝင်ခြင်းမရှိသည့် အတွက် မဲကျန်စာရင်း နောက်တိုးအား ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှိ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးလှတင်ထံသို့ သွားရောက် တင်ပြခဲ့ကြောင်း၊ ဦးလှတင်က ၄င်းအား မဲစာရင်းပေးရန်အတွက် ကျန် ၃၃ ဦးအား ကိုယ်တိုင်ခေါ်လာရန် ပြောသည့်အတွက် ၄င်းက ကျန်လူများအားခေါ်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ပြန်သွားခဲ့ကြောင်း၊ အဆိုပါနေ့ ည ၉ နာရီအချိန်၌ ၄င်းသည် မဲပေး ရမည့် စာရင်းတွင် ကျန်ခဲ့သော ဦးအောင်စိုး အပါအဝင် ကျန်လေးဦးနှင့် ကျန်ရှိနေသော မဲစာရင်းနောက်တိုး ၃၃ဦးအား ခေါ်ဆောင်လာ၍ ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဖြစ်သူ ဦးလှတင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံး၌ ညှိနှိုင်းနေခဲ့ကြောင်း၊ ထိုသို့ညှိနှိုင်းနေစဉ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြတ်သူက ၄င်းတို့အား ရပ်ကွက်အုပ် ချုပ်ရေး ရုံးခန်းအတွင်းမှ ချက်ချင်းထွက်သွားရန် နှင်ထုတ်ခဲ့ပြီး အမျိုးသမီးများအား ညစ်ညမ်းရိုင်းစိုင်းစွာ ဆဲဆိုခဲ့သည့်အပြင် ဒေါ်သီသီခိုင်၏ ရင်ဘတ်အား ဆောင့်ဆွဲ တွန်းလိုက်သဖြင့် ဒေါ်သီသီခိုင်၏ ကိုယ်၌ ဝတ်ဆင်ထားသော အပေါ်အင်္ကျီ စုတ်ပြဲ၍ လဲကျသွားခဲ့ကြောင်း သိရသည်။ ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ဒေါ်သီသီခိုင်က ၄င်းအပေါ် ညစ်ညမ်းစွာဆဲဆို၍ ကာယိနြေ္ဒဖျက်ဆီးကာ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအား အဆိုပါည၌ပင် ဒဂုံဆိပ်ကမ်းမြို့နယ် ရဲစခန်း၌ မျက်မြင်သက်သေများနှင့် အတူ သွားရောက်အမှုဖွင့် တိုင်ကြားခဲ့ကြောင်း ဒေါ်သီသီခိုင်ကပြောသည်။
ဒဂုံဆိပ်ကမ်းမြို့နယ် ရဲစခန်းမှ အဆိုပါအမှုအား မတ်လ ၁၂ ရက် နေ့တွင် (ပ)၈၂/၁၂၊ ပုဒ်မ-၂၉၄/ ၃၅၄ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြစ် သူမှာ ပြစ်မှုဖြစ်ပွား ကျူးလွန်ပြီးချိန်မှစ၍ ထွက်ပြေးတိမ်းရှောင် သွားသည့်အတွက် ယခုအခါ ၄င်းအား ဒဂုံဆိပ်ကမ်းရဲစခန်းမှ ဖမ်းဆီးနိုင်ရန် စုံစမ်းရှာဖွေလျက် ရှိသည်။

သူရထွန်း
popularmyanmar.com

မိန်းခလေးတစ်ယောက်အကြောင်း

ခွပ်ဒေါင်းမျိုးဆက်သစ်ညီအကိုများ
A Documentary film from the American Documentary Workshop 2012, film by Htoo Paing Zaw Oo, Mel Ting, Pyay Zin, Thet Zaw Win, Ye Min, Nay Chi .

ခလေးစစ်သား၊မဖြစ်ထွန်းတဲ့ ကြက်ဆူ၊အဓမ္မ ရွှေ့ပြောင်း၊ထွက်တဲ့ လမ်းကိုပိတ်တဲ့စစ်တပ်

Uploaded by BurmaVJMedia on 21 Mar 2012

ရွာလမ်းပိတ်တဲ့ မှော်ဘီ အမှတ် (၆) စစ်မြေပြင်ဆေးတပ်ရင်း
ရန်ကုန်တိုင်း မှော်ဘီမြို့နယ် စမ်းချောင်းနဲ့ ဘန့်ဘွေးကုန်း ကျေးရွာတွေကနေ ပြည် ကားလမ်းမကို ထွက်တဲ့ လမ်းကို မှော်ဘီ အမှတ် (၆) စစ်မြေပြင်ဆေးတပ်ရင်းက ပိတ်ထားတာကြောင့် ဒေသခံ ရွာသား တွေမှာ အခက်တွေ့ နေကြပါတယ်။ ဒီလမ်းနဲ့ အခြားမြေနေရာတွေကို စစ်တပ်က လျှော်ကြေးမပေးပဲ အတင်း အဓ္ဓမ သိမ်းယူခဲ့တာ ဖြစ်သလို သိမ်းယူထားတဲ့ မြေနေရာတွေမှာလည်း ရွာသားတွေကိုပဲ ပြန်ပြီး အငှားချ နေတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။



Uploaded by BurmaVJMedia on 20 Mar 2012

စက်မှုဝန်ကြီးဌာနမှ ဒေါက်တာမင်းသိန်း ဦးစီးပြီး စိမ်းပြာရေညှိ ထုတ်လုပ်ဖို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကိုင်းတိုင်း မုံရွာခရိုင် ကနီမြို့နယ် အတွင်းမှာရှိတဲ့ တွင်းမကျေးရွာကို မတ်လ ၂၃ ရက်နေ့ နောက်ဆုံးထားပြီး ပြောင်းရွှေ့ဖို့ ဖိအားပေးနေတာ ဖြစ်ပါတယ်။ မရွှေ့ပြောင်းချင်တဲ့ အိမ်ခြေ ယာမြေတွေက သဘောထားတင်းမာတဲ့ လူငယ်တွေကို ခရိုင်ဥက္ကဌနဲ့ ခရိုင်ရယကတို့က ဖမ်းဆီးပြီး ၂၄ နာရီကြာ စစ်ဆေးမေးမြန်း ခြိမ်းခြောက်မှုတွေ ရှိနေပါတယ်။




Uploaded by BurmaVJMedia on 20 Mar 2012
ပီနောင်တိုင်းကုမ္ပဏီနဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့ ပူးပေါင်းပြီး စစ်ကိုင်းတိုင်း မုံရွာခရိုင် ကနီမြို့နယ် ဇီးပင်တောကျေးရွာက ယာမြေဧက ၁၀၀ ကျော်ကို ခြံစည်းရိုး ကြက်ဆူပင်စိုက်ခင်းတွေအဖြစ် ၂၀၀၆ ခုနှစ်ကတည်းက စိုက်ပျိုးလာတာ ဖြစ်ပါတယ်။ ယာခင်းပိုင်ရှင်တွေကတော့ သူတို့ရဲ့ယာတွေမှာ မဖြစ်ထွန်းတဲ့ ကြက်ဆူပင်စိုက်ခင်းတွေ အစား အကျိုးဖြစ်ထွန်းတဲ့ ပဲစင်းငုံကိုသာ စိုက်ပျိုးချင်တယ်လို့ ဆိုပါတယ်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဟာ ၂၀၀၆ ခုနှစ်မှာ ဇီဝလောင်စာထုတ်လုပ်ဖို့ အကြောင်းပြပြီး တောင်သူလယ်သမားတွေကို ကြက်ဆူပင် အတင်းအဓမ္မ စိုက်ပျိုးခိုင်းခဲ့တာ ဖြစ်ပါတယ်။


Uploaded by BurmaVJMedia on 20 Mar 2012

ခလေးစစ်သား မောင်အောင်မျိုးဦး
ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်က အသက်၁၅ နှစ်အရွယ်ရှိတဲ့ မောင်အောင်မျိုးဦးဟာ ရေစကြို စစ်သားစုစောင်းရေးတပ်မှာ ခလေးစစ်သားအဖြစ် စုစောင်းခံခဲ့ရပါတယ်။ ဧရာဝတီတိုင်း ကန်ကြီးတောင်မြို့နယ် ပေပင်လေးကျေးရွာအုပ်စုက မောင်အောင်မျိုးဦးဟာ မန္တလေးတိုင်း အမရပူရမြို့ ဆည်တဲရပ်ကွက်မှာ အလုပ်သွားရောက်လုပ်ကိုင်ရင်း သူအလုပ်လုပ်တဲ့နေရာက မောင်တင်နိုင်နဲ့ မောင်သန်းနိုင်ဝင်းက ငွေကျပ်သုံးသောင်း ဆန် ၈ ပြည်နဲ့ စစ်သားစုစောင်းရေးတပ်ထဲကို ပို့လိုက်တာပါ။
အမှတ် (၈) စစ်အခြေခံလေ့ကျင့်ရေးတပ် အမှတ် (၃)တပ်ခွဲ မှာ သင်တန်းဆင်းနေတဲ့ မောင်အောင်မျိုးဦးဟာ စစ်ထဲမှာ မနေချင်တော့တာကြောင့် တပ်ထဲက ထွက်ပြေးလာခဲ့ပေမယ့် တပ်က လာရောက်ဖမ်းဆီးပြီး စစ်အကျဉ်းထောင်မှာ ထောင်ဒဏ် ၆ လကျခံခဲ့ရပါတယ်။
အခုလည်းတပ်ထဲမှာ မနေချင်ကြောင်းသူ့မိဘတွေကို ပြောခဲ့တယ်လို့ သူ့ရဲ့မိခင်က Burma VJ Media ကိုပြောပါတယ်။

NLD မဲဆွယ်နေသည့် နေရာကို ကြံ့ဖွံ့က ရှို့မီးနဲ့ ပွဲလှန့်


by Burma VJ Media Network on Wednesday, March 21, 2012 at 3:38am ·
By  ဇာဏီ၊ မတ်လ ၂၁ ရက်နေ့၊ ၂၀၁၂ ခုနှစ်။

လာမည့် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပပြုလုပ်မည့် ကြားဖြတ် ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် အမျိုးသားလွှတ်တော် အမှတ် (၃) မဲဆန္ဒနယ် (ကန့်ဘလူ၊ ကျွန်းလှ၊  ရေဦး၊ တန့်ဆည်) မှာ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ  အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာမြင့်နိုင် နှင့်အဖွဲ့ သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ်ရှိ နဂါးပေါ်ကျေးရွာသို့  မဲဆွယ်စည်းရုံးရေးဆင်းရာမှာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လိုက်လံနှောင့်ယှက်ခဲ့သည်ဟု သတင်းရရှိပါသည်။

မတ်လ (၁၉) ရက်နေ့ ညနေ ၄း၀၀ နာရီအချိန်ခန့်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ  လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာမြင့်နိုင် နှင့်အဖွဲ့ သည် နဂါးပေါ်ကျေးရွာမှ ရွာသူ၊ ရွာသားများအား စည်းရုံးရေး ဟောပြောပွဲ အပြီး ကျေးရွာကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ အဖွဲ့ဝင်တယောက်က ဟောပြောပွဲ ပြုလုပ်တဲ့နေအိမ်ရှိ ကောက်ရိုးပုံကို  မီးရှို့လိုက်ပြီး မီးလောင်နေပါတယ်ဟု အော်ကာ ပွဲလှန့်လိုက်သည့်အတွက် ရွာသူရွာသားများ မီးလောင်နေသည့် နေရာသို့ သွားရောက်၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပါသည်။

နဂါးပေါ်ကျေးရွာ အုပ်ချုပ်ရေးမှူးက အဆိုပါမီးလောင်မှုဟာ  NLD အဖွဲ့ဝင်တွေက ပစ်လိုက်သည့် ဆေးလိပ်မီးကြောင့် အခုလိုလောင်တာဖြစ်ပြီး အိမ်ရှင်ကို မီး ပေါ့ဆမှုနဲ့ ဒဏ်ရိုက်ရမည်ဟုပြောပါသည်။ တကယ် ကောက်ရိုးပုံကို မီးရှို့လိုက်သည့်လူကို ရပ်ရွာလူတွေက ဝိုင်းဖမ်းဆီးသည့်အခါမှာ အဆိုပါပုဂ္ဂိုလ်မှာ ကျေးရွာမီးသတ်တပ်ဖွဲ့ဝင်လဲဖြစ်  ကြံ့ခိုင်ရေးပါတီဝင် တဦးလည်း  ဖြစ်နေသည်ကို တွေ့ရှိရပါသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများက နဂါးပေါ်ကျေးရွာ အုပ်ချုပ်ရေးမှူးအား ဒါဟာ မဲဆွယ်စည်းရုံးမှု ဟောပြောပွဲပျက်အောင် တမင်တကာ ရှို့သည့်မီး ဖြစ်ခြင်းကြောင်း အဆိုပါ ကြံ့ခိုင်ရေးပါတီဝင်ကိုသာ ဖမ်းဆီးရမည် ဖြစ်ကြောင်း တောင်းဆိုသည့်အတွက် အဲဒီပုဂ္ဂိုလ်အား ဖမ်းဆိးလိုက်သော်လည်း  အချိန်အနည်းငယ်အတွင်း အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ကြောင်း သိရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် အမျိုးသားလွှတ်တော် အမှတ် (၃) မဲဆန္ဒနယ် (ကန့်ဘလူ၊ ကျွန်းလှ၊  ရေဦး၊ တန့်ဆည်) မှာ မဲပေးခွင့်ရှိသည့် မဲစာရင်းများအတွင်း သေဆုံးပြီး လူနာမည်များ ပါဝင်နေခြင်း၊ အသက်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသည့် လူနာမည်များ  အများအပြား ကျန်ရစ်ခဲ့သည်ဟု NLD စည်းရုံးရေးအဖွဲ့ဝင် တဦးက ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။

NLD စည်းရုံးရေးအဖွဲ့ဝင်တဦးက “ ကြံ့ခိုင်ရေးနှင့် ပြည့်ဖြိုးရေးပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတင်မောင်ဝင်းက ကန့်ဘလူမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ကျေးရွာက ပြည်သူတွေက သူတို့ရဲ့ ဟောပြောပွဲတက်ရောက်အောင် လိုက်လံတိုက်တွန်းနှိုးဆော်ခိုင်းတာမျိုး ၊ ဟောပြောပွဲ ကျင်းပမည့် နေရာကို စီစဉ်ခိုင်းတာမျိုး ကျနော်တို့ တွေ့နေရတယ်။ နောက်ပြီးတော့ ကျေးရွာတိုင်းမှာ ကြံ့ခိုင်ရေးက သတင်းပေး ဆိုတဲ့ ကတ်ပြားတွေ ထုတ်ပေးထားတာကို တွေ့ရတယ်။ သတင်းပေးတွေကပဲ ကျနော်တို့ စည်းရုံးရေး ဆင်းတဲ့အခါမှာ လိုက်လံ နှောက်ယှက်တာတွေ ကြုံတွေ့နေရတယ် လို့ ပြောကြားခဲ့ပါသည်။

(ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည်) အမျိုးသားလွှတ်တော် အမှတ်(၃)မဲဆန္ဒနယ် နေရာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာ မြင့်နိုင်၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဦးတင်မောင်ဝင်း နှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီမှ ဦးတိုးမြင့်အောင် တို့ ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါသည်။

ကြိုတင်မဲပေးရန် (၂)ရက်သာ အချိန်ရမည်

by Yangon Press International on Wednesday, March 21, 2012 at 12:34pm ·

မတ်လ ၂၁ရက် ၂၀၁၂ ခုနှစ် (YPI)

လာမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်မဲများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယခုလ ၃၀ နှင့် ၃၁ ရက်များတွင်သာ ပေးနိုင်မည်ဖြစ်ကြောင်း မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးက ပြောသည်။
ရွေးကောက်ပွဲ ကျင်းပသည့်ရက်တွင် မဖြစ်မနေ ခရီးသွားရန် အကြောင်းတစ်စုံတစ်ရာ ရှိပါက ကာယကံရှင် ဆန္ဒဖြင့် ကြိုတင်မဲပေးလိုက ယင်း (၂) ရက်တွင်သာ မဲပေးနိုင်သည်ဟု ၄င်းက ပြောသည်။
“အခုကြားဖြတ်ရွေးကောက်ပွဲမှာတော့ ကြိုတင်မဲကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ထားတာ မရှိပါဘူး။ မလွှဲ မရှောင်သာလို့ ခရီးသွားတာဖြစ်ဖြစ်၊ သင်တန်းသွားတာဖြစ်ဖြစ် ကာယကံရှင်တွေ ဆန္ဒရှိမယ်ဆိုရင် ပေးသွား နိုင်ပါတယ်” ဟု ၄င်းက ဝိုင်ပီအိုင်သို့ ပြောသည်။
သို့ရာတွင် မတ်လ ၃၀ နှင့် ၃၁တွင်သာ ကြိုတင်မဲ လာရောက်ပေးရမည် ဖြစ်သောကြောင့် ယင်းမတိုင်မီကတည်းက အဝေးသို့သွားမည့် မဲဆန္ဒရှင်များ ကြိုတင်မဲ ပေးရန် မဖြစ်နိုင်သည့် သဘောလည်း ဖြစ်သည်။
ကြိုတင်မဲပေးပိုင်ခွင့်ရှိသူများမှာ ရွေးကောက်ပွဲကျင်းပသည့်နေ့၌ မိမိအမည်စာရင်းပါရှိရာ မဲဆန္ဒနယ်မှ ကျော်လွန်၍ ခရီးဝေးသွားလာရန်ရှိခြင်း၊ အနာကြီးရောဂါ စွဲကပ်နေခြင်း၊ ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားနေရခြင်း၊ အသက်အရွယ် ကြီးရင့်နေခြင်း၊ သားဖွားနေခြင်း၊ ရဲ အချုပ်စခန်း သို့မဟုတ် အကျဉ်းစခန်းတွင် အချုပ်ခံနေရခြင်း စသည်တို့ဖြစ်သည်ဟု ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၄၃ နှင့် နည်းဥပဒေ ၃၉ (ဆ) တွင်ဖော်ပြ ထားသည်။
ကြိုတင်မဲများကို သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာကော်မရှင်ရုံးများတွင် နံနက် (၆) နာရီမှ ညနေ(၄)နာရီအထိ သွားရောက် ပေးနိုင်သည်။
ကြိုတင်မဲကို ရွေးကောက်ပွဲကျင်းပသည့်နေ့ မဲရုံပိတ်သည့်အချိန်တွင်ရရှိသည့် မဲစာရင်းများ နှင့် တစ်ပေါင်းတည်း ရေတွက်သွားမည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးက ပြောသည်။
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၇၁ တွင် သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် ရွေးကောက်ပွဲ ကျင်းပသည့်နေ့ မဲရုံပိတ်ချိန် ညနေ ၄ နာရီ နောက်ပိုင်းမှ ရောက်ရှိလာသော ကြိုတင် ဆန္ဒမဲ လက်မှတ်များကို ထည့်သွင်းရေတွက်ခြင်း မပြုရဟု ပြဋ္ဌာန်းထားသည်။ ကြိုတင်မဲပေးရာတွင် ပါတီတစ်ခုလျှင် ကိုယ်စားလှယ် နှစ်ဦးစီ စောင့်ကြည့်ခွင့်ပေးသွားမည်ဖြစ်သည်။
မန္တလေးတိုင်း မဟာအောင်မြေမဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင်က ၄င်း၏ မဲဆန္ဒနယ်တွင် ကြိုတင်မဲပေးမည့် စာရင်းကို ယခုအချိန်ထိ သက်ဆိုင်ရာမှ အကြောင်းကြားမှု တစ်စုံတစ်ရာ မရှိသေးသည့်ပြင် ကြိုတင်မဲနှင့် ပတ်သက်၍ စိုးရိမ်ကြောင်းဆိုသည်။
“ကျွန်တော့်အနေနဲ့တော့ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလို ကြိုတင်မဲတွေ အမှားမခံနိုင်ပါဘူး။ ကျွန်တော်တို့ အကြောက်ဆုံးက မှန်မှန်ကန်ကန်မဟုတ်တဲ့ ကြိုတင်မဲတွေကို စိုးရိမ်ပါတယ်လို့ မြို့နယ်ကော်မရှင်ကို ပြောထားတယ်။” ဟု ဦးအုန်းကြိုင်က ဝိုင်ပီအိုင်သို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးသူဦးရေ သိသိသာသာများပြားခဲ့သည့်အတွက် ဝေဖန်မှု များစွာ ပေါ်ပေါက်ခဲ့သည်။ ။


မဲရုံနဲ့အလှမ်းကွာ၍ မဲပေးသည့်နေ့တွင် ခက်ခဲမည်
by Yangon Press International on Wednesday, March 21, 2012 at 7:01am ·

ပုသိမ်၊ မတ်လ ၂၀ရက်၊ ၂၀၁၂ (YPI)
နယ်မြေကျယ်ပြန့်သော ကျွေးရွာအုပ်စုများတွင် မဲရုံတစ်ရုံသာထားရှိခြင်းကြောင့် မဲပေးသူများ အဖို့ အလှမ်းဝေးပြီး အခက်အခဲနှင့် ကြုံတွေ့ လိမ့်မည်ဖြစ်ကြောင်း ဒေသခံများ ကပြောဆိုသည်။
ဧရာဝတီတိုင်းရှိ နယ်မြေကျယ်ပြန့်သည့် အချို့သော ကျေးရွာအုပ်စုများတွင် တစ်စုလျှင် မဲရုံတစ်ခုသာထားရှိခြင်းကြောင့် သွားရေးလာရေး ခက်ခဲခြင်းနှင့် မဲပေးဖို့ရာ အချိန်ကုန်မည့် အခက်အခဲတို့ ရှိသည်ဟု ဒေသခံများက ဆိုသည်။
ပုသိမ်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၁၅ ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၅၂ အုပ်စုအတွက် မဲရုံ ၂၀၂ ရုံ ထားရှိသွားမည်ဖြစ်သည်ဟု မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်၏ ကြေညာချက်တွင် ဖေါ်ပြထားသည်။
အနန်းကုန်းကျေးရွာအုပ်စု ဘူးအင်းကျေးရွာနေ သူတစ်ဦးက ‘ကျွန်မတို့က အနန်းကုန်းကျေးရွာ အုပ်စုကဆိုတော့ မဲရုံက သရက်ချိုကုန်း မူလတန်းကျောင်းမှာ တစ်ခုပဲရှိတာ ဒီကနေအဲဒီရွာကို သွားရမှာ အသွားတင် လမ်းလျှောက်ရမှာ ၂ နာရီလောက်ကြာတယ်’ ဟု YPI သို့ပြောသည်။
အနန်းကုန်းကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၈ ရွာပါဝင်ပြီး မဲပေးခွင့်ရှိသူဦးရေ ၁၅၀၀ကျော် ရှိကြောင်း တစ်ရွာနှင့်တစ်ရွာကြားတွင် လယ်ကွင်းများခြားနေသဖြင့် အချိန်ကြာမြင့်စွာ သွားလာရမည် ဖြစ်၍ မဲမပေးချင်သော ရွာသူရွာသား အများအပြား ရှိနေကြောင်း ဒေသခံရွာသားများက ပြောပြသည်။
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကျင်းပစဉ်ကလည်း မွန်ပြည်နယ်ရှိ ကျေးရွာအုပ်စုများတွင် မဲရုံအရေအတွက် နည်းပါးခြင်းကြောင့် မဲပေးရန် သွားလာရသည့် အခက်အခဲရှိသည်ဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီ ပါတီဥက္ကဋ္ဌ နိုင်ငွေသိန်းက ပြောဆိုခဲ့သည်။
ပုသိမ်မြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူဦးရေမှာ ၂သိန်းခွဲခန့်ရှိပြီး NLD,NDF,USDP ပါတီ၃ခုမှ ကိုယ်စားလှယ်လောင်းများ ၀င်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ။

ဒေါ်အောင်ဆန်းစုကြည်၏ ဒဂုံဆိပ်ကမ်းမြို့နယ် လူထုဟောပြောပွဲ

By Yangon Press International
ယနေ့ ညနေ ၆နာရီက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်တွင် လူထုဟောပြောပွဲ ကျင်းပခဲ့ရာ လူပရိသတ် သောင်းနှင့်ချီလာရောက် စုဝေး နားထောင်ခဲ့ကြသည်။

ဒဂုံဆိပ်ကမ်းမြို့နယ် ၉၄ ရပ်ကွက် ဘောလုံးကွင်းတွင် ကျင်းပသည့် လူထုဟောပြောပွဲသို့ လာရောက်သူများပြားလှသဖြင့် ဘောလုံးကွင်း အပြင်ဘက်ရှိ လယ်ကွင်းများသို့တိုင် လျှံထွက်ခဲ့သည်ကိုတွေ့ရသည်။

ယုဇနဥယျာဉ်မြို့တော် လမ်းတလျှောက်တွင်လည်း မလာရောက်မီကတည်းက ကြိုဆိုစောင့်ဆိုင်းနေသည့် လူအုပ်ကြီးကိုတွေ့မြင်ရသကဲ့သို့ သံလျင်၊ တောင်ဒဂုံ စသည့်မြို့နယ်များမှ လူထုပရိသတ်လည်း လာရောက်ခဲ့ကြသည်။
(ဓါတ်ပုံ -သူရမျိုး YPI )



;">


" ပြည်သူများကြား ပျံ့နှံ့နေသောကဗျာ ဒေါ်အောင်ဆန်းစုကြည် မရေးပါ"

Popular Myanmar News Journal

ပြည်သူများအကြား ပျံ့နှံ့နေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် ၏ပုံပါ ကဗျာလက်ကမ်း စာစောင်နှင့် ကောလာဟလ သတင်းများမှာ မဟုတ် မှန်ကြောင်း ပါတီ ဗဟိုကော်မတီဝင် ဦးအုန်းကြိုင်က ငြင်းဆိုလိုက်သည်။ ''ဒေါ်အောင်ဆန်း စုကြည်က ဒီကဗျာ ကိုမရေးဘူး။ အဖွဲ့ ချုပ်အနေနဲ့လည်း ထုတ်ဝေမှု မရှိပါဘူး။ အဲဒီကဗျာမှာ ပုဂ္ဂလိကတိုက်ခိုက်ရေး သားထားတာ ဖတ်ရပါတယ်''ဟု ဦးအုန်းကြိုင် က ပြောသည်။ ယခုရက်ပိုင်းအတွင်း ပြည်သူ လူထုအကြား ရောက်ရှိလာ သော လေးခေါက်ချိုး ရှစ်မျက်နှာ ပါ ကဗျာမှာ ဒေါ်အောင်ဆန်းစု ကြည်ကိုယ်တိုင်ရေးသားထားခြင်း မဟုတ်မှန်ကြောင်းနှင့် ဒေါ်အောင် ဆန်းစုကြည်မှာ လုပ်ကြံ ခံရနိုင် သည်ဟုဆိုကာ ၄င်းကိုယ်တိုင် သေတမ်းစာရေး သားထားသည် ဟု ပျံ့နှံ့ လျက်ရှိရာ မဟုတ်မှန် ကြောင်း ဒီချုပ်ပါတီ ရန်ကုန်တိုင်း ဒေသကြီး ဥက္ကဋ္ဌ ဦးနိုင်းနိုင်းက ထပ်မံငြင်းဆို လိုက်သည်။ ''ဒါကို အများက မေးလာရင် ဒေါ်အောင် ဆန်းစုကြည် ကိုယ်တိုင် ဖြေပါလိမ့်မယ်။ ပါတီအ နေနဲ့လည်း မဝေပါဘူး။ ဘယ်လိုအ ကြောင်းနဲ့မှမဝေပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ကတော့မျိုးစုံအန္တရာယ် ရှိတာပေါ့။ ဘာသာရေးအရရော လုပ်ထုံးလုပ်နည်းအရပါ မျိုးစုံကာ ကွယ်ပေးထားပါတယ်။ ဒီကဗျာနဲ့ ပတ်သက်လို့ လာပြောတာတွေ တော့ ရှိတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှတော့ ထုတ်ပြန်ဖို့ မရှိပါဘူး''ဟု ဦးနိုင်းနိုင်းက ဆက်လက်ပြောသည်။ ယင်းအကြောင်းအရာနှင့် ပတ်သက်၍ ရန်ကုန်မြို့နေအမျိုးသမီး တစ်ဦးက ''အန်တီက သေတမ်း စာရေးတယ်ဆိုတာ ဟုတ်လား။ နောက်သူက လုပ်ကြံခံရမယ်လို့ သိ ထားတယ်တဲ့။ သူပိုင်ဆိုင်သမျှ တွေကို နိုင်ငံတော် အတွက် လှူခဲ့ မယ်ဆိုပြီး သတင်းတွေထွက်နေ တာ'' ဟု ပေါ်ပြူလာ နယူးစ်သို့ ဆက်သွယ် မေးမြန်းခဲ့သည်။ ပြည်သူ့အချစ်တော် ဒေါ် အောင်ဆန်းစုကြည်၏ ကဗျာဟု ခေါင်းစဉ်ပါရှိ သည့် လက်ကမ်းစာ စောင်ကဗျာတွင် ကဗျာခေါင်းစဉ် မပါရှိသလို ဒေါ်အောင်ဆန်းစု ကြည် ရေးသားထားသည်ဟုလည်း မပါရှိပေ။ ယင်းကဗျာ၌ ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ မောင် ပြည်ပရောက် ဒေါက်တာစိန်ဝင်းနှင့် ပတ်သက်သည် များ၊ ၄င်းရရှိသည့် ငြိမ်းချမ်း ရေး နိုဗယ်ဆုငွေဒေါ်လာ ၁ ဒသမ ၃ သန်းအား ကျန်းမာရေးနှင့် ပညာရေးရန်ပုံငွေ လှူဒါန်း ရန် စသည်ဖြင့် ရေးသားထားသည်။





http://thadar.blogspot.ca/2009/08/blog-post_26.html
မသဒ္ဒါရေးတဲ့ကဗျာကိုထင်ယောင်မှားလုပ်တာပါ။

အက်ဖ်အီးစီကို သိမ်းရန်ဆုံးဖြတ်


Popular Myanmar News Journal
"ဘဏ်သို့ရောက်လာသော အက်ဖ်အီးစီများကို ပြန်မထုတ်သော နည်းလမ်းဖြင့် သိမ်းနေပြီ"

ဘဏ်စနစ်ထဲသို့ ရောက်လာသည့် အက်ဖ်အီးစီကို ပြန်မထုတ်ပေးသော နည်းလမ်းဖြင့် ပြန်လည်သိမ်းဆည်းနေပြီဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
အက်ဖ်အီးစီအား ဖျက်သိမ်းသွားမည်ဟု ဗဟိုဘဏ် ဥက္ကဋ္ဌကြီးမှ တရားဝင် ထုတ်ဖော် ပြောဆိုမှုများရှိခဲ့ရာ မည်သည့် အချိန်နောက်ဆုံး ထားကာ သိမ်းယူမည့်အပေါ် ဗဟို ဘဏ်မှ တာဝန်ရှိသူကပင် ‘သတိမထား မိကြလို့ပါ။ ဗဟိုဘဏ်အပါအဝင် ပုဂ္ဂလိကက ဘယ်ဘဏ် ကို ရောက်ရောက် ပြန်မှ မထုတ်ပေးတော့တာ”ဟု ပြောသည်။ လှည့်လည် သုံးစွဲငွေများထဲမှ ၁၅ ကျပ်၊ ၄၅ ကျပ်နှင့် ကျပ် ၉ဝ တန် ငွေစက္ကူကဲ့သို့ တဖြည်းဖြည်း သိမ်းယူသည့် နည်းလမ်းများဖြင့် ပပျောက်သွားရန် ဆောင်ရွက်သွား မည်ဖြစ်ရာ အက်ဖ်အီးစီမှာမူ အချိန်များစွာ ယူရမည်တော့ မဟုတ်ဟု အထက်ပါ ပုဂ္ဂိုလ်က ထပ်လောင်းပြောသည်။ နိုင်ငံတွင်း၌ အက်ဖ်အီးစီး စတင်ထုတ်စဉ် အခါကတည်းက ယာယီ သဘောသာဖြစ်ပြီး ပြန်လည် သိမ်းမည့်အစီအစဉ် ရှိထားပြီးဖြစ်သော်လည်း၊ အချိန် ကြာမြင့်သွား ခဲ့ကြောင်း၊ ယခုမှာမူ အက်ဖ်အီးစီကို သိမ်းရန်ဆုံးဖြတ် ခဲ့မှုကြောင့် ယခုကဲ့ သို့ဆောင်ရွက်ခြင်း ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ထပ်လောင်းဆိုသည်။
”အက်ဖ်အီးစီကို စထုတ်ကတည်းကိုက ပြည်တွင်း ကို ရောက်လာ တဲ့ နိုင်ငံခြားသားတွေ ငွေကြေးကိုင်ဆောင် သုံးစွဲရမှု အဆင်ပြေအောင် လုပ်ပေးထားတဲ့ သဘောပဲလေ။ အခုနိုင်ငံခြား ငွေလဲလှယ် တဲ့ကောင်တာတွေကို လွတ်လွတ်လပ်လပ် ဖွင့်ပေးထားတဲ့ အတွက် ဒီအက်ဖ်အီးစီ ကို ပြန်သိမ်းတဲ့သဘောပါပဲ။ လက်ရှိကိုင်တွယ် သုံးစွဲနေမှုနဲ့ ပတ်သက်လို့ ဘာပြဿနာမှ မဖြစ်စေရပါဘူး။ ဆက် သုံးနေလို့ရပါ တယ်။ ဘယ်သူ့အတွက်မှ နစ်နာဆုံးရှုံးမှု မရှိစေအောင် စီစဉ်ထားတာပါ။ ဒီအတွက် ဘာမှစိုးရိမ်စရာ မရှိ ပါဘူး”ဟု ဗဟိုဘဏ်မှ တာဝန်ရှိသူက ဆက်လက်ပြောသည်။
စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက ”ဒါက ဗဟိုဘဏ် အနေနဲ့ လုပ်သင့် လုပ်ထိုက်တာကို လုပ်တဲ့သဘောလို့ပဲ မြင်ပါတယ်” ဟု ပြောသည်။
ဗဟိုဘဏ်အနေဖြင့် အက်ဖ်အီးစီအား ဈေးကွက်မှတဖြည်းဖြည်း ဖျက်သိမ်းသွားနေသည့်အပြင် အမျိုးမျိုးဖြစ်နေသော နိုင်ငံခြားငွေ လဲလှယ်နှုန်း ထားအား တစ်မျိုး တည်းဖြင့် နှုန်းရှင် သတ်မှတ်သော ငွေကြေး မူဝါဒအား ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်အစတွင် ပြောင်းလဲ ကျင့်သုံး သွားမည် ဟုလည်း ဗဟိုဘဏ်မှသိရသည်။ ဗဟိုဘဏ် တာဝန်ရှိသူက ”နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ငွေကြေး စနစ်အတိုင်း သွားတဲ့ သဘော ပါပဲ”ဟုပြောသည်။ စီးပွားရေး ပညာရှင် ဒေါက်တာစိုးထွန်းက ”ဒါကလည်း ကောင်း တဲ့ လက္ခဏာပါ။ ဒါကိုဗဟိုဘဏ်က ထိန်းညှိပေးဖို့ တော့ လိုပါတယ်။ ဒါမှ ဈေးကွက်က လည်ပတ်နိုင်မှာပါ” ဟု ပြောသည်။









" ဒီချုပ်ကိုယ်စားလှယ်လောင်း စည်းရုံးရေးဆင်းပြီးအပြန် လေးခွဖြင့် ပစ်ခတ်ခံရ အမျိုးသမီးတစ်ဦး ဦးခေါင်း၌ ဒဏ်ရာရ "

By Popular Myanmar News Journal
နေပြည်တော်ကောင်စီ၊ ဥတ္တရသီရိမြို့နယ်အတွင်း ဒီချုပ်ကိုယ်စားလှယ်လောင်း စည်းရုံးရေးဆင်းပြီးအပြန်တွင် လောက်လေးခွဖြင့်ပစ်ခတ်ခံရမှုကြောင့် အောင်နိုင်ရေး အဖွဲ့ဝင်အမျိုးသမီးတစ်ဦး၏ ဦးခေါင်း၌ အတွင်းဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ မတ်လ ၁၈ ရက်နေ့ ည ၇နာရီ ခန့်တွင် ဒီချုပ်ကိုယ်စားလှယ်လောင်း ဦးမင်းသူနှင့်အဖွဲ့သည် ဥတ္တရသီရိ မြို့နယ်၊ အောင်ချမ်းသာကျေးရွာမှ အပြန်တွင် အမှောင်တွင်းမှ လောက်လေးခွဖြင့် ပစ်ခတ်ခြင်းဖြစ်ပြီး တွဲဖက်အသုံးပြုသည့် လောက်စာလုံးမှာ သုံးမြှောင့်သဏ္ဌာန် ပြုပြင်ထားသည့် သစ်သားတုံးကလေး ဖြစ်သည်ဟု ဦးမင်းသူက ပြောသည်။ ယင်းနေ့ ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ကိုယ်စားလှယ်လောင်း ဦးမင်းသူက ''အဲဒီနေ့က ဖောင်းလောင်း၊ မုံနစ်၊ အောင်ချမ်းသာ စတဲ့ ရွာသုံးရွာကို စည်းရုံးရေး ဆင်းတဲ့နေ့ပေါ့။ နောက်ဆုံးကျေးရွာက အောင်ချမ်းသာ ကျေးရွာလေ။ အပစ်ခံရတဲ့အချိန်က ည ၇ နာရီဆိုတော့ မှောင်နေပြီပေါ့။ ဒါပေမဲ့ ရွာခံအချို့နဲ့ အောင်နိုင်ရေးအဖွဲ့ဝင်အချို့က ချက်ချင်းပြန်ဖို့လာပြောတော့ ကျွန်တော်လည်း လက်စသိမ်းပြီး ပြန် တယ်။ အဲဒီမှာ ကျွန်တော့်ကို အောင် နိုင်ရေးအဖွဲ့ လူငယ်တွေက ဝိုင်းရံပြီး ခေါ်သွားတယ်။ ပြီးတော့ ကားခေါင်း ခန်းထဲမှာ မထိုင်ဖို့ အကြံပေးပြီး Light truck ကားရဲ့ နောက်ခန်း ထဲမှာ လူငယ်တွေကာပြီး ထိုင်နေရာ က ဟာလာဟင်းလင်းကြီး ဖြစ်နေ လို့ အောင်နိုင်ရေးအဖွဲ့က လူကြီး တစ်ဦးက အခု ဆေးရုံတင်ထားရတဲ့ မပွင့်ဖြူပြုံးကို လွတ်နေတဲ့နေရာကို ကာဖို့အတွက် တာဝန်ပေးတယ်။ မပွင့်ဖြူပြုံးက သူ့နေရာက ထပြီး ကျွန်တော့်ရှေ့အရောက် ''ဟာ ဦးပစ် နေပြီ'' လို့ပြောပြီး ပုံလဲကျသွား တယ်။ ဒါနဲ့ ပရိသတ်လဲ ရုတ်ရုတ် သဲသဲ ဖြစ်သွားတယ်။ ကျွန်တော်တို့ လည်း ခပ်မြန်မြန် ပြန်လာရတယ်။ လမ်းမှာ မပွင့်ဖြူပြုံးက အန်တော့ စိုးရိမ်သွားတယ်။ ခေါင်းတွေ ဘာတွေ မပေါက်ဘဲ ထိတဲ့နေရာက ဖူးရောင် ပြီး ဒဏ်ရာရတယ်ပေါ့။ ဒါနဲ့ ဆေးရုံ ပို့ရတယ်။ သူသာ မရှိလိုက်ရင် ကျွန်တော့်မျက်လုံး ထိသွားနိုင် တယ်။ ဘာလို့လဲဆိုတော့ တြိဂံ ပုံသဏ္ဌာန် သစ်သားတုံးက ကျွန် တော့်မျက်နှာချင်းဆိုင် မှောင်ရိပ်ထဲက ထွက်လာပြီး မပွင့်ဖြူပြုံးကို မှန်တာ လေ''ဟု ပေါ်ပြူလာနယူးစ်ဂျာနယ် သို့ ပြောသည်။ ပစ်ခတ်ခံရသူသည် နေပြည် တော် ပျဉ်းမနားမြို့ ဘိုကုန်းရပ်တွင် နေထိုင်သူ အသက် ၂၇ နှစ်အရွယ် ရှိ မပွင့်ဖြူပြုံးဖြစ်ပြီး ဦးခေါင်းနောက် ပိုင်း ညာဘက်ခြမ်းတွင် အတွင်းဒဏ် ရာ ရရှိသဖြင့် နေပြည်တော် ခုတင် ၁ဝဝဝ ဆေးရုံ၊ ဦးနှောက်နှင့် အာရုံ ကြော အထူးကြပ်မတ်ဆောင်တွင် ဆေးကုသမှု ခံယူလျက်ရှိသည်။ အထက်ပါ ဖြစ်ရပ်နှင့် ပတ် သက်၍ ပျဉ်းမနားမြို့၊ မင်္ဂလာရပ်နေ NLDထောက်ခံပြည်သူတစ်ဦးက ''အခု ချောင်းမြောင်း ပစ်ခတ်တဲ့ ကိစ္စ ကို ဘယ်လို အရေးယူမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်နေပါ တယ်'' ဟု သုံးသပ်သည်။ ထိုသို့ ပစ်ခတ်ခံရသည်နှင့် တစ်ပြိုင်နက် နေပြည်တော် ၄ မြို့ နယ် အောင်နိုင်ရေးအဖွဲ့ နာယက ဦးအေးသောင်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ တယ်လီဖုန်းဖြင့်တိုင်တန်းပြီးတောင်ညို အပိုင် ရဲစခန်းတွင်လည်း (ပ) ၁၂/ ၂ဝ၁၂၊ ပုဒ်မ ၂၉၄ ဖြင့် လည်း ကောင်း၊ (ပ) ၁၃/၂ဝ၁၂၊ ပုဒ်မ ၃၂၅ ဖြင့်လည်းကောင်း အမှုဖွင့်ထား ကြောင်း အောင်နိုင်ရေးအဖွဲ့ဝင်တစ် ဦးက ပြောသည်။







စစ်ဗိုလ်ချုပ်ကြီးများ၏ ပင်စင်နှင့် နိုင်ငံရေးဆုကြေးငွေ



http://moemaka.blogspot.ca/

လွတ်မြောက်ချင်နေတဲ့၂ယောက် တွေ့ ကြသောအခါ (A Love Story)

DVB entertainment
ပြိုင်ပွဲဝင်စကာတင်ကား ၅ - A Love Story
ဘ၀ရှင်သန်ရေး ရပ်တည်ရေးအတွက် မလုပ်ချင်တဲ့ အလုပ်တွေကို လုပ်နေရတဲ့သူတွေ အများကြီး ရှိပါတယ်.. အဲ့ဒီထဲကမှ လုပ်နေရတဲ့အလုပ်တွေကနေ လွတ်မြောက်ချင်နေတဲ့ ခန္တာကိုယ် ရောင်းစားနေရသူတယောက်နဲ့  ဥပဒေနဲ့  မလွတ်ကင်းတဲ့ အလုပ် လုပ်နေရတဲ့သူတို့  ၂ယောက် တွေ့ ကြသောအခါ ........ (ဒါရိုက်တာ M. Noe Myat Noe ရဲ့  ပြိုင်ပွဲဝင်ကားပါ)




youtube တင်ပေးတဲ့သူက ဒီကားရဲ့  ဒါရိုက်တာ M.Noe ပါ

ရင်ထဲမှာ ရှိဆဲဖြစ်သော ဒကာကြီးဒေါက်တာ ဖေညွန့် အမှတ်တရများ

Wednesday, March 21, 2012

ရင်ထဲမှာ ရှိဆဲဖြစ်သော ဒကာကြီးဒေါက်တာ ဖေညွန့် အမှတ်တရများ

မတ် ၁၇ . ၂၀၁၂ တွင် ..ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့တွင် ကွယ်လွန်သွားသော ဒကာကြီး ဦးဖေညွန့် အမှတ်တရ...
ဒကာကြီးသည် ဆေးပညာလောက ၊ ဆရာဝန်လောကတွင် ထင်ရှားကျော်ကြား လူသိများသူ၊ မနန်းစိုး၊ မနန်းစံ ရင်ချင်းဆက်မွှာကို အောင်မြင်စွာ ခွဲစိတ်ပေးသော ဆရာဝန်ကြီးဟု ထင်းရှားသော်လည်း  စာရေးသူ ဆေးပညာလောကသား မဟုတ်၍ အသေးစိတ် ဖော်မပြတတ်ပါ။
ဒကာကြီးသည် အမျိုးအနွယ် ၊ မိတ်ဆွေလောကတွင် မှတ်တမ်းတင်လောက်အောင် ထင်းရှားသော်လည်း  စားရေးသူ သမိုင်းမှတ်တမ်း မတင်တတ်ပါ။
ဒကာကြီးသည် ကနေဒါနိုင်ငံ ၊ တိုရန်တိုမြို့ မြန်မိသားစုများ အားထား လေးစားရသော ပုဂ္ဂိုလ်တစ်ယောက် အဖြစ် လူးတိုင်းက လေးစား ဂါရဝပြုကြသော်လည်း.. စာရေးသူနယ်ပယ်မဟုတ်၍ အသေးစိတ်ကို ပြောမပြတတ်ပါ။
စာရေးသူ အမှတ်ရနေသော ဒကာကြီး ဦးဖေညွန့်ကား….

ကဆုန်လပြည့်ဗုဒ္ဓနေ့ပွဲတော် ဒေါက်တာဖေညွန့်

(၁)
စာရေးသူဟာ ၂၀၀၄-ခု မေလ ကနေဒါနိုင်ငံ တိုရန်တို မဟာဓမ္မိက ကျောင်းသို့ရောက်ပါတယ်။ မေလမှာ ဆိုတော့ နိုင်ငံခြားတိုင်ပြည့်ရဲ့  ကဆုန်လပြည့်ဗုဒ္ဓနေ့ပွဲတော်ကို ဦးစွာပထမ ကြုံတွေ့ရခြင်းဖြစ်ပါတယ်။   စာရေးသူ ဦးစွာဆင်နွှဲလိုက်ရတဲ့ ဗုဒ္ဓနေ့ပွဲတော်အလှူရှင်ကား.. ဒေါက်တာဖေညွန့်+ ဒေါ်ကြည်ကြည်ညွန့် မိသားစုပင်ဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး ဒကာကြီး ဦးဖေညွန့်မိသားစုနှင့် စတင်ရင်းနှီးခွင့် ရခဲ့ပါတယ်။  ဒကာကြီးမိသားစု လျှောက်ထားချက်အရ.. ကဆုန်လပြည့်ဗုဒ္ဓနေ့ပွဲတော်ကို မဟာဓမ္မိကကျောင်း စတင်တည် ထောင်ကတည်းကလှူဒါန်းလာတာ ယခုဆို (၁၀) ကျော်ပြီဟုသိရပါတယ်။ တပည့်တော်များ ကွယ်လွန် သွားသော်လည်း သား၊သမီးများကို ဗုဒ္ဓဓမ္မ အမွေအနှစ်အဖြစ် ဆက်လက် လက်ဆင့်ကမ်းသွားမည် ဖြစ်ကြောင်း လျှောက်ထားပါတယ်။
မဟာဓမ္မိကကျောင်းဆရာတော်များ ပြောပြချက်အရ… ကျောင်းတော်ကြီးအသစ်ဆောက်လုပ်မည်ဟု.. စည်းဝေးစဉ်က.. ဒကာကြီး ဦးဖေညွန့်မိသားစုမှ အမာခံအဖြစ် အများဆုံး လှူဒါန်းသွားကြောင်း မှတ်တမ်း တွေ့ရပါတယ်။  အသင်းနှင့်ကျော်တော်ကြီး တိုးတက်ရေးအတွက်ဆိုလည်း ပြောစရာရှိရင် မည်သူ့မျက်နှာမှ မထောက်ထားပဲ .. ပွင့်ပွင့်လင်းလင်း ထောက်ပြ ပြောပြတတ်တဲ့ ဒကာကြီးဖြစ်ပါတယ်။ ဥပမာ… ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်ကို လှူဒါန်းကျွေူးမွေးသော်လည်း safety မဖြစ်သော နေရာတွင် ချက်ပြုတ်လေ့မရှိ ၊ safety မဖြစ်သော မြန်မာ အစားအစာများကို ကျွေးလေ့ ကျွေးထမရှိပါ။

….သာသနာအတွက် ၊ အသင်းအတွက် အမျှော်အမြင်ကြီးမားပေစွ…..
(၂)
ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့တွင် ..မြန်မာလူမျိုးစုများ ၊ မြန်မာလူငယ်များ တိုးတက်ရေးကိုလည်း အထူး အားပေးသော ဒကာကြီးတစ်ယောက်ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်.. နိုင်ငံခြားတိုင်းပြည်ရောက်   မြန်မာများ အချို့ ၈၈-နောက်မှ ရောက်းလာသော ကျောင်းသားမိသားစုများနှင့် အရောတဝင် မနေလိုကျ၊ ဒါကြောင့် ပြည်ပရောက်မြန်မာများတွင်.. ပတ်စပို့အုပ်စုနှင့် ကျောင်းသားအုပ်စုဟု ကွဲကွဲပြာပြား ဆက်ဆံမှု ရှိလာပါတယ်။ ဒကာကြီးက ဤသို့မဟုတ် မည်သူက ဖိတ်ဖိတ်.. တလေးတစား သွားရောက် အားပေးတတ်ပါတယ်။  မည်သူနှင့်တွေ့တွေ့ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး ဆက်ဆံတတ်ပါတယ်။   မှတ်မိပါသေးတယ်.. စာရေးသူ  ၂၀၀၆-ခု မတ်လ ကလေးများ Spring break ကျောင်းပိတ်စဉ်က မြန်မာ ကလေးငယ်များ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းပေးစဉ် တကူးတက ဖိတ်စာရာမလိုပဲ.. လာရောက် အားပေးတာကို စာရေးသူ အထူးကြည်နူး အမှတ်ရနေဆဲပါ။
မြန်မာလူမျိုးများအတွက် အမျှော်အမြင်ကြီးမားပေစွ…..

အလှူဒါန လက်နှင့်မကွာ

(၃)
စာရေးသူက. ဘုန်းကြီး ဖြစ်နေတော့ နိုင်ငံခြားတိုင်ပြည် ရောက်နေသော်လည် အင်္ဂလိပ်လို ကောင်းကောင်း မပြောတတ်ပါ။ ဒီအာနည်းချက်ကိုမြင်တဲ့ ဒကာကြီးက.. “ဦးဇင်း… ကျောင်းတက်.. ကလေးတွေနဲ့ အင်္ဂလိပ်လို ပြော ဒါမှ အင်္ဂလိပ်တတ်မှာ” ဟုဆိုကာ .. စာရေးသူကို  Seneca College ကို သင်တန်းကြေး သွားလာ စရိတ်၊ စာအုပ်စာတန်းစသည်တို့ကို ပေးလှူကာ သင်တန်း (၅) ခုတိုင်အောင် တက်ခဲ့ရပါတယ်။   ၂၀၀၆-ခု စက်စကာ တွန်း မေတ္တာဝိဟာရီကျောင်းသစ် ပေါ်ပေါက်လာတော့မှ. ..ဒကာကြီးမိသားစုမှ သင်းတန်းကြေး လှူဒါန်း ထားသော်လည်း တာဝန်တဖတ်ရှိနေတော့ ကျောင်းဆက်မတတ်ဖြစ်တော့ပါ။ သို့သော်လည်း စာရေးသူ ကျောင်းတက်ချင်ရင် ဆက်လက်လှူဒါန်းပေးမည်ဖြစ်ကြောင်းကိုလည်း မကြာကြာ လျှောက်ထားဖြစ်ပါတယ်။
စာရေးသူအတွက် အမျှော်အမြင်ကြီးမားပေစွ……
(၄)
စာရေးသူဟာ တိုရန်တို မဟာဓမ္မိကကျောင်းမှာ သတင်းသုံးစဉ်က.. လူငယ်ဆိုတော့ ကျောင်းဝေယျာဝစ္စ၊ အားလုံးဆောင်ရွက်ပါတယ်။ ဒီလို အတိုအထွာဖြင့် အချိန်ကုန်နေတာကို ဒကာကြီးမှ .. မဖြစ်စေလိုပါ... ဒါကြောင့် အွန်လှိုင်မှ နေ့စဉ်နေ့တိုင်း အင်္ဂလိပ်စားဖြင့် ဓမ္မစာပေများကို ဖတ်ကြား၊ သင်ကြားပေတာ…
·         K.Siri Dhammanada ရေးတဲ့ What Buddhists Believe
·         Dr. Revatadhamma ရေးတဲ့  The Buddha’s Prescription
·         Dr. Walpola Ruhara ရေးတဲ့  What the Buddha Taught
·         Dr. U Silananda ရေးတဲ့  Four Foundations of Mindfulness
စာအုပ်လေးအုပ်ကို ကုန်းဆုံးသည့်အထိ သင်ကြားပေးခဲ့ပါတယ်။
စာဖတ်တဲ့အခါမှာ ဒကာကြီးဟာ အချိန်တိကျလေ့ရှိပြီး တစ်ခါတစ်ရံ စာရေးသူမှ .. အလုပ်ရှုပ်နေရင်.. “ ဒါတွေ နောက်မှ လုပ်စမ်းပါ” ဆိုကာ နေစဉ်မပြက် သင်ကြားပေးခဲ့ပါတယ်။
တစ်ခါတရံ  အင်္ဂလိပ်လို အသံထွက် မပီသရင်လည်း… တိတိကျကျ အကြိမ်ကြိမ်အခါခါ ရွတ်ဆိုခိုင်း   လေ့ရှိပါတယ်။
စားရေးသူတွက်..အမျှော်အမြင်ကြီးမားပေစွ…
အချုပ်ဆိုရသော်.. ဒကာကြီး၏  စိတ်နေသဘောထား…၊ ဒကာကြီး၏ မမျှော်အမြင်ကြီးမားမှု… ဒကာကြီး၏ အမျိုးဘာသာ၊ သာသာနာအတွက် လုပ်ဆောင်ချက်များကာ.. ဒကာကြီး ကွယ်လွန်သွားသော်လည်း   နောင်လာ နောင်သားများ ရင်ထဲနှလုံးသားထဲမှာ ရှိနေဆဲပါ….ဟု…….။
အရှင်ဃောသက
ဗုဒ္ဓရံသီဆရာတော်
http://buddharmsi.blogspot.ca/2012/03/blog-post_2747.html?spref=fb