Friday, March 23, 2012

လယ်ဆည်ဝန်ကြီးဧ၊၊် ရင့်ရင့်သီးသီး စော်ကားပြောကြားခဲ့မှုကိုဝန်ချတောင်းပန်ခြင်း ပြုလုပ်ပေးပါရန် တောင်းဆို

webmonkey (Online monkey)
Wannabe Cupid
Hot News Journal No.84 (23-29 March) Page 20 တွင် ပါရှိသော လယ်ဆည်ဝန်ကြီးဧ၊၊် ဦးမြင့်လှိုင်နှင့် တွေ့ဆုံခြင်း အင်တာဗျူးတွင်.. ၀န်ကြီးမှ သုံးနှုန်းလိုက်သော အချို့စကားရပ်များသည် ပြည်ထောင်စု လွတ်တော်ကိုယ်စားလှယ် အားလုံးကို ရင့်ရင့်သီးသီး စော်ကားပြောကြားခဲ့သည် ကို ပြည်ထောင်စုလွတ်တော်ကိုယ်စားလှယ်များမှ စုပေါင်းလက်မှတ်ထိုး ပြီး ၀န်ကြီးဧ၊၊် ကိုယ်၊ နှုတ်စောင့်စည်းမှုမရှိဘဲ ပြောဆိုမှုများအား ပြင်းထန်စွာရှုတ်ချကြောင်းနှင့် ပြည်ထောင်စု လွတ်တော်နှင့် တကွ လွတ်တော်အားလုံး၊ လွတ်တော်ကိုယ်စားလှယ်အားလုံးအား နိုင်ငံတောင်ပိုင် သတင်းစာ၊ ရုပ်မြင်သံကြားတို့မှ တရားဝန်ဝန်ခံခြင်း၊ ၀န်ချတောင်းပန်ခြင်း ပြုလုပ်ပေးပါရန် တောင်းဆိုထားပြီး ထိုသို့ မပြုလုပ်ပေးပါက(၂၀၀၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပေဒအား လေးစားလိုက်နာမှုမရှိဘဲ ဖောက်ဖျက်ခြင်း၊ စော်ကားကျူးလွန်မှုများကို တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပါသည်၊၊

ွှ့The Hot News Journal မှ တွေ့ဆုံမေးမြန်းခန်းမှ စာသားအချို့ကို အောက်တွင်ကြည့်နိုင်ပါတယ်၊

" အမျှော်အမြင်ရှိတဲ့ လူကြီးတွေလုပ်ထားတာတွေကို ဝေဖန်ပြစ်တင်နေတာသည် အင်မတန်မှားယွင်းတဲ့ အလုပ်ပဲ"

" အဲလိုဝေဖန်တဲ့သူတွေက တအားမိုက်ရိုင်းလွန်းအားကြီးတာပေါ့နော်၊၊ မိုက်ရိုင်းတာမခံနိုင်လို့ရှင်းပြရတာပါ၊၊"

" အခြေခံဖြစ်တဲ ဒေသအသီးသီးကက လွတ်တော်ကိုယ်စားလှယ် ဆိုပြီးရောက်လာတဲ့လူက စာမှမတတ် ဆယ်တန်းမှ မအောင်ပဲ လွတ်တော်ထဲလာထိုင်တော့ သူများထဆိုမတ်တပ်ထနေတယ်၊၊ သူများထိုင်ဆိုထိုင်နေတယ်၊၊ သူများခလုပ်နှိပ်ဆိုနှိပ်တယ်၊၊သူမှဘာ မှမသိတာ၊၊ဘာတွေပြောနေလဲသူနားလည်တာမပာုတ်ဘူး၊၊ ရမ်းလုပ်နေတာ"

"ဥပဒေက ကမောက်ကမဖြစ်နေယင် အစိုးရပဲဝေဖန်နေမယ်၊၊ အထဲမှာ ရှိတဲ့မီဒီယာတွေ အနေနဲ့ကလဲ အစိုးရကို ၀ိုင်းပြီး သမနေရင် ကမောက်ကမဖြစ်ပြီး လှေကြီးနစ်တဲ့အခါကြရင် ဘယ်သူအရင်အဆုံးနာမလဲ၊၊ ပြည်သူက အရင်ဆုံးနာမယ်၊၊တလှေတည်းစီး တခရီးထဲသွားဆိုတာ တဖွဖွနေရတယ် ဆိုတာအဲဒါပဲ။ လှော်တဲ့ကောင်ကလည်း လှော်ရမယ်၊၊ ထိုင်တဲ့ကောင်ကလည်းငြိမ်ငြိမ်လေးထိုင်၊၊ အသက်ကြီးပြီးဆိုရင်ငြိမ်နေရမည်၊၊ ငြိမ်ငြိမ်လေးမထိုင်ပဲ အသားကုန် ပာိုလှုပ် ဒီလှုပ်ရင် ဒါကြောင့်လဲ ဘုန်းကြီးလဲအရုး နဲ့ လှေလူးလို့ပြောတာ၊၊"

" အခုဆိုရင် ဘတ်ဂျက် ကိစ္စတွေနဲ့ ပတ်သက်တဲ့ လွတ်တော်ထဲမှာလဲ အတိုက်အခံပါတီဘက်ကနေပြီးတက်လာတဲ့ ဒီမိုကရေစီအင်အားစု အမတ်တွေလည်းရှိတယ်၊၊ အထူးသဖြင့် သူတို့တွေက ဘက်ဂျက်ကိစ္စကို ကျယ်ကျယ်လောင်လောင် အော်နေတာတွေ့ရတယ်၊၊ အဲဒီလိုအခြေအနေမှာ လက်ရှိလုပ်နေရတဲ့ ၀န်ကြီးဌာနတွေ အနေနဲ့ ကတော့ အခက်အခဲ အမြင့်ဆုံးပဲလေ၊၊ ဒီဘတ်ဂျက်မှာ လယ်ယာစိုက်ပျိုးရေးကို ၆၀ ရာခိုင်နှုန်းလောက် ဘတ်ဂျက်လျှော့သွားတာကိုတွေ့ရပါတယ်၊၊"
http://mmcpcommunity.net

ပြည်ခိုင်ဖြိုးအတွက်ကားနဲ့ အဆိုတော်ပါရင်လာမယ်......


ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ဒဂုံဆိပ်ကမ်းမြို့နယ်ယုဇနဥယျာဉ်မြို့တော်တွင်ပြုလုပ်မည့်မဲဆွယ်စည်းရုံးရေးပွဲအတွက်လာရောက်မည့်ပါတီတာဝန်ရှိသူများကိုကြိုဆိုရန်စောင့်ဆိုင်းနေသောထောက်ခံအားပေးသူတချို့

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ဒဂုံဆိပ်ကမ်းမြို့နယ်ယုဇနဥယျာဉ်မြို့တော်တွင်ပြုလုပ်သည့်မဲဆွယ်စည်းရုံးပွဲအပြီး ပရိသတ်များပြန်ရန်ပြင်ဆင်နေပုံ



ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ဒဂုံဆိပ်ကမ်းမြို့နယ်ယုဇနဥယျာဉ်မြို့တော်တွင်ယနေ့ပြုလုပ်သောမဲဆွယ်စည်းရုံးရေးပွဲ၌ဖျော်ဖြေနေသောတေးသံရှင်နှစ်ဦး



ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ဒဂုံဆိပ်ကမ်းမြို့နယ်ယုဇနဥယျာဉ်မြို့တော်တွင်ယနေ့ပြုလုပ်သောမဲဆွယ်စည်းရုံးရေးပွဲအတွက်ပါတီတံဆိပ်ပါတီရှပ်အင်္ကျီများဝေငှနေသူတစ်ဦး


ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ဒဂုံဆိပ်ကမ်းမြို့နယ်ယုဇနဥယျာဉ်မြို့တော်တွင်ပြုလုပ်သည့်မဲဆွယ်စည်းရုံးရေးပွဲတွင်သရုပ်ဆောင်အဆိုတော်နန်းဆုရတီစိုး၏ဖြေဖျော်မှု


တေးသံရှင်ဝီလျံ





ဒေါ်အောင်ဆန်းစုကြည်မှတဆင့် ဗိုလ်ချုပ်ရှပ်ရှင်ကားဖြစ်မြောက်ရေးအတွက် ကျပ်သိန်း၁၀၀၀လှူ။


Kyaw Lin Oo

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအတွက် နာယကဒေါ်အောင်ဆန်းစုကြည်မှ တဆင့် ပေးပို့လှူဒါန်း သော အလှူငွေကျပ် သိန်းတစ်ထောင် ကို ယနေ့ ၂၀၁၂ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ဇာဂနာ ၊ ထွန်းအိန္ဒြာဗိုလ် ၊ ငှက်ပျောကြော် တို့မှ လက်ခံရရှိခဲ့ပါသည် ။



Min Kyaw Khine
၂၃.၃.၂၀၁၂ (သောကြာ)နေ့သည် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်တင်မြှောက်မည့် မဲထည့်ရသောနေ့တစ်နေ့ဖြစ်သည်။ နံနက် (၉း၃၀) နာရီအချိန်တွင် အစိုးရမဟုတ်သောအနုပညာသမားများသာပါဝင်သော NGO စစ်စစ်ဖြစ်ပေါ်လာမည့် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးရွေးကောက်ပွဲသို့ ကျွန်တော်သွားရောက်ကာပထမဦးဆုံးအဓိကသရုပ်ဆောင်အလွှာအတွက် ဆန္ဒမဲဝင်ရောက်ပေးခဲ့သည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ ဆန္ဒမဲပေးပြီးသည်နှင့် တပြိုင်နက် တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ်(၅၄)ရှိ အမေဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ နံနက် (၁၀း၃၀) နာရီမတိုင်မီအရောက်သွားခဲ့ရသည်။ ကျွန်တော်တို့ခြံရှေ့သို့ ရောက်ရှိပြီးမကြာမီTownaceမော်တော်ယာဉ် (၅) စီး ရှေ့ဆင့်နောက်ဆင့်ရောက်လာခဲ့သည်။ ထို့နောက် အမေဒေါ်အောင်ဆန်းစုကြည် ခြံဝန်းအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။ အမေ့အိမ်အတွင်းဧည့်ခန်းဆောင်တွင် ခေတ္တနေရာယူနေစဉ်အတွင်းအမေဒေါ်အောင်ဆန်းစုကြည် ဧည့်ခန်းဆောင်အတွင်းသို့ ရောက်လာတော့သည်။ ကျွန်တော်သည် ကျွန်တော်နှင့်အတူပါလာသော ရွှေစင်စင်္ကြာခရီးသွားပို့ဆောင်ရေးမိသားစုနှင့် အမေ့အားမိတ်ဆက်ပေးပြီးသည့်နောက် ဦးသန်းမောင် (မော်ကွန်းဝင်ပထမအဆင့်)ဇနီးဒေါ်လှရီ (ရွှေစင်စင်္ကြာမိသားစု)မှ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရေးအတွက် အလှူငွေ သိန်းတစ်ထောင်ကျပ်တိတိအားအမေဒေါ်အောင်ဆန်းစုကြည် လက်ဝယ်သို့ လှူဒါန်းပေးအပ်ခဲ့ကြသည်။ ထို့နောက် အမေနှင့် အလှူရှင်မိသားစုဖြစ်သောဦးသန်းမောင် (မော်ကွန်းဝင်ပထမအဆင့်)နှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ မော်လမြိုင်မြို့တွင် ဆုံတွေ့ခဲ့ရပုံစသည့် ရှေးဟောင်းနှောင်းမြစ်များအားလွမ်းဆွတ်ဖွယ်ပြောကြားခဲ့ပြီးဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားနှင့် ပတ်သက်၍ ကျွန်တော်မှ ဖိဖိစည်းစည်းတာဝန်မယူပေးနိုင်မှုများကိုခွင့်လွှတ်နားလည်ပါရန် အမေ့အားပြောကြားခဲ့သည်။ ကျွန်တော်သည် နာရေးကူညီမှုအသင်း(ရန်ကုန်) မှတ်ပုံတင်ပြန်လည်ရရှိပြီဖြစ်ပါ၍ လူမှုရေးကိစ္စများအားဆထပ်တန်ဘိုးလုပ်ဆောင်နေရပါကြောင်း၊ အမေကလည်းသူသည်လည်း ရွေးကောက်ပွဲကာလ ဖြစ်နေသောကြောင့် ဗိုလ်ချုပ်အောင်ဆန်းဇာတ်ကားကိစ္စရပ်များအားဖိဖိစည်းစည်းမလုပ်နိုင်သေးကြောင်းမကြာမီကာလတွင် ယင်းဇာတ်ကားအတွက် ထဲထဲဝင်ဝင် လုပ်ကိုင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်းပြောကြားခဲ့ကြသည်။ အလှူရှင်မိသားစုများနှင့် စုပေါင်းအမှတ်တရမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးကြကာယခုလိုလှူဒါန်းမှုအတွက် များစွာကျေးဇူးတင်ရှိပါကြောင်းအမေမှ ပြောကြားကာအလှူရှင်မိသားစုများနှင့်တကွ ကျွန်တော်တို့ အမေ့အားနှုတ်ဆက်ပြီးအမေ့ခြံမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။
ယခုလိုဗိုလ်ချုပ်အောင်ဆန်းဇာတ်ကားအတွက် လှူဒါန်းမှုသည် မြန်မာနိုင်ငံ၏သမိုင်းအစစ်အမှန် ကိုကမ္ဘာမှသိရှိအောင် ဖော်ကျူးခြင်း၊ တိုင်းရင်းသားပေါင်းစုံနှင့် ဖွဲ့စည်းထားသော မြန်မာတို့၏ အမျိုးသားရေးကိစ္စကိုတဖက်တလမ်းပံ့ပိုးမှုပြုလုပ်ခြင်းတို့အပြင် ယင်းဗိုလ်ချုပ်အောင်ဆန်းဇာတ်ကား ရုံတင်ပြသသည့်အခါ ရရှိမည့် အကျိုးအမြတ်များအားလုံးကို မြန်မာပြည်သူလူထု၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် ကဏ္ဍများအား လှူဒါန်းမှုပြုလုပ်မည်ဖြစ်ပါ၍ ယခုကဲ့သို့ ရွှေစင်စင်္ကြာမိသားစု၏ ကောင်းမှုအလှူ သည် ကောင်းမှုပေါင်းမြောက်များစွာဖြင့် ပေါင်းစည်းထားသောအမြင့်မြတ်ဆုံးကောင်းမှုကုသိုလ်ကြီးပင် ဖြစ်တော့သည်။

(ကျော်သူ)









ကြားဖြတ်ရွေးကောက်ပွဲ မှာပါဝင်ယှဉ်ပြိုင်မယ့် ပြည်ခိုင်ဖြိုးပါတီအတွက် မဲဆွယ်တေး

Uploaded by KoNiknayman on 23 Mar 2012

ကြားဖြတ်ရွေးကောက်ပွဲ၌ ပြည်ပရောက်ရှိနေသော မြန်မာများထဲမှ မဲစာရင်းတွင် ပါဝင်သူ ၅၉၇ ဦးရှိ

7Day News Journal
လာမည့်ဧပြီ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် ပြည်ပရောက်ရှိနေသော မြန်မာများထဲမှ
မဲစာရင်းတွင် ပါဝင်သူ ၅၉၇ ဦးရှိကြောင်း ရွေးကောက်ပွဲကော်မရှင်မှ သတင်းရရှိသည်။
ရွေးကောက်ပွဲဆိုင်ရာနည်းဥပဒေများအရ ပြည်ပရောက်မဲဆန္ဒရှင်များမှာ ၎င်းင်းတို့ရောက်ရှိနေသော နိုင်ငံရှိ
မြန်မာသံရုံးတွင် ကြိုတင်မဲပေးရမည်ဖြစ်သည်။ ကြားဖြတ်ရွေးကောက်ပွဲကို မြို့နယ် ၅၉ မြို့နယ်၌ ကျင်းပမည်
ဖြစ်ရာ မဲစာရင်းတွင် ၄၅ မြို့နယ်မှ ပြည်ပသို့ အစိုးရခွင့်ပြုချက်ဖြင့် သွားရောက်လုပ်ကိုင်နေသူများ ပါဝင်
ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ဥပဒေအရ ပြည်ပရောက်
နိုင်ငံသားများမှ မဲပေးခွင့်ရမည့်သူများမှာ ပြည်ထောင်စုအစိုးရ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြည်ပရောက်ရှိနေသော နိုင်ငံသားများသာ

မဲပေးခွင့်ရှိသည်။ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်း၌ ပါဝင်သူများမှာ အစိုးရ၏ခွင့်ပြုချက်ဖြင့် ပြည်ပသို့သွားရောက်လုပ်ကိုင်သူများထဲမှ

နိုင်ငံခြားရေးဝန်ကြီးဌာနက ပြုစုပေးထားသောစာရင်း၌ပါဝင်ပြီး လက်လှမ်းမီသမျှဆက်သွယ်၍ရရှိသူများဖြစ်ကြောင်း သတင်းရရှိသည်။
အစိုးရ၏ ခွင့်ပြုချက်ဖြင့် ပြည်ပရောက်ရှိနေသော မဲဆန္ဒရှင်များမှာကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးရန်

ကြိုတင်မဲပေးခွင့်တောင်းခံလွှာ(ပုံစံ-၁၅) ဖြင့် ၎င်းင်းတို့နေထိုင်ခဲ့ရာမြို့နယ်ကော်မရှင်ရုံးများသို့ လျှောက်ထားရပြီး သက်ဆိုင်ရာမဲဆန္ဒနယ်တွင်

၎င်းင်းတို့၏ အမည်စာရင်းပါဝင်ပါက ၎င်းင်းတို့အတွက် မဲလက်မှတ်များကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာမြန်မာသံရုံးမှတစ်ဆင့်

ရွးကောက်ပွဲဥပဒေများအတိုင်း ပေးပို့ခြင်းဖြစ် ကြောင်း အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။
ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်အတွင်း နေထိုင်သူဖြစ်ပြီး၊ အစိုးရ၏ တရားဝင်ခွင့်ပြုချက်ဖြင့်ပြည်ပရောက်ရှိနေသူဖြစ်သော်လည်း

မဲစာရင်း၌မပါလျှင် ပုံစံ(၁၅) ပြန်လည်လျှောက်ထားပြီး မဲစာရင်းဝင်ရန်ဆောင်ရွက်ရန်မှာ မမီနိုင်တော့ကြောင်းလည်း သတင်းရရှိသည်။
သို့သော် ကြားဖြတ်ရွေးကောက်ပွဲတွင် မည်သို့မဲပေးရမည်ကို အလုပ်သမားအများစုက မသိကြသေးကြောင်း ထိုင်းနိုင်ငံ၊

မဲဆောက်မြို့ရှိ မြန်မာပြည်သား အရေးပူးတွဲလှုပ်ရှားမှု ကော်မတီဥက္ကဋ္ဌဦးမိုးကြိုးက ပြောသည်။
"အလုပ်သမား အများစုက သူတို့ကိုယ်သူတို့ မဲထည့်ခွင့်ရှိသူ တွေဆိုတာတောင် မသိကြဘူး၊ တချို့ဆိုရင်
ဒီမှာလာနေတာ နှစ်နဲ့ ချီနေပြီ။ မြန်မာပြည်ကို အလည်လောက်ပဲ ပြန်ကြတော့တာ"ဟု သူက ပြောသည်။ ထိုင်းနိုင်ငံသို့ ၂၀၀၄ ခုနှစ်ကတည်းက

သွားရောက်အလုပ်လုပ်ကိုင်နေသည့် ကိုစိုင်းစံမြင့်ကလည်း ရွေးကောက်ပွဲနှင့်ပတ်သက်၍ မည်သို့မဲပေးရမည်ဆိုသည့် သတင်းအချက်အလက်ကို

(သံရုံးက တစ်ဆင့်ထုတ်ပြန်ခြင်းကြောင့် ဖြစ်စေ၊ အချင်းချင်းသတင်း ဖလှယ်၍ဖြစ်စေ) မရရှိသေးကြောင်း ပြောသည်။ "ရွေးကောက်ပွဲရှိတာကို

သိ တယ်။ မဲထည့်ဖို့လည်းဆန္ဒရှိတယ်။ ကျွန်တော်ကြိုက်တဲ့ပါတီလည်း ရှိတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ သံရုံးကလည်း

ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘာမှထုတ်ပြန်ထားတာမရှိသေးပါဘူး"ဟု ပြောသည်။

ဝေသာလီ မိုးမောင်
စင်ကာပူမှာ .. ၆ ယောက်လား ၈ ယောက်လားပဲ ပေးပါတယ် .. ၂ ယောက်ပဲ အပြင်လူပါပါတယ် .. ကျန်တာ သံဝန်ထမ်းတွေပါ ..

Zaw Zaw Myo ၈ ယောက်ပါ။သံရုံးဝန်ထမ်း ၂ ယောက် ပါဝင်ပါတယ်။၈ မဲမှာ ၁ မဲက ပျက်ကွက်မဲပါ။သူငယ်ချင်းရဲ့ အမျိုးသမီးကအလည်ပြန်သွားတဲ့အတွက် သူ့မဲက ပျက်ကွက်ပါ။ ကျန်တဲ့ ၇ ယောက်မှာသံရုံးဝန်ထမ်းမဟုတ်တဲ့ ၅ ယောက်က မော်လမြိုင် အတွက် ပေးခဲ့တာပါ. ဘယ်ပါတီကိုမဲပေးခဲ့လည်းဆိုတာ မေးစရာကို မလို့ပါဘူး :D

ရုပ်ရှင်အစည်းအရုံး ရွေးချယ်ခံရသူများ

Yangon Press International
မတ်လ၂၃ရက်၊ ၂၀၁၂၊ 7:36PM(YPI)

သရုပ်ဆောင်အလွှာမှ ရွေးချယ်ခံသူများတွင်

၁။ ဦးဇင်ဝိုင်း(၈၀မဲ)၊ ၂။ ဦးလူမင်း(၆၃မဲ)၊ ၃။ ဒေါ်ထွန်းအိန္ဒြာဗို(၃၅မဲ)၊ ၄။ ဦးရန်အောင်(၂၉မဲ)၊ ၅။ ဦးဝေဠုကျော်(၂၆မဲ)၊ ၆။ ဒေါ်သန်းသန်းစိုး(၂၁မဲ)၊ ၇။ ဦးပြေတီဦး(၂၀မဲ)၊ ၈။ ဒေါ်မေသန်းနု(၁၉မဲ)၊ ၉။ ဒေါ်မေသဉ္စာဦး(၁၁မဲ)၊ ၁၀။ ဦးသန်းဝင်း(၈မဲ)၊ ၁၁။ ဦးနေမျိုးအောင်(၂မဲ) တို့ရရှိပြီး ဦးဇင်ဝိုင်းနှင့် ဦးလူမင်းတို့ ရွေးချယ်ခံရပါသည်။

ဇာတ်ပို့/ဇာတ်ရံအလွှာအဖွဲ့မှ ရွေးချယ်ခံသူများ
၁။ ဦးအောင်ခိုင်(၁၇၂မဲ)၊ ၂။ ဦးအရိုင်း(၁၁၄မဲ)၊ ၃။ ဒေါ်မတူး(၇၅မဲ)၊ ၄။ ကျောက်ရိုင်းအောင်မြတ်(၄၉မဲ)၊ ၅။ ဦးကိုကိုဦး(၄၇မဲ)၊ ၆။ ဦးရိုင်းမင်း(၄၄မဲ)၊ ၇။ ဦးခင်လှိုင်(၂၉မဲ)၊ ၈။ ဒေါ်ကြူကြူသင်း(၂၅မဲ)၊ ၉။ ဦးအောင်ဇော်(၁၅မဲ)၊ ၁၀။ ဦးကြူးမား၊ ဦးမင်းထိုက်၊ ဒေါ်သဇင်ထွန်း(၄မဲ)၊ ၁၁။ ဦးနိုင်လူ(၃)မဲတို့ ရရှိပြီး ဦးအောင်ခိုင်နှင့် ဦးအရိုင်းတို့ ရွေးချယ်ခံရပါသည်။

ဗီဒီယိုအလွှာမှ အရွေးခံသူများ
၁။ ဦးဝင်းကြည် (၃၂မဲ)၊ ၂။ ဦးပြူး(ခ)အေးစိုး (၃၀မဲ)၊ ၃။ ဦးကျော်လင်းထွန်း (၂၅မဲ)၊ ၄။ ဦးဝင်းကို (၂၀မဲမ)၊ ၅။ ဒေါ်ကေခိုင်စိုး (၁၆မဲ)၊ ၆။ ဦးမျိုးဇော် (၁၅မဲ)၊ ၇။ ဦးစိုးသိမ်း (၁၄မဲ)၊ ၈။ ဦးမင်းအောင်ကျော်အေး (၉မဲ)၊ ၉။ ဦးဝင်းထိုက်ဇော် (၈မဲ) တို့ရရှိပြီး ဦးဝင်းကြည်နှင့် ဦးပြူး(ခ)အေးစိုးတို့ ရွေးချယ်ခံရပါသည်။

စက်မှုအလွှာအဖွဲ့မှ မှတ်တမ်းတင်ရွေးချယ်ခံစာရင်းတွင် ဦးကိုကိုဌေး(၂၇မဲ)၊ ဦးကျော်ညွန့်(၁၃၅မဲ)၊ ဦးဝေစိုး(၄၁မဲ)၊ ဦးတင်စန်း(၂၆မဲ)၊ ဦးတိုနီ(၅မဲ)၊ ဦးမောင်လုံး(၃၁မဲ)၊ ဦးလှသိန်း(၁၄မဲ)၊ ဦးသာကျော်(၃၆မဲ) ရရှိပြီး ဦးကျော်ညွန့်နှင့် ဦးဝေစိုးတို့ ရွေးချယ်ခံခဲ့ရသည်။

ထုတ်လုပ်သူများအလွှာအဖွဲ့မှ မှတ်တမ်းတင်ရွေးချယ်ခံစာရင်းတွင် ဦးကျော်ဝဏ္ဏ(၁၁မဲ)၊ ဦးဘုန်းမော်(၉မဲ)၊ ဒေါ်မင်းမင်းသက်(၃မဲ)၊ ဦးမျိုးဝင်း(၂မဲ) ရရှိပြီး ဦးကျော်ဝဏ္ဏနှင့် ဦးဘုန်းမော်တို့ ရွေးချယ်ခံရကြောင်း သိရှိရပါသည်။








ပြည်သူတွေ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်ရဖို့ ကြိုးစားသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

Uploaded by BurmaVJMedia on 23 Mar 2012

ပြည်သူတွေ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်ရဖို့ ကြိုးစားသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော
လာမယ့် ဧပြီလ ၁ ရက်နေ့ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူဝင်ရောက်ယှဉ်ပြိုင် အရွေးခံမယ့် ကော့မှူးမြို့နယ် ကို မက်လ ၂၂ ရက်နေ့က မဲဆွယ်စည်းရုံးရေးအဖြစ် သွားရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်မှာ တွံတေးမြို့နယ် ဘုရားကြီးကျေးရွာက မင်္ဂလာလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ မှာရှိတဲ့ မိဘမဲ့ခလေး ၆၀၀ ကျော်ကို သွားရောက်တွေ့ဆုံ အားပေခဲ့ပါတယ်။ ဒီခရီးစဉ်မှာ သူ့အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရတဲ့ အကြောင်းနဲ့ပတ်သက်လို့ ကော့မှူးဒေသခံတွေကို ရှင်းပြပြောဆို သွားခဲ့သလို ဥပဒေစိုးမိုးရေးဟာလည်း အရေးကြီးကြောင်း ဒါ့အပြင် ပြည်သူတွေအနေနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်ရဖို့အတွက် ကြိုးစား လုပ်ဆောင် သွားမယ်လို့ သူကပြောဆိုသွားခဲ့ပါတယ်။


Uploaded by BurmaVJMedia on 23 Mar 2012
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မတ်လ(၂၂)ရက်နေ့က ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ပြည်သူလူထုတွေကို "လာမယ့်ကြားဖြတ်ရွေးကောက်ပွဲဟာ အစိုးရကို ပြောင်းလဲရေးအတွက် လုပ်နေတဲ့ ရွေးကောက်ပွဲမဟုတ်ပဲ ဒီမိုကရေစီသဘောအရအစိုးရလုပ်သူတွေရဲ့ လုပ်ရပ်တွေကို သေသေချာချာလေ့လာပြီးတော့ ထောက်ပြသင့်တာတွေကို ထောက်ပြဖို့ဆိုတာ ဒီမိုကရေစီနိုင်ငံရေးပါတီတွေရဲ့ တာဝန်ဖြစ်ပြီး အဲ့ဒီတာဝန်တွေကို ကျေပွန်အောင်လုပ်ဆောင်သွားမည်"ဖြစ်ကြောင်း သူမ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံမယ့် ကော့မှူးမြို့နယ် အတွင်း ပထမဆုံး မဲဆွယ် စည်းရုံးရေးဟောပြောပွဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ပြိုင်ပွဲဝင် စကာတင်ကား ၇ - Beyond

ပြိုင်ပွဲဝင် စကာတင်ကား ၇ - Beyond
DVB entertainment
မတူညီတဲ့ အဖွဲ့ အစည်း လူပုဂ္ဂိုလ်တွေအကြားမှာ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရေးအကျဉ်းသားတွေအပေါ် အခေါ်အဝေါ်ကြွဲပားပုံနဲ့  တိုင်းပြည်ကောင်းကျိုးအတွက် အမြင် ကြွဲပားပေမယ့် ငြိမ်းငြိမ်းချမ်းချမ်းနဲ့  အတူတူ ဆောင်ရွက်နိုင်တယ်ဆိုတာ ဒါရိုက်တာ Tun Tun Aye သရုပ်ဖေါ် ရိုက်ကူးထားတာပါ ... ( နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဘို့  တောင်းဆိုလှုပ်ရှားမှု တခုဖြစ်တဲ့ လက်ဖ၀ါးပေါ်မှာ မိမိတို့ လွတ်စေချင်တဲ့ နိုင်ငံရေးအကျဉ်းသား နာမယ်လေးတွေရေးပြီး လှုပ်ရှားတာတွေ ကိုပါ ပုံဖေါ်ထားပါတယ်.. ဒါက မြန်မာပြည်တွင်းကနေရိုက်ကူးတဲ့ ရုပ်ရှင်တွေအကြား တွေ့ ရခဲတဲ့ နိုင်ငံရေးအကျဉ်းသားတွေအကြောင်းပါ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတိုလေးပါ ...)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မတ်လ(၂၃)ရက်သတင်းထုတ်ပြန်ချက်

National League for Democracy
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ်(၉၇/ခ) အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်

ရက်စွဲ - ၂၀၁၂ခုနှစ် မတ်လ(၂၃)ရက်

သတင်းထုတ်ပြန်ချက်

အဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာကို ထိခိုက်စော်ကားသည့် အကြောင်းအရာများ ရေးသားထားသော စာရွက်စာတမ်းများကို အထက်မြန်မာနိုင်ငံနှင့်ရန်ကုန်မြို့တွင် ဖြန့်ဝေလျက်ရှိရာ တာဝန်ရှိသူတို့က ယခုအချိန်ထိ ဟန့်တားအရေးယူခြင်းမရှိခြင်းသည် ယင်းကိစ္စရပ်များကို အားပေးရာရောက်ပါသည်။

ရေဦးမြို့နယ်၊စစ်ကိုင်းတိုင်းဒေသကြီး

ရေဦးမြို့နယ်ချောင်းဆုံကျေးရွာကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းရွှေ(ဘ) ဦးစိုးမောင်သည် ၂၁.၃.၂၀၁၂ရက်နေ့ညနေ (၃)နာရီတွင် ပြည်ခိုင်ဖြိုးပါတီအမည်နှင့် ခြင်္သေ့တံဆိပ်ပါတီရှပ်ကိုဝတ်ပြီး ပြည်ခိုင်ဖြိုးပါတီအတွက် မဲဆွယ်စည်းရုံးမှုပြုနေကြောင်း သတင်းရရှိပါသည်။

ကျေးရွာကော်မရှင်ဥက္ကဋ္ဌက ပါတီတစ်ခုအတွက်မဲဆွယ်စည်းရုံးမှုသည် တရားမျှတသောရွေးကောက်ပွဲ ဖြစ်ပေါ်လာစေရေးအတွက် အနှောက်အယှက်ဖြစ်ပါသည်။

ပုသိမ်မြို့နယ်၊ဧရာဝတီတိုင်းဒေသကြီး

သမဝါယမဒုတိယဝန်ကြီး ဦးသိန်းထွန်းသည် ရွှေသောင်ယံမြို့နယ်ခွဲ သဘော့ကန်ကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီအတွက် မဲဆွယ်စည်းရုံးရေးဆင်းခဲ့သည်။ ယင်းလုပ်ရပ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂(ဋ)ပါ ပြဋ္ဌာန်းချက်ကို ဆန့်ကျင်သည့် လုပ်ရပ်ဖြစ်ပါသည်။

ကန့်ဘလူ၊ကျွန်းလှ၊ရေဦး၊တန့်ဆည်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်၊စစ်ကိုင်းတိုင်းဒေသကြီး

မတ်လ(၁၉)ရက်နေ့၊ ညနေ(၄)နာရီအချိန်တွင် အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမြင့်နိုင်နှင့် အဖွဲ့သည် နဂါးပေါ်ကျေးရွာတွင် စည်းရုံးဟောပြောပွဲ ကျင်းပနေစဉ် ပြည်ခိုင်ဖြိုး ပါတီဝင်တစ်ဦးက ဟောပြောပွဲအနီး ကောက်ရိုးပုံကို မီးရှို့ပွဲလှန့်ခဲ့ရာ ရွာသူရွာသားများသွားရောက်ငြိမ်းသတ်ခဲ့ရသည်ဟုသတင်းရရှိပါသည်။

ဗဟိုအောင်နိုင်ရေးအဖွဲ့



The Voice Weekly
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ဖြစ်ပွားလျက်ရှိသော ကြားဖြတ် ရွေးကောက်ပွဲအတွက် ကြိုတင်မဲများ ဥပဒေသတ်မှတ်ချက်ထက် ကျော်လွန်ကောက်ယူနေခြင်း ကိစ္စရပ် ပြန်လည် စိစစ်ပေးရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ထားဝယ်ခရိုင် ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့က ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ကို ယနေ့ တောင်းဆိုလိုက်သည်။




ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှုကွန်ယက်ဖွဲ့စည်း

Yangon Media Group
၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှုကွန်ယက်ဖွဲ့စည်းမှုကိုရှင်းလင်း ပြောကြားစဉ်








http://www.yangonmedia.com/

Eleven Media Group




ရွေးကောက်ပွဲများ နှင့် မဲမသမာမှု

မောင်ကိုနီ (တရားရုံးချုပ် ရှေ့နေ)အာဟာရစာစောင်မှ အခမဲ့ ဖြန်ချီသည်။
by ဘသောင်း ဟိန်း

.........(အကျယ်ကြည့်ရန်ပုံပေါ်နှိပ်ပါ။)