Sunday, March 25, 2012

ဒေါ်အောင်ဆန်းစုကြည် မြိတ်မြို့ စည်းရုံးရေး ခရီးစဉ် သတင်းမြင်ကွင်း။

Uploaded by DVBBurmese on 24 Mar 2012

၂၄ မတ်လ ၂၀၁၂။ ဒေါ်အောင်ဆန်းစုကြည် မြိတ်မြို့ စည်းရုံးရေး ခရီးစဉ် သတင်းမြင်ကွင်း။

ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် စက်လှေဘေးကနေ လှေတစ်စီးနဲ့ တောက်လျှောက် လိုက်ပါသတင်းယူခဲ့ပြီး ကွန်နက်ရှင် အခက်အခဲကြားက တညလုံး သတင်းအရုပ်တွေ ရောက်အောင် ပေးပို့ခဲ့တဲ့ ဒီဗွီဘီ သတင်းထောက် ခွန်ခေါင်ရဲ့ ခရီးစဉ်သတင်းပေးပို့ချက်ကို မူရင်းစာသားအတိုင်း ပူးတွဲတင်ပြလိုက်ပါတယ်။

၂၄ရက် မနက်က အန်တီစုက ၉း၃၀ နာရီမှာ မြိတ်မြို့
လေဆိပ်ကိုရောက်ပါတယ်...ရောက်ရောက်ချင်း ဆိပ်ကမ်းဆင်းပြီး မြိတ်မြို့ကနေ
စက်လှေနဲ့ ၂နာရီခွဲ သွားရတဲ့ ကျွန်းစုမြို့နယ် စခန်းသစ်ကျေးရွာကို
သွားပြီး စည်းရုံးရေးမိန့်ခွန်းပြောပါတယ်...အဲ့ဒီကနေ
သုံးနာရီကျော်ထပ်မောင်းရမယ့် ကံမှော်ကျေးရွာကို အန်တီစု ကသွားချင်ပေမယ့်လုံခြုံရေးအရရော၊ ရေတက်ရေကျ အရပါ အခြေအနေမပေးတာကြောင့် စခန်းသစ်ကနေ
မြိတ်မြို့ကို ပြန်လှည့်လာပါတယ်...အန်တီအတွက် ခရီးစဉ်ဟာ ခက်ခဲတယ်ဆိုတာအရုပ်ကို မြင်ရုံနဲ့ သိမှာပါ... ညနေ ၅နာရီခွဲမှာ ပန်းစင် ဆိုတဲ့ပင်လယ်တွင်းရွာ အနီးမှာ စက်လှေက သောင်တင်ပါတယ်... စုစုပေါင်း
သောင်တင်ချိန် ၃နာရီကြာမြင့်ခဲ့ပြီး ည၈နာရီခွဲ ခန့်ကျမှ
သောင်ကနေရုန်းလို့ရပြီး မြိတ်မြို့ကို ၉နာရီ ၂၀ မိနစ်ခန့် မှာ
ပြန်လည်ရောက်ရှိပါတယ်... ဒီနေ့မနက် ရှစ်နာရီမှာ ကျွန်းစုမြို့ကို
စက်လှေနဲ့ထွက်ခွာမှာ ဖြစ်ပြီး ညနေ သုံးနာရီ အဲမန်းဒလေး လေယာဉ်နဲ့
ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွာမှာပါ ခင်ဗျာ

ဒေါ်အောင်ဆန်းစုကြည် မကွေး၊ ကျောက်ပန်းတောင်း၊ တောင်းတွင်းကြီးနှင့် နတ်မောက်မြို့နယ် ခရီးစဉ်များ ဖျက်သိမ်း



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်သည် မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်း၏ အကြံပေးချက်အရ မတ်လ(၂၇)ရက်နေ့နှင့် (၂၈)ရက်နေ့များတွင် သွားရောက်မည့် မကွေးတိုင်းခရီးစဉ်ကို ဖျက်သိမ်းလိုက်ရပါသည်..။ ယင်းသို့ ဖျက်သိမ်းခဲ့ရခြင်းအတွက် မကွေး၊ ကျောက်ပန်းတောင်း၊ တောင်းတွင်းကြီးနှင့် နတ်မောက်မြို့နယ်များမှ ပြည်သူလူထုအား အနှူးအညွတ် တောင်းပန်အပ်ပါသည်...။

ဗဟိုအောင်နိုင်ရေးအဖွဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်


Uploaded by BurmaVJMedia on 25 Mar 2012

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ ဒေါက်တာတင်မျိုးဝင်းပြော
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေတွေကြောင့် နောက်ထပ်ကျန်နေသေးတဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေကို သွားရောက်ဖို့ အဆင်မပြေတော့ကြောင်း ဒေါက်တာတင်မျိုးဝင်းက ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။


ဒဏ်ရာများနှင့်ကလေးငယ်တစ်ဦး ရဲအရာရှိမှတာဝန်မယူ


သတ္တိ ခဲ
8 hours ago

တာဝန်မဲ့သူနှင့် တာဝန်သိသူ
၂၅.၃.၂၀၁၂ ရက်၊ တနင်္ဂနွေ နေ့ က၊ ဗဟန်းမြုံနယ်၊ ရေတာရှည်လမ်းဟောင်း၊ ဗဟန်းရဲစခန်း အနီးတွင် အသက်(၈)နှစ်ခန့် ကလေးငယ်တစ်ဦး ဒဏ်ရာများနှင့် လမ်းဘေးတွင် လဲကျနေသဖြင့် ရွှေဂုံတိုင်ဂိတ်မှ အနှေးယာဉ်လုပ်သား ကိုသံချောင်းဆိုသူက ဗဟန်းရဲ စခန်းသို့  ပို့ အပ်အကြောင်းကြားရာ၊ ဗဟန်းရဲစခန်းရှိ တာဝန်ကျရဲအရာရှိမှ ၄င်းတို့ တာဝန်မယူနိုင်ကြောင်းနှင့် မဆောင်ရွက်ပေးနိုင်ကြောင်း ပြောလွှတ်သဖြင့် ကိုသံချောင်းမှ ကလေးငယ်အား လမ်းဘေးတွင်ပြန်လည်စွန့် ပစ်ထားစဉ် ဥပေက္ခာမပြုနိုင်သော လမ်းသွား လမ်းလာများမှ ငွေကြေး စုဖွဲ့  ကောက်ခံကာ ရန်ကုန်ဆေးရုံကြီးသို့  အငှားယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့ရသည်။
ကလေးငယ်အား ထိန်းသိမ်း စောင့်ရှောက်ပြီး ကလေးရှင်များနှင့် အဆက်အသွယ်ရရှိရေး ဆောင်ရွက်ရမည့်တာဝန်မှာ ပြည်သူ့ ထံမှ လစာရိက္ခာ ခံစားနေသော ရဲတပ်ဖွဲ့ ဝင်များတွင်တာဝန်ရှိပါလျှက်၎င်းတို့ ၏ တာဝန်မသိမှု ကြောင့် ကယ်သူမဲ့နေသောကလေးငယ်မှာ လမ်းသွားလမ်းလာများ၏ ကြင်နာမှုကြောင့်သာမဟုတ်ပါလျှင် အခြေအနေဆိုးနှင့် ရင်ဆိုင်ရရန်သာရှိပါသည်။
သို့ ဖြစ်ပါသောကြာင့် တာဝန်ရှိသူက တာဝန်မဲ့ပြီး၊ တာဝန်မရှိသူက တာဝန်သိနေရသော ရဲ တပ်ဖွဲ့ ဝင်အချို့ ၏ ဆိုးရွား ယုတ်မာသော စိတ်ထားအား အများပြည်သူ သိရှိနိုင်ရေးအတွက် အသိပေးဖေါ်ပြ လိုက်ရပါသည်။



ABSDF မြောက်ပိုင်း၌ ၁၉၉၁ခုနှစ်နှင့်၁၉၉၂ခုနှစ်များ၌ ဖြစ်ပွားခဲ့ သောဖမ်းဆီး အရေးယူမှုများနှင့ပတ်သက် ၍ ABSDF ဥက္ကဌဟောင်းဒေါက်တာနိုင်အောင်၏ရှင်းလင်းချက်
















ဒေါ်အောင်ဆန်းစုကြည် သည် သွေးပေါင်ကျဆင်းခြင်းနှင့် ဖျားနာမှု ဝေဒနာ ခံစားနေရသည့်တိုင်

The Voice Weekly
မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ် ထွန်းကားရေးကို နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာ တစ်စိုက်မတ်မတ် ဆောင်ရွက်နေသူ ဒေါ်အောင်ဆန်းစုကြည် သည် သွေးပေါင်ကျဆင်းခြင်းနှင့် ဖျားနာမှု ဝေဒနာ ခံစားနေရသည့်တိုင် ယနေ့မွန်းလွှဲပိုင်းတွင် မြိတ်ခရိုင် အားကစားကွင်း အနီး၌ ပြုလုပ်သော လူထုဟောပြောပွဲတွင် ၁၀မိနစ် နီးပါကြာ ပြောကြားခဲ့ပြီးနောက်(မီးမရလို့ လော်ကိုင်ပြီးတောင်ပြောခဲ့ရတယ် ။) ရန်ကုန်မြို့  သို့ ပြန်လာရန် မြိတ်လေဆိပ်သို့ ခရီးစတင် ထွက်ခွါနေပြီဖြစ်ကြောင်း အဆိုပါ ခရီးစဉ်၌ လိုက်ပါ သတင်းရယူနေသူ သတင်းထောက်တစ်ဦးက အတည်ပြု ပြောကြားသည်။

Ah Ba Yah
၂၅-၃-၂၀၁၂ သမိုင်းမော်ကွန်း ။။။။။။။။။။။။။။။။။။။။။။။။
စခန်းသစ် - တောရန်ကုန် - ကျွန်းစုမြို့နယ် ခရီးမှာ တံငှါသည် ခိုးလှေ လူကြီးလူကောင်းတွေ ယုတ်မာချက်ကြောင့် အမေ ဒေါ်အောင်ဆန်းစုကြည် မကျန်းမမာဖြစ်ခဲ့ရုံမျှမက အထက်အညာ မကွေးခရီးစဉ်များပါ ရပ်နားခဲ့ရသည် ။

Yangon Press International
ဒေါ်အောင်ဆန်းစုကြည် မြိတ်မြို့မှ ပြန်ရောက်ပြီး နေအိမ်တွင် အနားယူနေ

မတ်လ ၂၅ ရက်၊ ၂၀၁၂ ခုနှစ်၊ (၀ိုင်ပီအိုင်) ည ၇ နာရီ ၅၀ မိနစ်

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေကြောင့် ဆေးရုံတင်ရသည်ဆိုသည့် သတင်းများ ထွက်ပေါ်နေခြင်းမှာ မမှန်ကန်ကြောင်း ယနေ့ညနေပိုင်း မြိတ်မြို့မှ ပြန်ရောက်လာပြီးနောက် နေအိမ်တွင်ပင် အနားယူနေကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် လုံခြုံရေး လိုက်ပါလျှက်ရှိသူ တဦးက ၀ိုင်ပီအိုင်သို့ အတည်ပြုပြောဆိုသည်။

ယမန်နေ့ မြိတ်ခရီးစဉ် အတွင်း လှိုင်းမူးပြီး ကျန်းမာရေးအရ အနားယူရန် လိုအပ်သည်ဟု မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်း၏ ညွှန်ကြားချက်အရ ကျန်ရှိသည့် စည်းရုံးရေး ခရီးစဉ်များကို ပယ်ဖျက်လိုက်ကာ ရန်ကုန်သို့ ပြန်လာခဲ့ခြင်းဖြစ်သည်။

သဘက်ခါတွင် စည်းရုံးရေး ခရီးစဉ်အဖြစ် မကွေးမြို့သို့ သွားရောက်ရန်ရှိသည့် အစီအစဉ်ကိုလည်း ပယ်ဖျက်လိုက်သည်ဟု အန်အယ်လ်ဒီ ပြန်ကြားရေး ဋ္ဌာနမှ ယနေ့နေ့လည်ပိုင်းက ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပမီ မြန်မာနိုင်ငံအနှံသို့ မဲဆွယ် စည်းရုံးရေး ခရီးစဉ်အဖြစ် ဖေဖေါ်ဝါရီလဆန်းမှစတင်၍ သွားရောက်လျှက်ရှိရာ မြို့ပေါင်း တဒါဇင်ထက်မနည်း သွားရောက်ပြီး ဖြစ်သည်။ ။

Myeik Spy မြိတ်မြို့ ဒေါ်အောင်ဆန်းစုကြည် အနားယူနေသော ဦးဝင်းနိုင်နေအိမ် 7း45 နာရီတွင် ပြည်သူများစောင့်ဆိုင်းနေတာတွေရပါတယ်



ရန်ကုန်ပြန်ရောက်





သူ ရဲ့ အတွေး....။




by ကိုဝိုင် ဝိုင်ကေ on Saturday, March 24, 2012 at 12:20pm ·
ဒီနေ့ နံနက်စောစော ၆း၀၀ နာရီ မှာ အံ့အား သင့်ခဲ့ရတယ်။

ကျွန်တော်ကိုလက်ဘက်ရည်ဆိုင် ဝန်ထမ်းလေးက  မေးတယ်


“ မနေ့က ပါတီ စည်းရုံးရေး စာရွက်တွေ ဝေသွားတယ်တဲ့.. .အဲဒီထဲမှာ ဗိုလ်ချုပ်ပုံ ထည့်ထားတာ မဖြစ်သင့်ဘူးတဲ့...”
 “ ဟ.. ဘာလို့လဲ..”



“ အရင် အစိုးရ ကတည်းက လူကြီးတွေ နာယက လုပ်တုန်းကတည်းက အသင်းဖွဲ့ခဲ့တာ.. အဲကတည်းက ပိုက်ဆံပေါ်က ဘာတဲ့...(စဉ်းစားသေးသည်) နိုင်ငံပုံရိပ်... ဟုတ်တယ် နိုင်ငံပုံရိပ်  ဗိုလ်ချုပ်အောင်ဆန်းကို ခြင်္သေ့နဲ့အစားထိုးခဲ့တာ...၊
ဗိုလ်ချုပ် လည်းပျောက်..
 နိုင်ငံလည်း တိရိစ္ဆာန် အားထားရတဲ့ ဘဝ ရောက်ခဲ့တာလေ...
ခုမှ ဗိုလ်ချုပ်ပုံ သုံးလာတာ.. သောက်ရှက် မရှိ...”

“ ဟ ဟ စိတ်လျှော့ပါ ကွာ ..မင်းကလည်း..” ဆိုတော့..

“ နယ် မှာ အလယ်တန်း တက်တုန်းကဗျ... မနက်ကျောင်းတက်ရင်  ကျဆုံးလေပြီးသော အာဇာနည်ကြီးများကို အလေးပြု လို့ အော် လိုက်တိုင်း ခေါင်းငုံသာ အလေးပြုလိုက်ရတယ်...
ဘယ်မလဲ.. ဗိုလ်ချုပ်ပုံ...။
လှမ်းကြည့်လိုက်ရင် ကာတွန်းထဲက အာတာလွတ်မြို့စားကြီး ပဲ မြင်မိတယ်။
နောက် ဗိုလ်ချုပ်အောင်းဆန်း နှင့်တစ်ကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများလို့    မအော် ဘူးဗျ...။
အဲကတည်းက မကျေနပ်တာ...။”
ဟု ပြောလေသည်။

ကျွန်တာ် သဘောကျသွားသည်။ သူကိုဆွပေးရင် ဘာကြားရမလဲ သိချင်လာသည်။ သို့ နှင့်....

“ မင်း..မေးပါဦးမယ်... တကယ်လို့ပေါ့ကွာ ...ဗိုလ်ချုပ်သမီးကလည်း သူတို့လို တခုခု လုပ်ခဲ့ရင် မင်း ဘယ်လိုသဘောထားမလဲ...”

“ ဟာ ဗျာ.... မဖြစ်နိုင်တာ...”

“ကဲ..ပါ... ဖြစ်ခဲ့တယ်..ဆိုပါတော့...”

” အမယ်လေး...အစ်ကိုရာ ရှင်းရှင်းလေး..ပါ...။ ဗိုလ်ချုပ်.. ပါဝင်ကြိုးပမ်းပေးခဲ့.. အသက်ပေးခဲ့တဲ့ ကျေးဇူးတွေ.. သူ့ သမီးလက်ထက်မှ ဆပ်လိုက်ရတယ်.. မှတ်ရုံပဲ...”

“ ဟ ... အဲလောက်တောင် ချစ်သလားကွ...”

“ ဟုတ်တယ်လေ...ဘာမှ မဆီမဆိုင် ကောင်တွေ ပက်ပက် စက်စက် စားနေတာထက်စာ ရင်... ဗိုလ်ချုပ်နဲ့တကယ် ဆိုင်တဲ့သူ ဗိုလ်ချုပ်သမီး..စားတာက တော်သေးတယ်လေ... ကျေကျေနပ်နပ် သဒ္ဒါတယ်...” “ မလုပ်ဘူးဆိုတာလည်း..ယုံတယ်...”

“ ဟာ..မင်းကတော့လုပ်ပြီ...ဆိုစမ်းပါဦး..”

“ အစ်ကိုကလည်း .. ဒီလောက်ပေးဆပ်၊ အနာခံခဲ့၊ တည်ဆောက်ခဲ့ပြီးမှ... အုဌ်ကျိုး ခဲကျိုးလေး မက်ပြီး.. ပြိုလဲခံမယ့် ခပ်ညံ့ညံ့ မှ မဟုတ်တာဗျာ... သဘောပေါက်စမ်းပါ...” တဲ့...။

အဲဒီနောက် သူ့အကြောင်း တီးခေါက်လိုက်တော့မှ -

အားပါးပါး-
စားပွဲထိုး လုပ်ရင်း
အဝေးသင် နဲ့ ကျောင်းပြီးထား ပါလား ။
ခု...
ဆိုင်မှာ စားပွဲထိုး ခုံကြပ် (အင်ချပ်) ဖြစ်နေပြီ ဆိုပါလား...။

အလုပ်လေး သွားသွား လျှောက်ပါတယ်...။
လျှောက်တဲ့ အလုပ်တိုင်း
ဘာ တတ်မှ
ညာ တတ်မှ
လုပ်သက် ဘယ်လောက်မှ ဆိုတာနဲ့
ဘာမှ မလိုတဲ့
လုပ်သက်လဲ ရှိတဲ့
ကိုယ့် ကိုလည်း ဘွဲ့ရအောင် ခွင့်ပြုတဲ့ ကျေးဇူးဆပ်ရင်း
ဒီဆိုင်မှာ လုပ်နေတာတဲ့...။

ကိုဝိုင်ဝိုင်ကေ ထက် သာလွန်တဲ့ လူငယ်လေးကို လေးစားဂုဏ်ပြု ( ပြန်ရေး) တင်ပြလိုက်ပါတယ်ဗျာ..။
သူ့ ရဲံ စိတ်အခံက ကျေးဇူးတရားကို သိတတ်ပြီး တွေးသွားတာ လို့ ကွှန်တော် ထင်တယ်...။


အားလုံးကို လေးစားစွာ မျှဝေလျက်-
ကိုဝိုင်ဝိုင်ကေ
၂၄-၃-၁၂

ကချင်မှာ ဘာကြောင့် ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပနိုင်ရသလဲ



by Swe Swe Kyi on Saturday, March 24, 2012 at 11:37pm ·
 ကချင်မှာ ဘာကြောင့် ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပနိုင်ရသလဲ

By: မန်ကျည်ဒိန်ယိန်း


ကချင်ပြည်နယ်က ဖားကန့် မိုးကောင်း ဗန်းမော်  မဲဆန္ဒနယ် ၃ ခုကို လုံခြုံရေးမကောင်းတဲ့အတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိတဲ့အကြောင်း ရွေးကောက်ပွဲကော်မရှင်က ဗြုံးစား ကြေညာလိုက်တယ်။ ဒါကြောင့် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်တဲ့ အမတ်နေရာ ၄၅ နေရာသာ ကျန်တော့တယ်။ တနည်းပြောရရင် ပြည်သူ့လွှတ်တော်မှာ ကြားဖြတ်အတွက် နေရာ ၄၀ လစ်လပ်နေရာကနေ ခု ၃၇ နေရာသာ ကျန်တော့တယ်ဆိုတဲ့ သဘောဖြစ်တယ်။

လုံခြုံရေးမကောင်းဘူးလို့ အစိုးရကပြောပေမဲ့ ကေအိုင်အေကတော့ ကချင် မဲဆန္ဒနယ် ၃ နယ်မှာ ဘာမှလုံခြုံရေးပြဿနာမရှိဘူးလို့ပြောတယ်။ ဘယ်သူတွေဘယ်လိုပြောပြော လုံခြုံရေးမကောင်းဘူးဆိုတာကို ကောင်းပါတယ်ပြောဖို့ သက်သေပြဖို့ ကေအိုင်အေလဲ မတတ်နိုင်ပါ။ ကေအိုင်အေက လုံခြုံရေးကောင်းတယ်ဆိုရင် ခုချက်ခြင်း ဦးသိန်းစိန်အစိုးရက ဗုံးပေါက်ပြနိုင်တာမို့ မဟုတ်မှန်းသိသိနဲ့ ခံကြရမှာဖြစ်တယ်။ ဒါကြောင့် ဦးသိန်းစိန်အစိုးရ ဘာကြောင့် အကောက်ကြံသလဲ ဆန်းစစ်ကြည့်သင့်တယ်။

ကြားဖြတ်ရွေးကောက်ပွဲမလုပ်နိုင်တဲ့ နယ်မြေတွေကို လေ့လာကြည့်ရင် လစ်လပ်နေရာအားလုံး ပြည်သူ့လွှတ်တော်မှာသာ ဖြစ်ပါတယ်။




နိုင်ငံရေးရှုထောင့်ကကြည့်ရင် ကချင်ပြည်နယ်ဟာ ဦးသိန်းစိန်အစိုးရအတွက် လောလောဆည် ဆူးညောင့်ဖြစ်နေပါတယ်။ ကေအိုင်အေကို အစိုးရလိုချင်သလို ပုံသွင်းကြိုးကိုင်လို့ မရတဲ့အတွက် ဘာလုံခြုံရေးပြဿနာမှ မရှိတဲ့ ကချင်မဲဆန္ဒနယ် ၃ ခုကို ကြားဖြတ်ရွေကောက်ပွဲ ကျင်းပခွင့်ပိတ်ပြီး ကေအိုင်အေကို ဒဏ်ခတ်ဘို့ ဦးသိန်းစိန်အစိုးရက တွက်ချက် ဆုံးဖြတ်ခဲ့တာဖြစ်ပုံရပါတယ်။

ကေအိုင်အေကို ပစ်မှတ်ထားပြီ

ဒေါက်တာတူးဂျာက မိုးကောင်းကနေ တသီးပုဂ္ဂလအမတ်လောင်းအဖြစ် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒေါက်တာတူးဂျာဟာ ဘာနာမယ်နဲ့ ပါတီဖွဲ့ဖွဲ့ စင်စစ် ကေအိုင်အေနဲ့ ဆက်စပ်တယ်ဆိုတာ အများအသိဖြစ်တယ်။ ဒါကြောင့် ကေအိုင်အေကို ဒဏ်ခတ်ဘို့ဆိုရင် လွှတ်တော်နိုင်ငံရေးကို အာသာငမ်းငမ်း ၀င်ချင်နေတဲ့ ဒေါက်တာတူးဂျာကို ရွေးကောက်ပွဲမ၀င်နိုင်အောင် ဒဏ်ခတ်မှဖြစ်မယ်။ ဒေါက်တာတူးဂျာကို ရွေးကောက်ပွဲမ၀င်နိုင်အောင် ဒဏ်ခတ်ဘို့အတွက် သူပြိုင်မဲ့ မိုးကောင်းမဲဆန္ဒနယ်ကို ပိတ်နိုင်ဘို့ အစိုးရက အကောက်ကြံရမှာဖြစ်တယ်။



ဒီနေရာမှာ ရွေးကောက်ပွဲကော်မရှင်က တူးဂျာကို တသီးပုဂ္ဂလအမတ်လောင်း ၀င်ခွင့်မပေးရင် မဖြစ်ဘူးလားလို့ မေးစရာရှိပါတယ်။၂၀၁၀ မတိုင်တုံးက နိုင်ငံရေးအခြေအနေက စစ်အစိုးရစိတ်ကြိုက် လုပ်ချင်သလို လုပ်ခွင့်ရထားတာမို့ တူးဂျာတို့ပါတီကို နယ်ခြားစောင့်တပ်နဲ့ အလဲအလှယ်လုပ်မရတဲ့အဆုံး ခိုင်မာတဲ့အကြောင်းပြချက်မရှိဘဲ ပါတီထောင်ခွင့် ပိတ်ခဲ့တယ်။ တခါ တသီးပုဂ္ဂလအမတ်လောင်းလျှောက်တော့လဲ အကြောင်းပြချက်မရှိပဲ တူးဂျာကို ပယ်ခဲ့ပြီးဖြစ်တယ်။ အဲဒီတုံးကလဲ အောင်သောင်းဦးစီးပြီး အကောက်ကြံခဲ့တာ ဖြစ်တယ်။

ခုကျတော့ နိုင်ငံတကာ အထူးသဖြင့် အမေရိကန်က ကချင်အပေါ် အာရုံစိုက်နေချိန်ဖြစ်တယ်။ ဒေါ်စုကြောင့် အစိုးရမှာ လဲဂျီင်္တီမေစီ ရနေချိန်ဖြစ်တယ်။ အာဆီယံဥက္ကဌအတွက် သိက္ခာတက်အောင် နည်းမျိုးစုံနဲ့ ကြိုးပမ်းနေချိန်ဖြစ်တယ်။ ကချင်ပြည်တွင်းစစ် အရေးအခင်းကလဲ နိုင်ငံတကာသိဖြစ်နေတယ်။

ဒါကြောင့် တူးဂျာကို တသီးပုဂ္ဂလအမတ်လောင်း လျှောက်တာ ရွေးကောက်ပွဲကော်မရှင်က ပယ်ချရင် ပေါ်တင်ဖြစ်နေမယ်။ လက်စားချေတယ်ဆိုတာ သိပ်ကိုထင်ရှားပြီး အများအာရုံစိုက်စရာဖြစ်မယ်။ ဒီမှာတင် မိုးကောင်းမဲဆန္ဒနယ်ကို လုံခြုံရေးအကြောင်းပြချက်နဲ့ ကြားဖြတ်မကျင်းပဖြစ်ကြောင်း ကြေငြာရင် တူးဂျာပါ အလိုလို သတ်ပြီးဖြစ်မယ်။ နိုင်ငံရေးထဲ သိပ်ဝင်ချင်နေတဲ့ ကေအိုင်အိုကို နိုင်ငံရေးက ပထုတ်ပြီး မခံချင်အောင်လုပ်တဲ့သဘောပဲ။

အန်အယ်ဒီပါ ဒဏ်ခတ်ပြီ

မိုးကောင်းတခုထဲကွက်ပီး ကြားဖြတ်ရွေးကောက်ပွဲမလုပ်ရင် အမြင်မလှတဲ့အတွက် ဖားကန့်နဲ့ ဗန်းမော်ပါထဲ့မှ ကချင်ကေအိုင်အေကြောင့် ရွေးကောက်ပွဲ မလုပ်နိုင်သလိုလို အပြစ်တင်ဖို့ အကွက်ရမယ်။ င်္ဒီမှာတင် ကချင်ပြည်နယ်က မဲဆန္ဒနယ် ၃ ခုလုံးကို လုံခြုံရေးမကောင်းဆိုတဲ့ အကြောင်းပြချက်နဲ့ အစိုးရက ဖျက်လိုက်တာဖြစ်တယ်။

ဒီနေရာမှာ ကချင်ပြည်နယ်က မဲဆန္ဒနယ် ၃ ခုလုံးမှာ ကြံ့ဖွံ့ပါတီက အမတ်လောင်း ၃ ဦးပါ ပါနေတဲ့အတွက် ကိုယ့်ဘက်က ဘယ်လောက်အထိနာမလဲပါ ဦးသိန်းစိန်အစိုးရကတွက်မှာဖြစ်တယ်။ တကယ်တော့ လစ်လပ်နေရာ ၄၈ နေရာလုံးမပြိုင်လဲ ကြံ့ဖွံက လွှတ်တော်မှာ အသာစီးရနေမှာဖြစ်တယ်။ ဒုတိယ ၅ နှစ်သက်တမ်းအတွက် ရည်စူးလို့သာ နိုင်ထားတဲ့ မဲဆန္ဒနယ်တွေ လက်မလွတ်အောင် ခုလို သူ့အမတ်လောင်းတွေ ပြိုင်ခိုင်းတာဖြစ်တယ်။

တူးဂျာနဲ့ ကေအိုင်အေကို ပညာပေးဖို့အတွက် ကချင်ပြည်နယ်က မဲဆန္ဒနယ် ၃ ခုလုံး မကျင်းပတဲ့အတွက် ဆွမ်းခံရင်း ငှက်သင့်တာ အန်အယ်ဒီဖြစ်တယ်။ ကချင်ပြည်နယ်က မဲဆန္ဒနယ် ၃ ခုလုံးမှာ အန်အယ်ဒီက ၀င်ပြိုင်တဲ့အတွက် အမတ်လောင်း ၃ ဦး မပြိုင်ရပဲ ဆုံးရှုံးသွားတယ်။ အမေရိကန်မှာ သွားပီးအာချောင်တဲ့ NDF ပါတီ ဒေါ်ဘောက်ဂျာကိုပါ အစိုးရက ကြိုက်ပုံမရတဲ့အတွက် သူ့ကိုပါ အလိုလို နိုင်ငံရေးသတ်ပြီးသားဖြစ်သွားမယ်။ ဒါကြောင့် ကချင်ပြည်နယ်က မဲဆန္ဒနယ် ၃ ခုလုံးကို ရွေးကောက်ပွဲမကျင်းပတဲ့အတွက် အစိုးရဖြစ်စေချင်တာတွေ တချက်ခုတ် ၃ ချက်ပြတ် ကိစ္စပြီင်္းသွားတယ်လို့ ဆိုနိုင်တယ်။

အန်အယ်ဒီဘက်တွက်ရင် ကချင် ၃ နေရာ လက်လွှတ်ရတဲ့ပြင် စစ်ကိုင်း (၇) က ဦးစောလှိုင်ကိုပါ ကော်မရှင်က ထုတ်ထားတဲ့အတွက် ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အယ်ဒီက ၄ နာရီ လွတ်သွားတယ်။ တနည်းပြောရရင် စုစုပေါင်း လစ်လပ်နေရာ ၄၈ နေရာရဲ့ ၈% ကို မပြိုင်ရဘဲ လက်လွတ်ဆုံးရှုံးသွားတဲ့သဘောဖြစ်တယ်။ ဒါပေမဲ့ အမတ်ဖြစ်ပြီးသား မြတ်ဥာဏစိုးကို အချောင်ရတဲ့အတွက် ၃နေရာသာ ဆုံးရှုံးတယ်လို့ ကြံဖန်ပြောရင်လဲရတယ်။

ကျန်ပါတီတွေပိုအထိနာ

လစ်လပ်နေရာ ၄၈ နေရာလုံး ၀င်ပြိုင်နိုင်တာ ကြံ့ဖွံနဲ့အန်အယ်ဒီသာရှိတာမို့ ရာခိုင်နှုန်းနဲ့တွက်ရင် အမတ်နေရာနည်းနည်းသာပြိုင်နိုင်တဲ့ပါတီတွေ ဥပမာ NDF တို့ NUP တစညတို့လို ပါတီတွေအဘို့  ကချင်မှာ ဆုံးရှုံးမှု ပိုကြီးမားတာ သေချာနေတယ်။

ဒါကြံ့ဖွံပါတီဘက်က ညစ်ကွက်တခုသာဖြစ်တယ်။ နောက်ထပ်လာစရာတွေ အများကြီး မှန်းထားသင့်တယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ကျေးရွာအုပ်စုပေါင်း ကချင်ပြည်နယ်မှာ ၈၉ အုပ်စုရှိတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ကချင်ပြည်နယ်က ကျေးရွာအုပ်စုစာရင်းကိုတော့ ကော်မရှင်က ခုထိ မထုတ်ပြန်သေးပါ။

ကြားဖြတ်မကျင်းပနိုင်တဲ့ တခြားနယ်မြေတွေ

၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲမှာ လုံခြုံရေးကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မဲဆန္ဒနယ်တွေ ရှိတယ်လို့ ကြေငြာရတာကိုက အစိုးရအဖို့ နိုင်ငံရေး တပန်းရှုံးတယ်။ ငြိမ်းချမ်းရေးစကား ဘယ်လောက်ကြီးပြောနေနေ ပြည်တွင်းစစ်ရှိနေတယ်ဆိုတာ ၀န်ခံရာရောက်တယ်။ တကဲ့ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေဆဲဖြစ်တယ်ဆိုတာ ပြသရာရောက်တယ်။

၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲမှာ လုံခြုံရေးကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွေကတော့-

-ကချင်ပြည်နယ်မှာ အင်ဂျန်းယန် ၂ နဲ့ ဆွမ်ပရာဘွမ် ၂ တို့ဖြစ်တယ်။
-ရှမ်းပြည်နယ်မှာ မိုင်းလား၊ နားဖန်၊ ပန်ဝိုင်၊ မိုင်းမော၊ ပန်ဆန်း ၅ မြို့နယ်ဖြစ်တယ်။  ထူးခြားချက်က မိုင်းလားမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် တင်သွင်းသူမရှိဘူးလို့ သိရတယ်။

၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲမှာ လုံခြုံရေးကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်တွေကတော့
-ရှမ်းပြည်နယ်မှာ ၁၀ မြို့နယ်ရှိပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ နဲ့ လုံခြုံရေးအခြေအနေ

၂၀၁၀ ရွေးကောက်ပွဲတုံးကလဲ ရွေးကောက်ပွဲ ကျင်းပဘို့ အခြေအနေမရှိတဲ့ ပြည်နယ်တွေက ကချင် ကယား ရှမ်း မွန်နဲ့ ကရင်ပြည်နယ်တွေ ဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ မြို့နယ်တွေက ရှမ်းပြည် ၀နယ်မှာ လေးမြို့နယ်ရှိပါတယ်။ ပန်ဆန်း နားဖန်း ပန်ဝိုင် မိုင်းမော လေးမြိုနယ်ဖြစ်ပါတယ်။ ဆိုလိုတဲ့သဘောက မဲဆန္ဒနယ်တခုလုံး ရွေးကောက်ပွဲ မလုပ်နိုင်တာဆိုလို့ ၀ လေးမြို့နယ်သာ ရှိတယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်တယ်။



ရွေးကောက်ပွဲကော်မရှင်ရဲ့စာရင်းအရဆိုရင် ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ ကျေးရွာအုပ်စုပေါင်းက ကချင်ပြည်နယ်မှာ ၆၈၊ ကယားမှာ ၉ အုပ်စု ရှမ်းပြည်နယ်မှာ ၅၉ အုပ်စု မွန်ပြည်နယ်မှာ ၉ အုပ်စုနဲ့ ကရင်ပြည်နယ်မှာ ၁၅၅ အုပ်စုရှိပါတယ် စုစုပေါင်း ပြည်နယ် ၅ ခုမှာ ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ ကျေးရွာအုပ်စု ၃၀၀ ရှိပါတယ်။

ကချင်ပြည်နယ်ကိုလေ့လာကြည့်တဲ့အခါ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ကျေးရွာအုပ်စုပေါင်း ၆၈ အုပ်စုရှိပါတယ် ၀ိုင်းမော် အင်ဂျန်းယန် ဆော့လော် ချဖွေ တနိုင်း ဆွမ်ပရာဘွမ် မန်စီ မိုးမောက်နဲ့ ရွှေကူ ၉ မြို့နယ်ထဲက ကျေးရွာအုပ်စုတွေပါ ပါဝင်တယ်။
ဒီ ၉ မြို့နယ်ဟာ အထူုးသဖြင့် ကချင်အပစ်အခတ်ရပ်စဲရေး လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကေအိုင်အို အုပ်ချုပ်နေတဲ့ဒေသတွေဖြစ်တာမို့ ခုလို ရွေးကောက်ပွဲ မလုပ်နိုင်တာလို့ ယူဆတဲ့အကြောင်း ကချင် အပစ်အခတ်ရပ်စဲရေးအဖွဲ့တခုဖြစ်တဲ့ ဒီမိုကရေစီသစ်တပ်မတော်-ကချင် NDAK ဥက္ကဌ ဦးဇခုန်တိန့်ယိန်းက ယူဆတယ်။



စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်က ကြေငြာထားတဲ့ ကျေးရွာအုပ်စုတွေဟာ ကေအိုင်အို ထိန်းချုပ်တဲ့နယ်မြေတွေလို့ ဦးဇခုန်တိန့်ယိန်းပြောတဲ့အတွက် စစ်အစိုးရ ရွေးကောက်ပွဲတွေကို ကေအိုင်အိုနယ်မြေတွေမှာ လက်မခံဘူးဆိုတဲ့ သဘောလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ဒါပေမဲ့ ကေအိုင်အိုကတော့ ကချင်ပြည်သူတွေကို ရွေးကောက်ပွဲအတွက် မဲပေးပါလို့ တိုက်တွန်းတာမရှိသလို ကန့်ကွက်ပါလို့လဲ တိုက်တွန်းမထားပါဘုးလို့ ကေအိုင် ဒု နိုင်ငံခြားရေးတာဝန်ခံ ဗိုလ်မှူးကြီးလွန်းဒေါင်းက ထောက်ပြခဲ့တယ်။

ကရင်ပြည်နယ်ကိုကြည့်မယ်ဆိုရင် ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ကျေးရွာအုပ်စုပေါင်း ၁၅၅ ခုရှိပါတယ်။
အဓိကမြို့နယ်တွေက ဖားအံ လှိုင်းဘွဲ့ သံတောင်ကြီး မြ၀တီ ကော့ကရိတ် ကြာအင်းဆိပ်ကြီး ၆ မြိုနယ်ဖြစ်ပါတယ်။ ဒီမြို့နယ်တွေက ကျေးရွာအုပ်စုတွေဟာ ကေအန်ယူ ထိန်းချုပ်တဲ့ နယ်မြေတွေဖြစ်လို့ စစ်အစိုးရဘက်က ရွေးကောက်ပွဲမလုပ်ဘို့ ရှောင်သလား မသိရပေမဲ့ ကေအန်ယူကတော့ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်တယ်လို့ အမည်မဖော်လိုတဲ့ ကေအန်ယူ တပ်မှူးတဦးက ပြောတယ်။

၁၉၉၀ ရွေးကောက်ပွဲမကျင်းပဖြစ်တဲ့ နယ်မြေတွေ

၉၀ ခုနှစ် ရွေးကောက်ပွဲကို ပြန်ကြည့်ရင် ရှမ်းပြည်နယ် ၆ မြို့နယ်ဖြစ်တဲ့ ကုန်းကြမ်း။ နားဖန် ပန်ဝိုင် ပန်ယန်း မိုင်းမောနဲ့ မန့်ဖန် မြို့နယ်တွေမှာ ရွေးကောက်ပွဲမလုပ်နိုင်ခဲ့ပါဘူး- သဘောကတော့ ၀ထိန်းချုပ်တဲ့ နယ်မြေအတော်များများမှာ ရွေးကောက်ပွဲမလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်ပြန်ကြည့်ရင် ၁၉၈၉ မှာ ဗပက ပြိဲုကွဲပီး ၀နဲ့ကိုးကန့်စတဲ့ လက်နက်ကိုင်တွေ ခွဲထွက်ပီး တစင်ထောင်တဲ့အချိန်ဖြစ်ပါတယ်။ ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်မှာလဲ ရွေးကောက်ပွဲ မလုပ်နိုင်ခဲ့တာ တွေ့ရပါတယ်။
ဒါပေမဲ့ အပစ်အခတ်ရပ်စဲပီး အနှစ် ၂၀ကျော်တဲ့အချိန် ၂၀၁၀ ရွေးကောက်ပွဲမှာလဲ ၀နယ်က လေးမြို့နယ်မှာ ရွေးကောက်ပွဲမလုပ်နိုင်ဖြစ်ပြန်ပါတယ်။ ဒီထဲမှာ နားဖန်း ပန်ဝိုင် မိုင်းမော် ၃ မြို့နယ်ဟာ ၉၀ ခုနှစ် ရွေးကောက်ပွဲတုံးကလဲ ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ နယ်မြေတွေ ဖြစ်နေတာ တွေ့ရပါတယ်။

အစိုးရမျက်နှာပျက်ရပြီ

ချုပ်ကြည့်မယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ကျေးရွာအုပ်စုပေါင်း ၃၀၀ ဆိုတာ နည်းတဲ့ ကိန်းဂဏန်းမဟုတ်တဲ့အတွက် ရွေးကောက်ပွဲနောက်ကွယ်မှာ စစ်အစိုးရဘက်က နိုင်ငံရေးပြေလည်အောင် မကိုင်နိုင်တာကို မီးမောင်းထိုးပြနေသလို ဖြစ်နေတယ်။ တနည်းပြောရရင် ၉၀ ခုနှစ် ရွေးကောက်လုပ်ပီး အနှစ် ၂၀ကျော်ကြာတဲ့ အချိန် နောက်ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ကျေးရွာအုပ်စုပေါင်း ၃၀၀ တိုးလာတဲ့သဘော ဖြစ်နေပါတယ်။

ဝအုပ်ချုပ်တဲ့ လေးမြို့နယ်မှာ ရွေးကောက်ပွဲမလုပ်နိုင်လို့ ရှမ်းပြည်နယ်မှာ မဲဆန္ဒနယ်လျော့သွားရုံမက တိုင်းဒေသကြီးမဲဆန္ဒနယ် အရေအတွက်ပါ လျော့သွားတာမို့ စစ်အစိုးရအဘို့ မျက်နှာပျက်စရာ ဖြစ်သွားတာ မငြင်းနိုင်တဲ့အချက်ပါ။
ပိုဆိုးတဲ့အချက်က ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ထည့်သွင်းပြဌာန်းထားတဲ့ ၀ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ မြို့နယ်ထဲက လေးမြိုနယ်မှာ ရွေးကောက်ပွဲမလုပ်နိုင်ရုံမက ကျန် ၂ မြို့နယ်မှာလဲ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ကျေးရွာအုပ်စုတွေရှိပါတယ်လို့ ထပ်မံကြေငြာရတဲ့အတွက် အစိုးရအဘို့ မျက်နှာပျက်စရာဖြစ်ခဲ့တယ်။