Monday, March 26, 2012

ရဲရဲသာဖွင့်ချလိုက်ပါ ကိုနိုင်အောင်



by Soe Lynn on Monday, March 26, 2012 at 12:03pm ·
                                                  မနေ့ က ( 25.3.2012)  နေ့စွဲနဲ့  ကိုနိုင်အောင်ရဲ့ ရှင်းလင်းချက် စာတမ်းကို အင်တာနက်ပေါ်မှာ ဖတ်လိုက်ရပါတယ် ။ အလွန့် အလွန်ကို စိတ်မကောင်းဖြစ်ရပါတယ် ။ပြန်ရေးစရာတွေက အများကြီးပါ ။ လောလောဆယ် အမျိုးသမီးကျန်းမာရေးအတွက် ရန်ကုန်ဆေးရုံကြီးမှာ ဆက်လက်ပြသ ကုသဖို့ ရှိနေတာကြောင့် အကျယ် တ၀င့် ပြန်မရေးနိုင်သေးပါ။တတိယ အကြိမ် ညီလာခံမှာ ကျွန်တော် ကြားခဲ့ သိခဲ့ ရသမျှတွေကို အချိန်ရရင် ပြန်ရေးသွားမှာ ပါ။ အဒီအချိန်မှာ ကျွန်တော်က မြောက်ပိုင်းကရောက်လာခါစဖြစ်လို့  ဗဟိုမှာ ဖြစ်နေတဲ့ တချို့ ကိစ္စတွေနဲ့ ပတ်သက်ရင် အတတ်နိုင်ဆုံး  ( ကိုယ်သေချာမသိပဲ ၀င်မပါမိအောင် ) ကြိုးစားနေထိုင်ပြောဆိုခဲ့ ပါတယ် ။                                              ကျွန်တော့်ကို တတိယအကြိမ်ညီလာခံအပြီး သိပ်မကြာခင် ( အောက်တိုဘာလကုန်လောက် )မှာ တပ်ရင်း ၂၀၉ သံလွင် စခန်းမှာဖမ်းခဲ့ တာပါ။ မြောက်ပိုင်းက ကြေးနန်းရိုက် အကြောင်းကြားလို့  ကိုနိုင်အောင်တို့ က ကျွန်တော့်ကို ဖမ်းခဲ့ တာဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကြောရေး လုပ်ငန်းတွေကိုတော့ ကိုနိုင်အောင် ရဲ့ ခွင့်ပြုချက်နဲ့ ပဲ လုပ်ခဲ့ ကြတာပါ ။း ကိုနိုင်အောင့် ရှင်းလင်းချက်မှာ  ကျွန်တော်နဲ့ ဆရာနေ၀င်းအောင်က တပ်ဖွဲ့ ဝင်အများအပြား ထပ်မံအဖမ်းခံရစေရန် လုပ်ကြံ ထွက်ဆိုချက်များ ပြောသလို ရေးထားပါတယ် ။ ( ဆရာနေ၀င်းအောင်နဲ့ ပတ်သက်တဲ့ အပိုင်းကိုတော့ သူကိုယ်တိုင်ပဲရှင်းပါလိမ့် မယ် ) ကျွန်တော့်ကို စတင်စစ်ဆေးစဉ်မှာပဲ ကျွန်တော် ရန်သူ့ လူမဟုတ်တဲ့ အကြောင်း အတန်တန်ငြင်းဆိုခဲ့ ပါတယ် ။ ရိုက်နှက်စစ်ဆေးမှုတွေသာ မလုပ်ခဲ့ ရင် နောက်ဆက်တွဲ ကိစ္စတွေ ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး ။ ဆရာနေ၀င်းအောင်ကိုတောင် ဖမ်းစရာလိုမှာ မဟုတ်ပါဘူး။ အဒီလို မတရားညင်းပန်း ရိုက်နှက်စစ်ဆေးတာတွေကို ကျတော့ ကိုနိုင်အောင်ဘာဖြစ်လို့  ထည့်ပြီး အများအရှေ့ မှာ ရှင်းလင်းမရေးသားရတာလဲ ၊ ကျွန်တော့်ပါးစပ်က အလကားနေရင်း အားအားယားယား ဘယ်တပ်ဖွဲ့ ဝင်ကိုမှ ဒုက္ခရောက်အောင်မပြောဘူး ။ ယောကျာ်းပီသပါ ကိုနိုင်အောင် ၊ ကိုယ့်လုပ်ဆောင်ချက်ကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေကို သူများအပေါ် ပုံမချပါနဲ့ ။                                  နောက်တစ်ချက် ရှိသေးတယ် ။ ကျွန်တော်ပြောတဲ့ နာမည်တွေမှာ ယနေ့ တိုင် စစ်အာဏာရှင် ဆန့် ကျင်ရေးလုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်နေဆဲ ဖြစ်သောကြောင့် ထုတ်ဖေါ်ပြောဆိုရန် မသင့်တော်ဟု ယူဆသဖြင့်တဲ့ ။ရိုက်နှက်စစ်ကြော်လို့ ထွက်လာတဲ့ နာမည်တွေကို  ကာယကံရှင် တွေကကြားရရင် ရယ်လိမ့်မယ်ဗျာ ။ ကိုယ့်အတွက် အကာအကွယ်ဖြစ်မယ့် အချက်တွေကျ ဇွတ်အတင်းယူပြီး ဒုက္ခ ဖြစ်မယ့် အချက်တွေမှ ကျွန်တော်တို့ အပေါ်ပုံချ။ တော်တော်ခေါင်းဆောင်ပီသတဲ့ လူပဲ ။ ကိုကိုကြီးပြောတဲ့ မှတ်ချက်တွေကို  ကိုနိုင်အောင် သေသေချာချာဖတ်စေချင်ပါတယ်။ ကျွန်တော့် ရဲ့ ထွက်ဆိုချက်တွေ အားလုံးကို ရဲရဲသာဖွင့်ချလိုက်စမ်းပါ။ ကျွန်တော်ပြောခဲ့ တာအားလုံး ယောကျာ်းပီပီတာဝန်ယူတယ်။မရိုးမသားနဲ့ အများအမြင်ရှုပ်ထွေးအောင် မလုပ်ပါနဲ့ ။ မကဒတ အကျိုးအတွက် ကိုနိုင်အောင်ကြိုးစားခဲ့ တဲ့ ကာလတွေကို ကျွန်တော် အသိအမှတ်ပြုတယ်။ အဲသည်လိုပဲ  ကျွန်တော်တို့ ဘယ်လောက် ကိုယ်ရော စိတ်ပါ ဒုက္ခရောက်ခဲ့ ရတယ်ဆိုတာ ကိုယ်ချင်းစာပါ။ အပြစ်ဆိုတာ ဆေးကြောမှသန့် စင်ကြည်လင်တာပါ။                                     ကိုနိုင်အောင်ရဲ့  အနာဂတ်နိင်ငံရေး ရည်မှန်းချက်အတွက်နဲ့ တော့ ကျွန်တော်တို့ ဘ၀တွေကို ဆက်ပြီး မနင်းချေချင်ပါနဲ့ ၊  ဒီနေ့ ဒီအချိန်အထိ အစိုးရဆီကနေ ဘာအကူအညီမှ ကျွန်တော်မယူဖူးဘူး ။ ကျွန်တော့ဖြတ်သန်းမှုကို ကျွန်တော်လိပ်ပြာသန့် တယ် စားဝတ်နေရေး အခက်အခဲတွေကြားထဲက ကျွန်တော်တို့ မတရားခံခဲ့ရတဲ့ ကိစ္စတွေအတွက် ရိုးရိုးသားသား ကြိုးစားနေကြတာပါ ။ ကျွန်တော့ ရင်ထဲမှာ မကတဒ ကအမြဲရှိတယ် FDB ရဲ့ ရပ်တည်ချက်ကိုလည်း ကျွန်တော်လေးစားတယ် ။ ကိုယ့်အတ္တအတွက်နဲ့ တော့  ဘ၀တူအားလုံးရဲ့ အနာဂတ်တွေကို မရိုက်ချိုးပါနဲ့ ။                                            သမိုင်းမှာ အဖုံးလွှမ်းအလိမ်အညာခံခဲ့ ရတဲ့ အမှန်တရားတွေ အများကြီးရှိပါတယ် ။ ဒါပေမယ့် သူ့ အချိန်ကာလတိုက်ဆိုင်လာပြီဆိုရင်တော့ ပေါ်လာရတာပါပဲ ။ အနာဂတ်မျိုးဆက်တွေက ကျွန်တော်တို့ ထက် ပိုတော် ပိုထက်မြက်ပါတယ် ။ ကိုယ့် ထက်အကောင်ငယ်တယ်ဆိုပြီး အထင်သေးရင်တော့ ၊ ဆက်ပြီးလိမ်ညာဖုံးကွယ်ဖို့ ကြိုးစားနေအုန်းမယ်ဆိုရင်တော့ အဲ့ ဒီအကျိုးဆက်တွေကို ကိုနိုင်အောင် ကောင်းကောင်းကြီးခံစားရပါလိမ့်မယ် ။



ပြိုင်ပွဲဝင် စကာတင်ကား ၈ - Mr.Smile

DVB entertainment
အခွင့်အရေး .. အခွင့်အရေး.. အခွင့်အရေး .... စက်ရုပ်တွေမှာလဲ စက်ရုပ်အခွင့်အရေး လူတွေမှာလဲ လူ့ အခွင့်အရေးတွေ ရှိပါတယ်.. ကိုယ်အသုံးပြုဘို့ ကိုယ့်ကိုကူညီဘို့ ဖန်တီးထားတဲ့အရာတခုကို သို့ မဟုတ် ကိုယ့်ကို ကူညီနေတဲ့သူကို အခွင့်အရေးတွေ အကုန်မပေးထားဘူး -- ချိုးဖောက် ပိတ်ပင်ထားမယ် -- ထားရနေ စေရာသွားပဲ လုပ်နေရမယ်ဆိုရင် တကယ် သေရေး ရှင်ရေးနဲ့  ကြုံတွေ့ လာတဲ့အခါ -------------------- ဒါရိုက်တာ Kyaw Thu MN ရဲ့  ဖန်တီးမှုအနုပညာလက်ရာပါ ..... (စက်ရုပ်ပုံစံလုပ် စိတ်ကူး ကွန့် မြူးထားတာလေးကလဲ တမူထူးခြားစွာနဲ့  ကြည့်လို့ အင်မတန်ကောင်း အတွေးတွေ အများကြီးပေးသွားတဲ့ ကားကောင်းတခုပါ)


မှားနေမှာစိုးလို့







ကိုသာနိုးနဲ့ မြန်မာစကား

ပခုက္ကူမြို့ပေါ်ရှိ စက်ရုံအလုပ်သမား နှစ်ထောင်ကျော် စက်ရုံအတွင်း မဲပေးနိုင်ရန် အစုလိုက်အပြုံလိုက် သန်းခေါင်စာရင်းပြောင်းရွှေ့

ပခုက္ကူမြို့ပေါ်ရှိ စက်ရုံအလုပ်သမား နှစ်ထောင်ကျော်မှာ စက်ရုံအတွင်း၌ မဲပေးနိုင်ရန်အတွက် အစုလိုက်အပြုံလိုက် သန်းခေါင်စာရင်း ပြောင်းရွှေ့မှုပြုလုပ်ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ပခုက္ကူမြို့နယ်)နှင့် ဒေသခံပြည်သူများထံမှ သိရပါသည်။

အဆိုပါ အလုပ်သမားများမှာ ပခုက္ကူမြို့ပေါ် ရပ်ကွက်များတွင် နေထိုင်သူများဖြစ်ကြောင်းနှင့် ချောက်ကန်ကျေးရွာရှိ အထည်ချုပ်စက်ရုံနှင့် ရွှေတန့်တစ်ကျေးရွာရှိ ချည်မျင်နှင့် အထည်စက်ရုံများသို့ စက်ရုံမှူးများ၏ ညွှန်ကြားချက်အရ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းက ပြောင်း ရွှေ့ရခြင်းဖြစ်ကြောင်းလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပခုက္ကူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းထံမှ သိရသည်။

''ပခုက္ကူမှာ စက်ရုံနှစ်ရုံ ရှိတယ်။ အထည်ချုပ်က ချောက်ကန်ကျေးရွာမှာ ရှိတယ်။ ချည်မျင်က ရွှေတန့်တစ်မှာရှိတယ်။ စက်ရုံမှာရှိတဲ့ အလုပ်သမားတွေထဲက စက်ရုံအပြင်မှာနေတဲ့ အလုပ်သမားတွေကို ပုံစံ (၁၀)နဲ့ မဲ စာရင်းပြောင်းယူတယ်။ စက်ရုံထဲကို ပုံစံ ၁၀ ရောက်ပေမယ့် ဟိုမှာ နေစရာထိုင်စရာ မရှိဘူး။ မဲပေးဖို့ သီးသန့်အနေနဲ့ပုံစံ(၁၀)ပြောင်းတာ။ စက်ရုံထဲမှာလည်း မဲရုံရှိတဲ့အတွက် အဲဒီမှာပဲ မဲပေးခိုင်းတော့မှာပေါ့။ စက်ရုံ နှစ်ရုံပေါင်း အလုပ်သမား ၂၃၀၀ ကျော် လောက်ရှိတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မကျေနပ်မှုတွေ ရှိတယ်လို့ အလုပ် သမားတွေဆီကနေ ကျွန်တော်ကြားရပါတယ်''ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပခုက္ကူမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးပိုက်ကိုက ပြောပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲဥပဒေအရ ပြောင်းရွှေ့သူများမှာ ရက်ပေါင်း ၁၈၀ မကျော်သေးသူများဖြစ်ခြင်းကြောင့် မဲပေးပိုင်ခွင့် မရှိကြောင်း ကန့်ကွက်စာ တင်သွင်းထားသည်ဟု သိရသည်။

''၂၀၀၈ ခုနှစ် ဆန္ဒခံယူပွဲတုန်းကတော့ စက်ရုံမှူးတွေရှေ့မှာ အမှန်ခြစ်ခြစ်ရတယ်။ အခုတော့ ဘယ်လို လာဦးမလဲမသိဘူး။ လွတ်လွတ်လပ်လပ် မဲပေးခွင့်ရှိရင်တော့ ကိုယ်ကြိုက်တဲ့ပါတီကိုပဲ မဲပေးမှာပါ''ဟု အလုပ်သမားတစ်ဦးက ပြောပါသည်။ ပခုက္ကူမြို့နယ်တွင် မဲပေးခွင့်ရှိ သူဦးရေ တစ်သိန်း ကိုးသောင်းကျော်ရှိပြီး မဲရုံပေါင်း ၃၂၄ ရုံရှိကြောင်း သိရှိရပါသည်။ http://news-eleven.com

NLD အောင်နိုင်ရေးအဖွဲ့ဝင် ထိုးကြိတ်ခံရမှု မြို့နယ်တရား လွှတ်တော်သို့တိုင်


by Yangon Press International on Monday, March 26, 2012 at 12:49am ·

မတ်လ ၂၆ ရက်၊ ၂၀၁၂ ခုနှစ် (YPI)

ရွှေသောင်ယံမြို့နယ်ခွဲ၊ သဲကုန်းကျေးရွာတွင် ပြီးခဲ့သည့်မတ်လ(၂၂)ရက်နေ့ည (၀၇း၀၀)နာရီခန့်က NLD ရပ်/ကျေးအောင်နိုင်ရေးအဖွဲ့ဝင် တစ်ဦး ရွာထဲမှ နေအိမ်သို့လမ်းလျှောက်ပြန်လာစဉ်လူ (၁၀) ဦးခန့်က ၀ိုင်းဝန်းထိုးကြိတ်ခံရမှုအား တည်ဆဲ တရားဥပဒေအရ အရေးယူဆောင်ရွက်ပေးပါရန် ပုသိမ်မြို့နယ် တရားလွှတ်တော်သို့ ဦးတိုက်လျှောက်ထား တိုင်ကြားခဲ့ကြောင်း သိရှိရသည်။

ထိုးကြိတ်ခံခဲ့ရသူ ဦးတင်ဝင်းက ''ရွာထဲကနေတစ်ယောက်တည်းပြန်လာတုန်း ကြံ့ခိုင်ရေးရုံးရှေ့အရောက်မှာ လူနှစ်ယောက်က လက်ကိုလာချုပ်ပြီး ကျန်တဲ့သူတွေက ၀ိုင်းထားတယ်။ မျက်နှာကိုလည်း မီးအုပ်ဆောင်းကြီးနဲ့ထိုးပြီး မင်းလားကွ NLD ကလို့ပြောပြီး ၀ိုင်းထိုးတာ''ဟု ပြောပြသည်။

သူကပင်ဆက်လက်၍ ၎င်းအား ထိုးကြိတ်ခဲ့သူများမှာ သမ၀ါယမ ပြည်ထောင်စု ဒု ၀န်ကြီး ဦးသန်းထွန်း၏ ညီဝမ်းကွဲတော်စပ်သူ ဦးကျော်စိုး ဦးဆောင်သောအဖွဲ့ဖြစ်ကြောင်း၊ ၎င်းအား ချုပ်ထားစဉ် ကြံ့ခိုင်ရေးရုံးအတွင်းမှ ဘယ်သူလဲဟေ့ဟု လှမ်းမေးကြောင်း၊ ချုပ်ထားသူ တစ်ယောက်မှလည်း တင်ဝင်း ဆိုတဲ့ကောင်ဟု လှမ်းအော်ပြောကြောင်း၊ ထိုအခါရုံးအတွင်းမှ တင်ဝင်း ဆိုရင် အသေသတ်ပစ်လိုက်ဟု ပြောဆိုခဲ့ကြောင်း ရှင်းပြသည်။

၎င်းအမှုအား ရွှေသောင်ယံမြို့နယ်ခွဲ ရဲစခန်းသို့တိုင်ကြားရာ ရဲအရေးမပိုင်ဟုပြောသဖြင့် ပုသိမ်မြို့နယ် တရားလွှတ်တော်သို့ တိုင်ကြားခဲ့ရခြင်းဖြစ်ကြောင်း ဦးတင်ဝင်း၏ ပြောဆိုချက်အရ သိရသည်။

ယခုကိစ္စအား ပုသိမ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ မေးမြန်းရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ''ဒီကိစ္စကို ကျွန်တော်တို့ မသိသေးပါဘူး။ ဒါပေမယ့်ဒီလိုတိုင်ကြေးဆို မနေ့က ညနေ ၄ နာရီလောက်မှာ ကျွန်တော်တို့ဆီက ကလေးတစ်ယောက်ကို သူတို့ဘက်က လူငယ် ၃ ယောက်လောက်က ၀ိုင်းထိုးတာ ဖူးယောင်နေတာပဲ။ ပုသိမ်တဘက်ကမ်း (၉) ရပ်ကွက်မှာဖြစ်တာ''ဟု ပြောပြသည်။

ပုသိမ်မြို့နယ် တရားလွှတ်တော်ရှေ့နေ တစ်ဦးကတော့ ''ဒီကိစ္စတွေက ပါတီနှစ်ခုပြသာနာတက်တယ်လို့တော့ ပြောလို့မရဘူး။ အသိအမြင်ဗဟုသုတနည်းတဲ့နေရာတွေမှာ ပုဂ္ဂိုလ်ရေးမကျေနပ်မှုတွေကို ပါတီဝင် ဆိုတဲ့ခေါင်းစဉ်တွေနဲ့ ဖြေရှင်းကြတာလို့ ပဲထင်တယ်''ဟုသူ၏ထင်မြင်ချက်ကို ပြောပြသည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်လောင်း အနိုင်ရရှိရေးအတွက် အင်န်အယ်လ်ဒီ ပါတီ နှင့် ကြံ့ခိုင်ရေး ပါတီတို့ ပုသိမ်မြို့တွင် အကြိတ်အနယ် မဲဆွယ်စည်းရုံးလျက် ရှိသည်။

စသုံးလုံးတွင် စစ်ဆေးနေစဉ် ရုံးအပေါ်ထပ်မှ ပြုတ်ကျသေဆုံးခဲ့မှုနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းချက်


by Yangon Press International on Monday, March 26, 2012 at 9:54am ·
 မတ်လ ၂၆ ရက်၊ ၂၀၁၂ ခုနှစ် (YPI)

(ရှမ်းပြည်နယ် မိုင်းဖြတ်မြို့နယ်ဇာတိ အသက်၁၉ နှစ်အရွယ်မနန်းဝိုးဖန် သည် ယုံကြည်အပ်နှံ မှု ပုဒ်မ ၄၀၆ နှင့်ပတ်သက်သည့် ကိစ္စဖြင့် ရန်ကုန်မြို့ဆိပ်ကမ်းသာလမ်း အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန တွင် အစစ်အဆေးခံယူနေစဉ် ပြီးခဲ့သည့် ၂၄ ရက်နေ့ နံနက်ငါးနာရီက အဆောက်အအုံ ပဉ္စမထပ်မှ ပြုတ်ကျသေဆုံးခဲ့သည်။
သေဆုံးသူ၏ မိသားစုဝင်များ ရန်ကုန်မြို့သို့ လာရောက် နေဆဲဖြစ်ရာ သေဆုံးရသည့် အဖြစ်နှင့် ပတ်သက်၍ အသေးစိတ် မသိရှိရသေးသော်လည်း ၎င်းနှင့် အတူ စစ်ဆေးခံခဲ့ရသူ သူမ၏ရှေ့နေ ဒေါ်အိအိအောင်အား YPI မှ အကျိုးအကြောင်းကို ဆက်သွယ်မေးမြန်းထားခြင်းကို ဖေါ်ပြလိုက်ပါသည်။)

YPI ။ ။ အစ်မတို့ကိုဘယ်နေ့က ခေါ်သွားတာပါလဲ။
ဒေါ်အိအိအောင်။ ။၂၁ ညနေကပါ။
YPI ။ ။ဘာကိစ္စနဲ့ခေါ်သွားတာပါလဲ။
ဒေါ်အိအိအောင်။ ။ ဘာကိစ္စလဲဆိုတော့ စီပွားရေးလမ်းကြောင်းလို့ အဲဒီနန်းဝိုးဖန်က သူ့အမျိုးသားရယ်သူရယ် နှစ်ယောက်က အိမ်ခြံမြေတွေဝယ်ထားတယ်။ နန်းဝိုးဖန်နာမည်နဲ့ပါဘဲ ။ သူဝယ်တဲ့အိမ်တွေခြံတွေမှန်သမျှက Unity ကုမ္မဏီက အကျိုးဆောင်ပြီးဝယ်ထားတာ။ အကွက်က တော်တော်များတယ်၂၇ ကွက် ၂၈ ကွက်လောက်ရှိတယ်။ အဲဒါနဲ့ပါတ်သက်လို့ မေးစရာရှိလို့ ဖြေရှင်းပြရုံပါဘဲ ခဏပါဘဲလို့ဆိုပြီးခေါ်သွားတာပါရှင့်။

YPI ။ ။အစ်မကိုရောဘာကြောင့်ခေါ်သွားတာပါလဲ။
ဒေါ်အိအိအောင်။ ။ ဟုတ်ကဲ့ပါရှင့် အစစ်အဆေးခံစာရရှိတယ်။ မ၀ိုးဖန်ကနေပြီးတော့ သူ့ရဲ့အလုပ်သမား ကိုကိုဆိုတာရှိတယ်လေ။ အဲဒီကိုကိုနဲ့ပါတ်သက်လို့ သူရဲ့အိမ်ခြံမြေတွေကို အဲဒီလူက အလွဲသုံးစား လုပ်ထားတာရှိတယ်။ အဲဒါနဲ့ပါတ်သက်လို့အမှုဆွဲထားတော့ ။အဲဒီိတရားခံကို ၄၀၆ နဲ့အမှုဆွဲထားတာ။ ဆွဲတာတော့ကြာပြီ ဒါပေမယ့် တရားခံကမမိဘူး တရားခံပြေးဖြစ်နေတယ်။အဲဒီမှာ တရားခံပြေး အနေနဲ့ဆွဲပေးပါလို့ပြောတယ်။ ပြောတဲ့အခါကျတော့ အဲဒီမှာ လှိုင်သာယာက ဒုရဲအုပ်ကိုကိုဇော်က နေပြီးတော့ခေါ်တွေ့ပါတယ်။ အဲဒီမှာ စီပီ ကိုယ်တိုင်က သူ့ရုံးကို ဆက်ဆက်လာခဲ့ပါတဲ့ နန်းဝိုးဖန်နဲ့ ဒေါ်အိအိအောင်ကို တွေ့ချင်လို့ပါ တဲ့ ဘာကြောင့်တွေ့ချင်တာလဲမေးတော့ မဟုတ်ပါဘူးတဲ့ ဒီလိုမျိုး ပါ စစသုံးလုံးက ခေါ်စစ်ဖို့ပါတဲ့။ ဒါနဲ့ ကျွန်မတို့ ကျွန်မတို့သွားမယ်လို့ လိုက်ပို့ပေးစရာမလိုဘူးလို့ ကျွန်မ အမှန်တရားလုပ်ထားတာ မှားတာတစ်ခုမှမပါဘူး ။ ကျွန်မတို့ဘာသာ ကျွန်မတို့ သွားမယ်လို့ မဟုတ်ပါဘူး စသုံးလုံးကိုသွားပြီးမှ ဒီတရားခံပြေးမှုကို တင်ပေးမှာဆိုပြီး ဒုရဲအုပ်ကိုကိုဇော် ကိုယ်တိုင်ကပြောပါတယ်ရှင့်။

YPI။ ။စသုံးလုံးကို ကိုယ်တိုင်ဘဲသွားခဲ့ကြတာလား။
ဒေါ်အိအိအောင်။ ။ သူတို့က လိုက်ပို့ပေးမယ်ဆိုတဲ့အခါကျတော့ တရားခံတွေမဟုတ်ဘူးလေ ကျွန်မတို့ဘာသာသွားတယ် ။ သွားခဲ့တဲ့အခါကျတော့CID ကအငြိမ်းစားရဲမှုး စောအဲလ်ဘတ် ကနေဘာကြောင့် ကလေးတွေကိုခေါ်တွေ့တာလဲဘာလဲဆို လိုက်မေးပါတယ်။ လိုက်ခဲ့ပေးပါတယ်။ လိုက်ခဲ့ပေးတော့ ရဲမှုးစောအဲလ်ဘတ်ကို ဘာမှမဟုတ်ပါဘူး နဲနဲလေး စစ်စရာရှိလို့ပါ။ စီးပွားရေးလမ်းကြောင်းအရပါ ဆိုပြီးလူကြီးကိုယ်တိုင် စစ်ပြီးမှ ကျွန်မတို့ကိုထားခဲ့တာပါ။

YPI။ ။ စသုံးလုံးရောက်သွားတဲ့အခါမှာဘာတွေမေးလဲ။
ဒေါ်အိအိအောင်။ ။အိက ရှေ့နေလေ ရှေ့နေနဲ့ပါတ်သက်လို့အမှုအကြောင်းတွေမေးတယ်လေ။ ၄၂၀ ကဘယ်လိုဖြစ်တာလဲ ၄၀၆ ကဘယ်မှာအမှုဖွင့်တာလဲ။ဘယ်မှာဘာဖြစ်လဲ ညာဖြစ်လဲ ။ အိကကြတော့ ရှေ့နေတစ်ယောက်အနေနဲ့ တိုင်စာလည်းရေးပိုင်ခွင့်မရှိဘူးလေ အဲဒီအခါကျတော့ သူတို့ဘာသူတို့ ဘယ်မှာအမှုသွားဖွင့်တယ်။ဘယ်သူ့ကိုမှလည်း ပိုက်ဆံပေးရတာမဟုတ်ဘူးလေ။ကိုယ်က အမှန်တရားလေ။အဲဒါတွေစစ်တယ် ပြီးတဲ့အခါကျတော့ ကိုယ်ရေးကိုယ်တာ ပါဆင်နယ်ကိစ္စလေးတွေ နဲနဲမေးပါတယ်။

သေဆုံးသွားရသူ မနန်းဝိုးဖန်

YPI ။ ။ ကိုယ်ရေး ကိုယ်တာကိစ္စ ဘာမေးပါသလဲ။
ဒေါ်အိအိအောင်။ ။ ကျွန်မဘာဖြစ်လဲ ညာဖြစ်လဲ ပေါ့ ဘယ်မှာလုပ်သလဲ ပေါ့ အဲဒါဘဲ ပြီးတဲ့အခါကျတော့ သူနဲ့ပါတ်သက်လို့ အရောင်းအ၀ယ်ဘာလုပ်ထားလဲမေးတယ်လေ။ကျွန်မနဲ့ပါတ်သက်လို့ အရောင်းအ၀ယ်ရှိတာတွေပြောပြတယ်လေ။အရောင်းတော့မရှိဘူး အ၀ယ်ပါ။အ၀ယ်ဆိုတာကလည်း နန်းဝိုးဖန်ဆိုတဲ့နာမည်နဲ့ဘဲ။ ဘယ်ကငွေရလဲတော့မသိဘူး ကျွန်မတို့က အရောင်းအ၀ယ် စာချုပ်ချုပ်ဖို့ရှိပြီဆိုကျွန်မတို့က ချုပ်ပေးလိုက်ရတာဘဲလေ။ အဲဒါကျွန်မရှင်းပြလိုက်ပါတယ် ။ ကျွန်မကိုတစ်ညလုံးစစ်တယ် ညမီးပျက်သွားတယ် တစ်နာရီ နေ့ခင်း ၁၁ နာရီလောက်ရောက်တော့ ကျွန်မကိုပြီးသွားပါတယ်။ ကျွန်မကိုစစ်တဲ့လူကတော့ ဘာမှဟောက်တာဟိန်းတာတော့မရှိဘူးပေါ့ အေးအေးဆေးဆေးဘဲ ပြောတယ်။ ဒါပေမယ့်သူကပြောတာကပေါ့နော် CID က အဘကို CID သာလိုက်လို့ရမယ် ကျွန်တော်တို့ စသုံးလုံးကို လာမလိုက်နဲ့လို့တော့ပြောတယ်။ အဲဒီတစ်ယောက်က။ကျန်တာတော့ အဲဒီလူက ဘာမှဟောက်တာ ဟိန်းတာတော့မရှိဘူး အေးအေးဆေးဆေးဘဲ။ ဒါပေမယ့်စစ်ဆေးရေး အခန်းကျတော့ နန်းဝိုးဖန်စစ်တဲ့အခန်းနဲ့ ညီမ စစ်တဲ့အခန်းမတူဘူး သူကတစ်ခန်းထားတယ်။ ညီမနားမှာ အမျိုးသမီးတစ်ယောက်ထားတယ် နန်းဝိုးဖန်မှာလည်း တစ်ယောက်ထားထားတယ် ဒါပေမယ့် စကား တစ်ယောက်နဲ့တစ်ယောက် အပြောအဆိုလုပ်လို့မရဘူး မြင်နေလို့တော့ရတယ်။

YPI။ ။ နန်းဝိုးဖန်ခုန်ချသွားတာတွေ့လိုက်လား။
ဒေါ်အိအိအောင်။ ။ဟာ ..ခုန်ချတာတော့မဟုတ်ဘူး နန်းဝိုးဖန်က အရမ်းကြောက်တတ်တာ ။ကြောက်တတ်တဲ့လူတစ်ယောက်ပါ သူကအဲဒီလိုဘယ်တော့မှလေ အမြင့်ဆိုတာတော့လူတိုင်းသိပါတယ်။ တိုက်ပေါ်ကနေ တောင်သူကမကြည့်ရဲဘူး။ ကြည့်ရဲတဲ့  လူတစ်ယောက်မဟုတ်ဘူး။ ပြီးတော့သူကအဲဒီမှာ အစားလည်းသိပ်မစားဘူး ဓါတ်ဆားရေဘဲ သောက်တယ်။အသီးလိုဟာမျိုး နည်းနည်းလေးဘဲစားတယ်။ သူကအသက်ကလည်း ၁၉ နှစ် ရှမ်းလူမျိုးလည်းဖြစ်တယ် ပြီးတော့သူက အရမ်းကြောက်တတ်တယ်။စကားကို မြန်မြန်သွက်သွက်လည်း မပြောတတ်ဘူး ပြောရင်တောင်မှ အရမ်းအားယူပြီးပြောရတာ။

YPI။ ။ခုန်ချတာမဟုတ်ရင်ပြုတ်ကျတာလား။
ဒေါ်အိအိအောင်။ ။ခုန်ချတာတော့မဟုတ်ဘူး ပြုတ်ကျတာလို့ထင်တယ် ။ပထမနေ့တစ်ခေါက်က သူကသွားအန်လိုက်သေးတယ်။ ပထမနေ့တစ်ည က မုန့်သွားစားပြီးပြန်လာကြတယ် အဲဒီကယောကျာင်္းလေးက သုံးယောက်မိန်းခလေးက သုံးယောက်ပါတယ် အိတို့နှစ်ယောက်နဲ့ဆို ခုနှစ်ယောက်ပေါ့ နောက်ပြီးအဲညမှာဘဲ ဖြစ်တဲ့ညမှာဘဲ သွားကြတယ် ခုနှစ်ယောက်လေ။ သွားပြီးတော့ ညီမလေး(နန်းဝိုးဖန်) ငှားထားတဲ့တိုက်ခန်းမှာရေမိုးချိုးတယ်။ ချိုးပြီးတော့ အစားအသောက်တွေဘာစားချင်လည်းဆိုတော့ ဘူဖေးဆိုင်မှာ ခုနှစ်ယောက်သွားစားကြတယ်။စားပြီး တော့ ကိုးနာရီကျော်ကျော်လောက်မှာပြန်လာတယ် ပြန်လာပြီးတော့ သူကအိပ်ချင်တယ်ဆိုတစ်အောင့်အိပ်တယ်။ သူကမျက်နှာချင်းဆိုင်ကနေပြီးအိပ်ပြီးတော့ ခဏနားတဲ့အခါကျတော့ လာစစ်မယ်ဆိုပြီးသူတို့က၀င်လာတယ် ၀င်လည်းဝင်လာရော မဟုတ်ဘူး ဒီမှာအိပ်နေတယ်ဆိုတော့ နာရီဝက်လောက်နေတဲ့ အခါကျတော့သူကထွက်သွားတယ်။ထွက်တဲ့အခါမှာ အိကလည်းမသိတော့ နကို တုန်းကဆိုရင် သူပြန်လာတဲ့အချိန်ကိုသိတယ်။ သူကအိပ်ရင် အိကမအိပ်ဘူးသိနေတယ်။အိပ်ရေးပျက်တာလည်းများတဲ့အခါကျတော့ သတိမထားမိဘူး မနက်လေးနာရီလောက်ကျတော့ ခေါင်းရင်းမှာသူက ငုတ်တုတ်လေးထိုင်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ အသံတွေကြားလို့တဲ့။ အစောင့်ဘယ်ရောက်လဲဆိုတော့ အိမ်သာသွားနေတယ်တဲ့။ ပထမတစ်ခေါက်သွားအန်တယ် ပြန်အန်ချင်သေးတယ်တဲ့ ပထမတစ်ခေါက်လည်းသွားအန်တယ် ဒါပေမယ့်ဘာမှတော့မထွက်ဘူး။ ပြီးတော့သူဘာသာသူ အစောင့်နဲ့နေနေတာ။ ဆယ်မိနစ်လောက်ဘဲရှိတယ် အသံကြားတော့ အန်မယ်ဆိုပြီးတော့ သူကရွီ့ဆိုထွက်သွားတယ်။ထွက်တဲ့အခါမှာ အိကသူ့နောက်ကို ထပ်ချပ်မကွာလိုက်ပိုင်ခွင့်မရှိဘူး။ အိမ်သာသွားမယ်ဆိုပြီးထွက်သွားတယ် သူ့နောက်က အိကလိုက်ပိုင်ခွင့်မရှိဘူး။

YPI။ ။ ဘယ်မှာဖြစ်တာလဲ ။
ဒေါ်အိအိအောင်။ ။ ဆိမ်းကမ်းသာလမ်းက ရုံးအနီကြီး။ငါးလွာမှာပါ။  

YPI။ ။ ရှေ့ပေါက်က ပြုတ်ကျတာလား နောက်ပေါက်ကပြုတ်ကျတာလား။
ဒေါ်အိအိအောင်။ ။ ရှေ့ပေါက်ကပါရှင့် ရှေ့ပေါက်ကပါ။ သူက ပထမအခါအန်တဲ့အခါကျတော့ အဲဒီနားမှာတစ်ခေါက်သွားအန်တယ်။နောက်တစ်ခေါက်က အန်မယ်လို့သာပြောလိုက်တာ အိကလည်းမမြင်လိုက်ရဘူးထွက်သွားတာတွေ့တော့။ အရှေ့လည်းထွက်ကြည့်ရောဘာမှမရှိဘူး ပြီးတော့ဘယ်သွားမှန်းမသိဘူး အဲဒီမှာပြတင်းပေါက်က ကြည့်လည်းကြည့်ရော ထမီစလေးဘဲမြင်လိုက်ရတယ်။ သူကအဲဒီနေ့က ထမီအစိမ်းလေးဝတ်ထားတော့ မီးရောင်အောက်မှာဆိုတော့ ကျွန်မလည်းမျက်လုံး မကောင်းတော့ အစိမ်းလေးဘဲမှတ်မိတယ် ကျန်တာဘာမှမသိတော့ဘူး။ အဲဒီမှာကျွန်မဆေးရုံအထိပါသွားတယ် အောက်ကိုလည်း ဆင်းလည်းဆင်းရော အော်နေသေးတယ် ၀ိုးဝိုး ၀ိုးဝိုး နဲ့အသံ ကျွန်မသိတယ်။ ရုတ်တရက်မသေဘူးပေါ့နော် ၀ိုးဝိုးအော်တယ် ။ ကျွန်မလည်းသေတယ်မသိဘူး သေတယ်ဆိုတာမနေ့က မနက်ကမှသိရတာပါ။ ပထမဆေးရုံကမေးတယ် အဲဒီမှာစသုံးလုံးအဖွဲ့တွေချက်ခြင်းလိုက်ပို့ပေးတယ်။ အိကလည်း အသိစိတ်ကလွတ်သွားတော့ ဆေးထိုးပေးတယ် ဆေးသွင်းပေးတယ် အကုန်လုပ်ပေးတယ်။ သူတို့မေးတော့ ၇၀/၃၀ ရာခိုင်နှုန်းတဲ့ ကြိုးစားနေတယ်။ နောက်နေ့မနက်ရောက်တဲ့အခါကျမှ အိကနေမယုံလို့ ကျန်တဲ့ရဲဌာနဆိုင်ရာတွေလိုက်မေးတော့ ဆုံးပြီလား မဆုံးသေးဘူးလားဆေးရုံက တစ်မျိုးပြောတယ် အဲဒီမှာ အဲနေ့မနက်ကတည်းကဆုံးသွားပြီဆိုတာသိရတယ်။ အဲဒါနဲ့ ရှမ်းက အမျိုးတွေကိုလှမ်းမှာတယ်။ လှမ်းမှာတော့ စသုံးလုံးကနေလက်မှတ်စီစဉ်ပေးတယ်။ ရှမ်းတွေကကျတော့ စသုံးလုံးကစီစဉ်ပေးတဲ့ လက်မှတ် ကိုမယူဘဲနဲ့ သူတို့ဘာသူတို့လာတယ်လို့ အသံကြားပါတယ်ရှင့်။

YPI ။ ။အန်တယ်ဆိုတာက ဘာဖြစ်လို့အန်တာလဲ။
ဒေါ်အိအိအောင်။ ။ ဘာဖြစ်လို့လဲမသိဘူး ။ပြီးတော့ ပရက်ရှာလည်းကျချင်ကျနေမှာပေါ့နော် ။အဲဒီနေ့က သူကပင်လယ်စာထွက်စားတယ်။ ဖရဲသီးတွေလည်းတအားစားတယ်။ ဖရဲသီးစားတယ် ပင်လယ်စာဆိုသူကအရမ်းကြိုက်တာ ဂဏန်းတို့ ပုဇွန်တို့ အဲဒီညက အများကြီးစားတာ။

YPI။ ။ ကိုယ်ဝန်တွေဘာတွေသူ့မှာရှိသလား။
ဒေါ်အိအိအောင် ။ ။မရှိပါဘူး မရှိပါဘူး ကောင်မလေးမှာ အဲဒါတော့လုံးဝမရှိဘူး ။နောက်ပြီးတော့ အဲဒီနေ့က အမျိုးသမီးကိစ္စတွေဖြစ်နေတဲ့အချိန်။

YPI ။   ။အစ်မအနေနဲ့ နန်းဝိုဖန်း ကခုန်ချတယ်လို့မြင်လားပြုတ်ကြတယ်လို့မြင်လာ။ဘယ်လိုမြင်ပါသလဲ။
ဒေါ်အိအိအောင်။ ။ခုန်ချတာတော့ မဖြစ်နိုင်ဘူးရှင့် ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မနဲ့အနေနီးတာ လေးလရှိနေပြီ။ အဲဒီလိုအမြင့်တောင်မှ ကြည့်ကြည့်ပါသမီးဆို ဟင့်အင်းသမီးမကြည့်ရဲဘူး ကြောက်တယ် ။သူကအဲဒီလိုအရမ်းကြောက်တတ်တာ ။ စကား ဆိုလည်း တစ်ယောက်ယောက်ကအဲဒီလိုပြောရင် အရမ်းကြောက်တတ်တဲ့လူ။ သူကခုန်မချရဲဘူး အဲဒီလောက်လည်းသတ္တိမရှိဘူး။ အရမ်းကြောက်တတ်တာလေ ။ စကားကလည်းသိပ်မပြောတတ်နဲ့ အရမ်းရိုးသားတယ်လေ။ လက်ထိသွားရင် လုပ်ကြပါအုန်းလက်ထိသွားပြီ။ တစ်ခုခုဖြစ် ရင်ဆေးခန်းပြပါ သူက သေမှာလည်းတအားကြောက်တတ်တာကိုး။

YPI ။ ။ စစ်နေတဲ့အချိန်မှာ အစောင့်က လိုက်ရသလား။
ဒေါ်အိအိအောင်။ ။ အမြဲတမ်းလိုက်ရပါတယ် ။ အိတို့အိမ်သာသွားလည်းလိုက်ရတယ် ။ဟိုသွားလည်းလိုက်ရတယ် ဒီသွားလည်းလိုက်ရတယ်။အကုန်လိုက်ရပါတယ်ရှင့်။

YPI ။ ။ ပြုတ်ကျတဲ့အချိန်မှာအစောင့်တွေရှိနေပါသလား။
ဒေါ်အိအိအောင်။ ။ အဲဒီမှာရုံးစားပွဲတွေမှာ အိတို့က အိပ်ယာလည်းမရှိဒီအတိုင်းဘဲလေ ခဏလာပြီးသွားအိပ် ဒီအတိုင်းဘဲခေါ်စစ် အဲဒီလိုဘဲလုပ်ကြတာလေ။ အဲဒီဘဲ နေ့ခင်းဘက် စားပွဲတွေမှာ ဆက်ပြီးအိပ်တယ်။သူကခေါင်းရင်းမှာ အိပ်တဲ့အခါကျတော့  အစောင့်နှစ်ယောက်ကလည်းအဲလိုမျိုးပေါ့ တုန်းလုံးလှဲနေကြတာ။ အိအစောင့်ကကျတော့ တုံးလုံးလှဲတယ် သူ့အစောင့်ကလည်းတုံးလုံးလှဲနေတယ်။ လေးနာရီလောက်ကျတော့ မနန်းနင်အိပ်လိုက်တော့နော် နင်ခုနှစ်နာရီလောက်မှာတစ်ခါအစစ်ခံရအုန်းမှာ လို့ပြောတော့ အိပ်အိပ်လို့ပြောတော့သူကလည်းလှဲအိပ် ကျွန်မကလည်းလှဲအိပ် နေတာ ။ကျွန်မကလည်း ပင်ပန်းတာကလည်းသုံးရက်ရှိနေပြီဆိုအိပ်လိုက်တာ ။
သူကအရင်ဆုံးထွက်သွားတာ အန်မယ်ဆိုပြေးထွက်သွားတဲ့ပုံစံမျိုး အစ်မရေအန်မယ်လို့ပြောတယ် သူ့စကားကိုကျတော့ဘယ်သူသိပ်နားမလည်ဘူး ရှမ်းလိုဆိုတော့ မြန်မာစကားကသိပ်မတတ်ဘူးလေ။ အဲလိုမျိုးအသံကြားတော့ အိကနေပြီးအန်မယ်လို့ပြောတယ်ဆိုအစောင့်နှစ်ယောက်ကတော့လိုက်သွားတယ်။ သွားလည်းသွားကြည့်တော့ ဘာမှမတွေ့ရတော့ဘူး အစောင့် နှစ်ယောက်ကငိုနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကသွားကြည့်ပြီးတဲ့ပုံဘဲ။ သွားကြည့်တဲ့အခါကျတော့ ထမီစလေးဘဲ အိမျက်စိထဲမှာ အဲလိုပေါ့ ထမီစလေးဘဲမြင်နေရတယ်။

YPI ။ ။ဝရန်တာက ဘယ်လောက်မြင့်ပါသလဲ။
ဒေါ်အိအိအောင်။ ။ ဗိုက်အောက်လောက်ပါဘဲ။အရမ်းကြီးအမြင့်ကြီးလည်းမဟုတ်ဘူးအနိမ့်လေးလည်းမဟုတ်ဘူး။

YPI။ ။ အခုစသုံးလုံးက သူ့အတွက်ဘာတွေ လုပ်ပေးနေပါသလဲ။
ဒေါ်အိအိအောင်။ ။ သူတို့ကတော့ လိုအပ်တာပြောလို့ပြောပါတယ်ရှင့် ။ ဒါပေမယ့် ရှမ်းတွေကတော့ မလိုဘူးတဲ့ သူတို့ဘာသူတို့လုပ်မယ်။ သူ့ယောကျာင်္းက အခုဂျပန်ကနေ ပြန်လာခါနီးနေပြီလေ။ ချက်ခြင်းလာမယ်လို့ပြောပါတယ်။ သူ့ယောင်္ကျားလာမှ ဘာလုပ်သင့်လဲ ဘာတွေစီစဉ်မလဲ နောက်ပြီး သူတို့ကိုကြေနပ်လား မကြေနပ်လားမေးတယ် သူတို့က ကြေနပ်တယ်လည်းမပြောဘူး မကြေနပ်ဘူးလို့လည်းမပြောဘူး သူတို့မှာလည်းအသိုင်းအ၀ိုင်းရှိတယ် အဖွဲ့အစည်းရှိတယ် သူတို့ရအောင်လုပ်မယ်။ ကျွန်မအနေနဲ့ကျတော့ဘာမှလုပ်ပိုင်ခွင့်မရှိဘူး သူတို့မှာသူတို့ရှေ့နေရှိတယ်တဲ့ သူတို့ဘာသူတို့ ဆက်လုပ်မယ်လို့ပြောနေတယ်။

YPI ။ ။ အခုလိုဖြေကြားပေးတဲ့ ဒေါ်အိအိအောင်ကို ကျေးဇူးတင်ပါတယ်။


ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်း စသုံးလုံး ရုံး အဆောက်အဦ

သတင်းသမားများ၏ လွတ်လပ်ခွင့် ခြိမ်းခြောက်ခံနေရ

မတ်လ ၂၆ ရက်၊ ၂၀၁၂ ခုနှစ် (YPI)

ယုံကြည်အပ်နှံ အလွဲသုံးစားမှု ပုဒ်မ ၄၀၆ ဖြင့်စွဲဆိုခံရသည့် အမှုတစ်မှုနှင့် ပတ်သက်၍ စသုံးလုံး (အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့) တွင် ခေါ်ယူစစ်ဆေးခံနေရစဉ် မိန်းကလေး တဦး သေဆုံးသွားသည့် ကိစ္စကို သတင်းသွားရောက်စုံစမ်းစဉ် စသုံးလုံး ၀န်ထမ်းများက သတင်းထောက်အား ယခုအမှုကို ဆက်လက်စုံစမ်းပါက ညီလေး အန္တရာယ် ရှိသည်ဟု ခြိမ်းခြောက်ခံနေရသည်။

သေဆုံးသူ မိန်းကလေး၏ မိသားစုဝင်များအနေဖြင့် ရုတ်တရက် သေဆုံးရသည့်အကြောင်းအရင်း သိရှိလိုသဖြင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံသို့ သွားရောက်ခဲ့သည်။

ထိုသို့သွားရောက်နေစဉ် သတင်းထောက်က မိသားစုဝင်များနှင့် မေးမြန်းရန် ကြိုးစားသည့် သတင်းထောက်ကို စသုံးလုံး ၀န်ထမ်းများက ခြိမ်းခြောက်ခြင်း ဖြစ်သည်။

ယခုကိစ္စလို လူတယောက် အသက်ဆုံးရှုံးသွားရသည့် အဖြစ်ကို မိသားစုဝင်များ အနေဖြင့် အဖြစ်မှန်အတိုင်း သိရှိလိုမည်ဖြစ်ပါသည်။ ထိုသို့ သောကိစ္စတွင် သတင်းမီဒီယာက တနည်းတလမ်းဖြင့် အမှန်တရား ပေါ်ထွက်လာအောင် မီးမောင်းထိုးပြပေးရန် တာဝန်ရှိသည်ဟု ယူဆပါသည်။

နိုင်ငံတော် လျို့ဝှက်ချက် မဟုတ်သော၊ တိုင်းပြည်လုံးခြုံရေး နှင့် မပတ်သက်သည့် သတင်း အချက်အလက်များကို သတင်းမီဒီယာမှ ရှာဖွေဖေါ်ထုတ်ခွင့် ရှိသည်ဟု ယုံကြည်ပါသည်။

သမ္မတ ဦးသိန်းစိန်က စနစ်ပြောင်း၍ ခေတ်ပြောင်းနေပြီဟု မိန့်ခွန်းထဲတွင် မကြာခဏ အလေးပေးပြောဆိုနေချိန် ၊ ပွင့်လင်းမြင်သာမှုရှိဖို့ တာဝန်ယူမှုရှိဖို့ ပြောဆိုထားချိန်၊ စတုတ္ထမဏ္ဍိုင်သည် လည်း တိုင်းပြည်၏ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တွင် အရေးပါသည့် ထောင့်တထောင့်မှ လုပ်ဆောင်လျှက်ရှိနေချိန်တွင် ယခင်ထောက်လှမ်းရေး ကြီးစိုးသည့် ခေတ်ကဲ့သို့ ခြိမ်းခြောက်ခြင်းမျိုးသည် သတင်းမီဒီယာ အား အင်အားချည့်နဲ့အောင် လုပ်ဆောင်သကဲ့သို့ ရှိပါသည်။

စတုတ္ထမဏ္ဍိုင် အားကောင်းစေရန် ယခုကိစ္စလို ကိစ္စတွင် မီဒီယာ အားလုံး ၀ိုင်းဝန်းရပ်တည်ရန် လိုအပ်သည်ဟု YPI အနေဖြင့် ယုံကြည်ပါသည်။

ကြံ့ဖွံ့ငိုသံပါပြီ

by Burma VJ Media Network on Monday, March 26, 2012 at 4:09am ·

မတ်လ ၂၅ ရက်နေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ် ပုသိမ်ညွန့်ရပ်ကွက်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက မဲဆွယ်ရေး အောင်နိုင်ရေး တရားဟောခဲ့ပါတယ်။

ညနေပိုင်းကျတော့ ကြံ့ဖွံ့က အောင်နိုင်ရေးအတွက် ပုသိမ်ညွန်ရပ်ကွက်ကို မဲဆွယ်တရား ဟောခဲ့ပါတယ်။ ဟောပြောရာမှာလည်း သူတို့တွေ လမ်းတွေ ခင်းပေးတယ်၊ ပိုက်ဆံ ထုတ်ချေးတယ် ဆိုပြီးတော့ ဟောပြောတယ်။ သူတို့တွေ လုပ်ပေးခဲ့တာကိုတော့ ကျေးဇူးမတင်ကြဘူး၊ နားမလည်ဘူးလား လို့လည်း ပြောပါတယ်။

ပုသိမ်ညွန့်(၈လမ်း)မှာ ဆိုရင်တောင် ကြံ့ဖွံ့က လူတွေက စိန်တောင်ခေါ်တယ် ။ သတ္တိရှိရင် လုပ်ပါ။ ဘယ်သူက လွှတ်တော်ထဲကို ဝင်မလည်း ဆိုတာကို ကြည့် လို့တောင် ပြောပါသေးတယ်လို့ လမ်းသားတယောက်က ပြောပါတယ်။ နောက်ပြီးတော့ သူတို့တွေ လမ်းခင်းပေးတဲ့ ကျေးဇူးကိုလည်း နားမလည်ကြဘူးလို့လည်း ပြောပါတယ်။ မဲကိုလည်း (၈လမ်း)တလမ်းလုံး မထည့်ကြနဲ့ နေကြ လို့လည်း စကားများ ရန်ဖြစ်ကြတယ်။ သူတို့တွေ ဘယ်လောက်ခံစားနေလဲ ဆိုရင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေးက မင်္ဂလာတောင်ညွန့်မြို့နယ် အတွင်းရေးမှူးဆို "သူတို့ကို အားမပေးကြတော့ဘူး။သူတိုလုပ်ပေးတာတွေကို လျစ်လျူရှုကြတယ်။ NLDက ဘာလုပ်ပေးလို့လဲ" ဆိုပြီးတော့ ငိုသံပါနဲ့ ပြောပါသေးတယ်။

နောက်ပြီးတော့ သူတို့ဟောပြောနေတဲ့အချိန်မှာ သူတို့ထဲက ပါလာတဲ့သူ ပုသိမ်ညွန့်(၃)လမ်းကလူဆိုရင် ကဲ ခုကြံဖွံက ပြောတာတွေ သူတို့လုပ်ပေးတာတွေ သိတယ်နော် NLD ဘာလုပ်ပေးလဲ ခုပြောသလို လုပ်ပေးလား သူတို့ဘာတတ်နိုင်လို့လဲ NLDဘာတတ်နိုင်လို့လဲ လို့ပြောပါတယ်။ ပုသိမ်ညွန့်(၈)လမ်းကရပ်ကွက် အတွင်းရေးမူးဆိုရင် မင်းတို့တွေ တွေ့ကြသေးတာပေါ့ ဘယ်သူ အထဲဝင်မလဲ ကြည့်ကြသေးတာပေါ့လို့ ပြောပါတယ်လို့ မျက်မြင်သက်သေ ကိုယ် တိုင်ကြားခဲ့သူတဦးက ပြောပါတယ် ။

ကလေးစစ်သားအဖြစ် ခေါ်ဆောင်သွားရာမှ ပြန်ခေါ်နိုင်ခဲ့

By Burma VJ Media Network
မတ်လ ၂၅ ရက်နေ့တွင် သီပေါမြို့ သံချပ်ကာတပ်ထဲမှ ကလေးစစ်သား မောင်အောင်ပြေစိုးကို မိဘများထံသို့ လူ့အခွင့်ရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက် (HRDP)မှ ကူညီ၍ ပြန်လည် ပို့ဆောင်ပေးခဲ့သည်ဟု သိရပါသည်။




မြို့ နယ်အဆင့်လောက်က ပြည်သူ့လည်ပင်းကို တက်နင်း

Uploaded by BurmaVJMedia on 26 Mar 2012
မဇ္ဈိမအလင်း ပညာဒါန အင်္ဂလိပ်စာ သင်တန်းကျောင်း ဖွင့်လှစ်ပွဲ အခမ်းအနား
ဒီမိုကရေစီနိုင်ငံတော်သစ်ဆီ သွားဖို့ ခြေလှမ်းပြင်နေဆဲမှာ နိုင်ငံတော်သမ္မတ ကိုယ်တိုင်က မိဘပြည်သူများခင်ဗျာ ဆိုပြီးတော့ ပြည်သူလူထုကို လက်ကမ်းနေတဲ့အချိန်မှာ မြို့နယ်အဆင့် ဒေသဆိုင်ရာ အဆင့်လောက်ကနေပြီးတော့ ပြည်သူ့ခေါင်းကို ပြည်သူ့လည်ပင်းကို အမိန့်အာဏာတွေနဲ့ တက်နင်းထားတဲ့ အပြုအမူမျိုးကိုတော့ လုံးဝ လက်မခံပါနဲ့လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က နာဂစ်ဒဏ်ခံ ဧရာဝတီတိုင်း လပွတ္တာမြို့နယ် အမှတ် ၉ ရပ်ကွက် ကိုးနဝင်း ပရိယတ္တိစာသင်တိုက်မှာ ပြုလုပ်တဲ့ မဇ္ဈိမအလင်း ပညာဒါန အင်္ဂလိပ်စာ သင်တန်းကျောင်း ဖွင့်လှစ်ပွဲ အခမ်းအနားတွင် တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ကျေးရွာဥက္ကဌ ရာထူးရရှိဖို့ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အမတ် ဦးထွန်းလှရွှေ ကို ကျပ် ၁၅ သိန်း လာဘ်ပေးရ

Burma VJ Media Network
ကျောက်တန်းမြို့နယ်၊ သီလ၀ါရွာဟောင်း (ယခု ရွှေပြည်သာယာ) မှာ လက်ရှိ ကျေးရွာဥက္ကဌတာဝန်ကို အစမ်း ၃ လ အနေနဲ့ တာဝန်ယူထားတဲ့ ကျေးရွာဥက္ကဌ ဦးအေးလွင်က သူ တာဝန်ယူထားတဲ့ ကျေးရွာက ရွာသူရွာသားတွေကို အဓမ္မ ဖိနှိပ်မှုတွေ ပြုလုပ်နေပါတယ်။ ဦးအေးလွင် အနေနဲ့ ဥက္ကဌရာထူးကို ရရှိဖို့အတွက် လက်ရှိ ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အမတ် ဦးထွန်းလှရွှေ ကို ကျပ် ၁၅ သိန်း လာဘ်ပေးထားတယ်လို့ ရွှေပြည်သာယာ ရွာသားတွေက ဆိုပါတယ်။ ကျေးရွာဥက္ကဌ ဦးအေးလွင် အနေနဲ့ အခုလိုမျိုး မတရားဖိနှိပ်ပြုလုပ်နေတာတွေကို တာဝန်ရှိသူတွေထံ အကြောင်းကြားစာ ၃ ကြိမ် ပို့ပြီး တိုင်ကြားခဲ့ပေမဲ့ ထိရောက်မှု မရှိဘူးလို့ သိရပါတယ်။ ဦးအေးလွင်ဟာ အရင် မဆလခေတ်တုန်းကလည်း ၁၄ နှစ်တိုင်အောင် ဒီရွာကို အုပ်ချုပ်လာခဲ့တာဖြစ်ပြီး တရားမျှတမှု မရှိဘဲ အုပ်ချုပ်လာခဲ့တာဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ ဘွဲ့ရပြီးသူတွေသာ ရပ်ရွာဥက္ကဌ ပြုလုပ်ရမည် ဆိုတဲ့ ဥပေဒကို ထုတ်ပြန်လိုက်ပြီးတဲ့နောက်မှာ ဦးအေးလွင်ဟာ ဥက္ကဌနေရာကို ဖယ်ပေးလိုက်ရပြီး ရပ်ရွာက ဘွဲ့ရလူငယ်တစ်ယောက်ကို ခန့်အပ်ခဲ့ပါတယ်။ အခု ၂၀၁၂ ခုနှစ်မှာ လွှတ်တော်အမတ်တွေ နေရာရလာတဲ့အခါ ဦးအေးလွင်က ယခင် ဥက္ကဌ တာဝန်ကို အစမ်းခန့်အနေနဲ့ သုံးလ တာဝန်ယူနေပြီး ပြန်လည် အာဏာ ရယူနေတာ ဖြစ်ပါတယ်။

ဒံပေါက်ကျွေးပြီး ဘုရားဖူးပို့ပေးမည့် ကြံ့ဖွံ့


by Burma VJ Media Network on Monday, March 26, 2012 at 6:46am ·
လာမည့်ဧပြီလ ၁ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်(ယုဇနဥယျာဉ်မြို့တော်) လစ်လပ်မဲဆန္ဒနယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက  ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင် ၎င်းတို့ပါတီအား မဲပေးမည် ဆိုပါက အခမဲ့ ဘုရားဖူးခရီး ပို့ဆောင်ပေးမည့်အပြင် ဒံပေါက်ထမင်းပါ ကျွေးဦးမည်ဖြစ်ကာ အသုံး စရိတ်လည်း ထုတ်ပေးမည်ဟု မဲဆွယ်စည်းရုံးလျက်ရှိကြောင်း အဆိုပါယုဇနဥယျာဉ်မြို့တော်တွင် နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။

        "အဲဒီနေ့ကျရင် ဒီမှာရှိတဲ့ လမ်းတိုင်းမှာ တလမ်းကို ကားတစ်စီးစီ ထားပေးပြီး ဘုရားဖူးလိုက်ပို့မယ်ပြောတယ်။ ဒံပေါက်ကျွေးမယ့်အပြင် ခရီးစရိတ် တယောက်ကို ၅၀၀၀ ဝန်းကျင်လောက်အထိ ထုတ်ပေးဦးမယ် ပြောတယ်။ ပြီးရင် သူတို့အသင်းဝင်ပြီး သူတို့ကို မဲပေးရမယ် ပြောတယ်။ သူတို့ ဘယ်လိုပဲ ဆွယ်ဆွယ် ကျမ ကတော့ မပေးနိုင်ဘူး ကျမဘာသာ ပေးချင်တဲ့ဆီ ပေးမှာပဲ ဘုရားဖူး မလိုက်ရလို့ ဝမ်းနည်းစရာအကြောင်းမရှိဘူး"ဟု အဆိုပါမြို့တော်တွင် နေထိုင်သည့် ကုန်စိမ်းရောင်း၍ အသက်မွေးဝမ်းကျောင်းပြုသူ အသက်၃၅ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ၎င်း၏ဆန္ဒကို ထုတ်ဖော်ပြောသည်။

           "ကျွန်တော့ကိုတော့ ဘယ်လိုစည်းရုံး စည်းရုံး မရဘူး။ NLD ကိုပဲ မဲပေးမှာပဲ မျက်နှာမရလဲ နေပစေ ကိုယ့်ထမင်း ကိုယ်စားပြီး ကြိုတင်မဲလည်း မထည့်နိုင်ဘူး။ အခုသူတို့က ကြိုတင်မဲထည့်ဖို့၊ စည်းရုံးနေတယ် တကယ်တော့ဒီမှာက NLD အမာခံပရိတ်သတ်တွေ အများကြီးပါ" ဟုအဆိုပါမြို့နယ်တွင် နေထိုင်သူ အနှေးယာဉ် လုပ်သားတစ်ဦးက ပြောသည်။

          "တကယ်တော့မဲဆွယ်တာတော့ ဆွယ်တာပေါ့။ ဒါပေမယ့်သူတို့မဲဆွယ်တာက သဘာဝမကျဘူး။ ဘယ်လိုလူတွေသာ ကြိုတင်မဲ ပေးသင့်တယ် ဆိုတာလဲ အားလုံး သိပြီးသား။ အခုဟာက ရယ်စရာလည်း ကောင်းတယ်၊ ဒံပေါက် ကျွေးပြီး မဲဆွယ်တယ် ဆိုတော့လေ။ သူများနိုင်ငံတွေတော့ ဘယ်လိုလဲ မသိဘူး။ အခုဟာက ဘာကြီးမှန်း မသိဘူး"ဟု အသက်၆၀ ကျော် အရွယ်ရှိ အငြိမ်းစား ဝန်ထမ်းတစ်ဦးက ၎င်း၏ အမြင်ကို ဖြည့်စွက် ပြောကြားသည်။

          လာမည့်ဧပြီလ ၁ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ဒဂုံဆိပ်ကမ်း မဲဆန္ဒနယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)မှ ဦးအောင်ဝင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ ဒေါက်တာ မျိုးအောင်၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF)မှ ဦးကြီးမြင့်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် အမျိုးသား ဒီမိုကရေစီ ပါတီသစ် (NNDP )မှ ဦးဝင်းမြင့်စသည့် ကိုယ်စားလှယ်လောင်းများ ဝင်ရောက် အရွေးခံကြမည်ဖြစ်ပြီး မဲဆွယ်စည်းရုံးမှုများ ဟောပြောမှုများကို သက်ဆိုင်ရာ ပါတီအလိုက် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

(ဇော်ဇော်)



ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး ကွန်ယက်

Uploaded by BurmaVJMedia on 24 Mar 2012

ဧပြီလ ၁ ရက်နေ့မှာ ကျင်းပတော့မှာဖြစ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲဟာ တရားမျှတမှုနဲ့ သန့်ရှင်းမှု ဘယ်လောက်ရှိမလဲ ဆိုတာကို စောင့်ကြည့် လေ့လာဖို့အတွက် ၈၈ မျိုးဆက်ကျောင်းသားများက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး ကွန်ယက်ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်ပါတယ်။
သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းမှာရှိတဲ့ သီရိဂုဏ်အိမ်ယာ အမှတ် ၂၈၄/က ၈၈ မျိုးဆက်ကျောင်းသားများရုံးမှာ မတ်လ ၂၃ ရက်နေ့က ကွန်ယက် စတင်ဖွဲ့စည်းတဲ့ အထိမ်းအမှတ်အဖြစ် မီဒီယာအသီးသီးကို ဖိတ်ခေါ်ပြီး သတင်းစာရှင်းလင်းပွဲတခု ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီ သတင်းစာရှင်းလင်းပွဲကို ပြည်တွင်းသတင်းမီဒီယာ အသီးသီးမှ သတင်းထောက်များ တက်ရောက်လာကြပြီး စောင့်ကြည့်လေ့လာမှု ရလဒ်တွေ အပေါ် အခြေခံတဲ့ သတင်းထုတ်ပြန်မှုတွေနဲ့ ပတ်သတ်ပြီး သိလိုတာတွေကို မေးမြန်းခဲ့ကြပါတယ်။

ဦးသိန်းစိန်လေယာဉ်ပေါ်အတက်မှာဒီလိုအစစ်ခံရလား

Burma VJ Media Network
ဒေါ်အောင်ဆန်းစုကြည်၏ တနင်္သာရီတိုင်း မဲဆွယ်စည်းရုံးရေးခရီးစဉ်.






Uploaded by BurmaVJMedia on 26 Mar 2012

ခြိမ်းခြောက်တိုင်း မကြောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ပြော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် တနသာင်္ရီတိုင်း မြိတ်မြို့နယ်က ကျွန်းစုတွေကို မက်လ ၂၄ ရက်နေ့က မဲဆွယ်စည်းရုံးရေးသွားရောက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးမကောင်းတာကြောင့် ဒီခရီးစဉ်မှာ မြိတ်နဲ့ ကျွန်းစုမြို့နယ်က စခန်းသစ်ရွာကိုပဲ သွားရောက်နိုင်ခဲ့ပြီး အခြားမြို့နယ်တွေကို သွားရောက်ဖို့အစီအစဉ်တွေကို ဖြတ်သိမ်းခဲ့ရပါတယ်။

ကြံဖွတ်အောင်နိုင်ရေးသမ္မတနာမည်အသုံးပြု




ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေနှင့် စပ်လျဉ်းပြီး ကြေငြာချက် ထုတ်ပြန်




ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ပြန်လည်ကောင်းမွန်


By featured, ကျော်ခ on March 26, 2012 4:14 pm

တနင်္သာရီတိုင်း မြိတ်မြို့နယ် မဲဆွယ်စည်းရုံးရေး ခရီးစဉ်အတွင်း ကျန်းမာရေး ချို့ယွင်းခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏အခြေအနေမှာ တိုးတက် ကောင်းမွန်လာကြောင်း NLD က ယနေ့ ထုတ်ပြန်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကို ယခင်လထဲက အထွေထွေ စမ်းသပ်မှုများပြုလုပ်ခဲ့ရာတွင် လုံးဝ ကောင်းမွန်ကြောင်း တွေ့ရှိရပြီး မြိတ်ခရီးစဉ်၌ ရေယာဉ်အခက်ခဲကြောင့် မော်တော်ဘုတ်ငယ်များဖြင့် နေပူထဲတွင် အချိန်ကြာမြင့်စွာသွားလာခဲ့ရ၍ ပင်ပန်း မှုဒဏ်ခံရသကဲ့သို့ အလုပ်ဖိစီးမှုဒဏ်နှင့် အားနည်းနေခြင်းတို့ကြောင့် နေထိုင်မကောင်း ဖြစ်ရကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

“ယခုအခါ ကျန်းမာရေးအခြေအနေမှာ တိုးတက်မှုရှိလာသော်လည်း ၄/၅ ရက် နားနေရန်လိုအပ်ကြောင်းလည်း မိသားစု ဆရာဝန် က အကြံပြုထားပါသည်”ဟု ကြေညာချက်၌ တွေ့ရှိရသည်။

NLD ရွေးကောက်ပွဲ ဗဟိုအောင်နိုင်ရေး ကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ ဦးဉာဏ်ဝင်း ကလည်း “ကျန်းမာရေးအခြေအနေက ဒီနေ့တော့ ကောင်းသွားပါပြီဗျာ”ဟု ဧရာဝတီသို့ ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယခုလ ၃၁ ရက်နေ့တွင် သူ၏ မဲဆန္ဒနယ်မြေ ဖြစ်သော ကော့မှူးမြို့နယ် သို့သွားရောက်ရန်ရှိကြောင်းလည်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး အဖြစ် ယခုလ၂၄ ရက်နေ့က မြိတ်မြို့နယ် အတွင်း ရေကြောင်းခရီးဖြင့် သွားရောက် ရာတွင် မူးဝေ အော့အန်ခြင်းနှင့် ဝမ်းလျှော၊ ဝမ်းပျက် ဖြစ်ပွားခဲ့ပြီး နေအိမ်တွင် ဆေးကုသမှုခံယူကာ အနားယူနေရာမှ ယနေ့တွင် ပြန်လည် သက်သာလာခြင်းဖြစ်သည်ဟု NLDက ပြောသည်။

မြိတ်မြို့နယ်အတွင်း ရေကြောင်းဖြင့်သွားရောက်ရန် ပြင်ဆင်ထားရာ မူလက စီစဉ်ထားသော ရှပ်ပြေးစက်ရေယာဉ် ငှားရမ်း ထားမှုသည် အချိန်နီးကပ်မှ ပြောင်းလဲသွားခြင်းကြောင့် ရရာရေယာဉ်များနှင့် စီစဉ်ကာ ခရီးဆက်ခဲ့ရခြင်းကြောင့် ကျန်းမာရေး ထိခိုက်မှုဖြစ်ပွားခဲ့ရကြောင်း ခရီးစဉ်တွင် လိုက်ပါသွားသူ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးတာဝန်ခံ ဦးခွန်သာမြင့် က ပြောပြသည်။

“အရင်စီစဉ်ထားတဲ့ ရှပ်ပြေးက ဟိုရောက်ခါနီးကြမှ ဖိအားပေးခံရတယ်ဆိုပြီးတော့ ပိုင်ရှင်ကမငှားတော့ဘူးဆိုတော့၊ ကုန်တွေ တင် တဲ့ ကာဂိုမော်တော်ကြီးကို ယာယီအမိုးတွေမိုးပြီးတော့ သွားရတယ်။ ကာဂိုကလည်း လူစီးမဟုတ်တော့ ဒီဇယ်အနံ့ကြီးက နံတယ်။ ရှပ်ပြေးလိုလည်းမငြိမ့်ဘူးပေါ့။ လှိုင်းကလည်းမူးတော့ အဲဒီမှာ စ အန်တာပဲ”ဟု ဦးခွန်သာမြင့်က ဧရာဝတီသို့ ပြောသည်။

သူကဆက်လက်ပြီး“အခြေအနေကမကောင်းတော့ (မြိတ်) ကျွန်းစုခရီးစဉ်ကိုဖျက်ဖို့ အစ်မ(ဒေါ်အောင်ဆန်းစုကြည်)ကိုပြောတယ်။ သူကတော့ လူတွေကိုခေါ်ထားပြီးမှ မသွားလို့မဖြစ်ဘူးဆိုပြီး လုပ်နေတာ။ ကျန်းမာရေးအရ မနည်းဝိုင်းပြောရတာပေါ့။ အိမ်ရောက် တော့ အော့အန်တာတို့၊ ဝမ်းသွားတာ တို့ဖြစ်တာ ပေါ့။ နောက်ဆေးတွေ ဘာတွေသွင်းယူရတာပေါ့”ဟု ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကြောင့် မိသားစု ဆရာဝန်ဒေါက်တာ တင်မျိုးဝင်း၏ အကြံပေးချက်အရ ယခုလ ၂၇-၂၈ ရက်နေ့များတွင် မကွေးမြို့၊ တောင်တွင်းကြီး၊ ကျောက်ပန်းတောင်းနှင့် နတ်မောက်မြို့ခရီးစဉ်များကို ဖျက်သိမ်းခဲ့ပြီး အနူးအညွှတ်တောင်းပန်ကြောင်း အဖွဲ့ချုပ်က ယမန်နေ့ကလည်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါမြို့နယ်များရှိ မဲအောင်နိုင်ရေးအဖွဲ့များကလည်း ဒေါ်အောင်ဆန်းစုကြည် လာမည်ကို သက်ဆိုင်ရာမြို့နယ်များအတွင်း အသိ ပေး ကြေညာထားသကဲ့သို့ ပြင်ဆင်မှုများလည်းပြုလုပ်ထားကြောင်း၊ မလာဖြစ်တော့သည့်အတွက်ကိုလည်း တောင်းပန် စာများကို မြို့ပေါ်နှင့် ကျေးရွာများသို့ ပေးပို့ခဲ့ရကြောင်း စုံစမ်း သိရှိရသည်။

“ကျနော်တို့ကတော့ ထန်းတောထဲမှာ ဒေါ်စု စကားပြောဖို့ စင်အကြီးကြီးနဲ့ ကြိုဆိုမယ့်ဟာတွေအကုန်စီစဉ်ထားတာပေါ့။ ခုမလာဖြစ် တော့ ဒီဒေသခံတွေက ဒေါ်စု နေမကောင်းလို့ ဝမ်းနည်းစိတ်ပူသလို၊ သူတို့ဆီကိုမလာဖြစ်တဲ့အတွက်လည်း ဝမ်းနည်းနေကြတယ်” ဟု ကျောက်ပန်းတောင်းမြို့နယ် NLD မဲအောင်နိုင်ရေး တာဝန်ရှိသူ ကိုအေးခိုင် က ပြောပြသည်။

မြို့ပေါ်ရှိ ဈေးသူဈေးသားများနှင့် မြို့ခံများ၏ တောင်းဆိုချက်အရ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်ရန် ဆုတောင်း မေတ္တာပို့ပွဲကို မြို့တွင်းရှိ ဆုတောင်းပြည့်ဘုရားကြီး၌ ယနေ့ညနေ ၆ နာရီတွင် ကျင်းပရန် ကျောက်ပန်းတောင်းမြို့နယ် NLD က စီစဉ်ပေးထားသည်ဟုလည်း ဆိုသည်။

ကျောက်ပန်းတောင်းမြို့သို့ ရောက်ရှိလာလျှင် မိန့်ခွန်းပြောရန် ဆောက်လုပ်ပြင်ဆင်ထားသော မဏ္ဍပ်စင်အား ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာရောက်ဟောပြောပြီးသည်ထိ ထားရှိသွားရန် ဒေသခံများက တောင်းဆိုကြသဖြင့် မဖျက်သိမ်းဘဲ ထားရ သည်ဟု သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲ၌ ကျောက်ပန်းတောင်းမြို့နယ်တွင် NLD နှင့် ကြံ့ခိုင်ရေးပါတီ နှစ်ပါတီသာ ဝင်ရောက်ရွေးချယ်ခံကြမည် ဖြစ်ကြောင်း၊ ယခုလ ၂၄ ရက်နေ့က ကြံ့ခိုင်ရေးပါတီဝင် တချို့က ဒေါ်အောင်ဆန်းစုကြည် ကို ဂုဏ်သိက္ခာအရ တိုက်ခိုက်သော ရုပ် ပုံ များ၊ မေးခွန်းများပါဝင်သော ဗီစီဒီနှင့် စာများကို ည အချိန်များတွင် ရပ်ကွက်များအတွင်း ဖြန့်ခဲ့သဖြင့် မြို့နယ်ကော်မရှင် ရုံးသို့ NLD က တိုင်ကြားထားကြောင်းလည်း ကိုအေးခိုင် က ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားသားကို ယူထားတယ်။ သူ့ကို မဲပေးရင် တိုင်းတပါးကျွန်ဖြစ်မယ်။ သူနဲ့ သူ့ခင်ပွန်းပုံတွေ ကို လည်း ဖိုတိုရှော့တွေနဲ့ ပြင်ထားပြီး လုပ်ထားတယ်ဗျ။ တချို့စာသားတွေက မကြားဝံ့၊ မပြောဝံ့တွေပါ ထည့်ထားတယ်ဗျာ။ မြို့နယ်ကော်မရှင်ကို တိုင်ထားတယ်”ဟု သူက ပြောဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် NLD နှင့် ကြံ့ခိုင်ရေးပါတီတို့က လစ်လပ်မဲဆန္ဒနယ်မြေ ၄၈ နေရာလုံးတွင် ဝင်ရောက် ရွေးချယ်ခံကြ မည်ဖြစ်ပြီး NLD ပါတီမှာ မဲဆွယ်စည်းရုံးရေးကာလတွင်၊ ပုဂ္ဂိုလ်ရေး ဂုဏ်သိက္ခာထိခိုက်စေမည့် တိုက်ခိုက်ခံရမှုများ ရှိသကဲ့သို့ ပါတီ ဆိုင်းဘုတ်များ ဖျက်ဆီးခံရခြင်း၊ ပါတီ ကိုယ်စားလှယ်များ ချောင်းမြောင်းတိုက်ခိုက်ခံရခြင်း၊ ခရီးစဉ်များ ကြန့်ကြာစေရန် ဟန့်တားခံရခြင်းများရှိကြောင်း ပါတီ ဗဟို မဲအောင်နိုင်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
burma.irrawaddy.org