Tuesday, March 27, 2012

ငါးမင်းဆွေကိုဒေါသထွက်နေသောပြည်သူတစ်ယောက်မှ ပုဆိုးဆွဲချွတ်

မြန်အောင်မြို့ နယ်တွင်..ပြည်သူလူထု၏ အဆဲ အဆို မေတ္တာများ လာရောက်ခံယူသော...ငါးမင်းဆွေကို ...NLD ပါတီဝင်လူငယ်များနှင့် ရဲတပ်ဖွဲ့ဝင်များ..လိုက်လံ စောင့်ကြပ်ပြီး...မြို့ အထွက်ရောက်အောင် လိုက်လံ ပို့ခဲ့ကြ...၄င်း ငါးမင်းဆွေ ၏ ရည်ရွယ်ချက်မှာ..ဒေါ်စုကို အပုတ်ချ..ပြည်သူကိုရန်စ..ပြသနာဖြစ်အောင်ဖန်တီး..ဒီမိုကရေစီဆိုတာဒီလိုအကြမ်းဖက်ဖို့လားဟု အများပြည်သူစိတ်ဆိုးအောင် ရည်ရွယ်...ဒီမိုကရေစီချစ်သူ ပြည်သူအများ ပြသနာမဖြစ်အောင် အထူးသတိထားပြီး...အချင်းချင်း သတိပေးရှယ်ယာလုပ်လိုက်ကြပါ..ခင်ဗျား..(ငါးမင်းဆွေ အပေါ် ပြည်သူများ ဘယ်လောက်မုန်းတီးနေလဲဆိုတဲ့ ဓာတ်ပုံများဗွီဒီယိုများ..ဆက်တင်ပေးပါမည်)




ဒေါ်အောင်ဆန်းစုကြည် အားတစ်ဖက်သတ် အပုတ်ချ စာစောင်များ ဖြန့်ဝေရာတွင်...ငါးမင်းဆွေသည်...ယခုကဲ့သို့..မသိနားမလည်သေးသော..အသက်(၁၈)နှစ် မပြည့်သေးသည့် ချင်းအမျိုးသမီးငယ်လေးများကို အသုံးပြုခဲ့သည်။ ဒါဟာဒေါသထွက်နေသောပြည်သူလူထုကြောင့် ဖြစ်လာမည့် ပြသနာများကို ဖိတ်ခေါ်တာလားဟု ပြည်သူအများပြောကြားနေကြသည်။ ယင်းစာရွက်များဖြန့်ဝေရာတွင် ၄င်းမှ ပေါ်ပေါ်ထင်မဖြန့်ဝေပဲ...၄င်း မိန်းကလေးငယ်များကို ကျယ်ကျယ်ပြန့်ပြန့်ဝေခိုင်းကာ..ငါးမင်းဆွေမှာ..ဟိုသွားသလို..ဒီသွားသလိုဖြင့် ပြသနာမဖြစ်နိုင်မည့် ကျေးရွာများသို့ ကိုမူ ၄င်းငါးမင်းဆွေ ကိုယ်တိုင် သွားရောက်ဝေခဲ့သည်။


ဒေါသထွက်နေသောပြည်သူတစ်ယောက်မှ ပုဆိုးဆွဲချွတ်လိုက်တော့...သူ့ခင်ဗျာ..ရှက်ရှက်တွေပေါ်ကုန်တာပေါ့...


Zaw Htoo Aung

မြိတ်မှာ ရှပ်ပြေးအမြန်ယာဉ်ငှားမရသည့်အကြောင်းရင်း



ကော့သောင်းမှာ ရိုက်ထားတဲ့ ရှပ်ပြေးအမြန်ယာဉ်(ရှော်တယ်) အမှန်တော့ ရှပ်ပြေးတာမဟုတ်ဘဲ အမြန်မောင်းနိုင်တဲ့ ရေယာဉ် သာဖြစ်ပါတယ်။ ပထမတန်းက Air Con နဲ့ ဖြစ်ပါတယ်။ သိပ်မကြီးလှပါဘူး။ မောင်းနေရင်တော့ အလွန်ငြိမ်ပါတယ်။
ပုံ-mggyi/mmcpcommunity

ရာဇ၀င်တော့ ရိုင်းသွားခဲ့ပါပြီ..မြိတ်...ရေ...

ရှပ်ပြေးရေယာဉ်လို့ခေါ်တဲ့ မလေးရှားကတင်သွင်းလာတဲ့ မြန်နုန်းမြင့်ခရီးသည်တင်ရေယာဉ်တွေ စုစုပေါင်း ၉ စီးရှိပါတယ်။ ဒီရေယာဉ်တွေဟာ ရေအနက် ၃ပေကျော်ကျော်လောက်မှာတောင် မောင်းနှင်နိုင်ပြီး အမြန်နုန်းက တနာရီရေမိုင် ၄၅ မိုင်အထိ ပြေးဆွဲနိုင်ပါတယ် ( အများအားဖြင့် ၁နာရီ ရေမိုင် ၃ဝ မိုင်နုန်း ပတ်ဝန်းကျင်သာ မောင်နှင်ကြလေ့ရှိပါတယ်)။ အားလုံးလိုလိုဟာ တပတ်ရစ်တွေဖြစ်ပြီး အရင်က မလေးရှားမှာ ဆာလာဝတ်တို့ စူလဝေစီတို့ကိုပြေးဆွဲနေတဲ့ သင်္ဘောတွေလို့ ကြားသိရပါတယ်။

အဲဒီအမြန်ရေယာဉ်တွေကို ပိုင်ဆိုင်ထားတဲ့ ပုဂ္ဂလိကကုမ္မဏီ ၃ ခုရှိပြီး ကုမ္ပဏီပိုင်ရှင်တွေအားလုံးဟာ မြိတ်သားတွေချည်းပါပဲ။ ဒါပေမဲ့ အဲဒီသင်္ဘောတွေ မြန်မာပြည်ကို ဘယ်လိုဝင်ရောက်လာသလဲဆိုတာရယ် အဲဒီသင်္ဘောတွေကို တကယ်ပဲ မြန်မာသူဌေးတွေက ပိုင်တာလား ဒါမှမဟုတ် မလေးရှားပိုင်ရှင်တွေက မြန်မာတွေကို နာမည်ခံခိုင်းထားတာလား ဆိုတာက သိပ်မသဲကွဲပါဘူး။

ဒါကလည်း ဒီသင်္ဘောတွေစသွင်းလာတာက ကမ်းရိုးတန်းတိုင်းရဲ့ ပထမဆုံးတိုင်းမှူးဖြစ်တဲ့ ဗိုလ်ချုပ်စစ်မောင် လက်ထက်မှာဖြစ်ပြီး အဲဒီတုန်းက တိုင်းမှူးရဲ့ခွင့်ပြုချက်နဲ့ တိုင်းအတွင်း ခရီးသွားလာရေး လွယ်ကူရန်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မှတ်ပုံတင်မရှိ အခွန်မဆောင်ပဲ တရားမဝင်ဝင်ရောက်လာခဲ့ကြတဲ့ သင်္ဘောတွေဖြစ်လို့ပါပဲ။

အခုလက်ရှိသင်္ဘောတွေဟာ တရားဝင်မှတ်ပုံတင်ထားတဲ့ သင်္ဘောတွေဖြစ်နေပြီလားဆိုတာတော့ မသိပါဘူး။

ဒီတော့ သင်္ဘောတွေဟာ အာဏာပိုင်တွေနဲ့ အတော့်ကို ပတ်သတ်မှုရှိခဲ့ပါတယ်။ ဒါ့အပြင် သေသေချာချာ ရှင်းရှင်းလင်းလင်း အမှီခိုကင်းကင်းနဲ့ မရပ်တည်ခဲ့တော့ အာဏာပိုင်တွေကို မလွန်ဆန်နိုင်ဘူးလို့ဆိုရပါမယ်။

ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်မှာ အသုံးပြုဖို့ ၈၈ တုန်းက ဒီမိုဘက်တော်သားတစ်ဦးအဖြစ် တက်ကြွခဲ့တဲ့ ရာဇဝင်ရှိဖူးသူ ဦးကျော်စိမ်းရဲ့ အမြန်ရှပ်ပြေးရေယာဉ်ကို အန်အယ်ဒီက ငှားတယ်လို့ ကြားသိရပါတယ်၊ ဒီလူဟာ ဒုချုပ်ကြီးရဲ့ သမီးဖြစ်သူ ဒေါ်နန္ဒာအေးနဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိသူလို့လည်း လူပြောများသူပါ။

နောက်တော့ သူ့ကိုအာဏာပိုင်တွေက ဖိအားပေးတယ်လို့ဆိုပါတယ်။ ဒါ့အပြင် မြိတ်မြို့အဓိက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေဖြစ်တဲ့ ဦးလှသန်း ဦးကျားမောင် နဲ့ ဦးဌေးမြင့် (ယုဇန) တို့ကလည်း ပုဂ္ဂိုလ်ရေးရင်းနှီးမှုကနေ သင်္ဘောမငှားဖို့ ဖိအားပေးတယ်လို့ ဆိုပါတယ်။ ဦးကျားမောင်နဲ့ ဦးဌေးမြင့်ဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ်တွေပါ။

ဒီလိုနဲ့ သင်္ဘောမငှားဖြစ်တော့ကြောင်း ၂၂ နေ့မှ ပိုင်ရှင်က အကြောင်းကြားတယ်လို့ဆိုပါတယ်။

ဦးတေဇမှာ စူပါယော့လေးတစ်စီးရှိပါတယ်၊ အင်မတန်ကောင်းတဲ့ ဇိမ်ခံသင်္ဘောလေးပါ။ ကျနော်တို့မသိပေမဲ့ သူတို့ချင်းရှိနေတဲ့ လမ်းကြောင်းတစ်ခုကနေ ဦးတေဇက သူ့သင်္ဘောလေးကို အသုံးပြုဖို့ ပေးတယ်လို့ ကြားရပေမဲ့ ဘာကြောင့်မှန်းမသိ ဒီအစီစဉ်လည်း တစုံတရာအကြောင်းကြောင့် ပျက်သွားရပြန်သတဲ့။

ဒါနဲ့ပဲ မြိတ်က အင်န်အယ်ဒီတာဝန်ရှိသူတွေဟာ သူတို့တတ်နိုင်တဲ့ပုံစံနဲ့ ဒေါ်စုရဲ့ခရီးစဉ်ကို စီစဉ်ပါတယ်။ သူတို့စီစဉ်ထားတဲ့ စက်လှေဟာ ၁ နာရီကို ရေမိုင် ၇.၅ မိုင်သာ သွားနိုင်ပါတယ်၊ မြိတ်နဲ့ စခန်းသစ်ဟာ ရေမိုင် ၃ဝလောက်ရှိပြီး စခန်းသစ်နဲ့ ကံမော်က ရေမိုင် ၂ဝကျော်ကျော်ရှိပါတယ်။ ဒီထက်ပိုဆိုးတဲ့ တိုက်ဆိုင်မှုက လေယာဉ်ချိန်က တင်ကြိုတွက်ဆထားတဲ့ အချိန်မဟုတ်ပဲ အတော်လေးနောက်ကျပြီးမှ မြိတ်မြို့ကို ဆိုက်ရောက်ပါတယ်။ ဒါဟာ ဖြစ်ရိုးဖြစ်စဉ် ပြည်တွင်းလေကြောင်းလိုင်းတွေရဲ့ ထုံးစံအတိုင်း သာမန်နောက်ကျမှုပဲလား တမင်ပဲနောက်ကျတာလားဆိုတာက ယေဟိုးဝါး အရှင်တော်ပဲ သိပါတော့မယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စဉ်းရုံးရေး ခရီးစဉ်တွေကို နှောက်ယှက်တာ အကြိမ်ပေါင်းများပြီမို့ သိပ်မထူးဆန်းတော့ပေမဲ့ အခု မြိတ်ခရီးစဉ်မှာ ဘာလို့ဒီလိုပြင်းထန်ရသလဲ ဆိုတာက စိတ်ဝင်စားဖို့ကောင်းပါတယ်။

တနင်္သာရီတိုင်းဟာ တခြားတိုင်းဒေသတွေနဲ့ မတူပဲ ပြည်ခိုင်ဖြိုးရဲ့ သီးသန့်တိုင်းပါ။ အားလုံး ကြံ့ဖွံ့တွေချည်းမို့ ကြံ့ဖွံ့လက် ကြံ့ဖွံ့ခြေ လုပ်ချင်ရာလုပ်လို့ရတဲ့ တိုင်းပေါ့။ တိုင်းဝန်ကြီးချုပ် ဦးခင်ဇော်ပြုတ်သွားတာလဲ သူ့ပါတီဝင် အမတ်တွေကပဲ သမ္မတကို တိုင်လို့ပါ။ တိုင်းလွှတ်တော်လဲ ခေါ်တယ်လို့ မကြားဖူးပါဘူး (ခေါ်ချင်လဲခေါ်ပါလိမ့်မယ် ကျနော်တို့မကြားတာသာ ဖြစ်ပါလိမ့်မယ်)။ ပြောရမယ်ဆို အတိုက်အခံဆိုလို့မရှိဘူး။

အဲဒီလိုအခြေနေမှာ အင်န်အယ်ဒီကသာ လွှတ်တော် အမတ်တွေရှိလာမယ်ဆိုရင် တနင်္သာရီတိုင်းမှာ အတိုက်အခံ ဆိုတာရှိလာပြီပေါ့၊ ကြံ့ဖွံ့တွေအတွက် လက်ရှိအခြေနေထက် လုပ်ရကိုင်ရ ခက်တာမျိုးတွေ ကြုံလာမှာအမှန်ပဲ။ ဒီလိုအခြေနေမျိုးကို သူတို့မကြိုက်တာ။

လောင်းလုံကို ဒေါ်အောင်ဆန်းစုကြည်သွားတော့ ရုတ်တရက်မို့ သူတို့ဘာမှမလုပ်နိုင်ခဲ့ဘူး၊ မြိတ်ကတော့ ဒီလိုမဟုတ်ဘူး ဘာလုပ်ရမယ်ဆိုတာ သူတို့ပြတ်ပြတ်သားသားသိသွားပြီမို့ မိုက်မိုက်ကန်းကန်းပဲ တီးထည့်လိုက်တော့တာပဲ။

ဒေါ်အောင်ဆန်းစုကြည်ခမျာ ဖျားတောင်ဖျားသွားရှာတယ်။

ထားဝယ်သားတွေကတော့ မဟာပြိုင်ဘက် ဘိတ်သားတွေကို လက်ညိုးတွင်တွင်ထိုးလို့ ရေကန့်လန့် လူဖလာ ဘိတ်သားရိုင်းတွေတဲ့ ခစ်ခစ်...။
မြန်မာကျူးပစ်မန်ဘာတစ်ဦး
http://mmcpcommunity.net

မော်လမြိုင်မဲပေးနိုင်သူစာရင် ထပ်တိုး


by Yangon Press International on Tuesday, March 27, 2012 at 2:03pm ·
မတ်လ ၂၈ ရက်၊ ၂၀၁၂ ခုနှစ် (YPI) ဟံသာ

ကြားဖြတ်ရွေးကောက်ပွဲတွင် သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်များမှ ပေးပို့သည့် စာရင်းများကို ပြန်လည်ဆန်းစစ် ပြီးနောက်ယနေ့ မဲပေးနိုင်သူများဧ။်စာရင်းကိုထပ်တိုးလိုက်ကြောင်း မော်လမြိုင်မြို့နယ် ကော်မရှင်ရုံးအဖွဲ့မှ အတွင်းရေးမှူး ဦးကျော်ဇင်လင်းက ပြောပါသည်။

“ထပ်တိုးတာကတော့ သင်္ကြန်ရက်အတွင်းမှထိုင်းကနေပြန်လာတဲ့လူတွေရဲ့စားရင်းရယ် ၊နောက် အရင် ၇ ရက်နေ့ကနေ အခု၂၄ ရက်နေ့တိုးပေးလိုက်တော့ အဲဒီရက်ပိုင်းအတွင်းမှာ ၁၈ နှစ်ပြည့်သွားတဲ့လူတွေ၊အရင် မဲစားရင်းမပါလို့ လာပြောတဲ့လူတွေရဲ့စာရင်းတွေထပ်တိုးလာတာပါ”ဟု ၎င်းကပြောသည်။

မြို့နယ်ကော်မရှင်မှ မတ်လ ရရက်နေ့အထိ ကြေငြာ ထားသော မဲပေးနိုင်သူများဧ။်စာရင်းများမှာ ၁၅၂၀၇၀ ဦးဖြစ်ပြီး ယခုထပ်မံတိုးမြှင့်ပြီးနောက် ထုတ်ပြန်လိုက်သည့်စာရင်းမှာ ၁၅၄၃၅၀ ဦးဖြစ်သည်။

မူလစာရင်းထဲမှ ၃၆၀ ဦးကို သေသည့်စာရင်းများနှင့် အမည်ထပ်သည့် စာရင်းများအဖြစ် လျော့ချလိုက်ပြီး ကျန်သည့် စာရင်းများမှာ ထပ်တိုးလာသည့်စာရင်းများဖြစ်သည်။ စာရင်းအရ သေဆုံးသည့် ၃၆၀ ဦးနှုတ်လိုက်ပါက တိုးလာသူ ၂၆၄၀ ဦးဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲ စာရင်းအရ မော်လမြိုင်တွင် မဲပေးပိုင်ခွင့်ရှိသူ ၁၃၄၉၂၉ ရှိပြီး မဲပေးသူ ၉ သောင်းကျော်သာ ရှိခဲ့သည်။

မော်လမြိုင်မြို့ရှိ အန်အယ်လ်ဒီ အောင်နိုင်ရေး ရုံးတရုံး

“ကြားဖြတ်ရွေးကောက်ပွဲက ၂၀၁၀ ရွေးကောက်ပွဲထက် လူတွေ ပိုစိတ်ဝင်စားလာကြတယ် ၊ပါတီတွေရဲ့ မဲဆွယ်စည်းရုံးရေး အားကောင်းလာတာလဲပါတယ် ၊တချို့ သူတို့မဲစာရင်းပါမပါ ကြိုကြည့်လာကြလို့ အခုလိုထပ်တိုးလာတာများလာတာပါ”ဟု ကော်မရှင်ရုံးမှ ရုံးအဖွဲ့ဝင် ဦးသန်းအေးကပြောသည်။

NLD မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်ဌေးကြွယ်ကတော့ “မဲစာရင်းတွေထပ်တာ ၊မပါတာတွေတော့ အများကြီးပဲ” ဟုဆိုသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ ကိုယ်စားလှယ်လောင်းဒေါ်မြင့်မြင့်ဝေကမူ  မဲစာရင်းများ ကွာ ခြားမှုနှင့်ပတ်သက်၍ “အန်တီတို့ကတော့ မဲစားရင်းနဲ့ပတ်သတ်ရင် ဘာမှကို မစစ်နိုင်တော့ဘူး သူတို့ကလည်းထုတ်ချင်သလိုထုတ်နေတယ် လို့ပဲထင်တယ် ရက်တွေကလည်းနီးနေပြီးလေ”ဟုဆိုသည်။

လာမည့် ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မြန်မာတနိုင်ငံလုံးအနေဖြင့် လစ်လပ်နေရာ ၄၅ နေရာ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ၎င်းအထဲမှ မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလည်လောင်းတနေရာပါဝင်သည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် မော်လမြိုင်တွင် မဲရုံပေါင်း ၁၁၉ ရုံပါဝင်ပြီး စစ်တပ် မဲရုံ ၁၆ ရုံပါဝင်သည်။ ၀င်ရောက်ယှဉ်ပြိုင်ကြမည့်ပါတီများမှာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊NLD၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့ဖြစ်သည်။      ။

မော်လမြိုင်မြို့ ဖက်တန်းရပ် အန်အယ်လ်ဒီ အောင်နိုင်ရေး ရုံး မြင်ကွင်း

ရပ်ကျေးစာရေးများက လာရောက်မေးမြန်း စစ်ဆေး သည့်အတွက် ဟောပြောသည့်နေရာသို့ ရွာသားများ လာရောက်ခြင်းမရှိ

စစ်တက္ကသိုလ် မဲဆန္ဒနယ်တွင် မကြောက်တရား ပိုမိုဟောပြောနေရ
by Yangon Press International on Tuesday, March 27, 2012 at 2:34pm ·

မန္တလေး၊ မတ်လ ၂၈ ရက်၊ ၂၀၁၂ ခုနှစ်၊ (YPI) ကျော်သူရမျိုး

မြန်မာနိုင်ငံ စစ်တက္ကသိုလ်တည်ရှိရာ ပြင်ဦးလွင်မဲဆန္ဒနယ်အတွင်း၌ ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းမျှသာလိုသည့်အချိန်ထိ မဲဆန္ဒရှင်များအား ပါတီအောင်နိုင်ရေး မဲဆွယ်မှုထက် မကြောက်တရားကို ပိုမိုဟောပြောစည်းရုံးနေကြကြောင်း ယင်း မဲဆန္ဒနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်သီဟက YPI သို့ ပြောကြားသည်။

“မဲဆွယ်ရေးထက် အကြောက်တရားကင်းအောင် စည်းရုံးဟောပြောနေရတယ်။ ပြီးတော့ လာနားထောင်တဲ့ ပြည်သူတွေကိုလည်း NLD က တရားဝင်ဖွဲ့စည်းထားတဲ့ပါတီပါ။ လာတာလည်း တရားဝင်လာတာပါ။ ကော်မရှင်ကလည်း ခွင့်ပြုထားတယ်။ ရပ်ကျေးအာဏာပိုင်တွေကိုလည်း အသိပေးပြီးလာတာပါ။ နိုင်ငံရေးလုပ်တာကို ဘာမှကြောက်စရာ မလိုပါဘူးဆိုတဲ့ မကြောက်တရားကို ဟောပြောနေရပါတယ်“ ဟု ၎င်းကဆက်လက်ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်သီဟသည် ကျေးရွာများသို့ သွားရောက်မဲဆွယ်ဟောပြောစည်းရုံးရာတွင် ဟောပြောသည့်အချိန် ရပ်ကျေးစာရေးများက လာရောက်မေးမြန်း စစ်ဆေး သည့်အတွက် ဟောပြောသည့်နေရာသို့ ရွာသားများ လာရောက်ခြင်းမရှိတော့ကြောင်း NLD ပြင်ဦးလွင်မှ တာဝန်ရှိသူ ဦးရွှေတိုးကဆိုသည်။

“ရပ်ကျေးစာရေးတွေက ထွေ/အုပ်ကလူတွေပါ။ သူတို့ကလာမေးပြီး ဟောပြောတဲ့နေရာဘေးမှာ ရပ်နေတော့ ရွာကလူတွေက ကြောက်ပြီးတော့ မလာတော့ပါဘူး”ဟု ၄င်းကဆက်လက် ပြောကြားသည်။

ကျေးရွာရှိပြည်သူများသည် ခြိမ်းခြောက်မှုများအောက် နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရသည့်အတွက် လွတ်လပ်စွာ မဲပေးရေးအတွက် အကြောက်တရားကင်းအောင် အဓိကဟောပြောနေရကြောင်း ကိုယ်စားလှယ်လောင်းဦးကျော်သီဟ၏ ကိုယ်စားလှယ်ဦးမောင်မောင်သွင်က ဆိုသည်။

တနည်းနည်းနဲ့ ခြိမ်ခြောက်ထားတာ မရှိဘူးလို့သာ ပြောတာ။ လူထုက ခြိမ်းခြောက်ခံရတဲ့ နှစ်များစွာကိုနေခဲ့ရတဲ့အတွက် သူတို့ရဲ့စိတ်ထဲမှာ အကြောက် တရား ရှိနေတယ်။ အဲဒီတော့ လွတ်လပ်စွာမဲပေးဖို့မကြောက်အောင်ပဲ ပြောနေရတယ်“ဟု ၄င်းကရှင်းပြသည်။ ။

အစိုးရအဖွဲ့က ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ပြပြီး သွယ်ဝိုက်မဲဆွယ်


by Yangon Press International on Tuesday, March 27, 2012 at 2:14pm ·

နေပြည်တော်၊ မတ်လ ၂၈ ရက်၊ ၂၀၁၂ ခုနှစ် (YPI) ဆိုင်းဆွတ်

ဇမ္ဗူသီရိမြို့နယ်အတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တို့  အပြိုင်အဆိုင်မဲဆွယ် စည်းရုံးနေချိန်တွင် ဦးသိန်းစိန်အစိုးရ အနေဖြင့် ယင်းရွာများတွင် လမ်းတံတားများဖေါက် လုပ်ပေးခြင်း ၊ မီးအားမြင့်စက်များချပေးခြင်း တို့ကို  အင်တိုက်အားတိုက် လုပ်ဆောင်နေသည်ဟု ရွာသားတစ်ဦးက ပြောသည်။

“ကျွန်မတို့ ရွာမှာ ဆို ဒီ ကာလ အတွင်းမှာ သမ္မတကြီးက လမ်းတွေဖောက်ပေးတယ် တံတားဆောက်ပေးတာတွေ လုပ်ပေးနေပါတယ် ပြီးတော့ ဇမ္ဗူသီရိထဲမှာ ရှိတဲ့် ရွာသုံးရွာကိုလည်း မီးတိုင်တွေလုပ်ပေးတယ် မီးလင်းရေး တွေလုပ်ပေးတာတွေ လုပ်ပေးနေတာကို တွေ့နေရတယ် ဟု ယင်း ရွာသားတစ်ဦးက ပြောသည်။

ထို့သို့ပြုလုပ်ပေးခြင်း အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စာလှယ် မစန္ဒာမင်းက နေပြည်တော်မှာရှိတဲ့ ပြည်သူများက အစိုးရက လုပ်ပေးရမည့် တာဝန်နဲ့ ပါတီက လုပ်ပေးရမည့်တာဝန်ကို ခွဲခွဲခြာခြားနားမလည် နိုင်သော အကြောင်းရင်များ ရှိနေသည်ဟု ပြောသည်။

အစိုးရ စီမံကိန်းနှင့် အစိုးရ ဘတ်ဂျက်ဖြင့် လုပ်ဆောင်နေသည့် လမ်းတံတားများ ဆောင်လုပ် ပေးခြင်းသည် အစိုးရတာဝန်တာဖြစ်ပြီး ယင်းတို့ပြုလုပ်ပြီးစီးချိန်တွင် ဖွင့်ပွဲများကို ကြံ့ခိုင်ဖွံဖြိုးရေးပါတီ တစ်ခုတည်းတာ တက်ရောက်ခွင့်ရရှိသောကြောင့် ပြည်သူများက ကြံ့ခိုင်ဖွံ့ဖြိုးရေး လုပ်ဆောင်ချက်များဟု အမြင်မှားနေကြသည်ဟု မစန္ဒာမင်းက ပြောသည်။

“လမ်းဖောက်ပေးတာ တံတားဆောက်ပေးတာမီးပေးတာတွေလုပ်ပြီးဖွင့်ပွဲကျတော့ ကြံ့ခိုင်းဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးက ဖဲကြိုးဖြတ်လိုက်တာတို့ ဖွင့်ပွဲတွေလုပ်ပေးလိုက်တာတို့နဲ့ ပြည်သူတွေကို တပတ်ရိုက်နေတာ” ဟု ယင်းကထပ်မံပြောသည်။

ကြံ့ခိုင်းဖွိ့ဖြိုးရေးပါတီ ၏ လက်ကမ်းစာစောင်တွင်လည်း “နိုင်ငံတော်သမ္မတကြီး ဦးဆောင်သော ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်း ဦးဝင်းဋ္ဌေးအား ထောက်ခံအားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်” ဟုသည် ပါဝင်သည်။

နေပြည်တော် ဇမ္ဗူသီရိ မဲဆန္ဒနယ် အတွင်း အဏာပိုင်များဇ။် အနှောင့်အယှက် အဟန့်အတား အမျိုးမျိုးကြားမှ မဲဆွယ်စည်းရုံးရေးပြုလုပ်နေရသည် ဟု ဇမ္ဗူသီရိ မဲဆန္ဒနယ် အမျိုးသားဒီမိုကရေစီ ကိုယ်စားလှယ်လောင်း မစန္ဒာမင်း ကပြောသည်။

အချို့ ရွာများတွင် အဏာပိုင်များနှင့် ကြံ့ခိုင်းရေးပါတီဝင် များက ရွာသားများကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဟောပြောပွဲ များကို တက်ရောက်ခွင့် မပြုခြင်း ၊ ခြိမ်းခြောက်ခြင်းများ ခံနေရသည်ဟု ရှင်းပြသည်။

မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းက နေပြည်တော် တွင်ပြုလုပ်သည့် လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲတွင် ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်းက ဖွင့်လှစ်ပေးစဉ်။

“ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လာရောက်စည်းရုံမယ်လို့ပြောရင် စည်းရုံးနေစဉ်ရော မစည်းရုံးသေးခင်ရော တချို့သော အဏာပိုင်များက ပြည်သူတွေကို ခြိမ်းခြောက်တာတွေ ရွာက လျှပ်စစ်မီး ဖြတ်တောက်တာတွေ လုပ်တာခံရတာ တွေရှိပါတယ်” ဟု ၎င်းကပြောသည်။

ရွေးကောက်ပွဲ ဥပဒေတွင်ပါရှိသည့် ကော်မရှင်များဖွဲ့စည်းသည်အခါတွင် ဘယ်ပါတီဝင်မှ မဖြစ်စေရဟုပါရှိထားသော်လည်း  ဇမ္ဗူသီရိ မဲဆန္ဒနယ် ကျေးရွာများကော်မရှင် အဆင့်ဆင့်တွင် ကြံ့ခိုင်ရေးပါတီဝင်များပါဝင် နေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေး အဖွဲ့ဝင်တစ်ဦးကပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ်အောင်နိုင်ရေး အဖွဲ့ဝင် တစ်ဦးကလည်း “ ကျွန်တော်အိမ်ကို ခဲနဲ့ထုခံရတယ် ရပ်ကွက်အုပ်ချူပ်ရေးမှူးကိုတိုင်တော့လည်း ဘာမလုပ်ပေးဘူး ကျွန်တော်ဘက် ကထုမယ်ဆိုရင် ကျွန်တော်တို့ကို အရေးယူမှာ သေချာတယ်” ဟုပြောသည်။

သဲကြီးကုန်းရွာသည် ရွေ့ပြောင်းအလုပ်သမား အများအပြားနေထိုင်သောရွာဖြစ်သည်။ယင်းရွာ ကို NLD မဲဆွယ်စည်းရုံး ဟောပြောပွဲ ပြုလုပ်ခဲ့စဉ်က အဏာပိုင်အချို့က ရွာသားများကို “ မင်းတို့ဒီဟောပြောပွဲကို မတက်နဲ့ ဟောပြောပွဲတက်ရင် အထုပ်ပြင်ပြီး မင်းတို့ဒီရွာက ပြန်ဖို့ပြင်တော့” ဟု ပြောကြောင်း မစန္ဒာမင်းကပြောသည်။

ဇမ္ဗူသီရိမဲဆန္ဒနယ် ပြန်ကပြေးရွာမှ ရွာသားတစ်ဦးက “ ကျွန်မတို့ကို လည်း အမေစုပါတီနောက်လိုက်တဲ့သူတွေကို ဖမ်းမယ်လို့ ရွာမှပြောနေကြတာ ကျွန်မတို့က အမေစုပါတီမှ အမေစုပါတီဘဲ အမေစုပါတီကိုပဲမဲပေးမှာ သိကြားမင်းဆင်းဖျက်တောင် မပျက်ဘူး” ဟု အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးပြောသည်။

ဇမ္ဗူသီရီမဲဆန္ဒနယ် တွင် မဲပေးနိုင်သူ ၅သောင်းကျော်ရှိပြီး မဲရုံ ၃၆ ထားရှိမည်ဟုသိရှိရသည်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက သမတ ဦးသိန်းစိန် မဲပေးသူများဇ။် ၉၁ ရာခိုင်နှုန်းကျော်ဖြင့် နိုင်ခဲ့စဉ်က မဲပေးနိုင်သူဦးရေ ၈ သောင်းကျော် ရှိပြီး ယခုရွေးကောက်ပွဲတွင် ၃ သောင်းကျော် (၃ ပုံတစ်ပုံနီးပါး) လျော့နည်းသွားတာကို တွေ့ရသည်။          ။



ပြည်ခိုင်ဖြိုးနှင့် တ.စ.ည ပါတီတို့အား တစ်သီးပုဂ္ဂလအမတ်လောင်းမှ အပြင်းအထန် ဝေဖန်

by Yangon Press International on Tuesday, March 27, 2012 at 2:42pm ·

မတ်လ ၂၈ ရက်၊ ၂၀၁၂ ခုနှစ်၊ (YPI) ကျော်သူရမျိုး

လစ်လပ်မဲဆန္ဒနယ်မြေများအနက် ကိုယ်စားလှယ်လောင်းအများဆုံးပါဝင်ယှဉ်ပြိုင်မည့် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်သီးပုဂ္ဂလဦးစိန်လှသည် ပြည်ခိုင်ဖြိုးနှင့် တ.စ.ည ပါတီတို့က ထောက်ပြ ဝေဖန်ထားကြောင်း မန္တလေးမြို့ရှိနိုင်ငံရေးပါတီများနှင့် မြို့ခံအသိုင်းအ၀ိုင်းများထံမှ သိရသည်။
အဆိုပါ တစ်သီးပုဂ္ဂလဦးစိန်လှက ပြည်ခိုင်ဖြိုးပါတီနှင့် တ.စ.ညပါတီတို့ အနေဖြင့် ပြည်သူပိုင်ဘဏ္ဍာများကို အလွဲသုံးစား ပြုမှုများကိုဖော်ပြထားသည့် မဲဆွယ်လက်ကမ်းစာစောင်များကို ဖြန့်ဝေလျှက်ရှိကြောင်း နိုင်ငံရေးပါတီအသိုင်းအ၀ိုင်းများထံမှ သိရသည်။
“လက်ကမ်းစာစောင်ထဲမှာ ပါတီကြီးနှစ်ခုကို ရဲရဲတင်းတင်း ဝေဖန်ထောက်ပြထားတာ တွေ့ရတယ်”ဟု ယင်းမဲဆန္ဒနယ်မှပင် ၀င်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလဦးကျော်ကျော်က ပြောသည်။
ယင်းမဲဆွယ်လက်ကမ်းစာစောင်ထဲတွင် သြဂုတ် ၁၃၊ ၂၀၁၀ နေ့တွင် ပြုလုပ်သော ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်၏ အစည်းအဝေးအရ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးနှင့် စားသောက်ကုန်လုပ်ငန်းလက်အောက်ရှိ ရန်ကုန်မြို့၊ အင်းစိန် လမ်းမကြီး၊ လှိုင်မြို့နယ်(၉)ရပ်ကွက်၊ အမှတ်(၁၁၃)၊ ဆပ်ပြာစက်ရုံ၊ အမှတ်(၂)ရှိ ပစ္စည်းအားလုံးနှင့် မြေအကျယ် (၁၂.၈၇၁)ဧကကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ ငွေကျပ်သန်းပေါင်း(၅၀၀၀)ကျော်ဖြင့် ရောင်းချခဲ့သည်ဟုဆိုပြီး ယခုအခါ အဆိုပါ ပါတီ၏ တင်ပြချက်အရ ငွေကျပ်သိန်းပေါင်း(၁၉၇၂၁.၂၇)ဖြင့် အခြားလုပ်ငန်းရှင်တစ်ဦးသို့ အပြီးအပြတ်ပြန်လည်ရောင်းချကြောင်း ဖော်ပြထားသည်။
လှိုင်မြို့နယ်၊ (၁၅)ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်းနှင့် ဘုရင့်နောင်လမ်းမဒေါင့်ရှိ မြေဧကပေါင်း(၃၅.၅၂၄)ဧကရှိသော ဆပ်ပြာစက်ရုံအမှတ်(၁)ကို ဒီဇင်ဘာ(၁၅)၊ ၂၀၁၀ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီသို့ရောင်းချခဲ့ပြီးနောက် ယခုအခါ ထိုပါတီမှ နယူးဂျင်နရယ် ကုမ္မဏီလီမိတက်သို့ ငွေကျပ်သန်းပေါင်း(၃၅၀၀၀)ဖြင့် ပြီးပြတ်ရောင်းချလိုက်ကြောင်းကိုလည်း ဖော်ပြထားသည်။
အဆိုပါတစ်သီးပုဂ္ဂလဦးစိန်လှသည် ယင်းမဲဆွယ်လက်ကမ်းစာစောင်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း စတင် တည်ထောင်စဉ်အခါက သုံးထားသော ပြည်သူ့ဘဏ္ဍာများနှင့် အဆောက်အဦးများကို လွှတ်တော်မှတစ်ဆင့် စာရင်းရှင်းပြီး ပြည်သူလူထုကို ပြန်အပ်ရန်နှင့် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီပိုင် ငွေကြေးဥစ္စာ မှန်သမျှတို့သည် ပြည်သူပိုင် ဖြစ်သောကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီပိုင် ငွေကြေးဥစ္စာမှန်သမျှအား လွှတ်တော်မှတဆင့် စာရင်းရှင်းပြီး ပြည်သူလူထုထံပြန် အပ်နှံရန် တောင်းဆိုထားသည်ကို ဖော်ပြထားသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်သီးပုဂ္ဂလဦးစိန်လှသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ယခင်အစိုးရ၏ ကျန်းမာရေး ၀န်ကြီးဟောင်း ဦးကျော်မြင့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ချမ်းအေးသာစံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပြီး ၂၀၁၁ ခုနှစ်တွင် ၄င်းပိုင်ရုံးရှေ့တွင် “ပြည်သူကမိဘလား၊ အစိုးရကမိဘလား” နှင့် “ပြည်သူ့အာဏာပိုင်လား၊ အစိုးရ အာဏာပိုင်လား” ဟူသော စာတမ်းကပ်သည့်အတွက် မန္တလေးခရိုင်အုပ်ချုပ်ရေးမှူးနှင့် အာဏာပိုင်အဖွဲ့အစည်းများမှ ခေါ်ယူသတိပေး လက်မှတ်ရေးထိုးခဲ့ရသည့် နိုင်ငံရေးသမားဖြစ်ကြောင်း မန္တလေးနိုင်ငံရေးအသိုင်းအ၀ိုင်းထံမှ သိရသည်။ ။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ ဒေါ်ရွှေဇီးကွက် ကို မျိုးချစ်ဂုဏ်ရည်ဆုချီးမြှင့်

Uploaded by BurmaVJMedia on 27 Mar 2012
ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ နာရေးကူညီမှုအသင်း အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက် တို့ကို ပြည်ပရောက်မျိုးချစ်မြန်မာများအဖွဲ့ကနေ ၂၀၁၂ ခုနစ် မျိုးချစ် ဂုဏ်ရည်ဆုကို ချီးမြှင့်လိုက်ပါတယ်။ ၂၀၁၂ ခုနှစ် မျိုးချစ်ဂုဏ်ရည်ဆုဟာ လူမှုရေး ၊ နိုင်ငံရေး ၊ ဘာသာရေးတွေမှာ အသက် ၊ သွေး ၊ ချွေးတွေနဲ့ တိုင်းပြည်အတွက် ပေးဆပ်တဲ့ အဖွဲ့အစည်းတွေ နဲ့ လူပုဂ္ဂိုလ်တွေကို အဓိကထား ရည်ရွယ်ပြီး ပေးအပ်တာလည်းဖြစ်ပါတယ်။ ဆုပေးပွဲအခမ်းအနားမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ဦးဆောင် ဖွင့်လှစ်ထားတဲ့ လေ့ကျင့်သင်ကြားရေး ခန်းမအတွက် နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူက ထိုင်ခုံအစုံ ၂၀ ကို လှူဒါန်းခဲ့သလို ဒေါ်ရွှေဇီးကွက်ကလည်း သူရရှိတဲ့ ဆုကြေးငွေထဲက ငွေကျပ် ၂ သိန်းခွဲ ကို လေ့ကျင့်သင်ကြားရေး ခန်းမအတွက် လှူဒါန်းသွားခဲ့ပါတယ်။

ကြံ့ဖွတ် မဲဆွယ်ပွဲမှ အုံးအုံးကြွက်ကြွက် ပြည်သူများ




Demo Waiyan

Myanmar pop stars brace for lyrical revolution



An undated photo shows Myanmar pop singer Phyu Phyu Kyaw Thein. With a flamboyant wardrobe and a diva's voice, she's seen as Myanmar's Lady Gaga -- a rare pop star in a country where years of isolation have left musicians reliant on borrowed foreign tunes  
An undated photo shows Myanmar …
The Me N Ma Girls band perform at a concert at a hotel in Yangon, Myanmar 
The Me N Ma Girls band perform …
With a flamboyant wardrobe and a diva's voice, she's seen as Myanmar's Lady Gaga -- a rare pop star in a country where years of isolation have left musicians reliant on borrowed foreign tunes.
Singing Burmese translations of international hits like Bon Jovi's "You Give Love A Bad Name", Phyu Phyu Kyaw Thein is famed for her feathered masquerade masks, rhinestone glamour and dramatic ball gowns.
But she shrugs off the Lady Gaga comparison, saying she was shocking fans with her outfits in an eight-year career well before the US star made it big: "No offence, but it's the truth."
And unlike the eccentric American songstress her costumes do not reveal much leg or cleavage, in keeping with local customs.
The Myanmar pop singer, who grew up idolising far away megastars, describes decades of political isolation as like being "locked up in a cold, dark cave... some people around the world even didn't notice we exist."
The 30-year-old graduated with a medical degree but says she gave up training to become a doctor because people kept recognising her in hospital after her television performances.
"Still I am happy because I can make a change in the lives of millions of people around my country. I could make them happy," she told AFP at her home in Yangon.
Myanmar pop is dominated by copies of international tunes, from the power ballads of Celine Dion to the soft rock strains of Rod Stewart, accompanied by sometimes incongruous Burmese lyrics about heartbreak and failed love.Only a few artists are able to struggle into the mainstream in the country, where rampant piracy has suffocated the music industry and strict censorship controlled everything from lyrics to outfits.
But sweeping reforms after the end of junta rule last year raise the prospect of exposure to the influence -- and copyright laws -- of the outside world and hopes of a shake-up that could revitalise the music scene.
Myanmar has indicated it will review its copyright laws to bring them into line with international standards, although it is unclear when that process might take place.
The move could require copy acts to apply for permission from intellectual property owners to translate their songs into Burmese -- providing an incentive for artists to write their own lyrics.
Government moves to relax control of the Internet mean music fans can now access thousands of tunes on the YouTube video-sharing website.
For most of Myanmar's population, however, pop means street corner stalls selling pirated copies of films and music videos.
Phyu Phyu Kyaw Thein described piracy as "uncontrollable", with fake copies of her videos undercutting sales of her albums, which retail for around $2.
She said piracy legislation would be the "first step" to normalising copyright laws -- which could dramatically change her repertoire -- and is hopeful that the move could help build a music industry with enough money to support new artists and original songwriting.
Douglas Long, editor of the entertainment section at the Myanmar Times, said unchecked piracy meant "you don't have producers who are willing to back bands and film projects.
"It would be nice to see a system here where bands feel more comfortable breaking new ground or creating a distinct Myanmar scene," he said.
One act trying to forge its own sound is the Me N Ma Girls, a five member girl band who write their own songs in English and Burmese, including one urging Myanmar's diaspora around the world to return and help development.
Their Australian manager Nikki May, who is based in Myanmar, hopes that by creating its own music the band will find it easier to flourish on the world stage, without getting in trouble for singing unauthorised covers.
"If there are copyright issues (musicians) are never going to be able to get outside Myanmar so they're never going to be able to represent their country," she said.
The band says other artists have now started to say they will focus on original material in the future.
"The big stars are starting to do it so it will be easier to influence the new ones," said 21-year-old Ah Moon.
Me N Ma Girls have seen a lighter-touch censorship as reforms swept the country in the last year -- meaning they were the first act to be allowed to wear coloured wigs in their videos.
But their attempt to blend tight traditional costumes with energetic Western-style dance moves continues to pose a logistical challenge.
Getting a gig is also difficult in the conservative country, where women playing in bars is equated with the sex industry, said May.
It is not just the girl bands that struggle to play live, with only a handful of venues permitted to host concerts and support upcoming acts.
"Now we have a lot of new bands waiting for the opportunities to play," said Darko C, the lead singer of indie rock group Side Effect, who cite nineties grunge legends Nirvana as their greatest inspiration.
The band recently made headlines after an American website refused to send them the nearly $3,000 raised through an online appeal to release their debut album, fearing to do so would breach US sanctions.
Side Effect -- whose drumless drummer Tser Htoo practises on piles of books at home -- are rarely paid for gigs and Darko C, who describes sanctions as "lame" because they hurt ordinary people, runs a small tailor shop to get by.
He said the band was committed to playing from the "heart" and laid down a challenge to the country's copy stars.
"You have this great vocal, but you are not Shakira or Lady Gaga, or Jon Bon Jovi or Green Day, so who are you? Show me what you've got!"

http://news.yahoo.com/myanmar-pop-stars-brace-lyrical-revolution-052557222.html

ဆယ်တန်းကျောင်းသူလေးအား ရဲမှခြိမ်းခြောက်ခြင်း





မြောင်းမြမြို့နယ် အတွင်းရှိ မဲစာရင်းများကွဲလွဲမှားယွင်းခြင်း၊


မြောင်းမြမြို့နယ် အတွင်းရှိ မဲစာရင်းများတွင် အိမ်ထောင်စုတစ်ခုလုံး မပါရှိခြင်း၊ ပါဝင်သော်လည်း ကွဲလွဲမှားယွင်းခြင်း၊ သေဆုံးပြီးသူများ ပြန်လည်ပါဝင်နေခြင်း၊ မှတ်ပုံတင် နံပါတ်တစ်ခုတည်းဖြင့် မဲဆန္ဒရှင် တစ်ဦးထက် ပိုမို ပါဝင်ခြင်းများ ရှိကြောင်း မြို့ခံမဲဆန္ဒရှင်များက အထောက်အထားဖြင့် ပြောကြား
Monday, 19 March 2012 00:31


မတ်လ ဒုတိယပတ်က မြောင်းမြမြို့အတွင်း၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဲဆွယ်စည်းရုံးနေသည်ကို တွေ့မြင်ရစဉ်

လွန်ခဲ့သည့် မတ်လဆန်းပိုင်းက ထုတ်ပြန်ကြေညာခဲ့သည့် မဲပေးရမည့် လူဦးရေစာရင်းတွင် လွဲမှားမှုများစွာ ဖြစ်ပေါ်နေကြောင်း မြောင်းမြမြို့မှ မဲဆန္ဒရှင်များက အထောက်အထားများဖြင့် ပြောကြားခဲ့ကြသည်။

ကွဲလွဲမှားယွင်းသည်ဟု ဆိုရာ၌ အိမ်ထောင်စုတစ်ခုလုံး မဲပေးရမည့် စာရင်းတွင် ပါဝင်မလာခြင်း၊ အိမ်ထောင်စုတစ်ခုတွင် တစ်ဦးကျန်၊ နှစ်ဦးကျန် ကျန်ရှိနေခြင်း၊ မှတ်ပုံတင်တစ်ခုတည်းဖြင့် မဲဆန္ဒရှင်တစ်ဦးထက် ပိုမိုပါဝင်နေခြင်း၊ မှတ်ပုံတင်များ မှားယွင်းခြင်း၊ နေရပ်များ မှားယွင်းခြင်း၊ အဖအမည်များ မှားယွင်းခြင်းအပြင် သေဆုံးပြီးသူများ ပါဝင်ခြင်းများရှိကြောင်း သိရသည်။
''ကျွန်မတို့ မိသားစုက ၂၀၁၀ ပြည့်နှစ်မှာ မဲပေးခဲ့ကြပါတယ်။ မဲပေးဖို့ စာရင်းကြေညာတော့လည်း ပါလာပါတယ်။ ကျွန်မတို့ မိသားစုမှာ မဲပေးခွင့်ရှိတာ ငါးဦးရှိပါတယ်။ အခု မဲပေးရမယ့် စာရင်းကပ်တာကိုသွား ကြည့်တော့ တစ်မိသားစုလုံး ပါမလာဘူး။ ကျွန်မတို့က ဒီမှာပဲအိမ် တိုင်တွင်းစွတ်နဲ့ တစ်သက်လုံး နေလာတာ။ အိမ်ထောင်စုစာရင်း အပြည့်အစုံ ရှိတယ်။ မှတ်ပုံတင်ရှိတယ်။ လမ်းမတန်းမှာလည်း နေတယ်။ အိမ်ကျော်သွားစရာ အကြောင်းကို မရှိတာပါ။ ကင်းစောင့်ခ၊ မီးခနဲ့ ရပ်ကွက်က ကောက်သမျှ ကုန်ကျစရိတ်တွေကျတော့ တစ်ခါမှ အိမ်ကျော်သွား တာမရှိဘူး။ မဲပေးရမယ့် စာရင်းကျတော့ တစ်မိသားစုလုံး ကျန်ခဲ့တယ်။ ကျွန်မတို့နားမှာပဲ အိမ်ထောင်စုလိုက် ကျန်ခဲ့တာတွေ တော်တော်ရှိတယ်'' ဟု အမှတ်(၉)ရပ်ကွက် အတွင်းနေ ထိုင်သူတစ်ဦးက ပြောပါသည်။
''ကျွန်တော်တို့က မဲစာရင်းမှာ တော့ပါတယ်။ မှတ်ပုံတင်တွေ လွဲနေတယ်။ တစ်ဦးကျန်၊ နှစ်ဦးကျန်တွေ အများကြီးပဲ။ အဖေနာမည်တွေ လွဲနေတာ၊ အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင် လွဲနေတာတွေက အများဆုံးပဲ။ တစ်နေ့လုပ် တစ်နေ့စားလည်း ဖြစ်သလို ဘယ်သူ့ပြောရမှန်း မသိတာနဲ့ မပြောဖြစ်တဲ့သူ အများကြီးရှိပါတယ်'' ဟု သူဌေးကုန်းရပ်တွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့ပါသည်။
''ကျွန်မတို့က ရပ်ကွက်ထဲမှာ၊ လမ်းထဲမှာ သာရေးနာရေးနဲ့ ရပ်ကွက်အရေးအတွက် ရပ်မိရပ်ဖလို နေတာပါ။ မသိတဲ့သူ တစ်ယောက်မှ မရှိဘူး။ မဲစာရင်းကောက်တဲ့ ရပ်ကွက်တာဝန်ရှိသူတွေလည်း အကူအညီလိုရင် အမြဲလာနေကျပါ။ ဒါပေမယ့် မဲပေးရမယ့် စာရင်းမှာ ပါမလာဘူး။ တစ်မိသားစုလုံး မပါတာ။ ရပ်ကွက်အတွက် လိုအပ်တာ လာကောက်တဲ့အခါ မေးကြည့်တော့ ပါပါ မပါပါ သိပ်မှအရေးမကြီးတာလို့ ပြောသွားတယ်''ဟု မြို့ခံတစ်ဦးက ဆိုသည်။

''ရပ်ကွက်ထဲမှာတော့ သတင်းက အစုံပဲ။ မဲတစ်မဲကို ကျပ် ၄၀၀၀၀ လောက်နဲ့ ပေးဝယ်မယ်။ အောင်နိုင်ရေးအတွက် စည်းရုံးရေးဆင်းတဲ့သူတွေက စည်းရုံးရေးလို့ မပြောဘဲနဲ့ လယ်သမားတွေကို ငွေထုတ်ချေးမယ်ဆိုတဲ့ သတင်းမျိုးနဲ့ စုခေါ်ပြီး အဲဒီရောက်မှ အောင်နိုင်ရေးအတွက် ပါတီတစ်ခုက မဲဆွယ်တာမျိုးဖြစ်တာတွေလည်း ကြားနေရတယ်။ အောင်နိုင်ရေးအတွက် ဟောပြောတဲ့ နေရာကိုလာဖို့ ပါတီတစ်ခုကနေ တစ်ဦးကို ကျပ် ၃၀၀၀၊ ၄၀၀၀၊ ၅၀၀၀ ပေးမယ်ဆိုပြီး ခေါ်တာတွေ လည်းရှိတယ်၊ မရှိတဲ့သူတွေကတော့ သွားတယ်လို့လည်း ကြားရတယ်'' ဟု မြောင်းမြမြို့ခံတစ်ဦးကလည်း ပြောကြားခဲ့ပါသည်။
''ခရိုင်ကော်မရှင်က ပြင်ဆင်ပေးမယ်ဆိုတာ ဥပဒေမှာ ပါပြီးသားပဲလို့ ပြောတယ်။ မြို့နယ်ကော်မရှင်ကတော့ ပထမမေးတော့ ဧပြီလ ၁ ရက်နေ့ မတိုင်ခင်အထိ ရတယ်ပြောတယ်၊ နောက်တစ်ကြိမ်မေးတော့ ပြင်ဆင်ပေးလို့ မရဘူးလို့ ပြောပြန်ရော။ တချို့ ရပ်ကျေးကော်မရှင်တွေကတော့ နိုင်ငံရေးပါတီတွေအနေနဲ့ ပြင်ဆင်ပေးဖို့ တင်ပြတာကို မဲဆွယ်တယ်ထင်ပြီး လုပ်ပေးဖို့အကြောင်းကို အတိအကျမပြောဘူး''ဟု မတ်လ ၁၇ ရက်နေ့အထိ အခြေအနေကို မြောင်းမြမြို့နယ် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် အောင်နိုင်ရေးတာဝန်ခံ ဦးမြင့်လွင်က ပြောကြားခဲ့ပါသည်။

http://news-eleven.com/index.php?option=com_content&view=article&id=12855:2012-03-18-18-11-32&catid=42:2009-11-10-07-36-59&Itemid=112

မရမ်းကုန်း မဲစာရင်း၂သောင်းကျော် ကွာဟ၊ ပြန်လည်ပြင်ဆင်မှုမရှိ

ဗိုဟိန်(မြစ်မခ)

မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်မြေအတွက် မဲစာရင်းကောက်ယူရာတွင် လူဦးရေနှစ်သောင်းကျော်ကွာဟမှုရှိသော်လည်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်က ပြန်လည်ပြင်ဆင်ပေးခြင်းမရှိဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းက ဆိုသည်။
မရမ်းကုန်းမြို့နယ်ကိုယ်စားလှယ်လောင်းက အဆိုပါမြို့နယ်အတွက် ကောက်ယူထားသည့် မဲစာရင်းမှာ တစ်သိန်းတစ်သောင်းကျော်ရှိပြီး မတ်လ(၂၄)ရက်နေ့က မြိုနယ်ကော်မရှင်က အတည်ပြုထားသည့် စာရင်းမှာ တစ်သိန်းသုံးသောင်းကျော် ရှိသည်။
“ မဲစာရင်းက မကွာပါဘူး၊ရပ်ကွက်ကော်မရှင်က ပြုစုထားတဲ့စာရင်းတွေမှာ စာရင်းဖျက်ထားတဲ့သူတွေ၊ ပိုနေတဲ့သူတွေ မရှိအောင်လည်း အထပ်ထပ်စစ်ဆေးပြီးမှ အတည်ပြုထုတ်ပြန်တာပါ” ဟု မရမ်းကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးအောင်ဇင်ဦးက ပြောသည်။
မရမ်းကုန်းမြို့နယ်အတွင်းတွင် စုစုပေါင်းနေထိုင်သူ တစ်သိန်းရှစ်သောင်းကျော်ရှိပြီး၊ မဲပေးနိုင်သူ တစ်သိန်း သုံးသောင်းသုံးထောင်ကျော်ရှိသည်။
မရမ်းကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်(၁၀)ရပ်ကွက်တွင် မဲစာရင်းထပ်နေသည့်အတွက် လူဦးရေ နှစ်သောင်း ကျော် ကွာဟမှုရှိပြီး၊ မဲစာရင်းကွာဟမှုနှင့်ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်သို့ အကြိမ်ကြိမ် တင်ပြခဲ့ သော်လည်း ဆောင်ရွက်ပေးခြင်း မရှိကြောင်း သိရသည်။
‘’အပြီးသတ်မဲစာရင်းကတော့ ဧပြီလ(၁)ရက်နေ့မှ သိရမယ်၊ ကောက်ခံထားတဲ့စာရင်းနဲ့ ကော်မရှင်ထုတ်ပြန်တဲ့ စာရင်းက နှစ်သောင်းလောက် ကွာနေတယ်၊ ဒီကိစ္စနဲ့ပတ်သက်လို့ကြေညာချက်လည်း ထုတ်ထားသလို၊ ကော်မရှင်ကိုလည်း တင်ပြထားတယ်” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မရမ်းကုန်းမြို့နယ် ကိုယ်စားလှယ် လောင်း ဒေါက်တာမေ၀င်းမြင့်က ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင်မရမ်းကုန်းမြို့နယ်လစ်လပ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်နေရာအတွက် ဒေါက်တာမေ၀င်းမြင့်အပါအ၀င် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွှုံဖြိုးရေးပါတီက ဦးရဲထွဋ်၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီက ဒေါ်ခင်ဖြူဖြူငြိမ်းနှင့် အမျိုးသားဒီမိုကရေစီပါတီသစ်က အဆိုတော်ရသတို့ ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်သည်။
http://www.myitmakhamediagroup.com/detail.php?newid=938

ကချင်မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအန်အယ်ဒီကြေငြာချက်



ENVOY ဂျာနယ် (စင်ရော်မောင်မောင်ပိုင်ဂျာနယ်) မှာလေးဖြူမဲဆွယ်နေလား..



ပုံ-အဂ္ဂမဟာ ဒီမိုဖက်တီး


ပုံ-Thein Win

မြ၀တီမြို့ တွင် ကျင်းပသော အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် ဆိုင်းဘုတ်တင် ရုံးဖွင့်ပွဲ အခမ်းအနား။

ပြည်ထောင်စု မြန်မာနိုင်ငံတော် ကရင်ပြည်နယ် မြဝတီမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တင် ရုံးဖွင့်ပွဲ အခမ်းအနားကို မတ်လ (၂၇) ရက် တော်လှန်ရေးနေ့တွင် မနက် (၇) တွင်ကျင်းပ ပြုလုပ်ခဲ့သည်။ ထို အခမ်းအနားသို့ ကရင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တာဝန်ခံ ဒေါ်နန်းခင်ထွေးမြင့် နှင့်ပြည်နယ်မှ တာဝန်ရှိသူများ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင်များ၊ ပြည်သူလူထုများ ခန့်မှန်းခြေ (၅၀၀) ခန့်တက်ရောက် ကြသည်။ ၄င်း အခမ်းအနားသို့ ယခင် (DKBA) တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် ၏ ကလိုထူးဘောစစ်ဌာချုပ်မှ အရာရှိများနှင့် ရဲဘော်များလည်း တက်ေ၇ာက်ခဲ့ကြသည်။ ကလိုထူးဘောစစ်ဌာချုပ်မှာ ဗိုလ်ချုပ်စောလားပွယ် ပေးပို့သောသဝဏ်လွှာကို စစ်ဦးစီးမှူးဌာန စစ်ဦးစီးမှူး (ဒုတိယတန်း) ဗိုလ်မှူးထွန်းထွန်း က အခမ်းအနားတွင်ဖတ်ကြားခဲ့ပါသည်။ အခမ်းအနားကို နံနက် (၇) နာရီတွင် စတင်ကျင်းပပြီး အခမ်းအနားအစီအစဉ်များအား အောက်ပါအတိုင်း ကျင်းပပြုလုပ်ခဲ့ပါသည်။ ၁။ မြဝတီမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဆိုင်းဘုတ်နှင့် ရုံးအားဖွင့် လှစ်ခြင်း။ ၂။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံအားအလေးပြုခြင်း နှင့် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွအာဇာနည် ခေါင်း ဆောင်ကြီးများ၊ ဒီမိုကရေစီ အရေးတော်ပုံကြီးအတွင်း၌ ကျဆုံးသွားခဲ့သော ရဟန်းသံဃာတော်များ၊ပြည်သူလူထုများ၊ကျောင်းသားခေါင်းဆောင်များအား ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ်ငြိမ်သက် အလေးပြုခြင်း အစီအစဉ်။ ၃။ မြဝတီမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ခံမှ နှုတ်ခွန်းဆက် စကားပြောကြားခြင်းနှင့် ကရင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ခံ ဒေါ်နန်းခင်ထွေးမြင့် မှ နှုတ်ခွန်းဆက် စကားပြောကြားခြင်း အစီအစဉ်။ ၄။ ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေအဖွဲ့မှ ဒေါ်အောင် ဆန်းစုကြည်ပုံပါ ဗလာစာအုပ်ဒါဇင် (၁၀၀)နှင့် စာရေးကိရိ ယာမျိုးစုံအား လှူဒါန်းခြင်း အစီအစဉ်။ ၅။ ကလိုထူးဘောစစ်ဌာချုပ်မှာ ဗိုလ်ချုပ်စောလားပွယ် ပေးပို့သော သဝဏ်လွှာကို စစ်ဦးစီးမှူးဌာန၊ စစ်ဦးစီးမှူး (ဒုတိယတန်း) ဗိုလ်မှူး ထွန်းထွန်း မှ ဖတ်ကြားခြင်း အစီအစဉ်။ ၆။ အခမ်းအနားပြီးဆုံးကြောင်းကြေငြာခြင်းအစီအစဉ်။ ၇။ ကရင်လူငယ်အဖွဲ့မှ သီချင်းဖြင့်ဖြေဖျော်ခြင်းအစီအစဉ်။ ၈။ ဧည့်ခံကျွေးမွေးခြင်း အစီအစဉ်များဖြင့် အခမ်းအနားကို နံနက် (၉) နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။











By: Nik Nayman

ဖဒိုမန်းငြိမ်းမောင်နှင့်အာအက်ဖ်အေမေးမြန်းခန်း

ရှမ်းမလေး၏ နောက်ဆုံးခရီးအား ပို့ဆောင်ခွင့်ပေးကြပါရန်


၂၁ရက် ၃လ ၂၀၁၂ ရက်နေ့တွင် လှိုင်သာယာရဲစခန်းမှ ဒုရဲအုပ် ကိုကိုဇော်က ရှမ်းမလေး (၂၀)နှစ် နန်းဝိုးဖန်၏ လှိုင်သာယာရဲစခန်းတွင် တရားလိုအဖြစ်အမှုဖွင့်တိုင်ကြားထားသည့် ပုဒ်မ ၄၀၆ အမှုမှ တရားခံ ကိုကိုထွေးအား တရားစွဲတင်ပို့ရမည်ဟု ရန်ကုန်တိုင်းရဲမှူးကြီး မှပြောသဖြင့် (စစစ)မှ မဖြစ်မနေ သွားရောက်အစစ်ခံမှသာ အမှုအား တရားစွဲပေးမည်ဟုပြောသဖြင့် ရှမ်းမလေး နန်းဝိုးဖန်နှင့် မအိအိအောင် တို့(၂)ဦးသည် ၂၁.၃.၂၀၁၂ ရက်နေ့ ညနေ (၃)နာရီ မှာ သွားရောက်စစ်ဆေးခံရာ (စစစ)အဖွဲ့ကြီး၏ တရားလိုဖြစ်သူ မနန်ဝိုးဖန်အား တရားခံကိုကို၏ တိုင်ကြားချက်အပေါ် တရားခံသဖွယ် ၂၄.၃ ၂၀၁၂ ရက်နေ့အထိ မြန်မာစကားကျွမ်းကျင်စွာ တတ်မြောက်ခြင်းမရှိသည့်အပေါ် ရက်စက်စွာ နေ့/ည မနား စစ်ဆေးကြသဖြင့် ၂၄.၃.၂၀၁၂ နံနက်(၀၅း၀၀) အချိန် ရှမ်းမလေးန်းဝိုးဖန်မှ ထွက်ပေါက်မရှိ ငယ်ရွယ်သူတစ်ဦးအနေဖြင့် ခံနိုင်ရည်မရှိ၍ မိမိအသက်အား အရမ်းကြောက်တတ်တဲ့ရှမ်းမလေးဟာ (စစစ)ဆိပ်ကမ်းသာလမ်း ရုံးဟောင်းကြီး၏ (၅) လွှာမှ အစိမ်းရောင်ဝမ်းဆက်လေးနဲ့ လောကကြီးကို၊ (စစစ)အဖွဲ့ကြီး၊ ရဲတိုင်းမှူးကြီးနှင့် တရားခံကိုကိုတို့ပျော်ရွှင်အောင် ရုပ်ပျက်ဆင်းပျက် နှုတ်ဆက်စတေး ပေးခဲ့သည့် ဖြစ်စဉ်လေးအား ရှမ်းလူမျိုးများနှင့် ရှမ်းဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် မြန်မာနိုင်ငံသမ္မတကြီး ဦးသိန်းစိန်နှင့် မြန်မာပြည်သူများ၊ အမေကြီးဒေါ်အောင်ဆန်းစုကြည်တို့ သိရှိခံစားပေးနိုင်ရန် ၀မ်းနည်းစွာဖြင့် ရင်မှာမချိစွာတင်ပြလိုက်ရပါသည်။

ရှမ်းမလေး၏ အလောင်းအား ရန်ကုန်ဆေးရုံကြီး ရေခဲတိုက်တွင် သိုသိပ်စွာထားထားပြီး အမြန်သင်္ဂြိုရန်(စစစ)အဖွဲ့မှ စီစဉ်ဆောင်ရွက်ထားသည်ဟု ကြားသိရသဖြင့် မိဘများစုံတဲ့အထိဆောင့်၍ မိဘများမှကိုယ်တိုင် ရှမ်းမလေး၏ နောက်ဆုံးခရီးအား ပို့ဆောင်ခွင့်ပေးကြပါရန် အများပြည်သူတို့အား တင်ပြတောင်းဆိုပါသည်။