Wednesday, March 28, 2012

ဇောင်းကြွနေတဲ့ ပြည့် သူ့ ချဉ်ဖတ် ငါးမင်းဆွေ

ရွှေခယ်မြို့ တော် facebook

၂၆-၃-၂၀၁၂ ယနေ့ နံနက် ၆ နာရီ လောက်မှာ ၀ါးခယ်မမြို့ မှနေပြီးကျုံမငေးမြို့ သို့ ဆင်းကာ စာတွေလိုက်ဝေဖို့ ကြိုးစားပါတယ်။ကျုံမငေးမြို့  မှမောင်းထုတ်လိုက်ပြီး၊နေ့ လည်၁နာရီလောက်မှာဝါးခယ်မမြို့ ပြန်လာရာ လမ်းတွင် ၀ါးခယ်မမြို့ နယ်အောင်နိုင်ရေးတာဝန်ခံ ဆရာဦးယုဝေ၊ NLD အဖွဲ့ ဝင်များ၊ရပ်မိရပ်ဖများ၊ မြို့ နယ်ကော်မရှင် အဖွဲ့  နှင့်  မြန်မာနိုင်ငံရဲတပ်ဖွဲ့ တို့ မှ ဥပဒေကြောင်းအရ ပူးပေါင်း တားဆီးသဖြင့် ငါးမင်းဆွေ စာဝေလို့ ရသောမြို့ များထဲတွင် (၀ါးခယ်မမြို့ ) မပါဝင်ပါကြောင်းသိစေအပ်ပါသည်။



NLD အတွက် စည်းရုံးရေး ဆင်းနေတဲ့ အနုပညာရှင်များ

Demo Waiyan  facebook
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (စစ်ကိုင်း) ရွေးကောက်ပွဲ အောင်နိုင်ရေး ဂီတဖျော်ဖြေပွဲမှာ အားဖြည့်သီဆို ဖျော်ဖြေ တင်ဆက်နေတဲ့ အဆိုတော် အာဇာနည်..



စစ်ကိုင်း ရွေးကောက်ပွဲ အောင်နိုင်ရေး ဂီတဖျော်ဖြေပွဲမှာ ဖျော်ဖြေတင်ဆက်ကြတဲ့ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ လူမင်း ၊ ဝေဠုကျော် ၊ ၀ိုင်း ၊ ရဲတိုက် ၊ ထွန်းအိန္ဒြာဗိုလ် ၊ ချစ်သုဝေတို့ရဲ့ ဒီလိုနေရာမှာ ဒီလို အမှန်လေးကို ခြစ်လိုက်ပါဆိုတဲ့ သရုပ်ပြပွဲ

၂၈ရက်နေ့က ရဲရဲတောက်နေတဲ့ စစ်ကိုင်းမြို့မြင်ကွင်းများနဲ့ စစ်ကိုင်းအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး ဂီတဖျော်ဖြေပွဲမှ ပရိသတ်များ..



အဂ္ဂမဟာဒီမိုဖက်တီး facebook

NLD အတွက် စည်းရုံးရေး ဆင်းနေတဲ့ အနုပညာရှင်များ



Popular Myanmar News Journal facebook






"လက်ထပ်ထားသော မြန်မာ အမျိုးသမီးအား ကုမ္ပဏီ အမည်ခံ ခိုင်းထား သည့် နိုင်ငံခြားသားများ လုပ်ငန်း၏ ၅ဝ ရာခိုင်နှုန်း ဇနီးကို ပေးရမည်"

Popular Myanmar News Journal
မြန်မာ အမျိုးသမီးနှင့် လက်ထပ်ကာ ၄င်းအား ကုမ္ပဏီ အမည်ခံ ခိုင်း ထားသော နိုင်ငံခြားသားများ အနေဖြင့် လုပ်ငန်း ပိုင်ဆိုင်မှု၏ ၅ဝ ရာခိုင်နှုန်း အား ဇနီးဖြစ်သူ အားပေး ရမည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ထုတ်ပြန်လိုက်သည်။
''မြန်မာ အမျိုးသမီးက လူပဲ ပေးထားရတယ်။ သူ့ဘဝတစ်ခုလုံး ရင်းထားရတဲ့ အတွက် တစ်ဝက်ပေးဖို့ ထိုက်တန်တယ်လို့ ဆုံးဖြတ်ထားတဲ့ အတွက်ကြောင့် ပါ'' ဟု ကော်မရှင်မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။
မတ်လ ၂၄ ရက်နေ့ ကုန်သည်/ စက်မှု အသင်းချုပ်၌ ကျင်းပသည့် အသင်းအဖွဲ့ ကိစ္စနှင့် ကုမ္ပဏီများ ဆိုင်ရာ မှတ်ပုံတင်ခြင်း ကိစ္စ ဆွေးနွေးပွဲ၌ အထက်ပါ အတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံသား အမည်ခံ၍ နိုင်ငံ၌ ဝင်ရောက် ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံခြားသား များ အနေဖြင့် တရားဝင် လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိ လာစေရန် ရည်ရွယ်မှုဖြင့် ထုတ်ပြန်ခဲ့သော အမိန့် ကြော်ငြာစာ အရ ဖြစ်ကြောင်း သိရသည်။
နိုင်ငံသားအား တရားဝင် မွေးစားမှုဖြင့် နာမည်ခံ ခိုင်းကာ လုပ်ဆောင်နေ ကြသည့် နိုင်ငံခြားသား များ အနေဖြင့်လည်း ယင်းကဲ့သို့ ကုမ္ပဏီ ပိုင်ဆိုင်မှု အချို့အား လွှဲ ပြောင်းပေး ရမည် ဖြစ်သော်လည်း ခွဲပေးရမည့် ပမာဏကိုမူ ကော်မရှင် မှ လတ်တလော သတ်မှတ် ပေးထားခြင်း မရှိဟု ဦးအောင်နိုင်ဦး က ဆက်လက်ပြောသည်။
''ဒါကတော့ သူတို့ဘာသာ သူတို့ ညှိကြရမယ်။ နောက်တစ်ခု က နိုင်ငံသားက နည်းနည်း ပဲ ပါတယ်။ နောက်ပြီး နိုင်ငံသားက ရှယ်ယာ လုံးဝမပါဘူး။ ဒါတွေကို လည်း ပြောင်းလဲပြီးရင် ဖက်စပ် လုပ်ကိုင်ကြရမယ်'' ဟု ဦးအောင် နိုင်ဦး က အမိန့် ကြော်ငြာစာပါ အချက်အလက် များကို ပြောသည်။
ပထမအဆင့် အနေဖြင့် ဆွဲ ဆောင်မှု၊ စည်းရုံးမှု၊ ပညာပေးမှု များ ဖြင့် ပူးပေါင်းလာစေရန် ဆောင်ရွက် သွားမည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ် နှံမှု ကော်မရှင်မှ သိရသည်။
မည်သို့ပင် လုပ်ငန်း ဆောင်ရွက် ခဲ့သည်ဖြစ်စေ နာမည်ခံ ခိုင်းသူအား ကာလတန်ဖိုး အတိုင်း အရောင်း အဝယ် ပြုလုပ်ပေးရမည် ဖြစ်သည့် အပြင် နိုင်ငံခြားသား များမှ ၃၅ ရာခိုင်နှုန်း အောက် ရင်းနှီးမှုပြု ထားပါက အပြီး ရောင်းချပေး ရမည်ဟု ဦးအောင်နိုင်ဦးက ထပ်လောင်း ပြောသည်။
ထိုကဲ့သို့ လုပ်ငန်းများ အမည် လွှဲပြောင်းစဉ် ကာလ တစ်လျှောက် လုပ်ငန်း လည်ပတ်မှုကို ရပ်နားထား သည်ဖြစ်စေ၊ လုပ်ကိုင်နေသည် ဖြစ်စေ၊ လုပ်သား များအား လစာ အပြည့်အဝ ပေးထားရမည့် အပြင် မူလ ခန့်ထားသော လုပ်သား များ အား လျှော့ချခြင်းလည်း မရှိစေရ ဟု ဦးအောင်နိုင်ဦးက ပြောသည်။

ကြားဖြတ်ရွေး ကောက်ပွဲ မဲရုံမှ ကိုက်ငါးရာအကွာ ပြင်ပကသာ ဓာတ်ပုံရိုက်ယူခွင့်နှင့် သတင်းမေး မြန်းရရှိ

Popular Myanmar News Journal
ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေး ကောက်ပွဲ ကာလတိုအတွင်း မဲရုံမှ ကိုက်ငါးရာအကွာ၏ ပြင်ပကသာ ဓာတ်ပုံရိုက်ယူခွင့်နှင့် သတင်းမေး မြန်းရရှိမှာဖြစ်ကြောင်း ယခုလ ၂၈ ရက်နေ့တွင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင် အေးက ပြောသည်။''ခင်ဗျားတို့ကို ဓာတ်ပုံဝင်ရိုက်ပါ၊ မရိုက်ပါနဲ့လို့တော့ ဘာမှမပြောချင်ပါဘူး။ တကယ်လို့ ကိုက် ၅ဝဝ အတွင်း သတင်းဝင်ယူရင် အနှောင့် အယှက်မရှိရင် ပြဿနာမရှိဘူး။ အနှောင့်အယှက်ဖြစ်လာရင်တော့ အရေးယူမှာပဲ''ဟု ၄င်းက ပြော သည်။ သတင်းရယူရေး၏ အဓိက ဆောင်ရွက်ချက်နှစ်ခုဖြစ်သော ဓာတ်ပုံရိုက်ခြင်းနှင့် သတင်းမေးမြန်း ခြင်းတို့ကို ကိုက် ၅ဝဝ ပြင်ပက သာ ပြုလုပ်ခွင့်ပေးထားသဖြင့် ၄င်း အခွင့်အရေးသည် မီဒီယာသမား များ သတင်းရယူရေးကို ကန့်သတ် ပြီးမှ ထားပေးသည့် အခွင့်အရေး ဖြစ်နေသည်ဟု ပြည်တွင်းမီဒီယာ တစ်ခုမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။ မဲရုံနှင့် ကိုက် ၅ဝဝ အတွင်း ဝင်ရောက်ဓာတ်ပုံရိုက်ယူခွင့် မပေး ထားသော်လည်း လျှို့ဝှက်၊ လွတ်လပ်စွာ မဲပေးမှု အနှောင့်အယှက် မဖြစ်ပါက ဝင်ရောက်ရိုက်ကူးခွင့် ရှိသည့်သဘာ သက်ရောက်သော စကားလုံးများကို ဥက္ကဋ္ဌက သုံးနှုန်း ကာ မီဒီယာသမားတို့၏အမေးကို ဖြေကြားခဲ့သည်။ ''ဥပဒေအရ မဲရုံကနေ ကိုက် ငါးရာအတွင်းမှာ အနှောင့်အယှက် ဖြစ်စေရင် ရွေးကောက်ပွဲဥပဒေနဲ့ ငြိမယ်၊ ခုနက ကိုက်ငါးရာအပြင်မှာ ဆိုရင် လွတ်လပ်စွာမေးခွင့်ရှိပါတယ်။ ကျွန်တော်က လုပ်ပါ မလုပ်ပါနဲ့ မပြောဘူး။ ဘာလို့လဲဆိုတော့ တစ်ဖက်ပါတီက ဒီလိုမေးတာဟာ မဲဆွယ်စည်းရုံးနေပါတယ်လို့ ပြောရင် မကောင်းဘူးလေဗျာ။ ဒီလို ပြော လာရင် ရွေးကောက်ပွဲ ဥပဒေအရ အရေးယူခံရမှာပဲ''ဟု ပြောကြား သည်။ ယခုတစ်ကြိမ် ရွေးကောက် ပွဲတွင် သတင်းရယူခွင့် သည် ယခင် ၂ဝ၁ဝ ရွေးကောက်ပွဲ နှင့်ယှဉ်ကြည့်ပါက မီဒီယာ၏ အခန်း ကဏ္ဍပိတ် ဆို့ အမှောင်ချလိုက်သည် သဘော သက်ရောက်နေပြီး ၂ဝ၁ဝ ရွေးကောက်ပွဲ ကာလက မဲရုံများအတွင် ဝင်ရောက်၍ သတင်းမေးမြန်းခြင်းနှင့် ဓာတ်ပုံရိုက်ခြင်းများအတိုင်းအတာ တစ်ခုအထိ ခွင့်ပြုခဲ့သည်ဟု သိရသည်။ ''ရွေးကောက်ပွဲမှာ သတင်းရ ယူဖို့အတွက် သတင်းထောက်ရဲ့ ဓာတ်ပုံပါတဲ့ ကတ်ပြားတွေ ထုတ် ပေးမယ်လို့ သိရတယ်။ ဒီကတ်ပြား က သာမန်ကြည့်ရင် သတင်းရယူ နိုင်ရေး အသိမှတ်ပြု ကတ်ပြားလို့ သဘောရပေမယ့် အခု ကန့်သတ် ချက်နဲ့ဆိုရင် ''ကျွန်တော် သတင်း ထောက်ပါ'လို့ အော်ဟစ်ကြေညာပြီး ကိုယ့်အခွင့်အရေးကိုယ် ပိတ် ပင်တဲ့ကတ် ဖြစ်နေပြီဗျာ။ ဒီတော့ အဲဒီကတ်တွေက သတင်းရရှိရေးကို အထောက်အကူ မပြုတဲ့အပြင် အနှောင့်အယှက်ပေး မယ့်ကတ်တွေ လို့ သဘောသက် ရောက်နေပြီ။ မဲရုံနဲ့ ကိုက် ၅ဝဝ ဝေးတဲ့ နေရာ ကနေ သတင်းယူရမယ်ဆိုတော့ သတင်းကောင်းစုံအောင် ဘယ်လို လုပ်ရမလဲ မသိတော့ဘူး'' ဟု အထက်ပါ ပြည်တွင်းမီဒီယာတစ်ခု ၏ တာဝန်ရှိသူက ပြောသည်။





မနီလာသိန်းရဲ့ ဖခင်ကြီး ဈာပန

Uploaded by BurmaVJMedia on 28 Mar 2012

၈၈ မျိုးဆက် ကျောင်းသူ မနီလာသိန်းရဲ့ ဖခင်ကြီး ဈာပနကို မတ်လ ၂၇ ရက်နေ့ နေ့လယ် ၁၂း၀၀ နာရီက ရေဝေးသုဿန်မှာ ပို့ဆောင် မီးသဂြိုလ်ခဲ့ပါတယ်။ အဲ့ဒီ ဈာပနအခမ်းအနားကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဖော်တွေနဲ့ အခြားသော ပရိသတ်တွေ တက်ရောက်ခဲ့ကြပါတယ်။ မနီလာသိန်းရဲ့ ဖခင်ကြီးဟာ မတ်လ ၂၅ ရက်နေ့က ဗဟိုရ်စည်ဆေးရုံမှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားတာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၈၁ နှစ်ရှိပြီ ဖြစ်ပါတယ်။

The Voice Weekly Journal - [ Vol.8 / No.15, 2012 March 26 - April 1 ] DOWNLOAD

၆၇ နှစ်မြောက် ဖက်ဆစ်တော်လှန်းရေးနေ့အခမ်းအနား

Uploaded by BurmaVJMedia on 28 Mar 2012


ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြီး တစ်မျိုးသားလုံး စည်းစည်းလုံးလုံးနဲ့ ဖက်ဆစ်ဂျပန်တွေကို တော်လှန်ခဲ့တဲ့ ၆၇ နှစ်မြောက် ဖက်ဆစ်တောင်လှန်ရေးနေ့ အခမ်းအနားကို ရန်ကုန်တိုင်း ဗဟန်းမြို့နယ် က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးမှာ မက်လ ၂၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားကို ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး ၊ နိုင်ငံခြားသံတမာန်တွေ ၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ ၊ ၀ါရင့်နိုင်ငံရေးသမားကြီးတွေ တက်ရောက်ခဲ့သလို ဒီအခမ်းအနားကို ကျန်းမာရေးအခြေအနေကြောင့် မတက်ရောက်နိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ဖက်ဆစ်တော်လှန်ရေးနေ့ သ၀ဏ်လွှာကို ပေးပို့ခဲ့ပါတယ်။ အလားတူ ၈၈ မျိုးဆက်ကျောင်းသားများနဲ့ ကမာန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ကလည်း အသီးသီးသ၀ဏ်လွှာပေးပို့ခဲ့ပါတယ်။

ချည်မျှင်နဲ့ အထည်ချုပ် အလုပ်သမားများ သမဂ္ဂ

Uploaded by BurmaVJMedia on 28 Mar 2012

ချည်မျှင်နဲ့ အထည်ချုပ် အလုပ်သမားများ သမဂ္ဂနဲ့ ဆောက်လုပ်ရေး အလုပ်သမားများ သမဂ္ဂ ဖွဲ့စည်းခြင်း မိတ်ဆက်ပွဲ အခမ်းအနားတစ်ခုကို ရွှေပြည်သာမြို့နယ် ပန်းခြံ (၇) စိန်စည်ဂုဏ်ရောင်လမ်းမှာ ရှိတဲ့ ကျော်ဟိန်းလက်ဖက်ရည်ဆိုင်မှာ မတ်လ (၂၇) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ ချည်မျှင်နဲ့ အထည်ချုပ် အလုပ်သမားများ သမဂ္ဂ္ဂကို Excel garment ၊ Popular နဲ့ Ever First အထည်ချုပ်စက်ရုံတွေမှ အလုပ်သမားတွေ စုပေါင်းဖွဲ့စည်းခဲ့တာဖြစ်ပြီး သမဂ္ဂကို ဖွဲ့စည်းဖို့ ကြိုးပမ်းခဲ့စဉ်က စက်ရုံအာဏာပိုင်တွေဘက်က အလုပ်သမားတချို့ကို ခြိမ်းခြောက်ပြောဆိုမှုတွေ၊ အလုပ်က ထုတ်ပစ်တာတွေနဲ့ ရာထူးမှ လျော့ချခဲ့တာတွေ လုပ် ခဲ့တယ်လို့ သိရပါတယ်။

ကော့မှူးကြံ့ဖွံ့၏ မဲထည့်နည်း ပယ်မဲသဘောဆောင်ဟု မြို့ခံများပြောဆို


Submitted by on Wednesday, 28 March 2012--
မတ်လ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)


ရန်ကုန်တိုင်း၊ ကော့မှူးမြို့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ-USDP မှ ယနေ့မနက်တွင် ပြုလုပ်ခဲ့သည့် မဲထည့်ပုံထည့်နည်း ရှင်းလင်းပြောပြမှုမှာ မဲများကို ပယ်မဲဖြစ်အောင် လုပ်ခိုင်းနေခြင်းဖြစ်ကြောင်း မြို့ခံများက ဝေဖန်ပြောဆိုနေကြသည်။
မြို့ခံအမျိုးသမီးကြီးတစ်ဦးက “ဒီနေ့ ကြံ့ခိုင်ရေးပါတီက မဲထည့်ပုံ၊ ထည့်နည်းအကြောင်းပြောတယ်။ ဒေါ်စုကိုကြိုက်ရင် အမှန်ခြစ်ပြီး ကြံ့ ခိုင်ရေးကို မကြိုက်ရင် အမှားခြစ်ထည့်ခိုင်းတယ်။ ကြံ့ခိုင်ရေးကို မကြိုက်လို့ အမှားခြစ်ခိုင်းမှတော့ ဒါ ပယ်မဲ ဖြစ်သွားမယ်လေ။”ဟု ပြော သည်။
ကော့မှူးမြို့၊ မြို့မရပ်ကွက်ရှိ ကြံ့ခိုင်ရေးရုံးတွင် ယနေ့မနက် ၉နာရီမှ မွန်းတည့်အထိ ပြုလုပ်ခဲ့သည့် မဲထည့်နည်းရှင်းလင်းပွဲတွင် လူဦးရေ ၁,၀၀၀ခန့် တက်ရောက်ခဲ့ကြသော်လည်း အခြားမြို့နယ် သုံးမြို့နယ်မှ USDP ပါတီဝင်များသာဖြစ်ပြီး ကြံ့ဖွံ့ပါတီဝင် မဟုတ်သူ ကော့မှူးမြို့ ခံများမှာ ပါဝင်ခြင်းမရှိကြောင်း ကိုယ်တိုင် မြင်တွေ့ခဲ့သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
၎င်းက “ဌာနဆိုင်ရာ အပြာနုရောင် ဂျစ်ကားတွေနဲ့ Light truck ကားတွေ ၁၅စီးဝန်းကျင်လောက်ရှိတယ်။ အများစုကတော့ ရွှေပြည်သာ၊ လှိုင်သာယာနဲ့ ဒလက သူတို့(ကြံ့ဖွံ့)ပါတီဝင်တွေချည်း အင်အားလာပြတာပါပဲ။”ဟု ဆိုသည်။
ကော့မှူးမြို့နယ်မှ ဒေသခံပြည်သူများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကိုသာ မဲပေးရန် ဆန္ဒရှိကြ ပြီး ကြံ့ဖွံ့ပါတီထက် ဒေါ်အောင်ဆန်းစုကြည် ပါတီက လူထုအတွက် လုပ်ဆောင်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောဆိုနေကြသည်။
“သူတို့(ကြံ့ဖွံ့)က ပြည်သူတွေ မလုပ်နိုင်တာကို ဒေါ်စုက လုပ်ပေးနိုင်တယ်။ အရင် ၂၀၁၀တုန်းကတော့ ထည့်စရာပါတီမရှိလို့ ကြံ့ခိုင်ရေး ကို မဲပေးခဲ့တယ်။ ဒါပေမယ့် သူတို့ဘာမှမလုပ်ပေးဘူး။ အခု သူတို့မလုပ်ပေးနိုင်တာကို ဒေါ်စုက လုပ်ပေးနိုင်တယ်။ အဲဒါကြောင့် ဒေါ်စုကို မဲထည့်တာပါ။”ဟု မြို့ခံ မွတ်ဆလင်မ်လူမျိုး ဈေးသည်တစ်ဦးက ပြောသည်။
ကော့မှူးမှ ကရင်အမျိုးသမီးကြီးတစ်ဦးက “ဒေါ်စုကို ယုံကြည်လို့။ ဗိုလ်ချုပ်(အောင်ဆန်း)သမီးဖြစ်လို့။ ကရင်ရွာမှာ သန်းခေါင်းစာရင်းဝင် ထားလို့။ ဒီမှာတော့ အားလုံးက ဒေါ်စုကိုပဲ မဲထည့်မယ်။”ဟု ပြောသည်။
ယမန်နေ့က ကော့မှူးမြို့မှ ကြံ့ဖွံ့ပါတီဝင်များသည် ၎င်းတို့ပါတီ၏ လက်ကမ်းစာစောင်များကို လူနေအိမ်များရှေ့တွင် ညဘက် လိုက်လံချ ထားပေးခဲ့သလို ၎င်းတို့ပါတီ၏ မဲထည့်နည်းရှင်းလင်းပွဲသို့ လာရောက်နားထောင်သူများအား ငွေ ၃၀၀၀ကျပ် ပေးမည်ဟုလည်း မကျီးကန် ကျေးရွာမှ ကြံ့ဖွံ့ပါတီဝင်များက အိမ်တိုင်ရာရောက် ပြောဆိုခဲ့ကြောင်း သိရသည်။
“ဒီအတိုင်းပေးရင် ဒေသခံတွေက မယူဘူး။ ညဘက်လိုက်ထားတော့ မနက်ပိုင်းကျရင် လူတွေက ယူကောက်ကြည့်တယ်။ ဒါပေမဲ့ အား လုံးက ဆွဲဖြဲပစ်တယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၁၀တုန်းက ကြံ့ခိုင်ရေးကို မဲထည့်ခဲ့ပေမယ့် ကြံ့ခိုင်ရေးက ဘာမှလုပ်ဆောင်ပေးခြင်း မရှိ ဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ယနေ့ပြုလုပ်သည့် ကော့မှူးမြို့နယ် ကြံ့ခိုင်ရေးပါတီ၏ မဲထည့်နည်းရှင်းလင်းပွဲတွင် ပါတီဝင်များက ၎င်းတို့ယူဆောင်လာသည့် ခြင်္သေ့ပုံပါ မဲစာရွက်ပေါ်တွင် အမှန်၊ အမှား ခြစ်ကာ လာရောက်သူများအား ပြသပေးခဲ့သည်။
ဧပြီလ ၁ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ်၌ ၃ပါတီ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လွှတ်တော်အမတ်လောင်းများမှာ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီပါတီမှ ဦးတင်ရီနှင့် USDP မှ ဒေါက်တာစိုးမင်းတို့ ဖြစ်သည်။
http://www.kicnews.org/?p=10689

လှိုင်သာယာလယ်သမားများ နစ်နာကြေးရရန်ငြိမ်းချမ်းစွာတောင်းဆို


by Yangon Press International on Wednesday, March 28, 2012 at 9:31am ·
မတ် ၂၈၊ ၂၀၁၂ (YPI)
 
လှိုင်သာယာမြို့နယ်၊ ဒဂုံဧရာအဝေးပြေးဝင်းအနီးရှိလယ်မြေ ဧက နှစ်ထောင်ခန့်ကို ကုမ္ပဏီများက အဆောက်အဦများဆောက်လုပ်ရန် ပြင်ဆင်နေသောကြောင့် ၎င်းမြေယာများပေါ်တွင် နှစ်ပေါင်းများစွာလယ်ယာ လုပ်ငန်းလုပ်ကိုင်ခဲ့သူများက နစ်နာကြေးရရှိရန် ငြိမ်းချမ်းစွာ တောင်းဆိုလျှက်ရှိကြသည်။

အတွင်းပဒံ၊ အပြင်ပဒံ၊ ကျွန်းကလေးနှင့် ကျွန်းကြီးကျေးရွာများမှ လယ်သမားများစုပေါင်းလက်မှတ်ထိုးပြီး ILO၊ NLD၊ နိုင်ငံတော်အစိုးရ၊ အာရှလူ့အခွင့်အရေးကော်မရှင်နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ထံသို့ တင်ပြသွားမည်ဖြစ်ကြောင်းလည်း ၎င်းတို့ကပြောသည်။

ယခုလ ၁၉ ရက်နေ့ကစတင်ကာ နေ့စဉ် လယ်သမား ၅၀ ဦးမှ ၁၀၀ ဦးအထိ ၎င်းတို့လုပ်ကိုင်စားသောက်ခဲ့သည့်လယ်မြေများအတွက် နစ်နာကြေးရရှိရန် လာရောက်စုဝေးလျှက်ရှိကြသည်။

လယ်ယာမြေများအတွက် နစ်နာကြေးရရန် စုဝေးတောင်းဆိုနေသော လယ်မားများ

ယခုလ ဒုတိယအပတ်က လယ်ယာမြေများပေါ်တွင် နစ်နာကြေးမပေးဘဲ အဆောက်အဦများဆောက်လုပ်ခြင်းကို ကန့်ကွက်သူ ခုနစ်ဦးအား လှိုင်သာယာမြို့နယ်၊ သောင်ကြီးရဲစခန်းမှ လာရောက်ဖမ်းဆီသွားကာ ငါးဦးကို အာမခံဖြင့်ပြန်လွှတ်ပေးခဲ့ပြီး ကျန်နှစ်ဦးကို ပိုင်နက်ကျူးလွန်မှု၊ ပိတ်ဆို့မှု၊ ကြိမ်းမောင်းမှုများဖြင့် တရားစွဲဆိုထားသည်ဟု ဒေသခံလယ်သမားများကပြောသည်။

 “ကျွန်တော်တို့ ဘိုးဘွားတွေလက်ထက်ကတည်းက ဒီမှာ စပါးစိုက်ခဲ့ကြတာ။ နိုင်ငံတော်ကသတ်မှတ်တဲ့ တာဝန်ကျေစပါးတွေရော အခွန်အခတွေပါပုံမှန်ဆောင်ခဲ့ကြပါတယ်။ ကျွန်တော်တို့ကို မနှစ်ကအထိ ဘဏ်ကနေ ချေးငွေပေးတယ်။ ကျွန်တော်တို့ ဘယ်သူ့မြေကိုမှ ကျူးကျော်တာမဟုတ်ပါဘူး” ဟု အသက် ၅၃ နှစ်အရွယ်ရှိ ကျွန်းကလေးရွာသား လယ်သမားကပြောပါသည်။

၎င်းလယ်မြေများကို ၁၉၉၇ ခုနှစ်ကတည်းက စက်မှုဇုန်တည်ထောင်ရန်အတွက် မြို့ရွာနှင့်ဦးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက အကြောင်းကြားထားခဲ့သော်လည်း စက်ရုံအလုပ်ရုံများတည်ဆောက်ခဲ့ခြင်းမရှိသောကြောင့် ပြီးခဲ့သည့်နှစ် စပါးစိုက်ရာသီအထိ လယ်ယာလုပ်ငန်းများလုပ်ကိုင်ခဲ့ကြသည်ဟု ၎င်းဒေသခံများကပြောသည်။

အဆောက်အဦများဆောက်လုပ်ခြင်းကို ရပ်ဆိုင်းထားရန် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများကို ဒေသခံများကသွားရောက်ပြောဆိုရာ “NO စိတ်မ၀င်စားဘူး” ဟုပြန်လည်ပြောဆိုသည်ဟု အတွင်းပဒံကျေးရွာမှ လယ်လုပ်သူများကပြောသည်။

ဒေသခံအများစုမှာ လယ်လုပ်ငန်းဖြင့်အသက်မွေးကြသောကြောင့် ၎င်းတို့လယ်ယာမြေများဆုံးရှုံးရမည်ဆိုလျှင် ထိုက်သင့်သော နစ်နာကြေးရရှိမှသာ အသက်မွေးမှုအတွက် အထောက်အပံ့ရမည်ဖြစ်ကြောင်းဆိုသည်။

“ကျွန်မတို့ကို အခုဖယ်ပါ။ နစ်နာကြေးနောက်မှ စကားပြောပါလို့ ပြောတယ်။ ကျွန်မတိုဖယ်ပေးလိုက်ရင် နောက်ဘယ်တော့မှရမှာမဟုတ်တော့ဘူး။ ကျွန်မတို့ရဲ့ စားဝတ်နေရေးအတွက် နစ်နာကြေးရအောင် ငြိမ်းချမ်းစွာတောင်းဆိုနေတာပါ” ဟု ၅၄ နှစ်အရွယ် အတွင်းပဒံကျေးရွာသူတစ်ဦးကပြောသည်။

၎င်းလယ်မြေများကို မြို့ရွာနှင့်ဦးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနထံမှ စက်မှုဇုန်တည်ထောင်ခွင့်ရရှိခဲ့သည်ကုမ္ပဏီများက အဆင့်ဆင့်လက်လွှဲရောင်းချခဲ့ကြပြီး ယခုကာလပေါက်ဈေး တစ်ဧက ကျပ် သိန်း ၂၈၀၀ ခန့်ဖြင့် အရောင်းအ၀ယ်ဖြစ်လျှက်ရှိကြောင်း နှင့် ဒေသခံလယ်သမားများက နစ်နာကြေးအဖြစ် တစ်ဧကလျှင် ကျပ်သိန်းငါးဆယ်ရလျှင် ကျေနပ်နိုင်မည်ဖြစ်ကြောင်း ပြောသည်။

၎င်းဒေသတွင် တစ်ဦးလျှင် လယ်နှစ်ဧကမှ ဧက ငါးဆယ်အထိပိုင်ဆိုင်သူ ၃၀၀ ကျော်ရှိသည်ဟု လယ်သမားများနစ်နာကြေးရရှိရန် လိုက်လံဆောင်ရွက်ပေးနေသူ NLD အဖွဲ့ဝင် လူငယ်တစ်ဦးကပြောသည်။       ။

အင်အားပြ ပြည်ခိုင်ဖြိုးဆိုင်ကယ် ကလေးတစ်ဦးအားတိုက်မိ


by Yangon Press International on Wednesday, March 28, 2012 at 12:06pm ·
မတ်လ ၂၈ ရက်၊ ၂၀၁၂ ခုနှစ် (YPI) ကျော်စိုးလင်း

ယနေ့မနက်၌ ကော့မှူးမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ အင်အားပြစီးနှင်းလာသော ယာဉ်တန်းပါ ဆိုင်ကယ်တစ်စီး သည် နတ်စင်ကုန်းကျေးရွာ တောင်ပိုင်းအရောက်တွင် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦးအား တိုက်မိခဲ့ကြောင်း ယင်းကျေးရွာနေ ဦးဌေးလှိုင်ကပြောသည်။

၎င်းက “ လက်ငင်းဒဏ်ရာတော့ကြီးကြီးမားမားမရဘူး။ ဒါပေမယ့် ဓာတ်မှန်ဖတ်တဲ့ဆရာဝန်ကတော့ စောင့်ကြည့်ရအုံးမယ်လို့ပြောတယ်” ဟုပြောသည်။

အဆိုပါ မိန်းကလေးအားတိုက်မိပြီးနောက် ပြည်ခိုင်ဖြိုးပါတီမြို့နယ် စည်းရုံးရေးမှူး ဦးမြင့်ကြိုင်မှ ငွေနှစ်သောင်းကျပ်ပေးခဲ့ပြီး အင်အားပြမှုပြီးဆုံးပါက ပြန်လည်ကြည့်ရှုမည်ဟုပြောခဲ့သော်လည်း အင်အားပြမှုပြီးဆုံးပြီး ညနေရောက်သည်အထိ မည်သူမျှလာရောက်ကြည့်ရှုခြင်းမရှိကြောင်း ဦးဌေးလှိုင်က ဆက်ပြောသည်။

၎င်းက “ ပထမတုန်းကလည်း ငါးထောင်ပဲထုတ်ပေးတယ်။ ကျွန်တော်တို့ပြောလို့ နှစ်သောင်းဖြစ်သွားတာ။ ခုလည်း ပြန်လာကြည့်မယ်ဆိုပြီး ညနေအထိရောက်မလာသေးဘူး” ဟု ပြောသည်။

ယခုကဲ့သို့ အင်အားပြခြင်းမှာ ကော့မှူးမြို့နယ်တွင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်အရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်း ဦးစိုးမင်းအတွက် မဲဆွယ် အင်အားပြခြင်းဖြစ်ပြီး ယင်းသို့ အင်အားပြရာတွင် မော်တော်ယာဉ် အစီး (၃၀ ) နှင့် ဆိုင်ကယ် အစီး (၅၀) ခန့်ပါဝင်သည်။

မတ်လ ၁၆ ရက်နေ့ကလည်း မန္တလေးတိုင်း နထိုးကြီးမြို့နယ် တွင် ပြည်ခိုင်ဖြိုးပါတီ၏ လူထုအစည်းအဝေးပွဲသို့ လာရောက်သော ကားတစ်စီးဖြင့်တိုက်မိသဖြင့် ဆိုင်ကယ်စီးသူတစ်ဦးသေဆုံးခဲ့သည်။         ။

နေပြည်တော်မဲဆွယ်ပွဲတွင်ခြိမ်းခြောက်ခံရမှုများရှိနေ - စန္ဒာမင်း


by Yangon Press International on Wednesday, March 28, 2012 at 3:55pm ·
  
နေပြည်တော် (YPI) ဆိုင်းဆွတ်

နေပြည်တော် ဇမ္ဗူသီရိ မဲဆန္ဒနယ် အတွင်း အဏာပိုင်များဇ။် အနှောင့်အယှက် အဟန့်အတား အမျိုးမျိုးကြားမှ မဲဆွယ်စည်းရုံးရေးပြုလုပ်နေရသည် ဟု ဇမ္ဗူသီရိ မဲဆန္ဒနယ် အမျိုးသားဒီမိုကရေစီ ကိုယ်စားလှယ်လောင်း မစန္ဒာမင်း ကပြောသည်။

အချို့ ရွာများတွင် အဏာပိုင်များနှင့် ကြံ့ခိုင်ရေးပါတီဝင်များက ရွာသားများကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဟောပြောပွဲ များကို တက်ရောက်ခွင့်မပြုခြင်း ၊ ခြိမ်းခြောက်ခြင်းများ ခံနေရသည်ဟု ရှင်းပြသည်။

အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း မစန္ဒာမင်းနေပြည်တော် ဇမ္ဗူသီရိ မဲဆန္ဒနယ်တွင် မဲဆွယ်နေစဉ်။ ဓါတ်ပုံ-ဆိုင်းဆွတ်

“ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လာရောက်စည်းရုံးမယ်လို့ပြောရင် စည်းရုံးနေစဉ်ရော မစည်းရုံးသေးခင်ရော တချို့သော အဏာပိုင်များက ပြည်သူတွေကို ခြိမ်းခြောက်တာတွေ ရွာက လျှပ်စစ်မီး ဖြတ်တောက်တာတွေ လုပ်တာခံရတာ တွေရှိပါတယ်” ဟု ၎င်းကပြောသည်။

ရွေးကောက်ပွဲ ဥပဒေတွင်ပါရှိသည့် ကော်မရှင်များဖွဲ့စည်းသည်အခါတွင် ဘယ်ပါတီဝင်မှ မဖြစ်စေရဟု ပါရှိထားသော်လည်း  ဇမ္ဗူသီရိ မဲဆန္ဒနယ် ကျေးရွာများကော်မရှင် အဆင့်ဆင့်တွင် ကြံ့ခိုင်ရေးပါတီဝင်များပါဝင် နေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေး အဖွဲ့ဝင်တစ်ဦးကပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ်အောင်နိုင်ရေး အဖွဲ့ဝင် တစ်ဦးကလည်း “ ကျွန်တော့်အိမ်ကို ခဲနဲ့ထုခံရတယ် ရပ်ကွက်အုပ်ချူပ်ရေးမှူးကိုတိုင်တော့လည်း ဘာမလုပ်ပေးဘူး ကျွန်တော့်ဘက်ကထုမယ်ဆိုရင် ကျွန်တော်တို့ကို အရေးယူမှာ သေချာတယ်” ဟုပြောသည်။

သဲကြီးကုန်းရွာသည် ရွေ့ပြောင်းအလုပ်သမား အများအပြားနေထိုင်သောရွာဖြစ်သည်။ယင်းရွာ ကို NLD မဲဆွယ်စည်းရုံး ဟောပြောပွဲ ပြုလုပ်ခဲ့စဉ်က အဏာပိုင်အချို့က ရွာသားများကို “ မင်းတို့ဒီဟောပြောပွဲကို မတက်နဲ့ ဟောပြောပွဲတက်ရင် အထုပ်ပြင်ပြီး မင်းတို့ဒီရွာက ပြန်ဖို့ပြင်တော့” ဟု ပြောကြောင်း မစန္ဒာမင်းကပြောသည်။

ဇမ္ဗူသီရိမဲဆန္ဒနယ် ပြန်ကပြေးရွာမှ ကျေးရွာသူတစ်ဦးကလည်း “ ကျွန်မတို့ကို လည်း အမေစုပါတီနောက်လိုက်တဲ့သူတွေကို ဖမ်းမယ်လို့ ရွာမှာပြောနေကြတာ ကျွန်မတို့က အမေစုပါတီမှ အမေစုပါတီဘဲ အမေစုပါတီကိုပဲမဲပေးမှာ သိကြားမင်းဆင်းဖျက်တောင် မပျက်ဘူး” ဟု အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးပြောသည်။

ဇမ္ဗူသီရီမဲဆန္ဒနယ် တွင် မဲပေးနိုင်သူ ၅သောင်းကျော်ရှိပြီး မဲရုံ ၃၆ ထားရှိမည်ဟုသိရှိရသည်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက သမတ ဦးသိန်းစိန် မဲပေးသူများဇ။် ၉၁ ရာခိုင်နှုန်းကျော်ဖြင့် နိုင်ခဲ့စဉ်က မဲပေးနိုင်သူဦးရေ ၈ သောင်းကျော် ရှိပြီး ယခုရွေးကောက်ပွဲတွင် ၃ သောင်းကျော် (၃ ပုံတစ်ပုံနီးပါး) လျော့နည်းသွားတာကို တွေ့ရသည်။          ။

မနန်းဝိုးဖန် စသုံးလုံးတွင် မိမိကိုယ် သတ်သေသွားသည်ဟု ယူဆကြောင်း ခင်ပွန်းဖြစ်သူက ပြော


by Yangon Press International on Wednesday, March 28, 2012 at 12:01pm ·
 မတ်လ ၂၈ ရက်၊ ၂၀၁၁ ခုနှစ် (YPI)

မနန်းဝိုးဖန် မှာ သူ့ဖာသာသူ သတ်သေသွားခြင်း မဟုတ်ပဲ မတော်တဆဖြစ်ပွားခြင်းဖြစ်သည်ဟု စသုံးလုံးအရာရှိများက ခင်ပွန်းဖြစ်သူ အားပြောဆိုသော်လည်း ခင်ပွန်းဖြစ်သူက စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုကြောင့် သတ်သေသွားသည်ဟု ယူဆကြောင်း ပြောဆိုသွားသည်။


ယင်းသို့ သေဆုံးသွားရသည့် အမှုနှင့် ပတ်သက်၍ မနန်းဝိုးဖန်၏ ခင်ပွန်းဖြစ်သူ မစ္စတာ နာမာဆဲ အား စသုံးလုံး မှ အရာရှိ ၂ ဦးက သတ်သေခြင်း မဟုတ်ကြောင်း မတော်တဆဖြစ်မှုသာဖြစ်သည်ဟု ၎င်း၏ ဟိုတယ်သို့ လာရောက်ကာ ယနေ့ နံနက်တွင် ပြောဆိုသွားသည်ဟု ပြောသည်။

မနန်းဝိုးဖန်၏ ခင်ပွန်းနှင့် ရှေ့နေ ဒေါ်အိအိအောင်

မနန်းဝိုးဖန်၏ ဖခင် နှင့် စသုံးလုံးတွင် အတူအစစ်ဆေးခံရသူ  ရှေ့နေ ဒေါ်အိအိအောင်တို့က မီဒီယာ အားရှင်းလင်းခဲ့ရာတွင် အိမ်ခြံမြေ ပိုင်ဆိုင်မှုနှင့် ကိစ္စ ပတ်သက်၍ အမှုအခင်းဖြစ်ပွားရာတွင် အမှုတရားလို ဖြစ်သူ မနန်းဝိုးဖန်နှင့် ၎င်း၏ ရှေ့နေဖြစ်သူ သူ့ကို မတ်လ ၂၁ ရက်နေ့တွင် စသုံးလုံးက စစ်ဆေးရန် ခေါ်ယူခဲ့သည်။ ၃ရက်တာ စစ်ဆေးနေစဉ်တွင် မတ်လ ၂၄ ရက်နေ့နံနက် လင်းအားကြီးအချိန်၌ မနန်းဝိုးဖန်မှာ အဆိုပါ စသုံးလုံး ရုံး ၅ ထပ်မှ ရုတ်တရက် ပြုတ်ကျကာ သေဆုံးခဲ့သည်။


စစ်ဆေးခံရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ ဒေါ်အိအိအောင်က ရှင်းပြရာတွင် ယမန်နှစ် နှစ်ကုန်ပိုင်းက မနန်းဝိုးဖန်၏ နာမည်ဖြင့် ၀ယ်ယူထားသည့် အိမ်နှင့် မြေကွက်များ ကို  ခင်ပွန်းဖြစ်သူ နာမာဆဲ၏ မန်နေဂျာဟောင်း ဦးကိုကိုက ၎င်းပိုင်ဆိုင်ကြောင်း သတင်းစာများ တွင် ကြော်ငြာထည့်ခဲ့ရာမှ ပိုင်ဆိုင်သူ မနန်းဝိုးဖန်က သက်ဆိုင်ရာသို့ တိုင်ကြားကာ ယုံကြည်အပ်နှံ အလွဲသုံးစား ပုဒ်မ ၄၀၆ ဖြင့် ဦးကိုကိုအား စွဲဆိုခဲ့သည်။


ထိုသို့ တရားစွဲဆိုထားရာမှ ဦးကိုကိုက မနန်းဝိုးဖန်ကို “စစရ” ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ တို့တွင် ပြန်လည်တိုင်ကြား သဖြင့် ရဲတပ်ဖွဲ့တွင် ၂ ကြိမ် စစ်ဆေးခံခဲ့ရသည်။ ယင်းသို့ မနန်းဝိုးဖန်က နှင့် ဦးကိုကိုတို့  စွဲဆိုထားသည့် အမှုရင်ဆိုင် နေရာမှ ယခုလ ၂၁ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး အထူးစုံစမ်း စစ်ဆေးရေးမှ မနန်းဝိုးဖန်နှင့် ရှေ့နေ ဒေါ်အိအိအောင်ကို ခေါ်ယူစစ်ဆေးခဲ့သည်။

စသုံးလုံးက ခေါ်ယူစစ်ဆေးခြင်းနှင့် ပတ်သက်၍ ဒေါ်အိအိအောင်က စသုံးလုံးကို မေးမြန်းရာတွင် မနန်းဝိုးဖန်က ပိုင်ဆိုင်ထားသည့် အိမ်ခြံမြေနှင့် ပတ်သက်ပြီး စီးပွားရေး လမ်းကြောင်းအရ စစ်ဆေးခြင်းဖြစ်သည်ဟု ပြန်လည်ဖြေဆိုခဲ့သည်ဟု ဒေါ်အိအိအောင်က ပြောကြးသွားသည်။

၃ ရက်ကျော် ခေါ်ယူ စစ်ဆေးနေစဉ် မတ်လ ၂၄ ရက်နေ့ နံနက် ၅နာရီဝန်းကျင်တွင် ကျောက်တံတား မြို့နယ် ဆိပ်ကမ်းသာလမ်း စသုံးလုံးရုံး ၅ ထပ်မှ ပြုတ်ကျ သေဆုံးခဲ့သည်။

သေဆုံးသွားရသူ မနန်းဝိုးဖန်မှ ပြုတ်ကျ သေဆုံးသွားခြင်းဖြစ်သည်ဟု စသုံးလုံး ဒေါ်အိအိအောင်က မနန်းဝိုးဖန် သေဆုံးသွားရခြင်းမှာ မိမိကိုယ် သတ်သေခြင်းမဖြစ်နိုင်ကြောင်း ၎င်းမှာ အလွန် ကြောက်တတ်သူဖြစ်သဖြင့် သတ်သေသည်ဆိုသည့် အချက်ကို  မယုံနိုင်ကြောင်း ပြောဆိုသွားသည်။


ခင်ပွန်းဖြစ်သူ ဂျပန်နိုင်ငံသား မစ္စတာ နာမာဆဲက “ လူတယောက်ကို တနေ့ ၂ နာရီမျှသာ အိပ်ချိန်ပေးပြီး စစ်ဆေးနေခြင်းသည် အကျဉ်းထောင်တွင်း စစ်ဆေးခြင်းနှင့် အတူတူဖြစ်ကြောင်း၊ သူမ၏ လူ့အခွင့်အရေးကို ချိုးဖောက်နေခြင်းဖြစ်သည်” ဟုလည်း ယနေ့ ညနေ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။


မနန်းဝိုးဖန် သေဆုံးသွားသည့် နေ့က မိုင်းဖြတ်မြို့ရှိ မိသားစုအား မနန်းဝိုးဖန် နေမကောင်းသဖြင့် ဆေးရုံတက်နေသည် စသုံးလုံးမှ ဟု အကြောင်းကြားလာပြီး ညပိုင်းတွင် သေဆုံးသွားပြီဖြစ်သည်ဟု ထပ်မံ အကြောင်းကြားခဲ့သည် ဟု ဖခင် ဦးအိုက်ခန်းက ပြောသည်။

ယနေ့နံနက်ပိုင်းတွင် သေဆုံးသူ၏ မိဘများက ဒုသမ္မတထံ ယခုအဖြစ်အပျက်ကို တိုင်ကြားရန် လေဆိပ်သို့ သွားရောက်စဉ် လုံခြုံရေးဝန်ထမ်းအချို့က ပြန်လည်ခေါ်ဆောင်ခဲ့သည်ဟုလည်း ခင်ပွန်းဖြစ်သူက ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။


သေဆုံးသူမနန်းဝိုးဖန်ကို လာမည့် စနေနေ့ နေ့ခင်းပိုင်းတွင် ထိန်ပင်သုဿန်တွင် သဂြိုဟ်မည်ဖြစ်သည်ဟု သိရှိရသည်။

စသုံးလုံးတွင် မတော်တဆ သေဆုံးသွားခြင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ခုံရုံးဖွဲ့ကာ စုံစမ်းစစ်ဆေးသွားမည်ဟု သတင်းဋ္ဌာနတခုအား ပြောဆိုထားသည်။




NLD ရဲ့ ထိပ်တန်းကိစ္စသုံးရပ်နဲ့ ကာကွယ်ဦးစီးချုပ်ရဲ့အဓိကတာဝန်


တူမောင်ညို
မတ်လ ၂၈၊ ၂၀၁၂
“(၆၇) နှစ်မြောက် တပ်မတော်နေ့” မှာပြောတဲ့ ဗိုလ်မင်းအောင်အောင်လှိုင်ရဲ့မိန့်ခွန်းထဲက အောက်ပါအချက် ၂ ချက်ကို သတိပြုမိပါတယ်။
တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ကို တပ်မတော်ကို ခေတ်ကာလနဲ့အညီ တည်ဆောက် ပေးခဲ့လို့ကျေးဇူးတင်ထိုက်သူများအဖြစ် တတန်းတည်းထားပြီး ရည်ညွန်းပြောကြားတဲ့အချက်နဲ့ လွှတ်တော်ထဲမှာ စစ်သားအမတ် ၂၅% ဘာကြောင့်ပါဝင်နေရသလဲဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်။
တပ်မတော်ဖခင်လို့ ဗိုလ်ချုပ်အောင်ဆန်းကိုရည်ညွန်းသော်လည်း ယခင်က “အောင်ဆန်းစစ်ကြောင်း” ဆိုတာရှိခဲ့ပြီး (နဝတ-နအဖ) ခေတ် မှာ ဖြုတ်ပယ်ခဲ့ပါတယ်။ အခုလည်းဖြုတ်ပယ်ထားဆဲပါ။ ထားပါတော့။
နောက်တချက်က ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံရေးလုပ်တော့ စစ်တပ်ကနေပြတ်ပြတ်သားသားထွက်ပြီး နိုင်ငံရေးကို ခြေစုံပစ်ပြီးလုပ်ခဲ့သူဖြစ် တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ “ကိုအောင်ဆန်း- သခင်အောင်ဆန်း- ဗိုလ်အောင်ဆန်း- ဦးအောင်ဆန်း” စသဖြင့် ကျောင်းသား၊ နိုင်ငံရေး သမားဘဝကနေ တော်လှန်ရေးတပ်မတော်သား၊ တော်လှန်ရေးတပ်မတော်သားဘဝကနေ နိုင်ငံရေးသမားဘဝကို အဆင့်ဆင့်ပြောင်းလဲ ခဲ့တာပါ။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ဗိုလ်နေဝင်းကို တတန်းထဲထားဖေါ်ပြစရာဆိုလို့ “ရဲဘော်သုံးကျိပ်” စာရင်းကိုရေးသားဖေါ်ပြရာမှာပဲဖြစ်တယ်။ ဒါ တောင် ဒို့ဗမာအစည်းအရုံးဆိုတဲ့ ရှုဒေါင့်ကနေကြည့်ရင် “သခင်ကိုယ်တော်မှိုင်း ” အုပ်စုဝင် သခင်အောင်ဆန်းနဲ့ “သခင်ထွန်းအုပ် – သခင်ဗ စိန် ”အုပ်စုဝင် သခင်ရှုမောင်အဖြစ် ကွဲပြားနေသေးတယ်။
ဗိုလ်နေဝင်းဟာ စစ်တပ်ကို တလက်ကိုင်တပ်အဖြစ် အုပ်စီးခဲ့ပြီး စစ်အာဏာရှင်စနစ်ကိုစတင်အခြေချခဲ့သူ အကောင်အထည် ဖော်ခဲ့သူဖြစ် တယ်။ ဒါကြောင့် ဗိုလ်နေဝင်းဟာ လက်ရှိစစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ရဲ့ ဂေါ့ဖားသားဖြစ်တယ်။
ဗိုလ်နေဝင်းဟာ “တော်လှန်ရေးကောင်စီ” ဆိုပြီး ၁၂ နှစ်အုပ်စိုးခဲ့ပြီး စစ်အာဏာရှင်စနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၇၄) စိတ်ကြိုက်ရေး ဆွဲကာ (မဆလ) တစ်ပါတီအာဏာရှင်စနစ်နဲ့ (၁၄) နှစ် (၁၉၇၄- ၁၉၈၈) ကြာဖိနှိပ်ခဲ့တယ်။
ဗိုလ်သန်းရွှေကတော့ (နဝတ-နအဖ) စစ်ကောင်စီက ၂၁ နှစ် (၁၉၈၈ -၂၀၁၀) ဖိနှိပ်အုပ်စိုးခဲ့ပြီး၊ စစ်အာဏာရှင်စနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) စိတ်ကြိုက်ရေးဆွဲပြီး “စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ” ဆိုတဲ့ မျက်နှာဖုံးစွပ်ပေးခဲ့တယ်။
စစ်အုပ်စုဖွဲ့ပြီး စစ်တပ်ကို တလက်ကိုင်လုပ်တဲ့အစဉ်အလာဟာ ဗိုလ်နေဝင်းလုပ်နည်းဖြစ်တယ်။ ဒီနည်းကို ဗိုလ်သန်းရွှေက ဆက်ခံခဲ့တာဖြစ် တယ်။
ဒါကြောင့် ဗိုလ်မင်းအောင်လှိုင်တို့ လက်ရှိစစ်အုပ်စုဟာ ဗိုလ်နေဝင်း- ဗိုလ်သန်းရွှေတို့ရဲ့ စစ်အာဏာရှင်နစ်အမွေခံတွေသာ ဖြစ်တယ်။
လက်ရှိစစ်အုပ်စုဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့နိုင်ငံရေးအစဉ်အလာကို ဆက်ခံသူတွေမဟုတ်ဘူး။
ဗိုလ်ချုပ်အောင်ဆန်းက တပ်ကိုအသုံးချပြီး နိုင်ငံရေးမလုပ်ခဲ့ဘူး။ ကိုယ်ကျိုးစီးပွား မစုဆောင်းခဲ့ဘူး။ ဗိုလ်နေဝင်းတို့ ဗိုလ်သန်းရွှေတို့က စစ် တပ်ကို ခါးပိုက်ဆောင်တပ်အဖြစ် တလက်ကိုင်ပြုကာ စစ်အာဏာရှင်နစ်ဖန်တီးပြီး ကိုယ်ကျိုးစီးပွားစု ဆောင်းခဲ့ကြတာဖြစ်တယ်။ ဒါဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်နေဝင်း- ဗိုလ်သန်းရွှေတို့ အရင်းခံခြားနားချက်ဖြစ်ပါတယ်။ ထပ်တူနှိုင်းယှဉ်လို့မရတဲ့ မတူညီတဲ့အစဉ်အလာ ဖြစ်တယ်။
ဒီနေ့စစ်အုပ်စုဟာ စစ်တပ်နဲ့ရှင်းရှင်းပြတ်ပြတ်ခွဲခြားပြီး နိုင်ငံရေးလုပ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းအစဉ်အလာနဲ့ ပြဒါးတလမ်း သံတလမ်း ဆန့် ကျင်ပြီး ဗိုလ်နေဝင်း- ဗိုလ်သန်းရွှေတို့ရဲ့ စစ်တပ်ကိုခါးပိုက်ဆောင်တပ်အဖြစ်ထားပြီး နိုင်ငံရေးလုပ်ကာ ကိုယ်ကျိုးစီးပွားရှာတဲ့ လုပ်ဟန်ကို အမွေဆက်ခံထားသူတွေဖြစ်ပါတယ်။ “အမျိုးသားနိုင်ငံရေး” ဆိုတာကို ဗန်းပြအရေခြုံထားတယ်။
ဗိုလ်မင်းအောင်လှိုင်က “လွှတ်တော်အသီးသီးမှာ စစ်သားအမတ်တွေပါဝင်နေတယ်ဆိုတာ သမိုင်းကြောင်းအရပါဝင်နေတာဖြစ်ပြီး၊ အမျိုး သားနိုင်ငံရေးတာဝန်တစ်ရပ်ကိုထမ်းဆောင်နေတာဖြစ်တယ်” လို့ သူ့မိန့်ခွန်းထဲမှာထည့်ပြောထားတယ်။ စစ်မှုထမ်းဥပဒေနဲ့ စစ်သားလုပ်နေ သူတွေ မဟုတ်ဘူး၊ ခံယူချက်နဲ့ စစ်ထဲဝင်ခဲ့ကြသူတွေဖြစ်တယ်လို့လည်း ဆိုတယ်။
(လပခ) တိုင်းမှူးဟောင်း (နဝတ) ဗိုလ်ထွန်းကြည်ရဲ့ကိုယ်တိုင်ရေးအထ္ထုပ္ပတ္တိမှာပါတဲ့ (ဝင်းဦးကိုအားကျတဲ့) ခံယူချက်မျိုးလားမသိပါ။
ဒါအပြင် “ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈” ထဲက ပုဒ်မ ၂၀၊ ပုဒ်မခွဲ (စ) ကိုကိုးကားပြီး “စစ်တပ်က ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိကတာဝန် တရပ်အနေနဲ့ ကာကွယ်စောင့်ရှောက်သွားမယ်” လို့ အခိုင်အမာထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒီပြောကြားချက်ဟာ ရေဒီယိုနဲ့ရုပ်မြင်သံကြားကနေ မတ်လ ၁၄ ရက်နေ့ကပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြောကြားချက်ကို တုန့်ပြန်တာလို့ ယူဆနိုင်ပါတယ်။
“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဓိကရည်ရွယ်ချက်တွေအနက် ထိပ်တန်းတင်ထားတဲ့ကိစ္စသုံးရပ်ကတော့ တရားဥပဒေစိုးမိုးရေး၊ ပြည် တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး တို့ဖြစ်ပါတယ်”
ဒေါ်အောင်ဆန်းစုကြည်က သူ့ဟောပြောချက်ထဲမှာ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ထဲက ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတာတွေ ထဲက ထင်ရှားတဲ့ဥပမာတခုအဖြစ် “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရွေးကောက်ခံမဟုတ်တဲ့ (စစ်တပ်) လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာ ခိုင်နှုန်းပါဝင်နေတာကို ပြည်သူတွေအသိဖြစ်ပါတယ်” ဆိုပြီး ထည့်သွင်းပြောကြားခဲ့ပါတယ်။
“အခြေခံဥပဒေကို အဓိကတာဝန်တရပ်အနေနဲ့ ကာကွယ်စောင့်ရှောက်သွားမယ်”လို့ဆိုရာမှာ အခြေခံဥပဒေနဲ့အညီ အာဏာသိမ်းနိုင်တဲ့ တာဝန်နဲ့ လွှတ်တော်အသီးသီးအတွင်းမှာရှိတဲ့ စစ်သားအမတ်တွေရဲ့တာဝန်လို့ ပေါင်းပြီးပြောတာဖြစ်ပါတယ်။
ဒါပေမယ့် ဒီတာဝန်တွေကို ကာကွယ်ရေးဦးစီးချုပ်ကသာ အမိန့်ပေးညွန်ကြားဆောင်ရွက်မှာဖြစ်ပါတယ်။
လွှတ်တော် အသီးသီးမှာရှိတဲ့ ၂၅% စစ်သားအမတ်တွေကို ကာကွယ်ရေးဦးစီးချုပ်က စိတ်ကြိုက်ခန့်နိုင်/ဖြုတ်နိုင်/ လဲလှယ်နိုင်ပါတယ်။
စစ်သားအမတ်ဆိုတာမှာလည်း အမြင့်ဆုံးအဆင့်က “ဗိုလ်မှူးကြီး” အထိပဲပါတာပါ။ ဒါကလည်း အနည်းစုပါ။ ကျန်တဲ့အများစုက ဗိုလ်မှူးအ ဆင့်နဲ့ ဗိုလ်ကြီးအဆင့် ဂျူနီယာလေးတွေဖြစ်ပါတယ်။ သူတို့ခမျာလည်း “စစ်စည်းကမ်း” ဆိုတာနဲ့ အသေချည်တုတ်ခံထားရသူတွေဖြစ်ပါ တယ်။ ဒါကြောင့် ကာကွယ်ရေးဦးစီးချုပ်ကို ဆန့်ကျင်တဲ့မဲ စစ်သားအမတ်တွေမပေးဝံ့ပါဘူး။
ဒါကြောင့် “ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိကတာဝန်တစ်ရပ်အနေနဲ့ကာကွယ်စောင့်ရှောက်သွားမယ့်” ဗိုလ်မင်းအောင်လှိုင်နဲ့ NLD က ထိပ် တန်းတင်ထားတဲ့ ကိစ္စသုံးရပ် (တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ) ကတော့ ရှောင်လွှဲလို့မရ အောင် ထိပ်တိုက်တွေ့နေပါပြီ။
“၁ ဧပြီ၊ ကြားဖြတ်ရွေးကောက်ပွဲ” မှာ အနိုင်ရရုံနဲ့ “NLDရဲ့ထိပ်တန်းကိစ္စသုံးရပ်” ဖြစ်မြောက်မလာနိုင်ဘူးဆိုတာ NLD ကလည်း နားလည် သလို၊ လက်ရှိ ဦးသိန်းစိန်စစ်တစ်ပိုင်းအစိုးရကလည်း သိပါတယ်။
NLD ရဲ့ ထိပ်တန်းတင်ထားတဲ့ကိစ္စသုံးရပ်ဆိုတာဟာ စစ်တပ်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြုပြင်ပြောင်းလဲ၊ ပြင်ဆင်နိုင်မှသာ ဖြစ်မြောက်ပါ လိမ့်မယ်။
ဒီလိုပြုပြင်ပြောင်းလဲနိုင်ဖို့အတွက် NLD အနေနဲ့ လွှတ်တော်အဆင့်ဆင့် (ပြည်သူ့လွှတ်တော်+ အမျိုးသားလွှတ်တော်) ထဲမှာ ၇၅%ကျော်မယ့်လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ဆန္ဒမဲတွေလိုပါတယ်။ ပြည်သူ့ဆန္ဒခံယူပွဲမှာလည်းထက်ဝက်ကျော်မဲဆန္ဒရဖို့လိုပါတယ်။
လောလောဆယ်မှာတော့ ရွေးကောက်ပွဲကော်မရှင်နဲ့ အဆင့်ဆင့်သောအာဏာပိုင်တွေရဲ့ ညစ်ပတ်ကောက်ကျစ်မှုတွေကို NLD ရင်ဆိုင် နေရ ပါတယ်။
ညွန်း
၁။ မတ်လ ၁၄ ရက်နေ့၊ ရေဒီယို/ရုပ်မြင်သံကြားတို့မှ ဒေါ်အောင်ဆန်းစုကြည်၏ဟောပြောတင်ပြချက် (ဒီလှိုင်း စာစောင် အတွဲ ၁ အမှတ် ၁၀၊ စာမျက်နှာ ၆)
၂။ ၂၀၁၂ ခုနှစ်၊ မတ်လ ၂၇ ရက်၊ ကာကွယ်ရေးဦးစီးချုပ်မိန့်ခွန်း (မြန်မာ့အလင်းသတင်းစာ ၂၈ မတ်)
http://moemaka.com

" ထားဝယ်ရေနက်ဆိပ်ကမ်းအရှုပ်တော်ပုံ " On plus.google.com

ဒိုင်ဗားစတီး မတ်လထုတ်" ထားဝယ်ရေနက်ဆိပ်ကမ်းအရှုပ်တော်ပုံ " PDF FILE

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ စာပေစိစစ်ရေး ခေါ်ယူ

ရန်ကုန်၊ မတ် ၂၈

ဒိုင်ဗားစတီး အမည်ရှိ နိုင်ငံရေး စာစဉ်ကို တရားဝင် ထုတ်ဝေနေသည့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ ကို စာပေစိစစ်ရေးနှင့် မှတ်ပုံတင် ဌာနက စာစဉ်ပါ သတင်းကိစ္စအတွက် လာရောက် တွေ့ဆုံရန် ခေါ်ယူထားကြောင်း အဆိုပါ ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးတင်မောင်အေးက ပြောကြားသည်။

၂၀၁၂ ခုနှစ် မတ်လ ထုတ် ဒိုင်ဗားစတီး စာစဉ် အမှတ် ၁၅ တွင် မျက်နှာဖုံး ဆောင်ပါးအဖြစ် ဖော်ပြခဲ့သော "ထားဝယ် ရေနက်ဆိပ်ကမ်း အရှုပ်တော်ပုံ" ဆောင်းပါး နှင့်ပတ်သတ်၍ ယခုကဲ့သို့ ခေါ်ယူခြင်း ဖြစ်ကြောင်း၊ စာပေစိစစ်ရေးမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် မကိုက်ညီကြောင်း တွေ့ရှိရသဖြင့် ခေါ်ယူခဲ့ခြင်း ဖြစ်သည်ဟု စာပေစိစစ်ရေးထံမှ သိရကြောင်း ၎င်းက ရှင်ပြသည်။

အဆိုပါ ဒိုင်ဗားစတီး စာစဉ်မှာ နသ-၆၈ ဖြင့် တရားဝင် စာစဉ် ထုတ်ဝေခွင့်ရရှိထားသော နိုင်ငံရေး စာစောင်ဖြစ်ပြီး အမှတ်စဉ် ၁၅ အထိ ထုတ်ဝေထားပြီး ဖြစ်ကြောင်း၊ စာပေစိစစ်ရေးသို့ အချော ၁၀စောင် ပေးပို့ထားပြီး ဖြစ်ကြောင်း ၎င်းကဆိုသည်။

နသ ဖြင့် ထုတ်ဝေနေသော စာစဉ်များမှာ နိုင်ငံရေး ပါတီများက စာပေစိစစ်ရေး ဌာနသို့ ထုတ်ဝေခွင့် တရားဝင်လျှောက်ထားပြီး ထုတ်ဝေရသည့် စာပေအမျိုးအစား ဖြစ်ကာ အချောထုတ်ပြီးမှသာ စာပေစိစစ်ရေးသို့ တင်ပြရသည့် ထုတ်တင်အမျိုးအစား စာစောင် ဖြစ်သည်။

"စာပေစိစစ်ရေးက 'ထားဝယ်ရေနက်ဆိပ်ကမ်း အရှုပ်တော်ပုံ' ဆောင်းပါးအတွက် ပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေ နဲ့ ထုတ်ဝေသူ ကျွန်တော့်ကို မတ်လ ၃၀ ရက်နေ့ မှာ စာပေစိစစ်ရေးကိုလာတွေ့ဖို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေ က ခေါ်တာပါ" ဟု ၄င်းကဆိုသည်။

ပီဒီပီဥက္ကဌ လှည်းတန်းမှတ်တိုင်မှာ စာအုပ်တွေဝေ
,







ဒီစာအုပ်ကို ဖြန့်ဝေတယ်ဆိုတာက အများပြည်သူလည်း သိသွားစေချင်တယ်။ အများပြည်သူ ထဲမှာ နည်းနည်း ဟော့ရှော့ ဖြစ်သွားတော့မှ လူကြီးတွေကလည်း ပိုပြီးစိတ်ဝင်စားတယ်။ အေးအေးဆေးဆေး ဖတ်ဖို့ သွားပေးရင် ချောင်ထိုးထားကြမှာ ။ ဖတ်စေချင်လို့ဝေတာ။ လူကြီးတွေ စိတ်မ၀င်စားဘူးဆိုလည်း အများပြည်သူကတော့ သိတန် သ၍ သိသွားပြီ။ ကျေနပ်ပါတယ်။ လူကြီးဖတ်ဖို့လည်း ပို့ပေးဦးမှာပါ။






ထားဝယ် ရေနက်ဆိပ်ကမ်း အရှုပ်တော်ပုံ စာအုပ် ထွက်ပီ......နေမျိုးဝေ ၀၉၈၆၁၀၇၁၉ နှင့် တင်မောင်အေး ၀၁၂၄၃၆၃၃ ဖုန်းဆက်ဝယ်ပါ..ပိုက်ဆံ မရှိ အလကားတောင်းပါ.....


http://www.peaceanddiversity.org/2012/03/blog-post_26.html

တံတားဦးမြို့နယ်တွင် NLD ပါတီဝင်များမှ ပြည်ခိုင်ဖြိုးပါတီဝင်များအား အမှုဖွင့်


by Ye Min Tun on Wednesday, March 28, 2012 at 4:47pm ·

ပြည်တွင်းမှရေးသားပေးပို့လိုက်သော သတင်းဖြစ်ပါသည်။ နီးစပ်ရာများစုံစမ်းကြည့်ရာ ဟုတ်မှန်ကြောင်းသိရသည်။

တံတားဦးမြို့နယ်တွင် NLD ပါတီဝင်များမှ ပြည်ခိုင်ဖြိုးပါတီဝင်များအား အမှုဖွင့်
(၂၈.၃.၂၀၁၂)
တံတားဦးမြို့နယ်၊ ဇီးပင်ကွေ့ကျေးရွာရှိ ပြည်ခိုင်ဖြိုးပါတီဝင်များမှ NLD ပါတီဝင်များကို ဆဲဆိုကြိမ်းမောင်းသည့်အမှုမှာ ယနေ့တွင် ပိုမိုပြင်းထန်လာပါသည်။ ယနေ့တွင် ဇီးပင်ကွေ့ကျေးရွာရှိ ပြည်ခိုင်ဖြိုးရုံးဖွင့်ထားရာအိမ်တစ်အိမ်တွင် လော်စပီကာများတပ်ဆင်၍ NLD ပါတီဝင်များကို မိုက်ခရိုးဖုန်းများဖြင့် ဆဲဆိုကြိမ်းမောင်းနေသည်ဟု သိရှိရပါသည်။ ယမန်နေ့ကအတိုင်း"ကော်မရှင်ဥက္ကကြီးဦးတင်အေးခင်းပေးထားတဲ့လမ်းကို လျှောက်ပြီး စည်းရုံးဆင်းရဲသေးတယ်"ဆိုပြီး တစ်နေ့လုံးဆဲဆိုကြိမ်းမောင်းနေပါသည်။
ည(၁၀)နာရီကျော်သည့်အခါတွင် ရွာသားများက သည်းမခံနိုင်လောက်အောင် မခံမရပ်နိုင် ဖြစ်လာကြသောကြောင့် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ရွာသားများ ပဋိပက္ခဖြစ်ပေါ်လာမည် စိုးရိမ်သောကြောင့် ရွာသားများ၏တိုက်တွန်းချက်အရ NLD ပါတီဝင်ဒေါက်တာအောင်စိုးမြင့်မှ တာဝန်ခံ၍ တံတားဦးမြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားပေးခဲ့ပါသည်။ သို့သော် ရဲစခန်းမှ ဤကဲ့သို့အမှုမျိုးမကိုင်တွယ်ဖူး၍ လက်မခံရဲပဲ ကော်မရှင်နှင့်သာ ညှိုနှိုင်းဆောင်ရွက်ရန် ပြောဆို၍ အမှုကို လက်ခံခဲ့ခြင်းမရှိပေ။ ရွေးကောက်ပွဲကော်မရှင်ထံ ချက်ချင်းဖုန်းဆက်သည့်အခါတွင် မနက်ကျမှ လက်ခံတွေ့ဆုံမည်ဟုပြောဆိုခဲ့သည်။ ထပ်မံပြီး တံတားဦးမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်မှ ၎င်းတို့လည်း မည်သို့ကိုင်တွယ်ဆောင်ရွက်ရမည်မသိကြောင်းလည်း ပြန်လည်ဖြေကြား ခဲ့ပါသည်။ တံတားဦးမြို့နယ်ပါတီဝင်များမှ ရွေးကောက်ပွဲ နီးကပ်လာပြီဖြစ်သောကြောင့် ရွာသားများနှင့် ပြည်ခိုင်ဖြိုးပါတီဝင်များကြား ပြင်းထန်သည့်ပြသနာများ ပေါ်ပေါက်လာမည်ကိုစိုးရိမ်၍ မနက်ဖြန်တွင် ကော်မရှင်ရုံးအဆင့်ဆင့်သို့ တိုင်ကြား၍ တိုင်စာများပေးပို့မည်ဖြစ်ကြောင်း သိရှိရပါသည်။

ပြည်ခိုင်ဖြိုးပါတီဝင်များမှ ပခုက္ကူမြို့နယ်ရွေးကောက်ပွဲကော်မရှင်များအား လက်သီးဖြင့် ၀င်ရောက်ထိုးနှက်
 (၂၈.၃.၂၀၁၂)
ပခုက္ကူမြို့နယ်၊ မြင်းဝင်းကျေးရွာတွင် ပခုက္ကူမြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ မဲရုံတွင် မဲပေးခြင်းသရုပ်ပြ သွားရောက်လုပ်ကိုင်နေစဉ် အရက်များမူးနေသော ကိုလွင်၊ ကိုဦး၊ ကိုဟန်သိမ်းမြင့်(၃)ဦးတို့ သရုပ်ပြရာနေရာသို့ ၀င်ရောက်လာခဲ့သည်။ ပခုက္ကူမြို့နယ်ရွေးကောက်ပွဲကော်မရှင်လူကြီးမင်းများအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်များဟု ထင်မှတ်ကြပြီး NLD မှ စည်းရုံးရေးဆင်းနေသည်ဟု ယူဆကာ ၎င်းတို့ထဲမှ တစ်ဦးက "မင်းတို့ခွပ်ဒေါင်းထဲ မဲထည့်ရင် ထည့်တဲ့သူကို ဒူးတွေ၊ ခြေထောက်တွေချိုးပစ်မယ်"လို့ ခြိမ်းခြောက်ပြီး ကျေးရွာရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးမြင့်အေးနှင့် အတွင်းရေးမှူးဦးအောင်ဌေးဝင်း တို့ကို ၎င်းတို့ထဲမှ နှစ်ဦးက လက်သီးဖြင့်ဝင်ရောက်ထိုးနှက်ခဲ့ပါသည်။ ပခုက္ကူမြို့နယ်ရွေးကောက်ပွဲကော်မရှင်ရှေ့မှောက်တွင် ဖြစ်ပွားသော မှုခင်းဖြစ်သောကြောင့် မြစ်ခြေရဲစခန်းတွင် အမှုကို တိုင်ကြားခဲ့ပါသည်။ ရဲများရောက်လာပြီး ၎င်းတို့(၃)ဦးအား ဖမ်းဆီးမည်ပြုသောအခါတွင် ကိုဟန်သိမ်းမြင့်နှင့် ပြည်ခိုင်ဖြိုးကျေးရွာစည်းရုံးရေးမှူးဦးသိန်းဇော်လှိုင်းတို့မှ မြို့နယ်ပြည်ခိုင်ဖြိုးရုံးမှ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းဦးကျော်တင့်နှင့် ပြောဆိုပြီးဖြစ်ကြောင်း၊ ၎င်းမှ ရှင်းလင်းပေးမည်ဟု ပြောဆိုပြီးဖြစ်ကြောင်း ပြောဆိုကြ၍ မြစ်ခြေရဲစခန်းမှ ရဲများမှ ဖမ်းဆီးခြင်းမရှိဘဲ ပြန်သွားခဲ့ကြပါသည်။ ထိုအဖြစ်အပျက်ကို ကျေးရွာလူထုမှ မကျေမနပ်ဖြစ်နေကြ၍ ရွာသူရွာသားအချို့မှ စိုးရိမ်လျှက်ရှိနေကြပါသည်။ ရွေးကောက်ပွဲနီးလာလျှင် ပြည်ခိုင်ဖြိုးပါတီဝင်များ၏လုပ်ရပ်သည် ပိုမိုဆိုးရွားလာမည်ဟု သုံးသပ်နေကြပြီး အိမ်ထဲကနေ အိမ်အပြင်မထွက်ရဲအောင်ဖြစ်နေကြပါသည်။ ရွာသားများမှ ပခုက္ကူမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်မှ ဒီအမှုအားတရားစွဲဆိုခြင်းမရှိပါက ပြည်ခိုင်ဖြိုးပါတီဝင်များက ပိုမိုအတင့်ရဲလာကြပြီး ဥပဒေချိုးဖောက်မှုများ ပိုမိုပြုလုပ်လာကြမည်ဖြစ်သည့်အပြင် ရွေးကောက်ပွဲသည်လည်း မည်သို့မှ တရားမျှတမှုရှိနိုင်မည်မဟုတ်ကြောင်း သုံးသပ်ဝေဖန်ပြောဆိုနေကြသည်ဟု နယ်မြေခံများမှ သတင်းပေးပို့ ခဲ့ပါသည်။

ပခုက္ကူမြို့နယ်၊ မြစ်ကျေးရွာတွင် အုပ်ချုပ်ရေးမှူး၏ လုပ်ရပ်များ
ပခုက္ကူမြို့နယ်၊ မြစ်ကျေးရွာတွင် ကိုကျော်လွင်သည် တိုင်းမှ ကျေးရွာအုပ်ချုပ်ရေးမှူး အဖြစ်ခန့်ထားခြင်းခံခဲ့ရသည်။ ၎င်းသည် ပြည်ခိုင်ဖြိုးမြို့နယ်ကိုယ်စားလှယ်လောင်းဦးကျော်တင့်၏ ဆန်ပွဲရုံမှ ဆန်များကို ၀ယ်ယူရောင်းချခြင်းလုပ်ငန်းကိုလည်း လုပ်ကိုင်နေသူဖြစ်သည်။ (၂၄.၃.၁၂)နေ့က ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်ကိုကျော်လွင်သည် ကျေးရွာတွင်းတွင် ရွာလူထုအစည်းအဝေးခေါ်ယူပြီး ပြီးခဲ့သည့်ပခုက္ကူရေဘေးကယ်ဆယ်ရေးတွင် ဝေငှခဲ့သည့်ဆန်များမှာ ပြည်ခိုင်ဖြိုးမှ ဝေခြမ်းထားသောဆန်များဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ခိုင်ဖြိုးကိုသာ မဲပေးကြရန် ပြောကြားခဲ့သည်။ အကယ်၍ ပြည်ခိုင်ဖြိုးကို မဲမပေးပါက ရွေးကောက်ပွဲနေ့ရောက်လျှင် ကျေးရွာတွင် အဓိကရုဏ်းများဖြစ်ပေါ်လာနိုင်ကြောင်း၊ ကျေးရွာသားများ ထမင်းငတ်၍ ဒုက္ခရောက်သွားနိုင်ကြောင်း ခြိမ်းခြောက်ပြောဆို၍ မာန်မဲခဲ့ပါသည်။
ကိုကျော်လွင်သည် ၂၅.၃.၂၀၁၂နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်အား အသရေပျက်စေသော ညစ်ညမ်းစာများကို ရွာထဲမှအိမ်များကို ကိုယ်တိုင်ကိုယ်ကျ အိမ်တိုင်ရာရောက် လက်လံဝေငှခဲ့ပါသည်။ (ထိုစာတွင် အချက်အလက်ပေါင်း (၂၁)ချက်ပါဝင်ပြီး လျှောက်လွှာစာရွက်ကျောကပ်(၂)မျက်နှာပါဝင်ကြောင်း သိရှိရပါသည်။)
၂၆.၃.၂၀၁၂ နေ့တွင်လည်း ကိုကျော်လွင်သည် ၎င်းအိမ်တွင် ဘောလုံးပွဲပြသမည်ဟု ကျေးရွာလူထုကို စည်းရုံးခေါ်ဆောင်ပြီး အမှန်တကယ်ဘောလုံးပွဲပြသခြင်းမရှိဘဲ ဒေါ်အောင်ဆနးစုကြည်အား ပုံမှားရိုက်ထားသည့်၊ ကွန်ပျူတာနည်းပညာဖြင့် ပြုပြင်ထားသည့် ဆင်ဆာမဲ့ညစ်ညမ်းဗွီဒီယိုအခွေကို ရွာသားများအားပြသခဲ့သည့်အတွက် ရွာလူထုမှ မကျေမနပ်ဖြစ်ခဲ့ကြရပါသည်။
၂၈.၃.၂၀၁၂ရက်နေ့၊ ည(၉)နာရီအချိန်တွင် ကိုကျော်လွင်မှ ဦးဆောင်၍ ကျေးရွာကော်မရှင်ဝင်များကို ခေါ်ယူ၍ လျှို့ဝှက်အစည်းအဝေးတစ်ခု လုပ်ခဲ့ပါသည်။ ထိုအစည်းအဝေဒတွင် ရွာတွင် မဲပေးနိုင်သူ ၉၅၈ဦးရှိပြီး ခရီးလွန်နေသူ ၄၄ဦးခန့်ရှိရာ ထို၄၄ဦး၏ မဲစာရွက်များကိုယူ၍ ပြည်ခိုင်ဖြိုးပါတီသို့ပေးမည့်ကိစ္စကို ဆွေးနွေးခဲ့ကြပါသည်ဟု အစည်းအဝေးတွင်ပါဝင်သူများထံမှ သိရှိနေကြရပါသည်။ ကိုကျော်လွင်၏ လုပ်ရပ်များကို ကျေးရွာလူထုမှ နေ့စဉ်ရက်ဆက် မကျေမနပ်ဖြစ်နေကြသည်ဟု သတင်းပေးပို့လာပါသည်။