Thursday, March 29, 2012

ဘရိတ်ကီနဲ့ မီးမီးခဲကမအူပင်မှာ...

Kyaw Swa Htoon










Canada Sends Witnesses to Burmese By-Elections

March 28, 2012 - Foreign Affairs Minister John Baird today issued the following statement:

“Canada is pleased to send Senator Consiglio Di Nino and Parliamentary Secretary Deepak Obhrai to Burma to witness and report on the parliamentary by-elections of April 1.
“These by-elections are the latest tests of commitments made by Burmese authorities to real reforms. Canada and the world are watching.
“Burma invited each member and dialogue partner of the Association of Southeast Asian Nations to send a small delegation to witness the voting. While this does not allow for comprehensive monitoring, Canada is keen to have eyes and ears on the ground at this important moment.
“As I said in meetings during my recent visit to the country, we expect these elections to be free and fair. We will base future actions on whether we see progress in developing a more open, just and prosperous society.
“Our witnesses will carry with them the hopes of all Canadians that these elections are conducted peacefully and produce results reflecting the will of the Burmese people. I look forward to receiving their report upon their return to Canada.”

ရုပ်ရှင်အစည်းရုံးအား အသိအမှတ်မပြု။

မတ်လ၂၃ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ်ရွေးကောက်တင်မြှောက်ပွဲတွင် အများဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက်ခံခဲ့ရသည့် ဥက္ကဌသစ် ဦးဇင်ဝိုင်းအား လက်ရှိပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းမှ အသိအမှတ်မပြုသည့်အပြင် ရုပ်ရှင်အစည်းအရုံးဥက္ကဌလုပ်ပိုင်ခွင့်များကို လွှဲပြောင်းပေးခြင်း မရှိသေးကြောင်း သိရှိရသည်။ယခင်ဥက္ကဌဟောင်းဖြစ်သူ ၀န်ကြီးဦးကျော်ဆန်း၏လူရင်း ဦးမြင့်သိန်းဖေမှာ ဥက္ကဌအဖြစ် ပြန်လည်ရွေးကောက်မခံရသည့်အတွက် ၀န်ကြီး ဦးကျော်ဆန်းတစ်ယောက် အလွန်အမင်း မကျေမနပ်ဖြစ်နေကြောင်းနှင့် အဆိုပါအမှုဆောင်ကော်မတီသစ်ကိုလည်း ကန့်ကွက်ကြောင်း သိရှိရပါသည်။ စည်းကမ်းပြည့်ဝပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်ဆီသို့ ဦးဆောင်ချီတက်နေသည်ဟုဆိုသည့် တည်ဆဲအစိုးရထိပ်ပိုင်းပုဂ္ဂိုလ်တစ်ယောက်သည်ဤအမှုဆောင်ရွေးကောက်ပွဲငယ်တစ်ခု၏ရလာဒ်အတွက် ဤကဲ့သို့ သဘောထားသေးသိမ်ညံ့ဖျင်းစွာ တုန့်ပြန်သည်ကိုတွေ့ရှိရသောအခါ အဆိုပါပုဂ္ဂိုလ်ပါဝင်နေသည့် အစိုးရအဖွဲ့၏ ဒီမိုကရေစီဖော်ဆောင်ရေးလမ်းစဉ်မှာသံသယရှိဖွယ်ကောင်းနေပြီး အဆိုပါဝန်ကြီး၏လုပ်ရပ်သည် ကျင်းပခဲ့ပြီးသော ရွေးကောက်ပွဲတွင် မသမာမှုများစွာကျူးလွန်ခဲ့သည်ကို ပိုမိုထင်ရှားအောင် မီးမောင်းထိုးပြသကဲ့သို့ ဖြစ်သွားစေပြီးလျှင် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ထပ်မံကျူးလွန်ရန် ၀န်မလေးကြောင်းကို ၎င်း၏မပြည့်ဝသော သဘောထားများက ထင်ဟပ်ဖော်ပြနေသည်ကို စိတ်ပျက်စွာတွေ့မြင်နေရသည်။
ဖွဲ့စည်းပြီးသော မြန်မာ့ရုပ်ရှင်အစည်းအရုံးအသစ်ကို ရုပ်ရုင်လောကသားတခုလုံးမှမျောင်လင့်ကြီးစွာစောင့်စားနေကြပြီး ပြန်ကြားရေးဝန်ကြီးရဲ့ လူကြီးမဆန်မှုအပေါ်အတော်စိတ်ပျက်နေကြကြောင်းသိရသည်။မဲပေးရွေးချယ်မှုအပြီးတွင် မတ် လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ၌ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ပြန်လည်ရွေးကောက် တင်မြှောက်ပွဲဖြစ်မြောက်ရေး ကော်မရှင်အဖြစ် ပါဝင်ဆောင်ရွက်ပေးခဲ့သူ ရုပ်ရှင်နာယက ကြီးများနှင့် အလွှာအလိုက် မဲပေး ရွေးချယ်ခံခဲ့ရသူများ အစည်းအဝေး ပြုလုပ်၍အမှုဆောင်အဖွဲ့ကိုပြန်လည် ဖွဲ့စည်းခဲ့ရာ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဌဦးဇင်ဝိုင်း၊ ဒုဥက္ကဌ (၁)ဦးညီညီထွန်းလွင်၊ ဒုဥက္ကဌ(၂) လူမင်း၊ အတွင်းရေးမှူး ဦးဝင်းကြည်၊ တွဲဖက် အတွင်းရေးမှူး(၁)ဦးမျိုးဇော်အောင်၊ တွဲဖက်အတွင်းရေးမှူး(၂) ဦးပြူး၊ ဘဏ္ဍာရေးမှူး ဦးဇော်မင်း (မင်္ဂလာ)၊ စာရင်းစစ်အဖြစ် ဦးဘုန်းမော်၊ ဦးဇော်မင်း (ဟံသာမြေ)၊ ပြန်ကြားရေးမှူး ဦးအေးကြူလေး၊ ဦးကျော်ညွန့်၊ စည်းရုံးရေးမှူးဦး အရိုင်းနှင့် ဒေါ်တူး၊ အဖွဲ့ဝင်များအဖြစ် ဦးတင်ငြိမ်း၊ ဆုသြချယ်၊ ဦးခင်မောင်ကြီး၊ ဦးခင်မောင်ချင်း၊ ဦးဌေးအောင်၊ ဦးကျော်ဝဏ္ဏ၊ ဦးငွေစိုး၊ ဦးအောင်ခိုင်နှင့် သားကျော်တို့ကို မဲခွဲဆုံးဖြတ်၍ ရွေးချယ်ခဲ့သည်။
facebook

လျှပ်စစ်တွေ ပိုလို့ ရောင်းတောင်စားနေရပါတယ်ဆိုပြီး.....

ရန်ကုန်မြို့ တော် အား အချိန်ပိုင်းစနစ်ဖြင့် လျှပ်စစ်ဓါတ်အား ပေးမည်
by The Voice Weekly on Thursday, March 29, 2012 at 6:20am ·

ရန်ကုန်၊ မတ် ၂၉

မြန်မာနိုင်ငံ တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓါတ်အား သုံးစွဲမှု ထက်ဝက်ကျော်ရှိသော ရန်ကုန်မြို့ တော်တွင် ဧပြီလ ၂ ရက်နေ့မှ စတင်ကာ အချိန်ပိုင်း စနစ်ဖြင့်သာ လျှပ်စစ်ဓါတ်အား ဖြန့်ဝေနိုင်တော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးမောင်မောင်လတ် က ယနေ့ မတ်လ ၂၉ မွန်းလွှဲ ၂ နာရီခန့်တွင် ၎င်း၏ ရုံးခန်း၌ The Voice Weekly သို့ အတည်ပြု ပြောကြားသည်။
လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု မှာ မြင့်တက်လာခြင်းမရှိဘဲ သုံစွဲမှုမှာ သိသိသာသာ တိုးတက်လာခြင်းကြောင်း ယခုကဲ့သို့အချိန်ပိုင်းဖြင့်သာ မီးပေးရကြောင်း ၎င်းက ဆက်ပြောသည်။
အလှည့်ကျ စနစ်ဖြင့် အချိန်ပိုင်း လျှပ်စစ်ဓါတ်အား ဖြန့်ဝေ ပေးရာတွင် အုပ်စုကြီး ၃ စု အဖြစ် ခွဲခြားထားပြီး မြို့ နယ် အုပ်စု၊ စက်မှုဇုန် အုပ်စု ၂၄ နာရီ မီးရရှိနိုင်မည့် အုပ်စု ဟူ၍ ခွဲခြားထားကြောင်း၊ မြို့ နယ် အေ၊ ဘီ ၊ စီ ဟူသော အုပ်စု သုံးစုနှင့် စက်မှုဇုန်တွင် အေ၊ဘီဟူ၍ အုပ်စုငယ်များ ခွဲခြားထားကြောင်း ရန်ကုန်မြို့ တော် လျှပ်စစ်ဓါတ်အားပေးရေး အဖွဲ့ က မတ်လ ၂၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ဖော်ပြထားသည်။
မီးပေးဝေသော အချိန်များတွင် သတ်မှတ်ထားသည့် အတိုင်း အပြည့်အဝ ရရှိမည်ဖြစ်ပြီး အများပြည်သူများကို ဖြန့်ဝေလျှက်ရှိသော ရေစက်များကို သီးသန့် အချိန်ပြည့် သတ်မှတ်ပေးထားကြောင်း ရန်ကုန်မြို့ တော် လျှပ်စစ် ဓါတ်အားပေးရေး အဖွဲ့ မှ စုံစမ်းသိရသည်။
"အရင်က အချိန်ပိုင်း စနစ်နဲ့ မီးပေးခဲ့တုန်းက ကိုယ်မရတဲ့ အလှည့်မှာ မီးပျက်တာ မှန်ပေမယ့် ကိုယ့်အလှည့်ကျရင် မကြာခဏ ပျက်နေတယ်" ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကြည့်မြင့်တိုင် မြို့ နယ် အမှုဆောင်တစ်ဦးက ပြောသည်။
အချိန်ပိုင်းစနစ်နှင့် လျှပ်စစ်ဓါတ်အား ဖြန့်ဝေပေးနေသော ကာလတွင် လျှပ်စစ်ဓါတ်အား ပျက်တောင်ခြင်းများ ရှိပါက သက်ဆိုင်ရာ မြို့ နယ် လျှပ်စစ် ဓါတ်အားပေးရေး အဖွဲ့များထံသို့ စုံစမ်း မေးမြန်းနိုင်ကြောင်း ရန်ကုန်မြို့  လျှပ်စစ်ဓါတ်အားပေးရေး အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ကဆိုသည်။
ရေအားလျှပ်စစ်ကိုသာ အဓိက ထုတ်ယူသုံးစွဲနေရသော မြန်မာနိုင်ငံတွင် တစ်နေ့လျှင် လျှပ်စစ်ဓါတ်အားရရှိမှုမှာ ၁၀၇၀ ဒသမ ၆ မဂ္ဂဝပ် ရှိပြီး၊ ရန်ကုန်မြို့ တွင် သုံးစွဲသော မဂ္ဂဝပ်စုစုပေါင်းမှာ ၅၂၉ ဒသမ ၄ ရှိကြောင်း ရန်ကုန်မြို့ တော် လျှပ်စစ် ဓါတ်အားပေးရေး အဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

ရန်ကုန်မြို့တွင် အလှည့်ကျ လျှပ်စစ်မီးပေးစနစ်ကို ဧပြီလ ၂ ရက်နေ့တွင် ပြန်လည်စတင်မည် လူနေရပ်ကွက်များအတွက် တစ်ရက်လျှင် ၆နာရီမီးလာ ၆နာရီမီးပြန်ပျက်မည့်စနစ်ဖြင့် ဇူလိုင်လအထိ လျှပ်စစ်မီးပေးသွားမည်
Thursday, 29 March 2012 20:28
ရန်ကုန်မြို့တွင် အလှည့်ကျမီးပေးစနစ်ကို ၂၀၁၂ခုနှစ်၊ဧပြီလ ၂ရက်နေ့တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးအဖွဲ့မှ အတွင်းရေး မှူး ဦးမောင်မောင်လတ်က ပြောကြားခဲ့သည်။

အလှည့်ကျမီးပေးစနစ်တွင် လူနေရပ်ကွက်များအတွက် တစ်ရက်လျှင် ၆နာရီမီးလာပြီးနောက် ၆နာရီ ကြာမီးပြန်ပျက်သည့် စနစ်ဖြင့် အလှည့်ကျမီးပေးဝေသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်မြို့တော်လျှပ် စစ်ဓာတ်အားပေးအဖွဲ့မှ အတွင်းရေး မှူးဦးမောင်မောင်လတ်က “ရန်ကုန်မြို့မှာ အလှည့်ကျမီးပေးစနစ်ကို ဧပြီလ ၂ရက်နေ့မှာ ပြန်စပါမယ်။ လူနေရပ်ကွက်တွေမှာ A၊ B၊ C သုံးအုပ်စု ခွဲထားပါမယ်။ မနက် ၅နာရီကနေ ၁၁နာရီအထိ နှစ်အုပ်စု၊ မနက် ၁၁ နာရီကနေ ညနေ ၅နာရီအထိ နှစ်အုပ်စု၊ ညနေ ၅နာရီကနေ ည ၁၁နာရီ အထိ နှစ်အုပ်စု၊ ည ၁၁နာ ရီကနေ မနက် ၅နာရီအထိ ၂အုပ်စုကို အလှည့်ကျမီးပေးစနစ်နဲ့ ပေးသွားမှာပါ။ တစ်ရက်(၂၄နာရီ)မှာ မီး ၆နာရီလာ၊၆နာရီပြန်ပျက်၊ ၆နာရီပြန် လာ၊ ၆နာရီပြန်ပျက်တဲ့စနစ်မျိုးဖြစ်မှာပါ။၂၄နာရီ လျှပ်စစ်မီးရမယ့် အုပ်စုတစ်စုရှိပါမယ်။ အဲဒီအုပ်စုထဲမှာ ဘဏ်၊ အကျဉ်းထောင်၊ လေဆိပ်၊ သံ ရုံ၊ ရဲစခန်း၊ ဆက်သွယ်ရေးဌာန၊ ဆေးရုံတွေစတဲ့ အရေးကြီးနေရာတွေပါပါမယ်။ စက်မှုဇုန်တွေကိုတော့ နှစ်ပိုင်းခွဲပြီးမီးပေးပါမယ်။ မနက် ၆နာရီက ၁၁နာရီတစ်ပိုင်း၊ ၁၁နာရီက ညနေ ၄နာရီတစ်ပိုင်း ခွဲပြီးပေးမှာဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ အလှည့်ကျမီးပေးစနစ်ကို ခန့်မှန်းခြေဇူလိုင်လအထိ ပြုလုပ်သွားမှာဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
news-eleven.com

မဲစာရင်းတွင် မပါဝင်ခဲ့သူများ အိမ်ထောင်စု စာရင်း ယူဆောင်လာပြီး မဲပေးနိုင်


ရွေးကောက်ပွဲနီးသည့်တိုင် မဲစာရင်း မတည်ငြိမ်သေး
by Yangon Press International on Thursday, March 29, 2012 at 5:05am ·
မတ်လ ၂၉ ရက်၊ ၂၀၁၂ ခုနှစ် () မျိုးမင်းထွန်း၊ ပိုင်စိုး


ဧရာဝတီတိုင်း မြောင်းမြမြို့ မဲပေးခွင့်ရှိသူများစာရင်းတွင် အမှားအယွင်းများစွာရှိနေပြီး ယခုအချိန်ထိ အနည်းငယ်သာ ပြင်ဆင်ခွင့် တင်ပြနိုင်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အောင်နိုင်ရေး အဖွဲ့တာဝန်ခံ ဦးမြင့်လွင်ကပြောသည်။

မြောင်းမြမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၁၄ ခုရှိပြီး ကော်မရှင်မှ ကြေငြာခဲ့သည့် စာရင်းအရ မဲပေးခွင့်ရှိသူ ၁၈၂၃၄၆ ရှိသည့် အနက် မှားယွင်းမှုမှာ လူဦးရေ တစ်သောင်းမှ ငါးသောင်းခန့်အထိ ရှိမည်ဟု ခန့်မှန်းသည့် အနက် ထောင်ဂဏန်းမျှသာ ပြင်ဆင်ဖို့ တင်ပြနိုင်ကြောင်း ၎င်းကပြောသည်။


မြောင်းမြမြို့မှ အန်အယ်လ်ဒီပါတီ ထောက်ခံသူများ


မဲစာရင်းအသီးသီးတွင် ပါဝင်ခွင့်မရှိသူများပါဝင်နေခြင်း၊ ပါဝင်ခွင့်ရှိသူများကျန်ခဲ့ခြင်း၊ စာရင်းထပ်ခြင်း စသည်တို့ဖြင့် မှားယွင်းလျှက်ရှိကာ မဲစာရင်းများကို လွယ်လွယ်ကူကူ ကူးယူမရခြင်းကြောင့် ပြင်ဆင်ရန် များစွာ ခက်ခဲကြောင်းကို ဦးမြင့်လွင်က ရှင်းပြသည်။

တိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်က ယင်းကဲ့သို့အမှားများရခြင်းမှာ ကွန်ပျူတာစာစီအမှားနှင့် လ၀က မှ တင်ပြရာတွင် မှားယွင်းခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း ရှင်းပြသည်ဟု ဦးမြင့်လွင်ကပြောသည် '' ဘယ်သူပဲလုပ်လုပ် မှားမှာပဲလို့ပြောတယ်။ ဒါဟာ တာဝန်မဲ့တဲ့ စကားပါ'' ဟု ၎င်းကပြောသည်။

အချို့ကျေးရွာများတွင် မတ် ၃ ရက်ခန့်တွင်မှ မဲစာရင်း ကြေငြာခဲ့ခြင်းနှင့် လက်ရေးဖြင့် ကူးယူခွင့် မပြုခဲ့ခြင်းကြောင့်လည်း နှောင့်နှေးခဲ့သည်ဟု ၎င်းက ပြောသည်။

စာရင်းများကို မတ် ၂၂ ခန့်တွင် ကူးယူခွင့်ရရှိခဲ့သော်လည်း CD မပေးဘဲ ရုံးတွင် မိတ္တူကူးစက်ဖြင့် လာရောက် ကူးယူစေခဲ့သဖြင့် ယခုအချိန်ထိ ကူး၍မပြီးသေးကြောင်း ဦးမြင့်လွင်ကပြောသည်။
''စက်ပျက်၊ မီးပျက်နဲ့ အလုပ်ကမတွင်ဘူး။ ပြီးတော့ တစ်မျက်နှာမှာ ၁၀ ယောက်ပဲပါတော့ ဒီနေ့အထိကူးလို့မပြီးသေးဘူး''ဟု မတ် ၂၇ ၎င်းက YPI သို့ပြောသည်။


မတ် ၂၆ ရက်က ခရိုင်ကော်မရှင်ရုံးတွင် ပြုလုပ်သော အစည်းအဝေးတွင် NLD ကိုယ်စားလှယ်လောင်း ဦးမန်းဂျော်နီက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ဧရာဝတီတိုင်း တာဝန်ခံ ဒေါက်တာဒေါ်မြင့်ကြည်အား ထိုကိစ္စများကို တင်ပြရာ ဒေါက်တာဒေါ်မြင့်ကြည်က မဲစာရင်းတွင် မပါဝင်ခဲ့သူများ အိမ်ထောင်စု စာရင်း ယူဆောင်လာပြီး မဲပေးနိုင်သည်ဟုရှင်းပြခဲ့ကြောင်း ဦးမြင့်လွင်က ပြောသည်။ ။

တောင်ကုတ်မြို့နယ်မှာ မူးရစ်ရမ်းကားနေတဲ့ ကျေးရွာဥက္ကဌ နဲ့ ဒုရဲအုပ်

Uploaded by BurmaVJMedia on 29 Mar 2012

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ဆားပြင်ကျေးရွာမှာ နေထိုင်တဲ့ ကိုတင်ဝင်းဆိုသူကို အရက်အလွန်အကျွံမူးနေတဲ့ ကျေးရွာဥက္ကဌ ဦးသိန်းရွှေ နဲ့မြို့နယ် ဒုရဲအုပ် စိုးမိုးအေးတို့က မတရား ရိုက်နှက်ထိုးကြိတ်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
ဒီရိုက်နှက်မှုကို မတ်လ (၁၅)ရက်နေ့က တရွာထဲနေ မောင်ဒေါင်းကြီးဆိုသူက သူ့ရဲ့ နေအိမ်ထဲကို ခဲပစ်သွင်းပါတယ်ဆိုပြီး စွပ်စွဲတိုင်ကြားခဲ့တာကြောင့် အခုလိုရိုက်နှက်ခဲ့တာဖြစ်ပြီး ရိုက်နှက်နေတဲ့အချိန်မှာလည်း ခြိမ်းခြောက်ပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။
ကိုတင်ဝင်းမှာ အခုလို ရိုက်နှက်ခံရတာကြောင့် ပါးစပ်နဲ့နှာခေါင်းတို့မှာ သွေးတွေယိုကျတာတွေနဲ့ ရင်ဘတ်နဲ့ ကျောပြင်တွေက အောင့်နေတာကြောင့် တောင်ကုတ်ဆေးရုံနဲ့ စစ်တွေဆေးရုံတွေမှာ ဆေးကုသမှုခံယူခဲ့ရပါတယ်။
အခုအခါ ဒီမတရားရိုက်နှက်မှုကို တောင်ကုတ်မြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေမှ ရွာသားအယောက် (၆၀) ခန့်က စုပေါင်းလက်မှတ်ထိုးပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ အဖွဲ့အစည်းတွေကို လာရောက် ဖြေရှင်းအရေးယူပေးဖို့ အတွက် တိုင်ကြား တောင်းဆိုထားတယ်လို့ သိရှိရပါတယ်။

လွတ်လပ်သန့်ရှင်းပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ မဖြစ်မှာကို စိုးရိမ်ကြောင်း NLD ပါတီက ပြောကြား

DVB TV News

အောက်ခြေမှာဖြစ်ပျက်နေတဲ့ အခြေအနေတွေကြောင့် ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်သန့်ရှင်းပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ မဖြစ်မှာကို စိုးရိမ်ကြောင်း NLD ပါတီက ပြောကြားလိုက်ပါတယ်။ ဒီဗွီဘီသတင်းထောက် ဦးအံ့ဘုန်းမြတ်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။



By Kyaw Swar Myint
အချိန်နီးလာလေ တိုက်ပွဲပြင်းလာလေ.........
ဥပဒေနဲ.အညီ.....တာဝန်ရှိသူများ.....ကဲ

ကျောက်ပန်းတောင်းမြို့မှ ပါတီဝင်တဦးယခုပင် ဖုန်းဖြင့်
ဆက်သွယ် ပြောဆိုလာပါသည်။ ဖြစ်စဉ်မှာ ကျောက်ပန်းတောင်းမြို့မှ ၃၃ မိုင်အကွာရှိ ကြပ်ပြစ်ကျေးရွာတွင်းတွင် NLD ပါတီဝင်များက ထော်လာဂျီကားတစီးဆိုင်ကယ်၈စီးခန့်ဖြင့် ဆောင်းဘောက်စ်အသံချဲ့စက်ငယ်များဖွင့်ကာ ဒေါ်အောင်ဆန်းစုကြည်ပုံ ဗီနိုင်းများ ချိတ်ဆွဲလျက် ရွေးကောက်ပွဲစည်းရုံး လှုံ...့ဆော်ရေး လှည့်ခဲ့ကြသည် ဆိုသည်။
ယနေ့ မတ်လ ၂၉ ရက် ညနေ ၅နာရီ ၄၅ မိနစ်တွင် ထိုကြပ်ပြစ်ကျေးရွာရှိ
ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူး ကိုကျော်ဝင်း ဆိုသူက ၄င်းဧ။် အိမ်အနားသို့ ရောက်ရှိလာသော ထော်လာဂျီ စည်းရုံးရေး ကားအား အုတ်ခဲဖြင့် ထုခြင်း ဒေါ်အောင်ဆန်းစုကြည် ပုံအား ဆွဲဆောင့်ကာ ရိုင်းစိုင်းစွာပြောဆိုခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ထို ကိုကျော်ဝင်း ဆိုသူ ကြံ့ဖွံ့ စည်းရုံးရေးမှူးသည် မူးယစ်နေပြီး သူ့သားသမီးများ ၀င်ဆွဲသည်ကိုပင် တွန်းလွှတ်ကာNLD ပါတီဧ။် စည်းရုံးရေး လုပ်ငန်းများအား ကိုယ်ထိလက်ရောက် နှောက်ယှက်ဟန့်တား ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း။
ပါတီဝင်များမှ သက်သေဖြစ်သော အထုခံရသည့် အုတ်ခဲအားလည်း အများအသိသက်သေဖြင့် သိမ်းဆည်းထားကြောင်း၊ ထိုရွာရှိ ပြည်ခိုင်ဖြိုး အခြားပါတီဝင်များမှ ၀င်ရောက် ထိန်းသိမ်း တားမြစ်ပေးခြင်း မရှိကြောင်း ယခုပင် ကျောက်ပန်းတောင်းမြို့မှ ခွပ်ဒေါင်း ပါတီဝင် ကိုဇော်နိုင်က ဆက်သွယ် သတင်းပေးပို့လာပါသည်။ အသေးစိတ် သိ၇ှိလိုပါက ကိုဇော်နိုင် ဖုန်းအမှတ်0947112814 သို့ ဆက်သွယ် မေးမြန်းနိုင်ပါကြောင်း ။။။။။



Byအဂ္ဂမဟာ ဒီမိုဖက်တီး

တောင်ငူမြို့ ၁၆ ရပ်ကွက် ဈေးလမ်းတွင် ယနေ့ည ၆ နာရီခွဲတွင် ဒီချုပ်အောင်နိုင်ရေး
အဖွဲ့မှ ဟောပြောပွဲပြုလုပ်ရာ တောင်ငူမြို့ကိုယ်စားလှယ်လောင်း ဦးအောင်စိုးမြင့်
ဟောပြောပွဲ မကျင်းပမီ ဟောပြောပွဲနေရာသို့ ဦးအောင်စိုးမြင့် စီးနင်းလာသော
ကား ရောက်ရှိချိန်တွင် အမည်မသိလူတစ်ဦးမှ ခဲဖြင့် ပစ်ပေါက်ခဲ့ရာ စီးနင်းလာသော ကားမှန်ကွဲသွားခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ ဟောပြောပွဲ ကျင်းပရာ နေရာမှာ
တောင်ငူမြို့ အမှတ် ၂ ရဲစခန်း အနီးတွင် တည်ရှိသောကြောင့် တရားဥပဒေ စိုးမိုးမှု အလွန်အားနည်းကြောင်း ဦးအောင်စိုးမြင့်မှ ဟောပြောချက်တွင် ထည့်သွင်းပြောကြားသွားခဲ့ပါသည်။
တံတားဦးမြို့နယ် ဇီးပင်ကွေ့ကျေးရွာရှိ ပြည်ခိုင်ဖြိုး ပါတီဝင်များ NLD ပါတီဝင်များကို ဆဲဆိုကြိမ်းမောင်းသည့်အမှုမှာ ယနေ့တွင် ပိုမိုပြင်းထန်လာပါသည်။
ဇီးပင်ကွေ့ကျေးရွာရှိ ပြည်ခိုင်ဖြိုးရုံးဖွင့်ထားရာအိမ်တစ်အိမ်တွင် လော်စပီကာများတပ်ဆင်၍ NLD ပါတီဝင်များကို မိုက်ခရိုးဖုန်းများဖြင့် ဆဲဆိုကြိမ်းမောင်းနေသည်ဟု သိရှိရပါသည်။
ယမန်နေ့က အတိုင်း"ကော်မရှင်ဥက္ကကြီးဦးတင်အေးခင်းပေးထားတဲ့လမ်းကိုလျှောက်ပြီး စည်းရုံးဆင်းရဲသေးတယ်"ဆိုပြီး တစ်နေ့လုံးဆဲဆိုကြိမ်းမောင်းနေပါသည်။
ည(၁၀)နာရီကျော်သည့် အခါတွင် ရွာသားများက သည်းမခံနိုင်လောက်အောင်မခံမရပ်နိုင် ဖြစ်လာကြသောကြောင့် NLD ပါတီဝင်ဒေါက်တာအောင်စိုးမြင့်မှတာဝန်ခံ၍ တံတားဦးမြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားပေးခဲ့ပါသည်။

မဲပေးရမည်စာရွက်ပေါ်ရှိNLDပါတီတံဆိပ်ဘေးအမှန်ခြစ်ရမည့် နေရာတွင်ဖယောင်းများသုတ်ထားကြောင်း မြောင်းမြမြိုနယ် ဒေသခံများထံမှ ကြားသိရပါသည် .....



7Day News Journal

ကမ္ဘာကိုမှတ်ကျောက်တင်ခံမယ့်ပွဲ
----------------------------------
လွှတ်တော်ကိုယ်စားလှယ် ၄၈ နေ ရာအတွက် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲကို နိုင်ငံတကာ မီဒီယာများ၏ စိတ်ဝင်စားမှုအထူး
မြင့်တက်နေသည်။ ဤအချက် ကို မြန်မာနိုင်ငံ၏ ရွေးကောက် ပွဲအကြို သတင်းများမှာ ကမ္ဘာ့ သတင်းများတွင် ဦးစားပေးဖော်ပြ ခံနေရခြင်းနှင့်
နိုင်ငံတကာမှ သတင်းထောက်များက ပုံစံမျိုးစုံ ဖြင့်လာရောက်၍ ရွေးကောက်ပွဲ အကြိုသတင်းများရယူရန်ကြိုး ပမ်းမှုများက ထင်ရှားစေသည်။
"ဘာလို့ နိုင်ငံတကာမီဒီယာ က စိတ်ဝင်စားလဲဆိုရင် အချက် နှစ်ချက်ရှိပါတယ်။ တစ်အချက်က တော့ ဒေါ်အောင်ဆန်းစုကြည် ၀င်ပြိုင်လို့ပေါ့။ သူမကို တစ်ကမ္ဘာ လုံးက ချစ်ခင်မြတ်နိုးပြီး လေးစား အတုယူရတဲ့သူဖြစ်လို့ အားလုံးရဲ့ အာရုံက သူ့ဆီမှာ ရှိနေတယ်။
နောက်တစ်ချက်က ကြားဖြတ်ရွေး ကောက်ပွဲက အစိုးရသစ်အတွက် စမ်းသပ်မှုတစ်ခုပဲ။ အစိုးရအသစ် က နိုင်ငံရေးအကျဉ်းသားတွေ
ွှတ်ပေးတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်း ချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေ တယ်။ ရွေးကောက်ပွဲက သေးပေမယ့်
တရားမျှတလွတ်လပ်မလား ဆိုတာ ကြည့်ရမယ်။ တကယ်လို့ သာ ဒီစမ်းသပ်မှုအောင်မြင်ရင် ဥရောပက ပိတ်ဆို့မှုတွေ မြန်မြန် ဆန်ဆန် ရုပ်သိမ်းလိမ့်မယ်။ နောက်အမေရိကန်က ပိတ်ဆို့မှုတွေ ရုပ် သိမ်းလာလိမ့်မယ်။ ဒါကြောင့် ဒီ ရွေးကောက်ပွဲက အရမ်းအရေး ကြီးတယ်"ဟု
တိုင်းမ်မဂ္ဂဇင်း ဆောင်းပါးရှင်နှင့် ရိုက်တာသတင်း ဌာန သတင်းထောက် အင်ဒရူး မာရှယ်က ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် လွတ်တော်ကိုယ်စားလှယ်နေရာ ပေါင်း ၁၁၅၉ အတွက် ပါတီများ၊ ကိုယ်စားလှယ်လောင်းများက အပြိုင်နွှဲခဲ့ကြသည်။ သို့သော် ကြားဖြတ်ရွေးကောက်ပွဲတွင်မူ ပြည်သူ့လွှတ်တော်နေရာ ၄၀၊ အမျိုးသားလွှတ်တော် ၆ နေရာနှင့်တိုင်းဒေသကြီးလွှတ်တော် နှစ် နေရာ စုစုပေါင်း ၄၈ နေရာသာရှိ သည်။ ထိုအထဲမှ ၃ နေရာ ရွှေ့ဆိုင်း၍ ၄၅ နေရာသာ ကျန်သည်။
အမေရိကန်၊ ဥရောပသမဂ္ဂ အပါအ၀င် ဒီမိုကရေစီအရေး အထူးစိတ်ဝင်စားသော နိုင်ငံများ ကလည်း ဧပြီ ၁ ရက် ကြားဖြတ် ရွေးကောက်ပွဲကို စိတ်ဝင်တစား အနီးကပ်စောင့်ကြည့်နေသည်။
မြန်မာနိုင်ငံအပေါ် စီးပွား ရေးပိတ်ဆို့မှုများထားရှိသော ဥ ရောပသမဂ္ဂက ကြားဖြတ်ရွေး ကောက်ပွဲမှာ တရားမျှတလွတ် လပ်လျှင် ၎င်းင်းတို့၏ ပိတ်ဆို့အရေး ယူမှုများကို ပယ်ဖျက်ပေးရန် သေချာသလောက်ရှိနေသည်။ အလားတူ အမေရိကန်ကလည်း မြန်မာအစိုးရက ကြားဖြတ် ရွေး ကောက်ပွဲကို တရားမျှတ လွတ် လပ်စွာ ကျင်းပပေးနိုင်လျှင် ၎င်းင်း တို့၏ ပိတ်ဆို့အရေးယူမှုများကို တစ်ဆင့်ချင်း ဖြေလျှော့ရန် မီးစိမ်းပြထားသည်။
ဂျပန်အစိုးရကလည်း ၎င်းင်းတို့ မျှော်မှန်းသော အဖြေထွက်လျှင် မြန်မာနိုင်ငံသို့ ODA အကူအညီ များပြန်လည်ပေးမည်ဟု ဂျပန် အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောထားသည်။ ၎င်းင်းတို့ မျှော်မှန်း သောအဖြေမှာ တရားမျှတ လွတ် လပ်သော ကြားဖြတ်ရွေးကောက် ပွဲဖြစ်၏။
"ကြားဖြတ် ရွေးကောက်ပွဲက အဓိကပဲ။တစ်ကမ္ဘာလုံးကလည်း စောင့်ကြည့်နေတယ်"ဟု ဂျပန်သံရုံးမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
"၄၈ နေရာက နေရာနည်း သော်လည်း အရမ်းအရေးကြီးပါ တယ်။ အရေးကြီးတယ်ဆိုတာ ဒါကတိုင်းပြည်ရဲ့ ပုံရိပ်ပဲလေ။
ကျွန်တော်တို့ကိုယ်တိုင်က Free & Fair Election ဖြစ်ဖို့ ပြောနေ တာ။ ကျွန်တော်လည်း တွေ့သမျှ နယ်ကပြည်ခိုင်ဖြိုးတွေကိုလွှတ်
တော်ကိုယ်စားလှယ်တစ်ယောက် အနေနဲ့ Free & Fair Election ဖြစ်အောင်လုပ်ကြ၊ မဟုတ်တာမ လုပ်ကြနဲ့။ တွေ့တဲ့ပြည်ခိုင်ဖြိုး
ိုင်းဝင်ရောက်ယှဉ်ပြိုင်မယ့် လူ တိုင်းကို ပြောနေတာ။ Free & Fair Election ဖြစ်ဖို့က လိုကိုလို တယ်။ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ အတွက်ပါ"ဟု ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအေးမောက်က ကြားဖြတ်ရွေးကောက် ပွဲ အရေးကြီးပုံကို မှတ်ချက်ပေး သည်။ ဦးအေးမောက်မှာ ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင် စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပုသိမ်မြို့ မြို့တော်ခန်းမတွင် မတ်လ ၂၄ ရက်က အမှာစကား ပြောကြားရာ၌ ကြားဖြတ်ရွေး ကောက်ပွဲကို တရားမျှတလွတ် လပ်ရန် ဆောင်ရွက်ထားမှုများနှင့် ပတ်သက်၍လည်း ပြောကြားခဲ့ သည်။ ကြားဖြတ်ရွေးကောက်ပွဲကို ကော်မရှင်က လွတ်လပ်တရား မျှတသန့်ရှင်းရန် အစွမ်းကုန် ဆောင်ရွက်နေပြီး၊ အစိုးရက လည်း မှတ်ကျောက်တင်ခံရန် နိုင်ငံတကာမှ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူများကို ဖိတ်ခေါ်ထားသည်။ အစိုးရသစ် လက်ထက်၌ ပထမဆုံးကျင်းပ မည့် ဤရွေးကောက်ပွဲကို တစ်ကမ္ဘာ လုံးက စိတ်ဝင်တစား စောင့်ကြည့် နေကြမည်ဖြစ်၍ နိုင်ငံတကာမှ စောင့်ကြည့်မည့် ကြားဖြတ်ရွေး
ကောက်ပွဲ လွတ်လပ်တရားမျှတ ပြီး သန့်ရှင်းစင်ကြယ်ရန်အတွက် မိမိတို့နိုင်ငံသားအားလုံးက ပံ့ပိုး ကူညီ ရန်လိုကြောင်းလည်း သမ္မတ
က ထည့်သွင်းပြောကြားခဲ့သည်။
အစိုးရက ယခုတစ်ကြိမ်ရွေး ကောက်ပွဲအတွက် နိုင်ငံတကာ မှ လေ့လာစောင့်ကြည့်သူများကို ဖိတ်ခေါ်ထားသည်။ ပြည်ထောင်
စုရွေးကောက်ပွဲကော်မရှင်က လည်း မဲစာရင်းကွာဟမှုများဖြစ် ပေါ်နေသော မဲဆန္ဒနယ်များ တွင် နိုင်ငံရေးပါတီများနှင့် ပူးပေါင်း၍ မဲစာရင်း
ပြင်ဆင်ဖြည့် စွက်ပေးနေသည်။ ထို့အပြင် ယခု အကြိမ်တွင် ရွေးကောက်ပွဲဝင် မည့် နိုင်ငံရေးပါတီအများအ တွက် ကန့်သတ်ချုပ်ချယ်မှုများ မရှိသလောက် နည်းပါးခဲ့ကြောင်း နိုင်ငံရေးပါတီများမှ တာဝန်ရှိသူ များက ပြောသည်။ ထိုအခြေအနေ များမှာ ၂၀၁၀ ရွေးကောက်ပွဲတွင် မကြုံခဲ့ရပေ။
သို့သော် ရွေးကောက်ပွဲ အကြိုကာလတွင်ကြုံတွေ့ရသော အဖြစ်အပျက် အချို့ကြောင့် နိုင်ငံ ရေးပါတီများပူပန်နေသောအချက်များလည်းရှိနေသည်။
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် မဲဆန္ဒနယ်များတွင် ပါဝင်သော ဒေသအချို့၌ ယခု ရက်ပိုင်းအတွင်း အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် လောင်းများနှင့်ပတ်သက်၍ ပုဂ္ဂိုလ်ရေးအပုပ်ချသော လက်ကမ်းစာစောင်နှင့် စာအုပ်ငယ်များ ပျံ့နှံ့နေသည်။
မည်သူက စတင် ဖြန့်ချိသည်မသိရသော်လည်း Myanmar Express အွန်လိုင်းစာမျက်နှာပေါ်မှ ကိုယ်စားလှယ် လောင်းတစ်ဦးကို လူမှုရေးဖောက် ပြန်သည်ဟု စွပ်စွဲချက်ဖြင့် ပုတ် ခတ်ဝေဖန်သည့်စာများကို ကူးယူ ၍ မြို့နယ်အချို့၌ ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။
မတ်လလယ်တွင် နေပြည် တော်သို့ စည်းရုံးရေးဆင်းသော ဒီချုပ်ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ မှ အမျိုးသမီးငယ်တစ်ဦးမှာ လေးခွဖြင့် အပစ်ခံရ၍ ဦးခေါင်း၌ ဒဏ်ရာရရှိခဲ့သည်။
နွားထိုးကြီးမြို့နယ်တွင် ပြည် ခိုင်ဖြိုးပါတီတာဝန်ရှိသူက အောင်နိုင်ရေးစည်းရုံးဟောပြောမှုတစ်ခု တွင် ဒေါ်အောင်ဆန်းစုကြည်ကို အဖွားကြီးဟူ၍လည်းကောင်း၊အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ထောင်ထွက်လူဆိုးလူမိုက်အဖွဲ့ ဟူ၍ လည်းကောင်း၊ ဒီချုပ်လွှတ် တော်ကိုယ်စားလှယ်လောင်းအား နွားထိုးသားဟူ၍လည်းကောင်း ပြောဆိုခဲ့သည်။ ထို့သို့ ဥပဒေနှင့် မညီ လုပ်ကိုင်မှုကြောင့် နွားထိုးကြီး မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မြို့နယ်ကော်မရှင်သို့ ကန့် ကွက်တိုင်ကြား၍ မြို့နယ်ပြည် ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူများ နောင်တွင်ဥပဒေနှင့်အညီဟော ပြောမည့်အကြောင်း ခံဝန်လက် မှတ်ရေးထိုးခဲ့ရကြောင်း ယခုတစ် ပတ်ထုတ် True News ဂျာနယ် တွင် ဖော်ပြထားသည်။
တိုက်ဆိုင်မှုမှာ မဲဆန္ဒနယ် အချို့တွင်ဖြစ်ပွားခဲ့သော ခြိမ်း ခြောက်မှုများ၊ ပုဂ္ဂိုလ်ရေးအပုပ် ချမှုများ စသည်တို့မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စား လှယ်နှင့် အဖွဲ့ဝင်များမှာ ပစ်မှတ် ဖြစ်နေသည်။
ပါတီများ၏ အဓိကပူပန်မှု များမှာလည်းမဲစာရင်းလွဲမှားမှု များနှင့် ထပ်တိုးမဲများဖြစ်သည်။ "ပြီးခဲ့တဲ့ သုံးလေးရက်မှာ ခရိုင် ကော်မရှင်က ကျွန်တော်တို့ကို ခေါ်တွေ့တယ်။ ပြီးခဲ့တဲ့ ရွေး ကောက်ပွဲမှာ ကြိုတင်မဲ နာမည် ပျက်ခဲ့တယ်။ အခုကျတော့ ကြို တင်မဲမရှိတော့ဘူး။
ကြိုတင်မဲ မရှိပေမယ့် နောက်တိုးမဲဆိုတာ တစ်ခုပေါ်နေတယ်။ ကော်မရှင် ကို နောက်တိုးမဲဆိုတဲ့ စာရင်းတွေ လာပေးတယ်တဲ့။ မဲစာရင်းမှာ မပါတဲ့ နောက်တိုးမဲတွေကို ခွင့်ပြု ရမယ်လို့ပြောတယ်။ နောက်တိုးမဲ က ဘယ်လောက်တောင် ရှိလည်း ဆိုရင် ကျွန်တော်တို့ရဲ့ မင်္ဂလာ တောင်ညွန့်မဲဆန္ဒနယ်မှာဆိုရင် ၄၀၀၀ လောက်ရှိတယ်။ ရဲတွေရဲ့ နောက်တိုးမဲကလည်း တောင်ညွန့် မှာ ၉၀ လောက်ရှိတယ်။ ဒဂုံဆိပ်
ကမ်းမှာလည်း နောက်တိုးမဲက အရပ်သား ၁၀၀၀ လောက်၊ ရဲ တွေက ၁၁၀ လောက်ရှိတယ်။ ဆို တော့ နောက်တိုးမဲတွေက အများ ကြီးပဲ"ဟုမင်္ဂလာ တောင်ညွန့်မြို့ နယ်မှဝင်ရောက်ယှဉ်ပြိုင်မည့် ဒီမို ကရက်တစ်ပါတီ (မြန်မာပြည်) ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။
အမျိုးသားဒီမိုကရေစီ အင် အားစုပါတီခေါင်းဆောင်ဦးခင် မောင်ဆွေကလည်း မဲဆန္ဒနယ် တွင် ပါဝင်သော မြို့နယ်အချို့သို့ မဲဆန္ဒနယ်ပြင်ပအခြားမြို့နယ် များမှ လူဦးရေစာရင်းများ ပြောင်း လာခြင်းများရှိသည်ဟုဆိုသည်။ ထို့အပြင် ရွေးကောက်ပွဲအကြို ကာလ၌ သတင်းမီဒီယာများက ပါတီကြီးအချို့ကိုသာ ဦးစားပေး ဖော်ပြပြီး ဘက်လိုက်မှုများရှိနေ သည်ဟု ဦးခင်မောင်ဆွေက မှတ် ချက်ပြုသည်။
"သတင်းလွတ်လပ်ခွင့်တွေ ကို ပြောနေပြီးတော့မှ သူတို့ကိုယ် တိုင်က ပြည်သူတွေကို သတင်း လွတ်လပ်ခွင့်ပိတ်ပင်တဲ့အနေနဲ့ ပါတီကြီး အချို့ကိုပဲ စန်းတင်ပြီး တော့ ကျန်တဲ့ပါတီတွေကို ချန် ထားတာမျိုးရှိတယ်။ အဲဒီလို ပုံစံ မျိုးမဖြစ်အောင်လည်း စောင့်စည်း ဖို့လိုတယ်လို့ ပြောချင်ပါတယ်"ဟု ဦးခင်မောင်ဆွေကပြောသည်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုကိုကြီးကလည်း ကြားဖြတ်ရွေး ကောက်ပွဲတွင် တရားမျှတလွတ်

လပ်မှုမှာရလဒ်ထက်အရေးကြီး ကြောင်း မှတ်ချက်ပေးသည်။
"ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် ၄၈ နေရာဆိုတာ မပြောပလောက်ပေမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပါဝင် မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ၀င်ရောက်ယှဉ်ပြိုင်တဲ့ အတွက် ထူးခြားတဲ့ရွေးကောက် ပွဲဖြစ်ပါတယ်။ နိုင်တဲ့မဲအရေအတွက်ထက် ပိုအရေးကြီးတာက ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီ အုတ်မြစ်ချဖို့အတွက် သမ္မတ ကြီးရဲ့ မိန့်ခွန်းထဲမှာလည်း ပါဝင်တဲ့ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဖြစ် စဉ်အဲဒါကို စပြီးစမ်းသပ်မယ့် တာထွက်ခြေလှမ်းဖြစ်တယ်။ အဲဒီ ခြေလှမ်းဟာ ဘယ်လောက်ပွင့် လင်းမှု၊ ထင်သာမှုရှိသလဲ၊ ဘယ် လောက်တရားမျှတမှုရှိသလဲဆို တဲ့ ဒီမိုကရေစီအနှစ်သာရက ရွေးကောက်ပွဲမှာ အောင်နိုင်တဲ့ မဲဆန္ဒနယ်အရေအတွက်ထက်
ိုအရေးကြီးပါတယ်"ဟု မတ်လ ၂၃ ရက်တွင်ပြုလုပ်သော သတင်း စာရှင်းလင်းပွဲတွင်ပြောသည်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင်များမှာ
ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရန် ကွန်ရက် ဖွဲ့စည်းထားသည်။
ရွေးကောက်ပွဲတရားမျှတ လွတ်လပ်လျှင် အထက်တွင် ဆိုခဲ့ သည့်အတိုင်း အမေရိက၊ ဥရောပ၊ ဂျပန်အပါအ၀င် ကမ္ဘာ့နိုင်ငံများမှ
အကူအညီများစွာရမည်ဖြစ် သည်။ ထို့အပြင် အစိုးရအဓိက
လိုလားသော နိုင်ငံတကာအသိုင်း အ၀ိုင်း၏ အသိအမှတ်ပြုမှုကို ခံရမည်ဖြစ်ပြီး၊ နှစ်ပေါင်းများစွာ ခေတ်နောက်ကျပြီး အထီးကျန်
နေခဲ့ရသော နိုင်ငံမှာ ကမ္ဘာ့အလယ်တွင် ခေါင်းမော့ရင်ကော့နိုင် မည်ဖြစ်ကြောင်း နိုင်ငံရေးလေ့ လာသူများကပြောသည်။
တပ်မတော်အုပ်ချုပ်မှုမှ ဒီမို ကရေစီနိုင်ငံသို့ ကူးပြောင်းနေ သော ခြေလှမ်းများမှာလည်း နိုင်ငံ တကာ၏ အားပေးထောက်ခံမှု များနှင့်အတူ ပိုမိုခရီးရောက်လာ မည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲကြားဖြတ် ရွေးကောက်ပွဲမှာ တရားမျှတ လွတ်လပ်မှုမရှိခဲ့လျှင်မူ....
"လွှတ်တော်နိုင်ငံရေးတည် တံ့နေသမျှကာလပတ်လုံးက တော့ နောက်ကြောင်းပြန်လှည့်ဖို့ တော့ ခက်တယ်ဗျ။ သို့သော်လည်းပဲ ရှေ့တိုးဖို့လည်းမလွယ်ဘူးဗျ။ ဘာကြောင့်လည်းဆိုတော့ ကြား ဖြတ်ရွေးကောက်ပွဲ မအောင်မြင် ဘူး၊ တရားမျှတမှုမရှိဘူးဆိုရင်
နိုင်ငံတကာပိတ်ဆို့မှုတွေဆက်ရှိ ပြီး၊ အကူအညီပေးတာတွေကော ရပ်သွားမှာပဲလေ။ အဲတော့ ဒုံရင်း ဒုံရင်းပြန်ဆိုက်မယ်"ဟု ဦးခင် မောင်ဆွေက ပြောသည်။
ပြည်ခိုင်ဖြိုးပါတီ ကိုယ်စား လှယ်တစ်ဦးဖြစ်သော ဦးအေး မောက်ကလည်းကြားဖြတ်ရွေး ကောက်ပွဲ တွင် မည်သည့်ပါတီက နိုင်၍ မည်သည့်ပါတီက ရှုံးသည် ဆို ခြင်းထက် တရားမျှတလွတ်လပ် သော ရွေးကောက်ပွဲဖြစ်ရန်မှာ အရေးကြီးကြောင်း နိုင်ငံရေး
လေ့လာသူများ၏အဆိုကို ထောက်ခံပြောကြားသည်။
"အဲဒီလိုပြောတာ အရမ်းမှန်ပါတယ်။ ထောက်လည်း ထောက်ခံတယ်။ အဲဒီအတိုင်း (တရားမျှတလွတ် လပ်သောရွေးကောက်ပွဲဖြစ်ရန်) လည်းဖြစ် စေချင်တယ်။ ဖြစ်အောင်လည်းပဲ ကျွန်တော်တို့ ပါတီအဖွဲ့ဝင်တွေနဲ့ တွေ့တိုင်း တွေ့တိုင်း၊ သွားတိုင်း င်္Fair (တရားမျှတ)ဖြစ်အောင်လုပ်ကြ။ အနိုင်နဲ့အရှုံးက အဓိက မဟုတ်ဘူး။ ခင်ဗျားတို့ တကယ် Fair ဖြစ်တယ်။ ခင်ဗျားတို့ရဲ့ စာရိတ္တမဏ္ဍိုင်မှန်ကန်တယ်ဆိုတာ အဓိကပဲဆိုတာ ရှင်းပြပါတယ်။ တော်တော်များများနားလည်ကြပါတယ်"ဟု ဦးအေးမောက်က သူ၏
အတွေ့အကြုံကို ပြောသည်။

----အားမာန်------


အဘ ဥက္ကာကိုကို

ဗီးနပ်စ်သတင်းဂျာနယ်မှာ စစစ ရုံးချုပ်ပေါ်က ခုန်ချသွား(ပြုတ်ကျသည်ဟုဆို) တဲ့ ရှမ်းမလေးနန်းဝိုးဖန်ရဲ့ သတင်းဒီတစ်ပတ်ပါလာတယ်။ အဲဒါကို စစစ က လူတွေက အဲ့သတင်းဘယ်ကောင်ရေးတာလဲ။ ဓာတ်ပုံရိုက်မယ်ဘာညာ ခြိမ်းခြောက်သံတွေ ထပ်ထွက်လာပြန်ပြီ။ ရင်ခွဲရုံမှာ သတင်းသွားယူတဲ့ သတင်းထောက် ကိုသံချောင်းကိုလည်း မင်းအန္တရာယ်ရှိသွားမယ်ဆိုတဲ့ စကားနဲ့ခြိမ်းခြောက်လိုက်သေးတယ်။ ဘာအထာတွေလဲ။ ဖုံးချင်တာလား။ ဖိချင်တာလား။ ဥပဒေစိုးမိုးရေးဆိုတာ ဘာလဲ။ ခင်ဗျားတို့ခေတ် မကုန်သေးဘူး လား။ ဘာလုပ်ချင်တာလဲ။ သတင်းထောက်တွေကို အစဖျောက်ချင်တာ လား။ ငြိမ်ခံနေကြမယ့် လူတွေလို့ရော ထင်နေတာလား...။

ပြိုင်ပွဲဝင် ဆန်ခါတင်ကား - ဆိုက်ကား

DVB entertainment
လူ့ စွမ်းအင်သုံး အနှေးယာဉ်လုပ်သား ဆိုက်ကားဆရာတွေရဲ့  ခက်ခဲလှတဲ့ ဘ၀တွေကို ရိုက်ကူးတင်ပြထားတဲ့ ရုပ်ရှင်ကားပါ.. ၁၂ နှစ်ကျော် ဆိုက်ကားနင်းလာတာတောင်မှ ဆိုက်ကားတစီး မပိုင်နိုင်သေးတဲ့ဘ၀တွေ ... ရန်ကုန်တမြို့ ထဲမှာတောင် ဆိုက်ကားပေါင်း သိန်းချီရှိနေတာမို့  ဆိုက်ကားဝင်ငွေ အမှီပြုနေရသူ သန်း နဲ့  ချီ ရှိနေနိုင်ပါသတဲ့ ... ဒါရိုက်တာ @Ye Min နဲ့  Moe Hlaing Nya တို့  ရဲ့  တင်ပြချက်တွေက ရင်ကို အင်မတန် ထိ စေပါတယ်..

ငါးမင်းဆွေ ၏ စာများကို ဈေးသူဈေးသားများ၏ သဘောဆန္ဒ အရ မီးရှို့ ဖျက်ဆီး


မြန်အောင်နေခြည်ဈေးတွင် ဒေါ်အောင်ဆန်းစုကြည် အား ပုဂ္ဂိုလ် ရေး သိက္ခာ ကျစေရန်ရည်ရွယ်ချက် ဖြင့် ဖြန့် ဝေသွားသော ငါးမင်းဆွေ ၏ စာများကို ဈေးသူဈေးသားများ၏သဘောဆန္ဒ အရ မီးရှို့ ဖျက်ဆီးစဉ်။

Hlaing Myo Aung

သမိုင်းတွေကောင်းပြီးသာယာချင်ရင်



ဆယ်တန်းမအောင်ဘူး ပြောရင်လည်း စိတ်ဆိုးဦးမယ်.




လေးဖြူ၏ အင်တာဗျူးမှာလုပ်ကြံဖန်တီးထားခြင်းသာ

Iron Cross

လေးဖြူနှင့် Iron Cross ပရိသတ်များသို့ ................
ဂျာနယ်တစ်စောင်တွင် ဖော်ပြထားသော လေးဖြူ၏ အင်တာဗျူးမှာ အမှန်တကယ် မေးမြန်းဖြေဆိုထားခြင်း လုံးဝ(လုံးဝ) မဟုတ်ပဲ ရည်ရွယ်ချက်ရှိစွာဖြင့် လုပ်ကြံဖန်တီးထားခြင်းသာ ဖြစ်ကြောင်း၊ တရားဥပဒေကြောင်းအရ အမြန်ဆုံး ရင်ဆိုင်ဖြေရှင်းသွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ENVOY ဂျာနယ် (စင်ရော်မောင်မောင်ပိုင်ဂျာနယ်)

ပုံ-အဂ္ဂမဟာ ဒီမိုဖက်တီး


ပုံ-Thein Win

အိန္ဒိယနိုင်ငံ ဒေလီမြို့ ရောက် အင်အားစုများရဲ့ “စနစ်ဆိုးနဲ့ စစ်ဂျိုးခွာစို့” ၂၀၁၂ ခုနှစ် အတာသင်္ကြန် မြန်မာ့ရိုးရာနှစ်သစ်ကူး သံချပ်များ။

2012 Thingyan Than Chat