Friday, March 30, 2012

ကြံ့ ဖွတ်ကားနှင့်ခွပ်ဒေါင်းအလံ

Chan Nyein
ပုဗ္ဗသီရိ ကြံဖွတ် ကိုယ်စားလှယ်လောင်းက စည်းရုံးရေး ဆင်းတဲ့ အချိန်



ဒီလိုမခြစ်နဲ..ဒီလို(ခြစ်)ချစ်ကြပါ။။။


မဲပေးပုံစနစ်


ကြယ်ဖြူနဲ့ ခွပ်ဒေါင်းနဘေး
အမှန်မှတ်တခုထဲခြစ်ပေး။
ခြင်္သေ့ပုံနဘေး
ကွက်လပ်အတိုင်းထားပေး။

တခုကိုအမှန်မှတ်
ကျန်တခုကိုကြက်ခြေခတ်
ပယ်မဲလို့သတ်မှတ်-သတိချပ်။

တက္ကသိုလ်ဘုန်းကြွယ်
မတ်လ ၂၉ ၂၀၁၂

-----------------






ကိုယ်ပေးမယ့် ``မဲကို အမှန် တစ်ခုကလွဲလို့ ..ဘာအမှတ်သား၊ အခြစ်အရာတွေကို မလုပ်ရပါဘူး ..ပယ်မဲဖြစ်သွားနိုင်ပါတယ် လို့ ..``

- ကိုယ်ပေးမယ့် အကွက်ကို ပဲ အမှန်ခြစ်ပါ
- လေးထောင့်ဘောင်ကွက်ကို မကျော်ပါစေနဲ့
- ကြက်ခြေခတ်လည်းမခြစ်ပါနဲ့
- လက်မှတ်ထိုးတာတွေဘာတွေမလုပ်ပါနဲ့
- ကိုယ်ပေးတဲ့အကွက်ကိုအမှန်ခြစ်ယုံသာမက တခြားအကွက်တွေကို ကြက်ခြေခတ်ခြစ်ခြင်းများကို (လုံးဝ ) လုံးဝမလုပ်ပါနဲ့

(ပယ်မဲဖြစ်သွားပါလိမ့်မယ် ) အစစအရာရာ သတိထားကြပါ တို့မြန်မာတွေ အဲဒီလောက်မညံ့ကြပါဘူး အားလုံးကို သိလာကြပါပြီ

နောက်ဆုံးပြောချင်တာကတော့ ပယ်မဲမဖြစ်အောင်သတိထားကြပါ လို့ ။

ဥက္ကဋ္ဌသစ် ဦးဇင်ဝိုင်းက မေတ္တာရပ်ခံ အသနားခံစာသွားရောက်တင်ပြ

7Day News Journal
မတ်လ၂၃ရက်နေ့က ပြန်လည်ရွေးကောက်ဖွဲ့စည်းလိုက်သော မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအမှုဆောင်အဖွဲ့သစ်အား လက်ရှိအမှုဆောင် အဖွဲ့မှ လုပ်ငန်းတာဝန်များ ပြန်လည်လွှဲပြောင်းပေးရန်နှင့် မြန်မာ့ရုပ်ရှင်လုပ်ငန်းပိုင်ဝဇီရာရုပ်ရှင်ရုံနှစ်ရုံအား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ ပြန်လည်
အပ်နှံလုပ်ကိုင်ခွင့်ပေးရန် အချက်၂ချက်ပါသော မေတ္တာရပ်ခံ အသနားခံစာကို မတ်လ၃၀ရက် နံနက်၁၁း၃၀နာရီက ရွေးကောက်ခံ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌသစ် ဦးဇင်ဝိုင်းက ရန်ကုန်မြို့၊ ချင်းတွင်းလမ်းရှိ သမ္မတအကြံပေးအဖွဲ့သို့သွားရောက်တင်ပြခဲ့ကြောင်း သိရသည်။
အဆိုပါအသနားခံစာတွင် ရွေးကောက်ခံအမှုဆောင်အဖွဲ့များ၏လက်မှတ်များအပြင် ရုပ်ရှင်လောကမှ အနုပညာရှင်များစွာ၏ ဆန္ဒပြုလက်မှတ်များ ရေးထိုးထားကြောင်း ဦးဇင်ဝိုင်းကပြောသည်။

“ကျွန်မနှစ်သက်တဲ့အကွက်ကိုပဲ ကျွန်မခြစ်ထည့်ပြစ်လိုက်တယ်၊ဘာမှမကြောက်ဘူး”


by Yangon Press International on Friday, March 30, 2012 at 5:09am ·
 မော်လမြိုင်၊ မတ်လ ၃၀ ရက်၊ ၂၀၁၂ ခုနှစ်- (YPI)

 (မော်လမြိုင်မှ ကြိုတင်မဲ ပထမဆုံးနေ့ ပေးသူတဦး၏ ခံစားချက်ကို မေးမြန်းခြင်း)
(ကြားဖြတ်ရွေးကောက်ပွဲတွင် မော်လမြိုင်မြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာအတွက် ယနေ့ကြိုတင်မဲပေးခဲ့တဲ့ ဒေါ်လှကြည်အား သွားရောက်တွေ့ဆုံမေးမြန်းထားပါတယ်။
ဒေါ်လှကြည်ဟာ အသက်(၅၇)နှစ်ရှိပြီး သန့်ရှင်းရေးဝန်ထမ်းတဦးပါ။ ချော်လဲထားပြီး ခြေထောက်ဒဏ်ရာ ရရှိထားလို့  မော်လမြိုင်မြို့ တောင်ဝိုင်းရှိ ခရစ်ယန် အရေပြား အထူးကုဆေးရုံတွင် ဆေးရုံတက်ရောက်ကုသမှု ခံယူနေရသူဖြစ်ပါတယ်။ )

YPI            ကြိုတင်မဲပေးဖို့ ဘယ်နေ့လောက်က လာအကြောင်းကြားလဲ 
ဒေါ်လှကြည်     ပြီးခဲ့တဲ့နှစ်ရက် သုံးရက်ကဒီနေ့မှာ ကြိုတင်မဲပေးရမယ်လို့ ဆေးရုံကိုလာအကြောင်းကြားတယ်၊ ဘယ်မှမသွားပါနဲ့ပေါ့ကျွန်မတို့ ကိုလာပြောတယ်။

YPI              ဘယ်အချိန်လာသွားလဲ ၊လူဘယ်နှစ်ယောက်ပါလဲ။
ဒေါ်လှကြည်     မနက်ဆယ်နာရီဆယ့်တနာရီလောက်ဖြစ်မယ်၊ချမ်းအေးဆယ်အိမ်မှူး၊ရာအိမ်မှူးရယ် နှစ်ယောက်နော် သူတို့အဖွဲ့ထဲက လေးယောက် စုစုပေါင်းခြောက်ယောက်ပေါ့။

ကိုယ်ကြိုက်တာ ကိုယ်ခြစ်ခဲ့သူ ဒေါ်လှကြည်

YPI              ဘာတွေပြောလဲ ကြိုတင်မဲလာကောက်တယ်လို့ပြောလား။
ဒေါ်လှကြည်     ဘာမှမပြောဘူး မနက်ဖြန်ကျရင်မဲသွားထည့်ရမယ်ပေါ့ ရပ်ကွက်ဓမ္မာရုံမှာ အကွက်၎မျိုး ပေါ့နော် ၊သူတို့စာရွက်ထဲမှာ  ထည့်ထားတယ်။ ကြိုက်နှစ်သက်တာကိုခြစ်လိုက်ပေါ့။ ပထမ တော့သူတို့ကအစမ်းခြစ်ပြကြည့်ဦး ဆိုပြီး၊ကိုယ်က လက်မသန်တော့ ဖတ်ခနဲခြစ်လိုက်တာပေါ့ နောက်တော့ရပြီးဆိုပြီး ကုတင်ဘေးက ခုံပေါ်မှောက်ပြီး တင်လိုက်တယ်။ ကြိုက်နှစ်သက်ရာခြစ်ပေါ့။ ကျွန်မကမမြင်ရတော့ စာရွက်ကို ထောင်လိုက်တယ်လေ နာမည်ဘယ်သူဘယ်သူလဲဆိုတာကိုပေါ့ ၊ကျွန်မနှစ်သက် တဲ့အကွက်ကို ကျွန်မခြစ်ထည့်ပစ်လိုက်တယ်။

YPI              ခြစ်တဲ့အချိန်မှာရော သူတို့ကအနားမှာရှိလား၊ကိုယ်ခြစ်တာကိုကြည့်နေတာလား
ဒေါ်လှကြည်     ရှိတယ်။သူတို့ကျွန်မအနားမှာ တန်းစီပြီးရပ်နေတာလေ၊ ကျွန်မကစာရွက်ကို ယူပြီးသေချာ ပြန်ကြည့်တယ်လေ။ ကိုယ်နှစ်သက်တဲ့အကွက်ကိုပဲခြစ်လိုက်တယ်။ သူတို့ကဘာမှမပြောဘူး  ။ကြည့်နေလဲမကြောက်ဘူး။ ဂရုလည်းမစိုက်ဘူး ကိုယ်ကြိုက်တာ ကိုယ်ခြစ်လိုက်မှာပဲ။

YPI              ဘယ်ပါတီကိုမဲပေးလိုက်တယ် ။ဖြေပေးလို့အဆင်ပြေလား။
ဒေါ်လှကြည်     မှတ်မိတာပေါ့၊ထိပ်ဆုံးအကွက်လေ။ ဒေါင်းရုပ်နဲ့ပျံနေတာ၊ ဒေါင်းခွပ်တယ်ဟင်းဟင်း(ပြော နေရင်းနဲ့သူမကဒေါင်းခွပ်တဲ့ပုံစံမျိုးလုပ်ပြပါတယ်)။ ခွပ်ဒေါင်းအဲဒါအကြိုက်ဆုံးပဲ။ မှားမှာစိုးလို့ သေချာကြည့်တယ်၊ ခမောက်လား ဘာလားပေါ့။ ဒီမှာသူတို့ တီဗီမှာပြနေသေချာကို နားထောင်ပြီးကြည့်ကြည့်နေတာပဲ။

YPI              ခြစ်ပြီးတော့ ကိုယ့်မဲစာရွက်ကိုသူတို့ဘာတွေလုပ်လဲ
ဒေါ်လှကြည်     ခြစ်ပြီးတော့ ကိုယ့်စာရွက်ကို သူတို့ယူကြည့်ပြီး စာအိတ်ထဲ ထိုးထည့်ပိတ်လိုက်ပြီး အခြား တယောက်ကိုပေးလိုက်တယ်။ အခြားခြစ်ထားပြီးသား ထပ်တားတဲ့စာရွက်တွေ ရှိတယ်လေ အဲဒီအထဲမှာ ညှပ်ထည့်လိုက်တယ်။

YPI              အခုလိုမဲပေးရတာရောကြောက်နေသေးလား
ဒေါ်လှကြည်     ဘာကြောက်စရာရှိလဲ ၊မကြောက်ပါဘူးနော်။      ။

ကြိုတင်မဲ ခွပ်ဒေါင်းကို ခြစ်ခိုင်းသော်လည်းမဲရုံဝန်ထမ်းကကြံခိုင်ရေးကို ခြစ်ပေးနေ

Yangon Press International
ကြိုတင်မဲ မသမာမှု မြို့နယ် ကော်မရှင်က အရေးယူဆောင်ရွက်မည်ဟု ဆို

မတ်လ ၃၀ ရက်၊ ၂၀၁၂ ခုနှစ် YPI

ကြိုတင်မဲ ပေးခွင့်စတင်သည့် ယနေ့ နံနက်ပိုင်းက မြန်အောင်မြို့နယ် ပနဲကွဲ ကျေးရွာအုပ်စု လန်ဒါ ကျေးရွာမှ ကြိုတင်မဲယူစဉ် အသက် ၇၀ ၀န်းကျင်ရှိသည့် ဒေါ်သန်းညွန့်က ၎င်း အနေဖြင့် မဲလက်မှတ် အား မခြစ်နိုင်သဖြင့် မဲရုံဝန်ထမ်း ကျောင်းဆရာမ ဒေါ်ညိုညိုဝင်းအား ဒေါ်စုပါတီ ခွပ်ဒေါင်းကို ခြစ်ခိုင်းသော်လည်း ဒေါ်ညိုညိုဝင်းက ကြံခိုင်ရေးကို ခြစ်ပေးလိုက်ရာမှ ရွားသားများက မကျေနပ်ဖြစ်ကာ မြို့နယ် ကော်မရှင်သို့ တိုင်ကြားထားသည်ဟု သိရှိရသည်။

မြန်အောင်မြို့နယ် ကော်မရှင်က ဆက်လက်အရေးယူဆောင်ရွက်မည်ဟု ဆိုကြောင်း မြန်အောင်မြို့ခံတဦးက YPI သို့ပြောသည်။

မြန်အောင်မြို့နယ်၌ ရပ်ကွက် ၆ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၆၃ အုပ်စုတွင် မဲပေးခွင့်ရှိသူ တသိန်းခွဲကျော်ရှိ၍ အန်အယ်လ်ဒီ၊ တစညနှင့်ကြံ့ခိုင်ရေးတို့မှ ကိုယ်စားလှယ်လောင်း ၃ ဦးပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ။

ကြိုတင်မဲ​ပေး​ပွဲစတင်၊​ မဲမသမာမှုများ​ရှိ​နေဟု ​စောင့်​ကြည်သူများ​ ​ပြောကြား
Published on March 30, 2012 by ရွှေအောင်

၂၀၁၂ ကြား​ဖြတ်​ရွေး​ကောက်ပွဲအတွက် လစ်လပ်မဲဆန္ဒနယ် ၄၅ ခုစလုံး​မှာ ကြိုတင်မဲ ​ပေး​ချင်တဲ့​သူ ​တွေအတွက် မတ် ၃၀ နဲ့​ ၃၁ ရက်​တွေမှာ ကြိုတင်မဲ​တွေ စတင် ​ပေး​နေကြပြီ ဖြစ်ပါတယ်။

ရွေး​ကောက်ပွဲ​ကော်မရှင်ရဲ့​ ထုတ်ပြန်ချက်အရ မဲရုံတာဝန်ကျတဲ့​ ဝန်ထမ်း​၊​ တာဝန်နဲ့​ ခရီး​ထွက်ရ မယ့်​ ဝန်ထမ်း​တွေအပါအဝင် သက်ကြီး​ရွယ်အို​တွေ၊​ ကျန်း​မာ​ရေး​ ချို့​ယွင်း​နေတဲ့​သူ​တွေ၊​ အချုပ် ကျ​နေတဲ့​သူ​တွေက ကြိုတင်မဲ ​ပေး​ခွင့်​ရတာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်း​ဒေသကြီး​ ပုသိမ်မြို့​နယ်ထဲကရပ်ကွက်တချို့​မှာ ဒီက​နေ့​ မနက်က ကြိုတင်မဲ ​ပေး​ရာမှာ မဲရုံတာဝန်ရှိသူ​တွေက ပါတီကိုယ်တာဝန်ရှိသူ ​တွေကို ဟန့်​တား​မှု​တွေ ရှိခဲ့​တယ်လို့​ အန်အယ်လ်ဒီပါတီ ကိုယ်စား​လှယ်​လောင်း​က ​ပြောပါတယ်။

ကြိုတင်မဲ​ပေး​တဲ့​အတွက် ပါတီကိုယ်စား​လှယ်​လောင်း​တွေ မဲရုံကို ​စေလွှတ်ပြီး​ ​စောင့်​ကြည့်​ခိုင်း​ရာမှာ ၁၄ ရပ်ကွက်က မဲရုံတာဝန်ရှိသူ​တွေက အန်အယ်လ်ဒီပါတီ ကိုယ်စား​လှယ်​လောင်း​ရဲ့​ ကိုယ်စား​လှယ် ၂ ဦး​ကို မဆိုင်ရင် ဝင်မရှုပ်နဲ့​လို့​ ခြိမ်း​ခြောက် တား​မြစ်တယ်လို့​ အန်အယ်လ်ဒီ ကိုယ်စား​လှယ် ဦး​ဝင်း​မြင့်​က ​ပြောပါတယ်။

“ကြိုတင်မဲ​တွေ​တော့​ ​ပေး​ပြီး​ဗျ၊​ တချို့​ရပ်ကွက်က​တော့​လည်း​ မှန်မှန်ကန်ကန်​ပေါ့​လေ။ တချို့​ရပ်ကွက်က မဟုတ်ဘူး​။ ဟိုတုန်း​က အကျင့်​ ရှိ​သေး​တယ်။ ကျ​နော်တို့​ဆီက မဲရုံကိုယ် စား​ လှယ်၊​ အကူကိုယ်စား​လှယ်​တွေကို အဲဒီ ကြိုတင်မဲကို ​စောင့်​ခိုင်း​ထား​တဲ့​အခါမှာ ဘာမှ ကြည့်​ခွင့်​ သိခွင့်​မရှိ​အောင် ဟိန်း​ဟောက်ထား​ပြီး​ ဘာမှကြည့်​စရာ မလိုဘူး​၊​ သိစရာမလိုဘူး​ ဆိုပြီး​ပြောဆို တာကို ကျ​နော့်​ဆီ ​ရောက်လာပြီး​ ​ပြောပြ​တော့​ ​ကော်မရှင်ဆီကို တခါတည်း​ ဆက်ပြီး​တော့​ ဒီလို မလုပ်ပါနဲ့​ ခင်ဗျား​တို့​ ​အောက်​ခြေက ​ကော်မရှင်​တွေ ဒီလိုဖြစ်​နေတယ်ဆိုပြီး​ လှမ်း​ အ​ကြောင်း​ကြား​ ရ​သေး​တယ်။”

ပုသိမ်မြို့​မှာ ​ရွေး​ကောက်ပွဲ အကြိုကာလ မဲဆွယ်စည်း​ရုံး​နေတဲ့​ ​နေရာမှာလည်း​ သက်ဆိုင်ရာ​ဒေသ အာဏာပိုင်တချို့​နဲ့​ ဒု-ဝန်ကြီး​အဆင့်​ ရှိသူတဦး​ဟာ ကြံ့​ခိုင်​ရေး​ပါတီ ကိုယ်စား​လှယ်အတွက် မဲဆွယ်ခဲ့​တာနဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို သိက္ခာချတဲ့​ စာရွက်စာတမ်း​တွေကို မြို့​နယ်ထဲမှာ ဖြန့်​ဝေတာမျိုး​လည်း​ ရှိ​နေတယ်လို့​ ဦး​ဝင်း​မြင့်​က ​ပြောပါတယ်။

အလား​တူ ဧရာဝတီတိုင်း​ ဖျာပုံမြို့​ပေါ်က ရပ်ကွက်တချို့​မှာလည်း​ ဒီ​နေ့​ ကြိုတင်မဲ ​ပေး​ခဲ့​ကြရာမှာ လျို့​ဝှက် ကြိုတင်မဲကိုပိတ်ထား​တဲ့​အိပ်မှာ ချိတ်​တွေ ကွာ​နေပြီး​ ပွင့်​နေတာကို ​တွေ့​ရတယ်လို့​ ဖျာပုံ​ရွေး​ကောက်ပွဲ ​စောင့်​ကြည့်​ရေး​ ကွန်ရက်က ကိုဘသက်​အောင်က ​ပြောပါတယ်။

“ဒီ​နေ့​မှာ ၁၀ ရပ်ကွက်၊​ ၈ ရပ်ကွက်၊​ ၁၄ ရပ်ကွက်၊​ ၉ ရပ်ကွက်​တွေဆီကို သွား​ပြီး​စုံစမ်း​တော့​ အဲဒီမှာ မဲရုံမှာ ကြိုတင်မဲ လိုက်ပြီး​တော့​ ​ကောက်ခံတဲ့​အခါမှာ ချိတ်ပိတ်ထား​တဲ့​ စာအိတ်​တွေက ​ဘေး​တ ဖက်တချက်မှာ ပွင့်​နေတယ်။ ဒါကို သွား​တွေ့​တဲ့​အခါ ​ကော်မရှင်ကို သူတို့​ ​ပြောတယ်​ပေါ့​။ တချို့​ရပ်ကွက် ​ကော်မရှင် ဥက္ကဋ္ဌက ပြင်​ပေး​တယ်။ ဥပမာ – ၉ ရပ်ကွက် ​ကော်မရှင် ဥက္ကဋ္ဌ ဆိုရင် ပြန်ပြီး​တော့​ ပြင်​ပေး​တယ်။ တချို့​ ရပ်ကွက်​တွေက​တော့​ ပြင်မ​ပေး​သေး​ဘဲနဲ့​ ဒီအတိုင်း​ ထား​ထား​တယ်’လို့​ပြောပါတယ်။

ဒါ့​ပြင် ၁၄ ရပ်ကွက်မှာ ကြိုတင်မဲ စာရွက်မှာ ရပ်ကွက်​ကော်မရှင် တံဆိပ်တုံး​နဲ့​ လက်မှတ်​တွေ မပါဝင်​ကြောင်း​ ​တွေ့​ရပြီး​ ကိုး​အိမ်တန်း​ကျေး​ရွာမှာ​တော့​ ကြိုတင်မဲ ​ကောက်ခံတဲ့​ အခါမှာ ပါတီကိုယ်စား​လှယ်​တွေကို လိုက်ပါခွင့်​ မရှိဘူး​ ဆိုပြီး​ ရပ်ကွက်​ကျေး​ရွာ ​ကော်မရှင် ဥက္ကဋ္ဌက​နေပြီး​တော့​ ​အော်​ငေါက်ပြီး​ ​ပြောတာမျိုး​တွေလည်း​ ​တွေ့​ရပါတယ်။”လို့​ ၈၈ မျိုး​ဆက် ​ကျောင်း​သား​တွေရဲ့​ ​ရွေး​ကောက်ပွဲ​စောင့်​ကြည့်​ရေး​ ကွန်ရက်က ကိုဘသက်​အောင် ​ပြောပါတယ်။

စစ်ကိုင်း​တိုင်း​ဒေသကြီး​ ပုလဲမြို့​နယ်အတွင်း​မှာ မြို့​နယ်​ရွေး​ကောက်ပွဲ ​ကော်မရှင်က ကြိုတင်မဲ ​ကောက်ယူမှုဟာ တရား​ဥပ​ဒေနဲ့​ မကိုက်ညီဘဲ မသမာတဲ့​ဘက်ကို ဦး​တည်​နေတယ်လို့​ အန်အယ်လ်ဒီ အမတ်​လောင်း​ ​ဒေါ်ခင်စန်း​လှိုင်က ​ပြောပါတယ်။

“အန်တီတို့​မြို့​နယ်မှာ မနက်ကတည်း​က ကြိုတင်မဲ​တွေ ရွာတိုင်း​စေ့​ လိုက်ပြီး​ ​ကောက်​နေကြပြီ။ ​ကျေး​ရွာ​ကော်မရှင် ဥက္ကဋ္ဌက​နေပြီး​တောမှ တအိမ်တက် တအိမ်ဆင်း​ လိုက်ပြီး​တော့​မှ ကြိုတင်မဲကို ​ကောက်​နေတယ်။ ဥပ​ဒေအရ ဆိုလို့​ရှိရင် ကြိုတင်မဲ ​ပေး​ချင်တဲ့​လူက ​ကော်မရှင်ကို အ​ကြောင်း​ကြား​မှ ​ကော်မရှင်က​နေ ကြိုတင်မဲ ​ပေး​ချင်တဲ့​ လူရဲ့​အိမ်ကို သွား​ပြီး​တော့​ ယူရမှာ။ အခုဟာက မဟုတ်ဘဲနဲ့​ ​ကျေး​ရွာ​ကော်မရှင်က​နေပြီး​တော့​မှ တအိမ်တက် တအိမ်ဆင်း​ လိုက်ပြီး​တော့​ ကြိုတင်မဲကို လိုက်​ကောက်​နေတာဆို​တော့​ ဒါ ဥပ​ဒေနဲ့​ လုံး​ဝ မညီညွတ်ဘူး​’လို့​ပြောပါတယ်။

ဒီကိစ္စကို မြို့​နယ်​ကော်မရှင်ကို တင်ပြထား​ပေမယ့်​ အ​ရေး​ယူ ​ဆောင်ရွက်တာ မရှိဘူး​တဲ့​ အ​ကြောင်း​နဲ့​ ​ကျေး​ရွာ​ကော်မရှင် ဥက္ကဋ္ဌက ကြံ့​ခိုင်​ရေး​ပါတီရဲ့​ ဥက္ကဋ္ဌ ဖြစ်​နေတဲ့​အ​ကြောင်း​လည်း​ဒေါ်ခင်စန်း​လှိုင်က ​ပြောပါတယ်။

ရှမ်း​ပြည်နယ် က​လောမြို့​နယ်ဟာ တပ်နယ်ဆို​ပေမယ့်​ မြို့​နယ်ထဲ ကြိုတင်မဲ​ပေး​တဲ့​သူ အ​ရေအတွက် ​ပြောပ​လောက်​အောင် မရှိဘူး​လို့​ သိရပါတယ်။ မြို့​နယ်အတွင်း​ မဲ​ပေး​ပိုင်ခွင့်​ ရှိသူ​ပေါင်း​ ၉ ​သောင်း​ကျော် ရှိတဲ့​အနက် တပ်မ​တော်သား​ မဲ​ပေး​နိုင်သူ​ပေါင်း​က​တော့​ ၁ ​သောင်း​ကျော်ပဲ ရှိပြီး​တော့​ တိုင်း​ရင်း​သား​မဲက အများ​စု ဖြစ်တဲ့​အတွက် တိုင်း​ရင်း​သား​ပါတီ​တွေ အ​ခြေအ​နေ ​ကောင်း​နိုင်တယ်လို့​ ကျား​ဖြူပါတီ ကိုယ်စား​လှယ် ဦး​စပ်သာဦး​က ဒီဗွီဘီကို ​ပြောပါတယ်။
http://burmese.dvb.no/archives/23371

ပုဗ္ဗသီရိစစ်တပ်နယ်အတွင်း ဆန္ဒအလျှောက် ကိုယ်တိုင် မဲပေးခွင့်မရှိဘဲ ဦးသာဌေးအတွက် ကြိုတင်မဲရယူသွား


by Burma VJ Media Network on Friday, March 30, 2012 at 3:27am ·

ပုဗ္ဗသီရိတပ်နယ်အတွင်း ကြံ့ဖွံ့ကို ကြိုတင်မဲ ပေးပြီး


By ဇာဏီ၊ မတ်လ ၃၀ ရက်နေ့၊ ၂၀၁၂ ခုနှစ်။

ဧပြီလ ၁ ရက်နေ့မှာ ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နေပြည်တော်  ပုဗ္ဗသီရိ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးသာဌေးအတွက် မဲပေးထားသည့် ကြိုတင်မဲများကို နေပြည်တော် တိုင်းစစ်ဌာနချုပ် ပုဗ္ဗသီရိ တပ်နယ်အတွင်းရှိ တပ်ရင်းမှ စစ်သည်များ၊ ၎င်းတို့၏ မိသားစုဝင်များထံမှ မတ်လ ၂၉ ရက်နေ့က ကောက်ခံခဲ့သည်ဟု သတင်းရရှိပါသည်။

နေပြည်တော် တိုင်းစစ်ဌာနချုပ် ပုဗ္ဗသီရိ တပ်နယ်အပိုင်ဖြစ်သည့် အမှတ် ၂ မော်တော်ယာဉ်တပ်၊ အမှတ် ၉၂၈ ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ခွဲ၊ အမှတ် ၄၁၂ ခြေမြန်တပ်ရင်း၊ အမှတ် ၄၁၁ ခြေမြန်တပ်ရင်း၊ အမှတ် ၂၅၂ လျှပ်စစ်နှင့် အလုပ်ရုံ တပ်ရင်း၊ တပ်မတော် ဂုဏ်ပြုတပ်ခွဲနှင့် စစ်တီးဝိုင်းတပ်၊ အမှတ် ၁၁ တပ်မတော် တပ်ထိန်းတပ်ခွဲ၊ အမှတ် ၁၂ တပ်မတော် တပ်ထိန်းတပ်ခွဲ၊ ကာကွယ်ရေး ငွေစာရင်းရုံး (ကကငွေ)နှင့် ကာကွယ်ရေး ပစ္စည်း ဝယ်ယူမှု ညွှန်ကြားရေးမှူးရုံး (ကကဝယ်) အစရှိသည့် တပ်ရင်းများမှ စစ်သည်များ၊ ၎င်းတို့၏ မိသားစုဝင်များကို ကြိုတင်မဲစာရင်းတွင် မိမိတို့၏ ဆန္ဒအလျှောက် ကိုယ်တိုင် မဲပေးခွင့် မရှိဘဲ တပ်ရင်းအရာရှိများမှ ဖြည့်စွက်ပြီး ကြံ့ခိုင်ရေးပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသာဌေးအတွက် ကြိုတင်မဲ ပေးလိုက်သည်ဟု သိရပါသည်။

တပ်ရင်းမှ စစ်သည်မိသားစုဝင်များကို တပ်မတော်အရာရှိများမှ NLD ကို မဲ မပေးရန်နှင့် မဲ ပေးမည်ဆိုလျှင် "နင်တို့ အဖေတွေ၊ ယောက်ျားတွေ အလုပ်ပြုတ်သွားချင်လား၊ NLD က နင်တို့ကို ဘာလုပ်ပေးမှာမို့လို့လဲ" စသဖြင့် ခြိမ်းခြောက်ပြောဆိုမှုမျိုး ပြုလုပ်ခဲ့သည်ဟု ဆိုပါသည်။ နေပြည်တော် တိုင်းစစ်ဌာနချုပ် ပုဗ္ဗသီရိ တပ်နယ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် ဧပြီလ ၁ ရက်နေ့ မှာ  နံနက် ၆း၀၀ နာရီမှ ညနေ ၆း၀၀ နာရီ အထိ တပ်ပြင်ပသို့ ထွက်ခွာခွင့် ပိတ်ထားသည်ဟု သတင်းရရှိပါသည်။

တရား မျှတ၍ လွတ်လပ်သော ရွေးကောက်ပွဲ ဖြစ်လာစေရန် ဆောင်ရွက် ရမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင်ဥက္ကဌ ဦးတင်အေးက မတ်လ ၂၈ ရက်နေ့က နေပြည်တော် ကော်မရှင်ရုံးတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပေမယ့်  နေပြည်တော်ခရိုင် ပုဗ္ဗသီရိ တပ်နယ်မှ တပ်ရင်းအားလုံးက ကြံ့ခိုင်ရေးပါတီကို ကြိုတင်မဲ ပေးထားပြီး ဖြစ်ပါသည်။


ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ကို မဲပေးပါ -အနုပညာရှင်တို့ ပန်ကြား

Uploaded by BurmaVJMedia on 29 Mar 2012

ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှသည် မြန်မာ့နိုင်ငံရေး လှုပ်ရှားပြောင်းလဲမှုတွေအတွက် ကိုယ်ပေးလိုက်တဲ့ မဲတစ်ပြားမှသည် တိုင်းပြည်ရဲ့ အနာဂတ်ကို ဖန်တီးနိုင်ဖို့အတွက် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေး မမှားဖို့ အနုပညာရှင်တွေက တိုက်တွန်းလိုက်ပါသည်။

ရဲတိုက်၊ချစ်သုဝေ၊လင်းလင်း၊ကဗျာဘွဲ့မှူး၊R ဇာနည်၊သံသာဝင်း၊အနဂ္ဂ၊၊ဝေဠုကျော်၊ဆောင်းဦးလှိုင်၊မာရဇ္ဇ။

၁မှ၁၀ထိ

You may also watch here,,,,
http://www.youtube.com/playlist?list=PL4B79B9D7A2810920&feature=plcp

ပယ်မဲမဖြစ်ရေးသတိပြုရန်အချက်များ

အဂ္ဂမဟာ ဒီမိုဖက်တီး
ပုံပေါ်နှိပ်ကြည့်ပါ။







တောင်ငူNLDကိုယ်စားလှယ်လောင်းကား လေးဂွဖြင့် ပစ်ခံရ

Burma VJ Media Network
မတ်လ၂၉ရက်နေ့ ညနေပိုင်းက တောင်ငူမြို့ တွင်းမှာမဲဆွယ်ဟောပြောနေစဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကိုယ်စားလှယ်လောင်း ဦးအောင်စိုးမြင့်ရဲ့ ကားကို လေးဂွဖြင့် အပစ်ခံရသဖြင့် ကားရှေ့လေကာမှန်ကွဲသွားခဲ့ပါတယ်။









မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်း ( ၆ ) လပြည့် အထိမ်းအမှတ် ဧရာဝတီကာကွယ်သူများ တွေ့ဆုံပွဲ ။

By Ah Ba Yah
ထွန်းလွင် ဖောင်ဒေးရှင်း ။
မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်း ( ၆ ) လပြည့် အထိမ်းအမှတ်
ဧရာဝတီကာကွယ်သူများ တွေ့ဆုံပွဲ ။ ( ၃၀-၃-၂၀၁၂ )
တော်ဝင်နှင်းဆီ ( သီရိ ခန်းမ )။




မြောက်ပိုင်းခရိုင်ရဲက တိုင်ရီစက်ရုံမှ ဆန္ဒပြအလုပ်သမားများကို ရိုက်နှက်


by The Express Times on Friday, March 30, 2012 at 12:15pm ·

ယနေ့နံနက်တွင် ဆန္ဒပြမှုများ ပြန်လည်ဆင်နွှဲလာသည့် အလုပ်သမားများကို မြောက်ပိုင်းခရိုင်ရဲများက ရိုက်နှက်ဆဲဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိခဲ့သည်။

လစာတိုးပေးမည်ဟုဆိုသော်လည်း လစာတိုးပေးခြင်းမရှိသဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို ဖြိုခွင်းရာတွင် ယင်းသို့ကြမ်းကြမ်းတမ်းတမ်း ဖြိုခွင်းခဲ့ခြင်းဖြစ်ကြောင်း ဆန္ဒပြအလုပ်သမားများက ဆိုသည်။

အလုပ်သမားတွေမှာ ဆန္ဒပြဖို့ အလုပ်သမား မှတ်ပုံတင်ရှိလား၊ ဆန္ဒပြရင် ၁၀ ရက်ကြိုအကြောင်းကြားရမယ်လေ ဒါကို ဥပဒေအရ အရေးယူလို့ရတယ်။ ရိုက်နှက်တာမဟုတ်ဘူး။ ထိန်းသိမ်းတဲ့သဘောပါ“ဟု မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ်ဦးထွန်းမင်းက ပြောကြားသည်။

“နံပတ်တုပ်တွေနဲ့ ရိုက်တယ်။ ဒါတင်မကဘူး လှိုင်သာယာရဲစခန်း ဒုရဲအုပ် ၀င်းအောင်က အမျိုးသမီးအလုပ်သမားတွေကို ငါနဲ့ကိုင်ပြီး ဆဲရေးတိုင်းထွာမှုတွေလုပ်ခဲ့တယ်။ အရင်တစ်ခါကထက် အခြေအနေပိုဆိုးတယ်”ဟု အမျိုးသမီးအလုပ်သမားတစ်ဦးက ရင်ဖွင့်သည်။

အလုပ်သမားများကို ရိုက်နှက်ခြင်း၊ ဆဲရေးတိုင်းထွာခြင်းများကို အလုပ်သမားဝန်ကြီးဌာနနှင့် အမျိုးသမီးရေးရာသို့ တရားဝင်တိုင်ကြားမည်ဖြစ်ပြီး သက်ဆိုင်ရာဌာနများအနေဖြင့် ကူညီဆောင်ရွက်ပေးစေလိုသော်လည်း လက်တလောအခြေအနေမှာ မိမိတို့ဘက်တွင် မည်သူမှမရှိကြောင်း အလုပ်သမားတစ်ဦးက ဆိုသည်။

photo by The Voice Weekly

စွမ်းအားရှင်









တိုင်ရီအလုပ်သမားများ လုံခြုံရေးရဲများ၏ အကြမ်းဖက်ခံရ

by Yangon Press International on Friday, March 30, 2012 at 12:05pm ·
မတ်လ ၃၀၊ ၂၀၁၂ ခုနှစ် ၊  (YPI)

လုပ်ခလစာတိုးမြှင့်ပေးရေးနှင့်ပတ်သက်၍ လွန်ခဲ့သည့် နှစ်လခန့်မှစတင်ဆန္ဒပြခဲ့သော လှိုင်သာယာမြို့နယ် တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများသည် ယနေ့နံနက်တွင် ရန်ကုန်တိုင်းဒေသကြီး ၀ါဏိဇ္ဇရုံးသို့ သွားရောက်ရန် ပြင်ဆင်နေချိန်တွင် လုံခြုံရေးရဲများမှ အကြမ်းဖက်တားဆီးခဲ့ကြောင်း ယင်းအလုပ်သမားများနှင့်  မျက်မြင်သက်သေများက ပြောသည်။

ယင်းသို့  အကြမ်းဖက်ရိုက်နှက်မှုကြောင့် တိုင်ရီဖိနပ်စက်ရုံမှ အမျိုးသမီးအလုပ်သမား ငါးဦး ဦးခေါင်းပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပြီး အခြား အလုပ်သမားများလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု  တိုင်ရီစက်ရုံမှ အလုပ်သမားများက ပြောသည်။

တိုင်ရီ ဖိနပ်စက်ရုံ လုပ်သားများ ဆန္ဒပြနေသည်ကို ယခင်သီတင်းပတ် က ယခုကဲ့သို့ တွေ့မြင်ရသည်။

အလုပ်သမားတစ်ဦးဖြစ်သည့် မယဉ်ယဉ်ထိုက်က “ ကိုယ့်မြန်မာအချင်းချင်း ဆက်ဆံသလိုမဟုတ်ဘူး။ ဂျပန်ခေတ်က ဖက်ဆစ်ပုလိပ်တွေလိုပဲ ကျွန်မတို့ကို ၀င်ရိုက်တာ။ ဒီကိစ္စကို သမ္မတကြီး ဦးသိန်းစိန်သိအောင် ပြောချင်တယ်” ဟု YPI သို့ ပြောသည်။

ထိုသို့ ရိုက်နှက်ခြင်းခံရသဖြင့် ဒဏ်ရာရရှိသူများအား ဆေးလိမ်းပေးရန်အတွက် ဆေးဝယ်ယူရာတွင်လည်း ဆေးရောင်းသည့်ဆိုင်အား မရောင်းပေးရန် ရဲများက ဟန့်တားထားခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

ယခုလို အကြမ်းဖက်မှု အပေါ် အလုပ်သမားတစ်ဦးဖြစ်သည့် မဌေးဌေးနိုင်က “အခုအတိုင်းဆို ကူညီပါရစေ ဆိုင်းဘုတ်အစား အကြမ်းဖက်ပါရစေဆိုပြီး ပြောင်းတပ်သင့်နေပြီ” ဟု ဆိုသည်။

လုံခြုံရေးရဲများမှ အကြမ်းဖက်ရိုက်နှက်ချိန်တွင် တိုင်ရီအလုပ်သမားများဘက်မှလည်း ရေသန့်ဘူးလွတ်များ၊ ဖိနပ်များဖြင့် ပြန်လည် ပစ်ပေါက်ခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောသည်။

တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများသည် လုပ်ခလစာတိုးမြှင့်ပေးရန်အတွက် လွန်ခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်နေ့တွင် စတင်ဆန္ဒပြခဲ့ပြီး ယင်းတို့၏ ပြသနာအား ဖြေရှင်းပေးရန် လှိုင်သာယာမြို့နယ် ၀ါဏိဇ္ဇခုံရုံးသို့ တိုင်ကြားခဲ့သည်။ သို့သော် ယင်းခုံရုံး၏ ဆုံးဖြတ်ချက်ကို  မကျေနပ်သဖြင့် မတ်လ ၁၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ၀ါဏိဇ္ဇခုံရုံးသို့ အယူခံဝင်ခဲ့သည်။

ထိုသို့ အယူခံဝင်ခြင်းအား တိုင်းဝါဏိဇ္ဇခုံရုံးမှ ဆုံးဖြတ်ပေးရန် ပျက်ကွက်သဖြင့်ယနေ့တွင် ထိုရုံးသို့ အလုပ်သမားများကိုယ်တိုင် သွားရောက်မေးမြန်းရန်ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

တိုင်ရီအလုပ်သမားများအား အကြမ်းဖက်တားမြစ်ခဲ့သော လုံခြုံရေးရဲများသည် ရိုက်နှက်ပြီး ခဏအကြာတွင် အလုပ်သမားများအနီးမှ တဖြည်းဖြည်းချင်း ဆုတ်ခွာသွားခဲ့ကြောင်း အလုပ်သမားများကပြောသည်။

ထိုလုံခြုံရေးရဲများမှာ မည်သည့် တပ်ရင်းမှ ဖြစ်ကြောင်းကိုမူ မသိရှိကြောင်း အလုပ်သမားများနှင့် မျက်မြင်သက်သေများကပြောသည်။

တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမား ဆန္ဒပြမှုသည် ယခုနှစ်များအတွင်း ရက်အကြာရှည်ဆုံး ဆန္ဒပြမှု တစ်ခုဖြစ်ကာ အသစ်ပြဋ္ဌာန်းလိုက်သည့် အလုပ်သမား အသင်းအဖွဲ့ဖွဲ့စည်းခွင့် ဥပဒေအရလည်း တိုင်ရီ ဖိနပ်စက်ရုံမှ အလုပ်သမားများစုစည်း၍ အလုပ်သမား သမဂ္ဂကို ပထမဆုံး ဖွဲ့စည်းခဲ့သည်။         ။

 
အလုပ်သမ တဦးရဲ့ လစာဖြတ်ပိုင်း၊ တလမှာ အလုပ်ချိန် နာရီ ၂၇၀ လုပ်တယ်ဆိုတော့ တရက်ကို ၁၀ နာရီ တပတ် ၁ ရက်နား ပြီး လုပ်ရတဲ့ အဓိပ္ပါယ် သက်ရောက်ပါတယ်။ အဲဒီလိုလုပ်ရတဲ့ အတွက် လက်ဝယ်ရတဲ့ငွေက ၅ သောင်း ၄ ထောင်ပါ။

Win Cho
မလိမ်နဲ့ ။ အဖြစ်မှန်က မရမ်းကုန်း ၀ါဏ္ဍိဇ္စ ရုံးကို လမ်းလျှောက်သွားဘို့  စီစဉ်နေတာ “ကုလားကြီး” လို့  အချင်းချင်း ခေါ်တဲ့  ရဲတစ်ယောက် က ကလေးမလေး တွေကိုဆဲ တယ်။ အလုပ်သမလေးတွေက သမ္မတကြီး လက်မှတ်ထိုးထားပြီးသား ဥပဒေ ကိုယုံပြီး ဆဲ တဲ့ သူကို ကက်ကက်လန် ရန်တွေ့ တယ်။ အဲဒီမှာဝင်ရိုက်တော့ တာပါဘဲ။“စုဝေလှိုင်ဆိုတဲ့  ကလေးမ က “ခေါင်း”ထိတယ်။ နွယ်နွယ်စိုး က ရိုက်ခံထားရတာ လက်မှာအညိုအမဲတွေ စွဲတယ်။ ခိုင်သဇင် ကတော့  လက်တွေနဲ့ ကျောတွေနဲ့  မှာ ဒဏ်ရာတွေ။ ထောင် တစ်နှစ်နဲ့  ငွေဒဏ် သုံးသောင်း က လူလို ဆက်ဆံတာ။ အရေးမကြီးဘူး။ အခုလို ရိုက်နှက်ပြီးတော့ မှ တနာရီ ငွေ နှစ်ဆယ် တိုးပေးရင် လုံလောက်ပြီလား။ ကျနော်ကတော့  မကျေနပ်ပါဘူး။ အဓိက အချက် က သတင်းမှောင်ချတယ်။ နောက်ပြီးတော့  လိမ်တယ်။ ရိုက်နှက်သူတွေကို အရေးမယူ ရင် ခင်ဗျားတို့  ကျနော့် ကို အရေးယူဘို့  ပုဒ်မ ရှာထားပါ။ ကျနော် ဦးဝင်းချိုပါ။

- မတ်လ ၂၉ ရက်နေ့နှင့် ယနေ့ ၃၀ ရက်နေ့မှာ အလုပ်သမားပေါင်း (၁၃၁၁) ဦး ဆန္ဒပြကြတယ်။
- အလုပ်သမား (၅) ဦး လုံထိန်းရိုက်တာ ခံရတယ်။
- ယနေ့ညနေမှာတော့ အယူခံရုံးမှာ အလုပ်သမားတွေ တောင်းထားတဲ့အတိုင်း ခွင့်ပြုလိုက်တယ်။
- သူဌေးက (၁) နာရီလုပ်ခ (၁၂၀) ကျပ်၊ ရက်မှန်ကြေး (၇၀၀၀) ကျပ် နှင့် အချိန်ပိုဆင်းရက် (၁၈) ရက် သတ်မှတ်ပေးလိုက်တယ်။
- အလုပ်သမားတွေအားလုံး ပျော်နေကြပြီ။
- နည်းပါးတဲ့ လုပ်ခလစာဖြစ်ပေမယ့် နည်းနည်းချင်းစီလောက်ပဲ တိုးမြှင့်ရရှိတယ်။
- အလုပ်သမားဝန်ကြီးဌာနက ဥပဒေလက်တစ်လုံးခြားလုပ်တာ သိချင်ရင် ဆက်သွယ်ပါ။

ဦးဖိုးဖြူ
ဥပဒေအတိုင်ပင်ခံ
ဖုန်း - ၀၉-၇၃၀၀၀၄၄၁၊ ၃၈၉၂၉၆

“အလုပ်သမားတွေ အားလုံး ပျော်နေကြတာလား။ ကြောက်ကုန်ကြတာလားသိချင်ရင် ကျနော် အလုပ်သမားတွေဆီကို လိုက်ပို့ ပေးပါမယ်။”ကျနော့် ကိုဆက်သွယ်ပါ။ ဦးဝင်းချို ၀၉-၇၃၂၀၆၈၃၈ ။ ၀၁-၃၉၃၁၅၅ လိုင်းခွဲ ၂၆၄

ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်း ပြည်ပ မီဒီယာသမား ၃၃၈ ဦးကို ဖိတ်ကြား၍သတင်းစာရှင်းလင်းပွဲ ပြုလုပ်

The Voice Weekly
ပြည်တွင်း ပြည်ပ နိုင်ငံရေး လေ့လာသူများ စိတ်ဝင်စားမှုမြင့်မားနေသော ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် တစ်ရက်အလိုတွင် အမျိုးသာ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်း ပြည်ပ မီဒီယာသမား ၃၃၈ ဦးကို ဖိတ်ကြား၍ မြန်မာ့နိုင်ငံရေး အခြေအနေပေါ် ၎င်း၏ အမြင်ကို ရှင်းလင်း ပြောကြားသည့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့စဉ်။








သောကြာ, 30 မတ် 2012
ရွေးကောက်ပွဲအကြိုအခြေအနေ လက်ခံနိုင်ဖွယ် မရှိ

By ကိုကျော်ကျော်သိန်း

အီးမေးလ်
ပုံနှိပ်ရန်

သောကြာနေ့သတင်းစာရှင်းလင်းပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သတင်းထောက်များ (၀၃-၃၀-၁၂)

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့်ရက် မတိုင်ခင် ဖြစ်နေခဲ့တဲ့အခြေအနေတွေဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတခု ဖြစ်ဖို့အတွက် လက်ခံနိုင်တဲ့ အခြေအနေတွေ မဟုတ်ပါဘူးလို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ စည်းကမ်း နည်းလမ်းမကျတာတွေ၊ တရားမ၀င်လုပ်ရပ်တွေနဲ့ပတ်သက်ပြီး အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်တို့က လုပ်သင့်သလောက် တင်းတင်းကျပ်ကျပ် မလုပ်တာကလည်း စိတ်မကောင်းစရာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ မသမာမှုတွေ၊ ကိုယ်ထိလက်ရောက် တိုက်ခိုက်ဖို့ ကြိုးစားတာတွေ စတဲ့ ရွေးကောက်ပွဲမတိုင်ခင် ဖြစ်ပျက်နေခဲ့တဲ့ အခြေအနေအရပ်ရပ်တွေ အပါအ၀င် နိုင်ငံတကာက လေ့လာစောင့်ကြည့်သူတွေရဲ့ အခန်းကဏ္ဍ၊ သူ့ရဲ့ကျန်းမာရေး၊ လုံခြုံရေးစသဖြင့် အကြောင်းအရာမျိုးစုံကို မတ်လ ၃၀ ရက်နေ့ မနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝန်းအတွင်း ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင်က အကျယ်တ၀င့် ပြောဆိုဖြေကြားခဲ့တာပါ။

မတ်လ ၂၉ ရက်နေ့က တောင်ငူမြို့မှာ NLD ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းကို လေးခွထဲ ကွမ်းသီးလုံးထည့်ပြီး ပစ်ခတ်တာ ခံရတဲ့ဖြစ်ရပ်နဲ့ တခြား ဖြစ်ရပ်တချို့ကို နမူနာပြပြီးတော့ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ဖြစ်ပျက်နေခဲ့တာတွေဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲဖြစ်ဖို့ ထိခိုက်စေတယ် ဆိုတဲ့သဘော ပြောဆိုခဲ့ပါတယ်။

“ဒီတိုင်းပြည်မှာ ဖြစ်ပျက်နေခဲ့တာတွေဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတခုအတွက် လက်ခံနိုင်ဖွယ်ရာ အခြေအနေထက် ကျော်လွန်နေပါတယ်။ ကျမတို့ကတော့ ရှေ့ဆက် လျှောက်ဖို့ သန္နိဋ္ဌာန် ချထားပြီးသားပါ၊ ဘာ့ကြောင့်လဲဆိုတော့ ဒါဟာ လူထုရဲ့လိုလားချက်ဖြစ်တယ်လို့ ကျမတို့ ယူဆလို့ပါပဲ” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

အတိုက်ခိုက်ခံရတဲ့ တောင်ငူက လွှတ်တော် ကိုယ်စားလှယ်လောင်းဟာ ထိခိုက်ဒဏ်ရာမရခဲ့ဘဲ သူ့ရဲ့ကားကိုပဲ မှန်သွားခဲ့ပါတယ်။

ကချင်ပြည်နယ်က မဲဆန္ဒနယ်သုံးခုမှာ ရွေးကောက်ပွဲတွေမလုပ်ဘဲ ရွှေ့ဆိုင်းခဲ့တာနဲ့ပတ်သက်ပြီး NLD က ရွေးကောက်ပွဲ ကော်မရှင်ကို မေးခွန်းထုတ်ခဲ့ပါတယ်၊ ဘာကြောင့်လဲဆိုတော့ အဲဒီဒေသတွေမှာ လုံခြုံရေးဆိုင်ရာ ပြဿနာတခုခု ရှိတယ်လို့ မိမိတို့က မယူဆလို့ပါပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတကာက လေ့လာစောင့်ကြည့်သူတွေ တက်ရောက်နားထောင်ခဲ့ပြီး သူတို့အနေနဲ့ ရွေးကောက်ပွဲ မတိုင်ခင် ဖြစ်ပျက်နေတာတွေကိုလည်း ထည့်သွင်း စဉ်းစားလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

“ရွေးကောက်ပွဲရဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုတို့ဟာ ရွေးကောက်ပွဲနေ့တရက်ထဲအပေါ်မှာပဲ မူတည်မနေဘဲ ရွေးကောက်ပွဲရက်မတိုင်ခင် ဖြစ်ပျက်တာတွေပေါ်မှာလည်း မူတည်နေတယ်ဆိုတဲ့အချက်ကို လေ့လာသူတွေ ထည့်သွင်း စဉ်းစားလိမ့်မယ်လို့ မျှော်လင့် ကြောင်း၊ ပြီးခဲ့တဲ့ နှစ်လအတွင်း ဘာတွေဖြစ်ပျက်ခဲ့တာဆိုတာကို လေ့လာသူတွေအနေနဲ့ ဖြစ်နိုင်ခြေရှိသမျှ လေ့လာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါကြောင်း” ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အဲဒီလိုဖြစ်ပျက်နေတာတွေအပေါ်မှာ အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်က လုပ်သင့်သလောက် တင်းတင်းကျပ်ကျပ် မလုပ်ခဲ့တာဟာလည်း ၀မ်းနည်းစရာကောင်းတဲ့အချက် ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ဒီအချက်ကြောင့်တော့ လုပ်နေတာကနေ သွေဖြည်သွားမှာ မဟုတ်ဘူး ဆိုတဲ့သဘော ပြောဆိုခဲ့ပါတယ်။

“ကျမတို့ အမြဲတမ်း ရည်ရွယ်ထားတဲ့အတိုင်း အမျိုးသား ပြန်လည်သင့်မြတ်ရေးရဖို့အတွက် ကျမတို့ လုပ်ဆောင်သွားမှာပါ။ အခုရွေးကောက်ပွဲတွေဟာ အဲဒီလမ်းကြောင်းမှာ နောက်ထပ် အဆင့်တခု လှမ်းလိုက်တာပဲဖြစ်မယ်လို့ ကျမတို့မျှော်လင့်ပါတယ်။” –

ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်တွင်းပြည်ပသတင်းထောက်တွေ မေးမြန်းသမျှ အကြောင်းအရာပေါင်းစုံကို တနာရီခွဲကျော်ကြာ ဖြေဆိုခဲ့ပါတယ်။ ဒါဟာဖြင့် မြိတ်ဒေသဘက်ခရီးစဉ်မှာ မကျန်းမမာဖြစ်လို့ ပြန်လာခဲ့ရပြီး ၆ ရက်နီးပါးကြာ အနားယူခဲ့ပြီးတဲ့နောက် လူထုမြင်ကွင်း ပထမဆုံး ပြန်ထွက်လာတာလည်း ဖြစ်ပါတယ်။

မတ်လ ၃၁ ရက်နေ့ညမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့မှာ ညသွားအိပ်မှာဖြစ်ပြီး ဧပြီလ ၁ ရက် ရွေးကောက်ပွဲနေ့မှာ တော့ ကော့မှူးမြို့က မဲရုံတချို့ဆီ လှည့်လည် ကြည့်ရှုမှာဖြစ်ပါတယ်ခင်ဗျား။
voanews.com

Uploaded by BurmaVJMedia on 30 Mar 2012
ဧပြီလ ၁ ရက်နေ့မှာ ကျင်းပတော့မယ့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွှေဂုံတိုင်ရုံးချုပ်မှာ ကြားဖြတ်ရွေးကောက်ပွဲကို လာရောက် သတင်းရယူနေတဲ့ နိုင်ငံတကာ သတင်းမီဒီယာတွေနဲ့ ပြည်တွင်းမှာ အခြေစိုက်ဖို့ ကြိုးစားနေတဲ့ ပြည်ပအခြေစိုက် မြန်မာသတင်းဌာနတွေက သတင်းထောက်တွေလဲ သတင်း ဝင်ရောက် ရယူနေတာကို တွေ့ရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူမှုရေး၊ ပညာရေးနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ရန်ပုံငွေ အဖြစ် အသုံးပြုဖို့ ရန်ပုံငွေ ပစ္စည်းရောင်းချမှုတွေနဲ့လဲ စည်ကားနေတာ ဖြစ်ပါတယ်။ ရွှေဂုံတိုင်ရုံးချုပ်မှာ အယင်တုန်းက စစ်ထောက်လှမ်းရေးတွေရဲ့ စောင့်ကြည့်နေမှုတွေကြားက ဝင်ထွက်သွားလာနေရတဲ့ အခြေအနေကနေ အခုဆိုရင်တော့ ပြည်တွင်း ပြည်ပ ဧည့်သည်တွေ၊ သတင်းထောက်တွေနဲ့ နိုင်ငံရေးသမားတွေ နေ့စဉ် စည်ကားနေပြီ ဖြစ်ပါတယ်။

အများသိစေရန် (လေးဖြူ)




အဂ္ဂမဟာ ဒီမိုဖက်တီး

ပြင်ဦးလွင်၊စစ်ကိုင်း၊ပုလဲ၊မအူပင်အန်အယ်ဒီအောင်နိုင်ရေးအနုပညာရှင်များဖော်ဖြေပွဲ

Uploaded by BurmaVJMedia on 30 Mar 2012
နာမည်ကြီး အနုပညာရှင်တွေ ပြင်ဦးလွင်မှာ အန်အယ်ဒီ အတွက် မဲဆွယ်
ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် နာမည်ကြီးအနုပညာရှင်တွေ စုပေါင်းပြီး သူတို့ရဲ့အနုပညာနဲ့ ပြင်ဦးလွင်မြို့နယ်က ပြည်သူလူထုကို ဖျော်ဖြေရင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွက် မဲဆွယ်စည်းရုံးရေး ပြုလုပ်သွားခဲ့ပါတယ်။ ပြင်ဦးလွင်မြို့နယ်မှာ ၀င်ရောက် ယှဉ်ပြိုင် အရွေးခံမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးကျော်သီဟကို ဒေသခံတွေ မဲထည့်ပေးကြဖို့ သူတို့က တိုက်တွန်းခဲ့ကြပါတယ်။ ပရိသတ် ၂၀၀၀၀ သောင်းကျော် တက်ရောက်လာတဲ ဒီပွဲမှာ ဒါရိုက်တာဝိုင်း ၊ လူမင်း ၊ ဝေဠုကျော် ၊ ရဲတိုက် ၊ ထွန်းအိန္ဒြာဗိုလ် ၊ ချစ်သုဝေ တို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးကြဖို့ ရိုက်ကူးထုတ်လွှင့်ထားတဲ့ ဒီလိုလေးခြစ်တက်ရင်ရပြီ ဆိုတဲ့ ပြဇတ်ကို ခင်းကျင်းပြသခဲ့သလို ဆောင်းဦးလှိုင် ၊ မာရဇ္ဇ ၊ အာဇာနည် ၊ အနဂ္ဂ ၊ လင်းလင်း ၊ သံသာဝင်း ၊ ကဗျာဘွဲ့မှူး စတဲ့နာမည်ကြီးအဆိုတော်တွေကလည်း သူတို့ရဲ့သံစဉ်တွေနဲ့ သီဆိုဖျော်ဖြေ သွားခဲ့ ကြတာပါ။


မီးမီးခဲနှင့်သံသာဝင်းဖေ့စ်ဘွတ်မှ.....