Saturday, March 31, 2012

ဧပြီ၁မနက်ပိုင်းမဲပေးမှုအခြေအနေ(၃)

DVB TV News
မနက် ၈ နာရီ - မရမ်းကုန်းမြို့ နယ်မှ DVBသတင်းထောက် သတင်းပေးပို့ ချက်

DVB TV News
မနက် ၉ နာရီ - နေပြည်တော်မှ DVBသတင်းထောက် သတင်းပေးပို့ ချက်

Eleven Media Group
about a minute ago
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်ကို ကြားဖြတ်ရွေးကောက်ပွဲကျင်းပသည့် ဧပြီလ ၁ ရက် (ယနေ့) နံနက်ပိုင်းက တွေ့ရစဉ်


Zaw Win
‎အဖွဲ့ချုပ် ခွပ်ဒေါင်း အမှတ်အသားနေရာမှာ ဖယောင်းသုတ်ထားမှုများ တပြည်လုံး အတိုင်းအတာမှာ ဖြစ်ပေါ်နေကြောင်း ရွေးကောက်ပွဲ အောင်နိုင်ရေး မန်နေဂျာ ရှေ့နေကြီးဦးဥာဏ်ဝင်း မှပြောဆိုသွားပြီး မကြာခင် ရွေးကောက်ပွဲ ကော်မရှင်အား ဖက်စ်ဖြင့်ပေးပို့ကာ အများသိရှိနိုင်ရန် ကြေငြာချက် ထုတ်ပြန်မည်ဖြစ်ကြောင်း ပြောဆိုသွားပါတယ်..။
2 minutes ago

Kyaw Win Khine

ကော့မှူးမြို့နယ် ငှက်အော်စမ်းကျေးရွာ မဲရုံအမှတ် ( ၁ ) သို့ လာရောက်ကြည့်ရှုသော ဒေါ်အောင်ဆန်းစုကြည်
Photo Messenger News Royaltower Journal

U Min Minposted toLabor Movements in Myanmar (တိုင်ရီ)
‎8:50 am
စစ်ကိုင်းတိုင်း လင်းကင်းမြို့နယ် တောင်ကွင်းဒေသ ၀ါးရဲရွာတွင် ကြံခိုင်ဖွံ့ဖြိုးရေး ပါတီဝင်များသည် မဲရုံအတွင်းသို့ ယူနီဖောင်းများဝတ်ဆင်ပြီး ၀င်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်နေပါသည် ။
NLD မဲရုံကိုယ်စားလှယ်မှ မဲရုံမှုးအားပြောကြားရာ တစ်ခုမှ အရေးတယူဆောင်ရွက်ပေးခြင်းမရှိကြောင်းနှင့် ကြိုတင်မဲများမှာလည်း မနက် ၇ နာရီခွဲမှ ရောက်ရှိလာပြီး NLD မဲရုံကိုယ်စားလှယ်မှ မဲစာရင်းအရေအတွက်အားတောင်းယူရာ မရရှိပါဟု NLD ဗဟိုအောင်နိုင်ရေးအဖွဲ့မှ ပြောကြားသည် ။

4 minutes ago ·
U Min Minposted toNational League for Democracy ( NLD ) အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
‎8:50 am
စစ်ကိုင်းတိုင်း လင်းကင်းမြို့နယ် တောင်ကွင်းဒေသ ၀ါးရဲရွာတွင် ကြံခိုင်ဖွံ့ဖြိုးရေး ပါတီဝင်များသည် မဲရုံအတွင်းသို့ ယူနီဖောင်းများဝတ်ဆင်ပြီး ၀င်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်နေပါသည် ။
NLD မဲရုံကိုယ်စားလှယ်မှ မဲရုံမှုးအားပြောကြားရာ တစ်ခုမှ အရေးတယူဆောင်ရွက်ပေးခြင်းမရှိကြောင်းနှင့် ကြိုတင်မဲများမှာလည်း မနက် ၇ နာရီခွဲမှ ရောက်ရှိလာပြီး NLD မဲရုံကိုယ်စားလှယ်မှ မဲစာရင်းအရေအတွက်အားတောင်းယူရာ မရရှိပါဟု NLD ဗဟိုအောင်နိုင်ရေးအဖွဲ့မှ ပြောကြားသည် ။

4 minutes ago ·
Yangon Media Group
မရမ်းကုန်း မဆန္ဒနယ်တွင် ဝင်ရောက်ရွေးချယ်ခံနေသော အမျိုးသား ဒီမိုကရေစီပါတီသစ် NLDP ကိုယ်စားလှယ်လောင်း ဦးရဲမင်းသိန်း(ခ) ဟစ်ဟော့ အဆိုတော် ရသ သည် မရမ်းကုန်းမြို့နယ်တွင်ရှိသော မဲရုံ ၁၀ ရုံကို ဝင်ရောက်လေ့လာသည့် အချိန်တွင်
မဲရုံအများစုက ဝင်ရောက်လေ့လာခွင့်ပြုသော်လည်း မဲရုံ(၇) ကို ဝင်ရောက်ခွင့်မပြုကြောင်း သိရသည်။ ‘‘ပုံစံ ၁၇ လည်းပါတယ်၊ မဲရုံအများ စုကို ဝင်ခွင့်ပေးပေမယ့် မဲရုံ (၇)ကို ကြတော့ မဲရုံ ပရဝဏ် ထဲကိုပဲ ဝင်ခွင့်ပြုပြီး မဲရုံထဲကို ဝင်ခွင့်မပေးဘူး’’ ဟု သတင်းထောက်များကို ပြောကြားသည်။

9 minutes ago ·
7Day News Journal
ပုသိမ်မြို့နယ်၊ ပန်းတင်ကုန်းရပ်ကွက် အမှတ်(၅)နယ်မြေ မဲရုံအမှတ်(၂)တွင် မဲပေးခွင့်ရှိသူ ၂၈၁၉ ဦးရှိသည့်အနက် မဲလာရောက်ပေးသူ ၅၀၀ ဦးခန့်မှာ မဲပေးခွင့်မရှိဘဲ မဲစလစ်ပြားများ အသိမ်းခံရကြောင်းသိရသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ တာဝန်ရှိသူများအား မေးမြန်းရာ ဘာမှမလုပ်ပေးနိုင်ဟုပြောကြားပြီး၊ ပုသိမ် NLD တာဝန်ရှိသူများက မြို့နယ် ကော်မရှင်သို့ အကြောင်းကြားထားကြောင်းသိရသည်။

Layeik Cho
ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နှင့် ဇနီးဒေါ်ခင်ဝင်းရွှေနှင့် သားဖြစ်သူ ကိုဇော်နိုင်ဦးတို့ လာရောက်မဲပေးခဲ့ကြသည်။ မဲပေးခြင်းနှင့်ပတ်သက်၍ ဦးခင်ညွန့်အားမေးမြန်းရာ အများဆန္ဒနဲ့ထပ်တူ မဲပေးခဲ့ပါကြောင်း ပြန်လည်ဖြေကြားပြီး ပါတီနိုင်ငံရေးမလုပ်၊ အမျိုးသားနိုင်ငံရေးသာလုပ်မည်ဖြစ်ကြောင်း

The Voice Weekly
မိတ္ထီလာမြို့နယ်ရှိ ကြားဖြတ်ရွေးကောက်ပွဲဝင် မဲဆန္ဒနယ်များတွင် ကြိုတင်မဲ ပေးသူ နည်းပါးသည်ကို တွေ့ရကြောင်း၊ ယနေ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနေချိန်၌ မြို့တွင်းနှင့် မဲရုံများအနီး ပတ်ဝန်းကျင် နေရာအချို့၌ NLD ပါတီဝင်များ အလံလွှင့်ထူလျက် သွားလာ လှုပ်ရှားနေသည်ကို တွေ့မြင်ရသော်လည်း USDP ပါတီ၏ လှုပ်ရှားမှုကိုမူ မတွေ့မြင်ရ သေးကြောင်း အဆိုပါမြို့သို့ ရောက်ရှိ သတင်းရယူနေသည့် The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။


4 minutes ago ·
Yangon Media Group
နေပြည်တော် မြို့တော်ဝန် သမ္မတရုံး ဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းညွန့် မီဒီယာများကို မဲရုံနှင့် ကိုက် ၅၀၀ အပြင် သို့ မောင်းထုတ်
နေပြည်တော် မြို့တော်ဝန် သမ္မတရုံး ဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းညွန့် က ယနေ့ နံနက် ၈ နာရီ ၁၅ ခန့်တွင် ဇဗ္မူသီရိ မြို့နယ် ၊မဲရုံ အမှတ် ၁ / ၂ သို့ရောက်ရှိလာပြီး မီဒီယာများအား ကိုက် ၅၀၀ အပြင်သို့မောင်းထုတ်ခဲ့ကြောင်း သိရသည်။
ယင်း မောင်းထုတ်ခံခဲ့ရသော မီဒီယာများတွင် MRTV နှင့် MRTV-4 တို့ပါဝင်ခဲ့ကြောင်း သိရသည်။
2 minutes ago ·

Nay Oo-People
လှည်းကူး လုံးဝအခြေအနေကောင်း။ NLD is more than ok!! ပြည်သူများ ပျော်ရွှင်စွာမဲပေးနေကြ။ Congratulation!!!
2 minutes ago ·

Nay Oo-People
Good news!!တောင်ဒဂုံ လုံးဝအခြေအနေကောင်း။ NLD is more than ok!! ကျနော့်အမကြီးနှင့် သူ့အမျိုးသား ပျော်ရွှင်စွာမဲပေးခဲ့။ Congratulation!!!
5 minutes ago ·


The Myanmar Times
တောင်ငူခရိုင်၊ ရပ်ကွက် ၂ဝ၊ နယ်မြေ ၁၃ မဲရုံရှေ့တွင် မဲစာရင်းတွင်မပါသဖြင့် မဲပေးခွင့် မရသူ ၃ဝ ခန့်လာရောက်စုဝေးနေကြသည်။ အဆိုပါနယ်မြေတွင် နေထိုင်သူများ၏ သုံးပုံ နှစ်ပုံခန့်မှာ မဲပေးနိုင်သူများစာရင်းတွင် ပါဝင်မလာ ခဲ့ဟုဆိုသည်။ ၄င်းတို့က ၂၀၁၀ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရရှိခဲ့ကြသော် လည်း ယခုရွေးကောက်ပွဲအတွက် မဲစာရင်းတွင် မပါလာကြခြင်းဖြစ်သည်။

Yangon Press International
ဒေါ်အောင်ဆန်းစုကြည် နတ်စင်ကုန်း မဲရုံသို့ဝင်ကြည့်ပြီး ရန်ကုန်သို့ ပြန်မည်

နံနက် ၉ နာရီခွဲ ၊ ဧပြီ ၁ ရက်၊ ၂၀၁၂ ၊ YPI

ဒေါ်အောင်ဆန်းစုကြည်သည် ငှက်အော်စမ်းမှ ကော့မှူးသို့ရောက်ရှိလာပြီး မကြာမီအချိန်ပိုင်းတွင် နတ်စင်ကုန်း မဲရုံကိုကြည့်ရှုပြီးနောက် ရန်ကုန်သို့ တန်းပြန်တော့မည်ဟု ကော့မှူးမှ သတင်းထောက်က သတင်းပေးပို့သည်။

2 minutes ago ·
The Voice Weekly
မန္တလေးတိုင်း ဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်ရှိ ပြည်တော်သာ မဲရုံတွင် မဲစာရင်းတွင် မပါဝင်သူနှင့် မဲစာရင်းတွင် ပါဝင်သော်လည်း မဲပေးခွင့်မရသူ ၁၀၀ ဦးခန့် ရှိနေကြောင်း၊ ၎င်းတို့၌ အချို့မှာ မဲစာရင်းတွင် မပါဝင်သူများ ဖြစ်ပြီး အချို့မှာ မဲစာရင်းတွင် အမည်ပေါက် ပါဝင်သော်လည်း ဖခင်အမည် လွဲမှားနေခြင်းကြောင့် မဲပေးခွင့် မရရှိသူများ ဖြစ်ကြောင်း သိရသည်။

6 minutes ago ·
Yangon Media Group
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ဇဗ္မူသီရိ မြို့နယ် မဲရုံ အမှတ် ၁ / ၂ တွင် မဲပေးမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါမဲဆန္ဒနယ်တွင် နိုင်ငံတော် သမ္မတ အပါအဝင် အစိုးရခေါင်းဆောင် အများအပြားက မဲထည့်ကြမည် ဖြစ်ပြီး
ယခုအချိန်ထိ နိုင်ငံတော်သမ္မမရောက်ရှိသေးပေ။

9 minutes ago ·
7Day News Journal
မန္တလေးမြို့ ရဲမွန်သောင်ရပ်ကွက် မဲရုံအမှတ် (၂)တွင် မဲဆန္ဒရှင် အမည်များ မဲစာရင်းတွင် မပါဝင်သောအဖြစ်အပျက်များရှိကြောင်းသိရသည်။ ၂၀၁၀ ခုနှစ်တွင်လည်း မဲပေးခဲ့သော မဲဆန္ဒရှင်များ၏ စာရင်းများကောက်ယူခဲ့ပြီး စာရင်းတွင် ပါဝင်သည်ဟု သက်ဆိုင်ရာလူကြီးက ပြောသည်ဟုဆိုသည်။ အမျိုးသမီးတစ်ဦးဆိုလျှင် ရန်ကုန်မှ လေယာဉ်စီးလာ၍ မဲလာပေးမည့် ယောက်ျားဖြစ်သူကို မည်သို့ရှင်းပြရမည်မသိဘဲ မျက်ရည်လည်နေပြီဖြစ်ကြောင်း 7Day News သတင်းထောက်မှ သတင်းပေးပို့ထား သည်။ ယင်းကိစ္စကို ခရိုင်ကော်မရှင်တာဝန်ရှိသူများက ရှင်းလင်းပြောကြားနေပြီး မဲစာရင်းတွင် မပါဝင်သူများ မဲပေးခွင့်ရ၊ မရမသေချာသေးကြောင်းသိရသည်။ အချို့အလုပ်သမားမဲဆန္ဒရှင်များကလည်း နာမည်ရှာမတွေ့ခြင်းအား စောင့်ဆိုင်းမနေတော့ဘဲ အလုပ်ခွင်သို့ သွားရောက်နေကြပြီဖြစ်သည်။

Shwe Myitmakha Media Group
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ၉၄ရပ်ကွက်၊ အထက ၂ ကျောင်းဝင်းအတွင်းတွင်ရှိသော မဲရုံများသို့ ဒေသခံမိသားစု တစ်စုမှ လာရောက်ပြီး မဲစာရင်းတွင် နာမည်မပါသောကြောင့် မဲပေးခွင့်ရရှိရေးအတွက် တောင်းဆိုလျှက်ရှိကြောင်း အဆိုပါ မိသားစုမှာ ၉၄ရပ်ကွက်၊ ၁၀နှစ်ခန့် နေထိုင်လာပြီး ယခုထိလည်း ပုံစံ (၁၀) ဖြင့် နေထိုင်လျက်ရှိသော မိသားစုဖြစ်ကြောင်း ၊ ၂၀၁၂ ခုနှစ်ရွေးကောက်ပွဲတွင် မဲပေးခွင့်ရရှိခဲ့ကြောင်း ယခုမဲပေးလိုသောကြောင့် တောင်းဆိုနေခြင်းဖြစ်ကြောင်း ပြောဆိုလျှက်ရှိရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြေလည်အောင်ဖြေရှင်းပေးပါမည်ဟု ဆိုကာ ထိုမိသားစုအား ခေါ်ယူ ညှိနှိုင်းလျှက်ရှိကြောင်း မြစ်မခသတင်းထောက် အောင်ကိုကိုလတ်မှ သတင်းပေးပို့သည်။

Popular Myanmar News Journal

ပုသိမ်မြို့တွင် ယနေ့ ဧပြီလ (၁)ရက်နေ့ဝယ် ပိတောက်ပန်းများ အထူးပွင့်နေကြကြောင်း၊ တစ်မြို့လုံးမှာ ကြားဖြတ်ရွေးကောက်ပွဲကိုသာ အာရုံစိုက်နေကြပြီး ဈေးဆိုင်အများစုမှာ ဆိုင်ပိတ်ထားကြကြောင်း သိရသည်။-Popular Myanmar News Journal


Yangon Press International
မဲရံမှူး စည်းကမ်းချိုးဖေါက်

တိုက်ရိုက် သတင်းတင်ဆက်မှု (၈)

လားရှိုး-နံနက် ၉နာရီ ၄၀ မိနစ် ၊ ဧပြီ ၁ ရက်၊ YPI

လားရှိုးမဲဆန္ဒနယ်မြေ အမက (၁၂) ကျောင်းဝင်းထဲက မဲရုံအမှတ် (၄) မှာ မဲထည့်နည်း နားမလည်တဲ့ မဲဆန္ဒရှင်တွေကို ကြံ့ခိုင်ရေး အကွက်လက်ညှိုးထိုးပြပြီး ခြစ်ခိုင်းတယ်လို့ သိရပါတယ်။ ဒါကို ပါတီ မဲရုံကိုယ်စားလှယ်တွေက ကန့်ကွက်တာကို မကန့်ကွက်ဖို့ တားမြစ်ပါတယ်။

ဒါတင်မက မဲရုံစည်းကမ်းနဲ့ မကိုက်ညီပဲ နယ်မြေမှူးနဲ့ လုံခြုံရေးအဖွဲ့ဝင်တွေကလည်း မဲရုံထဲ ၀င်ရောက်နေတယ်လို့ သိရပါတယ်။ လုံခြုံရေးတွေ ၀င်ရောက်နေတဲ့ကိစ္စကိုတော့ မဲရုံမှူးက မသိနားမလည် လို့ပါဆိုပြီး တောင်းပန်ကြောင်း သွားရောက်ကြည့်ရှုတဲ့ ကျားဖြူ ကိုယ်စားလှယ်လောင်းတစ်ဦးက ပြောပါတယ်။

လားရှိုးက မဲရုံတွေမှာ ကြိုတင်မဲ အနည်းငယ်စီသာ ရှိကြောင်း စုံစမ်းသိရပါတယ်။

ဧပြီ၁မနက်ပိုင်းမဲပေးမှုအခြေအနေ(၂)

Yangon Media Group
ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ၏ သားဖြစ်သူနှင့် ဇနီးက NLD ပါတီကို မဲပေး
မရမ်းကုန်း မဲဆန္ဒနယ်တွင် နေထိုင်သော ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်၏ သားဖြစ်သူနှင့် ဇနီးက ယနေ့နံ့နက် ၈ နာရီ ၄၅ မိနစ်က မဲရုံ (၇) ကိုရောက်ရှိလာပြီး မဲပေးသွားခြင်းနှင့်ပတ်သက်ပြီး ရန်ကုန်မီဒီယာဂရုပ်မှ မေးမြန်းကြည့်ရာ NLD ပါတီမှ ဒေါက်တာမေဝင်းမြင့်ကို မဲပေးခဲ့ကြောင်း ထုတ်ဖော်ပြောကြားသွားသည်။
‘‘ NLD ပါတီကို ကျွန်တော်ဘာကြောင့် မဲပေးရသလဲဆိုရင် လူပုဂ္ဂိုလ်အရ ယုံကြည်လို့ သူ့ကိုမဲပေးတာ ဖြစ်ပါတယ် ’’ဟု ဖြေကြားခဲ့သည်။

DVB TV News
မနက် ၈ နာရီ - ဦးအံ့ဘုန်းမြတ် သတင်းပေးပို့ ချက်
3 minutes ago

DVB TV News
ဧပြီ ၁ - (မနက် ၈ နာရီ) မင်္ဂလာတောင်ညွန့် မဲရုံအနီးရှိ ပြည်တွင်းသတင်းထောက် နှင့် ဆက်သွယ်မေးမြန်းချက်
28 minutes ago


Yangon Press International
ဒေါ်အောင်ဆန်းစုကြည် ၀ါးသင်္ခမှ ငှက်အော်စမ်းဘက်သို့ မဲရုံများကြည့်ရှုဖို့ သွားနေပြီ၊ မဲစာရင်းမပါရှိမှုများ နေရာအနှံ့အပြား ကြုံတွေ့နေရဆဲ၊
မဲလက်မှတ် မှားယွင်းခြစ်မိရာမှ ပြန်လဲလှယ်ရန် တောင်းဆိုသော်လည်း မလဲလှယ်ပေးသည့် မဲရုံများရှိနေ

ဧပြီ ၁ ရက်၊ နံနက် ၈နာရီ ၅၀ မိနစ်

ယမန်နေ့ညက ၀ါးသင်္ခရွာတွင် ညအိပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် သည် နံနက် ၆နာရီက ၀ါးသင်္ခကျေးရွာ မဲရုံများကို ကြည့်ရှုကာ ငှက်အော်စမ်းဘက်သို့ ဆက်လက်ထွက်ခွာလာပြီဖြစ်သည်။

မဲစာရင်းကို မဲပေးသည့်နေ့မှ ကပ်သည့် မဲရုံများလည်း မဟာအောင်မြေ မြို့နယ် (မန္တလေး) တွင် မဲစာရင်းမပါသည့် လူ ၃၀၀ ကျော်ရှိနေပြီဖြစ်သည်ဟု သတင်းထောက်မှ သတင်းပေးပို့သည်။
မန္တလေးမြို့ မဟာအောင်မြေ ရဲမွန်တောင် ရပ်ကွက်ရှိ ကျူးကျော်ရပ်ကွက်တွင် နေထိုင်သူ ၁၀၀ ကျော်မှာ မှတ်ပုံတင်ရှိသော်လည်း မဲစာရင်းတွင် မပါရှိသဖြင့်မဲပေးခွင့်မရကြပဲ ပြန်သွားကြရသည်ဟုလည်း သတင်းထောက်က သတင်းပေးပို့သည်။
ကျူးကျော်ရပ်ကွက်ဖြစ်ခြင်းကြောင့် မဲပေးခွင့်မရှိဟု ဆိုသည်။
နေပြည်တော်တွင် ဆောက်လုပ်ရေး လုပ်သား တထောင်ကျော်မှာ မူ ယာယီမှတ်ပုံတင်များဖြင့် မဲပေးခွင့် ရရှိနေခဲ့သည်။

အခြားသတင်းတရပ်တွင် ဥတ္တရ သီရိမြို့နယ် တပ်နယ်မဲရုံတရုံတွင် မဲပေးခွင့်ရှိသူ ၂၀၀ အနက် ၁၉၉ ဦးမဲပေးပြီးဖြစ်ကာ ကြံ့ခိုင်ရေး ၁၉၆ မဲ၊ ဒီချုပ် ၁ မဲ၊ တစည ၁ မဲနှင့် ပယ်မဲ ၁ မဲဟု သိရှိရသည်။
မဲပေးသူအားလုံး ပြီးစီး၍ ရေတွက်ကာ သိရှိရခြင်းဖြစ်သည်။

မဲစာရွက်တွင် မှားယွင်းခြစ်မိခြင်း၊ နှစ်ကြောင်း ထပ်ခြစ်မိခြင်းတို့ကြောင့် မဲစာရွက် ပြန်လဲလှယ်ပေးရန် တောင်းဆိုသော်လည်း မဲရုံမှူးက မဲစာရွက် ပြန်လဲခွင့်မရှိဟု ပြောဆိုမှုလည်း မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက်တွင် ဖြစ်ပွားခဲ့သလို အခြားမြို့နယ်များတွင်လည်း ကြုံတွေ့နေရသည်ဟု သိရသည်။

မင်္ဂလာတောင်ညွန့် မလွှကုန်း မဲရုံ ၁၊ ၂၊ ၃ တို့ကို လှည့်လည်ကြည့်ရှုသူ ဒီချုပ်ကိုယ်စားလှယ်လောင်း မဖြူဖြူသင်းက ၎င်းအနေဖြင့် မဲရရှိမှု အခြေအနေ ကောင်းသည်ဟု YPI သို့ပြောသည်။


The Voice Weekly
နေပြည်တော် ဇမ္ဗူသီရိ မဲဆန္ဒနယ် ရွှေကြာပင်ရပ်ကွက် မဲရုံတွင် ACE ဆောက်လုပ်ရေး ကုမ္ပဏီက မဲလာပေးသူများကို ထမင်းထုပ် တစ်ထုပ်နှင့် ငွေတစ်ထောင်ကျပ် ပေးနေသည်ကို တွေ့ရကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
မိတ္ထီလာမြို့နယ်ရှိ ကြားဖြတ်ရွေးကောက်ပွဲဝင် မဲဆန္ဒနယ်များတွင် ကြိုတင်မဲ ပေးသူ နည်းပါးသည်ကို တွေ့ရကြောင်း၊ ယနေ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနေချိန်၌ မြို့တွင်းနှင့် မဲရုံများအနီး ပတ်ဝန်းကျင်နေရာအချို့၌ NLD ပါတီဝင်များ အလံများ လွှင့်ထူလျက် သွားလာလှုပ်ရှားမှုများ တွေ့မြင်ရသော်လည်း USDP ပါတီ၏ လှုပ်ရှားမှုကိုမူ မတွေ့မြင်ရသေးကြောင်း အဆိုပါမြို့သို့ ရောက်ရှိ သတင်းရယူနေသည့် The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။



7Day News Journal
11 minutes ago

လားရှိုးမြို့၊ ဗျုဟာလမ်းမကြီးပေါ်ရှိ အမှတ်(၁၆)အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် နံနက် ၅ နာရီ ၅၀က မဲရုံအတွင်း ဖယောင်းတိုင်မီးများဖြင့် မဲရုံတာဝန်ရှိသူများ အလုပ်စနေကြပြီဖြစ်သည်။ မဲရုံကို ခြောက်နာရီတွင်စဖွင့်ပြီး ၁၀ မိနစ်အကြာတွင် ပထမဆုံးရောက်ရှိလာသူမှာ ရှမ်းအမျိုးသားဝတ်စုံပြည့်ဝတ်ဆင်ထားသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူ)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းစံမင်းဖြစ်သည်။ ပထမဆုံးမဲပေးသူဖြစ်ပြီး မဲရုံတာဝန်ရှိသူများကိုလိုက်လံနှုတ်ဆက်ကာ ပြန်ထွက်လာသည်။ ““ကြိုတင်မဲ ၁၀ မဲရှိတယ်လို့ပြောတယ်။ ကျွန်တော် ကဒ်ပြား ကိုးခုပဲတွေ့ခဲ့တယ်”” ဟု မဲရုံပြင်ပရှိ သတင်းထောက်များအား ပြောသည်။ ထို့နောက် တခြားမဲရုံများသို့ လိုက်ခံကြည့်ရှုရန် စူပါရုဖ်ဗင်ကားလေးကို မောင်းနှင်၍ ထွက်ခွာသွားသည်။
ဓာတ်ပုံ- သန်းဌေး


Eleven Media Group
12 minutes ago
လှည်းကူးမြို့နယ်၊ ဈေးကြီးရပ်ကွက်၊ မဲရုံအမှတ်(၁)တွင် နံနက်(၆)နာရီ
(၃၀)ခန့်တွင် မဲပေးခဲ့သော အသက်(၇၄)နှစ်အရွယ် မဲဆနရှင်တစ်ဦးမှ ''
မြို့ပေါ်ကလူတွေကတော့ NLD တွေကြီးပဲ။ ရွာတွေမှာတော့ မပြောတတ်ဘူး။
စောစောလာပေးတာက လူရှင်းရှင်းနဲ့ပေးချင်လို့ပါ။ အရင်တစ်ခေါက်ထက်စာရင်တော့
လွတ်လပ်မှုပိုရှိပါတယ်'' ဟုပြောကြားခဲ့သည်။
ရန်ကင်း(၄)လမ်းမဲရုံတွင် နံနက်(၇)နာရီ(၅၀)ခန့်တွင် မဲပေးခဲ့သော
အသက်(၂၆)နှစ်အရွယ် ဆိုင်ကယ်ကယ်ရီသမားကိုနေလက '' အရင်
တစ်ခေါက်ထက်စာရင်တော့ မဲပေးရတာပိုလွတ်လပ်တယ်။ မဲပေးတဲ့သူတွေလည်း
ပိုများလာတယ်။ အရင်နှစ် ကလည်းဒီအချိန်ပဲပေးတာပါ။ အဲဒီတုန်းက မဲလာပေးတဲ့သူ
ဒီလောက်မရှိဘူး။ ဒီတစ်ခေါက်ပေးရတာ ပိုပြီးတော့ စိတ်အားထက်သန်တယ်။
အရင်တစ်ခေါက်တုန်းက မဲပေးရတာ စိတ်မပါဘူး'' ဟုပြောကြားခဲ့သည်။

Yangon Media Group
ဒေါ်အောင်ဆန်းစုကြည်သည် ၀ါးသိင်္ခရွာမှ ငှက်အော်စမ်း၊ ငှက်အော်စမ်းရွာမှ ညောင်ခြေထောက်၊ ညောင်ခြေထောက်ရွာမှ ယခုအခါ ကော့မှူးမြို့ပေါ် မဲရုံများသို့ ဆက်လက်ထွက်ခွာသွားပြီ ဖြစ်ကြောင်းသိရသည်။
19 minutes ago


Messenger News Journal
နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသိန်းညွှန့်မှမီဒီယာများမဲရုံပရ၀ုဏ်ကိုက်(၅၀(သူ၏ပြောစကားအရ)တွင်လုံ၀၀င်ခွင်မပြုရန်မဲရုံရှိတာဝန်ရှိသူများအားပြင်းပြင်းထန်ထန်မှာကြားကြောင်းMessengerသတင်းထောက်ကတိုက်ရိုက်သတင်းပေးပို့သည်။"ဘယ်မီဒီယာမှမရဘူး၊MRTV လည်းလက်မခံနဲ့၊ဘယ်သူပြောပြောလက်မခံနဲ့"ဟုဇမ္ဘူသီရိမြို့နယ်နေပြည်တော်မဲဆန္ဒနယ်အမှတ်(၁)တွင်၎င်း၏ဆန္ဒမဲ
လာရောက်ပေးစဉ်အချိန်တွင်ယခုကဲ့သို့ပြောကြာသွားခြင်းဖြစ်သည်။ယင်းမဲဆန္ဒနယ်တွင်နိုင်ငံတော်သမ္မတနှင့်ဒုသမ္မတဒေါက်တာစိုင်းမောက်ခမ်းတို့လာရောက်မဲပေးမည့်မဲဆန္ဒနယ်ဖြစ်သည်ဟုသိရသည်။
19 minutes ago


ဧပြီ၁မနက်ပိုင်းမဲပေးမှုအခြေအနေ(၁)

Eleven Media Group
25 minutes ago
ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ နံနက်ပိုင်းက တွေ့ရစဉ်။



Messenger News Journal
58 minutes ago
ဒဂုံဆိပ်ကမ်းမြို့နယ်၊ယုဇနဥယျာဉ်မြို့တော် ရှိမဲရုံသို့မဲလာပေးသောအမေအိုတစ်ဦး။

ဒဂုံဆိပ်ကမ်း(၉၄)ရပ်ကွက်မဲရုံတွင်တွေ့ရသောလာရောက်စောင့်ကြည့်လေ့လာသူနိုင်ငံခြားသားတစ်ဦး။

ဒဂုံဆိပ်ကမ်းမြို့နယ် ၊ ယုဇနဥယျာဉ်မြို့တော် မှ မဲရုံတွင်တာဝန်ထမ်းဆောင်နေသောမဲလက်မှတ်ထုတ်ပေးသူများ။

ဒဂုံဆိပ်ကမ်းမြို့နယ် ၊ယုဇနဥယျာဉ်မြို့တော်မဲရုံအမှတ်(၈)တွင် ၁.၄.၂၀၁၂နေ့နံနက်၆နာရီကမဲပေးနေသောပြည်သူတစ်ဦး။

နိုင်ငံတော်သမ္မတ မဲစာရင်းအမှတ်ပါဝင်သော မဲစာရင်းစာရွက်အားတွေ့ရစဉ်

နိုင်ငံတော်သမ္မတမဲပေးမည့် မဲရုံသို့လာရောက် လေ့လာနေကြသည့် သံရုံးမှ တာဝန်ရှိသူအချို့..

Yangon Media Group
လှည်းကူးမြို့၊ မြို့မရပ်ကွက်၊ရိပ်သာ၂မဲရုံသို့ မဲပေးလာသူ အမျိုးသမီးတစ်ဦး၊မဲစာရင်းတွင် နာမည် မပါဟု ဆိုသဖြင့် ပြန်ထွက်လာရကြောင်း သိရသည်။
ပါတီက ပေးထားတဲ့ မဲစာရင်းစာရွက်လေးတော့ ရှိတယ်။ အဲဒါပြန်ကြည့်ပြီး နေ့ခင်းကျတော့မှ လာပေးတော့မယ်ဟု ယင်းကဆိုသည်။
ယင်းအမျိုးထွက်သွားသည့်အခါတွင် နံဘေးရှိအခြား အမျိုးသမီးတစ်ဦးက အပျိုကြီး မဲစာရင်းမပါလို့ ပြန်ထွက်သွားရသတဲ့ဟု ပြောသံကြားရသည်။
အောင်သုခမဲရုံတွင် ဦးလှမြင့် (အသက်၇၀ခန့်)က
၂၀၁၀ကလည်း မဲပေးခဲ့တယ်။ အဲဒီတုန်းက ပေးတော့ ပေးခဲ့တာပေါ့ကွာ။ သိတဲ့အတိုင်းပဲ။ အခုကတော့ လွတ်လွတ်လပ်လပ်နဲ့ ကိုယ်စိတ်ကြိုက်ပေးရတာပေါ့ကွာဟု ဆိုသည်။
မြို့မရပ်ကွက် အခြေခံမူလွန်မဲရုံသို့ ဆိုင်ကယ်ဖြင့် မဲလာပေးသူ လူငယ်တစ်ဦးကမူ မဲပေးပြီးထွက်အလာတွင် ကျွန်တော်မသိဘူးခင်ဗျ။ ခရီးသွားစရာရှိသေးလို့ဟုဆိုကာ ထွက်ခွာသွားသည်။
လှည်းကူး မဲရုံများရှေ့တွင် နံနက်၆နာရီခွဲခန့်မှစပြီး မဲပေးလာသူများ စီတန်းစောင့်ဆိုင်းနေကြပြီး၊ မဲပေးလာသူများသည် စက်ဘီး၊ ဆိုင်ကယ်၊ ဆိုက်ကားများဖြင့် လာရောက်မဲပေးကြသည်ကို တွေ့ရသည်။ သူတို့၏ လက်ထဲတွင် ပါတီမှ ပေးထားသော မဲစာရင်းစာရွက်နှင့် မှတ်ပုံတင်များကို ကိုင်ဆောင်ထားကြသည်ကို တွေ့ရသည်။ လှည်ူကူးတွင် မဲရုံ၁၀ရုံကျော်ရှိကြောင်းသိရသည်။ မဲပေးလာသူအများစုသည် မဲပေးရသည်ကို အလုပ်တစ်ခုအနေဖြင့်သာ သဘောထားပြီး လာပေးနေဟန်ရှိပြီး၊ အချို့က ဈေးသွားရင်း၊ အလုပ်သွားရင်းဖြင့် ၀င်ရောက်မဲပေးသွားကြသည်ကို တွေ့ရကြောင်း၊ မီဒီယာသမားများ၏ မေးမြန်းမှုများအပေါ် သိပ်ပြီး မ၀ံ့မရဲဟန်ပေါက်နေသည်ကိုတွေ့ရကြောင်း သိရသည်။ အများစုမှာ မိမိတို့ မည်သည့်ပါတီကို မဲပေးခဲ့သည်ဆိုခြင်းကို ပြောဆိုရန် ၀န်လေးနေတတ်ကြောင်း သိရသည်။

7Day News Journal
about an hour ago

ယနေ့နံနက် ၆ နာရီ ၁၅ မိနစ်ခန့်က လားရှိုးမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ အထက(၄) ကျောင်းအတွင်းရှိ မဲရုံတွင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အတွက်ကိုယ်တိုင်မဲပေးပြီး ပြန်ထွက်လာသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်း ဦးစိုင်းမြင့်မောင်ကို တွေ့ရစဉ်။
မဲရုံအခြေအနေအကြောင်းကို 7DayNews သတင်းထောက်မှမေးမြန်းရာ အဆင်ပြေကြောင်း၊ သတင်းထွက်နေ သကဲ့သို့ ဖယောင်းခြစ်ထားခြင်းများ မရှိပါကြောင်းပြန်လည် ဖြေကြားပြီး နောက်မဲရုံတစ်ခုသို့ ဆက်လက် ထွက်ခွာ သွားသည်။ မဲရုံဖွင့်ပြီးသည်နှင့် လာရောက်မဲပေးသူ ၂၀ ဦးခန့်ရှိနေ ပြီဖြစ်ကြောင်း မြင်တွေ့ရသည်။


ဓာတ်ပုံ- ဥက္ကာကိုကို

Yangon Media Group
သုံးခွမြို့နယ် ပေါ်ဦးလမ်း ၁ ရပ်ကွက် အ.ထ.က (၂) တွင် ရှိသော မဲရုံတွင် မဲပေးခွင့်ရှိသူ ၁၅၁၈ ဦး အ.ထ.က(၂) မဲရုံ (၂) တွင် ၁၇၃၂ ဦး အမှတ်(၂) ရပ်ကွက် တွင် မဲပေးခွင့်ရှိသူ ၂၁၀၅ ဦးရှိသည်။ ယင်းမဲဆန္ဒနယ်တွင်ရှိသော မဲရုံများအနက် အ.ထ.က(၂) အမှတ်(၂) ရပ်
ကွက် မဲရုံတွင် သတင်းရယူခွင့် ကို လွတ်လပ်စွာပေးထားသည့် အပြင် SKY NET Up to date ရုပ်သံလိုင်းက မဲရုံမြင်ကွင်း နှင့် မဲပေးမှူ အခြေအနေတွေကို တိုက်ရိုက်ထုတ်လွှင့်လျက်ရှိသည်။ နိုင်ငံတကာ သံတမန်များလည်း ရောက်ရှိနေပြီး ပြည် တွင်းပြည်ပ သတင်း
ထောက်များကလည်း အခြားမဲရုံများထက် လွတ်လပ်စွာ သတင်းရယူခွင့်ရရှိနေကြသည်။

‘‘ကျွန်မယောက်ကျား ရန်ကုန်ကို မျက်စိသွားခွဲရမှာမို့ စောစော စီးစီ မဲလာပေးတာပါ။ NLD ကိုပဲမဲပေးခဲ့ပါတယ်။ အမှတ် (၂) ဗောဓိလမ်းမှာနေပါတယ်’’ ဟု မဲလာပေးသူ ဒေါ်မြတင်က ပြောဆိုသွားသည်။ ထူးခြားမှု အနေဖြင့် အမှတ်(၁) ရပ်ကွက်တွင် ရှိသော
မဲပေးသူများ အနက် စောစောစီးစီး မဲလာပေးကြသူအများစုမှာ အသက် ၆၀ ကျော် အရွယ် အဘိုးအဘွားများကို အဓိကအများဆုံးတွေ့နေရသည်။ သူတို့အား မည်သည့်ကိုယ်စားလှယ်ကို မဲထည့်သလဲဟု မေးမြန်းကြည့်ရာ မဲထည့်သည့် ကိုယ်စားလှယ်လောင်းကို
ထုတ်ဖော်ပြောဆိုခြင်း မရှိသည်ကိုတွေ့ရသည်။ ယင်းအပြင် အမှတ်(၃) ရပ်ကွက် ကျိုက်ဟုန်း လမ်းတွင်ရှိသော မဲရုံတွင် မဲပေးနိုင်သည့် ဦးရေ ၁၉၁၃ ဦး ရှိပြီး အများစုမှာ ဆင်းရဲ့သူလူတန်းစားအများဆုံးဖြစ်သည်ကို တွေ့ရသည်။ ၊ အချို့မှာလည်း မဲစာရင်းကို ပါမပါကို မဲရုံရှေ့တွင် ဝိုင်းအုံ ကြည့်နေကြသည်။ လုံခြုံရေးကို အခြားမဲရုံထက် တိုးမြှင့်ချထားသည် ကိုတွေ့ရသည်။ သတင်းထောက်များကိုလည်း ဓာတ်ပုံမရိုက်ဖို့ လိုက်လိုက်ပြောဆိုနေကြသည်ကို တွေ့နေရသည်။

Yangon Media Group
ကော့မှူးမြို့နယ်၊ ၀ါသိင်္ခကျေးရွာရှိ ဒေါ်အောင်ဆန်းစုကြည် တည်းခိုရာအိမ်ရှေ့တွင် ပြည်တွင်းပြည်ပသတင်းထောက်များ ၅၀ကျော်ခန့် နံနက်၅နာရီခန့်ကတည်းက စုဝေးရောက်ရှိနေကြပြီး၊ ကင်မရာများဖြင့် အသင့်ပြင်စောင့်ဆိုင်းနေကြကြောင်း၊ နေအိမ်တံခါးများကိုမူ ယခု ၆နာရီခွဲခန့်ရောက်သည်အထိ ဖွင့်မထားသေးသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်လည်း ထွက်မလာသေားကာင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် ၀ါးသိင်္ခကျေးရွာ မဲရုံသို့ ဦးစွာသွားရောက်ကြည့်ရှုလေ့လာမည်ဖြစ်ပြီး၊ အခြားနာမည်ကြီးကျေးရွာများဖြစ်သော မယ်ဆည်ရွာ၊ ငှက်အော်စမ်းရွာနှင့် ကော့မှူးမြို့ပေါ်ရှိ မဲရုံများသို့ပါ သွားရောက်လေ့လာပြီး ရန်ကုန်သို့ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိနေရာ ၀ါးသိင်္ခအလယ်ရွာတွင် မဲပေးနိုင်သူဦးရေ ၉၀၀ကျော် ရှိကြောင်း သိရသည်။
ယမန်နေ့ညနေက ပြည်တွင်းပြည်ပသတင်းထောက်များသည် ၀ါဒသိင်္ခရွာရှိ ဒေသခံများ နေအိမ်တွင် ညအိပ်စောင့်ဆိုင်းတည်းခိုကြသည်ဖြစ်ရာ ညပိုင်းတွင် ကျေးရွာရှိ တာဝန်ရှိသူများက ပြည်ပသတင်းထောက်များ၏ ပတ်စပို့၊ ဗီဇာအမျိုးအစားများနှင့် ကားနံပါတ်များကို လိုက်လံမေးမြန်းစာရင်းကောက်ယူခဲ့ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည် တည်းခိုရာနေအိမ်တွင် အမေဒေါ်အောင်ဆန်းစုကြည်နေအိမ်မှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါ၏ ဟူသည့် မြန်မာ ကရင်နှစ်ဘာသာဆိုင်းဘုတ်နှင့် အင်န်အယ်လ်ဒီပါတီ အလံများကို နေအိမ်ဲခံစည်းရိုးတွင် တွေ့ရပြီး အခြား စည်းရှုံးရေးပိုစတာနှင့် ဓာတ်ပုံများကိုမူ ချိတ်ဆွဲထားခြင်း မရှိကြောင်း၊ အသံချဲ့စက်များကိုလည်း ဖွင့်ထားခြင်း မရှိကြောင်း သိရသည်။

Win Cho
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် နေရာများကို လေ့ လာရန် အိမ်မှ ထွက်ပါပြီ။

7Day News Journal
မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မဲရုံများတွင် နံနက် ၆ နာရီ မဲရုံဖွင့်လှစ်ချိန်မှစ၍လူများ နည်းနည်းချင်းစီ လာရောက်မဲပေးနေကြပြီဖြစ်သည်ဟု 7Day News သတင်းထောက်မှ သတင်းပေးပို့ထားသည်။ မင်္ဂလာတောင်ညွန့်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေးရုံးရှေ့တွင် NLD ကိုယ်စားလှယ်ဒေါ်ဖြူဖြူသင်းကို ပြည်တွင်းပြည်ပ သတင်းထောက်အချို့နှင့် ပါတီဝင်များ စောင့်ဆိုင်းလျက်ရှိကြသည်။ ၉၁ လမ်းအတွင်းတွင် အမျိုးသမီးကြီးတစ်ဦးမူ သူမ၏ခင်ပွန်းကို "ကိုယ့်ဘောပင်ကိုယူသွားဦး။ တော်ကြာမထင်မရှားတွေဖြစ်ကုန်ဦးမယ်"ဟု သတိပေးပြောဆိုနေသံကြားခဲ့သည်။

Yangon Press International
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၂)
ဧပြီ ၁၊ နံနက် ၇ နာရီ

မဟာအောင်မြေမြို့နယ်မှာ ကြိုတင်မဲ စုစုပေါင်း ၂၉၃ မဲသာရှိကြောင်း မြို့နယ်ကော်မရှင်က သတင်းထောက်များအား တရားဝင်ပြောဆိုသည်။

နေပြည်တော် ဇမ္ဗူသီရိမှာ မှတ်ပုံတင်နံပါတ်မှားနေသော်လည်း မဲပေးခွင့်ရသည်ဟု မဲပေးခဲ့သူက ပြောသည်။ နေပြည်တော် ပြန်ကပြေး အထက ၄ မဲရုံမှာ မဲစာရင်းကို ယမန်နေ့ညနေတွင်မှ ကပ်သဖြင့် မဲပေးသူများ မိမိအမည်ရှာဖွေနေရသည့် အခက်အခဲကြောင့် အချိန်ကြန့်ကြာမှုရှိနေ၊ ရှာမတွေ့သူက များသဖြင့် အချို့က စိတ်ပျက်၍ မပေးတော့ဟု ပြောဆိုမှုများ ကြားသိနေရသည်။

ပုသိမ်မြို့တွင်မဲပေးသူ ခပ်ကျဲကျဲသာတွေ့မြင်နေရကြောင်း YPI သတင်းထောက်များက ပေးပို့သည်။


Popular Myanmar News Journal
59 minutes ago
ပြည်ခိုင်ဖြိုး ကိုယ်စား
လှည်းကူးမြို့နယ်တွင် ရပ်ကွက်ကော်မရှင် အချို့မှ ကြိုတင်မဲနဲ့ ပတ်သက်ပြီး မသမာမှုများ ပြုလုပ်နေဟု ပြည်ခိုင်ဖြိုး ကိုယ်စား လှယ် ဒေါက်တာ အောင်မြတ်သူ ကပြောကြားသည်။


7Day News Journal
ရှမ်းပြည်နယ်မြောက်ပိုင်း မဲဆန္ဒနယ်အမှတ် (၃)အမျိုးသားလွှတ်တော်အတွက် လားရှိုးမြို့နယ် မြို့ပေါ်ရှိ မဲရုံများတွင် ယခု ၇ နာရီ ၁၅ မိနစ်အထိ မဲလာရောက်ပေးသူ ၄၀ ဦး ရှိသည်။
တန့်ယန်းမြို့နယ် အထက(၁) မဲရုံတွင် တရုတ်လူမျိုး၊ မွတ်ဆလင်လူမျိုးများအပါအ၀င် တိုင်းရင်းသားများ အယောက် ၂၀၀ ကျော် မဲပေးလာပေးသွားပြီဖြစ်ကြောင်း မဲရုံကိုယ်စားလှယ်တစ်ဦးကပြောသည်။
မိုင်းရယ်မြို့နယ်တွင် ဒေသအနေအထားအရ နံနက်စောစော ဘုရားဝတ်ပြုခြင်း၊ နံနက်စာချက်ပြုတ်ခြင်းများရှိသောကြောင့် မဲလာပေးသူနည်းပါးနေပြီး ၉ နာရီ ၁၀ နာရီခန့်မှ လူစည်ကားမည်ဖြစ်ကြောင်း မိုင်းရယ် NLD မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
သိန္တွီမြို့နယ် အမက တောင်ညွန့်တွင် အယောက် ၁၀၀ နီးပါး မဲလာပေးသွားပြီဖြစ်သည်။ ယင်းမြို့သည် နံနက် ၆ နာရီမထိုးခင်ကတည်းက မဲပေးမည့် သူများ လာရောက်စောင့်ဆိုင်းနေသည်ဟုသိရသည်။
"NLD ကို မဲထည့်မယ့်သူတွေများမယ်လို့ ယုံကြည်တယ်။ မဲပေးရတာတော့ သိပ်မထူးခြားပါဘူး။ ၂၀၁၀ တုန်းက NLD မရှိလို့ ကြားဖြူကိုထည့်တယ်။ အခု NLD ရှိပြီ" ဟု လားရှိုးမြို့ အထက (၄)တွင် လာရောက်မဲပေးသွားသည့် အသက် ၄၀ ခန့်ရှိ အမျိုးသမီးညီအစ်မနှစ်ဦးကပြောသည်။

Ah Ba Yah
Election Monitoring Network.88's status.
6 hours ago
လူအုပ်စုဖြင့် မဲရုံကို ဝိုင်းထားသဖြင့် ညတွင်းချင်း မဲစာရင်းထုတ်ပြန်ပေး
၃၁.၃.၂၀၁၂
ည(၁၁း၃၀)
မအူပင်မြို့နယ်တွင် မဲစာရင်းကွာဟမှုများ၊ လူစာရင်းမပါရှိမှုများရှိနေပြီး (၂၄.၃.၂၀၁၂)တွင် စာရင်းပြန်ပြင်ပေးမည်ဟု ကတိပေးထားသော်လည်း လူစာရင်းများ ကွာဟနေဆဲဖြစ်နေသဖြင့် ခရိုင်ကော်မရှင်ကို သွားရောက်အကြောင်းကြားသော်လည်း ခရိုင်ကော်မရှင်က မလုပ်ပေးနိုင်ကြောင်၊ ရပ်ကျေးကော်မရှင်သာ တာဝန်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
ထို့ကြောင့် (၃၁.၃.၂၀၁၂) ည(၇)နာရီအချိန်ခန့်တွင် မအူပင်မြို့နယ်မြို့ပေါ် မဲရုံအမှတ်၉နှင့်၆တို့ကို လူထုက ဝိုင်းထားပြီး၊ မဲစာရင်းမထည့်ပေးမချင်းမပြန်ဘူးဟု လူ၃၀၀ခန့်ရှိသော လူအုပ်စုဖြင့် အရေးဆိုနေခဲ့ပါသည်။ ည၈နာရီကျော်ခန့်တွင် စအဖ (စစ်ဖက်ရေးရာလုံခြုံရေးအထူးအဖွဲ့)မှ ရောက်ရှိလာပြီး မဲစာရင်းပြင်ပေးရန် ကော်မရှင်သို့ ပြောဆိုသည့်အခါတွင်မှ စာရင်းပြန်ပြင်ပေးခြင်း၊ စလစ်ပြားထုတ်ပေးခြင်းများ ပြုလုပ်ပေးခဲ့သည်ဟု သတင်းပေးပို့လာပါသည်။
မအူပင်မြို့နယ်နှင့် (၄)မိုင်ခန့် ဝေးကွာသော မလက်တို၊ ထနှီးကျေရွာများတွင်လည်း မဲစာရင်းမပါရှိသေးသူဦးရေ ၄၀၃ဦး ကျန်နေသေးသဖြင့် ထိုကျန်ရှိနေသော ကျေးရွာလူထုမှ မြို့ပေါ်တွင် စာရင်းပြန်ပြင်ပေးပြီး ရွာတွင် ပြန်ပြင်ပေးခြင်းမရှိသဖြင့် လူစုပြီး စာရင်းပြန်ပြင်ပေးရန် တောင်းဆိုနေကြသည်ဟု သိရှိရပါသည်။ ည(၁၁း၀၀)ကျော်သည့်အချိန်ထိ လူစုမကွဲသေးကြောင်း၊ စာရင်းလည်း ပြင်ပေးခြင်းမရှိသေးကြောင်း သတင်းပေးပို့လာပါသည်။

Yangon Media Group
ဒဂုံဆိပ်ကမ်းမြို့နယ် အ.ထ.က(၂) မဲရုံများတွင် ဖြစ်ပွားသော မဲပြားများတွင် ကော်မရှင် အမှတ်အသားမပါသည့် မဲပြားများနှင့် ပတ်သက်၍ မြို့နယ်ကော်မရှင် အဖွဲ့ခွဲအား စုံစမ်းမေးမြန်းရာ မြို့နယ်ကော်မရှင်မှ အဖွဲ့ဝင် တစ်ဦးက မဲပြားတွေမှာကော်မရှင်အမှတ်အသား
မပါပေမယ့် ပယ်မဲမဖြစ်ပါဘူး၊ မဲရုံမှူးတွေ လုပ်ငန်း ကျွမ်းကျင်မှု အားနည်းလို့ ဒီလိုကိစ္စတွေ ဖြစ်ပေါ်လာတာပါ မဲပေးသူတွေကလည်း မဲပေးချင်တဲ့ ဆန္ဒကြောင့် အချို့ဟာတွေမှာ အားနည်းတာတွေ့ရတယ်။ ၂၀၁၅ မှာတော့ ဒီလို ပြဿနာမျိုးတွေ မဖြစ်အောင် ဆောင်ရွက်
သွားမှာဖြစ်ပါတယ်။ ယခုကြားဖြတ်ရွေးကောက်ပွဲ တွင် မဲရုံမှူးတာဝန်ယူကြမည့်သူများအား မဲရုံလုပ်ငန်းများနှင့် ပတ်သက်၍ သင်တန်းများ အထပ်ထပ်အခါခါ ပေးထားကြောင်း လည်း ထည့်သွင်းပြောကြားသွားသည်။

Eleven Media Group
တန့်ယန်းမြို့နယ် ရပ်ကွက် ၁မဲရုံတွင် မဲပေးခွင့်ရှိသူ ၉၇၀ ဦး ရှိပြီး မနက် ၇ နာရီ ၄၅ မိနစ် အချိန်အထိ လူ ၁၀၀ ခန့် မဲပေးခဲ့ပြီး ဖြစ်ကြောင်း သိရပါသည်။

Eleven Media Group
about an hour ago
မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်ရှိ မဲရုံတစ်ရုံတွင် အာဆီယံလာရောက်လေ့လာစောင့်ကြည့်သူများ

မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်ရှိ မဲရုံတစ်ရုံတွင် မဲပေးမည့်သူများ


မရမ်းကုန်းမြို့နယ်၊(၇)ရပ်ကွက်၊မဲရုံအမှတ်(၁)မနက်စောစောမြင်ကွင်း
By: National League for Democracy


Eleven Media Group
54 minutes ago
ဧပြီ ၁ ရက်နေ. နံနက် ၆နာရီ ၂၅ မိနစ်အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို.နယ် မဲရုံအမှတ် ၁ မြင်ကွင်း

Yangon Press International








Daw Aung San Suu Kyi's news conference 30 March 2012 on CNN

ရွေးကောက်ပွဲ မကျင်းပခင် နောက်ဆုံးအခြေအနေ၊ ၊(၂ )



ခွပ်ဒေါင်းနဲ့ကြယ်ဖြူဘေးတွင် လက်သည်းဖြင့်အသာ ခြစ်ပြီး ဖယောင်းရှိမရှိအရင်ဆုံးစစ်ဆေးရန် နှိုးဆော်ပါသည်။


အဘ ဥက္ကာကိုကို
4 hours ago

ဒီနေ့ လားရှိုးကနေ မိုင်းရယ်၊ တန့်ယန်းဒေသကို ဆင်းခဲ့တယ်။ ကျားဖြူနဲ့ ပြည်ခိုင်ဖြိုးပါတီတို့ အကြိတ်အနယ်ဖြစ်နေတဲ့ မဲဆန္ဒနယ်တွေပါ။ တစ်လမ်းလုံး တပ်မတော်မဟုတ်တဲ့ တခြား လက်နက်ကိုင်တွေ ကားလမ်းမမှာ လမ်းသလားနေတာတွေ့ရတယ်။ ကားတွေကို ဆက်ကြေး ကောက်တဲ့အဖွဲ့တွေလည်းရှိနေပြီး မပေးဘဲမောင်းပြေးတဲ့ ကားကို လေးခွနဲ့ ထုတယ်လို့ ကားသမားတွေကပြောတယ်။ သေနတ်နဲ့ချိန်တာတွေလည်းလုပ်တယ်တဲ့။ ပစ်တော့မပစ်ဘူးထင်တယ်။ SSA က တန့်ယန်းက မဲရုံ ၁၁ ရုံကို ခွင့်မပြုဘဲ တားဆီးထားတယ်။ ပြည်ခိုင်ဖြိုးတွေ လုံးဝမ၀င်ရဲတဲ့နယ်မြေဖြစ်တယ်။ SSA ရယ်၊ မြန်မာတပ်မတော်ရယ်၊ ပြည်သူ့စစ်အသွင်ယူလှုပ်ရှားနေကြတဲ့ ဦးလောမား၊ ဦးစိုင်းမွန်း၊ လားဟူအဖွဲ့တို့ ကိုယ့်ဂွင်နဲ့ကိုယ် လှုပ်ရှားနေကြတယ်။

လမ်းမှာ မန်ပန်ဦးစိုင်းမွန်းတပ်ဖွဲ့က စခန်းကုန်းတစ်ခုကို ၀င်ပြီး ရဲဘော်နှစ်ယောက်နဲ့ ဓာတ်ပုံတွဲရိုက်ခဲ့ပါတယ်။ ဓာတ်ပုံရိုက်ပေးမယ်လို့ ပြောတော့ သူတို့ကပျော်နေကြတယ်။း)

Uploaded by BurmaVJMedia on 31 Mar 2012
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ ကော့မှူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ဒီကနေ့ မတ်လ ၃၁ ရက်နေ့ ညနေ ၄း၀၀ နာရီအချိန်က သူမ ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်ဖြစ်သည့် ကော့မှူးမြို့နယ် ဝါးသိင်္ခကျေးရွာသို့ မသွားရောက်မှီ ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရောက်ရှိလာစဉ် ပြည်တွင်း ပြည်ပ သတင်းထောက်များနှင့် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။


Uploaded by BurmaVJMedia on 31 Mar 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမတ်လောင်း ဒေါ်ဖြုဖြူသင်းအတွက် မင်္ဂလာတောင်ညွှန့်မြို့နယ် အတွင်း ရွေးကောက်ပွဲအကြိုညပိုင်းအထိ မဲဆွယ်ပေးနေတဲ့ အဖွဲ့ချုပ်အဖွဲ့ဝင်များ



Yangon Press International
4 hours ago

ပြည်ခိုင်ဖြိုးပါတီကိုနိုင်ငံရေးအတွက် သာသနာနယ်မြေ အသုံးပြုမှုဖြင့် ထပ်မံတိုင်ကြား
မတ်လ ၃၁ ရက်၊ ၂၀၁၂ ခုနှစ်-ဟံသာ (YPI)

မော်လမြိုင်မှာပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို နိုင်ငံရေးအတွက် သာသနာ့နယ်မြေအသုံးပြုမှုဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကပြည်နယ်ကော်မရှင်သို့ ယနေ့ထပ်မံတိုင်ကြားလိုက်သည်။

“ဒီနေ့လည်းပြည်ခိုင်ဖြိုးက ရပ်ကွက်ဓမ္မာရုံသုံးပြီး သူတို့ပါတီဝင်တွေအစည်းအဝေးလုပ်တယ်၊နောက်သူတို့မဲ ဆွယ်ဖို့ခေါ်ထားတဲ့ အခြားမြို့နယ်ကပါတီဝင်တွေကိုလည်း ဘုန်းကြီးကျောင်းတွေမှာ တည်းခိုင်းတယ်ဒါက နိုင်ငံရေးအတွက်သာသနာ့နယ်မြေအသုံးပြုတာပဲ”ဟု(NLD)မော်လမြိုင်အောင်နိုင်ရေးကော်မတီရုံးမှ ပြန်ကြား ရေးတာဝန်ခံဦးကိုကိုဇော်ကပြောသည်။

ယနေ့ပြည်ခိုင်ဖြိုးပါတီမှ အစည်းအဝေးလုပ်ရန်သုံးခဲ့သည့်ဓမ္မာရုံမှာ မော်လမြိုင်မြို့ပေါ်မင်းကုန်းရပ်ကွက် ကဓမ္မာရုံဖြစ်ပြီး လူဦးရေ ၂၀ခန့်အစည်းအဝေးလုပ်ခဲ့သည်ဟုဆိုသည်။

အစည်းအဝေးလုပ်သည့်ဓာတ်ပုံများ ၊အခြားမြို့နယ်မှ ပါတီဝင်များဘုန်းကြီးကျောင်းတွင် တည်းခိုနေသည့်ဓာတ်ပုံများကို လည်း ကော်မရှင်သို့ယနေ့ညနေသို့တင်ပြထားပြီး ကော်မရှင်က လက်ခံရယူထားသည်ဟုဆိုသည်။

ပြီးခဲ့သည့်မတ်လ ၂၂ ရက်နေ့တွင်လည်း ပြည်ခိုင်ဖြိုးပါတီက မော်လမြိုင်မြို့ ဈေးချိုဓမ္မာရုံတွင် မဲဆွယ်စည်းရုံး ဟောပြောခဲ့သည့်ဖြစ်စဉ်ကိုလည်း NLD က ပြည်နယ်ကောက်မရှင်သို့တိုင်ကြားထားပြီးဖြစ်သည်။

ပြည်ခိုင်ဖြိုးအတွက် မဲဆွယ်စည်းရုံးလှုံ့ဆော်အင်အားပြရန်အတွက် မော်လမြိုင်မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများတွင် ပြည်ခိုင်ဖြိုးပါတီအင်အား လေးငါးရာ ၀န်းကျင်ရောက်ရှိနေကြောင်း ဦးကိုကိုဇော်ကပြောသည်။

လက်ရှိတွင် မော်လမြိုင်မြို့၊လှိုင်နယ်မြေရှိ ကမာကြည်ကျောင်းတွင် လွန်ခဲ့သည့်နှစ်ရက်သုံးရက် ကစပြီး ပြည်ခိုင်ဖြိုးပါတီဝင်အင်အားတစ်ရာကျော်ကျော် ကျောင်းတွင်တည်းခိုနေကြောင်း ကမာကြည် ကျောင်းတိုင်မှ ဆရာတော်တပါးက မိန့်ကြားသည်။

“ကော်မရှင်က ကျွန်တော်တို့ အခု တိုင်ကြားထားတဲ့ဓာတ်ပုံတို့ ဘာတို့တော့ယူထားတယ်။ဘယ်တော့ အကြောင်းပြန်မလဲဆိုတာတော့မပြောသေးဘူး”ဟု ၎င်းကဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် မော်လမြိုင်လစ်လပ်ပြည်သူ့လွှတ်တော်နေရာအတွက်ပါတီ လေးခုမှ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ဝင်ရောက်ယှဉ်ပြိုင်ကြမည့်ပါတီများမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ပြည်ခိုင်ဖြိုးပါတီ၊မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် NLD တို့ဖြစ်ကြသည်။ ။


— at မော်လမြိုင်မြို့ ကမာကြည် ဘုန်းတော်ကြီးကျောင်း .

Yangon Press International
about an hour ago
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ မှတ်ပုံတင်နံပါတ်အမှားများဖြင့် မဲစာရင်းပြုစုထားသည်ကို တွေ့ရစဉ်။ မတ်လ ၃၁ ရက်၊ (သတင်းဓါတ်ပုံ-ဆိုင်းဆွတ်-YPI)


ကော့မှူးမှာ ပယ်မဲဖြစ်ဖို့ ကြံစည်ပြောဆိုမှုရှိ
by Yangon Press International on Saturday, March 31, 2012 at 1:19pm ·

မဲမသမာမှု (၇)

မတ်လ ၃၁ ရက်၊ ၂၀၁၂ ခုနှစ် -(YPI)
ကော့မှူးမြို့နယ် တာလမ်းထိပ် ရပ်ကွက် အပိုင်ကွင်းထဲတွင် ရပ်ကွက်လူထုအား ကြံ့ခိုင်ရေး မဲရုံကိုယ်စားလှယ် ဖြစ်သူက ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံလျင် အမှန်ခြစ်သလို ကြံ့ခိုင်ရေးကို ကန့်ကွက်ရင်လည်း ကြက်ခြေခတ်ခြစ်ပါ ဟု ပြောဆိုခဲ့သည်ဟု ကျေးရွာသားများ ကပြောသည်။
ယင်း မဲရုံကိုယ်စားလှယ်မှာ စွမ်းအားရှင် အဖွဲ့ဝင်အဖြစ် ရပ်ကွက်မှ သိရှိထားကြသူဖြစ်ကာ ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့ အရေးအခင်းတုန်းက ဘုန်းကြီးများအား စွမ်းအားရှင်အဖွဲ့ဝင်များက ရိုက်နှက်ရာတွင် ပါဝင်သူအဖြစ် လည်းသိရှိထားကြသည်။
ယခုကဲ့သို့ ပြောဆိုခြင်းကို ကျေးရွာသားများက ကျေးရွာကော်မရှင်သို့ တိုင်တန်းထားသည်ဟု YPI သို့ပြောသည်။

ကဗျာဆရာကြီး ဒဂုန်တာရာ ကိုယ်တိုင်မဲပေးမည်
by Yangon Press International on Saturday, March 31, 2012 at 12:57pm ·

မတ်လ ၃၁ ရက်၊ ၂၀၁၂ ခုနှစ်- (YPI)
ရှမ်းပြည်နယ် အောင်ပန်းမြို့တွင်နေထိုင်လျက်ရှိသော အသက် (၉၀) ကျော်အရွယ် မျက်မမြင် ကဗျာဆရာကြီးဒဂုန်တာရာဟာ ကြိုတင်မဲဆန္ဒပေးခြင်း မပြုပဲ ဧပြီလ (၁) ရက်နေ့မှာ သက်ဆိုင်ရာ မဲရုံသို့ ကိုယ်တိုင်သွား မဲပေးမည်ဖြစ်ကြောင်း သိရသည်။
ဆရာကြီး ဒဂုန်တာရာ မဲပေးမည့်နေရာမှာ ကလောမြို့နယ် ရွာငံစု အမက (၁၄) တွင် ဖွင့်လှစ်ထားမည့် မဲရုံ အမှတ်(၆) တွင်ဖြစ်ကြောင်း သိရသည်။
ဆရာကြီး ဒဂုန်တာရာအနေဖြင့် မျက်စေ့မမြင်သည့်အတွက် ၄င်းဇ။် တူမဖြစ်သူ စာရေးဆရာမ သင်းမြစန္ဒီ ကို အကူအညီဖြင့် ခေါ်ဆောင် မဲဆန္ဒပြုဖွယ်ရှိကြောင်း စုံစမ်းသိရသည်။
ဆရာကြီး ဒဂုန်တာရာသည် သခင်ကိုယ်တော်မှိုင်းဦးစီးသည့် ငြိမ်းချမ်းရေးလှုပ်ရှားမှုများကို ဦးဆောင်ပါဝင်လှုပ်ရှားခဲ့သူဖြစ်ပြီး တစ်သက်တာ ကာလပါတ်လုံး ငြိမ်းချမ်းရေး အယူအဆ ကိုကိုင်စွဲထားသူဖြစ်သည်။ ဆရာကြီးဒဂုန်တာရာဇ။် ထင်ရှားသော အယူအဆ တစ်ခုမှာ မုန်းသူမရှိ၊ ချစ်သူသာရှိ၊ နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာ ဆိုသော အယူအဆ ဖြစ်သည်။

Yangon Press International
4 hours ago
ဥတ္တရသီရိမဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးပါတီကို အတင်းအကျပ် ကြိုတင်မဲပေးခိုင်းမှုဖြစ်ပွား

နေပြည်တော်၊ မတ်လ ၃၁၊ ၂၀၁၂ (ချစ်ဦးမောင်) (YPI)

-ဥတ္တရသီရိမဲဆန္ဒနယ်အတွင်းရှိ မောင်းရမ်းကျေး ရွာတွင် ကြိုတင်မဲပေးသူတစ်ဦးကို ရာအိမ်မှူးက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ပြည်ခိုင်ဖြိုး)အား မဲပေးရန် အတင်းအဓမလုပ်ဆောင်ခဲ့သည့် ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့သည်။

အသက် ၅၅ နှစ်အရွယ်ရှိ ကြိုတင်မဲပေးသူ ဦးစိုးမြင့်အား အကျပ်ကိုင်ခဲ့သူမှာ မောင်းရမ်းကျေးရွာအုပ်စု၊ ဘုရားကုန်းရွာမှ ရာအိမ်မှူး ဦးမြင့်ခိုင်ဦးဆိုသူဖြစ်ပြီး ၄င်းမှာ ကြိုတင်မဲလိုက်ကောက်သည့်အထဲတွင် ပါဝင်ခဲ့သူဖြစ်သည်ဟု မောင်းရမ်းကျေးရွာမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) အောင်နိုင်ရေးလှုပ်ရှားသူ ဦးဌေးဝင်းက YPI သို့ပြောသည်။

“သူ(ဦးစိုးမြင့်)ထည့်ချင်တာက ခွပ်ဒေါင်းတဲ့။ အဲဒါကို ရာအိမ်မှူးက ခြင်္သေ့ကိုပဲ ထည့်ရမယ်ဆိုပြီး အတင်းအကျပ်လုပ်တာလေ။ အဲဒါကို ဦးစိုးမြင့်က မကျေနပ်လို့ ကျနော်တို့ကို လာပြောတာ” ဟု အန်အယ်ဒီ အောင်နိုင်ရေးလှုပ်ရှားသူက ပြောပြသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အရေးယူပေးပါရန် ဥတ္တရသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်ထံသို့ တိုင်ကြားထားကြောင်းလည်း ဦးဌေးဝင်းကပြောသည်။

ဥတ္တရသီရိမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥကဌ ဦးသန်းဇော်ကို YPI က ဆက်သွယ်မေးမြန်းရာ ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး ၄င်းတို့အား တိုင်ကြားထားသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောဆိုသည်။

“ကျနော်တို့ ဒီကိစ္စကို စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်။ ကာယကံရှင်ရဲ့ ထွက်ဆိုချက်ကိုလည်း ကျနော်တို့ မှတ်တမ်းယူထားပါတယ်” ဟု ဦးသန်းဇော်ကပြောသည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး မည်သို့ အရေးယူဆောင်ရွက်မည်ကို မေးမြန်းရာ “အရေးယူမှာပါ…ဒါပေမဲ့ ဒီကစဟာ သိပ်တော့ ကြီးကြီးမားမား မဟုတ်ပါဘူး” ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်က ပြောသည်။

ဥတ္တရသီရိမဲဆန္ဒနယ်သည် နေပြည်တော်ရှိ မဲဆန္ဒနယ်လေးနေရာအနက် တစ်ခုဖြစ်ပြီး မဲဆန္ဒရှင် ၃၆,၂၅၅ ဦးရှိကာ မဲရုံပေါင်း ၄၉ ခုရှိသည့် မဲဆန္ဒနယ်ဖြစ်သည်။ အဆိုပါမဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးပါတီမှ ဦးလှသိန်းဆွေ၊ အန်အယ်ဒီပါတီမှ ဦးမင်းသူနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)မှ ဦးကြည်မြင့်တို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ။

Yangon Press International
4 hours ago
လှည်းကူးမှာ အသက်မပြည့်သူများ မဲစာရင်းထဲထည့်သွင်း

မဲမသမာမှုများ (၆)
လှည်းကူး၊ မတ်လ ၃၁ ရက်၊ ၂၀၁၂ ခုနှစ်-(YPI

လှည်းကူးမြို့ ကျွန်းကလေး နှင့် ရိပ်သာရပ်ကွက် များတွင် မှတ်ပုံတင်ရှိပြီးသူများအား ယာယီကပ်လုပ်ပေးကာ မဲထည့်ဖို့ ပြင်ဆင်ထားခြင်း၊ အသက်မပြည့်သူ များကိုပါ မဲစာရင်းတွင်ထည့်သွင်းထားခြင်းတို့ လောလောဆယ်အချိန်ထိ အရေအတွက် တရာကျော်တွေ့ရှိထားရသည်ဟု မျက်မြင်သက်သေတဦးက ပြောသည်။

အချို့သော စာရင်းများတွင် အမေဖြစ်သူနှင့် သမီးဖြစ်သူတို့မှာ အသက် ၁ နှစ်သာကွာသည့် အဖြစ်များလည်း ကိုယ်တိုင်တွေ့မြင်ခဲ့ရသည်ဟု အဆိုပါ မျက်မြင်သက်သေက ပြောသည်။

ယင်းကိစ္စရပ်များကို လုပ်ဆောင်သူများမှာ ယင်းရပ်ကွက် ကျေးရွာများမှ ဆယ်အိမ်မှူးများဖြစ်၍ ကျေးရွာကော်မရှင် မြို့နယ် ကော်မရှင်က သိရှိခြင်း ရှိသည်မရှိ အတည်မပြုနိုင်ဟုလည်း ၎င်းက YPI သို့ပြောသည်။

Yangon Press International
4 hours ago
မော်လမြိုင်မှာ ကြိုတင်မဲအတင်းပေးခိုင်း

ကြိုတင် မဲမသမာမှုများ (၅)
မတ်လ၃၁ ရက်၊ ၂၀၁၂ ခုနှစ်၊ ဟံသာ (YPI)

မော်လမြိုင်မြို့ ဇေယျာမြိုင် ရပ်ကွက်တွင် ယနေ့ကြိုတင်မဲ အတင်းပေးခိုင်းသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မော်လမြိုင် အောင်နိုင်ရေး ကော်မတီမှဦးကိုကိုဇော်ကပြောသည်။

“ရာအိမ်မှူးရယ် ၊ရပ်ကွက်လူကြီးတွေရယ် ၊ကော်မရှင်အဖွဲ့ဝင်တွေရယ် ငါးယောက်လောက်အိမ်ပေါ်တက်လာ ကြတယ်။ သူတို့က ဒီအိမ်မှာကြိုတင်မဲပေးရမယ်ပြောတယ်၊
အိမ်ကလူတွေကသူတို့လည်းဘာမှမဖြစ်ဘဲနဲ့ မပေးနိုင်ဘူးပြန်ပြောတော့ ရုန်းရင်းဆန်ခတ်ဖြစ်သွားတယ်ဘေးအိမ်ကလူတွေရောက်လာတော့သူတို့လဲ ပြန်သွားတယ်” ဟု ဦးကိုကိုဇော် ကပြောသည်။

လက်ရှိမော်လမြိုင်တွင်ဖြစ်နေသောကြိုတင်မဲကိစ္စမှာ အချို့ ရပ်ကွက်လူကြီးများမှ ကြိုတင်မဲလာကောက်သည့် ပြသာနာဖြစ်ပြီး အဆိုပါကိစ္စများလည်း မှတ်တမ်းတင်ထားသည်ဟု ၎င်းကပြောသည်။

မော်လမြိုင်မြို့နယ်တွင် တောရွာအချို့စာရင်းမပေါင်းရသေးဘဲ မြို့ပေါ်နေသူသတ်သတ် ကြိုတင်မဲပေးသူ ၇၀၀ ၊၈၀၀၀န်းကျင်ခန့် ရှိမည်ဟု ခန့်မှန်းရကြောင်း၎င်းကဆက်ပြောသည်။ ။

Yangon Press International
5 hours ago
ကော့မှူးမြို့နယ် တွင် မဲစာရင်းမပါသူတဦး တကိုယ်တော်ဆန္ဒပြ

မတ်လ ၃၁ ရက်၊ ၂၀၁၂ ခုနှစ်၊ ကျော်စိုးလင်း (YPI)

ကော့မှူးမြို့နယ် သဲကုန်းရပ်ကွက် လက်ခိုက်ကျေးရွာမှ ဦးစိန်အောင်မင်းနှင့် ဇနီးတို့ကို မဲစာရင်းလာကောက်ယူခဲ့သော်လည်း ပထမအကြိမ် မဲစာရင်းနှင့် နောက်တိုးမဲစာရင်းများတွင် မပါဝင်ခဲ့သည်ကို ၂၈ ရက်နေ့တွင် သိရှိရသဖြင့် အပိုင်လူကြီးအား သွားရောက်တင်ပြရာ မည်သို့မျှ မတတ်နိုင်ကြောင်း ဖြေခဲ့သည်ဟု ဆိုသည်။

ထို့သို့ မဲပေးရန် အခွင့်အရေး မရသည့်အဖြစ်ကို ဦးစိန်အောင်မင်းက လည်ပင်းတွင် “အသည်းကြားက မဲတပြားကို အမေစုကိုပေးချင်ပေမယ့် ပေးမရဘူး” ဆိုသည့်စာတမ်းကပ်ကာ လမ်းလျှောက်ကာ ဆန္ဒပြခဲ့သည်ဟု ကော့မှူး မြို့ခံများက YPI သို့ပြောသည်။
ထိုသို့ လမ်းလျှောက်စဉ်တွင် အိမ်ထောင်စုစာရင်းကိုလည်း လက်တွင် ကိုင်ဆောင်ကာ ဒါအတုလား ဟုပြောဆိုခဲ့သည်ဟုမြို့ခံများက YPI သို့ ပြောသည်။

ထပ်တိုးမဲစားရင်းများကိုအတည်မပြုပေးနိုင်တော့ကြောင့်းပခုက္ကူမြို့နယ်ကော်မရှင် အဖွဲ့ခွဲကကြေငြာချက်ထုတ်ပြန်
by Yangon Press International on Saturday, March 31, 2012 at 7:21am ·

မတ် ၃၁၊ ၂၀၁၂။ (့YPI)



မနက်ဖြန်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မတ်လ ၂၄ ရက်နေ့အထိအတည်ပြုပြီးသည့်မဲစာရင်းများတွင် ထပ်မံ

ပြင်ဆင်၊ဖြည့်စွတ်နှုတ်ပယ်ခြင်းမပြုလုပ်ကြရန် ပခုက္ကူမြို့နယ်ကော်မရှင်အဖွဲ့ခွဲက ပခုက္ကူမြို့နယ်ရပ် ကွက်၊ကျေးရွာ

ကော်မရှင်အဖွဲ့ခွဲအားလုံးသို့ မတ်လ ၃၀ ရက်ဖွဲ့ဖြင့်အကြောင်းကြားစာပေးပို့ခဲ့သည်။



အကြောင်းကြားစာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နေပြည်တော်ဧ။်မတ်လ၂၉ ရက်စွဲပါစာအမှတ် (၄) ၄/ရကပ၊ကမရရအရ ရည်ညွှန်းထားခြင်းဖြစ်ပြီးမြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဌဦးဘိုးတုကိုယ်တိုင်လက်မှတ်ထိုးထားခြင်းဖြစ်သည်။ ရည်ညွှန်းချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရက်နီးကပ်လာပြီးဖြစ်၍ သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက်မဲစာရင်းများကို ရွေးကောက်ပွဲဥပဒေပုဒ်မ၁၉ ၊ နည်းဥပဒေ ၁၃/၁၄တို့နှင့်အညီစိစစ်ပြင်ဆင်၊ဖြည့်စွတ်နှုတ်ပယ်ပြီး ရွေးကောက်ပွဲမတိုင်မှီ မတ်လ၂၄ ရက် အလိုအတည်ပြုကြရန် ညွှန်ကြားထားပြီးဖြစ်သည်။
ထို့ကြောင့်မဲစာရင်းများကို မတ်လ၂၄ ရက်နေ့တွင်အတည်ပြုပြီးဖြစ်ပါသဖြင့် (ကွယ်လွန်၊ပြောင်းရွေ့)သွားသူရှိပါက
ဥပဒေအရ စားရင်းလျော့သွားသည်မှအပ ထပ်မံဖြည့်စွတ်သည့်စာရင်းကို ဥပဒေနှင့်မညီဘဲ ထည့်မံပြင်ဆင်ဖြည့်စွတ်၊နှုတ်ပယ်ခြင်း
မပြုရန်တိကျစွာလိုက်နာရန်ရည်ညွှန်းစာဖြင့်အကြောင်းကြားလာခြင်းဖြစ်သည်။
ထို့ကြောင့် ပခုက္ကူမြို့နယ်ရပ် ကွက်၊ကျေးရွာကော်မရှင်အဖွဲ့ခွဲအားလုံးကမတ်လ ၂၄ရက်နောက်ပိုင်း အတည်ပြုပြီးသော မဲစားရင်းမှအပထပ်မံဖြည့်စွက်ပြင်ဆင်သည်များလုံးဝမပြုလုပ်ရန်နှင့်တိကျစွာလိုက်နာရန်အကြောင်းကြားခြင်းဖြစ်သည်ဟုဖော်ပြထားသည်။

7Day News Journal
2 hours ago
ဒေါ်အောင်ဆန်းစုကြည် တည်းခိုနေသောအိမ်နှင့် ၀ါးသိင်္ခရွာလယ်လမ်းမများကိုဒေသခံအလှူရှင်တစ်ဦးက မိုးလင်းပေါက် မီစက်နှိုးကာလျှပ်စစ်မီးရရှိအောင်ဆောင်ရွက်ပေးထားသည်။ဝါးသိင်္ခရွာတွင်ညအိပ်ရောက်ရှိနေသောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏လုံခြုံရေးအတွက်ဒေသခံလူငယ်တစ်ရာကျော်က တာဝန်ယူထားကြောင်း ၀ါးသိင်္ခသို့ရောက်ရှိနေသော 7Day News သတင်းထောက်ကသတင်းပေးပို့သည်။

အနုပညာများဖြစ်ကြသော ဇော်ပိုင်၊ Rဇာနည်၊ ရင်ဂို၊ ဟဲလေး၊ ရဲတိုက်၊ မီးမီးခဲ၊ ထွန်းအိန္ဒြာဗိုလ်၊ သျှီ၊ ချစ်သုဝေ၊ သံသာဝင်းနှင့်အနဂ္ဂ တို့ပါဝင်သောအနုပညာရှင်များသည် ယနေ့ ညနေ ၆ နာရီ ၁၀ မိနစ်တွင် မရမ်းကုန်း NLD
ရုံးရှေ့တွင် လာရောက် သီဆိုဖျော်ဖြေခဲ့ကြသည်။


ပြည်ခိုင်ဖြိုးအမတ်ကို ဒီချုပ်အမတ်က ကန့်ကွက်စာတင်

ထန်းတပင်၊ မတ် - ၃၁

ထန်းတပင်မြို့နယ်အတွင်းရှိ ဇလုပ်ကြီးကျေးရွာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မဲမရိုးသားမှုတစ်ခုဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီးထန်းတပင်မြို့နယ် အင်န်အယ်လ်ဒီအဖွဲ့မှ မြို့နယ်ကော်မရှင်အဖွဲ့သို့ ကန့်ကွက်စာတင်ပို့ထားကြောင်း သတင်းရရှိသည်။

ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးကျော်စိုးနှင့်ဦးခင်မောင်ညွန့်တို့နှစ်ဦးက အဆိုပါကျေးရွာတွင်နေထိုင်သည့် ဦးကျော်စိုးမိုးနှင့် မအေးအေးမာတို့နှစ်ဦးအား ပြည်ခိုင်ဖြိုးပါတီကိုသာ မဲထည့်ရန်ပြောဆိုခဲ့ကြောင်း အင်န်အယ်လ်ဒီအဖွဲ့ချုပ်မှတင်သွင်းသည့် ကန့်ကွက်စာအရသိရသည်။

"ကျွန်တော်တို့ရွာထဲကိုနှစ်ယောက်ဝင်လာတာ။ အခြားရွာတွေကိုလည်းဖြန့်ပြီးသွားကြတယ်။ တကယ်လို့ လက်ခံရင် တစ်ယောက်ကိုဆန်တစ်အိတ်နဲ့ငွေနှစ်သောင်း ပေးမယ်ဆိုပြီးပြောတာ" ဟု ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး ဇလုပ်ကြီးကျေးရွာသားတစ်ဦးကပြောသည်။

ဇလုပ်ကြီးကျေးရွာမှာ လူဦးရေ ၆၀၀ ခန့်ရှိပြီး အခြားသောနေအိမ်များတွင်လည်း ယင်းသို့စည်းရုံးမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

7Day News Journal
7 hours ago
ရေစကြိုမြို့နယ်တွင်မှ နယ်မြေ၈တွင် ကြိုတင်မဲသွားရောက်ပေးခဲ့သောသူ ၃ဦးသည်NLDပါတီတံဆိပ်ဘေးတွင်အမှန်ခြစ်ရာခြစ်မရဘဲဖြစ်သည့်အတွက်မဲလက်မှတ်များတွင်ဖယောင်းသုတ်ထား ခြင်းရှိမရှိစုံစမ်းနေကြောင်းNLDပါတီမှဒေါက်တာတင်ဌေးအောင်ကပြောကြားသည်။မဲလက်မှတ်များ တွင်ဖယောင်းသုတ်ထားခြင်းရှိမရှိကိုမူ အတည်ပြုမရသေးဘဲ၊ မနက်ဖြန်နံနက်မဲပေးရာတွင် လက်များကိုစင်ကြယ်အောင်ဆေးကာ မိမိပေးလိုသောပါတီဘေးတွင် လက်သည်းဖြင့် ခြစ်ပြီး အရင်ဆုံးစစ်ဆေးရန် နှိုးဆော်သွားရန်စီစဉ်နေသည်ဟု ရေစကြိုမြို့နယ်မှ NLD ပါတီကိုယ်စားလှယ်လောင်းကပြောကြားသည်။

Uploaded by irrawaddynews on 30 Mar 2012

ရွေးကောက်ပွဲ မကျင်းပခင် နောက်ဆုံးအခြေအနေ၊ ၊(၁)



7Day News Journal
ကမ္ဘာကျော် CNN သတင်းဌာနမှ သတင်းတင်ဆက်သူက ကော့မှူးမြို့နယ်၊ ၀ါးသိင်္ခရွာမှ တိုက်ရိုက်သတင်းတင်ဆက်နေစဉ်



U Min Min

ရေဦးမြို့ အောင်ဆန်းရပ်ကွက်မှ မဲရုံကိုယ်စားလှယ် ဦးတိုက် သွေးတိုးရောဂါကြောင့် ယနေ့ (၃၁.၃.၂၀၁၂) ည ၇ နာရီခွဲခန့်တွင် ဆေးရုံသို့ တင်ရပါသည် ။ ထို့ကြောင့် NLD မှ မြို့နယ်ကော်မရှင်အား မဲရုံကိုယ်စားလှယ် အစားထိုးခွင့်တောင်းဆိုရာ မြို့နယ်ကော်မရှင် ဥက္ကဌ ဦးသောင်းမှ အစားထိုးခွင့်မပေးပဲ ပယ်ချခဲ့သည် ။ ထို့ကြောင့် ခရိုင်ကော်မရှင်သို့ ဖုန်းဖြင့် ဆက်သွယ် အကြောင်းကြားသောအခါ မြို့နယ်မှ လုပ်ပိုင်ခွင့်ရှိကြောင်း အကြောင်းပြန်ကြားကြောင်းသိရသည် ။ အဆိုပါ နေရာနှင့် ခရိုင်ကော်မရှင်ရုံးမှ မိုင် ၆၀ ကျော်ဝေးသည့် အပြင် အချိန်မှာလည်း အလွန်နီးကပ်နေပြီဖြစ်သောကြောင့် အခက်အခဲကြုံနေရကြောင်းသိရသည် ။ သတင်းဌာနများအနေဖြင့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါကNLD အောင်နိုင်ရေးအဖွဲ့ဝင် ကိုဧနိုင် ဖုန်းနံပါတ် - ၀၉ ၄၇၀၆၇၅၃၅ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည် ။

ကော့မှူးမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် အန်အယ်ဒီပါတီဝင်မျာ;စကားများရန်ဖြစ်ခြင်းမှာ မဟုတ်ကြောင်း အန်အယ်ဒီပါတီငြင်းဆို
by Shwe Myitmakha Media Group on Saturday, March 31, 2012 at 9:07am ·

ဝင့်သင်ဇာကျော်(မြစ်မခ-ကော့မှူး)

မတ်လ ၃၁၊ ကော့မှူးမြို့။

ကော့မှူးမြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး)နှင့် အန်အယ်ဒီပါတီအဖွဲ့ဝင်များသည် မတ်လ ၃၀ရက်နေ့ ညနေ ၅နာရီခန့်၌ ထွန်းစတိုးဆိုင်ရှေ့တွင် အခြေအတင်စကားများသည်ဟု သတင်းထွက်ရှိနေခြင်းသည် မဟုတ်မှန်ဘဲ ဒေသခံပြည်သူများနှင့် ပြည်ခိုင်ဖြိုးတို့မှ ပဋိပက္ခဖြစ်ရခြင်းသာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“ကျွန်တော်တို့ပါတီနဲ့ဖြစ်တာမဟုတ်ဘူး ၊ ကြံ့ခိုင်ဖွံ့ရေးနဲ့ ပြည်သူတွေနဲ့ဖြစ်တာပါ ကျွန်တော်တို့က ဒီရွေးကောက်ပွဲ ပျက်သွာမှာစိုးလို့ ပြေလည်အောင် ဖြေရှင်းပေးရုံပါ။” ဟု အန်အယ်လ်ဒီပါတီ ကော့မှူးမြို့နယ်အောင်နိုင်ရေးအဖွဲ့ဝင် ဦးအေးသိန်းမှ ရှင်းလင်းပြောဆိုသည်။၎င်းမြို့ခံ ဆိုက်ကားနင်းနေသူ ဒေသခံတစ်ဦးမှ သူကြားမိခဲ့သည့် သတင်းအား ယမန်နေ့တွင် အယ်အယ်ဒီအဖွဲ့မှ ကလေးများကနေစဉ် ပြည်ခိုင်ဖြိုးပါတီမှ ဆဲဆိုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ရန်ဖြစ်တာမဟုတ်ဘူး ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ ဘေးလူနဲ့ဖြစ်တာ၊ မနေ့က ငါးနာရီ ခြောက်နာရီလောက်ကပေါ့။” ဟုကေှာ့မှူးမြို့မှ လူငယ်တဦးက ပြောသည်။
အဆိုပါ သတင်းထွက်ရှိနေခြင်းနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီကို သွားရောက် မေးမြန်းရာတွင် မည်သူမှ မသိရှိကြောင်းနှင့်၊ ယင်းနေ့တွင် ရှိခဲ့သော ၎င်းပါတီဝင် အကုန်လုံးသည် စည်းရုံးရေးဆက်လျက် ဆင်းနေကြပြီ ဖြစ်ကြောင်း သိရှိရသည်။
“ကျွန်တော်တို့ဘာမှ မသိဘူး ကျွန်တော်တို့က နယ်ကအခုမှလာတာ ၊ မနေ့က ဒီရုံးမှာ ရှိနေတဲ့လူတွေ အကုန်လုံး စည်းရုံးရေးဆင်းကုန်ကြပြီ ဘယ်သူမှ မရှိဘူး။”ဟု ပြည်ခိုင်ဖြိုးပါတီ၏ ရုံးဂိတ်စောင့် တစ်ဦးမှ ဆိုသည်။
ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာ စိုးမင်းအား ဆက်သွယ်ရာတွင် ဖုန်းမကိုင်ခြင်း၊ ဖုန်းပိတ်ထားခြင်းများ ဖြစ်ပေါ်နေသည်။

ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ မိနစ်အလိုက် နောက်ဆုံးရသတင်းများ

ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲများအတွက် လစ်လပ်မဲဆန္ဒနယ် (၄၀)ကျော်တွင် ရောက်ရှိနေသော Eleven Media Group မှ သတင်းထောက်များ၏ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ နောက်ဆုံးရသတင်းများကို ဤနေရာတွင် မိနစ်အလိုက် အချိန်နှင့် တစ်ပြေးညီ စုစည်ဖေါ်ပြအပ်ပါသည်။ ထို့အတူ https://www.facebook.com/ElevenMediaGroup တွင်လည်း နောက်ဆုံးရသတင်းများကို အချိန်နှင့်တစ်ပြေးညီ ဖော်ပြပေးထားပါသည်။

31 March 2012 23:48

ကလောမြို့နယ်တွင် မဲရုံပေါင်း ၁၃၂ ရုံ၊ မဲပုံး ၂၅၆ ပုံး၊ မဲလက်မှတ် စာအုပ်မှာ ၂၀၁၉ အုပ် ဖြစ်ကြောင်း၊ မဲပေးနိုင်သည့် ဦးရေ ကျား ၄၈၂၃၆ ဦး၊ မ ၅၀၁၅၇ ဦး၊ စုစုပေါင်း ၉၈၃၉၃ ဦးဖြစ်ကြောင်းနှင့် စစ်တပ်မှ မဲပေးနိုင်သူဦးရေမှာ ၄၀၀၀ ကျော်ရှိကြောင်း သိရသည်။

31 March 2012 23:44

သုံးခွမြို့နယ်တွင် လူဦးရေ ၁၅၈၈၃၀ ရှိပြီး မဲပေးနိုင်သည့်ဦးရေမှာ ၁၁၂၇၉၀ ဖြစ်ကြောင်း၊ မဲရုံပေါင်း ၁၃၅ ရုံရှိကြောင်းနှင့် မြို့နယ်ကော်မရှင်က ကြိုတင်မဲ ၂၀၀၀ မကျော်စေရကြောင်း ပြောကြားထားပြီး ယင်းအနက် ၁၆၅၀ ကို NLD က ရရှိခဲ့ကြောင်း သိရသည်။

31 March 2012 23:13

"ပြည်သူတွေရဲ့ စီးပွားရေး အခက်အခဲတွေ၊ ကုန်ဈေးနှုန်း အခက်အခဲတွေ၊ လယ်ယာမြေ သိမ်းခံရတာတွေကို တွေ့နေရပါတယ်။ ပထမဆုံးလုပ်ပေးချင်တာကတော့ လယ်သမားတွေရဲ့ ထွက်ကုန်တွေကို ပြည်ပကို ကျယ်ကျယ်ပြန့်ပြန့်ရောင်းချပေးနိုင်အောင်ပါ။ တချို့မဲစာရင်းတွေ မှားတာတွေကတော့ ကျွမ်းကျွမ်းကျင်ကျင် မရှိသေးလို့ပဲ မြင်ပါတယ်။ အချိန်မှီ ပြုပြင်နိုင်ခဲ့တာတွေ ရှိသလို၊ မပြင်နိုင်ခဲ့တာတွေလည်း ရှိပါတယ်။ မြန်အောင်မြို့နယ်က ဒေါင့်ကျအုပ်စု၊ ညောင်တုန်းလဲအုပ်စု၊ ရင်းတိုက်ကုန်းအုပ်စု၊ ထောက်ကျံ့အုပ်စုတွေကို မနက်ဖြန် အဓိကထားပြီး သွားမှာပါ။ ပြည်သူတွေကို အဓိက ပြောချင်တာကတော့ မိမိနိုင်ငံအတွက် ဆောင်ရွက်ပေးနိုင်မယ့် ပုဂ္ဂိုလ်ကိုရွေးချယ်တာ ပိုကောင်းပါတယ်"

ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ မြန်အောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းလှိုင်

31 March 2012 23:01

"ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရေး တို့လိုအပ်နေတာ တွေ့ရပါတယ်။ မနက်ဖြန်မှာ မြန်အောင်မြို.နယ်မှာရှိတဲ့ မြို့ပေါ်နဲ့က နောင်ကို အဓိကထားသွားမှာပါ။ တရားမျှတတဲ့ ကြားဖြတ်ရွေးကောက်ပွဲဖြစ်အောင် ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားတဲ့ ဥပဒေတွေကို လိုက်နာ ဆောင်ရွက်ထားပါတယ်။ ပြည်သူတွေအားလုံးက ပြည်ထောင်စုကြံ.ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ယုံကြည်အားပေးပါ။ နိုင်ငံနဲ့ လူမျိုးအနာဂတ် လိုအပ်ချက်အားလုံးကို ကျန်တဲ့ နှစ်ကာလအတွင်းမှာ အစွမ်းကုန် ဆောင်ရွက်ပေးပါမယ် ဟု ပြောကြားခဲ့ပါတယ်။"

31 March 2012 22:10

"ကော်မရှင်ကသတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာလုပ်ဆောင်နေသည်။ မြို့နယ်ကော်မရှင်ကိုကျော်ပြီး လုပ်တာဘာမှမရှိ၊ ကြိုတင်မဲကိစ္စလည်း ပါတီအနေဖြင့် ၀င်ရောက်စွက်ဖက်မှု မလုပ်ကြောင်းဆို၊ မဲဆွယ်ကတည်းက စည်းကမ်းတကျလုပ်ဆောင်ပြီး ချိုးဖောက်မှုမလုပ်ကြောင်းပြော၊ ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း တရားမျှမျှတတသာလုပ်ဆောင်သွားမည်ဟု ဆိုပါသည်။"

ဦးရန်နိုင်စိုး မြို့နယ်အတွင်းရေးမှူး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စာလှယ်လောင်းဦးတင့်လွင် ကျေးရွာမဲရုံကိုယ်စာလှယ်လောင်းများနှင့် တွေ့ဆုံဆွေးနွေးပွဲသွားရောက်နေသဖြင့် ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါ။

31 March 2012 2205

"စည်းမျဉ်းစည်းကမ်းအတိုင်းသတင်းယူနိုင်သည်၊ မဲရုံအတွင်း ၀င်ရောက်ပြီး ဓာတ်ပုံရိုက်ခွင့်မပေးနိုင်၊ မြင်သာထင်သာသည့်နေရာမှနေ၍ သက်ဆိုင်ရာရပ်ကျေးကော်မရှင်ထံ ခွင့်တောင်းပြီးဓာတ်ပုံရိုက်နိုင်သည်။ မဲပေးသူများကို အနှောင့်အယှက်လုံးဝမဖြစ်စေရ၊ ပါတီတစ်ခုခုအတွက် မဲဆွယ်သည့်သဘောမျိုးအမူအရာမျိုးဖြင့် မဲပေးသူများအားအင်တာဗျူးမပြုလုပ်ရ၊ ပါတီတစ်ခုခု၏အလံနှင့် အရောင်တူအင်္ကျီမ၀တ်ဆင်ရဟု ပြောကြားသည်။ ကော်မရှင်အဖွဲ့ဝင်များ သက်ဆိုင်ရာ ရပ်ကျေးနယ်မြေအသီးသီးသို့ ၃၀ရက်နေ့နှင့် ၃၁ရက်နေ့အတွင်း သွားရောက်ပြီဖြစ်ကြောင်း သိရပြီး ဖြစ်ပေါ်လာသော၊ ရှိလာသော အခက်အခဲများကို ဖြေရှင်းပေးနိုင်အောင် ပြင်ဆင်ထားသည်ဟု မြို့နယ် ကော်မရှင်တာဝန်ရှိသူများက ဆိုပါသည်။ မဲရုံများပိတ်ပြီးနောက် မဲစာရင်းရေတွက်မှုကိုလည်း ဓာတ်ပုံရိုက်ခွင့်မပေးနိုင်ကြောင်း၊ မဲရလဒ်များကိုလည်း မြို့နယ်နှင့် ခရိုင်မှ မထုတ်ပြန်ပေးနိုင်ကြောင်းနှင့် တိုင်းကော်မရှင်မှသာ တောင်းယူရန်ပြောပါသည်။ ၂၀၁၀ပြည့်နှစ်ေ၇ွးကောက်ပွဲတွင် ညနေ ၇နာရီဝန်းကျင်တွင် အနိုင်အရှုံးရလဒ်သိရှိနိုင်ကြောင်း သိရပါသည်။"
ဦးကျော်မောင် ဥက္ကဋ္ဌ မြို့နယ်ကော်မရှင်၊ ဦးတင်မြင့် ခရိုင်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်

31 March 2012 22:00

"ရွာတိုင်းရွာတိုင်းက ဒေါ်အောင်စုကြည်နဲ့ ဒီချုပ်ဆိုတာနဲ့ အဖွဲ့ဆိုတာနဲ့ လာစရာမလို မဲပေးဖို့ အသင့်ဆိုတာချည်းပဲ။ တချို့ပါတီတွေဆိုရင် လူစုဖို့တောင်ခက်ခဲတယ်။ ရွာဘုန်းကြီးလှူပြီး ဘုန်းကြီးကတစ်ဆင့် လူစုရတာ တွေ့ရတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ၉၀ ရွေးကောက်ပွဲမှာ တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ် တစ်ဦးဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ကြောင့် မဲပေးတာပိုများမှာပါ။ အခက်တွေလည်းရှိပါတယ်။ တချို့ရွာတွေဆို အအုပ်ချုပ်ရေးမှူးတွေကြောင့် ကျွန်တော်တို့အတွက် ခက်ခဲပါတယ်။ သူတို့က မျက်နှာလို မျက်နှာရ လုပ်ချင်တယ်။ လက်ပါးစေတွေလိုမျိုး စိန်ခေါ်၊ ခြိမ်းခြောက်၊ နှောင့်ယှက်ချင်ကြတယ်။ ဥပမာ မန်းကျည်းကြုံရွာဆို မဲစာရင်းကပ်တာ နောက်ကျတယ်။ မုန်းစလှဲရွာဆိုလည်း ၃၁ရက်နေ့ထိ မဲစာရင်းမကပ်သေးဘူး။ ကပ်စရာသင်ပုန်းမရှိလို့ပြောတယ်။ တချို့လည်းအမှန်ပြောတာဖြစ်မှာပါ။ သာဂရမှာလည်း မဲစာရင်းကပ်တာ နောက်ကျတော့ လူသုံးရာကျော် မဲ ပေးခွင့်မရတော့ဘူး။ ကျောင်းတော်ရာကျေးရွာအုပ်စုဆိုရင် လူဦးရေ ၃၄၁၁ရှိတာမှာ ၁၁၄၀မှာ မှတ်ပုံတင်မရှိလို့မေးပေးခွင့်မရဘူးဖြစ်တယ်။ မြို့နယ်လ၀ကကို ပြောမရတော့ ခရိုင်၊ တိုင်းအဆင့်ထိပြောရတယ်။ ယာယီ မှတ်ပုံတင် လုပ်ပေးမယ်လို့ပြောပေမယ့် အချိန်မီဖို့ ခက်ခဲပါတယ်။ မြို့နယ် ကော်မရှင်ကနေ မတ်လ ၁၇ရက်နေ့က မဲစာရင်းကူးခွင့်ရပါတယ်။ စာရင်းမှားတာတွေလည်း ရှိတယ်။ ကုန်းဇောင်းတို့၊ ပေတောတို့မှာ ရာချီပြီးလျော့တယ်။ ကော်မရှင်ကိုပြောတော့ ကော်မရှင်က ပြန်စိစစ်ပြီး ဖြည့်ပေးတာလည်းရှိတယ်။

အနှောင့်အယှက်ပေးတာတွေလည်း ရှိတယ်။ ဇီးတောအုပ်စု ကျောင်းစုကျေးရွာရဲ့အုပ်ချုပ်ရေးမှူးဆို၊ သူက မကွေးတိုင်းဒေသကြီးဝန်ကြီးတစ်ဦးရဲ့ညီတော် တယ်ပြောတယ်။ သူက အုပ်ချုပ်ရေးမှူးလုပ်လာတာ နှစ် ၂၀ရှိပြီ။ ကျွန်တော်တို့မဲဆွယ်တာ၊ စည်းရုံးရေးဆင်းတာ၊ မဲဆွယ်စာရွက်ကပ်တာကအစ သူ့ကျေးရွာမှာတော်တော်ခက်ခက်ခဲခဲလုပ်ရတယ်။ နောက် နန်းတော်ကျွန်း အုပ်ချုပ်ရေးမှူးဆိုလည်း ကျွန်တော်တို့ မဲဆွယ်စာရွက်စာတမ်း တွေကို ဆုတ်ဖြဲတာမျိုးလုပ်တယ်။ ဒါပေမယ့် ဒီရွေးကောက်ပွဲမှာ ကျွန်တော့်အနေနဲ့ ၇၀ရာခိုင်နှုန်းနိုင်မယ်၊ ၃၀ရာခိုင်နှုန်း အနှောက်အယှက် ကြုံနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ကြိုတင်မဲကိစကတော့ ၃၁ရက်နေ့ ညနေပိုင်းထိ ကျွန်တော်တို့ဆီ သတင်းမတက်ပါဘူး။ ၃ရာခိုင်နှုန်းထက် ကျော် မကျော်၊ စည်းကမ်း သတ်မှတ်ချက် ညီ မညီ မသိသေးပါဘူး။ ရွေးကောက်ပွဲနေ့မှပဲ သက်ဆိုင်ရာ မဲရုံကိုယ်စားလှယ်တွေကို မေးရမှာပါ။ ဒီရွေးကောက်ပွဲမှာ အခုလောက်မဲဆွယ်ခွင့်ရတာ ခန့်မှန်းထားတာထက် ပိုကောင်းပါတယ်။ ဒါက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့ တွေဆုံညိနှိုင်းမှုကြောင့် ရတာပါ။"

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပွင့်ဖြူမြိုနယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညို

ပွင့်ဖြူမြို့နယ် -မဲပေးနိုင်သူဦးရေ ၁၁၃၀၅၃မြို့ပေါ်ရပ်ကွက် ၄ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၂စု၊ စုစုပေါင်း ၅၆၊ မဲရုံပေါင်း ၂၀၉ရုံ



31 March 2012 21:21

“မနက်ဖြန်ကျရင် အစောဆုံးသွားပြီးမဲပေးမယ်။ ဘာဖြစ်လို့လဲဆိုတော့ အမေစုကို ချစ်လို့ပေါ့”

ပြင်ဦးလွင်မြို့နယ် မိုးကြိုးပစ်ကျေးရွာမှ ကုန်စုံဆိုင်ရှင်တစ်ဦး

“မနက်ဖြန်ကျရင် အစောဆုံးသွားပြီးမဲပေးမယ်။ ဘာဖြစ်လို့လဲဆိုတော့ အမေစုကို ချစ်လို့ပေါ့”

ပြင်ဦးလွင်မြို့နယ် မိုးကြိုးပစ်ကျေးရွာမှ ကုန်စုံဆိုင်ရှင်တစ်ဦး

“ဒီရွေးကောက်ပွဲမှာ ကျွန်တော်တို့တွေ ဘယ်သူ့ကို ရွေးချယ်ရမယ်ဆိုတာ သိလာပြီ။ အရင်တုန်းက ရွေးကောက်ပွဲအတွေ့အကြုံမရှိတာရယ် အဆွယ်ကောင်းတာရယ်ကြောင့် သူများပေးတဲ့ မဲပဲလိုက်ပေးခဲ့တယ်။ အခုတော့ ကျွန်တော်တို့တွေမှာ အတွေ့အကြုံရှိလာပြီ။ ဘယ်သူ့ကိုပေးရမယ်ဆိုတာ သိလာတယ်။ ဒီတစ်ခေါက် ကျွန်တော်ပိုင်တဲ့မဲကို ပေးဖြစ်အောင်ကို ပေးမယ်” ပြင်ဦးလွင်မြို့နယ် မိုးကြိုးပစ်ကျေးရွာမှ တောင်သူတစ်ဦး
“ကျွန်တော့်အိမ်မှာ မိသားစုခြောက်ယောက်ရှိတယ်။ အားလုံးမဲပေးပိုင်ခွင့်ရှိတဲ့ အသက်အရွယ်တွေချည်းပဲ။ ဒီတော့ ကျွန်တော်တို့မဲကို ပေးဖြစ်အောင်ပေးမယ်။ ကျွန်တော်တို့နိုင်ငံအပြောင်းအလဲဖြစ်ဖို့လိုနေတယ်။ ဒီလိုအပ်ချက် ကို လုပ်နိုင်မယ်လို့ထင်တဲ့သူ၊ လွတ်တော်ထဲမှာ ပြောရဲဆိုရဲရှိတဲ့သူတယ်လို့ ကျွန်တော်တို့ ယုံကြည်တဲ့သူကို မဲပေးမယ်။ အရင် ၂၀၁၀ မဲပေးတုန်းက ဘာခံစားမှုမှမရှိခဲ့ဘူး။ ဒီတစ်ခေါက်တော်တော်လေး စိတ်လှုပ်ရှားတယ်။ မနက်ဖြန်အတွက် ကြိုပြီးရင်ခုန်မိတယ်။ တကယ်အလုပ်လုပ်မယ့်သူအတွက် တစ်မဲဆိုလည်းတစ်မဲ တန်ဖိုးရှိတယ်”

ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၃)တွင် နေထိုင်သူတစ်ဦး

“လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲသာ အမှန်တကယ်ဖြစ်ခဲ့ရင် ကျွန်တော်တို့ပဲ နိုင်မှာပါ”

ဦးကျော်သီဟ၊ ပြင်ဦးလွင်မြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်လောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်



31 March 2012 22:01

တန့်ယန်းမြို့နယ်ရှိ ကျေးရွာအုပ်စု ရှစ်ခုတွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်နိုင်ရန် သေချာမှု မရှိသေးကြောင်းသိရ

တန့်ယန်းမြို့နယ်ရှိ ကျေးရွာအုပ်စု ရှစ်ခုတွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်နိုင်ရန် မတ်လ ၃၁ ရက်နေ့အထိ သေချာမှုမရှိသေးကြောင်း တန့်ယန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

''ကျေးရွာအုပ်စု ရှစ်ခုက မဲရုံဖွင့်လို့ရမရ ဒီနေ့ထိ မသေချာသေးပါဘူး။ ကော်မရှင် အနေနဲ့ကတော့ မဲပေးခွင့်ရှိသတွေ မဲပေးနိုင်အောင် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမှာပါ''ဟု မြို့နယ်ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌက ဆိုသည်။

မဲရုံဖွင့်လှစ်ရန် အခက်အခဲရှိသည့် ကျေးရွာအုပ်စု ရှစ်ခုမှာ နမ့်လပ်၊ ကောင်းလန်း၊ နားဝိန်၊ ပန်ဖီ၊ နမ့်စိုင်၊ ခမ်းပုန့်၊ မန်ကောင်းနှင့် နမ့်အွန်အုပ်စုများဖြစ်ကြောင်း သိရသည်။ အဆိုပါ ကျေးရွာအုပ်စုရှစ်ခုတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ အရေအတွက်မှာ ၁၀၉၈ ဦးရှိကြောင်း သိရသည်။

''အဲဒီ ကျေးရွာအုပ်စုတွေမှာ မဲရုံဖွင့်ပြီး မဲပေးခွင့် ရ မရ မနက်ဖြန်မှပဲ သိရမှာ။ ကော်မရှင် အဖွဲ့ခွဲကလူတွေလည်း အဲဒီရွာတွေဘက် ဆင်းသွားကြပြီ။ အခြေအနေပေးရင် အဲဒီရွာတွေနဲ့ အနီးစပ်ဆုံးမှာ မဲပေးခွင့်ရှိသူတွေ မဲပေးနိုင်အောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီ ကျေးရွာအုပ်စုတွေမှာ ဘာကြောင့် မဲရုံဖွင့်လှစ်ဖို့ ခက်ခဲရတာလည်းဆိုရင် အဖွဲ့အစည်းတစ်ခုရဲ့ နယ်မြေသဘောမျိုး ဖြစ်နေပြီး သူတို့နဲ့ ညှိနှိုင်းနေရတယ်။ သူတို့နဲ့ ညှိနှိုင်းလို့ အဆင်ပြေရင် အဲဒီရွာတွေနဲ့ အနီးစပ်ဆုံးမှာ မဲရုံဖွင့်ပြီး ဆောင်ရွက်ပေးသွားမယ်''ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

''မဲရုံဖွင့်လှစ်ဖို့ ခက်ခဲတယ်လို့ မြို့နယ်ကော်မရှင်ကနေ ခရိုင်ကိုတင်ပြတဲ့ ကျေးရွာအုပ်စု ၁၀ ခု ရှိခဲ့တယ်။ အဲဒီအထဲက တောင်သျိုးနဲ့ မန်လွယ်ဆိုတဲ့ နှစ်ခုမှာ မဲရုံဖွင့်လှစ်ဖို့ ပြန်ခွင့်ပြုလိုက်လို့ အခုရှစ်အုပ်စုပဲ မဲရုံဖွင့်ဖို့ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ ကျန်တဲ့ ရှစ်အုပ်စုအတွက် မဲရုံတွေကို တောင်လျိုးနှင့် မန်လွယ်ရွာတွေမှာပဲ အုပ်စုခွဲပြီး မဲရုံဖွင့်ပေးမယ်လို့လည်း ကြားတယ်။ မဲရုံဖွင့်ဖို့ ခက်ခဲတယ်လို့ တင်ပြရတဲ့ အကြောင်းအရင်းက အဲဒီဒေသမှာရှိတဲ့ အဖွဲ့အစည်းတစ်ခုက ခွင့်မပြုလို့ သိရပါတယ်''ဟု ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် မဲရုံ ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့သည်။

တန့်ယန်းမြို့နယ်တွင် ဧပြီလ ၁ ရက်နေ့တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ၇၀၄၄၆ ဦးရှိကြောင်း၊ မရုံဖွင့်လှစ် ရန်ခက်ခဲသည့် အဆိုပါကျေးရွာအုပ်စုရှစ်ခုရှိ မဲရုံ ရှစ်ရုံ အပါအ၀င် တန့်ယန်းမြို့နယ် တစ်မြို့နယ်လုံးတွင် မဲရုံ ၅၆ ရုံရှိကြောင်း သိရသည်။

31 March 2012 21:37

ကျောက်ပန်းတောင်းမြို့နယ်အတွင်း ကြိုတင်မဲကောက်ခွင့် မရှိသူများက ကြိုတင်မဲများ ကောက်ခံနေကြောင်း အန်အယ်ဒီပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ပြောကြား

ကျောက်ပန်းတောင်းမြို့နယ်အတွင်း ကြိုတင်မဲကောက်ခံခွင့်မရှိသူများက ကြိုတင်မဲများ ကောက်ခံနေကြောင်း ကျောက်ပန်းတောင်းမြို့နယ် NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ ဒေါက်တာဇော်မြင့်မောင်က ပြောပြခဲ့သည်။

ကြိုတင်မဲများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေး စာရေးမတို့မှ လိုက်လံကောက်ခံနေပြိး ယင်းကောက်ခံမှုအား မြို့နယ်ကော်မရှင်ရုံးမှ မသိရှိကြောင်း သိရသည်။ ကြိုတင်မဲကောက်ခံခြင်းကို မတ်လ ၃၀ ရက်နေ့နှင့် ၃၁ ရက်နေ့တို့တွင် ကောက်ခံခွင့်ရှိသော်လည်း အချို့နေ၇ာများတွင် မတ်လ ၂၉ ရက်နေ့ကတည်းက ကောက်ခံနေသည်ကို တွေ့ရကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောပြခဲ့သည်။

“ကြိုတင်မဲ ကောက်ခွင့်မရှိတဲ့သူတွေက ကြိုတင်မဲတွေ လိုက်ကောက်နေတယ်။ ကြိုတင်မဲဆိုတော့ ထည့်ချင်သူတွေ ဆန္ဒရှိမှ ထည့်ရမှာပါ။ အဲဒိလို ကြိုတင်ကောက်တာကို ရပ်ကွက်ကျေးရွာ ကော်မရှင်တွေက မသိဘူး။ ဒါကြောင့် မေးခွန်းထုတ်စရာက ဒီကြိုတင်မဲ စာရွက်တွေကို ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ စာရေးမတွေက ဘယ်လိုရသလဲပေါ့။ ကျောက်ပန်းတောင်းမြို့နယ်ထဲမှာ ရပ်ကွက်ကြိး ၁၂ ရပ်ကွက်၊ ကျေးရွာပေါင်း ၃၆၀ ရှိပါတယ်။ အခု ကြိုတင်မဲကောက်တာတွေက အရမ်းကို များနေတယ်”ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြာခဲ့သည်။

ကြိုတင်မဲပေးခြင်းနှင့်ပတ်သက်ပြီး တားဆီးပေးပါရန် မြို့နယ်ကော်မရှင်ကို တိုင်ကြားထားကြောင်း၊ ကော်မရှင်ကလည်း သူတို့ ဒီကိစ္စကိုမသိရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု ဒေါက်တာဇော်မြင့်မောင်က ဆက်လက်ပြောပြခဲ့သည်။

“အန်တီက ပေါင်တစ်ဖက်မကောင်းလို့ လမ်းမလျှောက်နိုင်တဲ့အတွက် ကြိုတင်မဲပေးရတာပါ။ ဒီနေ့မနက် အန်တီကို ကြိုတင်မဲလာကောက်သွားတယ်။ အန်နီကတော့ အန်အယ်ဒီပါတီကို အမှန်ခြစ်လိုက်တယ်။ ဒါပေမဲ့ စာအိတ်ထဲကိုတော့ ကိုယ်တိုင်မဲစာရွက်မထည့်ရဘူး။ မဲလာတောင်းခံတဲ့သူတွေပဲ စာအိတ်ထဲကို ထည့်လိုက်တယ်”ဟု ကျောက်ပန်းတောင်းမြို့နယ် အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်သူတစ်ဦးက မတ်လ ၃၁ ရက်နေ့တွင် ပြောပြခဲ့သည်။

31 March 2012 21:32

ကျောက်ပန်းတောင်း မြို့နယ် ရပ်ကွက်များ၏ မဲစာရင်းများတွင် မိသားစုလိုက် မဲစာရင်း ကျန်ခဲ့ခြင်းများရှိပြီး သေဆုံးသူအချို့မှာ မဲစာရင်းတွေပါဝင်နေကြောင်း သိရ

ကျောက်ပန်းတောင်း မြို့နယ်အတွင်းရှိ ရပ်ကွက်များ၏ မဲစာရင်းများ ကြေညာရာတွင် မိသားစုအလိုက် မဲစာရင်းကျန်ရှိခဲ့သည့် အဖြစ်အပျက် အများအပြားရှိနေပြီး သေဆုံးသူများမှာမူ မဲစာရင်းတွင် ပါဝင်နေကြောင်း မဲစာရင်းတွင် မပါဝင်ခဲ့သည့် သူများ၏ ပြောကြားချက်များအရ သိရှိရသည်။

ကျောက်ပန်းတောင်းမြို့နယ်အတွင်း ရပ်ကွက်များတွင် မဲစာရင်းများကို ကပ်ထားသည်ကို ရပ်ကွက်နေ ပြည်သူများ သိရှိစေရန် တရားဝင် ကြေညာခြင်းမျိုး မရှိကြောင်း၊ မဲစာရင်းကပ်သည်ကို မသိရှိသောကြောင့် မဲစာရင်းများ မကြည့်ခဲ့ရကြောင်း၊ မဲစာရင်းကပ်သည်ကို သိရှိပြီး သွားရောက်ကြည့်ရှူသူများတွင်လည်း မိသားစုလိုက် မဲစာရင်းတွင် ကျန်ရှိခဲ့ခြင်းများ၊ သေဆုံးသူအချို့ကို မဲစာရင်းတွင် ထည့်သွင်းထားခြင်းများ ရှိနေကြောင်း မဲစာရင်းတွင် မပါဝင်သူများက ပြောကြားခဲ့သည်။ မဲစာရင်းတွင် မပါဝင်သောကြောင့် ကော်မရှင်ရုံးသို့ သွားပြောရာ အလုပ်ရှုပ်ခြင်းကြောင့် မပါဝင်ခြင်းဖြစ်သည်ဟု ပြန်ပြောခဲ့ကြောင်း၊ မဲပေးရမည့်အချိန် နီးကပ်သည်အထိ မဲပေးရမည့်စာရင်းတွင် မပါဝင်သေးကြောင်း သိရသည်။

“ကျွန်မက မဲစာရင်းမှ လုံးဝမကိုမပါတာ။ ကျွန်မအဲဒါနဲ့ ရပ်ကွက်အုပ်ချုပ်ရေးရုံးက စာရေးမကိုမဲစာရင်း မပါတာဘာကြောင့်လဲလို့ သွားမေးတော့ အလုပ်ရှုပ်လို့ မပါတာလို့ ပြောတယ်။ ဒါပေမဲ့ ကျွန်မတို့ နှစ်အိမ်ကျော်က သေဆုံးသွားတဲ့ သားအဖနှစ်ယောက်ကျတော့ မဲစာရင်းထဲမှာပါနေတယ်။ ပြီးတော့ မဲစာရင်းကိုလာ ကြည့်ဖို့အတွက်ကိုလည်း ကြေညာတာမရှိဘူး။ အခြားဟာမျိုးတွေကိုသာကြေညာတယ်။ မဲ စာရင်းကိုတော့ လူမြင်ကွင်းမှာ ကြေညာတာမတွေ့ရဘူး။ ကျွန်မက မဲပေးတာနဲ့ပတ်သက်ပြီး အာရုံစိုက်နေလို့သာ မဲစာရင်း ကပ်တယ်ဆိုတာကို သိတာ။ မဲစာရင်းမပါတော့ မဲမပေးရတော့ဘူး။ အဲဒီအတွက် ကျွန်မအရမ်းကို ဒေါသထွက်တယ်။ ဒါကလုံဝးကို မဖြစ်သင့်ဘူး”ဟု ကျောက်ပန်းတောင်းမြို့နယ် လွတ်လပ်ရေးရပ်ကွက်တွင် နေထိုင်သူ မအေးအေးခိုင်က ပြောပြခဲ့သည်။

“အန်တီတို့ကတော့ မိသားစု (၇) ယောက်လုံး မဲစာရင်းထဲ မပါတာပါ။ အိမ်နီးနားချင်း လင်မယားနှစ်ယောက်ကျတော့ ဟိုတလောက သေသွားတာ အခု မဲစာရင်းထဲမှာ ပါနေပြီ။ မနက်ဖြန်ပဲ မဲပေး၇တော့မယ်။ အခုထိ မဲစာရင်းထဲမှာ မပါတာ တော်တော်လေးကို ဒေါသထွက်ဖို့ ကောင်းတယ်။ အန်တီက အရမ်းကို မဲပေးချင်တာ။ အန်တီတို့မိသားစု (၇) ယောက် မဲပေးခွင့်မရရင် (၇) ယောက်စာ လျော့သွားမယ်လေ။ အန်တီတို့ရပ်ကွက်ထဲမှာ ရပ်ကွက်ရဲ့ သုံးပုံ တစ်ပုံလောက်က မဲစာရင်းထဲ မပါဘူးဖြစ်နေတယ်”ဟု လွတ်လပ်ရေး ရပ်ကွက်တွင် နေထိုင်သူတစ်ဦးကလည်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ မိသားစုလည်း မဲစာရင်းထဲမှာ လုံးဝကိုမပါဘူး။ ၂၀၁၀ တုန်းကတောင် မဲပေးခဲ့ရတယ်ဗျာ။ အခုမဲစာရင်းထဲမပါတော့ ၀မ်းနည်းတယ်ဗျာ”ဟု ကျောက်ပန်းတောင်မြို့နယ် အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောပြခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ်အတွင်း မဲပေးခွင့်ရှိသူဦးေ၇ ၂၀၆၀၀၇ ဦးရှိမည်ဖြစ်ပြီး မဲရုံပေါင်း ၃၈၃ ရုံရှိမည်ဖြစ်ကြောင်း သိရသည်။

31 March 2012 21:11

တောင်တွင်းကြီးမြို့နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် တစ်အိမ်တက် တစ်အိမ်ဆင်း ကြိုတင်မဲများ ကောက်ခံနေခြင်းနှင့် လျှို့ဝှက်မဲပေးခြင်းဥပဒေနှင့် မညီညွတ်သော ကိစ္စများ ဖြစ်ပေါ်နေ

တောင်တွင်းကြီးမြို့နယ်တွင် ကြား ဖြတ်ရွေးကောက်ပွဲအတွက် မဲးပေးနိုင်ရန် မဲစာရင်းတွင် အိမ်ထောင်စု တစ်စုလုံးမပါဝင်ခြင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူးအချို့က အုပ်ချုပ်ရေး တာဝန်အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီစည်းရုံးရေးမှူး တာဝန်ပူးတွဲ ရယူထားရုံမက ရပ်/ ကျေး ကော်မရှင် အဖွဲ့ဝင်များ ဖြစ်နေခြင်း၊ ကိုယ်တိုင်လည်း ပြည်ထောင်စုံကြံ့ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွက် မဲထည့်ရန် ကြိုတင်မဲများ လိုက်လံကောက်ခံနေခြင်းနှင့် လျှို့ဝှက်မဲပေးခြင်း ဥပေဒေနှင့် မကိုက်ညီသော ကိစ္စများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိပါသည်။

၂၀၁၂ မတ်လ ၃၀ ရက်နေ့ ညနေ ၄ နာရီ ၂၅ မိနစ် အချိန်တွင် တောင်တွင်းကြီးမြို့နယ် ကြခတ်ကန်းကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များက တစ်အိမ်တစ်ဆင်း ကြိုတင်မဲများ လိုက်လံကောက်ခံနေခြင်း၊ ပန်းတောငယ် အုပ်စုကြီး၊ အင်းကုန်းကျေးရွာ ရွာခွဲအုပ်ချုပ်ရေး(ယာအိမ်မှူး)သည် အုပ်ချုပ်ရေး တာဝန်အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူးတာဝန်ကို ပူးတွဲရယူထားကြောင်း၊ ရပ်/ ကျေး ကော်မရှင် အဖွဲ့ဝင် လည်း ဖြစ်နေကြောင်း၊ ၎င်းကိုယ်တိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွက် ကြိုတင်မဲများ လိုက်လံကောက်ခံနေကြောင်း ရေဖြားကျေးရွာ အိမ်ထောင်ဦးစီး ဦးအုန်းရွှေ အပါအ၀င် မိသားစုဝင် ခုနစ်ဦးစလုံးမှာ အသက် ၁၈ နှစ် ပြည့်ပြီးသော်လည်း မဲစာရင်းတွင် လုံးဝမပါဝင်ခြင်း၊ ရွှေအင်းပင်ကျေးရွာမှ ကော်မရှင် အဖွဲ့ဝင်အချို့သည် မဲစာရင်းအမှတ် ၁၄၄၅ ဒေါ်သန်းစိန်၊ ၁၄၃၈ ဒေါ်ညိုတင်၊ ၁၈၂၀ ဒေါ်တင်စိန်၊ ၁၃၇၇ ဒေါ်ခင်ဝင်း တို့အား မတ်လ ၃၀ ရက်နေ့ နံနက် ၁၁ တွင် ၎င်းတို့၏ ရှေ့မှောက်၌ ကြိုတင်မဲပေးစေ သဖြင့် လျို့ဝှက်မဲပေးခြင်း ဥပဒေနှင့် မကိုက်ညီသော ကိစ္စများဖြစ်ပေါ်နေကြောင်း သိရှိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်တွင်းကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူများမှ သက်ဆိုင်ရာသို့ တိုင်ကြားထားပြီး အလားတူဖြစ်ရပ်များ ရှိမရှိကိုလည်း ဆက်လက်စုံစမ်းနေကြောင်း သိရှိရသည်။ ယင်းကဲ့သို့ ကြားဖြတ်ရွေးကောက်ပွဲတွင် စည်း ကမ်းနဲ့ မညီညွတ်သော ဖြစ်ရပ်များနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌဖြစ်သူ ဦးခင်သောင်းက ''မဲရုံ ၂၈၄ ရုံမှာ မဲရုံ ကိုယ်စားလှယ် နှစ်ဦးအပြင် အခြားကိစ္စရပ်တွေပါ ဖြေရှင်းနိုင်ရန်အတွက် သင်တန်းပေးထားပြီးသားပါ။ ကျေးရွာတွေမှာ ဒီလိုမသမာတဲ့ ကိစ္စတွေကို အဆင့်ဆင့် တိုင်ကြားထားပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲပြီးလို့ ၁၅ ရက်အတွင်းမှာ ဒီအမှုတွေနဲ့ပတ်သက်ပြီး အမှုဖွင့် အရေးယူဖို့အတွက် ဆက်လက် ဆောင်ရွက်သွားပါ့မယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက လုပ်ချင်တိုင်း လုပ်ခဲ့တာတွေ ရှိတယ်။ ဒါပေမယ့် အခု ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ကျွန်တော်တို့ ပါတီအနေနဲ့ အနီးကပ် လေ့လာစောင့်ကြည့်ပြီး လုပ်သင့်လုပ်ထိုက်တဲ့အရာတွေကို ဆက်လက် လုပ်ဆောင်သွားမှာပါ''ဟု ပြောကြားခဲ့သည်။

ထို့ပြင် တောင်တွင်းမြို့နယ် ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးအောင်ကြည်ညွန့်မှ အခုဖြစ်နေတဲ့ မဲသမာမှုကိစ္စတွေက ကြားဖြတ်ရွေးကောက်ပွဲမှာ တရားမျှတပြီး သန့်ရှင်းတဲ့ အဖြေထွက်လာမယ့် အခြေအနေကို ထိခိုက်မှုရှိလာနိုင်တယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့် ဒီလိုကိစ္စတွေ ဖြစ်နေတယ်ဆိုတာကို သက်သေ အချက်အလက် အပြည့်အစုံနဲ့ တင်ပြပြီး ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့တဲ့ အချို့ကိစ္စရပ်တွေမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက တာဝန်မယူကြဘူး''ဟု ပြောဆိုခဲ့သည်။

တောင်တွင်းကြီးမြို့နယ်တွင် မြို့ပေါ် ၁၀ ရပ်ကွက်၊ ကျေးရွာအုပ်စု ၇၃ အုပ်စု၊ ကျေးရွာ ၂၇၅ ရွာရှိပြီး မဲပေးနိုင်ခွင့် ဦးရေမှာ အမျိုးသား ၈၁၈၁၃၊ အမျိုးသမီး ၉၂၈၆၆ စုစုပေါင်း ၁၇၄၆၇၀ ဦးရှိပြီး မဲရုံ ပေါင်း ၂၈၄ ရုံရှိကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်မှ ဦးမောင်မောင်ဝင်း(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)၊ ဦးအောင်ကြည်ညွန့်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ ဦးမောင်ဝင်း(တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ)နှင့် ဦးအောင်သန်းတင့်(ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ)တို့ ၀င်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

31 March 2012 20:53

ပြည်ခိုင်ဖြိုး ပါတီစည်းရုံးရေးမှူး၏ သားဖြစ်သူက စိတ်မနှံ့သူတစ်ဦး အပါအ၀င် ၈ ဦးအား ကြိုတင်မဲ ထည့်ခိုင်းသောကြောင့် အရေးယူပေးပါရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မြို့နယ်ကော်မရှင်သို့ တိုင်ကြား

ကျောက်ပန်းတောင်းမြို့နယ်၊ ဆူးဖြူကုန်းကျေးရွာအုပ်စု၊ ယာကြီးတော(အရှေ့)ကျေးရွာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ စည်းရုံးရေးမှူး၏ ဦးမြမောင်၏ သားဖြစ်သူသည် အဆိုပါကျေးရွာတွင် နေထိုင်သူ စိတ်မနှံ့သူ အမျိုးသမီးတစ်ဦးနှင့် မဲစာရင်းတွင်ပါဝင်သူ ၇ ဦး၊ စုစုပေါင်း ၈ ဦးတို့အား မတ်လ ၃၀ ရက်နေ့တွင် ကြိုတင်မဲ ထည့်ခိုင်းသောကြောင့် ယင်းကိစ္စကို အရေးယူပေးပါရန် အမျိုးသားဒီမိုကရေစီ ပါတီအဖွဲ့ချုပ် (ကျောက်ပန်းတောင်းမြို့နယ်)မှ မြို့နယ်ကော်မရှင်သို့ တိုင်ကြားမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ယင်းဖြစ်စဉ်တွင် သက်ဆိုင်ရာ ကျေးရွာကော်မရှင်၏ တာဝန်ရှိသူ တစ်ဦးတစ်ယောက်မှ မပါဝင်ဘဲ မဲထည့်ခိုင်းခြင်းကြောင့် ယခုကဲ့သို့ တိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။

''သက်ဆိုင်ရာ ကော်မရှင်တာဝန်ရှိသူ တစ်ဦးတစ်ယောက်မှ မပါဝင်ဘဲ မဲပေးခိုင်းတာရယ်၊ စိတ်မနှံ့တဲ့သူကို မဲထည့်ခိုင်းတာရယ်ကြောင့် မြို့နယ်ကော်မရှင်ကို အရေးယူပေးဖို့ တိုင်ကြားရခြင်း ဖြစ်ပါတယ်။ စိတ်မနှံ့တဲ့သူက မဲပေးလို့ မရဘူးဆိုတာ သိထားပါတယ်''ဟု ကျောက်ပန်းတောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

မဲပြားတွင်ပါရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား အမှန်ခြစ်နိုင်မည့် နေရာတွင် ဖယောင်းများ သုပ်ထားသည်ဆိုသော သတင်းများ ထွက်ပေါ်နေခြင်းကြောင့် စိစစ်ပေးပါရန် မြို့နယ် ကော်မရှင်သို့ ယင်းကိစ္စကို စိစစ်ပေးပါရန် ကျောက်ပန်းတောင်းမြို့နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ မြို့နယ်ကော်မရှင်သို့ အသိပေးအကြောင်းကြားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

''မဲပြားမှာပါတဲ့ အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်ကို အမှန်ခြစ်ရမဲ့နေရာမှာ ဖယောင်းတွေသုပ်ထားတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ‘ဖယောင်းသုပ်ထားတာဟာ အမှန်ခြစ်ရင် မထင်အောင်၊ မထင်တဲ့အတွက် နောက်တစ်ခါ ထပ်ခြစ်ပြီး ပယ်မဲဖြစ်အောင် လုပ်သွားမဲ့သဘောပါ။ ‘မဖြစ်သင့်တဲ့ ကိစ္စမို့လို့ မြို့နယ်ကော်မရှင်အဖွဲ့ကို စိစစ်ပေးဖို့ အသိပေး အကြောင်းကြားထားပါတယ်။ ကော်မရှင်က ဘာမှတော့ အကြောင်းပြန် မကြားဘူး''ဟု ကျောက်ပန်းတောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာဇော်မြင့်မောင်က ပြောပြခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာဇော်မြင့်မောင်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ဝင်းကြည်တို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
news-eleven.com -

hwe Myitmakha Media Group
2 hours ago
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ နန်းပန်တစ်ကျးရွာတွင် မဲစာရင်း အမည်မပေါက်သူ ၂၈ ဦးအား ကြိုတင်မဲ ယုထားကြောင်း အဆိုပါ နန်းပန်တစ် ကျေးရွာမှ NLD မဲရုံကိုယ်စားလှယ်က မြစ်မခ သတင်းထောက် ကောင်းမြတ်ဖြိုးသို့ ပြောဆိုကြောင်း မြစ်မခ သတင်းထောက်က သတင်းပေးပို့ပါသည်။

မရမ်းကုန်းမြို့နယ်တွင် မတ်လ ၃၁ ရက်နေ့ ညမဲရုံပိတ်ချိန်ထိ ကြိုတင်မဲပေးသူပေါင်း ၁ ထောင်ကျော်ခန့်ရှိ
by Shwe Myitmakha Media Group on Saturday, March 31, 2012 at 11:07am ·

ရှုမ၀အောင်(မြစ်မခ)

မတ်လ ၃၁၊ ရန်ကုန်မြို့။
မရမ်းကုန်းမြို့နယ်တွင် မတ်လ ၃၀ ရက်နေ့နှင့် ၃၁ ရက်နေ့တို့တွင် ကြိုတင်မဲပေးသူလူဦးရေ တထောင်ကျော်ခန့်ရှိကြောင်း သိရှိရသည်။
မတ်လ ၃၀ ရက်နေ့တွင် ကြိုတင်မဲပေးသူ ပေါင်း ၄၄၆ (လေးရာလေးဆယ့်ခြောက်ဦး)ရှိပြီး မတ်လ ၃၁ ရက်နေ့တွင် ကြိုတင်မဲပေးသူပေါင်း ၆၀၀ ခန့်ရှိကြောင်း သိရှိရသည်။
“ကြိုတင်မဲတွေကို ကြိုတင်ချပေးထားတာရှိပါဘူး ရပ်ကွက်ကော်မရှင်က အကြောင်းကြားမှ လူဦးရေလိုက် စီစစ်ပြီးမှ သေချာအောင်စစ်ဆေးပြီးမှ ကြိုတင်မဲဆောင်ရေကို ထုတ်ပေးတာပါ”ဟု မရမ်းကုန်းမြို့နယ်ကော်မရှင် ရုံးမှ တာဝန်ရှိသူတဦးထံက သိရှိရသည်။
မနက် ၆ နာရီမဲရုံဖွင့်တာနဲ့ ကြိုတင်မဲပေးမယ့်သူတွေလာရောက် အကြောင်းကြားနိုင်ကြောင်း ကြိုတင်မဲအဆောင်အရေ အတွက်သတ်မှတ်ထားတာမရှိကြောင်း မရမ်းကုန်းမြို့နယ်ကော်မရှင် အတွင်းရေးမှူး ဦးအောင်ဇင်ဦးက ပြောသည်။
“မဲရုံစဖွင့်တာနဲ့ ကြိုတင်မဲပေးလို့မရသေးဘူး တိကျတဲ့စာရင်းရှိမှ ကြိုတင်မဲတွေကိုထုတ်ပေးတာပါ ညနေ မဲရုံပိတ်တဲ့အချိန်ကျတော့ အန်ကယ်တို့စာရင်းပေါင်းပါတယ်” ဟု မရမ်းကုန်းမြို့နယ်ကော်မရှင် မှ တာဝန်ရှိသူက ပြောသည်။
ကြိုတင်မဲနှင့်ပတ်သက်ပြီးတော့မိမိတို့ အနေနဲ့ မကျေနပ်စရာမရှိကြောင်း ရပ်ကွက်ကော်မရှင်မှလဲ တာဝန်ရှိသူများကို အိမ်တိုင်ရာရောက်ရပ်ကွက်ထဲမ အထိကြိုတင်မဲ လိုက်ယူကြကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ မဲရုံကိုယ်စားလှယ် ဦးအောင်ဖေက ပြောသည်။
“အန်ကယ်တို့အနေနဲ့ ဘာမှ မကျေနပ်စရာမရှိပါဘူး အထက်လူတွေကလဲ သမာသမတ်ကျပါတယ် အန်ကယ်တို့ကိုယ်တိုင်ချိတ်ပိတ်ပြီးတော့ ကျေနပ်တယ်မှ လက်မှတ်ထိုးခိုင်းတာပါ ပြသာနာမှ မရှိပါဘူး”ဟု မဲရုံ ကိုယ်စားလှယ် ဦးအောင်ဖေက ပြောသည်။
မိမိတို့မဲရုံကိုယ်စားလှယ်အားလုံးကို ကြည့်ရှုစစ်စေးလုပ်ကိုင်ခွင့်ပေးကြောင်း ကြိုတင်မဲနှင့် ပတ်သက်၍တော့ မသင်္ကာစရာမရှိကြောင်း ဦးအောင်ဖေက ပြောသည်။
“ရပ်ကွက်ကော်မရှင်ကလဲ ကြိုတင်မဲတွေကို စီစစ်ပြီးမှ ပေးခွင့်ပြုတယ်လေ ခရီးထွက်ဖို့ရှိတယ်ဆိုရင်လဲ သေချာမှ ကြိုတင်မဲပေးခွင့်ပြုတယ်”ဟု မဲရုံကိုယ်စားလှယ် ဦးအောင်ဖေကပြောသည်။
ခရီးသွားမယ့် ပြည်သူများအနေနဲ့လဲ ရထားနဲ့သွားမည်ဆိုပါက ရထားလက်မှတ်ကိုမိတ္တူကူး၍ပေးရကြောင်း မိမိတို့ကိုယ်ပိုင်ကားနဲ့သွားမည်ဆိုပါက ကားနံပါတ်နှင့်တကွ ကြိုတင်မဲပေးရန်လာရောက်ပြောဆိုရကြောင်း မိမိတို့အနေနဲ့ကြိုတင်မဲနဲ့ ပတ်သက်ပြီး မသင်္ကာစရာမရှိကြောင်း မဲရုံကိုယ်စားလှယ် ဦးအောင်ဖေက ပြောသည်။
မိမိတို့ ပါတီ အနေနဲ့ ကြိုတင်မဲပေးသည့်နေ့တွင် မဲရုံ၌ သွားရောက်မစောင့်ကြည့်နိုင်ကြောင်း တစ်အိမ်တက်တစ်အိမ်ဆင်းစည်းရုံးရေးဆင်းနေကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် ကပြောသည်။
“အနိုင်ရပါတီနဲ့ အင်အားပြပါတီ သူတို့နှစ်ခုလုပ်လိမ့် ကျတော်လွှတ်တော်က ပြန်လာပြီးကျတော် ၁၀ ရက်လုံး စည်းရုံးရေးတွေရှိတယ် အဲဒါတွေမလုပ်နိုင်တော့ဘူး”ဟု ပြည်သူ့လွှတ်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။

ကြံ့ခိုင်ရေးမဲဆွယ်ယာဉ်တန်း ဖိနပ်ဖြင့်ပေါက်ခံရ
Saturday, March 31, 2012 zarny win 5 comments

ဓာတ်ပုံများ နှင့် သတင်း - မန်းသားလေး/ဧရာဝတီ

ယမန်နေ့ ညနေ ၅ နာရီခန့်က မန္တလေးတွင် မဲဆွယ်နေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ယာဉ်တန်း တိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။

၃၅လမ်း၊ ၈၅လမ်းနှင့် ၈၆လမ်းကြားရှိ မြတောင်ဘုန်းကြီးကျောင်းရှေ့ အရောက်တွင် ကားတစီး စက်ချို့ယွင်းသွားသည့်အတွက် ယာဉ်တန်း ခေတ္တ ရပ်နားချိန်တွင် ကျောင်းအတွင်းရှိ သံဃာတချို့က ဖိနပ်များ၊ ရေဘူးများဖြင့် ပစ်ပေါက်ခဲ့သည်။

ယာဉ်တန်းတွင် လိုက်ပါလာသူများက ထိုသို့ ပစ်ပေါက်ခြင်း မပြုရန် အသံချဲ့စက်ဖြင့် တောင်းပန်ရသည် ဆိုသည်။

မန္တလေးတွင် ကြံ့ခိုင်ရေးပါတီက ဖျော်ဖြေရေးယာဉ်တန်းများဖြင့် မဲဆွယ်စည်းရုံးလျက် ရှိသော်လည်း ဒေသခံပြည်သူများက အားပေးကြခြင်း မရှိပေ။

ယာဉ်တန်းတွင် လိုက်ပါသည့် ဆိုင်ကယ်ကယ်ရီသမားများသည် စရိတ်ငြိမ်း ငွေကျပ်တစ်သောင်း ရရှိကြောင်း၊ ဆိုင်ကယ်များတွင် ပါတီအမှတ်တံဆိပ် စတေကာများ ကပ်ပေးကြကြောင်း သိရသည်။

ယာဉ်တန်းကားပေါ်တွင် လိုက်ပါသူများအတွက်လည်း ပါတီက စားစရိတ်ငြိမ်း စီစဉ်ပေးထားပြီး ငွေကျပ်သုံးထောင်စီ ပေးသည်ဟု ဆိုသည်။

ဆိုင်ကယ်ကယ်ရီသမားတချို့က ပိုက်ဆံ တစ်သောင်းယူပြီးနောက် ဆီထည့်မည်ဟု ဆိုကာ လစ်ထွက်သွားကြကြောင်း၊ ထိုနောက် ကြံ့ခိုင်ရေးပါတီတံဆိပ်ပါ စတေကာများခွာလိုက်ကြကြောင်း ဆိုင်ကယ်ကယ်ရီသမားများထံမှ သိရသည်။


irrawaddyblog.com

အဂ္ဂမဟာ ဒီမိုဖက်တီး
မြန်မာနိုင်ငံတွင် ကျင်းပသည့် ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲအပြီးနှင့် အမေရိကန်ပြည်ထောင်စုမှ နိုဝင်ဘာ သမ္မတရွေးကောက်ပွဲမတိုင်မီ ကြားကာလ
တွင် သမ္မတအိုဘားမား မြန်မာနိုင်ငံသို့ တရားဝင် နိုင်ငံရေးခရီးစဉ်အဖြစ် လာရောက်
မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

Nay Oo-People
ရွေးကောက်ပွဲ မကျင်းပခင် နောက်ဆုံးအခြေအနေ၊ ၊

အပေါ်ပိုင်းအောက်ခြေပိုင်းကြံ့ဖွတ်အချို့တို့က သူတို့တတ်သော အောက်တန်းကျ ညစ်တီးညစ်ပတ် နည်းများကိုသုံးကြကာ နိုင်ငံရေးအရ တောင်ပြိုသည် (ပြည်သူတို့ဒီမိုကရေစီခေတ်ပြောင်းတော်လှန်ရေးဆင်နွဲကြသည်) ကို သူတို့လက်ဝါးကလေးများနှင့် ကာရန်ကြိုးစားကြသည်။ သူတို့အသိညာဏ်နှင့် သူတို့လုပ်တတ်သောနိုင်ငံရေးကိုလုပ်ကြခြင်းဖြစ်သည်ဟု မှတ်ယူရပေမည်။ ထိုအခြေအနေတွင် ရွေးကောက်ပွဲကော်မရှင် နာစည်းကာ ယနေ့တိုင် ရေငုံနုတ်ပိတ်ရူးချင်ယောင်ဆောင်နေသည်။ သမတကြီးဦးသိန်းစိန်က အကြောင်းကြောင်းသော အကြောင်းကြောင်းများကြောင့် တရားဝင်ထုတ်ဖေါ်ခြင်းမပြုသော်လည်း သတိပေးသားမှုများပြုလုပ်ထားကြောင်းဆိုသည်။ အန်အယ်ဒီ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုသည် အလွန်စည်းစနစ်ကျအဆင့်မြင့်ကာ ပြုပြင်ပြောင်းလဲမှုကိုလိုလားသော ပြည်သူများကလည်း အလွန်စည်းကမ်းရှိကာ အဆင့်မြင့်မြင့်ထောက်ခံပြောဆိုမှုများဖြင့်ေ၇ွးကောက်ပွဲကို ပါဝင်ဆင်နွဲကြသည်ကိုတွေ့ရသည်။ ခန့်မှန်းချက်။ ၄၅ နေရာစလုံး အန်အယ်ဒီအောင်ပွဲခံရန် အလွန်သေချာသလောက်ရှိသည်။ ထိုအောင်ပွဲခံမှုကို ဦးသိန်းစိန် ဦးရွှေမန်းအစိုးရကလည်း ၀မ်းပမ်းတသာကြိုဆိုမည်ဟု ယုံကြည်ကာ ကြံ့ဖွံ့ဖက်မှ မတရားမှုများရှိခဲ့လျှင်လည်း ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်မှုများပြုလုပ်မည်ဟု ယုံကြည်မျှော်လင့်သည်။

Sit Maw
UP TO DATE Information for Election at Pakokku (30.3.2012) (Friday)

ဂ၀ံလေးတိုင် အုပ်စု မိချောင်းတွင်း ရွာ ရယက (ရပ်၊ကျေး ကော်မရှင်စာရေး) ကိုသိန်းဝင်း မှ ပြည်ခိုင်ဖြိုး အတွက် အလုပ်လုပ်ပေးနေ သော ကိုဝင်းမောင် အိမ်တွင် အသံချဲ့ စက် ဖြင့် လာရောက် ကြိုတင်မဲပေးကြရန် နှိုး ဆော်သည်ကိုတွေ့ ရ။ 30.3.2012 နေ့ နံနက် ၈နာရီခန့် တွင်ဖြစ်။
ရွာခံ ကိုသိန်း နိုင်၊ ကိုအောင်ကိုမျိုး တို့ မှ ကိုထွန်းလင်း ထံသို့ သတင်းပို့ ။ မြစ်ခြေ ကော်မရှင်သို့ အကြောင်း ကြားထား။ နေ့ လည် (၁) နာရီခန့် တွင် ပခုက္ကူ NLD သို့ သတင်းရောက်။
second
မြစ် ခြေတိုက်နယ် ဆိတ်ခ၀ အုပ်စု ရယက အုပ်ချုပ်ရေးမှူးမှ ကျေးရွာလူကြီးများကို ခေါ်။ ကြံ့ ခိုင်ရေး ကို မနိုင် နိုင်အောင်လုပ်ပေးရမယ်။ မလုပ်ပေးနိုင်ရင် ကျေးရွာအားလုံးဒုက္ခရောက်သွားမယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးဝင်းမှပြော။ ကြိုတင်မဲကိစ္စတွေကို ကျေး၇ွာကော်မရှင်နဲ့ ကျေးရွာ ဒုတိယ ကော်မရှင်ကပြော ကြားသည်မှာ “ ကြိုတင်မဲတွေကို 30 နဲ့ 31 ရက်တွေမှာ ကောက်မပေးနိုင်ဘူး။ ဦးအေးဝင်းမှ သူလက်မှတ် ထိုးပေးမှသာလျှင် ကြိုတင်မဲကို ကောက်လို့ ရတယ်လို့ ပြောတယ်။
ကျေးရွာမှ ကြိုတင်မဲပေးခွင့်ရှိသူများ၊ ကြိုတင်မဲကို မိသားစု နှင့် ကျန်းမာရေးအခြေအနေများကြောင့် ပေး ချင်သူများမှာ ပေးခွင့်မရဘဲရှိနေကြသည်။

Third
ပခုက္ကူမြို့ နယ် အနောက် ကံရပ်ကြီးကျေးရွာအုပ်စု အနောက် ဘုန်းကံ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းဇော်ဦးမှ 29.3.2012 ညတွင် ရွာခံပြည်သူလူထုက အသံချဲ့ ဆက်ဖြင့် “သူ့ လမ်းစဉ်အတိုင်းရွာခံပြည်သူများလိုက်ရန်” ခြိမ်းခြောက်ခဲ့သည်။ ထိုရွာတွင် NLD ပါတီဝင် ဦးရေ မှာ 170 ခန့် ရှိသည်ပာုသိရသည်။

Ah Ba Yah
ပခုက္ကူ အရှေ့သီရိ ဇီးကုန်းရွာမ မှ ရွာအုပ်ချုပ်ရေးမှုး ဦးလှဝင်းကို အရေးယူပေးပါ။

ပခုက္ကူ အရှေ့သီရိ ဇီးကုန်းရွာမတွင် မကျန်းမာ၍ ကြိုတင်မဲပေးလိုသူများကို NLD အား မဲပေးည်စိုးသဖြင့် ရွာအုပ်ချုပ်ရေးမှုး ဦးလှဝင်းက ကြိုတင်မဲထုတ်မပေးခဲ့ကြောင်း သိရသည်။

Election Monitoring Network.88

သုံးခွမြို့နယ် ကြိုတင်မဲတွင် NLD ကိုယ်စားလှယ်ဒေါ်စုစုလွင်မှ အနိုင်ရရှိ

May Thingyan Hein
9 minutes ago
ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ် ကြိုတင်မဲတွင် NLD ကိုယ်စားလှယ်ဒေါ်စုစုလွင်မှ အနိုင်ရရှိသွားကြောင်း သုံးခွမြို့သို့ေ၇ာက်ရှိနေသောမြစ်မခ သတင်းထောက် ထွန်းနေအောင်မှ သတင်းပေးပို့သည်။
`ကြိုတင်မဲပေါင်း ၂ထောင် မကျော်ဘူး၊ အဲဒီထဲမှာ ဒေါ်စုစုလွင်က ၁၆၅၀ နဲ့ အနိုင်ရနေတယ်`လို့ မြစ်မခ သတင်းထောက်က သတင်းပေးပို့သည်။

ကြိုတင်မဲတွေ မှာ ဖယောင်းတွေ ပါတယ်။

Popular Myanmar News Journal
မြောင်းမြတွင် ကြိုတင်မဲပေးမှုများ အနည်းငယ် ပြသာနာဖြစ်နေကြောင်းဒေသခံ ပြည်သူများ၏ပြောကြားချက် အရ သိရသည်။
” မိန်းမက ကလေးမွေးဖို့ ဆေးရုံတင်ထားတာ မဲပေးပါဆိုတော့ ပေးလိုက်တယ်။နောက်ထပ်ယောက်ကျားကိုပါ ထပ်ပေးပါဆိုတော့ အတိုက်အခံတွေ
ဖြစ်ကုန်ရော၊ပြီးတော့ ရပ်ကွက် လူကြီးကလည်း သူတို့ ပါတီဘက်ကို ပေးဖို့ တိုက်ရိုက်မပြောပေမဲ့ ဖိအားတွေပါတဲ့ စကားကိုပြောတယ်။ဟု
ဒေသခံတစ်ဦးက သူ၏အတွေ့အကြုံ ကိုပြောသည်။
ကြိုတင်မဲများကို ယနေ့ နံနက် ရ နာရီ အချိန် မှ စတင် ပေးရခြင်း ဖြစ်ပြီးကော်မရှင် မှထုတ်ပြန်ထားသော ခရီးသွားမည့် သူများ၊သူအို သူနာများ
ဆေးရုံတတ်နေရသော သူများကို ရပ်ကွက် မဲ ရုံ ဆိုင်ရာပုဂိုလ်များမှ လိုက်လံ ဆောင်ရွက်ပေးနေကြ ကြောင်း သိရသည်။
”ကြိုတင်မဲတွေ မှာ ဖယောင်းတွေ ပါတယ်။ ခြစ်လို့ မရတဲ့ဟာမရဘူး။ပယ်မဲတွေ ဖြစ်မှာစိုးလို့ ထည့်လူတွေထဲမှာ နားလည်တဲ့ သူတွေ ကအပြန်အလှန်တွေ ပြောနေကြတာတွေ ဖြစ်သွားတယ်” ဟု မြို့တွင်းနေထိုင်သူတစ်ဦးက ယနေ့ ညနေ ၄ နာရီ တွင် ပြောသည်။


"NlD ပါတီ အနိုင် ရစေရေး ပုသိမ် ပြည်သူများမျောှ်လင့်နေ"

NLD ပါတီ အနိုင် ရစေရန် ဆုတောင်းနေ ကြကြောင်းပုသိမ် ဒေသခံ များက ပြောသည်။
” ပေးတဲ့ မဲတွေ ပယ်သွားတာမဖြစ်အောင် ဂရု စိုက် သွားရမယ်။အိမ်က မိန်းမက ဒေါ်စု ပါတီ မကောင်းဘူးလို့ ပြောလာတဲ့ သူရှိရင် ရန်တွေ့ တယ်။ တအိမ်လုံး မှာ ၅ ယောက် လုံး NLD ကိုပဲ ပေးမယ်။ဟု ကင်မလင်းကျွန်းရပ်ကွက် နေ အသက် ၆၀ အရွယ် လူတစ်ဦးကပြောသည်။
လက်ရှိ အချိန်တွင် NLD အောင်နိုင်ရေး အဖွဲ့ များမှ မြို့ နယ် ရပ်ကွက် များအတွင်း၇ှိ အိမ် များသို့ မဲထည့်ရ မည့် ပုံစံနှင့် ထည့် မည့် လူဦးရေ၏မဲ
စာရင်းများကို တအိမ် တက်ဆင်း လိုက် ပေးနေကြောင်း ပုသိမ် ကန်သုံးဆင့် သရက် ပင် မောင် နှမ ရပ့်ကွက်နေ စီးပွားရေးလုပ် ငန်းရှင် တစ်
ဦးက စာရွက် စာတမ်းနှင့် အတူ ပြောသည်။
ပုသိမ် ပြည် သူများအနေဖြင့် သက်ကြီးရွယ် အို အများစု သည် ကြိုတင်မဲ ပေးရန် စာရင်း ပါဝင်သော် လည်း မဲ ရုံ သို့ ကိုယ်တိုင် သွားပေး
ရန် အားသာနေကြကြောင်းသိရသည်။
” ကြိုတင်မဲပေးဖို့ တော့ ပြောတယ်။ ကိုယ်တိုင် ထည်ချင်လို့ မပေးလိုက်ဘူး။မဲလိမ်တာတွေ ဖြစ်မှာ စိုးလို့ ရအောင် သွားပေးမယ်”ဟု
နေအိမ်တွင် ရောဂါကြောင့် အနားယူနေရသော အသက် ၇၀ အရွယ် အဘိုးအို တစ်ဦးက ဆိုသည်။
အောင်ထက်(NYK)

ဒေါ်အောင်ဆန်းစုကြည်သည် စည်းရုံးရေး ခရီးစဉ် ကြံ့ခိုင်ရေးအဖွဲ့မှ တားဆီး နှောက်ယှက်ရန် ပြင်

အဂ္ဂမဟာ ဒီမိုဖက်တီး
အမျိုးသားဒီမိုကရေစီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် စည်းရုံးရေး ခရီးစဉ်
အဖြစ် ကောမူးမြို့ သို့ ည အိပ် ခရီးစဉ်အဖြစ် ယနေ့(၃၁.၃.၂၀၁၂) ညနေ ၄း၁၅
နာရီ ခန့် က NLD ရုံးမှကော့မူးမြို့သို့ ထွက်ခွါ သွားသည်။ ယခု ရရှိသော
နောက်ဆုံး သတင်းအရ ရန်ကုန်- ကော့မူးကားလမ်းပေါ်ရှိ ကံဘဲ့ လမ်းဆုံ နှင့်
ဘုရားငုတ်တို လမ်းဆုံတို့တွင် ကြံ့ခိုင်ရေးအဖွဲ့မှ တားဆီး နှောက်ယှက်ရန်
ပြင်ဆင်နေသည် ဟုကြားသိရသည်။
ဒေါ်အောင်ဆန်းစုကြည်စီးနင်းလိုက်ပါလာသောမော်တော်ယာဉ်တန်းသည်
မန်းကျည်းကန်ကျေးရွာကိုဖြတ်၍ ၀ါသိင်္ခကျေးရွာသို့ သွားရာလမ်းခွဲသို့
လွန်ခဲ့သည့် ဆယ်ငါးမိနစ်ခန့်က ၀င်ရောက်သွားပြီဖြစ်ကြောင်း Messenger သတင်းထောက်ကသတင်းပေးပို့သည်။

ယင်းအပြင်ဒေါ်အောင်ဆန်းစုကြည်ယာဉ်တန်းနောက်တွင်လိုက်ပါလာသည့်
ပြည်ခိုင်ဖြိုးမော်တော်ယာဉ်များမှာလည်း ကော့မှူးမြို့တွင် ကျန်ရစ်ခဲ့ပြီး
ကော့မှူးမြို့တွင်း လှည့်ပတ်မောင်းနှင်နေသည်ဟု သိရသည်။
7Day News Journal
ရန်ကုန်မြို့မှ ကော့မှူးသို့သွားရောက်နေသော ဒေါ်အောင်ဆန်းစုကြည်၏လုံခြုံရေးကိုတာဝန်ယူထားသောဦးခွန်သာမြင့်ကိုဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာသတင်းများကြားထားသည့်အတွက်သက်ဆိုင်ရာသို့အကြောင်းကြားထားကြောင်းနှင့်ယခုအချိန်ထိထိုသတင်းထွက်ပေါ်သောနေရာများတွင် စောင့်ဆိုင်းနေသည်ကိုမတွေ့ရသေးကြောင်းဖြေကြားသည်။ ဒေါ်အောင်ဆန်းစုကြည်လိုက်ပါ လာသောယာဉ်တန်းကို စောင့်ကြိုတိုက်ခိုက်ရန် ကံဘဲ့လမ်းဆုံနှင့် ဘုရားငုတ်တိုလမ်းဆုံတို့တွင် စောင့်ကြိုတိုက်ခိုက်မည်ဆိုသည့်သတင်းများရရှိထားသည့်အတွက်လည်း လုံခြုံရေးကိုအထူးဂရုစိုက်လျှက်ရှိကြောင်း ယာဉ်တန်းတွင်လိုက်ပါနေသော ဦးခွန်သာမြင့်ကပြောကြားသည်။
အသေးစိတ် သိလိုပါက ၀၉၅၄၁၇၃၃၂ သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

ရွေးကောက်ပွဲ သတင်းအချက်အလက်များ ထုတ်ပြန်မည့် LED ဆိုင်းဘုတ်

ကြားဖြတ်ရွေးကောက်ပွဲနေ့တွင် ရွေးကောက်ပွဲ သတင်းအချက်အလက်များ ထုတ်ပြန်မည့် LED ဆိုင်းဘုတ်ကို ရွေဂုံတိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့တွင် မတ်လ ၃၁ ရက်နေ့ ၂၀၁၂ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ)


ပိုက်ဆံရလို့တာ ဒီကားပေါ်မှာထိုင်နေတာ နောက်မို့ဆို ဟိုကားပေါ်ပြေးလိုက်သွားပြီ

ကိုယ့်ဂိုး ကိုယ်သွင်းမိတဲ့ မျက်နှာ

အဂ္ဂမဟာ ဒီမိုဖက်တီး

Envoy ဂျာနယ်မှအဆိုတော်လေးဖြူကိုတောင်းပန်


Messenger News Journal


အဂ္ဂမဟာ ဒီမိုဖက်တီး