Monday, April 2, 2012

ကြံခိုင်ရေးဘာလို့ရှုံးရတာလဲ...


ဦးနေ၀င်း၊ဦးသန်းရွှေအရိပ်ထက်ဦးသိန်းစိန်အရိပ်(Image)ကအဆ၁၀၀လောက်
ကောင်းပါရဲ့နဲ့ဘာလို့ရှုံးလဲ..ပါတီရဲ့အရိပ်မကောင်းလို့ပါ။ဦးသိန်းစိန်မိုး
ပျံအောင်တော်နေပါစေမကယ်နိုင်ပါ။
စပယ်ယာကကြံဖွတ်ဖြစ်တော့အုံနာကပြန်ကြောက်နေရသည်။
တကဲ့ဒီမိုကရေစီနိုင်ငံတွေမှာဒါမျိုးမရှိပါ။
ပါတီတခုလုပ်ဆောင်ချက်ကောင်းလျှင်ပြည်သူမဲပေးသည်။
အဲဒီအတွက်ပါတီကောင်းဖို့ လိုသည်။ပါတီကောင်းဖို့ပါတီဝင်ကောင်း
လိုသည်။တကဲ့ဒီမိုကရေစီနိုင်ငံတွေမှာပါတီဝင်ဖြစ်ရန်သတ်မှတ်ကြေး
တွေရှိသည်။အမတ်တယောက်သည်လုပ်ငန်းအတော်များများပိုင်ဆိုင်
ချမ်းသာသူတွေဖြစ်သည်။
ကြံ့ခိုင်ရေးအဖွဲ့ဝင်အတော်များများသည်သူခိုးနှင်ဘိန်းစားအတော်များ
သည်။အကပ်ကောင်းလျှင်ကောင်းသလိုရပ်ကွက်အုပ်ချူပ်ရေးမှုးဖြစ်လာ
သည်၊။ပြည်သူကိုနှိပ်စက်သည်။အောက်ခြေမကောင်းလို့အထက်ကြည့်ပြန်
တော့ဦးအောင်သောင်း၊ဦးအောင်သိန်းလင်း၊့အရိပ်မကောင်းပါ။အဲ့ဒီအတွက်
ပါတီရဲ့အရိပ်မကောင်းလို့ရှုံးပါသည်။
ရွေးကောက်ပွဲမကျင်းပခင်တရက်အလိုမှာလူတယောက်ဆန်တပြည်ပေးလို့
အမတ်ဖြစ်မယ်ဆိုရင်ကျွန်တော်လဲဝင်ပြိုင်ချင်ပါသည်။

ရဲရင့်ငယ်



RFA
၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်တွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲ၌ မဲပေးခွင့် မရပဲ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ကိုယ်ထိလက်ရောက် ကျူးလွန်ခံရသူ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မင်းတိုင်ပင်အုပ်စု၊ ထန်းတောတိုက်ကျေးရွာမှ ကိုဇော်လင်း(ယာစွန်)ကို တွေ့ရစဉ်။

တောကျောင်းပါမစ်တောင်း

DVB TV News

"မင်းက ဘယ်ကကောင်လဲကွ"

Abfsu Hinthada facebook
၁.၄.၂၀၁၂ ...ညနေ ၄း၃၀ ဝန်းကျင်
မြောင်းမြမြို့  မရမ်းကုန်းရပ်ကွက် မဲရုံ ၃ တွင် မဲများစစ်ဆေးရာ၊ မည်သူမှ မဝင်ရ၍..."မဲများစစ်ဆေးရာတွင် ပြည်သူလူထု ၁၀ ယောက်ထက် မနည်း ရှိနေခွင့် ရှိသည်" ဟု (ဗ.က.သ ဖြစ်မြောက်ရေးကော်မတီ) အထွေထွေ အတွင်းရေးမှူး(၂) ကိုအောင်အောင်ကျော် မှပြောဆိုရာတွင် မရမ်းကုန်းရပ်ကွက်လူကြီး ကိုအောင်ကြီးမှ "မင်းက ဘယ်ကကောင်လဲကွ"ဟု ပြောဆိုပြီး ဆိုင်ကယ် နှင့် ပွတ်တိုက်ခဲ့သည်။သို့ သော်လည်း ကိုအောင်အောင်ကျော် မှ ရှောင်တိမ်းနိုင်ခဲ့၍ ထိခိုက်ဒါဏ်ရာ မရရှိခဲ့ပါ။ ထို့ ပြင် ဆိုင်ကယ်စီးဦးထုပ်နှင့် ရိုက်ရန် ရွယ်ခဲ့သေးသော်လည်း အနီးပတ်ဝန်းကျင်တွင် ပြည်သူလူထုများရှိနေ၍ ရပ်ကွက်လူကြီး ကိုအောင်ကြီးမှ ဆက်လက်မရိုက်ဖြစ်တော့ပေ။ မရမ်းကုန်း ရပ်ကွက်လူကြီး ကိုအောင်ကြီး ၏လုပ်ရပ်ကြောင့်တည်ဆဲအစိုးရ၏လုပ်ဆောင်ချက်များကိုနှောင့်ယှက်သလိုဖြစ်နေပါသည်။
ပြည်သူလူထု၏ အခွင့်အရေးနှင့်လွတ်လပ်ခွင့်ကို တည်ဆဲအစိုးရအနေနှင့် အခိုင်အမာအကာအကွယ်ပေးဖို့လိုအပ်ပါတယ်။


Lin KoKo အမှန်ပါပဲခင်ဗျာ
ကျွန်တော်ပါ ပါတယ်
ကိုအောင်အောင်ကျော်ကို တကယ်လုပ်တာပါ
အသေးစိတ်ကို ကျွန်တော်ကိုမေးနိုင်ပါတယ်။
မရန်းကုန်းက မဲရုံတွေမှာ ပြည်သူတွေကိုအ၀င်မခံပါဘူးခင်ဗျာ
အဲဒါ ကိုအောင်အောင်ကျော်က သွားရောက်ပြီး ရွေးကောက်ပွဲ ဥပဒေ အရ
ပြည်သူ ဆယ်ဦးထက်မနည်း ၀င်ခွင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်
ပထမ မဲရုံမှာလူ ရှစ်ဦးဝင်ခွင့်ပေးခဲ့ပြီ ဒုတိယ မဲရုံမှာပြောကြားနေတုန်း
ကိုအောင်ကြီးရောက်လာပြီးရန်ရှာခဲ့တာပါ
ခရိုင်အုပ်ချူပ်ရေးရုံမှလူတစ်ဦးပါ ပါလာပါသည်။

~ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ဖွင့်ပြီ ~

One Year One Day ပြတိုက်ဟု နာမည်ကြီးနေသော မြန်မာ့လွတ်လပ်ရေး
ခေါင်ဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ပြတိုက်ကို ပိတ်ထားခဲ့သည်မှာ ကြာခဲ့ပါပြီ။
တစ်နှစ်မှ တစ်ရက်သာလျှင်ဖွင့်သော ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သည် ယခု
အခါမှာတော့ ပြန်လည် အသက်ဝင်လာပြီဖြစ်ပါသည်။ မင်္ဂလာရှိသောသတင်းမို့ ဓာတ်ပုံနှင့်တကွ တင်ပြလိုက်ရပါသည်။





By Dhamma Garden Ashin

ဒေါ်အောင်ဆန်းစုကြည်၏ ဧပြီလ ၂ ရက်နေ့ အင်္ဂလိပ်မိန့်ခွန်း

The Voice Weekly

“ဒေါ်စုကို ဒုတိယ အကြိမ်မျော်နေတဲ့ ရာမညတိုင်းသားတွေ”


by Yangon Press International on Monday, April 2, 2012 at 4:21am ·
မော်လမြိုင်၊ ဧပြီ(၂)ရက်-၂၀၁၂ ခုနှစ်-
ပဲခူးသွန်ရေးသားသည်။ YPI

“ဒေါ်စုကပြောထားတယ် NLD နိုင်ရင် သူမွန်ပြည်နယ်ကိုနောက်တခေါက်လာအုံးမှာတဲ့” ကြားဖြတ်ရွေးကောက်ပွဲကျင်းပပြီး နောက်တရက် ဧပြီ(၂) ရက်နေ့ပါ။

မော်လမြိုင်မြို့ပေါ်က အိမ်တွေမှာ နံနက်စောစောစီးစီးကြားနေရတာကတော့ အထက်ပါစကားသံတွေပါပဲ။

ရွေးကောက်ပွဲရလဒ်ကို ညကတည်းက ဒီမိုကရက်တစ်မြန်မာ့အသံ (ရုပ်သံလိုင်း) မှာကြည့်ထားတာက တကြာင်း ၊မော်လမြိုင် NLD အဖွဲ့ဝင်တွေဆီကနေ ကြားထားကြတဲ့အတွက် အဖြေကို သိထားကြတဲ့ပြည်သူ တွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို မျှော်နေကြတဲ့ အသံတွေထွက်လာပါပြီ။

“သူလာဟောတုန်းက နိုင်ရင်နောက်တခေါက်လာမည်လို့ သားတို့ကိုပြောသွားတာလေ၊ အခုနိုင်နေပြီးဆိုတော့ သူ မွန်ပြည်နယ်ကို နောက်တခေါက်လာ မှာပေါ့နော်”

ဒီနှစ်မှ အသက် ၁၈ နှစ်ပြည့်လို့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲထည့်ခွင့်ရခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် တက္ကသိုလ် ဒုတိယနှစ် ကျောင်းသားလေး မောင်ကျော်ရဲနိုင်ကပြောတယ်။

NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ကို အားပေးတဲ့သူ တယောက်အနေနဲ့  ဧပြီ ၁ရက်နေ့မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ သူ တတပ်တအား ပါဝင် ကူညီနေတာကို တွေ့ရတယ်။

ပြီးခဲ့တဲ့ မတ်လ၊ လဆန်းပိုင်းက ရာမညမြေကို လူထု မဲဆွယ်စည်းရုံး ဟောပြောပွဲကို လာခဲ့တဲ့ ဒေါ်အောင် ဆန်းစုကြည်က “အန်အယ်ဒီနိုင်ရင် ကျွန်မ မွန်ပြည်နယ်ကို နောက်တခေါက်လာခဲ့မယ်”လို့ ခြောက်မိုင် ကျွဲခြံကုန်း လူထုဟောပြောပွဲ ထောင်၊သောင်း ချီတဲ့ ပရိသတ် ကိုသူမ ကတိပေးခဲ့ပါတယ်။

အဆိုပါ ကတိစကားအတိုင်း အခုအခါမှာတော့ မော်လမြိုင်သားတွေ ကတော့သူမကို နောက်တခေါက်ထပ်မံ တွေ့ဆုံခွင့်ရဖို့ အတွက် မျှော်လင့်နေကြပါပြီ။

ရာမညမြေရဲ့ကြားဖြတ်ရွေးကောက်ပွဲ

၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲသွားထည့်ဖို့ အိမ်တိုင်ရာရောက် လာနှိုးဆော်ကြပေမဲ့ အခုတော့ ဘယ်သူမှလည်းလာမနှိုးဆော်ကြပါဘူး။
ဒါပေမဲ့ ရာမညတိုင်းသားတွေကတော့ အရင်ရွေးကောက်ပွဲထက် ပိုတက်ကြွနေကြပြီး မဲရုံဖွင့်တာနဲ့ကို မဲစားရင်းနံပါတ်နဲ့မှတ်ပုံတင်ကိုယ်စီ ကိုင်ပြီး မဲသွားပေးနေကြပါပြီ။

“အဖွားကတော့ ဒေါ်စုပဲထည့်တယ်”လို့ အသက် ၇၉နှစ်အရွယ်ဒေါ်သန်းတင်က မနေ့က မဲထည့်အပြီးမှာပြောပါတယ်။
ခြေထောက်မသန်လို့ တောင်ဝှေ့နဲ့ သားသမီးတွေရဲ့အကူအညီနဲ့ သူမကိုယ်တိုင်မဲသွားထည့်ခဲ့တာပါ။ မဲသွားထည့်ခဲ့တဲ့ အတွက်သူမမျက်နှာမှာ ဂုဏ်ယူနေတဲ့ဟန်ကိုတွေ့ရပါတယ်။


နံနက်ဆိုစောစောစီးစီး အိပ်ရာထတတ်တဲ့ ရာမညမြေရဲ့ ဓလေ့အရ နံနက်စောစောမဲရုံကိုရောက်သွားကြတာက သက်ကြီးရွယ်အို အဖိုးအဖွားတွေပါပဲ။

ဒီနေ့နံနက်ရဲ့အဖြေကတော့ တိုင်းရင်းသားတွေ အမျိုးချစ်တယ်ဆိုတဲ့ ဆိုရိုးစကား ၊ အင်အားရှိရင် ၊ဓနရှိရင် ဘာမဆိုလုပ်လို့ ရတယ်ဆိုတဲ့ အနေအထားတွေ၊ လူမျိုးစုတိုင်းရင်းသားပါတီ၊ အာဏာရ ပြည်ခိုင်ဖြိုးပါတီကို ကျော်ဖြတ်ပြီး NLD အနိုင်ရရှိသွားပြီးလို့ပြောလို့ ရမယ့် အနေအထားဖြစ်သွားပါပြီ။

ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ် မော်လမြိုင်မြို့နယ် ပြည်သူ့လွှတ်တော် နေရာအတွက်မော်လမြိုင်မှာ မဲ ပေးနိုင်တဲ့ ရပ်ကွက်နဲ့ ၊ကျေးရွာစုစုပေါင်း ၄၁ ခုရှိပါတယ်။

သားနဲ့အတူမဲလာထည့်တဲ့ အမေအို

ယနေ့ ဧပြီ ၂ ရက်နေ့မှာ NLDမှ ရရှိတဲ့စားရင်းအရ NLD မှမဲ ၇၁၄၈၀ မဲ ၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ပြည်ခိုင်ဖြိုး)မှ ၁၉၆၄၈ မဲ၊မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ၄၈၂၄ မဲနဲ့တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ၂၀၈၂ မဲတို့ရရှိပါတယ်။
မော်လမြိုင်တွင် မဲပေးနိုင်သူ တသိန်းခွဲ ၀န်းကျင်ရှိပြီး မဲလာမပေးသူများ ပယ်မဲများလည်းအများအပြားရှိခဲ့ပါတယ်။

မော်လမြိုင်မြို့မှာ အခြား ရေး၊လမိုင်း အစရှိတဲ့ မြို့နယ်များထက် မွန်လူမျိုးနည်းပါးနေသလို ယခင် ပြည်ခိုင်ဖြိုးပါတီကိုမဲထည့်ခဲ့ကြတဲ့ ဗမာလူမျိုး အများစုကလည်း NLD ကိုသာ စုပုံမဲထည့်လာကြတဲ့ အတွက် ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ရာမညမြေဟာ အခြာနယ်မြေမှာလိုပဲ  NLD ကတော့ အောင်ပန်းဆင်နေလျက်ပါ။

မဲအပြတ်အသတ်နဲ့ အနိုင်ရရှိနေပြီး မော်လမြိုင်မြို့ပေါ်ရှိမွန်အများစုကလည်း NLD ကိုသာမဲပေးခဲ့ကြ တာကို တွေ့ရပါတယ်။

ဒါအချက်ကြောင့်လည်း  ပြိုင်ဘက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီတွေကိုကျော်ဖြတ်ပြီး NLD အောင်ပွဲဆင်နိုင် တာဖြစ်ပါတယ်။

“မဲထည့်တဲ့လူ၁၀ ယောက်ဆို NLD ပဲ၁၀ယောက်စလုံးထည့်တာလေ ၊မဲမခိုးဘူးဆိုရင် NLD ရှုံးစရာမရှိဘူးလို့”လို့ NLD ကိုမဲထည့်ခဲ့သူ မိပုလဲကြည်ကသူမရဲ့အမြင်ကိုပြောတယ်။

ဘယ်လိုပဲ အမှန်ခြစ်ရန် ဘောပင်မှင်မပီလို့၊ စာရွက်ချောနေလို့ တခါတည်း အမှန်ခြစ်မရလို့ ဆိုတဲ့စကားသံတွေထွက်လာပေမယ့်လည်း ဧပြီည ၁ ရက်နေ့ ညသန်းခေါင်မှာ အန်အယ်လ်ဒီ မဲအများဆုံးရတယ်ဆိုတာ ကော်မရှင်က အတည်ပြုလိုက်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ အမှန်ခြစ်တာစိတ်တိုင်းမကျခဲ့လို့ မဲလက်မှတ် နောက်ထပ် လဲခွင့် မရတာတွေ ဥပဒေနဲ့ မညီတဲ့ မော်လမြိုင်ဈေးချိုမဲရုံတွင် ကားလိုင်စင်ရှိသူများကို မဲပေးပိုင်ခွင့် ပေးတော့မဲ့အနေအထားတွေ ဖြစ်ခဲ့ပေမဲ့လည်း နောက်ဆုံးမှာတော့ NLD ကအောင်ပွဲဆင်နိုင်ပြီးလို့ ပြောရမှာပါ။

မဲရေတွက်တဲ့ အခါအမှန်ခြစ် နှစ်ကြောင်း၊သုံးကြောင်း ကြောင့် ပယ်မဲအများအပြားဖြစ်ခဲ့ပေမဲ့ NLD ကိုယ်စားလှယ်လောင်း ဒေါ်ခင်ဌေးကြွယ်ရဲ့ မဲအင်အားကတော့ကောင်းနေတာ တွေ့ရတယ်။

ကြိုတင်မဲစားရင်းများကိုလိုက်လံ ကောက်ခံခြင်း၊ မဲရုံ အနီးဝန်းကျင်တွင် NLD အဖွဲ့ဝင်များက မသမာမှု မဖြစ်ပွားနိုင်ရင်စောင့်ကြည့်လေ့လာတဲ့အဖြစ်၊ မဲထုပ်တွေကို မြို့နယ်ကောက်မရှင်သို့ ယူသွားတဲ့လမ်းတလျောက်မှာ အဖွဲ့ဝင်များ လိုက်လံစောင့်ကြပ် ခွင့်ရရှိခြင်း စတဲ့အချက်များကြောင့် မဲမသမာမှု ပြုလုပ်ရန် အခွင့်အရေးနည်းသွားခဲ့တာလို့ လည်း ဆိုနိုင်ပါတယ်။

“လူတွေကကျွန်မကိုမေးတယ်၊နိုင်ငံရေးလုပ်တာဘာရလို့လဲတဲ့၊ကျွန်မကတော့ပြန်ပြောလိုက်တယ်၊အခုနင်တို့ မုန့်စားနေတာနိုင်ငံရေးပဲလို့ပြောပစ်လိုက်တယ်၊ငွေတထောင်ဆိုတာ ကျွန်မတို့ဆီမှာ နည်းနည်းပဲဝယ်လို့ ရတယ်လေ၊ သူများဆီမှာ အများကြီးဝယ်စားလို့ရတယ်”လို့  ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စေတနာ့ဝန်ထမ်း လုပ်ဆောင်နေတဲ့   NLD အဖွဲ့ဝင် မခင်ချိုလင်းကပြောတယ်။

မဲရုံဝန်ထမ်းများကလည်း သမာသမတ်ကျကျနဲ့ မဲရေနေတာတွေ့ခဲ့ရပြီး ၊ပြည်နယ်ကော်မရှင် အဖွဲ့ခွဲမှလည်း မဲရေတွက်တဲ့ အနေအထားတွေ လာရောက်စောင့်ကြည့်တာတွေ့ရ ပါတယ်။
ပြည်ပမှ လာရောက်လ့လာသူများကိုလည်း ယခုကြားဖြတ်ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ခွင့်ပြုခဲ့အတွက် ဧပြီလတရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲဟာ ၂၀၁၀ ရွေးကောက်ပွဲထက် ပွင့်လင်းမြင်သာမှုရှိတဲ့ ရွေးကောက်ပွဲလို့ တွေ့ကြုံခဲ့သူတွေက နှိုင်းယှဉ်ပြောကြပါတယ်။

မော်လမြိုင်မှာ မဲရတဲ့အနေအထားကတော့ စစ်တပ်မဲရုံနေရာ အချို့လွဲပြီး NLD ပါတီအနေနဲ့ မဲအပြတ်အသတ် နဲ့နိုင်နေတဲ့ အနေအထားမှာရှိနေပါတယ်။

ရလဒ်များကို မထုတ်ပြန် ရသေးသော်လည်း NLD အဖွဲ့ဝင်များအနေဖြင့် စာရင်း အတိအကျယူထားပြီးပြီးဖြစ်တဲ့အတွက် အနိုင်ရရှိသွားပြီးလို့ ပြောလို့ရနေပါပြီ။

“ကျွန်တော်တို့ နိုင်နေပြီးလို့ ပြောလို့ရသွားပါပြီး၊ဒါပေမဲ့ ကော်မရှင်ကမထုတ်ပြန်ရသေးတော့စိတ်ချတဲ့ အနေအထားတော့ မရှိသေးဘူးပေါ့”NLD မော်လမြိုင်မှ အောင်နိုင်ရေး ကော်မတီ မှပြန်ကြားရေးတာဝန်ခံ ဦးကိုကိုဇော်ကပြောပါတယ်။

NLD ကိုယ်စားလှယ်ဒေါ်ခင်ဌေးကြွယ်အား NLD နိုင်ခဲ့လျင် မော်လမြိုင်အတွက် ဘာလုပ်ပေးမှာလဲလို့ မေးမြန်းစဉ်က “မွန်ပြည်နယ်မှာလိုအပ်နေတာတော့ အများကြီးပဲပေါ့၊ဒါပေမဲ့ လောလောဆယ် ကိုယ် မလုပ်ပေးနိုင်သေးတော့ ကြိုပြီးမပြောချင်ပါဘူး”လို့ပြန်လည် ဖြေဆိုခဲ့တယ်။

ဧပြီ ၁ ရက်နေ့ညမှာ “အမေစုကျန်းမာပါစေ၊ချမ်းသာပါစေ”ဆိုတဲ့ ဟစ်ကြွေးသံတွေကမော်လမြိုင်ကမ်းနားလမ်းတလျောက် ဟိန်းထွက်နေခဲ့ပြီး ည နက်တိုင်အောင် NLD ပါတီဝင်တွေ ၊NLD အားပေးတဲ့သူတွေက ဆိုင်ကယ်နဲ့ လှည့်လည်အောင်ပွဲခံခဲ့ကြပါတယ်။

ရာမညမြေရဲ့ April Fool လက်ဆောင်ကတော့ အားလုံးမျော်လင့်ထားတဲ့ လက်ဆောင် ဖြစ်သွားသလို ရာမညတိုင်းသားတွေ  နောက်ထပ်မျော်လင့်နေတဲ့လက်ဆောင်တခုကတော့
ဒေါ်အောင်ဆန်းစုကြည် နောက်တခေါက် ရာမညမြေကို လာရောက်မယ့် လက်ဆောင်ပဲ ဖြစ်ပါတော့တယ်။          ။


နေပြည်တော်က လူထု အခက်အခဲ NLD အမတ်တွေ ဘယ်လိုဖြေရှင်းပေးမလဲ



by Yangon Press International on Monday, April 2, 2012 at 9:02am ·
နေပြည်တော်၊ ဧပြီ ၂၊ ၂၀၁၂ (YPI)
ချစ်ဦးမောင်ရေးသားသည်။


နိုင်ငံရေးကို ဘယ်တုန်းကမှ စိတ်မ၀င်စားခဲ့တဲ့ ဆိုင်ကယ်ကယ်ရီသမား ကိုဌေးဟာ ယမန့်နေ့က ကျင်းပပြီးစီးသွားတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို မဲပေးခဲ့တယ်လို့ဆိုပါတယ်။

တစ်ချိန်က လယ်သမားတစ်ယောက်အဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့တဲ့ အသက် ၄၀ အရွယ် ကိုဌေး ဟာ သူ့မြို့နယ်ဖြစ်တဲ့ ဇမ္ဗူသီရိမြို့နယ်မှာ ကြံ့ဖွံ့ပါတီကို မဲမပေးဘဲ NLD ကို ရွေးပြီး မဲထည့်ခဲ့ရတာကတော့ “NLD က ကျနော်တို့တွေရဲ့ ရပိုင်ခွင့်တွေကို ကာကွယ်စောင့်ရှောက်ပေးမယ်၊ ဆုံးရှုံးသွားတာတွေကို ပြန်ရအောင် လုပ်ပေးမယ်ဆိုတာ ယုံကြည်လို့ပါ” လို့ သူက ပြောပြတယ်။

ကိုဌေးပြောတဲ့ ရပိုင်ခွင့်ဆိုတဲ့အထဲမှာ သူဆုံးရှုံးခဲ့ရတဲ့ လယ်ဧက ၅ ဧကအတွက် လျော်ကြေးငွေ ရရှိရေး လည်း ပါဝင်ပါတယ်။ ကိုဌေးနဲ့ သူ့ရွာထဲက လယ်သမား ၇၀ ကျော်တို့ဟာ လွန်ခဲ့တဲ့ သုံးနှစ်လောက်က သူတို့ရဲ့ လယ်ယာမြေတွေကို အသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ လယ်သမား အယောက် ၃၀ လောက်က လျော်ကြေးရကြပြီဖြစ်ပေမယ့် ကိုဌေးအပါအ၀င် ရွာသား ၄၀ ကျော်မှာ အခုထိ လျော်ကြေးငွေ မရကြသေးဘူးလို့ ကိုဌေးက ပြောပြပါတယ်။

မြန်မာနိုင်ငံ အနှံ့အပြားမှာ မကြာခဏ ကြားရတတ်တဲ့ လယ်ယာမြေအသိမ်းခံရတဲ့ ပြဿနာမျိုးတွေကို  အစိုးရရုံးစိုက်ရာ မြို့တော်နေပြည်တော်တခွင်မှာလည်း သွားလေရာ စကားစပ်မိတိုင်း ကြားကြားနေရပါတယ်။

နေပြည်တော်က သီရိလေးမြို့နယ်လို့ ဆိုနိုင်တဲ့ ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိ၊ ပုပ္ဗသီရိနဲ့ ဥတ္တရသီရိ လေးမြို့နယ်တို့မှာ ရှိတဲ့ ဒေသခံအများစုမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ရင်ဖွင့်စရာတွေ အပုံအပင်ရှိနေကြပါတယ်။

၂၀၀၆ မှာ လယ်ယာပိုင်ဆိုင်ခဲ့သူတချို့ ခြောက်နှစ်အကြာ ၂၀၁၂ မှာ လယ်မဲ့ယာမဲ့ဖြစ်ပြီး တချို့ ဆိုင်ကယ် ကယ်ရီဆွဲသူဆွဲ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ တတ်ကျွမ်းသည့် အလုပ်လုပ်သူလုပ်နဲ့ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တွေဟာလည်း ပြောင်းလဲသွားခဲ့ရပြီဖြစ်ပါတယ်။

ဘိုးစဉ်ဘောင်ဆက် လယ်ယာလုပ်ကိုင် စားသောက်လာခဲ့တဲ့ ဒေသခံတွေမှာ နေပြည်တော် တည်ဆောက်ရေး စီမံကိန်း စတင်ကတည်းက သူတို့ရဲ့ လယ်ယာမြေများစွာကို ဆုံးရှုံးခဲ့ကြရပြီးဖြစ်ပါတယ်။ ရှေ့လျှောက်လည်း ဆက်လက် ဆုံးရှုံးရဦးမှာကို ဒေသခံရွာသားတွေက စိုးရိမ်နေကြပါတယ်။

“နေပြည်တော်ကြီးဖြစ်လာတာကိုက မြေယာဥပဒေနဲ့ လွတ်ကင်းတာ မဟုတ်ဘူး” လို့ NLD အဖွဲ့ဝင် တရား လွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။

နေပြည်တော် စတည်တုန်းကတော့ စစ်အစိုးရက မြန်မာပြည်အလယ်ပိုင်းမှာ မြေလွတ်မြေရိုင်းတွေကို ခုတ်ထွင် ရှင်းလင်းပြီး မြို့တော်သစ်ကို တည်နေတာလို့ပဲ အများစုက ထင်မှတ်ခဲ့ကြပါတယ်။

သို့သော် “နောက်ပိုင်း မီဒီယာတွေက ဖော်ထုတ်ကြတော့မှ ဓားမဦးချ လုပ်ကိုင် စားသောက်နေတဲ့ ဒေသခံတွေကို ဖယ်ရှားပြီး (နေပြည်တော်ကို) တည်တယ်ဆိုတာ သိလာရတာ” လို့ နေပြည်တော်မှာရှိတဲ့ NLD အောင်နိုင်ရေး အဖွဲ့ဝင်တွေကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ လာရောက်ပို့ချ သင်တန်းပေးခဲ့တဲ့ NLD အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့် ပြောပြပါတယ်။

နေပြည်တော် စီမံကိန်းအတွက် မိမိတို့ ရပ်ရွာက ဖယ်ရှားပေးလိုက်ကြရတဲ့၊ မိမိတို့ လယ်ယာတွေကို စွန့်လွှတ်လိုက်ရတဲ့ ဒေသခံတွေမှာ ထိုက်သင့်တဲ့ ငွေကြေးပမာဏ မရရှိသူ အမြောက်အများရှိသလို ကိုဌေးတို့လို အခုထိလျော်ကြေး တစ်စုံတစ်ရာ မရသေးတဲ့ သူတွေလည်း ဒုနဲ့ဒေးပါပဲ။

လွှတ်တော်ကိုယ်စားလှယ်တွေဆီက ဒေသခံတွေ မျှော်လင့်တာက သူတို့တတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ မြေယာအခက်အခဲ၊ လယ်ယာလုပ်ငန်းကို ဖြောင့်ဖြောင့်တန်းတန်းလုပ်စားခွင့် ဆုံးရှုံးတဲ့ သူတို့အခက်အခဲတွေကို ဖြေရှင်းပေးဖို့လည်း ပါဝင်တယ် ဒေသခံတွေက ပြောကြပါတယ်။

သီရိလေးမြို့နယ်မှာ NLD ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသူများကလည်း ဒေသခံတွေနဲ့ သူတို့တွေ့တဲ့အခါမှာ လယ်ယာတွေ အသိမ်းခံရတဲ့ ပြဿနာတွေ၊ လျော်ကြေးငွေ ထိုက်ထိုက် တန်တန်မရတဲ့ ပြဿနာတွေ၊ တချို့ ဘာလျော်ကြေးမှ မရတဲ့ ပြဿနာတွေကို ဒေသခံတွေဆီကကြား ကြရတယ်လို့ ဆိုပါတယ်။

ဒါကြောင့်လည်း လွှတ်တော်ထဲရောက်တဲ့အခါ ဒီအရေးဟာ ဦးစားပေး ကိုင်တွယ်ဖြေရှင်းရမယ့် အရေးဖြစ်နေ တယ်လို့ သူတို့တွေက ပြောကြပါတယ်။

ဒကိဏသီရိမြို့နယ်မှာ ကြံ့ဖွံ့အမတ်လောင်း ဦးမောင်ရှိန်ကို မဲအရေအတွက် သုံးထောင်ကျော် အသာစီးနဲ့ အနိုင်ရရှိသွားတဲ့ NLD လွှတ်တော်အမတ် ဦးနိုင်ငံလင်းကဆိုရင် “ဒက္ခိဏသီရိမဲဆန္ဒနယ်မှာ NLD အမတ်အနိုင်ရရှိ သတင်းက ကိုနိုင်ငံလင်းပြောတဲ့ လယ်ယာကိစ္စ၊ တောင်သူလယ်သမားတွေနဲ့ ဆိုင်တဲ့ဥပဒေပြင်မယ်ဆိုတဲ့ဟာကို ထည့်ပေးပါရန်” လို့ သူကြိမ်းသေပေါက် အနိုင်ရရှိသွား ပြီဆိုတာ သိပြီးတဲ့လျင်သိပြီးချင်း အဲဒီမြို့နယ်က ရွေးကောက်ပွဲကော်မရှင် ရုံးရှေ့မှာ YPI ကို ပြောသွားခဲ့ပါတယ်။

သို့ပေမဲ့ အဆိုပါပြသနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာတော့ NLD လွှတ်တော်ကိုယ်စားလှယ်တွေ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ တောင်သူလယ်သမားတွေအတွက် ဥပဒေတွေ အဆိုပြုရာမှာ ကော၊ အသက်သွင်းရာမှာပါ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်ကြုံတွေ့ကြရမှာဖြစ်ပါတယ်။

NLD အနေနဲ့ ဒေသခံတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အောက်ခြေမှာဖြစ်ပျက်နေတာတွေကို စာရင်းပြုစုပြီး လွှတ်တော်အထဲက ပြောရေးဆိုခွင့်ရှိသူတွေ ဆွေးနွေးလို့ရအောင် တင်ပြပေးသွားမှာဖြစ်တယ်လို့ NLD တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ဆိုပါတယ်။

လွယ်လွယ်ကူကူ ဖြေရှင်းလို့ ရတာတွေရှိသလို မရတာတွေလည်းရှိလိမ့်မယ်လို့ ဒေါ်စန်းစန်းမြင့်က မှန်းဆထားပါတယ်။
“နှေးတော့ နှေးနိုင်တယ်။ ဒါပေမဲ့ တဖြည်းဖြည်းတော့ ဖြစ်လာနိုင်တယ်။ နောင် မတရားသိမ်းပိုက်နေတာတွေ ရပ်သွားလိမ့်မယ်” လို့လည်း ဒေါ်စန်းစန်းမြင့်က ဆိုပါတယ်။

ဘယ်လိုပဲ လွှတ်တော်ထဲမှာ အဟန့်အတားတွေနဲ့ ကြုံနေရ ကြုံနေရ NLD က လွှတ်တော်ထဲကနေ ဒေသခံတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အစွမ်းကုန် ကိုင်တွယ်ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ချက် ဒီရေတက်နေသူတွေ အများအပြားရှိနေသလို ဥတရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်က ကိုဆန်းဝင်းတို့လို အဲဒီအချက်ပေါ်မှာ သံသယရှိနေသူတွေလည်း အများအပြားရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD အမတ်တွေ လွှတ်တော်ထဲရောက်သွားပေမဲ့ အောက်ခြေက လူတွေအတွက် သိပ်ပြီး မျှော်လင့်စရာမရှိမှာကို သူကိုယ်တိုင် လယ်ယာမြေ အသိမ်းခံခဲ့ရဖူးတဲ့ ကိုဆန်းဝင်းက တွေးပူတယ်လို့ဆိုပါတယ်။

ဘာလို့ အဲသလို တွေးပူနေရတာလဲဆိုတော့ “အထက်က ဘယ်လိုပဲ ကြပ်မတ်၊ ကြပ်မတ်၊ အထက်က ဘယ်လိုပဲ မူဝါဒ ကောင်းတာတွေ ချမှတ်၊ ချမှတ် အောက်ခြေက မလိုက်နာ၊ မနာခံရင် အလကားပဲလေ။ ဖြစ်ချင်တိုင်း ဆက်ဖြစ်ဦးနေဦးမှာပဲ” လို့ ကိုဆန်းဝင်းက သူ့အနေနဲ့ ပူပင်ရတဲ့အကြောင်းကို ပြောပြတယ်။

အထက်က ချမှတ်လိုက်တဲ့ မူဝါဒတွေကို အောက်ခြေမှာ အကောင်အထည်ဖော်မှုအားနဲ့အတွက် ဘယ်လိုအခြေအနေမျိုး ကြုံရနိုင်သလဲဆိုတော့ ကိုဆန်းဝင်းက သူမှန်းဆထားတာလေးကို အခုလိုပဲ ရိုးရိုးရှင်းရှင်းနဲ့ ပြောပြခဲ့ပါတယ်။

“အောက်ခြေမှာ အကောင်အထည် လိုက်မဖော်လို့ကတော့ ကျနော်တို့ ဘ၀က ကျီးလန့်စာစားဟာ ကျီးလန့်စာစားပဲ။ တုံးအောက်က ဖားဟာ တုံးအောက်က ဖားပဲ ဆက်ဖြစ်နေဦးမှာပဲဗျ”။         ။

တို့ရဲ့လက်တွေ လေထဲကို မြှောက်ထားလိုက်..(သို့) ဖိုးသိကြားရဲ့ ကျေးဇူးတင်မှတ်တမ်း



by ဖိုး သိကြား on Monday, April 2, 2012 at 8:46am ·


လှိုက်ခနဲစို့တက်လာတဲ့ ခံစားမှုက ပေါက်ကွဲတော့မယ့် မီးတောင်တခုအလား.. ထိန်းထားတဲ့ကြားက

တားမရတော့။ စိတ်နုတယ်ပဲဆိုချင်ဆို Sensitive ဖြစ်လွန်းတယ်ပဲပြောချင်ပြော ဘာကိုမှ ဂရုမစိုက်နိုင်

တော့။ ဖိုးသိကြားရဲ့ မျက်ဝန်းမှာတော့ မျက်ရည်ကြည်တွေက မှိုင်းဝေသီခဲ့ပြီ။


နေရာကား ကော့မှူးမြို့တနေရာ မကျည်းကန်လမ်းဆုံ။ ပြည်တွင်းပြည်ပ သတင်းသမားများရဲ့ ကင်မရာ

တွေရဲ့ ဦးတည်ရာဆုံချက်က ဖိုးသိကြားတို့ရဲ့ အမေလာမယ့် လမ်းဆီသို့။ ဘေးပတ်ဝန်းကျင်မှ နယ်မြေ

ခံ ပြည်သူတွေနဲ့ ရန်ကုန်မှ လာခဲ့ကြသော အမေ့သားသမီးတွေရဲ့ မျက်လုံးအစုံကလည်း အမေလာရာ

လမ်းဆီသို့။ ဟော..လာပြီ.. အမေစုလာပြီ။ “အမေစုကျန်းမာပါစေ..ကျန်းမာပါစေ..” ရိုးသားတဲ့မျက်နှာ၊

ကြည်လင်တဲ့မျက်လုံး၊ ပျော်ရွှင်တဲ့ အပြုံးတွေက အားလုံးရဲ့ မျက်နှာပေါ်မှာ တူညီစွာဖြင့် လက်တွေဝေ့

ယမ်းပြ နှုတ်ဆက်ရင်းကြိုဆိုနေကြတယ်။ အမေကလည်း မေတ္တာတွေလွှမ်းခြုံထားတဲ့ အေးချမ်းတဲ့မျက်

နှာနဲ့ ပြန်လည်နှုတ်ဆက်နေတဲ့ မြင်ကွင်းတွေကို ကင်မရာမှတဆင့် မှတ်တမ်းတင် နှလုံးသားထက် ပုံ

ရိပ်တင်နေရင်း ဖိုးသိကြားရဲ့ မျက်ဝန်းမှာလည်း စွတ်စိုခဲ့ရလေပြီ။


ဖိုးသိကြား အမေ့နောက်ကယာဉ်တန်း ဆုံးအောင် မှတ်တမ်းမတင်နိုင်တော့ဘဲ ကားပေါ်တက် အမေ့

နောက် ကောက်ကောက်ပါအောင် လိုက်ခဲ့ရြုပန်တယ်။ ဖိုးသိကြားတို့ ကားပေါ်မှာတော့ ခွပ်ဒေါင်းတံ

ဆိပ်ခပ်နှိပ်ထားတဲ့ NLD အလံတော်က လေထဲမှာ တလူလူလွင့်လို့ပေါ့။ ယာဉ်တန်းရဲ့ ဦးတည်ရာကား

နတ်စင်ကုန်းစံပြကျေးရွာ... ညီစေကွယ့်ညီစေ..တို့တိုင်းပြည် ကောင်းစေဖို့ တို့တတွေ ညီညာလို့ အမေ့

နောက်ကို လိုက်ကြစို့...


ညက အစ်ကိုတယောက်ရဲ့ ဒေသပြောင်းနှုတ်ဆက်ပါတီပွဲ ဖိုးသိကြားဆင်နွှဲခဲ့ပါတယ်..။ ပျော်စရာလည်း

ကောင်းခဲ့တယ်။ ဒါပေမယ့် ခေါင်းထဲမှာ alert လုပ်နေခဲ့တာက နက်ဖြန် ကော့မှူးသွားဖို့အရေး..။ ဒါ

ကြောင့် အသောက်အစားကို တတ်နိုင်သမျှ ကြိုးစားထိန်းချုပ်လို့ မနက်အတွက် ပြင်ဆင်ခဲ့တယ်။ အိမ်

ပြန်ရောက်တော့ ညဥ့် ၁နာရီကျော်..။ အိပ်ရာဝင်ခဲ့ပေမယ့် စိတ်ကစောနေတာမို့ ကောင်းကောင်း အိပ်

မပျော်ခဲ့ဘူး။ ၅နာရီ alarm မမြည်ခင်တည်းက တက်ကြွတဲ့စိတ်နဲ့ မျက်စိကပြူးနေပြီ။ မထူးတော့ပါဘူး

ရေထချိုး အစ်ကိုတယောက်ရဲ့ကားနဲ့ ကော့မှူးကို ချီတက်ခဲ့တယ်။ အမေ.. အမေ့ဆီ သားတို့ လာနေပြီ။


အပေါ်မှာ ရေးခဲ့သလိုပဲ အမေ့အပြုံးတချက်နဲ့တင် ဖိုးသိကြားတို့ လာရကျိုးနပ်ခဲ့ပြီ..။ နတ်စင်ကုန်းက

အထွက် ရန်ကုန်ပြန်တက်မယ်တဲ့။ လှည့်ကြည့်စရာမလိုပါဘူး။ အမေ့နောက်မှာ သားတွေသမီးတွေက

ဆိုင်ကယ်နဲ့တမျိုး ကားနဲ့တသွယ် အမေ့ကို ၀န်းရံလိုက်ပါခဲ့တယ်.. အမေ..။ လမ်းတလျောက်လုံးမှာမိ

ဘပြည်သူတွေက လက်တွေပြ အမေက ပြန်လက်ပြ။ နောက်က ပါလာတဲ့ ဖိုးသိကြားတို့ကလည်း လက်

ပြရလွန်းလို့ လက်ချဖို့တောင် မေ့ရော့နေမိပြီ။ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ် လက်မတချောင်းကို

မိုးပေါ်ထောင်ရင်း မိဘပြည်သူတွေကို နှုတ်ဆက်လာခဲ့ကြတယ်။ ပြုံးရလွန်းလို့လည်း အကြောတွေ

တောင် သေလုမတတ်။


လမ်းတလျှောက် မိဘပြည်သူတွေနဲ့ ဖိုးသိကြားတို့ရဲ့ အသံတိတ်နှုတ်ဆက်ပွဲတွေက သိပ်ကိုလှပခဲ့တာ

ပေါ့။ စကားတွေအများကြီး ပြောဖို့မလို မျက်လုံးချင်းအဆုံမှာပဲ အဓိပ္ပါယ်တွေ ဖတ်နိုင်ခဲ့ပြီ။ အပြုံးတွေ

ဖလှယ်လို့ နှလုံးသားချင်း ထပ်တူကျခဲ့ပြီ။ လက်တွေ ဝှေ့ယမ်းလို့ မေတ္တာတွေ ရောင်ပြန်ဟပ်ခဲ့ပြီ။ လက်

မတွေကိုယ်စီထောင်လို့ ယုံကြည်မှုတွေ တည်ဆောက်ခဲ့ပြီ။


“အမတို့ကတော့ အမေစုကိုပဲ မဲပေးခဲ့တယ်” “ဟဲ့.. မဲသွားထည့်လိုက်ဦး.. ဒါမှ အမေပြောသလို တာ

ဝန်ကျေမှာ” “သူတို့က ၃သောင်းပေးတယ်လေ မဲဆွယ်တာပေါ့.. အဘတို့ကတော့ လုံးဝကို မယူဘူး

အဘတို့ရဲ့ ယုံကြည်ချစ်ခင်မှုတွေကို ဘာနဲ့မှလဲလှယ် ဖျက်ဆီးလို့မရဘူး” “သူတို့ကတော့ နည်းအမျိုး

မျိုးနဲ့ ညစ်ပတ်နေကြတာပဲ.. ဟိုတလောကဆိုရင် အမေစုယဉ်တန်းထဲက ကားတစီးပေါ်ကနေပဲအမေ

စုကို အကြည်ညိုပျက်အောင် စာရွက်တွေကြဲ ခွေတွေကြဲနဲ့ လုပ်ကြသေးတယ်။ အဒေါ်တို့ကတော့ ခု

ဆို ပါးနေပြီလေ.. မင်္သကာစရာတွေ့တာနဲ့ တခါတည်း ကားနံပါတ်မှတ်ထားပြီး သတင်းပို့လိုက်တယ်”

“ကျနော်တို့ကို ခုချိန်မှာ  ရိုင်းစိုင်းစော်ကားရင်တောင် သည်းခံနေလိုက်မယ်။ ကျနော်တို့ပါတီရဲ့ ရည်

မှန်းချက်မအောင်မြင်သေးခင် ပန်းတိုင်မရောက်သေးခင် ကိုယ့်ဘက်က အပြစ်မဖြစ်အောင် သူ့အပြစ်

ကိုယ့်အပြစ် မဖြစ်အောင် နေကြရမှာပဲ” “ ရီစရာပြောရဦးမယ်။ ဟိုနေ့က ကြံ့ဖွံ့တွေက ဦးထုပ်တွေကြဲ

ချတယ်လေ..။ ကလေးတွေကတော့ ကောက်တာပေါ့.. ဘယ်ပါတီကလဲ ဘယ်သူလဲဆိုတာတွေ ဘယ်

သိကြမလဲ.. အောက်ကနေ လက်တွေလှမ်းပြကြ အော်ဟစ်ကြနဲ့ပေါ့.. အမေစု ကျန်းမာပါစေ.. အမေ

စုကျန်းမာပါစေ..တဲ့လေ.. ကားပေါ်ကအကောင်တွေ မျက်နှာကို မဲရောပဲ.. ဟား.ဟား.ဟား..”

နားထောင်နေကြတဲ့ ဖိုးသိကြားတို့တွေဟာလည်း ရီလိုက်ရတာ အူတက်မတတ်ပါပဲ..။ အဲဒါတွေက

ကော့မှူးက ဒေသခံမိဘပြည်သူတွေရဲ့ ရင်တွင်းစကားတွေပါ။


ပျော်တာပေါ့.. အမေရယ်..ပျော်တာပေါ့ အမေရယ် ကော့မှူးမှာ သားလေးတော်တော်ပျော်ပါတယ်

ပျော်တာပေါ့ အမေရယ် ပျော်တာပေါ့ အမေရယ် April Fool မှာ ဖိုးသိကြား တော်တော်ပျော်ပါတယ်။

အိမ်လည်းပြန်ရောက်ရော လူက ပျော့ဖလတ်လို့.။ ဒါပေမယ့် ညနေမှာ ကြားရတဲ့သတင်းတွေအရ ဖိုး

သိကြားတို့ NLD က အပြတ်အသတ် အောင်ပွဲဆင်တယ်ဆိုတာ ကြားသိရတော့ “၀မ်းသာလွန်းလို့

မျက်ရည်များတောင် လည်ရှာတယ်” ဖြစ်ကုန်ရော...


ဒီနေ့ တနေ့လုံးမှာ ဖိုးသိကြားတို့ လက်မြှောက်ရကျိုးနပ်ပြီလေ..။ လက်မြှောက်တယ်ဆိုတာလည်း

အရှုံးပေးတဲ့အနေနဲ့ မြှောက်တာမဟုတ်ဘူး။ NLD က အောင်မြင်ရမယ် အနိုင်ရ ရမယ်ဆိုတဲ့ အောင်

မြင်ခြင်းနိမိတ် ပုံရိပ်အဖြစ် မြှောက်ခဲ့ကြတာ။ တကယ်လည်း အောင်မြင်ခဲ့ပါပြီ။ မဲပေးခဲ့ကြတဲ့ မိဘ

ပြည်သူတွေရဲ့ မြှောက်ခဲ့တဲ့လက်တွေ ပျော်မြူးနေတဲ့ မျက်လုံးတွေ ကြည်နူးနေတဲ့ အပြုံးတွေက ငါ

တို့ဟာ နိုင်ငံသားတယောက်ရဲတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီဆိုတဲ့ ဂုဏ်ယူဝံ့ကြွားတဲ့ အဓိ

ပ္ပါယ်ကို ဖော်ဆောင်နေတယ်လို့ ခံစားမိပါတယ်။ ဖိုးသိကြားတို့ကလည်း လက်မထောင်လိုက် လက်

ဝှေ့ယမ်းလိုက် ပြုံးပြနှုတ်ဆက်လိုက် အမူအရာအမျိုးမျိုးနဲ့ တာဝန်ကျေပွန်ခဲ့ကြတဲ့ ယုံကြည်ရဲဝံ့စွာနဲ့

အမေနဲ့ NLD ကို ထောက်ခံမဲပေးခဲ့ကြတဲ့ မိဘပြည်သူတွေကို ကျေးဇူးတင်ကြောင်း ပြသနေတာပါ။


တို့ရဲ့လက်တွေ လေထဲမှာ မြှောက်ထားလိုက်....

ဖိုးသိကြားရဲ့လက်ကို မြှောက်ထားရင်း ကျေးဇူးတင်စကား ပြောရရင်ဖြင့် ဖိုးသိကြားတို့ တိုင်းပြည်နဲ့

လူမျိုးကောင်းစားရေးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ ပေးဆပ်ခဲ့တဲ့ အမေနဲ့တကွ NLD ပါတီဝင်

များ၊ ၈၈မျိုးဆက် ကျောင်းသားများနှင့် မျိုးဆက်သစ် ကျောင်းသားလူငယ်များ၊ ရွေးကောက်ပွဲကော်

မရှင်မှ တာဝန်ရှိပုဂ္ဂိုလ်များ(တရားမျှတသူ) အမေ့ခရီးစဉ်ကို ပုံစံမျိုးစုံဖြင့် လိုက်ပါဝန်းရံပေးခဲ့သည့်

ဒေသအသီးသီး အလွှာအသီးသီးမှ မိဘပြည်သူများ၊ ခရီးစဉ်တလျှောက် လုံခြုံရေးတာဝန် ထမ်း

ဆောင်ခဲ့ကြသော သက်ဆိုင်ရာတာဝန်ရှိသူများနှင့် NLD အဖွဲ့ဝင်များ၊ လမ်းဘေးဝဲယာတလျှောက်

ကြိုဆိုနှုတ်ဆက်ကြသည့် မိဘပြည်သူများ ကလေးငယ်လေးများ၊ မဲရုံများကို လှည့်လည် ကြည့်ရှု့

စစ်ဆေးကြသည့် နိုင်ငံခြားသံရုံးများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်တွင်းပြည်ပ ဂျာနယ်လစ်များနှင့်

မီဒီယာအဖွဲ့အစည်းများကို ကျေးဇူးတင်ပါသည်။ အခြားကျန်ရှိနေသေးသည့် ကျေးဇူးတင်ထိုက်သူ

အားလုံးကိုလည်း ကျေးဇူးတင်ပါသည်။ အထူးသဖြင့် အမေနှင့် NLD ပါတီကို ယုံကြည်ရဲဝံ့စွာ မဲပေး

ထောက်ခံခဲ့ကြသည့် မိဘပြည်သူများအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်

ပါသည်..။



အားလုံးကို ချစ်ခင်လေးစားသော...ဖိုးသိကြား(02/04/2012)

ပြည်ခိုင်ဖြိုးမှ ငွေပေးကာ မဲထည့်စေခဲ့သော်လည်း မအောင်မြင်ခဲ့

burmese.monnews.org


ညနေ ၅ နာရီကနေပြီး ည ၁၁း၃၀ အထိ ဒီလိုလေး နေလိုက်ရတယ်

Ah Ba Yah




ခန့်မှန်းရခက်ခက်နဲ့ အဖြေမထွက်သေးတဲ့ ရှမ်း/မြောက်ကပြိုင်ပွဲ။

By 7Day News Journal


 ရှမ်းပြည်နယ်မြောက်ပိုင်းခရိုင်ကော်မရှင်ရုံးမှ ယနေ့ည ၁၀ နာရီခန့်တွင် မဲရေတွက်မှုများအား ကြည့်ရှုအပြီး ပြန်လည်ထွက်ခွာလာသော ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်း ဒေါ်နန်းကိန်ဖောင်းတစ်အား တွေ့ရစဉ်။

““အခုလက်ရှိမှာ ကျွန်မက အများဆုံးရထားတယ်။ ပယ်မဲလည်း အများဆုံးပဲ။ ကိုးရာကျော်တယ်”” ဟု ပြည်ခိုင်ဖြိုးပါတီအမတ်လောင်း ဒေါ်နန်းကိန်ဖောင်းတစ်က ယနေ့ည ၁၀ နာရီအချိန်တွင် ခရိုင်ကော်မရှင်ရုံးမှ ပြန်ထွက်လာပြီး 7DayNews သတင်းထောက်၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသွားသည်။ ပြည်ခိုင်ဖြိုးပါတီသည် ယခုအချိန်အထိ လားရှိုးမြို့နယ်တစ်ခုလုံးတွင် ၂၄၁၅၉ မဲရရှိထားသည်။ သိန်းနီမြို့နယ်တွင် ၂၇၀၁ မဲရရှိထားပြီး မိုင်းရယ်မြို့နယ်တွင် ၂၇၃၁ မဲ ရရှိထားသဖြင့် စုစုပေါင်း သုံးမြို့နယ်ပေါင်း ၂၉၅၉၁ မဲရရှိထားပြီးဖြစ်သည်။ လားရှိုးမြို့နယ်ရှိ ခလရ(၄၁)နှင့် ထောက်ပို့တပ်(၆၂၆)တို့မှ မဲပေါင်း ၇၂၂ မဲအပါအ၀င် အခြားမြို့နယ်များမှ တပ်မတော်သားများ၏ ကြိုတင်မဲများစုစုပေါင်း ၉၉၁ မဲကို ပယ်ချခံခဲ့ရသည်။ ပယ်ချခံရသည့်အကြောင်းရင်းမှာ ကြိုတင်မဲများထည့်သွင်းထားသည့်အိတ်များ ပွင့်လျှက်ရှိနေခြင်းကြောင့် အန်အယ်လ်ဒီအမတ်လောင်းနှင့် ခရိုင်ကော်မရှင်တို့၏ ငြင်းဆိုမှုအရ ဖြစ်သည်။
ဓာတ်ပုံ- ဥက္ကာကိုကို



 ယနေ့ည ၁၀နာရီခွဲတွင် လားရှိုးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးအတွင်း မဲရလဒ်များကို စစ်ဆေးတွက်ချက်နေကြသော ကိုယ်စားလှယ်လောင်းနှင့်တကွ ပါတီဝင်များကို တွေ့ရစဉ်။
ဓာတ်ပုံ- ဥက္ကာကိုကို



 အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ငါးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုမဲရုံများမှ မဲပုံများကို လားရှိုးမြို့၊ ခရိုင်ကော်မရှင်ရုံးသို့ လာရောက်ပို့ဆောင်နေကြစဉ်။ မဲပုံများမှာ ယနေ့ည ၉ နာရီ ၄၀ မိနစ်အထိ ရောက်ရှိလာနေကြဆဲဖြစ်သည်။
ဓာတ်ပုံ- ဥက္ကာကိုကို



 ရှမ်းပြည်နယ်မြောက်ပိုင်းခရိုင် ကော်မရှင်ရုံးတွင် တွေ့ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းမြင့်မောင်ကို တွေ့ရစဉ်။

NLD ပါတီသည် လားရှိုးမြို့နယ်တွင် ၃၄၇၃၇ မဲရရှိကာ လားရှိုးမြို့နယ်အတွက် အပြတ်အသတ်အနိုင်ရရှိနေပြီဖြစ်သော်လည်း ကျန်မြို့လေးမြို့တွင် ကျားဖြူနှင့် ပြည်ခိုင်ဖြိုးပါတီတို့ထက် မဲရရှိမှုနည်းပါးနေသည်။ သိန်းနီမြို့တွင် ၂၃၆၃ မဲရရှိခဲ့ပြီး မိုင်းရယ်မြို့တွင် ၁၉၇၁ မဲသာရရှိထားသဖြင့် သုံးမြို့နယ်စုစုပေါင်းမှာ ၃၉၀၇၁ မဲရရှိနေပြီဖြစ်သည်။ အဆိုပါအရေအတွက်မှာ ကျားဖြူနှင့် ပြည်ခိုင်ဖြိုးပါတီတို့၏ သုံးမြို့နယ်စုစုပေါင်းမဲရရှိမှုအရေအတွက်ထက် တစ်သောင်းခန့် အသာစီးရရှိနေခြင်းဖြစ်သည်။ တန့်ယန်းမြို့နယ်နှင့် ကွမ်လုံမြို့နယ်တို့မှ ထပ်မံ ရာက်ရှိလာမည့် မဲစာရင်းများကို စောင့်ဆိုင်းနေကြသည်။

ဓာတ်ပုံ- ဥက္ကာကိုကို



 ရှမ်းပြည်နယ်မြောက်ပိုင်းခရိုင်ကော်မရှင်ရုံးမှ ယနေ့ည ၁၀ နာရီခန့်တွင် မဲရေတွက်မှုများအား ကြည့်ရှုအပြီး ပြန်လည်ထွက်ခွာလာသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူ)မှ ကိုယ်စားလှယ်လောင်း ဦးစိုင်းစံမင်းအား ရှမ်းအမျိုးသားဝတ်စုံဖြင့် တွေ့ရစဉ်။

““ကျွန်တော့်ကို တစ် မပေးပါနဲ့ဦး။ မနက်ဖြန်အထိ အဖြေက အပြီးမသိရနိုင်သေးဘူး။ အဝေးကမဲတွေမလာသေးဘူး””ဟု ရှမ်းအမျိုးသားဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းစံမင်းက ယနေ့ည ၁၀ နာရီအချိန်တွင် ခရိုင်ကော်မရှင်ရုံးမှ ပြန်ထွက်လာပြီး 7DayNews သတင်းထောက်၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသွားသည်။
ကျားဖြူပါတီသည် လားရှိုးမြို့နယ်တွင် ၁၄၃၈၆ မဲရရှိခဲ့ပြီး သိန်းနီမြို့နယ်တွင် ၅၆၃၄ မဲရရှိထားကာ မိုင်းရယ်မြို့နယ်တွင် ၉၀၅၀ ဖြင့်အသာစီးရရှိထားသဖြင့် သုံးမြို့နယ်စုစုပေါင်း ၂၉၀၇၀ မဲရရှိနေပြီဖြစ်သည်။ တန့်ယန်းမြို့နယ်နှင့် ကွမ်းလုံမြို့နယ်တို့မှ ထပ်မံရောက်ရှိလာမည့်မဲများကို စောင့်ဆိုင်းနေကြသည်။
ဓာတ်ပုံ- ဥက္ကာကိုကို




အမျိုးသားလွှတ်တော်နေရာအတွက် မဲများရေတွက်နေရာ လားရှိုးမြို့၊ ရှမ်းပြည်နယ်မြောက်ပိုင်းခရိုင်ကော်မရှင်ရုံးကို ယနေ့ညနေပိုင်းက တွေ့ရစဉ်။
ဓာတ်ပုံ- ဥက္ကာကိုကို

ရှမ်းပြည်နယ်မဲဆန္ဒနယ်(၃)၊ အမျိုးသားလွှတ်တော်နေရာအတွက် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုး၊ သိန္နီ၊ တန့်ယန်း၊ မိုင်းရယ်၊ကွမ်လုံမြို့နယ်ငါးမြို့တို့တွင် ပါတီငါးခုက ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ပါတီငါးခုမှာ ပြည်ခိုင်ဖြိုးမှ ဒေါ်နန်းကိန်ဖောင်းတစ်၊ အန်အယ်လ်ဒီမှ ဦးစိုင်းမြင့်မောင်၊ ကျားဖြူပါတီမှ ဦးစိုင်းစံမင်း၊ ကိုးကန့်ပါတီမှ ဦးလော်ဆင်ကွမ်း၊ လားဟူပါတီမှ ဦးယောသပ်တို့ဖြစ်ကြသည်။ မဲဆန္ဒနယ်မြေအတွင်းရှိ ငါးမြို့နယ်မှာ မြို့နယ်ချင်းခရီးကွာဝေးသည့်အတွက် ယနေ့ည ၁၀ နာရီအထိ တန့်ယန်းနှင့် ကွမ်လုံမြို့နယ်များရှိ မဲစာရင်းများ ရောက်ရှိမလာသေးပေ။ ထို့ကြောင့် လားရှိုး၊ သိန်းနီနှင့် မိုင်းရယ်မြို့တို့မှ ရရှိသည့် မဲစာရင်းများကိုသာ ဦးစွာရေတွက်ပြီး ခန့်မှန်းမျှော်လင့်နေကြသည်။ မည်သူနိုင်မည်ကို ယနေ့ည အထိ ကောင်းစွာအဖြေမပေါ်သေးသည်မှာ ယင်းပါတီငါးခု၏ လက်ရှိရရှိထားသော မတိမ်းမယိမ်းမဲရလဒ်များကြောင့်ပင် ဖြစ်သည်။ ယနေ့ည ၁၀ နာရီတွင် လက်ရှိမဲရေတွက်မှုများကို ယာယီရပ်ဆိုင်းခဲ့ပြီး ၂ ရက်နေ့ ညနေ ငါးနာရီတွင် ပြန်လည်ရေတွက်ရန် ကိုယ်စားလှယ်လောင်းများအား ထပ်မံဖိတ်ကြား ထားသည် ကို တွေ့ရသည်။ ထို့ကြောင့် ရှမ်း/မြောက်တွင် မည်သည့်ပါတီအနိုင်ရရှိမည်ကို ၂ ရက်နေ့ညတွင် အကြမ်းဖျင်း ခန့်မှန်းနိုင်ကြမည်ဖြစ်သည်။ နောက်ဆုံးရလဒ်ကိုမူ ရှမ်းပြည်နယ်ကော်မရှင်ကသာ ထုတ်ပြန်ကြေငြာပေးမည်ဖြစ်ကြောင်း ခရိုင်ကော်မရှင်အတွင်းရေးမှူး ဦးအောင်ကိုဝင်းက 7Day News သို့ ပြောသည်။

သတင်း- ဥက္ကာကိုကို၊ သန်းဌေး

ဓာတ်ပုံ- ဥက္ကာကိုကို

ကျွန်မတို့ ရဲ့ အောင်ပွဲဟာ တကယ်တော့ ပြည်သူတွေရဲ့ အောင်ပွဲ ပါ

Uploaded by BurmaVJMedia on 2 Apr 2012

ကျွန်မတို့ ရဲ့ အောင်ပွဲဟာ တကယ်တော့ ပြည်သူတွေရဲ့ အောင်ပွဲ ပါဟာ ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ ချုပ် ရုံးရှေ့ တွင် လာရောက်အားပေးသော လူထုကြီးကို ဧပြီလ ၂ ရက် မနက် ပိုင်းက ပြောလိုက်ပါတယ်။

ကော့မှူးမြို့နယ် မှ ဒေါ်အောင်ဆန်းစုကြည် တည်းခိုခဲ့သည့် နေအိမ်



By Burma VJ Media Network
ကောမှူးမြို့နယ် ဝါသိင်္ခကျေးရွာ မှ ကြားဖြတ်ရွေးကောက်ပွဲ အကြိုညတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တည်းခိုခဲ့သည့် နေအိမ်








ကော်မရှင်ရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကို့တွေ့ဆုံမေးမြန်းချက်

RFA Burmese TV Channel

မနေ့က ကျင်းပခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲအတွင်း မဲလက်မှတ်တွေပေါ်မှာ အမှတ်ခြစ်လို့ မရအောင် ဖယောင်းသုတ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ သက်သေ အခိုင်အလုံနဲ့ တိုင်တန်းမယ်ဆိုရင် ဥပဒေအရ ပြစ်မှုကျူးလွန်သူ မည်သူမဆို ထောင်ဒဏ် (၁) နှစ်အထိ အပြစ်ပေး အရေးယူ ခံရမှာ ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အကြီးအကဲတစ်ဦးက ဒီကနေ့ ပြောကြားလိုက် ပါတယ်။ နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေနဲ့ RFA အသံလွှင့်ဌာန ဒီကနေ့ မနက်ပိုင်းက သီးသန့်တွေ့ဆုံရာမှာ ကော်မရှင်ရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကို က အခုလို ပြောကြားခဲ့တာပါ။
မဲပြားမှာ ဖယောင်းသုတ်တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ သက်သေ အထောက်အထား အခိုင်အလုံနဲ့ တရားဝင် တိုင်တန်း တင်ပြလာတာမျိုး မရှိသေးဘူးလို့လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကိုက ပြောပါတယ်။ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကိုနဲ့ သီးသန် အပြည့်အစုံကို နောက်ပိုင်းမှာ ထုတ်လွှင့်ပေးမှာပါ။

အားလုံး မှန်မှန်ကန်ကန်ဆိုရင် အပြတ်အသတ် နိုင်မယ်ဆိုတာ ရှင်းနေတာပဲ၊ (ထွန်းအိန္ဒြာဗိုလ် )


ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ အားလုံး မှန်မှန်ကန်ကန်ဆိုရင် အပြတ်အသတ် နိုင်မယ်ဆိုတာ ရှင်းနေတာပဲ၊ ဘာမှ ထွေထွေထူးထူး မရှိပါဘူး။ အမေတို့ အဖွဲ့ လွှတ်တော်ထဲရောက်ဖို့ အရေးကြီးတယ်၊ လွှတ်တော်ထဲ ရောက်ရင် အမေတို့ အဖွဲ့ အများကြီး အလုပ်လုပ်ရဦးမယ်။ ကမ္ဘာမှာလဲ ပြည်သူတွေ ဘယ်လောက်ပဲ ထောက်ခံပါစေ နေရာအားလုံး အနိုင်ရတယ်ဆိုတာ မရှိသလို လွဲချော်မှုလေး အနည်းငယ်ရှိမှာပဲ၊ အများစုကတော့ အမေတို့ အဖွဲ့ နိုင်မယ်လို့ မျှော်လင့်ပါတယ်လို့ အနုပညာရှင် ထွန်းအိန္ဒြာဗိုလ် က ဘားမားဗီဂျေကို ပြောပါတယ်။

Winning NLD candidate list announced in state tv

Uploaded by BurmaVJMedia on 2 Apr 2012

မီးပူဖြင့် အကပ်ခံရသော အသက်(၁၅)နှစ်အရွယ် အိမ်ဖော်မလေး

Rose Mary
(၂၅၊ ၃၊ ၂၀၁၂)ရက်နေ့ ည (၁၂)နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့  ဥဿာမြို့ သစ်၊ အမှတ်(၇)ရပ်ကွက်၊ ဗိုလ်တေဇ
လမ်း၊ ပဲခူးတိုင်းဒေသကြီး၊ လွှတ်တော်ဥက္ကဌ ဦးဝင်းတင်၏အိမ်တွင်ငှားနေသော ပဲခူးမြ...ို့  ဒုတိယမြို့ နယ်တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ အိမ်ဖော်မလေး မအေးယုအောင် အသက်(၁၅)နှစ်အား မီးပူတိုတ်
တာကြာလို့ဆိုပြီး မီးပူဖြင့်ထိုးကပ်တာခံခဲ့ရကြောင်းသိရှိခဲ့ရပါသည်၊

မအေးယုအောင်ကို အိမ်ရှင်ဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ မီးပူနှင့်ကပ်တာကို ဘယ်သူကိုမှမပြောပြရန်အမျိုးမျိုးခြိမ်းခြောက်
ထားသည့်အတွက် ဘယ်သူကိုမပြောပြရဲခဲ့ပါ၊ နောက်(၅)ရက်ခန့်ကြာတွင် ရပ်ကွက်ထဲရှိ ပင်စည်ဈေးတွင် ဈေးသွားဝယ်ရာ
သူမ၏ လည်ပင်းနှင့် ရင်ဘက်ရှိ မီးလောင်ဒဏ်ရာကို ပတ်ဝန်ကျင်မှ လူများကတွေ့ရှိပြီးမေးမြန်းသောအခါမှ ၀မ်းနည်း
ငိုကြွေးကာ သူမကို အိမ်ရှင်ဖြစ်သူ ဒုတိယမြို့ နယ်တရားသူကြီး၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ “ မီးပူတိုက်တာကြာတယ်၊
မီတာခကုန်တယ်”ဆိုပြီး ပြောဆိုကာ သူမ၏ လည်ပင်းနှင့် ရင်ဘက်ကို မီးပူဖြစ် ထိုးကပ်ခဲ့ကြောင်းပြောဆိုခဲ့ပါတယ်၊

ရပ်ကွက်အတွင်းရှိ လူများက ရဲစခန်းတွင်တိုင်ချက်ဖွင့်ရန် တိုက်တွန်းအားပေးခဲ့သောလည်း သူမအနေဖြင့် အိမ်ရှင်ဖြစ်သူမှာ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးဝင်တင်၏ အိမ်တွင်ဌားနေသော ပဲခူးမြို့ ၊ ဒုတိယမြို့ နယ် တရားသူကြီး ဖြစ်သည့်အတွက် မတိုင်ကြားရဲကြောင်း၊ သူမ၏မိဘများအနေဖြင့် သမီးဖြစ်သူ မအေးယုအောင်ကိစ္စနှင့်ပတ်သက်ပြီး ယခုအချိန်ထိအမှုဖွင့်မည် မဖွင့်မည်ကို စုံစမ်းမသိရှိရသေးပါ၊ မအေးယုအောင်၏ ဖခင် ဦးမောင်ဝင်းမှာ(ကွယ်လွန်)သွားပြီးဖြစ်ပြီး၊ မိခင်ဖြစ်သူ ဒေါ်ကြူနှင့် ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့ ၊ သိန်းတန်းရပ်ကွက်တွင်နေထိုင်ရာမှ ပဲခူးမြို့  ၊ ဥဿာမြို့ သစ်၊ အမှတ်(၇)ရပ်ကွက် ဦးအောင်ဖုန်းဝင်း၊ဒေါ်ဖြူသက်ဝင်းတို့ငှားနေသော နေအိမ်တွင် အိမ်ဖော်အလုပ်လာလုပ်သော အသက်(၁၅)နှစ်အရွယ် မိန်းခလေးတစ်ဦးဖြစ်ပါသည်။