Tuesday, April 3, 2012

ဗဟိုဘဏ်ရဲ့ငွေလဲလှယ်နှုန်း





အန်အယ်လ်ဒီ အောင်ပွဲခံရာမှ သေနတ်ပစ်မှုဖြစ်ပွား

Yangon Press International
ဧပြီ ၃ ရက်၊ ၂၀၁၂ ခုနှစ်၊ ညနေ ၅ နာရီ (YPI)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မဲအောင်နိုင်သည့် အထိမ်းအမှတ် အောင်ပွဲခံရာမှ ကျေးရွာ လူကြီးတဦးနှင့် တပ်မတော်မှ ဗိုလ်ကြီး တဦးအချင်းများကာ သေနတ်ဖြင့် ပစ်ခတ်မှု ဧပြီလ ၂ ရက်နေ့က ဖြစ်ပွားခဲ့သည်ဟု ကြားသိရသည်။

သေနတ်ဖြင့် ပစ်ခတ်မှုကြောင့်ဖောင်ကြီးအပိုင် ပန်းတောကုန်း ကျေးရွာလူကြီး ဦးသိန်းဇော် မှာ ဦးခေါင်းတွင် ရှပ်ထိသွားသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ခဲ့ရသည်ဟု လှည်းကူးမှ ရရှိသည့် သတင်းများအရ သိရှိရသည်။

အဖြစ်အပျက်နှင့် ပတ်သက်၍ ရန်ကုန် ဆေးရုံ ဦးနှောက်နှင့် အာရုံကြောဋ္ဌာနသို့ ဆက်သွယ်မေးမြန်းရာ လှည်းကူးမှ သေနတ်ပစ်ခတ်မှုကြောင့် ဆေးရုံသို့ ဦးသိန်းဇော်ရောက်ရှိလာသည်မှာ မှန်ကန်ကြောင်းနှင့် ဒဏ်ရာ သက်သာသွားသဖြင့် ဆေးရုံမှ ဆင်းသွားပြီဖြစ်သည်ဟု YPI သို့ဖြေကြားသည်။
ယခုအဖြစ်အပျက်နှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး သို့ဆက်သွယ်ရာ ယနေ့ ညနေပိုင်းထိ အဆက်အသွယ် မရရှိသေးပါ။ ။

လွှတ်တော်တွင်း အမျိုးသမီး အခွင့်အရေး ပိုလုပ်နိုင်တော့မည်




by Yangon Press International on Tuesday, April 3, 2012 at 5:12am ·
ဧပြီ ၃ ရက်၊ ၂၀၁၂ ခုနှစ်၊ ပိုင်ပိုင်(YPI)

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသမီးကိုယ်စားလှယ်များ ပိုမိုပါဝင်လာခြင်းသည် လွှတ်တော်တွင် အမျိုးသမီးများအခွင့်အရေးကို တောင်းဆိုရန် အင်အားတစ်ခုဖြစ်လာမည်ဟု ယုံကြည်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

လွှတ်တော်တွင် အမျိုးသမီးကိုယ်စားလှယ်များနည်းပါးနေခြင်းကြောင့် အမျိုးသမီးရေးရာကိစ္စရပ်များ တင်သွင်းလျှောက်ထားမှုများ နည်းပါးသကဲ့သို့ အရေးယူဆောင်ရွက်မှုများလည်း နည်းပါးလျှက်ရှိကြောင်း ၂၀၁၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ အနိုင်ရရှိခဲ့သူ ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဒေါက်တာညိုညိုသင်းကပြောသည်။

၎င်းက“လွှတ်တော်မှာ အမျိုးသမီးတွေကိစ္စရပ်ကိုတင်တော့ ကျန်တဲ့အမျိုးသားကိုယ်စားလှယ်တွေက အမျိုးသမီး ကိစ္စဟာ အရေးတယူဖြေရှင်းရမယ့် ကိစ္စကြီးလို့ သူတို့ကထင်မှတ်ထားပုံမပေါ်ဘူး။ တိုင်းရေးပြည်ရေး ကိစ္စတွေကို ပြောဆိုဆွေးနွေးတဲ့ လွှတ်တော်လိုနေရာမျိုးမှာ အမျိုးသမီးကိစ္စတွေကို ပြောဆိုဆွေးနွေးခြင်းဟာ သိပ်အရေးမကြီးဘူးလို့ ခံယူထားပုံရတယ်။”ဟု ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်တို့အတွက် စုစုပေါင်းကိုယ်စားလှယ်လောင်း ၃၀၇၁ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသမီးအမတ်လောင်း ၁၁၄ ယောက် ပါရှိသည်။

ယခု၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်မူ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၁၆၈ တွင် အမျိုးသမီး ကိုယ်စားလှယ်လောင်း (၂၄) ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ အမျိုးသမီး ကိုယ်စားလှယ်လောင်း (၁၄) ဦးအနိုင်ရရှိခဲ့သည်။

ယခုကဲ့သို့ လွှတ်တော်တွင် အမျိုးသမီးများ ၀င်ရောက်လာမှုကို ၀မ်းသာကြိုဆိုပြီး အမျိုးသမီး ကိုယ်စားလှယ်လောင်းများ၏ စုပေါင်းအင်အားဖြင့် အမျိုးသမီးထု၏ အကျိုးစီးပွားကို ကာကွယ်သည့် ဥပဒေကတွေကို အမျိုးသမီးကိုယ်စားလှယ်များ အမြန်ဆုံးရေးဆွဲအကောင်အထည်ဖော် ဖို့သင့်ကြောင်း ၄င်းကဆက်ပြောသည်။

ဧပြီ ၁ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်မှ အနိုင်ရရှိခဲ့သူ ဒေါ်ဖြူဖြူသင်းကလည်း ၄င်းအနေဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ်ပြည်သူများ တင်ပြထားသည်များကို အလေးပေးဆောင်ရွက်သွားမည်ဖြစ်သလို အမျိုးသမီးများအရေးကို ချန်လှပ်ထားမည်မဟုတ်ကြောင်း ပြောသည်။

၎င်းက“အမျိုးသားတွေမှာလည်းလုပ်နိုင်စွမ်းအားရှိသလို အမျိုးသမီးတွေမှာလည်း လုပ်နိုင်စွမ်းအားရှိသူတွေ အများကြီးပဲ။တစ်ယောက်နဲ့တစ်ယောက်တော့မတူညီကြဘူးပေါ့။ အဲဒါကြောင့် အမျိုးသမီးတွေအတွက်ကို ရှေ့ဆောင်လမ်းပြဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပါမှာဖြစ်တဲ့အတွက်ကို ဒီအမျိုးသမီးတွေအတွက်ကို ဘယ်တော့မှ ချန်ထားမှာမဟတ်ုဘူး။”ဟုပြောသည်။

ယခု ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ပါဝင်လာမှုကြောင့် အမျိုးသမီးများ၏ နိုင်ငံရေးနိုးကြားမှုသည် ၂၀၁၀ ခုနှစ်ထက် သိသိသာသာ များပြားလာကြောင်း၊ ၂၀၁၅ လွှတ်တော်တွင် အမျိုးသမီးများပါဝင်လာရန် လိုအပ်နေဆဲဖြစ်ကြောင်း လက်ရှိတိုင်းဒေသကြီးလွှတ်တော်တွင် တာဝန်ထမ်း ဆောင်နေသည့် ဒေါက်တာညိုညိုသင်းကပြောသည်။

“အခုဟာကလွှတ်တော်မှာ အမျိုးသမီးက လေးရာခိုင်နှုန်းအောက်မှာပဲပဲရှိတယ်။ ၂၀၁၅ မှာတော့အနည်းဆုံး ၁၀ ရာခိုင်နှုန်းလောက်ရှိဖို့လိုတယ်”ဟု ၄င်းကပြောသည်။

အမျိုးသမီးအရေးနှင့်ပတ်သတ်၍ ပထမအကြိမ်လွှတ်တော်တွင် အမျိုးသမီးအကျဉ်းသားများအား ၄င်းတို့၏ မိသားစုများနှင့် နီးရာအရပ်ရှိ အကျဉ်းထောင်များသို့ပြောင်းရွှေ့ပေးရန်ကိစ္စနှင့် ဒုတိယအကြိမ်တွင် ရုံးချိန်အတွင်း အမျိုးသမီးသီးသန့်ယာဉ်လိုင်းများ သတ်မှတ်ပေးရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းတောင်းဆိုမှုကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုလက်ခံခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ဇမူသီရိမြို့နယ်မှ အောင်နိုင်သူ ဒေါ်စန္ဒာမင်းကတော့  လွှတ်တော်တွင် အမျိုးသားအမျိုးသမီး ရေးမခွဲဘဲ ပြည်သူများအတွက် ဆောင်ရွက်သွားမည်ဖြစ်ပြီး အမျိုးသမီအခန်း ကဏ္ဍဟု သီးသန့်လှုပ်ရှားရန်မရှိကြောင်းပြောသည်။     ။
အမျိုးသမီး ကိုယ်စားလှယ်လောင်း တဦးဖြစ်သည့် ပုလဲမြို့ နယ် အန်အယ်လ်ဒီ ပြည်သူလွတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်စန်းလှိုင်

Minister Baird Makes Statement on Burma’s By-elections

April 2, 2012 - Foreign Affairs Minister John Baird today issued the following statement on the by-elections in Burma:

“I would like to extend my personal congratulations to Aung San Suu Kyi for her party’s principled campaign and strong showing in the by-elections.

“This honorary Canadian citizen continues to make Canadians and all freedom-loving people around the world extremely proud of her role in writing a new chapter in Burma’s history.

“I am pleased that early reports indicate voting was conducted without violence or overt intimidation.

“It is exciting to witness the road to democracy that Burma appears to be taking and I strongly encourage its officials to continue down this path.

“Canada is ready and willing to play a leading role in helping to build a better future for Burma, one that will provide greater respect for freedom, democracy, human rights and the rule of law for all.”

- 30 -

For further information, media representatives may contact:

Foreign Affairs Media Relations Office
Foreign Affairs and International Trade Canada
613-995-1874

Aung San Suu Kyi elected in Burma

Statement by the Honourable Jim Karygiannis,

Member of Parliament for Scarborough-Agincourt

and Liberal Critic for Multiculturalism

On April 1, 2012, voters in Burma went to the polls in by-elections to fill forty-five seats in Parliament following the November 2010 election that formally ended military rule. For the first time, Aung San Suu Kyi, Leader of the National League for Democracy, was elected to the Parliament of Burma. The Party was contesting its first election since 1990, after boycotting the 2010 vote.

The National League for Democracy had pressed for political reforms in the country for many years. Since the 2010 election, the government has engaged Aung San Suu Kyi in dialogue about the future of Burma and it has released hundreds of political prisoners.

As the Chair of the Parliamentary Friends of Burma, I want to congratulate Aung San Suu Kyi on her victory. I have worked with members of the Canadian Burmese Diaspora on many issues of concern and know that they watched the election campaign and results with interest.

ထီပေါက်သော်လည်း လက်မှတ်ပျောက်သူများ




by Yangon Press International on Tuesday, April 3, 2012 at 6:57am ·
ဧပြီ ၃၊ ၂၀၁၂ (YPI)
လင်းနိုင် ရေးသားသည်။


ပန်းတင်အင်းကျေးရွာတွင် မဲပေးခွင့်ရလိမ့်နိုးနိုးနှင့် မဲရုံပိတ်ချိန်အထိ မလှမ်းမကမ်း လက်ဘက်ရည်ဆိုင်၊ မုန့်ဆိုင်များတွင် ထိုင်စောင့်နေသူများမှာ ဟိုနားတစ်စု ဒီနားတစ်စု၊ သူတို့အဖို့ ထိုနေ့က မဲပေးခွင့်ရရန်ထက် အခြားဘာမှ အရေးကြီးပုံ မရသည့် ကြောင့်ကြမှုများက မျက်နှာပေါ်တွင်အထင်းသား။

“ မဲမထည့်ရတော့ ထမင်းလဲ ဘာနဲ့ စားလို့ စားမိမှန်းတောင်မသိပါတော့ဘူး အေ၊ ဆာရကောင်းမှန်းလဲ မသိဘူး၊ ရင်ထဲမှာဟာတာတာနဲ့ ” ဟု လောင်းလုံမြို့နယ်၊ ပန်းတင်အင်းရွာမှ အမျိုးသမီးတစ်ဦးက အအေးဆိုင်လေးထဲတွင်ထိုင်ကာ လမ်းတစ်ဖက်မှ မဲရုံကို ငေးကြည့်ရင်း ပြောနေသည်။

မဲပေးခွင့်မရလိုက်သူများ၏ အမည်နှင့် မှတ်ပုံတင်နံပါတ်များကို လက်လှမ်းမီသမျှ စုဆောင်းလာပြီး အင်တာနက်တွင် တင်ပေးရန် နီးစပ်ရာလူများအား အကူအညီတောင်းနေသူတစ်ဦးကိုလည်း ပန်းတင်အင်းကျေးရွာမှာတွေ့ခဲ့ရသည်။

ဧပြီ ၁ ရက်က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲကို နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေနဲ့ ပြည်တွင်းပြည်ပက သတင်းမီဒီယာတွေကို လွတ်လပ်စွာကြည့်ရှုခွင့်ပေးခဲ့ပေမယ့် မဲစာရင်းထပ်နေတာ၊ အမည်လွဲနေတာ နဲ့ စာရင်းထဲမပါလို့ မဲမပေးခဲ့ရတဲ့သူတွေ နေရာအများအပြားမှာရှိခဲ့သည်။

“ စာရွက်လေးကိုင်ပြီးမဲသွားပေးတာ၊ နာမည်တူတဲ့ တခြားလူတစ်ယောက် ထည့်သွားပြီလို့ပြောတယ်။ မထည့်ရတော့ဘူး ” ဟု အောက်ရေဖြူကျေးရွာမှ လက်ဖက်ရည်ဆိုင်တစ်ခုထဲတွင် အမျိုးသားတစ်ဦးက တစ်ဖက်ခုံမှ ကတုံးနှင့်ပုဂ္ဂိုလ်ကို ညွှန်ပြရင်း ပြောသည်။

မဲထည့်ရန်အားခဲပြီး ဘုန်းကြီးလူထွက်လာသောကတုံးနှင့် ပုဂ္ဂိုလ်ကတော့ အသည်းကြားကမဲတစ်ပြား မပေးလိုက်ရသည့်အတွက် ဘေးမှ တစ်ယောက်တစ်ပေါက်ပြောနေသော အပေါင်းအသင်းများ အလယ်တွင် မျက်နှာသေလေးနှင့် ဟိုဟို ဒီဒီကြည့်လိုက်၊ တစ်ယောက်တစ်လှည့် ၀ိုင်းကြည့်နေသော သူ့အမည်နှင့် အမှတ်စဉ်ပါ စာရွက်အဖြူလေးကို ပြန်တောင်း ကြည့်လိုက်လုပ်နေသည်။

လောင်းလုံမြို့နယ်မှ မဲရုံတစ်ရုံ

တစ်နိုင်ငံလုံး လစ်လပ်နေရာ (၄၈) နေရာ၊ လုံခြုံရေးအရ (၃) နေရာ မကျင်းပနိုင်သေးသဖြင့် စုစုပေါင်း (၄၅) နေရာ မှာ ကြားဖြတ်ရွေးကောက်ပွဲတွေကျင်းပခဲ့ကာ အဓိကအတိုက်အခံပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၄၄ နေရာမှာဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ကျေးရွာပေါင်း (၁၁၀) ၊ မဲရုံ စုစုပေါင်း (၁၀၇)ရုံရှိသော လောင်းလုံမဲဆန္ဒနယ်တွင် မဲစာရင်းမပေါက်သဖြင့် မဲပေးခွင့် မရလိုက်ရသူ ၅,၀၀၀ အထက်တွင် ရှိမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းဒေသကြီးအောင်နိုင်ရေးအဖွဲ့ဝင် ဒေါက်တာသန်းဝင်းကဆိုသည်။

လောင်းလုံမဲဆန္ဒနယ်တွင် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ခြောက်သောင်းနီးပါး (၅၉,၄၁၁) ရှိခဲ့ပြီး ယခု ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးနိုင်သူဦးရေ ငါးသောင်းခုနစ်ထောင်ကျော် (၅၇,၇၉၈)  စာရင်းပေါက်သည့်အနက် လေးသောင်းရှစ်ထောင်ကျော် (၄၈,၁၀၅) မဲလာထည့်သည်ဟု မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်စာရင်းများကဖော်ပြသည်။

လောင်းလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက်ယှဉ်ပြိုင်ရာတွင် NLD မှ ဦးအောင်စိုးက မဲပေါင်း သုံးသောင်းခြောက်ထောင်ကျော် (၃၆,၈၆၃) နှင့် ကြံ့ခိုင်ရေးပါတီမှ ဦးစိမ်းမောင်က ရှစ်ထောင်နီးပါး (၇,၉၁၆) ရရှိပြီး ပယ်မဲ သုံးထောင်ကျော် (၃,၃၂၂)  မဲရှိသည်ဟု NLD သတင်းနှင့် ပြန်ကြားရေးမှ ထုတ်ပြန်ခဲ့သည်။

ယခင် ၂၀၁၀ ရွေးကောက်ပွဲကျင်းပစဉ်က ဖာသိဖာသာနေခဲ့သူများ ယခု ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလတွင် ယခင်နှင့် လုံးလုံးမတူ စိတ်အားတက်ကြွစွာ လာရောက်မဲပေးကြသည်ဟု လောင်းလုံမြို့နယ်မှ ဒေသခံများ ပြောသည်။

မင်းရပ်ကျေးရွာတွင် နံနက် (၆) နာရီမထိုးမီပင် မဲရုံ အနီးစောင့်ဆိုင်းနေပြီး ရုံဖွင့်သည်နှင့် သွားရောက်မဲပေးကာ သူပထမဆုံးလူဖြစ်သည့် အကြောင်းကို ပြုံးပြုံးကြီး လာပြောနေသူကို ဆုံရသည်ကလည်း ၂၀၁၀ ကာလနှင့် မတူသည့် တက်ကြွမှုသော မြင်ကွင်း။ သို့သော် မဲစာရင်းမပါသည့်ဖြစ်ရပ်များမှာ နေရာအနှံ့၊ ရွာတိုင်းလိုလို လစ်လပ်မရှိ။

 “ တို့ရွာမှတော့ ဟိုဘက်ပိုင်းက ဆယ်အိမ်ခေါင်းတောင် စာရင်းမပါလို့ မဲမပေးရဘူး။ သူများကိုတော့ စာရွက်တွေ လိုက်ဝေ နေရပြီး သူကိုယ်တိုင်ကတော့ မဲမပေးရလို့ဆိုပြီး လာပြောနေတယ်”  ဟု ပန်းတင်အင်းကျေးရွာမှ ဆယ်အိမ်ခေါင်းတစ်ဦးက သူ့ရွာမှ အဖြစ်အပျက်ကို ပြုံးစိစိဖြင့် ပြောပြသည်။

ပဉ္စသီမော်ကျေးရွာမှာတော့ သေပြီးသားလူတွေလည်း မဲစာရင်းထဲပါနေတာတွေရှိပြီး မိသားစုငါးယောက်ရှိတဲ့အိမ်ကနေ တစ်ယောက်ပဲ မဲစာရင်းထပါတာမျိုးတွေ အများကြီးရှိ တယ်လို့ ၎င်းရွာသား လူငယ်တစ်ဦးက ပြောဆိုသည်။

ထိုသို့ လူဦးရေထောင်ချီ၍ မဲပေးခွင့်မရခဲ့သည်မှာ ဆန္ဒမဲပေးရန်အတွက် စာရင်းပြုစုရာတွင် သက်ဆိုင်ရာ ရပ်/ကျေးအဆင့် ပျက်ကွက်ချွတ်ချော်မှုနှင့် အချို့ဖြစ်ရပ်များတွင် ဒေသခံများ၏ ရွေးကောက်ပွဲ အသိအမြင် နည်းပါးမှုကြောင့် ကြိုတင် အကြောင်းကြားရန် နောက်ကျခဲ့ပြီး စာရင်းမပေါက်ခြင်းဖြစ်သည်ဟု ရွေးကောက်ပွဲအား အလွတ်တမ်း လေ့လာခဲ့သူ ဒေသခံများက သုံးသပ်ကြသည်။

“ တစ်ချို့ဆို အိမ်ထောင်စုစာရင်းမိတ္တူကူးပြီး ပြန်သွားတင်တာပဲ၊ မိတ္တူဖိုး ပိုက်ဆံငါးရာပဲ ကုန်သွားတယ်။ စာရင်းကတော့ ပါမလာဘူး ” ဟု အောက်ရေဖြူကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

ကနဦးစာရင်းတွင် မပါသဖြင့် လျှောက်လာသော နောက်တိုးစာရင်းများအား ၂၄ ရက်နေ့အထိ နောက်ဆုံးထား ထပ်တိုးပေးခဲ့သည်ဟု တိုင်းကော်မရှင်မှပြောသော်လည်း လောင်းလုံမြို့နယ်အတွင်းမှာ မဲစာရင်းမပေါက်လို့ မဲပေးခွင့်မရခဲ့တဲ့ လူဦးရေ ထောင်ချီပြီးရှိပါတယ်။

ထားဝယ်တက္ကသိုလ်မှ ဆရာ၊ဆရာမ (၆၀) ၀န်းကျင် ခန့်မှာ ဥပဒေပါအတိုင်း ရက်ပေါင်း (၁၈၀) ကျော်နေထိုင်ခဲ့ သူများဖြစ်သည့်အတွက် မဲထည့်လိုသော်လည်း (၂၄) ရက်နေ့ကျော်သွားပြီ ဖြစ်၍ ထည့်ခွင့်မရလိုက်ဟု တိုင်းကော်မရှင်ဥက္ကဌ ထံ သွားရောက်မေးမြန်းပေးခဲ့သူ ဒေါက်တာ သန်းဝင်းကပြောသည်။

ပန်းတင်အင်းကျေးရွာတွင် မဲစာရင်းမပေါက်သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး စာရေးအား သွားရောက်အကြောင်းကြားခဲ့ စဉ်က မှတ်ပုံတင်၊ အိမ်ထောင်စု စာရင်းပါလျှင် မဲရုံသို့လာရောက်မဲပေးနိုင်သည်ဟု ပြောသဖြင့် စိတ်ချလက်ချနေခဲ့သူများမှာ မဲပေးခွင့်မရလိုက်သဖြင့် စိတ်ဆိုးဒေါသတွက်ကြသည်ဟု ရွေးကောက်ပွဲနေ့က အဆိုပါကျေးရွာသို့ လာရောက် ကူညီနေသူ ရေဖြူမြို့နယ်မှ NLD ပါတီဝင်တစ်ဦးက ဆိုသည်။

 “ နောက်ပိုင်းဆိုရင်တော့ သင်ခန်းစာရသွားတာပေါ့၊ တကယ်က သူတို့ဘက်က မှားတာရှိသလို၊ လူတွေကိုယ်တိုင်ကလဲ အသိအမြင် အားနည်းလို့ ဒီလိုဖြစ်တာပဲ ” ဟု ရွေးကောက်ပွဲ သတင်းထောက်တစ်ဦးက သုံးသပ်သည်။

သောကြာပြင်ကျေးရွာ၊ မောင်းမကန်ကျေးရွာများတွင်လည်း မဲပေးခွင့်မရသူများ နှင့် မဲရုံတာဝန်ရှိသူများတင်းမာမှု များဖြစ်ခဲ့ပြီး ရွာလမ်းမပေါ်တွင် ၄င်းတို့ အဖြစ်အပျက်ကို အော်ဟစ်ရှင်းပြနေသူများကို သွားရောက်လေ့လာသူများ ရိုက်ကူးလာသည့် ဗီဒီယိုများတွင် မြင်ရသည်မှာ ဆန္ဒမဲတစ်ပြား၏ တန်ဖိုးအပေါ် ၄င်းတို့ အလေးအနက်ထားမှုကို လှစ်ပြနေသလိုပင်။       ။

ကမ္ဘာကြီးရဲ့ ထောင့်တနေရာမှာသူတို့ ငိုနေကြတယ်။




ဟောပြောပွဲတက်ရောက်သူ၁၀၀၀၀ကိုကားစင်းလုံးငှားကြိုပို့ ခဲသော်ငြား




ဂုဏ်ပြုပါသည်NLD

Uploaded by prmg61 on 3 Apr 2012
1.4.2012(ကြားဖြတ်ရွေးကောက်ပွဲတွင်အနိုင်ရသောNLDအတွက်ဂုဏ်ပြုပါသည်။
Welcome to April 2012,Tokyo

ဗိုလ်ချုပ်မှူးကြီးကဘယ်သူလဲ...

ဘယ်နိုင်ငံမဆိုစစ်ဖက်မှာစစ်ဦးစီးချူပ်ထက်ကြီးတာသူ့   မိန်းမပဲရှိတယ်၊
သရေစီသူကြီးကိုဒုဗိုလ်ချုပ်မှူးကြီးရာထူးဘယ်သူကပေးတာလဲ????
သမ္မတကလား...
သတင်းစာမှာလဲမပါပါလား...
တဆင့်ချင်းရာထူးတက်တယ်ဆိုရင်ဦးသန်းရွှေဒုဗိုလ်ချုပ်မှူးကြီးရာထူးမရှိခဲ့တာအသေအချာပါ။
သရေစီသူကြီးကဒုဗိုလ်ချုပ်မှူးကြီးဆိုတော့
ဗိုလ်ချုပ်မှူးကြီးကဘယ်သူလဲ????
ဗိုလ်ချုပ်မှူးကြီးကဘယ်သူလဲ????



‘ဒေါ်အောင်ဆန်းစုကြည်ပြောပြသည့်ရာမာယဏ’ သို့မဟုတ် သိပ်ခေတ်မီသော ဇာတ်လမ်းတစ်ပုဒ်

by MrMaung KoThet on Tuesday, April 3, 2012 at 1:09pm ·



ဇာတ်လမ်းက ကျွန်မတို့အများကြီးစဉ်းစားစရာရှိတယ်။ စဉ်းစားစရာ ဆို တာနိုင်ငံရေးအမြင်နဲ့ အများကြီးစဉ်းစားစရာရှိတယ်။ ဒါကျွန်မတို့ အရှေ့တိုင်း မှာ အင်မတန်မှ သြ ဇာအာဏာလွှမ်းမိုးတဲ့ ဇာတ်လမ်း တစ်ခုဖြစ် တယ်။ ကျွန်မတို့ အရှေ့တိုင်းသူ၊ အရှေတိုင်းသားများဟာ ဘယ်လောက်နိုင်ငံရေး အမြင်ရင့်ကျက်လဲဆိုတာကိုပြတယ်လို့ ကျွန်မက ဒီလိုပဲမြင်တယ်။ ဘာဖြစ် လို့လဲဆိုတော့သူဟာ အမည်းနဲ့အဖြူ၊ အကောင်းနဲ့ အဆိုးဒီလို ချည်းပဲလဲ မဟုတ်ဘူး ။ ရာမမင်းသားရဲ့ ခမည်းတော် ဆိုရင်လည်း ကောင်းတာရှိတယ်၊ ဆိုးတာရှိတယ်။ အင်မတန်မှ ကောင်းတဲ့ မင်းကြီးဖြစ်ခဲ့ပေမယ်လည်း သူ့အပြစ်တွေရှိခဲ့တာကြောင့်မို့ ဒီအပြစ်တွေရဲ့ဝဋ်ကြွေးတွေသူဆပ် သွားရ တယ်။ ရာမမင်းဆိုရင်လည်း မင်းတစ်ပါးအနေနဲ့ အင်မတန်မှကောင်း တဲ့ မင်းပဲ။ဒါပေမဲ့လည်း တကယ်ကြည့်လိုက်တဲ့အခါကျတော့ သူ့ရဲ့မိဖုရားကြီး အပေါ်မှာ သူမျှမျှတတ မဆက်ဆံခဲ့ဘူး ။ သီတာမိဖုရားပြောချင် တာက သူဖြူစင်သန့်ရှင်းမှန်း သိရက်သားနဲ့ သူများပြောတာ ဘာဖြစ်လို့ နားထောင် ရလဲ ဆိုတာကိုပြောတာ၊ ဒီတော့ ဒါကျွန်မတို့ အတွက် အများကြီး စဉ်းစား စရာဖြစ်တယ်။ ကျွန်မတို့ပြောတယ် မဟုတ်လား။

ဒီမိုကရေစီဆိုတာ အကောင်းချည်းပဲ မဟုတ်ဘူး၊ သူ့ရဲ့အားနည်းချက်တွေ ရှိတယ်ဆိုတော့
ဒီကိစ္စဟာ ဒီမိုကရေစီရဲ့ အားနည်းချက် တစ်ခုကို ထောက်ပြတယ်လို့ ကျွန်မပြောချင်တယ်။အများကနေ အလကား သက်သက်၊ သွားပုပ်လေလွင့်၊ အားအား ယားယားပြောနေတဲ့ကိစ္စတွေဟာ တစ်ခါတလေ ဒီမိုကရေစီ မှာလည်း လွှမ်းမိုး ထားတတ်တယ်။ အဲဒီဟာတွေကို ကျွန်မတို့ အများကြီး သတိထားရမယ်။ ကျွန်မကတော့ထင်တယ်၊ အခုခေတ်လို အခြေအနေဆိုရင် သတင်းစာတွေ ဘာတွေရှိပြီးတော့၊ သတင်းစာ လွတ်လပ်ခွင့် ရှိတယ်ဆိုရင် သီတာမိဖုရားကြီး ဘက်က နေပြီး တော့ရေးပေးမယ့် သတင်း စာတွေ အများကြီးရှိမှာပဲလို့ ကျွန်မထင်တယ်။ အဲဒီလို သာရှိခဲ့ရင် သက်သက်၊ အားအားယားယား အတင်းပြောနေတဲ့လူတွေကြောင့် ဒီမိဖုရားကြီး ဟာ ပြည်နှင်ဒဏ်အပေး ခံရမှာမဟုတ်ဘူးလို့ ကျွန်မက ဒီလိုမြင်တယ။် ဘာဖြစ်လဲ လို့ ဆိုတော့  သီတာမိဖုရား ဘက်ကရပ်တည်တဲ့ သတင်းစာတွေ က ရေးကြမှာကိုး၊ ဘယ့်နှယ့်၊ မီးထဲဝင်တာတောင် မှမလောင်တဲ့ မိဖုရားဟာ မဖြူစင်ဘဲရှိနိုင်ပါ့မလား ။ မင်းတို့မှန်ရင်၊မင်းတို့ ချေမှာလားမေးတယ်။ ကျွန်မကပြောတယ်။ ကလဲ့စားချေတယ် ဆိုတာဟာကျွန်မတို့ရဲ့ ‘မူ’ လည်း မဟုတ်ဘူး။ နောက်ပြီးတော့ ဒီမိုကရေစီ အရ ကလဲ့စားချေချင် တိုင်းလိုက် ချေနေလို့ရတာမဟုတ်ဘူး။

တရားမျှမျှတတ လုပ်ရတာ။ အခုပြောချင်တာက အရှေ့တိုင်း ဒီမိုကရေစီ ဆိုတာဟာ တကယ်ကျတော့ ဒီမိုကရေစီအခွင့်အရေး ပြည့်ဝတဲ့ ဒီမိုကရေစီ ကို ဆိုလိုချင်တာ။ ကျွန်မတို့အနေနဲ့ကတော့ အရှေ့တိုင်းဒီမိုကရေစီဆိုတာ အနောက်တိုင်း ဒီမိုကရေစီများထက် ပိုပြီးတော့မေတ္တာ၊ ကရုဏာ တရား နဲ့ ပြည့်ဝတဲ့ ဒီမိုကရေစီလို့ ဒီလို ကျွန်မတို့မြင်ချင်တယ်။ ဒါကြောင့် အားလုံး အတွက်ကောင်းတဲ့ စနစ်ဖြစ်ရမယ်။တချို့ကဆိုရင် ဒီမိုကရေစီရဲ့အဓိပ္ပာယ် ကို နားမလည်ဘူး။ ဒီမိုကရေစီရဲ့ရဲရင်၊ စွပ်စွဲနေတဲလူတွေမီး ထဲဝင်ကြ လို့ပြောမှာပေါ့။ စွပ်စွဲနေတဲ့လူကကောမီးထဲ ကို ဝင်ပြရဲမလား၊ ဝင်ရင်ကော သူတို့ဟာ မလောင်ဘဲနေမလား။ ဒါတွေဟာ အများကြီး စဉ်းစားစရာဖြစ် တယ်။ အဲဒါကြောင့် ရာမဇာတ်တော်ကြီး ဟာနိုင်ငံရေး ပညာအများ ကြီးပဲ ပါပါတယ်။ ဒါဟာ ကျွန်မတို့ ဒီမိုကရေစီလိုအပ်တယ်ဆိုတာကျွန်မတို့ အရှေ့တိုင်း ယဉ်ကျေးမှု အရအထောက်အထားတွေ အများကြီးပြနိုင် ပါတယ်။အဲဒီလို အဘက်ဘက်ကပေါ့လေ၊ နိုင်ငံရေးအမြင်နဲ့စဉ်းစားတဲ့ ဇာတ်တွေဟာ ကမ္ဘာကြီးမှာ နည်းပါတယ်။

အများအားဖြင့်ပုံပြင်တွေ၊ဒ ဏ္ဍာရီတွေဆိုရင် နောက်ဆုံး မှာ ပျော်ပျော် ရွှင်ရွှင် နဲ့ပြီး သွားတာတို့၊ ဒါမှမဟုတ်ရင်လည်း သိပ်ပြီးတော့ စိတ်ညစ်စရာကောင်းတဲ့ ဟာတွေ ဆိုရင်လည်း တစ်ယောက်မှ မကျန်အောင် အားလုံး သုတ်သင်ရှင်းလင်းပစ်လိုက်တာတို့ ဒါတွေရှိတတ်တယ်ဒီလိုအဖြူနဲ့ အမည်း တင်မဟုတ်ဘဲနဲ့ အဖြူနဲ့ အမည်းကြားမှာ မီးခိုးရောင် အမျိုးမျိုးရှိတဲ့ ဇာတ်မျိုးဆိုတာဟာ သိပ်ခေတ်မီတယ်လို့ ကျွန်မတို့ပြောနိုင်တယ်။ ဘယ်တော့မှခေတ် မရှိဘူး ရယ်လို့ မဖြစ်သွားနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမှန်တရား ဟာခေတ် မရှိဘူးလို့ ဘယ်တော့မှ မဖြစ်ဘူး။ ဒါကြောင့် ကျွန်မတို့လိုချင်တဲ့စနစ်ဟာ ကမ္ဘာကြီးတည်သရွေ့ ဒီစနစ်မျိုးဟာ လိုလားအပ်တဲ့ စနစ်မျိုးကို ဖြစ်မှာပဲ။ ဒီစနစ်ဟာ ပြည်သူလူထုကို အကာ အကွယ်ပေးတဲ့ စနစ်လည်း ဖြစ်တယ်။ တကယ်တော့ အစိုးရများကို ကာကွယ်ပေးတဲ့စနစ်လည်း ဖြစ်တယ်။ တချို့ အစိုးရတွေက ဒီလိုဒီမိုကရေစီစနစ်ကို မနှစ်သက်ဘူး။ ပြည်သူလူထုကိုသာ အကာ အကွယ်ပေးတဲ့စနစ်လို့ သူတို့ ဒီလိုထင်တယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဒီမိုကရေစီစနစ်ဟာ လူတိုင်းလူတိုင်းကို အကာအကွယ်ပေးတဲ့ စနစ်ပါ။

ကျွန်မတို့ကိုတချို့ကမေးတယ်။ ဒါလည်းအားလုံးသိနေတဲ့ ကိစ္စကြီးပါ။ ဒီမိုကရေစီတက်လို့ရှိရင် ဘယ်သူဘယ်ဝါကို ကလဲ့စား အနှစ်သာရ ကို နားမလည်ဘူး။ အတိုက်အခံများဟာ တိုက်တယ် ၊ခိုက်တယ် ဆိုတာဟာ အာဃာတတရားနဲ့ ဖျက်ဆီးချင်လို့ တိုက်တယ်လို့ထင်တယ်။ ကိုယ့်စိတ်နဲ့ကိုယ် နှိုင်းတာလည်းဖြစ်နိုင်တာပေါ့လေ။ အဲသည်လို စိတ်တွေ ကလည်း အများကြီးရှိတယ်။ ဒါပေမဲ့ ဒါဟာလုံးလုံးမဟုတ်ဘူး။

အတိုက် အခံများရဲ့အလုပ်ကိုက အစိုးရ မမှားအောင် လုပ်ဖို့ပဲ။ အစိုးရမမှားအောင် ဆိုတော့ အစိုးရမှား နေတာတွေကို ထောက်ပြရမယ်။ ထောက်ပြမှသာလျှင် မမှားအောင်လုပ်နိုင်မှာပေါ့။ ကိုယ်ဘာမှားမှန်းမသိဘူး၊ ဒါမှမဟုတ် သိရင်လည်း ဘယ်သူမှမပြောရဲဘူးဆိုရင် ဆက်ပြီးတော့ မှားနေမှာပေါ့။ ဒီတော့ ကျွန်မတို့က အတိုက်အခံဆိုတော့ အတိုက်အခံအလုပ်ပဲ ဆက်ပြီးတော့ လုပ်မှာပဲ။ ဒီလိုလုပ်တာဟာ ကျွန်မတို့ကတော့ အာဃာတစိတ်နဲ့လုပ်တာ မဟုတ်ဘူး။ ကိုယ့်နှလုံးသားထဲမှာ အာဃာတ အင်မတန်များနေတဲ့ လူတွေကတော့ ယုံမှာမဟုတ်ဘူး။ ဒါကိုတော့ ကျွန်မတို့ ဘာမှမတတ်နိုင်ဘူး။ ကျွန်မတို့တတ်နိုင်တာ တစ်ခုပဲရှိတယ်။ အဲဒီနှလုံးသားထဲက အာဃာတတွေ ကို ဖျောက်လိုက်ပါလို့ ဒါပဲပြောနိုင်တယ် ။ ဖျောက်လိုက် ရင်တော့ ယုံနိုင်ပါ လိမ့်မယ်။

ဒီမိုကရေစီနိုင်ငံတွေကို ကြည့်ရင် ဒါသိနိုင် တယ်။

ရွေးကောက်ပွဲ မတိုင်ခင် နောင်ဂျိန်နောင်ဂျိန် ချနေတဲ့သူများဟာ ရွေးကောက်ပွဲပြီးတော့ လက်ဆွဲနှုတ်ဆက်ပြီး ယဉ်ကျေးသိမ်မွေ့တဲ့လူများပီပီ ဆက်ဆံကြ တာ ပဲ။

ဒါဒီမိုကရေစီစိတ်ဓာတ်ပဲ။

ကျွန်မတို့ အရှေ့တိုင်းယဉ်ကျေးမှုအရ ဒီလို လူပီပီနေတဲ့စနစ်ကို အင်မတန်မှလိုလားပါတယ်။ လူတွေကို လူလို ဆက်ဆံ တဲ့စနစ်ကို အင်မတန်မှလိုလားပါတယ်။ ပြည်သူလူထုကို တန်ဖိုးထားတဲ့ စနစ်ကို ကျွန်မတို့အရှေ့တိုင်းက အင်မတန်မှ လိုလားပါတယ်။ ။

Popular Journal ·

ခွပ်ဒေါင်းမိခင် အောင်ပွဲဆင်

Ko Htut facebook
ခွပ်ဒေါင်းမိခင် အောင်ပွဲဆင် - ၉၀ ရွေးကောက်ပွဲ မဲဆွယ်စဉ်ကာလမှာ နာမည်အကြီးဆုံးသီချင်းပါ။ ရသမြောက်ပြီး၊ စာသားတွေကလည်း အဓိပ္ပါယ်ပြည့်ဝသလို၊ သံစဉ်လည်းလှ နားထောင်လို့ကောင်း ရင်ထဲမှာစွဲနေတဲ့သီချင်း တစ်ပုဒ်။

ဦးအောင်သောင်းအဆင်သင့်ပြင်...


အန်အယ်ဒီကဖြစ်ချင်တာ၊ပြင်ရမှာလွှတ်တော်ကိုတင်သွင်းမယ်၊
သူပြောခဲ့တဲ့အတိုင်းလုပ်မယ်။ကြံ့ ဖွတ်ကတော့မဲခွဲပယ်ချမှာပဲ။
အဲဒါတွေကိုပြည်သူကိုချပြမယ်။ငါတို့ လုပ်တယ်။အမတ်ဦးရေ
နဲလို့မအောင်မြင်တာ..၂၀၁၅အထိတခုပြီးတခုတင်မယ်၊
ကြံဖွတ်ကပယ်မယ်။ပြည်သူကသိမယ်။၂၀၁၅ရွေးကောက်ပွဲ
အတွက်လွှတ်တော်ထဲကနေမဲဆွယ်သလိုကြံ့ ဖွတ်လဲလူမုန်း
တချက်ခုတ်၂ချက်ပြတ်ပဲ...
စစ်တပ်၂၅%က၂၀၁၅နောက်ပိုင်းအန်အယ်ဒီကလှလှလေး
တိုင်းပြည်ကိုထိန်းနိုင်ရင်အချိန်တခုမှာထွက်သွားမှာပါ။
ဘယ်စစ်သားအစစ်မှလွှတ်တော်ထဲထိုင်တာဝါသနာမပါပါဖူး
အမေစုနဲ့ ဆက်ဆံရေးစောင့်ကြည့်ရမှာတော့စိတ်ဝင်စားစရာပါ။
ကြံ့ ဖွတ်နဲ့မဟာမိတ်ဆိုတာဘယ်တော့မှဖြစ်လာမှာမဟုတ်ပါ။

စကားမစပ်အခြားနိုင်ငံတွေမှာမဲရှုံးရင်ပါတီခေါင်းဆောင်နေရာဖယ်ပေးရတယ်။
ဦးအောင်သောင်းအဆင်သင့်ဖြစ်ပြီလား.......:D


ရဲရင့်ငယ်

ဦးသိန်းစိန်ကတိဖျက်တော့မှာလား



လူ မိုက်

တချက်လောက်တော့ ငဲ့ ကြည့်သင့်ပါတယ်....

တာဝန်ယူရတဲ့  သက်တမ်း တနှစ်မပြည့်သေးခင် အရင်လက်ထက်ကလူတွေလုပ်ခဲ့ တဲ့ အမှိုက်တွေကို ခေါင်းခံရှင်းနေရလို့ ..သမ္မတကြီးကို သနားဖူးတယ်......သမ္မတကြီး

တနိုင်ငံလုံး ၀ိုင်းဝန်းတောင်းဆို မှု့ တွေကြောင့် ကျတော်တို့ နိုင်ငံရဲ့  ပင်မသွေးကြောကြီးကို ဖြတ်ကာတည်ဆောက် တရုတ်တို့ ကောင်းစားဖို့ ဆွဲထားတဲ့ 
မြစ်စုံစည်မံကိန်းကြီးရပ်တန့် ပေးလို့ ...သမ္မတကြီးကို လေးစားဖူးတယ်...သမ္မတကြီး

ကိုယ့်နဲ့ မတူ ကိုယ်ရန်သူ့ လို့ သဘောထားပြီး ..မလိုတမျိုး လိုတမျိုးနဲ့ ကမ္ဘာမှာမရှိတဲ့ ဥပဒေတွေအမျိုးမျိုးနဲ့ ဖမ်းဆီးထားတဲ့  သူ့ တို့ အခေါ် နိုင်ငံရေးအကျဉ်းသားတွေ ကို လွှတ်ပေးခဲ့ လို့ ...သမ္မတကြီးကို အလေးပြုဖူးတယ်..သမ္မတကြီး

အခုတော့ သမ္မတကြီးရယ်.....

သမ္မတကြီးရပ်ထားတဲ့  မြစ်စုံစီမံကိန်း တိတ်တိတ်လေးလုပ်နေပါလား...ပြည်သူတွေ အော်တုန်း ခဏလေး ချွေးသိပ်ကာ...လှည့်စားခဲ့ တာလား သမ္မတကြီး....

သမ္မတကြီးလက်ထက်မှာ ပေးထားတဲ့  ဒီမိုကရေစီ ခေါ် လွတ်လပ်မှု့ တွေကြောင့် ပါတီတွေထူထောင် အာဏာတွေအရူးထနေတာတဲ့ ...ကျတော်တို့ ရဲ့  ဘိုးဘွာပိုင်ကျွန်းကလေး..ကုလားတွေပေးလိုက်ရပြီ..သမ္မတကြီး...

သမ္မတကြီးပြောထားတဲ့ ..တိုင်းရင်းသားရင်ကြားစေ့အရေး အခုထိတော့ ကချင်ပြည်နယ်က ကျတော်တို့ တိုင်းရင်းသား တွေ စစ်ပြေးဘ၀ရောက်နေသေးတယ်...သမ္မတကြီး..

ဒီမိုကရေစီဆိုတာ ပြည်သူပြည်သားတွေရဲ့  လွတ်လပ်ခွင့်နဲ့  တည်ငြိမ်အေးချမ်းရေးဆိုပေမဲ့  သမ္မတကြီးလက်ထက်မှာဖြစ်ပွားသွားတဲ့ ...ဥက္ကလာပ က သိန်း၉၀နဲ့ လူတယောက် အသက်....
အရာရှိဟောင်း ရုပ်ရှင်မင်းသား ဒါရိုက်တာ ကိုဇင်မင်းအသတ်ခံရတဲ့  အမှု့  ဘယ်လို တွေ ဘယ်လိုအဆုံးသတ်သွားတာလည်း တိကျတဲ့အဖြေမပေးသေးပါလား..သမ္မတကြီး...

သမ္မတကြီးရေ..ကျတော်တို့ နိုင်ငံမှာ ရန်သူတွေဝိုင်းနေပြီ...

.ပြည်တွင်းက ကိုယ်ကျိုးသမားတွေရဲ့  လုပ်ရပ်တွေကြောင့် တိုင်းပြည်မွဲသထက်မွဲနေပြီ...သမ္မတကြီး..

တိုင်းရင်းသား ညီအကို မောင်နှမတွေ .အခြင်းခြင်းလက်ညှိုးထိုးနေကြတယ်....

လူငယ် လူရွယ်တွေ လမ်းဘေးကိုရောက်နေကြပြီ....

ပတ်ဝန်းကျင်က အိမ်နီးချင်းတွေ ကျတော်တို့ တိုင်းပြည်ကို ....

တချို့ က ဘာသာရေးအရသိမ်းယူချင်နေတယ်...

တချို့ က စီးပွားရေးအရသိမ်းယူချင်နေတယ်...

သမ္မတကြီးရေ...တချိန်တုန်းက ကျတော်တို့ နိုင်ငံ အာရှရဲ့  ကျားတကောင်ဖြစ်လာနိုင်ပေမဲ့ ..

အခုတော့ နွားတကောင်သာသာပဲရှိတော့တယ်...သမ္မတကြီးရေ...

နွား တကောင် အဖြစ်ကနေ ဖာ..ဖာ.ဖား မဖြစ်ရအောင် ..

ကျတော်တို့ မျိုးဆက်လူငယ်တွေ နောင်တချိန်မှာ တရုတ်မပီ..ကုလားမမြောက်..ဗမာမပေါက်ပဲ

ထင်ကျန်နေအောင် တချက်လောက်တော့ ငဲ့ ကြည့်ပေးပါ..