Wednesday, April 4, 2012

စာမတတ်သူလင်မယား မဲပေးမည့်ကိစ္စအား ရိုင်းစိုင်းစွာ တားမြစ်သည့် ရာအိမ်မှူးအား မြို့နယ်တရားလွှတ်တော် သို့တိုင်ပြီ

by Yangon Press International on Wednesday, April 4, 2012 at 6:35am ·

ပုသိမ် ဧပြီ ၄ ရက်၊ ၂၀၁၂ ခုနှစ်၊ မျိုးမင်း (YPI)



မတ်(၃၁)ရက်နေ့က ရွာသစ်တိုက်နယ၊် စပါးထားကျေးရွာ တွင် စာမတတ်သူ ကိုဖိုးသက်ရှည် နှင့် မမြင့် ကြည် တို့လင်မယားနှစ်ဦးမဲပေးမည့်ကိစ္စကို မေးမြန်းပြီး ရိုင်းစိုင်းစွာပြောဆို တားမြစ်ခဲ့သော ရာအိမ်မှူး ဦးပိုးတုတ်အား အရေးယူပေးပါရန် အဆိုပါ လင်မယားက မြို့နယ်တရားလွှတ်တော်သို့ ဦးတိုက် တိုင်ကြားလိုက်ကြောင်းသိရှိ ရသည်။

“ ကျနော်တို့လင်မယားက စာကို ရေးလည်းမရေးတတ် ဖတ်လည်းမဖတ်တတ်ဘူး ကြုံရာလုပ်ပြီးထမင်း စားနေရတာ၊ အဲဒီနေ့က မနက်ကိုးနာရီခွဲ လောက်မှာ သူ(ရာအိမ်မှူး) ရောက်လာပြီး နင်တို့ဘယ်သူ့ကိုမဲပေး မှာလည်းလာမေးတော့ မိန်းမက ကျမကြားဘူးတာ ဒေါ်စုဆိုတော့ သူ့ကိုပဲမဲပေးမယ် ပြောလိုက်တာနဲ့ အရမ်း စိတ်ဆိုးသွားပြီး ရိုင်းရိုင်းစိုင်းစိုင်းတွေပြောတော့တာပဲ” ဟုကိုဖိုးသက်ရှည် ကရှင်းပြသည်။

ထိုနောက် ရာအိမ်မှူးဦးပိုးတုတ်က ဒါဆိုနင်တို့ ငါ့ရွာမှာမနေနဲ့ အိမ်တိုင်ချွတ်ပြီး တခါတည်းပြောင်း၊ ကရင်ရွာမှာ သောက်ဗမာမက သောက်ကြောလာရှည်နေတယ် ဟုခြိမ်းခြောက်ဆဲဆိုခဲ့ကြောင်း အဆိုပါလင်မယားက ပြောပြသည်။

စပါးထားကျေးရွာတွင် နေထိုင်သူတစ်ဦးကတော့ “ကျမတိုလည်းအဲဒီအချိန် ဆူဆူညံညံအသံတွေကြား လို့လှမ်းကြည့်တော့ သူတို့လင်မယားက အိမ်ထဲမှာ ဦးပိုးတုတ်က သူတို့ကို အိမ်ရှေ့ကနေ ရိုင်းရိုင်းစိုင်းစိုင်း ဆဲနေတာတွေ့တယ်” ဟုပြောသည်။

ဧပြီလ (၁) ရက်နေ့ကလည်း မဲရုံများ၏ အနီးအနားတစ်ဝိုက်တွင် ကျေးရွာအုပ်ချုပ်ရေးပိုင်းမှ ပုဂ္ဂိုလ် များက မဲလာရောက်ပေးသည့် ကရင်လူမျိုးများအား ခြိမ်းခြောက်မှုများ မဲဆွယ်မှုများ ပြုလုပ်ခဲ့ကြောင်း NLD မဲရုံကိုယ်စားလှယ်များ၏ ပြောပြချက်အရ သိရှိရသည်

ထိုကဲ့သို့တိုင်ကြားခဲ့မှုအပေါ် ပုသိမ်မြို့မှ တရားလွှတ်တော် ရှေ့နေတစ်ဦးကတော့ “ဒီလိုကိစ္စတွေ ကြားရတာ အရမ်းစိတ်မကောင်းစရာပဲ၊ ဆင်းရဲပြီး အသိပညာ ချို့တဲ့နေတဲ့ ရွာတွေမှာ နေထိုင်သူတွေကို ခေါက်ရိုးကျိုးနေတဲ့ စိတ်ဓါတ်ရှိပြီးသား ကျေးရွာအုပ်ချုပ်ရေးပိုင်းက လူတွေက ပုံစံအမျိုးမျိုးနဲ့ ဖိနှိပ်နေတာတွေ ကို ဥပဒေစိုးမိုးမှုရှိအောင် ထိထိရောက်ရောက်ဆောင်ရွက်ပေးသင့်တယ်” ဟု ပြောပြသည်။

စပါးထားကျေးရွာ သည် ပုသိမ်၏အနောက်ဘက် (၁၂) မိုင်ခန့် အကွာတွင်တည်ရှိသောရွာလေး တစ်ရွာဖြစ်ပြီး ကရင်လူမျိုး ဗုဒ္ဓဘာသာဝင်အများစုနေထိုင်သည်။ ကြားဖြတ်ရွေးကောက်ပွဲတွင် ပုသိမ်မြို့နယ်အတွင်း မဲရုံ (၂၀၂)ရုံရှိသည့်အနက် NLD ပါတီ ရှုံးနိမ့်ခဲ့သည့် မဲရုံအနည်းငယ်ထဲတွင် တစ်ခုအပါအ၀င်ဖြစ်ကြောင်း NLD မြို့နယ်အောင်နိုင်ရေးရုံး မှ မဲစာရင်းများအရသိရှိရသည်။ ။

ကျေးရွာအုပ်ချုပ်ရေးမှူးအား စစ်တပ်မှ သေနတ်ဖြင့်ပစ်

by Yangon Press International on Wednesday, April 4, 2012 at 7:33am ·

ဧပြီ ၄ရက် ၂၀၁၂ ခုနှစ်-(YPI)

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသည့်နေ့က လှည်းကူးမြို့နယ်ကော်မရှင်သို့ ဆန္ဒမဲလက်မှတ်များပို့ပြီး ပြန်လာသော ပန်းတောကုန်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်အား စစ်တပ်မှ အရာရှိတစ်ဦးက သေနတ်ဖြင့်ပစ်ခတ် ခဲ့ကြောင်း ယင်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးသန့်ဇင်ကပြောသည်။

၎င်းသည် မဲလက်မှတ်များပို့ပြီး ဆိုင်ကယ်ဖြင့်ပြန်လာစဉ် ဖောင်ကြီးမြို့၊ အမှတ် (၁) အခြေခံစစ်သင်တန်းကျောင်းမှ ဗိုလ်ကြီးကျော်ဦးဆိုသူ စီးနှင်းလာသည့် ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင်တွေ့ခဲ့ပြီး ဗိုလ်ကြီးကျော်ဦးမှ ဆဲဆိုကာ သေနတ်ဒင်နှင့် ရိုက်နှက်ပြီးနောက် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ရိုက်နှက် ပစ်ခတ်မှုကြောင့် ဦးသိန်းဇော်၏ ဘယ်ဘက်ပခုံး ညှပ်ရိုးထိမှန်ခဲ့ပြီး ဘယ်ဘက်ပါး ယောင်ကိုင်းကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့်အာရုံကြောဋ္ဌာနသို့ သွားရောက် ကုသမှုခံယူခဲ့ပြီး သက်ဆိုင်ရာ ဆရာဝန်၏ ခွင့်ပြုချက်ဖြင့်ဧပြီ၃ရက်နေ့က ယင်းဆေးရုံမှဆင်းခဲ့သည်။

ယနေ့တွင် ပခုံးညှပ်ရိုးဒဏ်ရာအား ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဌာနသို့ သွားရောက်ကာ ထပ်မံ ကုသမှုခံယူခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက “ ခုလို အဖြစ်မျိုးတွေက ကျွန်တော်တို့နိုင်ငံမှာ မကြာခဏဖြစ်တတ်ပါတယ်။ အဓိကက ဥပဒေစိုးမိုးမှု အားနည်းလို့ပါ။ ခုဖြစ်ရပ်ကိုလည်း ဥပဒေအတိုင်းလုပ်ပေးဖို့ ကျွန်တော့်အနေနဲ့ သက်ဆိုင်ရာကို မေတ္တာရပ်ခံပါတယ် ” ဟု ပြောသည်။

ယင်းအမှုအား လှည်းကူးမြို့နယ် ဖောင်ကြီးရဲစခန်းမှ ပ/၃၀ ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းကပြောသည်။

ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်ကလည်း ပဲခူးမြို့ ဇိုင်းဂနိုင်းရပ်ကွက် တောင်ပိုင်းတွင် အရပ်သားနှစ်ဦးအား ဘူတာစောင့်စစ်တပ်မှ စစ်သားများက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့ဖူးသည်။ ။

တပ်မတော်ကိုတကယ်ကောင်းစေချင်ရင် ၂၅ ရာခိုင်နုန်းကအဖွဲ့တွေအားရင်ငိုက်မနေဖို့လိုတယ်၊

Pa Yit
မြန်မာ့တပ်မတော်အတွင်းအခြေအနေများကို အခုနေပြည်တော်(၄)နေရာမဲရရှိခြင်း၊ တပ်မ၁၀၁ မဲရုံအခြေအနေနှင့်တပ်နယ်မြို့များရဲ့မဲအခြေအနေများကသက်သေခံနေပါတယ်၊ ထပ်ပြီးပွင့်လင်းရမည်ဆိုပါက၊"တပ်မတော်သားမိသားစုများအားလုံးပြည်ခိုင်ဖြိုးကိုမထောက်ခံပါ" ဟူသောအဖြေကိုဘယ်လိုစဉ်းစားပါစေတွေ့နိုင်ပါတယ်၊
အမေစုက အခြေခံဥပဒေကိုပြင်မည် ဆိုသောစကားနဲ့တပ်မတော်နေ့တွင်ကာချုပ်က (အခြေခံဥပဒေကိုကာကွယ်ရမည်)ဆိုသောစကားဆက်စပ်မှုရှိတာကိုသဘောပေါက်ပါတယ်၊
ရွေးကောက်ခံမဟုတ်သောတပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကိုဆိုလိုခြင်းဖြစ်ပါတယ်၊

တစ်ခုတော့ရှိပါတယ်၊
အမေစုကတပ်မတော်သားတွေနဲ့ပူးပေါင်းရမယ်လို့ပြောတယ်၊
လွှတ်တော်မှာတွေ့နေရတာကတပ်မတော်နဲ့ပတ်သက်ပြီးအခြေခံစားဝတ်နေရေးလိုအပ်ချက်စုတ်ပြတ်သတ်နေတာကအစသိသိကြီးနဲ့ ထပြီးမတင်ပြရဲတဲ့ ၂၅ ရာခိုင်နှုန်းသောကျောက်ရုပ်တွေ......၊
စစ်အရာရှိပီသစွာသူတို့ရတဲ့လွှတ်တော်ကိုယ်စားလှယ်ရဲ့ရပိုင်ခွင့်တွေကိုခံစားပြီးမှိန်းနေကြတယ်၊ဒီခံစားခွင့်တွေမပျက်အောင်..မလုပ်၊မရှုပ်၊မပြုတ်.....ထုံးနှလုံးမူနေကြတယ်၊

အဲဒီတော့....အမေစု ဒါမှမဟုတ်...ဒီချုပ်ကအမတ်တစ်ဦးဦးက..အားလုံးသိနေတဲ့လက်ရှိတပ်ရင်းတွေမှာဖြစ်နေတဲ့အောက်ခြေအရာရှိရဲဘော်တွေရဲ့ တကယ်ကြပ်တည်းမှု၊ရပိုင်ခွင့်ညံ့ဖျဉ်းမှု၊ ဇာတ်တူသားစားမှုတွေကို ဇာတ်စုံခင်းပြီးအဆင်ပြေအောင်ဖြေရှင်းပေးဖို့ လွှတ်တော်ဥက္ကဌကိုတင်ပြခဲ့သည်ရှိသော်.....
တပ်မတော်သားကိုယ်စားလှယ်တွေကန့်ကွက်ရဲမလား....ထောက်ခံမလား..
ကန့်ကွက်ပြီဆိုတာနဲ့......တပ်ရင်းတွေမှာဘာပြသနာတွေဖြစ်လာနိုင်မလဲ....
ထောက်ခံရင်ရော.......သူနဲ့ပူးပေါင်းဆွေးနွေးတဲ့သဘောမဟုတ်ဘူးလား..

အမေစုကတပ်မတော်သားတစ်ယောက်မဟုတ်လို့ဒါမျိုးတွေတင်ပြလို့ရမရမသိပေမဲ့တင်ပြခဲ့သည်ရှိသော်........

ကိုယ့်တပ်မတော်ကောင်းစားရေးအတွက်တောင်ဂရုမစိုက်ပဲသိသိကြီးနဲ့ဆီပုလင်းခါးချိတ်ထားတဲလွှ့တ်တော်ကယူနီဖေါင်းဝတ်ပါးစပ်မပါဘော်လံဒီယာတွေရှေ့မှာ..
ဘာမှမဆိုင်တဲ့အင်န်အယ်လ်ဒီကတပ်မတော်အတွက်ဝင်ပြောတာမျိုးဖြစ်လာတာကိုမထောက်ခံရင်.ေ
အာက်ခြေကကြပ်တည်းနေတဲ့ရဲဘော်တွေကိုထိန်းရခက်လာမယ်၊ရှေ့တန်းမှာပြသနာတွေဖြစ်လာမယ်၊နောက်ပိုင်းမှာနိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေဝင်လာလို့ အလုပ်အကိုင်အခွင့်အလမ်းတွေများလာရင် လူငယ်ထုထဲမှာဖွတ်တက်နေတဲ့ရဲဘော်ဘ၀အရာရှိငယ်ဘ၀တွေကိုပိုပြီးခါးသီးသွားပြီးစိတ်ဝင်စားမှုပိုနည်းသွားလိမ့်မယ်၊စစ်တပ်ထဲကိုဝင်မဲ့သူတွေပိုနည်းသွားမယ်၊စစ်တပ်မှာသင်တန်းဆိုလို့ဗိုလ်သင်တန်းတွေပဲကျန်လိမ့်မယ်၊
တချိန်ကျရင်အရာရှိငယ်များအားရဲဘော်အဖြစ်ပြောင်းလည်းခြင်းဆိုတဲ့အမိန့်ကြော်ငြာစာတွေထုတ်ပြန်ကြတဲ့အဆင့်အထိရောက်လာလိမ့်မယ်၊စစ်မှုမထမ်းမနေရဥပဒေနဲ့ကြိုးစားလဲလူထုရဲ့လေးစားမှုပိုပြီးဆိုးနိုင်တယ်၊
အဲဒီတော့ကိုယ့်တပ်မတော်ကိုတကယ်ကောင်းစေချင်ရင် ၂၅ ရာခိုင်နုန်းကအဖွဲ့တွေအားရင်ငိုက်မနေဖို့လိုတယ်၊
ဘာမဆိုင်သလိုလုပ်နေရင်တပ်မတော်မှာအထက်နဲ့အောက်ခြေနဲ့ပြသနာကြီးတွေဖြစ်လာနိုင်တယ်ဆိုတာကိုသတိပြုရမယ်
၊ဒီမိုအဖွဲ့တွေကိုမဲမနေပဲနဲ့ ဆွေးမြေ့နေတဲ့ကိုယ်နင်းထားတဲ့ကိုယ့်လှေခါးထစ်ပေါင်းများစွာကိုပြန်ငုံ့ကြည့်ပြီးလုပ်သင့်တာလုပ်တာကမှ......ကိုယ့်တပ်မတော်ရဲ့ အနာဂတ်မှာဖြစ်လာမဲ့ ကွိုင်ကြီးတွေကိုရှောင်ရှားနိုင်ပါကြောင်း...........


(စစ်တပ်လက်ရှိအခြေအနေ စားဝတ်နေရေးနဲ့ ၁၉၈၀ လောက်က အောက်ခြေအဆင့်စားဝတ်နေရေး ရပိုင်ခွင့် ပေးတဲ့ဆန်ကအစ၊ပဲကအစ၊အဆင်တန်ဆာတွေရဲ့အရည်အသွေးကအစ ကြည့်လိုက်ပါ၊ရဲဘော်တွေရဲ့အရည်အချင်းနဲ့စိတ်ဓာတ်ကိုမထည်းပြောသေးပါဘူးနော်)သူများနိုင်ငံတပ်မတော်တွေနဲ့မနိုင်းပါဘူး၊ တို့..ဘကြီးတွေရဲဘော်ခေတ်ကတော့ ရှေ့တန်းမှာရန်သူကိုလချီရင်ဆိုင်နေရလဲ နောက်တန်းကမိန်းမရဲ့စားဝတ်နေရေးမပူပေါင်၊ ရန်သူကိုရင်ဆိုင်တဲ့စိတ်ပဲခေါင်းထဲမှာရှိတယ်၊ ခုဟာကတော့ ..ရှေ့တန်းကိုလစာနည်းနည်းပါလာပါ့မလားရိက္ခာပဲကပိုးထိုးမလား၊စိုငွေကများပါ့မလား၊ဈေးကားအမြဲပျက်နေလို့ ဆိုင်ကယ်ငှားရင်ငွေကကျန်မလား၊ ရိက္ခာဆန်ကကွဲနေလို့အပြင်မှာလဲစားလို့ရပါ့မလား၊အဆင့်မမှီတဲ့ယူနီဖေါင်းပြဲနေလို့အသစ်ဝယ်ဖို့ငွေကျန်ပါ့မလား၊မိန်းမကစတိုးမင်းဆီမှာပဲရောက်ရောက်နေမလား.....ဂျီအီးကဆောက်တဲ့လိုင်းခန်းကြမ်းပေါက်ကျွံနေလို့ကလေးတွေထိမှာစိုးလို့ဝါးဝယ်ခင်းရဖို့ပိုက်ဆံရှိပါ့မလား၊ထောက်ပို့ကရတဲ့ဆီအာလူးရောနေလား၊ကလေးကျောင်းစရိတ်လောက်ပါ့မလား၊....ပြောလိုတာကတော့ တပ်မတော်သားကိုယ်စားလှယ်၂၅ ရာခိုင်နုန်းကသူ့အလုပ်သူလုပ်ဖို့လိုတယ်.............မလုပ်လို့သူများလုပ်မှေ-ွးအကြီးလှည်းနင်းသလိုထောက်ခံရမလိုကန့်ကွက်ရမလို၊....တိုက်ပွဲကျတဲ့ဒဏ်ရာရတဲ့သူတွေအတွက်ပဲလား...ကျန်တာတွေ လက်ရှိတာဝန်ထမ်းဆောင်တဲ့သူတွေက perfect ဖြစ်နေတယ်လို့ထင်ကြပါသလား....ရင်လဲ ခေတ်မှီတိုးတက်အောင်လုပ်ထားတယ်ဆိုတဲ့တပ်မတော်သားတွေရဲ့ ၀တ်စုံ၊ရိက္ခာကအစ အဆောက်အဦးတွေ infrastructure အကုန်လုံးကို အာဆီယံအဆင့်လောက်ကိုပဲ မီမမှီ QC စစ် လိုက်ပေါ့...ကြားဖူးတာကအရင်တုန်းကတပ်မတော်စက်ရုံကထုတ်တဲ့ product တွေကို အရပ်ဖက်အဖွဲ့တွေက Quality ကောင်းလို့ဝယ်စုကြတယ်သုံးကြတယ်၊ အခု တပ်မတော်ပစ္စည်း ရဲတောင်သုံးလို့လား....၊တကယ်အောက်ခြေကရဲဘော်တွေတပ်မတော်သားတွေ( facebook သုံးနိုင်တဲ့သူမပါ) နဲ့ထိတွေ့ဆက်ဆံခဲ့ဘူးပါတယ်၊အစိုးရသစ်တက်ပြီးမှအခုပြောတာတွေကိုကာချုပ်ကပြောင်းလည်းလိုက်ရင်တော့မသိဘူးပေါ့ဗျာ၊ပြောင်းမပြောင်းသိတဲ့သူကသိပါတယ်၊

"ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့ အစည်းအကြောင်း ဆွေးနွေးပွဲ ဖတ်ကြားလွှာ"

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(မအူပင်ခရိုင်)


ကြံ့ခိုင်ရေးပါတီမှ ရေတွင်းများကိုပိတ်တော့နာရေးကူညီမှုအသင်းက ရေတုံကင်၃ခုအတွက်ငွေ ၄သိန်းလှူဒါန်းလှူဒါန်း

Burma VJ Media Network
ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် နေပြည်တော် ဒဏ္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်း အနိုင်ရရှိသွားသည့်အတွက် ၎င်းမြို့နယ်အတွင်းမှာ ကြံ့ခိုင်ရေးပါတီမှ ပြုလုပ်ပေးထားသော ရေတွင်းများကို ယမန်နေ့(၃-၄-၂၀၁၂)တွင် လိုက်လံ၍ ပြန်လည်ပိတ်ဆို့ခဲ့ကြောင်း သတင်းရရှိပါသည်။

Myint Myint Khin Pe
ဒီနေ့ဘဲ NLDက လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်းကို မဲပေးလို့ဆိုပြီး ဒဏ္ခိဏသီရိမြို့နယ် မှာရှိတဲ့ အိမ်ခြေ ၂၀၀၀ရှိ ချိုင်းရွာမှာ ယခင်ကြံ့ခိုင်ဖွံ့ဖြိုးရေးက တူးပေးထားတဲ့ ရေတုံကင်များကို ရွာသားများ
အသုံးပြုခွင့်ကို ပိတ်ပင်လိုက်တဲ့ အကြောင်း ဦးနိုင်ငံလင်း နာရေးကူညီမှုအသင်းကို လာရောက် အကြောင်းကြားတဲ့အတွက် အသင်းက ရေတုံကင်၃ခုအတွက်ငွေ ၄သိန်းလှူဒါန်းလိုက်ပါတယ်။ တကယ်တော့ နာရေးကူညီမှုအသင်းက အ၀ီစိတွင်း လှူဒါန်းလိုပေမဲ့ ရွာခံတွေက သူတို့ဟာအဲဒီနေရာက ဘယ်တော့ပြောင်းရမလဲလို့ အမြဲစိုးရိမ်နေရတဲ့ အခြေအနေမို့ ရေတုံကင်ဘဲလိုချင်ပါတယ်ဆိုလို့ ဒါဘဲလှူလိုက်ရတာပါ။

အိုဘားမားအစိုးရကခရီးသွားလာခွင့်နှင့် ဘဏ္ဍာရေးဆိုင်ရာ ပြစ်ဒဏ်ခတ်မှုများကို ရုတ်သိမ်း

U.S. Department of State


RFA Burmese
မြန်မာအပေါ် ပိတ်ဆို့မှုတချို့ရုပ်သိမ်းရေး အမေရိကန် စတင်ပြင်ဆင်

ကြားဖြတ်ရွေးကောက်ပွဲအပါအ၀င် သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှု တချို့ သမ္မတဦးသိန်းစိန် အစိုးရ ဘက်က ဆောင်ရွက်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ မြန်မာအပေါ်ချမှတ်ထားတဲ့ စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုတွေကို တဖြည်းဖြည်း လျှော့ချသွားဖို့ အမေရိကန်ပြည်ထောင်စုက စတင် ပြင်ဆင် နေကြောင်း
နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဧပြီလ ၄ ရက်နေ့က အထူးကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ ပါတယ်။

ဘဏ္ဍာရေးဝန်ဆောင်မှု နဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကန့်အသတ်တွေ
လျှော့ပေါ့ပေးဖို့အပါအ၀င် သံတမန်ဆက်ဆံရေးနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ အပေါ် အကူအညီ အထောက်အပံ့တွေ
ပေးသွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ကပြောပါတယ်။

မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေအတွက် အမေရိကန်ပြည်ထောင်စုက စီးပွားရေးတိုးတက်ရေး အကူအညီ ပေးဖို့ စတင်ပြင်ဆင်နေတဲ့ထဲမှာ အကြွေးကဒ် စနစ် ထွန်းကားရေးလည်း ပါဝင်ဖွယ်ရှိတယ်လို့ အမေရိကန် အစိုးရအရာရှိ အသိုင်းအ၀ိုင်း က ပြောပါတယ်။

စီးပွားရေးပိတ်ဆို့မှုကြောင့် မြန်မာနိုင်ငံမှာ Master/ Visa/ American Express စတဲ့ အကြွေးကဒ်တွေ သုံးစွဲနိုင်တဲ့ စနစ်ကင်းမဲ့နေတာကြောင့်မြန်မာပြည်ကို အလည်အပတ်လာရောက်တဲ့ ခရီးသွားတွေအတွက် အခက်တွေ့ကြရပြီး ငွေစက္ကူတွေ အများအပြား သယ်ဆောင်နေကြရ ပါတယ်။

.............................

မြန်မာအစိုးရအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှု တချို့ကို အီးယူ ဥရောပသမဂ္ဂက ပြန်လည်ရုတ်သိမ်း မှာ ဖြစ်ပေမဲ့ ကျန်ရှိနေသေးတဲ့နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ရေးအတွက် ဆက်လက် ဖိအား ပေးသွားမှဖြစ်တယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး William Hague က ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲဟာ မြန်မာပြည်အပြောင်းအလဲအတွက် အင်မန်အရေးကြီးတဲ့ အခိုက်အတန့် တစ်ရပ်ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်၊ ဒါပေမဲ့ အဲဒီရွေးကောက်ပွဲတွေ ဘယ်လောက်ထိ လွတ်လပ်ပြီး တရား မျှတသလဲဆိုတာ ဆုံးဖြတ်ဖို့ စောပါသေးတယ်၊

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေရဲ့အစီရင်ခံချက်တွေနဲ့ တခြားအဖွဲ့အစည်းတွေရဲ့အမြင်တွေကို သိရဖို့ မိမိ စောင့်စားနေပါတယ်လို့ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး က ဆိုပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲလွတ်လပ်မျှတမယ်၊ကျန်နေသေးတဲ့နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်မယ်ဆိုရင် မြန်မာအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့မှု အများအပြားကို ရုတ်သိမ်းမယ်လို့ အီးယူ နိုင်ငံခြားရေးဝန်ကြီးတွေက ပြောဆိုထားပြီးဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အခု မိမိတို့ အခုလက်ငင်း ဘာတွေလုပ်စရာရှိသလဲ ဆိုတာ
ဆွေးနွေးတိုင်ပင်ကြရမှာပါ လို့လည်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ကပြောဆိုပါတယ်။

မြန်မာ နဲ့ ပိတ်ဆို့မှုတချို့ ရုပ်သိမ်းရေးကိစ္စ အတွက် အီးယူနိုင်ငံခြားရေးဝန်ကြီးတွေ လာမယ့် ဧပြီလ (၂၃) ရက်နေ့မှာ
တွေ့ဆုံဆွေးနွေးကြမှာဖြစ်ကြောင်း အီးယူအလုပ်အမှုဆောင် ကော်မရှင် က ပြောပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ခေါင်းဆောင်တွေ နေပြည်တော်မှာ ဆွေးနွေး သုံးသပ်ချက်

ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ခေါင်းဆောင်တွေ နေပြည်တော်မှာ ဆွေးနွေး သုံးသပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ မှာ ရှုံးနိမ့်ခဲ့ရတာဟာပါတီရဲ့မူဝါဒလမ်းစဉ်အားနည်းမှုလား၊ပြီးတော့လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့ပင်ကိုယ် အရည်အချင်းအပါအဝင် လူထု အကျိုးပြု လုပ်ငန်းတွေကို ထိရောက်အောင် မလုပ်နိုင်ခဲ့ တာလား၊ ပါတီ မဲဆွယ်စည်းရုံးမှုတွေ အားနည်းချက်ရှိလို့လား၊ နောက်တချက်ကပါတီမသိနိုင်၊လက်လှမ်းမမှီလိုက်နိုင်တဲ့ အကြောင်းအချက်တွေကြောင့်လား စတဲ့ ခေါင်းစဉ်တွေ အောက်မှာ ပြန်လည် သုံးသပ် နေပါတယ်။
bbc

မူဝါဒလမ်းစဉ်အားနည်းမှု

မျိုးရိုးမမှန်ပင်မသန်တဲ့၊၂၀၁၀မှာမြေသြဇာကြိုတင်မဲနဲ့ နိုင်တာကိုဘ၀င်လေဟပ်ဆဲပါ။
သမ္မတကြီးကပြည်သူကိုပြောသလိုနဲ့ အတွင်းရေးကိုဖွင့်ချခဲ့ပါတယ်။အပျော့အမာမရှိပါဖူး၊
တယောက်ချင်းစီလုပ်ချင်ရာစွတ်လုပ်နေကြတာပါတဲ့၊မူဝါဒကတော့မဆလလမ်းစဉ်လိုက်ဆဲ
ပါ။အသစ်အသစ်တွေစကားလုံးကအစမတီထွင်နိုင်သေးပါဖူး။ဖြုတ်ထုတ်သတ်တွေမှာလည်းကြိတ်
ုလုပ်ဆဲပါ။ကျမ်းမာရေးကြောင့်နားတယ်၊ပြည်သူကိုဒီလိုပဲပေါ်တင်ညာဆဲပါ။အမှန်အတိုင်းမပြောရဲပါဖူး။
ကိုယ့်လာမထိရင်ပြီးရောလုပ်ချင်တာလုပ်။အပုပ်နံ့ ကလှိုင်အပေါ်(ဦးသန်းရွှေ)ထိရောက်တော့မှဖေါ်
ကောင်ဘညွန့်လုပ်ပြီးနေရာကျန်အောင်လုပ်။ပြည်သူကိုနဲနဲပေးသူတို့ များများယူတဲ့မူဝါဒလမ်းစဉ်၊
အောက်ပိုင်းကသူတွေ(နယ်ထိန်း၊ရပ်ကွက်မှုး၊လူမိုက်ကြံ့ ဖွတ်တွေကပြည်သူတွေဒါးပြပြီးထိမ်းထားတာကို
အာဏာခိုင်မြဲတယ်လို့ သွေးနထင်ရောက်တဲ့မူဝါဒပါ။အဲ့ဒီအတိုင်းလမ်းဆက်ရှောက်မှန်မှန်ကန်ကန်ဝါဒပြိုင်ရရင်
ဒီတသက်သင်တို့ နလန်မထူဖူးလို့ သုံးသပ်လိုက်ပါ။

လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့ပင်ကိုယ် အရည်အချင်းအပါအဝင် လူထု အကျိုးပြု လုပ်ငန်းတွေကို ထိရောက်အောင် မလုပ်နိုင်ခဲ့ တာလား၊

ပါတီကိုမကြိုက်တော့ရင်လွှတ်တော်ကိုယ်စားလှယ်လောင်းမှာဦးမာဃ(သိကြားမင်း)ပြိုင်ခိုင်းလည်းရှုံးမှာပဲ။
ကြံ့ ခိုင်ရေးစိတ်နာတာတခုရှိတယ်။ကျားဖြူနိုင်တဲ့နေရာမှာလည်းအန်အယ်ဒီကိုမနိုင်ဖူး၊
အန်အယ်ဒီဝင်ခွင့်မရတဲ့နေရာမှာတောင်အခြားပါတီကိုအသဲအသန်၊အန်အယ်ဒီဝင်ခွင့်ရခဲ့ရင်ဘဲဥတောင်မကွဲဖူး။
တစ်နေရာကိုရှက်ရှက်နဲ့ နိုင်ရသလိုဖြစ်နေတယ်။အဲ့တော့လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့ပင်ကိုယ် အရည်အချင်းဆိုတာထဲထဲဝင်ဝင်ကြီးသုံးသတ်စရာမလိုပါဖူး။အမေစုနဲ့ ပြိုင်တဲ့ဒေါက်တာစိုးမင်းလား၊
ကော့မှုးကနေအန်အယ်ဒီကိုယ်စားပြုပြိုင်ကြည့်ပါလား၊၀က်ဝက်ကွဲကိုနိုင်မှာ၊သူ့ ခမျာသေမဲ့နှစ်မှစစ်ထဲလိုက်ဆိုသလို
ဒေ၀ဒတ်သွားယုံမိတာကိုး။။


ပါတီ မဲဆွယ်စည်းရုံးမှုတွေ အားနည်းချက်ရှိလို့လား၊

မဲဆွယ်တာအားမနည်းပါဖူး၊ကြည်ညိုလေးစားလို့ ကိုယ့်ထမင်းကိုယ်စား၊ကိုယ့်ဆီကိုယ်ထည့်ပြီးလာအားပေးတဲ့သူတယောက်မှ
မရှိတာပါ။နေ့ တွက်ကြေး၊၀တ်စုံ၊ကားကြိုပို့ ၀န်မဆောင်ပဲလာတဲ့သူမရှိခဲ့ဖူး၊စားဝတ်နေရေးအဆင်မပြေသူတွေပဲ။လက်ခံပြီးလာ၊
နေပူထဲသတင်းစာခေါင်းပေါ်တင်အိပ်ငိုက်၊ပြီးရင်ပြန်ပို့ မယ်ကားပေါ်အလုအယက်ပြေးတက်။
အရင်န၀တလက်ထက်မှာအဲ့လိုလူထုအစည်းအဝေးကြီးတွေပိုက်ဆံသောက်သောက်လဲအကုန်ခံပြည်နိင်ငံအနှံ့ လုပ်ပြ။
ဦးသန်းရွှေကိုပြည်သူကထောက်ခံတယ်ပေါ့ဗျာ။အနစ်၂၀လုံးသူတိုဝါဒဖြန့်တာအောင်မြင်တယ်ပဲမှတ်ခဲ့ကြတာ၊ပြည်သူကပြန်ပြောရင်
အနီးကပ်စွမ်းအားရှင်လူမိုက်တွေထောင်းမှာစိုးလို့ (ရင်ဘတ်စုဗူးကြီး)ထဲမှာသိမ်းထားတာ။ပြောချင်တာကအာဖျံကွီးတွေလို့ ။
မဲဆွယ်စည်းရုံးပွဲမှာအဲလိုအကုန်ခံအင်အားပြတာကိုပြည်သူတွေချပြလိုက်ရင်မဲထည့်မယ်ပဲထင်တဲ့ကလေးကွက်ကိုသုံးခဲ့လို့ ။။။


ပါတီမသိနိုင်၊လက်လှမ်းမမှီလိုက်နိုင်တဲ့ အကြောင်းအချက်တွေကြောင့်လား

ခပ်ဝေးဝေးလှမ်းမြင်နိုင်တဲ့ပြည်သူရောနီးနီးပဲမြင်နိုင်တဲ့ပြည်သူရောအတူတူမြင်နိုင်တာကတော့တရားဥပဒေကမှန်ကန်မှုမရှိတာပဲ။
စစ်တပ်အရာရှိ၊ကြံဖွတ်အပြစ်လုပ်ရင်ဖျောက်၊ပြည်သူအပြစ်လုပ်ရင်ထောက်၊တရက်လဲမဟုတ်နှစ်၂၀လောက်ခံနေရတာဆိုတော့
တွက်ကြည့်ပေါ့။ဖုံးမရဖိမရဖြစ်တော့မယ်ဆိုလူစားထိုး...။ပြောရအုန်းမယ်။ဟောတလောကသင်္ကန်းကျွန်းဖက်လား။၁၉နှစ်အရွယ်
ဆေးကျောင်းသားလေးမနက်၁နာရီလောက်ပါဂျဲရိုးတစီးတိုက်ပြေးတော့အနားအခြားကား၂စီးကိုပါတိုက်ပြီးမောင်းပြေးနံပါတ်ပြုတ်ကျ
နေခဲ့တော့ရဲကအလွယ်လိုက်လို့ရတာပေါ့။ဆေးကျောင်းသားလေးကမနက်၂နာရီဆေးရုံမှာဆုံးတယ်။အလောင်းကိုဇာတိမုဒုံကိုသယ်၊
ကိစ္စတွေပြီးတော့အမှုပြန်လိုက်တော့အရင်သိထားတာနဲ့ တလွဲတွေဖြစ်နေရော။
အရင်သိထားတာကအစိုးရခေါင်းဆောင်ကြီးတဦးရဲ့ အတွင်းရေးမှုးရဲ့ သားမောင်းတာ။မူးပြီးရှောက်ဝင်တိုက်တာ။
အခုရဲစခန်းရောက်တော့ကားဝပ်ရှော့ကစက်ပြင်တဲ့ကောင်လေးဖြစ်နေတယ်၊ပိုင်ရှင်ကလောင်းလုံးဆောက်လုပ်ရေးဆိုလား၊ရှမ်းတွေပိုင်
ကားဖြစ်နေရော။နာမည်ပြောင်းထာတာ၃ရက်ပဲရှိသေးတယ်ဆိုပဲ။အတွင်းရေးမှုးရဲ့ သားကလဲဖြစ်ပြီး၂ရက်လောက်မှာနိုင်ငံခြားထွက်
သွားပြီတဲ့။မပြီးသေးဖူး။ကားဝပ်ရှော့ကစက်ပြင်တဲ့ကောင်လေးရဲ့ မိသားစုဝင်ပါဆိုပြီးအန်တီမမကြီးတယောက်(၄ခ....)နဲ့ မုဒုံအထိ
လာပြီးကြေအေးဖို့ ညှိတယ်တဲ့။စက်ပြင်တဲ့ကောင်လေးရဲ့ မိသားစုဝင်ကလိုင်းကားနဲ့လာတယ်ဆိုရင်တော့ယုံသင့်တာပေါ့နော။
မကြေအေးပေးပါဖူး။နိုင်အောင်လဲမပြိုင်နိုင်တော့မီဒီယာတခုကလိုက်ပေးမယ်လို့ ဆိုပါတယ်။
ရန်ကုန်မှာမှားလို့ အရေးယူတော့မယ်ဆိုရင်အဖေနာမည်နဲ့ အလုပ်အကိုင်အရင်မေးရမယ်လို့ ၀က်ထီးကန်မှာထဲကသင်လွှတ်လိုက်
သလိုပါပဲ။
အာဇာနည်ကုန်းကိစ္စပြီးလို့ အမေစုအကျယ်ချူပ်ကျချိန်အဖွဲ့ ချူပ်လူငယ်တချို့ လူကြီးတွေတားထားတဲ့ကြားကနေအပြင်မှာဆန္ဒသွားပြ
တော့ပါတီစည်းကမ်းမလိုက်နာလို့ ဆိုပြီးထုတ်ပယ်ခံရတယ်..အောက်ခြေမှာကြံ့ ဖွတ်စည်းကမ်းမလိုက်နာလို့ အထုတ်ခံတဲ့သူရှိ
လား။လူမရိုက်ရဲလို့ထုတ်တာမျိုးတော့ရှိမှာပေါ့။ပါတီနဲ့ တရားဥပဒေရောထွေးပစ်တာတွေ။ကြံဖွတ်ကထိုးလို့ ရဲသွားတိုင်တယ်။ကော်မရှင်နဲ့ပဲဆိုင်တယ်ဆိုပြီးပြန်လွှတ်လိုက်တယ်။ကိုယ်ထိလက်ရောက်မှုနဲ့ အရေးယူရမှာကြံ့ ဖွတ်ဖြစ်နေလို့ အရေးယူမခံရတာပါတီမသိနိုင်၊လက်လှမ်းမမှီလိုက်နိုင်တာမဟုတ်ပါဖူး။မသိချင်ယောင်ဆောင်နေတာပါ။

နောင်တချိန်အဲ့လိုလူတွေအဆင့်ဆင့်အပေါ်ကိုတက်သွားပြီးခေါင်းဆောင်တွေဖြစ်လာမှာအရေးဝန်လေးလို့ မဲမထည့်တာပါ။
အင်း..အခုရောက်နေတဲ့အပေါ်ကသူတွေလည်းအနူနူပါပဲဗျာ။ ။






ပြောင်းကြရွေ့ကြဖို့ပြင်နေကြပါပြီ ........

NDF ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်နှစ်ဥိးဖြစ်တဲ့ မြောက်ဥက္ကလာပက
ဒေါက်တာသန်းဝင်းနဲ့ လမ်းမတော်မြို့နယ်က ဦးခင်မောင်ဝင်းတို့က ပါတီ
ကနေ နုတ်ထွက်ကြောင်း စာလာတင်ကြပါပြီ။ ဒေါက်တာသန်းဝင်းကတော့
လွှတ်တော်ထဲမှာ ဒေါ်စုရဲ့ဥိးဆောင်မှုအောက်မှာ ပါဝင်လုပ်ဆောင်ချင်လို့
ပါတီကနေ နုတ်ထွက်ပါတယ်လို့ဆိုပါတယ်။ ဥိးခင်မောင်ဝင်းကတော့
လမ်းမတော်က မဲဆန္ဒရှင်တွေနဲ့တိုင်ပင်ပြိး ပါတီကနေနှုတ်ထွက်ပါတယ်လို့
ဆိုပါတယ်။ NLD ကို သွားမသွားတော့ မသိသေးပါ။

ကိုတိုးတိုး (NDF)