Thursday, April 5, 2012

မီးဘေးသင့်ရွာအတွက် ဒေါ်အောင်ဆန်းစုကြည် ငွေလှူ



2012-04-05
တစ်ရွာလုံးနီးပါး မီးလောင်သွားတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဝင်းကုန်းရွာသားတွေအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကျပ်ငွေ သိန်း ၁၀၀ လှူဒါန်းလိုက်ပါတယ်။


Photo courtesy of နာရေးကူညီမှုအသင်း (ရန်ကုန်)
၂၀၁၂ ခုနှစ် မတ်လ ၂၉ ရက်တွင် တစ်ရွာလုံးနီးပါး မီးလောင်ခံရသည့် စစ်ကိုင်းတိုင်း၊ ဝင်းကုန်းရွာကို တွေ့ရစဉ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ NLD အတွင်းရေးမှူးအဖွဲ့ဝင် ဦးအုန်းကြိုင်က RFA ကို အခုလိုပြောပါတယ်။
ဝင်းကုန်းရွာ မီးဘေးသင့် ပြည်သူတွေအတွက် အလှူငွေကို ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ ၂ ရက်နေ့မှာ ရန်ကုန်မြို့ကနေ မန္တလေးကို ပို့လိုက်ပြီး၊ အဲဒီအလှူငွေကို ဦးအုန်းကြိုင်နဲ့ ဦးဝင်းတင်တို့က ပုလဲမြို့နယ် NLD လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်နဲ့ စာရေးဆရာ မုံရွာအောင်ရှင်တို့ကို မန္တလေးမြို့မှာ လွှဲပြောင်း ပေးအပ်လိုက်တယ်လို့ ဆိုပါတယ်။
အရင်က အဲဒီရွာထဲမှာ ရေတွင်းတစ်တွင်း၊ ဘုန်းကြီးကျောင်းမှာ ရေတွင်းတစ်တွင်း စုစုပေါင်း အဝီစိတွင်း ၂ တွင်းပဲရှိပြီး၊ ရွာထဲကရေတွင်းက မီးလောင်ရာမှာ ပျက်စီးသွားပါတယ်။ ဒါကြောင့် ဘုန်းကြီးကျောင်းမှာရှိတဲ့ ရေတွင်းတစ်တွင်းကိုပဲ လူပေါင်း ၁ ထောင်ကျော်အတွက် အားကိုးနေရတာလို့ သိရပါတယ်။
ဒီအတွက် ရွာသားတွေ ရေအဆင်ပြေဖို့ အဝီစိတွင်းတစ်တွင်း တည်ဆောက်ပေးဖို့ ကြိုးစားနေပြီး ဒီအတွက် သိန်း ၅၀ လောက်လိုလိမ့်မယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။
 http://www.rfa.org/burmese/news/assk-donate-fire-victim-04052012122153.html


NLD ၏အောင်ပွဲနှင့် F.F.S.S ၏ ပေးဆပ်မှု

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဧပြီ ၅၊ ၂၀၁၂
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မဲစွယ်စည်းရုံးပွဲကို မတ်လ (၂၉) ရက်နေ့တွင် အနုပညာရှင်များသည် မဲပညာပေးစည်းရုံးရေးခရီးစဉ်နှင့် ဖျော်ဖြေရေးခရီးစဉ်တို့ကို စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ပုလဲမြို့တွင် လာရောက်ဖျော်ဖြေနေချိန်တွင် စစ်ကိုင်းတိုင်း၊ ၀င်းကုန်းရွာရှိ ပြည် သူပြည်သားအပေါင်းတို့သည် ရွာလုံးကျွတ်သွားရောက် အားပေးကြည့်ရှုနေစဉ် ၀င်းကုန်းရွာ တစ်ရွာလုံးနီးပါး နေ့လည် (၂း၁၅) နာရီတွင် မီးလောင်ကျွမ်းမှုဖြစ်ပွား ခဲ့သည်။ ရွာလုံးကျွတ်မီးလောင်ကျွမ်းရာတွင် အိမ်ခြေ (၁၅၀) မီးလောင်ကျွမ်းခဲ့ပြီး၊ လူဦးရေ (၁၀၀၀) ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်သွားခဲ့သည်။ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ၀င်းကုန်းရွာသည် အလောင်းတော်ကဿဖတောင်ခြေတွင် တည်ရှိပြီး လမ်းပန်း ဆက်သွယ်ရေးခက်ခဲသည့်အပြင် သောက်ရေသုံးရေအလွန်ရှားပါးသောဒေသဖြစ်သည်။ ပုလဲမြို့မှ မီးသတ်ကားများ လာရောက်ငြိမ်းသတ်ခဲ့ သော်လည်း မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်ဖို့အခက်အခဲများအများအပြားကြုံတွေ့ခဲ့ရပြီး တစ်ရွာလုံးနီးပါး လောင်ကျွမ်းခံခဲ့ရခြင်း ဖြစ်ပါသည်။






ထိုသတင်းကို နာရေးကူညီမှုအသင်း (ရန်ကုန်) သည် နာရေး၊ ကျန်းမာရေး ကူညီစောင့်ရှောက်မှု များအပြင် နွေရာသီ အင်္ဂလိပ်စာသင်တန်း အား ကလေးငယ် (၈၀၀) ကျော်ခန့်ကို သင်ကြားပေးနေရသော အချိန်ကာလလည်းဖြစ်နေသလို သတင်းမီဒီယာများမှလည်း ရွေးကောက်ပွဲ ကိစ္စရပ်များကိုသာ အသားပေးတင်ပြနေခြင်းကြောင့် မတ်လ (၃၁) ရက်နေ့မှ ရွာလုံးကျွတ်နီးပါး မီးလောင်မှုသတင်းအား နာရေးကူညီမှု အသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့ ကြားသိခဲ့ရသည်။
ထို့ကြောင့် ထိုသတင်းကို ကြားလျှင်ကြားခြင်း မတ်လ (၃၁) ရက်နေ့ညနေ ရွှေစင်စင်္ကြာံခရီးသွား မော်တော်ယာဉ်ဖြင့် နာရေးကူညီမှု အသင်း (ရန်ကုန်) အသင်းသား ဒေါ်ခင်ထားထားအောင် (ပျားလီ) နှင့် ဦးအောင်စိုးတို့နှစ်ဦးအား မီးဘေးကယ်ဆယ်ရေး ထောက်ပံ့အလှူငွေ သိန်း (၅၀၀၀၀၀၀ိ/-) ကျပ် (ကျပ်သိန်းငါးဆယ်တိတိ) ကို မီးဘေးဒုက္ခသည်များကို ကူညီထောက်ပံ့ရန်အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် အရေးပေါ်ဆုံးဖြတ်ချက် ချပေးခဲ့သည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသား ဒေါ်ခင်ထားထားအောင်(ပျားလီ) နှင့် ဦးအောင်စိုး တို့နှစ်ဦးတို့သည် ပထမဦးစွာ ယင်းမာပင်မြို့ပေါ်ရှိ NLD ရုံးသို့ ဧပြီလ (၁)ရက်နေ့ နံနက်(၈း၀၀) နာရီတွင်ရောက်ရှိခဲ့ကာ ယင်းမာပင် NLD မြို့ခံဖြစ်သူ ဒေါ်ကြည်ကြည်မာ၊ ကိုဇော်မြင့်၊ ကိုဟိန်းနေအောင်၊ ကိုကျော်လင်းအောင် ၊ ကိုထွန်းမြင့်ချိုတို့အကူအညီဖြင့် ယင်းမာပင်မြို့မှ မိုင်(၃၀)အကွာတောင်ခြေတွင်ရှိသော ၀င်းကုန်းရွာသို့ ဆိုင်ကယ်များဖြင့်သွားရောက်ခဲ့ရာ နေ့လည် (၁၁း၀၀) နာရီ အချိန်တွင် ၀င်းကုန်းရွာ သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိခဲ့သည်။ ထိုဝင်းကုန်းရွာရှိ သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းတွင် သီရိလင်္ကာနိုင်ငံရှိ ဗုဒ္ဓ မြတ်စွယ်တော်ပွားတစ်ဆူကို တည်ထားကိုးကွယ်ထားရှိသည်။ ၀င်းကုန်းရွာ တစ်ရွာလုံး မီးလောင်ကျွမ်းခဲ့သော်လည်း သီရိမင်္ဂလာဘုန်း တော်ကြီးကျောင်း တစ်ကျောင်းတည်းသာ မီးဘေးမသင့်ခဲ့ခြင်းသည် သီရိလင်္ကာဗုဒ္ဓမြတ်စွယ်တော်၏ တန်ခိုးတော်ကြောင့်လားတော့မသိ ချေ။ ယင်းသီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းတွင် မီးဘေးဒုက္ခသည် လူဦးရေ (၁၀၀၀) အား ကူညီစောင့်ရှောက်ကျွေးမွေးကာ ကယ် ဆယ်ရေးစခန်း ဖွင့်လှစ်ထားသည်။ ဆရာတော်ကြီးအားဦးတိုက်ကာ မီးဘေးသင့်မိသားစုဝင်များအား တစ်အိမ်ထောင်လျှင် အလှူငွေ (၃၀၀၀၀ိ/-) ကျပ်လှူဒါန်းခဲ့ကာ သီရိမင်္ဂလာဘုန်းတော်ကျောင်းတိုက် ဆရာတော်အား အလှူငွေ (၅၀၀၀၀၀ိ/-) ကျပ် လှူဒါန်းမှုကို ပြုလုပ်ခဲ့ ပါသည်။
ထို့ကြောင့် နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် နေ့ထူးနေ့မြတ်များ၊ အစိုးရရုံးပိတ်ရက်များနှင့် ယခုကဲ့သို့ မဲဆန္ဒပေးပွဲ နေ့ရက်များပါ မကျန် မြန်မာပြည်သူလူထုတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ရန်သူမျိုးငါးပါးဒဏ်ကိုခံစားရသော ဒုက္ခသည်များအား မိမိတို့နိုင် သလောက် လူစွမ်းအား၊ ငွေအင်အား တို့နှင့်တကွ ဗြဟ္မာစိုတရားလေးပါး ကိုလက်ကိုင်ပြုကာ အစဉ်ထာဝရ ပေးဆပ်နေဆဲပင်ဖြစ်တော့သည်။ အချုပ်ဆိုရသော် ဧပြီလ (၁) ရက်နေ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ အောင်ပွဲခံသည့်နေ့ဖြစ်သလို နာရေးကူညီမှုအသင်း (ရန်ကုန်) (F.F.S.S) ၏ ပေးဆပ်မှုနေ့တစ်ရက်ဆိုလျှင်လည်း မမှားချေ။
http://moemaka.com

စင်္ကာပူ ရဲစခန်းရောက်ပြီးကြပြီလား။

စင်္ကာပူမှာ ရဲစခန်းရောက်ဖူးလား။

... ဟုတ်ကဲ့ ရောက်ဖူးပါတယ်။

အဲဒီတုန်းက ကလန်မန်တီမှာ အိမ်ငှားပြီနေကြတုန်းကပေါ့။ တခန်းမှာ သုံးယောက်နေကြတာ။ အခန်းဖော် အဲဒီလောက်ဆိုးတာနဲ. ပထမဆုံးအကြိမ်ကြုံတာပါပဲ။ သူ.မိသားစုလာလိုက် သူ.သူငယ်ချင်းလာလိုက်နဲ.။ ဒီလောက်ကျပ်သိပ်နေတဲ့အခန်းကို။ ကွန်ပျူတာ တစ်လုံးတောင်လိမ်ယူသွားသေးတယ် ကိုယ့်ဆီက။ အဲဒါနဲ့သူ.သူငယ်ချင်းတယောက်က ရောက်လာပြန်ပါရော။ ရန်ကုန်က စင်္ကာပူကို ရှော့ပင်း ထွက်လာတာတဲ့။ တယောက်တည်းတဲ့။ အင်္ဂလိပ်စကားကို လည်လည်ဝယ်ဝယ်သိပ်မပြောတတ်ပါဘူး။ ကလေးမလေးကတော့ အေးအေးလေးပါ။

အဲဒါနဲ. သူရောက်ပြီး ၄ ၅ ၇က်လောက်နေတော့ ၁ည အိမ်ပြန်မလာဘူး။ အခန်းဖော်ကလည်း တခြားသူငယ်ချင်းတွေအိမ်ရောက်နေတယ် ထင်တယ်တဲ့။ ဖုန်းခေါ်လို.လည်းမရဘူးတဲ့။ အဲဒါနဲ. နှစ်ည မြောက်သွားပါတယ်။ နောက်တရက်မနက်နိုက်ဂျူတီကပြန်လာတော့ နှစ်ယောက်လုံးကို ငိုရက်သားသွားတွေ.ပါတယ်။ ကိုယ့်အခန်းဖော်က အမရယ် လုပ်ပါအုံး ရဲစခန်းကို သွားရမယ်တဲ့ သမီးကမလိုက်အားဘူး အလုပ်သွားရမှာမို.လို.ဆိုပြီးတော့ ဖုတ်ဖတ်ခါပြီးထသွားပါလေရော။ ဟိုကလေးမ ကလည်း အမရယ်ကူညီပါအုံးဆိုတော့ ငြင်းရမှာကို သေရမှာလောက်ကြောက်တဲ့ကိုယ်က အကုန်လုံးကို ခေါင်းဝင်ခံရတော့တာပေါ့။

ကဲအဲဒါနဲ. ဘာဖြစ်ခဲ့လို.လဲလို.မေးတော့ သူက မူစတာဖါမှာ ဈေးသွားဝယ်တာတဲ့။ မူစတာဖါက ပစ္စည်း တွေအရမ်းစုံတဲ့ Little India က ကုန်တိုက်ကြီးပါ။ အိန္ဒိယကလာတဲ့ ပစ္စည်းတွေအကုန်အစုံရှိတယ်။ မြန်မာတွေက အားအားရှိ မူစတာဖါပဲသွားသွားဝယ်ကြတာ။ သူက လူဝင်လူထွက်အရမ်းများတယ်။ ကုလားပြည်ကို ရောက်သွားတဲ့အတိုင်းပဲ။ security လည်းအရမ်းကျပ်တယ်။ အဲမှာဈေးသွားဝယ်တော့ တခေါက်ဝယ်ပြီးတော့ ပလတ်စတစ်အိတ်နဲ. ပြန်ထွက်လာပြီတဲ့။ နောက်ထပ်လိုချင်တဲ့ ပစ္စည်းနည်းနည်းပါးပါးရှိသေးလို. နောက်တခေါက်ဝင်သွားတယ်တဲ့။ ပြီးတော့ နှုတ်ခမ်းနီ ဝယ်ထားတာ ကို အေ၇ာင်မစုံလို. ထပ်ပြီးရွေးတယ်တဲ့။ သူမှားတာက ဝယ်ပြီးသား အထုပ်ကို ပိတ်ပြီးပေးလိုက်တာကို သွားဖွင့်တာပဲ။ နှုတ်ခမ်းနီ အရောင်တိုက်မလို.တဲ့။ ပြီးတော့ နှုတ်ခမ်းနီ ၆တောင့် ၇ တောင့်လောက် အသစ်ထပ်ယူပြီးတော့ ဘယ်ဟာက ဝယ်ပြီးသား ဘယ်ဟာက အသစ်မှန်းမသိတော့ပဲနဲ. အဲဒီအိတ်ထဲမှာပဲရောထပ်မိလိုက်တာတဲ့။ မေ့သွားလို.တဲ့။ သူ.မှာ တခြားပစ္စည်းတွေလဲ ထပ်ဝယ်တော့ ပြန်ထွက်တဲ့အခါကျတော့ မေ့ပြီး တခြားဟာတွေကို၇ှင်းပြီး နှုတ်ခမ်းနီကို ထုတ်ပေးဖို.မေ့သွားတယ်တဲ့။

အဲဒီမှာတင် ထွက်တော့ alarm ကမြည်တော့တာပေါ့။ မြည်တာနဲ. ဘာမှရှင်းပြချိန်တောင် မရပါဘူးတဲ့။ ကုလားကြီးနှစ်ယောက်က တဖက်တယောက်ဆွဲခေါ်ပြီး basement ကိုခေါ်သွားပါတယ်တဲ့။ ပြီးတော့ အားလုံးကိုရှာ။ တွေ.တာပေါ့ နှူတ်ခမ်းနီတွေ။ ဟိုကလေးမကလဲ ရှော့ရပြီးတော့ မရှင်းပြတတ်နဲ့။ တတ်သလောက်မှတ်သလောက်ရှင်းပြပြီး ပိုက်ဆံပေးပါမယ်ဆိုတော့လည်း လက်မခံနဲ.။ နောက်ဆုံးတော့ ရဲကားခေါ်ပြီးတော့ Outram Park ကအချုပ်ခန်းထဲပို.လိုက်ပါတယ်တဲ့။ လက်ထိပ်ခတ်ပြီးခေါ်သွားတာနော်။ အရေးထဲဖုန်းကလဲ ဘက်ထရီကုန်သွားတော့ ဘယ်သူ.မှလည်းခေါ်လို.မရဘူးတဲ့။ ဟိုရောက်တော့ ပါလာတဲ့ ပစ္စည်း တွေ ဟန်းဖုန်းပိုက်ဆံအိတ် အကုန်သိမ်းပြီး အချုပ်ခန်းထဲ ထည့်လိုက်တယ်တဲ့။ မူစတာဖာက ပစ္စည်းခိုးလို.ဆိုပြီး စွပ်စွဲခံရပြီးရောက်လာတဲ့ လူတွေကိုက မနည်းဘူးတဲ့။

ဟိုကလေးမက ငိုယိုပဲနေရတာပေါ့။ ဘယ်သူ.ကိုမှ ဘာမှမေးလို.မရပါဘူးတဲ့။ ဒီအတိုင်းပဲ ပစ်ထားတာပေါ့ တညလုံး။ သူကလည်း အင်းကျီလက်ပြတ်နဲ. စကတ်အတိုလေးပဲ ဝတ်ထားတာဆိုတော့ အဲယားကွန်းတွေ ပေါပေါလောလောလွှတ်ထားတဲ့ အခန်းထဲမှာ အသကုန် ချမ်းတာတဲ့။ အဲယားကွန်းလျှော့ပေးပါအုံးဆိုတော့ အပြောအဆိုခံရတယ်တဲ့။ အဲဒါနဲ.ပဲ ငိုလိုက် ခဏမှေးလိုက် ပြန်ငိုလိုက်နဲ. မိုးလင်းတော့ သူ.ကို စစ်တယ်တဲ့။ လုပ်တယ် မဟုတ်လား ပဲမေးတာနဲ.။ လုပ်လား မလုပ်လားစစ်တာမဟုတ်ဘူးတဲ့။ သူက မဟုတ်ဘူးလို.ရှင်းပေမဲ့ စကားက သိပ်မပြောတတ်တော့ စကားပြန်ဗမာအန်တီကြီးတယောက် ခေါ်ပေးတယ်တဲ့။ ကိုယ့်ဗမာဆိုပြီး အားကိုးလိုက်တာ အဲဒီအန်တီကြီးက သမီး ဝန်ခံလိုက် ဝန်ခံလိုက် ဘာမှလုပ်လို.မရဘူး ဝန်ခံလိုက်တာ အကောင်းဆုံးလို. ပြောတယ်တဲ့။ အဲဒါနဲ.ပဲ ဝန်ခံပြီး လက်မှတ်ထိုးပေးလိုက်ရတယ်တဲ့။ ခု ရဲစခန်းက သူ.ကို တရားစွဲထားတယ်တဲ့။ ပတ်စ်ပို. ကိုလည်း သိမ်းထားလိုက်တယ်တဲ့။ ပိုက်ဆံလျော်ရမှာမို.လို. ပိုက်ဆံအယူလွှတ်တာတဲ့။ နောက်နေ.မှာ တရားရုံးတက်ရမယ်လို. ပြောပါတယ်။

ကိုယ်ကနားထောင်ပြီး စိတ်တွေလေသွားတယ်။ သူ.ဗီဇာက တရားရုံးတက်ရမဲ့နေ.မှာကုန်မှာပါ။ အဲဒီနေ.ကို ပြန်ဖို.လုပ်ထားတာ။ ရဲစခန်းက သက်တမ်း ၂ရက်ထပ်တိုးပေးမယ်လို.ပြောတယ်တဲ့။ အဲဒါခု ဘာလိုက်လုပ်ပေးရမလဲဆိုတော့ ရှေ.နေနဲ. တိုင်ပင်ကြည့်ရင်ကောင်းမလားလို.တဲ့။ အဲဒါနဲ.စုံစမ်းပြီးတော့ စီးတီးဟော ၁၀ ထပ်မှာရှိတဲ့ မြန်မာ ရှေ.နေ ရုံးခန်းကို ရောက်သွားကြပါတယ်။ ကိုယ်တို.ကတော့ မြန်မာဆိုလို. အားကိုးပြီး သွားတာ ရောက်တော့ သူနဲ.မတွေ.ပါဘူး။ သူ. လက်အောက်က ရှေ.နေ တယောက်နဲ.တွေ.ပါတယ်။ ဒီလိုဒီလိုပဲ ဖြစ်တယ်လို.ပြောပြတော့ သူပြောပုံက ကဲကဲ တဲ့ လုပ်တုံးက လုပ်ပြီးတော့ ခံရတော့မှ ဟိုပြောဒီပြောတွေမပြောနဲ. ဘာလုပ်ပေးရမလဲပဲပြောတဲ့။ အဲဒါနဲ. သောက်မြင်ကတ်ပြီး ဘာမှမလုပ်ပဲ ပြန်လာခဲ့ကြတယ်။ ရှေ.နေနဲ.လုပ်နေရင် ကြာအုံးမယ်။ ရုံးတက်ကမ်းတက်ဖြစ်အုံးမယ်လို.။ ခုတော့ သူက ဝန်ခံလိုက်ပြီဆိုတော့ ဘာမှဆက်လုပ်လိုမရတော့ဘူး။ လက်မှတ်က ထိုးပြီးသွားပြီလို.။ ညီမလေး ဝန်ခံ ပိုက်ဆံလျော်ပြီးတော့ ပြန်လို.။ သူက ပတ်စ်ပို.ကို အပျောက်ခံပြီး နာမည်အသစ်ပြန်လုပ်လိုက်ရင်ရလောက်တယ်တဲ့။ အင်းအင်း အဲဒါကောင်းတယ်တယ်ဆိုပြီးတော့ နှစ်ယောက်လုံး စိတ်တွေချမ်းသာသွားပါတယ်။

ပြီးတော့ သူက မနက်ဖြန်တရားရုံးကို အိမ်ကသွားလို.မရဘူးတဲ့။ အချုပ်ခန်းကသွားရမှာတဲ့။ သူရဲစခန်းကို ပြန်သွားရမှာတဲ့။ ဆိုတော့ ကိုယ့်မှာ သူ.ကို ရဲစခန်းကို လိုက်ပို.ပေးရတယ်။ ရဲစခန်းက ရဲချောချောလေးတယောက်က ကိုယ်တို.နှစ်ယောက်ကိုလာလာဆိုပြီး အပြင်ထွက်ခိုင်းပြီး ရဲကားကို ခေါ်သွားတယ်။ ကိုယ်တို.က ဘုမသိ ဘမသိလိုက်သွားကြတော့ ရဲကားပေါ်တက်ခိုင်းပါလေရော။ ကိုယ်ကမေးကြည့်တော့ Immigration ရုံးကိုသွားပြီးတော့ သက်တန်း၂ရက်တိုးခိုင်းမလို.တဲ့။ အဲဒါနဲ.မျက်နှာပူပူနဲ.ပဲ ရဲကားကြီးနဲ. ICA ရုံးကို ရောက်သွားပါတယ်။ ရှက်လိုက်တာမပြောပါနဲ.တော့။ သူများတွေ.မှာစိုးလို. ခေါင်းလည်းမဖေါ်ရဲဘူး။ သက်တန်းတိုးပြီးပြန်လာတော့ ကိုယ်က အိမ်ပြန်ပြီး သူချမ်းမှာစိုးလို. အနွေးထည်ပြေးယူတယ်။ ပြီးတော့ အချုပ်ခန်းအထိ သွားပေးရတယ်။ သူက ရဲစခန်းမှာ တညအိပ်ပြီးတော့ နောက်နေ. ပိုက်ဆံ ၁၀၀၀လားမသိဘူး လျော်ရတယ်။ နောက်နေ.ပြန်သွားပါတယ်။ ဒီမှာ Finance နဲ.ကျောင်းတက်မလို. စီစဉ်ထားတာ စင်္ကာပူကိုစိတ်နာလို. တသက်လုံးပြန်မလာတော့ပါဘူးတဲ့။ လာရင်လည်း Student Card Reject ထိမှာပဲ။ Finance လုပ်မဲ့လူက ပစ္စည်းခိုးပါတယ် ဆိုတယ် Criminal Record ကြီးရှိနေတာကို။ ဘယ်လို အလုပ်ရပါတော့မလဲ။

အဲဒီကတည်းက ကိုယ် မူစတာဖါကို ဘယ်တော့မှ မသွားတော့ဘူး။ ဈေးဝယ်ရင်လည်း အရမ်းသတိထားတယ်။ ကိုယ်နမော်နမဲ့နဲ. ပေါ့ဆလိုက်ရင် နောက်ဆက်တွဲဖြစ်နိုင်တဲ့ ပြသနာတွေက အများကြီး။ မူစတာဖါက အဲလိုအမြဲတမ်းဖြစ်ရင် ရဲစခန်းပို.တယ်ဆိုပြီးနာမည်ကြီးတယ်။ သွားရင် သတိထားသွားကြပေါ့။ ကိုယ့်အတွက်ကတော့ မှတ်မှတ်ရရ အတွေ.အကြုံပါပဲ။

ခိုင်ဝေဇံ

(facebookပေါ်မှာတွေ့ လို့ ရှယ်ပါတယ်)

ပြည်သူတွေရဲ့ အခက်အခဲတွေကို လွှတ်တော်ကို တင်ပြပေးမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အနိုင်ရ) ကိုယ်စားလှယ် များ

ပြည်သူတွေရဲ့ အခက်အခဲတွေကို လွှတ်တော်ကို တင်ပြပေးမယ့် ဦးသိန်းဆွေ


ပြည်သူတွေရဲ့လိုအပ်ချက်ကို အဓိကထား လုပ်ဆောင်သွားမယ်လို့ အနိုင်ရ ဒီချုပ် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းပြော


" ပြည်သူတွေ ရဲ့ ဘဝ လွတ်လပ်မှုတွေ ရရှိအောင် ကြိုးပမ်းသွားမယ် " (ဦးအုန်းကြိုင်)


Yangon Press International
ဧပြီ ၇ ရက်နေ့ NLD ရွေးကောက်ခံကိုယ်စားလှယ် အားလုံး ရုံးချုပ်တွင် တွေ့ဆုံမည်။

ဧပြီ ၅ ရက်၊ ၂၀၁၂ ခုနှစ်-(YPI)

ယခုလဆန်း ၁ ရက်နေ့က ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးကောက်ခံရသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် ၄၃ ဦးနှင့် အဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီဝင် ၂၃ ဦးတို့ လာမည့် ဧပြီလ ၇ ရက်နေ့ ရန်ကုန်မြို့ ရွှေဂုံတိုင်ရုံးချုပ်တွင် တွေ့ဆုံကြမည်ဖြစ်သည်။

ရွေးကောက်ခံ ကိုယ်စားလှယ်၊ အောင်နိုင်ရေး ကော်မတီဝင်များနှင့် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အခြား အဖွဲ့ချုပ် ခေါင်းဆောင် များစုစုပေါင်း ၇၀ ကျော်ပါဝင်မည်ဟု အဖွဲ့ချုပ် ပြန်ကြားရေး အဖွဲ့ဝင်တဦးက ပြောသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် နေရာ ၄၃ အနိုင်ရပြီးနောက် ပထမဆုံးအကြိမ် တွေ့ဆုံကြမည် ဖြစ်သည်။

ကလေးစစ်သား မြန်မာပြည်မှာမရှိပါတဲ့။




မအူပင်ခရိုင်တရားရုံးမှာ ထောင်ဒါဏ် ၆၅ နှစ်ကျခံခဲ့ရတဲ့အမှတ်တရ

DVB TV News
၀၅ ဧပြီ ၂၀၁၂။ မအူပင်မြို့ ကျောင်းသားသမဂ္ဂဖွဲ့စည်းတဲ့အပေါ် သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ကျောင်းအုပ်ချုပ်သူတွေက အနှောက်အယှက်မပေးဘဲ အသိအမှတ်ပြု ခွင့်ပြုပေးပါလို့ ၈၈ မျိုးဆက်ကျောင်းသားတွေကပြောဆိုလိုက်ပါတယ်။ အလားတူ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းတွေမှာ ငါးရှိရင်ရေရှိရမယ် ဆိုတဲ့အတိုင်း ကျောင်းသားရှိရင် ကျောင်းသားသမဂ္ဂတွေလည်းရှိရမှာဖြစ်တယ်လို့ဆိုပါတယ်။ ဒီကနေ့ ၅ ရက်နေ့မှာ မအူပင်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်လူငယ်တွေအပါအ၀င် မအူပင်မြို့ခံတွေနဲ့တွေ့ဆုံရာမှာ အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားတွေဟာ ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းမိတ်ဆက်အဖြစ် မအူပင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်လူငယ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ရောက်နေတာဖြစ်ပါတယ်။ ကျောင်းသားသမဂ္ဂဟာ ကျောင်သားတွေရဲ့လွှတ်တော်ဖြစ်ပြီး ဒါဟာ အနာဂတ်မြန်မာနိုင်ငံတော်အတွက် ကျောင်းသားတွေကို လွှတ်တော်ကျင့်သားရရှိစေမှာဖြစ်တယ်လို့ ဆိုပါတယ်။ မြို့ခံတွေအနေနဲ့လည်း ကျောင်းသားသမဂ္ဂကို ၀ိုင်းပြီးဝန်းရံကြဖို့လည်း ၈၈ မျိုးဆက်ကျောင်းသားတွေက တောင်းဆိုလိုက်ပါတယ်။ အခုလိုတွေ့ဆုံပွဲကို မအူပင်ကျောင်းသားသမဂ္ဂလူငယ်တွေက ဦးစီးစီစဉ်ကျင်းပခဲ့တာဖြစ်ပါတယ်။ ဟင်္သာတမြို့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေလည်း လာရောက်ပူးပေါင်းခဲ့ကြပါတယ်။ ကိုမင်းကိုနိုင် ၊ ကိုကိုကြီးနဲ့ ကိုမျိုးအောင်နိုင်တို့ဟာ မအူပင်မြို့ကိုရောက်ခိုက် မအူပင်ခရိုင်တရားရုံးမှာ ထောင်ဒါဏ် ၆၅ နှစ်ကျခံခဲ့ရတဲ့ အဖြစ်ကိုအမှတ်တရအနေနဲ့ မအူပင်ထောင်ရှေမှာ ဓါတ်ပုံအရိုက်ခံခဲ့ကြပါတယ်။ (Photo: ASH)



ကျွန်းစုမြို့နယ် ကြံ့ခိုင်ရေး ၀န်ကြီး၏ မကောင်းစိတ်များ ပြင်စေချင်





Somsak Ranong

ကျွန်းစုမြို့နယ် ကြံ့ခိုင်ရေး ၀န်ကြီး၏ မကောင်းစိတ်များ ပြင်စေချင်၂၀၁၀ ရွေးကောက်ပွဲတုန်းက ပြိုင်ဖက်မရှိဘဲ အမတ်ဖြစ်သွားတဲ့ကြံ့ခိုင်ရေး တိုင်းသစ်တောဝန်ကြီး ဦးသိန်းလွင်မှ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအတွက်
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်သို့ ကိုယ်တိုင်စည်းရုံးရေးဆင်းပြီး နယ်မှပြည်သူတွေကို ကြံ့ခိုင်ရေးကိုမဲမထည့်ရင်
မီးသွေးလှေများအား ဖမ်းမည်ဟု နယ်ခံလူမိုက်များနှင့်ပေါင်းပြီးခြိမ်းခြောက်မဲဆွယ်ခဲ့ပါတယ်။

ဧပြီ(၁)ကြားဖြတ်ရွေးကောက်ပွဲအပြီး NLD မှ ပြည်သူအများထောက်ခံမှုဖြင့်ပြတ်ပြတ်သားသားအနိုင်ရသွားတော့
(၃/၄/၂၀၁၂) ညက သစ်တောဦးစီးဌာနကို အရေးပေါ်အစည်းအဝေးခေါ်ပြီးကျွန်းစုဘက်က တက်လာသမျှ မီးသွေးလှေများ ဖမ်းဖို့ အမိန့်ပေးခဲ့တယ်လို့သစ်တောဝန်ထမ်းတွေဆီက သိရပါတယ်။

မြို့နယ်၏ ထမင်းဟင်းချက်ပြုတ်ရန် အဓိကလောင်စာမှာ မီးသွေးဖြစ်သည့်အတွက်တစ်မြို့နယ်လုံးအခက်အခဲကြုံနေကြရသည့်အပြင်
တနိုင်တပိုင်လုပ်ငန်းငယ်များလည်း ထိခိုက်ကုန်ပါသည်။ဝန်ကြီးဦးသိန်းလွင်ကတော့ သစ်တရားမ၀င်လုပ်တဲ့ လူတစုနဲ့ပေါင်းပြီး
မြိတ်နှင့် နယ်တွေမှာ ထင်ရာစိုင်းလုပ်နေတာကို တိုင်းဝန်ကြီးချုပ်ဦးမြတ်ကို ဒါတွေမသိတာလား ...
မသိဟန်ဆောင်နေတာလား .... သိသော်လည်း ကိုယ့်လူကိုယ်မထိန်းနိုင်တာလား ...
ဒီမိုကရေစီအတုအယောင်ဝန်ကြီးချုပ်မဟုတ်ဘူးဆိုရင်တော့ကိုယ့်လူကိုယ်ပြန်ထိန်းသင့်ပါတယ်။
အရင်ဝန်ကြီးချုပ်ဦးခင်ဇော် လက်ထက်က ဘာဆိုဘာမှလုပ်ပိုင်ခွင့်မရကြလို့
အခုမှ လက်စွမ်းပြနေတာလား...။
တိုင်းသစ်တောဝန်ကြီးဦးသိန်းလွင် လို့ ခေါ်ထိုက်အောင်တော့ စိတ်ဓါတ်လေးတွေပြင်စေချင်တယ်။

ဝန်ကြီးများကို အဆင့်မီစေချင်သူ ပြည်သူတစ်ဦး

ကျောက်ချောကျေးရွာသားများနှင့် ရွှေလီရတနာ ကားပေါ်ပါ တရုတ်အဖွဲ့ အဓိကရုဏ်းဖြစ်ပွားခဲ့..

မန္တလေး- ပြင်ဦးလွင်သွားကားလမ်းပေါ်ရှိ 16မိုင်ဂိတ်တွင် ယနေ့ညနေ 7နာရီခန့် အချိန်တွင် ရွှေလီ၇တနာ အဲကွန်းဘတ်စ် ကားပေါ်ပါ ပိုင်ရှင်တရုတ်နှင့် အပေါင်းပါများမှ ယင်းဂိတ်အနီးရှိ ကျောက်ချော ကျေးရွာနေ ရွာသားနှစ်ဦး အကြောင်းမဲ့ ထိုးနှက်တိုက်ခိုက်ရာ ရွာသားနှစ်ဦး ညတွင်းချင်း မန္တလေး ပြည်သူ့ဆေးရုံသို့ တင်ပို့လိုက်ရသည်။

16မိုင်ဂိတ်တွင် ကျောက်ချောကျေးရွာနေ ရွာသားနှစ်ဦးမောင်းနှင်လာသော ကုန်တင်ကားနှင့် ရွှေလီရတနာ ခရီးသွား အဲကွန်းဘစ်ကားတို့ ကတ္တားဂိတ်တွင် နေရာလု တန်းစီရာမှ အချင်းချင်း မကျေမနပ် ဖြစ်ပြီး ကုန်တင်ကားပေါ်တွင် ပါလာသော ကားဒရိုင်ဘာနှင့် စပါယ်ယာကို ရွှေလီရတနာ ကားပေါ်ပါ ပိုင်ရှင်တရုတ်နှင့် အပေါင်းပါ 6ဦးက ကားပေါ်မှဆင်းကာ သံတုတ်နှင့်ရိုက်ခြင်း ရင်ဘတ်များ မျက်နှာများကို လက်သီး ခြေထောက်များနှင့် ကန်ကြောက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ထို့ကြောင့် ကျောက်ချောရွာသား နှစ်ရာကျော် ရွှေလီရတနာကားကို ၀ိုင်းကာ အဆိုပါတရုတ်နှင့် အပေါင်းပါကို ၀ိုင်းထားသည်။ ထိုချိန် ရဲများရောက်လာပြီး တရုတ်များဘက်မှ ကာကွယ်ကာ ထိန်းသိမ်းမှုကြောင့် ရွာသားများ မကျေမနပ်နှင့် ပိုမိုဆူပူလှုပ်ရှားလျှက် ရှိနေကြပြီး အဓိကရုဏ်းဖြစ်ပွားလျှက်ရှိသည်။
( Credit to Mann Thar Lay )