Saturday, April 7, 2012

ရွေးကောက်ပွဲ မူကြမ်းအစီရင်ခံစာ












သံချပ်ပွဲကျင်းပခွင့်မရတာကြောင့် အနုပညာရှင်များ ၀မ်းနည်းနေကြ



မြန်မာတိုင်း(မ်)သတင်းဂျာနယ်
မိဘမဲ့ ကလေးများအတွက် မတ်လ ၃၀ ရက်နေ့၊ ပြည်သူ့ရင်ပြင်မှာ ဒါရိုက်တာ မောင်သီစီစဉ်ပြီး မေတ္တာ၊ ကုသိုလ်၊ ဗေလုဝနဲ့ အရိုင်းတို့ ပါဝင်မယ့် ရန်ပုံငွေ သင်္ကြန်သံချပ်ပွဲကျင်းပမယ်လို့ ကြိုတင် ကြေညာခဲ့ပြီး လက်မှတ်တွေကိုလည်း ရောင်းချခဲ့ပေမယ့် နောက်ဆုံးမှာ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပွဲခွင့်ပြုချက် မရရှိတာကြောင့် မကျင်းပ လိုက်ရဘူးလို့ ပွဲကိုဦးစီးကျင်းပတဲ့ Regent Student Charity Committee (RSCC) မှ ပွဲကျင်းပရေးတာဝန်ခံတစ်ဦးက ပြောပါတယ်။

RSCC ပရဟိတအဖွဲ့အစည်းအနေ နဲ့ ရန်ပုံငွေဖျော်ဖြေပွဲတွေ လုပ်ခဲ့ ဖူးပေ မယ့် အနုပညာဖျော်ဖြေပွဲအဖြစ် သံချပ်ကို ပထမဆုံး စီစဉ် တာဖြစ်ပြီး ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်း အဝေး အမှတ်စဉ် (၁၂/၂၀၁၂) ဆုံးဖြတ် ချက်အပိုဒ် (၁၈) အရ ပွဲကျင်းပခွင့် မပြု ခြင်းဆိုတဲ့ ဆုံးဖြတ်ချက်ကို ရေလည်စွာ နားလည်ခြင်း မရှိဘူးလို့ Regent မှ ကိုကောင်းမြတ်ထွဋ်က ပြောပါတယ်။

“ကျွန်တော်တို့ ပွဲပျက်တာ မဟုတ်ပါဘူး။ အတားခံရတာပါ။ ဒီပွဲ မကျင်း ပဖြစ်တဲ့အတွက် မှတ်မိသလောက်ဆိုရင် သိန်း လေးဆယ်ကျော်လောက် ဆုံးရှုံးသွားပါတယ်။ ပြောချင်တာက ကျွန်တော်တို့ ပရဟိတအစီအစဉ် အတွက် အလှူရှင် တွေရှိပါတယ်။ သူတို့လှူထားတဲ့ငွေတွေက အဲဒီဆုံးရှုံး တဲ့ထဲမှာ ပါသွားလို့ ပွဲမလုပ် ဖြစ်လို့ဆိုပြီး ကျွန်တော်တို့ ဒီအတိုင်း မထားပါဘူး။ ပေးဖို့ရှိတာအားလုံးကို Regent ကနေစိုက်ထုတ်ပြီး ပြန်ပေး နေပါတယ်”လို့ ကိုကောင်းမြတ်ထွဋ်က ပြောပါတယ်။

ရန်ပုံငွေပွဲမှာ ပါဝင်တင်ဆက်မယ့် အနုပညာရှင် သံချပ်အဖွဲ့သားတွေက လည်း အချိန်နှစ်လလောက် ကြိုးစား ကြိုတင်ပြင်ဆင်ထားပြီး ပွဲကျင်းပ ခွင့်မရ တာကြောင့် ၀မ်းနည်းစိတ်မကောင်းဖြစ် ရတယ်လို့ ဆိုကြပါတယ်။

“ဦးတို့ကားရိုက်အလုပ်တွေကို ပစ်ပြီး အင်တိုက်အားတိုက်လေး လူတွေစုပြီး ပြင်ဆင်ထားတာပေါ့နော်။ ဒီနှစ်သင်္ကြန်မှာ သံချပ်ထိုးတာ ခွင့်ပြုလိုက်ပြီဆိုပြီး သတင်းစာတွေမှာပါ၊ လူတွေကလည်း ပြောကြနဲ့ဆိုတော့ ဦးတို့ကလည်း ထိုးလို့ ရပြီထင်လို့ လုပ်ကြတဲ့ သဘောပေါ့။ နှစ်နှစ်ဆယ်ကျော် ပိတ်ပင်ထားတဲ့ဟာကြီးကို အခုပြန်ခွင့်ပြုမယ်ဆိုလို့ လှုပ်ရှား ကြတာပါ”လို့ ‘ပြီးပါပြီ’ သံချပ်အဖွဲ့ ခေါင်းဆောင် မောင်မောင်မြင့်သိန်း (ခေါ်) ကုသိုလ်က ပြောပါတယ်။

သံချပ်ဆိုတာ ကမ္ဘာမှာ မြန်မာသာသိတဲ့အနုပညာတစ်ခုဖြစ်ပြီး ပြည်သူတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ ၀န်ထမ်းလာဘ် စားတာ၊ ဘတ်စ်ကားကျပ်တာ၊ ကုန် ဈေးနှုန်းကြီးတဲ့အကြောင်းတွေကို အပြု သဘောနဲ့ ထောက်ပြဟာသပြုခြင်းသာ ဖြစ်ပါတယ်လို့ သံချပ်ရဲ့သဘောကို ရှင်းပြပါတယ်။

“ကျွန်တော်တို့ သံချပ်သမားတွေက နိုင်ငံရေးသမားမဟုတ်ပါဘူး။ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ပြည်သူ တွေနဲ့အတူ ရယ်မောပစ်ပြီး ဘ၀အမောတွေကို ဖြေဖျောက်ပစ်တာပါ။ အခုလို ပွဲကျင်းပဖို့ တားဆီးတယ်ဆိုတာလည်း စိုးရိမ်လို့ဖြစ်ပါလိမ့်မယ်။ တကယ်လို့ နားထောင်ပြီးရင်တော့ သဘောကျလိမ့်မယ်ထင်ပါတယ်”လို့လည်း ဦးကုသိုလ် က ပြောပါတယ်။

“ပြင်ဆင်တာတွေ၊ ဆုံးရှုံးတာတွေ ဦးတို့အတွက် မကြည့်ပါဘူး။ ဒီသံချပ်ပွဲကို လာကြည့်မယ့် မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေ ရှိသမျှ ပိုက်ဆံလေး စုပြီးတော့ ကားတွေငှားလာမယ်၊ မနက်ပိုင်း ရွှေတိဂုံဘုရားတက်၊ နေ့လယ် ပန်းခြံ မှာ ထမင်းစားကြ၊ ညနေ ဦးတို့ သံချပ် အဖွဲ့လေးကို တန်တယ်ဆိုပြီး လက်မှတ် ဘယ်လောက်ပေးရပေးရ၊ နှစ်နှစ်ဆယ်ကျော် ဝေးကွာနေလို့ လာအားပေးမယ် ဆိုသူတွေအတွက် စိတ်မကောင်းတာပါ” လို့ ဦးကုသိုလ်က ပြောပြီး သံချပ်စာ သားတွေကိုလည်း မျက်မှောက်ခေတ်နဲ့ ငြိစွန်းသွားမှာ စိုးလို့ လွန်ခဲ့တဲ့နှစ် သုံးဆယ်လောက်က သံချပ်စာသားတွေပဲ ပြန်တိုက်ထားတဲ့ အကြောင်းကိုလည်း ရှင်းပြပါတယ်။

ရန်ပုံငွေသင်္ကြန်သံချပ်ပွဲကို ဦးစီးခဲ့တဲ့ ဒါရိုက်တာမောင်သီကလည်း ငယ်စဉ် အရွယ်ကတည်းက သင်္ကြန်ရောက်ပြီ ဆိုရင် ဂျစ်ကားနဲ့ ရေပက်ခံထွက်၊ ညဘက်မှာ သင်္ကြန်သံချပ်ကားတွေ လိုက်ကြည့်ဖူး တဲ့အရသာကို သိခဲ့တာကြောင့် မြန်မာ့ ယဉ်ကျေးမှုရဲ့တစ်နှစ် တစ်ကြိမ် သင်္ကြန်ပွဲ မှာ ဖြစ်ပျက်တာတွေကို အပျော်သဘော နဲ့ ပြောကြတာကို ပြန်လည်ဖော်ထုတ် ချင်တာကြောင့် သံချပ်ပွဲဖြစ်ဖို့ စီစဉ်တာ သုံးနှစ်ရှိသွားပြီလို့ ပြောပါတယ်။

“ဒီနှစ်အစောပိုင်းမှာ အမျိုးသား လွှတ်တော်က သံချပ်တွေ ပြန်ခွင့်ပြုပြီလို့ သတင်းစာတွေမှာတွေ့တော့ ၀မ်းသာပြီး ကြိုးစားကြည့် တယ်။ တကယ်တမ်းကျ တော့ မရဘူး။ အဲဒီအတွက် ၀မ်းနည်းပါ တယ်”လို့ သူက ပြောပါတယ်။

သူက ဒီမိုကရေစီလို့ ကြွေးကြော်နေတဲ့ ခေတ်ကြီးထဲမှာ ဒီမိုကရေစီဆိုတာ မြန်မာ့ယဉ်ကျေးမှုထဲမှာ တစ်စိတ်တစ်ပိုင်း ပါရှိနေပေမယ့် လူငယ်တွေကိုတော့ တစ်ခေတ်တစ်ခါတုန်းက သံချပ်ဆိုတာ မြန်မာပြည်မှာ ရှိခဲ့ဖူးပါတယ်လို့ပဲ ပြော ရမယ်ထင်တယ်လို့လည်း ဆိုပါတယ်။

“သင်္ကြန်မှာ သရုပ်ပျက်ယဉ်ကျေးမှု တွေဖြစ်တဲ့ မိန်းကလေးတွေ မူးရူးနေတာ တွေ၊ ယောက်ျားလေးတွေ ၀ုန်းဝုန်း ဒိုင်းဒိုင်း အော်ဟစ် နေတာတွေကို ဦးတို့ ငယ်ငယ်တုန်းက ယဉ်ကျေးမှုကို ဘယ်လို ထိန်းခဲ့တယ်၊ သံချပ်အဖွဲ့တွေကလည်း ဘယ်လိုဝေဖန်ခဲ့တယ်။ ထိန်းသိမ်းဖို့ ထောက်ပြခဲ့တယ်ဆိုတာတွေကို ပြချင် တာပါ။ ဒီမိုကရေစီရဲ့အနှစ်သာရဆို တာ မြန်မာနိုင်ငံမှာ အစောကြီးကတည်းက ရှိနေတာပါ။ အခုမှရှိလာမှာ မဟုတ်ပါဘူး ဆိုတာ ပြချင်ပေမယ့် ထုတ်ဖော်ခွင့်မရ လိုက်ဘူး” လို့ ဒါရိုက်တာ မောင်သီက ပြောပါတယ်။

နှစ်နှစ်ဆယ်ကျော် ကွာဝေးနေတဲ့ သင်္ကြန်သံချပ်အတွက် တစ်လကျော် လောက် လေ့ကျင့်ခဲ့ရပေမယ့် ပွဲကျင်းပ ခွင့်မရတဲ့ အကြောင်းကို မတ်လ၂၉ ရက် နေ့မှသိရပြီး အံ့ဩ၀မ်းနည်းနေတယ်လို့ ‘ဒိုးဒိုးဒေါက်ဒေါက် ဘုနဲ့ဘောက်’ သံချပ် အဖွဲ့ခေါင်းဆောင် မောင်မောင်မြင့်အောင် (ခေါ်)ဗေလုဝကပြောပါတယ်။

“ကြေကွဲတယ်ဆိုတဲ့ စကားလုံးထက် ပိုကောင်းတဲ့စကားလုံးရှိရင်၊အဲဒီစကားလုံးကို သုံးချင်ပါတယ်။ အဓိကကတော့ စေတနာပါ။ အသက် ၃၀ အရွယ်ရှိတဲ့ ကလေးတွေဆိုရင် ဦးတို့သံချပ်ထွက်တဲ့ အချိန်မှာ အသက်ခုနစ်နှစ်လောက်ပဲ ရှိဦးမှာဆိုတော့ မခံစား တတ်ခဲ့ပါဘူး။ သူတို့ကို သံချပ်ထိုးပြချင်တဲ့ဆန္ဒက ၇၅ ရာခိုင်နှုန်းလောက် ပါပါတယ်။ တခြား ဘာအကျိုးအမြတ်ကိုမှ မမျှော်လင့်ခဲ့ပါ ဘူး” လို့ ဦးဗေလုဝက ပြောပါတယ်။

“လာအားပေးဖို့ အားခဲထားတဲ့ ပရိသတ်ကိုတော့ တို့တစ်ချိန်ပြန်ဆုံတွေ့ ဦးမှာပါလို့ပဲ ပြောချင်ပါတယ်”လို့လည်း သူက ပြောပါတယ်။

RSCC က ပွဲကျင်းပရေးတာဝန်ခံ ကိုကောင်းမြတ်ထွဋ်က ဧပြီလကုန်ပိုင်းမှာ သံချပ်ဖျော်ဖြေပွဲ ကျင်းပနိုင်ဖို့ကြိုးစားသွားမယ်လို့ ပြောပါတယ်။

ငြိမ်းအိအိထွေး

ဦးသိန်းစိန် နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)တွေ့ဆုံ

The Voice Weekly
12 hours ago

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သမ္မတ၏ လယ်တော ရှင်းလင်းဆောင်တွင် တွေ့ဆုံခဲ့သည်။ ယင်းတွေ့ဆုံပွဲသို့ KNU ဘက်မှ ခေါင်းဆောင်များ၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ ပြည်ထောင်စု ဝန်ကြီးများ၊ ငြိမ်းချမ်းရေး အကျိုးတော် ဆောင်များ တက်ရောက်ခဲ့သည်။
Photo : Peace Negotiator



စနေ, 07 ဧပြီ 2012

တိုင်းရင်းသားတွေနဲ့ တန်းတူဆက်ဆံရေးမူ ဦးသိန်းစိန်လက်တွေ့ကျင့်သုံး

Burma's President Thein Sein (L) shakes hands with representatives from the Karen National Union (KNU), including KNU General Secretary Naw Si Pho Ra Sein (2nd L, in purple) and KNU General Mutu Saipo (C), in Thein Sein's private farm house in Naypyitaw,
ဓာတ်ပုံ Reuters
သမ္မတဦးသိန်းစိန် KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံနုတ်ဆက်စဉ်။ နေပြည်တော်၊ ဧပြီလ ၇ ရက်၊ ၂၀၁၂ ။

လက်ရှိ မြန်မာအစိုးရဟာ တိုင်းရင်းသားတွေနဲ့ တန်းတူရည်တူ ဆက်ဆံရမယ် ဆိုတဲ့အချက်အပေါ် အခြေခံပြီး ငြိမ်းချမ်းရေး ဖော်ဆောင်နေ တာကို တွေ့ရှိရတယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံး က ဒီကနေ့ ပြောလိုက်ပါတယ်။ နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန် နဲ့ KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံခဲ့ကြပြီးတဲ့နောက်ပိုင်းမှာ KNU တာဝန်ရှိသူတစ်ဦးက ပြောလိုက်တာပါ။ ဒါ့အပြင် တိုင်းရင်း သားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးရဖို့ သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ ပြောဆိုချက်တွေနဲ့ ဆောင်ရွက်ချက် တွေဟာ တထပ်တည်းကျ တာကို တွေ့ရှိရတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ တက်လာခဲ့ပြီး ၁ နှစ်အကြာမှာ ပထမဆုံးအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး လက်မှတ်ထိုးနိုင်တဲ့ KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေနဲ့ သမ္မတ ဦးသိန်းစိန် တို့ စနေနေ့ မနက်က နေပြည်တော်မှာ တွေဆုံခဲ့ကြတာပါ။ ဒီတွေ့ဆုံမှုအတွင်း သမ္မတ ဦးသိန်းစိန် က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်မှုအပေါ် ကြိုဆိုတဲ့အကြောင်းနဲ့ တိုင်းရင်းသားတွေနဲ့ တန်းတူရည်တူ ဆက်ဆံပြီး ထာဝရငြိမ်းချမ်းရေး ရရှိဖို့ ကြိုးပမ်းနေတဲ့အကြောင်းကို KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ကို ရှင်းပြခဲ့တယ်လို့ KNU ကိုယ်စားလှယ်အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ စောသာဒိုမူး က ပြောပြပါတယ်။
“ဆွေးနွေးသွားတဲ့အထဲမှာ ကျနော်တို့ နာလည်လိုက်တာက သူက တိုင်းရင်းသားတွေရဲ့ အပေါ်မှာ တန်းတူရည်တူ ဆက်ဆံရမယ်ဆိုတဲ့ အခြေခံပေါ်မှာ မူတည်ပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဖြစ်စေချင်တယ် ဆိုတဲ့ဟာကို ကျနော်တို့ တွေ့ရပါတယ်။ နောက်ပြီးတော့ ဒီ ငြိမ်းချမ်းရေး မရဘူးဆိုရင် ကျနော်တို့နိုင်ငံက ဘယ်လိုနည်းနဲ့မှ တိုးတက်ဖို့ဆိုတာ အများကြီးကို နှောင့်နှေးပြီးတော့ အခက်အခဲတွေ အများကြီး ကြုံရမယ်ဆိုတာလည်း သူ သဘောပေါက်ပါတယ်။ အဲဒါကြောင့် ဒီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အပစ်အခတ် ရပ်စဲရေးကနေပြီးတော့ တခါတည်း ငြိမ်းချမ်းရေး ရတဲ့အထိ သွားဖို့ဆိုတဲ့ဟာကိုလည်း သူ သံန္နိဌာန်ချပြီး လုပ်သွားမယ်ဆိုတာကို သိရတဲ့အတွက် ကျနော်တို့ဘက်ကလည်း အလားတူပဲ တုံ့ပြန်ခဲ့ပါတယ်ခင်ဗျ။”
သမ္မတကြီး ဦးသိန်းစိန်ရဲ့ ရှင်းလင်းချက်တွေနဲ့ပတ်သက်ပြီးတော့ သမ္မတကြီးဟာ တိုင်းပြည်အကျိုးကို လိုလားတယ်ဆိုတာ လက်ခံလို့ရပြီး သူ့ရဲ့ ပြောဆိုချက်တွေနဲ့ လက်တွေ့ ဆောင်ရွက်ချက်တွေဟာ ကိုက်ညီမှု ရှိတာကိုလည်း တွေ့ရတယ်လို့ KNU က အခုလို မှတ်ချက်ချခဲ့ပါတယ်။
“သမ္မတကြီးရဲ့ ပြောဆိုချက်တွေ၊ သူ့ရဲ့ ရှင်းလင်းချက်တွေက တကယ်ပဲ ဘာခေါ်မလဲ စစ်မှန် ရိုးသားတယ်၊ တကယ့်ကို လိုလိုလားလားနဲ့ တိုင်းပြည်အပေါ်မှာ စေတနာကောင်း ထားတယ်ဆိုတာကောင်း ထားတယ်ဆိုတာ ပေါ်လွင်ပါတယ်။ ကျနော်တို့ လက်ခံပါတယ်၊ သူပြောထားတဲ့အဆင့်နဲ့ ဒီနေ့ ကြုံတွေ့နေရတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အနေအထားအရ ကတော့ သူပြောတာနဲ့ကတော့ တထက်တည်း ဖြစ်နေပါတယ်။ မနေ့ကလည်း ကျနော်တို့ရဲ့ ဆွေးနွေးပွဲတွေဟာ အများကြီးကို ပွင့်လင်းတယ်၊ မြင်သာတယ်၊ နောက်ပြီးတော့ တန်းတူရှိတယ်ဆိုတာကိုလည်း သမ္မတကြီးကို ကျနော် တင်ပြခဲ့ပါတယ်။ ဒါတွေက လုံးဝ တန်းတူဖြစ်တယ် ဆိုတဲ့အကြောင်းပေါ့နော်။”
KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် နဲ့ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး တို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဧပြီလ ၆ ရက် သောကြာနေ့က မြန်မာအစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေနဲ့ ရန်ကုန်မှာ တွေ့ဆုံဆွေးနွေး ခဲ့ကြပြီး ငြိမ်းချမ်းရေးမှာ အဓိက ကျတဲ့ အချက် ၆ ချက်နဲ့ပတ်သက်ပြီး မှတ်တမ်းတင် လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။ ဒီအချက်တွေထဲမှာ ကြောက်ရွံ့ မှုကင်းတဲ့ ပြည်သူလူထုရဲ့ ဘ၀ကို ဖန်တီးပေးဖို့နဲ့ လူထုကို အကျိုးရှိစေမယ့် ငြိမ်းချမ်းရေးမျိုးကို ဆက်လက် အကောင်အထည် ဖော်သွားဖို့တွေ ပါဝင်ပါတယ်။
အခုလို မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေနဲ့ KNU အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအပေါ် KNU အနေနဲ့ အားရကျေနပ်မှု ရှိပြီး နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်းမှာ ပထမဆုံးအကြိမ် တန်းတူရည်တူ ဆွေးနွေးပြောဆိုတာမျိုးကို တွေ့ခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။ ဒါပေမဲ့လည်း စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေး ရဖို့ကတော့ အဆင့်တွေ ကျန်သေးတယ်လို့ KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဝင် စောသာဒိုမူး က ပြောပါတယ်။
“ငြိမ်းချမ်းရေး လို့တော့ ကျနော်တို့ မပြောချင်ပါဘူး။ ငြိမ်းချမ်းရေး ဆိုတာ အဆင့်တိုင်း တဆင့်စီ လှမ်းသွားဖို့လိုပါတယ်။ ကျနော်တို့ ငြိမ်းချမ်းတယ် ဆိုတာကတော့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေ ကွာလိမ့်မယ်ပေါ့။ ဒါပေမဲ့ ကျနော်တို့ကတော့ တဆင့်ချင်းတဆင့်ချင်းနဲ့ လူထုတွေရဲ့ ပြဿနာတွေ ဖြေရှင်းရမယ်၊ တဘက်နဲ့တဘက် ရန်လိုတဲ့ အပြုအမူတွေ လျော့ပါးသွားမယ်။ နောက်ဆုံး တိုက်ခိုက်မှုတွေ လုံးဝ ရပ်သွားမယ်။ အဲဒါတွေကို တဆင့်စီ ကျနော်တို့ သွားဖို့ရှိပါတယ်။ ကျနော်တို့ ဒီလိုအဆင့်မျိုး တခါမှ မရောက်ဖူးတော့လည်း ကျနော်တို့ ဘယ်အဆင့်မှန်းတော့ ခန့်မှန်းလို့ မတတ်ဘူးပေါ့နော်။ တန်းတူရည်တူနဲ့ ဆွေးနွေးပိုင်ခွင့်သာ ကျနော်တို့ ၆၃ နှစ်မှာ ဒီတခါပဲ ရဖူးသေးတာကိုး။”
KNU ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့ဝင် စောသာဒိုမူး ဖြစ်ပါတယ်။ KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဟာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပြီးနောက် ညနေပိုင်းမှာ ရန်ကုန်ကို ပြန်လည် ထွက်ခွာခဲ့ကြပြီး တနင်္ဂနွေနေ့မှာတော့  မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထား သလို ရန်ကုန်မှာရှိတဲ့ ကရင်အသိုင်းအ၀ိုင်း ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ ဒါ့အပြင် တနင်္လာနေ့မှာတော့ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာရှိတဲ့ IDP ကရင်ဒုက္ခသည် ၂ ထောင်ကျော်ရဲ့ အခြေအနေတွေကိုလည်း သွားရောက် လေ့လာကြမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် အပါအ၀င် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်က အရာရှိတွေနဲ့ အင်္ဂါနေ့မနက်ပိုင်းမှာ ဆက်လက် တွေ့ဆုံဖို့ရှိပြီး အဲ့ဒီဒေသတွင်းမှာရှိတဲ့ အစိုးရတပ်တွေနဲ့ KNLA တပ်တွေရဲ့ လှုပ်ရှားမှု အခြေအနေတွေ အကြောင်း ဆွေးနွေး ပြောဆိုကြဖို့ရှိတယ်လို့ KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဝင် စောသာဒိုမူး က ရှင်းပြခဲ့ပါတယ်။
KNU အဖွဲ့ဟာ မြန်မာအစိုးရ အဆက်ဆက်ကို ၆၃ နှစ်ကြာ တော်လှန်လာခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၂ ရက်နေ့ကပဲ ကရင်ပြည်နယ် ဘားအံမြို့မှာ KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ပြည်နယ်အဆင့်နဲ့ တခါ - ပြည်ထောင်စုအဆင့် ဆက်လက်ဆွေးနွေးဖို့အတွက် တခါ ၂ ပိုင်းခွဲ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။
ယခင် KNU ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မြနဲ့ အဲဒီအချိန်က မြန်မာဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန်တို့ဟာ ၂၀၀၄ ခုနှစ် ဇန်န၀ါရီလဆန်းမှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် ရန်ကုန်မှာ တွေ့ဆုံတဲ့အထိ သမိုင်းဝင်ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း ၂ ဘက်အကြား အပစ်အခတ် ရပ်စဲထားဖို့သာ ယာယီအားဖြင့် သဘောတူညီနိုင်ခဲ့ပြီး အခုလို လက်မှတ်ရေးထိုးနိုင်တဲ့အဆင့်အထိတော့ အောင်မြင်မှု မရှိခဲ့ပါဘူး။
လက်ရှိ သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ KNU နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ လက်မှတ်ရေးထိုးနိုင်ခဲ့တာကတော့ နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်း ပထမဆုံးလည်းဖြစ်ခဲ့ပါတယ်ရှင်။
http://www.voanews.com/burmese/news/04-07-12_KNU-Theinsein-146519505.html

ဗိုလ်ချုပ်အောင်ဆန်းနေရာ သရုပ်ဆောင်နေရာအတွက်တယောက်ရွေးပါ



















By: The Voice Weekly

အမေစု ဧရာဝတီအယ်ဒီတာကိုအောင်ဇော်အား လက်ချာရိုက်နေစဉ်




ဓါတ်ပုံ - အောင်ဇော်

ဆရာတို့ မန္တလေးမှာပဲဆရာဖြစ်ခဲ့ဖြစ်ခဲ့၊တောင်ကြီးမှာပဲဆရာဖြစ်ခဲ့ဖြစ်ခဲ့၊
ရန်ကုန်ရောက်တော့တပည့်တွေဖြစ်သွားတာပါပဲ..
(ဟာသသရုပ်ဆောင်-အရိုင်း)
ဗွီဒီယိုဇတ်ဝင်ခန်းတခုမှ

အကြိမ် ၂၀ မြောက် အစဉ်လာမပျက် ဂျပန် မှ မင်္ဂလာဒိုး အနုပညာအင်အားစု မှ ရဲရဲတောက်တေးသံချပ်များ


၁မှ၁၄ထိ


၁မှ၁၄ထိ
http://www.youtube.com/playlist?list=PLE4C9AF3D970BCD7C&feature=edit_ok

ကိုထွန်းဝေယူကျူ့
http://www.youtube.com/user/kotunwai?feature=watch

ဒေါ်အောင်ဆန်းစုကြည်လူထုခြေဖ၀ါးအောက်ရောက်ခဲ့ဖူးလား????




စစ်အစိုးရအမွေပြည်သူဆက်ခံနေရပုံက။။

Messenger News Journal
ပြည်တွင်းတွင် လုံလောက်မှု မရှိဘဲ ပြည်ပသို့ လျှပ်စစ်ဓါတ်အား ရောင်းချနေခြင်းနှင့် ပတ်သက်၍ The Messenger ဂျာနယ်က မေးမြန်းခဲ့ရာ--
လျှပ်စစ်ဓါတ်အားပေးရေးဘုတ်အဖွဲ့ ဥက္ကဌက

ပြည်ပသို့ လျှပ်စစ်ဓါတ်အား ရောင်းချနေခြင်းများရှိသော်လည်း နိုင်ငံတော်အဆင့် သဘောတူစာချုပ်များဖြင့် ဆောင်ရွက်ရခြင်းကြောင့် ပြည်တွင်းတွင် လိုအပ်လာပါက ရောင်းချထားသော လျှပ်စစ်ဓါတ်အားများကို ပြည်လည်ဝယ်ယူရကြောင်း၊ ဥပမာအားဖြင့် ရွှေလီ ရေအားလျှပ်စစ်စီမံကိန်းမှ တရုတ်နိုင်ငံသို့ ရောင်းချထားသော်လည်း ပြန်တွင်းလိုအပ်ချက်အရ ပြန်လည်ဝယ်ယူနေရကြောင်း ဖြေကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြေငြာစာတမ်း(၂၀၁၂ ၊ ဧပြီလ ၊၇ ရက် )

Messenger News Journal 3 hours ago

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ်(၉၇/ခ)
အနောက်ရွှေဂုံတိုင်လမ်း၊ဗဟန်းမြို့နယ်၊ရန်ကုန် ။
ရက်စွဲ- ၂၀၁၂ ၊ ဧပြီလ ၊၇ ရက် ။
ကြေငြာစာတမ်း

ဧပြီလ (၁) ရက်နေ့ကပြီးမြောက်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲသည် ပြည်သူများ၏ အောင်ပွဲဖြစ်သည်ဟု
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အခိုင်အမာ ယုံကြည်ပါသည် ။ နိုင်ငံတစ်နိုင်ငံ၏ ဒီမိုကရေစီဖြစ်စဉ်သည် ပြည်သူများပါဝင်ပါတ်သက်မှသာလျှင် အားလုံးတမ်းတနေကြသည့်စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စုကြီးပေါ်ထွန်းလာနိုင်မည်ဖြစ်သည် ။

ထို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲဖြစ်စဉ်တွင် ရှေ့ဆုံးမှ ပါဝင်ခဲ့သော ပြည်သူလူထု၊ နိုင်ငံတော်သမ္မတကြီးနှင့်
ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့သော နိုင်ငံရေးပါတီများ၊ အခြားအဖွဲ့အစည်းများ ပုဂ္ဂိုလ်များနှင် ပြည်တွင်းမီဒီယာသမားများကို ကျေးဇူးတင်စွာဖြင့် ဂုဏ်ပြုအပ်ပါသည် ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ရွေးကောက်ပွဲ ရလာဒ်များမှတဆင့် ပေါ်လွင်ခဲ့သော ပြည်သူလူထု၏ ဆန္ဒနှင့် မျှော်လင့်ချက်များကို အလေးထားကာ အမျိုးသားရေးပြန်လည်ရင်ကြားစေ့ရေး အုတ်မြစ်ပေါ်တွင် အခြေခံသည့် ဒီမိုကရေစီအဆောက်အုံများထူထောင်ရေး၊ ပြည်သူများ၏ စားဝတ်နေရေး ချောင်လည်တိုးတက်ရေးများကို
ရွေးကောက်ပွဲမူဝါဒများပါ တရားဥပဒေ စိုးမိုးရေး၊ ပြည်သူ့ငြိမ်းချမ်းရေး၊ဖွဲစည်းပုံအခြေခံဥပဒေပြင်ဆင်ရေးများအတွင်းမှ
ဆောင်ရွက်သွားမည်ဖြစ်ပါသည် ။

ယခုရွေးကောက်ပွဲ ပြီးဆုံးသွားပြီဖြစ်သဖြင့် အဖွဲ့ချုပ်သည် ပြည်သူများလိုလားတောင့်တနေသော စီးပွားရေး၊ လူမှုရေး၊ ပြန်လည်ပြုပြင်ရေးများကို ဒီမိုကရေစီမူများနှင့်ကိုက်ညီမည့် အမြန်ဆုံးစတင်လုပ်ဆောင်မည်ဖြစ်ပါသည် ။
ပြည်သူလူထုကြီးကလည်း ဤလုပ်ငန်းများနှင့်ကိုက်ညီမည့် ပါဝင်ကြလိမ့်မည်ဟု ယုံကြည်ပါသည် ။
မြန်မာနိုင်ငံအပေါ် စေတနာထားသော ကမ္ဘာတလွှားမှ နိုင်ငံများ၊ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ၏ အားပေးထောက်ခံမှုများသည် ဒီမိုကရေစီအပြောင်းအလဲတွင် အရေးပါခဲ့ပါသည် ။ ဤကဲ့သို့ ထောက်ခံအားပေးခဲ့သူများကိုလဲ အဖွဲ့ချုပ်က ကျေးဇူးတင်ဂုဏ်ပြုအပ်ပါသည် ။

ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး အေးချမ်းသာယာပြီး ဒီမိုကရေစီလူ့အဖွဲ့အစည်းအတွင်းသို အမြန်ဆုံးရောက်ရှိစေရန် အားလုံးဝိုင်းဝန်းလက်တွဲလုပ်ဆောင်ကြရန် ဆန္ဒပြုပါသည် ။

ဗဟို အောင်နိုင်ရေးအဖွဲ့





ကေအန်ယူနှင့် တွေ့ဆုံဆွေးနွေးပွဲ ဆုံးဖြတ်ချက် ၁၃ ချက်

ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့၏ ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲ ဆုံးဖြတ်ချက် ၁၃ ချက်



Uploaded by
api_19566_1606841
http://www.scribd.com/doc/88331787/Untitled


KNU နှင့် အစိုးရတို့ ပထမဆုံးအကြိမ်ပြည်ထောင်စု အဆင့်ဆွေးနွေးပွဲတွင် ဆုံးဖြတ်ချက် ၁၃ ချက် သဘောတူ

by Yangon Press International on Friday, April 6, 2012 at 3:36pm ·

ဧပြီ ၇ ရက်၊ ၂၀၁၂ ခုနှစ်-ဟံသာ (YPI)

ယမန်နေ့က Sedona ဟိုတယ်တွင် KNU(ကရင်အမျိုးသားအစည်းအရုံး) နှင့် မြန်မာနိုင်ငံအစိုးရတို့ ပထမဆုံးအကြိမ်ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲတွင် ဆုံးဖြတ်ချက် ၁၃ ချက်ချ၍ သဘောတူလက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် အဓိက အချက် ၆ ချက်ကိုဆွေးနွေးခဲ့ ပြီး အဆိုပါအချက် ၆ ချက်နှင့်ပတ်သတ်၍ အချက် ၁၃ ချက်ကို သဘောတူဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
သဘောတူဆုံခဲ့သည့်အချက် အချို့မှာ တတိုင်းပြည်လုံးအတိုင်းအတာ အပြစ်ရပ်စဲရေး ဖြစ်ပေါ်လာရန်အတွက် အဆင့်ဆင့်တိုးတက် အကောင်အထည်ဖော် လုပ်ဆောင်သွားခြင်း မူလသဘောထားကို သဘောတူလက်ခံပြီး တိုင်းရင်းသားနယ်မြေများအတွင်း စစ်မက်ဖြစ်ပွားမှုများကိုလည်း အမြန်ဆုံးရပ်စဲ ရန်ကြိုးစားလုပ်ဆောင်သွားမည်ဟု သဘောတူလက်ခံသည်။
ထို့အပြင် ပြည်တွင်း ဌာနေမဲ့ ပြည်သူလူထုများနေရပ်ဒေသသို့ ပြန်လည်းအခြေချနေထိုင်ရန်အတွက် လိုအပ် သည့်အစီအစဉ်များကို ချမှတ်လုပ်ဆောင်သွားရန်ဖြစ်ပြီး သက်ဆိုင်ရာမြေယာ ဥပဒေ ရေးဆွဲခြင်း မပြီးသေးသည့် ကာလတွင်မြေယာပြသာနာများကို ဆိုင်ရာပြည်နယ် ၀န်ကြီးချုပ်ဆီ ထံသို့တင်ပြတောင်းဆို ရန် သဘောတူလက်ခံသည်။
ဆုံးဖြတ်ချက် ၁၁ အရ တိုင်းရင်းသားအဖွဲ့အစည်းများ၊ကေအန်ယူမှချမှတ်ထားသည့် မြေယာ ဂရမ်များကို အသိအမှတ်ပြုပြီး ဓလေ့ထုံးတမ်းအရ ပိုင်ဆိုင်သည့်မြေယာ များနှင့် ဌာနေမဲ့ IDPs ဧ။်မြေယာကိစ္စများကိုလည်း ညှိုနှိုင်းဖြေရှင်း သွားမည်ဟုသဘောတူလက်ခံသည်။
ဆုံးဖြတ် ချက် ၁၂ နှင့် ၁၃ အရငြိမ်းချမ်းရေးဖြစ်စဉ်အတွက် စောင့်ကြပ်စစ်ဆေးခြင်း ( monitoring ) ကိုအဆင့် ၃ ဆင့်(နှစ်ဦးနှစ်ဖက်လက်ခံသောပုဂ္ဂိုလ်များဖြင့်ဖွဲ့စည်းစောင့်ကြည့်စစ်ဆေးခြင်း၊အခြေအနေတိုးတက်ကောင်းမွန်သည့်အခါ နိုင်ငံတကာ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် ထားရှိရန် နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ပျက်စီးရန်အလားအလာမရှိသည့်အချိန်တွင် ပွင့်လင်းစွားစောင့်ကြပ်ကြည့်ရှုခြင်း)စောင့်ကြည့်ခြင်းတို့ဖြစ်သည်။
သဘောတူဆုံးဖြတ်ခဲ့သည့် အချက် ၁၃ ချက်အပြင်မှတ်ချက် အနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများဦးဆောင်ပါဝင်မှုကိုထည့်သွင်းသွားမည်ဟူ၍ လည်းပါရှိသည်။
ယခုတွေ့ဆုံပွဲတွင်KNU ဘက်မှ အဖွဲ့ခေါင်းဆောင် အတွင်းရေးမှူးနော်စီဖိုးရာစိန် အပါအ၀င်အဖွဲ့ဝင် ၇ဦးနှင့် မြန်မာအစိုးရဘက်မှ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင် ရေးအဖွဲ့ရထားပို့ဆောင် ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအောင်မင်းအပါအ၀င်အဖွဲ့ဝင် ၇ ဦးတို့က သဘောတူဆုံးဖြတ်ချက် ၁၃ ချက်ကိုလက်မှတ်ရေးထိုးခဲ့သည်။

ယခုပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲနှင့်ပတ်သတ်၍ မီဒီယာများက အစိုးရဘက်မှငြိမ်းချမ်းရေး ဆွေးနွေးပွဲရဲ့ အရေးပါမှုကို မေးမြန်းရာတွင်ပြန်ထောင်စုဝန်ကြီးဦးအောင်မင်းက

“တကယ်တော့ ဒါကရောဂါကြီးတခုလို(ပြည်တွင်းစစ်ကိုရည်ညွှန်း၍ )ပဲ ယူဆပါတယ် ဒီရောဂါကြီးဖြစ်ခဲ့တာ နှစ်ပေါင်း ၆၃ နှစ်ရှိပါပြီး ဒီရော ဂါကိုလည်းနိုင်ငံတော်အစိုးရ ပေါင်း အစဉ်အဆက်က ဒီရော ဂါကိုပျောက်အောင်ကုခဲ့ပါတယ် ၊ကုခဲ့ပေမဲ့လည်းအနာနဲ့ဆေးမတည့်တဲ့ အခါကျတော့ဒီရော ဂါကမပျောက်ဘူး ၊အခုတော့ဆေးအသစ်ကိုတွေ့ပြီးဖြစ်တဲ့အတွက်အနာနဲ့ဆေးတည့်ပြီးလို့ ခန့်မှန်းလို့ရပါပြီး”ဟုဆိုသည်။
ဆေးအသစ်ဖော်ထုတ်ရာတွင် ယခင်ကဖြစ်ပျက်ခဲ့သည့်ဖြစ်စဉ်များ ကိုပြန်လည်ဆန်းစစ်ပြီး တိုင်းရင်းသားများဧ။်လိုအပ်ချက်များကို ပြန်လည်ကြည့်ရှုပြီးသည့်အခါ ရှေးသန်ခန်းစာများမှအတွေ့အကြုံများကိုဖော်ထုတ်ပြီးမှသာ ဆေးအသစ်ဖော်ထုတ်ခြင်းဖြစ်သည် ဟု ၎င်းကဆက်ပြောသည်။
“ဆေးအသစ်ကလည်း ဘာလဲဆိုတော့ မြန်မာနိုင်ငံ ခေတ်သစ်စနစ်သစ်နဲ့ချီတက်နေပါပြီး အရင်တုန်းကစနစ်ကခွင့်မပြုလို့ဖြစ်တာပါ ။အခုကစနစ် ခွင့်ပြုနေပါပြီးဖြစ်တဲ့ အတွက်အနာနဲ့ဆေးတည့်ပြီးလို့တော့ ခန့်မှန်းလို့ရပါပြီး တည့်မတည့် ကျွန်တော်တို့ရဲ့လုပ်ဆောင်ချက်အပေါ်မူတည်တာပေါ့ “ဟဦးဇော်မင်းက ပြောသည်။

KNU ဘက်မှ သဘောထားနှင့်ပတ်သတ်၍ ပြန်ကြားရေးတာဝန်ခံဒေါ်နော်မေဦးက

“အပြစ်ခတ်ရပ်ဆိုင်းရေးဆိုတာ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ ပြည်တွင်းစစ်တွေကို ချုပ်ငြိမ်းသွာဖို့ စလှမ်းတဲ့အချိန် ဖြစ်ပါတယ်။ဒီစစ်မက်တွေချုပ်ငြိမ်းဖို့ ဆိုတာ ကျွန်မတို့ ဖြေရမဲ့မေးခွန်းတွေအများကြီးရှိသေးတယ် ဒီမေးခွန်းတွေကို ဖြေနို်င်ဖို့ဆိုတာ ကျွန်မတို့တနေရာကနေစဖို့လိုတယ် ဒီလိုအပြစ်ခတ်ရပ်ဆိုင်းပြီးတော့ကျွန်မတို့ ပွင့်ပွင့်လင်းလင်းနဲ့ရင်းရင်းနှီးနှီးဒီထက်ပိုပြီး ဆွေးနွေးနိုင်မယ်ဆိုရင် ကျွန်မတို့ ဖြေဖို့ ကျန်နေတဲ့မေးခွန်းတွေဆက်ပြီး ဖြေနိုင်မှာဖြစ်ပါတယ် ဒီခြေလှမ်းဟာ ဒုတိယခြေလှမ်းကိုလှမ်းဖို့ အတွက် ပထမခြေလှမ်းပါ အင်မတန်အရေးကြီးတယ်လို့ကျွန်မမြင်ပါတယ်”ဟု ပြောသည်။
၆၃ နှစ်ကြာ လက်နက်ကိုင် ဆန့်ကျင်ခဲ့သော KNU နှင့်အစိုးရဘက်မှပြည်နယ်အဆင့်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့က ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၂ ရက်နေ့က ကရင်ပြည်နယ် ၊ဘားအံမြို့တွင်တွေ့ဆုံဆွေးနွေးခဲ့ပြီး ပဏမသဘောတူညီချက် ၅ချက်ဖြင့် လက်မှတ်ရေးထိုးခဲ့ပြီး အပစ်ရပ်စဲ ခဲ့သည်။
ရန်ကုန်တွင် ရောက်ရှိနေသော KNU အဖွဲ့ဝင်များသည် ဧပြီလ ၇ရက်တွင်ရန်ကုန်ရှိတိုင်းရင်းသားပါတီများနှင့်တွေ့ဆုံခြင်း၊ ရန်ကုန်ရှိ ကရင်လူမျိုးများ၊သံရုံအဖွဲ့ဝင်များ ၊NGO အဖွဲ့ဝင်များနှင့်တွေ့ဆုံခြင်းများပြုလုပ်မည်ဖြစ်သည်။
ဧပြီလ ၈ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်နှင့်သူမဧ။်နေအိမ်တွင် နံနက်ပိုင်းတွေ့ဆုံမည်ဖြစ်သည်။

ရန်ကုန်မြို့ Sedona Hotel မှ KNU ငြိမ်းချမ်းရေးဆွေးနွေးပွဲ

ဧပြီ ၅ ရက် ၂၀၁၂ -ဧပြီ ၆ ရက် ၂၀၁၂
Uploaded by DVBBurmese on 7 Apr 2012


http://www.youtube.com/playlist?list=PL70486E428DCE6E85&feature=mh_lolz

သူနဲ့အတူ ဒိုင်ကိုပါ ဖမ်းရန်အတွက်ရဲစခန်းက အမှုဖွင့်မပေး

Uploaded by BurmaVJMedia on 6 Apr 2012

ဒဂုံမြို့သစ်မြောက်ပိုင်း၊ (၄၉) ရပ်ကွက်၊ ဗိုလ်နက်ကျော်လမ်း၊ အိမ်အမှတ် (၁၅၀)မှာနေထိုင်သူတစ်ဦးက ၂ လုံးထီပေါက်တာကို ဒိုင်ကမလျော်တဲ့အတွက် ဧပြီ်လ(၃)ရက်နေ့မှာ သူနဲ့အတူ ဒိုင်ကိုပါ ဖမ်းရန်အတွက် ဒဂုံမြို့သစ်မြောက်ပိုင်း ရဲစခန်းကို သွားရောက်တိုင်ကြားခဲ့ပေမယ့် ရဲစခန်းက အမှုဖွင့်မပေး ပဲ သက်သေခံအဖြစ်ပြသတဲ့ ဘောက်ချာတွေကို သိမ်းယူပြီး နောက်တစ်နေ့မှာ စခန်းမှူးဦးထွန်းလင်းက လာရောက်တိုင်ကြားသူကို ၀န်ခံခြေချုပ်လုပ်ရန်ခြိမ်းခြောက်တဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရကြောင်းကို ကာယကံရှင် ဦးမျိုးဝင်းနှင့်သူ၏ဇနီးမှ ပြောသည်။

ဒေါပုံမြို့နယ် ဘောလုံးကွင်းမှာ ဒီမိုကရေစီကွန်ယက်က ပညာရေး ရန်ပုံငွေ ရှာတဲ့ ဂီတဖျော်ဖြေပွဲ

Uploaded by BurmaVJMedia on 7 Apr 2012

ဒေါပုံမြို့နယ် အမေ့အိမ် ပညာဒါနကျောင်း ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ကွန်ယက်က ဦးဆောင် ဖွင့်လှစ်ထားတဲ့ ဒေါပုံမြို့နယ် အမေ့အိမ် အခမဲ့ ပညာဒါနကျောင်းအတွက် ဒီမိုကရေစီကွန်ယက်က ပညာရေး ရန်ပုံငွေ ရှာတဲ့ ဂီတဖျော်ဖြေပွဲ တစ်ခုကို ဧပြီလ ၆ ရက်နေ့ညက ရန်ကုန်တိုင်း ဒေါပုံမြို့နယ် ဘောလုံးကွင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပရိသတ် ထောင်နဲ့ချီ လာရောက်ကြည့်ရှုခဲ့တဲ့ ဒီရန်ပုံငွေရှာပွဲမှာ Vertical Vibration တေးဂီတ အဖွဲ့နဲ့အတူ ၊ ကိုရဲလွင် ၊ ကိုသားထွေး ၊ သီရိညွန့် ၊ ထူးထူးအိမ် ၊ သျှီ ၊ ဂျေမောင်မောင် အစရှိတဲ့ တေးသံရှင်တွေက သူတို့ရဲ့ သံစဉ်တွေနဲ့ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။

လှည်းကူးမဲဆန္ဒနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း

အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်နဲ့ RFA တွေ့ဆုံမေးမြန်းခန်း (ပ - ဒု)



ဒု

NLDအောင်နိုင်ရေးအဖွဲ့များနှင့်အနိုင်ရကိုယ်စားလှယ်များ တွေ့ဆုံပွဲ

By Burma VJ Media Network
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲ အခမ်းအနားကို ဒီကနေ့ မတ်လ ၇ ရက်နေ့ နံနက် ၁၀း၀၀ နာရီကနေ ၁၂း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီ အခမ်းအနားကို ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၄၃ ယောက် တက်ရောက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ် နာယကအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။







Uploaded by BurmaVJMedia on 7 Apr 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲ အခမ်းအနားကို ဒီကနေ့ မတ်လ ၇ ရက်နေ့ နံနက် ၁၀း၀၀ နာရီကနေ ၁၂း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီ အခမ်းအနားကို ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၄၃ ယောက် တက်ရောက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ် နာယကအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
တွေ့ဆုံပွဲအတွင်း လွှတ်တော်ကိုယ်စားလှယ်များဘက်မှ မိမိတို့ မဲဆန္ဒနယ်များမှာ ကြုံတွေ့ခဲ့ရသည့် မဲမသမာမှုများနှင့် အခက်အခဲများအား တင်ပြခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်မှ အနိုင်ရ ကိုယ်စားလှယ်များအား မိမိတို့ မဲဆန္ဒနယ်များအတွင်း ဖြစ်ပွားနေသော အခက်အခဲများအား လွှတ်တော်တွင်း တင်ပြနိုင်ရန် ကြိုးစားသွားဖို့ တိုက်တွန်း ပြောဆိုခဲ့ပါသည်။
အဲ့ဒီ တွေ့ဆုံပွဲကို ပြည်တွင်းပြည်ပ သတင်းထောက်များ အစုံအလင် လာရောက်ခဲ့ကြပေမဲ့ တွေ့ဆုံ ဆွေးနွေးစဉ်မှာတော့ ရုံးပြင်ပမှသာ ရိုက်ကူးခွင့် ရခဲ့ကြောင်း သိရှိရပါသည်။

ပဲခူးမှ မီးပူဖြင့် အကပ်ခံရသည့် အိမ်ဖော်မလေး၏ နောက်ဆက်တွဲ သတင်း




Published On: Sat, Apr 7th, 2012
လူထုအသံ / သတင်းများ | By Admin

မီးပူဖြင့် ထိုး ကပ်ခံရသည့် ဒဏ်ရာများ
နောက်ဆက်တွဲ သိရသည့် သတင်း အချက်အလက်များနှင့် ပတ်သတ်၍ ပဲခူးမြို့ဒုတိယမြို့ နယ် တရားသူကြီး ဦးအောင်ဖုန်းဝင်းကို ပဲခူးကနေ တောင်တွင်းကြီး မြို့နယ်တရားရုံးသို့ လက်ရှိရာထူးအတိုင်းပြောင်းရွှေ့ပေးလိုက်သည်ဟု သိရပါသည်။အခု မီးပူနှင့် အကပ်ခံလိုက်ရသည့် မိန်းခလေးမှာ ပျောက်ဆုံးနေသည်ဟု သတင်း ထွက်ပေါ်နေပြီး မိန်းခလေး၏ မိဘများကိုလည်း ရေနွေးပူ လောင်သည်ဟုပြောကာ အမှုမဖွင့်ရန်လည်း ငွေပေးပြီး ခြိမ်းခြောက် ထားသည်ဟု သိရပါသည်။ အခု လက်ရှိ အခြေအနေအရ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးဝင်းတင်၏ နေအိမ်ကို ပိတ်ထားပြီး တရားရုံးနှင့်ဌာနဆိုင်ရာများက ယင်း အမှုကိစ္စ လိုက်ပါဆောင်ရွက်နေသူ လမ်းပြကြယ် ဦးအေးမြင့်အား သတင်း ဆက်မတင်ရန် လာရောက် တောင်းပန်နေကြောင်းလည်း သိရှိ ရပါသည်။
burmavjmedia.net
Uploaded by BurmaVJMedia on 6 Apr 2012

အရေးကြီး သံတမန်တဦး ကိုစောင့်နေရတာဆိုလို့ .......

အဂ္ဂမဟာ ဒီမိုဖက်တီး
26 minutes ago

ဧပြီလ-၆၊ ၂၀၁၂- မနက် ၇နာရီထွက်မယ့် ရန်ကုန်-နေပြည်တော် မြန်မာ့လေကြောင်းလိုင်း အတွက် ခရီးသည် ၈၀ကျော်မှာ သာမာန်ပြည်သူတွေအပြင် အစိုးရ အရာရှိကြီးများ၊ ကိုရီးယား NGO အရာရှိများ နှင့် သံအမတ်တဦးပါဝင်ပါတယ်။

ကွင်းချိန်း မနက်၅နာရီတည်းက ရောက်ရှိနေကြပြီး လေယာဉ်ပေါ်ကို မနက် ၆နာရီကျော်တည်းက ရောက်နေကြပါတယ်။ ဒါပေမယ့် လေယာဉ်ထွက်ချိန်ကျော်ပြီး ၇း၃၀ ထိမထွက်တာကြောင့် ခရီးသည်တွေမှာ လေယာဉ်ထဲမှာ
ချွေးတရွှဲရွှဲနဲ ဒုက္ခရောက်ကြရပြီး နောက်ဆုံး လေယာဉ်ဝန်ထမ်းတွေနဲ့ စကားများပြီး လေယာဉ်ပေါ်ကဆင်းကာ ကွင်းထဲဆင်းနေကြပါတယ်။

ကြာလာတော့ ခရီးသည်တွေကို ထွက်ခွာအဆောက်အအုံထဲ ကားနဲ့ပြန်ခေါ်လာရပါတယ်။ ခရီးသည်တွေကို အရေးကြီး
သံတမန်တဦး ကိုစောင့်နေတာကြောင့် ပါလို့ပြောပါတယ်။ ၈း၃၀လောက်မှာ လေယာဉ်ပေါ်ပြန်တက်ခွင့်ရခဲ့ပါတယ်။

ခရီးသည်တွေ လေယာဉ်ပေါ်ရောက်ပြီး မကြာခင်မှာ ဗိုလ်ချုပ်သန်းရွှေရဲ့မြေး ဖိုးလပြည့်တက်လာပါတယ်။
သူတက်လာပြီးမကြာခင်မှာ လေယာဉ်ထွက်ခွာပါတယ်။ လေယာဉ်ဝန်ထမ်းပြောတဲ့ သံတမန်ကတော့ ခရီးသည်တွေနဲ့အတူ ရှိနေခဲ့ပြီး သူ့ကို ရာသီဥတု မကောင်းလို့ပါလို့ ပြောကြားခဲ့ကြောင်းသိရပါတယ်။

ဖိုးလပြည့်က ရှေ့ဆုံးထိုင်ခုံမှာထိုင်လိုက်ချိန်မှာတော့ အနောက်ဘက်က လူငယ်တဖွဲ့ "ဟေး" အော်လိုက်ကြကြောင်း သိရပါတယ်။ နေပြည်တော်ရောက်တော့ ဖိုးလပြည့်ကို လေတပ်အရာရှိက လာကြိုတာ ဓါတ်ပုံမှာ တွေ့ရတဲ့ အတိုင်းပါဘဲ။

သတိရှိကြပါ။ မြန်မာနိုင်ငံသည် ယခင် အာဏာရှင်စစ်ဘီးလူးကြီး၊ ၄င်း၏ မိသားစု
နှင့် အပေါင်းအပါ ခေါင်းပေါင်းဝတ် စစ်ခေါင်းဆောင်များ၏ လက်ထဲတွင်သာ လုံးဝ တည်ရှိဆဲ ဖြစ်ပါသည်။
မေးခွန်း- လက်ရှိ ဒီမိုကရေစီအစိုးရကို သင်ဘယ်လိုမြင်ပါလဲ??