Monday, April 9, 2012

ဟေမ၀န်မီး

DVB TV News

တောင်ဥက္ကလာပ (၁၀) ရပ်ကွက်၊ မေတ္တာလမ်းပေါ်မှာရှိတဲ့ ဟေမ၀န်ဈေးမှာ ဧပြီလ (၁၀) ရက်နေ့ နံနက် ၁ နာရီခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။
ဈေးထဲမှာရှိတဲ့ ဈေးရုံ ၂၄ ရုံမှာ ရုံ(၂၀) မီးလောင်ကျွမ်းခံခဲရပါတယ်။ ရန်ကုန်တိုင်းမှာရှိတဲ့ မြို့နယ်မီးသတ်တပ်ဖွဲ့တွေအားလုံးနီးပါလာရောက်တာဝန်ထမ်းဆောင်နေပါတယ်။ မီးသတ်ကားအင်အား (၃၀) ကျော်လောက်နဲ့ အထောက်အကူပြုယာဉ်တွေလည်းလာရောက်ငြိမ်းသတ်နေတာကိုတွေ့ရပါတယ်။


Eleven Media Group
4 hours ago

တောင်ဥက္ကလာမြို့နယ် ပဒေသာရပ်ကွက် ဟေမ၀န်ဈေးတွင် ယနေ့ (ဧပြီ ၁၀)ရက် နံနက် ၁ နာရီခန့်မှ စတင်ပြီး မီလောင်ကျွမ်းမှုဖြစ်ပွားလျှက်ရှိကြောင်း သိရှိရပြီး ဈေး၏ သုံပုံနှစ်ပုံခန့် လောင်ကျွမ်းလျက်ရှိကြောင်း သိရသည်။ တောင်ဥက္ကလာမြို့နယ် ပဒေသာရပ်ကွက် ဟေမ၀န်ဈေးမီလောက်ကျွမ်းမှုကြောင့် လက်ရှိအချိန်တွင် ဆိုင်ခန်းပေါင်း ၁၃၀ ကျော်ခန့် မီလောင်ကျွမ်းခံရကြောင်း သိရှိရပြီး အတည်မပြုနိုင်သော သတင်းအရ အထည်ဆိုင်မှ စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရှိပါသည်။ ယခုလောင်ကျွမ်းမှုတွင် အထည်ဆိုင်တန်း၊ အလှကုန်ပစ္စည်းဆိုင်တန်း ရွှေဆိုင်တန်းမှဆိုင်ခန်းများ အများဆုံးပါဝင်ကြောင်း သိရှိရသည်။












NLD ပါတီအပေါ် လူအကြည်ညိုပျက်စေအောင် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့သောသတင်းများ



Ah Ba Yah
သတင်းဋ္ဌာနတွေ ဂျာနယ်တွေကိုအသုံးပြုပြီး ညီညွတ်ရေးပြိုကွဲအောင် ၊ NLD ကို စိတ်ဝင်စား ထောက်ခံနေသူများကို စိတ်ပျက်အားလျှော့စေအောင် ၊ NLD ပါတီအပေါ် လူအကြည်ညိုပျက်စေအောင် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့သောသတင်း ပါရှိသည့် ဂျာနယ်များကို လေ့လာလျှင် NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ( ဦးဉာဏ်ဝင်း ။ ဦးဟန်သာမြင့် ။ ဦးအုန်းကြိုင် ) တို့မှ ကိုယ်တိုင်ထုတ်ပြန်သောသတင်းမဟုတ်ပဲ ၊ ဘာမှမသက်ဆိုင်သော ဒေါက်တာသန်းဝင်း ၏ ပြောကြားချက်က တစ်ခု ။ ပြောရေးဆိုခွင့်မရှိသူ ဒေါက်တာ မြတ်ဉာဏစိုး ကတစ်ခု ။ အမျိုးမျိုး အမည်ကွဲလွဲ ဖေါ်ပြခဲ့ ပြီး ။ လမ်းမတော်မြို့နယ်မှNDF ပါတီ၏ အမတ် ဦးခင်မောင်ဝင်းကို NLD ၏ တရားဝင် ပါတီဝင်အဖြစ် လက်ခံလိုက်ပါပြီဟု ပြောသောရက်မှာလည်း ၄ ရက်နေ့ ဖြစ်လိုက် ၅ ရက်နေ့ ဖြစ်လိုက် အမျိုးမျိုး ဖြစ်နေတာကိုလည်း တွေ့ရပါတယ် ။
ပုံပေါ်နှိပ်ပါ။


( ၉ - ၄ - ၂၀၁၂ ) တနင်္လာနေ့ ။
ဒီနေ့မနက် ၉း၃၀ NLD ရုံးချုပ်ရှေ့ကို ahbayah သွားထိုင်ပြီး ဦးဉာဏ်ဝင်းကို ထိုင်စောင့်နေခဲ့တယ် ။ ရောက်လာပါပြီ ။ နေကာ ကို ခွပ်ဒေါင်းနဲ့ ကြယ်ဖြူ တပ်ထားတဲ့ ဇုံထုတ် ပစ်ကပ် ကား အဖြူလေးနဲ့ ဦးဉာဏ်ဝင်းတစ်ယောက် ။ ဆိုက်ဆိုက် မြိုက်မြိုက် ။
ahbayah လည်းအပြေးအလွှား ထ ။ ကိုယ်ဘယ်သူပါလို့ မိတ်ဆက် ။ ပြီးတာနဲ့ အန်ကယ် မေးစရာလေးတစ်ခုရှိလိုလာခဲ့တာပါလို့ ပြောပြီး အမေးအဖြေလေးတစ်ခုလုပ်ခဲ့တယ် ။
မေး ။ ။ အန်ကယ် ဒီနေ့နဲ့ မနေ့ကထုတ်တဲ့ ဂျာနယ်တွေထဲမှာ လမ်းမတော်မြို့နယ်က NDF အမတ် ဦးခင်မောင်ဝင်းကို NLD ပါတီဝင်အဖြစ် ၄ ရက်နေ့ ကထည်းက လက်ခံလိုက်ပြီလို့ သတင်းတွေ ပွနေအောင်ရေးထားလို့ပါ ။ ဒီကိစ္စ အမှန်ပဲလားခင်ဗျာ ။
ဖြေ ။ ။ ခက်တာပဲ ။ ဘယ်သူတွေ မြှောက်ပေးနေသလဲမသိဘူး ။ သတင်းစာတွေက ရေးချင်ရာရှောက်ရေးနေတော့တာပဲ ။ ကျွန်တော့နာမည်ကိုလည်း အလွဲ သုံးနေကြတယ် ။ အမှန်က ( ဒီလူသုံးယောက်နဲ့ပတ်သက်လို့ ကျွန်တော်တို့ ဆုံးဖြတ်ချက် ဘာမှ မချရသေးပါဘူးဗျာ ) ။

ahbayah မေးတာကို ဦးဉာဏ်ဝင်းက ယခုအတိုင်းပဲ ပြန်ပြီးဖြေဆိုသွားပါတယ် ။
တယ်ရှုပ်တာပဲ ။ NDF ကဦးခင်မောင်ဝင်းတို့ ဘာရည်ရွယ်ချက်နဲ့ မီဒီယာကို အသုံးချပြီး ဒီလိုသတင်းတွေ ပွနေအောင် ဖွနေတာလဲမသိဘူး ။ လမ်းမတော် NLD အဖွဲ့ တွေကတော့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ကန့်ကွက်လွှာကို တရားဝင် လာတင်နေကြတာကို ၁၀း၃၀ လောက်က တွေ့ခဲ့သဗျ ။
နောက်ဆက်တွဲ ဇတ်လမ်းတွေကိုတော့ ပိတ်ကားပေါ်မှာပဲ မျှော် မျှော် မျှော် ............


အန်အယ်ဒီကလူကိုယ်တိုင်ရုပ်သံနဲ့ကြေငြာချက်တွေဖတ်ပြမှပဲအတည်ယုံရတော့မလိုဖြစ်နေပြီ။(ရဲရင့်ငယ်)

ဦးခင်ညွန့်ပြောကြားချက်နှင့်ပတ်သက်ပြီးဦးတင်ဦးအားမေးမြန်းခန်း

Utin oo

သုံးနှစ်အတွင်း ပြန်လွတ်လာ မှာ...

အဂ္ဂမဟာ ဒီမိုဖက်တီး
မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ -

သတင်းထောက်တစ်ယောက်က ဒေါ်စုကို ဒီလိုမေးတယ်။ "အခု အန်တီစုကို နေအိမ်အကျယ်ချုပ်မှသည် လွတ်တော်အကျယ်ချုပ်သို့ .... ဟု ပြည်တွင်း/ပ ဝေဖန်ရေးသမားများမှ ပြောကြားနေတာကို ဘယ်လို့ တုံ့ပြန်ချင်ပါသလဲ" လို့
မေးတယ်။

ဒေါ်စုက "ရပါတယ်။ အန်တီ မကြောက်ပါဘူး။ သုံးနှစ်အတွင်း ပြန်လွတ်လာ
မှာပဲလေ" လို့ ပြန်လည် ဖြေကြားလိုက်တော့ .....

သတင်းထောက်အပေါင်း ၀ါးးးး ကနဲကို ပွဲကျသွားပါတယ်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန် အထက်လွှတ်တော်အမတ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန်ရှိ

Yangon Press International
ဧပြီ ၉ ရက်၊ ၂၀၁၂ ခုနှစ်၊ (YPI)

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန် အထက်လွှတ်တော် အမတ် ဂျင်ဝက်ဘ်သည် လာမည့် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် အမေရိကန် သံရုံး၌ သတင်းစာရှင်းလင်းပွဲ တရပ်ကျင်းပရန် ရှိသည်ဟု သိရှိရသည်။

ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နေရာ ၄၃ နေရာ၌ အနိုင်ရပြီးနောက် အမေရိကန် အစိုးရက စီးပွားရေး ပိတ်ဆို့ထားမှုများကို အတိုင်းအတာတခုထိ ရုပ်သိမ်းမည်ဆိုသည့် ထုတ်ပြန်ကြေညာချက် ထွက်ပေါ်လာပြီး ရက်အနည်းငယ်အကြာတွင် ယခုလို အထက်လွှတ်တော် အမတ် ဂျင်ဝက်ဘ် မြန်မာနိုင်ငံသို့ လာရောက်ခြင်း ဖြစ်သည်။ ။

သတင်းရေးသားသူ အမည်အား ဖော်ထုတ်ခွင့်မရှိဟု The Voice Weeklyက တရားရုံးသို့ လျှောက်ထားလွှာ။

Go The Voice go! We are with you.


ခဲဆံလေး ထောက်ခနဲကျိုးသွားခဲ့ရင်

Sai Thein Win
အမေရိကန်တွေ အာကာသထဲမှာ သုံးဖို့ ဘောပင်တစ်မျိုး သုတေသနလုပ်တာ ဒေါ်လာသန်းနဲ့ချီ ကုန်သတဲ့..
မှင် မပျစ်မခဲတာ.. နောက်ပြန်မစီးတာ.. ဆီစွန်းနေတဲ့ မျက်နှာပြင်တွေပေါ် ရေးလို့ရတာတွေ အစုံအစုံပေါ့..

ဒါကို ရုရှားတွေက ဟာသလုပ်ပါတယ်.. တို့ ရုစ္စကီးတွေက ငွေကုန်မခံဘူး.. (အကုန်မှ မခံနိုင်တာ..) အဲဒီအတွက် ငါတို့က ဘောပင်အစား ခဲတံသုံးတယ်တဲ့..
ရုတ်တရက်ဆို ရုရှားတွေက ဖြတ်ထိုးဉာဏ် တယ်ကောင်းဆိုပြီး ဖြစ်သွားမယ်.. အမှန်ကတော့ ပိုက်ဆံမရှိတဲ့ အားနည်းချက်ကို ဖုံးတာ.. တို့ရုရှားနည်း ရုရှားဟန်က အကုန်အကျနည်းပြီး အလုပ်ဖြစ်တယ်.. တို့တွေက ဆင်းရဲပေမယ့် လူပိုတော်တယ်ဆိုပြီး သိမ်ငယ်စိတ်ကို ကျားကန်ပေးတာ..

ဆိုဗီယက်ခေတ်မှာ အဲဒီလို ဝါဒဖြန့်မှုလေးတွေက လူငယ်တွေကို အတိုင်းအတာ တစ်ခုထိတော့ အကျိုးသက်ရောက်မှုရှိပါတယ်..
ဆွဲငင်အားမရှိတဲ့ နေရာမှာ ခဲဆံလေး ထောက်ခနဲကျိုးသွားခဲ့ရင် ထွက်လာမယ့် အမှုန်အမွှားတွေက အာကာသသူရဲတွေရဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်ထဲ ဝင်ပြီး ဒုက္ခအကြီးအကျယ်ပေးနိုင်တာကို မတွေးမိခင် (ပေါ်လစ်ပြူရို လူကြီးမင်းတွေရဲ့ နွေရာသီ စံနန်းတော်တွေ အကြောင်း ဗူးပေါ်သလို မပေါ်ခင်) အထိပေါ့..

တကယ်လဲ အာကာသ နည်းပညာမှာ အမေရိကန်တွေက သူတို့ထက် ပိုမညံ့ပါဘူး.. အရည်အချင်းတူရင် နောက်က ပံ့ပိုးမှု ပိုရတဲ့ လူက ပိုလုပ်နိုင်တာ အမှန်တရားပဲ.. ကျနော်တို့ဆီမှာလဲ တပ်မတော်ကို တကယ် ခေတ်မှီတိုးတက်အောင် လုပ်ချင်တယ်ဆိုရင် "မျိုးချစ်စိတ်ဓါတ်"ဆိုတဲ့ ကောက်ရိုးမီးကို တဖူးဖူး မှုတ်ပေးရုံလောက်မဟုတ်ပဲ ထိထိရောက်ရောက် ပံ့ပိုးသင့်တယ်..
ဘတ်ဂျက်ချပေးပြီးမှ ဖြစ်မလာဘူး ဆိုရင်တော့ တစ်နေရာရာမှာ ယိုနေလို့ပဲပေါ့..

ပြည်သူက မုန့်ဖိုးလိုချင်လို့ NLD ကို မဲပေးတာတဲ့ ......

အဂ္ဂမဟာ ဒီမိုဖက်တီး
အကျယ်ကြည့်ရန်ပုံပေါ်နှိပ်ပါ။


တယ်ရှုပ်တာပဲ ... ( NDF )

( ၉ - ၄ - ၂၀၁၂ ) တနင်္လာနေ့ ။
ဒီနေ့မနက် ၉း၃၀ NLD ရုံးချုပ်ရှေ့ကို ahbayah သွားထိုင်ပြီး ဦးဉာဏ်ဝင်းကို ထိုင်စောင့်နေခဲ့တယ် ။ ရောက်လာပါပြီ ။ နေကာ ကို ခွပ်ဒေါင်းနဲ့ ကြယ်ဖြူ တပ်ထားတဲ့ ဇုံထုတ် ပစ်ကပ် ကား အဖြူလေးနဲ့ ဦးဉာဏ်ဝင်းတစ်ယောက် ။ ဆိုက်ဆိုက် မြိုက်မြိုက် ။
ahbayah လည်းအပြေးအလွှား ထ ။ ကိုယ်ဘယ်သူပါလို့ မိတ်ဆက် ။ ပြီးတာနဲ့ အန်ကယ် မေးစရာလေးတစ်ခုရှိလိုလာခဲ့တာပါလို့ ပြောပြီး အမေးအဖြေလေးတစ်ခုလုပ်ခဲ့တယ် ။
မေး ။ ။ အန်ကယ် ဒီနေ့နဲ့ မနေ့ကထုတ်တဲ့ ဂျာနယ်တွေထဲမှာ လမ်းမတော်မြို့နယ်က NDF အမတ် ဦးခင်မောင်ဝင်းကို NLD ပါတီဝင်အဖြစ် ၄ ရက်နေ့ ကထည်းက လက်ခံလိုက်ပြီလို့ သတင်းတွေ ပွနေအောင်ရေးထားလို့ပါ ။ ဒီကိစ္စ အမှန်ပဲလားခင်ဗျာ ။
ဖြေ ။ ။ ခက်တာပဲ ။ ဘယ်သူတွေ မြှောက်ပေးနေသလဲမသိဘူး ။ သတင်းစာတွေက ရေးချင်ရာရှောက်ရေးနေတော့တာပဲ ။ ကျွန်တော့နာမည်ကိုလည်း အလွဲ သုံးနေကြတယ် ။ အမှန်က ( ဒီလူသုံးယောက်နဲ့ပတ်သက်လို့ ကျွန်တော်တို့ ဆုံးဖြတ်ချက် ဘာမှ မချရသေးပါဘူးဗျာ ) ။

ahbayah မေးတာကို ဦးဉာဏ်ဝင်းက ယခုအတိုင်းပဲ ပြန်ပြီးဖြေဆိုသွားပါတယ် ။
တယ်ရှုပ်တာပဲ ။ NDF ကဦးခင်မောင်ဝင်းတို့ ဘာရည်ရွယ်ချက်နဲ့ မီဒီယာကို အသုံးချပြီး ဒီလိုသတင်းတွေ ပွနေအောင် ဖွနေတာလဲမသိဘူး ။ လမ်းမတော် NLD အဖွဲ့ တွေကတော့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ကန့်ကွက်လွှာကို တရားဝင် လာတင်နေကြတာကို ၁၀း၃၀ လောက်က တွေ့ခဲ့သဗျ ။
နောက်ဆက်တွဲ ဇတ်လမ်းတွေကိုတော့ ပိတ်ကားပေါ်မှာပဲ မျှော် မျှော် မျှော် ............

ploaded by BurmaVJMedia on 9 Apr 2012

အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်လည် ဝင်ရောက်ဖို့ လျှောက်ထားခြင်းကို လက်မခံနိုင်တဲ့ အကြောင်း
ဧပြီလ (၈) ရက်နေ့က လမ်းမတော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ပါတီဝင်တွေက အများဆန္ဒနဲ့အညီ ထုတ်ဖော်ကြေငြာလိုက်ပါတယ်။


Uploaded by BurmaVJMedia on 9 Apr 2012

ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခန်းသစ် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ဧပြီလ ၈ ရက်နေ့ က ကမာရွတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စည်းရုံးရေးအဖွဲ့ ဥက္ကဌ ဦးတင်ဝင်းရဲ့နေအိမ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဒီအခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက အဖွဲ့ဝင်တွေဖြစ်တဲ့ ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ အဖွဲ့ချုပ် မှ ဦးလှဖေ၊ ဦးသန်းထွန်း၊ ဦးညွန့်ဝေ၊ ဦးစောနိုင်းနိုင်း နဲ့ ဒေါ်ဖြူဖြူသင်း တို့ တက်ရောက် လာခဲ့ပြီး ပြည်သူတွေကို အမှာစကားများ ပြောသွားခဲ့ပါတယ်။ ပြည်သူလူထု ၂ဝဝဝ ကျော်တက်ရောက်ခဲ့ကြပြီး ကမာရွတ်မြို့နယ်အတွင်း အဖွဲ့ချုပ် ရုံးခန်းတွေ ကို ယခင် က ငါးကြိမ်တိုင် ဖွင့်လှစ်ခဲ့ဖူးသော်လည်း အာဏာပိုင်တွေ ရဲ့ နှောင့်ယှက်မှုတွေကြောင့် ဖျက်သိမ်းခံရပြီး ယခု ၆ ကြိမ်မြောက် မှာတော့ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပါသည်။



Uploaded by BurmaVJMedia on 9 Apr 2012

ဒေါ်အောင်ဆန်းစုကြည် KNU ငြိမ်းချမ်းရေးအဖွဲ့နဲ့တွေ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကရင်အမျိုးသား အစီးအရုံး (KNU) အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်တဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ နဲ့ ဧပြီလ ၈ ရက်နေ့ က တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံမှုမှာ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ အတွက် အဓိကထား ဆွေးနွေးသွားခဲ့ကြတယ်လို့သိရပါတယ်။