Tuesday, April 10, 2012

ဦးဇော်မင်းပိုလို့ ထုတ်ရောင်းလိုက်တာလိုသွားပြီ

The Voice Weekly
ရွှေလီမှ လျှပ်စစ်ဓာတ်အားဝယ်မည်

ရန်ကုန်၊ ဧပြီ ၁၀

တရုတ်ကုမ္ပဏီနှင့် ပူးပေါင်းတည်ဆောက်ခဲ့သော ရွှေလီရေအား လျှပ်စစ်စီမံကိန်း၏ တာဘိုင်စက်တစ်လုံးမှ ထွက်ရှိသည့် လျှပ်စစ်ဓါတ်အားများကို ရန်ကုန်မြို့တော်၏ လျှပ်စစ်ဓါတ်ဖူလုံရေး အတွက် ရည်ရွယ်ပြီး အမှတ် ၂ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝယ်ယူသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဌ ဦးအောင်ခိုင်က ပြောကြားသည်။

အဆိုပါရွှေလီရေအားလျှပ်စစ်စီမံကိန်းတွင် လျှပ်စစ်တာဘိုင် ခြောက်လုံးရှိပြီး လောလောဆယ် နှစ်လုံး ဝယ်ယူထားပြီး နောက်ထပ်တစ်လုံးထပ်မံ၍ အမြန်ဆုံး ဝယ်ယူသွားမည် ဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ကြောင်း ၎င်းကဆိုသည်။

“ရန်ကုန်မှာ မီးမရှိရင်ဖြစ်တတ်တဲ့ ဒုက္ခတွေကိုကျွန်တော်တို့သိပါတယ်။ ဒါကြောင့် လျှပ်စစ် လုံလုံ လောက်လောက် ပေးနိုင်ဖို့ ကြိုးစားနေပါတယ်”ဟု ၎င်းကဆက်လက်ဆိုသည်။

ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်လွှဲပြောင်းလိုက်တဲ့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အမှုဆောင်သစ်အဖွဲ့၊

Uploaded by RFABurmeseVideo on 10 Apr 2012

လွတ်လပ်တဲ့အာရှအသံ RFA ရုပ်မြင်သံကြားအစီအစဉ်
(ဧပြီ ၁ဝ ရက် ၂ဝ၁၂)

- မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အလုပ်အမှုဆောင် အဖွဲ့သစ်ကို တရားဝင် တာဝန် လွှဲပြောင်းပြီ၊
- ပိတ်ဆို့အရေးယူမှု လျှော့ပေါ့ရေး အမြန် အကောင်အထည် ဖော်နိုင်အောင် ဆောင်ရွက်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြော၊
- "လူထုခေါင်းဆောင်" ကနေ "နိုင်ငံရေးသမား" ဖြစ်လာတော့မှာကြောင့် ရှေ့ခရီးလမ်း ခက်ခဲမယ့်အကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton ပြောကြား၊
- ဗြိတိန်ဝန်ကြီးချုပ် သောကြာနေ့ မြန်မာနိုင်ငံကို လာမည်၊
- ကုလ အထူးကိုယ်စားလှယ် Vijay Nambir လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံ ခရီးစဉ် အစီရင်ခံစာ တင်မည်၊
- ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် Holocaust Memorial ပြတိုက်က ဂုဏ်ထူးဆောင်ဆု ချီးမြှင့်မည်၊
- စစ်မှန်တဲ့ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်သွားဖို့ ၈၈ မျိုးဆက်ကျောင်းသားများနဲ့ ကရင်နီပြည်နယ် လူငယ်များ သဘောတူ ကြေညာချက်ထုတ်ပြန်၊
- NLD နာယက ဦးတင်ဦးနဲ့ အဖွဲ့ တောင်ဥက္ကလာ ဟေမဝန်ဈေး မီးဘေးသင့် ဆိုင်ပိုင်ရှင်တွေကို သွားရောက် တွေ့ဆုံ၊
- ၂ သိန်းတန် GSM လက်ကိုင်ဖုန်း စတင်ရောင်းချ၊
- NLD ရွေးကောက်ပွဲ အောင်နိုင်ရေး စည်းရုံးပေးခဲ့သည့် အနုပညာရှင်များကို ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြု၊
... စတဲ့ သတင်းတွေနဲ့
- ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်လွှဲပြောင်းလိုက်တဲ့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အမှုဆောင်သစ်အဖွဲ့၊
- ပြည်ပက ကားအသစ် သွင်းခွင့်ရဖို့ ကားဟောင်း ပြန်အပ်သူတွေ ကြုံရတဲ့ အခက်အခဲများ။
- စသုံးလုံး ဌာနချုပ်မှာ စစ်ဆေး ခံနေရချိန် အတွင်း တိုက်ပေါ်က လိမ့်ကျသေဆုံးခဲ့သူ နန်းဝိုးဖန်၊
- 'ဗေဒါ' အခမဲ့ စာသင်ကျောင်း တာဝန်ခံ ကိုမျိုးရန်နောင်သိန်းနှင့် တွေ့ဆုံ မေးမြန်းခန်း၊
- မွန်တိုင်းရင်းသားဘာသာ အစီအစဉ် (ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ မွန်ရိုးရာ တူရိယာ- မြန်မာဘာသာ စာတန်းထိုး)
... စတာတွေကို ဒီနေ့ ကြည့်ရှုရမှာပါ။

ကျောင်းသားဝတ္တရား (ကိုအောင်ဆန်း)


(ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားဘ၀တွင် ရေးသားခဲ့သောဆောင်းပါး) ၊
by Lu Maw on Tuesday, April 10, 2012 at 3:54am ·
                အင်္ဂလိပ်စာရေးဆရာကြီး ရှိတ်စပီးယားက "ကမ္ဘာအလုံးစုံသည် ဇာတ်ခုံမျှသာတည်း"ဟု မိန့်မြွက်ဖူး၏။ ထိုကမ္ဘာ့ဇာတ်ခုံတွင် လူအမျိုးမျိုး၊အရွယ်အမျိုးမျိုး၊ အတန်းအစားအမျိုးမျိုးတို့သည် ကိုယ့်အခန်းကို ကိုယ်ကိုင်၍ ဇာတ်နိုင်အောင် ခင်းသွားရလေသည်။သို့ဖြစ်ရာ လူတိုင်းလူတိုင်းမှာ သိကြားတတ်သောအချိန် အရွယ်မှစ၍သေသည်ထိအောင် မိမိ၏ အလုပ်ဝတ္တရားအဖြစ်ရှိ၏။ ထိုဝတ္တရားကို ကျေပွန်မှသာလျှင် လောက၌ လူဖြစ်ကျိုးနပ်ပေမည်။ ကမ္ဘာ၏နောက်ခေတ် အမွေခံဖြစ်သော ကျွန်တော်တို့ကျောင်းသားတို့မှာလည်း အထူးသဖြင့်အသက် ၁၆နှစ် ၊ ၁၇ နှစ်မှ အထက်သို့ရှိသော ကျောင်းသားများမှာလည်း အဆိုပါဝတ္တရားဥပဒေမှ မကင်းလွတ်ကြချေ။ ယင်းဖြစ်လျှင် ကျောင်းသားဝတ္တရားသည် အဘယ်နည်း။
                  အမြင်ကျယ်ကျယ် ကြည့်လေ့ရှိသော သူတို့သည်  ကျောင်းသားဆိုသည်မှာ အတန်းစာကျက်၍ စာမေးပွဲအောင်ရုံမျှ ဟူသော အများအယူအဆ တိမ်းခြင်းအဖြစ်ကို သိရှိကြလေပြီ။ ထိုအယူအဆကား ခေတ်အောက်ကျသည့် အယူအဆမျှသာဖြစ်ပေသည်။
                  ပညာရေးကို ကျွမ်းကျင်သော ကမ္ဘာ့ပညာရှိတို့သည် လောကရေး ၊ ဓမ္မရေး ပြဿနာအရပ်ရပ်တို့ကို စိစစ်ဝေဖန်ဖြေရှင်းတတ်သောပညာမှ စာအုတ်ပေစာကို အံ၍ရသော အမှတ်သညာနှစ်ရပ်ကို ခွဲခြားထားလေသည်။ စာမေးပွဲကိုအောင်မြင်သူသည် လောကစစ်ပွဲတွင်လည်း အောင်မြင်နိုင်သည့် အရည်အချင်းရှိသည်ဟု မုချဆက်ဆက် မဆိုသာချေ။ ဤသို့လျှင် စာမေးပွဲ အကြောင်းသနစ်ကို ဖော်ထုတ်လာကြသည်။
                 An Examination of Examination စာမေးပွဲများ၏ အကျိုး-အပြစ် စစ်ဆေးချက်ဆိုသော စာအုပ်တွင် ဤအချက်ကို ရှင်းလင်းပြထားပေ၏။ စာမေးပွဲတစ်ခု၏ အဖြေစာရွက်များကို စာစစ်သူအမျိုးမျိုးစစ်ဆေးရာ အဖြေတစ်ခုတည်းကိုပင် အမှတ်ပေးပုံချင်းမတူသည်ကို တွေ့ရပေသည်။ တစ်ဖန် စာစစ်သူတစ်တည်း ၄င်းတစ်နှစ်က ဖျက်ခဲ့သောအဖြေကို နောက်ထပ် စစ်ဆေးသောအခါ ပထမ အမှတ်ပေးပုံနှင့် နောက်တစ်ခါ အမှတ်ပေးပုံချင်း ကွာခြားသည်ကို တွေ့ရလေသည်။ ကမ္ဘာကျော် ပြဇာတ်ရေးဆရာ ဘားနတ်ရှောကလည်း ထိပ်ကျသော ကျောင်းသားသည် လောကတွင် အောက်ဆုံးထစ်ရောက်တတ်သည်ဟု မိန့်ဆိုဖူး၏။
                 ဤတွင် ကမ္ဘာကျော်စာရေးဆရာ၏ အရေးအသားကို ၄င်းရေးသားသဖြင့် ယုံကြည်ရမည်ဟု မဆိုလို ။ သို့ရာတွင် ၄င်းကား အကြောင်းမဲ့ မရေးသားရာ ။ ယင်းသို့ဖြစ်ရကား ကျွနိုပ်တို့သည် ကမ္ဘာရာဇ၀င်သာမက အထောက်အထားများကို ကြည့်မည်ဆိုလျှင် ကမ္ဘာထိပ်တန်း ကျရောက်သော ပုဂ္ဂိုလ်တို့သည် စာမေးပွဲများတွင် ထိပ်တန်းကျသူချည်း မဟုတ်ပေ။
                  ဥပမာ အနည်းငယ် ထုတ်ပြရသော် ယခုခေတ် ထိပ်တန်းသမားများတွင် ဟစ်တလာ ၊မူဆိုလိုနီသည် ကျောင်းမှပင် ကောင်းစွာမနေခဲ့ကြရပေ။ မဟတ္တမဂန္ဒီသည်လည်း ကောလိပ်ကျောင်းတွင် ရောက်ဖူးရုံမျှသာရှိ၍ ကျောင်းသားအဖြစ် နေစဉ်အခါက ထူးထူးချွန်ချွန်မရှိချေ ။ ပဏ္ဍစ် ဂျဝါဟာလာနေရူးသည်လည်း အင်္ဂလန်ပြည်ရှိ နာမည်ကျော် ကျောင်းနှင့် တက္ကသိုလ်တို့မှ အောင်မြင်လင့်ကစား ကျောင်းသားအဖြစ်များစွာမထူးချွန်လှချေ ။ ဘီအေဂုဏ်ထူးတန်းတွင် ဒုတိယတန်းမျှသာ ရလေသည်။ သို့ရာတွင် ထိုအခါက ၄င်းအထက်ပထမရခဲ့သူတစ်ဦးမှာ ရန်ကုန်တွင် ပါမောက္ခတစ်ဦးအဖြစ် ၄င်းကဲ့သို့ ကျော်ကြားခြင်းမရှိချေ။ အင်္ဂလိပ်စာရေးဆရာကြီးများဖြစ်ကြသော ၀ိုးလ်စမစ်၊ ဆာဝါလတာစကော့စသော ပုဂ္ဂိုလ်များမှာလည်း ကျောင်းနေစဉ်က ထူးချွန်ခြင်းမရှိပေ။
                  ဆာဝါလတာစကော့မှာမူ လူ့ငနွား ဟုပင်ဆရာ၏အဝေဖန်ခံရလေသည်။ ဤကား ဥဒါဟရုဏ်ကို အကျဉ်းမျှ သရုပ်ပေါ်အောင် ပြလိုက်ခြင်းပေတည်း။ ဤသို့ဖြစ်ရခြင်း၏ အကြောင်းအရင်းကိုစစ်ရလျှင် လူတစ်ဦးတစ်ယောက်၏ တန်ဖိုးကို မည်မျှရှိသည်ဟုချိန်ဆရန် သတ်မှတ်ထားသောနည်းလမ်း မရှိသောကြောင့် ဖြစ်လေသည် ။
                  စင်စစ်သော်ကား ကျောင်းတွင် တစ်ခါမျှမနေဘူး၍ စာတစ်လုံးမျှ မသင်ဖူးသူပင် ပညာရှိဖြစ်နိုင်၏ ။ ဤကားဖြစ်နိုင်သည့်အကြောင်းကို ကျွန်ုပ်ဆိုခြင်း ဖြစ်ပေသည် ။ ယခု ကမ္ဘာပေါ်ရှိသည့် စာအုပ်အားလုံးသည် အရင်းစစ်လျှင် လောကအကြောင်းကို အမျိုးမျိုးမှတ်သားချက်များသာဖြစ်ပေသည်။ ထိုမှတ်သားချက်များကိုရေးသူများ၏အာဘော် ၊ ၄င်းတို့ရေးရာဒေသ ၊ ရေးသည့်အချိန်ကာလစသည်တို့ကိုကြည့်၍ ဝေဖန်ပြီးလျှင် လောကအလုပ်ဝတ္တရားတွင် သုံးစွဲတတ်မှသာ စာတတ်အမှန်ဖြစ်ပေသည်။
                 အကယ်၍ စာမတတ်သူသည် လောကအမှတ်သားကောင်းမွန်၍ နေရာချတတ်ပါလျှင် စာတတ်နေရန် မလိုချေ ။ ထို့ကြောင့်ပင် မူဆိုလိုနီက ၄င်း၏အတ္ထုပ္ပတ္တိတွင် ကျွနိုပ်ဖတ်ခဲ့သော အကြီးဆုံးသောစာအုပ်ကား ၊ ကျွန်ုပ်နေခဲ့သော လောကကြီးပင်တည်း ဟု ရေးထား၏။ ထိုကဲ့သို့ စာအုပ်စာပေမှ ကျော်လွန်သောပညာကို အဘယ်သို့ရအံ့နည်း။
                 ထိုပညာစစ်ကိုရရန် လွတ်လပ်စွာ တွေးတောပြောဆို ဆွေးနွေးလုပ်ကိုင်လိုသောစိတ် မွေးရန်လို၏ ။ဤအချက်ကို ပညာရေးကျွမ်းကျင်သူ ပဂ္ဂိုလ်တို့က (Academic Freedom ) ပညာသင်ကြားရေးလွတ်လပ်ခွင့်ဟု ခေါ်ကြ၏ ။ ဤအချက်ကား ကမ္ဘာရာဇ၀င်ကို တစ်မျိုးတစ်မည် ပြောင်းလွဲစေသည့် ရီနေဆန် နှင့် ရီဖောင်မေးရှင်းခေါ် ခေတ်သစ်ဝါဒ လောကဓာတ်ပညာ ပြန့်ပွားရာ အကြောင်းအရင်းတည်း။ ဤအချက်ကားကျွန်ုပ်တို့၏ ဂေါတမဘုရားသခင် ဟောကြားသော ကာလမသုတ္တန် သဘောအရပင်တည်း။
                 ထိုလတ်လပ်စွာတွေးတော ပြောဆိုဆွေးနွေး လုပ်ကိုင်လိုသော စိတ်ရှိရမည်ဆိုရာတွင် ကျွန်ုပ်တို့သည် မိမိထင်ရာတွေးတောပြောဆို လုပ်ကိုင်ခြင်းမဟုတ်ပေ ။ လောကရှိ လူအပေါင်းတို့သည် ရေတွင်းတစ်တွင်းရှိ ဖားသူငယ်ကဲ့သို့နေ၍မဖြစ်ပေ ။ တစ်ဦးနှင့်တစ်ဦး ကူးလူးဆက်ဆံရလေသည် ။ယခုခေတ်အခါတွင် ဤသို့ကူးလူးဆက်ဆံခြင်းမှာ ပိုမို၍ပင်ကျယ်ပြန့်လာလေသည်။ ယခု အတိုင်းတိုင်း အပြည်ပြည်တွင် ကြုံတွေ့နေရသော ရှားပါးရေးခေတ်သည် ထိုဥပဒေကို လွန်ဆန်၍ ကိုယ်ဘက်ကိုယ့်သဘောကိုသာမြင်သော ၀ါဒကြောင့် ဖြစ်သော ကမ္ဘာစစ်ကြီး၏ ပဲ့တင်သံဖြစ်လေသည် ။
ထိုသို့ဖြစ်ရာ လူတိုင်းလူတိုင်း တစ်ဦးနှင့်တစ်ဦး အပေါင်းအသင်းသမဂ္ဂရှမှသာ အမျိုးမျိုးသော အယူအဆ အမှတ်အသားတို့ကို တွေ့မြင်သိရှိရ၍ ပိုမို အမြင်ကျယ်လာနိုင်သည်။ သို့အမြင်ကျယ်မှ တစ်ဦးကိုတစ်ဦး အနာခံတက်ခြင်း၊ စောင်မကူညီခြင်း၊ အပြောအဆိုအနေအထိုင် ပြုပြင်လာခြင်း စသည်ဖြင့် လောက၌ လူလုပ်တတ်သည့် အရည်အချင်းများ ရနိုင်လေသည်။
                    ထို့ကြောင့် ထိုကူးလူးဆက်ဆံရေး အမြင်သန်အောင် ကျောင်းများ၊ တက္ကသိုလ်များတွင် ကျောင်းအိပ် ၊ကျောင်းစားထားခြင်း ၊အသင်းအပင်းများထောင်ခြင်း စသည်တို့ ပြုလုပ်ကြရလေသည်။ သို့ရာတွင် အပေါင်းအသင်း သမဂ္ဂ အတွက် ပြုလုပ်ရာတွင် လွတ်လပ်စွာ မပြောရ၊ မဆိုရ ၊ မလုပ်ရ၊ မဆွေးနွေးရ လျှင် မျက်စိပိတ်ထားသည်နှင့် တူပြန်သည်။ သို့ဖြစ်ရာ နှစ်ဖက်နှစ်ချက်စုံမှ ပညာရေးအစစ် မည်လေသည်။
                   တစ်ဖန် ယနေ့ဖြစ်သော ကျောင်းသားများသည် နက်ဖြန်ပြည်ကြီးသားများဖြစ်ကြ၏ဟု ဆိုရိုးစကားရှိ၏။ သို့ဖြစ်ရာ ပြည်ကြီးသားတို့၏ အင်္ဂါလက္ခစာတို့နှင့်ညီအောင် အုပ်ချုပ်နည်း၊ မိမိအခွင့်အရေးအတွက် တိုက်ခိုက်နည်း၊ စကားပြောနည်း၊ စည်းကမ်းသေ၀ပ်နည်း၊ ကိုယ်လက်ကျန်းမာရေးစသည်ဖြင့် နည်းမျိုးစုံအောင် အသင်းအပင်းများ၊ ကစားနည်းများကို ထွင်ကြ၏။ ဤသို့မျှမက ယခုအခါ တစ်နိုင်ငံနှင့် တစ်နိုင်ငံမှာခွဲစိတ်၍မဖြစ်နိုင် ။ တရုတ်ပြည် ၊စပိန်ပြည်၊ ပါလက်စတိုင်းပြည်တွင် အဖြစ်အပျက်များသည် ဤတိုင်းပြည်ကိုလည်းကောင်း၊ ကမ္ဘာ့ယဉ်ကျေးခြင်းကိုလည်းကောင်း၊ မည်သို့မည်ပုံ ထိခိုက်မည်ဟု သိနိုင်အောင် ကမ္ဘာအခြေအနေကို မိမိရရ သိရန်လို၏။
                  ဤသည်ကိုကား အကြမ်းမျှ ကျောင်းသားများပြုလုပ်ရမည့် ၀တ္တရားများဖြစ်ကြ၏။ထို့ကြောင့် ကမ္ဘာရှိကျောင်းသားအပေါင်းတို့သည် လှုပ်လှုပ်ရွရွဖြစ်၍ စစ်မက်တားမြစ်ရေး ၊အလုပ်လက်မဲ့ ပပျောက်ရေး ၊အကြောင်းစနစ်များ ရှာဖွေနေကြ၏၊ အခြေမထူးခြားလှသော စပိန်ပြည် နှင့်တရုတ်ပြည်တို့တွင် ကျောင်းသားတို့မှာ ကိုယ်ထိလက်ရောက်တိုက်ခိုက်နေကြရ၏။ ထို့ကြောင့် အချိန်နှင့် အခါအလျောက်လည်း ကျောင်းသား၏ ၀တ္တရားလည်းကွဲလာ၏ ။ ဤပြဆိုပြီးသော ကျောင်းသားဝတ္တရား အားလုံးကို သည့်မြင်သည်နှင့်အညီ နောင်သော် ဗမာပြည်ကို ဖန်တီးမည့် ကျောင်းသားများသည် ယခုအခါ လူများကဲ့သို့ မညီမညွတ် ၊ မလုပ်တက်မကိုင်တက် မကိုင်တတ်မဖြစ်ရအောင် ကျွန်ုပ်တို့သည် ယခုအခါ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအသင်းကြီးကို အထင်အရှား တည်ထောင်ထား၏။
                     ထိုအသင်းသို့ ၀င်ရောက် အားပေး၇န်မှာ ကျောင်းသားတိုင်း၊ တိုင်းပြည်ချစ်စိတ်ရှိသောသူတိုင်းတို့၏ တာဝန်ဝတ္တရားပင်တည်း။ ။
ဒီလှိုင်းစာစောင် အတွဲ(၁) အမှတ်(၁၃)  အင်္ဂါနေ့ ၁၀-၄-၂၀၁၂ တွင်ပါသောဆောင်းပါးအားကူးယူဖော်ပြပါသည်။


The Lady ကြည့်ပြီးဟီလာရီရဲ့ မှတ်ချက်

Uploaded by statevideo on 10 Apr 2012

U.S. Secretary of State Hillary Rodham Clinton delivers remarks at the screening of the Aung San Suu Kyi Biopic "The Lady," at the Motion Picture Association in Washington, D.C. on April 9, 2012. [Go to http://video.state.gov for more video and text transcript.]




ဒီမိုကရေစီခရီးစဉ် လွယ်ကူဖွယ်ရာမရှိ
2012-04-10

မြန်မာ့ဒီမိုကရေစီအရေးမှာ"လူထုခေါင်းဆောင်" အဖြစ်ကနေ လွှတ်တော်ထဲ ၀င်ရောက်ပြီး "နိုင်ငံရေးသမား" အဖြစ်ရပ်တည်တော့မှာ ဖြစ်တဲ့အတွက် ရှေ့လာမယ့် ခရီးလမ်းဟာ မလွယ်ကူဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို အကြံပြု သတိပေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton ကမနေ့က ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တလောက သူတယ်လီဖုန်းပြောခဲ့စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွှတ်တော်ထဲဝင်ရောက်ပြီး ဆောင်ရွက်ရမယ့် နိုင်ငံရေးဟာ "စေ့စပ်ညှိနှိုင်း ဆွေးနွေးပြီး အဖြေရှာခြင်း တနည်းအားဖြင့် နိုင်ငံရေးမှာ အပေးအယူလုပ်ရမယ့်" နိုင်ငံရေးသဘောမျိုး အဓိကဖြစ်လာလိမ့်မယ်။ ဒါကလည်း ဒီမိုကရေစီရဲ့ အနှစ်သာရ သဘောတရားလည်းဖြစ်တယ်။ စေ့စပ်ညှိနှိုင်းအဖြေရှာခြင်း၊ အပေးအယူလုပ်ခြင်းဟာ ညစ်ညမ်းတဲ့ ဝေါဟာရမဟုတ်ပါဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

Motion Picture Association of America အမေရိကန်ရုပ်ရှင်လုပ်ငန်း အသင်းကြီးမှာ မနေ့က ပြင်သစ်ဒါရိုက်တာ Luc Besson ရဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘ၀ပုံရိပ်ကို ရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်ကား ပြသတဲ့ပွဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောသွားတာပါ။

ဒီမိုကရေစီဆိုတာ မိမိနဲ့အမြင်သဘောထား လုံးဝမတူညီသူတွေနဲ့ အတူတကွ လက်တွဲလုပ်ဆောင်ရမှာ ဖြစ်တယ်လို့ မစ္စစ် ကလင်တန်က ပြောပါတယ်။ ဒါ့အပြင် လက်ရှိ မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ အချိန်မရွေး ပျက်စီးသွားနိုင်တယ်ဆိုတာ မြန်မာပြည်သူတွေကရော အားလုံးကပါ လက်ခံထားပြီးသားဖြစ်သလို၊ တစ်ချိန်တည်းမှာလည်း ဒီမိုကရေစီခရီးစဉ်မှာ အားလုံးနဲ့ လက်တွဲလုပ်ဆောင်မယ်ဆိုတဲ့ သံဓိဋ္ဌာန်ဟာ နိုင်ငံရေးသမား တစ်ဦးအနေနဲ့ ဆုံးဖြတ်ထားရမယ့် အချက်ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။
http://www.rfa.org/burmese/news/hillary-clinton-assk-04102012072552.html

ပန်းစည်းပေးခွင့်ရပါစေကလေးရယ်...

RFA Burmese
April 3
ဧပြီလ ၁ ရက်နေ့က NLD ရုံးချုပ်ရှေ့မှာ ရိုက်ထားတဲ့ပုံပါ။
ဓာတ်ပုံ - RFA



ဗိုလ်ချုပ်အောင်ဆန်းနေရာ သရုပ်ဆောင်နေရာအတွက်စိတ်ကြိုက်မတွေ့ သေးလို့ ထပ်လျောက်နိုင်

Bogyoke Aung San Movie
6 hours ago

၂၀၁၂ ခုနှစ် ဧပြီလ 10 ရက်တွင် ကျင်းပပြုလုပ်သော ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ ၁၁/၂၀၁၂ အစည်းအဝေး ဆုံးဖြတ်ချက် အရ သရုပ်ဆောင်သစ်ထပ်မံ ခေါ်ယူရန် သတင်းထုတ်ပြန်ချက်






ဦးသိန်းစိန်အစိုး၇နောက်ကြောင်းပြန် လှည့်နေပြီလား...


သရုပ်ဆောင်အဆိုတော်မခိုင်(ထွန်းအိန္ဒြာဗို)ကနောက်ပြန်လှည့်ခဲ့ရင်တော့ကျမတို့ အတွက်
အပိတ်ခံရတာတွေဖြစ်နိုင်တယ်လို့ အာအက်ဖ်အေမေးမြန်းခန်းမှာပြောခဲ့တယ်...
အခုအဆို​တော် ထူး​အယ်လင်း​နဲ့​ မီး​မီး​ခဲ၊အဆို​တော်လင်း​လင်း​တို့သီဆိုခွင့်ပါမစ်မရဖူးဆိုတော့ဦးသိန်းစိန်အစိုး၇နောက်ကြောင်းပြန်
လှည့်နေပြီလား...
ဦးကျော်ဆန်းကလည်းတရားမ၀င်ပါတီလို့ သုံးနုံးပြီးနေပြည်တော်မှာပြောခဲ့ပါသေးတယ်။


သင်္ကြန်တွင် အဆို​တော်အချို့ သီဆိုခွင့်​မရ
Published on April 10, 2012 by နော်နိုရင်း

မြန်မာ့​ရိုး​ရာမဟာသင်္ကြန်အတွင်း​ ​နေပြည်​တော်မှာ သွား​ရောက် သီဆို​ဖျော်​ဖြေမယ့်​ အဆို​တော်တချို့​ သီဆို​ဖျော်​ဖြေဖို့​ ကုမ္ပဏီနဲ့​ ကန်ထရိုက်ယူပြီး​မှ ပယ်ချခံခဲ့​ရပါတယ်။

လာမယ့်​ ၁၂ ရက်​နေ့​မှာ ​နေပြည်​တော်က ACE မဏ္ဍပ်မှာ ​ဖျော်​ဖြေမယ့်​ အဆို​တော် ထူး​အယ်လင်း​နဲ့​ မီး​မီး​ခဲ ခုလိုပယ်ချခံလိုက်ရတာလို့​ ကာယကံရှင်က ​ပြောပါတယ်။

နေပြည်​တော်က ပါမစ်မ​ပေး​လို့​ လာစရာ မလို​တော့​ဘူး​လို့​ ပွဲကို စီစဉ်​ပေး​တဲ့​ အင်ဂျင်နီယာက အ​ကြောင်း​ကြား​လာတယ်လို့​ ထူး​အယ်လင်း​က ​ပြောပါတယ်။

“အပိတ်ခံရတယ်လို့​ ကျ​နော်တို့​ ​သေချာမသိဘူး​။ စား​ရင်း​တင်တဲ့​အထဲမှာ ကျ​နော်တို့​ မပါဘူး​။ ပါမစ်မ​ပေး​ဘူး​လို့​ ​ပြောတယ်။ ကျ​နော်တို့​လည်း​ တိတိကျကျသိ​အောင် ​သေချာစုံစမ်း​နေတယ်။ အနီး​ကပ်မှ ဖြုတ်လိုက်​တော့​ ကျ​နော်တို့​ဘက်က ​တော်​တော်​လေး​ ထိခိုက်တယ်။ ကျန်တဲ့​ကိစ္စက​တော့​ ကျ​နော်မ​ပြောတတ်ဘူး​။ ​ငွေ​ရေး​ကြေး​ရေး​က​တော့​ နစ်နာတာ​ပေါ့​။ ​တွေး​ကြည့်​ရင်း​နဲ့​ ပတ်ပြီး​ ဖြစ်​နေမှာစိုး​လို့​ ဘာမှကို မ​တွေး​တော့​ဘူး​။ ပယ်တယ်ဆိုရင်လည်း​ မတတ်နိုင်ဘူး​ပေါ့​။ မနက်ဖြန်ကျရင် ခရီး​စထွက်မယ်ဆိုပြီး​ အား​လုံး​ ပြင်ပြီး​နေမှ ဒီက​နေ့​ကျမှ သိတာ။”

ပုံမှန်အား​ဖြင့်​ သင်္ကြန်မှာ မဏ္ဍပ်​ဆောက်ပြီး​ရင် မဏ္ဍပ်ပါမစ်အရ ​ဖျော်​ဖြေခွင့်​ရပြီ ဖြစ်ပါတယ်။ ဒါ​ပေမယ့်​ဘာ​ကြောင့်​ သူတို့​ကို သီဆိုခွင့်​မရှိတာလည်း​ ဆိုတာကို မသိရဘူး​လို့​ ​ပြောပါတယ်။

မန္တ​လေး​မှာ ​ဖျော်​ဖြေမယ့်​ အဆို​တော်လင်း​လင်း​ကလည်း​ အလား​တူ အပိတ်ခံရတယ်လို့​ သိရပါတယ်။
http://burmese.dvb.no/archives/23995

မီး​ပူဖြင့်​ အကပ်ခံရသည့်​အမှု ရဲက လျစ်လျူရှု


Published on April 10, 2012 by ​အေး​နိုင်

ပဲခူး​မြို့​မှာ ​ရှေ့​နေအမျိုး​သမီး​တဦး​က သူ့​ရဲ့​ အိမ်​ဖော်က​လေး​ငယ်ကို မီး​ပူနဲ့​ကပ်လို့​ ဒဏ်ရာရရှိတယ်ဆိုတဲ့​သတင်း​ ပြည်တွင်း​ဂျာနယ်မှာ ပါလာ​ပေမယ့်​ အ​ရေး​မယူဘူး​လို့​ လိုက်ပါကူညီ​နေသူ​တွေက ​ပြောပါတယ်။

ဒုတိယ မြို့​နယ်တရား​သူကြီး​ ဦး​အောင်ဖုန်း​ဝင်း​ရဲ့​ ဇနီး​ ​ရှေ့​နေ ​ဒေါ်ဖြူဝင်း​သက်က အသက် ၁၅ နှစ်အရွယ်ရှိ အိမ်​ဖော် မ​အေး​ယု​အောင်ကို မီး​ပူတိုက်တာ ကြာလို့​ဆိုပြီး​ မီး​ပူနဲ့​ကပ်တာ လည်ပင်း​မှာ ဒဏ်ရာရတဲ့​အ​ကြောင်း​ က​လေး​မ​လေး​ရဲ့​ ​ပြောပြချက်ကို ကိုး​ကား​ပြီး​ ဂျာနယ်သတင်း​ထောက် ကိုရဲက ​ရေး​သား​ခဲ့​တာပါ။

သူတို့​ဇနီး​မောင်နှံဟာ ပဲခူး​မြို့​ ဥဿာမြို့​သစ်၊​ အမှတ် ၇ ရပ်ကွက်၊​ ဗိုလ်​တေဇလမ်း​ရှိ ပဲခူး​တိုင်း​ဒေသကြီး​ လွှတ်​တော်ဥက္ကဋ္ဌ ဦး​ဝင်း​တင် အိမ်မှာ ငှား​နေကြတာဖြစ်တဲ့​အတွက် အရှိန်အဝါ​တွေ​ကြောင့်​ အမှုမလုပ်ရဲ​အောင် ဖြစ်​နေတာလို့​ ပတ်ဝန်း​ကျင်က ​ဝေဖန်​နေပါတယ်။

က​လေး​မရဲ့​လည်ပင်း​မှာ ဒဏ်ရာကျက်​နေတဲ့​ပုံကို ဓာတ်ပုံနဲ့​တကွ ဧပြီ ၄ ရက် ​နေ့​စွဲနဲ့​ ပြည်တွင်း​ဂျာနယ်တခုမှာ ပါပြီး​တဲ့​နောက် ရဲကစုံစမ်း​တယ်လို့​ သိရ​ပေမယ့်​ အမှုဖွင့်​ အ​ရေး​ယူ​ဆောင်ရွက်ခြင်း​ မရှိဘူး​လို့​ လိုက်ပါကူညီ​နေသူ​တွေက ​ပြောပါတယ်။

ဒီလို အနာတရဖြစ်​အောင် လုပ်ခဲ့​တာကို အပြင်ကို မ​ပြောဖို့​ က​လေး​ကိုပါ ခြိမ်း​ခြောက်ခဲ့​သေး​တယ်လို့​ အဲဒီသတင်း​က ဆိုပါတယ်။ ပဲခူး​မြို့​က လူမှု​ရေး​ ကူညီ​ပေး​နေသူ ဦး​ကြည်လင်း​က က​လေး​ကို ရဲစခန်း​ ကူညီပို့​ဆောင်​ပေး​ခဲ့​ပေမယ့်​ အမှုမဖွင့်​ဖြစ်ဘူး​လို့​ ​ပြောပါတယ်။

ရဲက တရား​သူကြီး​ ဦး​အောင်ဖုန်း​ဝင်း​ကို ​ခေါ်​မေး​ရာမှာ သူ့​ဇနီး​လုပ် မလုပ် သူမသိ​ကြောင်း​ ​ဖြေကြား​ပြီး​ က​လေး​မ​လေး​ မနစ်နာရ​လေ​အောင် ​ဆောင်ရွက်မယ့်​ အ​ကြောင်း​နဲ့​ က​လေး​မရဲ့​ မိဘ​တွေရှိရာ ပဲခူး​မြို့​ ​ကျောက်ကြီး​ ​ကျေး​ရွာကို ပို့​ဆောင်​ပေး​ဖို့​ ဦး​အောင်ဖုန်း​ဝင်း​က ​ခေါ်​ဆောင်သွား​တယ်လို့​ ဆိုပါတယ်။

ဒီမနက် ၁၁ နာရီခွဲခန့်​မှာ​တော့​ သတင်း​ထောက်ကိုရဲက ဒီသတင်း​အတွက် တရား​သူကြီး​ ဦး​အောင်ဖုန်း​ဝင်း​ထံကို သွား​ရောက်​မေး​မြန်း​ရာမှာ ဒီဖြစ်ရပ်နဲ့​ ပတ်သက်လို့​ တစုံတရာ ​ပြောဖို့​မရှိ​ကြောင်း​ ​ဖြေဆိုခဲ့​တယ်လို့​ ကိုရဲက ​ပြောပါတယ်။

“​နောက်ဆုံး​အ​ခြေအ​နေက အခု တရား​သူကြီး​နဲ့​ ဝင်​တွေ့​လာတယ်။ ကျ​နော်​မေး​တဲ့​ ​မေး​ခွန်း​တွေကို ​ဖြေဆိုဖို့​ငြင်း​ဆန်တယ်။ အဲဒါ ​နောက်ဆုံး​ အ​ခြေအ​နေပဲ။”

ဒီကိစ္စကို အမှုဖွင့်​ မဖွင့်​ အမှတ် ၃ ရဲစခန်း​ကို ဆက်သွယ်​မေး​မြန်း​ရာမှာ တာဝန်ကျတဦး​က ဒီအမှု ဒီကိုလည်း​ လာမတိုင် အမှုလည်း​ မဖွင့်​ထား​ပါဘူး​လို့​ ​ဖြေပါတယ်။

လူမှု​ရေး​ လိုက်ပါကူညီ​နေသူ ဦး​ကြည်လင်း​က​တော့​ ဒီအမှုမျိုး​မှာ ရဲကသိရင် တရား​လိုအဖြစ် လိုက်ပါ​ဆောင်ရွက်ရမယ်လို့​ ယုံကြည်​နေပါတယ်။

“ဒီအမှု​တွေက တရား​လိုမရှိရင် ရဲကတရား​လို လုပ်ရမယ်ဆိုတာ ကျ​နော်တို့​လည်း​ အရင်က သ​ဘောသိပ်မ​ပေါက်ဘူး​။ အခုမှ သ​ဘော​ပေါက်တယ်။ အဲဒီလို ပြဌာန်း​ထား​တယ်ဆိုရင် ရဲအ​နေနဲ့​ လုပ်သင့်​တယ်လို့​ ထင်တာ​ပေါ့​။”

မြန်မာနိုင်ငံမှာ အမျိုး​သား​လူ့​အခွင့်​အ​ရေး​ကော်မရှင်က လိုက်ပါ ​ဆောင်ရွက်ဖို့​ကို ဦး​ကြည်လင်း​က လိုလား​နေပြီး​ မကြာခင် မ​အေး​ယု​မော်နဲ့​ မိဘ​တွေဆီ လိုက်​မေး​ပြီး​ အမှုမှန်​ပေါ်​အောင် ကူညီမယ်လို့​ ​ပြောပါတယ်။

နိုင်ငံ​တော်သမ္မတနဲ့​ လွှတ်​တော်ဥက္ကဋ္ဌ​တွေက​တော့​ မြန်မာနိုင်ငံမှာ တရား​ဥပ​ဒေ အထက်မှာ ဘယ်သူမှ မရှိ​စေရလို့​ အခါအခွင့်​သင့်​တိုင်း​ ​ပြောပါတယ်။

မနှစ်ကလည်း​ ပဲခူး​တိုင်း​ ဒိုက်ဦး​မြို့​နယ်မှာ အမျိုး​သမီး​တဦး​ကို ဆယ်စုနှစ်နဲ့​ချီပြီး​ အိမ်တွင်း​ထား​ပြီး​ ခိုင်း​စေတဲ့​သတင်း​ မီဒီယာ​တွေမှာ ပါ​ပေမယ့်​ ကာယကံရှင်တဦး​မှ တရား​တ​ဘောင် ရင်ဆိုင်ရခြင်း​ မရှိပါဘူး​။

http://burmese.dvb.no/archives/23992

ကိုထင်ကျော်ဦးဆောင်ပြီးဈေးနှုန်းကျဆင်းရေးလှုပ်ရှားမှုရန်ကုန်မှာပြုလုပ်

DVB TV News
Apr 10, 2012 6:17am
ကုန်ဈေးနှုန်းကျဆင်းရေးစည်းရုံးလှုပ်ရှားခဲ့သူ ကိုထင်ကျော်ဦးဆောင်ပြီး လျှပ်စစ်မီးရရှိဖို့နဲ့ တယ်လီဖုန်းဈေးနှုန်းကျဆင်းရေးလှုပ်ရှားမှုကို ရန်ကုန်မှာပြုလုပ်သွားပါတယ်။

မနန်းဝိုးဖန်း သေဆုံးမှု အမှုဖွင့်မရဖြစ်နေ


DVB TV News
ရန်ကုန်မြို့ရှိ အထူးစုံစမ်းစစ်ဆေးရုံးပေါ်ကနေ ပြုတ်ကျသေဆုံးခဲ့တဲ့ မနန်းဝိုးဖန်း သေဆုံးမှုနဲ့ ပတ်သက်ပြီး တိုင်ချက်ဖွင့် တိုင်ကြားလို့ မရဖြစ်နေပါတယ်။ ဒီအကြောင်း ဒီဗွီဘီသတင်းထောက် ဦးအံ့ဘုန်းမြတ်က သတင်း ပေးပို့ထားပါတယ်။

NLD အောင်နိုင်ရေးတွင် ပါဝင် လှုံဆော်စည်းရုံးပေးခဲ့ကြသော ဂီတ၊ရုပ်ရှင် အနုပညာရှင် များအား ဒေါ်အောင်ဆန်းစုကြည်မှ ကျေးဇူးတင် ဂုဏ်ပြုညစာစားပွဲဖြင့် ဧည့်ခံ

Burma VJ Media Network

၉-၄-၂၀၁၂ နေ့ ညနေ ၆း၀၀နာရီ မှ ၉း၀၀ နာရီအထိ အမှတ် (၅၄) တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ခြံဝင်းတွင် NLD အောင်နိုင်ရေးတွင် ပါဝင် လှုံဆော်စည်းရုံးပေးခဲ့ကြသော ဂီတ၊ရုပ်ရှင် အနုပညာ ညီအစ်ကိုမောင်နှမများအား ဒေါ်အောင်ဆန်းစုကြည်မှ ကျေးဇူးတင် ဂုဏ်ပြုညစာစားပွဲဖြင့် ဧည့်ခံကျွှေးမွေးခဲ့ပါတယ်......