Friday, April 13, 2012

မအေးယုအောင်၏မိခင်ဖြစ်သူဒေါ် ကြူကြူမှ တရားစွဲရန် စိတ်ဆန္ဒရှိ

Ko Shin


တရားသူကြီး အောင်ဖုန်းဝင်းနှင့် ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်တို့မှ အိမ်ဖော်မလေး မအေးယုအောင်အား ယခုအချိန်ထိ မိခင်ဖြစ်သူ ဒေါ်ကြူကြူထံ ပြန်လည်ပို့ဆောင်ခြင်းမရှိသေးသည့်အတွက် မိခင်ဖြစ်သူမှာ သမီးအတွက် စိတ်ပူနေရပါတယ်၊ သမီးဖြစ်သူမအေးယုအောင်နှင့်မိခင်ဖြစ်သူ ဒေါ်ကြူကြူကို ရန်ကုန်မြို့ မှာ တစ်နာရီခန့်သာ ပေးတွေ့ခဲ့ပါတယ်၊ ပေးတွေ့တဲ့အခါမှာလည်း လွတ်လွတ်လပ်လပ်ပေးတွေ့ခြင်းမရှိပဲ၊ မိခင် ပြန်ခေါ်သွားမည်ဟု ပြောဆိုသော်လည်း ပြန်မထည့်ပေးပါ၊ တရားသူကြီးလင်မယားမှ လကုန်မှပြန်ပို့ပေးမည်ဟုသာ ပြောပါသည်၊

အမှုကိစ္စနှင့်ပတ်သက်ပြီ မိခင်ဖြစ်သူဒ်ါကြူကြူမှ တရားစွဲရန် စိတ်ဆန္ဒရှိပါသဖြင့် လမ်းပြကြယ်အဖွဲ့မှ အမှုကိစ္စနှင့်ပတ်သက်သည့် အမှုလိုက် ရှေ့ နေအပါအ၀င်နှင့် အခြားလိုအပ်ချက်များကို ကူညီဆောင်ရွတ်ပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

လူရွှင်တော် မေတ္တာတို့အဖွဲ့ သင်္ကြန်မဏ္ဍာပ်များတွင် သံချပ်နှင့်ဖျော်ဖြေ

The Voice Weekly
ရန်ကုန်၊ ဧပြီ ၁၃
အာဏာပိုင်များ ခွင့်ပြုခြင်းမရှိ၍ တိမ်မြုပ်နေသော မြန်မာ့ဓလေ့ သံချပ်ထိုး ဖျော်ဖြေမှုကို ယခုနှစ်မဟာ သင်္ကြန်ကာလတွင် ပြန်လည်ခွင့်ပြု လိုက်ပြီဖြစ်ရာ လူရွှင်တော် မေတ္တာတို့အဖွဲ့က သင်္ကြန်မဏ္ဍာပ်များကို သွားရောက်ဖျော်ဖြေ တင်ဆက်မည်ဖြစ်ကြောင်း ဦးမေတ္တာက ပြောကြားသည်။
မူလက သံချပ်ထိုးမည့် အဖွဲ့များ သံချပ်စာသားများကို စိစစ်ရေးသို့ ကြိုတင် တင်ပြရမည် ဟုထုတ်ပြန် ထားသော်လည်း ယခုတင်ပြရန် မလိုကြောင်း၊ ၎င်းနှင့်အတူ လူရွှင်တော် ဗေလုဝ၊ ကုသိုလ်တို့ ပါဝင်မည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
၎င်းတို့အဖွဲ့မှာ မဟာသင်္ကြန် ကာလအတွင်း ရန်ကုန်မြို့တော်ရှိ နာမည်ကြီး သင်္ကြန်မဏ္ဍာပ်များ သို့သွားရောက် ဖျော်ဖြေတင်ဆက်မည် ဖြစ်ကြောင်း ၎င်းတို့ထံမှသိရသည်။
မန္တလေးလူရွှင်တော် များကလည်း ယခုနှစ်သင်္ကြန်တွင် သံချပ်ဖြင့် ဖျော်ဖြေရန်စီစဉ် ထားကြောင်း မန္တလေးဒေသခံများ ထံမှသိရသည်။
ဓါတ်ပုံ Eleven Media Group





ဒေါ်စုနဲ့ ဗြိတိန်ဝန်ကြီးချူပ် သတင်းထောက်တွေနဲ့ တွေ့ဆုံ ရှင်းလင်း

DVB News Mirror and Rhythm

ဒေါ်စုနဲ့ ဗြိတိန်ဝန်ကြီးချူပ် သတင်းထောက်တွေနဲ့ တွေ့ဆုံ ရှင်းလင်းစဉ်

(ပိတ်ဆို့တာတွေ ခန နားမယ်...သဘောထားတင်းမာသူတွေ ဂကြိုးဂကြောင်ထလုပ်ရင် ပိတ်တာဆို့တာတွေ ပြန်လာပါမယ်တဲ့ ...Lift မဟုတ်ဘူး suspension ပါတဲ့)

"Of course we must respond with caution, with care. We must always be sceptical and questioning because we want to know those changes are irreversible. But as we've discussed, I think it is right to suspend the sanctions that there are against Burma, to suspend them, not to lift them, and obviously not to include the arms embargo." BRITISH PRIME MINISTER DAVID CAMERON


"This suspension would have taken place because of the steps taken by the president and other reformers and it will also make it quite clear to those who are against reform that should they try to obstruct the way of the reformers, then sanctions could come back." (Daw Aung San Suu KYi)

DVB News Mirror and Rhythm
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗြိတိန်ဝန်ကြီးချူပ် တွေ့ဆုံဆွေးနွေးစဉ်

"This is just one election but if the people get the idea that we have to be involved and that is something important for the future. You have come at just the right time." (Daw Suu)

Published on 13 Apr 2012 by mizzimanewsTV


DVB News Mirror and Rhythm
ဗြိတိန်ဝန်ကြီးချူပ် နဲ့ ရွေတိဂုံ



DVB News Mirror and Rhythm

ကဲ ကဲ လန်ဒန် နဲ့ နေပြည်တော်တို့ တွေ့ကြပါပြီ...အတာပွဲမှာ ဆုံတွေ့ကြရာ.. (ဘာတွေထူးလဲတော့မသိ)

မိုးမိတ်နားက သစ်တွေတရုတ်က ခိုးလို့ကုန်ပြီ

Zaw Lwin Win
Wednesday
နိုင်ငံ့ခေါင်းဆောင်တွေကို တစ်ခုတောင်းဆိုချင်ပါတယ်။ ဖြစ်နိုင်သမျှ တရုတ်နဲ့ မပတ်သက်ဘဲ နေပေးကြပါ ဆိုတာပါဘဲ။ မြန်မာပြည်ထဲက သစ်တွေကုန်ပြီ၊ ကျောက်စိမ်းတွေကုန်တော့မယ်။ သထ္ထုသန့်စင်တယ် ဆိုပြီး ယူရေနီယမ်လို သထ္ထုပါ ခိုးနေတယ်။ မြန်မာပြည်က ရေတွေလည်း အဆိပ်သင့်လို့ အချို့နေရာ ငါးတွေပါ မရှိတော့ဘူး။ မြို့ပေါ်တွေက မြေယာတွေကိုလည်း သူတို့ ဈေးကစားလို့လည်း အခုဆို ခေါင်ခိုက်နေပြီ၊ မြန်မာတွေ အနားမကပ်နိုင်တော့ဘူး။ မြန်မာမလေးတွေကို တရုတ်ပြည်ကို သွင်းတယ်၊ ဒီကိုလာပြီး မြန်မာစကားမတတ်တဲ့ တရုတ်က မြန်မာမတွေကို မယားငယ်လုပ်တယ်။ မြန်မာနိုင်ငံ ပျက်စီးရာပျက်စီးကြောင်း အတွက် နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး ၊ နယ်ပယ်အသီးသီးမှာ လုပ်လို့ရသလောက် အကုန်လုပ်နေပါတယ်။ သူတို့ရဲ့ ယုတ်မာချက် လုပ်ဆောင်ချက်တွေက ကမ်းကုန်နေပါပြီ။ တရုတ်ကြောင့် ကောင်းစားတာ လူတစ်စုသာ ဖြစ်ပါတယ်။ ပြည်သူတွေ အတွက် ဖြစ်နိုင်သမျှ တရုတ်နဲ့ မပတ်သက်ဘဲ နေပေးကြပါဗျာ....
ဓါတ်ပုံ - ကျော်ကျော်



Phoe Kyaw
ကျွန်တော်က မိုးမိတ်မြို့ကပါ မိုးမိတ်နားက သစ်တွေဆိုတရုတ်က ခိုးလို့ကုန်ပြီ အရာရှိပိုင်းကလည်း သူနည်းသူဟန်နဲ့ခိုးတယ် ဓနရှင်တွေကလည်း အာဏာရှင်နဲ့ပေါင်းပြီး ခိုးတယ် မိုးမိတ်နားက မိုးလိုရွာ ဆိုရင် အဲမှာတာဝန်ကျတဲ့ စစ်ဗိုလ်တွေဆို တရုတ်ကပေးတဲ့ ယာဘဆေးချလိုက် ပိုက်ဆံယူလိုက်နဲ့ မဟုတ်တာတွေကြီးဘဲ လုပ်နေတာ ရွာသားတွေဆိုရင် လူပိုဖြစ်ရင် ဆေးချတတ်ပြီလေ ခုတော့သစ်ကွက်တွေကို ကုမ္မဏီကိုပေးလိုက်ပြီလေ ပိုဆိုးဘဲ တိုင်လိုက်အရွယ်ပါမကျန် အားလုံးကို ခုတ်တော့တာဘဲ တရုတ်ကယူလိုက် ကုမ္မဏီက ယူလိုက်နဲ့ ကုန်ပြီလေ တ၇ုတ်တွေကို အဲမှာဆရာတဆူလိုဘဲ "လောပန်း ...လောပန်း" နဲ့ ဖားရတာ ကိုယ့်နိုင်ငံထဲဝင်လာတဲ့ သူခိုးတွေကို အဲ့ဒီလို ဆက်ဆံနေရတယ်။
အဲဒီမှာ သစ်လာဝယ်တဲ့တရုတ် တစ်ယောက်ရဲ့ လူယုံကိုပြောတာ "သစ်ကိုဝယ်တာမဟုတ်ဘူး ရာဘဆေးပြားနဲ လှဲပြန်တာတဲ့" ကောင်းကြသေးရဲ့လားဗျာ။ ဆေးကို သစ်ခုတ်သမားတွေဆီ ပြန်ရောင်းတာလေ အမြတ်တွေ အများကြီးရတယ် သစ်ခုတ်ခ ရပြီးတဲ့အပြင် ရာဘ ဆေးအတွက် အမြတ်ပါယူသွားတယ်လေ ခု "ဖြိုးစည်သူကုမ္မဏီ" က အဲဒီမှာခုတ်နေတာ ကျွန်းသစ်တွေကောဘဲ ခိုးတာဖြစ်နိုင်တယ် ကျွန်းသစ်ကတော့ တရားဝင် ပါမစ် မရလောက်ဘူး၊ နောက်မှကုမ္မဏီခုတ်ထားတဲ့ ပုံတွေအများကြီး တင်လိုက်မယ် အကိုရေ။

စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းခြင်းထက် ဆိုင်းငံ့ထားရန် ဗြိတိသျှ ၀န်ကြီးချုပ်ပြော

ဧပြီ ၁၃ ရက်၊ ၂၀၁၂ ခုနှစ်-YPI



စီးပွားရေး ပိတ်ဆို့မှု ဆိုင်းငံ့မည့် အကြံဉာဏ်ကို ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ
by Yangon Press International on Friday, April 13, 2012 at 11:49am ·
ဧပြီ ၁၃ ရက်၊ ၂၀၁၂ ခုနှစ်- (YPI)

မြန်မာနိုင်ငံသို့ တရက်တာခရီးအဖြစ် လာရောက်သည့် ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ထားမှုများအား ရုပ်သိမ်းလိုက်မည့်အစား ဆိုင်းငံ့ထားရန် ပြောကြားလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ၎င်းအစီအစဉ်ကို ထောက်ခံပြောဆိုလိုက်သည်။

ဗြိတိသျှ ၀န်ကြီးချုပ်နှင့် တွေ့ဆုံအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ “ ဒေးဗစ် ကင်မရွန်းက စီးပွားရေး ပိတ်ဆို့မှုရုပ်သိမ်းခြင်းထက် ဆိုင်းငံ့ထားမယ် ဆိုတဲ့အကြံဥာဏ်ကို ကျွန်မထောက်ခံပါတယ်။ ဒါဟာအမှန်ကန်ဆုံး တုံ့ပြန်မှုလို့ ကျွန်မထင်ပါတယ်” ဟု ပြောဆိုသည်။

ယခုကဲ့သို့ လုပ်ဆောင်မှုသည် သမ္မတနှင့် ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်သူများ၏ အခန်းကဏ္ဍအား အသိအမှတ်ပြုရာ ကျသကဲ့သို့ အခြားတဘက်တွင်လည်း ပြုပြင်ပြောင်းလဲမှုကို အတားအဆီးပြုနေသူများအနေဖြင့် ဆက်လက်ကြိုးစားနေမယ်ဆိုပါက စီးပွားရေး ပိတ်ဆို့မှုများ ပြန်လာနိုင်သည့်အချက်ကို သတိပေးလိုက်ရာလည်း ကျသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောကြားလိုက်သည်။


ဗြိတိသျှ ၀န်ကြီးချုပ်က မြန်မာအစိုးရအနေဖြင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးခြင်း၊ NLD ပါဝင်ယှဉ်ပြိုင်သည့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးခြင်းတို့ လုပ်ဆောင်လာသည်ကို တွေ့ရကြောင်း၊ လုံလောက်ပြီဟု မပြောနိုင်သေးသကဲ့သို့ လုပ်ဆောင်ဖို့ လိုအပ်သည်များလည်း ရှိနေသေးကြောင်း၊ ၎င်းတို့အနေဖြင့် ဖိအားပေးမှုများ ဆက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထို့ကြောင့် စီးပွားရေး ပိတ်ဆို့မှုကို ရုပ်သိမ်းသည်ဆိုခြင်းထက် ဆိုင်းငံ့ထားဖို့ ပြောကြားလိုကြောင်း ပြောသွားသည်။
ပိတ်ဆို့မှု ဆိုင်းငံ့ထားရာတွင် မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှု ပိတ်ဆို့ထားခြင်းကို ချန်လှပ်ထားရန်လည်း ၎င်းကပြောဆိုသည်။

ဝန်ကြီးချုပ်သည် ယနေ့နံနက်ပိုင်း နေပြည်တော်သို့ ရှေးဦးစွာရောက်ရှိပြီး သမ္မတ ဦးသိန်းစိန် နှင့်တွေ့ဆုံဆွေးနွေးခဲ့သည့်နောက် ရန်ကုန်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့မှ ယခုထက် ပြောင်းလဲမှုများ ပိုမိုလုပ်ဆောင်လာပါက ၎င်းတို့အနေဖြင့် တုံ့ပြန် အသိအမှတ်ပြုမှုများလည်း ပြင်ဆင်ထားရမည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ယခုလ ၂၃ ရက်နေ့တွင် ကျင်းပမည့် ဥရောပ သမဂ္ဂ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် ဆုံးဖြတ်ရန်ရှိသည်။ မကြာမီက ကျင်းပပြီးစီးသွားသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီမှ အနိုင်ရရှိခဲ့သည့်နောက် ယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံအပေါ် ဥရောပ သမဂ္ဂမှ ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးဖွယ်ရှိသည်ဟု နိုင်ငံရေး အကဲခတ်သူများက သုံးသပ်ထားကြသည်။      ။

သင်္ကြန်အရက်

အဂ္ဂမဟာ ဒီမိုဖက်တီး

၁၈ နှစ်အောက် လူငယ်တစ်ဦးပထ၀ီဓါတ် ယူနေစဉ်


ကိုရီးယားဇတ်လမ်းအားကျသူလေး


Popular Myanmar News Journal
သောက်ပြီးပြီ...လာထား

ကန်တော်ကြီးမျှော်စင်ကျွန်းရှိ IC မဏ္ဍပ်အနီးတွင် ယနေ့ညနေ ၅း၄၅ ခန့်က ရန်ပွဲတစ်ခုဖြစ်ပွားခဲ့သော်လည်း အထိအခိုက် ဒဏ်ရာရမှုများမရှိခဲ့ကြောင်းသိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရေး

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆(ဂ)မှာပါတဲ့ “ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမယ်” ဆိုတဲ့စာသားနေရာမှာ “ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရေး” ဆိုတဲ့ စာသားနဲ့ ပြောင်းလဲပြင်ဆင်တဲ့အကြောင်း ၂၀၁၁ ခု နိုဝင်ဘာ ၄ ရက်ထုတ် မြန်မာသတင်းစာတွေမှာ သမ္မတ ဦးသိန်းစိန်က လက်မှတ်ထိုး ထုတ်ပြန်ခဲ့ပါတယ်။အဲ့လိုထုတ်ပြန်လို့ မှတ်ပုံတင်ခဲ့တယ်...
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆(ဂ)မှာပါတဲ့ “ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရေး” စာသားကို အန်အယ်ဒီက လက်ခံခဲ့ပြီးမှ အမတ်သစ်တွေ ကတိသစ္စာပြုတဲ့အခါ “ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများကိုလည်း လိုက်နာပါမည်” ဆိုတဲ့ စာသားကို ကျမ်းကျိန်ရရင် အန်အယ်ဒီက လက်မခံနိုင်ပါ။
“ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာပြီး နိုင်ငံတော်၏ ဥပဒေများကိုလည်း လိုက်နာပါမည်”လို့
အမတ်သစ်တွေ ကတိသစ္စာပြုခွင့်ရရင်တော့လွှတ်တော်ကိုစတင်တက်ရောက်နိုင်မှာပါ။