Sunday, April 15, 2012

ကိုမင်းကိုနိုင်နှင့်အဖွဲ့ ရောက်ရှိချိန် လူတစုမှဝင်ရောက်ရိုက်နှက်

သန်လျှင်NLDလူငယ်များ စီစဉ်သော သင်္ကြန်မဏ္ဍပ် သို့ ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ ပါဝင်သောသံချပ်အဖွဲ့ ကား ၀င်ရောက်ရပ်နားချိန်တွင် လူ၁၅ ယောက်ခန့် ပါသော လူအုပ်တစုမှ အကြောင်းမဲ့ဝင်ရောက် ရိုက်နှက်မှု တခု ဧပြီလ ၁၅ ရက်နေ့ (သင်္ကြန်အကြတ်နေ့ )ညနေ ၆နာရီ၅ မိနစ်ခန့် က ဖြစ်ပွားခဲ့ပါတယ်။ ရိုက်နှက်မှုဖြစ်ဖြစ်ချင်း ကိုမင်းကိုနိုင်ပါဝင်သော ကားကို အမြန်မောင်းရန် ပြောကြားနိုင်ခဲ့မှုကြောင့် သံချပ်အဖွဲ့ ဝင်များ တစုံတရာထိခိုက်မှု မရှိခဲ့သော်လည်း ကျန်ရှိနေခဲ့သော ဒေသခံ သန်လျှင် NLD အဖွဲ့ ဝင် လူငယ်၅ ဦးထက် မနည်းမှာ တုတ်များ၊အုတ်နီခဲများဖြင့် ထုနှက်ခံရမှုကြောင့် ဒဏ်ရာများရရှိခဲ့ကြောင်းသိပါတယ်။ ထိုလူအုပ်တွင် အမျိုးသမီးတဦးပါဝင်ပြီး ကြံ့ ခိုင်ဖွံ့ ဖြိုးရေး ပါတီအကျီင်္ဝတ်ထားသူ တဦးကိုလည်းတွေ့ လိုက်ရကြောင်း ပြောပါတယ်။ သန်လျှင်ရဲစခန်းကို သွားရောက် အမှုဖွင့် တိုင်ကြားခဲ့တဲ့ သန်လျှင် NLD မှ ကိုညီညီဦးကတော့ အခုချိန်ကိုက်ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်ကို ဒုတိယ ဒီပဲယင်း ဖြစ်စဉ်ကဲ့သို့ ဖြစ်မည်ကို စိုးရိမ်ကြောင်း ပြောပါတယ်။သန်လျှင်ရဲစခန်းမှလည်း ပါဝင်သူများကို လိုက်လံဖမ်းဆီးလျှက်ရှိပြီး ညနက်ပိုင်းအထိ လူ၇ဦးခန့် ဖမ်းဆီးရရှိထားကြောင်းသိရပါတယ်။ ထိုလူစုမှာ အခြားခရီးသည်တင်ကားတစီးကိုလည်း တားဆီးပြီး ခရီးသည်တဦးကို ခေါင်း ၈ ချက် ချုပ်ရသည်အထိ ရိုက်ခဲ့ကြောင်း သိရပါတယ်။
By Burma VJ Media Network




ဧပြီ ၂၃ ရက်အမီ လွှတ်တော် ကျမ်းကျိန်စာသားကိစ္စ အဆင်ပြေနိုင်

2012-04-15

NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တင်ပြထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုတဲ့ စကားရပ်အစား လေးစားလိုက်နာပါမည် ဆိုတဲ့ အသုံးအနှုန်း သုံးစွဲဖို့ကိစ္စ အချိန်မီ အဆင်ပြေသွားလိမ့်မယ်လို့ ထင်မြင်တဲ့အကြောင်း ဦးတင်ဦးက ဒီနေ့ ပြောကြားလိုက်ပါတယ်။


လွှတ်တော်ပြန်ခေါ်ချိန်တဲ့ ဧပြီလ ၂၃ ရက်နေ့မှာ စကားရပ် ပြောင်းလဲသုံးစွဲဖို့ ကိစ္စ ချောချောမောမော ပြေလည်သွားမယ်လို့ ယူဆတဲ့အကြောင်း NLD နာယက အဖွဲ့ဝင် ဦးတင်ဦးက RFA ကို ပြောပါတယ်။

ကာကွယ်စောင့်ရှောက်ပါမည်ဆိုတဲ့ စကားရပ်ဟာ တပ်ထဲမှာ သုံးစွဲတာ ဖြစ်ပြီး နေရာတိုင်းမှာ အရိုးစွဲနေတဲ့ တပ်ပုံစံအတိုင်း လိုက်လုပ်တာလို့ ဦးတင်ဦးက ပြောပါတယ်။

အရပ်သားတွေ အနေနဲ့ လေးစား လိုက်နာပါမည် ဆိုတဲ့ အသုံးအနှုန်းသုံးရင် လုံလောက်တယ်လို့လည်း ဆိုပါတယ်။ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်သစ်တွေ ကျမ်းကျိန်တဲ့အခါ ရွတ်ဆိုရတဲ့ အသုံးအနှုန်းကို ဥပဒေနဲ့ အညီပြင်ဆင်ဖို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေပြည်တော်ကို စနေနေ့က သွားပြီး နိုင်ငံတော်သမ္မတဆီ အကြံပြုစာ တင်လိုက်ပြီလို့လည်း သိရပါတယ်။

http://www.rfa.org/burmese/news/oath-wording-04152012081114.html

ရဲတိုက်ဖောင်ဒေးရှင်းမှ ကချင်ဒုက္ခသည်များအား ကူညီ

Yangon Press International
8 hours ago
ယခုလ ၈ရက်နေ့မှ ၁၃ရက်အထိ ရဲတိုက်ဖောင်ဒေးရှင်း မှကချင်ပြည်နယ် ရှိ စစ်ပြေးဒုက္ခသည်များကို အလှုငွေ သိန်းသုံးရာကျော် သွားရောက်လှူဒါန်း ခဲ့သည်။ ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည် စခန်း များ မှ တရုတ်ပြည်နယ်စပ်ရှိ ဒုက္ခသည်စခန်း ၊ ၀ိုင်းမော် မြို့ရှိ ဒုက္ခသည် စခန်းနှင့်မြစ်ကြီးနား မြို့ရှိ ဒုက္ခသည် စခန်း ၁၁ခုတို့တွင် ခိုလှုံနေထိုင်လျှက်ရှိသူများကို လှူဒါန်းသွားသည်။ သို့သော် ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည် စခန်းများက လိုအပ်ချက်များပြားနေသေးသောကြောင့် ထိထိရောက်ရောက် ကူညီမူ မပေးနိုင်ကြောင့် အားမလိုအားမရဖြစ်သည်ဟု ရုပ်ရှင်သရုပ်ဆောင် ရဲတိုက်က ပြောသည်။ “အားမရဘူး ဒီထက်ပိုပြီး ကူညီချင်တယ် ဒီထက်ပိုပြီး ထိထိရောက်ရောက် လုပ်ပေးချင်တယ် ဒုက္ခသည် စခန်းတိုင်မှာ လိုအပ်ချက်တွေ ရှိနေတုန်းဘဲ ဒီထဲကမှာ ကိုယ်နိုင်တာလေးကိုရွေးပြီး ကူညီရတာဆိုတော့ တခြားလိုအပ်နေသေးတဲ့ နေရာတွေ အတွက် စိတ်မကောင်းဘူး ဖြစ်မိပါတယ်” ဟု YPI သို့ပြောသည်။ မြန်မာစစ်တပ်နှင့် ကေအိုင်အို အကြား စစ်ဖြစ်ပွားမူကြောင့် စစ်ပြေးဒုက္ခသည်များ ၇သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ကူညီရေး အဖွဲ့အစည်းများမှ ကောက်ယူထားသည့် စရာင်းများအရ သိရှိရသည်။ (သတင်းဓါတ်ပုံ- ဆိုင်းဆွတ်)

ဝိုင်မော်မြို့နယ် နှစ်ခြင်းဘုရားကျောင်းရှိ စစ်ပြေးဒုက္ခသည်များကို သွားရောက် တွေ့ဆုံ



သာဂရ သရက်တော ဘုန်းကြီး ကျောင်း တွင် လာရောက်ခိုလူံသောစစ်ပြေးဒုက္ခသည်များကို သွားရောက်လှူဒါန်း နေစဉ်


ဂျန်မိုင်ကောင်း စစ်ပြေးဒုက္ခသည် စခန်း သွားရောက် စဉ်



ဂါလိလဲဘုရားကျောင်း ရှိစစ်ပြေးဒုက္ခသည် များကို သွားရောက်လှူဒါန်းစဉ်


ဝိုင်းမော် မြိုနယ် စိန့်ဂျိုးဇက်ဘုရားကျောင်းတွင် ရဲတိုက်ဖောင်ဒေးရှင်းက စစ်ပြေးဒုက္ခသည်များ ကို နွေးထွေးစွာ နူတ်ဆက်နေစဉ်


ပွင့်လင်းသင်္ကြန် မဏ္ဍပ် ၈၈ မောင်ဆိုလေ ထီးရိုးရှည် သံချပ်အဖွဲ့ လာရောက် ဖျော်ဖြေ

Published on Apr 14, 2012 by BurmaVJMedia

၂၀၁၂ ခုနှစ် ဧပြီလ ၁၄ ရက်နေ့ သင်္ကြန်အကြတ်နေ့တွင် မြောက်ဥက္ကလာပမြို့နယ် ကျောင်းသားလူငယ်များ စီစဉ်သည့် ပွင့်လင်းသင်္ကြန် မဏ္ဍပ်သို့ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ၏ မောင်ဆိုလေ ထီးရိုးရှည် သံချပ်အဖွဲ့ လာရောက် ဖျော်ဖြေခဲ့ကြပါသည်။ ၄င်းဖျော်ဖြေရေးအဖွဲ့သို့ မြောက်ဥက္ကလာပမြို့ခံများက ဂုဏ်ပြု အလှူငွေများ လှူဒါန်းခဲ့ကြပါသည်။

ဒေါ်အောင်ဆန်းစုကြည်မှစတုဒီသာ အလှူဖြင့် ဧည့်ခံ။

Published on Apr 14, 2012 by BurmaVJMedia

၂၀၁၂ ခုနှစ် ဧပြီလ ၁၄ ရက်နေ့ သင်္ကြန်အကြတ်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့သို့ BG သွေးကူညီရေးအဖွဲ့ သင်္ကြန်ဖျော်ဖြေရေးယာဉ်ဖြင့် လာရောက်ဖျော်ဖြေ။ ဒေါ်အောင်ဆန်းစုကြည်မှ သင်္ကြန်ရေပက်ကစားသော ပြည်သူများအား စတုဒီသာ အလှူဖြင့် ပြန်လည် ဧည့်ခံ။


Published on Apr 15, 2012 by BurmaVJMedia
၂၀၁၂ ခုနှစ် ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကျနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်ရှေ့မှာ မုန့်လက်ဆောင်း စတုဒီသာ အလှူ ကျွေးမွေးလှူဒါန်းခြင်းနှင့် BG သွေးကူညီပေးရေးအဖွဲ့ဖျော်ဖြေရေးယာဉ် လာရောက်ဖျော်ဖြေ။

ဖေ့စ်ဘွတ်ပေါ်ကလူကြိုက်များသင်္ကြန်ပုံရိပ်များ(၃)




























စည်ပင်ရဲတွေ ဓါးပြတိုက်နေ

Ah Ba Yah
4 hours ago

အထက်နေပါဦး ။ အောက်လုံအောင်ဖုံးပါ သမ္မတကြီး ဦးသိန်းစိန် ခင်ဗျားးးးးးးးးးး ။
အောက်ခြေမှာစည်ပင်ရဲတွေ ဓါးပြတိုက်နေတုန်းပဲ သမ္မတကြီးရေ ။
မနိုင်တော့ဘူးလားးးးးးးး
၁၄-၄-၂၀၁၂ နေ့ ။ အင်းလျားကန်စောင်း တံတားဖြူ ရှေ့မှာပါ