Monday, April 16, 2012

The Lady( Download file)

http://www.mediafire.com/?jcw0mefvyat7f1c HJSPLIT Download here


http://www.mediafire.com/?4f143l39u432hk3 FILE(1)
http://www.mediafire.com/?kzx6r1xhx966i2z FILE(2)
http://www.mediafire.com/?0bj8jo8ns7w9mcr FILE(3)
http://www.mediafire.com/?t1k56s7wr2x43el FILE(4)

Credit to http://www.movie2k.to/The-Lady-watch-movie-1290019.html

ဇစ်ဖိုင်များမှဖိုင်တခုစီထုတ်ယူပြီးFolderတခုတွင်ထည့်ပြီး
HJSPLIT အသုံးပြုပြီးဖိုင်များအားပြန်ဆက်နိုင်ပါသည်။

မြန်မာစာတမ်းထိုးကြည့်လိုသူများအတွက်ဒေါင်းရန်...
http://www.mediafire.com/?5qjizf09m9i6afk,btrwyfvvjtdd7b6,88g4q83bg8g22d2,8g8wt8osq9sg8zn,024az7xg46nvq4u,b2ieo5bsanu7nfl

Credit to http://www.youtube.com/watch?v=EfQZ_reK86I&feature=relmfu

ဖေ့စ်ဘွတ်ပေါ်ကလူကြိုက်များသင်္ကြန်ပုံရိပ်များ(၄)


အများပြည်သူမြင်ကွင်းတွင်သောက်စားခြင်း၊မလုံမခြုံဝတ်စားခြင်းများတနှစ်ထက်တနှစ်ပိုဆိုးလာနေသည်။
ကျွန်တော်တို့ သင်္ကြန်လည်စဉ်ကားပေါ်မှာချမ်းလာ၍သောက်ချင်လျှင်အခြားသူတွေမမြင်အောင်ကွယ်သောက်သည်။
စံနူန်းများကိုသိလို့ မဟုတ်၊အရက်သမားမှန်းလူသိမှာစိုးလို့ပါ။
သင်္ကြန်သည်အများပြည်သူလည်သော(G)GeneraL(အထွေထွေ)အဆင့်သတ်မှတ်လို့ ရသည့်ပွဲတော်တခုဖြစ်သည်။
ကလေးများလည်းပါသည်။ဘီယာဘူးများကိုစက္ကူပတ်ပြီးသောက်သင့်သည်။အများပြည်သူမြင်ကွင်းဧရိယာတွင်သောက်စားခြင်း
သည်အမှန်တော့နိုင်ငံကြီးများတွင်အရေးယူလေ့ရှိသည်။အနည်းဆုံးဒါဏ်ငွေအရိုက်ခံရသည်။ကမ်းခြေမှာအနားယူစဉ်တွင်ပင်
ဘီယာဘူးကိုစက္ကူပတ်သောက်ရသည်။အခမသင့်လျှင်ဒါဏ်ငွေအရိုက်ခံရနိုင်သည်။
မြန်မာပြည်မှာဒီလိုဥပဒေရှိမရှိမသေချာပါ။အခုနောက်ပိုင်းဆေးပြားတွေကလည်းအလွယ်တကူဝယ်လို့ နေတော့နှစ်ပင်လိမ်
ကုန်ပြီးဖြစ်ချင်တာဖြစ်တော့သည်။မြောက်လာတော့ကချင်သည်။စကပ်တိုတိုဝတ်ထားတာသတိမ၇တော့။ကင်မရာစာမိကုန်သည်။
ကားပေါ်ကကလေးတွေကလည်းတွေ့ ကုန်သည်၊အတုခိုးမည်။လိုက်ကမည်၊သူတို့ ဖေါ်သလိုဖေါ်မည်။
အစိုးရကခွင့်ပြုမည်ဆိုလျှင်၂၅နှစ်အထက်သာဝင်ရသောတကိုယ်လုံးချွတ်ကသည့်ဘားများတွင်ကနိုင်ပါသည်။
ရုပ်မြင်သံကြားမှဇာတ်လမ်းများဆိုလည်းစံနူန်းများရှိသည်။G,+8,+14,+18 စသဖြင့်ရှိသည်။G,+8သည်မည်သူမဆိုကြည့်ရသည်။
+14သည်သွေးထွက်သံယိုနှင့်ရိုင်းသောစကားများပါ၍၁၄နှစ်အောက်မကြည့်ရန်သတိပေးစာတမ်းဖြစ်သည်။+18သည်ဖိုမနှင့်
ဆိုင်သောအသုံးအနုံးအမူအရာအပြုအမူများပါသောကြောင့်၁၈နှစ်အောက်မကြည့်ရန်သတိပေးစာတမ်းဖြစ်သည်။တီဗွီပေါ်မှာကြော်ငြာလာပြီးသည်နှင့်ဇာတ်လမ်းပြန်စတော့မည်ဆိုလျှင်(RATE)စံနူန်းကိုခေတ္တဖေါ်ပြရသည်။သတိပေးထားလျက်နှင့်ကလေးကြည့်မိ
လျှင်မိဘတာဝန်ဖြစ်သည်။ဤစနစ်မြန်မာ့ရုပ်မြင်သံကြားကကျင့်သုံးနေပြီလား.လူမြင်ကွင်းမလုံမခြုံဝတ်တာကိုအခြားကလေးငယ်များ
အတုခိုးဝတ်လျှင်နောက်ဆက်တွဲဆိုးကျိုးများရှိသည်။ထိုနည်းတူသောက်စားမှုများတွင်အတုခိုးလျှင်အနာဂတ်အရက်သမားလေး
များမွေးထုတ်သောမြန်မာနိုင်ငံတော်ကြီးကိုတည်ထောင်တော်မူသောဦးသိန်းစိန်အစိုး၇ဟု၇ာဇ၀င်စာတင်ကျန်ပေမည်။
ပညာပေးလုပ်ငန်းများလုပ်ဆောင်သင့်သည်။ပညာပေးထားပါလျက်ထပ်လုပ်လျှင်ဒါဏ်ငွေရိုက်လို့ ရသည်။ထပ်ခါထပ်ခါရိုက်လျှင်
မည်သူမျှ(PUBLIC AREA)တွင်လုပ်ဆောင်ကြမည်မဟုတ်တော့ပါ။

















ဗေလုဝတို့ သံချပ်အဖွဲ့ နှင့်အမေစုအမှတ်တယ

Published on 16 Apr 2012 by peacerunning
BY DVB TV
Thingyan 2012 Water Festival -16.April 2012-၁၆ ဧပြီ ၂၀၁၂။ အတာသင်္ကြန် အတက်နေ့ မနက်က သာဓုပါဗျာ (ဟာသ သရုပ်ဆောင်များ) သံချပ်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့ လာရောက်ဖျော်ဖြေ


BY (Hlaing Bwa Maung) facebook





Popular Myanmar News Journal






၈၈ မျိုးဆက်သစ်သံချပ်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့တွင် သံချပ်ဖြင့်ဖျော်ဖြေ

Popular Myanmar News Journal
၈၈ မျိုးဆက်သစ်သံချပ်အဖွဲ့ သင်္ကြန်အတတ်နေ့ညနေ ၅ နာရီတွင် တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့တွင် သံချပ်ဖြင့်ဖျော်ဖြေခဲ့သည်။








(CLICK) သည်အမျိုးသမီး(မြန်မာစာတမ်းထိုး)download will be soon

(CLICK)The Lady (Length: 132 minutes)396MB..Download zip file soon......

ဧရာဝတီအင်္ဂလိပ်ဆိုဒ်နှင့် မြန်မာဆိုဒ်အဟတ်ခံရပြန်၊


ဧရာဝတီ မြန်မာပိုင်းကို Heck ပြီး
၁) ဒေါ်မေဆွိ အိမ်ထောင်ရေးကိစ္စ၊
၂) ကချင် တိုင်းရင်းသားအရေးနှင့် ဒေါ်အောင်ဆန်းစုကြည်၊
၃) ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကိစ္စများကို

သင်္ကြန်နားရက်တွင် နားလည်မှု လွဲမှားစေရန် ဟက်ကာများက ဝင်ရောက်
တင်သွားခဲ့ပါသည်။ သိလျှင် သိချင်း နာရီပိုင်းအတွင်း ယခု ပို့စ်များ ပြန်လည်
ဖျက်ဆီးလိုက်ပါပြီ။ စာဖတ်သူများအား အနူးအညွတ် တောင်းပန်အပ်ပါသည်။
(ကိုခက်ထန်)


သင်္ကြန်ကာလတွင်ဧရာဝတီနားသည်ဟုကြေငြာထားချိန်၁၄ရက်နေ့ စွဲဖြင့် အင်္ဂလိပ်လိုသတင်းတပုဒ်ဝင်တင်သွားသည်။အယ်လ်ပိုင်း မဏ္ဍပ်မှာ ဇေယျာသော်အပါအ၀င် ၈၈ ကျောင်းသားတွေ မူးပြီးဝတ်မှုံရွှေရည်အတွက်နဲ့ ရန်ဖြစ်တယ်လို့ ဖေါ်ပြပါတယ်။
အဲဒီပို့ စ်ကိုဧရာဝတီကဖျက်လိုက်ပြီးပါပြီ၊
မစ္စတာဟတ်ကာတခုသတိလစ်သွားတာကအဲဒီအချိန်မှာဝတ်မှုံကစင်္ကာပူမှာဆိုတာပါ။
ဝက်ဆိုဒ်တွေအတွက်၂၄နာရီအွန်လိုင်းလုံခြုံရေးအစောင့်တွေငှားတဲ့အေဂျင်စီတွေလိုအပ်နေပါပြီ။

ခိုးကြောင်ခိုးဝှက်ဖြင့်ဒုဦးစီးမှူး ဦးမောင်မောင်နိုင်

by ကိုဝိုင် ဝိုင်ကေ on Monday, April 16, 2012 at 1:48pm ·

အစိုးရနှင့် လွှတ်တော် အဖွဲ့ဝင်များ သိရှိနိုင်ပါရန် ။

ယခုည ၁၁ နာရီအချိန် ၊ ရန်ကုန်မြို့ ။ စမ်းချောင်းမြို့နယ်။ မြောင်းမြလမ်း တွင်း NLD-BG ဖျော်ဖြေရေး ယာဉ်နောက်ဆုံးဖျော်ဖြေချိန် အပြီးတွင် စမ်းချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဒုဦးစီးမှူးမောင်မောင်နိုင် ဆိုသူက ကားနောက်မှ ကားနံပတ်အား ခိုးကြောင်ခိုးဝှက်ဖြင့် လာလှန်ကြည့်ကာ မှတ်သားသည်။ ဘီဂျီလူငယ်များက မိမိတို့သည် တရားဝင် အထက် စည်ပင်သာယာရေး အထိ လျောက်ထားခွင့်ပြုချက် ရယူပြီးမှ ယခုဖျော်ဖြေရေး အလှပြယာဉ်အား လှည့်ပတ်ဖျော်ဖြေသည်ဖြစ်သောကြောင့် ယခုလို ကားနံပတ်သိလိုလျင်လည်း ခိုးကြောင်ခိုးဝှက်ဖြင့် ခြိမ်းခြောက် စောင့်ကြည့်သလို၊ ယခင်ခေတ်က ပုံစံလို နှောက်ယှက်ဟန့်တား သလိုလို မလုပ်သင့်ကြောင်း ပြောပြကြပါသည်။

အုပ်ချုပ်ရေး စနစ်သည် ပြောင်းခဲ့ပြီဖြစ်သည်။ ခြိမ်းခြောက် အာဏာပြ၊ ဟောက်စား ခြောက်စားခေတ်သည် ပြီးဆုံးခဲ့ပြီဖြစ်သည်။

ထို အုပ်ချုပ်ရေး ဒုဦးစီးမှူးဟု သူ့ကိုယ်သူပြောသော အရက်နံ့ရနေသည့် လူအား စီစစ်ရေးကဒ်အထောက်အထား ၀န်ထမ်းဖြစ်ကြောင်း အထောက်အထားပြသရန် တောင်းဆိုသော အခါလည်း မပြသနိုင်ပေ။ သူလာရောက်စစ်ဆေးသည့် လုပ်ရပ်မှာ အထက်က ခိုင်းသောကြောင့် လုပ်ရကြောင်း သူမှန်ကြောင်းသာ မာမာထန်ထန် ပြောဆိုသည် ဟု ဆိုသည်။

ထို့နောက်တွင်မှ စမ်းချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင့်လွင်မှ လိုက်ပါလာပြီး ထို ဦးမောင်မောင်နိုင်သည် ဒုဦးစီးမှူးဖြစ်သည်မှာ မှန်ကန်ကြောင်း ပြောဆို ခေါ်ယူသွားခဲ့ပါသည်။

မည်သို့ပင်ဖြစ်စေ မိမိတို့သည် နိုင်ငံတော် သမတ မှ ဦးဆောင်ပြီး နိုင်ငံရေး စနစ်အကူးအပြောင်းကို ညင်သာသိမ်မွေ့စွာ တည်ဆောက်နေချိန်အား အလေးအနက် အသိအမှတ်ပြုပြီး၊ နိုင်ငံသားကောင်း ပီသစွာဖြင့် ယခုဖျော်ဖြေရေး ယာဉ်အား လက်ရှိအစိုးရပေါ် ထိခိုက်နှောင့်ယှက်မှုဖြစ်စေသည့် အဆင်အသွင်၊ သီချင်း၊ အဟောအပြော၊ လှုံ့ဆော်ခြင်း အလျင်း မရှိပဲ။ ယဉ်ကျေးသော ၀တ်စုံ၊ နားဝင်ပီယံဖြစ်စေသည့် သီချင်းများဖြင့် လူထုအား နိုင်ငံရေး နိုးကြားရှင်သန်စေရန်သာ ဖျော်ဖြေသမှု ပြုခဲ့ပါသည် ။

ကောင်းမွန်မှန်ကန်သော လူငယ်များညီညွတ်မှု စိတ်ဓါတ်အင်အားဖြင့် မြန်မာ့ သမိုင်းတွင် နှစ်ပေါင်း များစွာ မမြင်နိုင်ခဲ့သော လွတ်လပ်ရေး တော်လှန်ရေး သမိုင်းဝင် ခွပ်ဒေါင်း အလှပြယာဉ်ကြီးဖြင့် မိမိတို့ လူငယ်များက သမိုင်းတခေတ်ကို ရိုးရှင်းဖြောင့်မတ်စွာ ဖွင့်လှစ်ရေးသားခြင်းသာဖြစ်သည်။

သန့်ရှင်းသော အစိုးရ တရပ်အတွက် အထောက်အကူအပံ့သာ ဖြစ်စေသော လုပ်ရပ်၊ ချည်းကပ်မှုမျိုးကိုသာ မိမိတို့က ကျင့်သုံးပါသော်လည်း၊ လက်ရှိ အောက်ခြေအဆင့် အုပ်ချုပ်ရေးမှူးများနှင့် စောင့်ကြည့်တာဝန်ယူထားသူများသည် သန့်ရှင်းသော အစိုးရသစ် ဂုဏ်သိက္ခာတည်ဆောက် နေမှု အပိုင်းကို ထိခိုက်စေသည်ဟု ထင်မြင်ပါသောကြောင့် ယခုကဲ့သို့ စမ်းချောင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ဦးစီးမှူးဆိုသူများ လုပ်ရပ်အား ပြတ်သားစွာ ဝေဖန်ရှုတ်ချပါကြောင်း ။

ခေတ်ပြောင်း စနစ်ပြောင်းတွင် လူထုနှင့် မိမိတို့ လူငယ်များက စည်းစနစ် ရှိစွာ ပူးပေါင်း ဆောင်ရွက်ရန် အားထုတ်ကြိုးပမ်းနေချိန်တွင် ဦးဆောင်မှု ပြသရမည်ဖြစ်သော ၀န်ထမ်းယန္တရား အတွင်းတွင် ယခုကဲ့သို့ အာဏာရှင် စနစ် မှ အမူအကျင့် အကြွင်းအကျန်မျိုး ရှိနေသေးသည်ကို မလိုလားပါကြောင်း သမ္မတကြီး သိစေလိုပါသည်။ မည်သည့် အာဏာဖြင့် ခြိမ်းခြောက် နှောက်ယှက်မှုမျိုးကိုမှ မိမိတို့ မလိုလား လက်မခံလိုပါကြောင်း ဘီဂျီ လူငယ်များ ကိုယ်စား ကျနော် နေမျိုးဇင် မှ ပြည်သူအများ သိသာစေရန် တင်ပြရင်း ထို ၀န်ထမ်းများအား ပြည်သူ့ ၀န်ထမ်းကောင်းများ ဖြစ်လာစေရန် ပဲ့ပြင်ဆုံးမ ပေးသင့်ပါကြောင်း၊ တင်ပြပါသည်။

ပြည်သူ့ အတွက် သက်သာချောင်ချိဖျော်ဖြေရေူးကို ထိခိုက်နှောက်ယှက်လိုစိတ်ဖြင့် ပြုမူသည်ဟု သုံးသပ်တွေ့ရှိရပါသောကြောင့် ပြည်သူမှ ပေးဆောင်ထားသော အခွန်ငွေမှ ရယူနေသည့် ပြည်သူ့လစာနှင့် မထိုက်တန်ကြောင်း အစိုးရနှင့် လွှတ်တော် အဖွဲ့ဝင်များ သိရှိနိုင်ပါရန် ယခု စာမျက်နှာမှ တင်ပြပါသည်။



မှ-

Nay Myo Zin