Tuesday, April 17, 2012

ဒီပဲယင်းမှာထောက်လှမ်းရေးတွေတောင်အရိုက်ခံရတယ်တဲ့...မှတ်ကရော...

BY မိုး သူအောင်

အခုတလော ဦးခင်ညွှန့်၊ဦးမြင့်ရွှေနဲ့ဘန်ကောက်ပိုစ့်တို့ ကိစ္စတွေက နည်းနည်းဆူညံနေပါတယ်။
ဦးခင်ညွှန့်ကလည်း SB ကရဲမှုးကြီး ဝင်းနိုင်ထွန်းကို ပြည်ပမီဒီယာတွေကို သူမတွေ့ခဲ့ပါဘူးလို့ ပြောသလို၊ဦးခင်ညွှန့်ကို လာမေးသွားတဲ့ ကနေဒါက ဦးမြင့်ရွှေကလည်း "ဒေါ်အောင်ဆန်းစုကြည်ကို ဦးခင်ညွှန့်ကယ်တယ်"ဆိုတဲ့ စကားရပ်ဟာ သူ့ရဲ့ စကားရပ်ဖြစ်ပါတယ်။ဦးခင်ညွှန့်က သူ့ကို မပြောပါဘူးလို့ ပြန်ငြင်းဆိုတော့ ကျွန်တော်တို့ သုံးနေကြ စကားနဲ့ဆိုရင် "ဂျာအေး သူ့အမေရိုက်"ဇာတ်လမ်း ဖြစ်နေပါတယ်။
တကယ်တော့ ၂၀၀၃ ခုနှစ်၊မေလ ၃၀ ရက်မှာ ဖြစ်သွားတဲ့ ဒီပဲယင်း ကိစ္စမှာ စစ်မဟာဗျူဟာလေ့လာရေးဌာနကြီးမှုးနဲ့တပ်မတော် ထောက်လှမ်းရေးမှုးချုပ် တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီး ခင်ညွှန့်ရဲ့ အမိန့်နဲ့မန္တလေးနဲ့စစ်ကိုင်းတိုင်းက ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကယ်ထုတ်ခဲ့ပါတယ်။
ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည် စီးနင်းလာတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ယာဉ်တန်းကို ပြည်ခိုင်ဖြိုးက တိုက်ခိုက်မယ်လို့ သိတဲ့ အချိန်မှာ ဗိုလ်ချုပ်ကြီးခင်ညွှန့်က ဒေသခံ စစ်တိုင်းမှုးဗိုလ်ချုပ် စိုးဝင်းကို "ဘယ်သူ့ အမိန့်ကြောင့် လုပ်တာလဲ"ဆိုပြီး မေးပါတယ်။
ဒီတော့ ဗိုလ်ချုပ်စိုးဝင်းက "ကက(ကြည်း) အမိန့်ကြောင့်ပါဆိုပြီး ဖြေပါတယ်။ကက(ကြည်း)ရဲ့ အမိန့်ဆိုတာ သိရတဲ့ ဗိုလ်ချုပ်ကြီးခင်ညွှန့်က ဒုတိယဗိုလ်ချုပ်မှုးကြီးမောင်အေးကို ထပ်မေးတော့ သူလုပ်တာလည်း မဟုတ်ဘူးဆိုတာ သိရတော့၊ဒုတိယဗိုလ်ချုပ်မှုးကြီး မောင်အေးကို ခေါ်ပြီး၊တပ်ချုပ်ကြီးကို ထပ်မေးတော့ "သူခိုင်းတာ "ဆိုတဲ့အဖြေကို ရပါတယ်။
ဗိုလ်ချုပ်မှုးကြီးရဲ့ အမိန့်ဆိုတော့ ပြန်ငြင်းလို့ မရတဲ့ ဗိုလ်ချုပ်ကြီး ခင်ညွှန့်ဟာ ဒေါ်အောင်ဆန်းစုကြည်တို့ ယာဉ်တန်း မန္တလေးက စထွက်ခွာလာကတည်းက အတူပါသွားတဲ့ ထောက်လှမ်းရေး တပ်ဖွဲ့ဝင်တွေကို ဒေါ်အောင်ဆန်းစုကြည်ကို ကယ်ဖို့ အမိန့်ထုတ်လိုက်ပါတယ်။
ဒီပဲယင်း အရေးအခင်း စဖြစ်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ကယ်ထုတ်ခဲ့တဲ့ ထောက်လှမ်းရေး တပ်ဖွဲ့ဝင်တွေဟာ အရပ်ဝတ်တွေနဲ့ဖြစ်လို့ ပြည်ခိုင်ဖြိုးပါတီဝင်တွေရဲ့ ရိုက်နှက်မှုခံခဲ့ရပါတယ်။
ကျွန်တော်နဲ့ စကားပြောဖြစ်ခဲ့တဲ့ ထောက်လှမ်းရေး တပ်ဖွဲ့ဝင် တွေပြောတာကတော့ ဘားအံမှာ ရဟတ်ယာဉ်ပျက်ကျပြီး ကွယ်လွန်ခဲ့တဲ့ အတွင်းရေးမှုး(၂)၊ဒုတိယ ဗိုလ်ချုပ်ကြီး တင်ဦးရဲ့ အမှုမှာလည်း ထောက်လှမ်းရေး တပ်ဖွဲ့က ပါဝင်ပက်သက်ခြင်း မရှိဘူးဆိုတာပါ။
ဒီလိုရေးသားတာဟာ ဘယ်သူ့ကို သာစေ၊နာစေဆိုပြီး ရေးသားတာ မဟုတ်ပါဘူး။တကယ် ဖြစ်ခဲ့ပါတယ်ဆိုတာကို စုံစမ်းပြီး ရေးသားရတာပါ။

ဦးအောင်ဘုန်းဝင်းအိမ်ကမီးပူမှာအတောင်ပံပါ။ ။

မအေးယုအောင်၏မိခင်ဖြစ်သူကိုဒုတိယမြို့နယ်တရားသူကြီး ဦးအောင်ဘုန်းဝင်းကလိမ်လည်ပြီးလက်မှတ်ထိုးခိုင်း

Ko Shin (facebook)
8 hours ago
အမည် = မအေးယုအောင်
မွေးသက္ကရာဇ်= ၂၊ ၆၊ ၁၉၉၆ ဖွားချိန် ၂၀း၃၀နာရီ
အဖအမည် = ဦးအောင်မျိုး(ခ) ဦးမျိုးဝင်း ဆေးတပ်သား ကိုယ်ပိုင်အမှတ် တ-၈၅၅၉၈၅
မှော်ဘီဆေးတပ်ရင်း၊ ရန်ကုန်တိုင်းဒေသကြီး
အမိအမည် = ဒေါ်ကြူကြူ သိမ်တန်းရပ်ကွက်၊ အပိုင်း(၂) ကျောက်ကြီးမြို့၊ ပဲခူးတိုင်းဒေသကြီး

facebook မှတဆင့် အင်တာနက် သတင်းမိဒီယာ ၀ဒ်ဆိုဒ်များတွင် ၀ိုင်းဝန်းကူညီတင်ပြပေးကြသော သူ
သူငယ်ချင်း အပေါင်းအသင်းမိတ်ဆွေများ၏ ကျေးဇူးကြောင့် ပဲခူးမြို့ တွင် တရားသူကြီးဦးအောင်ဘုန်းဝင်း၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှမီးပူနှင့်ကပ်ခဲ့ရသော အသက်(၁၅)နှစ်အရွယ် အိမ်ဖော်မလေး မအေးယုအောင်၏ မိခင်ဖြစ်သူ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့  မှဒေါ်ကြူကြူ ကြားသိရပါသဖြင့် (၄၊ ၅၊ ၂၀၁၂)ရက်နေ့တွင် ဒုတိယမြို့နယ်တရားသူကြီး ဦးအောင်ဘုန်းဝင်းရှိရာ ပဲခူးမြို့နယ်တရားရုံးသို့သွားရောက်စုံစမ်းခဲ့ပါသည်။
တရားသူကြီးဦးအောင်ဘုန်းဝင်းကို ၄င်း၏ ရုံးခန်းတွင်မတွေ့ရှိရပဲ စာရေးမတစ်ဦးကိုသာ တွေ့ရှိရပါတယ်၊
ထိုနောက် တရားသူကြီး ဦးအောင်ဘုန်းဝင်းမှ တရားရုံးဘေးနားတွင် ကားဖြင့်လာစောင့်နေပြီး မအေးယုအောင်၏ မိခင်ဖြစ်သူဒေါ်
ကြူကြူအား ပဲခူးမြို့ ရွှေမော်တော် ဘုရားအနီးဝန်းကျင်တွင်(၁၀)ပတ်ကျော် ကားဖြင့်ပတ်၍ အိမ်အမှတ်(42 B)၊ (၅)ရပ်ကွက်၊မရမ်းကုန်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီးသို့ ခေါ်ဆောင်သွားကြောင်းတရားကြီးဦးအောင်ဘုန်းဝင်းနှင့် ကောင်မလေး၏မိခင်ဖြစ်သူ ဒေါ်ကြူကြူတို့ ၀န်ခံသဘောတူညီချက်မှတ်တမ်း လက်မှတ်ထိုးစာရွက်တွင်တွေ့ရှိရပါသည်။
ဒေါ်ကြူကြူမှာ အနီးပတ်ဝန်းကျင်တွင် အ၀တ်လျှော်စားရပြီး စာမတတ်သူတစ်ဦးဖြစ်သည်ကို တရားသူကြီး
ဦးအောင်ဖုန်းဝင်းမှ အခွင့်ကောင်းယူပြီး (၆၊ ၄၊ ၂၀၁၂)ရက်နေ့တွင် ငွေ(၃၀၀၀၀၀)သိန်းကျပ်အား လှူဒါန်းသည်ဟု လိမ်လည်ပြီးဝန်ခံသဘောတူညီချက်မှတ်တမ်းမှာလက်ဗွေနှိပ့် လက်မှတ်ကို ပန်းချီဆွဲသလို ရေးဆွဲခိုင်းခြင်းဖြစ်ကြောင်း သိရှိရပါသည်။ စာရွက်ပေါ်ပါ အချက်အလက်များအား ဖတ်ပြခြင်းမရှိပါ၊
“ သမီးဖြစ်သူ မအေးယုအောင်နှင့် ပေးတွေ့ရန် တောင်းဆိုသော်လည်း ဦးအောင်ဘုန်းဝင်းမှ ပေးမတွေ့သေးကြောင်းပြောဆိုသဖြင့် ဥပဒေအရပဲပြောတော့မယ်ဆိုမှ သမီးဖြစ်သူနှင့် တစ်နာရီခန့်သာမလွတ်မလပ်တွေ့ခွင့်ရခဲ့ပါတယ်၊ သမီးဖြစ်သူမအေးယုအောင်အားလကုန်မှ ပြန်ပို့ပေးမည်ဟုသာပြောဆိုနေသဖြင့် ကျောက်ကြီးမြို့ ကို ပြန်လာရပါတယ်၊ကျောက်ကြီးရောက်မှ လက်မှတ်ထိုးခိုင်းတဲ့ စာမိတ္တူကို ပတ်ဝန်းကျင်မှ အသိမိတ်ဆွေများအားဖက်ခိုင်းရာမှ တရားသူကြီး ဦးအောင်ဘုန်းဝင်းမှ ကျမကိုလိမ်ညာပြီးလက်မှတ်ထိုးခိုင်းကြောင်းသိရှိခဲ့ရပါတယ်၊ ကျမလို မိခင်တစ်ယောက်အနေနှင့် သူတို့မိသားစု ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကြားမှာ အရမ်းကြောက်နေရတာ ကျမ သမီးလေးမှာ ကျမထက်အဆပေါင်းများစွာ ကြောက်လန့်တုန်လှုပ်နေမယ်ဆိုတာ မိခင်တစ်ယောက်
အနေနဲ့သိနေတယ်၊ ကျမ သမီးလေးကို သူတို့လာပြန်မပို့ဘူးဆိုလျှင်တော့ ဥပဒေအရပဲရင်ဆိုင်တော့မယ်၊ တရားစွဲဖို့လည်း စိတ်ဆန္ဒရှိပါတယ်၊အင်တာနက်က ကူညီပေးတဲ့ သူတွေကိုလည်းကျေးဇူးအရမ်းတင်ပါတယ်၊ ကျမသမီးလေးရဲ့အသက်ကလည်း အင်တာနက်ကလူတွေပေးတဲ့အသက်ပဲရှိပါတော့တယ်လို့ ” မိခင်ဖြစ်သူ ဒေါ်ကြူကြူမှပြောဆိုခဲ့ပါတယ်။

မှတ်ချက်။ ။ လက်မှတ်ထိုး စာရွက်မိတ္တူကို တင်ပြပေးလိုက်ပါသည်။




မီးပူတိုက်ရင်းမတော်တဆဖြစ်မှုတွေကလက်ကိုပဲထိတတ်ကြတာပါ။မတော်ပြုတ်ကျလို့ခြေထောက်ထိတယ်ဆိုလည်းတော်ပါသေးတယ်။လည်ပင်းတက်ပြီးမတော်တဆဖြစ်၇တယ်ဆိုတော့ဦးအောင်ဘုန်းဝင်းအိမ်ကမီးပူမှာအတောင်ပံပါနေလို့ လား။ ။

ကံမအဓိကရုဏ်း


၁၃ရက်နေ့ ညကကံမမြို့ မှာဖြစ်ပွားခဲ့တာပါ။အမေစုကတောင်ကြေငြာချက်တစောင်ထုတ်ပြန်ခဲ့ပါသေးတယ်။
အစိုးရသတင်းစာတွေမှာတော့မတွေ့ ရသလိုပါ။ မြို့နယ်အုပ်ချူပ်ရေးကမြန်မာမွတ်ဆလင်တဦးကိုကူးတို့ ပါမစ်သိန်း၃၀၀ခန့် နှင့်ချပေးရာကနေ၄င်းပိုင်ကူးတို့ အားဆန့် ကျင်ရာမှစပြီးအခြေအတင်ဖြစ်ပြီးပတ်သက်ရာမွတ်စလင်တချို့ ရဲ့နေအိမ်တွေကိုလူစုလိုက်ဝင်ရောက်ဖျက်စီးကြပါတယ်။စစ်တပ်က၀င်ရောက်ထိန်းသိမ်းရတယ်ဆိုပါတယ်။
အဲ့လိုဖျက်စီးရာမှာကြံ့ ခိုင်ရေးနဲ့ပတ်သက်တဲ့ မွတ်စလင်တဦးရဲ့ နေအိမ်ကိုတော့အကာအကွယ်ပေးထားတဲ့အတွက်ဖျက်လို့ မရခဲ့ဖူးလိုဆိုပါတယ်။

ရုပ်ရှင်နှင့် ဂီတအနုပညာရှင်များ ကော့မှူးမြို့နယ် ပြည်သူလူထု ကိုသွားရောက် ဖျော်ဖြေ..အမေစုလည်းအားပေး

Photo - BVJ&Thantharwin











The Voice Weekly
မိခင် ဒေါ်ခင်ကြည်ကို ဂုဏ်ပြုသော အားဖြင့် တည်ထောင်ခဲ့သည့် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း၏ ပထမဆုံး အလှူအဖြစ် ကော့မှုးမြို့နယ်ရှိ ကျေးရွာသုံးရွာအတွက် စုစုပေါင်း ငွေကျပ် သိန်း သုံးရာကို ဒေါ်အောင်ဆန်းစုကြည်က မဲဖောက်လှူဒါန်းခဲ့သည်။

ကော့မှုးမြို့အနီးရှိ လယ်ကွင်းပြင်တွင် ယင်းလှူဒါန်းပွဲနှင့် မြန်မာနှစ်ဆန် တစ်ရက်နေ့ ပျော်ပွဲရွင်ပွဲကို ကျင်းပခဲ့ပြီး နိုင်ငံကျော် တေးသံရှင်များ၊ သရုပ်ဆောင်များ ပါဝင်ဖျော်ဖြေခဲ့သည်။

ယင်းအလှူအဖြစ် ပထမဆုရရှိသော ကျေးရွာကို ငွေကျပ် ၁၇၅ သိန်း၊ ဒုတိယဆုကို ငွေကျပ် ၇၅ သိန်းနှင့် တတိယ ဆုကို ငွေကျပ် သိန်း ၅၀ အသီးသီးချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ပုဂ္ဂိုလ်တစ်ဦးအမေစုခြံထဲပြေးဝင်ပြီး...

အဂ္ဂမဟာ ဒီမိုဖက်တီး
2 hours ago

မနေ့က ၈၈ သံချပ်အပြီး ၈၈ များ အမေ့ခြံထဲတွင် မုန့်လုံးရေပေါ်သုံးဆောင်ပြီး အ၀င်အထွက်များ ပြုလုပ်စဉ် ပုဂ္ဂိုလ်တစ်ဦး ပန်းစည်းအကြီးကြီးနဲ့ ၀င်လာပြီး အမေ့ကို ထိခြင်းငါးပါးနှင့် ဦးသုံးကြိမ်ချ ကန်တော့သွားတယ်။

ရဲဆေးလည်း အတော်သောက်ထားပုံပဲ။ လုံခြုံရေးတွေကတော့ အတော်လန့်သွားတာပေါ့လေ။ သူတို့လည်း လုံးဝမမျော်လင့်ထားဘူး။ သင်္ကြန်တွင်းကြီး ပန်းစည်းရောင်းတဲ့နေရာကလည်း ရှားသကိုး။ သူတို့လည်းသတိလွတ်သွားတုန်းဖြစ်တာဆိုတော့ လန့်တာပေါ့ ........
အမေကတော့ အေးအေးဆေးဆေးပဲ။ ရုတ်တရက်ချည်းပြေးဝင်လာတာကို မြင်ရဲ့သားနဲ့ ခြေတလှမ်းမှ နောက်မဆုတ်ပဲ ရပ်နေတယ်။
ကန်တော့ခံပြီးတော့ "သား မုန့်လုံးစားသွားပါအုံး" တောင် ဧည့်ဝတ်ပြုလိုက်သေး။အဲသည့်ပုဂ္ဂိုလ်ကလည်း ကလေးများ ကားပေါ်တွင် စောင့်နေ၍ မစားတော့ပါဘူးဟု ဆိုကာ လုံခြုံရေးများကို တောင်းပန်နှုတ်ဆက်ပြီး ပြန်ထွက်သွားပါတယ်.......
လူထုခေါင်းဆောင် နဲ့ လုံခြုံရေး ဒရာမာပေါ့ဗျာ ....... လုံခြုံရေး အရမ်းတင်းကြပ်ရင်လည်း နေပူတော်က အဘတို့လို လူထုနဲ့ ကင်းကွာသွားမယ်။ မတင်းကြပ်ပြန်တော့လည်း .........