Wednesday, April 18, 2012

မြင့်မြတ်သည့်အမျိုးသမီး



(မြန်မာစာတမ်းထိုး)
http://vimeo.com/40537566

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်ကို သိန်း ၃၀၀ကျပ်လှူဒါန်း

Published on 18 Apr 2012 by BurmaVJMedia

မြန်မာနှစ်ကူးမှာ ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်ကို သိန်း ၃၀၀ကျပ်လှူဒါန်း
ဧပြီလ ၁၇ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ်ကို သွားရောက်ပြီး မိခင်ကြီး ဒေါ်ခင်ကြည်ရဲ့ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် ကော့မှူးမြို့နယ်က ရွာပေါင်း ၆၂ ရွာကို မဲနှိုက်ပြီး ပထမ ရတဲ့ရွာကို ကျပ် ၁၇၅ သိန်း ၊ ဒုတိယ ရတဲ့ရွာကို ကျပ် ၇၅ သိန်းနဲ့ တတိယ ရတဲ့ရွာကို ကျပ် သိန်း ၅၀ အသီးသီးကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် မြို့နယ်အတွင်းမှာရှိတဲ့ ရွာပေါင်း ၆၂ ရွာက သက်ကြီးရွယ်အို ၆၂ ဦးကိုလည်း ဂါရ၀ပြုခဲ့ပါတယ်။ တစ်ဆက်ထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လိုက်ပါလာကြတဲ့ ရုပ်ရှင် နဲ့ဂီတ ပညာရှင်များကလည်း သူတို့ရဲ့ သံစဉ်တွေနဲ့ ကော့မှူးမြို့နယ် ပြည်သူလူထုကိုဖျော်ဖြေ ခဲ့ကြပါတယ်။

၈၈ မျိုးဆက် သံချပ်အဖွဲ့ မောင်ဆိုလေ ထီးရိုးရှည်

Published on 18 Apr 2012 by BurmaVJMedia

၂၀၁၂ ခုနှစ် ဧပြီလ ၁၅ ရက် သင်္ကြန် ဒုတိယအကြတ်နေ့တွင် ရန်ကုန်မြို့ ၁၈ လမ်းနှင့် မဟာဗန္ဓုလလမ်းပေါ်မှာရှိသည့် ရွှေငါးမောင်မောင် မဏ္ဍပ်တွင် ၈၈ မျိုးဆက် သံချပ်အဖွဲ့ မောင်ဆိုလေ ထီးရိုးရှည်သံချပ် လာရောက်ဖျော်ဖြေ။

ဈေးလာဝယ်တဲ့ လူငယ်တစ်ယောက်ကို ဝိုင်းဝန်း ထိုးကြိတ် ရိုက်နှက်မှုတစ်ခု

Published on 18 Apr 2012 by BurmaVJMedia

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် မြန်မာ့ဂုဏ်ရည်လမ်းပေါ်မှာ ရှိတဲ့ အိမ်ရှင်မနဲ့ NEW STYLE ကုန်စုံဆိုင်က ဆိုင်ရှင်နှင့်အလုပ်သမားတွေက အရက်မူးပြီး ဈေးလာဝယ်တဲ့ လူငယ်တစ်ယောက်ကို ဝိုင်းဝန်း ထိုးကြိတ် ရိုက်နှက်မှုတစ်ခု ဧပြီလ ၁၆ ရက် သင်္ကြန် အတက်နေ့ ညနေ ၆း၃၀ အချိန်လောက်က ဖြစ်ပွားခဲ့ပါတယ်။အခင်းဖြစ်ပွားနေချိန်မှာ ရပ်ကွက်နေပြည်သူတွေက တရားဥပဒေအတိုင်း ဆောင်ရွက်ဖို့ မြို့နယ်ရဲစခန်းကို တိုင်ကြားခဲ့ပေမဲ့ ရဲတွေက အချိန်မီ ရောက်မလာတဲ့အတွက် တရားခံတွေ ထွက်ပြေးမသွားဖို့ အဲ့ဒီ ဆိုင် နှစ်ဆိုင်ကို ပြည်သူတွေက ဝိုင်းဝန်း ပိတ်ဆို့ထားခဲ့ကြပါတယ်။ အဲ့ဒီနေ့ည ၈ နာရီခွဲခန့်မှာတော့ မင်္ဂလာတောင်ညွန့် ရဲစခန်းက ထိုးကြိတ်ရိုက်နှက်ခဲ့ကြတဲ့သူတွေကို ဖမ်းဆီးသွားခဲ့ပေမဲ့ အခုအချိန်အထိ ဘယ်လို ပုဒ်မတွေနဲ့ အမှုဖွင့် အရေးယူထားသလဲ ဆိုတာကိုတော့ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

နော်ဝေနိုင်ငံရောက် ဦးအောင်မင်း

DVB TV News
နော်ဝေနိုင်ငံ အော်စလိုမြို့ရောက် မြန်မာငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ရထားဝန်ကြီး ဦးအောင်မင်း - နော်ဝေနိုင်ငံခြားရေးဝန်ကြီးတို့ ကို ဒီဗွီဘီ အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်..

DVB TV News
အမေရိကန်က မြန်မာအပေါ် အရေး ယူမူ့ တွေ ကို စတင်လျော့ပေးတဲ့ အနေနဲ့ အစိုး ရမဟုတ် တဲ့ အဖွဲ့ အစည်းတွေ ရဲ့ စီမံကိန်းတွေတွက် ငွေကြေးဆိုင်ရာလွဲပြောင်းခွင့် ကို အမေရိကန် ဘဏ္ဍရေး ၀န်ကြီးဌာနက ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

အမေစု၁၄ Beat ဦးသိန်းစိန်၅၂














http://www.time.com/time/specials/packages/article/0,28804,2107952_2107959_2107960,00.html


အထက်ပါမဲရလဒ်ကိုဆန်ကျင့်ပြီးအောက်ဖေါ်ပြပါစာရင်းမှာတော့အမေစုနာမည်မတွေ့ ပါ။ဦးသိန်းစိန်၆၇
The TIME မကြာခင်မြန်မာမှာတရားဝင်ဖြန့် ဝေရောင်းချခွင့်ရတော့မည်။
http://www.time.com/time/specials/packages/completelist/0,29569,2111975,00.html