Friday, April 20, 2012

လွှတ်တော် တက်ရေး မတက်ရေး အခြေအနေများ သတင်းစာရှင်းလင်းပွဲ

Published on 20 Apr 2012 by DVBBurmese
DVB TV: ၂၀ ဧပြီ ၂၀၁၂။ NLD အမတ်များ လွှတ်တော် တက်ရေး မတက်ရေး အခြေအနေများ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှု သတင်းမြင်ကွင်း (အစအဆုံး)


DVB 20 April 2012 - 4pm News

သီချင်းဆိုဖို့ လာရှိုးသိန်းအောင်ရောက်လာပြီ...


ရုံဝတွင်လည်းလက်မှတ်ဝယ်ယူ၍လည်းရရှိကြောင်းသိရသည်။



မြန်မာနိုင်ငံလုံးဆိုင်ရာရဟန်းတော်များအဖွဲ့ချုပ်မှအသိပေးကြေညာချက်ထုတ်ပြန်





ရေစိုစတိုင်နဲ့ အမေစု

ဒီမှာပုဂ္ဂိုလ်တစ်ဦးအမေစုခြံထဲပြေးဝင်ပြီး...ဆိုပြီးပိုစ့်တခုတင်ဖူးပါတယ်။အောက်ကပုံကကန်တော့ခံနေတဲ့ပုံပါ ။

88generation students
By Kyaw Zaw









ရဲတွေထိုင်ကြည့်နေကြတယ်

Ko Shin

ဥပဒေပမှာ အဲဒီလောက်ဖြစ်နေတာ ရဲတွေထိုင်ကြည့်နေကြတယ်။ အုပ်ချုပ်ရေးမှူး ရက်စက်လွန်းပါတယ်ဗျာ။

ကျွန်တော်တို့ကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့၊ ရဲတပ်ဖွဲ့ဝင်တွေ၊ လူမိုက်တွေပူးပေါင်းပြီး လူတစ်ယောက်ကို အသေ လိုက်သတ်နေတဲ့အကြောင်းပြောပြချင်လို့ပါခင်ဗျာ။

ဖြစ်စဉ်ကိုမတင်ပြခင် ဇာတ်ရည်လည်အောင် အရင်ရှင်းပြပါမယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးအမည်က ဦးမြမောင်ပါ။ ဖုန်းနံပတ်က ၀၉၆၃၁၀၃၉၃ ပါ။

သူက ကားလုပ်ငန်း အကြီးအကျယ်လုပ်ပါတယ်။ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ကျွန်းကိုင်းမှီကိုင်းကျွန်းမှီပါ။ တရားမ၀င်တာရော တရားဝင်တာပါ အကုန်လုပ်ပါတယ်။

ငွေရှိပြီး လူရည်လည်တော့ အာဏာပိုင်တွေကိုသာမက လူမိုက်အများအပြားလည်းမွေးထားပါတယ်။

ကျွန်တော်တို့ရွာမှာဘဲ သူတို့အိမ်မှာ အလုပ်လုပ်ဖူးသူ ကိုဟန်ကျော်ဆိုတဲ့ လူတစ်ယောက်ဟာ ရိုးသားကြိုးစားပြီး လူချစ်လူခင်ပေါပါတယ်။ သူက အခုဆိုရင် ကားမောင်းသမားဘ၀ကနေ ကားပိုင်ဝယ်စီးနေပါပြီ။ ကိုယ်ပိုင်ကား လုပ်ငန်းကို လုပ်ကိုင်လာတော့ လုပ်ငန်းကလည်း တူပြန် ဆိုတော့ စီးပွားပြိုင်ဖက်သဖွယ်ဖြစ်လာပါတယ်။

ဒါနဲ့ကြည့်မရတာနဲ့ အသေသတ်ဖို့ကြံစည်ပါတော့တယ်။ ပထမနေ့ ၁၄-၄-၂၀၁၂ ရက်နေ့ မှာ အုပ်ချုပ်ရေးမှူးရဲ့ညီ ကိုအောင်ကြိုင်ဆိုသူက ကိုဟန်ကျော်ကို စိန်စခေါ်ပါတယ်။ အိမ်မှာကျွန်က ထမင်းဝတော့ ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့။ ပြသနာတော်တော်ရှာပါတယ်။

ကျွန်တော်တို့လဲ အုပ်ချုပ်ရေးမှူးကိုမကျော်လွန်နိုင်တာနဲ့ ကြားသာနေတယ် ဘာမှမကူညီနိုင်ပါဘူး။ ညနေပိုင်းမှာ ကိုဟန်ကျော်က အဲဒီ၇ွာကနေတစ်ဖက်ကမ်းကို အိမ်ပြောင်းဖို့ကြိုးစားပါတယ်။ ကားနဲ့ပစ္စည်းတွေ တင်တာပေါ့။

အဲဒီအချိန်မှာ ကိုအောင်ကြိုင်နဲ့ လူမိုက်အပေါင်းအပါများအပြင် နတ်သံကွင်းရွာ ရဲစခန်းမှ ရဲ ၂ ယောက်လဲ လာတားပါတယ်။ အာဏာပိုင်ရဲတွေ ပါလာတာနဲ့မပြောင်းဖြစ်လိုက်ပါဘူး။ ၁၅-၄-၂၀၁၂ ရက်နေ့ ည ၇နာရီခွဲလောက်မှာ ကိုဟန်ကျော်အိမ်ကို ကိုအောင်ကြိုင်ရဲ့လူ ၅၀ လောက်ဝိုင်းပြီး ခဲတွေနဲ့ပေါက် စိန်ခေါ်ပြီး အိမ်ထဲအတင်းဝင် ပိုင်နက် ကျူးကျော် ရိုက်နှက်ပါတော့တယ်။

တစ်ရွာလုံးရုန်းရင်းဆန်ခတ်ပါဘဲ။ ဘေးပတ်ဝန်းကျင်အိမ်တွေက ခုခံကြ ကူညီကြနဲ့ ကိုဟန်ကျော်နှစ်အိမ်ကျော်လောက်မှာရှိတဲ့ အိမ်တစ်အိမ်ကို ထွက်ပြေး ပုန်းအောင်းနေရပါတယ်။

တစ်ရွာလုံးလူ လူမိုက်တွေကလူတစ်ယောက်ကို အတင်းရှာဖွေပြီးသတ်ဖြတ်ဖို့ကြိုးစားနေချိန်မှာ ၇ဲတပ်ဖွဲ့ဝင်တွေက အဲဒီရှေ့က လက်ဘက်ရည်ဆိုင်မှာ ၇ှိနေပြီး သူတို့နဲ့ဘာမှ မဆိုင်သလိုနေနေကြပါတယ်။ ကျွန်တော်တို့ ရွာသားတွေကို ဥပဒေက မကာကွယ်ဘဲ အာဏာပိုင်တွေကိုသာ ကာကွယ်နေသလားဗျာ။

ဖြစ်စဉ်ဖြစ်နေတော့ ကိုဟန်ကျော်ရဲ့အမျိုးသမီးက ရဲစခန်းကို ပြေးတိုင်တော့လည်း အုပ်ချုပ်ရေးမှူး တစ်ယောက်လုံး ရှိသေးကြောင်းနဲ့ သူ့ကိုကျော်လို မကောင်းကြောင်းပြောပြီးပြန်လွှတ်လိုက်ပါတယ်။

ဘယ်လိုများ ညဆက်အိပ်ရပါမလဲဗျာ၊ သူက ကိုယ်တွေ့ပြေးရလွှားရ အိမ်တစ်အိမ်လုံးမှန်ကအစ ရစရာမရှိအောင် ကွဲပြဲကုန်တာဆိုတော့ ကြောက်တာပေါ့ဗျာ။ ကျွန်တော်တို့ထဲက တာဝန်သိပြည်သူတစ်ဦးကလည်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးဆီ ဖုန်းဆက်တော့ ၀န်ကြီးကလည်း ၁၆-၄-၂၀၁၂ ရက်နေ့မှာ စုံစမ်းဖို့ ရဲတပ်ဖွဲ့ဝင်တွေစေလွှတ်လိုက်ပါတယ်။

ဒါလည်းဘဲ ကျောက်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးနဲ့ပူးပေါင်းပြီး ဦးမြမောင်နဲ့ ကိုအောင်ကြိုင်က အမျိုး အချင်းချင်းရန်ဖြစ်တာသာဖြစ်ကြောင်း ပြောပြီးပြန်လွှတ်ခဲ့ပါတယ်။ ကျွန်တော်တို့ရွာသားတွေ မလုံခြုံတော့ပါဘူးဗျာ။

အဲဒီအုပ်ချုပ်ရေးမှူးနဲ့ အမျိုးတွေ၊ တပည့်တွေကိုကြောက်ရတော့ မှန်တာကလည်း အမှားဖြစ်ပြီးကျန်ရစ်ပါတယ်။

အဲဒီနေ့ကမြင်ကွင်းကိုပြချင်ပါတယ်။ တစ်ရွာလုံးအုတ်အော်သောင်းနင်းပါဘဲ။ လူတစ်ယောက်ကို လူ ၅၀ လောက်ဝိုင်းရှာ လိုက်သတ်နေလိုက်တာ ဆူညံ ပွက်နေတာဘဲ။

ဘေးအိမ်တွေမှာမှန်ကွဲတဲ့အိမ်ကကွဲ ၊ ၀င်ကူရင်းနှုတ်ခမ်းကွဲသူကကွဲနဲ့ ကျွန်တော်တို့ကို ကူညီကြပါဦးဗျာ။ ကိုဟန်ကျော်ခမျာမနေနိုင်တော့တာနဲ့ ၁၆-၄-၂၀၁၂ ရက်နေ့မှာ ကားပေါ်ရှိသမျှပစ္စည်းနိုင်သလောက်တင်ပြီး မိန်းမ၊ကလေးခေါ်ကာ ညမှောင်ချိန် ၉နာရီခွဲလောက်ခွေးပြေးဝက်ပြေးပြေးရတော့တာပါဘဲ။

သူ ဘယ်ဆက်နေရဲတော့မလဲ။ ဘယ်နေ့ လာသတ်မလဲ။ ဘယ်နေရာ လာသတ်မလဲမှ မသိတာကို။ ကျွန်တော်တို့အရမ်းသနားတယ်ဗျာ။ ကိုယ်ရွာသားဖက်ကလည်း မခံချင်ဘူး။ ဒါနဲ့ကိုယ်တတ်နိုင်တာနဲ့ လာပြီး ကူညီပေးတာပါ။ ဒီသတင်းကိုချက်ချင်းလေးလွှင့်ပေးပါဗျာ။ ခင်ဗျားတို့ကယ်မှ ရမှာပါ။ သြဇာရှိလို့ အားကိုးပါတယ်။

ဒီသတင်းကအဖြစ်အပျက်အမှန်တွေပါဗျာ။ ပေးစာတစ်စောင် ဆိုတာထက် သတင်းတစ်ခုပေးပို့ခြင်းသာဖြစ်ပါတယ်။ ကူညီပါအုံးဗျာ။ ဖြစ်စဉ်ကို စုံစမ်းဖို့ဖုန်းတွေပေးပါမယ်။

ကျောက်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး- ၀၅၄၄၉၀၀၂ နတ်သံကွင်းအိတ်ချိန်း ၀၅၄၅၅၄၄၈ တို့ကို ဆက်ပြီး သတင်းယူနိုင်ပါတယ်။ ကျောက်ကြီးမြို့နယ်မှူးပြောမှာကတော့ ကျွန်တော်ကြိုပြောလိုက်ပါမယ် အမျိုး အချင်းချင်းတွေဖြစ်တာပါလို့ ပြောမှာသေချာပါတယ်။

ဥပဒေပမှာ အဲဒီလောက်ဖြစ်နေတာ ရဲတွေထိုင်ကြည့်နေကြတယ်။ အုပ်ချုပ်ရေးမှူး ရက်စက်လွန်းပါတယ်ဗျာ။

ရိုက်နေရင်းကြားတာတစ်ခုရှိသေးတယ် ကိုအောင်ကြှိုင်က ငါ လူသတ်လာတာ ၇ယောက်ရှိပြီတဲ့ ကြောက်စရာဘဲဗျာ။ ဟုတ်လည်း ဟုတ်တယ် လူတစ်ယောက်ကို ကားနဲ့တိုက်သတ်တာ အချုပ်ထဲ ၂ ရက်ပဲဝင်ပြီး ပြီးသွားတယ်ဗျာ။

ကျွန်တော်တို့ရဲ့ ပြည်ထဲရေးဝန်ကြီး၊ ရဲချုပ်ကြီးနဲ့ သမ္မတကြီးကို ဆက်ပြီးတင်ပြပေစေလိုပါတယ်ဗျာ။

တရုတ် ကြေးနီကုမ္ပဏီကို ရွာလုံးကျွတ် ဆန္ဒပြ


2012-04-19

မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဆည်တဲ ကျေးရွာမှာ မနေ့က ရွာလုံးကျွတ် ဆန္ဒပြပွဲ တစ်ရပ် ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

ကြေးနီစီမံကိန်းမှာ လုပ်ကိုင်နေတဲ့ တရုတ်ကုမ္ပဏီ တစ်ခုက ဆည်တဲကျေးရွာက လယ်ယာမြေတွေပေါ်မှာ စီမံကိန်း ဘေးထွက်ပစ္စည်းတွေ လာရောက် စွန့်ပစ်တဲ့အတွက် ဒေသခံ တောင်သူတွေက တားဆီး ဆန္ဒပြခဲ့ကြပါတယ်။

စွန့်ပစ်ပစ္စည်းတွေ လာရောက် စုပုံတဲ့ တရုတ်ကုမ္ပဏီ ကားကိုလည်း ဘုန်းကြီးကျောင်းထဲကို ခေါ်ယူလာပြီး ၀ိုင်းဝန်း ကန့်ကွက်ခဲ့ကြတယ်လို့ ဆည်တဲရွာသူတစ်ဦးက ပြောပါတယ်။

အဲဒီလို ဆန္ဒပြ ကန့်ကွက်နေကြစဉ်အတွင်း ဆားလင်းကြီးမြို့ နယ် ရဲစခန်းမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး ပစ်ခတ် လူစုခွဲရလိမ့်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း၊ ဆည်တဲရွာကိုလည်း ရဲက ၀ိုင်းထားဆဲ ဖြစ်ကြောင်းလည်း ဆည်တဲရွာသူက နောက်ဆုံးအခြေအနေကို ပြောဆိုခဲ့ပါတယ်။

ဆည်တဲရွာဟာ တရုတ်ကုမ္ပဏီတစ်ခုက ဦးဆောင်လုပ်ကိုင်နေတဲ့ စီမံကိန်းနယ်မြေထဲမှာ ပါဝင်ပြီး သက်ဆိုင်ရာက ဖိအားပေး ပြောင်းရွေ့ခိုင်းထားတဲ့ ရွာတစ်ရွာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဒေသခံတွေက သူတို့ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်လာတဲ့ ယာမြေတွေကို မစွန့်ခွာတဲ့အတွက် အခုလို ကားတွေနဲ့ လယ်ယာမြေပေါ်မှာ စီမံကိန်း ဘေးထွက်ပစ္စည်းတွေ လာရောက် စုပုံနေတာဖြစ်ကြောင်း ရွာသူရွာသားတွေက ပြောဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းကလည်း ဆားလင်းကြီးမြို့နယ် ဒုန်းတော၊ ဂုဏ်တောနဲ့ ရွာသာရွာက တောင်သူတွေရဲ့ စိုက်ပျိုးခင်းတွေပေါ်မှာ မြန်မာယမ်စီ ကုမ္ပဏီက ကြေးနီလုပ်ငန်း စွန့်ပစ်မြေတွေ လာရောက် စုပုံခဲ့တဲ့အတွက် သီးနှံတွေပျက်စီးခဲ့တာကြောင့် ဒေသခံတောင်သူ (၈၀) လောက်က ကုမ္ပဏီရုံးကို သွားရောက် ကန့်ကွက် ဆန္ဒပြခဲ့ကြပြီး နိုင်ငံတော် သမ္မတထံကိုလည်း စာရေးသား တိုင်ကြားခဲ့ကြပါတယ်။

တရုတ်အမျိုးသားပိုင် မြန်မာယမ်စီ ကုမ္ပဏီဟာ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်နဲ့ ကြေးနီ ထုတ်လုပ်ရေး ဖက်စပ်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
http://www.rfa.org/burmese/news/myanmar-yang-si-copper-mine-04192012224419.html

ကလေးစစ်သား မိဘများ ပြန်ခေါ်သော်လည်း စစ်တပ်မှ ခွင့်မပြု

2012-04-20

အဓမ္မ စစ်မှုထမ်းနေရတဲ့ အသက် ၁၅ နှစ်ကျော် ၁၀ တန်းကျောင်းသား မောင်ဆန်းယုနိုင်ကို မိဘအပ်ထိန်းသူတွေက စစ်လေ့ကျင့်ရေးကျောင်းမှာ ရှာလို့တွေ့ပေမယ့် အိမ်ပြန်ခေါ်တာကို စစ်တပ်က ခွင့်မပြုဘူးလို့ သိရပါတယ်။

မောင်ဆန်းယုနိုင်ဟာ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ် လေ့ကျင်းရေးကျောင်း အမှတ် ၇ စစ်သင်တန်းကျောင်းမှာ စစ်သင်တန်း တက်နေရပြီး မိဘအုပ်ထိန်းသူတွေက သွားခေါ်တဲ့အခါမှာတော့ ဒီကလေးကို စလက်ခံကတည်းက မိဘမဲ့ကလေးအဖြစ် စာရွက်စာတမ်းနဲ့ လက်ခံခဲ့တာကြောင့် တွေ့ခွင့်သာပေးပြီး အိမ်ပြန်မထည့်ဘူးလို့ စစ်သင်တန်းကျောင်း တာဝန်ကျအရာရှိက ပြောလွှတ်တယ်လို့ သူ့ရဲ့ အဖိုးဖြစ်သူ ဦးအောင်ငြိမ်းက ပြောပါတယ်။

ကျွန်တော်တို့ကလေးဟာ ၁၀ တန်းကျောင်းသားလည်းဖြစ်တယ်။ အသက်လည်း မပြည့်သေးတဲ့အတွက် ကျွန်တော်တို့ ပြန်ခေါ်ချင်တယ်လို့ ပြောတဲ့အခါကျတော့ ခင်ဗျားကလေးက မှန်တယ်။ သို့သော်လည်း လာပို့တဲ့အရာရှိက စာရွက်စာတမ်း အပြည့်အစုံနဲ့ မိဘမဲ့ကလေးဆိုပြီး လာပို့သွားတယ်တဲ့။ ကျွန်တော်တို့ဆီကိုလာရင် တွေ့လို့တော့ရမယ်။ ခေါ်လို့မရဘူးလို့ ပြောလိုက်တယ်။

မောင်ဆန်းယုနိုင်ဟာ ရန်ကုန်မြို့ တာကေတမြို့နယ် ၂ /မြောက် ရပ်ကွက်မှာ နေထိုင်တာဖြစ်ပြီး အထက (၁) တာကေတ အထက်တန်းကျောင်းက ၁၀ တန်းကျောင်းသား တစ်ဦးဖြစ်ပြီး စစ်တပ်ထဲ ဝင်လိုက်ရလို့ စာမေးပွဲ ဖြေဆိုခွင့်လည်း ဆုံးရှုံးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့ ည ၁၀ နာရီလောက်မှာ စလောင်းကလာတဲ့ ဘောလုံးပွဲ သွားကြည့်မယ်ဆိုပြီး အိမ်ကထွက်သွားတဲ့ ညမှာပဲ ကလေးစစ်သားအဖြစ် အဖမ်းခံရတာပါ။

သူ့ကို စစ်တပ်အရာရှိ ကိုဟန်လင်းက တပ်မတော် လေ့ကျင်းရေးကျောင်းကို ခေါ်သွားတာလို့ နောက်ပိုင်းမှာ သိရတယ်လို့လည်း ဦးအောင်ငြိမ်းက ပြောပါတယ်။

အစိုးရက စစ်တပ်မှာ ကလေးစစ်သား မသုံးပါဘူးလို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက သတင်းစာရှင်းပွဲလုပ်ထားပြီး နိုင်ငံပိုင်သတင်းစာမှာလည်း ဖော်ပြထားပါတယ်။ ဒီအချက်ကိုကိုင်ပြီး မြေးဖြစ်သူကို ပြန်ခေါ်ဖို့ကြိုးစားမယ်။ ကာကွယ်ရေးဝန်ကြီးဌာနကိုလည်း အသနားခံစာပို့မယ်လို့ ဦးအောင်ငြိမ်းက ပြောပါတယ်။

" အသက်မပြည့်သေးတဲ့ ကလေးကို စစ်သားမလုပ်ခိုင်းရဘူး။ မိဘအုပ်ထိန်းသူ သဘောမတူရင် မလုပ်ရဘူးဆိုတာ ကျွန်တော်တို့ စာစောင်ထဲမှာလည်း ပါတယ်။ သတင်းစာထဲမှာလည်း ရှင်းလင်းပွဲ လုပ်ထားတယ်လေ။ ကျွန်တော်တို့လည်း ဝန်ကြီးဌာန ၁၂ ဌာနကို နေပြည်တော် ကာကွယ်ရေးဦးစီးချုပ်ကနေ စစ်တပ်နဲ့ ပတ်သက်တဲ့ ဌာနတွေပေါ့။ တိုင်စာတက်ဖို့၊ လူကြီးတွေကို မေတ္တာရပ်ခံဖို့ အကြောင်းကြားရတာပေါ့။"

ဒီကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတကာအလုပ်သမားအဖွဲ့ ILO ကိုလည်း တိုင်တန်းထားတယ်လို့ ဦးအောင်ငြိမ်းက ပြောပါတယ်။
http://www.rfa.org/burmese/news/child-soldier-04202012083247.html

NLD လွှတ်တော်လုံးဝမတက်ဘူးဆိုသည်မှာမဟုတ်ဟု ဦးဥာဏ်ဝင်းငြင်းဆို

Popular Myanmar News Journal
11 hours ago
အွန်လိုင်းပေါ်တွင်ပျံ့နှံ့နေသော NLD လွှတ်တော်မတက်ဆိုသည့်သတင်းကို ဦးဥာဏ်ဝင်းက ယနေ့ ညနေ ၄နာရီကငြင်းဆိုလိုက်သည်။

“ကျွန်တော်တစ်ခါတည်းပြောမယ် NLD လွှတ်တော်မတက်ဘူးလို့ဘယ်တုန်းကမှမပြောဘူး။ဆုံးဖြတ် ချက်လည်းလုံးဝမရှိဘူး ” ဟု ဦးဥာဏ်ဝင်းကပြောသည်

ဧပြီလ ၂၃ ရက်ခေါ်ယူကျင်းပမည့် လွှတ်တော်အစည်းအဝေးသို့ NLD အနေဖြင့် တက်ရောက်မည် မ ဟုတ်ဟု အွန်လိုင်းတွင်ပျံ့နှံ့နေသည့် သတင်းနှင့်ပတ်သပ်၍ ပေါ်ပြူလာနယူးဂျာနယ်မှ ယနေ့ညနေတွင် NLD ရုံးချုပ်သို့သွားရောက်ပြီး ဦးဥာဏ်ဝင်းနှင့်တွေ့ဆုံးမေးမြန်းခဲ့သည့်တွင် ၄င်းကအထက်ပါအတိုင်း ပြန်လည်ပြော ကြားခဲ့ခြင်းဖြစ်သည်။

“၂၃ ရက်နေ့မှာ ကျွန်တော်တို့လွှတ်တော်မတက်ဖြစ်ဖို့များတယ်။ မတက်နိုင်ဘူးလို့ ကျွန်တော်မပြော ဘူး”ဟု ၄င်းကပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲ၌ အောင်နိုင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အပါ အ၀င် ဒီချုပ်ကိုယ်စားလှယ်များအား ဧပြီလ ၂၃ ရက် တွင်လွှတ်တော်တက်ရောက်ရန်ဖိတ်ကြားထားပြီး လွှတ်တော်တက်ရန်ကျမ်းသစ္စာ ကျိန်ဆိုရာတွင် ၄င်းတို့အနေဖြင့် လက်မခံနိုင်သည့် စကားစုအချို့အား ပြင်ဆင်ရန်နှောင့်နှေးနေသောကြောင့် ယင်းနေ့တွင် လွှတ်တော်တက်ရန်မှာ ဖြစ်နိုင်ဖွယ်မရှိ သေးကြောင်း ဦးဥာဏ်ဝင်းကဆိုသည်။



ကျမ်းကျိန်ဆိုရမည့် စာသား သဘောတူညီချက် မရသေး
2012-04-20
ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ကျမ်းကျိန်ဆိုရမယ့် စာသားနဲ့ ပတ်သက်လို့ သက်ဆိုင်ရာနဲ့ သဘောတူညီချက် မရသေးတဲ့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ဧပြီလ ၂၃ ရက်နေ့မှာ ပြုလုပ်မဲ့ လွှတ်တော်ပုံမှန် အစည်းအဝေးတွေကို တက်ရောက်ဖို့ မသေချာတော့ကြောင်း NLD က ဒီကနေ့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။


RFA
ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရေး မှတ်ပုံတင်ရန်အတွက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်က ရောက်ရှိလာစဉ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးမှာ ဒီကနေ့ မနက်ပိုင်း လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောကြားခဲ့တာပါ။
ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက လွှတ်တော်ကိုယ်စားလှယ်တွေ ကျမ်းသစ္စာ ကျိန်ဆိုရမယ့် ကိစ္စနဲ့ပတ်သက်ပြီး ဇယား (၄) ပါ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမယ် (Uphold ) ဆိုတဲ့ စကားရပ်ဟာ နိုင်ငံတကာမှာ ကျင့်သုံးနေတာဖြစ်ကြောင်း မနေ့က တွေ့ဆုံရာမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။
ခုံရုံးရဲ့ ဒီသဘောထားအပေါ် NLD ပါတီရော ဒေါ်အောင်ဆန်းစုကြည်ကပါ သဘောမတူညီတာတွေ ရှိကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တွေ ကျမ်းသစ္စာကျိန်ဆိုလွှာနဲ့ ပတ်သက်ပြီး NLD က အကြံပြုချက်တွေ ထပ်မံပြုစုနေပြီး ဒီအချက်တွေကို လောလောဆယ်မှာ ပြောကြားနိုင်ခြင်း မရှိသေးကြောင်းလည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။
ဒီအကြံပြုချက်တွေကို မနက်ဖြန်မှာ အခြေခံဥပဒေခုံရုံးကို ထပ်မံ တင်ပြမှာဖြစ်တယ်လို့ သိရပါတယ်။
NLD ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကို အာအက်ဖ်အေက ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
http://www.rfa.org/burmese/news/nld-oath-rule-04202012091007.html

မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း (မူကြမ်း)



by Popular Myanmar News Journal on Friday, April 20, 2012 at 1:43am ·
မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း (မူကြမ်း)ကို ပြည်တွင်းပြည်ပသတင်းမီဒီယာသမားများလေ့လာဆွေးနွေး အကြံပေးနိုင်အောင်

တင်ပြလိုက်ပါတယ်။

၂၀၁၂ မေလမကုန်မီ ဝေဖန် အကြံပေးချက်များ ပြန်လည်ပေးပို့ကြပါရန်။ ဝေဖန် အကြံပေးသူများသည်
ပြည်တွင်း ပြည်ပ သတင်းမီဒီယာသမားများနှင့် သတင်းဆိုင်ရာ ပညာရှင်များသာ ဖြစ်ရပါမည်။  အမည်နှင့် သတင်းအဖွဲ့အစည်းအမည်ကို ဖော်ပြပေးပါရန်။
mja2012.org  ဖြစ်စေ၊ mmjaorg@gmail.com ကိုဖြစ်စေ၊ maungwuntha@gmail.comကို ဖြစ်စေ ponainglin@gmail.com သို့ဖြစ်စေ ပေးပို့နိုင်ပါတယ်။

မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း (မူကြမ်း)
Myanmar Journalists Association - MJA
Constitution (Draft)


 နိဒါန်း

၁။ မြန်မာနိုင်ငံတွင် အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းမှုကာလများမှစ၍ ၁၉၆၂ခုနှစ်အထိ လွတ်လပ်သော သတင်းစာဆရာအသင်း၊ သတင်းထောက်အသင်းနှင့်

စာရေးဆရာအသင်းများ ဖွဲ့တည်ခဲ့ပေသည်။ ထိုနောက်တစ်ပါတီစနစ်အောက်တွင် မြန်မာနိုင်ငံစာပေလုပ်သားအဖွဲ့ဟူ၍ စာရေးဆရာအဖွဲ့ခွဲနှင့်သတင်းစာဆရာအဖွဲ့ခွဲကို

ပေါင်းစု ဖွဲ့စည်းခဲ့ပေသည်။ ထိုနောက် ၁၉၈၈ခုနှစ်မှ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ

အစိုးရများအောက်တွင် မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့ဟူ၍ ဖွဲ့စည်းတည်ရှိခဲ့ပေသည်။


၂။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ၂၀၁၀ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့ပြီး ယင်း ရွေးကောက်ပွဲ

ရလာဒ်အရ  ၂၀၁၁ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်က ရွေးချယ်တင်မြှောက်သော ပြည်ထောင်စု အစိုးရတစ်ရပ် ပေါ်ပေါက်လာပေသည်။ ထိုနောက်

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄(ဂ)ပါ ပြည်သူ့အခွင့်အရေးတစ်ရပ်ဖြစ်သည့် အသင်းအဖွဲ့သို့မဟုတ် အစည်းအရုံးများ လွတ်လပ်စွာ ဖွဲ့စည်း

ဆောင်ရွက်ခွင့်နှင့်အညီ  မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့ကို ဖျက်သိမ်းပြီး မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်းနှင့် မြန်မာနိုင်ငံ

ပုံနှိပ်ထုတ်ဝေဖြန့်ချိသူများ အသင်းဟူ၍  အစိုးရအဖွဲ့အစည်း မဟုတ်သည့် သီးခြား လွတ်လပ်သော အသင်းအဖွဲ့ NGO) များအဖြစ် ဖွဲ့စည်းတည်ထောင်သွားရန် ၂၀၁၂ခုနှစ်

မတ်လ ၂၄ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပသော မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့ အရေးပေါ်ညီလာခံက ဆုံးဖြတ်ခဲ့ပေသည်။ 


၃။ ၁၉၈၈ခုနှစ်မှစ၍ မြန်မာနိုင်ငံပြည်သူများသည် ဒီမိုကရေစီနိုင်ငံတော်သစ်ထူထောင်ရေးကို စွန့်လွှတ် စွန့်စားမှုများစွာဖြင့် ဦးတည် ကြိုးပမ်းလျက်ရှိရာ ပြည်သူများ၏

သဘောထားထင်မြင်ချက်ကို ထင်ဟတ်ခြင်းနှင့် ဦးဆောင်ခြင်း ပြုလုပ်နိုင်စွမ်း ရှိသည့် စတုတ္ထမဏ္ဍိုင်ဖြစ်သော သတင်းမီဒီယာများ၏ အခန်းကဏ္ဍသည် ယခင်ကထက် ပို၍

အရေးပါလာပေသည်။ သို့ဖြစ်ရာ  ဒီမိုကရေစီ နိုင်ငံတော်သစ် ပေါ်ထွန်းရေးနှင့် ရေရှည်တည်တံခိုင်မြဲရေးအတွက် ထိရောက်စွာ အထောက်အကူ

ပြုနိုင်ရန်အလို့ငှာလည်းကောင်း၊ စာနယ်ဇင်းလွတ်လပ်ခွင့်ကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ရရှိခံစားနိုင်ရန်နှင့် သတင်းမီဒီယာသမားများ၏ လွတ်လပ်စွာ

လုပ်ငန်းဆောင်ရွက်ပိုင်ခွင့်ကို  အကာအကွယ်ပေးရန်အလို့ငှာလည်းကောင်း သတင်းမီဒီယာလောကသားများအား ကိုယ်စားပြုသည့်

မြန်မာနိုင်ငံသတင်းစာဆရာအသင်းကို ဖော်ပြပါ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းနှင့်အညီ ဖွဲ့စည်းတည်ထောင်လိုက်ပေသည်။


အခန်း (၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

အမည်

၎။ ဤအသင်းကို မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း (Myanmar Journalists Association - MJA) ဟု ခေါ်တွင်စေရမည်။

၅။ ဤဖွဲ့စည်းပုံစည်းမျဉ်းတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။

    (က) သတင်းစာဆိုသည်မှာ သတင်း၊ ဆောင်းပါး၊ အာဘော်၊ ကာတွန်း၊ သတင်းဓာတ်ပုံ၊ ကြော်ငြာစသည်တို့ ပါရှိသော နေ့စဉ်ထုတ် စာစောင်ကို ဆိုသည်။

    (ခ) ဂျာနယ် ဆိုသည်မှာ (မြန်မာနိုင်ငံတွင် အများ သိရှိလက်ခံထားသော သဘောသဘာဝအရ) တစ်ပတ်တစ်ကြိမ် (သို့မဟုတ်) နှစ်ပတ်တစ်ကြိမ် အချိန်မှန်

ထုတ်ဝေသော သတင်း၊ ဆောင်းပါး၊ အာဘော်၊ ကာတွန်း၊ သတင်းဓာတ်ပုံ၊ ကြော်ငြာစသည်တို့ပါရှိသည့် စာစောင် ဖြစ်သည်။

    (ဂ) သတင်းမဂ္ဂဇင်း ဆိုသည်မှာ ဂျာနယ်နှင့်အလားတူ တစ်ပတ်တစ်ကြိမ်ဖြစ်စေ၊ နှစ်ပတ်တစ်ကြိမ်ဖြစ်စေ၊ တစ်လတစ်ကြိမ် ဖြစ်စေ အချိန်မှန် ထုတ်ဝေသော

စာစောင်ဖြစ်သည်။

    (ဃ) သတင်းဌာန ဆိုသည်မှာ ယခင်အခေါ် ကြေးနန်းသတင်းဌာန (Wire News Service)၊ သတင်းအေဂျင်စီ (News Agency) စသည်တို့ကို ဆိုသည်။

    (င) ရေဒီယို ဆိုသည်မှာ  ပြည်တွင်းအခြေစိုက်နှင့် ပြည်ပအခြေစိုက် အသံလွှင့်ဌာနများကို ဆိုသည်။

    (စ) ရုပ်သံ ဆိုသည်မှာ ပြည်တွင်းအခြေစိုက်နှင့် ပြည်ပအခြေစိုက် ရုပ်မြင်သံကြား (Television Station) ဌာနများကို ဆိုသည်။

    (ဆ) အွန်လိုင်း မီဒီယာ ဆိုသည်မှာ အများသူငါ ဖတ်နိုင်ရန် အင်တာနက်ကို အသုံးပြု၍ သတင်း၊ သတင်းဓာတ်ပုံ၊ ဆောင်းပါး၊ ဝေဖန်ချက်စသည်တို့ကို

ရေးသားတင်ပြသည့် သတင်းလုပ်ငန်း (Website, Face book or Blog)များကို ဆိုသည်။

    (ဇ) အသင်း ဆိုသည်မှာ (ရှေ့တွင် ဖော်ပြသော အပိုဒ်များ၌ ရှေ့နောက်ဆန့်ကျင်မှု မရှိလျှင်) မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းကို ဆိုသည်။ အသင်းဝင် ဆိုသည်မှာ

မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း၏ အသင်းသူ၊ အသင်းသားများကို ဆိုသည်။ သဟာယ အသင်းဝင် ဆိုသည်မှာ မြန်မာနိုင်ငံသား မဟုတ်သော မြန်မာနိုင်ငံဆိုင်ရာ

သတင်းမီဒီယာလုပ်ငန်း တစ်စုံတစ်ရာကို လုပ်ကိုင်နေသူများထဲမှ အသင်းဝင်အဖြစ် ပါဝင်လာသူကို ဆိုသည်။ စည်းမျဉ်း ဆိုသည်မှာ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း၏

ဖွဲ့စည်းပုံ အခြခံ စည်းမျဉ်းကို ဆိုသည်။

    (ဈ) ပြည်နယ်/ တိုင်းဒေသကြီး သတင်းစာဆရာအသင်း ဆိုသည်မှာ မြန်မာနိုင်ငံသတင်းစာဆရာ အသင်း၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းနှင့်အညီ ဖွဲ့စည်း ထားသည့်

ပြည်နယ်^ တိုင်းဒေသကြီး သတင်းစာဆရာအသင်း (သို့မဟုတ်) စည်းရုံးရေးကော်မတီကို ဆိုသည်။

    (ည) ပြည်နယ်/ တိုင်းဒေသကြီး သတင်းစာဆရာအသင်း အမှုဆောင်အဖွဲ့ ဆိုသည်မှာ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းနှင့်အညီ

ပြည်နယ်/ တိုင်းဒေသကြီး အသီးသီး၏ အသင်းဝင်များ မျက်နှာစုံညီအစည်းအဝေးက ရွေးကောက်တင်မြှောက်ထားသော အမှုဆောင်အဖွဲ့ကို ဆိုသည်။

    (ဋ) ဗဟို ဦးစီးအဖွဲ့ ဆိုသည်မှာ ဤ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းနှင့်အညီ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း နိုင်ငံလုံးဆိုင်ရာ ညီလာခံက လျှို့ဝှက်မဲစနစ်ဖြင့်

ရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စားပြုအဖွဲ့ကို ဆိုသည်။

    (ဌ) ဗဟိုအမှုဆောင်အဖွဲ့ ဆိုသည်မှာ ဤ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းနှင့်အညီ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း နိုင်ငံလုံးဆိုင်ရာ ညီလာခံက

ရွေးကောက်တင်မြှောက်လိုက်သော ဗဟိုဦးစီးအဖွဲ့က ရွေးချယ်တာဝန်ပေးသည့်  အမှုဆောင်အဖွဲ့ကို ဆိုသည်။

    (ဍ) ဗဟိုစာရင်းစစ်အဖွဲ့ ဆိုသည်မှာ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း နိုင်ငံလုံးဆိုင်ရာ ညီလာခံက ရွေးကောက်တင်မြှောက်လိုက်သော ဗဟိုဦးစီးအဖွဲ့က

ရွေးချယ်တာဝန်ပေးသည့် စာရင်းစစ်အဖွဲ့ ဖြစ်သည်။

    (ဎ) လုပ်ငန်း ကော်မတီ ဆိုသည်မှာ ဤ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းနှင့်အညီ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း ဗဟိုအမှုဆောင်အဖွဲ့ကို အထောက်အကူပြုမည့်

အသင်းဝင်များ၏ အခွင့်အရေးကို အကာအကွယ်ပေးရေး၊ စည်းရုံးရေး၊ လှုံ့ဆော်ပညာပေးရေး၊ သက်သာချောင်ချိရေး၊ ကျင့်ဝတ်ထိန်းသိမ်းရေး၊ အရည်အသွေး မြှင့်တင်ရေး၊

နိုင်ငံတကာဆက်ဆံရေး စသည့်လုပ်ငန်းများအတွက် ဖွဲ့စည်းပေးသည့် လုပ်ငန်းကော်မတီများကို ဆိုသည်။

    (ဏ) အခြေခံအဖွဲ့ ဆိုသည်မှာ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း၏ အသင်းဝင်များအနက် လုပ်ငန်းသဘာဝ ကွဲပြားခြားနားမှုအလိုက် အမျိုးအစားခွဲခြားထားသော

အခြေခံအဖွဲများ ဖြစ်သည့် (က) ပုံနှိပ်မီဒီယာ အခြေခံအဖွဲ့ (ခ) ရေဒီယို နှင့် ရုပ်သံ အခြေခံအဖွဲ့၊ (ဂ) သတင်းဌာနများအခြေခံအဖွဲ့၊ (ဃ) အွန်လိုင်းမီဒီယာအခြေခံအဖွဲ့ တို့ကို

ဆိုသည်။


အခန်း (၂)

ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်


၆။ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ ရည်ရွယ်ချက်များ။

    (က) စာနယ်ဇင်းလွတ်လပ်ခွင့်ကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ရရှိခံစားနိုင်ရေး၊

    (ခ) သတင်းမီဒီယာသမားများ၏ လွတ်လပ်စွာ လုပ်ငန်းဆောင်ရွက်ပိုင်ခွင့်ကို  အကာအကွယ်ပေးရေး၊

    (ဂ) စာနယ်ဇင်းကျင့်ဝတ်များကို မြှင့်တင်ရင်း အင်အားတောင့်တင်းသော စတုတ္ထမဏ္ဍိုင် တည်ဆောက်ရေး၊

    (ဃ) သတင်းမီဒီယာသမားတို့၏ ခေတ်မီသတင်းပညာ လေ့လာဆည်းပူးခွင့်ကို အားပေးမြှင့်တင်ရေး၊

    (င) သတင်းမီဒီယာသမားတို့၏ လူမှုဘ၀တိုးတက်ရေး၊ သက်သာချောင်ချိရေးကိစ္စများကို ဆောင်ရွက်ရေး၊

    (စ) မြန်မာနိုင်ငံရှိ သတင်းစာဆရာများနှင့် နိုင်ငံတကာ သတင်းစာဆရာများ ချစ်ကြည်ရင်းနှီးမှုကို တိုးချဲ့တည်ဆောက်ရေး၊


၇။ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ လုပ်ငန်းစဉ်များ။

    (က) သတင်းမီဒီယာသမားများ ရရှိ ခံစားအပ်သော အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်၊

    (ခ) တိကျမှန်ကန်သည့် သတင်းများ ရေးသားထုတ်ပြန်ခြင်းကို အားပေးရန်၊

    (ဂ) ခိုင်မာတောင့်တင်းသော စတုတ္ထမဏ္ဍိုင်အဖြစ် တည်ဆောက်ရန်၊

    (ဃ) ခေတ်မီ သတင်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်၊ (အဆင့်မြင့် သတင်းပညာ သင်တန်း ကျောင်း တည်ထောင်ရန်)

    (င) သတင်းမီဒီယာသမားများ၏ လူမှုရေးကိစ္စများ၊ သက်သာချောင်ချိရေးကိစ္စများတွင် ကူညီဆောင်ရွက်ရန်၊

    (စ) မြန်မာနိုင်ငံသတင်းစာဆရာအသင်းနှင့် နိုင်ငံတကာ သတင်းစာဆရာအသင်းများ ပေါင်းကူး ဆက်သွယ်၍ မြနိမာနိုင်ငံတွင် သတင်းနည်းပညာများ ဖွံ့ဖြိုးရေးကို

အလေးထားဆောင်ရွက်ရန်၊


အခန်း (၃)

အသင်း တည်နေရာနှင့် တံဆိပ်အမှတ်အသား

(၈) တည်နေရာ

    မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း၏ တည်နေရာသည် ရန်ကုန်မြို့တွင် ဖြစ်ရမည်။

(၉) တံဆိပ်အမှတ်အသား၊ ဆောင်ပုဒ်နှင့် အလံ

    (က) မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း၏ တံဆိပ်အမှတ်အသားမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်သည်။

        (ဗဟိုအမှုဆောင်အဖွဲ့က သတ်မှတ်ရန်)

    (ခ) မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း၏ ဆောင်ပုဒ်မှာ အောက်ပါအတိုင်း ဖြစ်သည်။

        (ဗဟိုအမှုဆောင်အဖွဲ့က သတ်မှတ်ရန်)

    (ဂ) မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း၏ အလံမှာ အောက်ပါအတိုင်း ဖြစ်သည်။

        (ဗဟို အမှုဆောင်အဖွဲ့က သတ်မှတ်ရန်)

(၁၀) ရုံးတံဆိပ်

    အောက်ဖော်ပြပါတံဆိပ်သည် မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း၏ ရုံးတံဆိပ်ဖြစ်သည်။

        (ဗဟိုအမှုဆောင်အဖွဲ့က သတ်မှတ်ရန်)


အခန်း (၄)

အသင်းဝင်ဖြစ်ခြင်း

၁၁။ အသင်းဝင်ဖြစ်ခြင်း

    ဤဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပါ သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသူများသည် လူမျိုး၊ ဘာသာ၊ အမျိုးသား၊ အမျိုးသမီး ခွဲခြားမှုမရှိဘဲ

မြန်မာနိုင်ငံသတင်းစာဆရာအသင်းသို့ ၀င်ခွင့်ရှိသည်။


    (က) ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်ရမည်။

    (ခ) အသက် ၁၈နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။

    (ဂ) မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ယုံကြည်လက်ခံ၍ လိုက်နာရန် ကတိပြုသူဖြစ်ရမည်။

    (ဃ) မြန်မာနိုင်ငံသတင်းစာဆရာအသင်းက ပေးအပ်သော တာဝန်နှင့် ၀တ္တရားများကို မမှိတ်မသုန် ထမ်းဆောင်ရန် ကတိပြုသူဖြစ်ရမည်။

    (င) သတ်မှတ်ထားသော အသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေးများကို မပျက်မကွက် ပေးဆောင်ရန်ကတိပြုသူ ဖြစ်ရမည်။

    (စ) အသင်းဝင်ပုံစံတွင် မြန်မာနိုင်ငံသတင်းစာဆရာ အသင်းဝင် ၂ ဦး၏ ထောက်ခံချက် ပါရှိရမည်။


    မှတ်ချက်။ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ အမှုဆောင်အဖွဲ့ဝင်များသည် နိုင်ငံရေးပါတီတစ်စုံတစ်ခု၏ အဖွဲ့ဝင်မဖြစ်စေရ။ မူလက ပါတီဝင်ဖြစ်ခဲ့လျှင်

အမှုဆောင်အဖွဲ့တာဝန်ကို ထမ်းဆောင်ချိန်တွင် ပါတီအဖွဲ့ဝင်အဖြစ်ကို စွန့်လွှတ်ရမည်။


၁၂။ အောက်ပါ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူများသည် မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းဝင်အဖြစ် ပါဝင်ခွင့်ရှိသည်။

    (က) လက်ရှိ သတင်းစာ၊ သတင်းဂျာနယ်၊ သတင်းမဂ္ဂဇင်း၊ သတင်းအေဂျင်စီ၊ ရေဒီယို၊ ရုပ်သံ၊ အွန်လိုင်း မီဒီယာစသော သတင်းလုပ်ငန်းတစ်ခုခုတွင်

တာဝန်ထမ်းဆောင်လျက်ရှိသည့် သတင်းထောက်၊ အယ်ဒီတာ၊ ဆောင်းပါးရှင်၊ သတင်းဘာသာပြန်၊ သတင်းကြေညာသူ၊ အစီအစဉ် တင်ဆက်သူ၊ ဓာတ်ပုံဆရာ၊

ကာတွန်းဆရာ၊  စာပြင်ဆရာ၊ နှင့် အလွတ်သတင်းသမားများ။

    (ခ) လက်ရှိ သတင်းလုပ်ငန်းတစ်ခုခုတွင် တာဝန်ထမ်းဆောင်နေခြင်းမရှိသော်လည်း ယခင်က  တစ်နှစ်ထက် မနည်း သတင်းမီဒီယာ ဆက်စပ်အလုပ်တာဝန်

ဆောင်ရွက်ခဲ့သူများ။

    (ဂ) တည်ဆဲ သတင်းအဖွဲ့အစည်းတစ်ခုခုမှ သတင်းမီဒီယာသမားအဖြစ် အသိအမှတ်ပြု ထောက်ခံချက် ပေးသူများ။


၁၃။ အသင်းဝင်အမျိုးအစား

    အသင်းဝင်များကို အောက်ပါအတိုင်း အမျိုးအစား ခွဲခြားထားရှိသည်။

    (က) သာမန်အသင်းဝင်

    (ခ) ရာသက်ပန်အသင်းဝင်

    (ဂ) ဂုဏ်ထူးဆောင်အသင်းဝင်

    (ဃ) သဟာယ အသင်းဝင


၁၄။ သာမန်အသင်းဝင်

    (က) အသင်း၏ စည်းမျဉ်း အခန်း ၄ အပိုဒ် (က) (ခ) (ဂ)နှင့် ညီညွတ်သူ မည်သူမဆို သာမန်အသင်းဝင်အဖြစ် လက်ခံနိုင်သည်။


    (ခ)သာမန်အသင်းဝင်သည် အသင်းဝင်သက်တမ်း ၃ နှစ်အနည်းဆုံး ရှိပြီးမှသာ အသင်း၏ အမှုဆောင် တာဝန်များတွင် ပါဝင် အရွေးခံခွင့်ရှိသည်။

    (ဂ) သာမန်အသင်းဝင်သည် အသင်းဝင် စတင်ဖြစ်ချိန်မှစ၍ အသင်း အမှုဆောင်ရွေးပွဲများတွင် ပါဝင် မဲပေးခွင့်ရှိသည်။


၁၅။ ရာသက်ပန် အသင်းဝင်

    (က) သာမန်အသင်းဝင်အဖြစ် ၅ နှစ် ဆက်တိုက်ပါဝင်ပြီးသူတစ်ဦးသည် သတ်မှတ် ထားသော ရာသက်ပန် အသင်ဝင်ကြေးများကို တစ်ကြိမ်တည်း ပေးသွင်းပြီး

ရာသက်ပန်အသင်းဝင်အဖြစ် အဆိုပြုပါက ၄င်းအား ရာသက်ပန် အသင်းဝင်အဖြစ် လက်ခံနိုင်သည်။

    (ခ) ရာသက်ပန် အသင်းဝင်သည် အသင်း၏ အမှုဆောင်အဖွဲ့တာဝန်များအတွက် ပါဝင်အရွေးခံခွင့်၊ မဲပေးခွင့်များ ရှိသည်။


၁၆။ ဂုဏ်ထူးဆောင် အသင်းဝင်

    (က) ပြည်တွင်းပြည်ပ သတင်းမီဒီယာလောက၏ ကောင်းကျိုးအတွက် စွမ်းစွမ်းတမံ ထူးထူးခြားခြား ဆောင်ရွက်ခဲ့သူဟု ဗဟိုအမှုဆောင်အဖွဲ့က ထောက်ခံတင်ပြသော

အသင်းဝင်ဖြစ်စေ၊ အသင်းဝင်မဟုတ်သူဖြစ်စေ၊ ပြည်တွင်းမှဖြစ်စေ၊ ပြည်ပမှ ဖြစ်စေ၊ ပုဂ္ဂိုလ် ^ ပုဂ္ဂိုလ်များအား ညီလာခံကသော်လည်းကောင်း၊ ဗဟိုဦးစီးအဖွဲ့အစည်းအဝေး

ကသော်လည်းကောင်း ဂုဏ်ထူးဆောင် အသင်းဝင်အဖြစ် အသိအမှတ်ပြု ဂုဏ်ပြုနိုင်သည်။

    (ခ) ဗဟိုအမှုဆောင်အဖွဲ့သည် ဂုဏ်ထူးဆောင် အသင်းဝင် အဖြစ် ချီးမြှောက်ရန် တစ်နှစ်လျှင် ပုဂ္ဂိုလ် ၂ ဦးထက် ပို၍ မထောက်ခံရ။

    (ဂ) ဂုဏ်ထူးဆောင် အသင်းဝင်သည် အသင်း၏ အစည်းအဝေးအားလုံးသို့ ဆန္ဒအလျောက် တက်ခွင့် ရှိသည်။ ပါဝင်ဆွေးနွေးခွင့် ရှိသည်။ မဲပေးခွင့်၊ အရွေးခံခွင့် မရှိ။


၁၇။ သဟာယ အသင်းဝင်

    (က) ပြည်တွင်းမှ ဖြစ်စေ၊ ပြည်ပမှဖြစ်စေ မြန်မာနိုင်ငံသားမဟုတ်သော မြန်မာနိုင်ငံဆိုင်ရာ သတင်းမီဒီယာလုပ်ငန်း တစ်စုံတစ်ရာကို လုပ်ကိုင်နေသူ၊ မြန်မာ

သတင်းမီဒီယာလောကကို အလေးထား၍ ကူညီထောက်ပံ့နေသူများထဲမှ အသင်းဝင်အဖြစ် ပါဝင်လို၍ အဆိုပြုသူကို သဟာယ အသင်းဝင်အဖြစ် လက်ခံနိုင်သည်။

    (ခ) သဟာယ အသင်းဝင်သည် အသင်း၏ အစည်းအဝေးအားလုံးသို့ ဆန္ဒအလျောက် တက်ခွင့် ရှိသည်။ ပါဝင်ဆွေးနွေးခွင့် ရှိသည်။ မဲပေးခွင့်၊ အရွေးခံခွင့် မရှိ။


၁၈။ နုတ်ထွက်ခြင်း

    အသင်းဝင်တစ်ဦးသည် မိမိဆန္ဒအရ အသင်းဝင်အဖြစ်မှ နုတ်ထွက်ခွင့်ရှိသည်။ နုတ်ထွက်စာကို ပြည်နယ်^ တိုင်းဒေသကြီး အသင်းအမှုဆောင်အဖွဲ့မှတစ်ဆင့်

ဗဟိုအမှုဆောင်အဖွဲ့သို့ ပေးပို့ရမည်။   


အခန်း (၅)

အသင်းဝင်၏ပိုင်ခွင့်များနှင့် လိုက်နာရမည့် စည်းကမ်းများ

၁၉။ အသင်းဝင်၏ ပိုင်ခွင့်များ

    မြန်မာနိုင်ငံသတင်းစာဆရာ အသင်ဝင်တိုင်းသည် -

    (က) မိမိတက်ရောက်ခွင့်ရှိသော ညီလာခံ၊ အစည်းအဝေး၊ ဆွေးနွေးပွဲများတွင် ဆွေးနွေးခွင့်၊ ဆန္ဒမဲပေးခွင့်၊ရွေးချယ်တင်မြှောက်ခံပိုင်ခွင့် ရှိသည်။

    (ခ) အသင်း၏ လုပ်ငန်းများ အောင်မြင်ရေးအတွက် အကြံပြုချက်၊ ဝေဖန်ချက်များကို ပြည်နယ်^တိုင်းဒေသကြီး အမှုဆောင်အဖွဲ့မှတစ်ဆင့် ဗဟိုအမှုဆောင်အဖွဲ့သို့

တင်ပြနိုင်သည်။

    (ဂ) မိမိအား ချီးမြှောက်သောအစည်းအဝေးများသို့ တက်ရောက်ခွင့်ရှိပြီး မိမိအား အရေးယူသည့် အစည်းအဝေးများသို့လည်း မိမိကိုယ်တိုင်တက်ရောက်၍

စည်းကမ်းနှင့်အညီ ရှင်းလင်းတင်ပြခွင့်၊ ပြန်လည် ချေပခွင့် ရှိသည်။

    (ဃ) အသင်းဝင်အဖြစ်မှသော်လည်းကောင်း၊ အသင်း၏ တာဝန် တစ်ရပ်ရပ်မှသော်လည်းကောင်း မိမိသဘောဆန္ဒအရ နုတ်ထွက်ခွင့်ရှိသည်။

    (င) မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက ပေးအပ်သော အခြားအခွင့်အရေးများကို ခံစားခွင့်ရှိသည်။

၂၀။ လိုက်နာရမည့် စည်းကမ်းများ

    အသင်းဝင်တိုင်းသည် -

    (က) အသင်း၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို တိကျစွာ လိုက်နာဆောင်ရွက်ရမည်။

    (ခ) အသင်း၏ ရည်ရွယ်ချက်ကို ထိပါးစေမည့် လုပ်ရပ်များကို လုံးဝ မပြုလုပ်ရ။

    (ဂ) စာနယ်ဇင်းကျင့်ဝတ်များကို တိကျစွာ လိုက်နာစောင့်ထိန်းရမည်။

    (ဃ) စတုတ္ထမဏ္ဍိုင် ဂုဏ်သိက္ခာနှင့် တိုင်းပြည်ဂုဏ်သိက္ခာတို့ကို ထိပါးစေမည့် အပြုအမူများကို ရှောင်ကြဉ်ရမည်။

    (င) အသင်း၏ လှုပ်ရှားမှုတွင် မည်သည့်နိုင်ငံရေးအဖွဲ့အစည်း၏ လှုပ်ရှားမှုနှင့် သြဇာသက်ရောက်မှုမျှ မရှိစေဘဲ ကင်းရှင်းရမည်။

    (စ) အသင်း၏ ညီညွတ်ရေး ပျက်ပြားစေမည့် လုပ်ရပ်များနှင့် အသင်းဝင်အချင်းချင်း စည်းလုံးညီညွတ်မှု ပျက်ပြားစေမည့် အပြောအဆို၊ အပြုအမူ၊ အရေးအသား၊

အကျင့်အကြံများကို မပြုလုပ်ရ။

    (ဆ) တစ်ဦးကောင်း တစ်ယောက်ကောင်း ဦးဆောင်မှု မဖြစ်စေဘဲ စုပေါင်းဦးဆောင်မှု၊ တစ်ဦးချင်း တာဝန်ယူမှု တို့ဖြင့်သာ အသင်း၏ ကိစ္စအ၀၀ကို ဆောင်ရွက်ရမည်။

    (ဇ) မိမိတက်ရောက်ခွင့်ရရှိသည့် အစည်းအဝေးများ၊ ဆွေးနွေးပွဲများကို မှန်မှန် တက်ရောက်ရမည်။

    (ဈ) ပြည်နယ်^ တိုင်းဒေသကြီး အမှုဆောင်အဖွဲ့ဝင်တစ်ဦးဦးသည် မိမိနေထိုင်ရာဒေသမှ အခြား ပြည်နယ်^ တိုင်းဒေသကြီး တစ်ခုသို့ တစ်နှစ်ထက်ကျော်၍

သွားရောက်အလုပ်လုပ်ကိုင်နေလျှင်သော်လည်းကောင်း၊ ပြောင်းရွှေ့နေထိုင် လျှင်သော်လည်းကောင်း တာဝန်အရပ်ရပ်မှ အလိုအလျောက် ရပ်စဲစေရမည်။

    (ည) အသင်းဝင်တစ်ဦးသည် နိုင်ငံတော်၏ တရားဥပဒေအရလည်းကောင်း၊ ပြည်သူ့ဝန်ထမ်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းအရလည်းကောင်း

အရေးယူအပြစ်ပေးခြင်းခံရပါက ဗဟိုအမှုဆောင်အဖွဲ့က လိုအပ်သည်များကို စိစစ်၍ အောက်ပါအတိုင်း အရေးယူဆောင်ရွက်ရမည်-

    (၁) အသင်းဝင်တစ်ဦးသည် သာမန်အရပ်သား ဖြစ်ပါက အရေးယူအပြစ်ပေးခံရသည့်နေ့မှစ၍ အသင်းဝင် အဖြစ်မှ ချက်ချင်း ရပ်စဲရမည်။

    (၂) အသင်းဝင်တစ်ဦးသည် ၀န်ထမ်း ဖြစ်ပါက သက်ဆိုင်ရာဌာနက အရေးယူမှု ဆုံးဖြတ်ပြီးချိန်ကစ၍ အသင်းဝင် အဖြစ်မှ ချက်ချင်း ရပ်စဲရမည်။

    (၃) အရေးယူခံရသူသည် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်ပါက အနီးကပ်ဆုံး ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေးတွင် တင်ပြ၍ ဆုံးဖြတ်ချက်ဖြင့်

အသင်းဝင်အဖြစ်မှလည်းကောင်း၊ ဗဟိုအမှုဆောင်အဖွဲ့ဝင် အဖြစ်မှလည်းကောင်း ရပ်စဲရမည်။

    မှတ်ချက်။ အရေးယူအပြစ်ပေးခံရခြင်းသည် နိုင်ငံရေးအရ အရေးယူခြင်း ဆိုပါက အသင်းအနေဖြင့် အသင်းဝင် အဖြစ်မှ ရပ်စဲခြင်း မပြုရ။

    (ဋ) နှစ်စဉ်ကြေးများကို မှန်မှန် ပေးသွင်းရမည်။


အခန်း (၆)

အသင်း ဖွဲ့စည်းတည်ဆောက်ပုံ မူများ

၂၁။    မြန်မာနိုင်ငံသတင်းစာဆရာအသင်းသည် မည်သည့်နိုင်ငံရေးပါတီ သို့မဟုတ် အစိုးရအဖွဲ့အစည်းတစ်ခုခု၏ လက်အောက်ခံမှမဟုတ်သော ပညာရပ်ဆိုင်ရာ၊

အသက်မွေးဝမ်းကျောင်းဆိုင်ရာနှင့် လူမှုရေးရာအဖွဲ့အစည်းဖြစ်သည်။ အသင်းအဆင့်ဆင့်သည် အသင်း၏ရည်ရွယ်ချက်များနှင့် လုပ်ငန်းစဉ်များဘောင်အတွင်းမှသာ

တိကျစွာ လိုက်နာ ဆောင်ရွက်ရမည်။

၂၂။    မြန်မာနိုင်ငံသတင်းစာဆရာအသင်းကို ပြည်နယ်^တိုင်းဒေသကြီးနှင့် ဗဟိုဟူ၍ အဆင့်နှစ်ဆင့်ဖြင့် ဖွဲ့စည်းရမည်။

၂၃။    အသင်း၏ရည်ရွယ်ချက်နှင့် လုပ်ငန်းများကို ဒေသအလိုက် အကောင်အထည်ဖော် ကြီးကြပ်သွားရန်နှင့် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (ဗဟို)၏

လုပ်ငန်းများကို အထောက်အကူပြုရန် ပြည်နယ်^ တိုင်းဒေသကြီး သတင်းစာဆရာ အသင်းများ ဖွဲ့စည်းရမည်။

၂၄။    မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဗဟိုဦးစီးအဖွဲ့ကို နိုင်ငံလုံးဆိုင်ရာ ညီလာခံက လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးကောက်တင်မြှောက်ရမည်။ ဗဟိုဦးစီးအဖွဲ့က

ဗဟိုအမှုဆောင်အဖွဲ့နှင့် စာရင်းစစ်အဖွဲ့ကို  ရွေးချယ် တင်မြှောက်ရမည်။ ပြည်နယ်/ တိုင်းဒေသကြီးအမှုဆောင်အဖွဲ့များနှင့် ညီလာခံကိုယ်စားလှယ်များကို သက်ဆိုင်ရာ

ပြည်နယ်^တိုင်းဒေသကြီး သတင်းစာဆရာအသင်း မျက်နှာစုံညီအစည်းအဝေးများက ရွေးချယ်တင်မြှောက်ရမည်။

၂၅။    မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဗဟိုဦးစီးအဖွဲ့ဝင်များ၊ ဗဟိုအမှုဆောင်အဖွဲ့ဝင်များ၊ ဗဟိုစာရင်းစစ် အဖွဲ့ဝင်များ၊ ပြည်နယ်၊ တိုင်းဒေသကြီး အသင်းများ၏

အမှုဆောင်အဖွဲ့ဝင်များနှင့် ညီလာခံကိုယ်စားလှယ်များကို အများဆန္ဒအရ ရွေးချယ် တင်မြှောက်ရမည်။ အများဆန္ဒအရပင် တာဝန်မှ ပြန်လည် ရုပ်သိမ်းနိုင်သည်။

အသင်းဝင် တစ်ဦးသည် နိုင်ငံတော်၏ တရားဥပဒေအရ လည်းကောင်း၊ ပြည်သူ့ဝန်ထမ်းဆိုင်ရာ စည်းကမ်းအရလည်းကောင်း အရေးယူအပြစ်ပေးခြင်းခံရပါက

အထူးကိစ္စရပ် တစ်ရပ်အနေဖြင့် ဗဟိုအမှုဆောင်အဖွဲ့က လိုအပ်သည်များကို စိစစ်၍ တာဝန်မှ ရပ်စဲနိုင်သည်။ ထိုသို့ အရေးယူ အပြစ်ပေးခြင်းကို ပြည်နယ်^တိုင်းဒေသကြီး

အမှုဆောင်အဖွဲ့ဝင်ဖြစ်ပါက အနီးကပ်ဆုံး ပြည်နယ်^ တိုင်းဒေသကြီး လုပ်ငန်းဆိုင်ရာ နှစ်ပတ်လည် အစည်းအဝေးတွင် တင်ပြ အတည်ပြုချက် ရယူရမည်။

ဗဟိုအမှုဆောင်အဖွဲ့ဝင်တစ်ဦး ဖြစ်ပါက ဗဟိုဦးစီးအဖွဲ့၏ အနီးကပ်ဆုံး နှစ်ပတ်လည် လုပ်ငန်းဆိုင်ရာ အစည်းအဝေးတွင် တင်ပြ၍ အတည်ပြုချက်ရယူရမည်။

၂၆။    မြန်မာနိုင်ငံသတင်းစာဆရာများအသင်းအဆင့်ဆင့်တို့၏ ရွေးချယ် တင်မြှောက်ပွဲများ ပြုလုပ်ရာတွင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသော တက်ရောက်သူဦးရေအားလုံး၏

တစ်ဝက်ကျော် ဆန္ဒမဲရရှိမှသာ ရွေးချယ်တင်မြှောက်ခြင်းသည် အတည် ဖြစ်သည်။

၂၇။    အသင်းအဆင့်ဆင့်၏ ရွေးချယ်တင်မြှောက်ပွဲများ ကျင်းပရာတွင် လျှို့ဝှက်ဆန္ဒမဲစနစ်ကို ကျင့်သုံးရမည်။

၂၈။    အသင်းအဆင့်ဆင့်အတွင်း စုပေါင်းဦးဆောင်မှုနှင့် တစ်ဦးချင်းတာဝန်ယူသည့်စနစ်ကို ကျင့်သုံးရမည်။ ဗဟိုဆုံးဖြတ်ချက်ကို ပြည်နယ်၊ တိုင်းဒေသကြီး

သတင်းစာဆရာများအသင်းက လိုက်နာ၍ ပြည်နယ်^ တိုင်းဒေသကြီး အမှုဆောင် အဖွဲ့၏ တင်ပြချက်နှင့် အကြံÓဏ်များကို ဗဟိုက အလေးဂရုပြုခြင်းစသော

ဒီမိုကရေစီကျင့်စဉ်ကို ကျင့်သုံးသည်။

၂၉။    မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ သက်တမ်းသည် ညီလာခံသက်တမ်းနှင့်အညီ ဖြစ်စေရမည်။

၃၀။    ရွေးချယ်တင်မြှောက်ပုံနည်းစနစ်များကို ဗဟိုအမှုဆောင်အဖွဲ့က လိုအပ်သလို ပြဌာန်းနိုင်သည်။




အခန်း (၇)

ဖွဲ့စည်းတည်ဆောက်ပုံ

ပြည်နယ်၊တိုင်းဒေသကြီးသတင်းစာဆရာအသင်း

၃၁။    ပြည်နယ်/တိုင်းဒေသကြီး သတင်းစာဆရာအသင်းများသည် နှစ်လည်အစည်းအဝေးများကို တစ်နှစ်တစ်ကြိမ်၊ တစ်ကြိမ်နှင့်တစ်ကြိမ်အကြား ၁၂ လထက် မပိုစေဘဲ

ကျင်းပရမည်။ မျက်နှာစုံညီအစည်းအဝေးကို လေးနှစ်တစ်ကြိမ် ကျင်းပရမည်။ အစည်းအဝေးများကျင်းပရာတွင် တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်ဦးရေ၏ ၆၀

ရာခိုင်နှုန်း တက်ရောက်မှသာ အစည်းအဝေးများ အထမြောက်သည်။

၃၂။    ပြည်နယ်/တိုင်းဒေသကြီးတစ်ခုတွင် အဖွဲ့ဝင် ၂၀ ဦးနှင့် အထက်ရှိလျှင် ပြည်နယ်^တိုင်းဒေသကြီး သတင်းစာ ဆရာအသင်းကို ဖွဲ့စည်းရမည်။

မျက်နှာစုံညီအစည်းအဝေးတွင် ပြည်နယ်^ တိုင်းဒေသကြီး အမှုဆောင်အဖွဲ့နှင့် ညီလာခံကိုယ်စားလှယ်တို့ကို ရွေးချယ်တင်မြှောက်ဖွဲ့စည်းရမည်။

၃၃။    ပြည်နယ်/တိုင်းဒေသကြီးအမှုဆောင်အဖွဲ့ဝင်ဦးရေနှင့် ညီလာခံကိုယ်စားလှယ်ဦးရေကို ဗဟိုအမှုဆောင်အဖွဲ့က သတ်မှတ်ပေးရမည်။

၃၄။    အသင်းဝင်ဦးရေ ၂၀ ဦးနှင့်အထက်ရှိသော်လည်း ပြည်နယ်^တိုင်းဒေသကြီး သတင်းစာဆရာအသင်း ဖွဲ့စည်းခြင်း မပြုနိုင်သော

ပြည်နယ်/တိုင်းဒေသကြီးများတွင်လည်းကောင်း၊ အသင်းဝင်ဦးရေ ၂၀ ဦး မပြည့်သော ပြည်နယ်^တိုင်းဒေသ ကြီးများတွင်လည်းကောင်း၊ ပြည်နယ်/တိုင်းဒေသကြီး

သတင်းစာဆရာအသင်း စည်းရုံးရေးကော်မတီကို ဖွဲ့စည်းရမည်။

၃၅။    မျက်နှာစုံညီအစည်းအဝေးတွင် ပြုလုပ်သည့် ရွေးချယ်တင်မြှောက်ပွဲ၌ ဆန္ဒမဲပေးခွင့်ရှိသော တက်ရောက်သူ အားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲရရှိမှသာ

ရွေးချယ်တင်မြှောက်ခြင်းသည် အတည်ဖြစ်သည်။

၃၆။    မျက်နှာစုံညီအစည်းအဝေးများတွင် ပြည်နယ်^တိုင်းဒေသကြီးအမှုဆောင်အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ အစီရင်ခံစာများ၊ ဘဏ္ဍာရေးအခြေအနေနှင့်

ရှင်းတမ်းများကို တင်သွင်းရမည်။ အဆိုပါတင်သွင်းချက်များနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ မှတ်တမ်းတင်ခြင်း၊ အတည်ပြုခြင်းနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းတို့ကို

ပြုလုပ်ရမည်။

၃၇။    ပြည်နယ်/တိုင်းဒေသကြီး အမှုဆောင်အဖွဲ့သည် ပထမအကြိမ်အစည်းအဝေးတွင် မိမိတို့ထဲမှ ဥက္ကဌ၊ အတွင်း ရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် စာရင်းစစ်မှူးတို့ကို

ရွေးချယ်တင်မြှောက်ရမည်။ ယင်းသို့ ရွေးချယ်တင်မြှောက်ခြင်းခံရသော ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် စာရင်းစစ်မှူးတို့သည်

ပြည်နယ်^တိုင်းဒေသကြီးသတင်းစာဆရာအသင်း၏ ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် စာရင်းစစ်မှူးတို့လည်း ဖြစ်ကြသည်။

၃၈။    ပြည်နယ်^တိုင်းဒေသကြီးသတင်းစာဆရာအသင်း၏ ဥက္ကဌ၊ အတွင်းရေးမှူးအပါအ၀င် အမှုဆောင်အဖွဲ့ဝင် များထဲမှ ၁၀ ဦးကို ညီလာခံကိုယ်စားလှယ်များအဖြစ်

ရွေးချယ်တင်မြှောက်ရမည်။

၃၉။    (က)    ပြည်နယ်^တိုင်းဒေသကြီးသတင်းစာဆရာအသင်း၏ လုပ်ငန်းဆိုင်ရာ နှစ်ပတ်လည်အစည်းအဝေးကို တစ်နှစ်လျှင် တစ်ကြိမ် ကျင်းပရမည်။

အသင်းဝင်အားလုံး၏ ၆၀ ရာခိုင်နှုန်း တက်ရောက်မှသာ အစည်းအဝေးအထမြောက်သည်။ ယင်းအစည်းအဝေးတွင် ပြည်နယ်/တိုင်းဒေသကြီး အမှုဆောင် အဖွဲ့၏

လုပ်ငန်းဆောင်ရွက်ချက်များနှင့် လုပ်ငန်းအခြေအနေကို အစီရင်ခံရမည်။ အမှုဆောင်အဖွဲ့ဝင်များ လစ်လပ်ပါက ရွေးချယ်တင်မြှောက်နိုင်သည်။ နောက်တစ်ကြိမ်

လုပ်ငန်းဆိုင်ရာအစည်းအဝေးမကျင်းပမီ အမှုဆောင်အဖွဲ့ဝင် လစ်လပ်လာပါက ပြည်နယ်^တိုင်း ဒေသကြီး အမှုဆောင်အဖွဲ့ အစည်းအဝေးကျင်းပ၍ အဖွဲ့အတွင်း

တာဝန်ခွဲဝေမှုကို ပြန်လည် ရွေးချယ်တင်မြှောက်နိုင်သည်။

    (ခ)    ညီလာခံကိုယ်စားလှယ်တစ်ဦးသည် ကွယ်လွန်ခဲ့လျှင်သော်လည်းကောင်း၊ ပြည်နယ်/တိုင်းဒေသကြီး ပြောင်းရွှေ့နေထိုင်ခဲ့လျှင်သော်လည်းကောင်း၊

အကြောင်းတစ်ခုခုကြောင့်သော်လည်းကောင်း လစ်လပ်သွား သည့် ညီလာခံကိုယ်စားလှယ်အတွက် ရွေးချယ်တင်မြှောက်နိုင်သည်။ ရွေးချယ်တင်မြှောက်မှုအခြေအနေကို

ဗဟိုအမှုဆောင်အဖွဲ့သို့ တင်ပြအတည်ပြုချက် ရယူရမည်။

၄၀။    ပြည်နယ်^တိုင်းဒေသကြီးအမှုဆောင်အဖွဲ့၏ သက်တမ်းသည် မြန်မာနိုင်ငံသတင်းစာဆရာအသင်းညီလာခံ သက်တမ်းနှင့်အညီဖြစ်သည်။

၄၁။    မြန်မာနိုင်ငံ သတင်းစာဆရာအသင်းညီလာခံကို လက်ရှိ ဗဟိုအမှုဆောင်အဖွဲ့ဝင်များ၊ ပြည်နယ်^တိုင်းဒေသ ကြီး မျက်နှာစုံညီအစည်းအဝေးများက

ရွေးချယ်စေလွှတ်လိုက်သော ညီလာခံကိုယ်စားလှယ်များဖြင့် ကျင်းပရမည်။

၄၂။    ညီလာခံကျင်းပရာတွင် တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်ဦးရေ၏  ၅၀ ရာခိုင်နှုန်းတက်ရောက်မှသာ ညီလာခံ အထမြောက်သည်။

၄၃။    ညီလာခံကို လေးနှစ်တစ်ကြိမ် ပုံမှန်ကျင်းပရမည်။ လေးနှစ်တစ်ကြိမ် ကျင်းပသည့် အသင်း၏ညီလာခံကို လိုအပ် ပါက ပုံမှန်ကျင်းပရမည့်ရက်မတိုင်မီ ရက်ပေါင်း ၁၈၀

စော၍ဖြစ်စေ၊ နောက်ကျ၍ဖြစ်စေ ကျင်းပနိုင်သည်။

၄၄။    ညီလာခံကျင်းပသည့်နေ့ရက်နှင့် အစီအစဉ်ကို အနည်းဆုံး ရက်ပေါင်း ၃၀ ကြိုတင်၍ ညီလာခံကိုယ်စားလှယ် များထံသို့ အကြောင်းကြားရမည်။

၄၅။    ညီလာခံကျင်းပရေးအတွက် မြန်မာနိုင်ငံသတင်းစာဆရာအသင်း ညီလာခံ ကျင်းပရေးကော်မရှင်နှင့်လိုအပ်ပါက ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင်ကို

ဖွဲ့စည်းရမည်။ ကော်မရှင်များ၏ လုပ်ငန်းတာဝန်များကို ဗဟိုအမှုဆောင် အဖွဲ့က သတ်မှတ်ပေးရမည်။

၄၆။    ညီလာခံတွင် ဗဟိုအမှုဆောင်အဖွဲ့က အစီရင်ခံစာတင်သွင်းရမည်။ အစီရင်ခံစာများနှင့်ပတ်သက်၍ တက်ရောက် လာသော ညီလာခံကိုယ်စားလှယ်များက

ဆွေးနွေးခြင်း၊ မှတ်တမ်းတင်ခြင်း၊ အတည်ပြုခြင်း၊ ဆုံးဖြတ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းတို့ကို ပြုလုပ်ရမည်။




မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း (မူကြမ်း) မှ ကောက်နှုတ်ချက်များနှင့် ရှင်းလင်းချက်များ
by Popular Myanmar News Journal on Friday, April 20, 2012 at 1:39am ·

ချစ်ခင်လေးစားအပ်သော သတင်းစာဆရာများခင်ဗျား။

မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ကို ဖျက်သိမ်း၍ မြန်မာနိုင်ငံစာရေးဆရာအသငး၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်းနှင့် မြန်မာနိုင်ငံ ပုံနှိပ်ထုတ်ဝေဖြန့်ချိသူများအသင်းဟူ၍ အစိုးရအဖွဲ့အစည်းမဟုတ်သည့် သီးခြားလွတ်လပ်သော အသင်းအဖွဲ့ (NGO) များအဖြစ်



ဖွဲ့စည်းတည်ထောင်သွားမည် ဖြစ်ရာ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း ဖြစ်မြောက်ရေး ကော်မတီအနေဖြင့်လည်း ယခု ၂ဝ၁၂ ခုနှစ်အတွင်း ပထမဦးဆုံးအကြိမ် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ပြည်လုံးကျွတ် ညီလာခံကျင်းပပြီး ဗဟိုဦးစီးအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့နှင့် ဗဟိုစာရင်းစစ်အဖွဲ့



ရွေးကောက်တင်မြှောက်ပွဲကို ကျင်းပနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဖြစ်မြောက်ရေး ကော်မတီသည် အောက်ပါလုပ်ငန်းစဉ်များကို ၂ဝ၁၂ ခုနှစ် ဧပြီလမှ ဇူလိုင်လအတွင်း ပြီးစီးစေရန် အချိန်ဇယား သတ်မှတ်ချက်ဖြင့် ဆောင်ရွက်လျက် ရှိပါသည်။

(၁) မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း (မူကြမ်း) ကို လုပ်ငန်းကော်မတီတစ်ရပ် ဖွဲ့စည်း၍ ရေး ဆွဲခြင်း။ (ဧပြီ၊ မေ)

(၂) မြန်မာနိုင်ငံ သတင်းစာဆရာအသင်းတွင် သတင်းမီဒီယာသမားများအားလုံး အသင်းဝင်အဖြစ် ပါဝင်ကြရန် ဖိတ်ခေါ်၍ အသင်းဝင်မှတ်ပုံတင်ပုံစံများကို သတင်းစာ၊ သတင်းဂျာနယ်၊ သတင်းမဂ္ဂဇင်း၊ သတင်းအေဂျင်စီ၊ ရေဒီယို၊ ရုပ်သံ၊ အီလက်ထရော နစ်မီဒီယာအစရှိသော



သတင်းအဖွဲ့အစည်းအသီးသီးသို့ ပေးပို့ခြင်း။ တစ်ဦးချင်း တောင်းခံသူများထံသို့လည်း အသင်းဝင်ပုံစံများ ပြန် လည်ရရှိလျှင် အသင်းဝင်နံပါတ်များနှင့် အသင်းဝင်ကတ်ပြားများ ထုတ်ပေးခြင်း။ (မေ၊ ဇွန်)

(၃) ဖြည့်စွက်ပြီး အသင်းဝင်ပုံစံများ ပြန်လည်ရရှိလျှင် အသင်းဝင်နံပါတ်များနှင့် အသင်းဝင်ကတ်ပြားများ ထုတ်ပေးခြင်း။ (မေ၊ ဇွန်)

(၄) မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း (မူကြမ်း) ရေးသားပြီးစီးချိန် (ခန့်မှန်း-မေလပထမပတ်) တွင် အသင်းဝင်များအားလုံးထံသို့ ပေးပို့၍ အကြံÝÝÓာဏ်များတောင်းခံခြင်။ (မေလ)

(၅) မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း (မူကြမ်း) အပေါ် အကြံပြုချက်များကို အခြေခံ၍ ၂ဝ၁၂ ခု ဇွန်လဒုတိယပတ် (ခန့်မှန်း) တွင် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း (ယာယီ) ကို အပြီးသတ် ရေး သားပြုစုခြင်း။

(၆) ၂ဝ၁၂ ခု ဇွန်လ စတုတ္ထပတ် (ခန့်မှန်း) အတွင်း မြန်မာနိုင်ငံသတင်းစာဆရာအသင်း ပြည်နယ်နှင့်တိုင်း ဒေသကြီး အသင်းခွဲ ညီလာခံများ ကျင်းပ၍ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်း (ယာယီ) နှင့်အညီ ပြည်နယ်နှင့် တိုင်းဒေသကြီး အသင်းခွဲများ၏



အမှုဆောင်အဖွဲ့များကို ရွေးကောက်တင်မြှောက်ခြင်း။

မှတ်ချက်။ ပြည်နယ်/တိုင်းဒေသကြီးများတွင် မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ အသင်းဝင်အဖြစ် မှတ်ပုံတင်ပြီးသူ ၂ဝ ဦး နှင့် အထက်ရှိလျှင် အသင်းခွဲအမှုဆောင်အဖွဲ့ကို လျှို့ဝှက်မဲစနစ်ဖြင့် ရွေးကောက်တင်မြှောက်ရမည် ဖြစ်သည်။ အသင်းဝင် ၂ဝ ဦ;မရှိလျှင်

စည်းရုံးရေးကော်မတီအဖြစ် ဖွဲ့စည်းရမည်။

(၇) ၂ဝ၁၂ ခု ဇူလိုင်လ (ခန့်မှန်း) အတွင်း ပထမအကြိမ် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ပြည်လုံးကျွတ်ညီလာခံ ခေါ် ဆိုကျင်းပခြင်း။ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း (ယာယီ) ကို ညီလာခံက (လိုအပ်လျှင် ပြင်ဆင် ချက်များဖြင့်) အတည်ပြုပြဋ္ဌာန်းခြင်း။



မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း ဗဟိုဦးစီးအဖွဲ့နှင့် ဗဟိုစာရင်းစစ်အဖွဲ့ကို လျှို့ဝှက်မဲပေး စနစ်ဖြင့် ရွေးကောက်တင်မြှောက်ခြင်း။ ဗဟိုအမှုဆောင်အဖွဲ့ကို ညီလာခံက ရွေးကောက်တင်မြှေ¶ာက်လိုက်သော ဗဟိုဦးစီးအဖွဲ့က ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ ရွေးချယ်တာဝန်ပေးခြင်း။ (ဇူလိုင်လ)



လတ်တလော ဆောင်ရွက်ရန်။

လောလောဆယ်တွင် သတင်းမီဒီယာများအနေဖြင့် ယခု ရှင်းလင်းတင်ပြချက်တွင် ဖော်ပြထားသော မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်နှင့် ဗဟိုဦးစီးအဖွဲ့ ရွေးကောက်တင်မြှောက်ပုံများကို လေ့လာ၍ ဤမွန်မြတ်သော အသက်မွေးဝမ်းကြောင်း ဆိုင်ရာ အဖွဲ့အစည်းတွင် ပါဝင်လက်တွဲ ဆောင်ရွက်လိုပါက အသင်းဝင်ပုံစံကို ဖြည့်စွက်၍ ပြန်လည် ပေး ပို့ကြပါရန် နှိုးဆော်အပ်ပါသည်။



မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်

(၁) မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ ရည်ရွယ်ချက်များ။

(က) စာနယ်ဇင်းလွတ်လပ်ခွင့်ကို နိုင်ငံတကာစံနှုန်းနှင့်အညီ ရရှိခံစားနိုင်ရေး၊

(ခ) သတင်းမီဒီယာသမား၏ လွတ်လပ်စွာ လုပ်ငန်းဆောင်ရွက်လုပ်ပိုင်ခွင့်ကို အကာအကွယ်ပေးရေး၊

(ဂ) စာနယ်ဇင်းကျင့်ဝတ်များကို မြှင့်တင်ရင်း အင်အားတောင့်တင်းသော စတုတ္ထမဏ္ဍိုင် တည်ဆောက်ရေး၊

(ဃ) သတင်းမီဒီယာသမားတို့၏ ခေတ်မီသတင်းပညာ လေ့လာဆည်းပူးခွင့်ကို အားပေးမြှင့်တင်ရေး၊

(င) မျိုးဆက်သစ် သတင်းမီဒီယာသမားများ လေ့ကျင့်မွေးထုတ်ရေး၊

(စ) သတင်းမီဒီယာသမားတို့၏ လူမှုဘဝတိုးတက်ရေး၊ သက်သာချောင်ချိရေးကိစ္စများကို ဆောင်ရွက်ရေး၊

(ဆ) မြန်မာနိုင်ငံရှိ သတင်းစာဆရာများနှင့် နိုင်ငံတကာ သတင်းစာဆရာများ ချစ်ကြည်ရင်းနှီးမှုကို တိုးချဲ့တည်ဆောက်ရေး၊



၂။ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ လုပ်ငန်းစဉ်များ။

(က) သတင်းမီဒီယာသမားများ ရရှိခံစားအပ်သော အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်၊

(ခ) တိကျမှန်ကန်သည့်သတင်းများ ရေးသားထုတ်ပြန်ခြင်းကို အားပေးရန်၊

(ဂ) ခိုင်မာတောင့်တင်းသော စတုတ္ထမဏ္ဍိုင်အဖြစ် တည်ဆောက်ရန်၊

(ဃ) ခေတ်မီသတင်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်၊ (အဆင့်မြင့်သတင်းပညာသင်တန်းကျောင်း တည်ထောင်ရန်)

(င) သတင်းမီဒီယာသမားများ၏ လူမှုရေးကိစ္စများ၊ သက်သာချောင်ချိရေးကိစ္စများတွင် ကူညီဆောင်ရွက်ရန်၊

(စ) မြန်မာနိုင်ငံသတင်းစာဆရာအသင်းနှင့် နိုင်ငံတကာသတင်းစာဆရာအသင်းများ ပေါင်းကူးဆက်သွယ်၍ မြန်မာနိုင်ငံတွင် သတင်း နည်းပညာများ ဖွံ့ဖြိုးရေးကို အလေးထားဆောင်ရွက်ရန်။



အသင်းဝင်ဖြစ်ခြင်း၊ နုတ်ထွက်ခြင်း



အသင်းဝင်ဖြစ်ခြင်း

ဤဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပါ သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသူများသည် လူမျိုး၊ ဘာသာ၊ အမျိုးသား၊ အမျိုးသမီး ခွဲ ခြားမှုမရှိဘဲ မြန်မာနိုင်ငံသတင်းစာဆရာအသင်းသို့ ဝင်ခွင့်ရှိသည်။

(က) ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်ရမည်၊

(ခ) အသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်ရမည်၊

(ဂ) မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ယုံကြည်လက်ခံ၍ လိုက်နာရန် ကတိပြုသူဖြစ်ရမည်၊

(ဃ) မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက ပေးအပ်သော တာဝန်နှင့် ဝတ္ထရားများကို မမှိတ်မသုန် ထမ်းဆောင်ရန်ကတိပြုသူဖြစ် ရမည်။

(င) သတ်မှတ်ထားသော အသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေးများကို မပျက်မကွက် ပေးဆောင်ရန် ကတိပြုသူဖြစ်ရမည်။

(စ) အသင်းဝင်မှတ်ပုံတင်ပုံစံတွင် အသင်းဝင်တစ်ဦး၏ ထောက်ခံချက်ပါရှိရန် (သို့) ဖြစ်မြောက်ရေးကော်မတီက အသင်းဝင်ဖြစ်နိုင်သူဟု သတ်မှတ်ထားသူဖြစ်ရမည်။



မှတ်ချက် ။ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၏ အဆင့်ဆင့်သော အမှုဆောင်အဖွဲ့ဝင်များသည် နိုင်ငံရေးပါတီတစ်စုံတစ်ခု၏ အဖွဲ့ ဝင်မဖြစ်စေရ။ မူလက ပါတီဝင်ဖြစ်ခဲ့လျှင် အမှုဆောင်အဖွဲ့တာဝန်ကို ထမ်းဆောင်ချိန်တွင် ပါတီအဖွဲ့ဝင်အဖြစ်ကို စွန့်လွှတ်ရမည်။



အောက်ပါ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူများသည် မြန်မာနိုင်ငံသတင်းစာဆရာ အသင်းဝင်အဖြစ် ပါဝင်ခွင့်ရှိသည်။

(က) လက်ရှိ သင်းစာ၊ သတင်းဂျာနယ်၊ သတင်းမဂ္ဂဇင်း၊ သတင်းအေဂျင်စီ၊ ရေဒီယို၊ တီဗွီ၊ အွန်လိုင်း မီဒီယာ စသော သတင်းလုပ်ငန်း တစ်ခုခုတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် သတင်းထောက်၊ အယ်ဒီတာ၊ ဆောင်းပါးရှင်၊ သတင်းဘာသာပြန်၊ သတင်းကြေညာသူ၊



အစီအစဉ်တင်ဆက်သူ၊ ဓာတ်ပုံဆရာ၊ ကာတွန်းဆရာ၊ စာပြင်ဆရာနှင့် အလွတ်သတင်းသမားများ။

(ခ) လက်ရှိ သတင်းလုပ်ငန်းတစ်ခုခုတွင် တာဝန်ထမ်းဆောင်နေခြင်းမရှိသော်လည်း ယခင်ကတစ်နှစ်ထက်မနည်း သတင်းမီဒီယာ ဆက်စပ်အလုပ်တာဝန် ဆောင်ရွက်ခဲ့သူများ။

(ဂ) တည်ဆဲသတင်းအဖွဲ့အစည်းတစ်ခုခုမှ သတင်းမီဒီယာသမားအဖြစ် အသိအမှတ်ပြုထောက်ခံချက်ပေးသူများ။



မြန်မာနိုင်ငံ သတင်းစာဆရာအသင်း အသင်းဝင်အဖြစ်ပူးတွဲပါ မှတ်ပုံတင်ပုံစံတွင် ဖြည့်စွက်၍ အသင်းဝင်နံပါတ်ရရှိပြီးသူတိုင်း သည်...

(၁) ယခု ၂ဝ၁၂ ခုနှစ်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပမည့်မြန်မာနိုင်ငံသတင်းစာဆရာအသင်း ပြည်လုံးကျွတ်ညီလာခံသို့ တက်ရောက်ခွင့်ရှိမည်။ ပါဝင်ဆွေးနွေးအကြံပေးခွင့်ရှိမည်။

(၂) ဗဟိုဦးစီးအဖွဲ့နှင့် ဗဟိုစာရင်းစစ်အဖွဲ့များ ရွေးကောက်တင်မြှောက်ရာတွင် အမည်စာရင်းပေး၍ ပါဝင်ဆွေးနွေးခွင့်ရှိသည်။ အရွေး မခံဘဲနေခွင့်ရှိသည်။ လျှို့ဝှက်မဲစနစ်ဖြင့် ကိုယ်တိုင်မဲပေးခွင့်ရှိသည်။

မှတ်ချက်။ ။ ယခုဖွဲ့စည်းမည့် မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဗဟိုဦးစီးအဖွဲ့ကို မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့၏ သြဇာ လွှမ်းမိုးမှုမျှ မပါရှိဘဲ လွတ်လပ်စွာရွေးချယ်တင်မြှောက်မည်ဖြစ်သည်။ အစိုးရခန့် ခွဲတမ်းဦးရေလုံးဝပါဝင်မည် မဟုတ်ပါ။ ထို့အပြင် မည်သူ များကိုဗဟိုဦးစီးအဖွဲ့ဝင်များအဖြစ် လျာထားသည်။ မည်သူတို့ကို မဲပေးကြပါဟူသော ရေလာမြောင်းပေး နှပ်ကြောင်းပေးမှုများကို လုံးဝ ခွင့်ပြုမည်မဟုတ်ပါ။

မြန်မာနိုင်ငံသတင်းစာဆရာအသင်း ပြည်လုံးကျွတ်ညီလာခံသို့ ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ မြို့နယ်အသီးသီးမှ အသင်းဝင်အား လုံး တက်ရောက်ခွင့်ရှိသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးတို့မှ ညီလာခံကိုယ်စားလှယ်များ သီးခြားရွေးချယ်စေလွှတ်ရန်မလိုပါ။ ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်းခွဲ အမှုဆောင်များအားလုံးနှင့် အမှုဆောင်မဟုတ်သော အသင်းဝင်အားလုံး တက်ရောက်ခွင့်ရှိပါသည်။



မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဖြစ်မြောက်ရေးကော်မတီ



ဆက်သွယ်ရန်

၁။ ဦးစိုးသိမ်း(မောင်ဝံသ)၊ နာယက၊ ဖုန်း-ဝ၉၅ဝ၄ဝ၉၉၄

၂။ ဦးကိုကိုလှိုင်(ကိုကိုလှိုင်)၊ နာယက

၃။ ဦးဝင်းငြိမ်း၊ နာယက၊ ဖုန်း-ဝ၉၅၁၁ဝ၅၉၆

၎။ ဦးခင်မောင်လေး၊ ဥက္ကဋ္ဌ၊ ဖုန်း-၉ဝဝဝ၅၃ဝ၊ ဝ၉-၇၃ဝ၁၅၁၉၁

၅။ ဦးအောင်လှထွန်း၊ ဒု-ဥက္ကဋ္ဌ၊ ဖုန်း-ဝ၉-၇၃ဝ၄၈၇၁၈

၆။ ဦးသီဟစော၊ ဒုတိယဥက္ကဋ္ဌ၊ ဖုန်း-ဝ၉-၇၃၁၈၃၁၇၉

၇။ ဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်)၊ အတွင်းရေးမှူး၊ ဖုန်း-ဝ၉-၅၅ဝဝ၈၈၇

၈။ ဦးစိန်ဝင်း(မဇ္ဈိမ)၊ တွဲဖက်အတွင်းရေးမှူး-၁၊ ဖုန်း-ဝ၉-၄၃၁၉၅၅ဝ၉

၉။ ဦးဖိုးနိုင်လင်း၊ တွဲဖက်အတွင်းရေးမှူး-၂၊ ဖုန်း-ဝ၉-၇၃၁၃၇၄၈၉

၁ဝ။ ဦးမျိုးမင်းထိုက်၊ တွဲဖက်အတွင်းရေးမှူး-၃၊ ဖုန်း-ဝ၉-၅၄ဝ၄၅၁ဝ

၁၁။ ဒေါ်နန်းကလျာဝင်း၊ ဘဏ္ဍာရေးမှူး၊ ဖုန်း-ဝ၉-၅ဝ၇၂၈၉၆

၁၂။ ဦးမောင်မောင်အေး(မောင်ဟေမာ)၊ ဘဏ္ဍာရေးမှူး၊ ဖုန်း-ဝ၉-၅၁၉၃၂၈၃

၁၃။ ဦးမြတ်ခိုင်၊ အဖွဲ့ဝင်၊ ဖုန်း-ဝ၉-၂ဝ၃၈၅၆၇

၁၄။ ဦးစောလင်းအောင်၊ အဖွဲ့ဝင်၊ ဖုန်း-ဝ၉-၄၉၅၇၇၁၈၅

၁၅။ ဦးကျော်စွာမင်း၊ အဖွဲ့ဝင်၊ ဖုန်း-ဝ၉-၅၄ဝ၃၈၃ဝ

၁၆။ ဦးအောင်ရဲမောင်မောင်၊ အဖွဲ့ဝင်၊ ဖုန်း-ဝ၉-၄၃ဝ၂၄၃၅၃

၁၇။ ဒေါ်မေသင်္ကြန်ဟိန်၊ အဖွဲ့ဝင်၊ ဖုန်း-ဝ၉-၇၃ဝ၇၆၅၇၆

၁၈။ဦးဟိန်းလတ်၊ အဖွဲ့ဝင်၊ ဖုန်း-ဝ၉-၅၅ဝ၁၇၃၄

သမ္မတကြီးဦးသိန်းစိန်နှင့် နက်နဲသော အသွင်ကူးပြောင်းမှုဖြစ်စဉ်

The Voice Weekly
10 hours ago
ပြီးခဲ့သည့် ရက်ပိုင်းက နာမည်ကျော် တိုင်းမ် မဂ္ဂဇင်းတွင်
မြန်မာနိုင်ငံသမ္မတကြီး ဦးသိန်းစိန်အား ၂၀၁၂ ခုနှစ်အတွင်း
ကမ္ဘာပေါ်တွင်သြဇာလွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းတွင်
ထည့်သွင်းဖော်ပြခဲ့သည်ကို စာဖတ်သူများသိရှိထားနှင့်ပြီဖြစ်ပါလိမ့်မည်။
အဆိုပါသတင်းတွင် ပို၍ စိတ်ဝင်စားစရာကောင်းသည်ဟု ယူဆမိသည့်အချက်မှာ
"သမ္မတကြီးဦးသိန်းစိန် ဦးဆောင်သည့် မြန်မာအစိုးရအဖွဲ့က
အကောင်အထည်ဖော်ဆောင်လုပ်ဆောင်လျက်ရှိသော
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များသာ အကယ်၍ အောင်မြင်မှုရရှိခဲ့မည်ဆိုပါက
ကမ္ဘာ့ပေါ်တွင်ငြိမ်းချမ်းစွာ ဒီမိုကရေစီအသွင်ကူးပြောင်းနိုင်သည့်
မော်ဒယ်တစ်ခုအဖြစ်သတ်မှတ်ခံရနိုင်သည်" ဟူသော သုံးသပ်ချက်ပင်ဖြစ်သည်။
အဆိုပါ သုံးသပ်ချက်ကိုကြည့်လျှင် သမ္မတကြီး ဦးသိန်းစိန်သည်
မည်သို့မျှထင်မထားခဲ့သော၊ တစ်နည်းအားဖြင့် မည်သူမျှမမျှော်လင့်ထားသော
လုပ်ငန်းစဉ်ကို ခဲရာခဲဆစ်အကောင်အထည်ဖော်လျက်ရှိပြီး ၎င်းနှင့်
၎င်းအစိုးရ၏ကြိုးပမ်းမှုများက နိုင်ငံတကာကို
အံ့အားသင့်လျက်ရှိစေသည်ဟူသောအချက်မှာ ရှင်းရှင်းလင်းလင်းပင်ဖြစ်ပါသည်။

မှန်ပါသည်။ ယနေ့မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ်က အသစ်ပေါ်ထွန်းခဲ့သော
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို
နယ်ပယ်အသီးသီးတွင် ထူးထူးခြားခြားမြင်တွေ့လာရသည်မှာ
များစွာစိတ်ဝင်စားစရာကောင်းပါသည်။ အစိုးရ၏ ကြိုးပမ်းမှုများကြောင့်
တစ်ချိန်တစ်ခါက ရန်သူနိုင်ငံသဖွယ်သဘောထားရှိခဲ့ကြသည့်
အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ(အီးယူ) တို့သည်ပင်
စီးပွားရေးပိတ်ဆို့မှုများကို တဖြည်းဖြည်းချင်းစတင်ဖယ်ရှားပေးပြီး
မြန်မာနှင့် မဟာမိတ်ဖွဲ့ပူးပေါင်းဆောင်ရွက်ရန်ကြိုးပမ်းလျက်ရှိသည်ကိုတွေ့ရပါသည်။
သမ္မတကြီးဦးသိန်းစိန်နှင့် မြန်မာအစိုးရအဖွဲ့က ယနေ့လုပ်ဆောင်လျက်ရှိသော
လုပ်ငန်းစဉ်များစွာရှိသည့်အနက် စိတ်ဝင်စားစရာ
အကောင်းဆုံးအရေးကိစ္စနှစ်ခုမှာ မြန်မာပြည်သူလူထုအများစု၏
ထောက်ခံမှုကိုရရှိထား သူ ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) တို့နှင့် ယုံကြည်မှုတည်ဆောက်ပြီး
၎င်းတို့အား လွှတ်တော်သုံးရပ်ဟူသည့် တံခါးပေါက်ကြီးများမှတစ်ဆင့်
နိုင်ငံရေးဖြစ်စဉ်ထဲသို့ တရားဝင် ဝင်ရောက်လာအောင်ကြိုးပမ်းခဲ့မှုနှင့်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ထာဝရတည်တံ့မည့်
ငြိမ်းချမ်းရေးတည်ဆောက်မှုတို့ပင်ဖြစ်သည်။ ပထမကိစ္စမှာ တစ်ချိန်က
တစ်ဖက်နှင့်တစ်ဖက် ရန်သူသဖွယ်သဘောထားခဲ့ကြသူများကို
ဒီမိုကရေစီနည်းလမ်းတကျ တရားဝင်သဘောထားကွဲလွဲခွင့်၊
ငြင်းခုန်ခွင့်ရရှိမည့် အခြေအနေသို့ရောက်အောင်ဖန်တီးပေးခြင်းဖြစ်ပြီး
ဒုတိယကိစ္စမှာ ပြည်ထောင်စုကြီးတစ်ခုလုံးတည်တံ့ရေးအတွက်
မတူညီသောတိုင်းရင်းသားလူမျိုးများအကြား တူညီသော
ရည်မှန်းချက်ပေါ်ထွန်းအောင်ဖန်တီးခြင်းပင်ဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုပါက စနစ်ဟောင်းနှင့် ကာလကြာရှည်စွာအသားကျနေသူများနှင့်
စနစ်သစ်ကိုလိုလားသူများအကြား အချိုးတကျမဟုတ်သည့် မျှခြေတစ်ခုရရှိရန်
သမ္မတကြီး ဦးဆောင်သောအစိုးရအဖွဲ့က
သိမ်မွေ့နက်နဲစွာအကောင်အထည်ဖော်နေခြင်းဖြစ်သည်။ ဤနေရာတွင်
စနစ်ဟောင်းနှင့် အသားကျနေသူ၊ စနစ်သစ်ကိုလိုလားသူ၊ တစ်နည်းအားဖြင့်
Anti-Reform သမားများရော Pro-Reform သမားများအနေဖြင့် အဆိုပါ
သိမ်မွေ့နက်နဲမှုကိုသိနိုင်ရန် မိမိတို့၏
ရှုထောင့်များကိုပြောင်းရွှေ့ကြည့်သင့်သည်ဟု အကြံပြုလိုပါသည်။
ထိုသို့ပြောင်းရွှေ့ကြည့်ပါက ဖြစ်နိုင်ခြေမှာလည်း
မည်၍မည်မျှအတိုင်းအတာအထိရှိနေသည်ဟူသော အချက်ကို
ရှင်းလင်းစွာပင်တွေ့မြင်ရမည်ဖြစ်သည်။ အထူးသဖြင့်
အသွင်ကူးပြောင်းရေးဖြစ်စဉ်တွင် အဓိကအနှစ်သာရမှာ စနစ်(System) ဖြစ်ပြီး
'အာဏာ' မဟုတ်သည်ကို အထူးသတိပြုသင့်ပြီး အခြေခံဥပဒေပါအချက်များအတိုင်း
အစစရာရာဖြစ်ပေါ်ကာ ဆန့်ကျင်ဘက်အင်အားစုများအကြား သရေဟူသော အဖြေထွက်အောင်
လုပ်ဆောင်နိုင်လေ သမ္မတကြီးဦးသိန်းစိန်အစိုးရ၏ အသွင်ကူးပြောင်းရေးဖြစ်စဉ်
အောင်မြင်လေဟုပင်သတ်မှတ်ရမည်ဖြစ်ပါကြောင်းဖော်ပြလိုက်ပါသည်။

အယ်ဒီတာ (၁၉.၄.၂၀၁၂ )



ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာအမျိုးသမီးငယ်လေးကို မတော်မတရားပြုကျင့်

Burma VJ Media Network

သင်္ကြန်အကျနေ့က အူအတက်ပေါက်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ လာရောက်ဆေးကုသမှုခံတဲ့ အသက်နှစ်ဆယ်ဝန်းကျင်ရှိအမျိုးသမီးတစ်ဦးကို ဆေးရုံဝန်ထမ်းတွေဖြစ်ကြတဲ့ ဇော်သက်နဲ့ ခင်မြင့်ဆိုတဲ့သူတို့နှစ်ဦးဟာ အဲဒီအမျိုးသမီးငယ်လေးကို မတော်မတရားပြုကျင့်ကြတယ်လို့ ဆိုပါတယ်။ အဲဒီကိစ္စနဲ့ပက်သက်ပြီး ဆေးရုံတာဝန်ရှိသူတွေက အမျိုးသမီးငယ်လေးအတွက် တာဝန်ယူဆောင်ရွက်ပေးမယ်လို့ သိရှိရပါတယ်။ အဲဒီအမျိုးသမီးငယ်ကို ဆရာ၊ဆရာမတွေနဲ့နီးတဲ့ အခန်းကိုပြောင်းရွေ့ထားပြီး တာဝန်ရှိသူမှ အပ အခြားဘယ်သူ့ကိုမှ သွားလာခွင့်မပြုဘူးလို့သိရှိရပါတယ်။ ကျူးလွန်ခဲ့ကြတဲ့ ဇော်သက်နဲ့ ခင်မြင့်ဆိုသူနှစ်ဦးကို အလုပ်မှထုတ်လိုက်ပြီလို့လဲဆိုပါတယ်။ လွန်ခဲ့နှစ်လလောက်ကလဲ ဘိုကလေးကနေ ဆေးရုံလာတက်သူ ဆင်းရဲနွမ်းပါးတဲ့ လူနာကို ခွဲစိတ်မှုမပြုခင် ငွေကျပ်သုံးသောင်းတောင်းလို့ လူနာရှင်ဘက်က အဲဒီငွေကျပ်သုံးသောင်းမပေးနိုင်တာကြောင့် ဆေးကုသမှုမခံယူတော့ဘဲ ဆေးရုံက ပြန်ဆင်းသွားတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ နီးစပ်သူတဦးက BurmaVJ ကိုပြောပြခဲ့ပါတယ်။

ဗိုလ်မှူးချုပ် ခင်မောင်သန်းကမတရားသိမ်းပိုက်ခဲ့တာကြောင့်...

Published on 20 Apr 2012 by BurmaVJMedia

၁၉၉၃ ခုနှစ်တုန်းဝန်းကျင်က ၁ ဧက ကျပ် ၃ သိန်းတန် လယ်မြေတွေဖြစ်တဲ့ ရွှေပြည်သာမြို့နယ်၊ လှော်ကားကျေးရွာ၊ ကွင်းအမှတ် (၅၆၁) ကရင်ချောင်းကွင်း၊ ဦးပိုင် အမှတ် (၇၆/၇၇) မှာ တည်ရှိတဲ့ လယ်မြေ ၁၁ ဧကကို လယ်ပိုင်ရှင်ရဲ့ဆန္ဒမပါပဲ (၁) ဧကကျပ်နှစ်သောင်းခွဲနှုန်းနဲ့ အမှတ်(၁၁) ခြေမြန်တပ်မဌာနချုပ်က ဗိုလ်မှူးချုပ် ခင်မောင်သန်းက တပ်ရန်ပုံငွေလို့ပြောပြီး မတရားသိမ်းပိုက်ဝယ်ယူခဲ့တာကြောင့် လယ်သမားမိသားစုဝင်တွေ ဒုက္ခအခက်အခဲတွေနဲ့ ကြုံတွေနေကြရပါတယ်။

သည်အမျိုးသမီး ( မြန်မာစာတမ်းထိုး) HD ဒေါင်းလုပ်ရန်


ဇစ်ဖိုင်များမှဖိုင်တခုစီထုတ်ယူပြီးFolderတခုတွင်ထည့်ပြီး HJSPLITအသုံးပြုပြီးဖိုင်များအားပြန်ဆက်နိုင်ပါသည်။

hjsplit.zip - 190 KB ဒေါင်းရန်

( မြန်မာစာတမ်းထိုး) HD ... စုစုပေါင်း 1.32 ဂစ်ရှိပါသည်။
တဖိုင်လျှင်၁၀၀မက်ရှိပါသည်။ဘန်းကျော်မှအတော်စိတ်ရှည်စွာထားပြီးဒေါင်းကြပါ။
ဒီဗီဒီအဆင့်မှီ၍အခွေပြောင်းပြီး မြန်မာစာတမ်းထိုးနှင့်ဘန်းကျော်မှာဝေလို့ ရပါတယ်၊။
အပိုင်း၁၄အထိဒေါင်းပြီးမှသာပြန်ဆက်လို့ရမှာပါ။
အပေါ်မှာHJSPLIT လင့်ခ် ပေးထားပါတယ်..Install ပြီးရင်Join ကိုနှိပ်ပါ။မေးလာရင်အပိုင်း၁ကိုပေးလိုက်ပြီးstartနှိပ်ပေးရုံပါပဲ..
1.32 ဂစ်ရှိတဲ့ဖိုင်တခုထပ်ပေါ်လာပါလိမ့်မယ်၊။အဲ့ဒါသည်အမျိုးသမီး ( မြန်မာစာတမ်းထိုး)ပါပဲ။ ။

ပြည်ပကမြန်မာတွေကတော့မူရင်းအခွေကို ဒီမှာဝယ်လို့ ရပါတယ်။

အပိုင်း၁

အပိုင်း၂

အပိုင်း၃

အပိုင်း၎

အပိုင်း၅

အပိုင်း၆

အပိုင်း၇

အပိုင်း၈

အပိုင်း၉

အပိုင်း၁၀

အပိုင်း၁၁

အပိုင်း၁၂

အပိုင်း၁၃

အပိုင်း၁၄

credit to myanducation Published on Apr 19, 2012 (တိုက်ရိုက်ကြည့်လို့လည်းရပါတယ်)

စာတန်းထိုးမပါ။။။၃၉၆မက်
FILE(1)
FILE(2)
FILE(3)
FILE(4)
Credit to http://www.movie2k.to/The-Lady-watch-movie-1290019.html(တိုက်ရိုက်ကြည့်လို့လည်းရပါတယ်)