Saturday, April 21, 2012

စတင်လိုက်တဲ့ခြေလှမ်း

RFA Burmese
about an hour ago

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့ ကျမ်းသစ္စာကျိန်ဆိုတဲ့ အသုံးအနှုန်း အပေါ် ဥပဒေပညာရှင်နဲ့
မြန်မာ့အရေးကျွမ်းကျင်သူ အမေရိကန် ပညာရှင်တို့ရဲ့အမြင်များ

မြန်မာ့အရေးကျွမ်းကျင်သူ အမေရိကန်ပညာရှင် ပါမောက္ခ ဂျိုးဆက်ဖ်ဆေးလ်ဗာစတိုင်းက-

"ဒီဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဒီမိုကရေစီ နည်းလမ်း မကျတဲ့အတွက် NLD က ဆန့်ကျင်ထားပြီးသားပါ။ ကြားဖြတ် ရွေးကောက်ပွဲ မတိုင်ခင်ကလည်း ဖွဲ့စည်းပုံကို ပြင်ဆင်မယ် ဆိုတဲ့အချက်ကို NLD က ပြောခဲ့ပါတယ်။ ဒါပေမယ့် အစိုးရဘက်ကနေ ရွေးကောက်ခံရတဲ့ NLD လွှတ်တော် ကိုယ်စားလှယ်တွေ ဖွဲ့စည်းပုံ အခြေခံဥဒေနဲ့ပတ်သက်လို့ ကျမ်းသစ္စာ ကျိန်ဆိုဖို့ပြောနေပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း ငြင်းဆိုထားပါတယ်။ ဒါကိုကြည့်ရင် NLD ဟာ အရင်ကတည်းက ရပ်တည်ချက်အတိုင်း ဆက်လက် ရှိနေတာကို တွေ့ရပါတယ်။"

တဖက်မှာလည်း လွှတ်တော်ထဲဝင်ဖို့ဆုံးဖြတ်ထားတဲ့ NLD အနေနဲ့ အခုလို စကားလုံး အသုံးအနှုန်းမှာ အငြင်းပွားနေတာကို ဝေဖန်သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် ပါမောက္ခ ဂျိုးဆက်ဖ် ဆေးလ်ဗာစတိုင်း ကတော့ NLD အနေနဲ့ လုပ်ကိုလုပ်ရမယ့် ကိစ္စဖြစ်တယ်လို့ မြင်တဲ့အကြောင်း အခုလို ပြောပါတယ်။

"အခုလို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ကျမ်းသစ္စာကျိန်ဆိုဖို့ အသုံးအနှုန်းအရ အငြင်းပွားစရာ ဖြစ်နေတဲ့ ကိစ္စဟာ တကယ့်ကို အရေးကြီးပါတယ်။ စစ်တပ်ရဲ့အာဏာကို ခိုင်မြဲအောင် လုပ်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူကို ကိုယ်စားပြုတဲ့ NLD ပါတီ အနေနဲ့ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပါမယ်လို့ ကျမ်းသစ္စာကျိန်ဆိုဖို့ မဖြစ်နိုင်ဘူးလို့ ကျနော်မြင်ပါတယ်။"

လူ့အခွင့်အရေး ဆိုင်ရာ ရှေ့နေ ဦးအောင်ထူးက -

"NLD အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲ ၀င်တဲ့အချိန်ကာလမှာလည်း လူထုကို ပြောခဲ့တဲ့ အချက်တွေထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို
ပြင်ဆင်ပါမယ်ဆိုတဲ့ အချက်က အဓိက ပါဝင်ခဲ့တာကြောင့် အခုလို ကျမ်းသစ္စာ ကျိန်ဆိုမယ့် ကိစ္စမှာ စတင်ပြင်ဆင်ဖို့ ကြိုးစားတာဖြစ်တယ်။"

"ထိမ်းသိမ်းကာကွယ်စောင့်ရှောက်တာနဲ့ လေးစားလိုက်နာတာနဲ့ ဒီစကားလုံး ၂ ခုရဲ့ အနှစ်သာရအရ လုံးဝခြားနားတယ်။ လေးစားလိုက်နာတာက ဖွဲ့စည်းပုံ အခြေခံ ဥပဒေပဲလို့ အခြေခံအားဖြင့် လေးစားလိုက်နာဖို့ တာဝန်ရှိတယ် ဆိုတာ ဖြစ်တယ်။ ကာကွယ်စောင့်ရှောက်တယ်လို့ စဉ်းစားတဲ့ အခါကျတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အနှစ်သာရနဲ့ ဆိုင်သွားတယ်။ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြည်သူအများရဲ့ အခြေခံအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ထားတဲ့အတွက် ဒါဟာ ငါတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပဲ။ ဒါကို ကာကွယ်ခြင်းအားဖြင့် ငါတို့ရဲ့ အခွင့်အရေးကို ကာကွယ်တာပဲလို့ လူထုကိုယ်တိုင်က ယူဆထားတဲ့ အချိန်မှာ ဒီ အခြေခံဥပဒေကို ကာကွယ်မှာပဲ။ ဒါ အနှစ်သာရ ပြဿနာ ဖြစ်သွားတယ်။"

အခုလို ကျမ်းသစ္စာ ကျိန်ဆိုဖို့ စကားအသုံးအနှုန်း ပြောင်းလဲဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးက သူတို့မသက်ဆိုင်ဘူးလို့ အန်အယ်လ်ဒီကို
ငြင်းလိုက်တာဟာ တရားဥပဒေ စိုးမိုးရေး အားနည်းနေသေးတယ် ဆိုတာ ပြလိုက်တာပဲလို့ ဦးအောင်ထူးက ပြောပါတယ်။

"လက်တွေ့အားဖြင့် အဲဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကနေပြီးတော့ လွတ်လပ်တဲ့ တရားစီရင် ဆွေးနွေးတဲ့ အခြေခံကို ဖော်ဆောင်ပေးရတာ
ဖြစ်တယ်။ ဒီ ၂၀၀၈ ခုနှစ် အခြေခံဥပဒေမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးကို အသွင်သဏ္ဌာန်အားဖြင့် တည်ရှိသော်ငြားလည်းဘဲ လုံးဝ လွတ်လပ်မှု မရှိတဲ့ တရားရုံး ဖြစ်နေတယ်။ နိုင်ငံရေး လက်အောက်ခံ ဖြစ်နေတယ်။
တရားသူကြီးတွေ ရွေးချယ်တင်မြောက်တဲ့ အနေအထားကို ကြည့်လိုက်တာနဲ့ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးဟာ မလွတ်လပ်ဘူးဆိုတာ
မြင်နိုင်တယ်။
နောင်ကို အဲဒီ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ ပြင်ဖို့ ကြိုးစားတဲ့ လုပ်ဆောင်ချက်တွေ မှန်သမျှကို အခုပယ်ချလိုက်သလို
နောင်လည်း ဆက်ပြီး ပယ်ချနိုင်တဲ့ အလားအလာတွေ တော်တော့်ကို များသွားပြီ။"

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် ကြားဖြတ် ရွေးကောက်ပွဲဝင်ခဲ့ပြီး အပြတ်အသတ် အနိုင်ရခဲ့တဲ့ အန်အယ်လ်ဒီပါတီ အတွက် သူတို့ပြောဆိုထားတဲ့အချက်တွေကို အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ဖို့ စတင်လိုက်တဲ့ခြေလှမ်း လို့ မြန်မာ့အရေး ကျွမ်းကျင်သူတွေက RFA ကို ပြောသွားပါတယ်။


Nyo Htet
အန်အယ်လ်ဒီ ရွေးကောက်ပွဲဝင်တဲ့ ပေါ်လစီ ၃ - ရပ်ရှိပါတယ်။ တရားဥပဒေစိုးမိုးရေး၊ အခြေခံဥပဒေထဲက ပြင်သင့်တာတွေကို ပြင်ဆင်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးပါ။ အခု ဖြစ်ရပ်က အခြေခံဥပဒေပါ ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ရေးကို စတင်လုပ်ဆောင်တဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ စကားလုံးပဲ သေးငယ်တယ်လို့တော့ မထင်စေချင်ပါ။ အရေးကြီးတဲ့ လုပ်ဆောင်ချက်လည်းဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို အဲဒီလို အသေးဆုံးနေရာကနေ အကြီးဆုံး စစ်တပ်က ၂၅% ရယူထားတာအထိ ပြင်ဆင်ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလုပ်ငန်းစဉ်ကို အလေးအနက်ထားပြီး ကြည့်မြင်စေချင်ပါတယ်။ ပြည်သူလူထုတရပ်လုံးကိုလည်း ဒီဖြစ်ရပ်မှာ အဖွဲ့ချုပ်နဲ့အတူ ထောက်ခံပါဝင်ဖို့ တိုက်တွန်းပါတယ်။

ဂျပန်နိုင်ငံသို့ ပေးရန် ကြွေးမြီ ၃.၇၂ ဘီလျံလျှော်ပြီ



Yangon Press International
about an hour ago

ဧပြီ ၂၁ ရက်၊ ၂၀၁၂ ခုနှစ်-YPI

မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ပေးဆပ်ရန်ရှိသည့် ကြွေးမြီ ကန်ဒေါ်လာ ၃.၇၂ ဘီလျံကိုလျှော်ပစ်လိုက်ပြီး နောက်ထပ်ဖွံ့ဖြိုးရေး အကူအညီများ ပေးသွားရန် ဂျပန်နိုင်ငံမှ သဘောတူလိုက်ကြောင်း ရိုက်တာ သတင်းဋ္ဌာန၏ ဖေါ်ပြချက် အရသိရှိရသည်။
မြန်မာနိုင်ငံအစိုးရက ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများ ဘက်အသီးသီးတွင် လုပ်ဆောင်လျှက်ရှိခြင်းကို ထောက်ခံသည့် အနေဖြင့် ယခုကဲ့သို့ ကြွေးမြီများအား လျှော်ပစ်လိုက်ခြင်းဖြစ်ကာ ဂျပန်-မြန်မာ စီးပွားရေး ဆက်ဆံမှုကိုလည်း တိုးမြှင့်သွားမည်ဟု ဂျပန်နိုင်ငံ ၀န်ကြီးချုပ် ယိုရှီဟီကို နိုဒ က ပြောကြားကြောင်း ယင်းသတင်းတွင် ဖေါ်ပြထားသည်။
ယမန်နေ့မှ စတင်ပြီး ဂျပန်နိုင်ငံသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးအပြီး ယခုလို ကြေညာလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှ အဆင့်မြင့်ခေါင်းဆောင်တဦးနှင့် ဂျပန်နိုင်ငံ ၀န်ကြီးချုပ်တို့ ၂၈ နှစ်အကြာကာလအတွင်းပထမဆုံး အကြိမ်တွေ့ဆုံမှုလည်း ဖြစ်ကာ ဆယ်စုနှစ် ၂ ခုကျော်ကြာ အထီးကျန်နေထိုင်ခဲ့သည့် မြန်မာနိုင်ငံအား ယင်းအဖြစ်မှ အဆုံးသတ်စေမည့် နောက်ထပ် ခြေလှမ်းတလှမ်းဖြစ်သည်ဟု နိုင်ငံခြား သတင်းမီဒီယာများ ကဖေါ်ပြကြသည်။

မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ပြန်ဆပ်ရန် ရှိသည့် ချေးငွေနှင့် အတိုးစုစုပေါင်း ကန်ဒေါ်လာ ၄.၉ ဘီလျံအနက် ၃.၇၂ ဘီလျံကို လျှော်ပစ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ယင်း ကြွေးမြီ ၃.၇၂ ဘီလျံမှာ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် အတွင်းက မြန်မာနိုင်ငံ အစိုးရအနေဖြင့် ဂျပန်နိုင်ငံမှ ချေးယူထားသည့် ကြွေးမြီများဖြစ်သည်။ ။



ယနေ့(ဧပြီ ၂၁)ကျင်းပသော မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးအပြီးဝယ် ဂျပန်-မြန်မာ နှစ်နိုင်ငံ သဘောတူစာချုပ်ကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး တာကာရှီ ဆာအိ နှင့် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးခင်မောင်တင် တို့ နှစ်ဦး သမ္မတ ဦးသိန်းစိန် နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ်ယိုရှီဟီကို နိုဒါ တို့ရှေ့မှောက်ဝယ် လက်မှတ်ရေးထိုးနေကြစဉ်(Photo-AFP)

မြန်မာစစ်တပ် ခလေးစစ်သား စုဆောင်းဆဲ

Published on Apr 21, 2012 by BurmaVJMedia
ရန်ကုန်တိုင်း သာကေတမြို့နယ်က အသက် ၁၆ နှစ်ကျော်သာရှိသေးတဲ့ ၁၀ တန်းကျောင်းသား မောင်စန်းယုနိုင်ဟာ ခလေးစစ်သားအဖြစ် စုဆောင်းခြင်း ခံနေရပါတယ်။ မောင်စန်းယုနိုင်ဟာ လဖ္ဘက်ရည်ဆိုင်မှာ ဘောလုံးပွဲသွားရောက် ကြည့်ရှုရင်း ဗိုလ်ကြီး ဟန်လင်းဆိုသူက ခေါ်ဆောင်သွားပြီး ခလေးစစ်သားအဖြစ် သွတ်သွင်းခဲ့တာပါ။ အခုမောင်စန်းယုနိုင်ကို မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်က စစ်အခြေခံ စစ်လေ့ကျင့်ရေးတပ် အမှတ် (၇) ကိုပို့ထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ( ILO )ကို သွားရောက်တိုင်ကြား ထားခဲ့ပေမယ့်လည်း အချိန် ၄ လ ကျော်ကြာသွားသည့်တိုင် အကြောင်း မထူးသေးဘူးလို့ မောင်စန်းယုနိုင်ရဲ့ အဘိုးဖြစ်သူ ဦးအောင်ငြိမ်းက ဆိုပါတယ်။

ကိုယ်စားလှယ်တွေကို လွှတ်တော် တက်ရောက်နှိုင်အောင် အစိုးရအနေနဲ့ ဖန်းတီးပေးရမှာ

DVB TV News

21April2012SAT ပြောင်းလဲနေတဲ့ မြန်မာ့ နိုင်ငံရေး ရေစီးကြောင်းထဲကို အားလုံး ပါဝင်နှိုင်ဖို့ NLD ကိုယ်စားလှယ်တွေကို လွှတ်တော် တက်ရောက်နှိုင်အောင် အစိုးရအနေနဲ့ ဖန်းတီးပေးရမှာ ဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ကိုမြအေး က ပြောဆိုလိုက်ပါတယ်။ ဦးမောင်တူး သတင်းပေးပို့ ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရေးတဲ့ကဗျာ

အောက်တိုဘာလထုတ် ရနံ့သစ်မဂ္ဂဇင်း
by Myat Pan Pwint



အပေါ်တမျိုးအောက်တမျိုး


သမ္မတဆိုတာလည်းတချိန်ကပြည်သူကရွေးချယ်တဲ့ကိုယ်စားလှယ်ပဲဟာ။
အောက်ကဟာလဲအပေါ်လိုဖြစ်သင့်တာပေါ့။တန်းညီရင်အန်အယ်ဒီလဲလွှတ်တော်ထဲရောက်လာမှာပါ။

ပုံ-ကိုနစ်