Monday, April 23, 2012

ရွေးကောက်ပွဲအတွက်ဆိုပြီး တစ်အိမ်ထောင်ကို တစ်ထောင်ကျပ်စီကောက်

Burma VJ Media Network

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်မှ အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်နဲ့ ဒေါ်မို့မို့တို့က ရွေးကောက်ပွဲအတွက်ဆိုပြီး တစ်အိမ်ထောင်ကို တစ်ထောင်ကျပ်စီကောက်ခံတယ်လို့ ဒေသခံတစ်ဦးက BurmaVJ ကို အခုလိုပြောပြခဲ့ပါတယ်။

အမျိုးသမီးငယ်တချို့၏ ၀တ်စားဆင်ယင်မှုများမှာဥပဒေကြောင်းအရလည်း အရေးယူနိုင်


ယခုနှစ်သင်္ကြန်ကာလအတွင်း အမျိုးသမီးငယ်များနှင့် မင်းသမီးငယ်တချို့၏ ၀တ်စားဆင်ယင်မှုများမှာ အမြင်မသင့်တော်သည့် သရုပ်ပျက်ဝတ်စားဆင်ယင်မှုများ ဖြစ်ခဲ့၊ယင်းသို့ ၀တ်စားဆင်ယင်ခြင်းဖြင့် ယဉ်ကျေးမှုကျင့်ဝတ်အရ ဂုဏ်သိက္ခာညှိုးနွမ်းစေသည့် အပြင် ဥပဒေကြောင်းအရလည်း အရေးယူနိုင်
Sunday, 22 April 2012 12:48

7294
Facebook ပေါ်တွင် ပျံ့နှံ့နေသော သင်္ကြန်ကာလ မြင်ကွင်းဓာတ်ပုံများ

၂၀၁၂ ခုနှစ်မဟာသင်္ကြန် ကာလအတွင်း သင်္ကြန်မဏ္ဍပ်များတွင် ရေကစားခဲ့ကြသူ၊ ရေပက်ခံထွက်သူ အမျိုးသမီးငယ်များနှင့် မင်းသမီးငယ် အချို့၏ သင်္ကြန်ကာလအတွင်း ၀တ်စားဆင်ယင်မှုများမှာ အမြင်မသင့်တော်သည့် သရုပ်ပျက် ၀တ်စားဆင်ယင်မှုများ ဖြစ်ခဲ့ပြီး ယင်းသို့ဝတ်စား ဆင်ယင်ခြင်းဖြင့် ယဉ်ကျေးမှု ကျင့်ဝတ်အရ ဂုဏ်သိက္ခာညှိုးနွမ်းစေသည့် အပြင် ဥပဒေကြောင်းအရလည်း အရေးယူမှုများ ပြုလုပ်နိုင်သည်ဟု ထောက်ပြဝေဖန်မှုများ ရှိလာခဲ့သည်။ ယခုနှစ် သင်္ကြန်ကာလအတွင်းတွင် အမျိုးသမီးငယ်အချို့နှင့် မင်းသမီးငယ်အချို့တို့၏ ၀တ်စားဆင်ယင်မှုများမှာ အများအမြင်တွင် မသင့်တော်သည့်အပြင် ၀တ်ဆင်သူသာမက မိဘဆွေမျိုး ပတ်ဝန်းကျင် အသိုင်းအ၀န်းများ၏ ဂုဏ်သိက္ခာကိုပါ ကျဆင်းစေနိုင်သည့် ၀တ်စားဆင်ယင်မှုများ ၀တ်ဆင်ခဲ့ကြပြီး အဆိုပါ သရုပ်ပျက် ၀တ်စားဆင်ယင်ကြသူများ၏ ဓာတ်ပုံများသည်လည်း သင်္ကြန်ကာလအတွင်းကပင် အင်တာနက်စာမျက်နှာများထက်နှင့် Facebook တို့တွင် ပျံ့နှံ့လျက်ရှိနေခြင်းကြောင့် ထောက်ပြဝေဖန်မှုများ ပိုမိုများပြားလာခဲ့သည်။
အခုနှစ်သင်္ကြန်မှာ မိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်မှုက အဆိုးဆုံးလို့ ဆိုလို့ရတယ်
ယခုနှစ် သင်္ကြန်ကာလအတွင်းတွင် မြန်မာ မိန်းကလေးတချို့၏ ၀တ်စားဆင်ယင်မှုများမှာ ယခင်နှစ်များထက် ပိုမိုဆိုးရွားခဲ့ပြီး အများစုမှာ ကျောသား၊ ရင်သားနှင့်ပေါင်သားများကို လှစ်ဟသည့် ၀တ်စားဆင်ယင်မှုဖက်ရှင်များနှင့် သင်္ကြန်ကာလ ကို ဆင်နွှဲခဲ့ကြသည်ကို တွေ့မြင်ခဲ့ရ သည်။ “အခုနှစ်သင်္ကြန်မှာတော့ မိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်မှုက အရင်နှစ်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အဆိုးဆုံးလို့ ဆိုလို့ရတယ်။ အများစုက ကျောပြောင်၊ ရင်ပြတ်တွေ ၀တ်လာကြရုံသာမကဘူး ဘောင်းဘီတို တွေဆိုလည်း တချို့ဆို လက်တစ်ဝါးကျော်လောက်ပဲ ရှိတာမျိုးတွေတောင် ၀တ်ဆင်လာကြတယ်။ ဒီလိုဝတ်ဆင်ပြီးတော့ မဏ္ဍပ်ပေါ်မှာ တက်ကနေတာမျိုး၊ ကားပေါ်မှာ ကတာမျိုးတွေ မြင်ရတဲ့အခါ တော်တော်ကို စိတ်မကောင်းဖြစ်ရတယ်။ ကန်တော်ကြီး ကန်ပတ်လမ်းတစ်လျှောက်က မဏ္ဍပ်တွေမှာဆို မဏ္ဍပ်တိုင်းလိုလိုမှာ အဲဒီလိုမိန်းကလေးတွေ အများကြီးတွေ့ ရတယ်။ သင်္ကြန်ပွဲတော်ကို လာနွှဲကြတဲ့ နိုင်ငံခြားသူတွေတောင် ဘောင်းဘီရှည်နဲ့ လာကြပြီး မြန်မာမိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်မှုကို အထူးအဆန်းအနေနဲ့ ဓာတ်ပုံတွေရိုက်၊  ဗီဒိယိုတွေ ရိုက်နေကြတာတွေ့ရတော့ စိတ်ထဲမှာ တော်တော်ကို ခံရခက်ပါတယ်။ ကိုယ့်ရဲ့ဝတ်စားဆင်ယင်မှုက ကိုယ့်တန်ဖိုးကိုယ်ချသလို ဖြစ်နေတာ၊ တစ်ဖက်သားရဲ့အမြင်မှာလည်း အထင်သေးစရာဖြစ်တာ၊ နောက်ဆက်တွဲ အန္တရာယ်တွေကို ဖိတ်ခေါ်သလို ဖြစ်နိုင်တာတွေကို စဉ်းစားကြသင့်ပါ တယ်”ဟု ကိုယ်တိုင်တွေ့မြင်ခဲ့သူ ကျောက်မြောင်းမှ မလင်းလင်းက သုံးသပ်ပါသည်။
ဒါမှမဟုတ် ဒီထဲမှာရိုက်ကူးထားတဲ့ သူတွေရဲ့ပုံတွေကရော ပြန်ပြီးမပျံ့ နိုင်ဘူးလား။ တွေးစရာတွေကတော့ အများကြီးပါပဲ။ အခုလိုပုံစံအမျိုးမျိုးနဲ့ အင်တာနက်ပေါ် ရောက်သွားနိုင်တဲ့ အချိန်မျိုးမှာ မြန်မာမိန်းကလေးတွေနဲ့ မင်းသမီးတချို့ ဒီလိုဝတ်ဆင်ခဲ့ကြတာက ဒါဟာ ထင်ပေါ်ကျော်ကြားစေတဲ့ နည်းတစ်ခုလို့ ယူဆလို့ပဲလားဆိုတာ
ထို့အပြင် ဒါရိုက်တာကြည်ဖြူသျှင်ကလည်း “သင်္ကြန်ဆိုတာ မြန်မာ့ ယဉ်ကျေးမှုပွဲတော် တစ်ခုပါ။ ဒီလို ပွဲတော်မျိုးမှာ ၀တ်ဆင်တဲ့ အ၀တ်အစားက ခေတ်မီလို့ရတယ်။ ဒါပေမယ့် ခေတ်လွန်ပြီး အထင်သေးစရာတော့ မဖြစ်သင့်ဘူးလေ။ သင်္ကြန်တုန်းက မြန်မာမိန်းကလေးတွေ ၀တ်ဆင်ခဲ့တာတွေကို အင်တာနက်မှာ တွေ့လိုက် ရတဲ့အခါ တော်တော်လေးကို တုန်လှုပ်မိပါတယ်။ မိန်းမကောင်းလေးတွေ မှဟုတ်ရဲ့လားလို့တောင် အတွေးဝင် မိတယ်။ စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ ၂၀၁၂ က တကယ်တမ်း ပြောရရင် ပျော်စရာကောင်းတဲ့ နှစ်တစ်နှစ်လို့ ပြောလို့ ရပါတယ်။ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ပေါ်မှာ လျှောက်လှမ်းနေတဲ့အချိန်မှာ အခုလိုမျိုးတွေ ပြုလုပ်တယ် ဆိုတာကတော့ တော်တော်လေးကို ဆိုးရွားသွားတယ်လို့ ဆိုရမှာပါ။ နိုင်ငံအတွက် ဘာမှ မကူညီနိုင်ရင်တောင် ကိုယ့်နိုင်ငံကိုသူများက အထင်သေးစရာ မဖြစ်အောင်၊ လက်ညှိုးထိုးစရာ မဖြစ်အောင် နေသင့်တာလေ”ဟု သူ၏အမြင်အား သုံးသပ်ပြခဲ့သည်။
ရှက်စရာကို မရှက်တာနဲ့ ဂုဏ်ယူစရာ မဟုတ်တာကို ဂုဏ်ယူနေတာ
သင်္ကြန်ကာလအတွင်း မြန်မာ အမျိုးသမီးငယ်များ အနေဖြင့် ယင်းသို့ သရုပ်ပျက် ၀တ်စားဆင်ယင်ခဲ့ကြရာ၌ အချို့မှာ အတွင်းခံ အ၀တ်အစားများသာ ၀တ်ဆင်ထားသည်အထိ လွန်ကျူးစွာ ၀တ်ဆင်ခဲ့ကြပြီး ယင်းသို့ဝတ်ဆင်သူများထဲတွင် မင်းသမီးငယ်အချို့သည်လည်း ပါဝင်ခဲ့ သည်။ “ဒီသင်္ကြန်မှာတွေ့ရတဲ့ မိန်းကလေးတွေအများစုကတော့ ရှက်စရာကို ရှက်ရကောင်းမှန်းမသိသလို ဂုဏ်မယူသင့်တာကိုလည်း ဂုဏ်ယူနေကြပုံပါပဲ။ ကိုယ့်ရဲ့ဝတ်ဆင်မှုအရ ကိုယ့်ကိုတစ်ဖက်သား အထင်အမြင် သေးနိုင်တာကို ထည့်မတွက်ဘဲ ဒါဟာပေါ်ပြူလာဖြစ်တဲ့ အလုပ်တစ်ခု၊ ဂုဏ်ယူစရာတစ်ခုလို့ တွေးနေကြပုံရတယ်။ ဒီလို အဖြစ်အပျက်တွေ ရှိလာတာဟာ ဖောဖောသီသီ ၀ယ်လို့ရနေ တဲ့ နိုင်ငံခြားခိုးကူးခွေတွေရယ်၊ လူငယ်ထုကြားမှာ လွှမ်းမိုးထားတဲ့ ကိုရီးယားယဉ်ကျေးမှုရယ်၊ အင်တာနက် အသုံးပြုမှုတွေရဲ့ နောက်ဆက် တွဲဂယက်လို့ပဲ ဆိုလို့ရပါတယ်။ သရုပ်ပျက် ၀တ်ဆင်ခဲ့ကြတဲ့သူတွေထဲ မှာ ဆယ်ကျော်သက် မိန်းကလေးတွေလည်း ပါဝင်ခဲ့တာကြောင့် မိဘတွေ ရဲ့ အုပ်ထိန်းဆုံးမမှုကလည်း အရေးပါတယ်ဆိုတာ စဉ်းစားစရာဖြစ်လာပါ ပြီ။ ကိုယ့်သမီး မဏ္ဍပ်သွားတယ်ဆိုရင် ဘာဝတ်သွားလဲ၊ ၀တ်သွားတဲ့ အ၀တ်အစားက ကိုယ့်သားသမီးရဲ့ ဂုဏ်သိက္ခာနဲ့ အန္တရာယ်ကို လုံခြုံစေရဲ့ လား၊ ၀တ်ထားတဲ့ အ၀တ်အစားက ရေစိုရင် ဘယ်လိုဖြစ်သွားမလဲ ဆိုတာတွေအထိ  ကြပ်ကြပ်မတ်မတ် ဆုံးမဖို့တော့ လိုမယ်ထင်ပါတယ်”ဟု ဗဟန်း မြို့နယ်တွင် နေထိုင်သူ မိခင်တစ်ဦး ဖြစ်သူ မစိုးစိုးခိုင်က ဆိုသည်။
“မဏ္ဍပ်တွေမှာ စီစီတီဗီ ကင်မရာတွေတပ်ဆင်ထားပါတယ်။ အဲဒီ ကင်မရာထားတဲ့ အဓိက ရည်ရွယ်ချက်က အကြမ်းဖက်မယ့်သူတွေကို စောင့်ကြည့်နိုင်ဖို့ပဲလား၊ မသင်္ကာ စရာသူကို ပြန်လည်ရှာဖွေနိုင်ဖို့ပဲလား။ ဒါမှမဟုတ် ဒီထဲမှာ ရိုက်ကူးထားတဲ့ သူတွေရဲ့ပုံတွေကရော ပြန်ပြီး မပျံ့နိုင်ဘူးလား။ တွေးစရာတွေကတော့ အများကြီးပါပဲ။ အခုလိုပုံစံ အမျိုးမျိုးနဲ့ အင်တာနက်ပေါ်ရောက် သွားနိုင်တဲ့အချိန်မျိုးမှာ မြန်မာမိန်းကလေးတွေနဲ့ မင်းသမီးတချို့ ဒီလို ၀တ်ဆင်ခဲ့ကြတာက ဒါဟာ ထင်ပေါ်ကျော်ကြားစေတဲ့ နည်းတစ်ခုလို့ ယူဆလို့ပဲလား ဆိုတာလောက်အထိ တွေးစရာဖြစ်လာပါပြီ”ဟု ကမာရွတ် မြို့နယ်တွင် နေထိုင်သူမအိအိက သုံးသပ်ပါသည်။
အနုပညာရှင်ဆိုတာ အများအတုယူသူမို့ ပိုမိုသတိထားသင့်
သင်္ကြန်ကာလအတွင်း သရုပ်ပျက်ဝတ်စားဆင်ယင်ခဲ့ကြသူများ တွင် လူငယ်သရုပ်ဆောင် အချို့လည်း ပါဝင်ခဲ့ပြီး အများသိပြီး သူများဖြစ်သည့်အတွက် ၎င်းတို့၏ဓာတ်ပုံများမှာလည်း အင်တာနက်စာမျက်နှာ များထက်နှင့် facebook ပေါ်တွင် ပျံ့နှံ့နေခဲ့သည်။ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဦးဇင်ဝိုင်းက “ယဉ်ကျေးမှု လှိုင်းတွေ ရိုက်ခတ်လာတဲ့အချိန်မှာ လူတွေရဲ့ ဆင်ခြင်တုံတရား ကိုယ်ခံစွမ်းအားတွေ အဆင်သင့် မဖြစ်သေးတော့ လူးကြလိမ့်ကြ ဖြစ်တာပေါ့လေ။ အဲဒီထဲမှာ လူသိများတဲ့ ထင်ပေါ် ကျော်ကြားတဲ့သူတွေ ဖြစ်နေတော့ ပိုပြီး ထင်ရှားတာပေါ့။ ရုပ်ရှင်အစည်းအရုံး ဆိုတာကတော့ အာဏာပိုင်အဖွဲ့ အစည်းတစ်ခု မဟုတ်ဘဲ NGO ဖြစ်နေတဲ့အတွက် အဲဒီလိုဝတ်ဆင်ခဲ့တဲ့ သူတွေကို ခေါ်ယူ အသိပေးဆွေးနွေးမယ်၊ သတိပေးဆုံးမမယ် ဆိုတာမျိုး တွေပဲ လုပ်ရမှာပါ။ အဓိကတော့ ဒါကတစ်ဦးချင်းရဲ့ ကျင့်ဝတ်စောင့်ထိန်းခြင်းနဲ့ပဲ သက်ဆိုင်နေတယ်လေ။ ဒီတော့ ဒီလိုဝတ်ဆင်ခြင်းဟာ ဂုဏ်ယူစရာ မဟုတ်ပါဘူး၊ အဓိကတော့ အနုပညာရှင်ဆိုတာ ပရိသတ်ရှိပါတယ်။ သူ့ရဲ့လုပ်ဆောင်ချက်အားဖြင့် ပရိသတ် က အပြစ်ပေးခြင်း၊ ဒဏ်ခတ်ခြင်းဆိုတာကတော့ ရှိလာမှာပါ။ ဒီအခါမှာတော့ ဒါကရှောင်ကြဉ်စရာပါလား ဆိုတာသိလာမယ်လို့ ယူဆပါတယ်” ဟု ရှင်းပြခဲ့သည်။
“သင်္ကြန်ဆိုတဲ့ အချိန်ကတော့ ခေတ်နဲ့အညီလေး ၀တ်ဆင်ကြတဲ့ အချိန်ဆိုတော့ အနုပညာရှင်တွေအနေနဲ့ လည်း အခွင့်ကောင်းတစ်ခုအဖြစ် ခေတ်နောက်ကိုလိုက်ပြီး ၀တ်ဆင်ကြတယ်လို့ မြင်ပါတယ်။ အသက်အရွယ် အရနဲ့ အခြေအနေ အချိန်အခါအရလည်း အခုလိုမျိုး ဖြစ်သွားတာ ပါပါ လိမ့်မယ်။ အရမ်းတော့ စိတ်ပူစရာမလိုဘူးလို့ ထင်ပါတယ်”ဟု သရုပ်ဆောင် ဆွေဇင်ထိုက်က သူ၏အမြင်အား ပြောဆိုပါသည်။
မိန်းကလေးတွေ ဘီယာသောက်တာ ဖက်ရှင်လား
ယခုနှစ်သင်္ကြန်ကာလတွင် မဏ္ဍပ်များ၌ ရေကစားထွက်သူ မိန်းကလေးငယ်များ၊ ရေပက်ခံထွက်သူ မိန်းကလေးငယ်များနှင့် လမ်းလျှောက် ရေပက်ခံသူ မိန်းကလေးအများစုပါ ဘီယာသောက်ခဲ့ကြသည်ကို တွေ့မြင်ရပြီး ဖက်ရှင်တစ်ခုအသွင်ဖြင့် သောက်သူလည်း များပြားခဲ့ကို တွေ့ မြင်ရသည်။ ပုံမှန်သောက်သုံးလေ့ရှိသူ မဟုတ်ခြင်း၊ ကိုယ်ခံစွမ်းအားချင်း နှိုင်းယှဉ်ပါကလည်း မိန်းကလေးမှာ ယောက်ျားလေးထက် နည်းပါးခြင်းကြောင့် ယခုနှစ်သင်္ကြန်တွင် အမူးလွန်သူ မိန်းကလေးများလည်း ရှိလာခဲ့ကာ နောက်ဆက်တွဲ ဆိုးကျိုးများအဖြစ် မိမိကိုယ်ကို စောင့်ရှောက်နိုင်စွမ်း မရှိတော့ခြင်း၊ အရှက်အကြောက် တရားများ နည်းပါးသွားခြင်းများကိုပါ တွေ့မြင်လာခဲ့ရသည်။ “အခုနှစ် သင်္ကြန်မှာ ကောင်မလေးတွေ တော်တော်များများက ဘီယာဗူးတွေကိုင်ပြီး သောက်နေကြတာကို တွေ့ရတယ်။ ဘီယာသောက်တာကို ဖက်ရှင်တစ်ခု ပုံစံမျိုး ကျင့်သုံးလာကြတယ်။ တော်တော်လေးကို လွဲမှားတဲ့အယူအဆလို့ ဆိုနိုင်သလို အန္တရာယ်လည်း များပါတယ်။ ဘီယာမူးသွားဖို့ဆိုတာကလည်း ယောက်ျားလေးတစ်ယောက် ထက်ကို ပိုပြီးမြန်ဆန်နိုင်ပါတယ်။ အဲဒီရဲ့နောက်ဆက်တွဲ အနေနဲ့တော့ ဆင်ခြင်တုံတရား၊ အရှက်အကြောက်  တရားဆိုတာတွေပါ ပျောက်ဆုံးသွားနိုင်ပါတယ်”ဟု လသာမြို့နယ်တွင် နေထိုင်သူ မိခင်တစ်ဦး ဖြစ်သည့် မမိုးမိုးအောင်က ဆိုပါသည်။
ယခုနှစ် သင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်အချို့၌ မိန်းကလေးများသည် သရုပ်ပျက် ၀တ်စားဆင်ယင်မှုများသာမက အနောက်တိုင်း အကများကိုလည်း လွန်ကျူးစွာ ကခုန်ခဲ့သည်များ ရှိခဲ့ပြီး အဆိုပါ မိန်းကလေးများတွင် အချို့မှာ လုပ်ငန်းသဘောတစ်ခုအဖြစ် မဏ္ဍပ်မှ ငှားရမ်းထားသူများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။ အချို့မှာ ကာယိနြေ္ဒကို စော်ကားရန် ကြံရွယ်ချက်ဖြင့် ပြောဆိုခြင်း၊ ကိုယ်အမူအရာပြခြင်းများ ပြုလုပ်သည့် အမျိုးသား အမျိုးသမီးများလည်း ရှိခဲ့ကြောင်း ရေကစားသူ များထံမှ သိရသည်။
“တချို့မဏ္ဍပ်တွေမှာ ကနေတဲ့ မိန်းကလေးတချို့က တော်တော်လေး ဆိုးကြတယ်။ အဲဒီတချို့ကမဏ္ဍပ်က သူတို့မဏ္ဍပ်စည်အောင် ဆိုတဲ့သဘောနဲ့ အလုပ်သဘော ငှားထားတာမျိုးတွေ ပါတယ်။ ဒီတော့ကကြတဲ့ မိန်းကလေး တွေကလည်း သူတို့အလုပ်သဘော သူတို့ပေါ့လေ။ ဒါပေမယ့် အဲဒါမျိုးတွေ ရှိနေတဲ့ အခါကျတော့ မိကောင်း ဖခင် သားသမီးလေးတွေ ဖြစ်ပေမယ့် ခေတ်လွန် ၀တ်စားထားကြတဲ့ မိန်းကလေးတွေကိုပါ အုတ်ရောရော ကျောက်ရောရော အထင်ခံစရာဖြစ်နိုင်တယ်” ဟု ဗဟန်းမြို့နယ်တွင် နေထိုင်သူ ကိုကျော်မိုးက သုံးသပ်ခဲ့သည်။
မလုံ့တလုံ ၀တ်ဆင်ခြင်းဖြင့် ဥပဒေအရ အရေးယူခံရနိုင်
သင်္ကြန်ကာလတွင် ညစ်ညမ်းသော ပြုလုပ်ခြင်းများဖြစ်သည့် မလုံ့ တလုံ ၀တ်စားဆင်ယင်မှုများ၊ ထိုသို့ ၀တ်စားဆင်ယင်ကာ ညစ်ညမ်းသော အမူအရာပြုလုပ်ခြင်းများသည်  ရာဇ၀တ်မှုပင် မြောက်နိုင်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄(က) အရပြစ်မှု ထင်ရှားစီရင်ခြင်း ခံရပါက ထောင်ဒဏ် သုံးလအထိ ချမှတ်ခံရနိုင်ကြောင်း သိရသည်။
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၄ (က)တွင် ပြဌာန်းထားသည်မှာ မည်သူမဆိုအခြားသူများ စိတ်ငြိုငြင်အောင် အများပြည်သူဆိုင်ရာ နေရာတစ်ခုခုတွင် ညစ်ညမ်းသော ပြုလုပ်မှုတစ်ခုခုကိုပြုလျှင် ထိုသူကိုသုံးလထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟူ၍ ဖြစ်ပါသည်။
news-eleven.com


ရဲဘော်သတိ..ရှေ့ မှာကင်မရာ

DVB TV News





စာရွက်ကြီးကိုင်ပြောနေတဲ့ သမ္မတ ဦးသိန်းစိန်...



Parliamentary opposition is a form of political opposition to a designated government, particularly in a Westminster-based parliamentary system. Note that this article uses the term government as it is used in Parliamentary systems, i.e. meaning the administration or the cabinet rather than the state. The title of "Official Opposition" usually goes to the largest of the parties sitting in opposition with its leader being given the title "Leader of the Opposition".
 http://en.wikipedia.org/wiki/Opposition_%28parliamentary%29
ဒုတိယအင်အားအကြီးဆုံးပါတီကိုမြန်မာလိုအလွယ်အတိုက်အခံပါတီလို့ ခေါ်ပါတယ်။ဦးသိန်းစိန်ကဘယ်သူရေး
ပေးတာကောက်ဖတ်လိုက်လဲမသိပါ။လတ်တလောမှာတော့အတိုက်အခံပါတီမရှိသေးဖူးလို့ ပဲယူဆရမလိုပါ။
စစ်တပ်ကိုယ်စားလှယ်ကဒုတိယအင်အားအကြီးဆုံးပါတီလိုဖြစ်နေလို့ ပါ။ဒုတိယအင်အားအကြီးဆုံးပါတီကခုံနေရာသိပ်မကွာရင်အခြားပါတီငယ်နဲ့ ပေါင်းပြီး
အာဏာရပါတီ(၀ါ)အစိုးရကိုအယုံအကြည်မရှိအဆိုနဲ့ ကြားဖြတ်ရွေးကောက်ပွဲလုပ်ဖို့ မဲမေးနိုင်တဲ့ပါဝါရှိပါတယ်။
လုပ်ချင်တိုင်းတော့လုပ်မရပါ။ပြည်သူ့ ထောက်ခံမှုမရရင်မြောင်းထဲရောက်သွားနိုင်ပါတယ်။ပြည်သူလက်ခံတဲ့အကြောင်းပြ
ချက်ဖြစ်ရမှာပါ။

ဒါမှမဟုတ်သိသိကြီးနဲ့ ဆွေးနွေးတာနားထောင်ပေးမယ်။ဆုံးဖြတ်မှာငါတို့ အလုပ်ဆိုတာမျိုးလက်ဝါးကြီးအုပ်စနစ်ကိုပဲဆက်သွား
ဖို့ ရည်စူးပြီးပြောတာလားဆိုတာတော့ဦးသိန်းစိန်အသိဆုံးဖြစ်မှာပါ။

နေ့စား အလုပ်သမငယ် နှစ်ဦးကို ဗလက်ကာရပြုကျင့်သူ သစ်တော ညွှန်ကြားရေးမှူး အရေးယူမခံရသေး


News Date:4/23/2012
ထွန်းထွန်း
----------
နေ့စား ပုတ်ပြတ် ရခိုင်အလုပ်သမငယ် နှစ်ဦးကို ဖျားယောင်း သွေးဆောင်ပြီး ဗလက်ကာရ ပြုကျင့်ခဲ့သည်ဟု စွပ်စွဲခံထားရသူ မောင်တော ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးကို အခင်း ဖြစ်ပွားသည်မှာ တစ်လ နီးပါးခန့် ရှိလာပြီ ဖြစ်သော်လည်း ယခု အချိန်ထိ အရေးယူခြင်း မရှိသေးကြောင်း သတင်း ရရှိသည်။



 မောင်တော သစ်တော ဦးစီးဌာနမှ မေယု ကြိုးဝိုင်းသစ်တော ( ဓါတ်ပုံ- နိရဉ္စရာ)
မောင်တော ခရိုင် သစ်တော ဦးစီးဌာ လက်ထောက် ညွှန်ကြားရေးမှူး ဦးမောင်မောင်နိုင်အား နေ့စား အမျိုးသမီးငယ် နှစ်ဦးအား ဗလက်ကာရ ပြုကျင့်ကြောင်း တိုင်ကြားခံရပြီးနောက် ရခိုင်ပြည်နယ် သစ်တောညွှန်ကြား ရေးမှူး ဦးကျော်စိုးခိုင်၊ ကျောက်ဖြူခရိုင် လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းမြင့်နှင့် ဘူးသီးတောင်မြို့နယ် သစ်တော ဦးစီးမှူးတို့ လာရောက်ပြီး မတ်လ ၂၇ မှ ၃၀ရက်နေ့ အထိ ၄ ရက်တိုင်တိုင် မောင်တောခရိုင် သစ်တောဦးစီးဌာန ရုံးခန်းမ၌ စစ်ဆေးခဲ့သည်ဟု သစ်တော ဌာနမှ အမည် မဖေါ်လိုသူ ၀န်ထမ်း တစ်ဦးက ပြောသည်။

" သစ်တောဌာန တာဝန်ရှိသူတွေက လာရောက်စစ်ဆေးတာတော့ ပီးသွားပါပြီ။ ဒါပေမယ့် ဦးမောင်မောင်နိုင်က အခုအချိန်ထိတော့ အရေးယူမခံရသေးဘူး။ ဒီအမူဟာ မှန်ကန်ကြောင်း ဦးမောင်မောင်နိုင်ကိုယ်တိုင်က ၀န်ခံထားပြီး ဖြစ်ပါတယ်" ဟု အမည်မဖေါ်လိုသူ ၀န်ထမ်းက ပြောသည်။

ရခိုင်ပြည်နယ် သစ်တော ဦးစီးဌာန တာဝန်ရှိသူများသည် အဆိုပါ အမှုအခင်းနှင့် ပတ်သက်ပြီး မောင်တောခရိုင် သစ်တောဌာနမှ တောအုပ်ကြီး၊ တောအုပ်၊ တောခေါင်း၊ တောကြပ်နှင့် ရုံးတွင်းအမှုတွဲထိမ်း၊ ငွေစာရင်းထိမ်း၊ စာရေးဝန်ထမ်း (၈)ဦးတို့ကို ခေါ်ယူစစ်ဆေးခဲ့သည်ဟုလည်း သစ်တော ၀န်ထမ်းက ပြောသည်။

" သူတို့က ၀န်ထမ်းတွေကို သာမကဘူး ရုံးရှေ့ ကွမ်းယာဆိုင်ရှင် ၂ ဦး အပါအ၀င် ရုံးအနီး ပတ်ဝန်းကျင်ရှိ ကုန်သွယ် လယ်ယာ ဦးစီးဌာနက ၀န်ထမ်း ၂ဦး၊ သမ၀ါယမမှ ၀န်ထမ်း ၂ ဦး၊ ရေနံ ရောင်းဝယ်ရေးရုံး ၀န်ထမ်း ၂ ဦး၊ စသုံးလုံးမှ ၀န်ထမ်း ၂ နဲ့ ဆင်ဖြူတော် ရေခဲစက် အလုပ်သမား ၂ ဦးကိုလည်း ခေါ်ယူ မေးမြန်းမူတွေ ပြုလုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အောင်သာယာ ကျေးရွာ ရ.၀.တ (အုပ်ချုပ်ရေးမှူး)၊ ဆယ်အိမ်ခေါင်းနဲ့ အဖွဲ့ဝင် တစ် ဦးကိုလည်း မျက်မြင်သက်သေ အဖြစ် စစ်ဆေးခဲ့တာကို တွေ့ရပါတယ်" ဟု သူက ပြောသည်။

ထိုကဲ့သို့ စစ်ဆေးမူများ ပေါ်ပေါက်ပြီးနောက် ဦးမောင်မောင်နိုင်ဇနီးနှင့် အန်ဂျီအို ၀န်ထမ်း တစ်ဦး ဖြစ်သူ ဦးကျော်ဇေယျတို့က နစ်နာသူ အမျိုးသမီးငယ် (၂) တို့ထံ သွားရောက်ပြီး နစ်နာကြေး အတွက် လျော်ကြေးပေးမည် ဖြစ်ကြောင်း၊ အမှုကိုဖျက်သိမ်းရန်နှင့် တိုင်စာကို ရုတ်သိမ်းပေးရန် လာရောက် စည်းရုံး ခဲ့ကြသည်ဟု အမျိုးသမီးငယ်၏ ဆွေမျိုး တစ်ဦးက ပြောသည်။

" သူတို့က လျော်ကြေးငွေ ပေးမယ်။ တိုင်ကြားစာကို ရုတ်သိမ်းပါ။ မဟုတ်ရင် တရားရုံးရောက်သွားရင် အကုန်လုံး အရှက်ကွဲမယ်။ ပီးရင် အမျိုးသမီးငယ် နှစ်ဦးကို တရားခံ အဖြစ် ထည့်သွင်းပြီး တရား ပြန်တင်မယ် စသဖြင့် ခြိမ်းခြောက်ပါတယ်။ ကျွန်မတို့က ဒီပြဿနာကို ရုတ်သိမ်းဖို့ လာမပြောနဲ့။ ဆက်လက် ပြောရင် ပြောတဲ့သူတွေကိုပါ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း၊ အမျိုးသမီးရေးရာ အသင်းတွေကိုလည်း တိုင်ကြားမှာ ဖြစ်သလို တရားရုံးမှာလည်း ဆက်လက် တိုင်ကြားသွားမယ်လို့ ပြောလိုက်ပါတယ်" ဟု သူမက ပြောသည်။

အဆိုပါ သားမယား ပြုကျင့်ခံရသူ အမျိုးသမီးငယ် ၂ဦးကို အလုပ်ခန့်ပေးပြီး အ၀တ်အထည် အသစ်အဆန်းများဝယ် ပေး၍ စည်းရုံး သွေးဆောင် လှည့်ဖြားကာ သီးခြားစီ သားမယား ပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် အမျိုးသမီးငယ် နှစ်ဦးကို ရုံးတွင် နေ့စား အလုပ်သမများ လိုသည်ဟု ဆို၍ သစ်တောဌာန ၀န်ထမ်းများ ဖြစ်ကြသည့် တောခေါင်း ဦးစိုးမြင့်နှင့် တောခေါင်း ဦးဘစောတို့က စည်းရုံး ခေါ်ယူလာသော အမျိုးသမီးငယ်များ ဖြစ်ကြောင်း သစ်တော ဌာန သတင်းရပ်ကွက် အရသိရသည်။

ဧပြီလ ၇ ရက် နံနက်(၉)နာရီက လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်နိုင်သည် ၀ါး၊ သစ်၊ ထင်း၊ မီးသွေး နှင့် လမ်းခင်း ကျောက် ရောင်းဝယ်နေသူ (၁၄)ဦးကို ခေါ်ယူပြီး အစည်းအဝေး တရပ်ပြုလုပ်ကာ အမှု အခင်းစစ် ဆေးရာတွင် ကျွေးမွေးဧည့်ခံသည့် ကုန်ကျစရိတ် ကျပ်ငွေ ၇သိန်းကို ၀ိုင်းဝန်း ကူညီပေးရန် တောင်းခံခဲ့သည် ဟု သိရသည်။

သင်္ကြန် ရုံးပိတ်ရက်အတွင်း နေပြည်တော်ရှိ သစ်တော ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးမြင့်မောင်ထံ အမူမှ ကင်းလွှတ်ခွင့်ပေးရန် အသနားခံ သွားရမည်ဖြစ်၍ ခန့်မှန်းခြေ ကုန်ကျမည့်စရိတ် ကျပ်ငွေ သိန်း(၂၀)ကိုလည်း အစည်းအဝေး တက်ရောက် လာသူ (၁၄)ထံမှ အကူအညီ တောင်းခံခဲ့သည်ဟု အမည် မဖေါ်လိုသူ သစ်ကုန်သည် တစ်ဦးက ပြောသည်။

ယခု ဖြစ်ပေါ်နေသော အမူကိစ္စ အပေါ် မောင်တောမြို့တွင် စိတ်ဝင်စားသူ များနေပြီး ဦးမောင်မောင်နိုင်မှာ ယခုအခါ လူမြင်ကွင်းမှ ပျောက်နေကြောင်း ဒေသခံများက ပြောသည်။

မောင်တောခရိုင် သစ်တောဌာနအား ဦးမောင်မောင်နိုင် ကိစ္စနှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာ တစ်စုံတစ်ရာ ဖြေကြားခြင်း မပြုဘဲ ဖုံးချသွားခဲ့သည်။

http://www.narinjara.com/detailsbur.asp?id=3930


နိုင်ငံရေးအကျဉ်းသားဟောင်းများ၏သဘောထားထုတ်ပြန်ကြေညာချက်(၇/၂၀၁၂)




ကျမ်းကျိန်ဆိုရမယ့် စာသားကို ပြင်ဆင်ပေးဖို့အစီအစဉ်မရှိဘူးလို့ သမ္မတက မပြော






ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်မှ ကြိုဆိုကြောင်း သမ္မတ ဦးသိန်းစိန်ပြောဆို
2012-04-23
ပြည်သူ့ လွှတ်တော်ကို ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်လာမှာကို ကြိုဆိုပါတယ်။ လွှတ်တော်ကို တက်ဖို့ကိစ္စကတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အဆုံးအဖြတ်ပေးရမှာ ဖြစ်တယ်လို့ သမ္မတဦးသိန်းစိန်က ဂျပန် သတင်းထောက်များကို ပြောကြားကြောင်း ဂျပန်နိုင်ငံကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။


AFP
၂၀၁၂ခုနှစ် ဧပြီလ ၂၁ ရက်က ဂျပန်နိုင်ငံ၊ တိုကျိုတွင်ကျင်းပသော မဟာမဲခေါင်ဒေသ အစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန်နှင့် ဂျပန်ဝန်ကြီးချုပ် Mr. Yoshihiko Noda တို့ကိုတွေ့ရစဉ်။

သတင်းထောက်တစ်ဦးရဲ့ အမေးကို ဖြေကြားရာမှာ ဦးသိန်းစိန်က မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီနည်းလမ်းတကျ ပြုပြင် ပြောင်းလဲမူတွေ ချမှတ်ပြုလုပ်နေတာကို နောက်ကြောင်းပြန်မှာ မဟုတ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရည်မှန်းချက်တူညီတဲ့ ဆောင်ရွက်ချက်တွေကို ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်းလည်း ပြောသွားပါတယ်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာ အပြောင်းအလဲများ လုပ်ပေးမပေး မေးမြန်းရာမှာတော့ ဒီကိစ္စကို ပြည်သူကသာ အဆုံးအဖြတ်ပေးပါလိမ့်မယ်။ ပြည်သူ့ ဆန္ဒနဲ့ ပြည်သူရဲ့ ရွေးချယ်မှုသာ အဓိကဖြစ်ပါတယ်လို့ ဖြေကြားသွားပါတယ်။
NLD ပါတီ အဆိုပြုထားတဲ့ ပါလီမန်လွှတ်တော်ကို မ၀င်ခင် ကျမ်းကျိန်ဆိုရမယ့် စာသားကို ပြင်ဆင်ပေးဖို့ တောင်းဆိုချက်အပေါ် သူ့အနေနဲ့ ဆောင်ရွက်ပေးဖို့ အစီအစဉ် မရှိသေးဘူးလို့ သမ္မတ ဦးသိန်းစိန်က ပြောတယ်လို့လည်း ဂျပန်နိုင်ငံကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဒါနဲ့ ပတ်သက်လို့ လိုက်ပါသွားတဲ့ မြန်မာ အရာရှိတစ်ဦးကတော့ အစီအစဉ်မရှိဘူးလို့ သမ္မတက မပြောကြောင်း၊ ဘာသာပြန်ဆိုကြတာ မှားတာဖြစ်ကြောင်း ပြန်လည် ငြင်းဆိုထားပါတယ်
သမ္မတ ဦးသိန်းစိန် ဂျပန်သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။

အသံဖိုင်ယူရန်။

http://www.rfa.org/burmese/news/u-thein-sein-japan-04232012084412.html


ကျမ်းကျိန်လွှာပြင်ရေး လွှတ်တော်တွင်း ဒီမိုကရက်တစ် ပါတီများ ပြင်ဆင်
By , on April 23, 2012 6:12 pm
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားလှယ်များ အနေဖြင့် ယနေ့ ပြန်လည် စတင်သော ပြည်သူ့လွှတ်တော် အစည်း အဝေးများ တက်ရောက်နိုင်ရန် ကျမ်းကျိန်လွှာဝေါဟာရ ပြင်ဆင်ရေးအဆိုကို ဒီမိုကရက်တစ် ပါတီ ကိုယ်စားလှယ် တချို့က လွှတ်တော်၌ တင်သွင်းမည်ဟု သတင်းရရှိသည်။

ယနေ့ပြန်လည်ကျင်းပသည့် ပြည်သူ့ လွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - Reuters)

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က NLD ကိုယ် စားလှယ်များ လွှတ်တော်တက်နိုင်ရေးအတွက် လွှတ်တော်တွင်းမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေး ပါတီ)က စကားရပ်ပြင်ဆင်ရန် အဆိုတင်သင့်ကြောင်း၊ အကယ်၍မတင်ခဲ့ပါက သူ့အနေဖြင့် ဦးဆောင်တင်သွင်းရန်ရှိကြောင်း ဧရာဝတီကို ပြောသည်။
“ပြည်ခိုင်ဖြိုး ဦးမဆောင်ရင် ကျနော်တို့က ဦးဆောင်ရမယ်။ အမှန်က သူတို့က ဦးဆောင်ရမယ်။ ဒီနေရာမှာ သူတို့က သဘောထားကြီးမှုကို ပြရမယ်။ ကျနော်တို့ တွဲပါရမယ်”ဟု ဒေါက်တာ အေးမောင်က ဆိုသည်။
အဆိုပါ ပြင်ဆင်ရေးကိစ္စ ကြံ့ခိုင်ရေးပါတီမှ ကန့်ကွက်လျှင် သမိုင်း မလှနိုင်ကြောင်း၊ ယခုကိစ္စသည် ကြံ့ခိုင်ရေး ပါတီ အပေါ် မူတည်နေကြောင်း သူက ဆက်ပြောသည်။
လွှတ်တော်တက်ရောက်နေသည့် အလုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကလည်း NLD ကိုယ်စား လှယ်များ လွှတ်တော်တက်နိုင်ရေးအတွက် လွှတ်တော်ပြင်ပ အစည်းအဝေးများ ပြုလုပ်ရန်ရှိကြောင်း ပြောသည်။
နိုင်ငံရေးအကျဉ်းသားများအား ကူညီပေးနေသော ရှေ့နေကြီး ဦးအောင်သိန်းက ယခုကိစ္စသည် အခြေခံဥပဒေ ပြင်ဆင်ခြင်း မဟုတ်ဘဲ ပုဒ်မတခု၏ စကားရပ် အသုံးအနှုန်းကို ပြင်ဆင်ခြင်းသာဖြစ်ကြောင်း၊ နိုင်ငံတော် သမ္မတက သော်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ခုံရုံးကသော်လည်းကောင်း၊ လွှတ်တော်များကသော်လည်းကောင်း အဆိုပြု တင်ပြချက်များအပေါ် ပြန် လည် သုံးသပ်ပြီး ပြင်ဆင်နိုင်ကြောင်း ထောက်ပြသည်။
“အခုဟာက ပြဌာန်းထားတဲ့ ဥပဒေတခုရဲ့ ဝေါဟာရ စကားလုံး အသုံးအနှုန်း ပြင်ဖို့ကိစ္စ။ ဥပဒေပြင်တဲ့ ကိစ္စရပ် မဟုတ်ဘူး။ ဒီကိစ္စကို လွှတ်တော်မှာ ချပြပြီးတော့ လွှတ်တော်ကနေ သဘောတူတယ်ဆိုရင် ဝေါဟာရ ပြင်တဲ့ကိစ္စက ဖြစ်သွားမှာပါ”ဟု သူက ပြောဆိုသည်။
သို့သော် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်က ဦးသိန်းညွန့်ကမှု လွှတ်တော် ကိုယ်စားလှယ်များကို ရွေးကောက်ပွဲကော်မရှင်က အသိအမှတ်ပြုပြီးဖြစ်သော်လည်း ကျမ်းကျိန်ပြီးမှသာ လွှတ် တော်ကိုယ်စားလှယ် အဖြစ် တရားဝင်မည်ဖြစ်ကြောင်း ပြောဆိုပြီး ယခု ကိစ္စသည် စကားရပ်ပြဿနာ မဟုတ်ဟုလည်း ပြော သည်။
“အခုက ဇယား ၄ ရဲ့ ပြဿနာ။ စကားလုံးပြဿနာမဟုတ်ဘူး။ ဇယား ၄ က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၅ ကို ညွှန်း ထား တယ်။ အဲဒါကို ပြင်နိုင်ဖို့ လွှတ်တော်ကို ၀င်ရမယ်။ လွှတ်တော်မှာ ၂၀ ရာခိုင်နှုန်း သဘောတူမှ ပြင်နိုင်မယ်။ အခု ပြင် မယ်ပြောတဲ့ လူတွေက၊ အဆိုတင်မယ့် သူက အဲ့ဒီလောက် ရာခိုင်နှုန်းရှိသလား”ဟု သူက ဆိုသည်။
အမျိုးသား လွှတ်တော် တသီးပုဂ္ဂလ ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကလည်း“နိုင်ငံရေးပါတီမှတ်ပုံတင်တာနဲ့ ပတ်သက်တော့ လုပ်ရတာ လွယ်တယ်။ ဖွဲ့စည်းပုံ ပြင်ဖို့ကျတော့ သူ့ပရိုဆီဂျာ(လုပ်ထုံးလုပ်နည်း) အတိုင်း သွားရမယ်။ အခုက ဘောင် မ၀င်ဘူးဖြစ်နေတယ်”ဟု ဆိုသည်။
မနက်ဖြန်ကျင်းပမည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်တချို့က NLD ကိုယ်စားလှယ် များ လွှတ်တော် တက်နိုင်ရေး ဝေါဟာရ ပြင်ပေးရန် အဆိုတင်သွင်းမည့် အစီအစဉ်ရှိကြောင်းလည်း ဦးဖုန်းမြင့်အောင်က ဆက် ပြောသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း (၁၀)ရှိ နိုင်ငံရေးပါတီများ အခန်း၊ ပုဒ်မ ၄၀၅၊ အပိုဒ် (ခ)တွင် “နိုင်ငံရေး ပါတီ တရပ်အနေနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာရမည်”ဟု ဆိုထားသကဲ့သို့ ပုဒ်မ ၁၂၅ အပိုဒ်(က) ၌ “ပြည်သူ့ လွှတ်တော် ပုံမှန် အစည်းအဝေးတွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များသည် ပြည်သူ့ လွှတ်တော် သဘာပတိ ရှေ့မှောက် ၌ ဇယား ၄ တွင် ဖော်ပြသည့်အတိုင်း ကတိသစ္စာ ပြုရမည်”ဟု ဖော်ပြထားသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၁၂၅ ကို ရည်ညွှန်းသည့် အခန်း(၁၅) အထွေထွေ ပြဌာန်းချက်များ ဇယား ၄ တွင် “နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများကိုလည်း လိုက်နာပါမည်”ဟု ဖော်ပြထားရာ ၄င်းစကားရပ် ပြင်ဆင်ပေးရန် NLD က သမ္မတရုံး၊ လွှတ်တော် ၂ ရပ်နှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံး များသို့ ဆက်လက် တင်ပြမည်ဟု ပြောဆိုသည်။
ကျမ်းကျိန်လွှာ စကားရပ် မပြင်ဆင်သေးဘဲ ညှိနှိုင်းဆောင်ရွက်နေရသဖြင့် လွှတ်တော်တက်ရေး မဖြစ်နိုင်သေးကြောင်း၊ NLD က တရားဝင်ပြောဆိုပြီး ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း လွှတ်တော်ကို သပိတ်မှောက်ခြင်း မဟုတ်ကြောင်း၊ လွှတ်တော် တက်နိုင်ရေး အချိန်ကို စောင့်ဆိုင်းနေကြောင်း ယမန်နေ့က သတင်းထောက်များကို ပြောသည်။
“လွှတ်တော်မတက်ဘူးလို့ မပြောဘူး။ လွှတ်တော်တက်ဖို့ အချိန်အခါ စောင့်ဆိုင်း နေတာပါ”ဟု ဒေါ်အောင်ဆန်းစုကြည် က ဆို သည်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးက “အခြေခံ ဥပဒေကို လေးစားလိုက်နာပါမည်” ဟူသော စကားရပ်သည် ပါတီ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ၌ လည်းကောင်း၊ ဖွဲ့ စည်းပုံအခြေခံဥပဒေ၌လည်းကောင်း ပြင်ဆင်ပြီးသားဖြစ်၍ လွှတ်တော် ကိုယ်စားလှယ်များ ကျမ်းကျိမ်လွှာတွင်သာ ပြင်ဆင်ခြင်း မပြုရသေးကြောင်း၊ အခြေခံ ဥပဒေ၊ မှတ်ပုံတင် ခြင်း ဥပဒေ၊ ကျမ်း ကျိန် လွှာ စကားရပ်တို့သည် တခုနှင့်တခု လိုက်လျောညီထွေ ဖြစ်သင့်ကြောင်း ထောက်ပြသည်။
နိုင်ငံရေးသမား တဦးဖြစ်သည့် ဒေါက်တာစောနိုင်ကမူ NLD လွှတ်တော်တက်နိုင်ရေး သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း အပါအ၀င် တာဝန်ရှိသူများက စီစဉ်ပေးလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောဆိုသည်။
“NLD ပါစေချင်လို့ တလျှောက်လုံး ညှိနှိုင်းမှုတွေ လုပ်ခဲ့ကြတာ။ အခုလည်း ညှိနှိုင်းပြီး လုပ်ဆောင်ပေးကြမှာပါ။ အားလုံး အဆင်ပြေသွားမယ်လို့ပဲ မျှော်လင့်ပါတယ်”ဟု ဒေါက်တာ စောနိုင်က ဆိုသည်။
ဂျပန်နိုင်ငံသို့ အလည် အပတ်ရောက်ရှိနေသော သမ္မတ ဦးသိန်းစိန်က လွှတ်တော်ကိုယ်စားလှယ် ကျမ်းသစ္စာ ကျိန်ဆိုမှုနှင့် ပတ်သက်၍ ပြည်သူ လူထု အကျိုးရှိမည်ဆိုပါက ဖြစ်နိုင်ခြေရှိကြောင်း သတင်းထောက်များကို စကားပြန်မှတဆင့် ယနေ့ပြော ကြောင်း AP သတင်းတပုဒ်က ဆိုသည်။
သို့သော် လွှတ်တော်တွင်း ကျမ်းကျိန်လွှာ ဝေါဟာရ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အာဏာရ ကြံ့ခိုင်ရေးပါတီကမူ ဝေါ ဟာရ ပြင်ဆင်ရေး လုပ်ဆောင်ရန် မလိုဟု ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ဧရာဝတီကို ပြောသည်။
“ရွေးချယ်ခံထားရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ တက်ရောက်တာနဲ့ ပတ်သက်လို့ ဒီစကားလုံးက သိပ်ပြီး ထူးခြားတာ၊ ထိရောက်တာလဲ မရှိပါဘူး။ ဒါရေးထားတဲ့ အတွက် မပြောရဘူး၊ မဆိုရဘူးလို့ ပိတ်ပင်ထားတာလဲ မရှိဘူးလို့ ကျနော်ထင်ပါတယ်။ အဲဒါကြောင့် ဒီဥစ္စာနဲ့ ပတ်သက်လို့တော့ ဘာမှလဲ သိပ်ထူးထူးခြားခြားမရှိတဲ့အတွက် ဘာမှ လုပ်စရာ မလို ဘူး လို့ ထင်ပါတယ်”ဟု ဦးဌေးဦးက ပြောဆိုသည်။
http://burma.irrawaddy.org/archives/8852




ကျမ်းကျိန်စာသားကိစ္စ ကျော်လွှားနိုင်မယ်လို့ ယုံကြည်ကြောင်း ဦးဥာဏ်ဝင်းပြောဆို

2012-04-23
ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ကျမ်းကျိန်ဆိုရမယ့် စာသားအပေါ် ပြင်ဆင်ပေးဖို့ တောင်းဆိုချက်အပေါ် သက်ဆိုင်ရာရဲ့ တုံ့ပြန်ချက်ကို စောင့်ဆိုင်းနေတဲ့အတွက် ဒီကနေ့ ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးတွေကို တက်ရောက်နိုင်ခဲ့ခြင်း မရှိကြောင်း သိရပါတယ်။

Photo courtesy of NLD
၂၀၁၂ ခုနှစ် ဧပြီလ ၂၀ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းမှ ရှင်းလင်းပြောဆိုနေစဉ်။

ကျမ်းကျိန်ဆိုရမဲ့ စာသားနဲ့ ပတ်သက်ပြီး ထပ်မံအကြံပြုချက်တွေကို NLD က သက်ဆိုင်ရာရုံးတွေကို တင်ပြထားပြီးဖြစ်ကြောင်းနဲ့ မကြာခင် ဒီကိစ္စကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်ကြောင်း ပါတီပြောခွင့်ရသူ ဦးဥာဏ်ဝင်းက ပြောပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကို ပြင်ဆင်ခဲ့တုန်းက လေးစားလိုက်နာပါမယ် ဆိုတဲ့ အသုံးအနှုန်း ပြောင်းလဲပေးခဲ့သလို ဥပဒေတစ်ရပ်ကို ပြင်ဆင်နိုင်ဖို့အတွက် အဲဒီပြင်ဆင်ချက်နဲ့ ညီညွတ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ရမယ်ဆိုတာ ဥပဒေတစ်ရပ်ရဲ့ မူဝါဒဖြစ်တဲ့အတွက် NLD အနေနဲ့ အခုလို ပြောဆိုရတာဖြစ်တယ်လို့လည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။
လွှတ်တော်တက်မယ့် ကိုယ်စားလှယ်တွေ ကျမ်းသစ္စာ ကျိန်ဆိုရမယ့်အထဲမှာ “ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ပါမည်” ဆိုတဲ့ စာသားနေရာမှာ “လေးစား လိုက်နာပါမည်” ဆိုပြီး ပြောင်းလဲ ပြင်ဆင်ပေးဖို့ကိစ္စ ညှိနှိုင်းနေဆဲမို့ လွှတ်တော် အစည်းအဝေးတွေကို တက်ရောက်ဖြစ်မှာ မဟုတ်သေးကြောင်း NLD က ပြီးခဲ့တဲ့ရက်က ထုတ်ပြန်ထားပါတယ်။
http://www.rfa.org/burmese/news/oath-wording-04232012111354.html