Thursday, April 26, 2012

Public and Parliamentary hearing on Burma


PUBLIC POLICY CONSULTATION ON BURMA Hosted by Canadian Friends of Burma

Next Consultation-
Date: 27 April 2012 (Friday)
Time: 9:30 am – 12:00
Venue: Room # 257 - Arts Building, University of Ottawa

Finished today-
HUMAN RIGHTS SITUATION IN BURMA (MYANMAR)
Hosted by Subcommittee on International Human Rights of the Standing Committee on Foreign Affairs and International Development
Thursday, April 26, 2012 1:00 p.m. to 2:00 p.m.
Room 237-C, Centre Block, Parliament Hill, Ottawa

WITNESSES
Department of Foreign Affairs and International Trade (DFAIT)
Greg Giokas, Director General
South, Southeast Asia and Oceania
Lisa Rice Madan, Director,
Southeast Asia and Oceania Relations
Canadian International Development Agency (CIDA)
Jeff Nankivell, Acting Regional Director General,
Asia Branch, Canadian International Development Agency (CIDA)
Leslie Norton, Director General
International Humanitarian Assistance, Multilateral and Global Programs Branch

ခြံအမှတ်(၅၄)မှ သမိုင်းဝင်ခြေလှမ်းများ


by 7Day News Journal on Wednesday, April 25, 2012 at 6:14am · ဧပြီ ၁၃ရက် ပူစပ်စပ် ညနေ ခင်းနေရောင်အောက် ဗြိတိန်ဝန် ကြီးချုပ် ဒေးဗစ်ကင်မရွန်းနှင့် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်    ဒေါ်အောင်ဆန်းစုကြည်တို့ အေးအေး လူလူ စကားပြောရင်း လမ်းလျှောက်နေသည်။ အင်္ဂလန်နိုင်ငံ ဒေါင်းနင်း လမ်းအမှတ်-၁၀ တွင် နေထိုင်သော ဒေးဗစ်ကင်မရွန်းက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းအမှတ် ၅၄ ရှိ ဒေါ်အောင်ဆန်းစုကြည်   နေအိမ်ခြံဝင်းဥယျာဉ်ထဲ လမ်းလျှောက်ရင်း စကားစမြည် ပြောနေခြင်းဖြစ်၏။

လွန်ခဲ့သည့် တစ်နှစ်ကျော်ကဆိုလျှင် ထိုမြင်ကွင်းမျိုး လက်တွေ့ဖြစ်လာလိမ့်မည်ဟု မည်သူ မျှတွေးထင်ထားမည်မဟုတ်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး (၁၉၄၈ ဇန်န၀ါရီ ၄)နောက်ပိုင်း ဒေးဗစ်ကင်မရွန်း၏ ယခုခရီး စဉ်မှာ ဗြိတိန်ဝန်ကြီးချုပ်တစ်ဦး၏ ပထမဆုံးခရီးစဉ်ဖြစ်သည်။ မြန်မာ နိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများက ဗြိတိန်ဝန်ကြီးချုပ်၏ သမိုင်းဝင် မြန်မာခရီးစဉ်ပေါ်ပေါက်လာရ ခြင်း၏ အကြောင်းရင်းတစ်ခုဖြစ် ကြောင်း ဒေးဗစ်ကင်မရွန်းကပြောသည်။

ဂျပန်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနိုင်ငံများသို့ ဆက်တိုက်သွားရောက်ခဲ့ပြီး ဧပြီ ၁၃ ရက် မွန်းတည့်တွင် မြန်မာနိုင်ငံရောက်ရှိလာသော ဒေးဗစ်ကင်မရွန်းက ဒေါ်အောင်ဆန်းစုကြည်နှင့်သူမ၏နေအိမ်၌ တစ်နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့သည်။ ရန်ကုန် မလာခင် စင်ကာပူမှ နေပြည်တော်သို့ အထူးလေယာဉ်ဖြင့် သွားရောက်ခဲ့ပြီး နိုင်ငံတော်သမ္မ တဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးကာ နှစ်နိုင်ငံခေါင်းဆောင်များ အထူးဂုဏ်ပြုနေ့လယ်စာကို အတူ တကွ စားသုံးခဲ့ကြသည်။ ထို တွေ့ ဆုံဆွေးနွေးမှုတွင် ဗြိတိန်ဝန်ကြီးချုပ်က ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံ၌ မြှုပ်နှံခဲ့သော Spit-fires တိုက်လေယာဉ်အစီး ၂၀ ခန့်ပြန်လည်တူးဖော်ရန် သမ္မတဦး သိန်းစိန်နှင့် သဘောတူညီခဲ့သည်။

ဒေးဗစ်ကင်မရွန်းက ဒေါ် အောင်ဆန်းစုကြည်နှင့်အတူ ယှဉ်တွဲရပ်ခွင့်ရခြင်းနှင့်ပတ်သက်၍ ဧပြီ ၁၃ ရက် ညနေ ၅ နာရီ ၂၅မိနစ် ခန့်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ အောက်ပါအတိုင်း ဖွင့်ဟပြောကြားသည်။“ကျေးဇူးတင်ပါတယ် ဒေါ် အောင်ဆန်းစုကြည်။ သည်နေရာ မှာ ခင်ဗျားနဲ့အတူ ရပ်ခွင့်ရတဲ့အတွက် အကြီးအကျယ်ဂုဏ်ယူမိပါ တယ်။ ခင်ဗျားရဲ့ အားထုတ်ရုန်းကန်မှု၊ ခင်ဗျားရဲ့ ရဲရင့်မှု၊ ခင်ဗျားရဲ့ ယုံကြည်တဲ့အရာတွေအတွက် သတ္တိရှိရှိရပ်တည်ခဲ့မှုများဟာ ဒီမို ကရေစီကို မြင်ချင်ကြတဲ့၊ လွတ်လပ်မှုကိုမြင်ချင်ကြတဲ့၊ လူ့အခွင့် အရေးကိုမြင်ချင်ကြတဲ့ ကမ္ဘာတစ် ၀န်းက လူအများကို စေ့ဆော်နိုင် ခဲ့ပါတယ်။ဒါ့အပြင် ဗြိတိန်နိုင်ငံက လူတိုင်းဟာလည်း  ခင်ဗျားရဲ့ အားထုတ် ရုန်းကန်မှုကြောင့် စိတ်ကူးစိတ် သန်းတွေ နိုးကြားလာခဲ့ရပါတယ်”မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်း
လဲမှုများကို အသိအမှတ်ပြုလို၍ ကမ္ဘာထိပ်တန်းခေါင်းဆောင်က မြန်မာနိုင်ငံ ရုတ်တရက်ရောက်ရှိ လာသည်ဆိုသော်လည်း သူ၏ ခရီးစဉ်နှင့်ပတ်သက်၍ သုံးသပ်မှု မျိုးစုံရှိသည်။

“ဥရောပသမဂ္ဂနဲ့ မြန်မာ နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုနဲ့ ပတ်သက်လို့ မဆုံးဖြတ်ခင် ဒေးဗစ်ကင်မရွန်ရဲ့ ခရီးစဉ်က ဗြိတိန်ဟာ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ ဥရောပသမဂအဖွဲ့မှာ ရှေ့မျက်နှာစာကို ထွက်လိုက်တာလို့ ထင်တယ်။ မြန်မာအရေးနဲ့ ပတ်သက်လို့ ဥရောပသမဂ္ဂအဖွဲ့ ရဲ့ ဦးဆောင်နိုင်ငံဖြစ်တယ်ဆိုတာ ပြလိုက်တဲ့ ခရီးစဉ်လို့ မြင်တယ်”ဟု မြန်မာနိုင်ငံ အကြောင်း သတင်းဆောင်းပါးများ  နှစ်ကာလရှည် ရေးသားလာသောဝါရင့်နိုင်ငံ ခြားသား သတင်းထောက်တစ်ဦးက သုံးသပ်သည်။

ဗြိတိန်တို့မှာ ၁၉ ရာစုက (၁၈၂၄ ခုနှစ်)   ပထမအကြိမ် မြန်မာနိုင်ငံအား ကျူးကျော်၍ အောက်ပိုင်းဒေသအချို့ သိမ်းပိုက်ခဲ့သောအချိန်မှ  စတင်ရေတွက် လျှင် နှစ်ပေါင်း ၁၀၀ကျော် ကိုလိုနီပြုခဲ့သော နိုင်ငံဖြစ်သော်လည်း ၂၁ ရာစုတွင် မြန်မာနိုင်ငံအတွက်ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသော လူမှုရေးဖွံ့ဖြိုးရေးလုပ်ငန်း များအတွက် အများဆုံးကူညီထောက်ပံ့သော နိုင်ငံဖြစ်နေသည်။ လာမည့်၎ နှစ်အတွင်း ဗြိတိန်က မြန်မာနိုင်ငံအတွက် စတာလင်ပေါင် ၁၈၅ သန်း ကူညီ ပံ့ပိုးရန် သဘောတူကတိ
ပြုထားသည်။ ၎င်းတို့က ပေးအပ်သော  အကူအညီများကို  မြန်မာအစိုးရသို့ တိုက်ရိုက်ကူညီပေးအပ် သည်မဟုတ်ဘဲ လူမှုရေးအဖွဲ့အ စည်းများမှတစ်ဆင့် ကူညီပေး အပ်ခြင်း ဖြစ်သည်။

ဧပြီ ၁၃ ရက်ညနေပိုင်းတွင် ဒေးဗစ်ကင်မရွန်က အီးယူနှင့် မြန်မာနိုင်ငံအတွက် အဓိကအ အရေးကိစ္စဖြစ်နေသော ပိတ်ဆို့အရေးယူမှုနှင့်ပတ်သက်၍လည်း
သူ၏အမြင်ကို အတိအလင်းထုတ်ဖော်သည်။ “မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့တာတွေကို ဆိုင်းငံ့ (ရပ်ဆိုင်း) ထားသင့်ပါတယ်။ ရပ်ဆိုင်းတာပါ။ ရုပ်သိမ်းတာ မဟုတ် ပါဘူး။ ပြီးတော့လည်း ဒီလိုရပ် ဆိုင်းတဲ့ အထဲမှာ လက်နက်ကုန်သွယ်ရေး ပိတ်ပင်တားဆီးမှုကို မထည့်သွင်းဘူးဆိုတာ သေချာပါတယ်”ဟု ပြောကြားခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်မှာလည်း ဗြိတိန်ဝန်ကြီးချုပ်နှင့် အမြင်တူညီနေသည်။ “အီးယူရဲ့ မြန်မာနိုင်ငံအပေါ်အရေးယူပိတ်ဆို့မှုကို ရပ်ဆိုင်းဖို့ စိတ်ကူးကို ကျွန်မလည်း သဘော တူပါတယ်။ ဒီလိုရပ်ဆိုင်းပေးမှုဟာ  သမ္မတနဲ့ ပြုပြင်ပြောင်းလဲ ရေးသမားတွေရဲ့  စွမ်းဆောင်မှုကြောင့် ပေါ်ထွက်လာခဲ့တာပါ။
ဒီလိုပြုပြင်ပြောင်းလဲမှုတွေကို မကြိုက်တဲ့သူတွေက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို ဆန့်ကျင်ဖို့၊ တားဆီးဖို့ ကြိုးစားရင် ပိတ်ဆို့အရေးယူမှုက ပြန်လာနိုင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိစေမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီနည်းလမ်းက ပြုပြင်ပြောင်းလဲရေးသမားတွေအတွက် ပိုပြီးအားသာချက် ရရှိစေမှာ ဖြစ်ပါတယ်”ဟု ဒေါ်အောင် ဆန်းစုကြည်ကလည်း ပြောသည်။

၎င်းတို့နှစ်ဦး သဘောတူ သည့်အတိုင်းပင် လူဇင်ဘတ်နိုင်ငံတွင် ဧပြီ ၂၃ ရက်က ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများ က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုများကို လက်နက်တင်သွင်းရောင်းချမှုပိတ်ပင်းခြင်း မှအပ  တစ်နှစ်ဆိုင်းငံ့ကြောင်း ဆုံးဖြတ်ခဲ့သည်။မြန်မာနိုင်ငံရှိ အဓိက စီးပွား ရေးအခွင့်အလမ်းများဖြစ်သော  စွမ်းအင်၊ သတ္တုတွင်း၊ ငွေကြေးဝန်ဆောင်မှု၊ ဆက်သွယ်ရေးနှင့် ခရီးသွားကဏ္ဍများတွင်    ၀င်ရောက်လုပ်ကိုင်ခွင့်ရလိုသော စီးပွားရေးလုပ်ငန်းများတွင် ဗြိတိန်
မှ လုပ်ငန်းများလည်း ပါဝင်သည်။

ထို့ကြောင့်  ဥရောပသမဂ္ဂရှိ  စီးပွားရေးလုပ်ငန်းများက    ၎င်းတို့၏ ပြိုင်ဖက်  အမေရိကန်လုပ်ငန်းရှင်များထက် လက်ဦး၍ မြန်မာနိုင်ငံ၌လာရောက်ရင်းနှီးမြုပ်နှံလုပ်ကိုင်
ခွင့်ရလိုနေကြောင်းလည်း ရိုက်တာသတင်းဌာနက ဒေးဗစ်ကင်မရွန်မြန်မာနိုင်ငံကိုလာရောက်မည့် ခရီးစဉ်အကြောင်း  ရေးသားရာတွင် ဖော်ပြခဲ့သည်။

ဝန်ကြီးချုပ်နှင့်အတူ  စီးပွားရေးလုပ်ငန်းရှင်များ ပါလာ၍ မြန်မာနိုင်ငံတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်ရန် စိတ်ဝင်စားခြင်းမှာ ခရီးစဉ်၏ ရည်ရွယ်ချက်တစ်ခု ဖြစ်နေသလားဟု ထင်ခဲ့ကြသူအချို့လည်းရှိသည်။ သို့သော် ခရီးစဉ်အတွင်း စီးပွားရေးနှင့်ပတ်သက်၍  ဆွေးနွေးမှုမရှိခဲ့ကြောင်းလည်းသတင်းရရှိသည်။
“မြန်မာနိုင်ငံဟာ သူမတူ အောင်ထူးခြားတဲ့ လူအများနဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံ။ အလွန်အင် မတန်မှ လှပတဲ့နိုင်ငံဖြစ်ပါတယ်။ သည်နိုင်ငံဟာ အခုလောက်ကြီး ဆင်းရဲနွမ်းပါးမနေသင့်ပါဘူး။ သည်နိုင်ငံဟာ အာဏာရှင်စနစ် အောက်မှာ သည်လောက်အကြာ ကြီးထိခိုက်ခံစားမနေသင့်ပါဘူး””ဟု ဒေးဗစ်ကင်မရွန်က အာရှ၏ အဖွံ့ဖြိုးဆုံးနိုင်ငံ ဖြစ်ခဲ့ဖူးသော် လည်း ယနေ့ကမ္ဘာအဆင်းရဲဆုံး နိုင်ငံများစာရင်းဝင် ဖြစ်နေသော မြန်မာနိုင်ငံနှင့်ပတ်သက်၍ မှတ် ချက်ပြုသည်။

“သည်နိုင်ငံက ကလေးသုံး ယောက်မှာ တစ်ယောက်ကအာဟာရဓာတ် ချို့တဲ့နေတာဟာ အင်မတန် စိတ်ထိခိုက်စရာ ကောင်းလှပါတယ်။ ဆင်းရဲနွမ်းပါးမှုကြီးကလည်း ကြီးမားလှပါတယ်။ နိုင်ငံရေးတိုးတက်မှုအတွက်သာ မကဘဲ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ကိုပါ ဗြိတိန်နိုင်ငံအနေ နဲ့ဆောင်ရွက်သင့်တဲ့အကြောင်းကျွန်တော် အခိုင်အမာ ပြောလို ပါတယ်”

ယနေ့   မြန်မာနိုင်ငံတွင် အလာအလားကောင်းသော ပြောင်းလဲမှုများဖြစ်ပေါ်နေပြီး၊ဗြိတိန်ကဲ့သို့ ကျန်ကမ္ဘာ့နိုင်ငံများကလည်း အသိအမှတ်ပြုတုန့်ပြန်ရန် လိုသည်။ တုန့်ပြန်ရာတွင်လည်း  သတိရှိစွာဖြင့် တုန့်ပြန်ရမည်ဖြစ် ပြီး၊ အပြောင်းအလဲများတွင် မြန်မာနိုင်ငံ နောက်ကြောင်း ပြန်မလှည့်ရန်ယုံကြည်ချင်သောကြောင့်
သံသယအမြဲရှိနေရမည်ဟု ဗြိတိန် ၀န်ကြီးချုပ်ကဆိုသည်။

သို့သော် မြန်မာအစိုးရက ကျန်ရှိနေသော ယုံကြည်ချက်အကျဉ်းသားများကို လွတ်မြောက် ပေးရန်၊ တိုင်းရင်းသားလက်နက် ကိုင်အချို့နှင့်ဖြစ်ပွားနေသော ပဋိပက္ခများကို စစ်မှန်သော နိုင်ငံရေး အရ ဖြေရှင်းရန်လည်း ၎င်းက တိုက်တွန်းသည်။ ၂၀၁၅ ရွေးကောက်ပွဲ ကို စောင့်မျှော်ကြည့်ရှုနေကြောင်း ဆက်ပြောသည်။ ဧပြီ ၁၁ ရက်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဒုတိယအကြိမ်တွေ့ဆုံခဲ့သော  ဒေါ်အောင် ဆန်းစုကြည်က ဗြိတိန်ဝန်ကြီးချုပ် ၏ မြန်မာခရီးစဉ်မှာ သင့်မြတ်လှသောအချိန်တွင် ရောက်ရှိလာခြင်းဖြစ်ကြောင်း ပြောသည်။ ဒီမိုကရေစီ အရေးအတွက်အပါအ၀င် မြန်မာနိုင်ငံအတွက်  ဗြိတိန်၏  ကူညီထောက်ပံ့မှုများအတွက် ကျေးဇူး တင်ကြောင်း ဧပြီ ၁ ရက် ကြား ဖြတ်ရွေးကောက်ပွဲတွင် မဲအပြတ် အသတ်ဖြင့် အနိုင်ရရှိခဲ့သော သူမက ဆက်ပြောသည်။

ကင်မရွန်းက သူမကို လာမည့်ဇွန်လတွင် ဗြိတိန်သို့ လာ ရောက်လည်ပတ်ရန် ဖိတ်ခေါ်သည်။ ဒေါ်အောင်ဆန်းစုကြည် မှာ ဧပြီ၁၂ရက်တွင် ပတ်စ်ပို့လျှောက်
ထားနေပြီဖြစ်ပြီး ဇွန်လတွင် ဗြိတိန် နှင့်နော်ဝေသို့ နှစ်ပေါင်း၂၄နှစ်အ တွင်း ပထမဆုံးအကြိမ် ပြည်ပခရီး သွားရောက်မည်ဖြစ်သည်။ကမ္ဘာကျော်ပုဂ္ဂိုလ်နှစ်ဦးမှာ ခြံနံပါတ် ၅၄ တွင် တစ်နာရီကျော် ကြား တွေ့ဆုံဆွေးနွေးပြီးနောက်  မိနစ် ၂၀ ကျော်ကြာ သတင်းစာ ရှင်းလင်းပွဲကျင်းပ၍ သတင်း ထောက်များ၏ မေးခွန်းများကို အတူဖြေခဲ့ကြသည်။ ထို့နောက် ကင်းမရွန်မှာ စမ်းချောင်းမြို့နယ်ရှိ စစ်သချုင်းသို့သွားရောက်ပန်းခွေ ချ အလေးပြုသည်။ ညစားကို ရန်ကုန်ရှိ ဗြိတိသျှသံအမတ်နေ အိမ်တွင် ဒေါ်အောင်ဆန်းစုကြည် ကို ဖိတ်ကျွေးသည်။ ည ၁၀ နာရီတွင် ရွှေတိဂုံစေတီတော်  သွားရောက်ဖူးမြော်ပြီးနောက် အထူး လေယာဉ်ဖြင့် ပြန်သွားသည်။

“ခင်ဗျားရဲ့ အားထုတ်ရုန်း ကန်ခဲ့ရမှု၊ ခင်ဗျားရဲ့ အံ့မခန်းတဲ့ ရဲစွမ်းသတ္တိ၊  ကမ္ဘာတစ်ဝန်းက လွတ်လပ်မှု၊ ဒီမိုကရေစီနဲ့ပိုမိုကြီး ကျယ်မြင့်မြတ်လှတဲ့ လူ့အခွင့်အ
ရေးများကို    မြင်လိုကြသူတွေ အားလုံးအတွက် ခင်ဗျားပြသခဲ့တဲ့အလင်းရောင်ကို စောင့်ကြည့်ခဲ့ရတာဟာ အင်မတန်မှ   စိတ်ကူးစိတ်သန်ကောင်းများ နိုးကြားတက်ကြလာ စေခဲ့ပါတယ်လို့ ပြောရင်းနဲ့ အဆုံး သတ်ပါစေ”ဗြိတိန်ဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ် သက်၍ နောက်ဆုံးမှတ်ချက်ပြု ပြောစကားဖြစ်၏။ တစ်ချိန်က ဗြိတိန်နိုင်ငံမှ ခေါင်းဆောင်များက လေးစားခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏သမီး    ဒေါ်အောင်ဆန်းစုကြည် ကို     ဒေးဗစ်ကင်မရွန်ကြည့်သောအကြည့်တို့၌ လေးစား၊ ချစ်ခင်မှုများ အတိုင်းသား တွေ့ရ၏။

                                                                                                                                                              အားမာန်

လယ်မြေအသိမ်းခံရသော လယ်သမား ၆၀ ခန့် မြို့ရွာအိုးအိမ်ရုံးရှေ့လာရောက်စုဝေး


7Day News Journal
ရန်ကုန်၊ ဧပြီ- ၂၆
လယ်ယာမြေသိမ်းဆည်းခံရမှုများနှင့်ပတ်သက်၍ တင်ပြတောင်းဆိုရန် လှိုင်သာယာမြိုကနယ်၊ ဆိပ်ကြီးခနောင်တိုနှင့် မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာတို့မှ လယ်သမား ၆၀ ခန့် ယနေ့နံနက်(ဧပြီ- ၂၆ ရက်) ၁၀ နာရီဝန်းကျင်ခန့်တွင် မြို့ရွာအိုးအိမ်ရုံးရှေ့တွင် စုဝေးရောက်ရှိခဲ့သည်။

အဆိုပါလယ်သမားများအား ရန်ကုန်ုတိုင်းမြို့ရွာ အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနသို့ ၀င်ရောက် ဆွေးနွေးနိုင်ရန်အတွက် ၂၀၁၀ ခုနှစ်က တစ်သီးပုဂ္ဂလအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ ဦးဝင်းချိုနှင့် ဦးနေမျိုးဝေတို့က ကြားဝင်ဆောင်ရွက်ပေးခဲ့သည်။

''ကျွန်တော်တို့ ဆန္ဒလာပြတာမဟုတ်ပါဘူး။ ဒီလယ်မြေသိမ်းခံရတဲ့ကိစ္စက ဘယ်သူ့မှာ တာဝန်ရှိမှန်းမသိလို့ ဒီကိုအရင်လာတာပါ။ အခုဒီကလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မေအေးနဲ့တွေ့ခွင့်ရတယ်။ နောက်အပတ်လောက်မှာ ဒီကိစ္စတွေဘယ်လိုဆက်လုပ်ရမယ်ဆိုတာကို ပြန်အကြောင်းကြားမယ်လို့ပြောပါတယ်" ဟု လယ်သမားများကိုယ်စား ၀င်ရောက်ကူညီမေးမြန်းခဲ့သူ ဦးဝင်းချိုက 7Day News သို့ပြောသည်။

လယ်သမားများသည် အဆိုပါ ရုံးအနီးတွင် နံနက် ၈ နာရီခွဲခန့်က စတင်ရောက်ရှိလာပြီး အဓိကအားဖြင့် ၄င်းတို့က ဦးဝင်းချိုနှင့် ကိုနေမျိုးဝေတို့ထံ ဆက်သွယ်လာရောက်ခြင်းဖြစ်သည်ဟု ဆိုသည်။ နေ့လည် ၁၁ နာရီခွဲခန့်တွင် စုဝေးမှုပြီးစီးခဲ့သည်။

လမ်းမြေသိမ်းဆည်းခံလယ်သမားများသည် နာမည်ရ စီးပွားရေး လုပ်ငန်းရှင်ကြီးများ၏ စီမံကိန်းမြေများနှင့် စက်မှုဇုန်မြေများ ဖော်ထုတ်ရာတွင် ၄င်းတို့၏မြေများပါဝင် အသိမ်းခံနေခြင်းဖြစ်ကြောင်း လယ်သမားများထံမှ သတင်းရရှိသည်။


အိမ်ထောင်ဦးစီးလယ်သမား ၅၀ ရာခိုင်နှုန်းကျော် စာရေး၊ စာဖတ်နိုင်ရုံအဆင့်သာရှိ

ရန်ကုန်၊ ဧပြီ - ၂၁
လယ်သမားမိသားစုများ၏ အိမ်ထောင်ဦးစီးများတွင် ၅၀ ဒသမ ၉ ရာခိုင်နှုန်းကျော်မှာ စာရေးနိုင်၊ ဖတ်နိုင်အဆင့်တွင်သာရှိကြောင်း မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းမှ ကောက်ယူထားသည့် သုတေသနစာတမ်းတစ်ခုကဆိုသည်။ မြန်မာနိုင်ငံဆန်စပါးလုပ် ငန်းအသင်းက ဆန်စပါး အဓိက စိုက်ပျိုးသောဒေသများဖြစ်သည့် ဧရာဝတီ၊ ပဲခူး(အရှေ့၊ အနောက်)၊ စစ်ကိုင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ရှိ မြို့ နယ် ၄၆ ခုမှ တောင်သူလယ်သမား ၃၄၇၉ ဦးထံမှ စစ်တမ်းကောက် ယူခဲ့ခြင်းဖြစ်သည်။ ယင်းတို့ထဲတွင် စာရေးတတ်၊ ဖတ်တတ်သူဦးရေမှာ ၁၇၆၈ ဦး ရှိသည်။ မူလတန်းနှင့် အလယ်တန်းဦးရေမှာ ၁၄၄၉ ဦးရှိပြီး ၄၀ ရာခိုင်နှုန်း၊ ပညာမတတ်သူ ဦးရေ မှာ ၃၇ ဦးနှင့် ၁ ဒသမ ၁ ရာခိုင်နှုန်းရှိသည်။ “လယ်သမားတွေ တိုးတက်မှုနည်းတာ ပညာတတ်မှုနည်းလို့ပဲ။ ငွေကြေးအထောက်အပံ့ရရင် တောင် အလောင်းအစား၊ ဆိုင်ကယ်ဝယ်စီးတာနဲ့ လယ်ထဲရောက် တဲ့ပမာဏတစ်ဝက်လောက်ပဲ”ဟု စိုက်ပျိုးရေးပညာရှင် ဒေါက်တာထွန်းဝင်းကဆိုသည်။ထိုကဲ့သို့ ပညာအခြေခံမရှိ သဖြင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် နည်းပညာများဖြန့်ဝေရာ၌လည်း အခက်အခဲများရှိသည်။ ပညာရေးအခြေခံအားနည်းမှုကြောင့် လက်ရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် ကြုံတွေ့နေရသည့် ရာသီဥတုဖောက်ပြန်မှုများ၊ ပိုးမွှား အန္တရာယ်များကို ခုခံထိန်းချုပ်ရာ တွင် ဆုံးရှုံးမှုများနှင့်ကြုံတွေ့နေရသည်ဟု စစ်တမ်းကဆိုသည်။ “ဒီနှစ်ဆို ငမြှောင်တောင်ကျတာ၊ ပြည်တွင်းက ပိုးသတ်ဆေးနဲ့ မရဘူး။ ထိုင်းက ဆေးတွေဝယ်သုံးမှ အဆင်ပြေတယ်။ ဒီဆေးက ဘယ် လောက်ထိ ပြင်းလဲဆိုရင် ဖျန်းတဲ့လူပါ မူးမေ့ပြီးပစ်လဲတာ တွေရှိတယ်”ဟု ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်းမှ ပဲစိုက်ပျိုးသည့် လယ်သမား တစ်ဦးကဆိုသည်။ ထို့အပြင် လယ်သမားများ အခြေခံပညာရေးအားနည်းမှုကြောင့်ကန်ထရိုက်လယ်ယာစနစ်များကို အကောင်အထည်ဖော်ရန်၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရန်အတွက် စည်းရုံးရာတွင် အခက်အခဲများရှိကြောင်း ကဉ္စနကျွန်းသာအထူးပြုကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ အဆိုပါစစ်တမ်းတွင် ကျန်ရှိနေသော လယ်သမားမိသားစုအိမ်ထောင်ဦးစီးများ၌ ၄၀ရာခိုင်နှုန်းကျော်မှာ မူလတန်းနှင့် အလယ်တန်းအထိ ပညာသင်ကြားခဲ့ကြောင်းတွေ့ရသည်။ ဘွဲ့ရသည်အထိ ပညာပြီးစီးအောင် သင်ကြားခဲ့သူမှာ ၄ရာခိုင်နှုန်းသာရှိသည်။ စစ်တမ်းကောက်ယူရာတွင် တိုင်းဒေသကြီးအလိုက် သက်ဆိုင်ရာမြို့နယ်များရှိ ကျေးရွာအုပ်စုများ၊ ကျေးရွာများမှ ကန်ထရိုက် လယ်ယာ လုပ်ကိုင်သူ တောင်သူ ၁၂၈၆ ဦးနှင့် ကိုယ်ပိုင်သီးသန့် စိုက်ပျိုးလုပ်ကိုင်သူတောင်သူ ၂၁၈၆ ဦးတို့ကို တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်သည်။

တောင်သူမိသားစုများ ကျန်းမာရေးအသုံးစရိတ် ၀န်ပိနေ
ရန်ကုန်၊ ဧပြီ - ၁၉
တောင်သူမိသားစုများ၏ ၃၉ ရာခိုင်နှုန်းသည် ကျန်းမာရေးအသုံး စရိတ်အတွက် ၀န်ထုပ်ဝန်ပိုးဖြစ်နေရကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းမှပြုလုပ်သည့် သုတေသန စာတမ်းတစ်ရပ်တွင် ဖော်ပြထားသည်။ ထိုစာတမ်းတွင် လယ်သမား မိသားစု၏ ၅၂ ရာခိုင်နှုန်းသည် အစိုးရဆေးရုံ၊ ဆေးခန်းနှင့် ကျေး လက်ကျန်းမာရေးစောင့်ရှောက်မှုအား လက်လှမ်းမီပြီး အခြား ၃၈ ရာခိုင်နှုန်းကျော်သည် ပုဂလိ ကဆေးခန်းများတွင် သွားရောက် ကုသနေကာကျန်ရှိသော ၁၀ ရာ ခိုင်နှုန်းခန့် တောင်သူများမှာမူ ခေတ်မီဆေးကုသနည်းစနစ်များ နှင့်အလှမ်းဝေးလျက်ရှိပြီး ကျန်းမာရေးအတွက် တိုင်းရင်းဆေးနှင့်သာ ဖြေရှင်းနေရကြောင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် အသုံးပြုသည့် ကျန်းမာရေးအသုံးစရိတ်သည် ဂျီဒီပီ၏ ၅ ရာခိုင်နှုန်းအောက် လျော့နည်းနေသည့်အတွက် ကျန်းမာရေးအတွက် ကုန်ကျစရိတ်အား ပြည်သူများ၏အိတ်ထဲမှ အဓိကသုံးစွဲနေရပြီး ထိုသို့သုံးစွဲရာတွင် စုစုပေါင်း အသုံး စရိတ်အားလုံး၏ ၁၀ ရာခိုင်နှုန်းကျော်သုံးစွဲပါက ကျန်းမာရေးနှင့် ပတ်သက်သည့် ၀န်ထုပ်ဝန်ပိုးဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ တောင်သူလယ်သမား ၃၄၀၀ ကျော်ကို မေးမြန်းစစ်တမ်းကောက် ခဲ့သောသုတေသနတွင် ကျန်ရှိသော တောင်သူ ၆၁ရာ ခိုင်နှုန်းမှာကျန်းမာရေးကုန်ကျစရိတ်အား လွယ်ကူချောမွေ့စွာ ဖြေရှင်းနိုင်ကြောင်း ဖော်ပြထားသည်။၂၀၀၈-၂၀၀၉ ခုနှစ်တွင်မြန်မာနိုင်ငံ၌ ကျန်းမာရေးအသုံးစရိတ်အဖြစ် အသုံးပြုခဲ့သည့်ငွေ ကြေးသည် လူဦးရေ ၅ ဒသမ ၃၇၇ သန်းအတွက်တစ်ဦးလျှင် တစ်နှစ်နှစ်ဒေါ်လာသာ အကျိုးသက်ရောက်မှုရှိခဲ့ကြောင်း မီဒီယာ အချို့တွင် ဖော်ပြခဲ့သည်။ အစိုးရသစ်တာဝန်ထမ်းဆောင်ခဲ့သည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေး အသုံးစရိတ် မြင့်တက်ခဲ့ပြီး ယခု ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ကျန်းမာ ရေးအသုံးစရိတ်အား ယခင်နှစ် ထက်ပိုမိုသုံးစွဲမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

Nay Wai
ထိုဌာနမှ ပြန်လာပြီး မေးမြန်းလိုသော သတင်းသမားများကို မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်မောင်အေးထံသို့ခေါ်လာပြီး ဦးနေမျိုးဝေနှင့် ဦးဝင်းချိုတို့မှ မေးမြန်းသည် များကို ပြန်လည်ဖြေကြားပေးခဲ့ကြသည်။ ထိုအင်တာဗျူးတွင် ဦးနေမျိုးဝေက နေမျိုးဝေ မြေမျိုနေပြီ။ မြေကြီးထဲ စွဲထုတ်ပေးကြပါ။ တခြားပညာရေး ကိစ္စတွေ ပြောဖို့ရှိပါသေးတယ်လို့ထည့်သွင်းပြောဆိုထားပါတယ်။ ဦးဝင်းချိုကတော့ ကိုယ့်လယ်ကိုယ်သီးစားပြန်ယူလုပ်နေရတဲ့ လယ်သမားတွေရဲ့ ဘ၀ကို ထင်ဟပ်ပြောဆိုသွား ပါတယ်။ မယက ကိုဝင်ပေးတော့လည်း သူ့မှာတာဝန်မရှပါဘူးတဲ့။ အိုးအိမ်မှာ တာဝန်ရှိပါတယ်ဆိုတဲ့အကြောင်း လှိုင်သာယာမယကမှ ပြောဆိုကြောင်း ထည့်သွင်းပြောဆိုပါတယ်။

Nay Wai
မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဌာနမှ တာဝန်ရှိသူက ရုံးအရှေ့တွင် ထွက်တွေ့ပြီး သက်ဆိုင်ရာလယ်သမားများ ၏ အကူအညီတောင်းခံမှုအရ တာဝန်ရှိလူကြီးမင်းများထံ လာရောက်တွေ့ဆုံခြင်း ဖြစ်ကြောင်း ဦးဝင်းချိုမှ ပြောသောအခါ တာဝန်ရှိသူမှ စာရွက်စာတန်းတွေ ပေးခဲ့ပါ တာဝန်ရှိသူကို ဆက်လက်တင်ပြပေးပါမည်ဟု ဆိုသည်။ ဦးဝင်းချိုမှ `စာနဲ့ပဲ ကျွန်တော်တို့တင်ရမှာလား။ ကျွန်တော်တို့ ကနေ့ အစီအစဉ်ကတော့ တာဝန်ရှိသူနဲ့ တိုက်ရိုက်တွေ့ပြီးတော့ အကျိုးအကြောင်းသိချင်ပါတယ်။ အဲသလိုမဟုတ်ဘဲနဲ့ စာနဲ့မှဆိုရင် တော့ ကျွန်တော်တို့စာကို ပြည့်ပြည့်စုံစုံအချောပြန်ရေးပါမယ့် ပထမအကြိမ် ၊ ဒုတိယအကြိမ် ၊ တတိယအကြိမ်၊ စတုတ္ထအကြိမ် စာရေးပါမယ်။ စာရေးပြီးရင် အဲဒီစာကို ဘယ်လိုအကြောင်းပြန်မယ်ဆိုတာလေးကို ကျွန်တော်တို့ ကိုပြန်ပြောဖို့ လိုပါလိမ့်မယ်။ အခုဖြစ်နေတဲ့ ပြဿနာတွေ အများစုဟာ တင်သမျှစာတွေ အကုန်လုံးကို ဘယ်သူကမှ ဘယ်သူကမှ အရေးယူပြီးမပြန်လို့ ဒီအခြေအနေထိရောက်လာခဲ့တာလည်း အားလုံးအသိပါ။ အကယ်၍များပြည်သူတွေရဲ့ ခံစားနေရမှုကိုသာ နားလည် ပြီး အရေးတယူပြန်ကြားပေးခဲ့ရင် ဒီလူတွေဟာ ဒီအထိ ရောက်လာစရာမရှိပါဘူး။ စာတင်ရမယ်ဆိုရင် နောက်ရက်ထက်လာခဲ့ပါမယ်။ တိုက်ရိုက်ကိုယ်တိုင်တွေ့ ပြီးတော့ ပြောရမယ်ဆိုရင် လိုအပ်တဲ့အထောက်အထား အပြည့်အစုံရှိပါတယ်။ ´လို့ပြောဆိုတဲ့အခါမှာ တာဝန်ရှိ အမျိုးသမီးက အရင်တုန်းက တင်ခဲ့တဲ့စာရော ၊ အခုတင်မယ့်စာရော ကျွန်မလက်ထဲ ထည့်ပေးပါ။ လို့ပြောဆို ပါတယ်။

ဘန်ကီမွန်းအမေစုနဲ့ တွေ့ မှာလား


Messenger News Journal
ကုလသမ္မဂအထွေထွေအတွင်းရေးမှုးမြန်မာ နိုင်ငံသို့ ဧပြီလ (၂၉) ရက်နေ့မှ မေလ (1) ရက်နေ့အထိ လာရောက်မည်ဖြစ် နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဌများ နှင့် နေပြည်တော်တွင်တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။ ကုလသမ္မဂအထွေထွေအတွင်းရေးမှုးသည်မြန်မာ နိုင်ငံသိုရောက်ရှိနေစဉ်အတွင်း ရန်ကုန်မြို့ရှိ ဦးသန့် ဂူဘိမာန် သို့ သွားရောက် ဂါရ၀ပြု မည်ဖြစ်ကြောင်းနေပြည်တော်ရှိ လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။


Eleven Media Group
ဧပြီလ ၃၀ ရက် (တင်္နလာနေ့) တွင် ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် တတိယပုံမှန် အစည်းအဝေး၌ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က မိန့်ခွန်းပြောကြားရန် စီစဉ်ထားသည်ဟု သိရပါသည်။

NLD ပါတီလွှတ်တော်တက်ရောက်မည့် ကိစ္စ မကြာခင် ပြေလည်နိုင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


by Yangon Press International on Thursday, April 26, 2012 at 6:17am · ဧပြီ ၂၆ ရက်၊၂၀၁၂ ခုနှစ်-ပိုင်ပိုင်-(YPI)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ အနိုင်ရ ကိုယ်စားလှယ်များ လွှတ်တော်မတက်ရောက်သေးသည့် ပြဿနာကို ချောမွေ့စွာ ကျော်လွှားနိုင်မည်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့နံနက် သူမ၏ နေအိမ်တွင် အီတလီနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံပြီးနောက် သတင်းထောက်များအား ပြောဆိုလိုက်သည်။

“လွှတ်တော် အခုလက်ရှိဖြစ်နေတဲ့ လွှတ်တော်မတက်တဲ့ ပြဿနာကို မကြာမီအချိန်အတွင်းမှာ အခက်အခဲကြီးကြီးမားမားမရှိပဲ ချောချောမွေ့မွေ့နဲ့ ကျော်လွန်သွားမှာပါ။ တိုင်းပြည်အတွက် လုပ်ဆောင်ရာမှာ ကျမတို့ဟာ အရင် နှစ် ၂၀ ကျော်ကာလက လုပ်ဆောင်ခဲ့သလို လွှတ်တော်ပြင်ပကနေ လုပ်ဆောင်မှာမဟုတ်ပါဘူး”ဟုလည်း  ၎င်းကပြောသည်။



သူမအနေဖြင့် ယင်းကိစ္စအား နိုင်ငံရေးပြဿနာတစ်ရပ်အဖြစ် အကျယ်မချဲ့လိုကြောင်း၊  NLD ပါတီအနေဖြင့် သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အားထုတ်မှုများကို ကျေနပ်အားရသကဲ့သို့ တိုင်းပြည်၏ ဒီမိုကရေစီလုပ်ငန်းစဉ်တွင် သမ္မတနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သည် ဧပြီလ ၁ ရက်နေ့ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၃ နေရာအနိုင်ရရှိခဲ့သော်လည်း လွှတ်တော် မတက်ရောက်ခင် ကိုယ်စားလှယ်များ ကျမ်းသစ္စာ ကျိန်ဆိုရာတွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဟူသည့် စာသားအစား လေးစားလိုက်နာပါမည်ဆိုသည့် စာသားဖြင့် ပြင်ဆင်ပေးရန် တောင်းဆိုထားကာ ယခုလ ၂၃ ရက်နေ့တွင် ပြန်လည်စတင်သည့်  လွှတ်တော် အစည်းအဝေးသို့ မတက်ရောက်သေးပေ။

ယနေ့နံနက် (၉)နာရီမှ စတင်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံသို့ ခေတ္တရောက်ရှိနေသည့် အီတလီသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး H.E. Mr.Giuliomaria TERZI DI SANT’AGATA  တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌ တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ အနာဂတ်အတွက် ဆွေးနွေးခဲ့ကြကြောင်း သူမက ပြောသည်။       ။

ကျမ်းကျိန်စာသား ပြင်ဆင်မည့်အဆို တင်ဖို့ ကြံ့ခိုင်ရေးပါတီအား ဒီမိုပါတီကိုယ်စားလှယ်များက မေတ္တာရပ်ခံ


by Yangon Press International on Thursday, April 26, 2012 at 1:21pm ·g>ဧပြီ ၂၆ ရက်၊ ၂၀၁၂ ခုနှစ်-ဟံသာ (YPI)

ကျမ်းသစ္စာ ကျိန်ဆိုသည့် စာသား ပြင်ဆင်ရန် အဆို တင်သွင်းပေးရန်အတွက်  ပြည်ခိုင်ဖြိုးပါတီကို လွှတ်တော်တွင်း တိုင်းရင်းသား ပါတီများနှင့် ဒီမိုကရေစီ အင်အား စုပါတီများက မေတ္တာ ရပ်ခံစာ ပို့ခဲ့ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောသည်။

“အဆိုကို ကျွန်တော်တို့တင်လို့ ရပါတယ် ၊ဒါပေမဲ့ ကျွန်တော်တို့ တင်တဲ့ အဆိုကို ပြည်ခိုင်ဖြိုးက မထောက်ခံ ဘူးဆိုရင် ကျွန်တော်တို့ ရှုံးမှာပဲလေ ၊အဲဒီအခါကျတော့ နှစ်ဖက်စလုံးပိုပြီးတင်မာသွားမယ် ၊ဒါကြောင့် ပြည်ခိုင်ဖြိုးပါတီကပဲသဘောထားကြီးစွာ နဲ့စာသားပြင်တဲ့အဆိုတင်သွင်းဖို့ ၀ိုင်းပြီးမေတ္တာရပ်ခံကြတာပါ”ဟု ၎င်းကဆိုသည်။

အဆိုပါမေတ္တာ ရပ်ခံစာကို ယခုလ ၂၅ ရက်နေ့တွင် ပေးပို့ခြင်း ဖြစ်ပြီး အမျိုးသားဒီမိုကရေစီပါတီသစ်နှင့် ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးပါတီမှလွဲ၍ လွှတ်တော်ရှိ တိုင်းရင်းသားပါတီများ၊ဒီမိုကရေစီအင်အားစု ပါတီများ ပြည်ခိုင်ဖြိုးပါတီကို ဧပြီလ ၃၀ ရက်နေ့တွင်အဆိုတင်ရန် အားလုံး ၀ိုင်းဝန်းမေတ္တာ ရပ်ခံကြခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီ ပါတီသစ် နှင့် ဆွေးနွေးခွင့်မရရှိခဲ့ခြင်းကြောင့် အဆိုပါပါတီ မပါဝင်ခဲ့ရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။


ကြားဖြတ်ရွေးကောက်ပွဲတွင် အမတ်နေရာ အများအပြားအနိုင်ရရှိခဲ့သော်လည်း လွှတ်တော်စတင်တက်သည့်အခါ ကျမ်းသစ္စာ ကျိန်ဆိုကြိမ်ရာတွင် ရွတ်ဆိုသည့် “ဖွဲ့စည်း ပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ပါမည်” ဆိုသည့် စကား ရပ်အစား “လေးစားလိုက်နာပါမည်” ဟူသည့်စကားရပ်ဖြင့် အစားထိုးရန် တောင်းဆိုခဲ့ရာ အဆင်မပြေသေးသည့်အတွက်NLD ပါတီကိုယ်စားလှယ်များသည် ယခုအချိန်ထိ လွှတ်တော်တက်ရောက် ခဲ့ကြခြင်းမရှိသေပေ။

၂၀၀၈ ဖွဲ့စည်းအခြေခံဥပဒေအရ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်ဆင်သည့်အခါ ပြည်ထောင်စုလွှတ်တော်အ မတ် ၂၀ ရာခိုင်နှုန်းက အဆိုတင်သွင်းပြီးး ၇၅ ရာခိုင်နှုန်းထောက်ခံမှသာလျှင် ပြင်ဆင်ခွင့်ရှိကြောင်း ဖော်ပြထားသည်။

ကြံ့ခိုင်ရေး ပါတီဘက်မှ လုပ်ဆောင်မည် မလုပ်ဆောင်မည်ကိုမူ ဒေါက်တာအေးမောင်က “အချိန်ကလည်းမရှိတော့ဘူးလေ ၊လာမည့် ၃၀ ရက်နေ့မှာ ဘန်ကီမွန်း ပြောမဲ့ မိန့်ခွန်းထဲမှာလည်း ဒီစာသားပြင်တဲ့ အကြောင်းအရာမပါဘူး၊ အဲဒီတော့ စာသားပြင်တဲ့ကိစ္စ အဆိုတင်ဖို့ မတင်ဖို့ကတော့ ပြည်ခိုင်ဖြိုးပါတီက တာဝန်ရှိတဲ့ သူတွေ ဘယ်လိုတွေးမလဲ ဆိုတဲ့အပေါ်မှာမူတည်ပါတယ်”ဟု ပြောသည်။

NLD လွှတ်တော်ဝင်နိုင်ရေးအတက် အားလုံးက ကြိုးစားပမ်းးစားနှင့်တည်ဆောက်ထားသည့်အတွက် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားပြီး အားလုံးရဲ့အနာဂတ်အတွက်ပြင်ဆင်သင့်ရင်လည်း အားလုံးပြင်ပေးစေလိုကြောင်း မေတ္တာ ရပ်ခံလိုက်ခြင်း ဖြစ်သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)လွှတ်တော်ကိုယ်စားလှယ်အားလုံး လွှတ်တော်ထဲ ၀င်လာရန်အတွက် မေတ္တာရပ်ခံစာကိုလည်း ဒီမိုကရေစီအင်အားစုပါတီများနှင့်တိုင်းရင်းသားပါတီများကလက်မှတ်ရေးထိုးပြီး ဒေါ်အောင်ဆန်းစုကြည်ထံ ယနေ့ပေးပို့လိုက်သည်ဟု သိရှိရသည်။          ။

ဆိုင်ကယ်စီးကျွမ်းကျင်သော ဆိုင်ကယ်နှင့် အပိုပစ္စည်းခိုးသူကို မန်းလူထုကဆိုင်ကယ်များဖြင့် ပိတ်ဆို့ဖမ်းဆီး


by Yangon Press International on Thursday, April 26, 2012 at 8:40am · ဧပြီ ၂၆၊ ၂၀၁၂ (YPI) - ကျော်သူရမျိုး

မန္တလေးမြို့တွင် အင်တာနက်ဆိုင်များကို အဓိကပစ်မှတ်ထား၍ ဆိုင်ကယ်နှင့်အပိုပစ္စည်းများ၊ ဆိုင်ကယ်စီးဦးထုပ်များကို ဂိုဏ်းဖွဲ့ခိုးယူသူများအနက်မှ တစ်ဦးဟုယူဆရသူကို ယနေ့ နေ့လည် ၁ နာရီခန့်က မြို့ခံများက၀ိုင်းဝန်းဖမ်းဆီးခဲ့သည်။

၆၉ လမ်းနှင့် ၃၂ လမ်း ထောင့်ရှိ  24 Hour အင်တာနက်ဆိုင်ရှေ့တွင်ရပ်နားထားသည့် ဆိုင်ကယ်တစ်စီးမှ ဦးထုပ်ခိုးယူနေသည်ကို ဆိုင်ပိုင်ရှင်က CCTV မှတွေ့ရှိပြီး ဆိုင်ပြင်ထွက်ဖမ်းဆီးရန်ကြိုးပမ်းစဉ် ခိုးယူသူမှာ ဆိုင်ကယ်ကို တရကြမ်းမောင်းနှင်ထွက်ပြေးသွားခဲ့သည်။

“သူခိုးက ဆိုင်ရှေ့ရောက်လာပြီး (သူ့)ဆိုင်ကယ်စက်နှိုးထားလျက်နဲ့ ဆင်းပြီးတော့ မယောင်မလည်နဲ့ ဦးထုပ်ချိတ်ထားတဲ့ ဆိုင်ကယ်နားကပ်သွားပြီးတော့ ဆိုင်ကယ်ဦးထုပ်ကိုယူပြီး ဆိုင်ကယ်ကိုမောင်းပြီးထွက်ပြေး သွားတယ်”ဟု အင်တာနက်ဆိုင်ပိုင်ရှင် ဦးမြတ်မင်းကပြောသည်။

ဆိုင်ပိုင်ရှင်က ဘေးပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီတောင်းသောကြောင့် အနီးအနားရှိလူများက ဆိုင်ကယ်များ၊ ကားများဖြင့် လိုက်လံဖမ်းဆီးရာ ခိုးယူသွားသူမှာ အတော်ကြာသည်အထိ မန္တလေးမြို့တွင်းလမ်းများတွင် နိုင်ငံခြားရုပ်ရှင်ဆန်ဆန် ရှောင်တိမ်းမောင်းနှင်နိုင်ခဲ့သော်လည်း မန္တလေးဆေးတက္ကသိုနှင့် လမ်း ၃၀ ထောင့်အရောက်တွင် ဆိုင်ကယ်အစီး ၂၀ ခန့်ဖြင့် ၀ိုင်းဝန်းပိတ်ဆို့ဖမ်းမိခဲ့သည်။

“သူခိုးက မန္တလေးမြို့လမ်းတွေကို ကျွမ်းကျွမ်းကျင်ကျင်ရှိပုံရတယ်။ တာဝန်သိပြည်သူတွေက ၀ိုင်းပြီးပိတ်ဖမ်း လို့သာမိတာ။ နို့မို့ရင်မိဖို့မလွယ်ဘူး” ဟု လိုက်လံဖမ်းဆီးပေးသည့် မြို့ခံတစ်ဦးကပြောသည်။

ရဲတပ်ဖွဲ့နယ်ထိန်းများက ခိုးသူအား ဖမ်းဆီးခေါ်ဆောင်သွားစဉ်

ဖမ်းဆီးရမိချိန်တွင် ၎င်း၏ဆိုင်ကယ်ပေါ်တွင် အခြားမှခိုးယူခဲ့သည်ဟု ယူဆရသော အကောင်းစား အဖြူရောင်ဆင်တူ ဆိုင်ကယ်ဦးထုပ်နှစ်လုံးကိုတွေ့ရှိခဲ့သည်။

“ဖမ်းမိတဲ့ သူခိုးစီးလာတဲ့ဆိုင်ကယ်က ပုံဖျက်ထားတာ။ ဆိုင်ကယ်နံပါတ်တွေကိုမှားအောင် အက္ခရာတွေကို တိတ်နဲ့ဖုံးထားတယ်။အဲဒီတော့ ခိုးတဲ့လူရဲ့ ဆိုင်ကယ်ကို နံပါတ်မှတ်မိရင်တောင် ဖမ်းမိဖို့မလွယ်ဘူး။ ပြီးတော့ အခြားနံပါတ်တွေကိုပါ ဖုံးဖို့ တိတ်ကအဆင်သင့် ပါလာတယ်” ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှ စခန်းမှူးတစ်ဦးကပြောသည်။

ခိုးယူသူအများစုမှာ ခိုးယူရန်လွယ်ကူလျှင် ဆိုင်ကယ်များခိုးယူပြီး မလွယ်ကူပါက ဆိုင်ကယ်အပိုပစ္စည်းနှင့် ဦးထုပ်များခိုးယူလေ့ရှိကြောင်း ၎င်းစခန်းမှူးက ရှင်းပြသည်။ ယခုခိုးယူစီးနင်းလာသောဆိုင်ကယ်ကိုလည်း ၎င်းဆိုင်ကယ်ဟုတ်မဟုတ် က.ည.န တွင် စစ်ဆေးသွားမည်ဟုဆိုသည်။

မန္တလေးရှိဆိုင်ကယ်နှင့် အပိုပစ္စည်းများကို ခိုးယူသူများသည် လုံခြုံရေးကင်မရာအားနည်းသည့် အင်တာနက် ဆိုင်များ၊ ဂိမ်းဆိုင်များကို အဓိကပစ်မှတ်ထား၍ ခိုးယူလျှက်ရှိကြောင်းနှင့် ဆိုင်ကယ်နှင့်အပိုပစ္စည်းများပျောက်ဆုံးမှု အများစုသည်  အင်တာနက်ဆိုင်ရှေ့များတွင် ရပ်နားထားရာမှ ပျောက်ဆုံးခြင်းဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိများကပြောသည်။

ယခုလအတွင်း မန္တလေးမြို့ပေါ်ရှိ အင်တာနက်ဆိုင်များရှေ့တွင်ရပ်ထားသော ဆိုက်ကယ်ပျောက်မှု ငါးမှုခန့်တိုင်တန်းထားသော်လည်း ဆိုက်ကယ်အပိုပစ္စည်းနှင့် ဦးထုပ်များမှာ ကျပ်သောင်းဂဏန်းသာရှိသောကြောင့် အများစုကအမှုမဖွင့်ကြပေ။ ထို့ကြောင့် ခိုးယူသူများမှာ ပိုမိုအတင့်ရဲလာပြီး အုပ်စုဖွဲ့ကာ ရဲရဲတင်းတင်းခိုးယူလာခြင်းဖြစ်ကြောင်း ရဲအရာရှိများက မှတ်ချက်ပြုသည်။
 ယခုဖြစ်စဉ်မတိုင်မီလေးရက်ကလည်း ယခုအခင်းဖြစ်ပွားရာ အင်တာနက်ဆိုင်ရှေ့တွင် ရပ်နားထားသော ဆိုင်ကလုန်း အမျိုးအစား ဆိုင်ကယ်တစ်စီးပျောက်ဆုံးခဲ့ခြင်းကြောင့် ဆိုင်ပိုင်ရှင်များအနေဖြင့် ပိုမိုအားကောင်းသော လုံခြုံရေးကင်မရာ CCTV ကို တပ်ဆင်၍ ခိုးယူသူအား ဖမ်းဆီးရန်စောင့်ဆိုင်းချိန်တွင် ယခုဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

ဖမ်းဆီးရရှိသော ခိုးသူ၏ အပေါင်းအပါ လုပ်ဖော်ကိုင်ဖက်စသည့် အခြားဆိုင်ကယ်ခိုးမှုများနှင့် ဆက်စပ်သော ကွင်းဆက်များကို ဖော်ထုတ်နိုင်ရန်အတွက် မန္တလေးခရိုင် အမှတ်(၃)ရဲစခန်းတွင် စစ်ဆေးလျှက်ရှိသည်။

ယခင်နှစ်အတွင်း အင်တာနက်ဆိုင်များနှင့် ဂိမ်းဆိုင်များတွင် ဆိုင်ကယ်ပျောက်ရှမှု များပြားခဲ့ခြင်းကြောင့် ယခုနှစ်ဆန်းပိုင်း မှုခင်းကျဆင်းရေးပညာပေးကာလအတွင်း မန္တလေးခရိုင်အတွင်းရှိ မြို့နယ်ရဲတပ်ဖွဲ့အသီးသီးကအဆိုပါဆိုင်များကို အဓိကထား၍ ပညာပေး လက်ကမ်းစာစောင်ဝေငှခဲ့သည်ဟုဆိုသည်။           ။

ဓါတ်ရောင်ခြည်စက် နဲ့ သမ္မတကြီးဦးသိန်းစိန်




သမ္မတကြီးဦးသိန်းစိန် သို့ ပေးစာ …..

by Burma VJ Media Network on Thursday, April 26, 2012 at 2:07am ·


                 


သမ္မတကြီးရှင် ---

ကျွန်မအဖေမှာ ယခုလည်ချောင်း အသံကြောတွင် ကင်ဆာဖြစ်နေသည်ဟု သိရပါသည်။ ဓါတ်ကင်ရမည်ဟု ဆရာဝန်ကြီးမှ ပြောသောအခါတွင် တောင်ကြီးဆေးရုံသို့ လွှဲစာရေးပေးပါသည်။အဘယ်ကြောင့်ဆိုသော် ရန်ကုန်တွင် ဓါတ်ကင်ရန် (၅)လခန့် ၊ မန္တလေးတွင် (၂)လခန့် ၊ တောင်ကြီးတွင် အစောဆုံး ဖြစ်နိုင်ကြောင်းနှင့် (၁)လခန့်လောက်သာ စောင့်ရမည်ဟု ပြောပါတယ်။

တာဝန်ကျ ဆရာဝန်ကြီးများအားလုံး လူနာများကို သေချာကုသ လုပ်ကိုင်ပေးကြပါတယ်။ ကျွန်မအနေနဲ့ စိတ်မကောင်းဖြစ်မိတာ ဒီဓါတ်ရောင်ခြည်စက် နည်းပါးတာကိုပါ။

မြန်မာနိုင်ငံက ဓါတ်ရောင်ခြည်ဌာနတွင်လည်း လူနာများစွာ တွေ့ရပါသည်။ ဘာလို့ ဓါတ်ရောင်ခြည်စက်က (၃)နေရာမှာပဲ ရှိရတာပါလဲ …? ။

တောင်ကြီးမှာ ကုသလျှင် မြန်ဆန်နိုင်သည် ဆိုတော့လည်း မိသားစုလိုက် လိုက်ပါကူညီ အားပေးနိုင်ရန် ခက်ခဲပါသည်။ ရန်ကုန်မှာဆိုရင်လျှင် ဆွေမျိုးများ အားလုံးကလည်း အားပေးနှစ်သိမ့်နိုင်တယ်၊ အားလုံးကလည်း ၀ိုင်းဝန်းကူညီနိုင်တယ်၊ ဖုန်းလေးတချက်ဆက်ယုံနဲ့တင် ၁နာရီအတွင်း ရောက်လာနိုင်ပါသည်။ တောင်ကြီးတွင် သွားရောက်ကုသရမယ် ဆိုရင် လူနာစောင့် ၂ယောက်အပြင် အပိုလူများ ကူညီနိုင်မည်မဟုတ်ပါ ။ထိုကြောင့် လူနာတွင်လည်း စိတ်ဓါတ်ကျဆင်းမှုနှင့် ကင်ဆာဆေးဒဏ်များကြောင့် အသက်ဆုံးရှုံးနိုင်ပါသည်။

ဓါတ်မကင်ခင် သွင်းရသောကင်ဆာဆေးမှာလည်း အလွန်ပြင်းထန်သောကြောင့် ဓါတ်ကင်ရန် စောင့်စားနေချိန် ကာလတွင် ကင်ဆာဆေးဒဏ်မခံနိုင်သော ၊ရောဂါကျွမ်းနေသော လူနာများအတွက် ရင်လေးမိပါသည် ။

နိုင်ငံခြားမှာ ခွဲစိတ်ကုသဖို့ဆိုတော့လည်း သိန်း(၂၀၀)လောက် ကုန်ကျမှာမို့ ပိုက်ဆံတတ်နိုင်သူများမှာ အခက်အခဲမရှိသော်လည်း ကျမတို့လို သာမန်လူတန်းစားများအနေဖြင့် မြန်မာနိုင်ငံအတွင်းတွင်သာ သွားရောက်ကုသနိုင်ပါသည်။

သမ္မတကြီးရှင် မြန်မာနိုင်ငံမှာ ကျန်းမာရေးအတွက် ဓါတ်ရောင်ခြည်စက် လုံလောက်စွာ တင်သွင်းရန် ခက်ခဲမှုရှိနေပါသလား …? ။

ယခုလိုတိုးတက်နေသော မြန်မာနိုင်ငံမှာ အပြင်ဆေးခန်း၊ ဆေးရုံတွေမှာ လူတွေအဖြစ်များနေတဲ့ ကင်ဆာရောဂါကုသဖို့ ဓါတ်ရောင်ခြည်စက်တွေ အလုံအလောက် တင်သွင်းတပ်ဆင်ပေးဖို့ သမ္မတကြီးနှင့် ကျန်းမာရေးဝန်ကြီး၊ တာဝန်ရှိသူများ သိစေချင်ပါသည်။

လွှတ်တော်မှာ ဓါတ်ရောင်ခြည်စက်နဲ့ ပတ်သတ်ပြီး ပြောသွားတယ်လို့ ကြားပါတယ်ရှင့်။ ဂျာမနီနိုင်ငံက ဓါတ်ရောင်ခြည်စက် (၃)လုံး မှာထားတယ်လို့ဆိုပြီး အခုထိရောက်ရှိကြောင်း သတင်းမကြားမိသေးပါ။ ကင်ဆာဝေဒနာရှင်ဖြစ်တဲ့ လူတွေ (၃)သောင်း၊ (၃)သိန်းလောက် အသက်ဆုံးရှုံးပြီးမှသာ အဲ့ဒီစက်တွေရောက်ရှိလာပါလျှင်…………….ခေတ်မီတိုးတက်နေသော မြန်မာနိုင်ငံဟု ဆိုနိုင်ပါအုံးမလားရှင့်။

                                                                                                      (ရန်ကုန်သူ)

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ဆေးရုံကြီးကိုသွားရောက်

Published on 26 Apr 2012 by BurmaVJMedia
ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ဆေးရုံကြီးကိုသွား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးအတွင်းက ဦးနှောက်နှင့် အာရုံကြော ဆေးရုံမှာ ခွဲစိတ်ကုသမှု ခံယူနေတဲ့ မအိပပဖြိုးကို ဧပြီလ ၂၅ ရက်နေ့ နေ့လည် ၁၁ နာရီ ခွဲက သွားရောက် တွေ့ဆုံပြီး အားပေးစကား ပြောခဲ့ပါတယ်။ အသက် ၁၂ နှစ်အရွယ်သာ ရှိသေးတဲ့ ဧရာဝတီတိုင်း မြန်အောင်မြို့နယ် စာဖြူစုကျေးရွာသူ မအိပပဖြိုဟာ ဦးနှောက်နဲ့ အာရုံကြော ဝေဒနာ ခံစား နေရသူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင် ပါတီစည်းရုံးရေးသွားရောက်စဉ် တွေ့ဆုံခဲ့ရာက တာဝန်ယူ ခွဲစိတ်ကုသဖို့ စီစဉ်ပေးခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်က မအိပပဖြိုးအတွက် အစားအသောက်အချို့ ကိုလည်း သွားရောက်တွေ့ဆုံရင်း လှူဒါန်းခဲ့တာပါ။ တဆက်ထဲမှာလည်း မအိပပဖြိုးရဲ့ မိခင်နဲ့လည်းတွေ့ဆုံပြီး အားပေးစကားဆိုခဲ့သလို ခွဲစိတ်ဆရာဝန်တွေ သူနာပြုဆရာမတွေ နဲ့လည်း တွေ့ဆုံပါသေးတယ်ခင်ဗျာ။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ပန်ကြားချက်

NLD မပျော့ပြောင်းတဲ့နေရာ


ကျမတို့ အစကတည်းကလည်း ပျော့ပြောင်းခဲ့ပါတယ်။ ကျမ အမြဲပြောတယ်။ ကျမတို့ မပျော့ပြောင်းတဲ့နေရာက ဒူးခေါင်းပဲ ရှိတယ်။ ဒူးတော့ မထောက်ဘူး။ အခြားနေရာတွေ ကတော့ ပျော့ပြောင်းပါတယ်လို့ ကျမအမြဲပြောခဲ့ပါတယ်။ “ကျမ်းကျိန်လွှာကိစ္စက ပြည်သူတွေကို ကတိပေးခဲ့တဲ့ အတိုင်း ကျမတို့ရဲ့ကတိတွေကို ကျမတို့က ပြန်ပြီးတော့ အကောင်အထည် ဖော်တာဖြစ်ပါတယ်။ ကျမတို့က အခုလုပ်နေတာတွေက ကျမတို့ ရွေးကောက်ပွဲမတိုင်မီက ကတိပေးခဲ့တာတွေနဲ့ အပြောင်းအလဲမရှိဘဲ အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။ ရွေးကောက်ပွဲမတိုင်မီမှာ တမျိုးပြော၊ ရွေးကောက်ပွဲပြီးတဲ့အခါ တမျိုးပြော အဲဒီလိုမျိုး နိုင်ငံရေးသမားတွေမှာ NLD မပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
By: Ah Ba Yah , bvj

Real Madrid - Bayern Munich (penalties)Bayern Munich go to final


Real Madrid - Bayern Munich (penalties) by martelis

လယ်သိမ်းမယ်၊ အိမ်ကိုဝရမ်းကပ်မယ်၊ လူကို ထောင်ချမယ်၊

RFA Burmese
မြန်မာ့စိုက်ပျိုးရေးဘဏ်ကနေပြီး ၂၀၁၁ - ၂၀၁၂ အတွက် တောင်သူ လယ်သမားတွေကို ထုတ်ချေးထားတဲ့ ချေးငွေကို ၂ ရက် အတွင်း ပြန်မဆပ်နိုင်ရင် လယ်ယာမြေသိမ်းယူတာ ၊ လယ်ပိုင်ရှင်တွေကို ဖမ်းဆီးထောင်ချတာ လုပ်မယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောဆိုတာကြောင့် ရန်ကုန်တိုင်း သုံးခွမြို့နယ်က ချေးငွေမဆပ်နိုင်ကြတဲ့ ဒေသခံတောင်သူတွေဟာ ထောင်ချခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။ စပါးနဲ့ပဲ တွေပျက်စီးခဲ့လို့ တောင်သူတွေ ငွေပြန်မပေါ်ပဲ ဆုံးရှုံးခဲ့သလို စိုက်ဘဏ်က ချေးငွေတွေပါ ပြန်ဆပ်ဖို့ အခက်အခဲ ဖြစ်နေချိန်မှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက မနက်ဖြန် ဧပြီ ၂၇ ရက်နေ့ နောက်ဆုံးထား မပေးရင် လယ်မြေတွေ သိမ်းဆည်းပြီး လယ်ပိုင်ရှင်တွေကိုပါ ထောင်ချမယ် ဆိုပြီး အသိပေးလာတာဖြစ်တယ်လို့ သဲကုန်းတူးမြောင်းကျေးရွာမှာ နေထိုင်တဲ့ လယ်သမားတစ်ဦးက ပြောပါတယ်။ "ဒီနှစ်က ရာသီဥတုတွေ ဖောက်ပြန်တော့ သီးနှံတွေ ဆုံးတယ်၊ စပါးက မထွက်ဘူးဗျား၊ ပဲကြတော့လည်း ပိုးဖျက်တယ်၊ အဲ့ဒီအတွက် ကျနော်တို့ ကြပ်တည်းမှုတွေ ဖြစ်တယ်၊ အခု အဲ့ဒါကို ပြန်မဆပ်နိုင်တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ၂၅ ရက်နေ့ သုံးခွက ဒုမန်နေဂျာ ဦးတင်ဝင်း ရယ် နောက် တိုင်းက လူကြီးလို့ ပြောတာပဲ နာမည်တော့ မသိဘူး၊ ကျေးရွာ ဥက္ကဌ နဲ့ပဲ လာကြတာ၊ မဆပ်နိုင်လို့ရှိရင် သူက လယ်သိမ်းမယ်၊ အိမ်ကိုဝရမ်းကပ်မယ်၊ လူကို ထောင်ချမယ်၊ နောက်ဆုံးက နက်ဖန်ခါနောက်ဆုံးပဲ။ လယ်သမားတွေက အယောက် ၂၀ ရှိတယ် ကျနော်တို့ ရွာမှာတင်။" သုံးခွမြို့နယ်အတွင်းမှာရှိတဲ့ ဒေသခံတောင်သူတွေကို အတိုးငွေ တစ်ကျပ်ခွဲနှုန်းနဲ့ လယ်တစ်ဧက လေးသောင်းကျပ်စီ မြန်မာ့ စိုက်ပျိုးရေးဘဏ်က ချေးငွေထုတ်ချေးပေးခဲ့ဖြစ်ပါတယ်။ သဲကုန်းတူးမြောင်းကျေးရွာနဲ့ တဆက်တည်းရှိ အဖောင်ကျေးရွာကိုလည်း ဧပြီ ၂၄ ရက်နေ့က အလားတူ လာရောက်သတိပေးထားတဲ့ အတွက် ချေးငွေ ပြန်မဆပ်နိုင်တဲ့ ဒေသခံ လယ်သမား တွေ စိုးရိမ်နေကြကြောင်း အဲ့ဒီရွာမှာ သတင်းသုံးနေထိုင်တဲ့ ဦးဇင်းတစ်ပါးက မိန့်ကြားပါတယ်။ "ဦးဇင်းတို့ အဖောင်ရွာကိုလည်း ဒီလိုပဲ အချိန်ကလေးကလည်း ၂ ရက်ပဲ သူက ကန့်သတ်ပြီး တောင်းတယ်၊ လယ်သမားတွေက နေလို့ မရတော့ဘူး။ ငါတို့များ ရဲလာဖမ်းတာလားဆိုပြီး အကြောက်တရားကြောင့် မိသားစုတွေက အကုန်လုံး စိုးရိမ်သောကတွေ ရောက်နေကြပြီ။" ဒီကိစ္စနဲ့ ပတ်သက်ပြီး သုံးခွမြို့နယ်က စိုက်ဘဏ်ရုံးကို ဆက်သွယ်မေးမြန်းရာ ဘဏ်တာဝန်ရှိသူတစ်ဦးက အခုလို ပြောပါတယ်။ "ဒီငွေဟာ ဒါ နိုင်ငံတော် ဘဏ္ဍာငွေလေ၊ နိုင်ငံတော် ဘဏ္ဍာငွေ မဆုံးရှုံးဖို့ လုပ်ရတဲ့ ကိစ္စရပ်ဖြစ်ပါတယ်၊ ဒီလိုမှ မလုပ်ရင် ဒီ နိုင်ငံတော် ဘဏ္ဍာငွေက ဆုံးရှုံးသွားနိုင်တယ်လေ၊ နိုင်ငံတော် ဘဏ္ဍာငွေကို ပေးတဲ့နေရာမှာ စပါးပဲ ပျက်ပျက် မိုးပဲဖျက်ဖျက် ပေါ့ဗျား။ ကျနော်တို့က ငွေပေးတာ ငွေပြန်ဆပ်ရင် ပြီးတာပဲ။ အဲ သူတို့က သတ်မှတ်တဲ့ ကာလအတွင်းမှာ ပြန်ဆပ်ရင် ဒီကိစ္စက ပြီးတာပဲကို အချိန်တန်ရင် ပြန်ထုတ်ပေးပေါ့၊ ဒါ ကျနော်တို့ ဘဏ်ရဲ့ လုပ်ငန်း တစ်ခုပါပဲ။" သုံးခွမြို့နယ်အတွင်းမှာ မနှောသုခစပါးနဲ့ ရွှေဝါထွန်းစပါးကို အဓိက စိုက်ပျိုးကြပြီး လယ်ယာလုပ်ငန်းလုပ်ကိုင်သူ ဦးရေ တစ်သောင်း သုံးထောင်ကျော် ရှိကြောင်း သိရပါတယ်။

Majesty ... The Refined Taste of Smoothness

အဂ္ဂမဟာ ဒီမိုဖက်တီး အဲဒါ ဘာကြော်ငြာလဲခင်ဗျ။ အရက်လား ရေသန့်လား အချိုရည်လား။ ကျွန်တော်တို့ မြို့တော်ရန်ကုန်မှာတောင် တရားဥပဒေစိုးမိုးပါရဲ့လား။ ပြည်သူအများသုံးစွဲတဲ့နေရာတွေမှာ အရက်အမှတ်တံဆိပ် မကြော်ငြာရဘူး ဆိုတဲ့ ဥပဒေရှိပါသလား။ အဲသည် ဥပဒေ မြဲပါရဲ့လား။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူတွေမှာ တာဝန်ရှိပါသလဲ။ အရက်ထုတ်သူ တွေလား ၊ မထသ လား ၊ မြို့တော်စည်ပင်လား ၊ မီဒီယာတွေ မှာလား ၊ ဒါမှ မဟုတ် ထုံးစံအတိုင်း ဒေါ်စုရဲ့ တာဝန်လားးးး

ဘပြောင်ကြီး ကလေ .... အရမ်းကို ပလီတတ် တာပဲ

အဂ္ဂမဟာ ဒီမိုဖက်တီး
သူ့မိန့်ခွန်းထဲမှာတော့ စီးပွားရေး တိုးတက်ပြောင်းလဲမှုများဟာ လူတစ်စုအတွက် မဖြစ်စေရဘူး ဆိုပြီး ... အခုကျတော့ ဂျပန်ကို ခေါ်သွားတဲ့လူတွေကို ကြည့်ပါအုံး။