Friday, April 27, 2012

ဖက်ကိုက်တာကို ကြောက်သွားတဲ့အွန်လိုင်းပေါ်ကကောင်မလေး

အဘ ဥက္ကာကိုကို
2 hours ago
စာရေးဆရာ သွန်းနေစိုး အွန်လိုင်းတက်ပြီး သူ့ဝေါပေါ်မှာ ငြင်းချက်ထုတ်နေတဲ့အချိန်၊ ကျနော်တို့ သတင်းထောက်တွေဟာ မင်္ဂလာတောင်ညွှန့်ရဲစခန်းထဲမှာ ထိုင်နေတဲ့ အရှင်လတ်လတ် သွန်းနေစိုးကို အပြင်ကကြည့်နေကြပါတယ်။ အပြင်မှာ ကျနော်တို့နဲ့အတူ သူ့ငယ်ချင်း၊ သူ့တပည့်တွေလည်းရှိနေပါတယ်။ သွန်းနေစိုးဟာ ဗေဒါရောင်အကျီ င်္ကိုဝတ်ဆင်ထားပြီး သူနဲ့ မလှမ်းမကမ်းမှာ ကာယကံရှင်ကောင်မလေးလည်း စခန်းမှူးထံ စစ်ချက်ခံနေပါတယ်။ ခဏနေတော့ အပြင်က ကြည့်နေတဲ့သူတွေကို သွန်းနေစိုးကလှမ်းမြင်ပြီး ကွန်ပလိန်းတက်ပါ တယ်။ အဲဒါနဲ့ ကျနော်တို့လည်း အမှုကို မနှောင့်နှေးစေလိုတာကြောင့် စခန်းအပြင်ဖက် ထွက်ခဲ့ကြတယ်။ ကောင်မလေးကို ဗျူးပြီးတော့ အားလုံး နှုတ်ဆက်ပြီး အိမ်ပြန်မယ်လုပ်နေကြ တုန်းမှာပဲ သွန်းနေစိုးဟာ တောင်ညွန့် ရဲစခန်း အချုပ်ထဲကို ကုတ်ကုတ် ကုတ်ကုတ်နဲ့ ၀င်သွား တာကို တွေ့ရပါတယ် ခင်ဗျာ။ အချိန်ကတော့ ဧပြီလ ၂၈ ရက်နေ့ နံနက် ၂ နာရီ မိနစ် ၂၀ ခန့်မှာပါ။ စစ်ချက်တွေပြီးသွားတဲ့အချိန်မှာ ကာယကံရှင်ကောင်မလေးနဲ့မိသားစု ထွက်လာပါတယ်။ ကျနော်တို့လည်း ရသလောက်လေး အင်တာဗျူးခဲ့ပါ တယ်။ ကောင် မလေးပြောစကားအရ အကျဉ်းချုပ်ကို ကျနော်တင်ပြပါမယ်။ ဘယ်သူမှားတယ် ဘယ်သူမှန် တယ်ဆိုတာ ကျနော်မပြောပါဘူး။ ဖြစ်စဉ်ထဲက ကြားသိရချက်တစ်ခုအတိုင်းကိုပဲ တင်ပြပေးပါမယ်။
ကောင်မလေးပြောပြချက်အရ-
စာရေးဆရာသွန်းနေစိုးနဲ့ ကာယကံရှင်ကောင်မလေး(၂၁နှစ်)ဟာ ဖေ့စ်ဘွတ်မှာ စသိကြတာပါ။ သွန်းနေစိုးရဲ့ ဖူးစာရှင်ရွေးချယ်ပွဲဆိုတဲ့ပွဲကို တက်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ သူတို့တွေ ကြိုက်သွားကြပါတယ်။ မိဘတွေမသိအောင် လက်ထပ်စာချုပ်တစ်ခု လုပ်ခဲ့ပါတယ်။ အဲဒါဟာ နောက်ပိုင်းမှာပျက်သွားခဲ့ပါတယ်။ ပြီးတော့ ကောင်မလေးမှာ ကိုယ်ဝန်ရှိတယ်လို့ သံသယရှိတယ်ဆိုပြီး ဖျက်ချပစ်ဖို့အတွက် သွန်းနေစိုးဟာ ကောင်မလေးကို ဒလဖက်ကမ်း ကိုခေါ်ဆောင်သွားပါတယ်။ ဟိုရောက်တော့ ကားနဲ့တင်ခေါ်သွားပါတယ်။ ကောင်မလေးက ကားပြန်လှည့်ဖို့တောင်းဆိုခဲ့ပေမယ့် မရခဲ့ပါဘူး။ ပုသိမ်ကိုပို့ပေးဖို့ ကောင်မလေးက တောင်းဆို ပါသေးတယ်။ ဒါပေမယ် ကားဟာ ဘိုကလေးကိုရောက်သွားခဲ့ပါတယ်။ ဘိုကလေး မှာ ကောင်မလေးက ပြန်ပို့ဖို့ တောင်းဆိုတိုင်း၊ အိမ်ကိုဖုန်းခိုးဆက်မယ်ကြံတိုင်း သွန်းနေစိုးက အကျပ်ကိုင်ခဲ့တာတွေရှိတယ်လို့ ပြောပါတယ်။ ““ဗြူးဗြူးဗြဲဗြဲလုပ်တာတွေကို ကြောက်တယ်။ ဖက်ကိုက်တာကို ကြောက်တယ်””လို့ ကောင်မလေးက ပြောပါတယ်။ အဲဒါနဲ့ ဒုတိယအကြိမ် လက်ထပ်စာချုပ်ကို ဘိုကလေးတရားရုံးမှာချုပ်ဆိုဖို့ ကောင်မလေးကိုခေါ်သွားပါတယ်။ တရားသူကြီးရှေ့မှာလုံးဝမဟုတ်ဘဲ အခန်းတစ်ခုမှာ အတင်းလက်မှတ်ထိုးခိုင်းပါတယ် လို့ ကောင်မလေးကဆိုပါတယ်။ သင်္ကြန်တတွင်းလုံး ကောင်မလေးဟာ သွန်းနေစိုးနဲ့ အတူရှိနေ ခဲ့ပြီး ပြေးမရခဲ့ဘူးလို့ သိရပါတယ်။ ပြီးတော့ သူနဲ့ဖြစ်ပြီးတဲ့အချိန်ထိ သွန်းနေစိုးမှာ ဇနီးမယားနဲ့ သားသမီးရှိကြောင်းကို လုံးဝမသိခဲ့ပါဘူးတဲ့။ ““ဗြူးဗြူးဗြဲဗြဲလုပ်တာတွေကို ကြောက်တယ်။ ဖက်ကိုက်တာကို ကြောက်တယ်””လို့ပဲကောင်မလေးက တုန်လှုပ်ဆဲအသံနဲ့ ပြောရှာပါတယ်။
သူ့တပည့်တွေရှိတယ်။ တစ်ယောက်ကအမြဲမူးနေတာ။ သတ်ပစ်ဖို့ဝန်မလေးဘူး... စသဖြင့် သူမကို ပြောထားခဲ့တာကိုလည်း ကြောက်နေတုန်းပါတဲ့။ ပြီးတော့ ကောင်မလေးရဲ့ အောက်က ညီမလေးကိုလည်း သူ့လိုဖြစ်အောင်လုပ်ပစ်မယ်လို့ ပြောထားတာကို သူမက ပိုကြောက်နေခဲ့တဲ့ပုံ ပါပဲ။ သွန်းနေစိုးနဲ့ ကောင်မလေးကို ရန်ကုန်မှာပဲပြန်တွေ့ပြီးဖမ်းဆီးခဲ့တာ ပါ။ ကောင်မလေး ဟာ ဆေးတက္ကသိုလ်မှာ နောက်ဆုံးနှစ်တက်ရောက်နေပါတယ်။ သူမရဲ့ဖခင်ဟာ လုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်ပါတယ်။
နောက်ဆက်တွဲကြားသိရတာကတော့ သွန်းနေစိုး(ခ) ဒိဗ္ဗကျော်စွာ(ခ) ဒဿကျော်စွာဟာ ၉ တန်းနှစ်ကတည်းက အိမ်ထောင်ကျပြီး သားတစ်ဦး (ယခု ၂၀ နှစ်ခန့်) ရှိခဲ့ပါတယ်။ လက်ရှိ ဇနီးတစ်ဦးရှိပြီး သမီးတစ်ဦးလည်း ရှိပါတယ်။
ခုထိ ကျနော်တို့သတင်းထောက်တွေ နားမလည်နိုင်တာတစ်ခုရှိပါတယ်။ ကျနော်တို့အားလုံး စခန်းရှေ့ကနေ ထိုင်ကြည့်နေပါလျှက်နဲ့၊ သွန်းနေစိုးဟာလည်း စခန်းထဲမှာ ငုတ်တုတ်အစစ်ခံနေပါလျှက်နဲ့.. ဘာကြောင့် သူ့ဝေါပေါ်မှာ သူမဟုတ်သလိုလို စာတွေတက်လာနေသလဲဆိုတာပါပဲ။ ကျနော်တို့ ဂျာနယ်သတင်းထောက်တွေကပဲ အုံနဲ့ကျင်းနဲ့ လူတွေကို လိုက်လိမ်နေတာလား။ ဒါမှမဟုတ်.... ????
အခုကျနော်ရေးထားတာတွေကို မယုံဘူးဆိုတဲ့လူရှိမှာပါ။ ကျနော်ပင်ပန်းနေပါပြီ။ နက်ဖြန်ကျရင် အသံဖိုင်ထဲက အသံတွေကို စာပြန်စီပြီး မချွင်းမချန်တင်ပေးပါမယ်။

(ပုံစာ- ပုံမှာ သွန်းနေစိုးနှင့် လက်ရှိဇနီး+သမီး)

မှတ်ချက်။။ ။။
သတင်းထောက်ဥက္ကာကိုကို၏ဖေ့ဘွတ်တွင်ဖေါ်ပြထားချက်သာဖြစ်ပါသည်။ စာရေးဆရာဆိုတော့အနုပညာရှင်ပေါ့။အနုပညာရှင်ဆိုတော့ဆယ်လီဘရစ်တီဖြစ်တာပေါ့။ အပြစ်မဲ့တဲ့ဇနီးနဲ့ သမီးကိုတော့ဖျက်ထားလိုက်ပါတယ်။

တိုရန်တိုသင်္ကြန်မနက်ဖန်

၁၄ရက်ကဘုန်းကြီးကျောင်းနှစ်ကူးဈေးရောင်းပွဲ၊၂၁ကကချင်ရန်ပုံငွေပွဲဆိုတော့ပျော်ပွဲကနောက်ဆုတ်ရင်းဆုတ်ရင်း မနက်ဖန်၂၈ရက်နေ့ မှာလုပ်ဖြစ်တာပါ။မြန်မာကနေဒီယံအသင်းကကြီးမှုးပြီးကျင်းတာဖြစ်ပြီဲးကြာဆံချက်၊ထမင်းဟင်းများ၊အချိုပွဲများ၊အခမဲ့လို့ သိရပါတယ်။ အဆိုအကအပြင်ကာရာအိုကေပြိုင်ပွဲလည်းဆင်နွဲလို့ ရတယ်ဆိုပါတယ်။ှSpadina Subway ကနေ Streetcar စီးလာရင် Chinatown-dundas မရောက်ခင်တမှတ်တိုင်မှာဆင်းဒီဖက်လမ်းကူးလိုက်ရင် Cecil Street 58 ကိုတွေ့မှာပါ။ အဲ..အ၀င်အ၀မှာတော့အလှုခံပုံးရှိတယ်တဲ့။ :D

တရားရုံးခြံဝင်းအပြင်မှ ဓါတ်ပုံရိုက်ကူးခဲ့သော Weekly Eleven သတင်းထောက်အား ခေါ်ယူသတိပေး


တရားရုံးခြံဝင်းအပြင်မှ ဓါတ်ပုံရိုက်ကူးခဲ့သော Weekly Eleven သတင်းထောက်အား ခေါ်ယူသတိပေး၍ ဓါတ်ပုံများဖျက်ခိုင်းသည့် တရားသူကြီးအား တရားဝင် ကန့်ကွက်သွားမည် Weekly Eleven သတင်းထောက် ဓါတ်ပုံရိုက်ကူးခဲ့သည့် ဒဂုံမြို့နယ်တရားရုံးပြင်ပ ပလက်ဖောင်းနေရာ ဧပြီလ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် The Voice Weekly ဂျာနယ်၏ အမှုရုံးချိန်းအား သွားရောက်သတင်းရယူခဲ့သည့် Weekly Eleven သတင်းထောက် ကိုဇင်ဘိုလွင်က တရားလိုနှင့် တရားလိုရှေ့နေများကို သတင်းဓါတ်ပုံရိုက်သည့်အပေါ် ဒဂုံမြို့နယ် တရားသူကြီးနှင့် တွဲဘက်မြို့နယ် တရားသူကြီးတို့က ခေါ်ယူသတိပေး၍ ဓါတ်ပုံများ ဖျက်ခိုင်းခဲ့သည်။ သတင်းရယူခြင်း၊ သတင်းဓါတ်ပုံ ရိုက်ကူခြင်းနှင့်ပတ်သက်၍ တရားရုံးပြင်ပ Public Area မည်သည့်နေရာတွင်မဆို အမှုနှင့်ပတ်သက်သူများကို ဓါတ်ပုံရိုက်ကူးခွင့်ရှိပါသည်။
ထို့ကြောင့် Weekly Eleven သတင်းထောက်အနေဖြင့် တရားရုံးခြံဝင်းအပြင် လမ်းမ ပလက်ဖောင်းပေါ်မှသာ ရိုက်ကူးခဲ့ခြင်းဖြစ်သည့်အတွက် ယခုကဲ့သို့ ခေါ်ယူသတိပေး၍ ဓါတ်ပုံများကို ဖိအားပေး ဖျက်ခိုင်းခဲ့သော ဒဂုံမြို့နယ် တရားသူကြီး ဒေါ်ခင်သန့်ဇင်၊ တွဲဘက်မြို့နယ်တရားသူကြီး ဒေါ်ရီရီဆွေတို့အား Weekly Eleven မှ တရားဝင် ကန့်ကွက်သွားပါမည်။
သတ္တုတွင်းဝန်ကြီးဌာနက The Voice Weekly ဂျာနယ်ကို တရားစွဲဆိုထားသည့်အမှုရုံးချိန်းဖြစ်ပြီး အဆိုပါဖြစ်စဉ်မှာ ယနေ့(ဧပြီလ ၂၇)နံနက် ၁၁ နာရီကျော်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။

http://news-eleven.com

The Voice Weekly

သတ္ထုတွင်း ဝန်ကြီးဌာနနှင့် The Voice Weekly တို့၏ အမှုကို ယနေ့ နံနက် ၁၀ နာရီခန့်တွင် ဒဂုံမြို့ နယ် တရားရုံး၌ ဆက်လက် စစ်ဆေးခဲ့ရာ သတင်း aရးသားသူအား ဖော်ထုတ်ခြင်း မပြုနိုင် ဟူသော The Voice Weekly အယ်ဒီတာချုပ်၏ လျှောက်ထားချက်ကို သတ္ထုတွင်း ဝန်ကြီးဌာနက သတင်းရေးသားသူအား ဖော်ထုတ်ပေးရန် အယ်ဒီတာချုပ် အနေဖြင့် တာဝန်ရှိပါကြောင်း ပြန်လည် လျှောက်ထားခဲ့သည်ဟု The Voice Weekly ဘက်မှ လိုက်ပါ ဆောင်ရွက်သူ တရားလွှတ်တော် ရှေ့ နေ ဦးဝင်းရွှေက ပြောကြားသည်။ ယင်းအမှုကို မေလ ( ၁၁ ) ရက်နေ့တွင် ဆက်လက် စစ်ဆေးသွားမည် ဖြစ်ပြီး နှစ်ဘက် ရှေ့ နေများ အပြန်အလှန် လျှောက်လဲချက် ပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ယနေ့ပြုလုပ်သော တရားခွင်သို့ Eleven Media Group တက်ရောက် သတင်း ရယူခဲ့သည်။

ပုဂ္ဂလိက အာမခံကုမ္ပဏီတည်ထောင်ဖို့ မတည်ငွေ ကျပ်သိန်းလေးသိန်းကျော် ပေးသွင်းဖို့လို

Yangon Press International

ဧပြီ ၂၇ ရက်၊ ၂၀၁၂ ခုနှစ်-ကျော်စိုးလင်း-YPI
အာမခံလုပ်ငန်းလုပ်ကိုင်လိုသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းမတည်အရင်းအနှီးအဖြစ် ကျပ်သိန်းပေါင်း ၄၆၀၀၀၀ အား အစိုးရ ဘဏ်တစ်ခုခုသို့ ပေးသွင်းဖို့လိုအပ်ကြောင်း အာမခံလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးမင်းသိန်းကပြောသည်။ အသက်အာမခံလုပ်ငန်းလုပ်ကိုင်ရန်အတွက် ကျပ်သိန်းပေါင်း ၆ သောင်း နှင့် အသက်အာမခံမှအပ အခြားအာမခံလုပ်ငန်းများအတွက် ကျပ်သိန်းပေါင်း ၄ သိန်း မတည်အရင်းအနှီးရှိရမည်ဟု သက်မှတ်ထားခြင်းဖြစ်သည်။ ထိုသို့ သတ်မှတ်ရခြင်းနှင့်ပတ်သက်၍ အာမခံလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့အတွင်းရေးမှူး ဒေါက်တာမောင်မောင်သိန်းက “ အာမခံလုပ်ငန်းဆိုတာ လိမ်စားလို့လွယ်တဲ့လုပ်ငန်းမျိုးပါ။ လိမ်လို့လွယ်တဲ့လုပ်ငန်းဖြစ်တဲ့အတွက် အများပြည်သူရဲ့ အကျိုးကို ကာကွယ်နိုင်ဖို့ လုပ်ငန်းလုပ်ကိုင်မယ့် ကုမ္ပဏီကို အာမခံကြေး မြှင့်ထားတာ ” ဟု ပြောသည်။
စီးပွားရေးပညာရှင် ဦးမော်သန်းကမူ ယခုပမာဏကို အာမခံကြေးအဖြစ်ပေးသွင်းနိုင်မည့်သူမှာ မြန်မာနိုင်ငံတွင် လူဦးရေ အနည်းငယ်သာ ရှိနိုင်ကြောင်းပြောသည်။ ၎င်းက “ လူတွေကို လျော်ကြေးမပေးဘဲ ထွက်ပြေးမှာစိုးလို့ ကြေးမြင့်ထားတာ ဖြစ်နိုင်တယ်။ ဒါပေမယ့် ဒီပမာဏကို တတ်နိုင်တဲ့သူက မြန်မာနိုင်ငံမှာ အစိုးရစီမံကိန်းတွေ ယူလုပ်ပြီး ငွေများများရထားတဲ့ လူဆယ် ဂဏန်းလောက်ပဲရှိမယ် ” ဟုပြောသည်။
အာမခံလုပ်ငန်းအား ပုဂ္ဂလိကပိုင်လုပ်ငန်းအဖြစ် လုပ်ပိုင်ခွင့်ပေးရန်အတွက် မေလ ၂ ရက်နေ့မှစ၍ လျှောက်လွှာပုံစံများ စတင်ရောင်းချမည်ဖြစ်သော်လည်း တိုင်းရင်းသားပိုင်လုပ်ငန်းများအဖြစ်သာ ခွင့်ပြုသွားမည်ဖြစ်ကြောင်း အာမခံလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌဦး အေးမင်းသိန်းက ပြောသည်။
ယင်းအချက်နှင့် ပတ်သက်၍ စီးပွားရေးပညာရှင် ဦးမော်သန်းက “ တိုင်းရင်းသားလုပ်ငန်းရှင်တွေအတွက် စဉ်းစားပေးတဲ့သဘောဖြစ်နိုင်တယ်။ နိုင်ငံခြားအာမခံ ကုမ္ပဏီကြီးတွေဝင်လာရင် အခုမှလုပ်မယ့် တိုင်းရင်းသားလုပ်ငန်းရှင်တွေမပြောနဲ့ နိုင်ငံပိုင်လုပ်ငန်းပါ နောက်ကောက်ကျသွားနိုင်တယ် ” ဟုပြောသည်။ အာမခံလုပ်ငန်း အမျိုးအစားအများအပြားရှိသည့် အနက် ၆ မျိုးကိုသာ ပုဂ္ဂလိကလုပ်ပိုင်ခွင့် ပေးခြင်းဖြစ်၍ ယင်းတို့မှာ အသက်အာမခံ၊ မီးအာမခံ၊ ကားအာမခံ၊ ငွေပို့ငွေသယ်အာမခံ၊ ငွေသားလုံခြုံမှုအာမခံ၊ သမာဓိအာမခံ ( လုပ်ငန်းအသီးသီးရှိ ငွေကိုင်ဝန်ထမ်းများ၏ အကျင့်စာရိတ္တကို အာမခံထားခြင်း) တို့ ဖြစ်သည်။ လက်ရှိတွင် မြန်မာ့အာမခံလုပ်ငန်းအား နိုင်ငံပိုင်လုပ်ငန်းအနေဖြင့် အာမခံအမျိုးပေါင်း ၅၁ မျိုးကို လုပ်ကိုင်လျက်ရှိပြီး ယင်းလုပ်ငန်းသည် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အာမခံလုပ်ငန်းလည်းဖြစ်သည်။

မတူညီတဲ့အခွင့်အရေးတွေ ရှိနေတဲ့အတွက် တက္ကစီသမားတွေ အခက်တွေ့နေ


DVB TV News
April 27, 2012
အခွင့်ထူးခံကားနဲ့ အရပ်သားတက္ကစီကားတွေကြားမှာ မတူညီတဲ့အခွင့်အရေးတွေ ရှိနေတဲ့အတွက် တက္ကစီသမားတွေ အခက်တွေ့နေကြပါတယ်။

ဆွေးနွေးညှိနှိုင်းယူလို့ မရတော့တဲ့ နောက်ဆုံးအခြေအနေကျမှ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလမ်းကြောင်းကို ရွေးချယ်မယ်


DVB TV News
ကျမ်းသစ္စာ ကျိန်ဆိုရေးဆိုင်ရာ ဥပဒေဝေါဟာရအသုံးအနှုံး အခက်အခဲ ပြင်ဆင်ရေး ဆွေးနွေးညှိနှိုင်းယူလို့ မရတော့တဲ့ နောက်ဆုံးအခြေအနေကျမှ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလမ်းကြောင်းကို ရွေးချယ်မယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြောကြားလိုက်ပါတယ်။ ဦးအံ့ဘုန်းမြတ်က သတင်း ပေးပို့ထားပါတယ်။

အလုပ်သမား အဖွဲ့အစည်းဖွဲ့စည်းဖို့ ဦးဆောင်လှုပ်ရှားခဲ့တာကြောင့်အလုပ်ဖြုတ်ခံလိုက်ရ


DVB TV News
ဒဂုံဆိပ်ကမ်းမြို့နယ်က အထည်ချုပ်စက်ရုံတရုံမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတဦးဟာ အလုပ်သမား အဖွဲ့အစည်းဖွဲ့စည်းဖို့ ဦးဆောင်လှုပ်ရှားခဲ့တာကြောင့် အလုပ်ဖြုတ်ခံလိုက်ရပါတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ စတင်ဖို့ အမေရိကန် ပြင်ဆင်


RFA Burmese
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းတွေကို တစ်ဆင့်တိုးပြီး ဆောင်ရွက်လုပ်ကိုင်ဖို့ အမေရိကန်အစိုးရက ပြင်ဆင်နေကြောင်း အမေရိကန် အထက်လွှတ်တော်ရဲ့ နိုင်ငံခြား ဆက်ဆံရေး ဆပ်ကော်မတီမှာ မနေ့က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာ ကြားနာပွဲမှာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိ Mr. Adam Szubin က ပြောကြားလိုက်ပါတယ်။ အမေရိကန်နိုင်ငံအနေနဲ့ နောက်ထပ်ခြေလှမ်း တစ်ဆင့်အဖြစ် မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမယ့် နိုင်ငံခြားရေးဝန်ကြီး ကလင်တန် ကြေညာထားတဲ့အတိုင်း စီးပွားရေးဆိုင်ရာ အရေးယူထားတာတွေ အားလုံးကိုတော့ ရုပ်သိမ်းဦးမှာ မဟုတ်ပါဘူး။ အရင်ဗိုလ်ချုပ်ဟောင်းတွေနဲ့ သူတို့နဲ့ ဆက်နွယ်ပတ်သက်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေအပေါ်မှာ ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမှုတွေက ရှိနေဦးမှာပါလို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်အစိုးရက လျော့ချလိုက်တဲ့ ပိတ်ဆို့ အရေးယူမှုတွေဟာ မြန်မာနိုင်ငံရဲ့ တိုးတက်မှု အပေါ်မှာ မူတည်နေတယ်။ တကယ်လို့ အခြေအနေတွေဟာ နောက်ပြန်ဆုတ်သွားမယ်ဆိုရင် အမေရိကန်ဘက်က အချိန်မရွေး ပြန်လည်ပိတ်ဆို့ အရေးယူနိုင်ပါတယ်လို့ Mr. Adam Szubin က ပြောပါတယ်။ ကြားနားပွဲမှာ အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိတွေက သူတို့ကိုယ်တိုင် မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ သီတင်းပတ်တွေက သွားရောက်ခဲ့ကြပြီး မြန်မာပြည်မှာ အမှန်တကယ်ပဲ ပြုပြင်ပြောင်းလဲလိုတဲ့ လက္ခဏာရပ်တွေ မြင်တွေ့ခဲ့ရတယ်လို့ ထွက်ဆိုသွားခဲ့ကြပါတယ်။ အမေရိကန် အထက်လွှတ်တော်မှာ ကျင်းပတဲ့ မြန်မာ့အရေး ကြားနာပွဲကို သဘာပတိအဖြစ် နိုင်ငံခြား ဆက်ဆံရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က ဆောင်ရွက်ခဲ့ပါတယ်။ အဓိက ထွက်ဆိုသူတွေကတော့ အမေရိကန်နိုင်ငံခြားရေး အာရှပစိဖိတ်ဆိုင်ရာ ဒု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ရွမ်၊ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိ Mr. Adam Szubin နဲ့အတူ မြန်မာ့ ကြားဖြတ်ရွေးကောက်ပွဲကို သွားရောက် စောင့်ကြည့်ခဲ့တဲ့ NDI ကိုယ်စားလှယ် Mr. Peter Manikas၊ မြန်မာ့အရေး ကျွမ်းကျင်သူတွေဖြစ်တဲ့ အမေရိကန်ပါမောက္ခ ဒေးဗစ် စတိုင်းဘတ်နဲ့ ပါမောက္ခ Karl Jackson တို့ ဖြစ်ကြပါတယ်။
 

ရွှေဝါရောင်နှိမ်နှင်းသူလွှတ်တော်တွင်အသင့်ပြင်...

ပဲခူးအခြေစိုက်တပ်မ(၇၇)
ဗိုလ်မှူးကြီး အောင်ကျော် (ကိုယ်ပိုင်အမှတ် - ၁၉၇၁၇)

ပုံ-Nik Nayman