Sunday, April 29, 2012

ပန်ဝါကို အစိုးရတပ်မှ စတင်တိုက်ခိုက်နေပြီဟု KIA ဆို


Yangon Press International

မြစ်ကြီးနား၊ ဧပြီ ၂၉ ရက်၊ ၂၀၁၂- (YPI)

အစိုးရစစ်တပ်မှ ရဟတ်ယာဉ်များဖြင့် လူလက်နက် ရိက္ခာ အကူအညီများ ပန်ဝါဘက်သို့ သယ်ပို့လျှက်ရှိပြီး ယမန်နေ့မှစတင်၍ ပန်ဝါဒေသရှိ ကေအိုင်အေ တပ်ဖွဲ့များကို တိုက်ခိုက်လျှက်ရှိသည်ဟု ကေအိုင်အို ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က ပြောသည်။

ဦးလနန်က ပြောရာတွင် “ကျွန်တော်တို့ ရှေ့တန်းသတင်းတွေအရတော့ စစ်ရဟတ်ယာဉ် တစီးမှာ လက်နက်ကြီး၊ ရိက္ခာ၊ စစ်သား ၃၀ ပါတယ်လို့သိရတယ်” ဟုဆိုသည်။

ယမန်နေ့မှစတင်၍ မြစ်ကြီးနားမြို့ပေါ်မှ ဖြတ်သန်း၍ စစ်ရဟတ်ယာဉ်အနည်းဆုံး ၆ စီး ပျံသန်းသွားသည်ကို တွေ့ရသည်ဟုလည်း မြစ်ကြီးနားမြို့ခံများက ပြောသည်။

“ရဟတ်ယာဉ်တွေက ဘေးနှစ်ဘက်နှစ်ချက်မှာ ပစ်တဲ့ လက်နက်တွေပါတယ်။ မနေ့က ၆ စီး ၊ ၇ စီးလောက် ဖြတ်ပျံသွားတယ်။ ဒီနေ့တော့ ၂ စီး ၃ စီးပြန်လာတာတွေ့တယ်” ဟု မျက်မြင်တွေ့မြင်လိုက်သူ မြစ်ကြီးနားမြို့ခံတဦးက YPI သို့ပြောသည်။

ယခုရက်ပိုင်းအတွင်းကချင်ပြည်နယ်တွင် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာပြီး ကေအိုင်အို ဋ္ဌာနချုပ်နှင့် နီးစပ်သည့် နေရာများအထိ တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသဖြင့် မြန်မာ အစိုးရစစ်တပ်မှ ဋ္ဌာနချုပ် လိုင်ဇာကို သိမ်းရန်ရည်ရွယ်ထားသည်ဟု ကေအိုင်အို ဘက်က ပြောဆိုမှုများလည်း ထွက်ပေါ်လျှက်ရှိသည်။
သို့ရာတွင် ယနေ့နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်မူ ကေအိုင်အို ဋ္ဌာနချုပ် လိုင်ဇာကို သိမ်းယူရန် အစီအစဉ်မရှိဟု ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက သတင်းထောက်များ၏ မေးခွန်းကိုဖြေကြားပြောဆိုသွားသည်။

ကေအိုင်အို အဖွဲ့နှင့် နအဖ အစိုးရအကြား ၁၉၉၄ ခုနှစ်တွင် သဘောတူညီခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ စတင်ဖြစ်ပွားရာမှ ပျက်ပြယ်ခဲ့ပြီးနောက် ဆက်တိုက်ဆိုသလို တိုက်ပွဲများ ဖြစ်ပွားနေခဲ့သည်။ ယင်းတိုက်ပွဲများကြောင့် ဒေသခံ သောင်းနှင့်ချီ၍ မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဗန်းမော် နှင့် တရုတ်နိုင်ငံနယ်စပ်ဘက်များဆီသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဦးသိန်းစိန် အစိုးရဘက်မှ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့များ ဖွဲ့စည်းကာ ယမန်နှစ်မှစတင်၍ အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေသကဲ့သို့ ကေအိုင်အိုနှင့်လည်း ယမန်နှစ် နှောင်းပိုင်းမှ စတင်ကာ ဆွေးနွေးခဲ့သော်လည်း ယခုအချိန်ထိ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မရရှိသေးပေ။ ။

အင်အယ်လ်ဒီ ပါတီဝင်များကို အုပ်ချူပ်ရေးမှူးက ခွဲခြားဆက်ဆံ

by Yangon Press International on Sunday, April 29, 2012 at 10:32am ·
ထားဝယ်၊ ဧပြီ ၂၉ ရက်၊ ၂၀၁၂ ခုနှစ်-(YPI)
ထားဝယ်ခရိုင် လောင်းလုံမြို့နယ် ဝေဒီကျေးရွာတွင် ကြားဖြတ်ရွေးကောက်ပွဲပြီးသည့် နောက်ပိုင်း ကျေးရွာ အုပ်ချူပ်ရေးမှူးက အန်အယ်လ်ဒီပါဝင်များနှင့် ရွေးကောက်ပွဲတွင် ပါတီကို မဲထည့်ခဲ့သူများအား ခွဲခြားဖိနှိပ်မှူများ ပြုလုပ်လာခဲ့ကြောင်း ခွဲခြားဆက်ဆံခံရသူနှင့် ကျေးရွာသားများက ပြောကြားသည်။
အန်အယ်လ်ဒီပါတီဝင်များဖြစ်သည့် မုဆိုးမလေးဦး၏ နေအိမ်ခြံစည်းရိုးများအား အစိုးရလမ်းပေါ် ကျူးကျော်နေသည့် အတွက် ဧပြီလ ၂၂ ရက်စွဲဖြင့် တစ်ပတ်အတွင်း ဖျက်ပေးရန် စာထုတ်ခဲ့ပြီး ဧပြီလ ၂၉ ရက်နေ့တွင် ခြံစည်းရိုးနှစ်ခုအား အဖျက်ခံရပြီးဖြစ်ကြောင်း အင်အယ်လ်ဒီပါတီ၏ စည်းရုံးရေးမှူး တစ်ဦးဖြစ်သူ ဦးစိုးမောင်လေး က ဆိုသည်။
ကျေးရွာလမ်းချဲ့ရန်အတွက် တစ်ရွာလုံးအနေအထားဖြင့်ချဲ့ရမည်ဆိုလျှင် လုပ်ပေးနိုင်ကြောင်း ၊ လမ်း အတွက် လှူလျှင် ကုသိုလ်ရသည်ဟုပင် ခံယူကြောင်း ခြံစည်းရိုးအဖျက်ခံရသူများနှင့် ကျေးရွာသူ ရွာသား အချို့ကပြောသည်။
“ ကျွန်တော်ကိုလည်း ဘိလိယက်ခုံပိတ်ဖို့၊ လမ်းဘေးက ကွမ်းဆိုင်လေးကို ပိတ်ပေးရမယ်လာပြောတယ် ” ဟု အုပ်ချူပ်ရေးမှူး၏ ဖခင်က ဆိုသည်။ ဝေဒီကျေးရွာအတွင်းတွင် ဘိလိယက်ခုံပိုင်ရှင်သုံးဦးရှိသည်။
ကြားဖြတ်ရွှေးကောက်ပွဲပြီးကတည်းက အသေးအဖွဲကိစ္စလေးများမှသည် ယခုကဲ့သို့ ခြံစည်းရိုးဖျက်ပေး ရသည့် ကိစ္စများအထိ ခွဲခြားဆက်ဆံမှူများရှိကြောင်း အုပ်ချူပ်ရေးမှူး၏ ဖခင်ကပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး လောင်းလုံးမြို့နယ် အန်အယ်လ်ဒီ ရုံးသို့ ဆက်သွယ်ရာ “ ကျွန်တော်တို့အနေနဲ့ ဘာမှ မလုပ်ပေးနိုင်ပါဘူး။ အကြံပေးရုံပဲ အကြံပေးနိုင်တာပါ ” လောင်းလုံမြို့နယ်မှာ အင်အယ်လ်ဒီ ပါတီ ဥက္ကဌ ဦးရွှေတင်က ဆိုသည်။
ယခုကဲ့သို့ ပါတီဝင်များအရေးကို လုပ်ဆောင်ပေးနိုင်ခြင်းမရှိလျှင် ၂၀၁၅ ရွှေးကောက်ပွဲတွင် စည်းရုံးရေး အတွက် အခက်အခဲဖြစ်နိုင်သည်ဟု ဝေဒီကျေးရွာမှ အင်အယ်လ်ဒီပါတီ စည်းရုံးရေးမှူး ကိုစောမောင်လေး က ပြောကြားသည်။
လောင်းလုံမြို့နယ်၏ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးအောင်စိုးမှာ ရန်ကုန်သို့ ရောက်ရှိနေသဖြင့် ဝေဒီကျေးရွာတွင် ဖြစ်နေသည့်ကိစ္စကို မသိသေးပဲ လွတ်တော် မတက်ဖြစ်သေး၍ ပြန်ရောက်လာလျှင် အမြန်ဆုံး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။ ။

လွမ်းဆွတ်သတိယပုံလေးကတမျိုး

Kyi Min Oo

ဉီးဇာဂနာ အားမာန်ပါ၍ လုံချည်စ မြေခလုနီ့း :-)

Waiphyo Naing

အရင်နဲ့ မတူပုံစံပြောင်းသွားပီ...


ဘာပုံစံပြောင်းသွားလဲဆိုတော့ ယာဉ်ထိန်းရဲတွေရဲ့ ပိုက်ဆံတောင်းတဲ့ ပုံစံပြောင်းသွားတာပါ။
ဒီလိုဗျ... ရန်ကုန်မြို့ရဲ့ မီးပွိုင့်ရှိတဲ့ လမ်းဆုံတော်တော်များများမှာ ရှိတဲ့ ယာဉ်ထိန်းရဲတွေကို ဘတ်စ်ကား စပယ်ယာတွေ ပိုက်ဆံလေးတွေ.. ပစ်ချပေးကြတာ.. တွေ့ဖူးကြမယ်ထင်တယ်ပါတယ်.. အဲလိုပစ်ချပေးလိုက်ရင်.. အဲဒီရဲတွေက ကိုယ်တိုင်မကောက်ပဲ... ကလေး (သို့)လူကြီးတစ်ယောက်ကို လိုက်ကောက်ခိုင်းပါတယ်။ အခုတော့ အဲလို ချမပေးတော့ပါဘူး.. ဟုတ်ပါတယ်.. ဒါဟာ အလွန်ကို သရုပ်ပျက်ပါတယ်... ဘာကြောင့် ဒီယာဉ်ထိန်းရဲတွေကို ဘတ်စ်ကားတွေက ငွေပဲလဲဆိုတော့ ကားချင်းပြိုင်လာရင်ပဲဖြစ်ဖြစ်... မီးပွိုင့်လွတ်ရင် ခေါက်ရေပိုလာနိုင်တာ စသည်တို့ကြောင့် မီးပွိုင့်ရှိ ရဲကို မီးပွိုင့်ကို လိုသလို ကစားခိုင်းစေချင်တာကြောင့် ဖြစ်ပါတယ်။
ဒီလိုသရုပ်ပျက်ပြီး လူသိများလာတဲ့အတွက် နိုင်ငံတော်က ဒီလိုလုပ်ရပ်တွေကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူလိုက်တဲ့အတွက် ပျောက်သွားတယ်ဆိုရင်လဲ မမှားဘူးပေါ့... အခုတော့ အဲဒီလို သရုပ်မပျက်တော့ဘူး...
မီးပွိုင့်မှာ ပန်းရောင်းတဲ့လူအနေနဲ့ ငွေလိုက်တောင်းတယ်... သိသာတာက တကယ်ပန်းရောင်းတဲ့သူလက်ထဲမှာ ပန်းတွေအများကြီးပါပေမယ့်.. အဲဒီငွေလိုက်တောင်းတဲ့ သူ (ယာဉ်ထိန်းရဲ စေခိုင်းထားသူ) လက်ထဲမှာတော့ ပန်း တစ်ကုံးပဲပါတယ်... ယာဉ်ထိန်းရဲများမှာ ဒီလိုပုံစံနဲ့ လက်ရှိ ငွေတောင်းနေကြောင်း... သိရပါတယ်။
ရန်ကုန်မြို့တွင်း ရန်ကုန်မြို့တော်စည်ပင်သာယာမှ လမ်းဘေး၊ လမ်းတွင်း ယာဉ်ရပ်နားခတွေကို ယခင် ၂ဝဝ ကျပ်ကောက်ခံနေရာမှ.. ၃ဝဝ ကျပ် သို့ ပြောင်းလဲ တိုးမြှင့် ကောက်ခံ လျှက်ရှိကြောင်း သိရပါသည်။

မြန်မာကျူ့ ပစ်မန်ဘာတဦး

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားတစ်ဦး သေနတ်ဖြင့် အပစ်ခံရပြီး သေဆုံးသည့်ကိစ္စ၊ အလုပ်သမားကိုးဦး ဖမ်းဆီးရမှု နှစ်ဖက်ညှိုနှိုင်း

by General Knowledge on Sunday, April 29, 2012 at 5:56am ·
ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား တစ်ဦးသေနတ်ဖြင့် အပစ်ခံရပြီး သေဆုံးသည့်ကိစ္စ၊ အလုပ်သမားကိုးဦး ဖမ်းဆီးခံနေရမှုနှင့် မြန်မာအလုပ်သမားနှစ်ဦး ကားပေါ်တွင် သေဆုံးခြင်း ကိစ္စများအတွက် နှစ်ဖက်ညှိနှိုင်းပြီး စုံစမ်းစစ်ဆေး အရေးယူမှုများ ပြုလုပ်ရန်ရှိ


ထိုင်းနိုင်ငံတွင် မြန်မာ အမျိုးသမီးအလုပ်သမား တစ်ဦး သေနတ်ဖြင့်အပစ်ခံရပြီး သေဆုံးသည့် ကိစ္စ၊ နှစ်နိုင်ငံ သဘောတူထားသည့် စာချွန်လွှာဖြင့် ၀င်ရောက်လာသည့် မြန်မာအလုပ်သမား ကိုးဦး ဖမ်းဆီးခံရမှုနှင့်  မကြာမီက ဖြစ်ပွားခဲ့သည့် မြန်မာ အလုပ်သမားနှစ်ဦး ကားပေါ်တွင်သေဆုံးခြင်း ကိစ္စများအတွက် စုံစမ်းစစ်ဆေး အရေးယူမှုများ ပြုလုပ်ပေးရန်  မြန်မာဘက်မှ တောင်းဆို ထားကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးကိစ္စများ ဖြေရှင်းရန်အတွက် ဧပြီလအတွင်းက ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သူတစ်ဦးက ပြောကြားခဲ့သည်။

 မြန်မာအမျိုးသမီး အလုပ်သမားတစ်ဦး သေနတ်ဖြင့် အပစ်ခံရပြီး သေဆုံးခဲ့သည့်ဖြစ်ရပ်မှာ ထိုင်းနိုင်ငံ၊ ကရဘူရီမြို့နယ်၊ အပေါက်ဝကျေးရွာအုပ်စု၊ နမ္မဒင်းကျေးရွာတွင် မတ်လအတွင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်း အမျိုးသမီးမှာ ရာဘာခြံတစ်ခုတွင် အလုပ်လုပ်နေသူဖြစ်ကာ ယာယီ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူဖြစ်ကြောင်း သိရသည်။

မောင်ဖြစ်သူထံ သွားရောက်ကာ နေရပ်ပြန်မည်ဖြစ်သဖြင့် ငွေ/ပစ္စည်းထည့်ပေးနိုင်ရန် ပြောကြားရာ မောင်ဖြစ်သူက အလုပ်ရှင်ထံမှ ပိုက်ဆံသွားတောင်းခဲ့ကြောင်း၊ အလုပ်ရှင်က အရက်မူးနေ၍ အချင်းများပြီး ထိုအလုပ်ရှင်က သေနတ်ဖြင့် ပစ်လိုက်ရာ

၎င်းသည် ခင်ပွန်းနှင့် မြန်မာနိုင်ငံသို့ ခေတ္တပြန်ရန်စီစဉ်နေပြီး အခြားရာဘာခြံတစ်ခုတွင် အလုပ်လုပ်နေသည့် မောင်ဖြစ်သူထံ သွားရောက်ကာ နေရပ်ပြန်မည်ဖြစ်သဖြင့် ငွေ/ပစ္စည်းထည့်ပေးနိုင်ရန်ပြောကြားရာ မောင်ဖြစ်သူက  အလုပ်ရှင်ထံမှ ပိုက်ဆံသွားတောင်းခဲ့ကြောင်း၊ အလုပ်ရှင်က အရက်မူးနေ၍ အချင်းများပြီး ထိုအလုပ်ရှင်ကသေနတ်ဖြင့် ပစ်လိုက်ရာ မ-- ကို ထိမှန်သေဆုံး ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ၎င်းင်း ဖြစ်စဉ်ကို ကရဘူရီရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်းလည်းသိရသည်။

“ဖူးခက်မှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်ဖို့  မြန်မာအလုပ်သမား ၁၃၉ ဦးကို ဖေဖော်ဝါရီလအတွင်းမှာတရားဝင် သဘောတူညီမှုနဲ့ ပို့ခဲ့တယ်။ ဟိုရောက်တော့ အလုပ်ရှင်ရဲ့ စီမံမှုနဲ့ အလုပ်သမားရုံးကို သတင်းပို့ရတယ်။ ကျန်းမာရေး စစ်ဆေးရတယ်။ အလုပ်လုပ်ခွင့်လျှောက်ရတယ်။ လျှောက်ထားဆဲမှာ အလုပ်သမားကိုးဦးကို အလုပ်လုပ်ခွင့်လက်မှတ် မရှိလို့ဆိုပြီး ဖမ်းဆီးထားတယ်။ အဲဒီကိစ္စကို complain လုပ်ပြီး သူတို့ဘက်က တာဝန်ရှိသူတွေကို ပြောခဲ့ပါတယ်” ဟု မြန်မာကိုယ်စားလှယ် အဖွဲ့၌ လိုက်ပါခဲ့သူ တစ်ဦးက ပြောကြားခဲ့သည်။

“Sadao Immigration office in  Songkhla Province  ကနေ မြန်မာ အလုပ်သမား ၆၂ ဦးကို ပြည်နှင်ဒဏ်ပေးခဲ့တယ်။ သူတို့ကို မဲဆောက်သို့ ဧပြီလ ၁၆ ရက်နေ့က ကားနဲ့ပို့တဲ့ အခါမှာ အလုပ်သမားနှစ်ဦး အသက်ရှူကျပ်ပြီး သေဆုံးခဲ့တာကို ဧပြီ ၁၇ ရက်မှာ တွေ့ရတယ်။ သေဆုံးတာက အသက် ၂၅ နှစ်ရှိ အမျိုးသားတစ်ဦးနဲ့ အသက် ၃၆ နှစ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ ဒီကိစ္စကိုလည်း စုံစမ်းစစ်ဆေးပေးဖို့၊ သေဆုံးသွားတဲ့ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေ လုပ်ပေးဖို့၊ တာဝန်ရှိသူတွေကို အရေးယူပေးဖို့၊ မဲဆောက်မှာလည်း စုံစမ်းစစ်ဆေးပေးဖို့ request လုပ်ထားပါတယ်။ အခု ရက်ပိုင်းတွင်းမှာပဲ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ ဖွဲ့ပြီး လုပ်သွားမယ်လို့ သိရပါတယ်” ဟု ၎င်းကပြောပြသည်။

မြန်မာနိုင်ငံမှ အလုပ်သမားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကိစ္စရပ်များ ဖြေရှင်းရန်အတွက် ဧပြီလ ၁၈ ရက်မှ ၂၀ ရက်ထိ ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး  ထိုင်းနိုင်ငံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရီးစဉ်အတွင်း Songkhla Province မှ စက်ရုံတစ်ခုတွင် အလုပ်သမားများ ဆန္ဒပြမှု၊ ကန်ချနာဘူရီရှိ အစားအသောက် စက်ရုံတစ်ခုမှ မြန်မာအလုပ်သမားများ ဆန္ဒပြမှုများကိုလည်း ညှိနှိုင်းဖြေရှင်းပေးခဲ့သည်။

ပြည်ပအလုပ်အကိုင် အလုပ်သမားစေလွှတ်သည့် ကိစ္စ၊ အလုပ်သမားများအား အကာအကွယ်ပေးရေး စသည်တို့ဆောင်ရွက်ရန်  ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့် ကြော်ငြာစာ အမှတ် (၂၄/၂၀၁၁) ဖြင့် ဖွဲ့စည်းပေးခဲ့သည်။

အသက် ၂၁ နှစ်အရွယ် မိန်းကလေးနဲ့ ရဲစခန်းမှာ ထွက်ဆိုချက်ပေးအပြီး အင်တာဗျုး


အဘ ဥက္ကာကိုကို

စာရေးဆရာသွန်းနေစိုး(ခ) ဒဿကျော်စွာ(ခ) ဒိဗ္ဗကျော်စွာ ရဲ့အမှုမှာ အသက် ၂၁ နှစ်အရွယ်
ကာယကံရှင်မိန်းကလေးနဲ့ မင်္ဂလာတောင်ညွှန့်ရဲစခန်းမှာ ထွက်ဆိုချက်ပေးပြီးအပြန် အင်တာဗျုးခဲ့ကြပါတယ်။ မိန်းကလေးက ခုထိကြောက်လန့်နေဆဲပုံစံဖြစ်ပြီး ရဲရဲမပြောရဲသေးပါဘူး။
မိဘတွေက ဒီသတင်းကို ဖော်ပြခွင့်ပြုပြီးဖြစ်တဲ့အတွက် အသံဖိုင်ဖြည်ပြီး တင်ပေးလိုက်ပါတယ်။

ကာယကံရှင်မိန်းကလေး၏ပြောစကား ““အိမ်ပြန်မယ်လို့ပြောတော့လည်း အတင်းဖက် ပြီးတော့ နောက်ကနေလှမ်းဆွဲပြီးတော့ မပြန်နဲ့ဦး။ တစ်ခါတည်းရှင်းမယ်ဆိုပြီးတော့ လက်နှစ်ဖက် စလုံးကိုချုပ်ပြီးတော့ အတင်းကိုဖက်ထားတယ်။ သမီးခိုးဆက်သေး တယ်။ ပေါ်တင်ကြီးမဆက်ရဲ ဘူး။ ရေချိုးခန်းထဲဝင်ပြီး သမီးခိုးဆက်တယ်။ ပေါ်တင်ကြီးဆက်ရင် အရင်လိုပဲ ဗြူးဗြူးဗြဲဗြဲလုပ် မှာကြောက်တယ်””

သတင်းထောက်။ ။ ညီမလေးအသက် ဘယ်လောက်ရှိပြီလဲ။

ဖြေ။ ။ ၂၁ မပြည့်သေးဘူး။

သတင်းထောက်။ ။ ညီမ အရင်က သူအိမ်ထောင်ရှိတယ်ဆိုတာကော သိလား။

ဖြေ။ ။ မသိဘူး။ နောက်ပိုင်းမှ သိတာ။ သေသေချာချာလည်း အဲ့လိုမပြောဘူး။

မိသားစုဝင်တစ်ဦးဝင်မေး။ ။ သမီးက သူ့ကိုပေါင်းချင်တာလား။

ဖြေ။ ။ ဟင့်အင်း။ သူ့ကို့ကြောက်နေလို့သာ။ အဲဒီလိုမျိုး တစ်ခုခုဆို အိမ်ပေါ်တက်ပြီး ဆွဲရမလားတို့၊ ညီမကို တစ်ခုခုလုပ်ပစ်လိုက်ရမလားတို့၊ သူ့တပည့်တွေ ဘယ်လောက်ရှိ တယ်ဆိုတာ သိတယ်မလားတို့၊ ရှေ့ကတစ်ယောက်ကို ဘယ်လိုမျိုး အရေခွံနွာတာတို့ ဘာတို့ပြောတယ်။ အဲဒီအိမ်လိပ်စာသမီးပြောလိုက်လို့ရှိရင် မရောက်လာခင်မှာ ပွဲကြမ်းမှာကြောက်လို့။ ဟိုးတစ်ခါလိုပဲ ဖက်ကိုက်မှာ။ ကိုင်ဆောင့်မှာ ။

သတင်းထောက်။ ။ သူက ညီမလေးတို့ကျောင်းထဲကို လာတာလား။

ဖြေ။ ။ ကျောင်းထဲကိုဝင်တယ်။ အဲဒီရက်မတိုင်ခင်က သူ့တပည့်တစ်ယောက် လာတယ်လို့ ပြောတယ်။ သမီးနဲ့ ရှေ့ဆင့်နောက်ဆင့်လွဲသွားတယ်။

သတင်းထောက်။ ။ ညီမလေးနဲ့ ကျောင်းထဲမှာတွေ့တာလား။

ဖြေ။ ။ မဟုတ်ဘူး။ ဟို ဖူးစာရှင်ဖော်ထုတ်ပွဲလေ။ အဲဒီမတိုင်ခင် အင်တာနက်မှာတွေ့တယ်။ ပြီးတော့မှ သူ့ပွဲမှာတွေ့တာ။

မိသားစုဝင်၏ မိတ်ဆွေတစ်ဦးပြော။ ။သူ့ရဲ့ကာရိုက်တာတွေအများကြီးသိပြီ။ သမီးလေး ဘာမက်မောမှာလဲ။

ဖြေ။ ။ သူ့ကိုပြတ်မယ်ပြောတိုင်း ထွက်ပြေးတိုင်း အဲ့လို ဆွဲဆောင့်တာတို့၊ အဲလိုဟာကြီးတွေကြောက်နေတယ်။ ဖက်ကိုက်တာ။ အရင်က ပြတ်မယ်ပြောရင်လည်း ဆွဲဆောင့်၊ ဆောင့်တွန်း။

သတင်းထောက်။ ။ အခုက ညီမလေးကို သူခေါ်သွားတာလား။ ဘယ်လိုတွေ့ပြီး ဘယ်လိုဖြစ် တာလဲ။

မိသားစုဝင်မိတ်ဆွေတစ်ဦးဝင်ရှင်းပြ။ ။ သမီးလေးကို ကိုယ်ဝန်ရတယ်ဆိုပြီးတော့မှ ဒလကို သူကခေါ်သွားတယ်။ ဒလခေါ်သွားပြီးတော့မှ ဘိုကလေးကိုခေါ်တယ်။ အဲဒီကိုယ်ဝန်ဖျက်ချဖို့ဆိုပြီးတော့။ အဲဒီလိုပြောပြီး ညာခေါ်သွားတယ်။

သတင်းထောက်။ ။ ဘိုကလေးမှာ ဘယ်လောက်ကြာခဲ့လဲ။

ကာယကံရှင်ဖြေ။ ။ ဘိုကလေးမှာ ၃၁ ရက်နေ့ကနေ ၄ ရက်နေ့ညနေမှ အဲဒီကပြန်လာတယ်။ သင်္ကြန်ရက်လည်းအဲဒီအိမ်မှာပဲ။

သတင်းထောက်။ ။ ကိုယ်ဝန်ရှိနေတယ်ဆိုတာ ညီမလေးက ကိုယ့်ဘာသာ သိတာလား။

ဖြေ။ ။ အဲလိုမျိုးလားမသိဘူးလို့ပဲပြောလိုက်တာ။ အဲဒါကို စစ်တယ်လို့ပြောတာပဲ။ ဟုတ်မဟုတ်တော့မသိဘူး။ စာရွက်လည်းပြန်ပြီးတော့ မပြဘူး။

သတင်းထောက်။ ။ စဖြစ်တဲ့နေ့က ဘယ်နေ့ကလဲ။

ဖြေ။ ။ ၃၀ ရက်နေ့ မတ်လ။

သတင်းထောက်။ ။ ညီမလေးက ဘယ်ကျောင်းတက်နေတာလဲ။

ဖြေ။ ။ ဆေးဖက်ဆိုင်ရာနည်းပညာတက္ကသိုလ်။

မိသားစုဝင်တစ်ဦးဝင်မေး။ ။ သမီးလေးက သူ့ကိုအရမ်းချစ်လား။

ဖြေ။ ။ မချစ်ဘူး။ အရင်တုန်းက ဒီလိုပဲကြိုက်တာ။ နောက်ပိုင်း သူအဲ့လိုမျိုး ခြိမ်းခြောက်တာ ကို ကြောက်ကြောက်နေတာ။ ဖက်ကိုက်တာ။ ဟိုတစ်နေ့ကလည်း ဖက်ကိုက်သေးတယ်။

မေး။ ။ ဘယ်နားကိုက်လဲ။

ဖြေ။ ။ လက်။ ဒီလက်မောင်းကို။ အိမ်ပြန်ပြေးလို့။ နောက်ကနေအတင်းလိုက်ဆွဲပြီး။ ဗိုလ်တစ်ထောင်ဘုရားနားမှာ။

သတင်းထောက်။ ။ ပထမအကြိမ်လက်ထပ်စာချုပ်၊ မိဘတွေမသိအောင်ချုပ်လိုက်တယ်။ ပြီးတော့ကွာရှင်းလိုက်တယ်။ ဒုတိယအကြိမ်လက်ထပ်စာချုပ်လုပ်ဖြစ်အောင် သူကဘယ်လို ဖိအားတွေပေးခဲ့လဲ။ ဘယ်လိုတောင်းဆိုခဲ့တာတွေရှိလဲ။

ဖြေ။ ။ အဲဒီလိုပေါ်တင်ကြီးဘာမှမပြောဘူး။ သူစင်ကာပူမထွက်ခင် ရှိတယ်ဆိုတဲ့ကိုယ်ဝန်ကို ဖျက်ပေးခဲ့မယ်တဲ့။ တစ်ခါတည်းရှင်းပေးပြီး စိတ်ချလက်ချထွက်သွားမယ် တဲ့။ ပြန်လာချင် လည်းလာမယ်။ မလာချင်လည်းမလာဘူးတဲ့။ အဲလိုမျိုးပြောပြီးတော့ ဟိုဖက်ကိုမျှားခေါ်သွားတာ။ အဲလိုမျိုးပဲထင်တယ်။ ပြီးတော့မှမဟုတ်ဘူး။ ဘိုကလေးကိုဖြစ်နေတယ်။ လမ်းမှာ ပြန်လှည့် ခိုင်းတယ်။ မလှည့်ပေးဘူးလေ။ မိုးချုပ်နေပြီ ၇ နာရီခောက်ဖြစ်နေပြီ။ ဒါမှမဟုတ်လို့ရှိရင် ကားတံခါးဖွင့်လိုက်မယ်။ နှစ်ယောက်တွဲပြီးခုန်ချမယ်တဲ့။ အဲဒါနဲ့ ပြန်လှည့်ပေးလို့ပြောတော့ ဘိုကလေးလို့လည်းမပြောဘူး။ ကားသမားကိုမေးတော့လည်း ဘာမှမပြောဘူး။ နောက်မှ ၀ါးခယ်မတဲ့။ ၀ါးခယ်မဆိုတော့ ပုသိမ်ရောက်အောင်ပို့ပေးရမယ်လို့။ ရန်ကုန်မရရင် ပုသိမ်ပို့ပေး လို့ပြောလိုက်တယ်။ အဲဒါနဲ့ ၀ါးခယ်မ ၀ါးခယ်မလို့ပြောပြီး ဘိုကလေးရောက်သွားတယ်။ ဘိုကလေးမှာ တည်းခိုခန်းတစ်ခုမှာနေရတယ်။

မေး။ ပထမအကြိမ်လက်ထပ်စာချုပ်ချုပ်ထားတာ ဘယ်လောက်အချိန်ကြာလဲ။ မှတ်မိလား။ ဒုတိယအကြိမ်လုပ်ဖြစ်တာကော။ ကွာရှင်းလိုက်တာရော ဘာကြောင့်လဲ။

ဖြေ။ ။ သူ့မယားကြီးရှိတယ်ဆိုတာသိလို့။ ဆယ်ရက်ကြာတဲ့အချိန်မှာ ဘိုကလေးကိုမျှားခေါ်သွား တယ်။ အဲဒီနေ့က မထိုးခင်မှာ ဗျုးဗျုးဗြဲဗြဲထလုပ်တယ်။ တရားရုံးထဲတော့ခေါ်သွားတယ်။ အဲဒီမှာ တရားသူကြီးလည်းမရှိဘူး။ တရားရုံးက အခန်းတစ်ခုထဲမှာပဲ။ လက်မှတ်ထိုး လက်မှတ်ထိုးဆိုပြီး တရားသူကြီးရှေ့မှာလည်းမဟုတ်ဘူး။ ထိုးခါနီးတင် ထိုင်မလားမထိုင်ဘူးလားလို့မေးတယ်။ မထိုင်ဘူးလို့။ မထိုင်ရင် ဘာဖြစ်တယ်ညာဖြစ်တယ်အခုချက်ချင်းထိုင်ဆိုပြီး ဗျုးဗျုးဗြဲဗြဲလုပ်တော့ မထိုးရင်အရင်လိုပဲ ဖက်ကိုက်တာတို့ဘာတို့ လာမှာစိုးလို့။

သတင်းထောက်။ ။ အခုညီမလေးရဲ့စိတ်ထဲမှာ အဖြစ်ချင်ဆုံးဆန္ဒက ဘာဖြစ်မလဲ။

ဖြေ။ ။ အိမ်မှာပဲအဖေနဲ့အမေတို့နဲ့ ပြန်နေချင်တယ်။ သူ့ကိုလည်းအများကြီးကြောက်တယ်။ ဒီစာချုပ်ရှိနေတယ်။ ပြန်ပြေးလို့ရှိရင်လည်း အဖေကြီးနဲ့အမေကြီးနဲ့ကိုပြန်ပြီးတော့ တရားစွဲ လိုက်ရမလား။ မင်းညီမရှိနေတယ်။ မင်းညီမကိုလည်း အဲလိုမျိုး လုပ်လိုက်ရမလား လို့ ပြောထား တယ်။ ဟိုးအရင်ကတည်းက အဲဒီဟာနဲ့ ခြိမ်းခြောက်တာ။ အိမ်ကမသိတော့ အိမ်ကိုပြောလိုက်ရ မလားဆိုပြီး အိမ်ရှေ့မှာတင်လာပြီး ဖုန်းဆက်ပြီးခြိမ်းခြောက်တာ။

သတင်းထောက်။ ။ သူ့ရဲ့ဖေ့စ်ဘွတ်ပရိုဖိုင်းမှာ ထက်ထက်အောင်နဲ့ လက်ထပ်ထားတယ်လို့ရေး ထားတယ်။

ဖြေ။ ။ Marrie ဆိုတာ။ အဲဒါ ဟုတ်တယ်။ အင်တာနက်ဆိုင်မှာထိုင်ပြီး လုပ်ခိုင်းထားတာ။ မလုပ်ရင်လည်း ဗျုးဗျုးဗြဲဗြဲနဲ့ သူ့ကို အဲဒါပဲကြောက်နေရတယ်။ အရင်က အိမ်ကမသိသေးတော့ အိမ်ကိုပြောလိုက်မယ် အကျပ်ကိုင်တယ်။

သတင်းထောက်။ ။ တရားရုံးမှာကျရင် ဒီအတိုင်းပဲထွက်ဆိုမှာလား။

ဖြေ။ ။ သူလုပ်ခဲ့တဲ့အတိုင်းပဲ။ သူခြိမ်းခြောက်ထားတာတွေအကုန်လုံးကို ပြောမယ်။ အရင်တုန်း က သူ့ကိုကြောက်နေရတယ်။ သူ့အနောက်မှာ ဘယ်သူရှိတယ်။ ဘယ်လိုလုပ် မယ်။အဲလိုမျိုးခြောက်တဲ့ဟာတွေ။ သူ့တပည့်ရှိတယ်။ သူ့တပည့်ဆို ဘယ်လိုမျိုး။ အရင် ကျော်အောင်ဦးဆိုတာရှိတယ်။ သူ့တပည့်က အမြဲမူးပြီးတော့။ သူ့တပည့်က ဘယ်လို လူမိုက်။ လူဆိုရင် ဘယ်လိုမျိုးသတ်ရဲတယ်။ အဲလိုမျိုး ခြိမ်းခြောက်တာ။ နောက် သူ့နောက်မှာ လည်း တခြားတပည့်တွေရှိသေးတယ်။ ညာခေါ်သွားတဲ့နေ့က သူ့တပည့်တွေပါတယ်။

(မှတ်ချက်။ ။ အမေးအဖြေများကို ပြည်မြန်မာဂျာနယ်မှ သတင်းထောက်ချုပ်၊ Voice ဂျာနယ်မှ သတင်းထောက်နှင့် Messenger News ဂျာနယ်မှ တာဝန်ခံအယ်ဒီတာတို့က မေးမြန်းထားပါ သည်။)


ယခင်ပို့စ်ဖတ်ရန်

ကော့သောင်းကျောက်မီးသွေးစက်ရုံအတွက် သမ္မတဆီကို ပို့တဲ့စာ

ဒီ/ချုပ်ပါတီမှ လေးဦးဆစ်ဒနီမြို့သို့ ထွက်ခွာစဉ်။

NLD ဒီ/ချုပ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သစ် သုံးဦးဖြစ်တဲ့ ဒေါ်စန္ဒာမင်း၊ ဦးဖြိုးမင်း သိန်း၊ ဦးဖြိုးဇေယျာသော် (ဇေယျာသော်)နဲ့ တေးသံရှင် လင်းလင်းတို့ လေးဦးဟာ ဒီနေ့ ဧပြီ ၂၈၊ ၂ဝ၁၂ နံနက် ၉း၃ဝ နာရီ တွင် မင်္ဂလာဒုံလေဆိပ်မှ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့သို့ ထွက်ခွာသွားခဲ့ပါတယ်။
သြစတေးလျ နိုင်ငံမှာ လက်ရှိအာဏာရပါတီဖြစ်တဲ့ လေဘာပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ကမ်းလှမ်း ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ဆစ်ဒနီတက္ကသိုလ် (University of Sydney’s Graduate School of Government) မှာ ဧပြီလ ၃ဝ မှ မေလ ၄ ရက်နေ့အထိ ဒီ/ချုပ်ပါတီ ဝင်လေးဦးဟာ နိုင်ငံရေးနှင့် မူဝါဒရေးဆိုင်ရာ အကြံပေး သင်တန်းကို တက်ရောက် သင်ကြား လေ့လာမှာ ဖြစ်ပါတယ်။ ၎င်းတို့ လေးဦးဟာ မြန်မာနိုင်ငံကို မေလ ၉ ရက်နေ့မှာ ပြန်လည် ရောက်ရှိမယ်လို့ သိရပါတယ်။
ဦးဖြိုးဇေယျာသော်၊ဒေါ်စန္ဒာမင်း၊ ဦးဖြိုးမင်းသိန်းနှင့်ဦးလင်းလင်း တို့လေးဦးကို မင်္ဂလာဒုံလေဆိပ်တွင် တွေ့ရစဉ်။

http://www.myanmarij.com/

NLDရုံးချုပ်တွင် စာကြည့်တိုက်ကဒ် ပြုလုပ်ပြီး စာအုပ်များငှားရမ်းနိုင်

ရန်ကုန်၊ ဧပြီ ၂၈၊ ၂ဝ၁၂
ဗဟန်းမြို့နယ် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်တွင် စာကြည့်တိုက်ကဒ်ပြုလုပ်ပြီး နိုင်ငံရေးနှင့် သက်ဆိုင်သော စာအုပ်များ၊ ရှာဖွေရန်ခက်ခဲသော စာအုပ်အဟောင်းများ ကို ငှားရမ်းဖတ်ရှုနိုင်ကြောင်း၊ စာကြည့်တိုက်တာဝန်ခံ၏ ပြောကြားချက်အရ သိရ သည်။ စာကြည့်တိုက်အနေဖြင့် တသီးတသန့် ပြုလုပ်ထားသည်မဟုတ်သော်လည်း ကဒ်ပြုလုပ်ထားသူများကို ငှားရမ်းသွားမည် ဖြစ်သည်။ စာကြည့်တိုက်ကို မေလကုန်ခန့်တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိပြီး မည်သူမဆိုလွတ်လပ်စွာ ငှားရမ်းနိုင်ကြောင်း သိရသည်။ စာကြည့်တိုက်ကဒ် ပြုလုပ်ရန်အတွက် ငွေတစ်ထောင်ကျပ်နှင့် သက်ဆိုင်ရာမြို့နယ် NLDအဖွဲ့ဝင်တစ်ယောက်၏ ထောက်ခံချက် လိုအပ်မည် ဖြစ်သည်။ စာကြည့်တိုက်ကဒ် အတွက်ကို NLDရုံးချုပ်ရှိ ဧည့်ကြိုကောင်တာတွင် စုံစမ်း မေးမြန်းနိုင်ကြောင်း သိရှိရပါသည်။
http://www.myanmarij.com/?p=1340

ကျောက်တံတားမြို့နယ်၊ ၃၉ လမ်း(အထက်)တွင် လူသေမှုတစ်ခုဖြစ်ပွား


ရန်ကုန်၊ ဧပြီ ၂၈၊ ၂ဝ၁၂

လမ်းပေါ်တွင် သေဆုံးနေသူ ဦးကျော်ကျော်
လမ်းပေါ်တွင် သေဆုံးနေသူ ဦးကျော်ကျော်
ရန်ကုန်တိုင်းဒေသ ကြီး၊ ကျောက်တံတားမြို့နယ်၊ ၃၉ လမ်း(အထက်) တွင် ဧပြီ ၂၈ နေ့လယ် ၁ နာရီ ၅ဝ ဝန်းကျင်ခန့်က လူ တစ်ဦးလဲကျသေဆုံးနေ ကြောင်း သတင်းရရှိသည်။
ကျောက်တံတား ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ကျော်မိုးနှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး၊ သေမှုသေခင်း အခြေအနေကို ဓာတ်ပုံ ရိုက်မှတ်တမ်းတင်ခြင်းနှင့် ရဲလုပ်ငန်းဆိုင်ရာများကို ဆောင်ရွက်ပြီး မွန်းလွဲ ၂ နာရီ ၅ဝ မိနစ်တွင် အလောင်းအား ရန်ကုန်ပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင်လိုက်သည်။
မျက်မြင် သက်သေတစ်ဦး၏​  ပြောကြားချက်အရ​  သေဆုံးသူမှာ မနက် ၇ နာရီ ခွဲခန့်က ၃၉ လမ်း(အပေါ်) တွင်လဲကျနေပြီး ကားအသွားအလာခက်ခဲမှုကြောင့် အနီးရှိအိမ်တစ်အိမ်ရှေ့သို့ အနီးနားမှ ဈေးသည်များ၏ အကူအညီဖြင့် ရွှေ့ပြောင်းခဲ့ရ ကြောင်း၊ မနက် ၁၁ နာရီ ခန့်တွင် ၎င်းမှာမျက်ဖြူလန်ပြီး သေဆုံးသွားကြောင်း၊ ထို့နောက် ကျောက်တံတားမြို့နယ်၊ ၈ ရပ်ကွက်၊ဥက္ကဋ္ဌ ဦးမောင်မောင်လှထံသို့ ဖုန်းဖြင့်​ ဆက်သွယ် အကြောင်းကြားရာ ၁ နာရီ ၅ဝ လောက်မှာ​  ရောက်လာတာ​  တွေ့ရကြောင်း MIJ သို့​ ပြောကြားသည်။
သေဆုံးသူ၏ အခြေအနေနှင့်သူ့မိသားစုအကြောင်း ကို MIJ မှ စုံစမ်းရာ သေဆုံးသူ အမည်မှာ ဦးကျော်ကြီး (ခ) ဦးကျော်ကျော် (၃၈)နှစ်ဖြစ်သည်။ ၃၈ လမ်းနှင့် မဟာဗန္ဓုလလမ်းထိပ် တွင် ရေခဲရေရောင်း၍ အသက်မွေး ဝမ်းကြောင်းနေသူ တစ်ယောက်​ ဖြစ်ကြောင်းသိရသည်။ သေဆုံးသူ ဦးကျော်ကြီးနှင့် ရင်းနှီးသူ ဘဝတူဈေး သည်တစ်ဦးက ၎င်းင်း၏မိတ် ဆွေနှင့်ပတ်သက်၍ပြောကြား ရာတွင် “ကိုကျော်ကြီးဘဝ က အရမ်းသနားဖို့ကောင်းပါတယ်။ ဒီမနက်စောစောကတောင် သူနဲ့တွေ့သေးတယ်။ အကောင်းကြီးပါဗျာ။ ဒါပေမဲ့ သူတော်တော်လေး မူးနေပြီ။သူ့ဇနီးနဲ့ကွဲနေတာ ၇ နှစ် ၈ နှစ်လောက်ရှိပြီ။ ကလေး တစ်ယောက်ရှိတယ်။ သူ့ဇနီး မချိုချိုက အဲဒီကလေးနဲ့ ဒလ မှာနေတယ်။ အရင်ကတော့ အမဲအူသုပ်ရောင်းတယ်။  ကိုကျော်ကြီးက သာကေတ မာန်ပြေရပ်ကွက်မှာ အရင်က သူ့အမေအိုကြီးနဲ့နေတယ်။ နောက်စားရေးခက်ခဲလာတော့ သူ့အမေအိုကြီးကို ဘိုးဘွား ရိပ်သာကို ပို့လိုက်ရတယ်။ အဲဒီနောက်ပိုင်းတော့ အရက် ကို အဖော်လုပ်ပြီး ရေခဲရေ ရောင်းလိုက်၊ ရတာသောက် လိုက်ပေါ့။ အခုတော့ သူ့ဘဝ ကို အရက်ကပဲ ဇာတ်သိမ်း လိုက်ပြီပေါ့ဗျာ”ဟု ဘဝတူ သူငယ်ချင်း၏ ကြေကွဲဇာတ် သိမ်းကို ပြောပြပါသည်။
မနက် ၁၁ နာရီခန့်က တည်းက သေဆုံးသူ၏ အလောင်းအား ပုဆိုးဟောင်း တစ်ထည်ဖြင့် ဖုံးအုပ်၍ထားရပြီး၊နေ့လယ် ၂နာရီဝန်းကျင်အထိ ရွှေ့ပြောင်းနိုင်ခြင်းမရှိခဲ့ပေ။ အလောင်းအား ကားငှား၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့မည်ဆိုလျှင် ကားခ မှာ ကျပ် ၃ဝဝဝဝိ/-ဖြစ်၍ ငွေကြေးစိုတ်ထုတ်ပေးမည့် သူမှာပေါ်ထွက်မလာခဲ့ပါ။ ယင်းအခက်အခဲနှင့်ပတ်သက်၍ ကျောက်တံတားရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားရာတွင်“ခက်တယ်ဗျာ၊ လူတစ်ယောက်သေပြီဆိုရင် ဒီငွေဘယ်သူစိုက်ပေးမလဲဆိုတဲ့ ပြဿနာပဲ။ ကျွန်တော်တို့ရဲတွေကလည်း လခက သောင်းဂဏန်းပဲ။ ဒီလခနဲ့ ကားခ ၃ဝဝဝဝိ/-ကျပ်ဆိုတာကို ဘယ်လိုစိုက်နိုင်မှာလဲ စိုက်ပြီထားဦး။ ဘယ်ပုဂ္ဂိုလ်တွေကမှ ပြန်ပေးတာမရှိဘူး။ ဒါထုံးစံပဲ။ အမှုတစ်ခုဖြစ်ပြီ ဆိုရင် ကားခ၊တည်းခိုစရိတ်၊ စားစရိတ်၊ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ။ ဒါကိုပြည်သူတွေက မသိတော့ စည်ပင်သာယာ ပဲဖြစ်ဖြစ်၊ မော်တော်ပီကယ်ပဲ ဖြစ်ဖြစ်၊ ဘာလုပ်လုပ် ကျွန်တော်တို့ ရဲတွေ လုပ်တာပဲ မြင်နေကြတယ်။ အခုလည်း ဒီအလောင်းကို ဒီအတိုင်းကြီး အကြာကြီးထားရတာကျွန်တော်တို့အတွက်လည်း မကောင်းသလို ပတ်ဝန်းကျင်အတွက်လည်း မကောင်းဘူးပေါ့။ ကဲ ဘယ်လိုလုပ်မလဲဗျာ။ ကားခ ၃ဝဝဝဝိ/-ကျပ် စိုက်ပေးမယ့်သူပဲ မျှော်ရတော့မှာပေါ့” ဟု ရဲလုပ်ငန်းတွင် ငွေကြေး အခက်အခဲကြောင့် အမှုအခင်းကို ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာရကြောင်းနှင့် ပြည်သူများ ရဲတပ်ဖွဲ့ဝင်များအပေါ် အမြင်တစ်မျိုး ရှိနေကြောင်းကို MIJ သို့ ပြောကြားသည်။
နေ့လယ် ၃ နာရီခန့်တွင် သေဆုံးသူ ဦးကျော်ကြီး(ခ) ဦးကျော်ကျော်၏ ယောက်ဖဖြစ်သူကိုသက် ဆိုသူ ရောက်ရှိလာပြီး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ လူနာတင်ကားကို ငွေကျပ် ၃ သောင်းဖြင့် ဈေးဆစ်၍ ဆေးရုံကြီးသို့ ပို့ဆောင်ရာ ကျောက်တံတား ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တချို့နှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတချို့ လိုက်ပါကြောင်း တွေ့ရသည်။
http://www.myanmarij.com/?p=1356

ရေပြင်ပိုင်နက် အငြင်းပွားမူတွင် မြန်မာကို အနိုင်ရ၍ ဘင်္ဂလာတို့ ဂုဏ်ပြု အောင်ပွဲခံ

News Date:4/29/2012 အငြင်းပွား ရေပြင်ပိုင်နက်တွင် မြန်မာကို အနိုင်ရရှိခဲ့သဖြင့် ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာအား ဂုဏ်ပြုသော အောင်ပွဲ အခမ်းအနားကို ဧပြီလ ၂၈ ရက်နေ့က မြို့တော် ဒက္ကားရှိ ပါလီမန် အဆောက်အအုံ ရှေ့မျက်နာစာတွင် ပြုလုပ်ခဲ့သည်။



ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာ လူထုမှ အပ်နှင်းသော အောင်ပွဲဆုကို လက်ခံယူနေစဉ်။ အဆိုပါ ဂုဏ်ပြု အောင်ပွဲကို ဘင်္ဂလာဒေခ်ျ့နိုင်ငံ National Citizens’ Committee မှ ကမကထပြု စီစဉ် ကျင်းပခဲ့ခြင်း ဖြစ်ပြီး အခမ်းအနားသို့ တက်ရောက်လာသူ လူပေါင်း တစ်သောင်းကျော်မှ ဘင်္ဂလာဒေခ်ျ့ အမျိုးသား သီချင်းကို ပြိုင်တူ သီဆိုကာ ဂုဏ်ပြု အောင်ပွဲကို ဆင်နွဲခဲ့ကြသည်။

အခမ်းအနားတွင် National Citizen’s Committee ဥက္ကဌ ပါမောက္ခ ဇီလူ ရာဟာမန် ဆီဒီကွီမှ ရေပြင်ပိုင်နက် အငြင်းပွားမူတွင် မြန်မာကို အနိုင်ရရှိခဲ့သဖြင့် အစိုးရအဖွဲ့ကို ဦးဆောင်သူ ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာသို့ ဂုဏ်ပြု ဆုတံဆိပ် တစ်ခုကို ဘင်္ဂလာဒေခ်ျ့ ပြည်သူများ ကိုယ်စား အဆိုပါ အခမ်းအနားတွင် ပေးအပ်ခဲ့သည်။
အခမ်းအနားကို ဦးဆောင်ကျင်းပသူ တစ်ဦးက " ကျွန်တော်တို့ တိုင်းပြည်ရဲ့ လွှတ်လပ်ရေးတိုက်ပွဲ အတွင်း လူထုကို ကျွန်တော်တို့ရဲ့ အမျိုးသား ဖခင်ကြီး ရှိတ်မူဂျီဘူ ရာဟာမာန်က ဦးဆောင်မူပေးခဲ့တယ်။ အခုအခါမှာလည်း တိုင်းပြည်နဲ့ လူထုကို သူရဲ့ သမီး ရှိတ်ဟာဆီးနာက ဦးဆောင်မူ ပေးနေပြီး သူမရဲ့ မှန်ကန်တဲ့ ဦးဆောင်မူ စွမ်းရည်ကြောင့် ရေပြင်ပိုင်နက် အငြင်းပွားမူမှာ ကျွန်တော်တို့ အနိုင်ရရှိခဲ့တာ ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီးနဲ့ သမီးဖြစ်သူတို့ဟာ ပြိုင်စံရှားတဲ့ ခေါင်းဆောင်တွေ ဖြစ်တယ်ဆိုတာ ကမ္ဘာ့သမိုင်းမှာ မှတ်တမ်းရေးထိုးနိုင်ခဲ့ပါပြီ" ဟု ပြောသည်။
အခမ်းအနားတွင် ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟားဆီးနာကလည်း ယခုကဲ့သို့ ပြောကြားသည်။
" ပင်လယ်ပြင် ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံး (ITLO) ရဲ့ ဆုံးဖြတ်ချက် အရ ဘင်္ဂလာဒေခ်ျ့နိုင်ငံဟာ ဘင်္ဂလာပင်လယ်အော် အတွင်း ရေပြင် မိုင်ပေါင်း ၂၀၀ ကျော် စီးပွားရေး တည်ဆောက် ပိုင်ခွင့် နဲ့ နယ်မြေဆိုင်ရာ ပိုင်ဆိုင်ခွင့် အခွင့်အရေး ရရှိခဲ့တယ်။ ဒါ့အပြင် မိုင်ပေါင်း ၂၀၀ အပြင်ဘက် ပင်လယ်ပြင်ကိုလည်း အခိုင်အမာ ခွဲဝေ အသုံးပြုခွင့် ရခဲ့ပါတယ်။ စိန်မာတင် ကျွန်းရဲ့ ပတ်လည် ရေမိုင် ၁၂ မိုင်ကိုလည်း ဘင်္ဂလာဒေခ်ျ့ဘက် ရရှိခဲ့ပါတယ်" ဟု ပြောသည်။

အမျိုးသား သီချင်းဖြင့် အောင်ပွဲခံနေသော ပါလီမာန် အဆောက်အဦးရှေ့မှ ဘင်္ဂလီ လူထု။ ၎င်းပြင် သူမက ဒီအောင်မြင်မူမှာ နောက် မျိုးဆက်သစ်များ အတွက် ဖြစ်ကြောင်း၊ ယခု အောင်မြင်မူမှာ သူမရဲ့ အောင်မြင်မူ မဟုတ်ပါကြောင်း၊ ပြည်သူများနှင့် သူမ အစိုးရကို ထောက်ခံသူများ၏ အောင်ပွဲသာ ဖြစ်ကြောင်း ပြောကြားသည်။
ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာက ယခုကဲ့သို့ အောင်ပွဲ ရခြင်းအတွက် နိုင်ငံခြားရေး ၀န်ကြီး ဒီပူရ် မူနီ၊ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ ဘင်္ဂလာဒေခ်ျ့ ရေတပ်နှင့် အနိုင်ရရှိရေး အတွက် နိုင်ငံတကာ ပင်လယ်ပြင်ဆိုင်ရာ ခုံရုံးသို့ ချဉ်းကပ်ကြိုးစား ဆောင်ရွက်ခဲ့သူများအားလည်း အထူးကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
ဂုဏ်ပြု အောင်ပွဲ အခမ်းအနားသို့ နိုင်ငံကျော် တေးသံရှင်များလည်း တက်ရောက်ခဲ့ပြီး ဘင်္ဂလာ အမျိုးသားရေး သီချင်းများကို သီဆို ဖြေဖျော်ခဲ့ကြသည်။
ဘင်္ဂလာဒေခ်ျ့ဘက်က ရေပြင်ပိုင်နက် အငြင်းပွားမူတွင် မြန်မာကို အနိုင်ရရှိကြောင်း တရားဝင် ထုတ်ဖေါ် ပြောကြားထားသော်လည်း မြန်မာ အစိုးရက ဘင်္ဂလာဒေခ်ျ့ဘက်မှ အနိုင်ရရှိခဲ့ခြင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုပြီး ပင်လယ်ပြင် ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးအနေဖြင့် သမာသမတ်ကျစွာ ဆုံးဖြတ်ပေးခဲ့ကြောင်း ထုတ်ဖေါ် ပြောကြားခဲ့သည်။
မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံအကြား ရေပြင်ပိုင်နက် သတ်မှတ်ရေးနှင့် ပတ်သက်ပြီး နှစ်နိုင်ငံအကြား ဆွေးနွေးမူများကို ၁၉၇၄မှ ၁၉၈၆ ခုနှစ်အထိ ၀န်ကြီးအဆင့် (၂) ကြိမ် နှင့် ကျွမ်းကျင်သူ အဆင့် (၆) ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ သဘောတူညီမူ မရရှိခဲ့သဖြင့် ၁၉၈၆ ခုနှစ် ဇူလိုင်လမှ စ၍ ဆွေးနွေးမူကို ရပ်ဆိုင်းခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ် နိုဝင်္ဘာလ တွင် မြန်မာမှ အငြင်းပွားရေပြင်ပိုင်နက်တွင် ဂတ်စ် ရှာဖွေ စမ်းသပ်မူများ ပြုလုပ်ခဲ့သဖြင့် နှစ်ဘက် ရေတပ် သင်္ဘောများကို စေလွှတ်ရသည် အထိ နှစ်နိုင်ငံ အကြား တင်းမာခဲ့ကြောင်း၊ ငြိမ်းချမ်းစွာ အဖြေရှာရန် နှစ်နိုင်ငံ အကြား သဘောတူညီမူ ရရှိခဲ့သဖြင့် တင်းမာမူ ပြေလျော့ခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ်မတ်လမှ ၂၀၀၉ ခုနှစ် ဇူလိုင်လအထိ နှစ်နိုင်ငံအကြား ကျွမ်းကျင်သူ အဆင့် (၄) ကြိမ်တိုင်တိုင် ဆွေးနွေး ခဲ့ကြောင်း၊ သို့သော်လည်း အဖြေမရသဖြင့် နှစ်နိုင်ငံ အနေဖြင့် ကုလသမဂ္ဂလက်အောက်ခံ ပင်လယ်ပြင် ဥပဒေဆိုင်ရာ ခုံရုံး ITLO တွင် ဖြေရှင်းရန် သဘောတူညီခဲ့သဖြင့် ITLO က ၂၀၁၂ ခုနှစ် မတ်လ ၁၄ ရက်နေ့က အပြီးသတ် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။ 

http://www.narinjara.com/detailsbur.asp?id=3939 

မလေးရှား တွင်အိမ်ဖော်များညဉ်းပန်းနှိပ်စက်ခံရပြီး၊ မတရားမှုများနှင့် ကြုံတွေ့နေရသည့်အခြေ အနေများ

Ko Htoo
မြန်မာနိုင်ငံမှ အိမ်ဖော်ခေါ်ယူရေးအတွက် မလေးရှားမှ ကြိုးပမ်းနေမှုများကြောင့်၊ မလေးရှား တွင်အိမ်ဖော်များ မည်သို့ညှဉ်းပန်းနှိပ်စက်ခံရပြီး၊ မတရားမှုများနှင့် ကြုံတွေ့နေရသည့်အခြေ အနေများအားတတ်နိုင်သမျှ ရှာဖွေရေးသားခဲ့သမျှကို PDF ဖြင့် တင်ပေးလိုက်ပါသည်။ သူငယ်ချင်းများအားလုံး တတ်နိုင်သမျှ ရှယ်ပေးကြပါရန် နှင့် ပြည်တွင်းမှ ညီအကိုမောင်နှမများ သိရှိနားလည်ကြစေရန်အတွက် ၀ိုင်းဝန်းဆောင်ရွက်ပေးကြပါရန် အလေးအနက် မေတ္တာရပ်ခံအပ်ပါသည်။
လူသားချင်းစာနာထောက်ထားမှုမရှိသော မလေးရှားနိုင်ငံသို့ ကျွန်ုပ်တို့ မြန်မာနိုင်ငံသူများအား မည်သည့်နည်းနှင့်မျှ အိမ်ကျွန်အဖြစ် မလာစေလိုပါ။ ထို့ပြင် နိုင်ငံခြားသားအလုပ်သမားများ၊ ဒုက္ခသည်များ နှင့် လူ့အခွင့်အရေးအဖွဲ့များကို အမြဲဒုက္ခပေးနှိပ်စက်နေသော မလေးရှားဝန်ကြီးချုပ် Najib နှင့် မြန်မာပြည်သားများကို ကမ္ဘာ့အနိမ့်ကျဆုံးဖြစ်အောင်၊ ကျွန်ဖြစ်အောင် အိုင်တီခေတ်သစ် ဟစ်တလာ ဇာတ်ခင်းနေသော သိန်းစိန်နှင့် အပေါင်းပါတစ်စုတို့အား ကျွန်ုပ်တို့ ညီအစ်ကိုမောင်နှမများ အားလုံးအင်အားဖြင့် တတ်နိုင်သည့်ဘက်မှနေ၍ သမိုင်းတွင် မြန်မာမိန်းခလေးများ၏ အိမ်ကျွန်ဇာတ်ကွက် မဖြစ်စေရန် ကာကွယ်ကြပါစို့.. ဟု လေးစားစွာ တိုက်တွန်းရင်း……
ယခုရေးသားလျက်ရှိသော မလေးရှားရှိအိမ်ဖော်၊ အိမ်အကူတို့၏ဘ၀ စာများ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားများ မလေးရှားအလုပ်ရှင်၊ အိမ်ရှင်တို့၏ မတရားရက်စက်မှုများကို သိစေလိုခြင်း၊ မြန်မာနိုင်ငံမှ ကျွန်ုပ်တို့၏ ညီမ၊ အစ်မများ မလေးရှားသို့အိမ်ဖော်အဖြစ် မရောက်လာရေး အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရေး ဖြစ်သည်။ ဤအကြောင်းအရာနှင့် ဤစာကို မိတ်ဆွေတို့ကြိုးပမ်းနေမှုများတွင် သဲတစ်ပွင့်အဖြစ်လိုအပ်ပါက ကြိုက်သလို သုံးနိုင်သည်။
ဆက်လက်ဖော်ပြပါမည်။
Friend Ever (နွားကျောင်းသား)
http://www.scribd.com/doc/91703386/Maids-Stories-1
Maids Stories(1)

http://www.mediafire.com/?ndo9v6odd9k4o8p

မြန်မာနိုင်ငံရောက် ဘန်ကီမွန်း ဦးသန့်ဗိမာန်သို့သွားရောက်ဂါရ၀ပြု

ရိုက်တာသတင်းဌာန

7Day News Journal
မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ယနေ့(ဧပြီ ၂၉)ရက် ညနေ ၃ နာရီ ၅၀မိနစ်ဝန်းကျင်တွင် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ဂုဗိမာန်သို့လာရောက် ဂါရ၀ပြုခဲ့သည်။ ဘန်ကီမွန်းကို ဦးသန့်၏သမီး ဒေါ်အေးအေးသန့်၊ သမက် ၊ မြေးဖြစ်သူ ဦးသန့်မြင့်ဦးတို့အပါအ၀င် မိသားစုဝင်များက ကြိုဆိုခဲ့သည်။ ထို့နောက် ဘန်ကီမွန်းက အာရှတိုက်၏ ပထမဆုံး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဖြစ်သော ဦးသန့်၏အုတ်ဂူကို ဂုဏ်ပြုပန်းခြင်းချကာ ဂါရ၀ပြုခဲ့သည်။ ကိုရီးယားနိုင်ငံသားကုလအတွင်းရေးမှူးချုပ်သည် မိသားစုဝင်များနှင့် နှုတ်ဆက်ခြင်း၊ ဂါရ၀ပြုခြင်း၊ အုတ်ဂူကိုလှည့်လှည်ကြည့်ရှုခြင်းတို့ကို ၁၅ မိနစ်ခန့်ပြုလုပ်ပြီး လာရောက်ကြည့်ရှုသော ပရိသတ်များကိုနှုတ်ဆက်ကာ ပြန်လည်ထွက်ခွာသွားသည်။ ၎င်းသည် ဧပြီ ၃၀ တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် နေပြည်တော်တွင် တွေ့ဆုံမည်ဖြစ်ပြီး ပြည်တော်စုလွှတ်တော်တွင်လည်း မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
(ဓာတ်ပုံ- ဗိုလ်ဗိုလ်ဝင်း)


ဘန်ကီမွန်းနှင့် ဦးသန့်၏ မိသားစုဝင်များ အမှတ်တရဓာတ်ပုံရိုက်စဉ်။
ဘန်ကီမွန်း ဦးသန့်ဂူဗိမာန်သို့ ရောက်လာစဉ်။
ဘန်ကီမွန်းကို ဦးသန့်၏ သမီးဒေါ်အေးအေးသန့်နှင့် သူမ၏ အမျိုးသားတို့ကကြိုဆိုစဉ်။
ဘန်ကီမွန်းကို ဦးသန့်၏မြေး ဦးသန့်မြင့်ဦးက ကြိုဆိုစဉ်။
ဘန်ကီမွန်းက ဦးသန့်အုတ်ဂူအား ဂါရ၀ပြုပြီး လှည့်လည်ကြည့်ရှုစဉ်။
ဘန်ကီမွန်းက ပြန်လည်မထွက်ခွာမီ လာရောက်ကြည့်ရှုနေသူမျာကို နှုတ်ဆက်နေစဉ်။

တိုရန်တိုသင်္ကြန်

ON GOOGLE PLUS

ON FACEBOOK