Monday, April 30, 2012

လယ်/ဆည် ဝန်ကြီးကသားသမီးတွေကိုတောင်းပန်

The Voice Weekly
လယ်/ဆည် ဝန်ကြီး လွှတ်တော် အမတ်များကို တောင်းပန်
နေပြည်တော်၊ ဧပြီ ၃၀
HotNews ဂျာနယ်သို့ပြောကြားခဲ့သော စကားရပ်များနှင့် ပတ်သတ်၍ ခွင့်လွှတ်ပေးရန် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်က ယနေ့ နေ့လည် လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် အမတ်ရှေ့ ၌ တောင်းပန်ခဲ့ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
HotNews ဂျာနယ်သည် ၎င်းနှင့်တွေ့ဆုံ မေးမြန်းချိန်က သားသမီးသဖွယ်၊ မိသားစု သဖွယ် ပြောကြားခဲ့သည့် ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
လွှတ်တော် အခွင့်ရေးပူးပေါင်း ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များရှေ့ တွင် ယင်းအင်တာဗျူးအသံဖိုင်နှင့် တကွ ပြောကြားခဲ့သည့် စကားရပ်များအား အသေးစိတ်ရှင်းလင်း တင်ပြခဲ့ပြီးကြောင်း ၎င်းက လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

Eleven Media Group
ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် Hot News Journal သို့ ဖြေကြားခဲ့သည့် အင်တာဗျူးပါ အကြောင်းအရာများနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စာလှယ်
များအား လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က တရားဝင် တောင်းပန်နေစဉ်။

ဦးမြင့်လှိုင်သည် မတ်လ ၂၃ ရက်နေ့ထုတ် Hot News Journal အင်တာဗျူးတွင် “လွှတ်တော်ကိုယ်စားလှယ် ဆိုပြီး ရောက်လာတဲ့လူက စာမှမတတ် ၁၀တန်းမှမအောင်ဘဲ လွှတ်တော်ထဲ လာထိုင်တော့ သူများထဆို မတ်တပ်ထနေတယ်။ သူများထိုင်ဆို ထိုင်နေတယ်။ သူများခလုတ်နှိပ်ဆိုနှိပ်တယ်။ သူမှဘာမှမသိတာ။ ဘာတွေ ပြောနေလဲ သူနားလည်တာ မဟုတ်ဘူး။ ရမ်းလုပ်နေရတာ”ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အမေစုသတင်းစာရှင်းလင်းပွဲ(30 Apr 2012)

Published on 30 Apr 2012 by BurmaVJMedia
မဲဆန္ဒရှင်ပြည်သူတွေရဲ့ ဆန္ဒနဲ့ မဟာမိတ်တွေရဲ့ မေတ္တာရပ်ခံချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လွှတ်တော် စတင်တက်ရောက် တော့မယ်လို့ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ အဖွဲ့ချုပ် ရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။ ဒီသတင်းစာ ရှင်းလင်းပွဲမှာ ပါတီမှတ်ပုံတင် ဥပဒေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပါ စာသားတွေကို ညှိနှိုင်းခဲ့စဉ်က ကျမ်းသစ္စာကျိန်ဆိုရမယ့် စာသားကို တစ်ပါတည်း မဆောင်ရွက်နိုင်ခဲ့တာဟာ သူရဲ့ လစ်ဟင်းမှု ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ၀န်ခံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLD လွှတ်တော်ကိုယ်စားလှယ်တွေအားလုံး လာမယ့် မေလ ၂ ရက်နေ့ လွှတ်တော်တက်တော့မှာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကို ထောက်ခံတဲ့ ဒီကေဘီအေ

Published on 30 Apr 2012 by BurmaVJMedia
ကရင်ပြည်နယ် ကော့ကရိတ် မြို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရုံးခန်းသစ်ဖွင့်ပွဲ အခမ်းအနားကို ဧပြီလ ၂၈ နေ့ က ဖွင့်လှစ်ခဲ့ပြီး အဖွဲ့ချုပ် နာယက ဦးတင်ဦး နှင့် ကရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ထိုအခမ်းအနားတွင် ဒီကေဘီအေ ဗိုလ်မှူးချုပ် စောလှဘွယ် (ဗိုလ် နှုတ်ခမ်းမွှေး) က မိမိတို့ ရဲ့ တပ်ဖွဲ့ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကို အမြဲထောက်ခံကြောင်း သူရဲ့ သ၀ဏ်လွှာ တွင် ထည့်သွင်းပြောဆိုခဲ့ပါသည်။

ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးကအမေစုကိုလာတွေ့ ဆုံ

DVB TV News
12 hours ago
Apr 30, 2012 6:28am
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် မြန်မာပြည်သူတွေနဲ့ထပ်တူ ပံ့ပိုးကူညီမှုများ ရေရှည် လုပ်ဆောင်သွားမယ်လို့ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးက ရန်ကုန်မှာ ပြောကြားလိုက်ပါတယ်။
— in Rangoon, Yangon, Burma.

ဘလော့ခ်ဂါနေဘုန်းလတ်ဦးဆောင်တဲ့ မြန်မာအိုင်စီတီဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့

DVB TV News
12 hours ago
Apr 30, 2012 6:30am
နည်းပညာပိုင်းဆိုင်ရာ ဥပဒေတွေ ပြင်ဆင်နိုင်ဖို့ ဘလော့ခ်ဂါနေဘုန်းလတ်ဦးဆောင်တဲ့ မြန်မာအိုင်စီတီဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (MIDO မီဒို) က ကြိုးစား လုပ်ဆောင်ဖို့ ရှိနေပါတယ်။ ဒီအကြောင်း ဒီဗွီဘီ သတင်းထောက် ဦးအံ့ဘုန်းမြတ်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။
— in Rangoon, Yangon, Burma.

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်ဒီအမတ်များ လွှတ်တော် တက်မယ့်အပေါ် လက်ရှိလွှတ်တော်ကိုယ်စားလှယ်တချို့ရဲ့ သဘောထား အမြင်များ

DVB TV News

လွှတ်တော်တွင်းအမတ်များမှ NLD သို့ ပေးစာ

CJMyanmar

ရွှေပြည်သာမြို့နယ် ဆောက်လုပ်ရေးမှတ်တိုင်မှာ ထမင်းထုတ် အထုပ် 1000 ကျော် အလှူခံအရေးပေါ်လိုအပ်နေ


Nay Wai
ဒေါ်ခင်ဝင်းကြည် ဖုန်း 0943188616 နှင့် 0943089342 သို့ဆက်သွယ်လှူဒါန်းပေးပါရန် မေတ္တာရပ်ခံပါသည် ။
ဖြစ်စဉ်ကတော့ ဆောက်လုပ်ရေးဝင်း တပ်ပိုင် မြေပေါ်မှာ အိမ်ဆောက်နေတဲ့ မိသားစု 200 ကျော် လူဦးရေ 1000 ကျော်ကို နေအိမ်တွေကနေဖယ်ရှား ဖို့ စစ်တပ်တာဝန်ရှိသူတွေက စေခိုင်းခဲ့ပါတယ် ။ မိသားစုတွေက ပြောင်းရွှေ့စရာ မရှိတဲ့အတွက် မဖယ်ပေးတဲ့အခါ - တပ်က ခြံစည်းရိုးခတ်လိုက်ပြီး အထဲကလူ အပြင်ဘဲပေးထွက်ပြီး ပြန်မ၀င်ခိုင်းတဲ့အတွက် အတွင်းအပြင် အဆက်အသွယ်ပြတ် စားသောက်ရေးခက်ခဲနေတယ်လို့ ဒေါ်ခင်ဝင်းကြည် ကဆိုပါတယ် ။
ဖြစ်ပွါးနေတာကတော့ လွန်ခဲ့တဲ့ နှစ်ရက်သုံးရက်ကစတင်နေတာကြောင့် - ဒီနေ့ နေ့လည်စာ ထမင်းထုပ်ပေါင်း 800 ကျော်ကို အလှူခံရရှိပြီး ကျွေးမွေးထားပြီးပြီလို့ ဒေါ်ခင်ဝင်းကြည်ကဆိုပါတယ် ။
တရားတယ်/ မတရားဘူး - ကြေနပ်တယ်/မကြေနပ်ဘူး ဆိုတဲ့ အငြင်းအခုန်တွေအသာထားပြီး အရေးပေါ် ထမင်းထုပ်ကိစ္စကိုဘဲ ဦးစားပေးစီစဉ်ပေးဖို့ကို အထူးမေတ္တာရပ်ခံပါတယ် ။
အရေးပေါ် ထမင်းထုပ် ကိစ္စ အာရုံစိုက်အားထည့်ပြီးမှသာ မတရားမှုတွေကို ဆက်လက်တိုက်ပွဲဝင်ကြပါရန်
( ကလေးငယ်များ ကလေးလတ်များ စားသောက်ရေး အထူးသတိပြု )

နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသည့် နိုင်ယက္ခနှင့် နိုင်မျိုးထွေး

The Voice Weekly
မွန်ပြည်သစ်ပါတီ၏ အကျဉ်းကျ ရဲဘော် နှစ်ဦးအား နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွဲပြောင်းသည့် အခမ်းအနားကို မော်လမြိုင်မြို့ Strand Hotel တွင် ဧပြီလ ၃၀ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဘန်ကီမွန်း ယနေ့နေ့လည် ၁၂ နာရီဝန်းကျင်က ပြည်ထောင်စု လွှတ်တော်တွင် မိန့်ခွန်းပြောကြား

The Voice Weekly


DVB TV News
9 hours ago
Apr 30, 2012 9:33am
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမူးချူပ်ဘန်ကီမွန်း ဟာ လွှတ်တော်နှစ်ရပ်နဲ့  ဥက္ကဌတွေ နဲ့ တွေ ဆုံပီး ပြည်ထောင်စုလွှတ်တော်မှာ မိန့် ခွန်းပြောကြား ခဲ့ပါတယ်။ ဒါဟာ မြန်မာ့လွှတ်တော်မှာ ပထမဆုံး နိုင်ငံတကာ ခေါင်းတစ်ဦးရဲ့ တက်ရောက်မိန့် ခွန်းပြောတာလည်းဖြစ်ပါတယ်။ ဒီဗီဘီ သတင်းထောက်ဦးအံဘုန်းမြတ်က နေပြည်တော်က နေ တိုက်ရိုက် သတင်းပေးပို့ ထားပါတယ်။
— at Naypyitaw.


DVB TV News
Apr 30, 2012 7:22am
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းဟာ မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေးအတွက် နိုင်ငံတကာအကူအညီတွေပေးဖို့ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဒီကျမ်းကျိန်စာလေးတခု ပြင်ဖို့ကိုတောင် မလွယ်ဘူးဆိုရင်


RFA Burmese
‎"အခုလို ဒီကျမ်းကျိန်စာလေးတခု ပြင်ဖို့ကိုတောင် မလွယ်ဘူးဆိုရင် ကျွန်တော်တို့က ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အရေးကြီးတဲ့ အရေးပါတဲ့ အပုဒ်တွေကို ပြင်ဖို့က အတော့ကို မလွယ်ဘူးလို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။" (ဦးအေးသာအောင်)

အခုဖြစ်ပေါ်ခဲ့တဲ့ ကျမ်းကျိန်စာသား မပြင်ဆင်ပေမဲ့ NLD က လွှတ်တော်တက်ဖို့ ဆုံးဖြတ်လိုက်တဲ့အပေါ် ကြိုဆိုသံတွေကို ကြားရသလို၊ တပြိုင်နက်ထဲမှာပဲ လွှတ်တော်အတွင်းကနေ နောက်နောင် ပြင်ဆင်လိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်အလက်တွေကို ပြင်ဆင်ဖို့ မလွယ်ကူတဲ့အကြောင်း တွေ့ရတယ်လို့ အတိုက်အခံ အဖွဲ့အစည်းတွေက ဆိုပါတယ်။

ရခိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးအေးသာအောင် က-

"အခုပုံစံအတိုင်း ဆိုရင်တော့ တော်တော်လေး မလွယ်မယ့် သဘောမှာ ရှိတယ်။

အရင်ကျွန်တော်တို့ ကြားနေရတာက လွှတ်တော်တွင်းက တာဝန်ရှိ ပုဂ္ဂိုလ်များ၊ အစိုးရပိုင်းက တာဝန်ရှိသူများက ၂၀၀၈ ဖွဲ့စည်းပုံကို
ပြင်သင့်တယ်။ ပြင်ဖို့ လိုအပ်တယ်။ ပြင်ဖို့ လိုတဲ့အချိန်မှာ ပြင်ရမယ်လို့
ပြောတဲ့ အသံတွေ ကြားတဲ့အခါကျတော့ ကျွန်တော်တို့ကလည်း ဒါ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ကို ပြင်ရမယ်။ ဒီမိုကရေစီ အခြေခံနဲ့လည်း မကိုက်ညီဘူး။ အထူးသဖြင့် တိုင်းရင်းသားများရဲ့ အခွင့်အရေးတွေကို ဖော်ဆောင်ဖို့ အတွက်လည်း ဒီဖွဲ့စည်းပုံဟာ အဟန့်အတား ဖြစ်နေတယ်။ ဒီလိုသာဆိုရင် တကယ်တန်း ပြည်တွင်းစစ် ရပ်စဲဖို့ ပြည်တွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့လည်း မလွယ်ဘူး။

အခုလို ဒီကျမ်းကျိန်စာလေးတခု ပြင်ဖို့ကိုတောင် မလွယ်ဘူးဆိုရင် ကျွန်တော်တို့က ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အရေးကြီးတဲ့ အရေးပါတဲ့ အပုဒ်တွေကို ပြင်ဖို့က အတော့ကို မလွယ်ဘူးလို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။"

မြန်မာ -ီး က ပိုနံလို့လား

အဂ္ဂမဟာ ဒီမိုဖက်တီး

မြန်မာ -ီး က ပိုနံလို့လား
============== Myanmar Travel & Tours (MTT) မှာ တွေ့လိုက်ရတာဗျာ ....
ရင်ထဲမှာ အောင့်သွားတယ် ..... သြော် ငါတို့ မြန်မာတွေ တောင်အာဖရိက
မှာလို အမဲတွေ ဖြစ်တော့မှာပါလားလို့ .......
MTT - 122 Maha Bandoola Road, Kyanktada Tsp., Ygn.
Tel: 371286, 252859.
အစိုးရဌာနဖြစ်ပြီး ဒီလို ပြုမူရလား .... ကုမ္ပဏီဆိုရင် ထားလိုက် .... ရှယ်ပေးကြဗျာ .... အရမ်းတင်းတယ်

အန်အယ်ဒီကြေငြာချက်အမှတ် (၁၇၊၀၄၊၁၂)


"စာသားတွေ ပြင်ဖို့ (သမ္မတကြီးနဲ့) ပြောတုန်းက ကျမ်းကျိန်စာသားကို ကိုင်တွယ်ဖို့
ကျွန်မအနေနဲ့ လစ်ဟင်းခဲ့ပါတယ်၊ ဒါကို ကျွန်မ တာဝန်ယူတယ်။"
__ ဒေါ်အောင်ဆန်းစုကြည် (၃၀ ဧပြီလ ၂၀၁၂)

The Voice Weekly
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရပြီး ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက်ခံ NLD အမတ်များ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတော့မည် ဖြစ်ကြောင်း ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် NLD ရုံးချုပ်၌ ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားလိုက်သည်။
“အလျှော့ပေး လိုက်တာလားလို့ မေးရင် ဟုတ်ပါတယ်။ အလျှော့ပေးလိုက်တာပါ။ ပြည်သူ့ဆန္ဒအတွက်ပါ” ဟု ၎င်းက ဆိုသည်။




DVB TV News
12 hours ago
Apr 30, 2012 6:39am
30Apr 2012 mon အဖွဲ့ ချုပ် လွတ်တော်တက်မည်ဟု ယနေ့ ဆုံးဖြတ်။

The Voice Weekly ဂျာနယ်ပါ အိမ်အကူသတင်းနှင့် သတင်းစာသမားဆိုတာ


by Ko Htoo on Monday, April 30, 2012 at 4:31pm ·
အပတ်စဉ်ထုတ် The Voice Weekly: Vol.08/No.19 ပါ “ပြည်ပသို့ အိမ်အကူအဖြစ်စေလွှတ်ပါက ထိရောက်စွာ အရေးယူမည်” သတင်းခေါင်းစဉ်ကို ဖတ်လိုက်ရတော့ ၀မ်းသာသွားရပေမယ့် သတင်းကိုထပ်ပြီး ဖတ်လိုက်တော့ တော်တော်လေးကို စိတ်မကောင်းဖြစ်မိလို့ ဒီစာကိုရေးရခြင်းဖြစ်ပါတယ်။

ဒီသတင်းကိုရေးသားသူသတင်းထောက်ဟာ အလုပ်သမားဝန်ကြီးဌာနက အမည်မဖော်လိုတဲ့ အရာထမ်းတဦး ဆိုတာကို ကိုးကားပြီး မလေးရှားကို အိမ်အကူစေလွှတ်ဖို့ဆိုတာဟာ ကောလာဟသ သတင်းသာဖြစ်ပြီး မဟုတ်မှန်ကြောင်းကို သတင်းအစပိုင်းမှာပဲ အကျယ်တ၀န့် ဖော်ပြသွားခဲ့ပါတယ်။ (ပုံမှာ ကျနော် High Light ဆွဲပြထားပါတယ်။) သတင်းဆိုလိုချက်အရ အိမ်ဖော်စေလွှတ်ဖို့ ကန့်ကွက်ပြောကြားနေသူအားလုံးဟာ အခြေအမြစ်မရှိတဲ့ ကောလာဟသတခုကို လုပ်ကြံဖြန့်ဝေနေကြတယ်လို့ သဘောသက်ရောက်နေပြီး ဖြန့်ဝေနေကြသူများကိုလည်း စော်ကားရာရောက်နေပါတယ်။



သတင်းထောက်ကိုးကားခဲ့တဲ့ အရာထမ်းဆိုသူဟာ ဒီလိုမျိုး ပြည်သူအပေါင်းဝမ်းသာပြီး သောင်းသောင်းဖြဖြကြိုဆိုကြမယ့် သတင်းမျိုးကိုတောင် နာမည်၊ ရာထူး မဖော်ပြရဲတာဟာ သတင်းရဲ့တိကျခိုင်လုံမှုအားကို ကျဆင်းစေပါတယ်။

ယနေ့အင်တာနက်စာမျက်တွေမှာ ကျနော်တို့ ရေးသားဖြန့်ဝေနေကြတဲ့ အိမ်အကူပို့ဖို့ ကန့်ကွက်နေကြတာတွေဟာ တိကျခိုင်လုံစွာနဲ့ ပေါ်ထွက်လာခဲ့တဲ့ အထောက်အထားတွေကိုကိုးကားပြီး ရေးသားကန့်ကွက်နေကြတာပါ။ ကောလာဟသ မဟုတ်ပါဘူး။ လုပ်ကြံရေးနေကြတာ မဟုတ်ပါဘူး။ မခိုင်လုံတဲ့နေရာက ထွက်ပေါ်လာတဲ့ အမည်မဖော်လိုသူကို ကိုးကားထားတာ မဟုတ်ပါဘူး။




ဖော်ပြပါ သတင်းစာဖြတ်ပိုင်းတွေဟာ မလေးရှားနိုင်ငံက နေ့စဉ်ထုတ်သတင်းစာတွေပါ။ အင်္ဂလိပ်ဘာသာနဲ့ တနိုင်ငံလုံးကိုဖြန့်ချိပြီး တနေ့ကို စောင်ရေသန်းချီပြီး ရောင်းနေရပါတယ်။ အင်တာနက်ဝက်ဆိုဒ်မှာလည်း ရှာဖွေကြည့်နိုင်ပါတယ်။ မလေးရှားနိုင်ငံထုတ် သတင်းစာတွေမှာရေးထားတာ ယနေ့ကျနော်တို့ ပြောဆိုရေးသားနေကြသလို မလေးရှားနိုင်ငံက မြန်မာပြည်မှနေပြီး အိမ်ဖော်ပို့ပေးဖို့ တောင်းဆိုနေတာတောင် မဟုတ်ပါဘူး။ “မြန်မာအစိုးရရဲ့ မေတ္တာရပ်ခံချက်အရ မြန်မာပြည်မှ အိမ်အကူခေါ်ယူရေးကိစ္စကို လက်ခံစဉ်းစားပေးဖို့ သဘောတူထားပါတယ်” လို့ ရေးသားဖော်ပြနေကြပါတယ်။ The Voice Weekly ဂျာနယ်ပါသတင်းနဲ့ ဘယ်ဟာက ပိုပြီးတိကျခိုင်လုံမှုရှိသလဲဆိုတာ ယှဉ်ပြီးစဉ်းစားပေးနိုင်ဖို့ပါ။



သတင်းမှာ မြန်မာအမျိုးသမီးတွေကို အိမ်အကူ၊ စားသောက်ဆိုင်၊ ဖျော်ဖြေရေးလုပ်ငန်းတွေအတွက် မစေလွှတ်ဖို့ မူဝါဒချမှတ်ထားတယ်လို့ ဆိုထားတဲ့ပါတယ်။ မတ်ခ်ျလ ၂၈ ရက်နေ့က မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နဲ့ မလေးရှားနိုင်ငံဝန်ကြီးချုပ်နာဂျစ်တို့ အိမ်အကူကိစ္စဆွေးနွေးကြရာမှာ သမ္မတဦးသိန်းစိန်ဟာ မိမိတိုင်းပြည်က တရားဝင်ချမှတ်ထားတဲ့ မူဝါဒကို ဆွေးနွေးပွဲမှာ မလေးရှားဝန်ကြီးချုပ်နာဂျစ်ကို ချပြခဲ့ခြင်းမရှိဘဲ ယနေ့အိမ်အကူစေလွှတ်ဖို့ ကိစ္စတွေ ပြည်သူကြားမှာ နှစ်နိုင်ငံကြားမှာ ပေါ်ပေါက်လာခဲ့ရသလဲဆိုတာလည်း သတင်းထောက်အနေနဲ့ ထည့်သွင်းစဉ်းစားသင့်ပါတယ်။

သတင်းစာသမားတယောက်ဟာ ကိစ္စတခုနဲ့ပတ်သတ်ပြီး အင်တာဗျူးတော့မယ်ဆိုရင် မိမိအင်တာဗျူးမယ့်ကိစ္စကို အပြည့်အစုံမဟုတ်တောင် တီးမိခေါက်မိ ပြောနိုင်ဆိုနိုင်ရုံလောက် သိသင့်တယ်လို့ ထင်ပါတယ်။ ဒီလိုမှမဟုတ်ပဲ အင်တာဗျူးဖြေသူရဲ့ ပြောစကားအားလုံးကိုသာ အင်း၊ အဲ၊ ဟုတ်ပါတယ်၊ ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ်နဲ့ပဲ ပြီးသွားပြီး ပြောသမျှကို သတင်းရေးချလိုက်မယ်ဆိုရင် အဲဒီ သတင်းစာ၊ ဂျာနယ်ဟာ အင်တာဗျူးဖြေသူ (နိုင်ငံရေးသမား၊ အစိုးရ) ရဲ့ ပေါ်လစီ၊ မူဝါဒတွေကိုသာ ဖော်ပြတဲ့ ၀ါဒဖြန့်ချိရာ နေရာတခုသာဖြစ်သွားပြီး မိမိကိုယ်ပိုင်မူဝါဒမရှိတဲ့ ဂျာနယ်တခုသာ ဖြစ်သွားနိုင်တယ်လို့ သင်တန်းတခုက သတင်းစာဆရာတယောက်ရဲ့ ပြောကြားမှုကို သတိရမိပါတယ်။

ဒီသတင်းနဲ့ပတ်သတ်ပြီးတော့ စာမရေးခင်မှာ မိတ်ဆွေတယောက်နဲ့ ပြောမိတော့ သတင်းထောက်တယောက်ဟာ သတင်းတပုဒ်ကို ၃၀၀၀ ကျပ်လောက်ပဲရတော့ ရတဲ့ပိုက်ဆံနဲ့ အများကြီးစုံစမ်းလို့ မဖြစ်နိုင်ပါဘူး လို့ သူကပြောပါတယ်။ ဒါကိုလည်း ကျနော်တို့ဟာ နားလည်ပေးနိုင်ပါတယ်။ အကြောင်းကြောင်းကြောင့် တိတိကျကျစုံစမ်းဖို့ သေသေချာချာမေးဖို့ မဖြစ်နိုင်ဘူးဆိုရင်လည်း တိကျခိုင်လုံစွာနဲ့ မိမိအကျိုးအမြတ်မပါဘဲ ရေးသားနေကြတဲ့လူတွေကို စော်ကားရာဖြစ်စေတဲ့ ရေးသားမှုမျိုးကိုတော့ ရှောင်ကြည်သင့်ပါတယ်။ ပြောရရင် သတင်းထောက်ကမှ ၃၀၀၀ ကျပ် ရပါသေးတယ်။ မဖြစ်စေလိုလို့ ရေးသားဖြန့်ဝေနေကြသူအားလုံးဟာ ကိုယ့်ထမင်းကိုယ်စားပြီး  မိမိလူမျိုးအတွက် မိမိတတ်နိုင်သလောက် စွမ်းဆောင်နေကြတဲ့သူတွေချည်းပါ။

ကျနော်ခုလိုရေးတာဟာ တစုံတယောက်ကိုတိုက်ခိုက်ဖို့၊ နစ်နာစေဖို့ ရေးခြင်းမဟုတ်ဘဲ သတင်းဖတ်မိပြီး စိတ်မကောင်းဖြစ်မိလို့ ရေးခြင်းသာဖြစ်ပါတယ်။ ယခုသတင်းခေါင်းစဉ်နဲ့ပတ်သတ်ပြီး ၀မ်းသာမိသလို ယခုထက်ပိုပြီး တိကျခိုင်လုံစွာ ထွက်ပေါ်လာမယ့်သတင်းကိုလည်း အတိုင်းမသိ ၀မ်းမြောက်စွာ စောင့်မျှော်နေပါတယ်။

မောင်ပါလ
၁.၅.၂၀၁၂