Tuesday, May 1, 2012

ကဏ္ဍတိုင်းတွင်ကူညီရန် အသင့်ရှိနေကြောင်း ဘန်ကီမွန်း ပြောကြား

Popular Myanmar News Journal
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းသည်မြန်မာနိုင်ငံမှပြန်လည် မထွက်ခွာမီ ကန်တော်ကြီးပတ်လမ်းရှိ White Rice စားသောက်ဆိုင်တွင် ၄င်း၏မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်၍ သတင်း စာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ပြီး အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂ အနေဖြင့် မြန်မာနိုင်ငံ တိုးတက်ပြောင်းလဲမှုအတွက် ကဏ္ဍတိုင်းတွင်ကူညီရန် အမြဲအသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။
(ဓာတ်ပုံ-- ဥာဏ်လင်းအောင်)

ဒလမြို့နယ်မှာ သောက်သုံးရေ ပြတ်လပ်နေ

Published on Apr 30, 2012 by BurmaVJMedia

ရန်ကုန်တိုင်း ဒလမြို့နယ် ကျန်စစ်သားရပ်ကွက်မှာ သောက်သုံးရေ ပြတ်လပ် နေတာကြောင့် ဒေသခံပြည်သူ တွေမှာ အကူအညီတွေလိုအပ်နေကြပါတယ်။ ရာသီဥတု ပူပြင်းခြောက်သွေ့လာတာနဲ့အမျှ မြို့နယ်အတွင်းရှိတဲ့ တစ်ချို့ မခြောက်ခမ်းသေးတဲ့ရေကန်တွေက နောက်ရေတွေ နုန်းရေတွေကို သုံးမိကြတဲ့လူတစ်ချို့ဟာလည်း ၀မ်းပျက်ဝမ်းလျှော ဖြစ်ကြသူတွေတောင်ရှိနေပါတယ်။အဲဒီ ကျန်စစ်သားရပ်ကွက်မှာ ဒလမြို့နယ် NLD လူငယ်တွေစုပေါင်းပြီး ရေလှူဒါန်းမှုတွေပြုလုပ် ခဲ့ကြ ပေမယ့်လည်း ဒေသခံတွေအတွက်တော့ သောက်သုံးရေ လိုအပ်နေဆဲပဲလို့ သိရပါတယ်ခင်ဗျာ။

မစ္စတာ ဘန်ကီမွန်း နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

Published on May 1, 2012 by BurmaVJMedia
UN Secretary BanKi-Moon meets Burma democracy leader Aung San Suu Kyi in Yangon today and they two have press conference after the meeting.
နိုင်ငံရေးဖြစ်စဉ် မှာ ပြောင်းလွယ်ပြင်လွယ် ရှိမှုဟာ မိမိတို့ အမြဲယုံကြည်ခဲ့တဲ့ အရာဖြစ်ပြီး အခုလို လွှတ်တော်ထဲဝင်ခါနီးမှ မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂအတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်းနှင့် အတူ ယနေ့ မနက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်ပါတယ်။ ဒီမိုကရေစီအရေးအတွက် လှုပ်ရှားရုန်းကန်ခဲ့သောပြီးခဲ့သည့် နှစ်များအတွင်း ပြောင်းလွယ်ပြင်လွယ်ရှိမှု ကို အမြဲယုံကြည်စွဲကိုင်ခဲ့ပြီး ထိုနည်းလမ်းဖြင့်သာ ပန်းတိုင်ကို ရောက်ရှိနိုင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။ မစ္စတာ ဘန်ကီမွန်းကလည်း ဒေါ်အောင်ဆန်းစုကြည်၏ မေလ ၁ ရက်က လွှတ်တော်သို့ ဝင်ရန် ခက်ခဲစွာ ဆုံးဖြတ်ခဲ့မှုအပေါ် ချီးကျူးခဲ့ပြီး နိုင်ငံရေးသမားများအတွင်း သဘောထားမတိုက်ဆိုင်မှုများ ရှိတတ်သော်လည်း တကယ့်ခေါင်းဆောင် အစစ်၏ အရည်အချင်းမှာ ပြောင်းလွယ်ပြင်လွယ် ရှိမှု သာ ဖြစ်ကြောင်းပြောခဲ့ပါတယ်။ ပြည်ပရင်းနှီးမြုပ်နှံမှုများ၊အထောက်အပံ့များနှင့် ပက်သက်ပြီး ဖွံ့ ဖြိုးမှုအထောက်အပံ့များဖြစ်စေ၊လူသားချင်းစာနာထောက်ထားသောအကူအညီများ ဖြစ်စေ ထိုအကူအညီအားလုံးမှာ မြန်မာပြည်သားများအတွက် တွန်းအားတခု ဖြစ်ပြီး အစိုးရထံတွင် မှီခိုနေရမှုများကို လျှော့ချသွားနိုင်ကာ ဒီမိုကရေစီကြိုးပမ်းမှု လမ်းကြောင်းမှန် အပေါ်ရောက်ရှိသွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ရွှေည၀ါ စာချကျောင်းသိန်းပေါင်း တစ်သောင်းငါးထောင်


RFA Burmese ရွှေည၀ါ ဆရာတော် ဦးပညာသီဟ ဟာ သီတင်းသုံးနေထိုင်တဲ့ မြေဧက ငါးဧကနေရာမှာ သိန်းပေါင်း တစ်သောင်းငါးထောင် ကုန်ကျမယ့် စာချကျောင်းဆောင် သိမ် စတဲ့ အဆောက်အဦးတွေကို ဆောက်လုပ်ဖို့ ရန်ပုံငွေအတွက် ပြည်တွင်း ပြည်ပက ဒါယကာ ဒါယိကာမတွေကိုနှိုးဆော်နေ တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ဆရာတော် ဦးပညာသီဟ ဟာ ထိုင်းနိုင်ငံကို ကြွရောက်ခဲ့ပြီး အလှူငွေ ကောက်ခံခဲ့သလို မကြာခင်မှာလည်း ဥရောပတိုက်ကနိုင်ငံတချို့ကိ...ု ကြွဖို့ ရှိတယ်လို့ သိရပါတယ်။ ဧပြီလ ၂၇ ရက်နေ့ကလည်း အရင် ဆရာတော် သီတင်းသုံးခဲ့တဲ့ ရန်ကုန်မြို့ ကြည့်မြင်တိုင် သာဓု ကျောင်းတိုက်မှာ နိုင်ငံရေး အကျဉ်းသားဟောင်း ၈၈ မျိုးဆက် ကျောင်းသားတွေ နဲ့ ဗကသ ကျောင်းသားတွေကို ရဟန်းခံ သိမ်တက် လုပ်ပေးခဲ့ပါတယ်။ ရွှေည၀ါဆရာတော်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းရုံးခွဲမှာ တရားဟောတာ နဲ့ ပတ်သက်ပြီး တရားဟောခွင့် တစ်နှစ်ပိတ်ပင်ထားတာဖြစ်ပါတယ်။

့ပြသနာပေါင်းစုံတို့ရဲ့မိခင်ဌာန


ကျွန်တော်တို့ကရန်ကုန်တိုင်းဒေသကြီး၊တိုက်ကြီးမြို့နယ်၊ဖိုးခေါင်ကျေးရွာအုပ်စုမှာရှိတဲ့အိုင်
ကလောင်ရွာကပါရွာမှာတိုက်ကျောင်းနဲ့မှန်ကျောင်းရယ်လို့ဘုန်းကြီးကျောင်းနှစ်ကျောင်းဆိုတော့
အရင်ကအားရကျေနပ်စရာပေါ့ခုတော့ပြသနာပေါင်းစုံတို့ရဲ့မိခင်ဌာနလို့တောင်ပြောရမလိုဖြစ်နေပြီဗျာ.....
တိုက်ကျောင်းဆရာတော်ရပ်/ကျေးသံဃနာယကဥက္ကဌဦးဩဘာသကရှေးဟောင်းပစ္စည်း
တွေကိုရောင်းစားတာကုန်ပါပြီဗျာ၊အုတ်ဖုတ်တဲ့အတွက်ကျောင်းထဲမှာကျင်းကြီးတွေကကြောက်စရာ
သစ်ပင်တွေလည်းကုန်ပါပြီ၊ မှန်ကျောင်းဆိုလဲကျောင်းထိုင်ကိစ္စကိုရပ်/ကျေး သံဃနာယကအဖွဲ့၊
ပြည်ခိုင်ဖြိုးပါတီဝင်တချို့နဲ့အုပ်စုဥက္ကဌကျေးရွာအုပ်ချုပ်ရေးမှူးတို့ပေါင်းပြီးခုတင်လိုက်ခုချလိုက်
တော်ကြာပြန်တင်လိုက်နဲ့ကလေးကစားသလိုလုပ်နေပါတယ်ဗျာ၊မကြေနပ်လို့ပြန်ပြောသူတွေဆိုရင်လဲ
ကျေးရွာအာဏာပိုင်အဖွဲ့အစည်းကိုဖီဆန်တာလားလို့အမေးခံရတာကတစ်မျိုးကျောင်းပြဿနာ
ဖြစ်လို့ကတော့သတ်ပွဲပဲလို့ကျေးရွာရာအိမ်မှူးကျိန်းတာကတစ်ဖုံ၊နာရေးကူညီမှုအသင်းဖွဲ့မယ်လ.ို
ကောက်ယူထားတဲ့အမည်တွေကိုစာရင်းကောက်ခံသူကသူ့သဘောနဲ့သူလက်မှတ်ထိုးပြီးယခင်
ကျောင်းထိုင်ကိုမကြည်ညိုသူများစာရင်းဟုခေါင်းစဉ်ပြောင်တပ်ကာရယူထားတာကတစ်နည်း
စသောအကြောင်းများကြောင့်ရွာသားတွေမှာမကျေနပ်ဘဲခေါင်းငုံ့ခံနေရပါတယ်ခုတော့ရွာသားတွေ
မှာရှေးဟောင်းအမွေအနှစ်တွေလည်းဆုံးရှုံးရ၊ကျေးရွာအာဏာပိုင်အဖွဲ့အစည်းတွေကိုလည်း
ကြေက်ရအုပ်ချုပ်ရေးမှူးရဲ့ဘက်တော်သားဆိုသူတွေရဲ့အဆဲအဆိုလည်းခံရ၊ကျေးရွာလူထုအတွင်း
မှာလည်းစိတ်ဝမ်းကွဲရနဲ့ရွာသားမိအေးတို့ ခမျာ အနာပေါင်းများစွာနာနေရပါတယ်ခင်ဗျာ၊
စွမ်းနိုင်ရင်ကယ်ကြပါဦးလို့အကူအညီတောင်းလိုက်ရပါတယ်ခင်ဗျာ။
ရွာစောင့်နတ်