Wednesday, May 2, 2012

အန်အယ်ဒီကိုမကျေနပ်သူများ

Popular Myanmar News Journal
ယခင်ပွင့်လင်းစွာ သတင်းယူခွင့်ရှိသည် ပြည်သူ့လွှတ်တော် ခန်းမအတွင်း ယခု NLD ရောက်ရှိမည့် သတင်းရယူခွင့် တင်းကြပ်လာသည်ကြောင့် ပြည်တွင်းပြည်ပ သတင်းသမားများ ပုံပါအတိုင်းသတ်မှတ်နေရာ မှသာ သတင်းရယူခွင့်ရရှိ

ဒီပွဲကြည့်မကောင်းလို့ဝင်လာခဲ့တဲ့ဦးမင်းဆွေ

ဒီပွဲကြည့်မကောင်းလို့ဝင်လာခဲ့တာ
တရားရုံးချုပ်ရှေ့နေကြီး ဦးမင်းဆွေ မန္တလေးတိုင်း NLD မှ ကျင်းပသည့် ဒီမိုကရေစီမြတ်နိုးသူမိဘပြည်သူများအား ဂုဏ်ပြုပွဲတွင် တက်ရောက်ဆွေးနွေး ပြောကြားခဲ့သော မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်သည့် စိတ်ဝင်စားဖွယ် ဥပဒေစကားများ...။
(CJ Myanmar မှ တင်ဆက်သည်။)
http://cjmyanmar.com/

လွှတ်တော်တွင်းကနေ ပြည်သူ ရည်မှန်းချက် အောင်မြင်အောင် ဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား


2012-05-02 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ ပြည်သူ့တွေရဲ့ ရည်မှန်းချက်ကို ရာနှုန်းပြည့် အောင်မြင်အောင် လွှတ်တော်တွင်းက ကြိုးစား ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဒီကနေ့ ပြောကြားလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် မေလ ၂ ရက်နေ့တွင် လွှတ်တော် ကြားဖြတ်အစည်းအဝေးကို ပထမဆုံးအကြိမ် တက်ရောက်လာသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ခန်းမအတွင်း သတင်းထောက်များက မေးမြန်းနေစဉ်။

နေပြည်တော် လွှတ်တော် အစည်းအဝေးကို NLD ကိုယ်စားလှယ်တွေ တက်ရောက်လာတာနဲ့ ပတ်သက်ပြီး သတင်းထောက်တစ်ဦးက မေးမြန်းစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေရဲ့ အကျိုးအတွက် ရည်ရွယ်တဲ့အကြောင်း အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
"ကျွန်မရဲ့ ဖြစ်စေချင်တဲ့ကိစ္စက အဓိက မဟုတ်ပါဘူး။ ပြည်သူတွေအတွက် သင့်တော်တဲ့ ကိစ္စကို လုပ်ဖို့က အဓိကပါ။ ပြည်သူတွေ အကျိုးအတွက် ပိုပြီး ထမ်းဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပြည်သူတွေရဲ့ ရည်မှန်းချက် တွေကို ၁၀၀% အောင်မြင်အောင်တော့ ကြိုးပမ်းရမှာပါပဲ။"
ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော်ကိုယ်စားလှယ် ၃၇ ဦး တို့ဟာ ပထမဆုံးအကြိမ်အဖြစ် နေပြည်တော် လွှတ်တော်အစည်းအဝေးတွေကို ဒီကနေ့ တက်ရောက်ပြီး ကျမ်းကျိန်သစ္စာ ပြုခဲ့ကြပါတယ်။
လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြီးခဲ့တဲ့လွှတ်တော် အစည်းအဝေးတွေက လုပ်ဆောင်ချက်တွေကို ပြန်လည်သုံးသပ်ပြီး၊ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။
လွှတ်တော်စည်းဝေးပွဲ အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်က စည်ပင် ဧည့်ရိပ်သာဝန်း အတွင်းက ယူနီစန် စားသောက်ဆိုင်မှာ NLD ကို လွှတ်တော် တက်ရောက်ဖို့ မေတ္တာရပ်ခံ ကြေညာချက် ထုတ်ပြန်ခဲ့တဲ့ တိုင်းရင်းသားပါတီများမှ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နေ့လည်စာ စားသုံးခဲ့ကြောင်း သိရပါတယ်။
ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန် အစည်းအဝေးတွေကို ဒီနေ့ စည်းဝေးပွဲအပြီးမှာ ရပ်နားထားလိုက်ပြီး လာမဲ့ ဇူလိုင်လမှာ ပြန်လည် စတင်မယ်လို့ သိရပါတယ်။
ဒီကနေ့ သီးသန့်ခေါ်ယူ ကျင်းပတဲ့လွှတ်တော်မှာ NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်တွေ ကျမ်းသစ္စာ ကျိန်ဆိုကြတဲ့ အတွေ့အကြုံနဲ့ ပတ်သက်ပြီး ကိုယ်တိုင် တက်ရောက် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့ မိတ္ထီလာ မဲဆန္ဒနယ်မြေက NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်ကို RFA ကိုဥာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
http://www.rfa.org/burmese/news/assk-atrends-parliament-05022012120143.html

အယ်ဒီတာချုပ် မမက၀န်ကြီး ဦးမြင့်လှိုင်အား တည်ဆဲဥပဒေအတိုင်း ဆောင်ရွက်မည်

မဟုတ်မမှန် ပြောဆို ပြုမူမှုများ ဆက်လက် ရှာဖွေ သိရှိပါက ၀န်ကြီး ဦးမြင့်လှိုင်အား တည်ဆဲဥပဒေအတိုင်း ဆောင်ရွက်မှာ ဖြစ်ကြောင်း အယ်ဒီတာချုပ် မမက ထုတ်ပြန် ကြေငြာ

မြင့်လှိုင်၊ by  burmatoday.net  
လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး ဦးမြင့်လှိုင်အနေနဲ့ The Hot News ဂျာနယ်နဲ့ အဆိုပါ ဂျာနယ် အယ်ဒီတာချုပ် မမရဲ့ ကလောင်အား ထိခိုက်နစ်နာရန် မဟုတ်မမှန်သော အပြောအဆို၊ အပြုအမူ၊ အကြောင်းရပ်များကို ဆက်လက် ရှာဖွေ သိရှိပါက တည်ဆဲဥပဒေအတိုင်း ဆောင်ရွက်မှာ ဖြစ်ကြောင်း အယ်ဒီတာချုပ် မမက The Hot News Weekly ဂျာနယ် အင်တာနက်စာမျက်နှာကတဆင့် ထုတ်ပြန် ကြေငြာပါတယ်။
မြန်မာသတင်းဂျာနယ် အယ်ဒီတာတဦးက အစိုးရ အဖွဲ့ဝင် ၀န်ကြီးတဦးအား ဥပဒေကြောင်းအရ ဆောင်ရွက်မှာ ဖြစ်ကြောင်း အခုလို ထုတ်ဖော် ကြေငြာချက်ဟာ မျက်မှောက်ခေတ် မြန်မာသတင်းလောကရဲ့ ပထမဆုံး ကြေငြာချက် ဖြစ်ပါတယ်။ မြန်မာအစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအရ မီဒီယာများ လွတ်လပ်စွာ လုပ်ကိုင်နိုင်ရန် စမ်းသပ် ဆောင်ရွက်ပြီးတဲ့နောက်ပိုင်းမှာ အစိုးရ၀န်ကြီးဌာန နှစ်ခုက သတင်းမီဒီယာနှစ်ခုအား တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ပါတယ်။ ထို တရားစွဲဆိုမှု နှစ်မှုအနက် တမှုဟာ သတ္ထုတွင်းဝန်ကြီးဌာနက The Voice ဂျာနယ်အား ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားတဲ့အမှု ဖြစ်ပါတယ်။ အခုအချိန်မှာ နှစ်ဘက်စလုံး အမှုရင်ဆိုင်နေရာ သက်ဆိုင်ရာဝန်ကြီးဌာနက သတင်းဂျာနယ်ကို သတင်းရေးသားသူ ထုတ်ဖော် ပြောကြားရန် တောင်းဆိုခဲ့ပါတယ်။ (ဖြစ်စဉ်ဟာ သတ္ထုတွင်းဝန်ကြီးဌာနနဲ့ တိုက်ရိုက် မပတ်သက်ဘဲ သတင်းဖော်ပြရာမှာ The Voice ဂျာနယ်က ပြန်ကြားရေးဝန်ကြီးဌာနကို မထိခလုပ် ထိခလုပ် ရေးသားခဲ့တဲ့အတွက် တဖက်လှည့်နဲ့ သတ္ထုတွင်း ၀န်ကြီးဌာနက တရားစွဲတာဖြစ်ကြောင်း ပြောနေတာတွေလည်း ကြားရပါတယ်။) အဲဒီလို အမှုရင်ဆိုင်တဲ့နေ့က တရားရုံးပြင်ပတွင် သတင်းဓါတ်ပုံ ရိုက်ကူးတဲ့ အလဲဗဲန်းဂျာနယ် သတင်းထောက်ကို သက်ဆိုင်ရာ တရားရုံးက ရိုက်ကူးထားတဲ့ ဓါတ်ပုံ ဖျက်ပေးရန်လည်း ဖိအားပေးခဲ့ပါတယ်။ ထိုဖြစ်စဉ်တွေဟာ မီဒီယာကို ၀န်ကြီးဌာနက တရားစွဲဆိုတဲ့ အမှုတွေ၊ အာဏာပိုင်က သတင်းထောက်ကို ဖိအားပေးတဲ့ကိစ္စတွေ ဖြစ်ပေမယ့် အယ်ဒီတာ မမ ကတော့ ၀န်ကြီးကို တရားစွဲဆိုမှာဖြစ်ကြောင်း ထုတ်ပြန် ကြေငြာလိုက်တာ ဖြစ်ပါတယ်။ အယ်ဒီတာ မမ ဟာ ပေဖူးလွှာ၊ မုခ၊ The Hot News Weekly ဂျာနယ်တို့ကို တာဝန်ခံ ထုတ်ဝေနေသူဖြစ်ပြီး မြန်မာစစ်ဗိုလ်ချုပ်ကြီးများ အသိုင်းအ၀ိုင်းတွင် မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်ကာ သူ့အိမ်ထောက်ဘက်ကတော့ မြန်မာအစိုးရအတွင်း ထဲထဲဝင်ဝင် ပတ်သက်သူ ဖြစ်ပါတယ်။
အယ်ဒီတာ မမ ထုတ်ဝေတဲ့ ၂၀၁၂ မတ်လ ၂၃ - ၂၉ ရက်နေ့ထုတ် Hot News ဂျာနယ် အတွဲ ၂၊ အမှတ် ၈၄ တွင် ဖော်ပြထားတဲ့ တွေ့ဆုံမေးမြန်းမှုတွင် ၀န်ကြီး ဦးမြင့်လှိုင်က လွှတ်တော်ကိုယ်စားလှယ်အားလုံးအား ပြည်သူလူထုက အထင်အမြင် လွဲမှား၊ အယုံအကြည်ကင်းမဲ့၊ ဂုဏ်သိက္ခာ ကျဆင်းစေနိုင်တဲ့ အသုံးအနှုန်းများ သုံးနှုန်းခဲ့ပါတယ်။ ထို ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ၂၀၁၂ ဧပြီ ၃၀ ရက်နေ့၌ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်တွင် ၀န်ကြီး ဦးမြင့်လှိုင်က လွှတ်တော်ကိုယ်စားလှယ်ကြီးများအနေနဲ့ နားလည် ခွင့်လွှတ်ပေးရန် လေးစားစွာ ထပ်လောင်း မေတ္တာရပ်ခံ တောင်းပန်ခဲ့ကာ တောင်းပန်မှုကို နိုင်ငံပိုင်သတင်းစာနဲ့ မီဒီယာများတွင် ဖော်ပြခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ၀န်ကြီး ဦးမြင့်လှိုင်က သတင်းသမားတဦးကို မိသားစုအသွင် အလွန် စိတ်ရှည်စွာ ဆွေးနွေးတင်ပြခဲ့တာဖြစ်ကြောင်း တောင်းပန်ရာမှာ ပြောဆိုခဲ့ပါတယ်။
တောင်းပန်စကား ပြောကြားစဉ် ၀န်ကြီး ဦးမြင့်လှိုင်က “ကျွန်တော်တို့ ပြည်တွင်း၊ ပြည်ပ မီဒီယာတွေ၊ နည်းမျိုးစုံနဲ့ ကျွန်တော်တို့ရဲ့ အစိုးရကို မတည်မငြိမ်အောင်၊ စည်းရုံးမှုတွေ ပြိုကွဲအောင် ဖန်တီးလိုတဲ့ အသံတွေ စာနယ်ဇင်းတွေ၊ ဂျာနယ်တွေ၊ အဲဒီထဲမှာ ကောင်းတဲ့ ဂျာနယ်တွေ၊ စာနယ်ဇင်းတွေလည်း ရှိပါတယ်။ မကောင်းတာတွေက များ ပါတယ်။ အမျိုးမျိုး ဝေဖန်ကြ၊ ပြစ်တင် ရှုတ်ချကြတယ်၊ ကျွန်တော်တို့ကို တခုမဟုတ် တခု၊ ကြားလေ သွေးမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်နေတယ်“ လို့ ပြောကြားကြောင်း အယ်ဒီတာ မမက သူ့ရဲ့ လွှတ်တော်ကိုယ်စားလှယ်များအား လယ်/ဆည်ဝန်ကြီး၏ တောင်းပန်ချက် နှင့်ပတ်သက်၍ Hot News Weekly Journal အယ်ဒီတာချုပ် မမ ၏ ရပ်တည်ချက် သဘောထား (ဒုတိယပိုင်း) တွင် ဖော်ပြထားပါတယ်။
အဲဒီလို ပြောကြားခြင်းဟာ ပြည်ထောင်စုဝန်ကြီးတဦးအနေနဲ့ မိမိ ပြောဆိုခဲ့တဲ့ နှုတ်ထွက်စကားကို တာဝန်ယူမှု မရှိ ထိန်းသိမ်းမှု မရှိဘဲ ဂုဏ်သိက္ခာမဲ့စွာ မိမိအပြစ်ကို သူတပါးအပေါ်သို့လွှဲပြီး အခြေအမြစ် မရှိ၊ လွယ်လွယ် ပြောဆိုသွားသည်ဆိုခြင်းကို တိတိပပ လေ့လာ တွေ့ရှိရတဲ့အတွက် လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး ဦးမြင့်လှိုင်အနေနဲ့ The Hot News ဂျာနယ်နဲ့ အဆိုပါ ဂျာနယ် အယ်ဒီတာချုပ် မမရဲ့ ကလောင်အား ထိခိုက်နစ်နာရန် မဟုတ်မမှန်သော အပြောအဆို၊ အပြုအမူ၊ အကြောင်းရပ်များကို ဆက်လက် ရှာဖွေ သိရှိပါက တည်ဆဲဥပဒေအတိုင်း ဆောင်ရွက်ပါမှာ ဖြစ်ကြောင်း အယ်ဒီတာချုပ် မမက The Hot News Weekly ဂျာနယ် အင်တာနက်စာမျက်နှာကတဆင့် ထုတ်ပြန် ကြေငြာလိုက်ခြင်း ဖြစ်ပါတယ်။
ကိုးကား
၂၀၁၂ မေလ ၁ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ
http://www.hotnewsweekly.com/archives/4289
http://www.hotnewsweekly.com/archives/4294
၂၀၁၂ မေ ၁ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ မှ
၂၀၁၂ မေ ၁ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ မှ
သတင်း
- အယ်ဒီတာချုပ် မမ The Hot News Weekly ဂျာနယ် လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး ဦးမြင့်လှိုင် - May 1 2012 04:28 PM EST
by  burmatoday.net

ဒေါ်အောင်ဆန်းစုကြည် ကိုယ်အင်္ဂါမသန်စွမ်းသူများကို သွားရောက်အားပေး

Burma VJ Media Network အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ခုနှစ် မေလ ၁ ရက်နေ့တွင် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်က အန်အယ်ဒီ ရုံးခွဲကို ဖွင့်လှစ်ပေးခဲ့ပြီးနောက်စမ်းချောင်းမြို့နယ် ညောင်တုန်းလမ်းရှိ မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများ အသင်းရုံးခန်းသို့ သွားရောက် အားပေးစကားပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။








လွတ်တော်ခရီးသတင်း..

ဦးရွှေမန်းလာရောက်နုတ်ဆက်စဉ်


ဦးဌေးဦးလာရောက်နုတ်ဆက်စဉ်


ဒီနေ့ ရဲ့ အကောင်းဆုံးဓါတ်ပုံ (ဖေ့စ်ဘွတ်)


by Khu Daun
ဒီနေ့ .... ပြည်သူ့ ခေါင်းဆောင် ပြည်သူ့ ကိုယ်စားလှယ်
ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့ ကိုယ်စားလှယ်များ
လွတ်တော်ခရီးသတင်း...။


Published on 1 May 2012 by DVBBurmese
DVB TV - ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်ဒီ အမတ်များ လွှတ်တော်တက်ပြီ

ယုံကြည်သော မနက်ဖြန်(မင်းကိုနိုင်)

by-ကိုဝိုင် ဝိုင်ကေ
ယုံကြည်သော မနက်ဖြန် ။
စာသား- မင်းကိုနိုင်
သံစဉ်-လူငယ်လေးတစ်ဦး
ဒီမိုစနေရိုက်ကူးသည်