Friday, May 4, 2012

ကကြီးဇိုင်းဆီ

တာဝန်ကိုယ်စီအားတင်းရှေ.ဆက်လှမ်း

ခွန်အားဖြည်. မီးငယ်
Steven Myaing

မြန်မာနိုင်ငံသတင်းစာဆရာအသင်း အသင်းဝင်မှတ်ပုံတင်ပုံစံ


Posted on by MJA

အသင်းဝင်မှတ်ပုံတင်ပုံစံများကို အောက်ပါလိပ်စာသို့ပေးပို့နိုင်ကြပါသည်။
အမှတ်(၁၅၀-၁၆၀)၊ ၃၅ လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း – ၀၉ ၄၂၁၀ ၉၄၆၅၉။ (စာအိပ်ပေါ်တွင် MJA အသင်းဝင် မှတ်ပုံတင်ပုံစံဟု ထင်ထင်ရှားရှားရေးသားပေးပါရန်)
မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့ဝင် သတင်းထောက်များနှင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အလွတ်တန်းသတင်းထောက်များ၊ လောလောဆယ်တွင် သတင်းမီဒီယာများတွင် တာဝန်ယူနေသော သတင်းထောက်များအနေဖြင့် ယင်းလိပ်စာသို့ဆက်သွယ်၍ အသင်းဝင်ပုံစံများ ရယူခြင်း၊
ပြန်လည်ပေးပို့ခြင်းတို့ ပြုလုပ်နိုင်ပါသည်။
ဆက်သွယ်ရေးခက်ခဲသောနေရာဒေသမှ သတင်းသမားများအနေဖြင့် A4 စက္ကူတွင် အမည်၊
ကလောင်အမည်၊ အဘအမည်၊ နိုင်ငံသားစိစစ်ရေးအမှတ်၊ လူမျိုး/ကိုးကွယ်သည့်ဘာသာ၊
ပညာအရည်အချင်း၊ မွေးသက္ကရာဇ်၊ / အသက်၊ လက်ရှိကိုယ်စားပြု အဖွဲ့အစည်း(သို့)
စာစောင် (ရှိလျှင်)၊ လုပ်ငန်းအတွ့အကြုံ၊ ယခင်လုပ်ကိုင်ခဲ့ဖူးသော
စာနယ်ဇင်းများ၊ သတင်းစာပညာနှင့်ပတ်သက် တက်ရောက်ဖူးသော သင်တန်း
(ရှိလျှင်)၊ ဆက်သွယ်နိုင်မည့် လိပ်စာ အပြည့်အစုံ၊ ဆက်သွယ်ရန် ဖုန်း၊
အီးမေးလ်၊ ထိုးမြဲ လက်မှတ်နှင့် ဓာတ်ပုံ နှစ်ပုံကို
အထက်ဖော်ပြပါလိပ်စာသို့ စာတိုက်မှတစ်ဆင့်ပေးပို့နိုင်ပါသည်။
(စာအိပ်ပေါ်တွင် MJA အသင်းဝင် မှတ်ပုံတင်ပုံစံဟု ထင်ထင်ရှားရှားရေးသားပေးပါရန်)

မြန်မာနိုင်ငံသတင်းစာဆရာအသင်းဖွဲ့စည်းပုံစည်းမျဉ်း(မူကြမ်း) နှင့် ရှေ့လုပ်ငန်းစဉ်
တို့ကို http://www.mja2012.org တွင် ဖတ်ရှုလေ့လာနိုင်သလို အသင်းဝင်မှတ်ပုံတင်ပုံစံကိုလည်း download ရယူနိုင်ပါသည်။ အီးမေးလ်ဖြင့်ပို့ပါက mmjaorg@gmail.com သို့လည်းပို့ပေးနိုင်ကြပါသည်။
download ရယူရန်မှာ ပုံပေါ်တွင် right click ထောက်လိုက်ပြီး Save Image As … ကို ကလစ်လုပ်ကာ ရယူနိုင်ပါသည်။

May I join NLD ?

Burma VJ Media Network

နာဂစ် ၄ နှစ်ပြည့်

Published on 3 May 2012 by
နာဂစ် ၄ နှစ်ပြည့်မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း တိုက်ခတ်သွားခဲ့တဲ့ ၄ နှစ်ပြည့် ဝမ်းနည်းဖွယ်အထိမ်းအမှတ်အဖြစ် လွတ်လပ်သော စေတနာ့ဝန်ထမ်းအဖွဲ့က ရန်ကုန်မြို့ လှိုင်မြို့နယ်က လွှတ်လက်သောစေတနာ့ဝန်ထမ်း ဦးရွှေဘရဲ့နေအိမ်မှာ သံင်္ဃာတော်တွေကို ပင့်ဖိတ်ပြီး ဆုတောင်းမေတ္တာပို့သခဲ့ကြပါတယ်။ဒီဆုတောင်းပွဲကို နာဂစ်ကိုအခြေခံ ဖွဲ့စည်းထားတဲ့ လွတ်လက်သော စေတနာ့ဝန်ထမ်းအဖွဲ့ဝင် ၁၅ ဦး တက်ရောက်ပြီး ဖယောင်းတိုင် ထွန်းညှိပြီး တရားတော်နာ ဆုတောင်းမေတ္တာပို့ခဲ့ကြပါတယ်။

အသက်မွေးဝမ်းကျောင်း ပညာရပ်အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

Published on 4 May 2012 by
အသက်မွေးဝမ်းကျောင်း ပညာရပ်သင်ကြားပေးဖို့ အလွန်အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
မြန်မာနိုင်ငံမှာ အသက်မွေးဝမ်းကြောင်း ပညာရပ်ကို သင်ကြားပေးဖို့ အလွန်အရေးကြီးကြောင်း မေလ ၃ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် NLD ရုံးခန်းဖွင့်လှစ်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ ရုံးဖွင့်ပွဲကို NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နာယက ဦးတင်ဦးနဲ့ အဖွဲ့ချုပ်အဖွဲ့ဝင်တွေ ဒေသခံပြည်သူအပါအ၀င် လူဦးရေ ထောင်နဲ့ချီတက်ရောက် လာခဲ့ကြပါတယ်။ တဆက်ထဲမှာလည် မေလ ၂ ရက်နေ့ လွှတ်တော်အစည်းအဝေး အတွေ့အကြုံနဲ့ပတ်သက်လို့ ဒေသခံပြည်သူ တွေကို ဒေါ်အောင်ဆန်းစုကြည် ရှင်းပြပြောဆို ခဲ့ပါတယ်။

ဟိုတယ်ခမြင့်တက်မှုကြောင့် ခရီးစဉ် ဖျက်သိမ်းမှုများရှိလာ

by Yangon Press International on Thursday, May 3, 2012 at 9:14am · မေလ ၃ ရက်၊ ၂၀၁၂ ခုနှစ်-ပိုင်ပိုင် (YPI)
 
ဟိုတယ်အခန်းခ ဈေးနှုန်းမြင့်တက်လာမှုကြောင့် လာမည့် ခရီးသွားရာသီအတွက် နိုင်ငံခြားခရီးသည်များ၏ ခရီးစဉ်တချို့ ဖျက်သိမ်းခဲ့ကြသည်ဟု ခရီးသွားလုပ်ငန်းဖြင့် အသက်မွေးသူများက ပြောသည်။

"ခရီးသည်တွေလာချင်တဲ့သူများတယ်။ ဒါပေမယ့် ဈေးနှုန်းပြဿနာဖြစ်နေတယ်။ ပထမလာမယ် လုပ်ထားတဲ့သူတွေက နောက်မှဈေးတွေ အရမ်းမြင့်လာတော့ ပြန်ရှောင်သွားကြတယ်"ဟု မြန်မာနိုင်ငံဧည့်လမ်းညွှန်အသင်းမှ တာဝန်ရှိသူ ဦးသန်းထွန်းဦးကပြောသည်။

ရန်ကုန်မြို့တွင် ဟိုတယ်ဈေးနှုန်းများ ယခင်နှစ်ထက် နှစ်ဆခဲ့မြင့်တက်ခဲ့သည်ဟု ခရီးသွားကုမ္ပဏီ အချို့က ပြောဆိုလျှက်ရှိသကဲ့သို့  ငွေဆောင်ဇုန်ရှိ ဟိုတယ်များတွင်မူ ယခင်နှစ် ဈေးနှုန်းထက် အမေရိကန်ဒေါ်လာ ၅ ဒေါ်လာမှ ၂၀ ဒေါ်လာအတွင်းသို့ မြင့်တက်သွားခဲ့ကြောင်း ငွေဆောင်ကမ်းခြေရှိ Emerald Sea Resort ဟိုတယ်မှ မန်နေးဂျင်း ဒါရိုက်တာ ဦးကျော်ထွန်းက ပြောသည်။

"ဈေးနှုန်းတက်တဲ့နေရာမှာ သင့်တင့်တဲ့နှုန်းနဲ့ အချိုးကျကျတက်စေချင်တယ်။ ရေရှည်မှာတော့ customer (ခရီးသည်တွေ)ကပဲ ဆုံးဖြတ်လိမ့်မယ်"ဟု မြန်မာနိုင်ငံဧည့်လမ်းညွှန်အသင်းမှ တာဝန်ရှိသူ ဦးသန်းထွန်းဦးက ဝေဖန်ပြောဆိုသည်။

အခြားဝါရင့် ဧည့်လမ်းညွှန်တစ်ဦးကလည်း"ဒီမှာ နှစ်ပတ်နေတဲ့စရိတ်က ဗီယက်နမ်မှာဆိုရင် တစ်လလောက်နေလို့ရတယ်"ဟု နှိုင်းယှဉ်ပြောဆိုသည်။

နိုင်ငံခြား ခရီးသည်ပါးသည့် ယခင်နှစ်များက တရက်လျှင် ၃၆ ဒေါ်လာဝန်းကျင်နှုန်းထား ရှိသည့် ရန်ကုန်မြို့မှ ဟိုတယ်တခုမှာ ယခုနှစ်ဆန်းပိုင်းတွင်  ဒေါ်လာ ၈၀ ၀န်းကျင်သို့ရောက်ရှိခဲ့သည်ဟု  အဖွဲ့အစည်းကိစ္စဖြင့် လာရောက်သူ နိုင်ငံခြားသား တဦးကပြောသည်။

ဟိုတယ်ဈေးနှုန်းများမြင့်တက်သွားရခြင်း အကြောင်းနှင့် ပတ်သက်၍ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများက ပြောဆိုရာတွင် ၀င်လာသည့် ခရီးသည်အရေအတွက်နှင့် ရှိသည့်တည်းခိုခန်း အရေအတွက် မမျှခြင်း၊ ဟိုတယ်များတွင် လျှပ်စစ်မီး အချိန်ပြည့်မရရှိသဖြင့် ဒီဇယ်ဆီအစားထိုးရခြင်း၊ အလတ်စားနှင့်အသေးစား ဟိုတယ်များတွင် နိုင်ငံခြားသားများတည်းခိုရန် ခက်ခဲခြင်း စသည်တို့ကြောင့်ဖြစ်သည်ဟု ပြောသည်။

၂၀၁၂ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်နိုင်ရန် လမ်းညွှန်ထားသည့် ၄၅ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံသည် တတိယနေရာတွင်ရှိကြောင်း New York Times သတင်းစာတွင်ဖော်ပြထားပြီး၊ အမေရိကန်အခြေစိုက် အာရှပစိဖိတ်ခရီးသွားလုပ်ငန်းကလည်း ၂၀၁၂ ခုနှစ်သည် မြန်မာခရီးသွားလုပ်ငန်း နံပတ်တစ်နေရာရောက်မည်ဖြစ်သည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ကြောင့် မြန်မာနိုင်ငံအား စိတ်ဝင်စားမှု မြင့်တက်လာခြင်းနှင့် ယခင်ကထက် ခရီးသွားဗီဇာရရှိရန် လွယ်ကူလာသည့် အချက်တို့က နိုင်ငံခြားခရီးသွား ၀င်ရောက်မှုများပြားလာစေသည်ဟု ခရီးသွားလုပ်ငန်းများမှ ကောက်ချက်ချ ပြောဆိုသည်။

ယခုနှစ် မြန်မာနိုင်ငံသို့ ခရီးသည်ဝင်ရောက်မှုသည် ငါးသိန်းခန့်ရှိပြီး ယခင်နှစ်ကထက် ၂၆ ရာခိုင်နှုန်းကျော်တိုးမြင့်လာခဲ့ကြောင်း၊ တနိုင်ငံလုံး အတိုင်းအတာအရ ဟိုတယ် ၇၃၁လုံး၊ အိပ်ခန်းပေါင်း ၂၅၀၀၀ ကျော်ရှိကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့လာရောက်သူအများစုမှာ အရှေ့တောင်အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံများမှဖြစ်ပြီး ပုံမှန်လာရောက်သူများနှင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် လာရောက် လေ့လာသူများဖြစ်ကြောင်း ဦးသန်းထွန်းဦးကပြောသည်။       ။
နိုင်ငံခြား ခရီးသွားများ စိတ်ဝင်စားရာ နေရာတခုဖြစ်သည့် ပုဂံမြို့ရှိဘုရားတဆူတွင် တွေ့ရသည့် နိုင်ငံခြားခရီးသည်များ

အွန်လိုင်းမီဒီယာလည်း အခြားမီဒီယာများလို မှတ်ပုံတင်ခွင့်ပြုမည်။


by Yangon Press International on Thursday, May 3, 2012 at 1:24pm · ရန်ကုန်၊ မေ ၃။ ၂၀၁၂ ၊ သူရမျိုး-YPI

အွန်လိုင်းမီဒီယာများကိုလည်း သမားရိုးကျ မီဒီယာသမားများနည်းတူသတ်မှတ်ပြီး မှတ်ပုံတင်ခွင့်နှင့် အခွင့်အရေးတန်းတူ ရစေရန် စဉ်းစားဆောင်ရွက်လျှက်ရှိကြောင်း ယနေ့ ရန်ကုန်မြို့၌ ကျင်းပသည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ (၂၀၁၂) အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးစိုးဝင်းက ပြောကြားသည်။

“ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ အွန်လိုင်းမီဒီယာများကိုလည်း သမားရိုးကျမီဒီယာများ နည်းတူသတ်မှတ်ပြီး စာနယ်ဇင်းသမားများရဲ့ ရပိုင်ခွင့်များခံစားနိုင်ဖို့ အတွက်လည်း စဉ်းစားဆောင်ရွက်လျှက်ရှိပါတယ်”ဟု ဦးစိုးဝင်းက ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသွားသည်။

၂၀၁၃ တွင် အတည်ပြုရန်ရှိသည့်  ပုံနှိပ်မီဒီယာဥပဒေတွင် သတင်းအေဂျင်စီများထူထောင်၍ အွန်လိုင်းမှတစ်ဆင့် သတင်းအချက်အလက်များဖြန့်ဝေလိုပါက စနစ်တကျ မှတ်ပုံတင်ပြီး ဆောင်ရွက်ခွင့်ရရှိစေရန်လည်း စဉ်းစားထားကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

ယခုလောလောဆယ်တွင် ပြည်တွင်းအွန်လိုင်း မီဒီယာများ အနေဖြင့် စာပေစိစစ်ရေး သို့ တင်ပြစရာ မလိုပဲ ဖေါ်ပြလျှက်ရှိရာ မကြာမီလွှတ်တော်တွင် တင်ရန်ရှိသည့်မီဒီယာဥပဒေ  အတည်ပြု ပြဋ္ဌာန်း ပြီးနောက် မှတ်ပုံတင်ခွင့်ပြုရန် ယခုကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။

ပြည်တွင်း အခြေစိုက်သည့် အွန်လိုင်း မီဒီယာအနေဖြင့် ယခုလောလောဆယ် မြစ်မခမီဒီယာနှင့် Yangon Press International တို့ရှိပြီး ကျန်မြန်မာ အွန်လိုင်း မီဒီယာများမှာ ပြည်ပတွင် အခြေစိုက်သည့် သတင်းမီဒီယာများဖြစ်သည်။

ယခုနှစ်ဆန်းပိုင်းက အင်းယားလိပ်ဟိုတယ်တွင် ကျင်းပသည့် မြန်မာ့သတင်းမီဒီယာ ဖွံ့ဖြိုးရေး အလုပ်ရုံဆွေးနွေးပွဲတွင် အွန်လိုင်းမီဒီယာများသည် ဆက်သွယ်ရေး ဥပဒေဖြင့် ဆက်စပ်နေသဖြင့် မြန်မာ့ဆက်သွယ်ရေး နှင့် ကြေးနန်းဝန်ကြီးဋ္ဌာနတွင် မှတ်ပုံတင်ရမည် ဟူသည့်သဘော ပြောဆိုခဲ့ပြီးနောက်  လအနည်းငယ်အကြာတွင် အွန်လိုင်းမီဒီယာများကို   ပြန်ကြားရေး ၀န်ကြီးဋ္ဌာနလက်အောက်တွင် တပေါင်းတစည်းထည်း ထားမည်ဟု ပြန်လည် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ဆက်သွယ်ရေး ဥပဒေနှင့် အွန်လိုင်းမီဒီယာ နှင့် သက်ဆိုင်သည့် အီလက်ထရွန်းနစ် ဥပဒေအရ ဆိုပါက ယင်းဥပဒေကို ဖောက်ဖျက်ကျူးလွန်ပါက အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည်။

နောင်နှစ် ဆန်းပိုင်း အတည်ပြုရန်ရှိသည့် မီဒီယာဥပဒေနှင့် ပတ်သက်၍ ပြည်တွင်း အွန်လိုင်း မီဒီယာ တခုဖြစ်သည့် မြစ်မခမီဒီယာ ထူထောင်သူ ဒေါ်မေသင်္ကြန်ဟိန်က “ကျွန်မအနေနဲ့ကတော့  မူကြမ်းထွက်လာတဲ့အခါမှ ကြည့်ပြီးပြောနိုင်ပါမယ်။ ခုနေမှာတော့ ခန့်မှန်းကြည့်ဖို့ဆိုတာ မသေချာဘူးလေ။ ထွက်လာတဲ့ ဥပဒေပေါ်မှာပဲ ကြည့်ပြီး ပြောရမှာပါ ”ဟု ၀ိုင်ပီအိုင်သို့ပြောသည်။

ဒုတိယ၀န်ကြီး ဦးစိုးဝင်းက အွန်လိုင်သတင်းသများအား ကျန်စာနယ်ဇင်းသမားများအပေါ် တန်းတူရပိုင်ခွင့်များ၊ အကာအကွယ်များ ကျင့်ဝတ်များရရှိကျင့်သုံးစေနိုင်ရန် ထွက်ရှိလာမည့် မီဒီယာလောတွင် စဉ်းစားဆောင်ရွက်ထားကြောင်းပြောကြားသည်။

ယနေ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် မြန်မာနိုင်ငံသတင်းစာဆရာ အသင်းဖြစ်မြောက်ရေး ကော်မတီ၏ သဘောထားထုတ်ပြန်ကြေငြာချက်တွင်လည်း သတင်းမီဒီယာများအား မှတ်ပုံတင်သည်မှအစ ပုံနှိပ်ဖြန်ချီသည်အထိ အဆင့်တိုင်းတွင် ဆင်ဆာစနစ် မရှိသင့်ကြောင်း ထွက်ရှိလာမည့်မီဒီယာ ဥပဒေနှင့် ပတ်သက်၍ ဖေါ်ပြရေးသား ထားသည်။

အွန်လိုင်းသတင်းသမားရပိုင်ခွင့်နှင့် ပါတ်သက်၍ မမေသင်္ကြန်ဟိန်းက “ရပိုင်ခွင့်လို့ ဆိုရာမှာလည်း အစိုးရဆီကမှ မဟုတ်ဘူး၊ ကိုယ့်မီဒီယာကိုယ့်သတင်းဋ္ဌာနပဲ ဖြစ်ဖြစ် ဘယ်သူ့ ဆီကပဲ ဖြစ်ဖြစ် ကိုယ့်ရပိုင်ခွင့်ကို ကိုယ်က သိရမယ်၊ မသိရင် သိအောင်လုပ်ရမယ်၊ မရရင် ရအောင် လုပ်ကြရမှာပါ”ဟု သုံးသပ်ပြောဆိုသည်။         ။
ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့၌ ကျင်းပသည့် ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားတခု

လူ့အခွင့်အရေးချိုးဖောက်ခံရကြောင်း သတင်းမီဒီယာတွင် ခိုင်လုံစွာဖေါ်ပြထားပါက ကော်မရှင်မှ ၀င်ရောက်ဆောင်ရွက်မည်


by Yangon Press International on Friday, May 4, 2012 at 9:44am · မေလ ၄ ရက်၊ ၂၀၁၂ခုနှစ်-ကျော်စိုးလင်း (YPI)

မီဒီယာအသီးသီးရှိ သတင်းဖေါ်ပြချက်များတွင် လူ့အခွင့်အရေး အမှန်တကယ် ချိုးဖောက်ခံရကြောင်း ခိုင်လုံစွာ ဖေါ်ပြထားပါက  ယင်းသတင်းပါကိစ္စများနှင့်ပတ်သတ်ပြီး မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း ကော်မရှင်၏ အတွင်းရေးမှူး ဦးစစ်မြိုင်ကပြောသည်။

၎င်းက ကော်မရှင်၏ သဘောထားကို ဥပမာပေး ရှင်းပြရာတွင် “ စ သုံးလုံးတိုက်ပေါ်က ပြုတ်ကျတဲ့အမှုဆိုပါတော့။ ပြုတ်ကျတာက စိတ်ဝင်စားဖို့ကောင်းတယ်။ သို့သော် လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတာမျိုး အန်ကယ်တို့ဆီကို တိုင်စာလည်းရောက်မလာဘူး။ သတင်းလည်း ရောက်မလာဘူး။ ကာယကံရှင်လည်း လာမတိုင်ဘူး။ တကယ်လို့ သတင်းမှာကိုက အကြမ်းဖက်လိုက်လို့၊ ဘာလို့ဆိုရင်တော့ အန်ကယ်တို့ဝင်မှာပေါ့။ မီဒီယာတွေမှာ လူ့အခွင့်အရေးချိုးဖောက်ကြောင်း ခိုင်လုံတဲ့သတင်းပါရင် လုပ်လို့ရတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်

ဆက်လက်ပြီး အတွင်းရေးမှူးက  မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားလိုပါက ကော်မရှင်ဥက္ကဌနှင့် အတွင်းရေးမှူးတို့ထံသို့ လိပ်မူပြီး အဖြစ်အပျက်မှန်၊ အထောက်အထားအမှန်၊ မှတ်ပုံတင်မိတ္တူတို့ဖြင့် စာတိုက်မှ မှတ်ပုံတင်စာဖြင့်ဖြစ်စေ လူကိုယ်တိုင်ဖြစ်စေ လာရောက်တိုင်ကြားနိုင်ကြောင်း၊ ကာယကံရှင် ကိုယ်တိုင်မဟုတ်သော်လည်း ကာယကံရှင်မှ လွှဲအပ်ထားသူတစ်ဦးဦးမှလည်း လာရောက်တိုင်ကြားနိုင်ကြောင်း YPI သို့ပြောသည်။

သို့သော် ထိုသို့တိုင်ကြားသည့် ကိစ္စရပ်များအနက် တရားရုံးတွင် စစ်ဆေးလျက်ရှိသော ကိစ္စရပ်များကို ကော်မရှင်မှ ၀င်ရောက်ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း ၎င်းကဆက်ပြောသည်။

ယင်းကိစ္စနှင့်ပတ်သတ်ပြီး လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးကွန်ယက်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးမောင်မောင်လေးက “ တကယ်တော့ တိုင်ကြားထားတဲ့ကိစ္စ၊ စစ်ဆေးနေတဲ့ကိစ္စကို အရေးမယူဘူးဆိုတာ လူ့အခွင့်အရေး ကြေငြာစာတမ်းက အပိုဒ် ၇ ပိုဒ်လောက်ကို ဖယ်လိုက်သလိုပဲ။ လူတိုင်းက ဥပဒေရဲ့အဆုံးအဖြတ်ကို ညီတူညီမျှ ခံယူခွင့်ရှိရမယ်။ မဟုတ်ရင် အမှန်တရားက  ပျောက်ကွယ်သွားနိုင်တယ်” ဟုပြောသည်။

၎ ရက်ကြာ စစ်ဆေးခံရသည့်နောက် စသုံးလုံး ရုံးအပေါ်ထပ်မှ ပြုတ်ကျသေဆုံးခဲ့ရသည့် မနန်းဝိုးဖန်း၊ ယင်းသို့ စစ်ဆေးခံရမှုသည် လူ့အခွင့်အရေး ချိုးဖေါက်မှု တရပ်အဖြစ် အချို့ကရှုမြင်လျှက်ရှိကြသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ၂၀၁၁ ခုနှစ်စက်တင်ဘာလတွင် သမ္မတအမိန့်ဖြင့် စတင် ဖွဲ့စည်းခဲ့သည်။
စတင်ဖွဲ့စည်းချိန်မှ ယခုအထိ တိုင်ကြားစာပေါင်း ၂၀၉၄ မှုလက်ခံရရှိကာ ၁၃၂၂ မှုကို စိစစ်ပြီးဖြစ်သည်ဟု ကော်မရှင်၏ ပြောဆိုချက်အရ သိရှိရသည်။

 အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့်ပတ်သက်၍ အစိုးရနှင့် သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းမဟုတ် ဆိုသည့် ဝေဖန်ချက်များ ရှိနေသည့်တိုင် မြန်မာနိုင်ငံတွင် နှစ်ပေါင်း များစွာအတွင်း ပထမဆုံး ပေါ်ထွက်လာသည့် အမျိုးသား လူ့အခွင့်အရေးကော်မရှင် တရပ်ဖြစ်သည်။        ။

မြန်မာ့ရိုးရာ စောင်းပညာ ပျောက်ကွယ်သွားမှာကို ပညာရှင်တွေက စိုးရိမ်

DVB TV News
May 4, 2012 9:05am
မြန်မာ့အသံမှာ မြန်မာသီချင်းကြီးကဏ္ဍကို လျှော့ချလိုက်ပီး ပံ့ပိုးအားပေးမှုတွေ နည်းပါးလာတဲ့ နောက်ပိုင်းမှာ မြန်မာ့ရိုးရာ စောင်းပညာ ပျောက်ကွယ်သွားမှာကို ပညာရှင်တွေက စိုးရိမ်နေကြပါတယ်။

NLD ကိုယ်စားလှယ်များ အမြင်

DVB TV News
May 4, 2012 11:35am
မေလ ၂ ရက်နေ.မှာပြုလုပ်တဲ့ ပြည်သူ.လွှတ်တော်အစည်းအဝေးကို စတင်တက်ရောက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ.ချုပ်က အမျိုးသမီးပြည်သူ.လွှတ်တော်ကိုယ်စားလှယ်တွေရဲ. သဘောထားအမြင်တွေကို ဒေါ်လှလှဝင်းကစုစည်းတင်ဆက်ထားပါတယ်

အကြွေးစာရင်းအကွဲအပြဲ

အကျယ်ကြည့်ရန်ပုံကိုနှိပ်ပါ။

"ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကို လျှောက်ခြင်း"

Radio Free Asia
ဦးဝင်းတင်ရဲ့ ဘ၀ဖြတ်သန်းမှုတွေကို အပတ်စဉ် သူကိုယ်တိုင် ပြန်ပြောင်းတင်ပြနေတဲ့ "ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကို လျှောက်ခြင်း" အစီအစဉ်မှာ အင်းစိန်ထောင်ကနေ ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့ လွတ်မြောက်လာစဉ်က အတွေ့အကြုံတွေကို နားဆင်ရမှာဖြစ်ပါတယ်။
"ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကို လျှောက်ခြင်း" by Radio Free Asia

မှော်ဘီမြို့နယ် MGS- Myanmar Golden Star ကုမ္ပဏီက စက်ရုံဝန်ထမ်း ၄ ရာကျော် ဆန္ဒ ပြ

RFA Burmese


မှော်ဘီမြို့နယ် ပြည်လမ်းပေါ်မှာ ရှိတဲ့ MGS- Myanmar Golden Star ကုမ္ပဏီက စက်ရုံဝန်ထမ်း ၄ ရာကျော်ဟာ မေလ ၂ ရက်နေ့ နေ့လည်က စတင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
MGS ဝန်ထမ်းတွေဟာ လက်ရှိ ရနေတဲ့ လစာငွေအပြင် နောက်ထပ် ကျပ်ငွေ ၃ သောင်း တိုးပေးဖို့ ကုမ္ပဏီကို တောင်းဆိုခဲ့ကြတာပါ။
ဝန်ထမ်းတွေရဲ့ တောင်းဆိုချက်ကို ကုမ္ပဏီဘက်က လိုက်လျောမှု မရှိတာကြောင့် ဆန္ဒပြ တောင်းဆိုခဲ့ကြတာ ဖြစ်ကြောင်း ဆန္ဒပြအဖွဲ့ ခေါင်းဆောင်တွေက မီဒီယာတွေကို ပြောပါတယ်။
ကုမ္ပဏီနဲ့ ဝန်ထမ်းတွေအကြား ဖြစ်ပေါ်နေတဲ့ မပြေလည်မှုတွေကို အလုပ်သမား ဝန်ကြီးဌာန နဲ့ လူမှု ဖူလုံရေး အဖွဲ့တို့က ဝင်ရောက် ဖြေရှင်းခဲ့ပေမယ့် ဝန်ထမ်းတွေဘက်က ကျေနပ် လက်ခံခဲ့ခြင်း မရှိတဲ့အတွက် မနေ့က မနက်ပိုင်းက ဆက်လက် ဆန္ဒပြခဲ့ကြပါတယ်။
(ရန်ကုန်-မန္တလေးလမ်း၊ အုတ်သာမြို့သစ်ရှိ Myanmar Golden Star စက်ရုံ- Myanmar Golden Star website)

နတ်မောက်မြို့ရှိဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်ပြန်လှည်ဖွင့်လှစ်

By Yangon Media Group

နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ် ပြတိုက်ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်းသိရသည်။အဆိုပါဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်သို့လာရောက်နေ့စဉ်လာရောက်ကြည့်ရှုသူ ၅၀မှ ၃၀၀ ၀န်ကျင်ရှိကြောင်းသိရသည်။ မိမိတို့မြန်မာနိုင်ငံ၏ လွတ်လပ်ရေးခေါင်းဆောင်ကြီး၏ နေအိမ်ကို မြန်မာနိုင်ငံသူ/သားများအနေဖြင့်လည်းကောင်း နတ်မောက်ဒေသခံများအနေဖြင့်လည်းကောင်း ယခုထက်ပိုမို၍လာရောက်ကြည့်ရှုစေချင်ကြောင်းကိုလည်း နတ်မောက်ရှိဒေသခံများကပြောဆိုနေကြောင်းသိရသည်။ အဆိုပါဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်၏၀င်ကြေးမှာ အခမဲ့ဖြစ်ကြောင်းလည်းသိရသည်။

ဆရာကြမ်းလက်ဖြင့်သေရရှာသောမသန်းနု

ဥက္ကာမင်း
တနသာင်္၇ီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်၊ပထော်ကျေးရွာ(မြိတ်မြို့အရှေ့ဘက်ကမ်း)တွင်နေထိုင်သူမသန်းနု၊အသက်၃၈နှစ်၊အိမ်ထောင်ရှိ၊အမျိုးသမီးအားခဲအိုဖြစ်သူကစုန်းဟုယိုးကာ၊ကျွန်းစုမြို့နယ်၊ကမ်းကြီးကျေးရွာသို့ခေါ်ဆောင်ပြီးဆရာကြမ်း(ဆရာယောင်ယောင်သမားယောင်ယောင်)ဦးမဲကြီးထံတွင်၎ရက်တာဆေးကုသမှု(ရိုက်ပြီးကု၊အရက်တိုက်ကု)ခံယူရင်းသေဆုံးသွားခဲ့ပါသည်။ဖြစ်စဉ်မှာမသန်းနုအား(စုန်း)ဟုယိုးမယ်ဖွဲ့ပြီးပယောဂဆရာမဲကြီး၊သူမ၏ခဲအို၊ကျန်အပေါင်းအပါ၂ဦး။စုစုပေါင်းအမျိုးသား၎ဦးတို့မှမတရားရိုက်နှက်နှိပ်စက်ကာ၊၄ရက်လုံးထမင်းလဲမကျွေး၊ဆဲဆို၊လက်နက်ဖြင့်၎င်းအမျိုးမျိုးသောရက်စက်မှုတို့ဖြင့်ကုသရာ၎ရက်အကြာတွင်သေဆုံးခဲ့ပါတယ်။၎င်းတရားခံများကိုကျွန်းစုမြို့နယ်ရဲစခန်းတွင်အချုပ်ဖြင့်ထားရှိကြောင်းကြားသိရပါတယ်။
တရားခံများထဲမှတစ်ဦးကMP4ဖြင့်မှတ်တမ်းတင်ထားသောဗွီဒီယိုမှတ်တမ်းကိုလဲရရှိထားကြပါတယ်။
ယူကျူ့ တွင်တင်ပေးချင်သော်လည်းစည်းကမ်းနှင့်မညီညွတ်ပါ၍ကြည့်လိုပါကဒေါင်းပြီးကြည့်ပါရန်။

http://www.mediafire.com/?9x1nckem69wl8fo,5m63ke8l6wjz066



facebook account ရှိသူများကြည့်ရန်

ကျနော်တင်ခဲ့သောပို့စ်ရဲ့ video-1

ကျနော်တင်ခဲ့သောပို့စ်ရဲ့ video-2