Sunday, May 6, 2012

ကနေဒါဝန်ကြီး Jason Kenneyြ မန်မာတွေသဘောထားလာယူ

ကနေဒါဝန်ကြီး Jason Kenney( Minister of Citizenship, Immigration and Multiculturalism ) ဟာဒီနေ့ နေ့လည်မှာတိုရန်တိုဘုန်းကြီးကျောင်းကိုလာပြီးမြန်မာတွေနဲ့ တွေ့ ဆုံပါတယ်။အဓိကကတော့ဆန်ရှင်ရုတ်ဖို့ အစိုးရကဆိုင်းငံ့ တာနဲ့ ပတ်သက်ပြီးသဘောထားလာယူတာပါ။ဒီကမြန်မာတွေကလည်းကနေဒါအစိုးရနဲ့ သဘောထားတူနေတာတွေ့ ရပါတယ်။ အခြားလာတဲ့သတင်းတချို့ အရအနောက်လုပ်ငန်းရှင်တွေအပြိုင်အဆိုင်မြန်မာပြည်ဝင်နေချိန်မှာကနေဒါကလုပ်ငန်းရှင်တွေကလည်း ၀င်ချင်နေလို့ အမတ်တွေကိုနားပူနားဆာလုပ်နေလို့ ပါ။ဆွေးနွေးပွဲအရကတော့ဆက်လက်ဆိုင်းငံ့မဲ့အနေအထားပဲတွေ့ ရပါတယ်။ ကချင်၊ကရင်အရေးလည်းဆွေးနွေးခဲ့ပြီးအနီးကပ်ပူးပေါင်းဆောင်ရွက်မည်ဟုပြောဆိုခဲ့ပါသေးတယ်။

ဓါတ်ပုံ- Ashin Kawwida

မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်းကောက်ဖို့ ဘာကြောင့် အရေးကြီးသလဲ

Written by ၀င့်ထန်း


မကြာခင်က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံကို လာသွားတဲ့အခါ ထူးခြားမှုတစ်ခုကတော့၊ ကုလသမဂ္ဂ စာရင်းအင်းကော်မရှင် (UNSC)၊ ကုလ လူဦးရေဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (UNFPA) တို့ရဲ့ အကူအညီနဲ့ လာမယ့် ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံတ၀ှမ်း သန်ခေါင်းစာရင်း ကောက်ယူနိုင်တော့မယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။
မြန်မာ့သမိုင်းကိုကြည့်ရင် ညောင်ရမ်းခေတ်မှာ သာလွန်မင်း သန်းခေါင်စာရင်း ကောက်ဖူးတယ် ဆိုတာကလွဲလို့၊ သူ့အရင်ကော နောက်နောင်မင်းတွေလက်ထက်မှာပါ တိုင်းပြည်လူဦးရေကိစ္စ စိတ်ဝင်စားပုံ မရှိခဲ့ပါဘူး။ ဒါတောင် သာလွန်မင်း ကောက်ခဲ့တဲ့ လူဦးရေစာရင်း ဘယ်ရွေ့ဘယ်မျှဆိုတဲ့ မှတ်တမ်းအတိအကျကို မတွေ့ရပါဘူး။ အခြားတိုင်းရင်းသားဒေသတွေရဲ့ လူဦးရေဆိုတာလည်း သက်ဆိုင်ရာ ဒေသအုပ်ချုပ်သူတွေ ကောက်ယူခဲ့တာ မကြားဖူးသလို၊ ဗမာမင်းတွေလည်း စိတ်မ၀င်စားခဲ့ပါဘူး။
ဒါပေမဲ့ ဗြိတိသျှတို့ အုပ်ချုပ်တဲ့ကာလအတွင်း ၁၈၇၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်အထိ မြန်မာနိုင်ငံကို ဆယ်နှစ်တစ်ကြိမ် သန်းခေါင်စာရင်း ပုံမှန် ကောက်ယူခဲ့ပါတယ်။ ဗြိတိသျှတို့ကတော့ ခေတ်သစ်နိုင်ငံအုပ်ချုပ်ရေးမှာ အဓိကအရေးကြီဆုံးအလုပ်က သန်းခေါင်စာရင်း ကောက်ယူရေးဆိုတာကို ကောင်းကောင်း သဘောပေါက်သူတွေ ဖြစ်ပါတယ်။
သူတို့ကောက်ခဲ့တဲ့ မြန်မာတစ်နိုင်ငံလုံး လူဦးရေက ၁၈၉၁ ခုနှစ်မှာ ၇.၇၇၂ သန်း၊ ၁၉၀၁ ခုနှစ်မှာ ၁၀.၅ သန်း၊ ၁၉၁၁ ခုနှစ်မှာ ၁၂.၁၁ သန်း၊ ၁၉၂၁ ခုနှစ်မှာ ၁၃.၂၁ သန်း ရှိပါတယ်။
နောက် အင်္ဂလိပ်က ကြေးတိုင်နဲ့ မြေစာရင်း ဌာနတည်ပြီး မြန်မာနိုင်ငံမြေပုံကို အတိအကျ အချိန်ယူရေးဆွဲတယ်။ အောက်မြန်မာပြည်မှာ စိုက်ပျိုးမြေဧကတွေ ဖော်တယ်။ သူတို့ လိုချင်တဲ့ ထုတ်ကုန်အတွက် ဗမာ့လူဦးရေနဲ့ မလုံလောက်တော့ ချစ်တီးကုလားတွေ အိန္ဒိယက မချလာတယ်။ နောက် ဆန်စက်တွေ တည်ပြီး ကမ္ဘာ့ဆန်စပါး အထွက်ဆုံးနိုင်ငံ ဖြစ်အောင် လုပ်ခဲ့တယ်။ ပြောချင်တာက ကိုလိုနီအစိုးရဖြစ်ဖြစ် ကိုယ်ပိုင်အစိုးရဖြစ်ဖြစ် တိုင်းပြည်အတွက် စီးပွားရေး လူမှုရေး မူဝါဒတွေ ချမှတ်လုပ်ဆောင်ရတဲ့အခါ လူဦးရေ သန်းခေါင်စာရင်းကောက်ယူမှုက အရေးကြီးဆုံးနဲ့ အခြေခံအကျဆုံး ဖြစ်တယ် ဆိုတာကိုပါ။
လွတ်လပ်ရေး ရပြီးချိန်ကစပြီး အခု ၂၀၁၂ ခုနှစ်အထိ မြန်မာအစိုးရအဆက်ဆက် လက်ထက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်း နှစ်ကြီမ်ပဲ ကောက်ယူခဲ့ပါတယ်။ မဆလခေတ် ၁၉၇၃ ခုနှစ်နဲ့ ၁၉၈၃ ခုနှစ်တို့ကပါ။
ဒီအရင် ပါလီမန်ဒီမိုကရေစီခေတ်မှာ နိုင်ငံ့ဘဏ္ဍာငွေ အတော်များများ ရှိပေမဲ့၊ ပြည်တွင်းစစ်ကြောင့် မကောက်ယူနိုင်ခဲ့ပါဘူး။ တိုင်းပြည် အတော်တန် တည်ငြိမ်လာပြန်တော့လည်း ၀န်ကြီးချုပ်ဦးနုက ဆဋ္ဌသင်္ဂါယနာတင်ဖို့နဲ့ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ ဖြစ်ရေးလောက်သာ အာရုံကျနေတော့က၊ ဒီအလုပ်ကို ခေါင်းထဲ ထည့်ပုံမရဘူး။ ဒီဘက် န၀တ နအဖ ခေတ်ကျတော့လည်း လူဦးရေစာရင်းကိစ္စကို လှေလှော်သဘင်နဲ့ သစ်သီးဝလံပြပွဲလောက် အရေးပါတယ်လို့ကို ထင်ပုံမရဘူး။
၁၉၈၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးစာရင်းကောက်ယူမှုအရ တစ်နိုင်ငံလုံးမှာ လူဦးရေ ၃၅ သန်းကျော် (၃၅,၄၄၂,၉၇၂) ရှိတယ်လို့ တရားဝင် ဖော်ပြပါတယ်။ အဲဒီနောက်ပိုင်း သန်းခေါင်စာရင်း ကောက်ယူတာ မရှိတော့တဲ့အတွက် ဒီကနေ့ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ သန်း ၅၀ လည်းဖြစ်နိုင်သလို၊ သန်း ၆၀၊ ၇၀၊ ၈၀ လည်း ဖြစ်နိုင်ပါတယ်။ ခန့်မှန်းပြီး ကြုံသလို ပြောနေကြရတာပါပဲ။
နောက် လူဝင်မှုကြီးကြပ်ရေးဌာနစာရင်းမှာ မ၀င်ဘဲ မွေးလာကြ သေသွားကြသူတွေဟာ မရေမတွက်နိုင်အောင်ပါပဲ။ အထူးသဖြင့် တောင်တန်းဒေသ၊ လူမျိုးစုဒေသတွေနဲ့ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ သေသာသွားရော နိုင်ငံသားမဖြစ်လိုက်ရသူတွေ အများကြီးပါပဲ။ တိုင်းပြည်အတွက် အဖက်ဖက်က ဆုံးရှုံးမှုကြီးပါပဲ။


လူအရေအတွက်သက်သက် မဟုတ်
Census ဆိုတဲ့ စကားကို သန်းခေါင်းစာရင်းလို့ မြန်မာမှု ဘယ်သူ စခဲ့လဲတော့မသိပါ။ လူဦးရေစာရင်း ကောက်ယူရတဲ့အခါ ညသန်းခေါင် လူခြေတိတ် အားလုံးအိပ်မောကျချိန်မှာ အလစ်အငိုက် စာရင်းဝင်ကောက်ရတာကြောင့် ဒီစကား ဖြစ်လာပုံရပါတယ်။ အရင်က ဧည့်စာရင်းစစ်သလိုမျိုး လုပ်ခဲ့တာဖြစ်ပါမယ်။ အဲဒီလုပ်ရပ်ကို သာလွန်မင်း ထွင်ခဲ့သလား၊ အင်္ဂလိပ်တွေပဲ လုပ်ခဲ့သလား မဆိုတတ်ဘူး။
ဒါပေမဲ့ ဒီကနေ့ခေတ် Census ကောက်ယူတဲ့အခါ လူဦးရေစာရင်းတင် မကတော့ဘဲ၊ နိုင်ငံ့နယ်နမိတ်အတွင်းရှိ ဒေသအသီးသီးက လူမျိုးပေါင်းစုံရဲ့ demography ကိုပါ စာရင်းယူရတာ ဖြစ်တော့ ညသန်းခေါင်မှာတင် လုပ်လို့ရတာမျိုး မဟုတ်တော့ဘူး။
demography ဆိုရာမှာ ဒေသအသီးသီးက လူမျိုးတွေရဲ့ အသက်အရွယ်၊ ပျမ်းမျှသက်တမ်း၊ နှစ်စဉ်မွေးဖွားမှုနှုန်း၊ အရွယ်မတိုင်မီ သေဆုံးမှုနှုန်း (infant mortality rates) သေဆုံးမှုနှုန်း (death rates)၊ လူဦးရေ အတက်အကျ၊ လူငယ်ဦးရေ၊ သက်ကြီးရွယ်အို ဦးရေ၊ မှီခိုသူဦးရေ၊ မသန်စွမ်းသူဦးရေ၊ စာတတ်မြောက်သူဦးရေ၊ ဘွဲ့ရဦးရေ၊ အလုပ်လက်မဲ့၊ လက်လုပ်လက်စား၊ လယ်ယာလုပ်ကိုင်သူ၊ လယ်ပိုင်သူ၊ အိမ်ပိုင်ခြံပိုင်ရှိသူ၊ တစ်ဦးချင်းဝင်ငွေ၊ ၀င်ငွေအချိုးအစား ကွာဟမှု၊ ဒေသအလိုက် နေထိုင်သူဦးရေ အချိုးအစား၊ လူမျိုးစုများ၊ အလုပ်အကိုင်အမျိုးအစား၊ လယ်ယာစွန့်ခွာပြီး မြို့ပြရွှေ့ပြောင်းသူ ဦးရေ၊ နိုင်ငံရပ်ခြားထွက်ခွာသူဦးရေ စတဲ့ အချက်အလက်တွေ ပါဝင်အောင် ကောက်ယူရတာ ဖြစ်ပါတယ်။
အဲဒီ လူဦးရေနဲ့ demography စာရင်းတွေပေါ် အခြေခံပြီးမှ မူဝါဒရေးဆွဲသူတွေက ကိုယ့်တိုင်းပြည်ဒေသ၊ လူမျိုးအခြေအနေတွေနဲ့ ကိုက်မယ့် ဖြစ်နိုင်ခြေရှိမယ့် စီမံကိန်းတွေ ချမှတ်ရပါတယ်။ census မှာ ဖော်ပြတဲ့ အချက်အလက်တွေကို အမြဲကိုင် စဉ်းစားပြီးမှ သွင်းကုန် ထုတ်ကုန် လုပ်ငန်းတွေ၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း၊ ဈေးကွက်၊ ဘဏ်လုပ်ငန်း၊ ပုဂ္ဂလိကပိုင်ဆိုင်ခွင့် စာတာတွေကို အသေးစိတ် သူ့နေရာနဲ့သူ ရွေးချယ်ပြီး မူဝါဒတွေချမှတ် ဆောင်ရွက်ရပါတယ်။
အဲဒီကမှ တိုင်းပြည်အမျိုးသားဝင်ငွေ၊ စုစုပေါင်း ပြည်တွင်းထုတ်ကုန် တို့ဆိုတဲ့ အမျိုးသားကြီးပွားမှု ပုံမှန်ဖြစ်နေအောင် တာဝန်ယူသူတွေက စီမံရပါတယ်။ နောက် census ကပေးတဲ့ အချက်လက်ဒေတာတွေပေါ်ကနေမှ စီးပွားရေး၊ ပညာရေး စီမံကိန်းတွေ၊ ကျန်းမားရေးစတဲ့ social welfare လုပ်ငန်းတွေနဲ့ လူထု လုံခြံမှုရှိရေးအတွက် ပြင်ဆင်မှုတွေ လုပ်ကြရပါတယ်။
ဥပမာ၊ အင်္ဂလန်ဆိုရင် ၁၈၀၁ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ သန်းခေါင်စာရင်းကို ဆယ်နှစ်တစ်ကြိမ် ပုံမှန်ကောက်လာခဲ့တယ်။ ဒါကြောင့် အင်္ဂလန်ဟာ သူတို့ရဲ့ နှစ်စဉ် မွေးနှုန်း သေနှုန်း၊ လူငယ်ဦးရေ၊ သက်ကြီးရွယ်အို၊ အခွန်ဆောင်သူဦးရေ၊ ကုမ္ပဏီတွေရဲ့ ငွေကြေး စတာကနေ၊ နိုင်ငံမှာနေ့စဉ်ထွက်တဲ့ မော်တော်ကား၊ လေယာဉ်၊ လက်နက်၊ ဇွန်ခရင်း၊ ဆပ်ပြာ၊ အပ်ချောင်း အထိ တစ်ခုချင်းစီကို အတိအကျ စာရင်းတင်နိုင်တယ်။ အဲဒီကမှ ဘတ်ဂျက်ခွဲဝေမှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ လိုအပ်တဲ့ စီမံကိန်းတွေကို စဉ်းစားနိုင်ကြတယ်။
ပြောရရင် မြန်မာအစိုးရအဆက်ဆက် လုပ်ခဲ့သမျှ စီမံကိန်းတွေ မအောင်မြင်ခဲ့တာက လူထုနဲ့ပတ်သက်တဲ့ အခြေခံစာရင်းအင်းတွေကို ကောက်ယူမှုမရှိတာ၊ မကောက်ယူဘဲ လုပ်ခဲ့တာတွေကြောင့်ပါပဲ။ ဆည်တွေဆောက်တာ ဒေသခံလူထု တကယ်လိုအပ်နေတာလား၊ ကန်ထရိုက်တာ လိုအပ်တာလား ဆာဗေးမရှိဘူး။ ဦးတည်ရာမဲ့ စီမံကိန်းတွေကိုဆိုတာ ပြောလို့မကုန်နိုင်ဘူး။ စာရင်းအင်းဒေတာမရှိ၊ ဆာဗေးမရှိလေတော့ မျောက်လက်ထဲ ဥယာဉ်ခြံရောက်သလိုပဲ၊ စီမံကိန်းလုပ်ဟန်ဆောင်သူနဲ့ လုပ်စားသူတွေကြားမှာ၊ တိုင်းပြည် အခြေအနေ ဆိုးခဲ့ရပြီး၊ လူထုက ကိုယ့်တာဝန်ကိုယ်ယူ ကိုယ့်ပြဿနာကိုယ်ရှင်းပါပဲ။


တရုတ်နဲ့ အိန္ဒိယ သန်းခေါင်စာရင်း
ပြီးခဲ့တဲ့နှစ်တွေမှာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနှစ်နိုင်ငံဖြစ်တဲ့ ကမ္ဘာ့လူဦးရေအထူထပ်ဆုံး တရုတ်နဲ့ အိန္ဒိယမှာ သန်းခေါင်စာရင်း ကောက်ခဲ့တယ်။ သူတို့ စာရင်းကောက်တဲ့ လုပ်ပုံကိုင်ပုံတွေက စိတ်ဝင်စားစရာဖို့ကောင်းပါတယ်။
တရုတ်မှာ မိသားစု အိမ်ခြေပေါင်း သန်း ၄၀၀ ရှိပါတယ်။ စာရင်းလိုက်ကောက်တဲ့ လူကချည်း ၆ သန်း ရှိပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် ကောက်ယူကြတယ်။ ဒါဟာ ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံကြီးမှာ ၆ ကြိမ်မြောက် လူဦးရေစာရင်းကောက်တာဖြစ်ပါတယ်။ ဘယ်သူ့ အကူအညီမှ မယူဘဲ အစိုးရ ဘတ်ဂျက် ဒေါ်လာ ၁၀၄ သန်း အကုန်ခံ လုပ်ခဲ့တယ်။ ၂၀၁၁ ဒီဇင်ဘာ ၃၁ ရက်နေ့ စာရင်းထုတ်ပြန်မှုအရ တရုတ်မှာ လူဦးရေ ၁.၃၄ ဘီလီယံ (သန်း တစ်ထောင့်သုံးရာကျော်) ရှိပါတယ်။
တရုတ် ဒုသမ္မတ ရှီကျင်ပင်း က “လူဦးရေစာရင်းကောက်ခံမှုဟာ တရုတ်ပြည် စီးပွားရေးနဲ့ လူမှုရေးအတွက် သိပ်အရေးကြီးတယ်။ လူဦးရေ demography ရဲ့ ရှင်းလင်းတဲ့ ရုပ်ပုံကားချပ်ရမှ စီမံကိန်းကောင်းတွေ ဆက်ရေးဆွဲနိုင်မယ်။ ပညာရေး၊ ကျန်းမာရေး၊ အိမ်ယာ၊ ပင်စင် စတဲ့ ပြည်သူ့လုပ်ငန်းတွေ ဒီထက် အသက်ဝင်လာအောင် ဆောင်ရွက်ပေးနိုင်မယ်” လို့ စီအင်အင် သတင်းဌာနကို ပြောခဲ့ပါတယ်။
လူဦးရေစာရင်းသစ်ကနေ တရုတ်အစိုးရအတွက် စဉ်းစားစရာတွေ အများကြီးရှိလာတယ်။ ပြီးခဲ့တဲ့ နှစ် ၃၀ က တစ်အိမ်ထောင် ကလေးတစ်ယောက်နှုန်း ချမှတ်ခဲ့တာကြောင့် ၂၀၅၀ ခုနှစ်ကျရင် သက်ကြီးရွယ်အိုတွေ ပိုများနေမယ်။ နှစ်စဉ် လူ ၁၀ သန်းကျော်က ကျေးလက်တွေကို စွန့်ခွာပြီး မြို့ပြတွေကို ပြောင်းရွှေ့နေတယ်။ တိုင်းပြည်ချမ်းသာလာပေမဲ့ ဆင်းရဲ ချမ်းသာ၊ မြို့ပြနဲ့ ကျေးလက်၊ ကမ်းရိုးတမ်းနဲ့ အတွင်းပိုင်း ကွာဟမှုတွေ ရှိနေတယ်။ နောက်သန်းခေါင်စာရင်းကောက်တာကို အခွန်ကောက်ဖို့လို့ ယူဆပြီး ထွက်ပြေးရှောင်နေကြတဲ့ အခက်အခဲတွေလည်း ကြုံရတယ်။
၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက် စာရင်းအရ အိန္ဒိယလူဦးရေကလည်း ၁.၂၁ ဘီလီယံ (သန်း တစ်ထောင့်နှစ်ရာကျော်) ရှိနေတယ်။ အိန္ဒိယက လူဦးရေ ထိန်းချုပ်မှုမရှိတဲ့အတွက် ၂၀၃၀ ခုနှစ်မှာ တရုတ်ကို ကျော်လွန်ပြီး ကမ္ဘာ့လူဦးရေအများဆုံး ဖြစ်လာမယ်။ သန်းခေါင်စာရင်းကောက်သူ ၂.၇ သန်းက အိန္ဒိယ မြို့ပေါင်း ၇ ထောင်နဲ့ ကျေးရွာ ၆ သိန်းကျော်ကို ကွင်းဆင်း ကောက်ယူခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယရဲ့ ပြဿနာကတော့ ယောက်ျားလေးဦးရေက မိန်းကလေးထက် များတာ (မိန်းကလေးမွေးရင် သတ်ပစ်တာ)၊ စာမတတ်သူ အရေအတွက် များနေသေးတာ၊ အိမ်ခြေမဲ့တွေ များပြားနေတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံကြီးနှစ်နိုင်ငံရဲ့ သန်းခေါင်စာရင်းအသစ်တွေက စီးပွားရေးမှစပြီး လူမျိုးရေး၊ ဘာသာစကားတွေအထိ ရှေ့အနာဂတ် စီမံကိန်းသစ်အတွက် အထောက်အကူ အများကြီးရမှာ သေချာတယ်။


ဝေဖန်သူတွေလည်း စာရင်းအင်းလို
အခု မြန်မာနိုင်ငံမှာ ၂၀၁၄ ဧပြီလမှာ စပြီး ၃၁ နှစ်အတွင်း ပထမဆုံးအကြိမ် နိုင်ငံတကာ စံချိန်စံနှုန်းမှီ သန်းခေါင်စာရင်း ကောက်ယူမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (UNFPA)နဲ့ ကုလသမဂ္ဂ စာရင်းအင်းကော်မရှင် (UNSC) တို့က အကူအညီပေးတာ ဖြစ်ပါတယ်။
အဲဒီ သန်းခေါင်စာရင်းသစ်က မြန်မာနိုင်ငံသားအားလုံးအတွက် အရေးကြီးသလို၊ နောက်နောင် အစိုးရတွေရဲ့ စီမံကိန်းများအတွက် အရေးပါနေလိမ့်မယ်။ အတိုက်အခံ နိုင်ငံရေးပါတီများအဖို့လည်း census က ဖော်ပြတဲ့ စာရင်းအင်း အချက်အလက်သစ်တွေကနေ အစိုးရ စီမံကိန်းတွေရဲ့ အားသာချက် အားနည်းညံ့ဖျင်းချက်တွေကို ပိုပြီးစနစ်တကျ ဝေဖန်ထောက်ပြလာနိုင်မှာ ဖြစ်ပါတယ်။
ဝင့်ထန်း
http://www.maukkha.org/index.php/interview-maukkha/opinion-maukkha/2091-maukkha-myanmar-census-2014

(ဟောဒီမှာ ဇေကမ္ဘာနဲ့ ရွှေနံ့သာ)

ဇေကမ္ဘာကုမ္ပဏီရဲ့ လုံခြုံရေးဝန်ထမ်းကလည်း တာဝန်အရ ဗွီဒီယို ဓာတ်ပုံမှတ်တမ်း ရယူနေခြင်းပါ။ လက်နက်ကိရိယာ တံဆာပလာအစုံနဲ့ တွေ့မြင်ရပါလိမ့်မယ် ယနေ့ ရွှေနံ့သာကျေးရွာမှာ လယ်သမားတွေ လယ်ပြန်စိုက်တော့မယ့်အကြောင်း ဥပဒေအဟောင်းနဲ့ ဥပဒေသစ်မှာ ပြဌာန်းချက်တွေကို ထောက်ပြီး ဦးနေမျိုးဝေက ဦးခင်ရွှေရဲ့ လယ်ကွင်းထဲက ဇေကမ္ဘာရုံးလေး ရှေ့မှာ လုံခြုံရေး ၀န်ထမ်းများသာရှိတဲ့ တဲလေး ရှေ့မှာ ရှင်းချက် ထုတ်ခဲ့ပါတယ်။ ဇေကမ္ဘာကတော့ ဘူဒိုဇာ အထိုးမပျက် ရှိနေဆဲပါခင်ဗျာ ။ ကျွန်တော် ပြောချင်တာတော့ နိုင်ငံတော်အစိုးရ ကြီးများပေါ့ဗျာ ... ဖြစ်နေတာ တွေကို သိရင် ရှင်းချင်သလို ရှင်း ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် တော့ ဆောင်ရွက်သင့်ကြောင်းပါ (ဟောဒီမှာ ဇေကမ္ဘာနဲ့ ရွှေနံ့သာ ) မီဒီယာသမားတွေလည်း ယနေ့လာသွားကြောင်း ဤဓာတ်ပုံနဲ့ ပြဆိုပါတယ်။ လယ်သမားတွေက ရဲနဲ့ လာပြီး ဇေကမ္ဘာကပြောတာကို ထောက်ပြီး ဦးနေမျိုးဝေကို သွားအကြောင်းကြားပါတယ်။ ရဲစခန်းကို ၀င်မေးကြည့်တဲ့အခါမှာတော့ ရဲက တားပိုင်ခွင့် မရှိ...ပါဘူး လို့ ပြောပါတယ်။ ပဋိပက္ခမဖြစ်ရေးလောက်ပဲ ၀င်ထိန်းပေးနိုင်ပါတယ်လို့ ၀င်ရောက်တွေ့ဆုံခဲ့သူ ဦးနေမျိုးဝေ ကပြန်ပြောပါတယ်။ လယ်သမားတွေနဲ့ မြို့နယ်ရုံးကို ၀င်ကြည့်ပေမယ့် ရုံးမဖွင့်တဲ့အတွက် လယ်ကွင်းထဲကို ပဲ ဆက်ချီတက်ခဲ့ကြပါတယ်။ ဥပဒေဟောင်း ဥပဒေသစ် ကိုင်ပြီး အိုးအိမ်ဌာနမှ အကြောင်းပြန်ထားတဲ့ ဇေကမ္ဘာကို စက်မှုဇုံလုပ်ကိုင်ခွင့်ပေးမထားဘူး ဆိုတဲ့ အကြောင်းလည်း လယ်သမားတွေ သိပြီးသားပါ။ ဇေကမ္ဘာရုံးရှေ့မှာ သွားပြီး ရှင်းချက်ထုတ်ခဲ့ခြင်း ဖြစ်ပါတယ်။ တာဝန်ရှိသူတွေ မရှိပါဘူး။ လုံခြုံရေးတွေက ဓာတ်ပုံနှင့် ဗွီဒီယိုမှတ်တမ်းကို လက်ကိုင် ဖုန်းလေးနဲ့ မှတ်တမ်းတင်ပါတယ်။ ဇေကမ္ဘာကုမ္ပဏီကို စက်မှုဇုံအတွက် ခွင့်ပြုထားခြင်းမရှိကြောင်း အိုးအိမ်ဌာနမှ ဒေါ်ခင်မေအေး ပြောဆိုချက်ကို လယ်သမားတွေကို ရှင်းပြပြီး လယ်ပြန်စိုက်ကြဖို့ ဥပဒေအဟောင်းမှာ တန်းစီဇယားချပြီး လယ်မြေတွေချထားပေးရမည့်အကြောင်း ဆင်းရဲသားတွေကို ဦးစားပေးရမည့်အကြောင်းနှင့် ဥပဒေသစ်မှာ လယ်ယာမြေတွေကို သွားရောက် မှတ်ပုံတင်ရမည့်အကြောင်း သတင်းစာကိုင်ပြီး ရှင်းလင်းနေခြင်းပါ သာသနာ့အလံက တံဆာခံပါ။ ဆိုင်းဘုတ်ထုတ်ထားတာတော့ ကြာပါပြီ အကွက်ဆင်ထားတာပါ အဲဒီလူ ဘယ်နေရာ ဘယ်ဌာနမှာလဲဆိုတာတောင် ဒေသခံလယ်သမားတွေ မသိပါဘူး။ အဲသလို ဆိုင်းဘုတ်တွေ အများကြီးပါ ... By: Ko Thaung

အမေရိကန် သံအမတ်Ms Melanne Verveer ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံ

Burma VJ Media Network about an hour ago
ကမ္ဘာ့ အမျိုးသမီးရေးဆိုင်ရာ အမေရိကန် သံအမတ်ကြီး Ms Melanne Verveer က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ညနေ ၅ နာရီမှာ နေအိမ်မှာ သွားရောက်တွေ့ဆုံခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ် ၇ ဦး ဂျာမဏ်ီသို့လေ့လာရေးခရီးထွက်

by Popular Myanmar News Journal on Saturday, May 5, 2012 at 4:38am · ရန်ကုန်၊ မေ ၅ ရက်
လွှတ်တော်ကိုယ်စားလှယ် ၇ ဦးသည် Friedrich Naumann Foundation ၏ဖိတ်ခေါ်မှုအရ  ဂျာမဏ်ီနိုင်ငံသို့ ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးစဉ်ဖြင့် သွားရောက်ခဲ့သည်။
ဂျာမဏ်ီအခြေစိုက် ၎င်းဖောင်ဒေးရှင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာလှမြတ်သွေးနှင့် ဦးမင်းဦး၊ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဝင်းဦး၊ ဦးဝင်းသန့် နှင့် ဦးအေးမောင်၊ ရခိုင်အမျိုးသားဖွံ့ဖြိုးတိုး တက်ရေးပါတီမှ ဒေါက်တာအေးမောင်နှင့် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးစိုင်းအိုက်ပေါင်တို့ကို လေ့လာရေးအတွက် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
“ ဂျာမဏီနိုင်ငံရဲ့ အထက်လွှတ်တော်၊ အောက်လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် တွေကိုလေ့လာကြမယ်။ လေ့လာရေးခရီးကတော့ သူတို့တွေစီစဉ်တဲ့ Schdule အတိုင်းပဲ”ဟုဒေါက်တာအေးမောင်ကပြောသည်။
ယင်းလ့လာရေးခရီးစဉ်မှာ ၉ ရက် ကြာမြင့်မည်ဖြစ်သည်။

(၈)နှစ်သမီး အား မုဒိမ်းကျင့် သတ်ဖြတ်မှု

ရှစ်လုံး နားသွားတယ်ဆိုတဲ့ ကိစ္စ

by Hawdeka Aethae on Sunday, May 6, 2012 at 2:23am · ရှစ်လုံး နားသွားတယ်ဆိုတဲ့ ကိစ္စ

ဒါသိပ်မထူးဆန်းပါဘူး ၊

သူလဲ သဘောပေါက်နေပါပြီ ၊ နေပြည်တော် ၄ နေရာစလုံး ခွက်ခွက်လန်အောင် ရှုံးခဲ့တာရယ် ၊ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD အပြတ်အသတ် နိုင်ခဲ့တာရယ် က သူ့ကို သံဝေဂ ရစေတာဖြစ်ပါလိမ့်မယ် ၊

သူ့နေပုံထိုင်ပုံ နဲ့ သူ့ မျက်နှာထားဟန်ကို အကြောင်းပြုပြီး သူ့နောက်ကလူတွေက ကောလဟာလတွေ လွှင့် သူဟာ အင်မတန် ခက်ထန်ကြမ်းတန်းပြီး အပြောင်းအလဲကို အလိုလားတဲ့သူဖြစ်အောင် တွန်းပို့ခဲ့ကြတယ် ၊

ဒီလိုနဲ့ သူဟာ ဗမာပြေတိုးတက်တာကို မနာလိုမရှုစိမ့်သူတစ်ယောက်အဖြစ် ၂၀၁၀ နောက်ပိုင်းမှာ နာမည်ဆိုးနဲ့ကျော်ကြားသွားတော့တာပဲ ၊

ခုတော့ အားလုံးပြေးပြီလေ ၊

ဦးသိန်းစိန် လက်တွေ့ကျတဲ့အလုပ်တွေကို ကို တစိုက်မတ်မတ် လုပ်နေတယ် ၊

ဦးရွှေမန်းကလည်း မြောက်ကိုးရီးယားနဲ့ ညူသလီယား ကိစ္စကို သူလုံးဝ မပတ်သတ်ဘူးလို့ အရှင်းငြင်းထားတယ် ၊

ကာချုပ်မင်းအောင်လှိုင်ကလည်း ဓါးခုတ်ရာလက်ဝင်မလျှိုတော့ဘူး ၊ သူ့နေရာနဲ့ သူ ခန့်ခန့်လေးပဲနေတော့မှာ ၊

အားလုံးက အခြေအနေမှန်ကို သဘောပေါက် နေကြပြီလေ ၊ သူတစ်ယောက်ထဲ အောင်သောင်းနဲ့ဌေးဦး မြှောက်ပေးတိုင်း လက်ကလေးပိုက်လို့ လိုက်လုပ်နေသလိုဖြစ်နေတာ ၊

ခုပဲကြည့် ၊ ပေါတာကြီး သန်းရွှေ စင်ပေါ်တင် ကိုးကွယ် ခဲ့တဲ့ ပေါက်ဖော်ကြီးကလည်း ဗမာပြေက အဆီအနှစ်တွေ တိတ်တိတ် စုပ်ယူနေတာ ၊ အသကုန်ဝါးမျိုဖို့ ပိုက်လိုင်းဆွဲနေတာတွေ လူသိကုန်ပြီ ၊

တိုင်းရင်းသားအားလုံးက ဘယ်ပြညာရိုက်လုပ်တဲ့ ကိုလိုနယ်ချဲ့လက်သစ်ဆိုတာ ပေါက်ဖော်ကြီးပါလားလို့ သိသွားကြပြီ ၊

မျက်မမြင်တရုတ်ရှေ့နေ ချန်ဂွမ်ချမ်းနဲ့မိသားစုကို ခြိမ်းခြောက်နှိပ်စက်တာတွေ လူသိသွားလို့  ကမ္ဘာ့အလယ်မှာလည်း ပေါက်ဖော်ကြီးကို ၀ိသမလာဘကောင်ကြီးလို့ ၀ိုင်းပြောနေကြပြီ ၊

ကဲ တကယ်လို့ ရှစ်လုံး ဒုက္ခရောက်ရင် သူ့ကို ဘယ်သူကယ်မလဲ ၊

သူ့ဘေးမှာ အေးအတူပူအမျှဆိုတဲ့သူ ဘယ်သူရှိသေးလဲ ၊ အောင်သောင်းလား ၊ ဌေးဦးလား ၊ ဒီငနဲတွေက လူလည်တွေ နဲနဲမှ ယုံရတဲ့အကောင်တွေ မဟုတ်ဘူးဆိုတာ သူသိလာတယ် ၊

အဲတော့ သူဘာဆက်လုပ်မလဲ ၊ ကျန်းမာရေးကို အကြောင်းပြပြီး နားတော့မှာပေါ့ ၊ ငြင်ငြင်သာသာလေး ဆုတ်ခွာတော့မပေါ့ ၊

ဲပြီးရင် ဆရာမောင်အေးလို တိတ်တိတ်လေး ဇာတ်မြှုတ်နေရအုံးမှာ ၊

အိတ်ယာထဲလဲနေတယ်လို့ သတင်းလွှင့်ထားတဲ့ ပေါတာကြီး အမျက်တော်ရှရင် ဖြင့် တစ်နည်းနည်းနဲ့ အရှော့ ခံရအုံးမှာ ၊

နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝင်းအောင် တစ်ယောက်လည်း ပေါတာကြီး အမျက်တော်ရှလို့ ဘာရောဂါနဲ့ မှန်းမသိပဲ မာလကီယားသွားတာ ပူပူနွေးနွေး ပဲရှိသေးတယ် ၊

ဒါတွေ သူ သိနေတယ် လေ ၊

သူ့ရင်ထဲမှာ လူတွေထင်သလောက် သူ မဆိုးခဲ့ပါဘူးဆိုတာ အခွင့်ရရင် လူတွေကို သူ ရှင်းပြချင်နေလိမ့်မယ် ၊

သူ အသုံးချ ခံခဲ့ရတာတွေကို ပြန်ပြောပြချင်နေလိမ့်မယ် ၊

သူ့ရင်ထဲက ပွင့်အန်ထွက်လာမယ့် စကားတွေကို အရင်ဆုံးနားထောင်သင့်တဲ့ လူတစ်သိုက်ရှိတယ် ၊

အဲသူတွေကတော့ လွှတ်တော်ထံက တစ်မတ်သားတစ်သိုက်ပါပဲ ၊

(မေးထဲရောက်လာတဲ့ အစ်ကိုတစ်ယောက်ရဲ့ စာပါ)



................................................

ဒုတိယသမ္မတသီဟသူရဦးတင်အောင်မြင့်ဦး ကျန်းမာရေးအခြေအနေမကောင်းကြောင်း သိရှိရပါသည်။ နီးစပ်သောအသိုင်းအ၀ိုင်းမှ ပြောကြားချက်အရ ကင်ဆာရောဂါခံစားကြောင်း သိရှိရသည်။ ယခုလက်ရှိ အချိန်တွင် ဘုန်းကြီးဝတ်နေကြောင်းလည်း သိရသည်။
(သတင်းပေးပို့ သူ - အညတရမီဒီယာ)။ By: Nik Nayman

တိုင်းမှူးသို့ ပေးစာ

တိုင်းမှူးဗိုလ်ချုပ်ခင်မောင်ဌေးခင်ဗျား။
တိုင်းမှူးတနင်္သာရီတိုင်းတွင် နေထိုင်စဉ်တလျှောက်လုံး တပ်မတော်ရဲ့အကျိုး၊ ပြည်သူရဲ့အကျိုးကို အမှန်တစ်ကယ်သယ်ပိုးခဲ့ပြီး အမှားအယွင်းကင်းစွာ နေထိုင်ခဲ့တယ်ဆိုတာ တပ်မတော်သားများနှင့် ပြည်သူအသိပါ။
သို့သော်လည်း စရဖမှ တပ်ကြပ်ကြီး ဇော်လွင်ဦးသည် တိုင်းမှူးအမည်၊ တိုင်းမှူးမှ တာဝန်ပေးထားသကဲ့သို့ ဂုဏ်သိက္ခာထိခိုက်အောင် နည်းမျိုးစုံဖြင့် မြိတ်မြို့အတွင်းရှိ လုပ်ငန်းရှင် စီးပွါးရေးသမားများနှင့် အောက်ခြေတနိုင်တပိုင် လုပ်ကိုင်စားသောက်နေကြသူများဆီမှ အနိုင်ကျင့်ခြင်း ခြိမ်းခြောက်ခြင်းများကို လုပ်ဆောင်နေသည်မှာ ကြာခဲ့ပါပြီ။
ယင်းငွေတောင်းခံသည့်ကိစ္စ အင်တာနက်သတင်းတွင်ပါခဲ့စဉ်ကလည်း အထက်လူကြီးများအား ငွေကြေးလက်ဆောင်ပေးကမ်းခြင်းဖြင့် အင်တာနက်သတင်းအား ပယ်ဖျက်နိုင်ခဲ့ကြောင်း လိုက်လံကြွားဝါလျက်ရှိသည့်အပြင် နောက်ဆုတ်သွားခြင်းမရှိဘဲ ပိုပြီးခြိမ်းခြောက်ငွေတောင်းခြင်းကိစ္စများကို အထက်အရာရှိအမည် ခေါင်းစဉ်အမျိုးမျိုးပြပြီး ဆက်လက်လုပ်ဆောင်နေပါသည်။
အထက်အရာရှိကြီးများ၏ အမည်နာမကို အသုံးချပြီး မိမိ၏ကိုယ်ကျိုးအတွက် လုပ်ဆောင်နေသော ၄င်း စရဖ တပ်ကြပ်ကြီး ဇော်လွင်ဦးလို လူမျိုး ကျွန်တော်တို့တပ်မတော်ထဲတွင် ဆက်လက်ရှိနေခြင်းက တပ်မတော်၏အစဉ်အလာနှင့် ဂုဏ်သိက္ခာကို ငြိုးနွမ်းစေပြီး ပြည်သူများအနေဖြင့် ထင်ယောင်ထင်မှားဖြစ်စေနိုင်ပါသဖြင့် လိုအပ်သလိုစုံစမ်းစစ်ဆေးပြီး စည်းမျဉ်းစည်းကမ်းအတိုင်း ထိရောက်စွာ အရေးယူပေးနိုင်ပါရန် တိုင်းမှူးထံသို့ တာဝန်သိ တပ်မတော်သားတစ်ယောက်အနေဖြင့် လေးစားစွာတင်ပြအပ်ပါသည်။

တာဝန်သိတပ်မတော်သားတစ်ဦး

၈၈ဒေါ်အောင်ဆန်းစုကြည်နဲ့ တသားထဲရှိ

သတင်းထောက် ဖိုးကျော်
DVB TV News
Sunday, May 6, 2012 at 5:47am
about an hour ago
ရှမ်းပြည် ခရီးစဉ်အတွင်း ၈၈ မျိုးဆက် ကျောင်းသားများက လူထုဟောပြောပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တသားထဲရှိကြောင်း ပြောဆို။

ဆိုဒီယမ်လမ်းမီးလုံးများကို သိန်းနဲ့ချီကာ

Yan Aung
နေပြည်တော်နှင့် ရန်ကုန်က မြို့နယ်အနည်းငယ်ကလွဲပြီး မန္တလေးတိုင်းအပါအ၀င် မြန်မာနိုင်ငံတ၀န်းလုံးက ပြည်နယ်နှင့်တိုင်း အများစုမှာ တစ်ရက် (၆) နာရီ ပဲ မီးလာတော့တယ်လို့သိရပါတယ်..။ အခုလို မီးပျက်နေတာဟာ တိုင်းပြည်ရဲ့ ပညာရေး၊ ကျန်းမာရေး စီးပွားရေး၊ ဆက်သွယ်ရေး အစစ အရာရာကို ဆိုးဝါးစုတ်ပြတ်စေပါတယ်.။ တချို့က ရန်ကုန်ကို မီးအပြည့်ပေးနေရလို့ တခြားနေရာတွေ မီးတွေပျက်နေတာဆိုပြီး ပြောကြပါတယ်..။
ရန်ကုန် Downtown ဧရိယာနဲ့ VIP နေရာအချို့ကို ၂၄ နာရီ မီးရဖို့အတွက် လတ်တလောစီစဉ်လိုက်တဲ့ အစီအစဉ်ဟာ နိုင်ငံရဲ့ အခြားဒေသတွေက ကဏ္ဍပေါင်းစုံကို ဆိုးရွာစွာ ထိခိုက်လာနေပါတယ်..။ လျှပ်စစ်ဝန်ထမ်းများရဲ့ အဂတိလိုက်စားမှုများကိုလည်း ပိုမိုအားပေးသလိုဖြစ်လာနေသလို ၆နာရီ မီးလာချိန်မှာ လုပ်ငန်းများကအလုအယက်သုံးကြတဲ့အတွက် ထရန်စဖော်မာများ ပေါက်ကွဲလောင်ကျွမ်းမှုများ ဖြစ်လာနေပါတယ်။ လျှပ်စစ်နဲ့ မီးအန္တရာယ်များလည်း ပိုမိုဖြစ်ပွားလာနေပါတယ်.။ (ပုစွန်တောင်တွင် ၂-၅-၂၀၁၂ ညတွင် ထရန်စဖော်မာမှ မီးလောင်မှု ဖြစ်ပွားခဲ့သလို မန္တလးတွင်လည်း ထရန်စဖော်မာပေါက်မှုများဖြစ်ခဲ့ကြောင်း သိရပါသည်။)
ယခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံမှ ၀ယ်ယူမည်ဆိုသော လျှပ်စစ်ဓာတ်အားသတင်းနှင့် ပြည်တွင်းမှ မလည်ပတ်နိုင်သေးသော သဘာဝဓာတ်ငွေ့စက်ပစ္စည်းသတင်းများလည်း မကြားရတော့ပါ.။ မိမိနိုင်ငံရှိ ရပ်ထားရသော သဘာဝဓာတ်ငွေ့ဓာတ်အားပေးစက်ငယ်များအတွက် ခွဲတမ်းမကျန်အောင်ပင် အကုန်ရောင်းချထားသော နိုင်ငံတော် သဘာဝဓာတ်ငွေစီမံကိန်းများကို လက်မှတ်ထိုးချုပ်ဆိုခဲ့သည့် လက်မှတ်ပိုင်ရှင်များကိုလည်း အင်္ဂလိပ်စာကို သသေချာချာမဖတ်ကြဖူးလားလို့ မေးချင်သလို လျှပ်စစ်ဓာတ်အားကို ကိုယ့်နိုင်ငံအတွက် မကျန်အောင်ရောင်းချထားသည့် ရေအားလျှပ်စစ် စီမံကိန်းများကို တာဝန်ယူလက်မှတ်ထိုးထားသည့် ဇော်မင်းနှင့် ဇော်မင်းအထက်မှ ငတိကြီးများကိုလည်း စာချုပ်ပါစာသားတွေကို ကော်မရှင်ဒေါ်လာတွေအဖြစ် မြင်နေလို့ လက်မှတ်ထိုးလိုက်တာလားဟု မေးချင်ပါတယ်..။
GE က ရောက်လာမည့် GAS ဓာတ်အားပေးစက်ငယ်များကိုကော ဘယ်GAS နှင့် လည်ပတ်မည်နည်း..။
ဘာပဲပြောပြော နေပြည်တော်တွင်းနှင့် နေပြည်တော်ဝန်းကျင် လူအနည်းငယ်သာရှိသော သူရဲခြောက်သော မြို့သစ်ကွက်သစ်များတွင်တော့ .. မြန်မာနိုင်ငံမြို့နယ်အချို့တွင် ရာဂဏန်းပြည့်အောင်ပင်မရှိသည့် ..မီးသုံးစွဲအားကောင်းသော ဆိုဒီယမ်လမ်းမီးလုံးများကို သိန်းနဲ့ချီကာ နှစ်ဆယ့်လေးနာရီ(မနက်တွင်ပင် မပိတ်ကြပါ) ထွန်းထားပါကြောင်း..။