Tuesday, May 8, 2012

ဒဂုံအရှေ့ မြေကွက်များ ပြန်ပေးရန် ညွှန်ကြားချက် ရရှိထားခြင်းမရှိဟုဆို

The Voice Weekly
ရန်ကုန်၊ မေ ၈
ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်က အိုးအိမ်ဦးစီးဌာနမှ ပြန်လည် သိမ်းဆည်းသော ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်ရှိ ဝန်ထမ်း မြေကွက်များကို ပြန်လည် ပေးအပ်သွားမည် ဖြစ်ကြောင်း ပြောဆိုထား သော်လည်း ယခုအချိန်အထိ ဝန်ကြီးဌာနထံမှ ညွှန်ကြားချက် ရရှိထားခြင်း မရှိသေးကြောင်း မြို့ရွာနှင့်အိုးအိမ် ညွှန်ကြားမှု ဦးစီးဌာန မြေယာနှင့် အခွန်ဌာနခွဲ (နေပြည်တော်) ဒုတိယ ညွှန်ကြားရေးမှူး ဦးဟန်ချိုဦးက The Voice Weekly သို့ ယနေ့ ပြောကြားသည်။
"ဝန်ကြီးချုပ် ပြောတာကို ဂျာနယ်တွေမှာ ဖတ်လိုက်ရတယ်။ လုပ်ငန်းလုပ်ဖို့ ကြတော့ အဆင့်ဆင့် ညွှန်ကြားချက် စောင့်ရတဲ့ အတွက် အခုတော့ အတိအကျ ပြောလို့ မရသေးဘူး" ဟု ၎င်းက ဆိုသည်။
မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ မြေကွက်များကို ပြန်လည် အပ်နှံရန် မြေပိုင်ရှင်များကို အသိပေး အကြောင်းကြား ထားပြီး သတ်မှတ်ရက်အတွင်း လာအပ်သည့် သူများကို မြေကွက်ဖိုး ပြန်ထုတ်ပေး ထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး မြို့ရွာနှင့် အိုးအိမ် ညွှန်ကြားမှူ ဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဧပြီလ ၂၅ ရက်နေ့က ပြုလုပ်သော တိုင်းဒေကြီး အထူး လွှတ်တော် အစည်းအဝေး အပြီးတွင် ဝန်ထမ်း မြေကွက်များကို လက်ရှိ နေရာတွင်ပင် ပြန်လည် ပေးအပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၏ အဆိုပါ ပြောကြားချက်ကြောင့် မြေကွက်ပိုင် ပြည်သူများ မျှော်လင့်ချက် ပြန်လည်ထားရှိကာ မြို့ရွာနှင့်အိုးအိမ် ညွှန်ကြားမှု ဦးစီးဌာနသို့ သွားရောက်မေးမြန်း စုံစမ်းသော်လည်း ညွှန်ကြားချက် မရသေးဟုသာ ပြောနေကြောင်း လုပ်ပေးမည်ဟု ပြောပြီးပါက အမြန်ဆုံး အကောင်အထည်ဖော် သင့်ကြောင်း အဆိုပါ မြေကွက်များကို ပိုင်ဆိုင်ထားသူများက ဆိုသည်

ရွှေလောင်းမြို့ နှင့် ကျုံမငေးမြို ကျောင်းသားသမဂ္ဂများကို အာဏာပိုင်များမှ ဖိအားပေးခြိမ်းခြောက်

by Burma VJ Media Network on Tuesday, May 8, 2012 at 3:41am ·
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ ချုပ်၏ မြောင်းမြခရိုင် ၀ါးခယ်မမြို့ နယ် ရွှေလောင်းမြို့  ကျောင်းသားများ သမဂ္ဂနှင့် ကျုံမငေးမြို့  ကျောင်းသားများ သမဂ္ဂမှ ကျောင်းသား/သူများကို မြို့ နယ်အာဏာပိုင်များ မှ ဖိအားပေး ခြိမ်းခြောက်လျက်ရှိကြောင်း သိရသည်။ ထိုမြို့ နှစ်မြို့ မှ ကျောင်းသား/သူများအား မြို့ နယ်ရဲတပ်ဖွဲ့ နှင့်  မြို့ နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှ  သမဂ္ဂ၀င်ကျောင်းသား/သူများ၏ အမည်စာရင်းကို ခေါ်ယူမေးမြန်းခြင်း သမဂ္ဂ၀င်ကျောင်းသား/သူများ၏ နေရပ်လိပ်စာ၊ မိဘအလုပ်အကိုင်၊ တက်ရောက်လျှက်ရှိသော မေဂျာနှင့် တက္ကသိုလ်တို့အား အကျပ်ကိုင်မေးမြန်းခြင်း မှတ်ပုံတင်အမှတ် ၊သန်းခေါင်စာရင်းတို့အား မိတ္တူကူးယူသွားခြင်း ကျောင်းသား/သူများ၏ မိဘများအား ၄င်းတို့ ၏သား/သမီးများ ကျောင်းသားသမဂ္ဂသို့ဝင်ရောက်ပါက အန္တာရာယ် ရှိနိုင်ကြောင်း ခြိမ်းခြောက်ပြောကြားခြင်းများ ပြုလုပ်နေကြောင်း ရွှေလောင်းမြို့ ကျောင်းသားသမဂ္ဂမှ ကျောင်း သား တစ်ဦးက ပြောကြားခဲ့သည်။                       

         ၁.၅.၂၀၁၂(အင်္ဂါနေ့ ) ည(၁၂း၁၀)အချိန်တွင် ကျုံမငေးမြို့ ရဲစခန်းမှ ယာယီဂါတ်စာရေး နယ်ထိန်း အောင်နိုင်ဦးနှင့် ရဲတပ်သားတစ်ဦး အပါအ၀င် ရပ်ကွက်အုပ်ချုပ်ရေးရုံးမှ ကင်းသမားများ ပါဝင်သောအဖွဲ့  သည် ကျုံမငေးမြို့ ကျောင်းသားသမဂ္ဂမှ တွဲဘက်အတွင်းရေးမှူး မအိအိအောင် (ပုသိမ်အဝေးသင်တက္ကသိုလ်) ၏နေအိမ်သို့ရောက်ရှိလာပြီး မအိအိအောင် ၏မှတ်ပုံတင်အမှတ် မိဘများ၏မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်၊ သန်းခေါင်စာရင်းအား လာရောက်မေးမြန်း ယူဆောင်သွားခဲ့ကြသည်။ ကျုံမငေးမြို့ ကျောင်းသားသမဂ္ဂမှ ကျောင်း သား/သူများ၏ နေအိမ်များသို့ အလားတူ လာရောက်မေးမြန်းသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။ ထိုကိစ္စနှင့်ပတ် သက်၍ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီမှ တွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ် မှ ကျုံမငေးမြို့  ရဲစခန်း(ဖုန်းနံပါတ် ၀၄၂၆၅၃၂၀)သို့ ဆက်သွယ်မေး မြန်းခဲ့ရာ “တာဝန်မှူးမလာ သေး၍…..မပြောကြားနိုင်ကြောင်း” ပြန်လည်ဖြေဆိုခဲ့သည်။

     ထို့ပြင်ရွှေလောင်းမြို့  ကျောင်းသားသမဂ္ဂမှ ကျောင်းသား/သူများကိုလည်း မြို့ နယ်အုပ်ချုပ်ရေးရုံးမှ ၀န်ထမ်းများနှင့် ရဲတပ်ဖွဲ့ ၀င်များမှ သမဂ္ဂ၀င် ကျောင်းသား/သူများ၏ အမည်စာရင်းများကို တောင်းယူပြီး မည်သည့်ရည်ရွယ်ချက်ကြောင့် ဖွဲ့ စည်း ရခြင်းဖြစ် ကြောင်း ဖိအားပေးဖြေဆိုခိုင်းခြင်း၊ ကျောင်းသား/သူများ၏ မိဘများကိုလည်း ၄င်းတို့၏ သား/သမီး များကို သမဂ္ဂမှနှုတ်ထွက်ခိုင်းရန် ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ရွှေလောင်းမြို့ ကျောင်းသားသမဂ္ဂ ဘဏ္ဍာရေးကော်မတီမှ ကိုစိုးပြည့်စုံ ၏မိဘများကို ၄င်းမရှိခိုက် လာရောက်ပြီး ကိုစိုးပြည့်စုံမှ ကျောင်းသားများ သမဂ္ဂ အလုပ်များကို ဆက်လက်လုပ်ဆောင်နေပါက မိဘများ၏အလုပ်များကိုပါ ထိခိုက်နိုင်ကြောင်း လာရောက် ပြောကြား ခဲ့သည်။

 

လူထုကို whiteboard ပေါ်မှာ စာရေးပြ

Published on May 8, 2012 by BurmaVJMedia
မသိတရားလွှမ်းမိုးမှုအကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော ပြည်သူတွေကို မသိတရားလွှမ်းမိုးအောင်လုပ်တာဟာ မြန်မာနိုင်ငံကို နွံထဲနစ်အောင်လုပ်နေတာဖြစ်တယ်လို့ သူ့အနေနဲ့ မြင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုလိုက်ပါတယ်။ မေလ ၇ ရက်နေ့ က ရန်ကုန်မြို့ လမ်းမတော်မြို့နယ် NLD ရုံးခွဲဆိုင်းဘုတ်တင်ပွဲအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောဆိုသွားတာဖြစ်ပြီး တဆက်ထဲမှာလည်း ကျောင်းပညာရေးဟာ အရေးကြီး သလို အသက်မွေးဝမ်းကျောင်း ပညာရပ်ဟာလည်း မြန်မာပြည်သူတွေအတွက် ပိုပြီးအရေးကြီး ကြောင်း သူကပြောဆိုခဲ့ပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံမှာ ဘွဲ့ရပြီး အလုပ်လက်မဲ့ဖြစ်နေတဲ့သူတွေ အများကြီး ရှိနေသေးတယ်ဆိုတာကိုလည်း သူကထောက်ပြသွားပါတယ်။ ဒီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို အဖွဲ့ချုပ် နာယက ဦးတင်ဦး သဘာပတိအဖွဲ့ဝင် ဦးဝင်းတင် တို့လည်း တက်ရောက် လာခဲ့ပြီး ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေ က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ ပြောကြားတဲ့မိန့်ခွန်းတွေကို မိုးရွာနေတဲ့ကြားထဲကပဲ လာရောက်နားထောင်ခဲ့ကြပါတယ်။
လူထုကို whiteboard ပေါ်မှာ စာရေးပြ
DVB TV News
May 8, 2012 3:02am
၀၇ မေလ ၂၀၁၂။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်း လွှတ်တော်အမတ်အဖြစ် ၀င်အရွေးခံခဲ့ဖူးတဲ့ ရန်ကုန်မြို့ လမ်းမတော်မြို့နယ်မှာ အန်အယ်ဒီရုံးဖွင့်ပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ မိုးလေသည်းနေတဲ့ကြားက ပြည်သူလူထုကလည်း လာရောက်အားပေးကြပါတယ်။ အစပိုင်းမှာ မီးပြတ်နေတာမို့ လူထုကို whiteboard ပေါ်မှာ စာရေးပြတဲ့အပိုင်းကို ဦးဆုံး တင်ဆက်ပေးလိုက်ပါတယ်။

ကိုဖြိုးဝေအောင်၏ ညီ ကိုထက်ဝေယံကိုမေးမြန်းခန်း

Burma VJ Media Network
၂၀၁၀ ခုနှစ် သင်္ကြန်ကာလမှာ ရန်ကုန်မြို့X2O သင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲမှုနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ကိုဖြိုးဝေအောင်ကို ဒီကနေ့ နေ့လည် ၁ နာရီက ရန်ကုန်မြို့ အင်းစိန် တရားရုံးမှာ ရန်ကုန်
မြောက်ပိုင်းခရိုင် တရားသူကြီး ဦးအောင်သိန်းက သေဒဏ် ချမှတ် လိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သေဒဏ်ချမှတ်ခံရသူ ကိုဖြိုးဝေအောင်၏ ညီ ကိုထက်ဝေယံကို ဘားမားဗီဂျေ မီဒီယာက ဆက်သွယ် မေးမြန်း ထားပါတယ်။


Phyo Wai Aung's Brother Htet Wai Yan Interview download
 

ဆရာကြီး ဒဂုန်တာရာ၏ ပန်ကြားလွှာနှင့် ကိုမင်းကိုနိုင်၏ ကဗျာ

ကိုဝိုင် ဝိုင်ကေ
အောင်ပန်းမြို့တွင်ကျင်းပသော ဆရာကြီး ဒဂုန်တာရာ၏ ၉၃ နှစ်ပြည့် မွေးနေ့ အခမ်းအနား တွင် ဆရာကြီး၏ ပန်ကြားလွှာနှင့် ကိုမင်းကိုနိုင်၏ ကဗျာ ရွတ်ဆိုမှုကို ရိုက်ကူးခဲ့ခြင်းဖြစ်ပါသည်။

မြစ်ဆုံပြန်စဖို့CPIကြိုးစားမှုမှတ်တမ်းဗီဒီယို

Myitsone Propaganda by CPI
Published on 7 May 2012 by kachindng
ဒီဗီဒီယိုက ၂၀၁၂ ခုနှစ် ဧပြီလ၊ ၁၈ရက် နေ့ အောင်မြင်သာစံပြကျေးရွာတွင် ကျင်းပသော တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI)နှင့် မြစ်ဆုံရေကာတာကြောင့် အတင်းအဓ္ဓမပြောင်းရွှေ့ခံရသည့် ရွာသားများ တွေ့ဆုံသည့် အစည်းအဝေးကို မှတ်တမ်းတင်ရိုက်ကူးထားသည့် အကြောင်းဖြစ်သည်။
by Kachin Development Networking Group (KDNG)



download file here

အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် အင်းစိန်မြို့နယ် ဒုဥက္ကဌဈာပန

DVB TV News
May 8, 2012 9:11am
ကွယ်လွန်သွားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် အင်းစိန်မြို့နယ် ဒုဥက္ကဌ ဦးမောင်မောင်စိန် ဈာပနအခမ်းအနားကို ဒီနေ့ မေလ ၈ ရက် နေ့ လည်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။
ဦးမောင်တူး သတင်းပေးပို့ ။
ရိုက်ကူး ဖိုးကျော်

သေဒဏ်ချခံရတဲ့ကိုဖြိုးဝေအောင်

DVB TV News
May 8, 2012 9:57am
သေဒဏ်စီရင်ချက်ချခံလိုက်ရတဲ့ သင်္ကြန်ဗုံးကိစ္စနဲ့ အဖမ်းခံနေရသူ ကိုဖြိုးဝေအောင်ရဲ့အမှုမှာ လွတ်လပ် မျှတတဲ့ တရားစီရင်မှုမရရှိခဲ့ဘူးလို့ အေအေပီပီ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ပြောဆိုလိုက်ပါတယ်။


၂၀၁၀ X2O မဏ္ဍပ် ဗုံးကွဲမှုဖြင့် စွပ်စွဲခံရသူကို သေဒဏ်ချလိုက်
မျိုးသန့် | အင်္ဂါနေ့၊ မေလ ၀၈ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၂၀ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ၂၀၁၀ ခုနှစ် ရန်ကုန်သင်္ကြန် X2O မဏ္ဍပ် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ရဲ၏ တရား စွဲဆိုခြင်း ခံခဲ့ရသူ ကိုဖြိုးဝေအောင်ကို သေဒဏ်နှင့် တသက်တကျွန်း ပြစ်ဒဏ်များ အပါအဝင် ထောင်ဒဏ်များကို တပေါင်းတည်း ကျခံစေရန် အင်းစိန်ထောင် တရားရုံးမှ အင်္ဂါနေ့တွင် အမိန့်ချမှတ်လိုက်သည်ဟု ကိုဖြိုးဝေအောင်၏ ရှေ့နေ ဦးကျော်ဟိုး က မဇ္ဈိမကို ပြောသည်။
ကိုဖြိုးဝေအောင်ကို ချမှတ်သည့် ပြစ်ဒဏ်များမှာ ကြိုတင်ကြံစည် လူသတ်မှုကို အားပေးသည့် အမှုအတွက် သေဒဏ်၊ ဖေါက်ခွဲမှုကို အားပေးသည့်အမှုအတွက် ထောင်ဒဏ် တသက်တကျွန်း၊ အပြင်းအထန် နာကျင်စေမှုကို အားပေးသည့် အမှုအတွက် ထောင်ဒဏ် ၁ဝ နှစ်၊ မတရားသင်းနှင့် ဆက်သွယ်မှုအတွက် ထောင်ဒဏ် ၃ နှစ်၊ နိုင်ငံအတွင်း တရားမဝင် ပြန်လည်ဝင်ရောက်လာမှုအတွက် ထောင်ဒဏ် ၃ နှစ်တို့ ဖြစ်သည်ဟု ဦးကျော်ဟိုးက ပြောသည်။
“အဲဒီအမှုတွေကို တပေါင်းတည်း ပေါင်းပြီးတော့ ကျခံစေ ဆိုပြီးတော့ သေဒဏ် ချထားတယ်” ဟု ဦးကျော်ဟိုး က ပြောသည်။
အင်းစိန်ပရဝုဏ်အတွင်းရှိ ရန်ကုန်မြောက်ပိုင်းခရိုင် တရားသူကြီး ဦးအောင်သိန်း၏ အဆိုပါ အမိန့်ချမှတ်မှုကို ကျေနပ်မှု မရှိဘဲ ဆက်လက်၍ အယူခံဝင်သွားမည်ဟုလည်း ဦးကျော်ဟိုး က ပြောသည်။
“ဒီအမိန့်ကိုလည်း ကျနော်တို့ မကျေနပ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအမှုဟာ မမှန်ဘူး။ မတရား ညှဉ်းပမ်းနှိပ်စက် ပြီးတော့ ယူထားတဲ့ ဖြောင့်ချက် ဖြစ်တဲ့အတွက်ကြောင့် ဥပဒေအရ တရားမဝင်ဘူးလို့ ကျနော်တို့ တင်ပြခဲ့ပါတယ်။ ဒါကို တရားရုံးက လက်မခံဘူးပေါ့ဗျာ။ ဒါကို အယူခံရုံးက လက်ခံအောင် ကျနော်တို့ ကြိုးစားရမှာပေါ့။ ကျနော်တို့ အယူခံ ကာလ ရှိသေးပါတယ်။ အယူခံကာလကို စောင့်ပြီးတော့မှ သေဒဏ် ပေးလို့ရမယ်။ ကျနော်တို့ အယူခံတင်ပါမယ်” ဟု မဇ္ဈိမကို ပြောသည်။
အသက် ၃၂ နှစ်အရွယ်ရှိ ကိုဝေဖြိုးအောင်ကို စွပ်စွဲဖမ်းဆီးမှုနှင့် ပတ်သက်၍ မှားယွင်းမှုများ ရှိနေနိုင်ပြီး သက်သေ အထောက်အထားများ မမှန်မကန်ရယူမှု၊ တရားမဝင် ဖမ်းဆီးမှု စသည့်အချက်များကို ထောက်ပြကာ တရားရုံးမှ ပြန်လည်စိစစ်၍ စီရင်ချက်ချရန် မေလ ၆ ရက်နေ့တွင် အာရှ လူ့အခွင့်အရေးကော်မရှင်မှ ကြေညာချက် ထုတ်ပြန် ခဲ့သေးသည်။
အမှုမှာ ၂ဝ၁ဝ ဧပြီ ၁၅ ရက်နေ့ (သင်္ကြန်အကြတ်နေ့) က ရန်ကုန်မြို့ ကန်တော်ကြီး ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ် တွင် ဗုံး ၃ လုံး ပေါက်ကွဲသည်။ ထိုဗုံးခွဲမှု တရားခံအဖြစ် ထိုင်း-မြန်မာနယ်စပ် တောတွင်းအခြေစိုက် စွမ်းအားမြှင့် မြန်မာ ကျောင်းသား စစ်သည်တော်များအဖွဲ့ VBSW မှ အဖွဲ့ဝင် ၃ ဦး လက်ချက်ဟု ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီ (ယခု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး)က ထိုနှစ် မေလ ၆ ရက်နေ့ နေပြည်တော် သတင်းစာ ရှင်းလင်းပွဲ၌ စွပ်စွဲခဲ့သည်။
ကိုဖြိုးဝေအောင်ကိုလည်း ဗုံးဖောက်ခွဲနိုင်ရေး စောင့်ကြည့်ပေးခဲ့သည်ဟု စွပ်စွဲခဲ့ရုံမက VBSW အဖွဲ့ဝင်တဦး ဖြစ်သည် ဆိုသော ယူဆချက်ဖြင့် ၂ဝ၁၁ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် ပုဇွန်တောင်မြို့နယ် ၅၅ လမ်း အလယ်ဘလောက်ရှိ နေအိမ်သို့ ရဲများ ရောက်လာရောက် ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုကာ ယခုကဲ့သို့ ပြစ်ဒဏ်များ ချမှတ်လိုက်ခြင်း ဖြစ်သည်။
အဆိုပါ X2O မဏ္ဍပ် ဗုံးပေါက်ကွဲမှုတွင် လူ ၁ဝ ဦး သေဆုံးပြီး ၁၇ဝ ခန့် ဒဏ်ရာရကြောင်း ယခင် စစ်အစိုးရက သတင်း ထုတ်ပြန်ခဲ့သည်။
http://www.mizzimaburmese.com/news/inside-burma/9308--x2o----.html

မြို့နယ်အုပ်ချုပ်ရေးမှူးသာမက ဇနိးဖြစ်သူကပါ ၀န်ထမ်းတွေကို ခေါ်ယူကြိမ်း မောင်း

DVB TV News..... ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို.မှာ လွန်ခဲ့တဲ့နှစ်လလောက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နာယက ဦးတင်ဦး မြန်အောင်မြို့ကိုသွားရောက်ရာမှာ ကြိုဆိုနှုတ်ဆက်ခဲ့တဲ့ ၀န်ထမ်းတွေကို မြန်အောင် မြို့နယ်အုပ်ချုပ်ရေးမှူးက ခေါ်ယူကြိမ်းမောင်းနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဦးတင်ဦးကို ကြိုဆိုခဲ့တဲ့ အလုပ်သမားဝန်ကြီးဌာနက အမျိုးသမိးဝန်ထမ်းတစ်ဥိးနဲ့ နေခြည်-အထကခွဲက ကျောင်းဆရာမ နှစ်ဦးကို ခေါ်ယူ သတိပေးခဲ့တယ်လို့ သိရပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးသာမက ဇနိးဖြစ်သူကပါ ၀န်ထမ်းတွေကို ခေါ်ယူကြိမ်း မောင်းနေကြောင်း မြန်အောင်မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Singapore Hottest News in April

လယ်သိမ်းတဲ့ တပ်နဲ့လယ်သမား ထိပ်တိုက် အငြင်းပွား

RFA Burmese TV Channel

မန္တလေးတိုင်း ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့နယ်မှာ လယ်ယာမြေ ဧက ၁၈၀၀ ကျော်ကို နယ်မြေခံ လေကြောင်းရန်ကာကွယ်ရေးတပ်က သိမ်းဆည်းထားတာကို ပြီးခဲ့တဲ့ ဧပြီလကုန်က လယ်သမားတွေက ပြန်ရဖို့ သွားရောက်ထွန်ယက်ကြရာမှာ လယ်သမားနဲ့စစ်တပ်အရာရှိတချို့ ထိပ်တိုက်အငြင်းအခုံဖြစ်ခဲ့ပါတယ်။
အသေးစိတ်ကို ဆောင်းပါးရှင် ခင်စည်သာက တင်ပြပေးမှာပါ။

ပျော်ဘွယ်မြို့ နယ် ကျောက်ချပ်ရွာ လယ်သမားတွေရဲ့ တိုင်ကြားစာ

DVB TV News မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ် ကျောက်ချပ်ကျေးရွာကိုဖြတ်ပြီး ကျောက်ဆည်-ရွှေညောင်ဖူးလမ်း ဖောက် လုပ်ရာမှာ ဒေသခံလယ်မြေတွေ ပျက်ဆိးနေတဲ့အတွက် လမ်းဖောက်လုပ်မှုကို ပြန်လည်စိစစ်ပေးဖို့ လယ်သမား (၇၀) ကျော်စုပေါင်းပြီး သမ္မတဦးသိန်းစိန်ထံ မတ်လ(၃၀) ရက် ရက်စွဲနဲ့ စာရေးတိုင်ကြားထားတယ်လို့ သိရပါ တယ်။ ပေ ၈၀ လောက်အကျယ်ရှိတဲ့ ကားလမ်းဖောက်လုပ်ရာကနေထွက်လာတဲ့ မြေတွေကို စိုက်ပျိုးလယ်မြေ တွေပေါ်စုပုံခြင်း၊ စက်ကိရိယာတွေသုံးပြီး မြေတူးတဲ့အတွက် လမ်းဘေးဝဲယာမှာ ချိုင့်ခွက်တွေ ဖြစ်ပြီး စိုက်ပျိုး ထွန်ယက်ဖို့ ခက်ခဲခြင်း၊ ရိတ်သိမ်းသီးနှံတွေကို သယ်ယူဖို့ခက်ခဲခြင်း စတဲ့ ဆိုးကျိုးတွေကြောင့် ကားလမ်း ဖောက်လုပ်မှုကို ပြန်လည်စိစစ်ပေးဖို့ ကျောက်ချပ်ရွာ လယ်သမား ၇၀ ကျော်စုပေါင်းလက်မှတ်ထိုးပြီး သမ္မတထံ တိုင်ကြားထားတယ်လို့ သိရပါတယ်။

နာမည်ကျော် သရုပ်ဆောင်တစ်ဦး၏ ဖခင် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်

The Voice Weekly
ရန်ကုန်၊ မေ ၇
သင်္ကြန်ကာလအတွင်း ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်၍ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့သော သရုပ်ဆောင်တစ်ဦး၏ ဖခင် ဖြစ်သူမှာ မေလ ၇ ရက်နေ့ နံနက်ပိုင်းအချိန်က ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည် ခဲ့သော်လည်း မိသားစုများက အချိန်မီ တွေ့ရှိခဲ့သဖြင့် သေဆုံးခြင်း မရှိကြောင်း ရုပ်ရှင်အနုပညာ အသိုင်းအဝိုင်းထံမှ သိရှိရပြီး The Voice Weekly အနေဖြင့် အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။ အဆိုပါကိစ္စနှင့် ပတ်သက်၍ နောက်ဆုံးရ ရှိသော သတင်းများကို ဆက်လက် ဖော်ပြပေးပါမည်။

.....................................................................


ပြည်ထောင်စု လွှတ်တော် အရေးပေါ် အစည်းအဝေး သို့မဟုတ် အထူး အစည်းအဝေးတစ်ရပ်ကို မေလ နောက်ဆုံးပတ်တွင် ခေါ်ယူဖွယ် ရှိကြောင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များနှင့် The Voice Weekly သတင်းရင်းမြစ်များထံ ဆက်သွယ် မေးမြန်းချက်များအရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ကို ဒု-သမ္မတ ခန့်အပ်လိုပါက အခြေခံဥပဒေပြင်မှဖြစ်မည်

by General Knowledge on Tuesday, May 8, 2012 at 9:34am ·

မေလ ၈ ရက်၊ ၂၀၁၂ ခုနှစ်-ဟံသာ (YPI)

ယခုရက်ပိုင်းအတွင်း ဒု-သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နှုတ်ထွက်မည်ဆိုသည့်  သတင်းများထွက်ပေါ်လျှက်ရှိရာ အကယ်၍ ၎င်းနေရာတွင်  ဒေါ်အောင်ဆန်းစုကြည်အား ခန့်အပ်မည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြီးမှ သာလျှင် ခန့်အပ်ခွင့် ရှိမည်ဟု လွှတ်တ်ာကိုယ်စားလှယ်များက ပြောဆိုသည်။

"အခုထွက်နေတဲ့ သတင်းပေါ်မှာ အခြေခံပြီး လူတိုင်းကစိတ်ဝင်စားနေတာက ကျွန်တ်ာတို့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဒု-သမ္မတ နေရာတင်မယ်ပေါ့။ အကယ်လို့ တင်မယ်ဆိုရင်တောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မှပဲရမယ်။ အခြေခံဥပဒေနဲ့ ငြိနေတာတွေရှိတယ်" ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက YPI သို့ ပြောသည်။

အလားတူ ဥပဒေပညာရှင်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကလည်း "ဒေါ်စုကို တင်မယ်ဆိုရင် ဒု-သမ္မတ က စစ်ရေးအမြင် ရှိရမယ်ဆိုတာပါနေတယ်။ နောက် သူ့သားတွေ၊ ခင်ပွန်းတွေနဲ့ ပတ်သက်ပြီးဖွဲ့စည်းပုံမှာ ငြိနေတာတွေရှိတယ် ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် ဘယ်လိုမှတင်လို့မရဘူး” ဟုဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း (၃) ပုဒ်မ (၅၉)(စ)အရ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများတွင် မိမိ ကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦးသော် လည်းကောင်း ၊ထိုတရားဝင် သားသမီး တစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားအစိုးရ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသောသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော် လည်းကောင်း၊ တိုင်းတပါး၏ နိုင်ငံသားသော် လည်းကောင်း ခံစားရသော အခွင့်အရေး များနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရဟု ပါရှိသည်။

နှုတ်ထွက်မည်ဟု လတ်တလော သတင်းများထွက်ပေါ်နေသော ဒု-သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး သည် အမျိုးသားလွှတ်တော်နှင့် ပြည့်သူ့လွှတ်တော် နှစ်ရပ်အတွင်းရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ ရွေးချယ်တင်သွင်းထားသူ ဖြစ်သည်။
ထို့ကြောင့် ၎င်း နှုတ်ထွက်ပါက ယင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကသာ ဒု-သမ္မတကို ပြန်လည်ရွေးချယ် တင်သွင်းရမည်ဖြစ်သည်။

“တပ်မတော်သား ကိုယ်စားလှယ်တွေထဲက စစ်တပ်ကလာတဲ့သူ တယောက်ယောက်ကိုပဲဖြစ်ဖြစ် ၊ဒေါ်စု ကိုပဲဖြစ်ဖြစ် သူတို့ရွေးချယ်ချင်ရင် ရွေးလို့ရပါတယ် ဒါပေမယ့် ဒေါ်စုကို ရွေးချယ်တင်မြောက်မယ်ဆိုရင် သူ့ခင်ပွန်း သူ့သားတွေနဲ့ ပတ်သတ်ပြီး ဖွဲ့စည်းပုံနဲ့ ငြိနေတဲ့အတွက် နာမည်စာရင်း တင်ပြတဲ့နေရာမှာပဲ ပြုတ်ကျသွားနိုင်ပါတယ်” ဟု ဒေါက်တာ မြတ်ဉာဏစိုးက ဆိုသည်။

ဒု-သမ္မတမှာ ဒု-သမ္မတ (၁) နှင့်(၂) နှစ်ဦးရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒု-သမ္မတ (၁) အနာယူသွားပါက ဒု-သမ္မတ(၂) မှာ (၁) ဖြစ်လာပြီး နောင်ရွေးချယ်မည့် ဒုသမ္မတမှာ (၂) ဖြစ်လာမည်ဟု ၎င်းကဆိုသည်။ လက်ရှိ ဒု-သမ္မတနှစ်ဦးအနက် သီဟသူရ ဦးတင်အောင်မြင့်ဦးမှာ ဒု-သမ္မတ (၂)ဖြစ်၍ ဒေါက်တာစိုင်းမောက်ခမ်းမှာ ဒု-သမ္မတ (၁)ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၃) ပုဒ်မ (၇၂) အရ နိုင်ငံတော်သမ္မတ သို့မဟုတ်  ဒုတိယသမ္မတ တစ်ဦးဦးသည် မိမိ၏ ရာထူးသက်တမ်း မကုန်ဆုံးမီ မိမိဆန္ဒအရ နှုတ်ထွက်လျင် နှုတ်ထွက်ခွင့်ပြုရမည်ဟု ပါရှိသည်။

အကယ်၍ ဒု-သမ္မတ နှုတ်ထွက်ခဲ့မည်ဆိုလျှင် ပုဒ်မ (၇၂)(စ) အရ ဒုတိယ သမ္မတ ရာထူးနေရာ လစ်လပ်လျင် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး ကျင်းပချိန်ဖြစ်ပါက ယင်း ဒုတိယသမ္မတကို ရွေးချယ် တင်မြောက်ပေးခဲ့သော လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ခုနှစ်ရက်အတွင်း ဒုတိယ သမ္မတတစ်ဦး ရွေးချယ် တင်မြောက်ရေးအတွက် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ဆောလျင်စွာ အကြောင်းကြားရမည်ဟု ပါရှိသည်။

ပုဒ်မ (၇၂)(ဆ) အရ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပချိန် မဟုတ်လျှင် ပြည်ထောင်စု လွှတ်တော် အကြီးအမှူးသည် နိုင်ငံတော် သမ္မတဧ။် အကြောင်းကြားစာ ရှိသည့်နေ့မှစ၍ ၂၁ ရက်အတွင်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို ခေါ်ယူပြီး သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယသမ္မတ တစ်ဦးကို ရွေးချယ် တင်မြောက်ရေးအတွက် သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း ဆောင်ရွက်ရမည်ဟု ပါရှိသည်။

ကျန်းမာရေးကြောင့် ဒု-သမ္မတ(၁) နှုတ်ထွက်မည်ဆိုသည့် ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းမှ စ၍ ဗီအိုအေမြန်မာပိုင်း သတင်းဋ္ဌာနနှင့် ရိုက်တာသတင်းဋ္ဌာနတို့မှ ရေးသားဖေါ်ပြလျှက်ရှိသော်လည်း ယနေ့ထိ တရားဝင်ကြေညာချက် တစုံတရာ ထွက်ပေါ်မလာသေးပေ။

ဒုသမ္မတ(၁) သီဟသူရဦးတင်အောင်မြင့်ဦးမှာ နအဖ အစိုးရလက်ထက်က အတွင်းရေးမှူး (၁) တာဝန်ယူခဲ့ပြီး ၂၀၁၀ ခုနှစ် သြဂုတ်လတွင် အခြားသော တပ်မတော်အရာရှိကြီးများနှင့်အတူ တပ်မတော်မှ အနားယူခဲ့သည်။

၎င်းနောက် ကြံခိုင်ဖွံ့ဖြိုးရေးပါတီမှ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံရပြီး အစိုးရအဖွဲ့တွင် ဒုတိယသမ္မတအဖြစ် ခန့်အပ်ခံခဲ့ရသည်။ ၎င်းသည်  ဦးသိန်းစိန်အစိုးရအဖွဲ့အတွင်း သဘောထား တင်းမာသူ၊ တရုတ်နိုင်ငံမှ စီးပွားရေး ကုမ္ပဏီများနှင့် အဆက်အသွယ်ရှိသူအဖြစ် သိရှိထားကြပြီး မြန်မာနိုင်ငံ၏ စီးပွားရေး စီမံကိန်းများကို စီမံခန့်ခွဲလျှက်ရှိသူ ဖြစ်သည်။

အော်စီခေါင်းဆောင်များနှင့်အန်န်အယ်လ်ဒီအမတ်များ

by Radio Australia Myanmar

NLD MPs with Prime Minister of Australia Julia Gillard
— with Phyo Min Thein, Janelle Saffin and Sandar Min at Parliament House, Canberra, Australia.


NLD MPs meeting with Foreign Minister of Australia Bob Carr

ရာဇ၀င် အတ္ထု ပတ္တိရှိသူ(ဇေယျာပြည့်ဖြိုး)

Ah Ba Yah

ရာဇ၀င် အတ္ထု ပတ္တိ လည်းရှိရမယ် မော်ကွန်းလည်း ထွန်းလောက်တယ် မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ် .............. လမ်းမတော် NLD ရုံးဖွင့်ပွဲမှာ
ဒီကလေးဆိုတာလည်းတော်တော်ကောင်းဗျ ။
အမျိုးဂုဏ်ဇာတိဂုဏ် ထိန်းသိမ်းတဲ့ လူငယ်ကလေးပါပဲ ။ ဂုဏ်ယူစရာကောင်းပါတယ် ။ လေးစားပါတယ် ။
ဇေယျာပြည့်ဖြိုး လို့ ခေါ်ပါတယ် ။

ဦးရွှေမန်းနဲ့ ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး

Getty Images

ဝေဒနာလား၊ ဒဏ်ရာလား ...ဒါမှမဟုတ် တွန်းအားတွေပဲလား (၁)

by May Thingyan Hein on Monday, May 7, 2012 at 11:10pm ·

ကျမမေမေက ပင်စင်ယူပြီးတာနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာပဲ ခြံလုပ်ငန်းလေး လုပ်ကိုင်ပြီး နေမယ်လို့ စိတ်ဆန္ဒရှိခဲ့တယ်။

မေမေကလည်း ၁၉၈၈ နောက်ပိုင်းကာလတွေမှာ နိုင်ငံရေးသမား ဇနီး၊ တက္ကသိုလ်က ဆရာမ တယောက်အနေနဲ့ သားသမီး ၃ ယောက်ရဲ့ ဘ၀အတွက်နဲ့ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပါတယ်။ ဖေဖေ နိုင်ငံရေးလုပ်လို့ စတင်အဖမ်းခံခဲ့ရစဉ်တုန်းက ကျမက အထက်တန်းကျောင်းသူ၊ မောင်လေးက အလယ်တန်းကျောင်းသား၊ ညီမလေးကတော့ ၂ နှစ်သမီးလေးပါ။

အရွယ်မရောက်သေးတဲ့ ကျမတို့ သုံးယောက်ကို ဘွဲ့တခုစီရပြီး လမ်းမှားရောက်မသွားအောင် အစိုးရ၀န်ထမ်း ဆရာမတယောက်အနေနဲ့ ဘယ်လို လျှောက်လှမ်းခဲ့ရမလဲဆိုတဲ့ ခရီးအတိုင်းအဆကို ပြန်စဉ်းစားတိုင်း အမေ့ကို ကျေးဇူးတင်ရပါတယ်။

ခုတော့ အမေက သက်ပြည့် ပင်စင်ယူပြီးတာနဲ့ အဖိုးကြီးအဖွားကြီး နှစ်ယောက်တည်း ခြံစိုက်ရင်း ဘ၀ရဲ့ နောက်ဆုံးအချိန်တွေကို ဖြတ်သန်းချင်တယ်။ အမေပင်စင်မယူခင် တနှစ်က  နောင်ချိုက ခြံနဲ့အိမ်ကိုရောင်း၊ ရတဲ့ ငွေနဲ့ ကျမတို့မောင်နှမ ၃ယောက်ကိုလည်း အမွေခွဲပေးခဲ့တယ်။ (အမေ့ အမွေနဲ့ကျမက မြစ်မခ မီဒီယာကို ထူထောင်ခဲ့ပါတယ်)

အမေနဲ့အဖေက အိမ်နဲ့ခြံရောင်းလို့ ကျန်တဲ့ ငွေကလေးနဲ့  ကျောက်မဲမြို့နယ်ထဲက ခဲမွန်းကျေးရွာလေးမှာ မြေကွက်ဝယ်၊ တိုက်အိမ်လေးဆောက်ပြီး နေပါတယ်။

မေမေက ရန်ကုန်တက်လာတိုင်း ခဲမွန်းရွာလေးမှာ စာကြည့်တိုက်လေးဖွင့်ပေးချင်တယ်လို့တဖွဖွပြောရှာတယ်။ မြစ်မခနဲ့ အချိန်ကုန်နေတဲ့ ကျမက မေမေရဲ့ ဆန္ဒကိုတကယ့်ကို ဖြည့်ဆည်းပေးချင်တယ်။ ကျမရဲ့မြစ်မခကလည်း သတင်းရောင်းလို့ရတဲ့ ၀င်ငွေနဲ့ထွက်ငွေဟာ  မမျှတတဲ့အတွက် အမေ့ရဲ့ ဆန္ဒကိုဖြည့်ပေးဖို့ရဲရဲကြီးလည်း ကတိမပေးနိုင်ခဲ့ပါဘူး။

ကျမ ဘ၀မှာ မေမေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးခဲ့တယ်လို့ ကိုယ့်ကိုယ်ကို ဂုဏ်ယူနိုင်တဲ့အချိန် အင်မတန်နည်းခဲ့ပါတယ်။

အိမ်ထောင်ပြုတဲ့အခါမှာလည်း ကျမက မေမေသဘောကျတတ်တဲ့သမက်မျိုးကိုမယူခဲ့ဘူး၊ ကိုယ်ချစ်တဲ့သူကို ကိုယ်ယူခဲ့တယ်။
အလုပ်အကိုင်ရွေးချယ်တဲ့အခါမှာလည်း အမေဖြစ်စေချင်သော  အေးချမ်း တည်ငြိမ်သော အလုပ်အကိုင်မျိုးကို မေ၇ွးချယ်ခဲ့ဖူး၊ သတင်းသမားတယောက်အနေနဲ့ပဲ အမေ့ကို စိတ်ပူစေသော သမီးအဖြစ် နေထိုင်ရှင်သန်ခဲ့တယ်။

အမေကပြောတယ်၊ သူ့သားသမီး ၃ယောက်ထဲမှာ ကျမအတွက် စိတ်အပူရဆုံးပဲတဲ့ ... ကျမက ခေါင်းမာတယ်၊ မာနကြီးတယ်၊ ပြီးတော့ စိတ်ထင်ရာကို တဇွတ်ထိုးလုပ်တတ်တယ်တဲ့...။

ခုလို အချိန်မှာတော့ ကျမက မေမေ့ရဲ့ ဆန္ဒလည်းဖြစ်၊ ကျေးရွာမှာလည်း စာကြည့်တိုက်လေး ရှိစေချင်တဲ့ စိတ်နဲ့ အမေ့ကို ကတိပေးလိုက်မိတယ်။ ပြည်သူကို ချစ်တဲ့ကျမ ဖေဖေက ပြည်သူ့စာကြည့်တိုက်လို့ အမည်ပေးတယ်၊ ကျမက မိတ်ဆွေတွေဆီကနေ စာအုပ်တွေ အလှူခံပေးတယ်။

ကျမတို့မြန်မာတွေက သိပ်ချစ်ဖို့ ကောင်းတဲ့အလေ့အထတွေ ရှိကြတယ်ဆိုတာကို မကြာခင် သိရတော့တာပါပဲ။ ကျမရဲ့ facebook မှာ စာကြည့်တိုက်ဖွင့်ဖို့စာအုပ်အလှူခံကြောင်း ရေးတင်လိုက်တာနဲ့ စာအုပ်တွေ လှူကြပါတယ်။

တရက်နှစ်ရက်နဲ့တင် စာအုပ်ပေါင်း ၆၀၀ လောက်ရပါတယ်။ နောက်ပိုင်းလည်း နေ့စဉ် စာအုပ်အလှူရှင်တွေကစာအုပ်တွေ လှူကြတယ်၊ ဖုန်းဆက်ပြီး အိမ်လိပ်စာပေးရင်  ကျမတို့မြစ်မခက စာအုပ်တွေ သွာသယ်ယူပေးကြတယ်။

တပတ်အတွင်းမှာပဲ စာအုပ်ချည်းပဲ စုစုပေါင်း ၁၂၀၀ ကျော်၊ စာကြည့်တိုက်မတည်ဖို့အတွက် ငွေသားအနေနဲ့လှူကြတာက စုစုပေါင်း ၁သိန်းနဲ့ ၅သောင်းပါရလာတော့ ဘာပဲပြောပြော မေလ ၆ ရက်နေ့နံနက် ၉နာရီမှာ စာကြည့်တိုက်လေး ဖွင့်နိုင်ဖို့က အဆင်ပြေသွားခဲ့တယ်။

ဖေဖေနဲ့မေမေက ခဲမွန်းရွာကိုစာအုပ်တွေနဲ့ မေလ ၂ ရက်နေ့အရင်ပြန်ပြီး ကျမကလည်း မေလ ၄ ရက်နေ့ ညနေ ၄နာရီ ထွက်မဲ့ ကားနဲ့ လိုက်နိုင်ဖို့ ကြိုးစားရင်း လိုက်ခဲ့ပါတယ်။ ခင်ပွန်းသည်နဲ့သားသမီးတွေကိုလည်း အပါခေါ်ခဲ့တယ်၊ သူတို့တွေက တောင်တန်းတွေ ဆိုတာလည်း မသိဘူး၊ မြေကြီး မွမွရဲ့တန်ဖိုးနဲ့ သဘာဝရဲ့ အလှအပတွေကိုနဲ့လည်း အလှမ်းဝေးနေတော့သူတို့ကိုလည်း တွေ့စေချင် ခံစားစေချင်တဲ့ စိတ်နဲ့ မိသားစုကိုပါ ခေါ်ဖြစ်အောင်ကြိုးစားခဲ့တာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်း ခဲမွန်းကျေးရွာက မန္တလေးမြို့ကနေ ရေတွက်ရင် မိုင်တိုင် ၉၈နဲ့ ၅ ဖာလုံအကွာအဝေးမှာ ရှိပါတယ်။ကျောက်မဲ မြို့နဲ့ ဆိုရင်တော့ နာရီဝက်လောက်ပဲ ကြာအောင် မောင်းရပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ် ဇွန်လတုန်းကတော့ကျမ ကျောက်မဲမြို့ကို ရောက်ခဲ့ပါသေးတယ်။ အဲဒီနောက်ပိုင်း ပြန်မရောက်ဖြစ်တော့တာ ခုမှ အိမ်ပြန်ဖြစ်တဲ့သဘောပါပဲ။

ကျမတို့ ကြီးပြင်းခဲ့တဲ့ ရှမ်းပြည်နယ် နောင်ချို မြို့ကိုနံနက် စောစော ၃နာရီ ခွဲလောက်မှာ ရောက်ပါတယ်။ မီးရောင်တွေကိုတွေ့ရတော့နောင်ချိုတောင် မီးကောင်းကောင်းရနေပြီလို့တွေးရင်း ကျေနပ်သွားမိတယ်။ နောင်ချိုကို ကျာ်လွန်ပြီးတာနဲ့ အထုပ်အပိုးတွေကို အဆင်သင့်ပြင်ရင်း ခဲမွန်းရွာမှာ ဆင်းဖို့ပြင်ဆင်ကြရဖို့ မိသားစုကို မှာရပါတယ်။

မှောင်မိုက်နေတဲ့ ဂုတ်တွင်းအဆင်းမှာ ကားမီးရောင်လဲ့လဲ့တွေက တောင်ပေါ်အတက်အဆင်းလုပ်နေကြတာကို ကားပေါ်ကနေ လှမ်းမြင်နေရတော့ သမီးတို့ကို ပြတယ်။ သမီးတွေက တအံ့တသြနဲ့ကြည့်ရင်း တောင်ပေါ်အတက်အဆင်း အကွေ့တိုင်းမှာ ရင်တဖိုဖိုနဲ့... သူတို့အတွက် အတွေ့အကြုံသစ်ရတဲ့အတွက် စိတ်ကျေနပ်မိတယ်။

ခဲမွန်းရွာကို ကားဆရာတွေ မသိကြပါဘူး၊ နောင်ပိန်အလွန်က ရထားသံလမ်းနဲ့ ကိုက် ၅၀၀လောက် အကွာအဝေးမှာ ရှိတယ်။ ကျမ ဖေဖေက အိမ်ရှေ့က မယ်ဇလီပင်တန်းလေးမှာ ဘက်ထရီမီးချောင်းလေး ထွန်းပေးထားမယ်၊ အဲဒီနေရာမှာ ကားရပ်ပေးဖို့ ကားဆရာတွေကို ကြိုပြောထားခဲ့တယ်။

တကယ်ပဲ ကျမ ဖေဖေက ည ၃ နာရီလောက်ကတည်းက ထပြီး အိမ်ရှေ့က မယ်ဇလီပင်မှာ လေဆာနဲ့အားဖြည့်တဲ့ဘက်ထရီမီးချောင်းလေး ထွန်းညှိုပေးထားတယ်။မီးရောင်လေး ရှိတဲ့ အိမ်ဟာ ဖေဖေမေမေတို့ရဲ့အိမ်ပါ။ အဲဒီဘက်ထရီ မီးရောင်လေးက လွဲလို့ တရွာလုံး အမှောင်ထဲမှာ ငုတ်တုတ်ပါပဲ။

လျှပ်စစ်မီးမရှိတဲ့ ကျေးရွာလေး၊ မူလတန်းကျောင်းသာ ရှိတဲ့ကျေးရွာလေး၊ တောင်ယာလုပ်ကိုင်စားသောက်သူတွေသာ ရှိတဲ့ကျေးရွာလေးကို ကျမရောက်တော့နံနက် ၄နာရီပဲ ရှိပါသေးတယ်။

မေမေနဲ့ ဖေဖေကတော့ မြေးတွေလည်း ပါလာပြီး ပျော်လို့ သမီးငယ်က ဗိုက်ဆာတယ်လို့ပူဆာလို့ ထမင်းကြော်ပေးတယ်။ ထမင်းကြော်စားဖို့စောင့်နေရင်း၊ ရန်ကုန်မှာ ပူလွန်းလို့ မနေနိုင်တဲ့သမီးငယ်က အဖိုးက အိမ်ထဲမှာတင်မက ဘူး ခြံထဲမှာလည်း အဲယားကွန်းတပ်ထားတယ်နော်။ အဖိုးအဲယားကွန်းကတော်တော်ကောင်းတယ်၊အေးနေတာပဲလို့ပြောတော့ အဖိုးနဲ့အဖွားက ရယ်လို့မောလို့။

ကျမတို့သားအမိလည်း ပြန်မအိပ်၊ ဖေဖေနဲ့မေမေလည်း မအိပ်ကြဘဲနဲ့ စကားပြောရင်း မိုးအလင်းရောင်ကို စောင့်ကြတယ်။

 အမေ့အိမ်နောက်မှာ နီညိုရောင် တောင်ကုန်းကြီး ရှိတယ်၊ နီညိုရောင်တောင်ကုန်းကြီးရဲ့ အလယ်တည့်တည့်မှာတော့အူချောင်းသဏ္ဍန်နဲ့ အဆင်းကြီး၊အဲဒါက ဂတ်စ်ပိုက်လိုင်းလို့ အမေက ပြောတယ်။
အညိုရောင် တောင်ကုန်းပေါ်က ပိုက်လိုင်းမြှုပ်ရာ အဆင်းကြောင်းကြီးက တောင်းကုန်းကြီးကို အကျဉ်းတန်စေတယ်။

ရာသီဥတုနဲ့ နေရာဒေသအရ အင်မတန်လှတဲ့ သဘာဝအလှတရားနဲ့ပြည့်စုံတဲ့ နေရာလေးမှာ ပိုက်လုံးကြီးတွေကို ခုလို တွေ့ရတာကတော့ ရုပ်ဆိုးလှတယ်လို့ စတွေးမိတာပါပဲ။အလှပျက်လိုက်တာ အမေရယ်လို့ ညည်းမိတော့ ကြားရ တွေ့ရ ဦးမှာလို့အမေက ပြောတယ်။

တရုတ်အစိုးရရဲ့ ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းဟာ ရှမ်းပြည်ကိုလည်း ဖြတ်တော့ အမေရဲ့ခြံထဲကိုလည်း ဖြတ်ပါတယ်။အမေရဲ့ ခြံရဲ့ ထိပ်စပိုင်းမှာတော့ ဂတ်စ်ပိုက်လိုင်းတွေကို အစီအရီ ချထားတာတွေ့ရပါတယ်။အမေ့ခြံထဲကိုလည်း ပိုက်လိုင်းတွေဖြတ်သွားတဲ့အတွက် အမေက ငွေ ကျပ် ၅သိန်းရသတဲ့။

ငွေ ၅သိန်းဟာ ဘာအတွက်လျော်ကြေးပေးတာလဲ။ ပိုက်တွေကို ၉ ပေ အနက်တူးတဲ့အတွက် အဲဒီ ပိုက်လိုင်းဖြတ်သွားတဲ့ နေရာနဲ့ အနီးတ၀ိုက်မှာသစ်ပင်ကြီး တွေ စိုက်ခွင့်မပြုဘူး၊ ပန်းဥယျာဉ်လောက်တော့စိုက်ခွင့်ပြုသတဲ့။ ငွေ ၅သိန်းကို ဒီ့အတွက် ပေးတာလားလို့ တွေးမိတော့ မိုးမလင်းမီ စိတ်နောက်စရာတွေကို ဆက်တိုက် တွေးမိတော့တာပါပဲ။

စစ်တွေကနေ တရုတ်ပြည်ထိ သွယ်တန်းထားတဲ့ ဂတ်စ်ပိုက်လိုင်းဟာ ကျမတို့ တိုင်းပြည်ရဲ့ဒေသတွေထဲကို မိုင်ပေါင်းထောင်ချီပြီး   ဖြတ်သန်းပါတယ်၊ ဖြတ်သန်းတဲ့ နေရာတိုင်းမှာလည်း ဘေးပတ်ပတ်လည်မှာ ပေပေါင်းများစွာမှာ တောရှင်းပါတယ်။
တောရှင်းတယ်ဆိုတာက သစ်ပင်ကြီးကြီးငယ်ငယ်တွေကို အကုန်ခုတ်၊ မြေအပြောင်ရှင်းစနစ်နဲ့ ရှင်းတာပါ။ အဲဒီလို ရှင်းလင်းပြီးမှ ဓါတ်ငွေ့ပိုက်လိုင်းတွေကို မြှုပ်ပြီး  ဖြတ်သန်းခဲ့ကြတာပါ။

 ခုလည်း ရှမ်းပြည်နယ်မြောက်ပိုင်းက ဓါတ်ငွေ့ပိုက်လိုင်းဖြတ်ရာဒေသတလျှောက်က အပင်ကြီးငယ်ရွယ်တွေ အားလုံးကို ခုတ်ပစ်ထားကြတာ တွေ့ရပါတယ်။ပိုက်လိုင်းဖြတ်သန်းတဲ့ တောင်ကုန်းတွေဟာ တောင်းကတုံးတွေ ဖြစ်ကုန်တယ်၊ အပင်တွေ့သမျှ ခုတ်ကြတာပါပဲ။ခုတ်ရံ့တင်မကပါဘူး အဲဒီနေရာတွေမှာအပင်ကြီးမျိုးတွေ ပြန်စိုက်ခွင့်လည်း မရှိတော့ဘူးလို့ သိရပါတယ်။

ရခိုင်ပြည်နယ်ကနေ တရုတ်ပြည်အထိ  မိုင်ထောင်ချီပြီး ဖြတ်သန်းတဲ့ ဒီဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းဟာ ကျမတို့ တိုင်းပြည်အနေနဲ့
ဆုံးရှုံးလိုက်ရတဲ့ သယံဇာတတွေနဲ့ပြန်ရလိုက်တာ တကယ်ရော တန်ရဲ့လားဆိုတဲ့ မေးခွန်းကို ကျမတွေးမိနေတော့တာပါပဲ။

စာကြည့်တိုက်လေး ဖွင့်ဖို့ ရည်ရွယ်ချက်နဲ့လာခဲ့တဲ့ ကျမရဲ့ ရှမ်းပြည်အိမ်အပြန်ခရီးမှာ ဂတ်စ်ပိုက်လိုင်း မဲမဲတွေ၊ အပြောင်ရှင်းထားတဲ့ မြေတွေ၊ ဒေသခံတွေနဲ့ တိုင်းပြည်ရဲ့ ဆုံးရှုံးမှုတွေ၊ဆုံးရှုံးသွားတဲ့ တန်ဖိုးတွေကို မြင်တွေ့လိုက်ရတော့ ရင်ထဲလေးလံနေတော့တာပါပဲ။

အမေကတော့ ပြောတယ်။  သမီး မကြာခင်တွေ့ရ မြင်ရဦးမယ်တဲ့။ ကြားရသမျှလည်း စိတ်ဝင်စားစရာတွေပဲလို့ပြောပါတယ်။

အမေ့စကားမဆုံးခင် ကျမက အမေအသိအောင် သက်ပြင်းခိုးရှိုက်လိုက်မိတယ်။ တကယ်ပဲ ဘယ်လိုများ ကြားရမလဲ မြင်တွေ့ရမလဲ ဆိုတာကို စိတ်ဝင်စားမိပေမဲ့ ရင်ထဲထိမဲ့ဝေဒနာမျိုးကိုတော့ ကြိုပြီး ကြောက်နေမိတာအမှန်ပါပဲ။

ရှေ့ဆက် ရေးပါမည်။

မိတ်ဆွေများအားလုံးကို လေးစားချစ်ခင်စွာဖြင့်

အမေ့အိမ်ရဲ့ နောက်ဘက် တောင်ကုန်းပေါ်က ဓါတ်ငွေ့ပိုက်လိုင်း
တောင်ကုန်းပေါ်က ဓါတ်ငွေ့ပိုက်လိုင်း
အမေ့အိမ်
ခဲမွန်းကျေးရွာက အမေ့ အိမ်
အမေ့ခြံထဲက ပိုက်လိုင်းများ
စိုက်ခင်းတွေထဲမှာလည်း နေရာ ယူထားတဲ့ ပိုက်များ


RFA Burmese TV Channel

စစ်တွေကနေ တရုတ်နိုင်ငံအထိ သွယ်တန်းနေတဲ့ သဘာဝဓတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းတဲ့  ဘေးပတ်ပတ်လည်မှာ သစ်ပင်ကြီးကြီးငယ်ငယ်တွေကို အကုန်ခုတ်၊ မြေအပြောင်ရှင်းစနစ်နဲ့ သွယ်တန်းဖောက်လုပ်ပါတယ်။
ဒါကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းက ဓါတ်ငွေ့ပိုက်လိုင်းဖြတိဖို့ လုပ်ဆောင်နေတာတွေပါ
( ဓါတ်ပုံ.မျိုးဇော်ကို)

ဒေါ်အောင်ဆန်းစုကြည်နိုင်ငံကူးလက်မှတ်ရပြီဆို၏

By: Toetoe Lwin
Daw Aung San Suu Kyi receives Passport according to Canadian TV news, CP 24


ပြည်ပကိုခရီးသွားဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံကူးလက်မှတ် ပတ်စပို့ရပြီလို့ NLD ပါတီကပြောဆို ကြောင်း AFP သတင်းမှာ ရေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အတွက် ပတ်စပို့ရပြီလို့ သောကြာနေ့က အကြောင်းကြားလာပါတယ်-အခုတော့ ပတ်စပို့က ဒေါ်စုလက်ထဲရောက်နေပါပြီလို့ NLD ပါတီ ပြောခွင့်ရ ဦးဥာဏ်ဝင်းက AFP သတင်းဌာနကို ပြောခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ လာမဲ့ဇွန်လမှာ နော်ဝေးနဲ့ ဘရစ်တိန်နိုင်ငံတွေကို ခရီးသွားဖို့ရှိပြီး ဒီနှစ်ကုန်ပိုင်းမှာတော့ ဂျပန်ကိုသွားရောက်ဖို့ စီစဉ်ထားပါတယ်။
ဒီဗွီဘီ

မသန်စွမ်းသူများကို ကူညီပေးရေးအခမ်းအနားသို့ တက်ရောက်လာသော အမေစု၊ ကိုမင်းကိုနိုင် နှင့် ကိုဋ္ဌေးကြွယ်

by Tun Wai on Tuesday, May 8, 2012 at 1:07pm · မသန်စွမ်းသူများကို ကူညီပေးရေး ရွှေမင်းသား ဖေါင်ဒေးရှင်း၏ နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်လာသော အမေစု၊ ကိုမင်းကိုနိုင် နှင့် ကိုဋ္ဌေးကြွယ်

ရွှေမင်းသား ဖေါင်ဒေးရှင်းက လေးနှစ်ပြည့် အခမ်းအနားကို ရန်ကုန်မြို့ UMFCCI ခမ်းမမှာ ဒီနေ့လုပ်ခဲ့ပါတယ်။

မသန်စွမ်းများနဲ့အတူ ဒေါက်တာ အရှင်ဥာဏ္ဏိသရ၊ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်၊ကိုဋ္ဌေးကြွယ် နဲ့ ၀န်ကြီးအချို့ တက်ရောက်ပါတယ်။

ရွှေမင်းသားဖေါင်ဒေးရှင်း တည်ထောင်တဲ့ ကိုမြတ်သူရ က ပြောတယ်။ဥပမာအနေနဲ့ သူ စူပါမားကတ်ကို သွားပြီး ကိုယ်တိုင်ရွေးချယ် ဈေးဝယ်ချင်တယ်၊ ဒါပေမယ့် စူပါမားကတ်မှာက မသန်စွမ်းတွေ အတွက် အဆင်ပြေအောင် ၀င်ထွက်ပေါက် မလုပ်ထားပေးဘဲ လှေခါး သုံးထစ် လုပ်ထားတဲ့အတွက် ၀ှီးချဲယားနဲ့ သူတွေဟာ ၀င်မရဘူး။

အဲ့ဒီတော့ သူတို့ ခြေလက်မရှိသူတွေက မသန်စွမ်းတာလား၊ ရုပ်ဝထ္ထုပစ္စည်းတွေက မသန်စွမ်းတာလားတဲ့၊
အဲ့ဒီလှေခါး သုံးထစ်ကိုသာ ဖြုတ်လိုက်ရင် အားလုံးဝင်မရတော့ဘူး ဒီတော့ အားလုံးက မသန်စွမ်းတာလားတဲ့။
မသန်စွမ်းတွေအတွက် လုပ်ပေးထားတရင် အားလုံးနဲ့အတူ ဒီလိုနေရာတွေ သွားရောက်နိုင်မှာ ဖြစ်ကြောင်းပြောပြခဲ့တယ်။

အမေစုက မိန့်ခွန်းပြောတဲ့အခါ မသန်စွမ်း ဆိုတာက ခြေလက်မသန်တဲ့သူတွေကို ခေါ်သင့်သလား ခြေလက် မပြည့်စုံတဲ့သူတွေအတွက်ပါ သွားလာနိုင်အောင် မလုပ်ပေးနိုင်တဲ့၊ မစီစဉ်ပေးနိုင်တဲ့ ကျွန်မတို့ အားလုံးကို ခေါ်သင့်သလား လို့ မေးခွန်းထုတ်ခဲ့ပါတယ်။ သူ့အနေနဲ့ မသန်စွမ်းတွေဆီကနေ သင်ယူစရာတွေ အများကြီးရှိသေးတယ်လို့ ပြောခဲ့ပါတယ်..
Zaw Lwin Win






ရွှေမင်းသား ဖေါင်ဒေးရှင်း နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်လာသော ၀န်ကြီးတစ်ဦးနှင့် နုတ်ဆက်နေသော အမေစု..
ရွှေမင်းသား ဖေါင်ဒေးရှင်းက လေးနှစ်ပြည့် အခမ်းအနားကို ရန်ကုန်မြို့ UMFCCI ခမ်းမမှာ ဒီနေ့လုပ်ခဲ့ပါတယ်။


RFA Burmese TV Channel
ရွှေမင်းသားမသန်မစွမ်းသူများဂုဏ်ပြုပွဲ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်


RFA Burmese TV Channel
ကနေ့ေ၇ွှမင်းသားဖောင်ဒေးရှင်းက ပြုလုပ်တဲ့ မသန်စွမ်းသူများ ဂုဏ်ပြုပွဲအခမ်းအနားမှာ NLD ပုလင်းပန်းချီလေးနဲ့ တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်( ဓါတ်ပုံ။ကိုပိုင်)