Wednesday, May 9, 2012

ဒီမိုကရေစီလှုပ်ရှားသည့် ကျောင်းသားများ ပညာရေးပိတ်ပင်ခံနေရသည့်ကိစ္စ ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်

DVB TV News

နေသွင် DVB ၀၉ မေလ ၂၀၁၂

ဒီမိုကရေစီအရေးလှုပ်ရှားတဲ့ ကျောင်းသားတွေကို သက်ဆိုင်ရာ တက္ကသိုလ်တွေက ပညာဆက်သင်ဖို့ ပိတ်ပင်ထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်မှာ တင်ပြသွားမယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ဗဟိုစည်းရုံးရေး ကော်မတီဝင် ၉ ဦးနဲ့ ဒီနေ့ တွေ့ဆုံတဲ့အချိန်မှာ ဒီကိစ္စကို ဆွေးနွေးခဲ့တယ်လို့ ဗကသခေါင်းဆောင်တဦးဖြစ်တဲ့ ကိုသီဟ၀င်းတင်က ပြောပါတယ်။

“အန်တီက ကူညီမယ်ဆိုတာက အဓိကတော့ သူ့အနေနဲ့ လွှတ်တော်ထဲမှာ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ပြောမယ်ပေါ့။ ပြောခွင့်ရမယ်ဆိုရင် ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ တင်ပြမယ်။ တင်ပြတဲ့အနေအထားမျိုးမှာ သူ့အနေနဲ့ ပြောတာက ကောင်းတဲ့အရာတခုကို တင်ပြလို့ သူတို့ဘက်က ငြင်းပယ်မယ်ဆိုရင် ဒီအရာကို ပြည်သူတွေက မုန်းမယ်ဆိုတဲ့အကြောင်းအရာကို၊ သူတို့အနေနဲ့ ခံရမယ်ဆိုတာကို သူတို့လည်း ကောင်းကောင်းသဘောပေါက်နေတယ် ဆိုတာကို ပြောတယ်။”

ကိုသီဟ၀င်းတင်ဟာ ဥပဒေ ဒုတိယနှစ်တက်နေတုန်း ၂၀၀၈ ခုနှစ်မှာ ဒီမိုကရေစီအရေး လှုပ်ရှားမှုနဲ့ ထောင်ကျခဲ့ပါတယ်။

မနှစ် အောက်တိုဘာလမှာ ထောင်က ပြန်လွတ်လာတဲ့နောက် ကျောင်းပြန်တက်ဖို့ ကျောင်းမှာ သွားရောက်စုံစမ်း ကြိုးစားပေမယ့် ကျောင်းက အကြောင်းပြချက်မပေးဘဲ ငြင်းပယ်ခဲ့တယ်လို့ ပြောပြပါတယ်။

ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့ ဗကသ ဗဟိုစည်းရုံးရေး ကော်မတီဝင်တွေဖြစ်တဲ့ ကိုကျော်ကိုကို၊ ကိုလင်းထက်နိုင်၊ မဖြိုးဖြိုးအောင်၊ ကိုအောင်အောင်ကျော်၊ ကိုမင်းသွေးသစ်၊ မဟန်နီဦး၊ ကိုနန္ဒာစစ်အောင်နဲ့ ကိုဘုန်းပြည့်ကြွယ်တို့လည်း ထောင်က ပြန်လွတ်လာပြီးနောက် ကျောင်းတွေက ငြင်းပယ်ခံထားရတယ်လို့ ဆိုပါတယ်။

“ထောင်ကထွက်ထွက်ချင်းမှာပဲ ကျနော်က အောက်တိုဘာမှာ လွတ်တယ်။ မဖြိုးဖြိုးအောင်၊ ကျနော်၊ ကိုလင်းထက်နိုင်ရယ်က အောက်တိုဘာမှာ လွတ်တယ်။ လွတ်တော့ သွားစုံစမ်းကြတယ်။ စုံစမ်းတဲ့အနေအထားမှာ သူတို့ဘက်က အဲဒီလိုမျိုးတွေပြောပြီးတော့ ကျနော်တို့ကို ပယ်ချတယ်။ ကျန်တဲ့လူတွေက နောက်ဆုံးလွတ်တဲ့အခါကျတော့ ကျောင်းကိုသွားပြန်စုံစမ်းတယ်။ အဲဒီအချိန်မှာလည်း ကျနော်တို့ကို ပြောတဲ့ပုံစံအတိုင်းပဲ ပြောတယ်။ ရမလိုလို၊ မရဘူးလိုလို၊ ပြန်ဆက်သွယ်ပါမယ်လို့ ပြောပြီးတော့ ပြန်လည်းမဆက်သွယ်ဘူး။ သွားစုံစမ်းတော့ ခုနပြောသလို ၂နှစ်၊ ကျောင်းကို ပြန်မအပ်လို့ရှိရင် ကျောင်းကထုတ်ပြီးသားဖြစ်တယ်လို့ ပြောတယ်။”

ကျောင်းသားခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုဟာ ထောင်က လွတ်လာအပြီး ပထမဆုံး အကြိမ်လို့ သိရပါတယ်။

ဒီလို တွေ့ဆုံတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က ကျောင်းသားသမဂ္ဂ တရားဝင် ပေါ်ပေါက်ရေးနဲ့ သမဂ္ဂ ခေတ်မီရေး ကိစ္စကိုလည်း ဆွေးနွေးခဲ့တယ်လို့ ကိုသီဟ၀င်းတင်က ပြောပါတယ်။

“ကျနော်တွေ့တဲ့အချိန်မှာ အန်တီ့အနေနဲ့ပြောတာက ပြည်သူတွေ ခံစားကြုံတွေ့နေရတဲ့ ဒုက္ခတွေရယ်၊ အဲဒါတွေ ပြောဆိုဆွေးနွေးတယ်။ ဗကသ အဖွဲ့ချုပ်ကို နိုင်ငံတကာ ကျောင်းသားသမဂ္ဂတွေရဲ့ ဖွဲ့စည်းပုံမျိုး လေ့လာဖို့ရယ်၊ ပြီးတော့ သမဂ္ဂ တရားဝင်ဖြစ်မြောက်ဖို့ ဥပဒေအရ ကူညီပေးမယ်။ ဒီမိုကရေစီ နိုင်ငံဆိုရင် ကျောင်းသားသမဂ္ဂ ရှိလိမ့်မယ်ဆိုတာကို သူမျှော်လင့်တယ်။ ပြီးတော့ ကျနော်တို့တွေ ကျောင်းတက်ခွင့် ပိတ်ပင်ခံထားရတဲ့ ကျောင်းသားတွေကို ကျောင်းပြန်တက်ခွင့်ရအောင် သူ့အနေနဲ့ ဥပဒေအရ ကူညီမယ်လို့လည်း ပြောတယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ တွေ့ဆုံတဲ့ ဗကသခေါင်းဆောင် ၉ ဦးဟာ ၂၀၀၇၊ ၂၀၀၈ ခုနှစ်တွေက ဒီမိုကရေစီလှုပ်ရှားမှုကြောင့် ထောင်ကျပြီးနောက် မနှစ်တုန်းက ရှေ့ဆင့် နောက်ဆင့် ပြန်လွတ်လာကြတာဖြစ်ပါတယ်။

သူတို့ကို ပြည်တွင်း တက္ကသိုလ်တွေက ပြန်လက်မခံရုံသာမက ပြည်ပတက္ကသိုလ်တွေမှာ ပညာသင်ကြားနိုင်ဖို့ အခွင့်အရေးလည်း သက်ဆိုင်ရာက နိုင်ငံကူးလက်မှတ်တွေ ထုတ်မပေးလို့ အခွင့်အရေး ဆုံးရှုံးနေရတယ်လို့ ကိုသီဟ၀င်းတင်က ပြောပါတယ်။
 

သမ္မတ ဦးသိန်းစိန်ရဲ့တူမ..ချစ်တီးလုပ်နေ

DVB TV News
ကျောင်းကုန်းမြို့ နယ် အိုးဘိုအုပ်စု စစ်ကိုင်းတောင်ရွာမှာ သမတ ဦးသိန်းစိန်ရဲ့ဆွေမျိုးတစ်ဦးက မတရား အတိုးနှုန်းယူပြီး ငွေတိုးပေးမှုကြောင့် ရွာသားတချို့ ဒုက္ခရောက်နေပါတယ်၊
ဒေါ်ခင်မင်းဇော် သတင်းပေးပို့ထားပါ တယ်၊
ရိုက်ကူး ရန်ကျော်

သေနပ်အပစ်ခံခဲ့ရသူ ကို တရားစွဲ

DVB TV News
May 9, 2012 ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ပန်းတောကုန်းရွာနေ ကိုသိန်းဇော်ကို ခလရ ၁၀၇ စစ်ဗိုလ် တဦးက သေနတ်နဲ့ပစ် ရိုက်နှက်ခဲ့ပေမဲ့ ဒီ စစ်ဗိုလ်ကို အရေးမယူတဲ့အပြင် သေနပ်အပစ်ခံခဲ့ရသူ ကိုသိန်းဇော်ကိုတောင် ပြန်လည် တရားစွဲထားပါတယ်။

ဒဂုံမြို့နယ်ရုံးဖွင့်ပွဲမှအမေစု

DVB TV News
ပါတီနိုင်ငံရေးဟာ အမျိုးသားနိုင်ငံရေး မဟုတ်ဘူးဆိုတာ အာဏာရှင်အစိုးရတွေရဲ့ ၀ါဒဖြန့်ချီမှုသာ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

မြန်မာပြည်သူတွေကိုပစ်ပယ်ထားနိုင်....

DVB TV News

စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းလိုက်တဲ့အခါ မြန်မာ့စီးပွားရေး ဦးပြန်မော့လာပြီး မြန်မာဟာ အာရှမှာ ကျားတစ်ကောင်ဖြစ်လာလိမ့်မယ်လို့
ခန့်မှန်းနေကြပေမဲ့ အဲဒီစီးပွားရေးအကျိုးအမြတ်ကို သန်း ၆၀ သော မြန်မာပြည်သူတွေ ချက်ချင်း ခံစားရအုံးမှာ မဟုတ်သေးဘူးလို့ သြစတေးလျ ABC ရုပ်သံဌာနကြီးက မေလ (၉) ရက်နေ့က ထုတ်လွှင့်ကြေငြာခဲ့ပါတယ်။ မြန်မာနိုင်ငံက အပြောင်းအလဲတွေကြောင့် ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်-ADB တို့ဟာ မြန်မာနိုင်ငံကို အကူအညီပေးဖို့ ပြန်စနေပါပြီ၊ မြန်မာအစိုးရကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်းနဲ့ ၀င်လာဖို့ မျှော်လင့်နေပါတယ်။ သြစတေးလျနဲ့ အမေရိကန်တို့က စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးခဲ့ပြီး အီးယူကလည်း တစ်နှစ်ဆိုင်းငံ့ထားတာကြောင့် မြန်မာ့စီးပွားရေး အရျှိန်အဟုန်နဲ့ တိုးတက်လာမယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေဟာ စီးပွား ရေးအကျိုးအမြတ်ကိုသာ ရယူသွားပြီး မြန်မာပြည်သူတွေအတွက် လူမှုရေးဆိုင်ရာ တာဝန်ယူမှု တာဝန်ခံမှု တွေကို ပစ်ပယ်ထားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေရှိနေကြောင်း သြစတေးလျ ABC သတင်းမှာ သုံးသပ်ထား ပါတယ်။

ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)နှစ်ပတ်လည်အခမ်းအနား ဒေါ်အောင်ဆန်းစုကြည်တက်ရောက်

Burma VJ Media Network
ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)နှစ်ပတ်လည်အခမ်းအနား ဒေါ်အောင်ဆန်းစုကြည်တက်ရောက် ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)ရဲ့ စတုတ္တအကြိမ် နှစ်ပတ်လည်အထိမ်းအမှတ်နဲ့ မသန်စွမ်းသူများအတွက် ဂုဏ်ပြုပွဲကို လမ်းမတော်မြို့နယ်က မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI မှာ မေလ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားကို သီတဂူဆရာတော် အရှင်ညဏိဿရ အပါအ၀င် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ ဖြစ်ကြတဲ့ ကိုမင်းကိုနိုင် ကိုဌေးကြွယ် နဲ့ လူမှုရေး အသင်းအဖွဲ့တွေက တာဝန်ရှိသူတွေလည်း တက်ရောက် လာခဲ့ပါတယ်။ ဒီအထိမ်းအမှတ်ပွဲမှာ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) က မသန်စွမ်းသူ မိသားစု တွေအတွက် ဘီးတပ်ကုလားထိုင် တွေကို လှူဒါန်းခဲ့သလို အခမ်းအနားကို တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက် ပုလင်းပန်းချီ ကိုလည်းဂုဏ်ပြုပေးအပ်ခဲ့ပါတယ်။

တာမွေ NLD ရုံးဖွင့်ပွဲအမေစုမိန့်ခွန်း

RFA Burmese TV Channel

ကချင်စစ်ပြေးဒုက္ခသည်တွေကို ကုလကူညီ

RFA Burmese TV Channel

သမ္မတရုံး အင်တာနက် ဝက်ဘ်ဆိုက် ဖွင့်တော့မည်

by Mizzima - News in Burmese
on Wednesday, May 9, 2012 at 12:43pm ·
မျိုးသန့် | ဗုဒ္ဓဟူးနေ့၊ မေလ ၀၉ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၀၆ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။       ။ သမ္မတနှင့် ပတ်သက်သည့် သတင်းများကို သမ္မတရုံး အင်တာနက် စာမျက်နှာတခု ဖွင့်လှစ်၍ တင်ဆက်သွားမည်ဟု သမ္မတရုံးနှင့် နီးစပ်သူတဦး၏ Face Book လူမှုကွန်ယက်တွင် ဗုဒ္ဓဟူးနေ့ ညနေပိုင်းတွင် ဖေါ်ပြ ထားသည်။

“သတင်းထုတ်ပြန်ရေးအတွက် သမ္မတရုံး ဝက်ဘ်ဆိုက် စမ်းသပ် ထုတ်လွှင့်နေပြီ ဖြစ်ပါသည်။ မကြာခင် နိုင်ငံတော် သမ္မတ၏ Update သတင်းများကို ယင်းဝက်ဘ်ဆိုက်မှ တရားဝင် လွှင့်တင်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါ သည်” ဟု သူ၏ Face Book စာမျက်နှာတွင် ရေးသားထားသည်။



ဗုဒ္ဓဟူးနေ့ သမ္မတရုံး အင်တာနက် စာမျက်နှာ၏ စမ်းသပ် တင်ဆက်မှုတွင် ပိုလန် နိုင်ငံခြားရေးဝန်ကြီးနှင့် သမ္မတ တို့၏ တွေ့ဆုံမှုကို ဖော်ပြထားပြီး ဥရောပနိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုများ အပြီးတိုင် ရုပ်သိမ်းပေးရေးလည်း
ဆွေးနွေးကြသည်ဟု အဆိုပါ စမ်းသပ် စာမျက်နှာတွင် ဖေါ်ပြထားသည်။

အဆိုပါ စာမျက်နှာကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ဖေါ်ပြထားသည်ကို တွေ့ရပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့်၊ ပြည်ထောင်စုလွှတ်တော်တို့၏ အခန်းကဏ္ဍများလည်း ထည့်သွင်းထားသည်ကို တွေ့ရသည်။ စီးပွားရေး၊ ပညာရေး၊ စွမ်းအင်၊ သဘာဝပတ်ဝန်းကျင်၊ တိုင်းရင်းသား၊ နိုင်ငံခြားရေးမူဝါဒ စသည့် အခန်းကဏ္ဍများလည်းပါဝင် ဖွဲ့စည်းထားသည်။

သမ္မတ၏ နေ့စဉ်သတင်းများအပြင် ထုတ်ပြန်ချက်များ၊ သတင်းစာရှင်းလင်းပွဲ ကောက်နုတ်ချက်များကိုလည်း ထည့်သွင်းဖေါ်ပြထားသည်ကို တွေ့ရသည်။

စမ်းသပ်ဆဲ ကာလဖြစ်၍ အင်တာနက် ဝက်ဘ်ဆိုက်အမည် မရှိသေးဘဲ IP Address ဖြင့်သာ လွှင့်တင်ထားသေးသည်။ “စမ်းသပ်ဆဲကာလ ဖြစ်ပါတယ်ခင်ဗျား။ ဒိုမိန်းနိမ်းဖြင့် လွှင့်ပါမည်။ ဥပမာ - www.president.gov.mm ကဲ့သို့ ဖြစ်ပါ မည်” ဟု သမ္မတရုံးနှင့် နီးစပ်သူတဦး၏ Face book စာမျက်နှာတွင် ရေးသားထသည်။

ယခု လောလောဆယ်တွင် http://203.81.81.136/e-President/ လိပ်စာကို အသုံးပြုထားသည်။r

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကြေညာချက်အမှတ် ၁၈/၀၅/၁၂

ဗကသများ အဖွဲ့ချုပ်တည်ရှိရေးဒေါ်အောင်ဆန်းစုကြည်ကူညီမည်

ဗကသများ အဖွဲ့ချုပ် ပွင့်ပွင့်လင်းလင်း တည်ရှိရေးကို ဥပဒေကြောင်းအရ အတတ်နိုင်ဆုံးကူညီမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

by ဗကသ(အထက်ဗမာပြည်)တရားဝင် ဖြစ်ထွန်းပေါ်ပေါက်ရေး ကော်မတီ ။ on Wednesday, May 9, 2012 at 4:56pm · 2012-05-09
မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် တည်ဆောက်နေပြီဆိုရင် ကျောင်းသားသမဂ္ဂဆိုတာ တည်ရှိရမှာဖြစ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ပွင့်ပွင့်လင်းလင်း တည်ရှိရေးကို ဥပဒေကြောင်းအရ အတတ်နိုင်ဆုံးကူညီမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဗကသများအဖွဲ့ချုပ် အမှုဆောင်တွေကို ပြောကြားလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့မနက် ၁၁ နာရီလောက်မှာ ဗကသများအဖွဲ့ချုပ် ခေါင်းဆောင် (၉) ဦးကို တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ လက်ခံတွေ့ဆုံခဲ့ပြီး အခုလို ပြောဆိုတာပါ။



ဒါ့အပြင် ကျောင်းသားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကိုလည်း တတ်နိုင်သလောက် ပြေလည်အောင် ကူညီဖြေရှင်းပေးမယ်လို့ ပြောဆိုကြောင်း ဗကသများအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ကိုသီဟဝင်းတင်က RFA ကိုအခုလို ပြောပါတယ်။
" ပထမဦးဆုံးမှာ သူပြောတဲ့ ဥစ္စာကတော့ ပြည်သူတွေ ခံစားကြုံတွေ့ရတဲ့ ဝေဒနာတွေပေါ့နော်။ ဒုက္ခတွေ၊ ပြဿနာတွေကို ပြောဆိုဆွေးနွေးထားတယ်။ ပြီးတော့ ကျွန်တော်တို့ ဒီကျောင်းသားကိစ္စနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာက ကျောင်းသား သမဂ္ဂတွေရဲ့ ဖွဲ့စည်းပုံကို လေ့လာနိုင်ဖို့အတွက် သူကူညီပေးမယ်လို့ ကျွန်တော်တို့ကို ပြောတယ်။ ဒီကျောင်းသားသမဂ္ဂဆိုတာ တရားဝင် ဖြစ်ပြီးသားဆိုတာကို သူ့အနေနဲ့လည်း လက်ခံတယ်ပေါ့နော်။ ဒီမိုကရေစီနိုင်ငံ ဆိုလို့ရှိရင် ကျောင်းသားသမဂ္ဂ ဆိုတာ ရှိကိုရှိရမယ်ပေါ့နော်။ အဲဒီဥစ္စာတွေကို သူက ဆက်ပြီးကူညီသွားမယ်။ ပိုပြီးတော့ တရားဝင် ပွင့်ပွင့်လင်းလင်း ဖြစ်လာနိုင်အောင်ပေါ့နော်။ ပြီးတော့ အခုလောလောဆယ်မှာ ကျွန်တော်တို့တွေ အကုန်လုံးက ကျောင်းတက်ခွင့် ပိတ်ပင်ခံထားရတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျောင်းပြန်တက်ခွင့်ရအောင် သူ့အနေနဲ့ ဥပဒေအရ ပြန်ပြီးကူညီပေးနိုင်မယ်လို့ သူကပြောပါတယ်"
ကိုလိုနီခေတ် လွတ်လပ်ရေး ကြိုးပမ်းမှု ကာလကတည်းက တည်ရှိခဲ့တဲ့ ကျောင်းသားသမဂ္ဂတွေကို ၁၉၆၂ ခုနှစ်နောက်ပိုင်း အဆောက်အဦးလည်း ဗုံးခွဲဖျက်ဆီးခံရ၊ အဖွဲ့တည်ရှိခွင့်လည်း ပိတ်ပင်ခံခဲ့ရပေမယ့် ခေတ်အဆက်ဆက် ကျောင်းသားတွေက သမဂ္ဂကို လျှို့ဝှက်ဖွဲ့စည်းပြီး လက်ဆင့်ကမ်း သယ်ဆောင်လာရာမှာ ၁၉၈၈ ခုနှစ်မှာတကြိမ် ကျောင်းသားထုရှေ့မှာ ပြန်လည်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း စစ်အစိုးရရဲ့ဖိနှိပ်မှုကြောင့် ဗကသများအဖွဲ့ချုပ်ဟာ ပွင့်ပွင့်လင်းလင်း တည်ရှိခွင့် မရပေမယ့် ၂၀၀၇ မျိုးဆက် ကျောင်းသားတွေက ဆက်လက် ဖွဲ့စည်းလုပ်ကိုင်ခဲ့ပြီး၊ အခုအစိုးရရဲ့ အုပ်ချုပ်ရေးစနစ်အောက်မှာ ကျောင်းသားသမဂ္ဂတွေ ဒေသအလိုက် ပွင့်ပွင့်လင်းလင်း တည်ရှိနိုင်ဖို့ ကြိုးစားနေကြပါတယ်။

ဓါတ်ပုံ-ဗကသ
စာသား
Copyright © 1998-2011 Radio Free Asia. All rights reserved.

တက္ကသိုလ်ကျောင်းဆရာများသမဂ္ဂ ယာယီ ဖွဲ့စည်း

by ဗကသ(အထက်ဗမာပြည်)တရားဝင် ဖြစ်ထွန်းပေါ်ပေါက်ရေး ကော်မတီ ။ on Wednesday, May 9, 2012 at 5:07pm ·
တက္ကသိုလ်ကျောင်းဆရာများသမဂ္ဂ ယာယီ ဖွဲ့စည်း။

တက္ကသိုလ်ကျောင်းဆရာများသမဂ္ဂကို မန္တလေးမြို့မှာရှိတဲ့ ရတနာပုံတက္ကသိုလ်၊ မန္တလေး တက္ကသိုလ်၊ မန္တလေး နိုင်ငံခြားဘာသာသတက္ကသိုလ်နဲ့ မန္တလေး အဝေးသင် တက္ကသိုလ်က တက္ကသိုလ်ဆရာတွေက ယာယီဖွဲ့စည်း ထား တယ်လို့ အဲဒီအ ဖွဲ့မှာပါဝင်တဲ့ တက္ကသိုလ်ဆရာတဦးက ပြောပါတယ်။

တက္ကသိုလ်ကျောင်းဆရာများသမဂ္ဂ တရားဝင်ပေါ်ပေါက်လာတဲ့အခါမှာ ဆရာ၊ ဆရာမ တွေရဲ့ အခွင့်အရေး အပြင် ဆရာ ဆရာမတွေ့နဲ့ ကျောင်းသားတွေပြဿနာတစုံ တရာဖြစ်ခဲ့ရင် လည်း ဒီသမဂ္ဂတွေက ဖြေရှင်းပေးနိုင်ဖို့ သမဂ္ဂထူထောင်ဖို့ကြိုးစားနေသူတွေက မျှော်လင့် ထားတယ်လို့ ဆိုပါတယ်။

ဆရာသမဂ္ဂယာယီအဖွဲ့ဝင်တက္ကသိုလ် ဆရာတဦးက “ဒီတက္ကသိုလ်ဆရာ/ဆရာများသမဂ္ဂဖြစ်လာပြီဆိုရင်ဆရာ/ဆရာမတွေရဲ့ အခွင့်အရေး တွေလည်း တောင်းဆိုသွားလို့ ရတယ်။ နောက် ဆရာ/ဆရာမတွေကနေပြီးတော့ ကျောင်းသား၊ ကိုယ်သင်ပေးနေတဲ့ သင်တန်းသား တွေအ ပေါ်မှာ မတရားသဖြင့်လုပ်တာကိုလည်း တက္ကသိုလ်ဆရာ/
ဆရာမ အချင်းချင်း ညှိနှိုင်းဖြေရှင်းလို့ ရတယ်ပေါ့ဗျာ။ အဲဒါမျိုးဖြစ်လာမယ်။ နောက်ကျနော်တို့က တယောက်နဲ့ တယောက် ပူးပေါင်းဆောင်ရွက်ပြီးတော့ ပညာရေးဟာ နိုင်ငံတော်က ရှေ့ကသွားတဲ့လမ်း စဉ်ချနေသလို နောက်ကလည်း ဘက်ညီပြီးတော့ လိုက်နိုင်အောင်လို့ အားလုံးဖေးမထိန်းကျောင်းပြီးတော့ သွားနိုင်မယ်လို့ ကျနော်တော့ယူဆတယ်။”
တက္ကသိုလ်ဆရာ/ဆရာမများသမဂ္ဂ ယာယီဖွဲ့ထားတဲ့အထဲမှာ ကိုယ့်စာသင်ခန်းထဲက ကျောင်းသားကို ငွေကြေးအခယူပြီးတော့ သင်ကြားတဲ့ဆရာ၊ဆရာမတွေကို သမဂ္ဂ၀င်ခွင့်မပေးဘဲ ကန့်သတ်ထားသလိုသမဂ္ဂမှာ ပါတဲ့ ဆရာ၊ဆရာမတွေအနေနဲ့ အကျင့်သိက္ခာရော၊စည်းကမ်းရှိဖို့လိုကြောင်း စည်းကမ်းထုတ်ထားတယ်လို့သိရပါတယ်။

၁၉၆၂ခုနှစ်က မြန်မာနိုင်ငံမှာ ဦးနေ၀င်း(ကွယ်လွန်)ရဲ့တော်လှန်ရေးကောင်စီ အာဏာသိမ်းပိုက်ပြီးတဲ့ နောက်ပိုင်း ကျောင်းသားသမဂ္ဂတွေကို တရားဝင်ရပ်တည်လို့မရခဲ့သလို ကျောင်းဆရာများသမဂ္ဂကိုလည်း ဖွဲ့စည်းခွင့်မရခဲ့ပါဘူး။
အခု အစိုးရသစ်လက်ထက်မှာတော့ ကျောင်းသားနဲ့အလုပ်သမားအဖွဲ့အစည်းတွေဖွဲ့စည်းတည် ထောင်နေကြရာမှာ မန္တလေးက ကျောင်းဆရာတွေကလည်း ခုလို အသင်းအပင်းဖွဲ့ဖို့ ခြေလှမ်းပြင်လာကြတာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုကို ဒေါ်အောင်ဆန်းစုကြည် သြဂုတ်လ ထဲမှာ လာရောက် ဖွယ်ရှိ


အခုအခါ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ နိုင်ငံကူးလက်မှတ်ရရှိထားပြီမို့၊ အမေရိကန် လွှတ်တော်ကနေ ကြိုဆိုရမယ့်နေ့ကို မိမိစောင့်စားနေပါကြောင်း အထက်လွှတ်တော်အမတ် မစ္စတာ ဂျွန် မက်ကိန်း က မနေ့က ပြောလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့နိုင်ငံကူးလက်မှတ်အတွက် ပြီးခဲ့လက ပြည်ထဲရေးဝန်ကြီးဌာန အရာရှိတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ လိုအပ်ချက်တွေကို ဆောင်ရွက်ပေးခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကို အမေရိကန်လွှတ်တော်က ၂၀၀၈ ခုနှစ်မှာ ကွန်ဂရက်ရွှေတံဆိပ် ဆု ချီးမြှင့်ခဲ့ ပါတယ်။

အခု ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးထွက်မယ် ဆိုတဲ့အခါ ဒီဆုကို ကိုယ်တိုင်လာရောက်လက်ခံဖို့ အမေရိကန်လွှတ်တော်က ဖိတ်ကြားခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန်ပြည်ထောင်စု ကို ဒေါ်အောင်ဆန်းစုကြည် ဘယ်နေ့ ဘယ်ရက် ရောက်ရှိမယ်ဆိုတာကို တော့ မစ္စတာ ဂျွန် မက်ကိန်း က မပြောဆိုခဲ့ပါဘူး။

အာအက်အေ က ရရှိတဲ့ သတင်းအရ ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇွန်လ လယ် ကနေ လကုန်ပိုင်းအထိ ဥရောပကို သွားရောက်မှာဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စုကို သြဂုတ်လ ထဲမှာ လာရောက် ဖွယ်ရှိတယ်လို့ သိရပါတယ်။

By: RFA Burmese

Hi-Mo ဆံပင်တုစက်ရုံ လုပ်သား ဆန္ဒပြ


DVB TV News
လှိုင်သာယာစက်မှုဇုန်၎မှာရှိတဲ့ ဟိုင်မိုဆံပင်တုစက်ရုံက အလုပ်သမားတွေဟာ အလုပ်သမားအခွင့်အရေးတွေ အပြည့်အ၀ရရှိရေးအတွက် လှိုင်သာယာမြို.နယ် အလုပ်သမားရုံးနဲ ရန်ကုန်အနောက်ပိုင်းခရိုင် အလုပ်သမားရုံးမှာ သွားရောက်တောင်းဆိုဆန္ဒပြကြပါတယ်။



Yangon Press International

မေလ ၉ ရက်နေ့ နေ့လည်က လှိုင်သာယာ စက်မှုဇုန်ရှိ HiMo ဆံပင်တု စက်ရုံ အလုပ်သမားများ လုပ်ခလစာတိုးရရှိရေး ၊ လုပ်ခွင်အခြေအနေ ကောင်မွန်ရေး တို့ပါရှိသည့် တောင်းဆိုချက်များ ရရှိရန် မရမ်းကုန်းမြို့နယ်ရှိ အလုပ်သမားရုံးသို့ လာရောက်ကာ တောင်းဆိုကြသည်။ 
   
အလုပ်သမား ကိုယ်စားလှယ်တဦးဖြစ်သူ မယမင်းလွင်


 လုပ်သား ကိုယ်စားလှယ် ၇ ဦးအား အလုပ်သမားရုံးအတွင်း ဆွေးနွေးကြစဉ်


 အလုပ်ရှင် ကိုယ်စားလှယ် ဒေါ်နန်းသောင်းရင်

 
မရမ်းကုန်း အလုပ်သမားရုံးရှေ့တွင် လုပ်ခလစာနှင့် အခြားတောင်းဆိုချက်များ ဖြေရှင်းပေးရန် စောင့်ဆိုင်းနေကြစဉ်

 

ဒေါ်အောင်ဆန်းစုကြည်ကုန်ကျစရိတ်စာရင်းတင်ပြ

Burma VJ Media Network
ဒီကနေ့ ၂၀၁၂ ခုနှစ် မေလ ၉ ရက်နေ့ နံနက် ၉း၀၀ နာရီအချိန်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သံလျင်မြို့နယ်မှာရှိတဲ့ ရွေးကောက်ပွဲ ခရိုင်ကော်မရှင်ရုံးကို ရွေးကောက်ပွဲ ဆိုင်ရာ ကုန်ကျစရိတ်စာရင်းတွေကို သွားရောက်တင်ပြခဲ့ပါသည်။
ရွေးကောက်ပွဲ ခရိုင်ကော်မရှင်ရုံး၊ သန်လျင်မြို့နယ်.