Thursday, May 10, 2012

ဒီဗွီဘီ သတင်းထောက် ကင်မရာကို သိမ်းယူဖို့ ကြိုစားခံရ။

DVB TV News
၁၀ မေလ ၂၀၁၂။ နေပြည်တော် ဥတရသီရီမြို့နယ်မှာ အိမ်ယာတချို့ကို ကျုးကျော်အနေနဲ့ စည်ပင်က လာရောက် ဖျက်သိမ်းတဲ့ သတင်း။ အဆိုပါသတင်းကို ဖြစ်ပွားရာမှာ သွားရောက် သတင်းယူချိန် ဒီဗွီဘီ သတင်းထောက် ကင်မရာကို သိမ်းယူဖို့ ကြိုစားခံရ။

High Art စက်ရုံ ဆန္ဒပြ အလုပ်သမားများ ပြဿနာ

Burma VJ Media Network
High Art စက်ရုံ ဆန္ဒပြ အလုပ်သမားများ ပြဿနာ ဒီကနေ့ ဖြေရှင်းမယ် အလုပ်သမားသမဂ္ဂဖွဲ့စည်းရာမှာ ဖိအားပေးခံရမှုနဲ့ လုပ်ခလစာနည်းပါးမှုတို့ကြောင့် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်က High Art ဆံပင်တု စက်ရုံအလုပ်သမား တွေ မေလ ၉ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။ စက်ရုံ အလုပ်သမား ၅၀၀ လောက်ကသာ ဆန္ဒပြခဲ့တာဖြစ်ပြီး အဲဒီလို ဆန္ဒပြချိန်မှာ စက်ရုံအတွင်းမှာရှိတဲ့ အလုပ်သမား ၂၀၀၀ လောက်ကို အပြင်ထွက်လို့မရအောင် စက်ရုံတံခါးကို တာဝန်ရှိသူတွေက ပိတ်လိုက်တယ်လို့သိရပါတယ်။ High Art စက်ရုံနဲ့ ဆန္ဒပြ အလုပ်သမားတွေအကြား ဖြစ်ပေါ်နေတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး ဆန္ဒပြ အလုပ်သမားတွေက လှိုင်သာယာမြို့နယ် အလုပ်သမားရုံးနဲ့ မရမ်းကုန်းမြို့နယ် တိုင်းအလုပ်သမားရုံးတွေကို သွားရောက်ပြီး အကူအညီတောင်းခဲ့ပေမယ့်လည်း တစုံတရာ ဆောင်ရွက်ပေးခြင်းမရှိတာကြောင့် အလုပ်သမားတွေဟာ ၈ မိုင် အလုပ်သမားရုံအထိ ချီတက်ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။

Published on May 10, 2012 by BurmaVJMedia

နိုင်ငံရေးနဲ့ စီးပွားရေး ဆက်နွယ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

Published on May 10, 2012 by BurmaVJMedia
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မေလ ၉ ရက်နေ့က ရန်ကုန်တိုင်း လသာမြို့နယ်မှာပြုလုပ်တဲ့ NLD ရုံးခွဲ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို သွားရောက်ပြီး နိုင်ငံရေးနဲ့စီးပွားရေးရဲ့ ပတ်သက်ဆက်နွယ်ပုံတွေ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကလိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး သူ့အမြင်တွေကို ပြောဆိုသွားခဲ့ပါတယ်။ တဆက်ထဲမှာလည်း အလွှာအသီးသီးက သူတွေအနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒကို ကိုယ်စားပြုနိုင်ဖို့နဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးနိုင်မယ့် လူငယ် လူလက် လူကြီးတွေအနေနဲ့ NLD ထဲကိုဝင်ရောက်ပြီး ပါဝင်ကူညီကြဖို့ အခမ်းအနားကို တက်ရောက်လာကြတဲ့ ထောင်နဲ့ ချီတဲ့ ဒေသခံပြည်သူတွေကို သူက မေတ္တာရပ်ခံသွားပါတယ်။

Myth Apparel အထည်ချုပ်စက်ရုံမှ အလုပ်သမား ၂၀၀ ခန့် တောင်းဆို ဆန္ဒပြ

The Voice Weekly
လှိုင်သာယာ စက်မှုဇုန် ၇ ရွှေဘိုလမ်းရှိ Myth Apparel အထည်ချုပ်စက်ရုံမှ အလုပ်သမား ၂၀၀ ခန့် မေလ ၁၀ ရက်နေ့ ညနေ ၂ နာရီ မိနစ် ၃၀ ဝန်းကျင်က မရမ်းကုန်းမြို့နယ် အလုပ်သမားရုံး၌ လုပ်ခလစာ ကိစ္စနှင့် ပတ်သက်၍ တောင်းဆို ဆန္ဒပြခဲ့ကြသည်။

ပိုလန် နိုင်ငံခြားရေး ဝန်ကြီး Mr Radoslaw Sikorski ဒေါ်အောင်ဆန်းစုကြည်အားတွေ့ ဆုံ

The Voice Weekly

၈လုံး ကို နုတ်ထွက်ခွင့် မပေးတဲ့အပြင် တာဝန်ပါ ထပ်မံပေး

နိုင်ငံတော် သမ္မတရုံးမှ မေလ ၃ ရက်နေ့ ရက်စွဲဖြင့် အမိန့် ကြေညာချက် အမှတ် ၁၂/ ၂၀၁၂ ဖြင့် ကြေညာချက် တစ်ရပ် ထုတ်ပြန်

The Voice Weekly
နှစ်ပေါင်း ၆၀ ကျော် ကြာအောင် ဖြေရှင်းမရဖြစ်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် နိုင်ငံတော် သမ္မတကြီး ဦးဆောင်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟို ကော်မတီအပြင် နိုင်ငံတော် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ တစ်ရပ်ကိုလည်း ဖွဲ့စည်းလိုက်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်တစ်ဦးက ပြောကြားသည်။အဆိုပါ လုပ်ငန်းကော်မတီတွင် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ယခင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်သူ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း၊ တပ်မတော် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။


နှစ်ပေါင်း ၆၀ ကျော် ကြာအောင် ဖြေရှင်းမရဖြစ်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် နိုင်ငံတော် သမ္မတကြီး ဦးဆောင်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟို ကော်မတီအပြင် နိုင်ငံတော် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ တစ်ရပ်ကိုလည်း ဖွဲ့စည်းလိုက်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်တစ်ဦးက ပြောကြားသည်။ အဆိုပါ လုပ်ငန်းကော်မတီတွင် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ယခင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်သူ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း၊ တပ်မတော် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဗိုလ်ချုပ်ကြီး​နေဝင်း​အစိုး​ရကို ဘယ်သူ​တွေ ​ငွေ​ချေး​ခဲ့​သလဲ

Published on May 10, 2012 by စိုင်း​စိုး​ဝင်း​လတ်   ·  
မြန်မာနိုင်ငံ ဘဏ္ဍာ​ရေး​ဝန်ကြီး​ ဦး​လှထွန်း​၏ ၂၀၁၂ ခုနှစ် ​ဖေ​ဖော်ဝါရီလအတွင်း​ ထုတ်​ဖော်​ပြောပြချက်အရ မြန်မာပြည်တွင် နိုင်ငံခြား​ကြွေး​မြီ ​ဒေါ်လာ ၁၁ ဘီလျံ ရှိ​နေ​ကြောင်း​ သိရသည်။ ထိုအ​ကြွေး​ ၁၁ ဘီလျံကို မည်သည့်​နိုင်ငံတို့​မှ ​ချေး​ခဲ့​သည်၊​ ထို​ချေး​ငွေများ​ကို မြန်မာနိုင်ငံအစိုး​ရမှ မည်သို့​မည်ပုံ သုံး​စွဲခဲ့​သည်ကိုမူ အများ​ပြည်သူများ​ သိသာ​စေရန် ထုတ်​ဖော်​ကြေညာခဲ့​ခြင်း​ မရှိခဲ့​ပေ။ အချို့​သော စီး​ပွား​ရေး​ ပညာရှင်များ​က အခြား​သော ​ကြွေး​မြီထူ​ပြောသည့်​ နိုင်ငံများ​နှင့်​ နိုင်း​ယှဉ်လ်ွင် မြန်မာနိုင်ငံမှ တင်ရှိ​နေ​သော အ​ကြွေး​ ၁၁ ဘီလျံမှာ မများ​လှဟု သုံး​သပ်ကြသည်။ သို့​သော် ကမ္ဘာ့​အဆင်း​ရဲဆုံး​နိုင်ငံ စာရင်း​ဝင်လည်း​ဖြစ်၊​ ပညာ​ရေး​၊​ ကျန်း​မာ​ရေး​ အစစတွင် ​နောက်ကျ​နေသည့်​ကြား​က ထိုအ​ကြွေး​များ​ ပြန်လည်​ပေး​ဆပ်ရန် တနည်း​တဖုံ တာဝန်ယူရမည့်​ ပြည်သူများ​ သိရှိ​စေရန်အတွက် မိမိတို့​နိုင်ငံမှ တင်ရှိ​နေ​သော အ​ကြွေး​ ၁၁ ဘီလျံ၏ အချို့​သော အ​ကြွေး​ရှင်များ​ကို စုစည်း​ တင်ပြလိုက်ပါသည်။ ထိုအ​ကြွေး​များ​ကို အစိုး​ရဝန်ကြီး​ဌာနများ​က မည်သို့​မည်ပုံ သုံး​စွဲခဲ့​သည်များ​ကို အများ​ပြည်သူများ​ ပွင့်​လင်း​မြင်သာ ​စေရန်အတွက် ရှင်း​လင်း​ရန် ထိုစဉ်က သက်ဆိုင်ရာ အာဏာပိုင်များ​၏ တာဝန်ပင် ဖြစ်​ပေသည်။ ထို အ​ကြွေး​ငွေများ​မှာ မြန်မာပြည်သူများ​အတွက် ​ကောင်း​ကျိုး​သက်​ရောက်ခဲ့​သည်ဖြစ်​စေ၊​ သက်​ရောက်ခြင်း​ မရှိခဲ့​သည်ဖြစ်​စေ ​နောင်အစိုး​ရများ​မှ ပြည်သူ့​ဘဏ္ဍာ​ငွေကို အသုံး​ပြု၍ ပြန်လည်​ပေး​ဆပ်ရမည် ဖြစ်​သော​ကြောင့်​ မြန်မာပြည်သူများ​ အား​လုံး​အ​ပေါ် တိုက်ရိုက်အကျိုး​သက်မှု ရှိ​နေသည်။ မြန်မာနိုင်ငံအတွင်း​ ဖြစ်​ပေါ်​နေသည့်​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှုများ​ကို အ​ကြောင်း​ပြု၍ ဖွံ့​ဖြိုး​ပြီး​ နိုင်ငံများ​ဖြစ်သည့်​ အ​မေရိကန်၊​ ဩစ​တြေး​လျ၊​ က​နေဒါနှင့်​ အီး​ယူနိုင်ငံတို့​က လွန်ခဲ့​သည့်​ နှစ်​ပေါင်း​ ၂၀ အတွင်း​ စီး​ပွား​ရေး​အရ ပိတ်ဆို့​ အ​ရေး​ယူခဲ့​ပြီး​ ​ငွေ​ကြေး​ချေး​ငှား​ခြင်း​များ​ ရပ်ဆိုင်း​ခဲ့​ကြသည်။ ယခုအခါ မြန်မာပြည်သည် ဒီမိုက​ရေစီအုပ်ချုပ်​ရေး​စနစ်ဘက်သို့​ ကူး​ပြောင်း​လာ​နေသည့်​အတွက် ဒီမိုက​ရေစီ ပြုပြင်​ပြောင်း​လဲ​ရေး​ကို အား​ပေး​ချီး​မြှင့်​သည့်​ အ​နေဖြင့်​ စီး​ပွား​ရေး​ပိတ်ဆို့​ထား​မှုများ​ကို အ​နောက်နိုင်ငံတို့​က တဖြည်း​ဖြည်း​ချင်း​ ရုပ်သိမ်း​လာ​နေပြီ ဖြစ်သည်။ အ​မေရိကန်၊​ က​နေဒါ၊​ ​နော်​ဝေး​နှင့်​ ဩစ​တြေး​လျတို့​က ပိတ်ဆို့​မှုအချို့​ကို ​လေ်ွာ့​ချ​ပေး​ပြီး​၊​ ဥ​ရောပသမဂ္ဂကလည်း​ ပိတ်ဆို့​မှုကို တနှစ်ရပ်ဆိုင်း​လိုက်ပြီဖြစ်သည်။ ​ငွေ​ကြေး​အကူအညီ​ပေး​မည့်​နိုင်ငံများ​၊​ ​ချေး​ငှား​ပေး​မည့်​ နိုင်ငံများ​လည်း​ ​ပေါ်လာသဖြင့်​ လာမည့်​နှစ်အနည်း​ငယ်အတွင်း​ မြန်မာနိုင်ငံတွင်း​သို့​နိုင်ငံခြား​မှ အကူအညီများ​၊​ ​ချေး​ငွေများ​ ​ဒေါ်လာ ဘီလျံနှင့်​ချီ၍ ဝင်လာနိုင်သည်။ ထိုသို့​ အ​ကြွေး​ သစ်များ​ ထပ်မံ​ချေး​ယူခြင်း​ပြုလုပ်လာပါက ပြည်သူများ​အ​နေဖြင့်​ ယခင်​ချေး​ယူထား​သော အ​ကြွေး​ဟောင်း​များ​အား​ သာဓက ယူ၍ နိုင်ငံခြား​ကြွေး​မြီဖြင့်​ လုပ်​ဆောင်မည့်​ မည်သည့်​ဖွံ့​ဖြိုး​ရေး​လုပ်ငန်း​စဉ်က ​ကောင်း​ကျိုး​ဖြစ်​စေမည်၊​ ဆိုကျိုး​ဖြစ်​စေမည် စသည်ဖြင့်​ မိမိတို့​သက်ဆိုင်ရာ လူထုကိုယ်စား​လှယ်များ​မှ တဆင့်​ တင်ပြ​ဆွေး​နွေး​နိုင်ရန် ရည်ရွယ်၍ ယခုကဲ့​သို့​ အ​ကြွေး​ဟောင်း​များ​ကို စုစည်း​တင်ပြ လိုက်ခြင်း​ဖြစ်သည်။ လက်ရှိ နိုင်ငံတကာအသိုင်း​အဝိုင်း​၏ မြန်မာနိုင်ငံအ​ပေါ်ထား​ရှိ​သော ​ပေါ်လစီအ​ပြောင်း​အလဲများ​သည် မြန်မာနိုင်ငံ၏ “ဒီမိုက​ရေစီ” အသွင်ကူး​ပြောင်း​လာ​သော နိုင်ငံ​ရေး​စနစ်​ကြောင့်​ဟု ​ပြောကြသည်။ အ​နောက်နိုင်ငံများ​၏ မြန်မာပြည်နှင့်​ ဆက်ဆံ​ရေး​သည် ဒီမိုက​ရေစီကို အ​ခြေခံသည်ဟုဆိုလ်ွင် “မြန်မာပြည်၏ မည်သည့်​ ဒီမိုက​ရေစီ ​ခေတ်ကာလတွင် မြန်မာအစိုး​ရအား​ ​ငွေထုတ်​ချေး​ပေး​ခဲ့​သနည်း​” ဟု ​မေး​လိုသည်။ အဘယ်​ကြောင့်​ ဆို​သော် ဘဏ္ဍာ​ရေး​ဝန်ကြီး​က အ​ကြွေး​ ၁၁ ဘီလျံအနက် ၈.၄ ဘီလျံကို ၁၉၆၂ ခုနှစ်နှင့်​ ၁၉၈၈ အတွင်း​ ​ချေး​ယူထား​သည်ဟု ဆိုသည်။ ဤကာလသည် ဗိုလ်ချုပ်ကြီး​ ​နေဝင်း​က စစ်အာဏာရှင်စနစ်ဖြင့်​ ဖိနှိပ်အုပ်ချုပ်​နေ​သောကာလ၊​ ၁၉၇၄ ခုနှစ်မှစ၍ မြန်မာ့​နည်း​မြန်မာ့​ဟန် ဆိုရှယ်လစ်စနစ်ဖြင့်​ ပြည်သူများ​အား​ ဆင်း​ရဲတွင်း​နက်​အောင် ထင်ရာစိုင်း​နေ​သောကာလပင်ဖြစ်သည်။ သို့​သော် ၁၉၇၄ ခုနှစ်မှစ၍ ကမ္ဘာ့​ဘဏ်၊​ အာရှဖွံ့​ဖြိုး​ရေး​ဘဏ်၊​ အ​မေရိက၊​ ဂျာမနီ၊​ ဂျပန်၊​ ဩစ​တြေး​လျ၊​ ဖင်လန်၊​ ​နော်​ဝေ စသည့်​ နိုင်ငံတို့​က သန်း​ရာ​ပေါင်း​များ​စွာ ထုတ်​ချေး​ပေး​ခဲ့​သည်။ မကြာ​သေး​ခင်က စာ​ရေး​သူ စကား​ပြောခွင့်​ရခဲ့​သည့်​ ဗိုလ်ချုပ်ကြီး​ ​နေဝင်း​ အစိုး​ရလက်ထက် ဝန်ကြီး​တ​ယောက်၏ အဆိုအရ – ဦး​နေဝင်း​ အစိုး​ရသည် အိမ်နီး​ချင်း​နိုင်ငံများ​အပါအဝင် အခြား​စက်မှုနိုင်ငံများ​နှင့်​ အမီလိုက်ရန် နိုင်ငံခြား​မှ ​ငွေ​ချေး​ယူခဲ့​သည်။ အရာရှိများ​သည် စိတ်ထား​ဖြူစင် ရိုး​သား​စွာဖြင့်​ တိုင်း​ပြည်အတွက် လုပ်ခဲ့​ကြသည်။ မှန်သည်ထင်၍ စက်ရုံများ​တည်ခဲ့​ကြသည်။ သို့​သော် ​ငွေ​ကြေး​များ​အား​ မ​အောင်မြင်နိုင်​သော စက်ရုံများ​၊​ နိုင်ငံတကာ ​ဈေး​ကွက် မရှိ​သော ကိစ္စများ​နှင့်​၊​ သဘာဝအရင်း​အမြစ် ဖွံ့​ဖြိုး​ရေး​ကိစ္စများ​တွင် မှား​ယွင်း​သုံး​မိ​ကြောင်း​ ​နောက်ပိုင်း​မှ သိရှိလာရသည်ဟု ဆိုသည်။ စစ်တိုက်ရန် ​လေ့​ကျင့်​ထား​သော စစ်အရာရှိကြီး​များ​သည် စီး​ပွား​ရေး​နှင့်​ တိုင်း​ပြည်စီမံခန့်​ခွဲ​ရေး​ကို နား​မလည်နိုင်​ပေ။ ပိုဆိုး​သည်မှာ ကိုယ်ထင်ရာမှန်၏ ယူဆကာ တံခါး​ကိုပိတ်၊​ အာဏာကိုသုံး​ပြီး​ စစ်တပ်​တွေး​ ​တွေး​ကာ ဆုံး​ဖြတ် လုပ်​ဆောင်ခဲ့​ခြင်း​ဖြစ်သည်။ ထိုကဲ့​သို့​သော စစ်ဗိုလ်​ဟောင်း​များ​နှင့်​ ဖွဲ့​စည်း​ထား​သော လက်ရှိ အစိုး​ရသစ် လက်ထက်တွင်လည်း​ ထိုကဲ့​သို့​သော အဖြစ်ဆိုး​များ​နှင့်​ ထပ်မံကြုံကြိုက်မည့်​အ​ရေး​ကို ဆင်ခြင်မိသည်။ အချုပ်ဆိုရလ်ွင် ဒီမိုက​ရေစီ၏ ချန်ပီယံဆို​သော အချို့​အင်အား​ကြီး​ နိုင်ငံများ​သည် ကမ္ဘာ​ပေါ်တွင် အဆိုး​ဆုံး​ အာဏာရှင်အစိုး​ရများ​ကို ​ငွေ​ကြေး​အကူအညီများ​ ​ပေး​ခဲ့​ကြောင်း​ ​တွေ့​ရသည်။ သူတို့​ အကူအညီ​ပေး​သော စီး​ပွား​ရေး​ကဏ္ဍများ​မှာ ပြည်သူများ​အား​ ဖိနှိပ်အုပ်ချုပ်သည့်​ စစ်အစိုး​ရအတွက် ဝင်​ငွေရှာ​ပေး​သော သဘာဝအရင်း​အမြစ် ကဏ္ဍဖြစ်သည်။ ဥပမာအား​ဖြင့်​ စက်မှုဖွံ့​ဖြိုး​ရေး​နှင့်​ ယှဉ်တွဲ၍ မြန်မာနိုင်ငံရှိ သဘာဝဓာတ်​ငွေ့​၊​ ​ရေနံ၊​ တွင်း​ထွက်၊​ ​ရေကာတာ၊​ ကျွန်း​သစ် စသည့်​ စွမ်း​အင်နှင့်​ သဘာဝသယံဇာတဖွံ့​ဖြိုး​ရေး​တို့​အတွက် ဗိုလ်ချုပ်ကြီး​နေဝင်း​အစိုး​ရအား​ ထိုအင်အား​ကြီး​နိုင်ငံများ​မှ အား​ပေး​ အား​မြှောက်ပြုခဲ့​သည်။ မြန်မာပြည် အ​ကြွေး​ ၁၁ ဘီလျံတင်​နေ​ကြောင်း​ ​ကြေညာသည့်​အချိန်မှစ၍ ပြည်သူများ​ စိတ်ဝင်စား​သည်မှာ ဘယ်သူက၊​ ဘယ်တုန်း​က၊​ ဘာအတွက် ​ငွေ​ချေး​ပေး​သည် ဆိုတာဖြစ်သည်။ သုံး​သပ်ချက်အချို့​ကို စီး​ပွား​ရေး​ စာအုပ် အချို့​တွင် ​တွေ့​ရ​သော်လည်း​ ပိုမိုအ​သေး​စိတ် အချက်အလက်များ​ ရှား​ပါး​ ​သေး​သဖြင့်​ ​ငွေ​ချေး​သည့်​ခုနှစ်၊​ နိုင်ငံ၊​ ​ချေး​သည့်​အ​ကြောင်း​အရာတို့​ကို အကြမ်း​ဖျင်း​ တင်ပြရန် ၁၉၇၀ နှင့်​ ၁၉၈၀ ခုနှစ်များ​အတွင်း​ ထုတ်သည့်​ BBC၊​ The New York Times၊​ The Washington Post၊​ The Harald၊​ The Globe and Mail သတင်း​ဌာနများ​၊​ ကမ္ဘာ့​ဘဏ်၊​ အာရှဖွံ့​ဖြိုး​ရေး​ဘဏ်နှင့်​ ​ချေး​ငှား​ပေး​သည့်​ အစိုး​ရဌာနအချို့​တို့​မှ အချက်အလက်အချို့​ကို စုစည်း​ တင်ပြရပါသည်။ (မှတ်ချက်။ ​အောက်ပါ ဇယား​သည် သ​ဘောတူညီမှုဆိုင်ရာ အချို့​ အချက်အလက်များ​ကို အ​ခြေခံခြင်း​ဖြစ်သည်။ ​ငွေဝင်၊​ ​ငွေထွက်နှင့်​ သုံး​စွဲလည်ပတ်မှု စသည့်​ အချက်အလက်အ​သေး​စိတ်ကို အစိုး​ရဌာနများ​က ထုတ်ပြန်ရန် လိုအပ်သည်။) (ဆောင်း ​ပါး​ရှင် စိုင်း​စိုး​ဝင်း​လတ်သည် က​နေဒါနိုင်ငံ Simon Fraser University တွင် ပါရဂူဘွဲ့​ အတွက် တက်​ရောက်​လေ့​လာ​နေသူ ဖြစ်သည်)  http://burmese.dvb.no/archives/25160

ဒုတိယသမ္မတ (၁) တာဝန်မှ အနားယူခွင့်တောင်းသည်ဆိုသည်မှာ မှန်ကန်

  Thursday, 10 May 2012 13:53
ဒုတိယသမ္မတ (၁) သီဟသူရ ဦးတင်အောင်မြင့်ဦး တာဝန်မှ အနားယူခွင့်တောင်းထားသည်မှာ မှန်ကန်ကြောင်း ၄င်း၏မိသားစုနှင့် နီးစပ်သည့် ပုဂ္ဂိုလ်မှတစ်ဆင့် Eleven Media Group မှ စုံစမ်းသိရှိရပါသည်။

ရဟန်းဘောင်သို့ ခေတ္တ မ၀င်ရောက်မီ မေလ (၃)ရက်နေ့တွင် တာဝန်မှ အနားယူခွင့်တောင်းသည့်စာအား နိုင်ငံတော်သမ္မတ အပါအ၀င် တာဝန်ရှိသူများထံသို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါရက်မတိုင်မီက စင်ကာပူနိုင်ငံတွင် သွားရောက်ဆေးစစ်မှုများ ပြုလုပ်ပြီးနောက် ကျန်းမာရေးအခြေအနေကြောင့် ယခုကဲ့သို့ တာဝန်မှ အနားယူခွင့် တောင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဒုတိယ သမ္မတ (၁) သီဟသူရ ဦးတင်အောင်မြင့်ဦးသည် ကျန်းမာရေးအခြေအနေကြောင့် မိမိ သဘောဆန္ဒအလျှောက်သာ တာဝန်မှ အနားယူခွင့်တောင်းသည်မှာ မှန်ကန်ကြောင်း သိရပြီး အဆိုပါ အနားယူခွင့်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံခြင်း ရှိ၊ မရှိကိုမူ ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပါ။

အဆိုပါသတင်းအား အတည်ပြုနိုင်ရန် နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတစ်ဦးထံ Eleven Media Group မှ ဆက်သွယ်မေးမြန်းခဲ့ရာ ဒုတိယသမ္မတ (၁) တာဝန်မှ အနားယူခွင့်တောင်းခြင်းနှင့် ပတ်သက်၍ မသိရှိကြောင်းနှင့် အတည်ပြုပေးရန် ငြင်းဆိုခဲ့ပြီး အခြားသတင်းရင်းမြစ်များမှ ဆက်လက်စုံစမ်းရန်သာ ပြန်လည်ဖြေကြားခဲ့ပါသည်။

သီဟသူရ ဦးတင်အောင်မြင့်ဦး တာဝန်မှ အနားယူခွင့်တောင်းခြင်းမှာ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်သို့ တက်ရောက်ခြင်းနှင့် ဆက်စပ်နေကြောင်း ထွက်ပေါ်နေသည့် သတင်းများနှင့် သက်ဆိုင်ခြင်းမရှိဘဲ ကျန်းမာရေးကြောင့်၊ ၄င်း၏ သဘောဆန္ဒအလျောက်သာ ဖြစ်ကြောင်း ဒုတိယသမ္မတ (၁) နှင့် နီးစပ်သည့် အသိုင်းအ၀န်းမှ သိရှိရပါသည်။

သီဟသူရ ဦးတင်အောင်မြင့်ဦးသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပုဗ္ဗသီရိမဲဆန္ဒနယ်မှ အနိုင်ရကာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် ပါဝင်သည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် ဒုတိယသမ္မတအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်ပုံအခြေခံဥပဒေပါ ပုဒ်မ (၇၂)တွင် “နိုင်ငံတော်သမ္မတ(သို့မဟုတ်)ဒုတိယသမ္မတတစ်ဦးဦးသည် မိမိ၏ရာထူးသက်တမ်းမကုန်ဆုံးမီ ဆန္ဒအလျှောက်နုတ်ထွက်လိုလျှင် နုတ်ထွက်ခွင့်ပြုရမည်။” ဟု ဖေါ်ပြပါရှိပါသည်။ ထို့ကြောင့် ထွက်ပေါ်နေသော သတင်များအရ အမှန်တစ်ကယ် နုတ်ထွက်ခဲ့ပါက ဒုတိယသမ္မတ (၁) နေရာတွင် အစားထိုး ၀င်ရောက်လာနိုင်ဖွယ် ရှိသူများကိုလည်း ထင်ကြေးပေး မှန်းဆနေကြရာ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ကာကွယ်ရေး ၀န်ကြီးဌာနမှ  ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှုး ဦးဌေးဦးတို့ပါဝင်ကြောင်း သိရှိရပါသည်။ အတည်မပြုနိုင်သော သတင်းများအရ ဒုတိယ သမ္မတ (၁)  နုတ်ထွက်စာတင်သွင်းခြင်းနှင့် ပတ်သက်၍ အကြိတ်အနယ် ဆွေးနွေးမှုများ၊ အထူးအစည်းအဝေး ပြုလုပ်မှုများ ရှိကြောင်းလည်း သိရသည်။

သီဟသူရ ဦးတင်အောင်မြင့်ဦးသည် စစ်တက္ကသိုလ် အပတ်စဉ် (၁၂)မှဖြစ်ပြီး တပ်မတော်တွင် ဗိုလ်ချုပ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတွင် အတွင်းရေးမှုး (၁)အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။ ၄င်းသည် ဆုံးဖြတ်ချက်ခိုင်မာသူဖြစ်ပြီး ဆုံးဖြတ်ချက်ချပြီးပါက ပြန်ပြင်လေ့ မရှိကြောင်း နီးစပ်သည့် အသိုင်းအ၀န်းမှ သိရသည်။

ထပ်မံသိရှိရသော သတင်းများအရ ဒုတိယ သမ္မတ (၁) သီဟသူရ ဦးတင်အောင်မြင့်ဦးအား ရာထူးမှ အနားယူခြင်းမပြုဘဲ တာဝန်ပြန်လည် ထမ်းဆောင်ရန် တိုက်တွန်းမှုများရှိနေကြောင်း သိရှိရသည်။

ဒုတိယသမ္မတ (၁) အနားယူခြင်း သတင်းများကို ပြည်တွင်းသတင်းဂျာနယ်များတွင် ဖေါ်ပြခြင်းမပြုရန် စာပေစိစစ်ရေးမှ ပိတ်ပင်ထားခဲ့ခြင်း၊ ဖေါ်ပြခဲ့သည့် ဂျာနယ်အချို့ကို သတိပေးခဲ့ခြင်းနှင့် ပတ်သက်၍ မီဒီယာဥပဒေ ရေးဆွဲမှုတွင် အဓိက ပါဝင်သူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီဌာန ညွှန်ကြားရေးမှုးချုပ် ဦးရဲထွဋ်ကို DVB မှ မေးမြန်းခဲ့ရာ ပိတ်ပင်ထားသည်မှာ မှန်ကန်ကြောင်းနှင့် ထိုသတင်းများမှာ ကောလာဟလကို အခြေခံပြီး ရေးသားထားခြင်း ဖြစ်သည့်အတွက် ခွင့်မပြုခြင်း ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

"အနားယူခွင့် တောင်းတယ်ဆိုတဲ့ သတင်းက မှန်ပါတယ်။ ဘယ်လိုဆုံးဖြတ်မယ်ဆိုတာကိုသာ တိတိကျကျမသိရသေးတာပါ။ သတင်းအတည်ပြုပေးမယ့်သူ မရှိသေးတာပါ။  ဒီလိုအနေအထားမျိုးမှာ သတင်းထုတ်ပြန်မှုတွေအတွက် တာဝန်ရှိတဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ညွှန်ချုပ် ဦးရဲထွဋ်အနေနဲ့ ကောလာဟလလို့  ပြောလိုက်တာကတော့ မဖြစ်သင့်ပါဘူး။ ဒီထက်ပိုပြီး တိတိကျကျ ပြောသင့်ပါတယ်။  Press Freedom Day တုန်းကတောင် ပြန်ကြားရေးဒုဝန်ကြီးက လွတ်လပ်စွာ သတင်းရေးသားခွင့် သာမက သတင်းအချက်အလက် ရယူတဲ့နေရာမှာ လိုအပ်တဲ့ အကူအညီတွေကို ပေးဖို့ လုပ်နေတယ်လို့ ပြောသွားတယ်။ နောက်ပြီး စာနယ်ဇင်း လွတ်လပ်ခွင့်ကို  ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ကျင့်သုံးနိုင်ဖို့ လိုအပ်တဲ့ ပုံနှိပ်မီဒီယာဆိုင်ရာ ဥပဒေကြမ်းကို ရေးနေတယ်လို့လည်း ပြောသွားတယ်။ မီဒီယာ ဥပဒေရေးဆွဲမှုမှာ ဦးရဲထွဋ်လည်း ပါတာပါပဲ။ တစ်ကယ်တော့ သတင်းတွေကို ထိန်ချန်တာ ဖုံးကွယ်ထားတာတွေဟာ သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်ထားတာနဲ့ အတူတူပါပဲ” ဟု Weekly Eleven News Journal မှ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။
 news-eleven.com

ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းမှဒုတိယအကြိမ်ထောက်ပံ့ငွေပေးအပ်ခြင်းအစီအစဉ်

NLD လုံခြုံရေး တာဝန်ရှိသူအပေါ် Express Times ဂျာနယ်၏ စွပ်စွဲချက် မမှန်ကန်

MESSENGER ပိုင်ရှင်ကော်မရှင်ဦးတင်အေးရဲ.သားEXPRESS TIMES ...ရဲ.ပိုင်ရှင်က ဦးခင်ရွှေ.

အဂ္ဂမဟာ ဒီမိုဖက်တီး

 ET သတင်းထောက်နဲ့ ညှိသွားတယ်ဆိုတဲ့ NLD ကျော်စိုးနိုင် (ခ) ကိုဘောကြီး ဆိုတာ ဘယ်သူလဲ ........

အားလုံးက လေးစားဂုဏ်ပြုကျတဲ့ ၈၈ ခေါင်းဆောင် စာရင်းထဲမှာတော့ သူ့ နာမည် မပါပါဘူး (ကျန်ခဲ့တဲ့ အခြားလူတွေ အများကြီးပါ) ... ဒါပေမယ့် အဲဒီ နေ့ ရွှေတိဂုံဘုရား ဟောပြောပွဲကနေ စလို့ ယုံကြည်ရတဲ့ ကိုယ်ရံတော် တဦး၊ အနာခံ ၊ အကြိမ်ကြိမ် အဖမ်းခံခဲ့ရတဲ့ ဒေါ်စုရဲ့ တပည့်ရင်းတဦးပါ .... အကယ်၍ ET သတင်းထောက် ပြောပြချက်အတိုင်း ပြောဆိုပြုမူခဲ့တယ်ဆိုရင် ဖြင့် - (၁) ပေါက်သွားတာ (၂) ဂေါက်သွားတာ ဖြစ်နိုင်ပါတယ် .....း)) ဘာလို့လဲဆို .... ကိုဘောကြီးဟာ သဘောကောင်း စကားပြော ပြေပြစ်သူပါ။ ဒါဆိုရင်တော့ သူ့ကို ဆေးခန်းပြရမယ်။ ဆေးရုံတင်သင့် တင်ရမယ် ......း)) တကယ်လို့ ကိုဘောကြီး ဘက်က မှားတယ်ဆိုရင် ဒေါ်စုက သူ့တပည့်ရင်းမို့ ဆူလိုက်မယ့် ဖြစ်ခြင်း ........ တွေးရင်တောင် ကျောစိမ့်မိ ပါတယ်။ ကိုဘောကြီးဟာ ဒေါ်စု နှင့် NLD ခေတ်ကောင်းတော့မှ အနားရောက်လာတဲ့ ငခုံးမ မဟုတ်သလို ၊ ဆွမ်းဆန်ထဲမှာ ပါလာတဲ့ ကြွက်ချေးလဲ မဟုတ်ပါ .... ဒီအချက်ကိုတော့ ရေရေလည်လည် နားလည်စေချင်ပါတယ်။ . .
လက်ကလေးကိုဆုပ်ထားတာကကိုဘောကြီးပါ။



အမှန်တကယ် တာဝန်ရှိတာကတော့ ရွှေမင်းသားပါပဲ။ နာမည်ကြီးတွေကို
ဖိတ်ပြီး သေသေချာချာ မစီစဉ်ထားတာ။ သူရဲ့ တားဂဒ်က သူနဲ့ ဒေါ်စု တွဲပြီး
ဓါတ်ပုံများများ ရရှိရေးပဲ။

ကျတော်တို့လည်း BarCamp မှာ အမေစုကို ဖိတ်ကြားခဲ့တာပါပဲ။ ဒီလိုမျိုး
တွေ ကသောင်းကနင်းတွေ မဖြစ်ခဲ့ပါ။ အမေစု ရောက်ရောက်ချင်း သီးသန့်
ထိုင်နေဖို့ Meeting Room စီစဉ်ထားတယ် ... ဒါမျိုးပေါ့

အခုတော့ ကြည့်။ လာတဲ့ သတင်းထောက်များကလည်း အပျော်တန်း
ကင်မရာလေးတွေနဲ့က များများရယ်။ အနောက်က မသန်စွမ်းတွေရဲ့ မိဘ
တွေကတော့ ငိုင်လို့ ။ Celebrity ပွဲကို လာကြည့်ရတာ ....


 မင်းတို့ Lobby တွေက မင်းတို့ပါတီ မှားတော့ ငြိမ်နေကျတယ်တဲ့ ......

ဟောဗျာာာာ ... မဟုတ်ရပါဘူး။ ကျတော်တို့တွေက ပိုလို့တောင် ပြောသေး ။
ရွှေးကောက်ပွဲ အောင်နိုင်လို့ ပါတီရုံးရှေ့မှာ အမေစု မိန့်ခွန်းတို ပြောတဲ့နေ့က
CNN က Paula Hancock ကြီး တံတောင်အပေးခံလိုက်ရပါသေးတယ်။

တော်သေးတာပေါ့ ... CNN မှာ သတင်းအနေနဲ့ မကြေငြာသွားလို့ ... အဲဒါ
ဘာကြောင့်လည်းဆိုတော့ သတင်းထောက်တွေ အမေစု အနားကို တအား
ကပ်ဖို့ ကြိုးစားကြလို့ ။ CNN က ကမ္ဘာကျော်သတင်းထောက်မမ ကတောင်
ရုံးရှေ့မှာ ကြိုးတန်းတား ထားရင်ကောင်းမယ်လို့ အကြံပြုသွားပါသေးတယ်။

အခမ်းအနားတခု ကျင်းပမယ်ဆိုရင် Media Corner ထားရှိရမှာဖြစ်ပါတယ်။
ဒါမှ တခြား ပွဲလာပရိသတ်တွေလည်း စိတ်အနှောက်အယှက် မဖြစ်ဘူး .....
အဲသည် ကော်နာကနေ ပြောင်းကြီးပြောင်းငယ်တွေနဲ့ ကြိုက်သလောက်ဆွဲ ။

အဲသည်လို ဖြစ်ရမှာ ... ဖြစ်သင့်တာ ။



NLD လုံခြုံရေး တာဝန်ရှိသူအပေါ် Express Times ဂျာနယ်၏ စွပ်စွဲချက် မမှန်ကန်

by Ko MawPyay on Thursday, May 10, 2012 at 1:23pm ·
                   ၈ ရက်နေ့ကပြုလုပ်တဲ့ ရွှေမင်းသားဖောင်ဒေးရှင်းးးရဲ့ လေးနှစ်ပြည့်အခမ်းအနားကို ကျတော်လဲတက်ရောက်
သတင်းယူပါတယ်... ဒါကြောင့် ကိုကျော်စိုးနိုင် နဲ့ သတင်းထောက်တို့ဖြစ်တဲ့ ပြသနာကို အစအဆုံး သိရှိမြင်တွေ့လိုက်ရသ
လို ပြသနာကြီးးးမလာအောင် ကိုကျော်စိုးနိုင် နဲ့ သတင်းထောက်တို့ကြားမှာ တောက်လျှောက်မတ်တပ် ရပ်နေခဲ့ပါတယ်...
                   Express Times ဂျာနယ်၏ စွပ်စွဲချက် တွေဖြစ်တဲ့ ကိုကျော်စိုးနိုင် မှ " ဟေ့ကောင် ဓါတ်ပုံမရိုက်နဲ့" တားမြစ်တာ
မဟုတ်ပါ။။။ တခြားပွဲလာသူများရှေ့မှာ မီဒီယာပေါင်း များစွာက ပိတ်ကွယ်နေတာကြောင့် တော်ပါတော့ တော်ပါတော့ ... ပြီး
မှ ဆက်ရိုက်ပါဆိုပြီးးး ပြောခြင်းးးပါ... ကျန်တဲ့ သတင်းထောက်တွေ နောက်ဆုတ်ပေးပေမယ့် Express Times ဂျာနယ် သ
တင်းထောက်ကတော့ နောက်မဆုတ်တာကြောင့် အခုတော့တော်သင့်ပြီညီလေး ပြီးမှ ဆက်ရိုက်လို့ပြောတာကြားလိုက်တယ်...
တစ်ဆက်တည်း မြင်လိုက်ရတာက သတင်းထောက်က ကိုကျော်စိုးနိုင် မျက်နှာကို တံတောင်နဲ့ နောက်ပြန်ထိုးလိုက်ပြီး ကျုပ်
က သတင်းထောက်.. ဓါတ်ပုံ ရိုက်ရမှာပဲလို့ ပြန်ပြောခဲ့တယ်... Express Times ဂျာနယ်၏ ကိုယ့်ဘက်ကိုယ်ကာထားတဲ့ "ဟုတ်
ကဲ့ပါ...ကျတော် ဒီတစ်ပုံလောက် ရိုက်ပါရစေ " ဆိုတဲ့ စကားကို သတင်းထောက်က လုံးဝမပြောခဲ့ပါ။။။
                      အမှန်က ကျတော်လဲသတင်းထောက် အနေနဲ့ သတင်းယူနေရင်းပဲ တွေးကြည့်ပါတယ်... သတင်းထောက်တွေ
က အမေစု ရဲ့ လက်တစ်ကမ်းးးမှာပါ... သတင်းထောက်ဆိုတာကို ထင်ရှားစွာ သိနိုင်တဲ့ အမှတ်အသား ဂျို မပါပါဘူး... ဒီတော့
သတင်းထောက်ယောင်ဆောင်ပြီး အမေစု ကို လုပ်ကြံမယ်ဆိုရင်တောင် အင်မတန် လွယ်တဲ့ ကိစ္စဖြစ်နေတယ်... မဖြစ်နိုင်ဘူးး
လို့ ဘယ်သူပြောမလဲ... ဗိုလ်ချုပ် ကိုတောင် လူယုတ်မာတွေက ဒီလိုပဲ သတ်ခဲ့တာပဲ...
                     အဲ့ဒီနောက် ပြသနာက ပြီးမသွားတာက Express Times ဂျာနယ်၏ သတင်းထောက်က NLD လုံခြုံရေးတွေ ရွေး
ပြီး ဓါတ်ပုံလိုက်ရိုက်ပါတယ်... ဒီလိုမျိုးတော့ သတင်းထောက်အလုပ်ကို မာန်တက်ပြီး အညိုးထားတာမျိုး မလုပ်သင့်ပါဘူး...
ကျတော်မြင်တာကတော့ အမှုတစ်ခုဖြစ်ရင်တောင် တရားရုံးမှာ သူဘက် ၊ ကိုယ့်ဘက် လျှောက်လဲချက်တွေနဲ့ အမှားအမှန်
ဆုံးဖြတ်တာပါ...  Express Times ဂျာနယ်၏ အယ်ဒီတာချုပ်က NLD ရုံးကို တရားဝင် စာရေးတိုင်ကြားတာကို ကြိုဆိုပါတယ်..
. ဒါပေမယ့် ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ် အဖြေမစစ်ရသေးဘဲ ကိုယ့်သတင်းထောက်ပြောတာကိုပဲ အမှန်လုပ်ပြီး ဦး
ကျော်စိုးနိုင် ကို စုန်းပြူး လို့ သုံးနှုန်းခြင်း ၊ မှန်၏ မမှန်၏ သေချာစွာ အဖြေမထွက်ခင် လူတစ်ယောက် ရဲ့ဓါတ်ပုံ ကို ကြေညာ
ချက်မှာ ကပ်ပြီး လူသိရှင်ကြား သတင်းဖြန့်ဝေပြောဆိုခြင်း တို့ကတော့ မသင့်တော်ပါဘူး... မီဒီယာ လက်နက်ကို အလွဲသုံး
ရာရောက်ပါတယ်...
                                                                                                                                      လေးစားပါတယ်ဗျာ
                                                                                                                          မှားတာရှိလဲ ထုံးစံအတိုင်း ဆုံးမကြပါ
                                                                                                                                             မောပြေ


သတင်းထောက်အား ကိုယ်ထိလက်ရောက် စော်ကား၍ Weekly Express Time ဂျာနယ်က ဒီချုပ်ဆီစာပို့ by Yangon Press International on Thursday, May 10, 2012 at 7:39am · မေလ ၁၀ ရက်၊ ၂၀၁၂ ခုနှစ်-ဟံသာ (YPI )

ယခုလ ၈ ရက်နေ့က Weekly Express Time ဂျာနယ်မှ သတင်းထောက်တဦးအား ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လုံခြုံရေးက ကိုယ်ထိလက်ရောက် စော်ကားခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ဂျာနယ်မှ တာဝန်ရှိသူများက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သို့ ယနေ့စာပို့လိုက်ကြောင်း ယင်းဂျာနယ် အယ်ဒီတာတဦးက ပြောသည်။

 “အန်တီစုကို တစောင်၊ဦးညဏ်ဝင်းကိုတစောင် ဦးအုန်းကြိုင်ကိုတစောင် ဦးတင်ဦးကို တစောင်ပို့လိုက်တာပါ ၊အန်တီနဲ့ ဦးညဏ်ဝင်းအတွက် NLD ပြန်ကြားရေးဌာနက အမျိုးသမီးတဦးကို ပေးလိုက်တာပါ၊ ဦးညဏ်ဝင်း ကိုတော့ ကြုံသွားလို့ သူ့လက်ထဲပဲတိုက်ရိုက်ထည့်လိုက်တာပါ ။ ဦးတင်ဦကိုလည်း ဒီလှိုင်း ဂျာနယ် ကတဆင့်ပေးလိုက်ပါတယ်” ဟု Weekly Express Time အယ်ဒီတာ ကိုကျော်ဇေယျာထွန်းက YPI သို့ ပြောသည်။

စာကို ယနေ့နံနက် ၁၁ နာရီတွင် ပေးပို့ခြင်းဖြစ်ပြီး NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)မှလုံခြုံရေးတာဝန် ရှိသူက Weekly Express Time မှသတင်းထောက်အား ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းနှင့်မီဒီယာအား စော်ကားပြောဆိုခြင်းကိစ္စအား လိုအပ်သလိုညှိုနှိုင်း ဆောင်ရွက်ပေးပါရန် တင်ပြခြင်းဖြစ်ကြောင်း စာတွင် ဖေါ်ပြထားသည်။

စော်ကားခံရသည့် သတင်းထောက်မှာ ရွှေမင်းသားဖောင်ဒေးရှင်းမှ ပြုလုပ်သည့် အခမ်းအနားတွင် ယင်းဂျာနယ်မှ သတင်းထောက် ကိုဟိန်းကိုစိုးက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်အား ဓါတ်ပုံရိုက်ရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး တာဝန်ယူသူ ကိုကျော်စိုးနိုင် ခေါ် ကိုဘောကြီးက ကိုယ်ထိလက်ရောက် ပြုမူခြင်း၊ စော်ကားသည့် စကားအသုံးအနှုန်းပြောဆိုခဲ့၍ ဂျာနယ်တာဝန်ရှိသူများက ကန့်ကွက်စာပေးပို့ခြင်း ဖြစ်သည်။

“သူကကျွန်တော်ကင်မရာချိန်ထားတဲ့လက်ကိုပုတ်ထုတ်တယ် ကျွန်တော်ကလည်း ဦးလေးဘာဖြစ်တာလဲဗျာ ဆိုပြီးပြန်ပြီးပြန်ပြောလိုက်တော့ သူပေါက်သွားတယ်ထင်တယ် ကျွန်တော်လည်း မရိုက်တော့ဘဲ ပြန်လာတော့သူကဟေ့ကောင် မင်းလိုက်ခဲ့ဆိုပြီး အိမ်သာဘက်ကို သူရယ် နောက်တယောက် ရယ်ခေါ်သွားတယ် နောက် မင်းဘယ်ကဘယ်လဲဘာညာဆိုပြီးမေးပြီး စော်ကား ပြောဆိုတာပါ ”ဟု ကိုဟိန်းကိုစိုးက YPI သို့ပြောသည်။

Weekly Express Time အဖွဲ့ချုပ် မှပေးပို့သည့် စာထဲတွင် တွင် ဦးကျော်စိုးနိုင်က သတင်းထောက် ကိုဟိန်းကိုစိုး အား စော်ကားပြောဆိုခဲ့သော စကားလုံးမှာ “မင်းတို့ မီဒီယာသမားတွေက ဗိုက်ဆံ ရလို့ အလုပ်လုပ်နေတာ ငါတို့က ဘာစောက်တပြားမှမရဘဲ ထောင်အကျခံပြီးနိုင်ငံရေး လုပ်နေတာကွ ဘယ်ကောင်ကိုမှ စောက်ဂရုမစိုက်ဘူးလို့ မင်းတို့ အယ်ဒီတာကိုပြောလိုက်” ဟု ပါရှိသည်။ ၎င်းကပြောဆိုစဉ် သတင်းထောက်ဧ။် အကျီရင်ဘတ်ကို အကြိမ်ကြိမ်ဆွဲ၍ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းလည်း စာတွင် ဖေါ်ပြထားသည်။

ဦးဟိန်းကိုစိုး၏ ပြောကြားချက်အရ ဓာတ်ပုံရိုက်ယူစဉ်၎င်းတဦးတည်းသီးသန့်သတင်းဓာတ်ပုံ ရိုက်ယူ ရန်ကြိုးစားခြင်းမဟုတ်ဘဲ မီဒီယာ အများအပြားသတင်းဓာတ်ပုံရိုက်ယူနေစဉ်အချိန်တွင် ရိုက်ယူခြင်းဖြစ်ပြီး ၎င်းက ဦးကျော်စိုးနိုင်၏ ဘေးတွင် နီးကပ်စွာရှိနေသောကြောင့် ၎င်းကိုသာခေါ်ယူ ပြောဆိုခြင်းဖြစ်သည် ဟုဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်ကို ဆက်သွယ်မေးမြန်းရာတွင် ၎င်းတို့ အနေဖြင့် ပေးပို့သည့်စာများကို သေချာစိစစ်လေ့လာပြီးမှ ဆွေးနွေးဆုံးဖြတ်သွားမည်ဟုဆိုသည်။
“အကယ်၍ ကျွန်တော်တို့ဘက်က ကလေးကလည်းပြောမိရင် နောင်ဒီလိုမဖြစ်အောင်ဆုံးမရမှာပေါ့ နိုင်ငံရေးသမားဆိုတာ မီဒီယာတွေနဲ့ ပြသာနာမဖြစ်ချင်ပါဘူး ။ ဒါမျိုးမဖြစ်ချင်ပါဘူး နောင်မီဒီယာတွေ နဲ့ဒီလိုမဖြစ်အောင်လည်း ဘယ်လိုလုပ်ရမလဲဆိုတာ စီစဉ်ဆောင်ရွက်သွားမှာပါ ” ဟုဆိုသည်။

ဂျာနယ်မှ အယ်ဒီတာ ဦးကျော်ဇေယျာထွန်း ကလည်း “ဒါမျိုးကလုံးဝမဖြစ်သင့်တဲ့ကိစ္စပါ မီဒီယာနဲ့ ပါတီဆိုတာ ရေရှည်လက်တွဲသွားရမှာပါ ပါတီကိုမီဒီယာသမားတွေကို ဘယ်လိုမျိုးကိုင်တွယ်ရမလဲဆိုတဲ့ Plan (အစီအစဉ်) တခုရှိစေချင်တယ် အခုလိုနင်ပဲငဆ ဆက်ဆံတာကို  Action (အရေးယူမှု) တခုခု ယူစေချင်တယ် မီဒီယာသမားတွေနဲ့ ဆက်ဆံတဲ့အခါဘယ်လိုမျိုး လုပ်သင့်လည်း ဆိုတာ သူတို့ကိုအသိပေး စေချင်တာပါ”ဟုဆိုသည်။

ယခုဖြစ်ရပ်အပေါ် မြန်မာနိုင်ငံမှ ဂျာနယ်လစ်များဧ။်အခွင့်အရေးနှင့် နစ်နာမှုများ ကာကွယ်ရန်ရည်ရွယ် ဖွဲ့စည်းထားသည့် ကွန်ယက်ဖြစ်သည့် MJN  (Myanmar Journalist Network) မှလည်း ယနေ့ညနေပိုင်းတွင် အစည်းအဝေးခေါ်ယူ၍ ဆုံးဖြတ်ချက်တခုခု ချမှတ်ရန် သို့မဟုတ်ထုတ်ပြန်ချက်တခုခု ထုတ်ပြန်ရန်ဆောင်ရွက်သွားမည်ဟု အလုပ်အမှုဆောင် အဖွဲ့ဝင်တဦးဖြစ်သူ ဒေါ်တင်ဇာဇော်ကပြောသည်။

အခြားသတင်းစာဆရာ အဖွဲ့အစည်းတခုဖြစ်သည့် မြန်မာနိုင်ငံသတင်းစာဆရာများအသင်း ဖြစ်ထွန်းရေး ကော်မတီမှ လည်းအစည်းအဝေး တရပ်လုပ်ဆောင်သွား၍ ယင်းကိစ္စနှင့်ပတ်သတ်၍ ဆုံးဖြတ်မည်ဟု ဖြစ်ထွန်းရေးကော်မတီအဖွဲ့ဝင်  ဦးသီဟစောကပြောသည်။        ။
 
Weekly Express Time ဂျာနယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ ပေးပို့သည့် စာ