Friday, May 11, 2012

သံဃာ့လှုပ်ရှားမှု နစ်နာချက်များ လွှတ်တော်ကို တိုင်ကြားရင် စုံစမ်းစစ်ဆေးမည်

RFA Burmese

2012-05-11


၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ အဖိနှိပ်ခံခဲ့ရတဲ့ သံဃာတော်တွေနဲ့တကွ ကျောင်းသား ပြည်သူတွေအနေနဲ့ မိမိတို့ ခံစားခဲ့ရတဲ့
အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး လွှတ်တော်ကို တိုင်ကြားမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေဘက်က စုံစမ်းစစ်ဆေးမှုတွေ
ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ ဂျာမနီနိုင်ငံကို လေ့လာရေးခရီးစဉ်
အဖြစ် ခေတ္တရောက်ရှိနေတဲ့ အမျိုးသားလွှတ်တော်ဆိုင်ရာ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနဲ့ နိုင်ငံသားများရဲ့မူလအခွင့်အရေး ကော်မတီ ဥက္ကဋ္ဌ
ဒေါက်တာ အေးမောင်က မနေ့က RFA ကို အခုလို ပြောကြားလိုက်ပါတယ်။

"၂၀၀၇ ရွှေဝါရောင် သံဃာ့အရေးနဲ့ ပတ်သက်လို့ တိုင်ကြားတင်ပြတာများ
ရှိခဲ့ရင် ကျွန်တော်တို့က ကော်မတီအလိုက် စီစစ်ပါမယ်။ ကျွန်တော်တို့ရဲ့တွေ့ရှိချက်ကို သုံးသပ်ချက်နဲ့တကွ ကျွန်တော်တို့ရဲ့
လုပ်ထုံးလုပ်နည်းအတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဆီကို တင်ပြပါမယ်။ သူ့ရဲ့သဘောနဲ့ ကျွန်တော်တို့ရဲ့ သဘောကိုက်ညီမှုအရ အခင်းဖြစ်တဲ့နေရာ
ကို ကျွန်တော်တို့ ကော်မတီက စစ်ဆေးရန်လိုအပ်တယ်လို့ တင်ပြလို့ လွှတ်တော်ဥက္ကဋ္ဌ က သဘောထားမှတ်ချက်ရခဲ့လို့ ရှိရင် ဖြစ်တဲ့နေရာအထိ ကျွန်တော်တို့ သွားရောက် စစ်ဆေးပိုင်ခွင့် ရှိပါတယ်။ အဲတာကြောင့် ၂၀၀၇ ရဲ့ အပေါ်မှာတိုင်ကြား တင်ပြလာတာရှိရင် ကျွန်တော်တို့က ထိထိရောက်ရောက် စစ်ဆေးပေးသွားမယ်ဆိုတာ ကျွန်တော်တို့ ကော်မတီရဲ့
လုပ်ငန်း သဘောအရ ကတိပြုတင်ပြ ဆွေးနွေးခဲ့ ပါတယ်"

ခရီးစဉ်အတွင်း ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ တက်ရောက်လာသူ တစ်ဦးက ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုနဲ့ ပတ်သက်လို့ သံဃာတော်တွေအပေါ် အစိုးရဘက်က ပြန်ပြီးတောင်းပန်ဖို့ အစီအစဉ်ရှိမရှိ မေးမြန်းရာမှာလည်း အလားတူ ဖြေဆိုခဲ့တယ်လို့
ဒေါက်တာအေးမောင်က ပြောပါတယ်။

အလားတူ ၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတရာထူး ရနိုင်မလားဆိုတဲ့ မေးခွန်းကိုတော့ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေမှာ
ပြဋ္ဌာန်းထားတဲ့ သမ္မတရာထူးဆိုင်ရာ အရည်အချင်းအရ ကန့်သတ်မှုတွေ ရှိနေတယ်လို့ ပြန်လည်ဖြေဆိုခဲ့ကြောင်း ဒေါက်တာအေးမောင်က ဆိုပါတယ်။

"ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ ခုနှစ်မှာ သမ္မတ ဖြစ်မယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ ပြုပြင်ပေးဖို့ ကျွန်တော်တို့ ဒီ ၂၀၁၅ မတိုင်ခင်လေးမှာ ကျွန်တော်တို့ ကြိုးစားပေးဖို့ နှိုင်းနှိုင်းယှဉ်ယှဉ်၊
ပြုပြုပြင်ပြင်နဲ့ ကြိုးစားပေးဖို့ နော်၊ ဒီပုဒ်မ တစ်ခု၊ နှစ်ခု ပြင်ဖို့လိုတယ်လို့ ကျွန်တော်တို့ကတော့ သုံးသပ်ပါတယ်။ အဲဒီလိုပြင်ပြီးရင်တော့ဖြင့် ခုဏက သမ္မတ တစ်ဦးရဲ့လိုအပ်တဲ့ အရည်အချင်း ဆိုတာလေးကိုလည်း ၂၀၀၈ ဖွဲ့စည်းပုံမှာပါတော့လေ၊ အဲတာလေးကို ကျွန်တော်တို့ ဆွေးနွေးတာ"

ဂျာမနီနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့မှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ဒေါက်တာအေးမောင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ဦးမင်းဦးနဲ့ ဒေါက်တာ
လှမြတ်သွေး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ SNDP က ဦးစိုင်းအိုက်ပေါင်း၊ ကြံ့ခိုင်ဖွံဖြိုးရေးပါတီက ဦးဝင်းဦး၊ ဦးဝင်းသန်း၊ ဦးအေးမောက်တို့ ပါဝင်ကြပြီး ဒီကနေ့ ညနေပိုင်းမှာ မြန်မာနိုင်ငံကို
ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။

ဒီခရီးစဉ်ကို ဂျာမန် FDP ပါတီနဲ့ နီးစပ်တဲ့ Friedrich Naumann Foundation က ဖိတ်ခေါ်ခဲ့တာဖြစ်ပြီး သီတင်းပတ် တစ်ပတ်နီးပါး ကြာမြင့်ခဲ့ပါတယ်။

ဇေကမ္ဘာနဲ့ လယ်ထွန်မင်္ဂလာ

Naung Taw Lay ဇေကမ္ဘာကုမ္ပဏီဟာ ဥပဒေကိုအလွဲသုံးစားလုပ်ရုံတင်မဟုတ်ဘဲ လေးစား လိုက်နာခြင်း မရှိကြောင်း သက်သေပြလိုက်ပါပြီ။ နေ့လည်ပိုင်းက ဘူဒိုဇာနဲ့ လယ်ကန်သင်းတွေကို ဆက်ဖျက်ဆီးနေတယ်လို့ လယ်သမားတစ်ဦးက အကြောင်းကြားပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဦး ကိုဆက်သွယ်အကြောင်းကြားပြီး ပြောတဲ့အခါမှာ ထပ်မံတားမြစ်တယ်လို့ သိရပေမယ့် ဇေကမ္ဘာကတော့ ဆက်လက်ဖျက်စီးတယ်လို့သိရပါတယ်။ (ကျေးရွာအုပ်ချုပ်ရေးမှူး ဓာတ်ပုံ)


 
မြို့နယ်အုပ်ချုပ်ရေးမှူးလာရောက်တားမြစ်သည်ကို နာခံပါကြောင်း လယ်သမား တာဝန်ခံ ဦးနေမျိုးဝေမှပြော ဦးအောင်နိုင်မှ ဥပဒေပြင်ပတွင် မည်သူမျှ မရှိသင့်ကြောင်းဆို၊ အုပ်ချုပ်ရေးမှူးဦးငြိမ်းထွေးမှ ဥပဒေအတိုင်း ဖြစ်ရပါမည်ဟု မယုတ်မလွန်ပြော။ လယ်သမားများကိုယ်စားလှယ်ဦးနေမျိုးဝေမှ လယ်ထွန်စက်များကိုလည်း အပြင်ထုတ်ပေးထားမည်ဖြစ်၍ ဘူဒိုဇာများကိုလည်း အပြင်ထုတ်ပေးထားရန် တောင်းဆို

   
မသိလို့ပဲ မိုက်လေသလား သိရက်နဲ့ လူမိုက်နဲ့ပေါင်းပြီး မိုက်သွေးကြွလေသလား။ တုတ်ကိုင်လုံခြုံရေးဝန်ထမ်းထဲမှ တစ်ယောက်က မီဒီယာအဖွဲ့မှာပါလာသော မိန်းခလေးများကို ကြည့်၍ အဲဒီကောင်မလေး သေသေချာချာရိုက်ထား လိုအပ်ရင် ခိုင်းစားရအောင် ဟုပြောသည်ကို လူကြီးပိုင်းတစ်ဦးမှ မလိုအပ်တဲ့စကားမပြောရန်

 
မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ လယ်သမားများအား ထွန်ယက်ခြင်း မပြုရန် တားမြစ်ပြီး လယ်သမားများမှလည်း သက်ဆိုင်ရာ ညွှန်ကြားချက်ကို လိုက် နာပါ့မည့်အကြောင်း ပြောကြားပြီး ဇေကမ္ဘာကုမ္ပဏီမှ ဘူဒိုဇာထိုးနေသည်ကို သွားရောက်တားမြစ်။ မီဒီယာများမရောက်မီထွက်ခွာသွားသည့်အတွက် မည်သို့ညွှန်ကြားလိုက်သည်ကို မသိရ ( ဓာတ်ပုံအဝေးကစွဲရိုက်)

ဇေကမ္ဘာကုမ္ပဏီ မန်နေဂျာကြီး ဦးမြင့်ဇော်က မီဒီယာသမား တစ်ဦး၏ အမေး ကို ပြန်လည်ဖြေကြားခြင်းမရှိ တစ်ပတ်အတွင်း အဖြေသိလိမ့်မည်ဟု ပြော
 
ဇေကမ္ဘာကုမ္ပဏီ၏ လုံခြုံရေးအင်အား။ လယ်သမားများကို မနေ့က လာရောက်ခြိမ်းခြောက်ကြောင်း သိရ။ ဦးမြင့်ဇော်အပါအ၀င် သွေးမြေကျလိမ့်မည်ဟုပင် လယ်ကွင်းတဲနေ အိမ်ထောင်ရှင်မတစ်ဦး အားပြောကြားခဲ့ကြောင်း သိရ

ရွှေနံသာလယ်သမားများ၏ လယ်ထွန်မင်္ဂလာ သက်ဆိုင်ရာမှ တားမြစ် လယ်သမားများမှ တားမြစ်ချက် ကိုလိုက်နာပါကြောင်း၊ ဇေကမ္ဘာကုမ္ပဏီမှ တရားလက်လွတ် လုပ်ကိုင်နေခြင်းအပေါ် တားမြစ်ပေးရန်လည်း တောင်းဆိုခဲ့ကြသည်။

 
လယ်သမားများနှင့် ဦးနေမျိုးဝေ၊ ဦးမိုးကောင်း၊ ဦးအောင်မျိုးဦး ဦးကျော်ခေါင်ဆို့ မနက် လယ်ထွန်မင်္ဂလာအတွက် စောင့်စိုးင်းနေကြစဉ်
    

၈ လုံးမပါတဲ့အစည်းအဝေး

Tun Wai<br/>သမ္မတရုံးက အတည်ပြုပေးတဲ့ ၈ လုံးရဲ့ အနားယူခြင်း........ သမ္မတရုံးရဲ့ ဒီကနေ စတင် လွှင့်တင်လိုက်တဲ့ အင်တာနက် ၀က်ဆိုက်စာမျက်နှာပါ ယနေ့ နေ့စွဲနဲ့ သမ္မတရဲ့ အစည်းအဝေး မှတ်တမ်ဓာတ်ပုံကနေ အခုလို သီဟ သူရ တင်အောင်မြင့်ဦး အစည်းအဝေး မတက်ရောက်ဘူး ဆိုတာ သက်သေပြလိုက်ပါပြီ။ ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းဘဲ တက်ရောက်ပြီး နောက် ဒု-သမ္မတ တင်အောင်မြင့်ဦး မတက်ရောက်ဘဲ ခုံလွတ်ကို ဒီနေ့ မနက် ၉ နာရီက သမ္မတရုံး အစည်းအဝေးက ဓာတ်ပုံနဲ့ အဲဒီလို သက်သေထူလိုက်တာပါဘဲ။ ဒီသတင်းထဲမှာလည်း ပိုပြီး ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်သွားမှာဖြစ်ကြောင်းပါတဲ့....<br/><br/> Nik Nayman

ကချင်အမျိုးသမီး အစည်းအရုံး ထိုင်းနိုင်ငံ တာဝန်ခံ မွန်းနေလီ နှင့် မေးမြန်းခန်း။

DVB TV News

သတင်းရေးသူအား ဖော်ထုတ်ခွင့် မရှိကြောင်း The Voice Weekly ရှေ့ နေ လျှောက်လဲချက်ပေး

The Voice Weekly
ရန်ကုန်၊ မေ ၁၁

သတ္တုတွင်း ဝန်ကြီးဌာနနှင့် The Voice Weekly တို့၏ စတ္ထုတ အကြိမ်မြောက် ရုံးချိန်းကို ဒဂုံမြို့ နယ် တရားရုံးတွင် ယနေ့ နံနက် ၁၁ နာရီခန့်က ပြုလုပ်ခဲ့ရာ သတင်း ရေးသားသူအား စာနယ်ဇင်း ကျင့်ဝတ်နှင့် အခြေခံ ဥပဒေပါ ပြဌာန်းချက်များ အရ ဖော်ထုတ်ခွင့် မရှိကြောင်း The Voice Weekly ၏ အကျိုးဆောင်ရှေ့ နေ ဦးသိန်းညွှန့်က လျှောက်လဲချက် ပေးခဲ့သည်။

ဝန်ကြီးဌာန အချို့ ၏ကျပ်သိန်းထောင်ချီ အလွှဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ သတင်းနှင့် ပတ်သတ်၍ သတ္ထုတွင်း ဝန်ကြီးဌာနက အယ်ဒီတာချုပ်၊ ထုတ်ဝေသူနှင့် သတင်း ရေးသားသူ တို့ကိုအသရေ ဖျက်မှုဖြင့် တရားစွဲဆိုခဲ့ရာ The Voice Weekly ၏ အကျိုးဆောင် ရှေ့ နေက ဝန်ကြီးဌာနသည် သတင်း ရေးသားသူအမည်ကို အတိအကျ ဖော်ပြပြီး တရားစွဲဆိုရမည် ဖြစ်ကြောင်း၊ စာနယ်ဇင်း ကျင့်ဝတ်အရ သတင်းရင်းမြစ်နှင့် သတင်းရေးသားသူတို့ကို ဖော်ထုတ်ခွင့် မရှိကြောင်း သမိုင်းအစဉ်လာများအရလည်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း အယ်ဒီတာအဖြစ် ဆောင်ရွက်နေသည့် အိုးဝေ ဂျာနယ်တွင် ‘ငရဲခွေးကြီး လွတ်နေပြီ’ ဆောင်ပါး ရေးသားသူအား တက္ကသိုလ် အာဏာပိုင် ဗြိတိသျှ လူမျိုးတို့က ဖော်ထုတ်ပေးရန် အယ်ဒီတာကိုအောင်ဆန်းကို ပြောဆိုရာ ကိုအောင်ဆန်းက ရေးသူ ကိုညိုမြမှန်း သိနေသော်လည်း စာနယ်ဇင်း ကျင့်ဝတ်အရ မဖြစ်နိုင်ကြောင်း ငြင်းဆန်ခဲ့သဖြင့် တက္ကသိုလ် အာဏာပိုင်တို့က ကိုအောင်ဆန်းကို ကျောင်းထုတ်ပစ်လိုက်ရာ ရန်ကုန်တက္ကသိုလ် ပထမ ကျောင်းသား သပိတ်ကြီး အစပြုဖြစ်ပွားရာမှ (၁၃၀၀) ပြည့် အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့သည်ဟု တရားရုံး တရားခွင်၌ လျှောက်ထားခဲ့သည်။

ပြီးနောက် The Voice Weekly ၏ ရှေ့ နေက ဆက်လက်၍ လျှောက်လဲချက် ပေးရာတွင် စာနယ်ဇင်းကျင့်ဝတ် အမှတ်စဉ် ၅ မှာပါတဲ့ "သတင်းစာသမားတို့သည် မိမိကိုယုံကြည်၍ ထုတ်ဖော်ပြောဆိုလိုက်သော သတင်းရင်းမြစ်တို့၏ လုံခြုံရေးကို အလေးထားသောအားဖြင့် အထူးသိပ်သည်းလျှို့ဝှက်ထားရမည်" ဆိုတဲ့ အချက်နဲ့လည်း ထပ်ဆင့်ရှင်းပြခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်များအရ ‘နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးဌာ ပြဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် မိမိ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေပိုင်ခွင့်’ ရှိကြောင်း လျှောက်လဲချက် ပေးခဲ့ကြောင်း သိရသည်။

သတ္ထုတွင်း ဝန်ကြီးဌာန၏ ရှေ့ နေက ငွေကြေးအလွဲသုံးစားပြုသည် ဆိုသော အရေးအသားသည် သတ္တုတွင်းဝန်ကြီးဌာန၏ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း၊ သတင်းရေးသားသူမှာလည်း တာဝန်ရှိကြောင်း၊သတင်းရေးသားသူ၏ အမည်ကို The Voice Weekly အယ်ဒီတာချုပ်က သိနေပါလျှက်တမင်သက်သက် ထိမ်ချန်ထားပါသဖြင့် ဖော်ထုတ်ပေးရန် တာဝန်ရှိကြောင်း ယခင်တရားခွင် ကဲ့သို့ ပြန်လည် လျှောက်ထားခဲ့သည်။

အဆိုပါ စတုထ္တ အကြိမ် မြောက် တရားခွင်သို့ ပထမအကြိမ် ရုံးချိန်းမှ စ၍ မပျက်မကွက် တက်ရောက် သတင်း ရယူခဲ့သော Eleven Journal၊ Messenger Journal၊ Venus Journal၊ Yangon Times နှင့် နိုင်ငံခြား သတင်းမီဒီယာများမှ သတင်းထောက်များသာမက Myanmar Journalist Association ဖြစ်မြောက်ရေး ကော်မတီဝင်များ၊ Myanmar Journalist Union ဖြစ်မြောက်ရေး အဖွဲ့ဝင်များပါ တက်ရောက် သတင်းရယူခဲ့သည်ကို တွေ့ရှိရသည်။

သတင်းရေးသားသူအား ဖော်ထုတ်ရန် ကိစ္စနှင့် ပတ်သတ်၍ အပြီးသတ် အမိန့်ကို မေလ ၂၃ရက်နေ့တွင် အမိန့်ချမှတ်မည် ဖြစ်ကြောင်း The Voice Weekly အကျိုးဆောင် ရှေ့ နေကပြောကြားသည်။

နိုင်ငံတကာက ရင်းနှီးမြုပ်နှံမှုတွေကို တိုင်းရင်းဒေသတွေမှာလဲ

DVB TV News
နိုင်ငံတကာက ရင်းနှီးမြုပ်နှံမှုတွေကို တိုင်းရင်းဒေသတွေမှာလဲ ပြုလုပ်ကြဖို့ကို ဒေါ်အောင်ဆန်းစုကြည်က ပိုလန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ပူးတွဲလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းလိုက်ပါတယ်။

ဆီးရီးယားမှာ မြန်မာတံငါးသည်တွေ

DVB TV News
ငါးဖမ်းနေစဉ် မုန်းတိုင်းမိပြီး မျောပါသွားခဲ့ မြန်မာတံငါးသည်တွေဟာ ဆီးရီးယားနိုင်ငံမှာ ၁နှစ်ကျော် ကြာ သောင်တင်နေပါတယ်။

ဆရာတော်မျက်ရည်ကျတဲ့အစိုးရ

DVB TV News
က၀မြို့နယ် ဖလေးကျေးရွာအုပ်စု ကုန်းကြီးရွာ ရတနာမာန်အောင်ကျောင်းထိုင် ဆရာတော်ဦးပဏ္ဍိတကို ကျောင်းကနေဖယ်ပေးဖို့ ခရိုင်အုပ်ရေးမှုနဲ့ ရဲတပ်ဖွဲ့ဝင်တွေက လာရောက်ပြောဆို တယ်လို့သိရပါတယ်။

မအူပင်သူနွယ်နွယ်ထွန်း

မြေနီကုန်းစမ်းချောင်းလမ်းထိပ်မှာ သူ့ပုံနဲ့ တာယာကြော်ငြာစိုက်ထားတယ်။သူ့ညီမ မိုးမြင့်သဇင်က ဒီနှစ် (၂၀၁၂)အကယ်ဒမီပွဲမှာ ဗန်းကိုင်တယ်။
Mg Satan

မြန်မာသံရုံးရှေ့မှာ ဆန္ဒပြရန်

ဒဏ္ဍာရီပုံပြင်မှာ ရှိသွားလေပြီလား

မနေ့ ကကုန်လွန်ခဲ့ သည်ကို အတိတ်ကလို့  ပြောသည်။ ကနေ့ ကို ပစ္စုပန်ခေါ်ဆိုပြီး မနက်ဖန်ကို ကနေ့ ၏ အနာဂါတ်ဟု ပြောဆိုကြသည်။ သည်တော့ ကနေ့ ၏ နောင်လာမည့် နှစ်( ၅၀ ) တွင်မူ ဒဏ္ဍာရီပုံပြင်လို ဖြစ်နေသော စာသားကလေးက မြန်မာသံရုံးရှေ့မှာ ဆန္ဒပြရန် ဆိုသော စာသားဖြစ်တော့မည်သေချာသွားပြီ ။ တကယ်မူ ဤစာသားမှာ ကျွန်တော်တို့  နှစ်ပေါင်း( ၂၀ ) တိုင်တိုင် စွဲမက်ခဲ့ သော ရေးသားနေခဲ့ သော မြင်တွေ့ နေကြဖြစ်သော စာသားကလေးဖြစ်သည်။ မြတ်မြတ်နိုးနိုးလည်း ရှိသော စာသားကလေးဖြစ်သည် ။ ဖိတ်စာကလေးတွင် ယ်းသို့ ပါလာပြီဆိုလျှင် အစည်းအဝေးသို့  တက်ရောက်ပါရန် ဆိုသော စာမျိုးထက် ပိုမို၍ ရင်ကိုခုန်စေကာ တက်တက်ကြွကြွ ရှိခဲ ကြခြင်းကိုလည်း ထာဝရဖြစ်ပေါ်ခဲ့ သည့်စာသားဖြစ်သည်။ သို့ သော်ခုတော့ နိုင်ငံတကာကိုရောက်နှင့်နေကြသော ဒီမိုကရေစီအတိုက်အခံ ရဲဘော်ပုရိသတို့ အပေါင်းမှာ ဤဖိတ်စာမျိုးကို မမြင်မတွေ့ ရသည်မှာ ကြာခဲ့ ကြပါပကော ။
၂၀၀၈-ခုနှစ်နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရေးကို ထောက်ခံသည့် ရွေးကောက်ပွဲ မပြုလုပ်ခင် -၂၀၀၆--ခုနှစ်က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ တွင် စကားရည်လုပွဲ ပြုလုပ်ခဲ့ ကြသည် ။ မဲပေးရေး၌ ပေးရေး မပေးရေး စကားစစ်ထိုးပွဲ ဖြစ်သည်။ ကျွန်တော်တို့ က နယူးဒေလီမြို့ တွင် နိုင်ငံရေးအခန်းအနား၌ ပုံမှန်ဟောပြောနေကြမို့  စကားရည်လုပွဲ ကျင်းပကြခြင်းဖြစ်သည်။ ကျွန်တော်၏ အဖွဲ့ မှာ မောင်လူကြီး ၊ ကီးလဲအောင်( အမေရိက ) နှင့် ကူကီးလူငယ်တဦးဖြစ်သည်။ သူ့ နာမည် မှတ်မမိတော့ ။ အခြားတဖက်မှာ မြင့်အေး ( ယခုနော်ဝေး ) ၊သိန်းမြင့် ( သြစတေးလဲယား ) ၊ နှင့် အခြားနှစ်ယောက်ဖြစ်သည်။ အမှတ်ပေးဒိုင်လူကြီးတွေမှာ ဆရာတော် ဦးပညာဝရ ( ယခုသြစတေးလဲယား ) ၊ ဦးသန်းစိန် ( သြစတေးလဲယား -ကွယ်လွန် ) ။ ဒေါက်တာဇေါ်ဝင်းအောင် ( အမေရိက )တို့ ဖြစ်ကြသည်။ ဟောပြောပွဲကို မြန်မာ့ရိပ်သာတွင် ပြုလုပ်မည်ဟု ကြေညာထားရာ တချို့ မှာ တကူးတက ကျောင်းပျက်ခံ အလုပ်ပျက်ခံနှင့် လာရောက် နားထောင်ကြသူများဖြစ်သည်ကို တွေ့ ရသည်။
ပျော်စရာကောင်းသော စကားရည်လုပွဲကို မမြင်သည်မှာ မတွေ့ သည်မှာ ကြာနှင့်ပြီဖြစ်သော တက္ကသိုလ်ကျောင်းသားများ ၊ အထက်တန်းကျောင်းသားများတို့ မှာ စကားရည်လုပွဲကို ကြည့်ပြီး အထူးပင် သဘောကျမှန်းသိသာရပါသည်။ ခန်းလုံးပြည့်နေသော ယင်းနေ့ က မြင်ကွင်းကို ကျွန်တော် မမေ့ နိုင် ။ မှတ်မှတ်ရရပြောရလျှင် စစ်အစိုးရက ပြုလုပ်မည့် -၂၀၀၈-ဖွဲ့ စည်းပုံကို မဲမပေးရေးဖက်က ကျွန်တော်တို့ က ဟောပြောမည်ဆိုတော့ ပြန်လည်ချေပရမည့်သူများမှာ အချက်အလက်တွေ စုဆောင်းရတာတွေကိုလည်း ကြားနေရရာ ပို၍ပင် စိတ်ကြည်နူးစရာတွေ ဖြစ်နေခဲ့ ကြရသည်။ အကြောင်းမှာ ကျွန်တော်တို့ ကို ပြန်လည်ချေပရအောင် အချက်အလက် နည်းပါးလှသော သူတို့ မှာ စစ်အစိုးရ၏ ကောင်းကျိုးကို ရှာမတွေ့ ၍ တကြောင်း ပြီးတော့ ကျွန်တော့်အား ပြန်လည်စကားစစ်ထိုးရာ၌ ရှုံးနိမ့်သွားမည်မှာ သေချာနေသည်မို့  သူတို့ ခမြာ တော်တော် အချက်အလက် ရှာဖွေရပါတော့သည် ။
ယင်းအချိန်က ပြည်ပမှာလည်း မဲပေးရေး မပေးရေးဆိုသည်မှာ နှစ်ဖက် ချိန်ခွင်ရှာဖြစ်နေသောအချိန်မို့  ယခုလိုစကားစစ်ထိုးပွဲ ပြုလုပ်ကြခြင်းလည်းဖြစ်သည်။ နိုးဘုတ်ဖက်မှ ကျွန်တော်တို့ မှာ စစ်အစိုးရ၏ ဆိုးကျိုးများကို အရသာခံကာ ပြောရမည်ဆိုပါက တထောင့်တညပုံပြင်လို ပြောနိုင်သည်မို့ အခက်အခဲ ဘာမျှမရှိ ။ နားထောင်ပေးရုံသာလိုသည်။ ပရိသတ်ကသာ နားထောင်မည်ဆိုလျှင် ကျွန်တော်တို့ က ပြောနိုင်သည့်သူများဖြစ်သည် ။ ကျွန်တော်တို့ မှာ စာရွက်ကို ကြည့်မပြောဘဲ နိုင်ငံရေးတရားဟောနေသော သူများဖြစ်ရာ ယခုလို စကားရည်လုပွဲ ပြောရပြီဆိုတော့ ပို၍အာသွက်ခြေသွက် ရှိကြသည်။ မှတ်မိပါသေးသည် ။ ယင်းနေ့ က ကျွန်တော်၏ ပထမဦးစွာ ပရိတ်သတ်ကို မျက်နာမူပြီး စကားပလ္လင်ခံကာ ပြောခဲ့ သော စကားကို နားထောင်ဖူးကြခဲ့ သော နိုင်ငံတကာမှရောက် သူတွေသည်ပင် ကျွန်တော့လို့  မှတ်မိကြမည် သေချာပါသည်။ ယင်းစကားက ၀င်းမော်ဦးရေ - သမီးကို အမျှ မဝေသေးဘူးဟေ့- ဆိုသော အသံကို ကျွန်တော်ခန်းလုံးညံကာ အော်ပြီး စကားရည်လုပွဲကို စတင်ဖွင့်လှစ်ခဲ့ ခြင်းဖြစ်သည်။ အခြားမှတ်မိချင်စရာ ကောင်းလောက်အောင် တခုကလည်း ရှိနေသေးသည် ။ ကုန်ဈေးနုံးကျဆင်းရေးအတွက် ကိုထင်ကျော် ဆန္ဒပြပြီး ဖမ်းခံရတော့ ကျွန်တော်တို့ က ဆန္ဒပြ့ပွဲ ပြုလုပ်ကြမည် စီစဉ်ကြသည် ။ မင်းကိုနိုင်တို့ အုပ်စုက လမ်းပေါ်ထွက် ဆန္ဒပြတော့ စစ်အစိုးရက ဖမ်းဆီးသွားသည်ကို ကြားရသည် ။ ထို့ ကြောင့် ကျွန်တော်တို့ မှာ နယူးဒေလီမြို့ ရှိ ဗိကပ်စ်ပူရီ ရပ်ကွက်မှာ မြို့ တွင်းရှိ ဂျန်တားမာတား ပန်းခြံနားထိ ခြေလျှင် လမ်းလျှောက် ဆန္ဒပြကြသည်။ ပူပြင်းသော နယူးဒေလီ၏ ရာသီ၌ ချွေးဒီးဒီးကျ လမ်းပေါ်ဆန္ဒပြသည်ဆိုခြင်းမှာ ပင်ပမ်းနွမ်းရိသော်လည်း စိတ်ဓါတ်တွေမာကြောလွန်း၍ ပူမှန်းမသိ လောင်မှန်းမသိ ။ ယင်းအစီအစဉ်ကို မြင့်သန်းထူး ( ယခု အမေရိက ) နှင့် ကျွန်တော်က ဦးဆောင်ခြင်းဖြစ်သည် ။သို့ သော် ကျွန်တော်တို့ မှာ မြို့ တွင်းသို့  ရောက်အောင် မသွားလိုက်ရ ။ ရဲမှတားဆီးကာ လမ်းလျှောက်ဆန္ဒပြသူ ကျွန်တော်တို့ အားလုံးကို ရဲကားပေါ်တက်စေပြီး ဆန္ဒပြသည့် ခွင့်ပြုထားသော နေရာသို့  ရောက်အောင်ပို့ ပေးပါတော့သည် ။
ပြည်တွင်း၌ လမ်းပေါ်ထွက် ဆန္ဒပြ၍ မတရားဖမ်းဆီးခံရသောကြောင့် ကျွန်တော်တို့  လမ်းပေါ်ထွက် ဆန္ဒပြခြင်းမှာ ထပ်တူခံစားကြ၍ဖြစ်ကြောင်း ပြသခြင်းဖြစ်သည်။ ၂၀၁၀-ရွေးကောက်ပွဲ မတိုင်ခင် ရွေးကောက်ပွဲဝင်ရန်အတွက် ပြည်ပသို့  ရှေးဦးစွာ ထွက်လာကြသော သူတို့ မှာ ကြံ့ ဖွံ့ပါတီမှ မဟုတ် ။ နိုင်ငံရေးပါတီများဖြစ်၍ ကျွန်တော်တို့ မှာ စစ်အစိုးရကို ကန့် ကွက်နေသည့်ကြားက ယင်းနိုင်ငံရေးပါတီများကို ဆန့် ကျင်ကန့် ကွက်ကြရပြန်သည် ။ တချိန်တည်းမှာ နိုင်ငံရေးပါတီတွေ မှိုလိုပေါက်လာကြပြီးနောက် ရွေးကောက်ပွဲကြီးကလည်း ဖြစ်မြောက်ပြီးစီးသွားတော့သည် ။ ယင်းအချိန်၌ ကျွန်တော်တို့ မှာ ထုံးစံအတိုင်း နိုးဘုတ်တွေဘဲ ဖြစ်သည် ။ မှတ်မှတ်ရရ ပြောစတမ်း ဆိုလျှင် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ကလည်း နိုးဘုတ်ဘဲဖြစ်သည် ။ ကျွန်တော်တို့ မှာ စစ်အာဏာရှင်ဆန့် ကျင်ရေးနှင့် ဒီမိုကရေစီရရှိရေးအတွက် အတိုက်အခံများပီပီ ရွေးကောက်ပွဲ ပြီးစီးသော်လည်း နိုးဘုတ်နှင့် နှစ်ပါးသွားဆဲ ၊ ပန်းပန်ဆဲ ။ အခြားတဖက်မှာ နိုင်ငံတကာကလည်း ကျွန်တော်တို့ ၏ ဆန္ဒတွေနှင့် တထပ်တည်းကျနေကာ မည်သူမျှ စီးပွါးရေးပိတ်ဆို့ မှုတွေကို ဖယ်ရှားမည်ဟု ဘယ်သောအခါမျှ မပြောဆိုကြ ။
၂၀၁၂- ကြားဖြတ်ရွေးကောက်ပွဲတွင်မူ ကျွန်တော်တို့ ၏ နိုးဘုတ်မှာ ချက်ချင်း ပျောက်ကွယ်သွားရတော့သည် ။ ထာဝရနိုးနေခဲ့ သော ကျွန်တော်တို့ ၏ နိုင်ငံတကာမဟာမိတ်တို့ မှာ ပြန်လည်နိုးထ သွားကြရတော့သည် ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ကြားဖြတ်ရွေးကောက်ပွဲကိုဝင်တော့ နိုးဘုတ်သမားတို့ မှာ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီမှ ၀န်ကြီးချုပ်ဟောင်း ဦးနု၏ သမီးဖြစ်သူ ဒေါ်သန်းသန်းနု ပြောသလို တရားခံဖြစ်သွားရတော့သည် ။ ဒေါ်သန်းသန်းနုက ၂၀၁၂-ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စဉ်က ရေဒီိယိုမှ ပြောကြားရာမှာ အတိုက်အခံတွေက နိုးဘုတ်လုပ်နေတာတောင်မှ သူတို့ က ရွေးကောက်ပွဲကို ဖြစ်မြောက်အောင် ကြိုးပမ်းခဲ့ သူများဟု ပြောဆိုသွားရာ အတိုက်အခံဆိုသူ ကျွန်တော်တို့ မှာ သူမပြောသလို တရားခံ လုံးလုံးဖြစ်သွားရသည် ။ သူတင်မဟုတ်တော့ ။ ယခုဆိုလျှင်အတိုက်အခံများဟု ပြောဆိုခံရသူများမှာ ယခုမှ ငါးပါးကြီးမှောက်သည့်အလား ဖြစ်နေရပြီ ။
ကျွန်တော်တို့ ၏ ခြေလက်များမှာ ယခုမှ တုပ်နှောင်ခံနေရသည်ဟု ထင်ရသည် ။ ပါးစပ်ပေါက်တွေ ပိတ်ထားရသည်ဟု ထင်ရသည်။ လွပ်လွပ်စွာပြောဆိုခွင့်တို့ သည် အလိုလို ပျောက်ကွယ် သွားသည်ဟု ထင်ရသည် ။ ယင်းအခြေအနေများကို ကျွန်တော်တို့  သတိထားကြည့်သောအခါ စစ်အာဏာရှင်ဗိုလ်ချုပ်မှူး ကြီးသန်းရွှေ၏ ဂယက်တွေကို တသီကြီး တွေ့ နေရသည် ။ ရန်ကုန်နှင့် မန္တလေးမြို့ မှာ ဆန္ဒပြပွဲတွေ ဖြစ်လျှင် စစ်အစိုးရက ပြုတ်ကျသွားနိုင်သည့် ပြသနာကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခန့် မှန်းသိရှိထားပြီးဖြစ်သည်။ ထို့ ကြောင့် နေပြည်တော်မြို့ တွင် ဗိုလ်ချုပ်မှူးကြီးတို့  တပြုံလုံး ပြောင်းရွှေ့ နေထိုင်ပြီးမှ ရန်ကုန်ရှိ နိုင်ငံရေးလောကမှ သိရှိသွားကြရသည် ။ ပြည်ပမီဒီယာဆိုသော သတင်းဋ္ဌာနများနှင့် ရေဒီိယိုအသံလွှင့်ဋ္ဌာနများက ဘာမှန်းတောင် မသိလိုက်ကြ ။ မည်သို့ ဆိုစေ ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မီတီ ဆိုသည်မှာ နေပြည်တော်၌ ပြည်သူ့  လွှတ်တော် တည်ဆောက်နေသည်ကိုပင် သတင်းအစအန မသိခဲ့ သည်မှာ ထင်ရှားသည် ။
မြန်မာနိုင်ငံ တနိုင်လုံးက စီးပွါးရေးကျဆင်းနေမူများနှင့် နိုင်ငံရေးအကျပ်အတည်းများကို ဖြေရှင်းနေကြချိန် အကောင်းဆုံးလက်နက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားပြီးနောက် သူတို့  လုပ်ချင်သလို လုပ်နိုင်သော အခြေနေတို့ ကို ဖန်တီးခဲ့ သည်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စိတ်ဓါတ်စစ်ဆင်ရေး နည်းပညာများဖြစ်နေသည်ကို တွေ့ ရသည် ။ ပါးစပ်က တလုံးတလေတောင်မျှ ဒီမိုကရေစီကို လမ်းဖွင့်ပေးမည်ဟု မပြောခဲ့ သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ သူတည်ဆောက်ထားနှင့်ခဲ့ သော နေပြည်တော် မျိုးဆက်သစ် အာဏာရှင်အဖွဲ့ ကို ခိုင်ခန့် စွာ တည်ဆောက်ပြီးနောက် ဦးသိန်းစိန်ကို သိက္ခာရှိစွာဖြင့် နေရာချထားပေးလိုက်သည် ။ ကမ္ဘာကြီးသည် စစ်အာဏာရှင်တို့ ၏ အာဏာစက်များ ကြီးစိုးရာ နယ်မြေဖြစ်သော နေပြည်တော်ကို ဒီမိုကရေစီ အလောင်းအလျာများ မွေးဖွါးရာနယ်မြေလို့  မှတ်ယူထားလေပြီလား မပြောတတ် ။ ပြောနိုင်သည်မှာ တခုသာရှိသည် ။ ယင်းကားဗိုလ်ချုပ်မှူးကြီးသန်းရွှေကို မေ့လျှော့ထားပေးလိုက်ခြင်းဖြစ်သည် ။
ထာဝစဉ်စိုးရိမ်ပါသည်ဟု ပြောသော ကုလ၀မဂ္ဂအဖွဲ့ ချုပ်မှ အထွေထွေအတွင်းရေးမှူးသည် ယခုအချိန်မှာ စိုးရိမ်ပါသည် ဆိုသော စကားကို မပြောတော့ ။ သူမပြောတော့သည့်အချိန်မှာ ကချင်လူမျိုးတွေ အတိဒုက္ခရောက်နေကြရသည် ။ စစ်ပြေးဒုက္ခသည်တွေ ဖြစ်နေရသည် ။ ကချင်လူမျိုးတွေ စစ်ပြေးဒုက္ခသည်ဖြစ်နေပြီး ပြည်တွင်းစစ်ဖြစ်ပွါးနေသည်ကို စိုးရိမ်သည်ဟု မပြောခဲ့ သော သူတို့ မှာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို မေ့လျှော့နိုင်သည်မှာ လွန်စွာလှပသော သဘာဝ ကျပါသည် ။ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဖြစ်မြောက်ရေးအတွက် လက်နက်ကိုင် အဖွဲ့ အစည်းများနှင့် တွေ့ ဆုံဆွေးနွေးပွဲ လုပ်နေရာ ယင်းဖြစ်စဉ်ကို ကြည့်ပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုးတက်မှုများ ရှိနေသည်ဟု ပြောတော့ ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်းမရှိ ။ စစ်တပ်က စခမ်းတွေတိုးချဲ့  ချထားပြီး တိုင်းရင်းသားနယ်မြေက တလက်မမှ မဆုပ်ခွာသေးသောကြောင့် တိုင်းရင်းသားလူမျိုးများ နယ်မြေတွင် မည်သို့ သော ငြိမ်းချမ်းရေးကို ရကြပါမည်နည်း ။ တလောက ကြားလိုက်ရပါသည် ။ ကရင်အမျိုးသားစည်းရုံးရေးနှင့် မွန်ပြည်သစ်လက်နက်ကိုင် ပါတီကို မော်တော်ကားနှစ်စီး လက်ဆောင်ပေးလိုက်သည်ဟု ။ ဆက်ဆံရေးရုံးမှာ ယင်းကားများကို သွားလာရေးလွယ်ကူရန် ပေးလိုက်ခြင်းဟု ကြားရခြင်းဖြစ်သည် ။ မကြာပါ ။ ကရင်အမျိုးသားအစည်းရုံးအဖွဲ့ ရုံးကို ပြန်လည်ပြီး ကြံ့  ခိုင်ရေးရုံးအဖြစ် ပြုလုပ်သွားသည်ဆိုတော့ ညစ်ပတ်လွန်းတာများ ပေါ်လွင်နေသည်ကို သိသာနိုင်သည်။ လောလောဆယ် နိုင်ငံရေးပြသနာ တခုမှာ ဒေါ်အောင်ဆန်းစုကြည်တို့ က ဇူလိုင်လ လွှတ်တော် ခေါ်ယူချိန်မှာ ရာထူးနေရာ လက်ခံကြရတော့မည်ဖြစ်သည်။ ကော့မှူးမဲဆန္ဒနယ်က ရွေးကောက်တင်မြှောက်ခ့ရသော လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်မှာ သမတဖြစ်နိုင်ခြေ ရှိပါသလားဟု ဂျာမဏီနိုင်ငံ ဘာလင်မြို့ တွင် မနေ့ က ကျင်းပသော အစည်းအဝေး၌ ဂျာမဏီနိုင်ငံမှ ပုဂ္ဂိုလ်များက မေးခွန်းထုတ်ကြသည် ။ ကြံ့ဖွံ့ မှ ဦးဝင်းဦးက ဒေါ်အောင်ဆန်းစုကြည်ကို အများက ရွေးချယ် လျှင် ကြိုဆိုပါသည်ဟု ပြောဆိုသွားသည် ။ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်မှ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ယခုဒုသမတ ရာထူးတွင်လည်း ရွေးကောက်ခံရနိုင်ဘွယ် မရှိကြောင်းနှင့် ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲမှသာ ဒေါ်အောင်ဆန်းစုကြည်မှာ သမတဖြစ်နိုင်သည်ဟု ပြောဆိုသွားသည် ။ ရှင်းရှင်းပြောရလျှင် ဒေါ်အောင်ဆန်းစုကြည်မှာ ကော့မှူးမဲ ဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသော်လည်း တကယ်တမ်းအားဖြင့် ဒေါ်စုအနေနှင့် ထိုက်တန်သော ရာထူးတနေရာကိုတော့ လက်ခံရယူရတော့မည်ဖြစ်သည် ။ အကြောင်းမှာ လွတ်တော်ကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်နှင့် ၀န်ကြီးတဦးဦး၏ လုပ်ပိုင်ခွင့်အာဏာမှာ သီးခြားစီဖြစ်သလို လွှတ်တော်ကိုယ်စားလှယ်တွေမှာ အရုပ်သာသာဖြစ်နေသည် ။
မည်သို့ ပင်ဆိုစေ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သာ ၀န်ကြီးတ နေရာရာကို လက်ခံ သွားပြီ ဆိုပါက အမျိုးသားင်္ဒီမိုကရေစီအဖွဲ့ ချုပ်မှ နုတ်ထွက်သွားရမည့် ကိန်းဖြစ်နေသည် ။ တချိန်တည်းမှာပင် မနုတ်ထွက်သွားရသော နေရာများတွင် နေမည်ဆိုပါကလည်း ဒီမိုကရေစီအတိုက်အခံတော့ မဟုတ်တော့ပြီမှာ သေချာသွားပါသည် ။ ယင်းကား သမတဦးသိန်းစိန်၏ စီမံခန့် ခွဲ့ ကြီးကြပ်ခြင်းကို ထိမ်းသိမ်းလိုက်နာပါမည်ဟု ကျမ်းသစ္စာကျိန်ဆိုထားခြင်း၏ ရလဒ်ပင်ဖြစ်သည်။ တဖက်မှာ ကျွန်တော်တို့  ဒီမိုကရေစီအတိုက်အခံများက ဒေါ်အောင်ဆန်းစုကြည် ရှိနေသော အစိုးရလောကကို ဆန့် ကျင်ဖီလာ နေကြရမည်လား ဆိုသည်ကို သတိထားလေ့လာကြရတော့မည်ဖြစ်သည် ။ ကျွန်တော်တို့  သိထားရမည်မှာ တော်လှန်ရေးကောင်စီလက်ထက်က ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာသိမ်းပြီးနောက် -၁၉၇၄-ခုနှစ်တွင် ပြည်သူ့လွှတ်တော် ပေါ်ပေါက်နေခဲ့ သည် ။ အစိုးရ ရှိနေခဲ့ သည် ။ သမတတွေ ရှိနေခဲ့ သည် ။သို့ သော် ယင်းအချိန်က မြန်မာနိုင်ငံသည် အဆင်းရဲဆုံးနိုင်ငံဖြစ်ပြီး တော်လှန်ရေးကောင်စီ အစိုးရအဖွဲ့ မှ ဗိုလ်ချုပ်တွေ ဗိုလ်မှူးတွေကသာ ကြီ။ပွါးချမ်းသာ သွားကြသည် ။ ပြည်သူလူထုမှာ ကုန်းကောက်စရာ မကျန်ခဲ့ ။ ယခုလည်း သမတက ရှိနေသည်။ ပြည်သူ့ လွှတ်တော် ရှိနေသည် ။ ကြီးပွါးချမ်းသာနေသူတွေမှာ စစ်ဗိုလ်ချုပ်တွေသာ ဖြစ်ပြီး ပြည်သူလူထုမှာ ကုန်းကောက်စရာ ပလက်စတိတ်နှင့် ဘူးခွံသာသာ ရှိနေသေးသည် ။ ဦးနေ၀င်းခေတ်နှင့် ယခုခေတ်တွင် ဘာများ ကွာခြားနေခြင်း ရှိနေသနည်းဟု သေချာဆန်းစစ်ကြည့်လျှင် ကွာခြားနေသည်ကို တခုတွေ့ ရမည်ဖြစ်သည်။ ယင်းမှာ အစိုးရကို ဖြုတ်ချရန် နိုင်ငံရေးသမားတွေ မရှိတော့သည်ကို ၀မ်းနည်းစွာ တွေ့ ရမည်ဖြစ်သည်။ ဦးနေ၀င်းခေတ်က ကိုကိုးကျွန်းပြန် နိုင်ငံရေးသမားတွေနှင့် တိုင်းရင်းသားလူမျိုးများ နိုင်ငံရေးသမားတွေမှာ တထောင်ဝင် တထောင်ထွက်နှင့် -၈၈-ခုနှစ်ထိ ရှိနေခဲ့ သည် ။ မကြာသေးခင်ကာလကထိ ဦးနေ၀င်း အစိုးရကို ဆန့် ကျင်နေခဲ့ သော နိုင်ငံရေးသမားများ လွပ်မြောက်လာသည်ကို ကြားကြရသည်။ ပြောချင်သည်မှာ ဒီမိုကရေစီအရေးနှင့် လူ့ အခွင့်အရေးအတွက် တရားသောနိုင်ငံရေးစနစ်ဖြင့် မည်သို့ မျှ ပြုလုပ်၍မရ ။ စစ်အာဏာရှင်တို့ သည် နိုင်ငံရေးသမားများအား မည်သို့ နည်းနှင့်မျှ အာဏာလွှဲပြောင်း ပေးချင်သည့်သူများမဟုတ် ။ သည်တော့ ယခုအချိန်တွင် သမတဥိးသိန်းစိန်အစိုးရက လွှတ်တော်ကိုယ်စားလှယ်တွေ အဖြစ် ဒေါ်အောင်ဆန်းစုကြည် နှင့် အခြားသော ပုဂ္ဂိုလ်တွေကို လွှတ်တော်ထဲ ဆွဲစေ့လိုက်သည်နှင့် မြန်မာနိုင်ငံ ဒီမိုကရေစီရောင်ခြည်သန်းသွားပြီ ဟု ပြောတော့ ကျွန်တော်တို့ က မယုံကြည် ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် စစ်အာဏာရှင်တွေ ပြုလုပ်ထားခဲ့ မှုတွေက တသီကြီး ရှိနေသည် ။ မြန်မာနိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ အတွက် စစ်အာဏာရှင်တွေ ကျူး လွန်ထားခြင်းများကို ဘယ်လိုနည်းနှင့်မျှ မေ့နိုင်ကြမည်မဟုတ် ။ ခုတော့ အတင်းမေ့ခိုင်းထားနေကြသလို ဖြစ်နေသည်။
ဗ်ုလ်ချုပ်ကြီး ခင်ညွန့် ကိုတောင်မှ ကျေးဇူးရှင်လိုလို ရေးသားခဲ့ ကြသော စာတွေကို ဖတ်ရတော့ ကျွန်တော်တို့  နိုင်ငံရေးပျက်စီးသွားပြီဆိုသည်ကို ခန့် မှန်းရသွားသည် ။ ယခုဗိုလ်ချုပ်မှူးကြီး သန်းရွှေကို မေ့ခိုင်းထားသလို ဖြစ်သွားတော့ ပိုဆိုးလာသည်။ တချိန်တည်းမှာ ဗြိတိန်နိုင်ငံမှ မြန်မာ့နိုင်ငံရေးအတိုက်အခံများက သမတဦးသိန်းစိန်ကို ကျေးဇူးတော်ရှင်အဖြစ် ဂုဏ်ပြုဆုတွေ ပေးလိုက်တော့ ကျွန်တော်တို့ မှာ နောက်ဆို စစ်အာဏာရှင်တွေကို ပေးနိုင်အောင် စာရင်းပြုစု ကောက်ယူရမလိုဖြစ်နေသည် ။ သည်တော့ တချိန်က မှတ်မှတ်ရရလေးတွေ ဖြစ်နေခဲ့ သော မြန်မာသံရုံးရှေ့ ကို ဆန္ဒပြရန် လာပါဟု ဆိုသော စာသားလေးမှာ ခုတော့ လှောင်နေသလို ဖြစ်နေပြီ ။ မည်သူမျှ ဖိတ်စာမပို့ တော့၍ ယခုအချိန်တွင် ကျွန်တော့်ထံသို့  ယင်းဖိတ်စာမျိုးကို မျှော်နေမိသည်။ မည်သည့်အတွက်ဆိုလျှင် စစ်အစိုးရ၏ ရုပ်သေးအစိုးရကို ဖြုတ်ချရန် ကျွန်တော်တို့ က မြန်မာသ့ရုံးရှေ့ မှာ ဆန္ဒပြမှဖြစ်မည် ။ ခုတော့ တချိန်က ကျွန်တော်တို့ ၏ ဆန္ဒပြရန် လာခဲ့ ပါဟု ခေါ်ဆိုခဲ့ သော ဖိတ်စာလေးမှာ ဒဏ္ဍာရီပုံပြင်ထဲကလို ဖြစ်သွားရရှာပြီဆိုခြင်းကို ကျွန်တော့်နုတ်မှ ပြောမထွက်အောင် ဖြစ်နေသည် ။ သို့ လင့်ကစား မည်သူ့ ကိုမျှ အပြစ်မတင်ရက် ။

ခိုင်အောင်ကျော် ( နယူးယောက် )

ရွှေဝါရောင်တော်လှန်ရေးမှာ ကျူးလွန်ခဲ့ ကြတာကိုကိုယ်စား တောင်းပန်

sandar thuria
ဂျာမဏီနိုင်ငံ ဘာလင်မြို့ ကို ရောက်ရှိနေတဲ့  ပါလီမန်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ဟာ ( Tagesspiegel ( Daily Mirror ) သတင်းစာတိုက်မှာ မနေ့ က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ ပါတယ်။ အဲဒီသတင်းစာရှင်းလင်းပွဲမှာ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဒေါ်အောင်ဆန်းစုကြည်ကို သမတရာထူး ခန့် အပ်နိုင်မလား အမေးကို ဖြေကြားရာမှာ နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံမှာ သမတအရည်အချင်းကို ဖေါ်ပြထားတာနဲ့  ပါတ်သက်လို့  ဒေါ်အောင်ဆန်းစုကြည်ဟာ သမတမဖြစ်နိုင်ကြောင်းနဲ့  ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဆင်ပြုပြင်နိုင်မှသာ သမတဖြစ်နိုင်လာမယ် ဆိုတာ ဖြေကြားသွားပါတယ် ။ ဂျာမန်လူမျိုး ဗုဒဒ္ဘာသာဝင်တဦးက သူဟာ ဗုဒ္ဒဘာသာဖြစ်လို့  -၂၀၀ရ-ခုနှစ်က ရဟန်းသင်္ဃာတော်တွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ ကြတာကို သိရလို့  စိတ်ထိခိုက်ခဲ့ ရပါတယ်တဲ့ ။ ဒါကို အခုအစိုးရက တောင်းပန်ဖို့  မရှိသေးဘူးလားလို့  မေးရာမှာ ကြံ့ခိုင်ရေးနဲ့  ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဦးက အဲဒီအချိန်မှာ ပြည်သူ့ လွှတ်တော် မရှိသေးလို့  လွှတ်တော်အတွင်းက တောင်းပန်ဖို့  မရှိခဲ့ ဘူး။ အခုအချိန်မှာ ပြည်သူ့ လွှတ်တော် ရှိလာပြီဖြစ်လို့  လွှတ်တော်ကိုယ်စားလှယ် တဦးအနေနဲ့  တောင်းပန်ပါတယ် ဆိုတဲ့ အကြောင်း ပြောကြားပါကြောင်း ဖြေဆိုသွားပါတယ် ။ အစိုးရအနေနဲ့  အခုလို ပြည်သူကို တောင်းပန်စေလိုတာကတော့ လိုအပ်နေတယ်လို့  အစည်းအဝေးမှာ လက်ခံပြောဆိုသွားကြပါတယ် ။

NLD နာယက ဦးတင်ဦး က Express Times ဂျာနယ်၏ စွပ်စွဲချက် အပေါ် မိန့်ခွန်းအတွင်း ထည့်သွင်းဖြေရှင်း

by Ko MawPyay on Friday, May 11, 2012 at 12:35pm ·
(အောက်က စာတွေအားလုံးဟာ ဘဘဦးတင်ဦး ဒီကနေ့ ပုဇွန်တောင်မှာပြောကြားတဲ့ မိန့်ခွန်းအတွင်းက Express Times ဂျာနယ်၏ လက်ရှိ စွပ်စွဲချက် အပေါ် လူကြီးတစ်ယောက်အနေနဲ့ ကြားဝင်ဖြေရှင်းပေးတဲ့ အနေနဲ့ ထည့်သွင်း ပြောကြားချက်တွေပါ... ကွင်းစ၊ ကွင်းပိတ် အပြင်က စာသားတွေဟာ ကျတော် မူဝါဒ တစ်လုံးမှမပါဘဲ ဘဘ ရဲ့ ဒီကနေ့ မိန့်ခွန်းကို မပြုမပြင် မူရင်းအတိုင်း တင်တာပါ... အသံဖိုင် ကျတော့်ဖေ့ဘွတ်သူငယ်ချင်းတွေ လိုချင်ရင် တော့ အိမ်တိုင်ရာရောက် ကျတော် လာပေးမယ်... )
ဒီနေရာမှာ ကျတော်ကတော့ လူကြီးတစ်ယောက်အနေနဲ့ မျှမျှတတ ပြောရပါမယ်... မနေ့ညက ကျတော်သတင်းနားထောင်လိုက်တဲ့အခါမှာ ပြည်ပမီဒီယာတစ်ခုက ဒေါ်အောင်ဆန်းစုကြည် ရဲ့လုံခြုံရေးလိုက် နေတဲ့ ပုဂိုလ်တစ်ယောက်ဟာ သတင်းထောက်ကို ကိုယ်ထိလက်ရောက်ဖြစ်တဲ့အတွက် ဒါကိုသူတို့ကနေပြီးတော့ သတင်းထောက်များရဲ့ MJN ခေါ်တာပေါ့...သူတို့က မီဒီယာကနေပြီးပြောသွားတဲ့ အဓိပါယ်မှာကတော့ဖြင့်ရင် ကျ တော်တို့ လုံခြုံရေးအဖွဲ့က ပုဂိုလ်ဟာ ကိုယ်ထိလက်ရောက်ပြုလိုက်တဲ့အတွက်ကြောင့်မို့ ဒီလိုဟာမျိုးနဲ့ပါတ်သတ် လို့ လုံခြုံမှုယူတဲ့သူတွေကို စိတ်ပျက်မိတယ်လို့ ဆိုတဲ့ အပြောကျတော်ကြားလိုက်ပါတယ်... ဒီနေရာမှာ ကျတော် ဟာ မျှမျှတတ ပြောပါရစေ လူကြီးတစ်ယောက်အနေနဲ့... ဒေါ်အောင်ဆန်းစုကြည် ရဲ့ လုံခြုံရေးဟာ ကျတော်တို့ အားလုံးရဲ့ အသက်တမျှအရေးကြီးတယ်ဆိုတာကိုတော့ ခင်ဗျားတို့နားလည်ဖို့လိုတယ်...ဟေးးး ဖြောင်းဖြောင်း ဖြောင်း (ပရိသတ်၏ တခဲနက် လက်ခုတ်သံ)... အဲ့ဒီတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ လုံခြုံရေးဟာ သက်ဆိုင်ရာ ပုဂိုလ်တွေမှာ အဓိကတာဝန်ရှိတယ် ဆိုတာကိုလဲ သူတို့ သဘောပေါက်ပြီးတော့ ထိုက်ထိုက်တန်တန် လုပ်ပေး နိုင်သလောက် လုပ်ပေးတာလဲ ရှိမယ်... သို့သော် လုံခြုံရေးဆိုတာ ဘယ်တော့မှ ပိုတယ်မရှိဘူး... အင်မတန် အ မြဲတန်း လိုနေတယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ တကယ်ကို သတိဝိရိယကြီးမားစွာနဲ့ စောင့်ရှောက်မှသာလျှင် လုံခြုံစွာ အောင်မြင်စွာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်... အဲ့လိုဖြစ်တဲ့ အရေးနဲ့ပတ်သတ်လို့ မျှမျှတတပြောရရင် သဘော ကတော့ လုံခြုံရေးယူတယ်ဆိုတာဟာ (အနည်းငယ် စဉ်းစားပြီး) ... ခင်ဗျားတို့ အားလုံးသိကြပါတယ် ... ဒေါ် အောင်ဆန်းစုကြည် ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းဟာ ပြည်သူလူထုက တခဲနက်ချစ်မြတ်နိုးတာဟာ ကျိကျိတက် ချစ်မြတ်နိုးပါတယ်... ကျတော်တို့ခောတ် မှီပါတယ်...ဒီလိုပါပဲ အလားတူပဲ ပြည်သူလူထုက ရောက်ရာအရပ်မှာ တိုးကြိတ်၊ တိုးဝှေ့ပြီး သူတို့ရဲ့ ယုံကြည်အားကိုတဲ့ စိတ်ဓါတ်ကို ပြတာကို တွေ့ဖူးပါတယ်... အဲ့ဒီအခါမှာ ဗိုလ်ချုပ် အောင်ဆန်းကလဲ ပြည်သူလူထု အားလုံးရဲ့ ချစ်မြတ်နိုးမှုကို ယုံကြည်တယ်...သို့သော်လဲပဲ ဒီထဲမှာ မသမာတဲ့သူ မကြိုက်တဲ့သူဆိုတာ သူ့သဘောကို မသိနိုင်ဘူး...အဲ့လိုအခါမျိုးမှာတော့ ဒီလိုပဲသတိပေးနေရင် လုပ်ကိုင်နေရင်း ကြားထဲမှာပဲ ၁၉၄၇ ခုနှစ် ဇွန်လ ၁၉ရက်နေ့မှာ နိုင်ငံခေါင်းဆောင်၊ တမျိုးသားလုံးရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်အောင် ဆန်း ဟာ အသက်ပေးလှုရတဲ့အထိ လုပ်ကြံခြင်းခံရပြီး ကျဆုံးသွားရှာခြင်းခံရတယ်ဆိုတာ ခင်ဗျားတို့ အားလုံးသိ တယ်...အဲ့ဒါကြောင့်လဲပဲ တိုင်းပြည်မှာ နောက်ဆက်တွဲဖြစ်ပျက်လာခဲ့တဲ့ နိုင်ငံရေးနဲ့ပတ်သတ်တဲ့ အခက်အခဲ အ ကျပ်အတည်းတွေဟာ ဒီနေ့အထိရုန်းကန်နေရတယ်ဆိုတာဟာ အဲ့ဒီတုန်းက ရတောင့်ရခဲခေါင်းဆောင်ဟာ မသ မာ သူတို့၏ လက်ချက်ကြောင့် ဖြစ်သွားတာကြောင့်ဆိုတဲ့ ပယောဂဟာ ဒီနေ့အထိ ဒုက္ခတွေ၊ သုက္ခတွေ အမျိုးမျိုး ခံနေရတယ်ဆိုတာကို နားလည်သဘောပေါက်ဖို့လိုတယ် ဟေးးးးးဖြောင်းဖြောင်းဖြောင်းး(ပြည်သူတွေ၏ လက် ခုပ်သံ) ဒီတော့ဒီနေ့ ကျတော်တို့ဟာ အင်မတန် ကံကောင်းလွန်းလွန်း လို့ ရှားရှားပါးပါး ဒေါ်အောင်ဆန်းစုကြည် လို ခေါင်းဆောင်မျိုးရထားတာကို သူမအသက်အန္တာရယ် ဘေးကင်းရှင်းစေရေး လုပ်ငန်းများလုပ်ဆောင်နိုင်ရန် ကာကွယ်စောင့်ရှောက်သွားဖို့ဆိုတာ ကျတော်တို့တွေမှာရော ဒီတာဝန်ရှိသူတွေမှာရော တာဝန်ယူရမယ်ဆိုတာ အားလုံးကို လေးလေးနက်နက် ကျတော်ဒီမှာပြောချင်တယ် ဟေးးးးဖြောင်းဖြောင်းဖြောင်း(ပြည်သူတွေ၏ လက် ခုပ်သံ) ဒီတော့ ပြီးခဲ့တဲ့ ကိစ္စမှာ လုံခြုံရေးတာဝန်ယူတယ် ဆိုတာဟာ ဒီနေရာမှာတင်ယူလို့မရဘူး...အတွင်းစည်း ၀ိုင်းမှာလဲ ယူရတယ်...အလတ်စည်းဝိုင်းမှာလဲ ယူရရတယ်... အပြင်စည်းဝိုင်းမှာလဲယူရတယ်...ဟိုးအဝေးကြီး ကလာတတ်တဲ့နေရာတွေမှာလဲ ယူရတယ်...ဒီနေရာမှာ ဒုက္ခ သုက္ခပေးဖို့ဆိုတာဟာ အဝေးကြီးကလာပြီး ပေး လဲရတယ်...နောက်ပြီး အခုခောတ်ခါမှာလဲ သိတဲ့အတိုင်းပဲ ခောတ်ရဲ့ ကိရိယာ တန်ဆာပလာတွေဟာ အင်မတန် ဆန်းပြားတဲ့ အတွက် အန္တရယ်တွေဟာကြီးမားပါတယ်...ဒါကြောင့်မို့ အန္တရယ်ကြီးမားတဲ့ အတွက် လုံခြုံစောင့် ရှောက်ရန်တာဝန်ရှိတဲ့ ကလေးတွေဟာ အင်မတန်ကို ပင်ပန်းကြီးမားစွာနဲ့ အစောင့်အရှောက် ပေးနေရတယ် လုပ်နေရတယ် ဆိုတာကိုတော့ ပထမ နားလည်စေချင်ပါတယ်...အခု ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ရောက်တဲ့နေ ရာမှာဆိုရင် ပြည်သူလူထု ဟာ အင်မတန် ချစ်မြတ်နိုးတယ်...အင်မတန် လှိုက်လှိုက်လှဲလှဲ ရှိတယ် ... ပန်းဆက် ချင်တယ်...လက်ဆောင်ပေးချင်တယ်... ဒေါ်အောင်ဆန်းစုကြည် နဲ့လဲ ကျတော်ဟာ အတူတကွခရီးတွေ အများ ကြီးသွားခဲ့ဖူးပါတယ်...သူ့ရဲ့စေတနာ ပြည်သူလူထုအားလုံးထံချဉ်းကပ်ပြီး ဖက်လှဲတကင်းနေချင်တယ် ဆိုတာ ကို ကျတော်ကောင်းကောင်းသိတယ်...သူ့နားကိုလာတဲ့သူ တားတာ ပြုတာကို သူမကြိုက်ပါဘူးးး...သူ့နားလာ တဲ့ ပုဂိုလ်၊ သူနဲ့ ရင်းနှီးလိုတဲ့ ပုဂိုလ် သူနားချဉ်းကပ်လာတာကို ကာကွယ်တာ သူမကြိုက်ပါဘူး... ဒါကို ကျတော် ကောင်းကောင်းသိတယ်...သို့သော်လဲပဲ ကျတော်တို့မှာတာဝန်ရှိတာကတော့ ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့သွား တာ ၊ လုပ်တာ၊ ကိုင်တာ လွယ်အောင် အနီးကပ်လုံခြုံရေးအဖွဲ့က ကလေးတွေကိုထားရပါတယ်...ဒီကလေးတွေ ကလဲ တကယ်သူယုံကြည်စိတ်ချပြီးတော့ တောက်လျှောက်သူအသုံးပြုလာတဲ့ ကလေးတွေဖြစ်တဲ့ အတွက် ဒီကလေးတွေဟာ ပင်ပန်းကြီးစွာနဲ့ ဒေါ်အောင်ဆန်းစုကြည် သွားရာလာရာမှာ အခုမြင်တယ်မလားးး ရောက် တယ်ဆိုရင် ကြိုပြီး တိုးရယ်ဝှေ့ရယ် နေရာတကာတိုင်းးးပါပဲ...အင်မတန်ကြီးမားတဲ့ လူအုပ်ကြီးဖြစ်ရင် ကျတော် တို့က စိုးရိမ်ပူပန်ရစမြဲပါ...အဲ့ဒါကြောင့်မို့ ဒီကိစ္စတွေ ဖြစ်သွားတဲ့ အပေါ်မှာလဲပဲ လုပ်ကိုင်ခဲ့တဲ့ကလေးသည် သူ့ ခေါင်းထဲမှာ လုံခြုံမှုနဲ့ပါတ်သတ်လို့ ကာကွယ်ရမယ်ဆိုတဲ့ တာဝန်ရှိတဲ့အတွက် သူတို့ဟာ အင်မတန် ပင်ပန်းကြီး စွာ လုပ်ကိုင်တာပဲ ဖြစ်ပါတယ်...အဲ့ဒီတော့ အဲ့ဒီအပိုင်းနဲ့ ပတ်သတ်လို့လဲ နားလည်ဖို့ဆိုတာ ကျတော်ပြောချင် ပါတယ်...နောက်တစ်ခါ တစ်ချို့ လုံခြုံရေးယူတဲ့ ကလေးတွေ အနေနဲ့ ပင်ပန်းကြီးလွန်းတဲ့ အခါမှာ သူတို့ဟာ စိတ်လိုက်မာန်ပါ တွန်းတာ ဖြစ်တတ်ပါတယ်...အဲ့လို တွန်းတာ ဖြစ်တယ်ဆိုတဲ့ သဘောသဘာဝကလဲပဲ ... တခြားကြောင့် မဟုတ်ပါဘူးး... ဒီလုံခြုံရေးနဲ့ပတ်သတ်တဲ့ အပိုင်းမှာ အကြီးမားဆုံးတာဝန်ရှိတယ် ဆိုတာ ဖြစ် တဲ့ အတွက် လုပ်ရကိုင်ရတာ ဖြစ်ပါတယ်...တခါ သတင်းထောက်ပိုင်းက ပုဂိုလ်တွေကိုလဲ ကျတော်တို့က မျှမျှ တတ ပြောချင်တာကတော့ အခုလို ခုနက ပြောတဲ့အတိုင်းဖြစ်တာ ဆိုရင်လဲပဲ ကျတော်တို့ဘက်က အကြောင်း ချင်းရာအလိုက် ဒါမျိုးနဲ့ပတ်သတ်ပြီး ဆင်ခြင်နိုင်အောင် တတ်နိုင်သမျှလုံးပန်းဖို့ သဟဇာတ ဖြစ်ဖို့ ကျတော် တို့ ကြိုးစားဆောင်ရွက်တာ ရှိပါတယ် ... သို့သော် တစ်ဖက်ကလဲပဲ သတင်းစာလောက သတင်းထောက်လော က ပိုင်းကလဲပဲ တချို့ကလဲ မှန်ပါတယ် တကယ်ကိုပဲ ဒေါ်အောင်ဆန်းစုကြည်ပုံရချင်လို့ သိမ်းထားချင်လို့ တရို တသေ ထားချင်လို့ ရိုက်တဲ့သူလဲ ရှိတယ်...တချို့ကတော့ ဒီလိုမဟုတ်ဘဲ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်း ပညကြောင့် ရိုက်ရတာလဲ ရှိတယ်...ရှိတဲ့ အခါမှာ သူတို့ကလဲ အလုအယက်ရိုက်ကြတဲ့ အခါကျတော့ ဒါနဲ့ ပတ်သတ်တဲ့ အပိုင်းမှာတော့ဖြင့် အနီးကပ်ဖြစ်တဲ့အခါမှာတော့ ဘယ်သူရယ်ဘယ်ဝါရယ်မသိဘဲ တတ်နိုင်သမျှ သူတို့က တားရဆီးရတာ ဖြစ်တယ်...အဲ့လိုတားရဆီးရရင်းနဲ့ ကတောက်ကဆ ဖြစ်တယ်လို့ ကျတော်နားလည် တဲ့ အတွက် ဒါနဲ့ပတ်သတ်တာ အားလုံးကိုလဲ တဘက်က နားလည်ပေးပါလို့ ပြောချင်တယ်...