Sunday, May 13, 2012

နာဂစ်၊တာဝန်ကျ ယာဉ်ထိန်းရဲ ၊ သံဃာတော်များနဲ့ ကြံ့ဖွတ်

Zaw Lwin Win
နာဂစ်အတွင်းက ကမ္ဘာကို လိမ်ရန် ကြံစည်နေသော ကြံ့ဖွတ်များ နှင့် မေတ္တာရှင်များ.. အခုလို ရွှေရည်စိမ် ဒီမိုကရေစီ ခေတ်ကြီးမှာ ကြံ့ဖွတ် အကြည်ညို ပျက်စေမှု ဆိုတဲ့ ဥပဒေ မရှိဘူး ထင်ပြီး လွန်ခဲ့တဲ့ လေးနှစ်ကျော် နာဂစ်မုန်တိုင်းဝင်တဲ့ကာလ ရန်ကုန်မှာ ရဟန်းသံဃာတော်တွေ က မေတ္တာရှေ့ထားပြီး လမ်းရှင်းထားတဲ့နေရာမှာ ဟန်လုပ်ပြခဲ့တဲ့ ဖွတ်တွေအကြောင်း မှတ်တမ်း ဗွီဒီယိုလေး တင်ပေးလိုက်ပါတယ်။ မှတ်တမ်းလေး ကြည့်ဖို့ အချိန် ၆ မိနစ်လောက် ကြာနိုင်ပါတယ်။


"Happy Police"
နာဂစ်ဖြစ်ပြီး ပြန်လည် ထူထောင်ရေးမလုပ်နိုင်ခင် အချိန်မှာ တာဝန်ကျ ယာဉ်ထိန်းရဲ တစ်ယောက်ရဲ့ လှုပ်ရှားမှုကို ခိုးရိုက်ထားတာ ဖြစ်ပါတယ်။ ကျွန်တော်ဟာ ရွှေဝါရောင်တုန်းကရော နာဂစ်တုန်းကပါ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ဓါတ်ပုံတွေရိုက်ပြီး အွန်လိုင်းမီယာမှာ တင်ပြပေးခဲ့ပါတယ်။ တစ်ချိန်မှာ လုံခြုံရေးအတွက် သတိထားရမယ့် အခြေအနေရောက်လာလို့ နာဂစ်တုန်းက ရိုက်ထားတဲ့ ဓါတ်ပုံနဲ့ ဗွီဒီယိုလေးတွေကို အိမ်မှာ မသိမ်းရဲတော့လို့ ညီလေး ကျော်စွာ ဆီကိုပို့ပေးပြီး သိမ်းထားရတယ်။ အခု ဆို နာဂစ်လည်း လေးနှစ်ပြည့်လို့ ငါးနှစ်တာ အချိန်အထိရောက်လာပါပြီ။ ရှိသေးလားလို့ ညီလေးကိုမေးတော့ ရှိနေသေးတာ တွေ့ရပါတယ်။ အရမ်းကို ၀မ်းသာရပါတယ်။ ညီလေးကိုလည်း အရမ်း ကျေးဇူးတင်ရပါတယ်။ အခုဗွီဒီယိုလေးဟာ ကျွန်တော့်အတွက် တကယ့် အမှတ်တရ ပါဘဲ။

ကမ္ဘာနှစ်ဆန်းတစ်ရက်နေ့လောက်မှာ အဖြေထွက်လာလေမလားပဲ

Naung Taw Lay
ရွှေနံ့သာလယ်သမားများနှင့် ဇေကမ္ဘာကုမ္ပဏီ ကိစ္စ နည်းနည်းလေးတော့ ထူးပါတယ်ခင်ဗျာ။ ဇေကမ္ဘာကုမ္ပဏီက ယနေ့ (၁၃.၅.၂၀၁၂) ရက်နေ့မှာ ရေမြောင်းတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အဲဒီနောက် လယ်သမားတွေ စုဝေးပြီး တိုင်ပင်နေကြရမှ ကြားသိခဲ့ရတာကတော့ ဇေကမ္ဘာကုမ္ပဏီဟာ မူလရည်ရွယ်ချက်ဖြစ်တဲ့ စက်မှုဇုန် အကောင်အထည်ဖော်ဆောင်ရေးမဟုတ်တော့ဘဲ စက်မှုလယ်ယာစီမံကိန်း အသွင်ပြောင်းမယ့် သဘောနဲ့ စိုက်ပျိုးလုပ်ကိုင်ခွင့် လျှောက်ထားတယ်လို့ သိရပါတယ်။ လယ်သမားတွေဟာ ကြိုတင် ပြင်ဆင်မှုအနေနဲ့ ဇေကမ္ဘာကုမ္ပဏီမလျှောက်မီ လယ်လုပ်ကိုင်ခွင့် ကို ၂၁ ရက်စောပြီး လျှောက်ထား တယ်လို့ ဆိုပါတယ်။ ဒုတိယအဆင့် ကြိုတင်ပြင်ဆင်မှုအနေနဲ့ ကတော့ ကုမ္ပဏီကိုသာ စက်မှုလယ်ယာအတွက် ချထားပေးမယ်ဆိုရင် လယ်သမားတွေဟာ စုပေါင်း ကုမ္ပဏီတည်ထောင်ပြီး စက်မှုလယ်ယာကို အကောင်အထည်ဖော်မယ်လို့ တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြပါတယ်။ ဘက်လိုက်မှုမရှိ၊ အဂတိကင်းရှင်းတဲ့ ဆုံးဖြတ်ချက်မျိုး ကမ္ဘာနှစ်ဆန်းတစ်ရက်နေ့လောက်မှာ အဖြေထွက်လာလေမလားပဲ စောင့်ကြည့်ကြပေဦးတော့။

လိုင်းကြေးမပေးလို့တဲ့

Thu Ra Myo

မနေ့က ညနေ ၆ နာရီက ကော့ကရိတ် မြို့နယ်မှ ဖားအံဘက်အထွက် ဂျိုင်းမြစ်ကူးတံတား ဂိတ်တွင် ကားဒရိုင်ဘာတစ်ဦးကို စစ်ဆေးရေးရဲငါးဦးမှ ၀ိုင်းဝန်းထိုးနှက် ပြီးဖမ်းဆီခေါ်ဆောင်လာစဉ် ။
အထိုးခံရသူမှ ကရင်ပြည်နယ်ငြိမ်းချမ်းရေးဆိုတာဘာလဲ ။မင်းတို့ တောင်းတိုင်းမပေးလို့ ထိုးရသလား ဆို အော်ဟစ် လိုက်ပါသွားသည်
အဖမ်းခံရသူမှာ ပုဆိုးပြဲကျွတ်ပြီးမြေကြီးပေါ်လဲသည်အထိ မင်းမဲ့စရိုက်ဆန်စွာ ပြုကျင့် ဖမ်းစီးခဲ့သည်။
ဆိုပါဖြစ်ရပ်အား ကလိုထူးဘောသတင်းစာရှင်းလင်းပွဲမှပြန်လာသောမီဒီယာများ ဓါတ်ပုံရိုက်နိုင်ခဲ့သည်။

(ဓါတ်ပုံ- လူမင်းသောင်းထွန်း)

ဝန်ကြီး ဦးကျော်ဆန်း၏ လာဘ်ပေးလာဘ်ယူ ကိစ္စများ

Saturday, May 5, 2012



ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖြစ်သူ ဦးကျော်ဆန်းသည် စစ်တက္ကသိုလ်အပတ်စဉ် (၁၁) က ဖြစ်ပြီး လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် တပတ်စဉ်တည်း ကျောင်းဆင်းများ ဖြစ်သည်။ ယခင်က တစ်ဦးနှင့်တစ်ဦး အပေးအယူ မျှပြီး ခင်မင် ရင်းနှီးကြသည်။ ယခုအခါတွင်မူ ဦးကျော်ဆန်းသည် သမ္မတဦးသိန်းစိန်နှင့် ပိုမိုနီးစပ်သွားသဖြင့် သူရဦးရွှေမန်းနှင့် သင့်မြတ်ခြင်း မရှိတော့ကြောင်း ကြားသိရသည်။


ပြီးခဲ့သောနှစ် ဇွန်လက ရန်ကုန်မြို့ ပြည်သူ့လွှတ်တော်တွင် သူရဦးရွှေမန်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ အမတ်များ၊ လုပ်ငန်းရှင်ကြီးအား မိန့်ခွန်းပြောကြားခဲ့သော်လည်း သူရဦးရွှေမန်း၏ ပြောကြားချက်များကို ဦးကျော်ဆန်း ချုပ်ကိုင်ထားသည့် မီဒီယာများတွင် ဖော်ပြခြင်း မရှိသည်က လူသိထင်ရှား အဖြစ်ဆုံးသော အကွဲအပြဲ ဖြစ်ခဲ့သည်။

ဦးကျော်ဆန်းသည် တပ်မတော်အစိုးရက နှစ်ပေါင်းများစွာ အချိန်ယူ ပြင်ဆင်ပြီး ၂ဝ၁၁ ခုနှစ်တွင် ဖွဲ့စည်းလိုက်သော အရပ်သားအစိုးရသစ်တွင်လည်း ယခင်အတိုင်း ပြန်ကြားရေးဝန်ကြီးတာဝန်ကို ဆက်လက် ခန့်ထားခံရသူဖြစ်သည်။

ထိုသို့ ဆက်လက် တာဝန်ပေးခံရခြင်းမှာ ကာကွယ်ရေးဦးစီးချုပ်ရာထူးမှ အနားယူသွားသည့် ဦးသန်းရွှေ နှင့် လည်းကောင်း၊ ဦးသန်းရွှေ၏ မိသားစုတို့နှင့် လည်းကောင်း နီးစပ် ဝင်ဆန့်သူ ဖြစ်ခြင်းကြောင့်ဟု သိရသည်။

ဦးကျော်ဆန်းသည် ယခင် နယက အစိုးရ လက်ထက်တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဒုတိယဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီး စသည့် တာဝန်များကို ဆက်တိုက်ထမ်းဆောင်ခဲ့သူဖြစ်သဖြင့် လုပ်ပိုင်ခွင့်များအပေါ် ချယ်လှယ်ခွင့်ရရှိခဲ့၍
အလွန်အကျွံ ကြွယ်ဝ ချမ်းသာနေသူ ဖြစ်သည်။

ဦးကျော်ဆန်း၏ လာဘ်ပေးလာဘ်ယူ ကိစ္စများ အနက် လူသိများပြီး ငွေကြေး အမြောက်အများ ရရှိသည့် လုပ်ငန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁) MRTV 4 ထုတ်လွှင့်ခွင့် ရရှိသူ FOREVER ကုမ္ပဏီပိုင်ရှင် ဦးဝင်းမော်နှင့် အကျိုးတူရှယ်ယာလုပ်ဆောင်လျက်ရှိခြင်း။
FOREVER ကုမ္ပဏီ သည် လစဉ် ကျပ် သိန်းတစ်ထောင်ခန့် အမြတ် ရရှိနေသည်။
ဝန်ကြီး ဦးကျော်ဆန်းက သူ ရှယ်ယာပါဝင်သော ထိုလုပ်ငန်းအတွက် ရုပ်သံ ထုတ်လွှင့်မှု ဆိုင်ရာ အခွင့်အရေးများ ပေးအပ်ထားသည်။
ရှယ်ယာပါဝင်သည် ဆိုသော်လည်း စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲဖို့ မလို၊ ငွေအရင်းအနှီး မြှုပ်နှံရန် မလိုအပ်ဘဲ ဝန်ကြီး ဦးကျော်ဆန်း အတွက် ၀င်ငွေ အထူးကောင်းသော လုပ်ငန်း ဖြစ်နေသည်။


 
၂) MRTV 4 ၏ တိုက်ရိုက်ထုတ်လွှင့်မှုများအတွက် ဆင်ဆာ ဖြတ်တောက်မှု သက်သာခွင့် ပေးထားခြင်း။
လုပ်ငန်းကြီးကြီး လုပ်ကိုင်လိုသူများ တပါးသူထက် နှာတဖျားသာပါက သက်ဆိုင်ရာ ဝန်ကြီး၊ ညွှန်ချုပ်တို့ကို ကိုယ့်အိတ်ထဲ ထည့်ထားလျှင် လုပ်ငန်းအဆင်ပြေသည်ဟူသော ဖော်မြူလာ ဖြစ်သည်။ ဝန်ကြီးဦးကျော်ဆန်းက ရှယ်ယာရ (ဆက်ကြေး ပုံမှန်ရ) သဖြင့် FOREVER အား ရုပ်သံလုပ်ငန်းကြီး လုပ်ပိုင်ခွင့်ကို ပေးထားရုံသာမက FOREVER ၏ မီဒီယာကြီးအား ဆင်ဆာဖြတ်ခြင်းနှင့် ပတ်သက်ပြီး သက်သာခွင့် ပေးထားခြင်း ဖြစ်သည်။


၃) FOREVER ကုမ္ပဏီက ပြန်ကြားရေးဝန်ကြီးဌာနသို့ ပေးသွင်းရမည့် နိုင်ငံခြားငွေ ဒေါ်လာ (၃) သန်းနှင့် မြန်မာကျပ်ငွေ သိန်းသောင်းဂဏန်းကို တောင်းခံခြင်းမပြုဘဲ ကင်းလွတ်ခွင့်ပေးထားခြင်း။

ဤသို့ ကင်းလွတ်ခွင့်အတွက် ကုမ္ပဏီ နှင့် ဝန်ကြီးအား မည်သို့ သဘောတူညီချက် ရထားသည်ကို မသိရပေ။

 ၄) MOVIE 5 CHANNAL ထုတ်လွှင့်ခွင့်နှင့် ကြော်ငြာလုပ်ငန်းကို ဝန်ကြီး ဦးကျော်ဆန်း၏ သမီးဖြစ်သူက ဦးစီး ဆောင်ရွက်လျက်ရှိပြီး တစ်လလျှင် အမြတ်ငွေ သိန်း ၆ဝဝ ခန့် ရရှိနေခြင်း။
သမီးဖြစ်သူ၏ ရုံးခန်းနှင့် ကြော်ငြာ ရုံးခန်းအား ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ၆ မိုင်ခွဲရှိ ရှေးဟောင်းသုတေသနရုံး၏ တစ်ဝက်ခန့်ကို နေရာယူ၍ ဆောင်ရွက်လျက်ရှိခြင်း။
ရှေးဟောင်းသုတေသနဌာနသည် ဦးကျော်ဆန်း တာဝန်ယူရသော ယဉ်ကျေးမှုဝန်ကြီးဌာန၏ လက်အောက်ခံ ဖြစ်သည်။ MOVIE 5 သည် FOREVER ကုမ္ပဏီ၏ ရုပ်သံလုပ်ငန်း ဖြစ်သည်။ ထို့ကြောင့် ထိုကုမ္ပဏီသည် ဝန်ကြီး ဦးကျော်ဆန်း၏ မိသားစုလုပ်ငန်းကြီးတခု ဖြစ်လာသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှ အရာရှိများ၊ ဝန်ထမ်းများသည်လည်း တခါတရံ ထိုကုမ္ပဏီအရာရှိများ၏ ညွှန်ကြားမှုအောက်သို့ ရောက်နေတတ်သည်။

၅) SKY NET ရုပ်သံ လုပ်ငန်း ထံမှလည်း အမြတ်ငွေ၏ ၂၅% ခန့်ကို ရရှိနေခြင်း။
လုပ်ငန်း အဆင်ပြေရေးအတွက် ဝန်ကြီးကို အိတ်ထဲ ထည့်ခြင်း ဟူသော ဖော်မြူလာကို ရွှေသံလွင် ကုမ္ပဏီကလည်း ကျင့်သုံးလျက်ရှိရာ ဝန်ကြီး ဦးကျော်ဆန်းက အမည်ခံပေးရုံ သက်သက်ဖြင့် SKY NET ၏ ဝင်ငွေ လေးပုံတပုံကို အလိုအလျောက် ရနေသည်။
လုပ်ပိုင်ခွင့်အာဏာကို စနစ်တကျ တလွဲ အသုံးချသည့် ဝန်ကြီးလည်း ဝင်ငွေ အလွန်ကောင်းသော လုပ်ငန်းရှင်ကြီး ဖြစ်လာသည်။

ဤသို့ဖြင့် မြန်မာပြည်၏ အခပေး ရုပ်သံလိုင်း ဈေးကွက်သို့ ဝင်ရောက်လိုသူများအတွက် ဝန်ကြီး ဦးကျော်ဆန်းသည် လုပ်ထုံးလုပ်နည်းအရ မဖြစ်မနေ ညှိနှိုင်းရမည့် အစိုးရခေါင်းဆောင်တဦး ဖြစ်နေပြီး တဘက်တွင်လည်း ရှယ်ယာ တနင့်တပိုး ပေးရမည့် လုပ်ငန်းရှင်ဝန်ကြီး ဖြစ်နေသည်။

၆) ရန်ကုန်နှင့် မန္တလေးမြို့များရှိ အမျိုးသားကဇာတ်ရုံများကို FOREVER ကုမ္ပဏီသို့ နှစ် (၃ဝ) ငှားရမ်းခွင့် ရရှိရေးအား ဝန်ကြီးက ကြပ်မတ် ဆောင်ရွက်ပေးခြင်း။
ယဉ်ကျေးမှု ဝန်ကြီးဌာန နှင့် FOREVER တို့ အသက်သာဆုံးဈေးနှုန်းဖြင့် စာချုပ် ချုပ်နိုင်ရေးအတွက် အရှိန်အဝါသုံး ဆောင်ရွက်ခြင်း။


၇) ဝန်ကြီးအရှိန်အဝါသုံးပြီး သားဖြစ်သူ၏ ဥပဒေမဲ့ ဆောင်ရွက်ချက်များအား အကာအကွယ် ပေးခြင်း။
ဝန်ကြီး၏သားဖြစ်သူသည် ယခင် တပ်မတော်ထောက်လှမ်းရေး ဗိုလ်မှူးချုပ် မြင့်ဇော်၏ သမီးဖြစ်သူနှင့် လက်ထပ်ပေါင်းသင်းခဲ့သည်။ သို့သော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် ထောက်လှမ်းရေးအဖွဲ့များ ပြဿနာတက်ချိန်တွင် သူ၏သားအား အိမ်ထောင်ဘက်နှင့် အတင်း ကွာရှင်း ခိုင်းခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပေါ် မျက်နှာလုပ်ခဲ့သည်။

ယခုအခါ ဝန်ကြီး၏သားဖြစ်သူသည် စိတ်ကြွဆေး အပါအဝင် မူးယစ်ဆေးဝါးစွဲနေပြီး အရောင်းအဝယ်ပင် ပြုလုပ်နေသည်။ ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှု၊ စစ်ဆေးမှုများ မကြာခဏခံရသော်လည်း ဝန်ကြီး၏ အရှိန်အဝါ နှင့် ဖိအားပေးမှုကြောင့် ဥပဒေအရအရေးယူခြင်းမခံရဘဲ စီးပွားရေး လုပ်ငန်းများ ဆက်လက် လုပ်ကိုင်လျက် ရှိနေသည်။

၈) ပြည်ပသွင်းကုန် လုပ်ပိုင်ခွင့်မှ ကော်မရှင်ခ ရယူခြင်း။
ပြန်ကြားရေးဝန်ကြီးဌာန၏ ပြည်ပသွင်းကုန်များအား FOREVER ကုမ္ပဏီမှ အမှုဆောင် အရာရှိချုပ် ဦးဝင်းမော်နှင့်အဖွဲ့ကိုသာ လုပ်ပိုင်ခွင့်ပေးထားသည်။ အကျိုးအမြတ် များပြားသော ထိုလုပ်ငန်းအတွက် FOREVER က ဝန်ကြီး ဦးကျော်ဆန်းအား ကော်မရှင်ခ အများအပြား ရခဲ့သည်ဟု သိရှိရသည်။
 

ပြည်ထောင်စုဝန်ကြီးတစ်ဦး၏ လာဘ်ပေးလာဘ်ယူ ကိစ္စများကို ဖော်ပြခဲ့ခြင်း ဖြစ်သည်။

အကျင့်ပျက်ချစားမှုများ၊ အဂတိလိုက်စားမှုများကို Myanmar Whistleblower တွင် ဆက်လက် ဖော်ပြသွားပါမည်။
http://myanmarwhistleblower.blogspot.ca

ဒီ သုံးချက် ကို ဖျက်ရမယ်။

Zaw Win

၂၀၀၈ စစ်ကျွန်စနစ် ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ဒီ သုံးချက် ကို ဖျက်ပစ်ရမယ်။ လွှတ်တော်မှာ စစ်တပ်က ကိုယ်စားလှယ် ၄ပုံ၁ပုံ ပါရမယ် ဆိုတာကို ကျနော်တို့ လက်မခံပါဘူး။

နောက်တခုက ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ နိဒါန်းမှာ ‘အနာဂတ် နိုင်ငံရေးတွင် တပ်မတော်မှ ဦးဆောင်မှု အခန်းကဏ္ဍက ပါရမယ်’ ဆိုတဲ့အချက် ကို ကျနော်တို့ လက်မခံပါဘူး။

“အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော် အာဏာကို သိမ်းယူခွင့် ရှိတယ်ဆိုတဲ့ အချက်ကို ကျနော်တို့ လက်မခံပါဘူး။

အဲ့ဒီအပြင် ....

ပြဌာန်းချက်များကို ပြင်ဆင်မည်ဆိုလျှင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီး ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည် ဟု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂) (ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး) ပုဒ်မ ၄၃၆ တွင် ဖော်ပြထားသည်။

ဘုန်းတော်ဘွဲ့တွေ နဲ့ သူရဲကောင်းအမွန်းတင်ပြီး အမိန့်ပေးသူ နဲ့ အမိန့်နာခံသူတွေ တသွေမတိမ်းလိုက်နာတဲ့ အာဏာရှင်ကို လက်ခံတဲ့ မြန်မာ့ရိုးရာအစဉ်အလာ နိုင်ငံရေးဓလေ့ နဲ့ အတွေးအခေါ်ကို လက်မခံဘဲ ဆန့်ကျင်ပြီး မြန်မာ့နိုင်ငံရေး ရဲ့ အားနည်းချက်တွေ ကို လက်တွေ့ကျကျထောက်ပြကြတာဟာ ဘယ်သူကိုမှ စော်ကားတာမဟုတ်ဘဲ "ဆိုရေးရှိကဆိုအပ်တာကိုဆိုသင့်" တာမို့ လိုအပ်ချက်တွေကို မထိမ်ချန်ဘဲ နဲ့ ငြိမ်ခံမနေချင်ကြတာ မနေစိမ့်တာ အမှားတွေကို လက်ပိုက်ကြည့်မနေတာဖြစ်ပါတယ်။ လက်တွေ့ကျကျပြောရရင် သန်းရွှေ ဟာ မြန်မာပြည်ရဲ့ စစ်ဝါဒီ ဘုရင်ရူး ရူးနေသူ အရူးတယောက်သာဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေဆိုတာ သန်းရွှေစိတ်ရူးပေါက်ပြီး လျှောက်ရေးထားတဲ့ စက္ကူစုတ်မျှသာဖြစ်တာပါ။ ၂၀၀၈ အခြေခံဥပဒေဆိုတာ သန်းရွှေ နာမည်မပါဘဲ သူ့လက်ထဲ အာဏာကို ထိပ်ဆုံးက ကိုင်ထားနိုင်ပြီး လူထုကို နေရာမပေး မှေးမှိန်သေးသိမ်အောင် တမင်ကို လုပ်ထားတာ။ မြန်မာပြည်မှာက သန်းရွှေ အရူးက အခုချိန်ထိ အရူးကတမူးသာ ဖြစ်နေတာပါ။ ၂၀၀၈ အခြေခံဥပဒေဆိုဟာ ဒီမိုကရေစီ စံနှုံးတွေ တရားဥပဒေစံထုံးတွေကို မလိုက်နာဘဲ သန်းရွှေ နဲ့ စစ်အာဏာရှင်တွေ ကိုယ်ကျိုးအတွက် တဖက်သပ်ရေးထားတာပါ။ အစိုးရလုပ်တိုင်း အာဏာရှိသူက လုပ်တာမို့ အားလုံးမှန်နိုင်တာမဟုတ်ပါဘူး။ မမှန်ရင် ထောက်ပြရဲရမယ်။ အမှန်ရောက်အောင် ပြင်ပေးနိုင်တဲ့ နိုင်ငံသားကောင်းတွေလိုတယ်။ ရေလိုက် ငါးလိုက် မလုပ်သင့်ဘူး။

နာဂစ် ဖွဲ့စည်းပုံ (သို့) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်အစိုးရမှ တဖက်သတ် ရေးဆွဲထားသည့် ဥပဒေဖြစ်သည့်အတွက်ကြောင့် အနာဂတ် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် စစ်မှန်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေမဟုတ်သကဲ့သို့ တိုင်းရင်းသားများအတွက် လိုအပ်နေသည့်အခွင့်အရေးများ၊ ဘဝအာမခံချက်များ ဖော်ဆောင်ပေးမည့် ဥပဒေမဟုတ်ကြောင်း ထင်ရှားလှပါသဖြင့် ပါလီမန် တွင်းမှာ ဝိုင်းဝန်း ထောက်ပြ ပြုပြင် လို့မရရင် ပါလီမန်ပမှ နေ၍ ဝိုင်းဝန်း တိုက်ဖျက်ပစ်ကြဖို့သာရှိပါကြောင်း နှိုးဆော်ပန်ကြားလိုက်ပါကြောင်း။

တရုတ် က လုပ်ကြံရန် ကြံစည်မှု ကို ဒလိုင်းလားမား ဖွင့်ချ

by FNG on May 14, 2012
တရုတ် အစိုးရ ကနေ လေ့ကျင့် ပေးထား တဲ့ တိဘက် အမျိုးသမီး တွေ ဟာ ဆံပင် နဲ့  သူ တို့  ရဲ့  အ၀တ် အထည် တွေ မှာ လူကို ထိတာနဲ့  သေစေ နိုင်တဲ့ အဆိပ် တွေ ကို သုတ် လိမ်းပြီး လုပ်ကြံ ဖို့  ကြံစည် ထား တာ ကို တိဘက် တွေ ရဲ့  သတင်း ပေး မှု အရ ဖော်ထုတ် နိုင် ခဲ့ တယ် လို့  ဒလိုင်လား မား ရဲ့  ကိုယ်ရေး အတွင်းဝန် ချီမီး ချုပ်ကျက်ပါ ဗြိတိသျှ သတင်းစာ Sunday Telegraph သတင်းစာ ကို ပြောပါတယ်။
တရုတ် က နေ လေ့ကျင့် ပေးထား တဲ့ တိဘက် အမျိုးသမီးတွေ ဟာ သူ့ လက်နဲ့  ကိုင်တွယ်ပြီး ကောင်ချီးပေးတာ ခံ ယူမှု ပြု နေစဉ်မှာ သူတို့  ရဲ့  အ၀တ် အစား တွေ မှာ သုတ်လိမ်းထား တဲ့ အဆိပ် တွေ ဟာ သူ့ ကို ကူးစက်ပြီး အကြီအကျယ် ထိခိုက် ဒဏ်ရာ ရရှိ အောင် ဒါမှ မဟုတ် သေဆုံး သွား အောင် စီစဉ် ထား တယ်လို့  အိန္ဒိယ နိုင်ငံ ဒါရမ်ဆာလား မှာ အခြေစိုက်တဲ့ အဝေး ရောက် တိဘက် အစိုး ရ က သတင်း ထုတ် ပြန် ပါတယ်။
အသက် ၇၆ နှစ် အရွယ် ရှိ ပြီ ဖြစ်တဲ့ နိုဘဲလ် ငြိမ်း ချမ်းရေး ဆုရှင် ဒလိုင်လား မား က သူ့  ကို လုပ် ကြံစည် မှု နဲ့  ပတ် သက် ပြီး သတင်း ထောက် တွေ ကို ပြောရာ မှာ ” တကယ်ပါ ပဲ သူ တို့  က ကျွန် တော် ရဲ့  ကိုင်တွယ် ကောင်းချီးပေး မှု ကို ခံ ယူစဉ် မှာ သူတို့  ဆီက အဆိပ် တွေ ကျွန်တော့် ဆီ ကူး စက် သွား အောင် ကြံ စည် ထား တာ သူ တို့  က တိဘက် တွေ ပဲ ဒါပေမယ့် တရုတ်က နှစ် ပေါင်း များ စွာ လေ့ ကျင့် ပေးထား တာ ၊ အထူး သဖြင့် အမျိုးသမီး တွေ လို့ ဒလိုင်းလား မား က ပြောပါ တယ်။
တိဘက် မှာ ဖြစ်ပွား နေတဲ့ ဗုဒ္ဓဘာသာ ၀င် ဘုန်းတော်ကြီး တွေ မိမိ ကိုယ် ကို မီးရှို့ ဆန္ဒပြ မှု မှာ ဒလိုင်းလားမား က မြှောက်ထိုးပင့်ကော် လုပ် ပေး တယ် လို့  တရုတ် က စွပ် ဆွဲထား ပါတယ်။
တရုတ် အစိုးရ ဟာ ဒလိုင်းလား မား ကို လုပ်ကြံ ဖို့  အခွင့် အခါ ကောင်း ကို အမြဲ ချောင်းနေတာ ကြောင့် ဒလိုင်းလားမား ဟာ တင်း ကျပ် တဲ့ လုံခြုံရေး တွေ နဲ့  နေ ထိုင်ရပါတယ်။
http://freedomnewsgroup.com/2012/05/14/dalai-lama-reveal-assasin-plot/