Wednesday, May 16, 2012

တောင်ကိုရီးယားသမတ ခရီးစဉ်တာဝန်သူ ဖြေရှင်းပေးရန်

Nik Nayman 12 hours ago မြန်မာ့အာဇာနည်ဗိမာန်ကို လာရောက်စဉ် မြန်မာ့အာဇာနည်ခေါင်းဆောင်ကြီးများကို ဂါဝရမပြုတာ တောင်ကိုရီးယားသမတ ခရီးစဉ်ကို လက်ခံစီစဉ်ပေးခဲ့ကြတဲ့သူတွေမှာ တာဝန်ရှိလို့  ဖြေရှင်းပေးပါ။ ယနေ့  ထုတ် သတင်းစာတွင်သာမက နိုင်ငံတကာသတင်းများတွင်ပါ ပါရှိခဲ့သည့် တောင်ကိုရီးယားသမတရဲ့  မြန်မာနိုင်ငံ အာဇာနည်ဗိမာန်တွင် ၁၉၈၃ ခုနှစ်တုန်းက မြောက်ကိုရီယားလက်ချက် ဗုံးဖေါက်ကွဲမှုဖြင့် သေဆုံးရသည့် တောင်ကိုရီးယားဝန်ကြီးများကိုသာ ဂါဝရပြုသည့် အဖြစ်အပျက်ကို မြင်တွေ့ ရပါတယ်။ ယနေ့  ထုတ် မြန်မာသတင်းစာများထဲတွင် သတင်းဖေါ်ပြချက်၌ “သမတ မစ္စတာ လီမြောင်ဘတ် ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ သည် နံနက် (၁၁) နာရီ မိနစ် (၄၀) တွင် အာဇာနည်ဗိမာန်သို့  သွားရောက်၍ ယခင် အာဇာနည်ဗိမာန်၌ ကျဆုံးသွားသော ကိုရီးယားသမ္မတနိုင်ငံမှ ၀န်ကြီးများအား ရည်စူး၍ ပန်းခွေချ ဂါဝရပြုသည်” ဟု ဖေါ်ပြထားပါတယ်။ နိုင်ငံတကာက အစိုးရပိုင်းဆိုင်ရာ အကြီးအကဲတွေ သံတမန်တွေနဲ့  ဧည့်သည်တော်တွေဟာ မြန်မာနိုင်ငံကို လာရောက်စဉ် ခရီးစဉ်အတွင်း မြန်မာနိုင်ငံရဲ့  အာဇာနည်ဗိမာန်မှာ မြန်မာ့အာဇာနည်ခေါင်းဆောင်ကြီးများကို ဂါဝရလာရောက်ပြုကြလေ့ရှိပါတယ်။ ယခုလို တောင်ကိုရီးယားသမတက မြန်မာနိုင်ငံရဲ့  အာဇာနည်ဗိမာန်ကို လာရောက်ခဲ့စဉ်မှာ မြန်မာ့အာဇာနည်ခေါင်းဆောင်ကြီးများကို ဂါဝရပြုသည့် သတင်းမဖေါ်ပြထားတဲ့အတွက် - တောင်ကိုရီးယားသမတရဲ့  အာဇာနည်ဗိမာန်လာရောက်မှု အစီအစဉ်ကို စီစဉ်ပေးခဲ့တဲ့သူတွေ အထူးသဖြင့် နိုင်ငံတော်ချစ်ကြည်ရေးအလည်အပါတ်ခရီးစဉ်ဖြစ်တဲ့အတွက် အထူးတာဝန်ရှိတဲ့ မြန်မာသမတ သိန်းစိန်တို့ မှာ ဦးစွာ တာဝန်ရှိပါတယ်။ ယခုကိစ္စနဲ့ ပတ်သက်ပြီး - နိုင်ငံတစ်နိုင်ငံရဲ့  သမတအဆင့် ချစ်ကြည်ရေးခရီးစဉ်အတွင်း မြန်မာ့အာဇာနည်ဗိမာန်ကို လာရောက်မှုအစီအစဉ်မှာ မည်သည့်အကြောင်းကြောင့် မြန်မာ့အာဇာနည်ခေါင်းဆောင်ကြီးများအား ဂါဝရမပြုရသည့် အခြေအနေ အနေအထားအား မြန်မာသမတ သိန်းစိန်တို့  တာဝန်ရှိသူများမှ တိုင်းသူပြည်သားများထံ ဖြေရှင်းချက် တရားဝင် ထုတ်ပြန်ပေးဖို့  တောင်းဆိုလိုပါတယ်။

လှိုင်သာယာ အထည်ချုပ် စက်ရုံသုံးရုံမှ လုပ်သား ၁၀၀၀ ကျော် ဆန္ဒပြ

By The Voice Weekly
လုပ်ခလစာ ပြဿနာဖြင့် ဆန္ဒပြမှု ဆက်တိုက် ဖြစ်ပေါ်နေသော လှိုင်သာယာ မြို့နယ် စက်မှုဇုန် အထည်ချုပ်စက် ရုံသုံးခုက အလုပ်သမား ၁၀၀၀ ကျော် မေလ ၁၆ ရက်နေ့ (ယနေ့)တွင် မရမ်းကုန်း မြို့နယ် အလုပ်သမားရုံးတွင် ဆန္ဒပြ တောင်းဆို ကြကြောင်း အဆိုပါ အလုပ်သမားများက ပြောကြားကြသည်။

လွှတ်တော်ကိုယ်စားလှယ်ပိုင် ကုမ္ပဏီမှ လယ်ယာမြေများအားဖျက်ဆီး

by Yangon Press International on Wednesday, May 16, 2012 at 7:57am ·
မေလ ၁၆ရက်၊ ၂၀၁၂ ခုနှစ်
ကျော်စိုးလင်း-(YPI)

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ကျီစုကျေးရွာအရှေ့ပိုင်းရှိ ဒေသခံလယ်သမားများနှင့် ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသော  လယ်ယာမြေများကို လွှတ်တော်ကိုယ်စားလှယ်ပိုင် မြရွှေဝါကုမ္ပဏီက ယမန်နေ့က စတင်ပြီး မြေတူးစက်များဖြင့် တူးဖော်ဖျက်ဆီးလျက်ရှိသည်ဟု လယ်သမားများက ပြောသည်။

မြရွှေဝါကုမ္ပဏီသည် သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းဦးပိုင် ကုမ္ပဏီဖြစ်သည်။

ထိုသို့ တူးဖော်ဖျက်ဆီးမှုကြောင့် ယခုအချိန်တွင် ကျီစုကျေးရွာအရှေ့ဘက်ရှိ လယ်ယာမြေ ၁၀ ဧကခန့် ပျက်စီးခဲ့ပြီးဖြစ်ကြောင်း လယ်ပိုင်ရှင် ဦးအောင်မျိုးဦးက ပြောသည်။

“ ကျွန်တော်တို့ ရွာက လယ်သမားတွေပေါင်းပြီး ငြိမ်းချမ်းစွာတားတယ်။ မရဘူး။ ခုကျွန်တော့်အဖေပိုင်တဲ့ လယ်တွေကို တူးနေပြီ။ ကျွန်တော်တို့ လုပ်စားစရာ ဒီလယ်တွေပဲရှိတာ။ စိတ်ထဲမကောင်းဘူး။ အသားတွေပါ တုန်နေတယ်” ဟု ၎င်းက YPI သို့ပြောသည်။

ထိုကဲ့သို့ လယ်ယာမြေများကို တူးဖော်ဖျက်ဆီးနေခြင်းအား မှတ်တမ်းတင် ဓာတ်ပုံရိုက်ယူရန် ကြိုးပမ်းခဲ့သည့် လယ်သမားများကိုလည်း ကုမ္ပဏီမှ တာဝန်ခံ ဦးကျော်ဝင်းက ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း လယ်သမားများက  ပြောသည်။

လယ်သမားတစ်ဦးဖြစ်သည့် ကိုထွေးက “ ကျွန်တော်တို့လယ်သမားတွေ စုပြီး မေတ္တာရပ်ခံတယ်။ ဓာတ်ပုံရိုက်တယ်။ ကျွန်တော်တို့မှာ ဘာလက်နက်မှမပါဘူး။ အဲဒါကို ကုမ္ပဏီတာဝန်ခံက ထိုးမယ်ကြိတ်မယ် လုပ်တယ်ဗျ” ဟုပြောသည်။

ဒေသခံလယ်သမားများဘက်မှ ၀ိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိသော ဦးမောင်မောင်က လယ်ယာမြေများကို ယခုကဲ့သို့ ဖျက်ဆီးခြင်းအား ဥပဒေအရ တားဆီးသွားမည်ဖြစ်ကြောင်းပြောသည်။

မြရွှေဝါကုမ္ပဏီ၏ လယ်ယာမြေများကို ဖျက်ဆီးနေခြင်းအား ရပ်တန့်ပေးရန်အတွက် ဒေသခံလယ်သမား ၁၆၂ ဦးမှ ၀ိုင်းဝန် မေတ္တာရပ်ခံခဲ့ကြောင်း ဒေသခံလယ်သမားများကပြောသည်။

၂၀၀၈ ခုနှစ်က ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ဓနိခြံ ၇၄၉ ဧကအား မြို့ရွာနှင့်အိုးအိမ်ဝန်ကြီးဌာနမှ သိမ်းယူခဲ့ကာ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ယင်းဝန်ကြီးဌာနမှတဆင့် မူလလုပ်ကိုင်လျက်ရှိသည့် ဒေသခံလယ်သမားများအစား မြရွှေဝါကုမ္ပဏီသို့ လုပ်ပိုင်ခွင့်ချထားပေးခဲ့ချိန်မှစ၍ ကုမ္ပဏီနှင့်  လယ်သမား များကြား လယ်ယာမြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အငြင်းပွားခဲ့ကြသည်။         ။

နွေရာသီရေရှားပါးမှုပြဿနာ ရေရှည်အမြင်ဖြင့်ဖြေရှင်းသွားရန် အရေးတကြီးလိုအပ်

by Yangon Press International on Wednesday, May 16, 2012 at 8:11am ·
မေလ ၁၆ ရက်၊ ၂၀၁၂ ခုနှစ်
ပိုင်ပိုင် (YPI)

ကန်ရေကို အဓိကထား အသုံးပြုနေရသော ဒေသများတွင် ရေရှားပါးမှုပြဿနာများကို နှစ်စဉ်နီးပါး ကြုံတွေ့လာရသောကြောင့်  ရေရှည်အမြင်ဖြင့် ဖြေရှင်းသွားရန် အရေးတကြီး လိုအပ်လာကြောင်း ယင်းဒေသများမှ ဒေသခံများကပြောသည်။

ကန်ရေကို အဓိကအားထားနေရသည့် ဒလ၊ ခရမ်း၊သုံးခွ အစရှိသည့် မြို့နယ်ရှိ ကျေးရွာများအတွင်း ငါးနှစ်ဆက်တိုက်နီးပါး နွေရာသီ၌ ရေကန်ခမ်းခြောက်ကာ သောက်သုံးရေ ရှားပါးမှုသည့် ပြဿနာသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးဝါးလာသည်ဟု ဒေသခံများကပြောသည်။

"လတ်တလောမှာလည်း လိုအပ်နေသေးတယ်ဆိုပေမယ့် ရေရှည်အတွက်ပါ ထည့်စဉ်းစားရတော့မှာ။ အနည်းဆုံးတော့ တစ်ရွာကို အ၀ိစိတွင်းတစ်ခုလောက်ရှိဖို့လိုအပ်လာပြီ။ တစ်ချို့ရွာတွေက ရေသွားလှူမယ့်သူရှိရင်တောင် လမ်းပမ်းဆက်သွယ်ရေး ခက်တော့ သယ်ယူပို့ဆောင်တဲ့အခါ အခက်အခဲတွေရှိတယ်"ဟု သုံးခွမြို့ဒေသခံ ဦးစိန်ဝင်းမောင်ကပြောသည်။

သုံးခွမြို့နယ်တွင် ကျေးရွာပေါင်း ၆၄ရွာရှိပြီး မုတ္တမပင်လယ်ကွေ့နှင့် နီးသောကျေးရွာပေါင်း ၂၀ကျော်တွင် လတ်တလော သောက်သုံးရေရှားပါးမှုပြဿနာ ကြုံတွေ့နေရဆဲဖြစ်ကာ အလှူရှင်များ လိုအပ်နေဆဲဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

ရေရှားပါးရာ ကျေးရွာများသို့ ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ဖူးသူ ခရမ်းမြို့ဒေသခံ ကိုချက်ကြီးကလည်း"ရွာတွေမှာတော့ အ၀ီစိတွင်းမတူးနိုင်တော့ မြို့ပေါ်က သွားလှူကြတာပေါ့။ တချို့ရွာတွေမှာဆိုရင် ရေလာလှူတဲ့သူကို ထိုင်တောင်ကန်တော့တာမျိုး ကြုံခဲ့ဖူးတယ် "ဟုသူ့အတွေ့အကြုံကို ပြန်ပြောပြသည်။

ယခုနောက်ပိုင်းနှစ်များတွင် ကန်ရေကို အဓိကထား အသုံးပြုနေရသော မြို့ပေါ်ရပ်ကွက်များတွင်ပါ ရေခမ်းခြောက်လာမှုများ ကြုံတွေ့လာရသောကြောင့် အ၀ိစိတွင်းတူးဖော်မှုများပိုမိုများပြားလာသည်ဟု ၎င်းကဆက်ပြောသည်။

ကန်ရေကို အဓိကထား အသုံးပြုနေရသည့် ဒဂုံဆိပ်ကမ်းမြို့နယ် ကျီစုကျေးရွာ ဒေသခံတစ်ဦးဖြစ်သူ ကိုမောင်မောင်ကလည်း ၎င်းတို့နေထိုင်ရာကျေးရွာတွင် ရေကန်များ အကုန်ခမ်းခြောက်သွားပြီဖြစ်ကြောင်း၊ ရေလာရောက်လှူဒါန်းသူများရှိသော်လည်း လူဦးရေ များပြားသဖြင့် မလောက်ငှကြောင်း၊ ထို့ကြောင့် ရွာ၏ရေအခက်အခဲကို ရေရှည်ဖြေရှင်းနိုင်ရန်အတွက် အ၀ီစိတွင်းတူးရန် အလှူခံလျက်ရှိကြောင်း ပြောပြသည်။

လတ်တလော သောက်သုံးရေရှားပါးမှု ပြဿနာအတွက် အင်န်ဂျီအိုအဖွဲ့အစည်းများ နှင့် ပြည်သူများ  ၀ိုင်းဝန်းလှူဒါန်းနေသော်လည်း ကျေးရွာအများစုတွင် ရေရှားပါးမှုများ ဆက်လက်ကြုံတွေ့နေဆဲဖြစ်ကြောင်း  သောက်ရေလှူဒါန်းမှုများ ပြုလုပ်နေသည့်  Save The Aged အဖွဲ့မှအဖွဲ့ဝင် ကိုဝေလင်းအောင်ကပြောသည်။

ယခုနှစ်နွေရာသီ၌ ရန်ကုန်တိုင်း ဒလ၊ ခရမ်းသုံးခွမြို့နယ်များအပြင် ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ ကျေးရွာအချို့တွင်လည်း ရေရှားပါးမှု ပြဿနာနှင့် ကြုံတွေ့နေရကာ ရန်ကုန်မြို့နှင့်နီးသော အရပ်ဒေသများသို့ ရေလှူသည့် အဖွဲ့အစည်းများ ရှိသော်လည်း ရခိုင်ပြည်နယ်ကဲ့သို့သော ဒေသများတွင် ကျေးလက်ဒေသခံများအနေဖြင့် ၎င်းတို့ဘာသာ နည်းလမ်းရှာ ဖြေရှင်းကြရသည်။

အပူရှိန်ပြင်းထန်သည့်  ၂၀၁၀ ခုနှစ်နွေရာသီက ရေရှားပါးမှု ပြဿနာကို မွန်ပြည်နယ်၊ ရန်ကုန်တိုင်း ပဲခူးတိုင်းတို့တွင် အဆိုးရွားဆုံး တွေ့ကြုံခဲ့ကြရသည်။          ။

ဒလတွင် သောက်ရေ၊ သုံးရေ အလှူရှင်များ ဖိတ်ခေါ်
နှစ်စဉ် ရေပြတ် ခက်ခဲလေ့ရှိသော ဒလတွင် သောက်သုံးရေ အဆင်ပြေစေရေး သောက်ရေ၊သုံးရေ များ လာရောက် လှူဒါန်းရန် ကြိုဆို ဖိတ်ခေါ် လျှက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဒလ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှုး ဦးထွန်းထွန်းဝင်းက ပြောကြားသည်။ "ရေလာလှူတဲ့ လူတွေကို ကန့်သတ်ထားတာ မရှိပါဘူး၊ ရေလိုသူနဲ့ ရေလှူသူ အဆင်ပြေအောင် ညှိပေးတာ" ဟု ၄င်းက ဆိုသည်။ မိုးသုံးလေးရက် ဆက်တိုက်ရွာမှ ရေရရှိမှု အဆင်ပြေနိင်ပြီး ဒလမြို့နယ် အုပ်ချုပ်ရေး အဖွဲ့ အနေဖြင့် ရေလာရောက် လူဒါန်းသူများကို ကန့်သတ် တားမြစ်ခြင်း မရှိဘဲ ရေအမှန် တကယ်လိုအပ်သော ရပ်ကွက်များ ရေရရှိရေး အတွက် ညှိုနှိုင်းချိတ်ဆက် ပေးကြောင်း ရေအလှုရှင်များ လှူလိုသည့် ရပ်ကွက်ကို လှူဒါန်း နိုင်ကြောင်း ၄င်းက ဆက်လက် ရှင်းပြသည် The Voice Weekly

အမှတ် (၈) ရဲတပ်ရင်းမှ လုံခြုံရေးရဲများ ပတ္တမြားမြို့သစ်တွင် ၀င်ရောက်ရိုက်နှက်

by Yangon Press International on Wednesday, May 16, 2012 at 12:41pm ·
မေလ ၁၆ ရက်၊ ၂၀၁၂ ခုနှစ်- (YPI)

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ်အနီးတွင် တပ်စွဲထားသော အမှတ် (၈) ရဲတပ်ရင်းမှ ရဲတပ်သားများသည် ယနေ့ ည ၇ နာရီခွဲခန့်တွင် ပတ္တမြားမြို့သစ်၊ အောင်စည်တော် လက်ဘက်ရည်ဆိုင်သို့ ၀င်ရောက်ပြီး ရပ်ကွက်နေလူငယ်များအား ရိုက်နှက်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

ထိုသို့ရိုက်နှက်မှုကြောင့် ယင်းလက်ဘက်ရည်ဆိုင်တွင်ထိုင်နေသော လူငယ် ၁၀ ဦးခန့်ဖူးယောင်ဒဏ်ရာရခဲ့ပြီး တစ်ဦးမှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာရခဲ့ကြောင်း ရိုက်နှက်ခံရသူလူငယ်တစ်ဦးဖြစ်သည့် ရဲထူးဇော်ကပြောသည်။

'' သားတို့က လက်ဘက်ရည်ဆိုင်မှာ ထိုင်နေတုန်း အနောက်ကနေ၀င်ရိုက်တာ။ လူတွေကိုတော့ မမှတ်မိလိုက်ဘူး။ သူတို့နဲ့သားတို့နဲ့ ဘာပြသနာမှဖြစ်တာလည်းမဟုတ်ဘူး " ဟု ၎င်းကပြောသည်။

ယနေ့နေ့လည်က အရက်ဆိုင်တွင် အရပ်သားနှင့်ရဲတပ်ရင်း တပ်သားတို့ စကားများရန်ဖြစ်ခဲ့သည့် အငြိုးဖြင့် လာရောက်ရိုက်နှက်ခြင်း ဖြစ်နိုင်သော်လည်း ညပိုင်းအရိုက်ခံရသူများမှာ နေ့ခင်းက ရန်ဖြစ်ခဲ့သည့် အရပ်သားတို့နှင့် မည်သို့မှ ပတ်သက်ခြင်းမရှိဟု ရပ်ကွက်ခံ တို့ကပြောသည်။

ထိုသို့ဝင်ရောက်ရိုက်နှက်သည့်အပြင် ရပ်ကွက်တွင်းမှ ရဲတပ်ရင်းသို့ ပြန်ရာ လမ်းတစ်လျှောက်တွင်လည်း အော်ဟစ်ဆဲဆို ကြိမ်းမောင်းမှုများပြုသည့်အပြင် လမ်းတစ်လျှောက်ရှိ ဈေးဆိုင်အချို့အား တုတ်၊ ခဲ စသည်တို့ဖြင့်ပစ်ခတ်ခြင်း၊ ရေအိုးများ ရိုက်ခွဲခြင်း၊ ဆိုင်းဘုတ်များကို ဖျက်ဆီးခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြောင်း၊ ၎င်းတို့မှာ အင်အား ငါးဆယ်ခန့်ရှိကြောင်း မျက်မြင်သက်သေများကပြောသည်။

လုံခြုံရေးရဲများ၏ တုတ်ဖြင့်ပစ်ခတ်မှုကြောင့် ခြေထောက်တွင် ဒဏ်ရာရရှိသွားသည့် မအေးအေးနိုင်က " သူတို့က လမ်းမှာ တွေ့တဲ့သူရိုက်ကွာလို့ပြောပြီး ဆိုင်ရှေ့ထွက်နေတဲ့ ကျွန်မကို ၀ါးရင်းတုတ်နဲ့ပစ်သွားတယ်။ အခုလိုခံလိုက်ရတာကို မကျေနပ်ဘူး။ အရမ်းဒေါသထွက်တယ် " ဟု YPI  ပြောသည်။

ယခုကဲ့သို့ ၀င်ရောက် ရမ်းကားခြင်းအား လုံခြုံရေးရဲများမှ ကြိုတင်ပြင်ဆင်လူစုထားခြင်းဖြစ်ကြောင်း၊ ယခုဝင်ရောက်ရိုက်နှက်ရာတွင် ၎င်းတို့အနေဖြင့် ချိန်းကြိုး၊ တုတ်၊ ခဲ၊ လေးခွ စသည်တို့ကို ကြိုတင်ယူဆောင်လာကြကြောင်း မျက်မြင်သက်သေများကပြောသည်။

ဒဏ်ရာရရှိသူတစ်ဦးဖြစ်သည့် မောင်စိုးဝေလင်း၏ ဖခင် ဦးနွေဦးက " ပြည်သူတွေကို ကာကွယ်ရမယ့် ပြည်သူ့ဝန်ထမ်းလူတန်းစားက ပြည်သူတွေကို ဒုက္ခပေးမယ်လို့ကြိမ်းသွားတယ်။ သူတို့ပါးစပ်ကိုက ရပ်ကွက်ကို မီးနဲ့ ရှို့မယ်လို့ပါ ကြိမ်းမောင်းသွားတယ်။ ကျွန်တော်တို့ မခံစားနိုင်ဘူးဗျာ " ဟုပြောသည်။

ပတ္တမြားမြို့သစ်နေ ဒေါ်စောတင်တင်ကလည်း အမှတ် (၈) ရဲတပ်ရင်းမှ ရဲတပ်သားများသည် ယခင်ကလည်း ပတ္တမြားမြို့သစ်အတွင်းသို့ သုံးကြိမ်ခန့် ၀င်ရောက်ရမ်းကားခဲ့ဖူးကြောင်း၊ ယခုကဲ့သို့ ရမ်းကားခြင်းခံရသဖြင့် မိမိစိတ်တွင် မလုံခြုံဟု ခံစားရကြောင်းပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရိုက်နှက်ခြင်းခံရသည့် လူငယ်အချို့မှ မင်္ဂလာဒုံမြို့နယ် ထောက်ကြံ့ရဲစခန်းသို့ သွားရောက်ပြီး အမှုဖွင့်တိုင်ကြားလျက်ရှိသည်။        ။

ပစ္စည်းသိမ်းလူရိုက်တဲ့စည်ပင်သာယာ

Published on May 16, 2012 by

၁၅-၅-၂၀၁၂ နေ့ နံနက် ၉း၄၅ မိနစ်က ၊ လသာမြို့နယ် ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမ ၊ ရန်ကုန်ဆေးရုံကြီး ရှေ့ ထမင်းဟင်းရောင်းနေတဲ့ဆိုင်ကို လသာမြို့နယ် စည်ပင်သာယာရေးကော်မတီအုပ်ချုပ်ရေးမှူး နဲ့ အဖွဲ့က စားသောက်ကုန်တွေ ပစ္စည်းပစ္စယ တွေ အတင်းအဓမ္မ လုယက် ဖျက်စီးခဲ့သလို ဈေးသည်ကိုပါ ရိုက်နှက် ခဲ့ပါတယ်။ အဲဒီရိုက်နှက်ခံခဲ့ရတဲ့ ထမင်းဆိုင်မှ ဟင်းချက်နေတဲ့ ဧရာဝတီတိုင်းသူ မသင်းသင်းခိုင်နဲ့ ဆိုင်ရှင်ကို Burma VJ Media မှ ဆက်သွယ်မေးမြန်းထားပါတယ်။

လယ်ယာမြေတွေ မတရား သိမ်းယူခံနေရတဲ့ လယ်သမားတွေရဲ့ ဘဝ

Published on May 16, 2012 by BurmaVJMedia
ရန်ကုန်တိုင်း သုံးခွမြို့နယ် နဲ့ ၁၅ မိုင် အကွာမှာ ရှိတဲ့ သာယာမြိုင်ကျေးရွာ အမှတ် ၁ဝ၅ နဲ့ ၁ဝ၆ မှာရှိတဲ့ လယ်သမားတွေရဲ့ လယ်မြေတွေကို သုံးခွမြို့နယ် မယက ဥက္ကဌ ဦးခင်မောင်ဝင်း က တိုင်းညွှန်ကြားချက်အရ ပုဇွန်ကန်တူးဖော်မယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၀၅ ခုနစ်က အဓမ္မ သိမ်းယူခဲ့ပါတယ်။လယ်သမား ၁၉ ဦးတို့ ရဲ့ လယ်ယာမြေ စုစုပေါင်း ၁၃၈.၃၅ ဧက ကို လျော်ကြေးနဲ့ လယ်ယာမြေ ပြည်လည် အစားထိုးပေးမှု တစ်စုံတစ်ရာမရှိပဲ သိမ်းယူခဲ့တာပါ။ အဲ့ဒီလို လျော်ကြေးနဲ့ လယ်ယာမြေတွေ အစားပြန်မပေးတဲ့အတွက် ဒီလယ်ယာမြေတွေနဲ့ ပဲ လုပ်ကိုင် စားသောက် နေရတဲ့ လယ်သမားနဲ့ သူတို့ မိသားစုတွေဟာ စားဝတ်နေရေး ဒုက္ခတွေ နဲ့ ရင်ဆိုင် ကြုံတွေ့နေရပါတယ်။

ပါရမီ...သတ်လိုက်ပြန်ပြီနောက်တယောက်

ဈေးကြိုပို့ယာဉ်နှင့် ၂၃၂ ပါရမီယာဉ်တစ်စီးတို့ ယာဉ်ရှေ့တွင် ပိတ်ရပ်သည့်ကိစ္စဖြင့် စကားများမှုဖြစ်ပွား၊ ဈေးကြိုပို့ယာဉ်မှ ယာဉ်မောင်းနှင့်အဖွဲ့ကို ပါရမီယာဉ် နောက်လိုက်တစ်ဦး၏ ဖခင်ဖြစ်သူနှင့် အဖွဲ့မှ ဓားဖြင့်ဝိုင်းခုတ်မှုကြောင့် တစ်ဦးသေဆုံး
Wednesday, 16 May 2012 13:02
571
ဓားဖြင့် ၀ိုင်းဝန်းခုတ်မှု ဖြစ်ပွားရာ ပါရမီ ၂၃၂ ဂိတ်ရုံးအား တွေ့ရစဉ်
ဈေးကြိုပို့ယာဉ်မောင်းနှင့် ၂၃၂ ပါရမီယာဉ်နောက်လိုက်များ ယာဉ်ပိတ်ရပ်ခြင်းကြောင့် စကားများခဲ့ပြီးနောက် ဈေးကြိုပို့ ယာဉ်မောင်း နှင့်အဖွဲ့ ၂၃၂ ဂိတ်ရုံးသို့ လာရောက်စကားပြောစဉ် ပါရမီယာဉ် နောက်လိုက်၏ ဖခင်နှင့်အဖွဲ့က ဓားဖြင့်ဝိုင်းခုတ်ခဲ့ကြောင်း သိရှိရပါသည်။
ဓားဖြင့်ဝိုင်းခုတ်မှုကြောင့် ဈေး ကြိုပို့ယာဉ်မောင်းနှင့် ပါလာသည့် ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့ကြောင်း၊ ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် မေလ ၁၂ ရက်နေ့ ည ၇ နာရီနောက်ပိုင်းတွင် ဖြစ်ပွားခဲ့ပြီး ဒဂုံဆိပ်ကမ်းရဲစခန်း (ပ)၁၆၉/၁၂ ပုဒ်မ ၃၀၂/ ၃၂၄/ ၁၁၄ ဖြင့် အမှုဖွင့်ထားကာ တရားခံ ဖမ်းဆီးရမိရေး စုံစမ်းနေကြောင်းသိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဓားဖြင့်ဝိုင်းခုတ်ခံရ၍ သေဆုံးခဲ့သူ၏ ညီဖြစ်သူ ကိုတင်ဝင်းလှိုင်က “ကျွန်တော့် ရဲ့အစ်ကိုကတော့ အခင်းဖြစ်တဲ့နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ ၂၃၂ ပါရမီဂိတ်ရင်းက ဂိတ်မှူးက ခေါ်လို့သွားပြီးစကားပြောနေတဲ့အချိန် မှာအဲဒီအထဲကို လူနှစ်ယောက်က ဓားနဲ့ဝင်ခုတ်တယ်။ ပြေးထွက်လာတဲ့ သူတွေကို အပြင်ကနေ တစ်ယောက် က တုတ်နဲ့ရိုက်တယ်လို့ သိရပါတယ်။ ဘယ်သူမှားလဲ၊ ဘယ်သူမှန်လဲလို့ အပြည့်အစုံ မသိသေးပါဘူး။ ကျွန်တော်တို့ အနေနဲ့ကတော့ အမှန်အတိုင်း ဖြစ်အောင် တရားဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်” ဟု ပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပါရမီယာဉ်လိုင်းမှ တာဝန်ရှိသူ ဗိုလ်မှူးဌေးလွင်က “အဲဒီဈေးကြိုပို့ယာဉ် မောင်းတဲ့သူက ကျွန်တော်တို့ ၂၃၂ ပါရမီယာဉ်လိုင်းပြေးနေတဲ့ လမ်း ကြောင်းပေါ်မှာ တရားမ၀င်ပြေးဆွဲ နေတယ်။ သူနဲ့လည်းခဏခဏပါရမီ ယာဉ်မောင်းတွေနဲ့ယာဉ်နောက်လိုက် တွေနဲ့စကားများကြတယ်။ အဲဒီနေ့ မှာလည်း တရားမ၀င်ပြေးဆွဲလို့ အမှတ် ၂၃၂ ပါရမီယာဉ်တစ်စီးက ယာဉ်နောက်လိုက်တွေနဲ့ စကားများ ခဲ့ကြပါတယ်။ အဲဒီနေ့က ညပိုင်းမှာ ဈေးကြိုပို့ယာဉ် မောင်းနေတယ်ဆိုတဲ့ သူနဲ့သူ့သားသူငယ်ချင်း ယာဉ်မောင်း သုံးယောက်နဲ့ လူအုပ်စုကကားတစ်စီး နဲ့ ၂၃၂ ဂိတ်ကိုလာပြီး သူတို့ ဒီလမ်းကြောင်းမှာ ကားပြေးဆွဲမယ်စတဲ့ အကြောင်းအရာတွေ လာပြောတဲ့အချိန် မှာ စကားများလာတဲ့ ယာဉ်နောက်လိုက်ရဲ့ အဖေဖြစ်သူ ဦးခင်ဇော်နဲ့ တခြားသူတွေအ ဖွဲ့တစ်ဖွဲ့က၀င်ပြီးတော့ ဓားနဲ့ဝင်ခုတ်ခဲ့တာပါ။ အဲဒီ ၀င်ခုတ်တဲ့သူကိုလည်း ရဲတွေက စစ်ဆေးနေပါတယ်။ သူ့ကိုမမိခင်မှာ ကျွန်တော် တို့ရဲ့ယာဉ်မောင်း၊ ယာဉ်နောက်လိုက် တွေကိုလည်း ရဲခစန်းက ခေါ်စစ်ပါ တယ်။ ပြီးမှ ပြန်လွှတ်ပေးတာပါ” ဟု ပြောကြားခဲ့သည်။
ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ဈေးကြိုယာဉ်မောင်းဖြစ်သူ ဦးစိန်မိုးက “ကျွန်တော်ရပ်ထားတဲ့ ကားရှေ့ကိုအဲဒီ ၂၃၂ ကားကရပ်ထားတော့ ကျွန်တော့်ရဲ့ကားထွက်လို့မရဘူး။ ဒါနဲ့ ဟွန်းတီးပြီး ရှေ့တိုးခိုင်းပါတယ်။ မလွတ်မကင်း ရှေ့တိုးပြီးတော့ရအောင် ထွက်တယ်။ ပြီးတော့ သူတို့ကို ကျွန်တော်ကပြန်ကြည့်မိတာကစပြီး တစ်ယောက်တစ်ခွန်း စကားများခဲ့ပါတယ်။ အဲဒါနဲ့ ကျွန်တော့်ရဲ့ကား နောက်ကို အယောက်၂၀လောက်ပါ တဲ့ သူတွေက ပြေးလိုက်လာတော့ မောင်းပြေးထွက်ခဲ့ပါတယ်။ ဒါနဲ့ ကျွန်တော်ထမင်းစားပြီး အပြန်ကျတော့ အခုသေဆုံးသွားတဲ့သူရဲ့ အမေက နင်တို့ကို ၂၃၂ပါရမီဂိတ် ဂိတ်မှူး ဗိုလ်ကြီးအောင်အောင်က ခေါ်နေတယ်လို့ပြောတော့ ကျွန်တော်ရယ်၊ သေသွားတဲ့သူရယ်၊ သူငယ်ချင်းတစ်ယောက်ရယ် သုံးယောက်က အဲဒီဂိတ်ထဲကို ဂိတ်မှူးနဲ့ ၀င်စကားပြောလို့ ၁၀ မိနစ်လောက်အကြာမှာ လူနှစ်ယောက် က ပြေးဝင်လာတယ်။ ကျွန်တော့်သားနဲ့ စပယ်ယာတစ်ယောက်က ကားပေါ်မှာ ထိုင်နေခဲ့တယ်။ အဲဒီကားပေါ်ကိုလည်း ဓားနဲ့ ၀င်ခုတ် ပါတယ်။ တစ်ယောက်ကဓားကိုင် ထားတယ်။ တစ်ယောက်က တုတ် ကိုင်ထားတယ်။ ဓားကိုင်ထားတဲ့ သူက ဖိုးညီကိုထိုးလိုက်တော့ ကျွန်တော်လည်း ထပြီးထွက်ပြေးပြီးတော့ နီးစပ်ရာရဲကင်းကို အကြောင်းကြားခဲ့တာပါ။ ဂိတ်မှူးနဲ့ စကားပြောနေတဲ့ အကြောင်းအရာတွေ က ဒီလိုအချင်းများနေတာတွေ ဆက်မဖြစ်ဖို့နဲ့ ကျွန်တော်တို့မှာရှိတဲ့ ကားကိုကုမ္ပဏီတစ်ခုမှာ အပ်ဖို့ပြောနေတဲ့အချိန်မှာပဲ ၀င်ပြီး ခုတ်တာပါ” ဟု ၎င်းက ပြောကြားခဲ့ပါသည်။
http://news-eleven.com

စံပယ်ပွင့်ဆန္ဒပြ

DVB TV News,br/> လှိုင်သာယာစက်မှုဇုန် ၄ အတွင်းရှိ စံပယ်ပွင့် အထည်ချုပ်စက်ရုံ အလုပ်သမ တွေက အခြေခံ အလုပ်သမား အခွင့်အရေးတွေ ရရှိဖို. တောင်းဆို ဆန္ဒပြနေကြပါတယ်

သူရဦးရွှေမန်းကို တွေ့ဆုံမေးမြန်း

DVB TV News

နော်ဝေနိုင်ငံကို လေ့လာရေးခရီး ရောက်ရှိနေတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကို ဒီမိုကရက်တစ် မြန်မာ့အသံ အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
— in Oslo, Norway.

ယခုရက်ပိုင်းအတွင်း အမေရိကန်ဒေါ်လာဈေး မြင့်တက်


၂၀၁၂ ခုနှစ် မေလ ၇ ရက်နေ့ နောက်ပိုင်းတွင် မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်မှုဘဏ်တို့တွင် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ကာ နိုင်ငံသားများ ၂၀၀၇ ခုနှစ်အထက် မော်ဒယ်ကားများအား ဘယ်မောင်း၊ ညာမောင်း မခွဲခြားဘဲ တင်သွင်းခွင့် မူဝါဒကို ထုတ်ပြန်လိုက်သဖြင့် အမေရိကန် ဒေါ်လာဈေးပြန်လည် မြင့်တက်လာကြောင်း သိရှိရသည်။

မေလဆန်းပိုင်းတွင် တစ်ဒေါ်လာလျှင် ကျပ် ၈၂၀ ၀န်းကျင်သာ ရှိခဲ့သော ဒေါ်လာဈေးမှာ မေလ ၁၆ ရက်နေ့တွင် တရားဝင် ငွေလဲကောင်တာများတွင် ရောင်းချသောဈေးအရ တစ်ဒေါ်လာလျင် ၀ယ်ဈေး ကျပ် ၈၂၆ နှင့် ရောင်းဈေး ကျပ် ၈၃၈ ကျပ်ရှိကြောင်း သိရှိရသည်။ နေ့စဉ် အမေရိကန်ဒေါ်လာ ပေါက်ဈေးအား ဗဟိုဘဏ်မှ Mid-rate အနေဖြင့် ထုတ်ပြန်ပေးပြီး ၎င်းဈေးနှုန်းပေါ်တွင် အခြေခံကာ ၀ယ်ဈေးကို အနှုတ် ၀ ဒသမ ၈ ရာခိုင်နှုန်းခွာထားပြီး ရောင်းဈေးတွင် အပေါင်း ၀ ဒသမ ၈ ရာခိုင်နှုန်းခွာထားကြောင်း သိရှိရသည်။
''ဒေါ်လာဈေးနှုန်းက ကားတင်သွင်းခွင့် ပါမစ်ပေးလိုက်တော့ တက်လာတာ တွေ့ရတယ်။ တကယ်တမ်း ဒေါ်လာဈေးမတက်လို့လည်း မရဘူး။ ပို့ကုန်သမားတွေအတွက်တော့ အထိနာတယ်။ အထူးသဖြင့် ဆန်တို့၊ ပဲတို့ ပြည်ပတင်ပို့တဲ့  FOB ဆန်ဈေးဆိုရင်လည်း ၃၂၀ လောက်ပဲရတော့  တစ်ဒေါ်လာကို ကျပ် ၈၂၀ နဲ့တွက်ရင် နှစ်သိန်းကျော်လောက်ပဲ ရတယ်။ အဲဒါကြောင့် ပို့ကုန်သမားတွေက တစ်ဒေါ်လာကို ကျပ် ၉၀၀ ၀န်းကျင်လောက် အထိ ဆွဲတင်ဖို့ ပြောတယ်။ ဒါပေမယ့် ဘယ်လောက် အတိုင်းအတာအထိ တင်နိုင်မလဲတော့ မသိသေးဘူး။ အခုက မြန်မာငွေတန်ဖိုးက တော်တော်မာတယ်။ ဥပမာ တရုတ်ဆိုရင် သူ့ငွေတန်ဖိုးကို လိုသလို ချနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ အဲဒီလောက်အထိ လိုက်မချနိုင်ဘူး။ တကယ် တမ်းဒေါ်လာဈေးတက်ဖို့ လိုနေတာတော့ အမှန်ပဲ'' ဟု ပြည်ပသို့ ကုန်ပစ္စည်းများ တင်ပို့နေသော လုပ်ငန်းရှင် တစ်ဦးက ပြောပြခဲ့သည်။
မေလ ၁၅ ရက်နေ့တွင် အမေရိကန်ဒေါ်လာဈေးမှာ တစ်ဒေါ်လာလျှင် ကျပ် ၈၂၅ ကျပ်နှင့် ကျပ် ၈၃၇ ကြားရှိပြီး ၁၆ ရက်နေ့တွင်မူ ၀ယ်ဈေး ကျပ် ၈၂၆ နှင့် ရောင်းဈေး ကျပ် ၈၃၈ ရှိကြောင်း သိရှိရကာ ဒေါ်လာဈေးနှင့် FEC ဈေးမှာမူ ဧပြီ လ ၂ ရက်နေ့ နှုန်းရှင်သတ်မှတ်သည့်နေ့မှစ၍ အတူတူရှိနေကြောင်း သိရှိရသည်။

''လောလောဆယ် earing ဈေး က ၈၃၅ ၀န်းကျင်ဈေးလောက် ရှိတယ်။ ဒါပေမဲ့ earing အဝေးက ရှားတယ်။ ဟိုတုန်းက ရိုးရိုး earing ကျပ် ၂၀ လောက်ကွာတယ်။ အခုတော့ သိပ်မကွာတော့ဘူး။ earing အဝေးဆိုတာ ဥပမာ ဂျပန်က ကားသွင်းမယ်ဆိုရင် ဂျပန်ကိုဘဏ်ကနေ တစ်ဆင့် earing လွှဲပေးတာ။ အခုတော့ ဈေးနှုန်းအားဖြင့် သိပ်မကွာတော့ပေမယ့် နည်းနည်းတော့ ရှားနေတယ်''ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
news-eleven.com

ပိတ်ဆို့မှုအရေးပါပုံ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

    RFA Burmese
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်အစိုးရအနေနဲ့ မြန်မာအစိုးရအပေါ် ပိတ်ဆို့မှုတွေဆိုင်းငံ့ရပ်တန့်ထားမှာကို သူ ကန့်ကွက်မှာမဟုတ်ကြောင်း ဒါပေမယ့် ပိတ်ဆို့အရေးယူမှုတွေဟာ မြန်မာအစိုးရကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ အတွက်စည်းရုံးပြောဆိုရမှာ အရေးပါထိရောက်ကြောင်း ပြောဆိုလိုက်ပါတယ်။

ဝါရှင်တန်မြို့တော်မှာ အမေရိကန်သမ္မတဟောင်း George W. Bush ဦးဆောင်ပြီး မနေ့က ကျင်းပတဲ့ "လူသားတွေရဲ့ လွတ်လပ်ခြင်း" အမည်ရှိ ညီလာခံကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အဖွဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အင်တာနက် ဗီဒီယိုကနေ တဆင့် မြန်မာ့နိုင်ငံရေး အခြေအနေတွေ ပြောကြားခဲ့ပါတယ်။

သမ္မတဟောင်း George W. Bush ဟာ Bush Institute အမည်နဲ့ ကမ္ဘာအနှံ့အပြားက လွတ်လပ်မှု အတွက် တိုက်ပွဲဝင်နေသူတွေကို အကူအညီပေးနေသူ ဖြစ်ပါတယ်။ မနေ့က ကျင်းပတဲ့ ညီလာခံမှာ သမ္မတကတော် Laura Bush က ဒေါ်အောင်ဆန်းစုကြည် ကို ပရိသတ်နဲ့ စတင်မိတ်ဆက်ပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းတွေကို ဖြေကြားခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတခုကို ---

"မြန်မာနိုင်ငံက အပြောင်းအလဲတွေအပေါ် လေ့လာသူတွေက အကောင်းမြင်တာ များလွန်းပါတယ်။ လက်ရှိ အပြောင်းအလဲတွေဟာ အချိန်မရွေး နောက်ကြောင်း ပြန်လှည့်သွားနိုင်ပါတယ်။ စစ်တပ်က ဒီမိုကရေစီ အရေး နဲ့ ပြောင်းလဲမှုတွေကို ထောက်ခံမှသာ အဆင်ချောမွေ့နိုင်မှာပါလို့"

ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာပြည် ဒီမိုကရေစီပြောင်းလဲမှုတွေကို မိမိတို့တိုင်းပြည်အနေနဲ့ တကယ်လိုလားတယ်ဆိုရင် နိုင်ငံရေးအကျဉ်းသား တဦးမျှ မရှိသင့်ပါဖူးလို့လည်းသူကပြောဆိုခဲ့ပါတယ်။

အဲဒီ ညီလာခံကို အမေရိကန် သမ္မတ ဟောင်း George W. Bush ၊ သမ္မတကတော် Laura Bush တို့အပြင် သမ္မတဘုရှ် လက်ထက်က အစိုးရအဖွဲ့ဝင် ၀န်ကြီးဟောင်းတွေ နဲ့ လက်ရှိ အမေရိကန် နိုင်ငံရေးသမား အတော်များများ တက်ရောက်ခဲ့ပါတယ်။