Thursday, May 17, 2012

ဒုသမ္မတနေရာ

DVB TV News

Secretary Clinton Delivers Remarks With Foreign Minister of Burma Wunna Maung Lwin

Published on May 17, 2012 by statevideo

ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ် နဲ့ အင်္ဂါနေ့က သူ တွေ့ဆုံခဲ့ရာမှာ သမ္မတလီက ပြည်သူတွေ ဒီမိုကရေစီရရှိရေးဟာ အင်မတန် အရေးကြီးကြောင်း၊ စီးပွါးရေးတိုးတက်မှုနဲ့ ဒီမိုကရေစီကို အစားထိုးလို့မရကြောင်း ပြောကြားခဲ့တဲ့အတွက် အင်မတန်နှစ်သက်သဘောကျမိကြောင်း RFA ကိုပြောပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ရှေ့လာမယ့် ဇွန်လအတွင်း ဥရောပနိုင်ငံတွေကို သွားရောက်မယ့် ခရီးစဉ်ကနေ တိုင်းပြည်အတွက် အကျိုးရလာဒ်များ ရရှိနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။ အပြည့်အစုံကို ဦးခင်မောင်စိုးတင်ဆက်တဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ပါ။ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ် by Radio Free Asia

ပုဂ္ဂလိက ဆောက်လုပ်ရေးကုမ္ပဏီမှ အိမ်ငှားအားအဓမ္မနှင်

by Yangon Press International on Thursday, May 17, 2012 at 7:39am ·
မေလ ၁၇ ရက်၊ ၂၀၁၂ ခုနှစ်-
ဟံသာ (YPI )

ယခုလ ၁၄ရက်နေ့တွင် အင်းစိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်တခုမှ တော်ဝင်ဆောက်လုပ်ရေးကုမ္ပဏီမှ ၎င်းတို့ဝယ်ထားသော မြေကွက်မှ ဆင်းမပေးသော အိမ်ငှားများ လမ်းပေါ်သို့နှင်ချခဲ့ကြောင်း အိမ်ငှား တဦးဖြစ်သူ ဦးမြင့်ဦးကပြောသည်။

“ကျွန်တော်တို့လူကြီးတွေမရှိတုန်း ကျွန်တော့်သမီးလေးတယောက်တည်းရှိနေတဲ့အချိန်မှာ ကုမ္ပဏီကလူတွေရယ် ရပ်ကွက်က လူတွေလဲအပါလူ၂၀လောက်အိမ်ကို လာဖျက်သွားတယ် ပစ္စည်းတွေလည်း လမ်းပေါ်မှာ ပုံထားတယ် အခုကျွန်တော်တို့ လမ်းပေါ်မှာပဲနေနေတယ်”ဟု၎င်းက ပြောသည်။

ရန်ကုန်မြို့ အင်းစိန်မြို့နယ်တွင် ကျူးကျော်နေရာ အဖြင့်သတ်မှတ်ထားသည့် မြို့သစ် ကခ ရပ်ကွက် အပိုင်း (၃)၊ (က) ၃ လမ်း၊အိမ်နံပါတ် (၉၃) ၏အိမ်ကို တော်ဝင်ကုမ္ပဏီကပြီးခဲ့သည့် လပိုင်းများက အိမ်ရှင်များထံ မှဝယ်ယူခဲ့သည်။

အိမ်မှာ ၀ါး၊ဓနိများဖြင့်ဆောက်ထားသည့် အိမ်ဖြစ်၍ အဆိုပါခြံအမှတ် (၉၃)တွင် ယခင်က ပိုင်ရှင်မှ အိမ်သုံးလုံးဆောက်လုပ်ပြီး အိမ်ငှားများတင်ထားရာ ရောင်းချပြီးနောက်ပိုင်းပြီးခဲ့သည့်မတ်လက အိမ်သုံးလုံးစလုံးကိုဖျက်ပစ်ကာ နှင်ထုတ်စဉ် အိမ်ငှားတဦးဖြစ်သူ ဦးမြင့်ဦးမှဆင်းပေးရန်အဆင်မပြေသေးဟုဆိုကာ ခြံဘေးမြေကွက်လပ်တွင် နောက်ထပ်တဲလေးတလုံးထပ်ထိုးကာ ဆက်လက် နေထိုင်နေခဲ့သည်။

ထိုသို့နေထိုင်လာရာမှ ယခုလ ၁၄ ရက်နေ့မှ ကုမ္ပဏီမှလူများက အဆိုပါတဲကို ဖျက်သိမ်း၍ ပစ္စည်းများကို ခြံရှေ့ရှိ လမ်းမပေါ်သို့ပုံထားခဲ့သည်ဟုဆိုသည်။

ဦးမြင့်ဦးမှအိမ်ငှားနေစဉ်လိမ်လခမှာ တသောင်းကျပ်ဖြစ်ပြီး ခြံကိုပိုင်ရှင်မှ တော်ဝင်ကုမ္ပဏီသို့ခြံကို ခြောက်သိန်း ၀န်းကျင်ဖြင့် ရောင်းချခဲ့ကြောင်း အိမ်နီးဝန်းကျင်များကဆိုသည်။

ဦးမြင့်ဦး၏ ပြောကြားချက်အရ ၎င်းတို့မှာဆင်းပေးရန်အဆင်မပြေသေးသည့်ကာလတွင် အိမ်၌ ကလေး တဦးတည်းရှိနေစဉ် ယခုကဲ့သို့ လူအင်အားသုံးပြီး အိမ်ကိုဖျက်၍ မင်းမဲ့စရိုက်ဆန်ဆန် မနှင်ချသင့်ဟုဆိုသည်။

“အဖေတို့ အမေတို့ မရှိတဲ့ အချိန်မှာသူတို့လာဖျက်တော့ သမီးကကြောက်လည်းကြောက်တယ် ရှက်လည်း ရှက်တယ်”ဟု အိမ်ဖျက်စဉ် တယောက်တည်းရှိနေသည့် ဦးမြင့်ဦး၏ သမီးဖြစ်သူ အသက်၁၅ နှစ်အရွယ်ရှိ မခိုင်မြတ်လင်းက ပြောသည်။

အဆိုပါနေရာသို့ မီဒီယာများသတင်းယူနေစဉ် လာရောက်မှတ်တမ်းယူနေသည့် တော်ဝင်ကုမ္ပဏီမှ ၀န်ထမ်းတဦးက ၎င်းတို့က အိမ်ငှားများ ဆင်းရန် နှစ်လ သုံးလ အချိန်ပေးခဲ့သော်လည်း မဆင်းသောကြောင့် ယခုကဲ့သိုလုပ်ရခြင်းဖြစ်ကြောင်းဆိုသည်။

ရပ်ကွက်ရှိဆယ်အိမ်မှူး ဦးမျိုးအောင်ကမူ “ဒီကိစ္စ ကျွန်တော်တို့နဲ့ပတ်သတ်တယ်လို့တော့ပြောလို့မရဘူး ကုမ္ပဏီကလူတွေက သူတို့ဒီ လိုလုပ်တာတော့ အသိလာပေးတယ် ဒါပေမဲ့ လုပ်တာတော့ ကျွန်တော်တို့ မသိဘူး”ဟုဆိုသည်။

ရပ်ကွက်အတွင်း တော်ဝင်ကုမ္ပဏီမှဝယ်ထားသည့် အိမ်များ (အနီရောင် ကြက်ခြေခတ်အမှတ်အသား များလုပ်ထားသည့်အိမ်များ) အများအပြားရှိကြောင်းလည်းတွေ့ရသည်။

အဆိုပါရပ်ကွက်အနီးတွင် တော်ဝင်ကုမ္ပဏီက ဆောက်လုပ်နေသည့် အိမ်ယာ စီမံကိန်းတခုက အမည်မဖေါ်လိုသော တာဝန်ခံဟု ဆိုသူက ၎င်းတို့မှာ ခြံကိုအရပ်အရောင်းအ၀ယ် ဖြင့် ၀ယ်ထားခဲ့ခြင်းဖြစ်ကာ ယခုကဲ့သို့ဖြစ်စဉ်မှာ ၎င်းတို့ကုမ္ပဏီမှ လုပ်ခြင်းမဟုတ်ဘဲ ရောင်းချသူ အိမ်ရှင်များကသာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောသည်။

လက်ရှိဖြစ်ပျက်နေသောကိစ္စနှင့်ပတ်သက်၍ ၎င်းအနေဖြင့်ပြောကြားပိုင်ခွင့်မရှိဟုလည်း ဆိုသည်။
ယခုလို အိမ်ဖျက်၍ နှင်သည့် ဖြစ်စဉ်အား နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံသို့ လွန်ခဲ့သည့် မတ်လက တိုင်ကြားခဲ့ကာ ကိစ္စကိုလည်း အင်းစိန်မြို့နယ်ရဲစခန်းသို့လည်း တိုင်ကြားထားကြောင်း ဦးမြင့်ဦးကဆိုသည်။

လက်ရှိအဖြစ်အပျက်ကို ဦးမြင့်ဦးဘက်မှလိုက်ပါကူညီဆောင်ရွက်နေသည့် ဦးခင်မောင်ကြီးက “ကျွန်တော်ကဖြစ်စေချင်တာက ကုမ္ပဏီကအခုလိုလုပ်တာကိုနိုင်ငံတော်ကခွင့်ပြုထားသလားပေါ့။ အခု လုပ်ရပ်က မင်းမဲ့စရိုက်ဆန်တယ်လို့မြင်တယ်”ဟုပြောသည်။

လက်ရှိတွင် သားသမီးလေးယောက်ရှိသည့်ဦးမြင့်ဦးတို့မိသားစု မှာ အဆိုပါခြံဝင်းအပြင်ဘက်တွင် အဖီချ၍ နေထိုင်လျက်ရှိပြီး ၎င်းအနေဖြင့် ရွှေ့ပြောင်းပေးရန် အဆင်မပြေသေးဟုဆိုသည်။
ဦးမြင့်ဦးမှာ ဘုရင့်နောင်ဆိပ်ကမ်းတွင် ကုန်တင်ကုန်ချ အလုပ်လုပ်ကိုင်ကာ တနေ့လျင် ကျပ် ၂၀၀၀ ၀န်းကျင်ရရှိသည်ဟုဆိုသည်။        ။

အိမ်ဖျက်ပြီး နှင်ခံရသည့် ဦးမြင့်ဦး မိသားစုက စည်းရိုးအပြင်တွင် အဖီချနေထိုင်လျှက်ရှိသည်ကို မေလ ၁၇ ရက်နေ့နံနက်ပိုင်းက ယခုလို မြင်တွေ့ရသည်။r

အမေရိကန် သံအရာရှိများ ရွှေနံ့သာကျေးရွာမှ လယ်သမားများကို ခေါ်ယူတွေ့ဆုံ



 by-နေ့သစ်

၎.၅.၂၀၁၂ ရက်နေ့မှာ အမေရိကန်သံရုံးမှ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတာဝန်ခံ မစ္စတာ ဘော့ဘေလီနှင့် နိုင်ငံရေး သံအရာရှိ မစ္စအားရင်း အီးဝက်(ဘ်)စတာမိန်း တို့နှစ်ဦးဟာ ဦးနေမျိုးဝေအပါအ၀င် ရွှေနံ့သာ ကျေးရွာမှ လယ်သမားများ စိုက်ပျိုးရေးပညာရှင် ဒေါက်တာထွန်းဝင်းနှင့် ဥပဒေပညာရှင်များ ဖြစ်ကြသည် ဦးဖိုးဖြူ ၊ ဦးညီညီထွေးတို့ကို ခေါ်ယူတွေ့ ဆုံပြီး ယနေ့ဖြစ်ပေါ်နေတဲ့ လယ်ယာမြေသိမ်းဆည်းခြင်း ကိစ္စတွေနဲ့ လယ်ယာမြေဥပဒေအပေါ်မှာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒီတွေ့ဆုံပွဲမှာ ဥပဒေပညာရှင်တွေ အပိုင်းကတော့ ယခင်ဥပဒေအဟောင်းတွေနဲ့ ထွက်ပေါ်လာတဲ့ လယ်ယာမြေ ဥပဒေ အပေါ်မှာ ထောက်ပြစရာတွေကို ဆွေးနွေးခဲ့ကြပြီး ဦးနေမျိုးဝေကတော့ ရွှေနံ့သာလယ်သ မားအရေးနဲ့ သူလိုက်ပါ ကူညီ ဆောင်ရွက်ခဲ့တဲ့ လယ်ယာမြေကိစ္စတွေအကြောင်းကို အခြေပြုဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ထွက်ပေါ်လာတဲ့လယ်ယာမြေဥပဒေနဲ့ ပတ်သက်ပြီး ဥပဒေပညာရှင်တွေ အပိုင်းက ထောက်ပြစရာတွေရှိပေမယ့် မတူကွဲ ပြားခြင်းနှင့် ငြိမ်းချမ်ရေးပါတီအနေနဲ့ကတော့ ထွက်ပေါ်လာတဲ့ ဥပဒေအပေါ်မှာ အပေးအယူ မျှမျှတတ ဖြစ်နေပြီး သူတို့ အနေနဲ့ ထောက်ခံမှုအပြည့်ရှိတဲ့အကြောင်းလည်း ပြောဆိုခဲ့ကြပါတယ်။ ယခုဖြစ်နေတဲ့ ရွှေနံ့သာလယ်သမားတွေ အရေး နဲ့ပတ်သက်လို့တော့ ဥပဒေအဟောင်းအရပဲ ဖြစ်ဖြစ်၊ ဥပဒေအသစ်အရပဲ ဖြစ်ဖြစ် လယ်သမားတွေဘက်က သာနေ ကြောင်းလည်း ပြောဆိုခဲ့တယ်လို့ ဦးနေမျိုးဝေကပြောပါတယ်။

ဥပဒေအတိုင်း ဆောင်ရွက်ခြင်း ရှိမရှိသာ ပိုအရေးကြီးတဲ့အကြောင်းနဲ့ လယ်သမားတွေအနေနဲ့က ဇေကမ္ဘာကုမ္ပဏီက လိုက်ရွှေ့နေတဲ့လမ်းကြောင်းအတိုင်း ပထမတုန်းကတော့ ဒီမြေတွေမှာ စက်မှုဇုန်အတွက်လုပ်ကိုင်နေရာမှ ယခုအခါမှာ တော့ ဦးခင်ရွှေကလည်း ဒီမြေတွေမှာ သီးစားလုပ်ကိုင်ခွင့်လျှောက်ထားပြီး စက်မှုလယ်ယာအဖြစ် အကောင်အထည်ဖော် ဖို့ အစီအစဉ်ရှိနေကြောင်း အဆိုပါတွေ့ဆုံပွဲမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

သံအရာရှိတွေသိချင်တာက ဒီကိစ္စတွေမှာ ဘယ်လိုလူမျိုးတွေက သိမ်းဆည်းနေတယ်ဆိုတာနဲ့ ယခုမှဖြစ်တာလား ယခင် ကတည်းက ဖြစ်နေတာတွေလား ဆိုတာတွေနဲ့ ပတ်သက်ပြီးတော့လည်း ရှင်းလင်းပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ နောက် ဆုံးအနေနဲ့တော့ နိုင်ငံတကာအနေနဲ့ ဘယ်လိုအကူအညီတွေ ဆောင်ရွက်ပေးသင့်သလဲဆိုတဲ့အချက်ကို မေးမြန်းတယ် လို့ သိရပါတယ်။

လယ်သမားတွေကလည်း ဇေကမ္ဘာကုမ္ပဏီလိုမျိုးပဲ စက်မှုလယ်ယာကို အကောင်အထည်ဖော်ဖို့ စုပေါင်းပြီး ကုမ္ပဏီ ထောင်ဖို့ စီစဉ်ပြီးဖြစ်ကြောင်းနဲ့ နေပြည်တော်ကို သွားရောက်မှတ်ပုံတင်ဖို့ စီစဉ်ထားပြီးဖြစ်ကြောင်း ပြောဆိုခဲ့ပြီး စက်မှု လယ်ယာဖော်ဆောင်ရာမှ လိုအပ်မယ့် စက်ယန္တရားတွေကို ကူညီပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

သမ္မတ ဦးသိန်းစိန် ကျန်းမာရေး အခြေအနေ




နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ရန်ကုန်မြို့ နေအိမ်မှာ ဒီကနေ့ နေ့လည်ပိုင်းက မူးလဲတာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ နေအိမ်မှာပဲ အနားယူနေပြီလို့ သိရပါတယ်။ အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

နေပြည်တော်ကနေ ဒီကနေ့ မေလ ၁၇ ရက်ကြာသာပတေးနေ့မှာ ရန်ကုန်အိမ်ကို ပြန်လာခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ဟာ နေ့လည်ပိုင်းက နေအိမ်မှာ မူးလဲခဲ့တယ်လို့ အစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက သိရပါတယ်။ အခုတော့ နေအိမ်မှာပဲ အနားယူနေတယ်လို့ ပြောပါတယ်။

အသက် ၆၈ နှစ်အရွယ်ရှိနေပြီ ဖြစ်တဲ့ သမ္မတဦးသိန်းစိန်ဟာ အစကတည်းက နှလုံးနဲ့ ဆီးချို ဆိုင်ရာ ကျန်းမာရေး အားနည်းမှုတွေ ရှိနေတဲ့သူဖြစ်ပြီးအခု တိုင်းပြည်ရဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ စိတ်ရောကိုယ်ပါ ပင်ပန်းနေချိန်မို့ အခုလို ဖြစ်ခဲ့တာလို့လည်း နီးစပ်တဲ့ အသိုင်းအ၀ိုင်းက မှတ်ချက်ပေးပါတယ်။

ပုံမှန်ဆိုရင် ဒီကနေ့ မေလ ၁၇ ရက်ကြာသာပတေးနေ့မှ နေပြည်တော်မှာ ကျင်းပမယ့် အစိုးရအဖွဲ့ အစည်းဝေးကို မနေ့ မေလ ၁၆ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ တရက်ကြိုလုပ်ခဲ့အပြီး သမ္မတ ဦးသိန်းစိန်ဟာ ရန်ကုန်အိမ်ကို ပြန်လာခဲ့တာဖြစ်ပါတယ်။

မနေ့ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ အစိုးရအဖွဲ့အစည်းဝေးတွင်းမှာ ကျန်းမာရေးကြောင့် ရာထူးကနေ အနားယူဖို့ နှုတ်ထွက်စာတင်ထားတဲ့ ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးရဲ့ ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ၁၉၈၈ ခုနှစ် နိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက် ကက ကြည်းတပ်မှာ စစ်ဦးစီး ဗိုလ်မှူးကြီး ရာထူးကနေ ၂ဝဝ၅ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအထိ ရာထူး တိုးမြှင့်ခံခဲ့ရပါတယ်။ ယခင်အစိုးရ လက်ထက်က ၀န်ကြီးချုပ်အဆင့်ထိရာထူးတိုးမြင့်လာခဲ့သူဖြစ်ပါတယ်။ ၂၀၁၁ ပြည့်နှစ် မတ်လက စပြီးအခုချိန်ထိ နိုင်ငံတော်သမ္မတ အဖြစ် တာဝန်ယူ ထမ်းဆောင်နေသူ ဖြစ်ပါတယ်။

နှလုံးခုန်နှုန်းကို ထိန်းညှိပေးတဲ့ စက်တပ်ထားရတဲ့ သမ္မတ ဦးသိန်းစိန် မူးလဲတယ်ဆိုတဲ့သတင်းနဲ့ တဆက်ထဲ သမ္မတရဲ့ ကျန်းမာရေး အခြေအနေနဲ့ ဒီလိုမူးလဲတာဟာ ကျန်မာရေးအရ ဘယ်လောက် စိုးရိမ်စရာဖြစ်သလဲ ဆိုတာကို ဆရာဝန်တွေနဲ့ မေးထားတဲ့ မစုမြတ်မွန်က ဆက်ပြီးတော့ တင်ပြပေးထားပါတယ်။

အသက် ၆၈ နှစ်ထဲမှာရောက်နေတဲ့ သမ္မတဦးသိန်းစိန်ဟာ အများသိကြတဲ့အတိုင်း နှလုံးခုန်နှုန်းကို ထိန်းညှိပေးရတဲ့စက် Pacemaker တပ်ထားရသလို Stent ထည့်ပြီး နှလုံးသွေးကြောကိုလဲ ချဲ့ထားရသူ ဖြစ်ပါတယ်။ ဆီးချိုရောဂါလဲ ရှိတဲ့သူတယောက်ဖြစ်ပါတယ်။ ခုလို ကျန်းမာရေး အခြေအနေရှိနေသူ တယောက်အနေနဲ့ မူးလဲတယ်ဆိုတာ ဘယ်လောက် စိုးရိမ်စရာ ဖြစ်သလဲဆိုတာကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ယမုန်နာ အခမဲ့ဆေးခန်းက ဆရာဝန် ဒေါက်တာ တင့်ဆွေကို မေးကြည့်ပါတယ်။


"ကျန်းမာရေး နောက်ခံအရပေါ့လေ သူ့မှာ Pacemaker ခေါ်တဲ့ နှလုံးခုန် ထိန်းစက် တပ်ထားတဲ့အချက်က အရေးကြီးတယ် ခင်ဗျ။ ဆီးချိုဆိုတာကတော့ ရေရှည် ထိန်းလို့ ရတယ်။ နောက် အသက်အရွယ်ကလည်း ၆၈ ဆိုတော့၊ အလွန်အအိုကြီးတော့ မဟုတ်ဘူးပေါ့လေ။ အဓိက နှလုံးရောဂါနဲ့ ပတ်သက်တဲ့ဟာက အရေးကြီးတယ်လို့ ကျနော် ယူဆပါတယ် ခင်ဗျ။ သူ့ရဲ့ နှလုံးက Pacemaker ဆိုတဲ့ နှလုံးခုန် ထိန်းစက် တပ်ထားတဲ့ ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ နှလုံးကိုယ်က အခြေခံ မကောင်းလို့ ဖြစ်တယ်။ နှလုံးခုန်နှုန်းမှာ
ပြဿနာ ရှိတယ်ခင်ဗျ။ ဒါကြောင့်လည်း သူ ရာသက်ပန် ဒီစက်ကို တပ်ထားကြရတာ။ အဲဒီလို တပ်ထားတဲ့သူတွေဟာ အမြဲတမ်း ကျန်းမာရေးနဲ့ ပတ်သက်ရင် တော်လျှောက် စစ်ဆေးမှုနဲ့ ရှောင်ကျဉ်ရမယ့် အရာတွေက ရှိတယ်ခင်ဗျ။ ဒါကြောင့်လည်းပဲ အခုဖြစ်သွားနိုင်တာက ဒီ Pacemaker တပ်ထားတဲ့သူဟာ မူးသွားတယ်၊ အသက်ရှု ခက်သွားတယ်၊ ရင်ဘတ် အောင့်သွားတယ်၊ သတိရုတ်တရက် မကြည်မလင် ဖြစ်သွားတဲ့ဟာတွေက ဖြစ်တတ်တယ် ခင်ဗျ။

အဲဒီလို တပ်ထားတဲ့ ပုဂ္ဂိုလ် တယောက်ဟာ ရုပ်ပိုင်းရော၊ စိတ်ပိုင်းရော ဖိအားတွေကတော့ သာမှန်လူတွေနဲ့စာရင် သူက အဓိက ဆင်ခြင်ရမယ့် ပုဂ္ဂိုလ်တွေ ဖြစ်တယ်ခင်ဗျ။ ဒါကြောင့် သူ့မှာ ဆင်ခြင်စရာတွေရှိတယ်။ ဒီဆင်ခြင်စရာထဲက တခု လွဲချော်သွားလို့ ဒီလိုဖြစ်တာဆိုရင်တော့ မပြောနိုင်ပဲနဲ့ တကယ်လို့ နှလုံးရဲ့ အခံနဲ့ စိတ်ဖိအား၊ ရုပ်ဖိအား ပြင်းထန်လွန်းလို့ ဒီ စက်က မနိုင်တာ၊ နှလုံးက အလုပ် မလုပ်နိုင်တာ ဆိုရင်တော့ ဒါဟာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေ တရပ်ပဲ ဖြစ်ပါတယ်။"
မေး။ အခုလိုမျိုး လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေနဲ့ ဒီ Stress သိပ်များတယ်ပေါ့လေ ဆရာပြောချင်တာကတော့၊ အဲဒီလို အခြေအနေမျိုးမှာ သမ္မတ အနေနဲ့ ရှေ့ဆက်ပြီးတော့ သူ့တာဝန်တွေ ထမ်းဆောင်နိုင်ဖို့ အလားအလာရော၊ ဆက်ပြီးတော့ ထမ်းဆောင်နိုင်ဖို့ရော ဖြစ်နိုင်သေးလား ဆရာ။

ဖြေ။
"ကျနော် ဆရာဝန်တယောက်အနေနဲ့ ခန့်မှန်းတာကတော့ သူ ဒီစက်ကီရိယာ တပ်ထားတာ ကလည်း နှစ်ရှည်နေပြီ။ သူလုပ်ကိုင်ရတဲ့ အလုပ်ကတော့ အရင်လည်းပဲ ကြီးကျယ်တဲ့၊ အရေးကြီးတဲ့ နေရာမှာ လုပ်ခဲ့ဖူးသား ဆိုတော့ အတွေ့အကြုံကတော့ ရင့်ကျက်ပြီးသားလို့ ကျနော် ယူဆပါတယ် ခင်ဗျ။ သို့သော်လည်း ဖြစ်ပေါ်မှုတွေ အပေါ်မှာ စက်ကီရိယာက တပ်ထား၊ ကျန်းမာရေး ချို့ယွင်းနေတဲ့ လူတယောက်အနေနဲ့ ကတော့ လိုက်မှီအောင်ပေါ့လေ၊ ရုပ်ပိုင်း စိတ်ပိုင်း လိုက်မှီအောင် လုပ်နိုင်ရင်တော့
ကိစ္စမရှိဘူးပေါ့လေ။ သို့သော်လည်း ကျနော် ယူဆတာက ဒီလို ပုဂ္ဂိုလ်တယောက်ဟာ၊ ဒီလို အမျှော်အမြင် ကြီးကြီးနဲ့ ရှေ့လုပ်နိုင်အောင် သူ ပြင်ဆင်ထားပြီးသား ဖြစ်နိုင်ပါတယ်။"

ဒေါက်တာ တင့်ဆွေဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန် စင်္ကာပူနိုင်ငံကို ဇန်န၀ါရီလကုန်မှာ သွားခဲ့စဉ်တုန်းက နှလုံးခုန် နှုန်းထိန်းညှိုစက်ကို အသစ်လဲ တပ်ခဲ့တယ်လို့လဲ သိရပါတယ်။ မြန်မာနိုင်ငံမှာ အရပ်သား အစိုးရအဖြစ် ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ တက်လာချိန်ထဲက သမ္မတ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့ကို ဖွဲ့စည်းထားပါတယ်။

ဒီအဖွဲ့ကို ကျန်းမာရေးဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ခေါင်းဆောင်ပြီး၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီး လူနာဆောင် ၁၇-၁၈ က ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ နှလုံးဆေးကုဌာန တွဲဖက် ပါမောက္ခ ဒေါက်တာမြင့်စိုးဝင်း၊ မင်္ဂလာဒုံ စစ်ဆေးရုံကြီးက နှလုံးဆေးကုသမှုတပ်မှုး ဗိုလ်မှုးချုပ် တင်မောင်အေး၊ ဆေးဝန်ထမ်းတပ်ဖွဲ့ နှလုံးရောဂါ ကုသရေးပါရဂူ ဗိုလ်မှုးသန်းထွန်းတို့က သမ္မတဦးသိန်းစိန်ရဲ့ ကျန်မာရေးကို စောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။ နှလုံးရောဂါ ကုသရေးပါရဂူ ဗိုလ်မှုးသန်းထွန်းကတော့
သမ္မတအိမ်တော်မှာကိုနေပြီး အနီးကပ် ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတာဖြစ်ပါတယ်။

သမ္မတရဲ့ ကျန်းမာရေးသတင်းနဲ့ ပတ်သက်ပြီးတော့ - နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြန်ကြားခဲ့ပါတယ်။


"ဖြစ်စဉ်ကတော့ နေ့လည် (၃) နာရီဝန်းကျင်မှာ စထွက်လာတဲ့ သတင်း ဖြစ်ပါတယ်။ ဘယ်သူက ဘယ်လို စလိုက်သလဲတော့ မသိပါဘူး။ ကျွန်တော်တို့ဆီကိုလည်း အသိမိတ်ဆွေများ၊ သတင်းမီဒီယာလောကမှ ပုဂ္ဂိုလ်များ ဖုန်း ဆက်ပြီး တောက်လျှောက် မေးကြပါတယ်။ အဖြစ်မှန်ကတော့ လုံးဝ မဟုတ်ပါဘူး။ ကျွန်တော့် FB Wall မှာလည်း ဒီ သတင်း မှားယွင်းကြောင်း တင်ထားပါတယ်။ အတော်များများက စိုးရိမ်တကြီး မေးကြတာ တွေ့ရပါတယ်။ ကျွန်တော့်အနေနဲ့ ခိုင်ခိုင်မာမာ ပြောကြားလိုတာကတော့ သမ္မတကြီး ကျန်းကျန်းမာမာနဲ့ ရှိနေပါတယ်။ ကျန်းမာရေး ကောင်းပါတယ်။ ဘာမှမဖြစ်ပါဘူး။ ဖုန်းဆက်၊ Message တွေ ပို့ပြီး စိုးရိမ်တကြီး မေးကြတဲ့သူတွေ အားလုံးကို နိုင်ငံတော်သမ္မတကြီး ကိုယ်စား ကျေးဇူးဥပကာရ အထူးပဲ
တင်ရှိကြောင်း ပြောကြားလိုပါတယ်" လို့ သမ္မတရုံး ဦးဇော်ဌေးက ဖြေကြားခဲ့ပါတယ်။

VOA (မြန်မာပိုင်း)
ကြာသပတေး, 17 မေ 2012

http://www.voanews.com/burmese/news/Thein_Sein_Health_17May2012-151865545.html
Cho Tu Zal
လက်ရှိ နိုင်ငံရေးအခြေအနေဟာ ဦးသိန်းစိန် အပေါ်မှာ ဘယ်လောက် မှီတည်နေတယ် ဆိုတာ နားမလည်ပေမယ့် ပျော့ပျောင်းစွာ ကိုင်တွယ်တတ်တဲ့ သမ္မတ တဦးပါ။ ဦးသိန်းစိန် ကျန်းကျန်းမာမာ နဲ့ တာဝန်များကို ဆက်လက်ထမ်းဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်။

Thiri Aye
ပျော့ပြောင်းတဲ့ အပြင် လာဘ်စားမှုလဲ နည်းပါတယ်တဲ့။ သူ့သမီး ၀ိုင်အိုင်တီတက်တော့ သူက နယ်မှာ တာဝန်ကျနေတော့ ဘတ်စ်ကားနဲ့ ကျောင်းတက်ရပါတယ်တဲ့။ သူ့ရွာက အမျိုးတွေ ဆိုလဲ ဆင်းရဲကြပါတယ်တဲ့။ သမတကြီး အမျိုးလို့ ပြောရမှာတောင် ရှက်လို့တဲ့။ ဒါရှက်စရာ မဟုတ်၊ ဂုဏ်အင်မတန်ယူစရာပါ။ အမျိုးကိုပဲ ကြည့်တဲ့သူတွေ ပြည်သူတွေ ဘယ်လောက်ချဉ်ကြသလဲ လို့။

The Voice Weekly
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် မူးလဲသဖြင့် စင်ကာပူနိုင်ငံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေရသည် ဆိုသော သတင်းအပါအဝင် ဟု နိုင်ငံတော် သမ္မတကြီးနှင့် ပတ်သက်၍ အင်တာနက် စာမျက်နှာများတွင် ထွက်ပေါ်နေသော သတင်းများမှာ ကောလာဟလသာ ဖြစ်ကြောင်း၊ နိုင်ငံတော် သမ္မတကြီးသည် လက်ရှိအချိန် ခရီးသွားလာလျက် ရှိသည်ဆိုသည့် အချက်မှာမူ မှန်ကန်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ကားသမားနဲ့ ယာဉ်ထိန်း ဘယ်သူက ဥပဒေချိုးဖေါက်တာလဲ..

Zaw Lwin Win

သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အစိုးရ လက်ထက် လာဘ်ငွေရှာနေသော ယာဉ်ထိန်းများ အခုပုံကို 15.5.2012 နေ့ နေ့လည် ၁၁ နာရီမှာ ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်း နဲ့ အနော်ရထာလမ်း(ကျုံးကြီးလမ်း) ထောင့် လသာမြို့နယ် မီးပွိုင့်မှာ ၇ိုက်ခဲ့တာပါ။ ခိုးရိုက်ခဲ့တာ ဖြစ်လေတော့ ပုံတော့ မကောင်းဘူးပေါ့။ အဲ့ဒီမီးပွိုင်ရဲ့ ယာဉ်ထိန်း ကင်းတဲထဲမှာ အရပ်ဝတ်နဲ့ ကောင်လေးတစ်ယောက်က အိပ်ပြီး ပုန်းကာ မီးပွိုင့်မီးခလုပ်ကို ကလိပေးတယ်။ အရှိန်နဲ့ လာတဲ့ ကားတွေမြန်မြန်သွားချင်အောင် မီးစိမ်းပေးထားပြီး မီးပွိုင့်ေ၇ှ့ေ၇ာက်မှ မီးကို ရုတ်တ၇က်နီလိုက်တဲ့အလုပ်ကို လုပ်တယ်။ အဲ့ဒီကားတွေဖြတ်လာမယ့် လမ်းမပေါ်မှာ ဓါတ်ပုံထဲက ယာဉ်ထိန်းက ချောင်းနေတယ်။ ပွိုင့်ကလိလိုက်လို့ မီးနီဖြတ်သလို ဖြစ်သွားတဲ့ကားတွေကို ပုံပါအတိုင်း ယာဉ်ထိန်းက တားပြီး မရပ်တဲ့ကားကို နံပါတ်မှတ်ချင်ယောင် ဆောင်ရေးလေ့ရှိတယ်။ ရပ်ပေးတဲ့ကားကို ရစ်၊ ညစ်ပြီး ငွေတောင်းတယ်။ (တစ်စီးကို သုံးထောင်လောက်ရတယ်။)

အစိမ်းရောင် ကျား နိုးထလာခြင်း

Published on May 13, 2012 by kachindng
တရုတ်နိုင်ငံအတွင်းရှိ နူ(သံလွင်မြစ်)ကို မှီခိုနေသော ဒေသခံများ မဲခေါင်မြစ်ပေါ်ရှိ မန်ဝမ် ရေကာတာကြောင့် ရွေ့ပြောင်းခံရသော ဒေသခံများ အခြေအနေကို သွားရောက်လေ့လာသော ခရီးစဉ်။

အဆင်းကြီး

ရည်ရွယ်ချက် ဘားမား

ဦးကျော်ဆန်းဗိုလ်ချုပ်အောင်ဆန်းကိုလုပ်ကြံ


ရည်ရွယ်ချက် ဘားမား


ပြန်ကြားရေး ၀န်ကြီးဦးကျော်ဆန်းမှ ဗီုလ်ချု့ပ်အောင်ဆန်းကို သတင်းစာမှာ လုပ်ကြံသတ်ဖြတ်လိုက်ပြန်ခြင်း။

ဟောဒီမှာ လက်ပူးလက်ကြပ်မိပြီး။ ကျော်ဆန်းရဲ့  မြန်မာသတင်းစာမှာတော့ ကိုးရီးယားခေါင်းဆောင်ကိုအလေးပြုတဲ့ ။ ကိုးရီးယားသတင်းစာမှာတော့ ကိုးရီးယားသမ္မတ ကမြန်မာအာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းတွက် ပန်းခွေချ လို့ ပါလာတယ်။ အဲတော့ ကျော်ဆန်း က သူ့ ပိုင်သတင်းစာမှာ ကျွန်တော်တို အာဇာနည် ဗိုလ်ချုပ်အောင်ဆန်းကို ထပ်ခါလုပ်ကြံလိုက်ပြန်ပါပြီ။  

http://www.koreaherald.com/national/Detail.jsp?newsMLId=20120515001194

ပါရမီ ၂၃၂ ဂိတ်ရုံးအတွင်း လူသတ်မှုဖြစ်ပွားခဲ့၍ ၂၃၂ ပါရမီယာဉ်လိုင်းအား ဖျက်သိမ်း

Thursday, 17 May 2012 02:01
ယုဇနဥယျာဉ်မြို့တော်မှ မော်တင်သို့ ပြေးဆွဲလျက်ရှိသည့် ၂၃၂ ပါရမီ ယာဉ်လိုင်းအား မေလ ၁၆ ရက်နေ့မှစတင်၍ ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ပါရမီ သယ်ယူပို့ဆောင်ရေးယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မေလ ၁၂ရက်နေ့တွင် ယုဇန ဥယျာဉ်မြို့တော်ရှိ ပါရမီ ၂၃၂ ယာဉ်လိုင်းနှင့် ဈေးကြိုပို့ယာဉ်တို့ ယာဉ်ရှေ့တွင် ပိတ်ရပ်သည့်ကိစ္စဖြင့် စကားများသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ၂၃၂ ဂိတ်ရုံးအတွင်း စကားလာပြောသည့် ဈေးကြိုပို့ယာဉ်မှ ယာဉ်မောင်းနှင့်အဖွဲ့ကို ပါရမီယာဉ် နောက်လိုက်တစ်ဦး၏ ဖခင်ဖြစ်သူနှင့်အဖွဲ့မှ ဓားဖြင့် ၀င်ရောက်ဝိုင်းဝန်းထိုးခုတ်မှုကြောင့် ဈေးကြိုပို့ယာဉ်မောင်းနှင့် ပါလာသည့် ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

ပါရမီ သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှ တာဝန်ရှိသူ ဗိုလ်မှူးဌေးလွင်က ''ယုဇနကနေ မော်တင်ကို ပြေးဆွဲနေတဲ့ ၂၃၂ ပါရမီ ယာဉ်လိုင်းတစ်ခုလုံးကို ဖျက်သိမ်းလိုက်ပြီဆိုတာ အမှန်ပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ မေလ ၁၂ရက်နေ့က ၂၃၂ ပါရမီယာဉ်တစ်စီးနဲ့ ဈေးကြိုပို့ ယာဉ်တစ်စီးနဲ့ စကားများ ရန်ဖြစ်တာကစပြီးတော့ ပါရမီ ယာဉ်နောက်လိုက်တစ်ဦးရဲ့ ဖခင်နဲ့ ပါဝင်သူတွေက အဲဒီ ဈေးကြိုပို့ ယာဉ်မောင်းအဖွဲ့ထဲက တစ်ယောက်ကို ဓားနဲ့ထိုးမှု ဖြစ်ပွားခဲ့ပါတယ်။ ဒီလိုအခြေအနေတွေ ဖြစ်နေတဲ့အခါမှာ ကျွန်တော်တို့ဆီက ယာဉ်မောင်းတွေက အဲဒီလမ်းကြောင်းကို လုံးဝ မမောင်းရဲတော့ပါဘူး။ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေ အများစုက နယ်ကလူတွေဖြစ်တယ်။ ယုဇနဥယျာဉ်ထဲမှာနေတဲ့ ယာဉ်မောင်းတချို့တော့ ပြေးဆွဲချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ခွင့်မပြုတော့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ထပ်ပြီး အလားတူ ဖြစ်စဉ်မျိုးတွေ ဖြစ်နိုင်လို့ ဖြစ်ပါတယ်။ မေလ ၁၅ ရက်နေ့မှာ ဖျက်သိမ်းဖို့ စာကိုတင်တယ်။ လူကြီးတွေက ဒီလိုအခြေအနေတွေ ရှိနိုင်တယ်ဆိုရင်လည်း ဖျက်သိမ်းပါလို့ ခွင့်ပြုချက် ကျလာပါတယ်။ ဒါနဲ့ ၁၆ ရက်နေ့ကစပြီး ဖျက်သိမ်းလိုက်ပါတယ်။ ပြန်ပြီးပြေးဆွဲတဲ့အခါမှာ ထပ်ပြီးတော့ တစ်ဖက်နဲ့တစ်ဖက်နဲ့ ခိုက်ရန်ဖြစ်ပွားခဲ့ရင် ပါရမီယာဉ်လိုင်း နာမည်ပျက်မှာစိုးလို့ လုံးဝ ဖျက်သိမ်းလိုက်တာပါ''ဟု ပြောကြားခဲ့သည်။၂၃၂ ယာဉ်လိုင်း ဖျက်သိမ်းသွားသည့်အတွက် ယာဉ်လိုင်းအစားထိုး ပြေးဆွဲရန် မ.ထ.သဗဟိုမှ စီစဉ်လျက်ရှိကြောင်းလည်း သိရသည်။
http://news-eleven.com