Friday, May 18, 2012

လှိုင်သာယာ အလုပ်ရှင် အလုပ်သမား ပဋိပက္ခမှု ပြင်းထန်

The Voice Weekly


ရန်ကုန်၊ မေ ၁၈

လုပ်ခလစာ တိုးမြှင့်ပေးရန် ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပွါးနေသော လှိုင်သာယာမြို့နယ် စက်မှုဇုန် စက်ရုံများတွင် အလုပ်ရှင် အလုပ်သမားများ ညှိနှိုင်းမှု အဆင်မပြေသဖြင့် အလုပ်ရှင် အလုပ်သမား ပဋိပက္ခမှု များ ပြင်းထန်လာကြောင်း အဆိုပါစက်မှုဇုန် အတွင်းမှ စုံစမ်း သိရှိရသည်။

“သဘောတူ စာချုပ်ကို အသိအမှတ် မပြုဘူး။ လုပ်ချင်သလို လုပ်လို့ အလုပ်ရှင်က ပြောတယ်။ အဲဒါကြောင့် အလုပ်သမားတွေက မှန်တွေ ရိုက်ခွဲတဲ့အထိ ပြင်းထန်သွားတယ် “ ဟု Hi- Mo ဆံပင်တု စက်ရုံက အလုပ်သမားတစ်ဦးက ပြောကြားသည်။

ဆန္ဒပြမှု ပြင်းထန်သွားလာသဖြင့် အရပ်ဝတ် ၀တ်ဆင်ထားသာ လူတစ်စု စက်ရုံ အပြင်က ၀ိုင်းရံ ခြိမ်းခြောက်ပြီး အလုပ်သမားများကို စက်ရုံထဲတွင် ပိတ်လှောင်ထားကြောင်း၊ လျှပ်စစ်မီးများ ကိုလည်း ဖြတ်တောက် ထားသည်ထိ အလုပ်ရှင် အလုပ်သမား ပဋိပက္ခမှု ပြင်းထန်လာကြောင်း Hi- Mo စက်ရုံက အလုပ်သမားများက ဆိုသည်။

အလုပ်ရှင်၊ အလုပ်သမား၊ အလုပ်သမား ၀န်ကြီးဌာန တာဝန်ရှိသူများ သုံးပွင့်ဆိုင် ညှိနှိုင်းပြီး သဘောတူညီထားသော စာချုပ်ကို အလုပ်ရှင် ဘက်က ဖောက်ဖျက်သဖြင့် အလုပ်သမား ဆန္ဒပြမှု ယင်းကဲ့သို့ ပြင်းထန် စွာ ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း မေလ ၁၀ရက်နေ့တွင် သဘောတူ လက်မှတ် ရေးထိုးထားသော ဆံပင်တု စက်ရုံက အလုပ်သမား များက ပြောကြားသည်။

အလုပ်သမားများ၏ လုပ်ခလစာ တိုးမြှင့်ပေးရန်နှင့် အလုပ်သမား အခွင့်အရေးများအတွက် တောင်းဆိုမှုတို့ကို အလုပ်ရှင်ဘက်က သဘောမတူ သဖြင့် ဆန္ဒပြမှုများ ပြင်းထန် လာခြင်းဖြစ်ကြောင်း အလုပ်သမားများက ပြောကြားသည်။

Hi- Mo ဆံပင်တု စက်ရုံ အပါအ၀င် ပုလဲ၊ စံပယ်ပွင့်၊ နေမင်းအောင်၊ Yk စသည့် အထည်ချုပ် စက်ရုံများက ဆန္ဒပြ အလုပ်သမားများ နောက်ထပ် သုံးရပ်အထိ အလုပ်မဆင်းဘဲ တောင်းဆို ဆန္ဒပြနေပါက အလုပ်ထုတ် မည်ဟု အလုပ်ရှင်များက စာထုတ်ကာ ခြိမ်းခြောက်ထားကြောင်း အလုပ်သမားများနှင့် အလုပ်သမား အရေးဆောင်ရွက်သူများက ဆိုသည်။

မြန်မာနိုင်ငံတွင် အနိမ့်ဆုံး လုပ်ခလစာ ဥပဒေ ပြဌာန်းထားခြင်း မရှိသဖြင့် အလုပ်သမားသည် အလုပ်ရှင်များ၏ ကြည်ဖြူသလောက်ကို လုပ်အားခ ရရှိနေကြသဖြင့် ယင်းကဲ့သို့ ဆန္ဒပြ တောင်းဆိုမှု များ ဖြစ်ပေါ်နေရခြင်း ဖြစ်ကြောင်း အလုပ်သမား အရေး ဆောင်ရွက်သူများက သုံးသပ်သည်။

အလုပ်ရှင် အလုပ်သမား အငြင်းပွါးမှုတွင် ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို နှစ်ဦးနှစ်ဘက် သဘောတူလျှင် ယင်းဆုံးဖြတ်ချက်သည် ချမှတ်သည့် နေ့မှစ၍ အတည်ဖြစ်ကြောင်း၊ မည်သူမဆို ခုံသမာဓိ သို့မဟုတ် ညှိနှိုင်း ခုံကောင်စီ၏ ဆုံးဖြတ်ချက် သို့မဟုတ် စုပေါင်း သဘောတူညီချက် တစ်ခုခု အကျိုးသက်ရောက်မှုရှိစဉ် ကာလအတွင်း အဆိုပါ ဆုံးဖြတ်ချက် သို့မဟုတ် သဘောတူညီချက်ကို ပြန်လည်ပြင်ဆင်ရန် အလုပ်ပိတ်ခြင်း သို့မဟုတ် သပိတ်မှောက်ခြင်း မပြုရကြောင်း မတ်လ ၂၈ရက်နေ့တွင် ထုတ်ပြန်ထားသော အလုပ်သမားရေးရာ အငြင်းပွါးမှု ဖြေရှင်းရေး ဥပဒေတွင် ဖော်ပြထားသည်။

ရန်ကုန်မြို့တော်ရှိ စက်မှုဇုန်များအတွင်း မေလ ၁ ရက်မှ မေလ ၁၆ရက်နေ့အထိ စက်ရုံ ၁၀ ရုံကျော်တွင် အလုပ်သမား ဆန္ဒပြမှုများ အကြိမ်ကြိမ်ဖြစ်ပွါးခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနထံမှ သိရှိရသည်။

မန္တလေးတိုင်း ရဲတပ်ဖွဲ့ဝင်များ ဆက်ကြေးမကောက်ခံရန် ညွှန်ကြား

by Yangon Press International on Friday, May 18, 2012 at 7:03am ·
မေလ ၁၈ ရက်၊ ၂၀၁၂ ခုနှစ် -
ကျော်သူရမျိုး ( YPI )

မန္တလေးတိုင်းအတွင်းရှိ မြို့တွင်း၊ မြို့ပြင်လမ်း၊ တံတားနှင့် စစ်ဆေးရေးဂိတ်များတွင် ရဲတပ်ဖွဲ့ဝင်များက ဆက်ကြေး (ငွေကြေး) ကောက်ခံပါက ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှ အမည်မဖေါ်လိုသူ ရဲအရာရှိတဦးက ပြောသည်။

“တိုင်းဒေသကြီး (မန္တလေး) ၀န်ကြီးချုပ်က တိုင်းရဲတပ်ဖွဲ့မှူးကို ခေါ်ယူတွေ့ဆုံပြီး ညွန်ကြားခဲ့တာပါဟု” ၎င်း ရဲအရာရှိက ပြောသည်။

ယခုညွှန်ကြားချက်တွင် အောက်ခြေအဆင့်ဆင့်ရှိ ရဲတပ်ဖွဲ့ဝင်များအနေနှင့် ဆက်ကြေးကောက်ခံခြင်း မပြုရန်သာမက ရဲအရေးပိုင်အမှုများတိုင်ကြားပါက ပညာပြခြင်း၊ ညစ်ပတ်ပြီး ဆောင်ရွက်ခြင်းနှင့် ပြည်သူလူထုနှင့်ဆက်ဆံပါက မချေမငံဆက်ဆံခြင်း မပြုရန်ကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူ ဆင့်ဆင့်ကကြပ်မတ် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ရဲအရာရှိများထံမှ သိရသည်။

“မနှစ်က  public (အများနှင့်ဆိုင်သည့်) ဧရိယာမှာ သတင်းဓါတ်ပုံရိုက်တာကို ရဲတွေက လိုက်ဖမ်းတယ်။ အချုပ်ကားနှင့် ရဲစခန်းကိုပို့ပြီး စခန်းရောက်တော့ အရာရှိတစ်ယောက်က ထောင်ချလို့ရတယ်ဆိုပြီး ရင့်ရင့်သီးသီးနဲ့ ခြိမ်းခြောက်တာခံခဲ့ရဖူးတယ်” ဟု ကိုယ်တိုင်ကြုံတွေ့ ခဲ့ရသည့် မြနန္ဒာဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ကိုမင်းဒင်ကပြောသည်။

မန္တလေးမြို့ဝင်ထွက်ပေါက်များရှိ စစ်ဆေးရေးဂိတ်များဖြစ်သည့်  (၁၆) မိုင် စစ်ဆေးရေးဂိတ်၊ ရွေကျင်စစ်ဆေးရေးဂိတ်၊ မြစ်ငယ် ပူးပေါင်း စစ်ဆေးရေးဂိတ်၊ ရတနာပုံတံတားနှင့် စစ်ကိုင်းတံတား စစ်ဆေးရေးဂိတ် များတွင်ရဲတပ်ဖွဲ့ဝင်များအနေနှင့် ပြည်သူများကို မချေမငံဆက်ဆံခြင်းနှင့် ငွေကြေးတစုံတရာ တောင်းခံခြင်း ပြုလုပ်ပါက ဆက်သွယ်တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်ဆိုင်းဘုတ်များကို ချိတ်ဆွဲဖို့ ညွှန်ကြားထားကြောင်းလည်း မြို့နယ်ရဲတပ်ဖွဲ့ ရုံးမှ ပြောဆိုချက်အရ သိရသည်။

 အဆိုပါစစ်ဆေးရေးဂိတ်များတွင်သာမက မန္တလေးတိုင်းအတွင်းရှိ မြို့အသီးသီးများ၏ မြို့ဝင်၊ ထွက် စစ်ဆေးရေးဂိတ်များတွင်လည်း ဆက်ကြေး(ငွေကြေး) ကောက်ခံပါကတိုင်ကြားနိုင်မည့် သက်ဆိုင်ရာရဲတပ်ဖွဲ့မှူးရုံး ဖုန်းနံပါတ်ဆိုင်းဘုတ်များ ချိတ်ဆွဲသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့ထံမှသိရသည်။

ယင်းစစ်ဆေးရေးဂိတ်များတွင် ရိုင်းပြစွာဆက်ဆံခြင်း၊ ငွေတောင်းခံခြင်းတို့ ရှိပါက မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ၀၂-၃၆၉၈၂ ၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ၀၂-၃၆၇၇၈၊ အမရပူရ ရဲတပ်ဖွဲ့မှူးရုံး ၀၂-၇၀၅၈၈၊ ပုသိမ်ကြီးရဲတပ်ဖွဲ့မှူးရုံး ၀၂-၅၇၉၀၅ တို့ ဖြစ်သည်ဟု သိရသည်။

“ရဲတွေကို တိုင်ကြားနိုင်မဲ့ ဖုန်းနံပါတ် ဆိုင်းဘုတ် ချိတ်ဆွဲမယ်ဆိုတာ ရှားပါးဖြစ်စဉ်ပါ။ မတရားခံရတဲ့ ပြည်သူတွေအနေနဲ့ တိုင်ကြားချိန်မှာ နံမည်၊ ရာထူး၊ ဖြစ်စဉ်အပြည့်အစုံနဲ့ တိုင်ကြားရင် ပိုမိုထိရောက် ပါတယ်”ဟု အငြိမ်းစားရဲအရာရှိတစ်ဦးကပြောသည်။       ။

လက်ရှိ တရားစီရင်ရေးစနစ်အား ၈၈ ကျောင်းသားခေါင်းဆောင်များ ဝေဖန်

by Yangon Press International on Friday, May 18, 2012 at 3:29am ·
မေ ၁၈၊ ၂၀၁၂ (YPI)

ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းဖော်ဆောင်ရေးခရီးစဉ်အဖြစ် ထားဝယ်မြို့သို့ ရောက်ရှိနေသော ၈၈ မျိုးဆက်ကျောင်းသားများ ခရီးစဉ်အတွင်း ကိုကိုကြီးက လူထုနှင့် တွေ့ဆုံရာတွင် တရားရုံးများမှာ မတရားရုံးများဖြစ်နေသည်ဟု ဝေဖန်ပြောကြားလိုက်သည်။

“ တကယ်သာ တရားရုံးအစစ်အမှန်ဆိုရင် ကျနော်တို့ ဘယ်တော့မှ မထီမဲ့မြင်မလုပ်ဘူး ၊ မတရားရုံးတွေဖြစ် နေလို့ ကျနော်တို့ မထီမဲ့မြင်လုပ်တာ ” ဟု ၈၈ မျိုးဆက်ကျောင်းသား ကိုကိုကြီးက ဆိုသည်။

ထားဝယ်ခရီးစဉ် ဒုတိယနေ့ ကံပေါက်ဒေသလူထုနှင့် တွေ့ဆုံရာတွင် အာဏာပိုင်အဖွဲ့အစည်းများ မတရား ပြုလုပ်ခြင်းကို လူထုအနေဖြင့် မည်သည့်ဌာနကို တိုင်ကြားရမည်နည်းဟု ဒေသခံတစ်ဦးမှမေးမြန်းခဲ့သည်။

ထားဝယ်ခရီးစဉ် အတွင်းတွေ့ရသည့် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ကိုကိုကြီး

“ တရားဥပဒေစိုးမိုးရေးလို့ သူတို့က ပြောလေ့ရှိပါတယ်။ ဆိုတော့ တရားတဲ့ ဥပဒေတွေစိုးမိုးဖို့ လိုတယ်။ မတရားတဲ့ ဥပဒေတွေစိုးမိုးနေလို့ မဖြစ်ပါဘူး ” ဟု ၈၈ မျိုးဆက်ကျောင်းသား ကိုဌေးကြွယ်က ဆိုသည်။

ပြုပြင်ပြောင်းလဲရေးကာလတွင် အောက်ခြေဌာနဆိုင်ရာဝန်ထမ်းများ ပြောင်းလဲမှုမရှိခြင်းသည် ပြည်သူများ အသံမထွက်ခြင်းကြောင့်ဖြစ်ပြီး လူထုအနေဖြင့် အသံထွက်ကြပါဟု ကိုကိုကြီးက ကံပေါက်ဒေသတွင် ပြောကြားသော မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

 “ အမှုစစ်နေတဲ့ အချိန်၊ သက်သေထွက်ဆိုနေတဲ့အချိန်မှာကို တရားသူကြီးက အခြားအခန်းကို ရောက်နေ တာမျိုးအထိရှိတယ်။ လုပ်ချင်တိုင်း လုပ်နေတယ်လို့ မြင်တယ်” ဟု လက်ရှိ အမှုတစ်ခုရင်ဆိုင်နေသူ ထားဝယ်ဒေသခံ တစ်ဦးကဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူများက အပြောင်းအလဲလိုချင်နေပြီး အာဏာပိုင်အဆင့်ဆင့်၏ လုပ်နည်းလုပ်ဟန်များကို မကြိုက်တော့ကြောင်း ပြသခဲ့သည်ဟု ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ဒုတိယအဆင့် ဖော်ဆောင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ပြီး ရှေးရိုးစွဲများနှင့် ခေတ်နောက်ပြန်ဆွဲသူများကို ချန်ထားခဲ့မည်ဟုလည်း ဆိုသည်။        ။

အပြစ်မဲ့လူငယ်တွေကို ရဲအယောက် ၅၀ ကျော်မှ ရိုက်နှက်မှု

Published on May 18, 2012 by
အပြစ်မဲ့လူငယ်တွေကို ရဲအယောက် ၅၀ ကျော်မှ ရိုက်နှက်မှုဖြစ်ပွား
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ် အမှတ် (၈) ရဲတပ်ရင်းက ရဲအယောက် ၅၀ ကျော်ဟာ မေလ ၁၆ ရက်နေ့ ည၈ နာရီလောက်က အောင်စည်တော် လ္ဘက်ရည်ဆိုင်ထဲမှာ လ္ဘက်ရည်သောက် နေကြတဲ့ ရပ်ကွက်နေ လူငယ်တွေကို ဝင်ရောက် ရိုက်နှက်မှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အမှတ် (၈) တပ်ရင်းက ရဲနှစ်ယောက်က အဲဒီနေ့ နေ့လည် ၂ နာရီလောက် အရက်ဆိုင်မှာ အရက်လာဝင်ရင်း မိန်းခလေးနှစ်ယောက်ကို မဖွယ်မရာ ပြောခဲ့ရာက ရပ်ကွက်နေလူငယ်တွေနဲ့ ခိုက်ရန်ဖြစ်ပွားရာက စတင်ခဲ့တာ လို့သိရပါတယ်။အဲဒီလို အရိုက်ခံရတဲ့သူတွေထဲမှာ ကျောင်းသားလူငယ်တွေလည်းပါဝင်နေပါတယ်။

ကျနော် လောင်းရင် ရှုံးမှာလားဟင်

by Hawdeka Aethae on Thursday, May 17, 2012 at 4:12pm ·
စိတ်မကောင်းဘူး ရှမ်းလမ်းဂွဈေးမီးလောင်တာ

ရှမ်းလမ်းဂွဈေးမီးလောင်တယ်တဲ့ ၊ ပြောသားပဲ အဆင့်မြင့်ဈေးဆောက်မယ်ဆိုတာ သဘောတူလိုက်ပါလို့ ၊ အခုတော့ ကဲ လောက်ပြီမဟုတ်လား ၊

အဲ နောက်တစ်ဈေးကျန်သေးတယ် ၊ ကြည့်မြင်တိုင်ညဈေး ၊

နောက်ရော ရှိသေးလား ၊ ရှိပါ့ တာမွေဈေး ၊ နောက်ရော ရှိသေးလား၊ ရှိပါသေး အသောကဈေး ၊

ကျနော့်ကို စိန်ခေါ်နေတယ် ၊ လောင်းကြေးစားကြေးတဲ့ ၊ ဒီရာသီ မိုးမရွာခင် အဲဒီ ကြည့်မြင်တိုင်ညဈေး ၊ တာမွေဈေးနဲ့ အသောကဈေး ၊

အဲဒီဈေးသုံးဈေးထဲက အနဲဆုံး တစ်ဈေး မီးထပ်လောင်ရမယ် တဲ့ ၊

ကျနော် လောင်းရင် ရှုံးမှာလားဟင် ၊

အဲဒီဈေးတွေက သွပ်မိုး ပျဉ်ကာ တစ်ထပ်ဈေး ပုံစံတွေပဲရှိသေးတယ် ဗျ ၊

အခု မီးလောင် သွားတဲ့ ဈေးလေ ၊ စောစောထဲက အဆင့်မြင့်ဈေးဆောက်ဖို့ စည်ပင်ကလာညှိတာကို သဘောတူရမှာ .

သမ္မတ ဦးသိန်းစိန် နှလုံး ခုန်စက်တပ်ဆင်ထား

Freedom News Group(Burma)
သမ္မတ ဦးသိန်းစိန် မနေ့  နေ့ လည်ပိုင်း ရန်ကုန် အိမ်မှာ မူးလဲ ပြီးနောက် အခု တော့ အနားယူနေပါတယ်။ သူ ဟာ နှလုံးသွေးကျော ကျဉ်း ရောဂါ ရှိ ပြီး နှလုံး ခုန်စက် လဲ တပ်ဆင်ထား ရပါတယ်။
Yonhap, Kim Byung-man/Associated Press

The Voice Weekly နိုင်ငံတော်သမ္မတကြီး စင်္ကာပူတွင် အရေးပေါ် ဆေးကုသမှု ခံယူနေဆိုသော သတင်း သမ္မတရုံး ငြင်းဆို
ရန်ကုန် မေ ၁၇

နှလုံးခုန် ထိန်းညှိစက် ထည့်သွင်း ထားရသော အသက် ၆၇ နှစ် အရွယ်ရှိ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ရုတ်တရက် မူးလဲသဖြင့် စင်္ကာပူနိုင်ငံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူနေရသည် ဆိုသော သတင်းများမှာ မှန်ကန်မှု မရှိကြောင်း နိုင်ငံတော် သမ္မတရုံး တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက ပြောကြားသည်။

ရန်ကုန် မြို့သို့ ရောက်ရှိနေသော နိုင်ငံ သမ္မတ ကြီး ၏ ကျန်းမာရေး နှင့် ပတ်သက်၍ ထွက်ပေါ်နေသော သတင်းများမှာ ကောလဟာ လ များသာဖြစ်၍ ခရီးသွားနေသည့် အချက်များမှ လွဲ၍ ကျန်အချက်များမှာ လုံးဝ မှန်ကန်မှု မရှိကြောင်း၊ မိတ်ဆွေများ ၏ စိုးရိမ် ပူပန်မှုအတွက် ကျေးဇူး အထူးတင် ရှိပါသည် ဟု ၄င်း၏ facebook စာမျက်နှာ တွင်ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။

မြန်မာ နိုင်ငံ တွင် ဒီမိုကရေစီ စနစ် ထွန်းကားရေး နှင့် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြုပြင်ပြောင်းလဲ ရေး လမ်းကြောင်းကို စတင် အကောင်အထည်ဖော်ပေးခဲ့သည့် နိုင်ငံတော်သမ္မတကြီးမှာ ဆီးလမ်းကြောင်းပိုးဝင် ခြင်းကြောင့် အဖျားဝေဒနာ ခံစားနေရာမှ အားနည်း၍ မူးလဲခြင်းသာ ဖြစ်ပြီး အသက် ၆၀ ကျော် အမျိုးသား များတွင် ဖြစ်လေ့ဖြစ်ထ ရှိသော ရောဂါဖြစ်သဖြင့် စိုးရိမ်ဖွယ်ရာ မရှိပါကြောင်း၊ မနက်ဖြန်တွင် သွားရောက်မည့် ငပုတောခရီးစဉ်ကိုလည်း ဖျက်သိမ်းထားကြောင်း နိုင်ငံတော် သမ္မတကျန်းမာရေး စောင့်ရှောင့်မှု အထူးအဖွဲ့ နှင့် နီးစပ်သူ အထူးကု ဆရာဝန်ကြီး တစ်ဦးက ပြောကြားသည်။

နိုင်ငံတော်သမ္မတ ကြီး၏ ကျန်းမားရေးနှင့် ပတ်သက်သော သတင်းများ ဖော်ပြထားသည့် Facebook စာမျက်နှာ များတွင် နိုင်ငံတော်သမ္မတ ကြီး သက်တော်ရာကျော်ရှည်ပါစေကြောင်း ကိုယ်စိတ်နှလုံး ကျမ်းမာ ချမ်းသာပါစေကြောင်း ရေးသား ခဲ့ကြသည်များကို တွေ့ရှိရသည်။

မြန်မာလူမျိုးတွေတက်ခွင့်မရတဲ့ တရုတ်စာသင်ကျောင်း

ဒီမို စနေ
ဓါတ်ပုံလေးကတော့ မြန်စာသင်ကျောင်းနဲ့ တရုတ်စာသင်ကျောင်းတို့ ဘယ်စာသင်ကျောင်းကပိုပြီး ခန့်ညားလဲ ဆိုတာကိုမြင်စေချင်တာပါ။ပြောချင်တာကတော့ ကျွန်တော်တို့ မန္တလေးမြို့လည်း ကြာလာရင်ယဉ်ကျေးမှုပျောက်လုဖြစ်ရုံတင်မကတော့ဘူး….စာပေပါပျောက်တော့မယ်ထင်တယ် ဖွင့်လိုက်တဲ့ တရုတ်စာသင်ကျောင်းတွေ ဟီးဟီးထလို့ဗျာ.! သူများစာပေပညာကျောင်းကို ကိုယ်နိုင်ငံမှာလာဖွင့်လို့ ကိုယ်နိုင်ငံသားတွေများ သူတို့စာပေကို လေ့လာခွင့်ရမလားမှတ်တယ် ဝေးပါသေးတယ်ဗျာ ကျောင်းတက်ဖို့မပြောနဲ့ စာအုပ်ဖိုးတောင်အနိုင်နိုင်ရယ်ပါ…။ ညနေပိုင်း တရုတ်စာသင်ကျောင်း ဆင်းချိန်ဆိုရင်လာကြည့်လှည့်ပါ.. ဒင်းတို့ ကျောင်းလာကြိုတဲ့ကားတွေ လမ်းပိတ်နေတာနဲ့ပဲလမ်းပြည့်နေပြီ။ ဒီမိုစနေတို့အပြောမဟုတ်ဘူး မယုံရင်လာကြည့်ပါ။ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက် ၅၆လမ်း၊၃၇×၃၈လမ်းကြားမှာ အဲ့ဒီ တရုတ်စာသင်ကျောင်းရှိတယ်ဗျာ………..။တစ်ကယ်ဆိုရင် ကိုယ့်မြန်မာလူမျိုးတွေတက်ခွင့်မရတဲ့ ဒီတရုတ်စာသင်ကျောင်းတွေများ ဘာလို့ဖွင့်ခိုင်းနေတာလဲ? ကျွန်တော်တိုင်းပြည်မှာ တရုတ်စာသင်ကျောင်းတွေက တရားဝင်ဖွင့်ခွင့်ရှိလား? သိတဲ့သူများရှိရင်ဖြေပေးကြပါဗျာ

President Obama's Statement on Burma

U.S. Embassy Rangoon Yesterday ·

သစ်ရောင်းဝယ်ရေးတွင် တရုတ်နိုင်ငံမှထုတ်ပြန်သော စာရင်းများကအဆပေါင်း ၂၇ ဆ ပိုမို

Messenger News Journal

ခရိုနီ(အစိုးရနှင့် နီးစပ်သောလုပ်ငန်းရှင်များ) များနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ အကြံပေး ဦးမြင့်က ခရိုနီတွေကို ပြစ်ပယ်ထားလို့မရဘူး ခရိုနီဆိုတာ ထိုင်းမှာလဲရှိတယ် မလေးရှားမှာလဲရှိတယ် ဗီယက်နမ်မှာလဲရှိတယ် သူတို့တွေကို ကိုင် တွယ်တတ်ဖို့သာလိုတာ ၊သူတို့တွေကိုကောင်း တဲ့နေရာမှာပြန်အသုံးချလို့ရတယ် အတင်းကြီးဖိအားတွေသွားပေးလို့ သူတို့ တစ်ခြားနိုင်ငံထွက်သွားကြည့် ရှိသမျှ အကုန်ပြောင်မှာလေ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဒီကိစ္စပြောဖြစ်တယ် သူလဲ သဘောတူတယ် ခရိုနီတိုင်းမကောင်းဘူးဆိုတာတော့ မဟုတ်ပါဘူး တိုင်းပြည်အတွက်အလုပ်လုပ် ချင်တဲ့ သူတွေလည်း ရှိပါတယ် သူတို့ ကိုကောင်းတဲ့နေရာတွေမှာအသုံးချရင် တိုင်းပြည်အတွက်အကျိုးရှိပါတယ်”ဟု စီးပွားရေးဆွေးနွေးပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့်ကုန်သွယ်မှုပြုလုပ်ရာတွင် နှစ်နိုင်ငံတရားဝင်ဖော်ပြသော စာရင်းဇယားများကွာဟမှုရှိနေ အထူးသဖြင့် သစ်ရောင်းဝယ်ရေးတွင် တရုတ်နိုင်ငံမှထုတ်ပြန်သော စာရင်းများကအဆပေါင်း ၂၇ ဆ ပိုမိုနေဟု နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဦးမြင့် က ယနေ့ကျင်းပပြုလုပ်သော စီးပွားရေးဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။