Saturday, May 19, 2012

ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်ပါလီမန်တွင် မိန့်ခွန်းပြောကြားမည်

source: The Guardian | The Financial Times
ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်ဇွန်လ ၁၈ ရက်နေ့တွင် လန်ဒန်သို့အလည်အပတ်ခရီး တစ်ပတ်ကြာ သွားရောက်မည်ဖြစ်ပြီး ဗြိတိန်နိုင်ငံ၏ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်နှစ်ရပ်ပေါင်းတွင် မိန့်ခွန်းပြောကြားမည်ဟု သိရသည်။ နိုင်ငံ့ခေါင်းဆောင်မဟုတ်ဘဲ ဗြိတိန်ပါလီမန်နှစ်ရပ်တွင် မိန့်ခွန်းပြောကြားခွင့်ရခြင်းမှာ အလွန်ရှားပါးကြောင်း သိရသည်။ ၁၉၆ဝ ခုနှစ်များက ပညာသင်ကြားခဲ့သောOxfordိ တက္ကသိုလ်တွင် ဂုဏ်ထူးဆောင်ဘွဲ့ယူဦးမည်ဖြစ်ပြီး သားနှင့်မြေးတို့ဆီကိုလည်း အလည်အပတ်သွားရောက်မည်ဟု သိရသည်။သောကြာနေ့ညကG8 ထိပ်သီးအစည်းအဝေးတွင် ဗြိတိန်ဝန်ကြီးချုပ်က ကမ္ဘာ့ခေါင်းဆောင်များကို မြန်မာပြည်သို့လှူဒါန်းသော ထောက်ပံ့ငွေများမှာ မြန်မာပြည်သူများအတွက် အကျိုးရှိစေဖို့ ပြောကြားခဲ့ပြီး မြန်မာအစိုးရအနေဖြင့် ယခုထက်ထိရောက်သော ပြုပြင်ပြောင်းလဲမှုများ လုပ်မပြသေးသမျှ အစိုးရကို လှူးဒါန်းငွေတိုက်ရိုက်ပေးမည်မဟုတ်ကြောင်း၊ လှူဒါန်းသမျှငွေတိုင်းသည် မြန်မာပြည်သူတို့ အကျိုးရှိရန်အတွက်သာ အလေးပေးလုပ်ဆောင်မည်ဖြစ်ကြောင်း ဆိုသည်။ ထို့အပြင် ဝန်ကြီးချုပ်က မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင်Commission for Responsible Investmentအဖွဲ့ကိုဖွဲ့စည်းပြီး လေ့လာစောင့်ကြည့်
မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
.............................................................

ဒေါ်အောင်ဆန်းစုကြည် ဒပ်ဘလင်သို့ အလည်သွားမည်
source: Irish Times | Irish Examiner
ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်ဇွန်လ ၁၈ ရက်နေ့တွင် အိုင်ယာလန်နိုင်ငံ ဒပ်ဘလင်မြို့တော်သို့ တစ်ရက်ကြာ အလည်အပတ်ခရီး သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ဒပ်ဘလင်တွင် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က Ambassador of Conscience ဆုပေးမည်ဟုသိရပြီး ဒပ်ဘလင်ရှိdocklands တွင်Bord Gais Energy Theatre နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုဖျော်ဖြေမည်ဖြစ်ကြောင်း၊ U2 အဖွဲ့မှWalk On သီချင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုခဲ့သူBono ကိုယ်တိုင်တက်ရောက်ဖွယ်ရှိကြောင်း သိရသည်။ ၂ဝဝဝ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကိုFreedom of Dublin Cityဆု ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

BYမောင်သစ်စိမ်း
http://mmcpcommunity.net/

စနေနေ့ကကျင်းပသောG-8 summit တွင်Barack Obama၏ မြန်မာပြည်အပေါ်မှတ်ချက်

ပုသိမ်ကြီးမြို့နယ် မြို့မရပ်ကွက်၊ မိုးခေါ်လွန်ဆွဲပြိုင်ပွဲ


ရာသီဥတု ပူပြင်း၍ မိုးရွာသွန်းမှု နည်းပါးသောကြောင့် မန္တလေးတိုင်း ဒေသကြီး ပုသိမ်ကြီးမြို့နယ် မြို့မရပ်ကွက်တွင် ငါးရံမင်းပူဇော်ခြင်းနှင့် မိုးခေါ်လွန်ဆွဲပြိုင်ပွဲကို မေလ ၁၈ ရက်မှ ၂၂ ရက်ထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ မိုးခေါ်လွန်ဆွဲပြိုင်ပွဲကို မေလ ၁၉ ရက် ညနေ ၅ နာရီကျော်က စတင်ကျင်းပခဲ့ပြီး ရပ်ကွက်နှင့်ကျေးရွာ ၁၀ ခုမှ ဒေသခံ အများအပြား လာရောက်ဆင်နွှဲခဲ့ကြောင်း သိရှိရသည်။ လွန်ဆွဲပြိုင်ပွဲကို ၁၉ ရက်မှ ၂၁ ရက်အထိ သုံးရက်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
By: Eleven Media Group

ဗိုလ်ချုပ်မှုးကြီးရဟတ်ယာဥရပ်ရန်အသုံးပြုခံခဲ့ရသည့် လယ်ယာမြေများလျော်ကြေးမရသေး

7Day News Journal

မန္တလေး မေ(၁၉)ရက်
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် မင်းစုကျေးရွာတွင် ၂၀၁၀ ခုနှစ်ဧပြီလက ဗိုလ်ချုပ်မှူးကြီးသန်းရွှေလာရောက်စဉ် ရဟတ်ယာဉ်ရပ်နားရန် ခေတ္တအသုံးပြုခဲ့သာ လယ်ယာမြေ ၀.၄၃ဧက အတွက် လျော်ကြေးမရရှိသေးကြောင်း သတင်းရရှိသည်။ “ ရပ်ကွက်က လူကြီးတွေက ခဏပါဆိုလို့ ပေးဌားလိုက်တာ။ ဗိုလ်ချုပ်မှူးကြီးလာပြီးသွားတော့လည်း မြေကိုပြန်မပေးဘူး။ ဒါနဲ့ ညှိုနှိုင်းပေးဖို့တောင်းဆိုတော့ ၂၀၁၁ခုနှစ် တစ်လပိုင်း လေးရက်နေ့မှာ စက်ရုံမှူးတို့ ရပ်ကွက်ဥက္ကဌတို့ ရပ်မိရပ်ဖတွေက ညှိုနှိုင်းပေးပြီး လျော်ကြေးငွေ ဆယ့်တစ်သိန်း( ၁၁သိန်း)ကို စက်ရုံမှူးကနေ ရရှိအောင်ဆောင်ရွက်ပေးရန် ဆိုပြီး ဆုံးဖြတ်လိုက်ကြတယ်။ ဒါပေမယ့် ခု တစ်နှစ်ခွဲလောက်ရှိလာတာတောင် လျော်ကြေးမရသေးပါဘူး”ဟု အဆိုပါ လယ်ယာမြေပိုင်ရှင်ဖြစ်သူ ဦးဝင်းမြင့်၏ သမီး မခင်မျိုးဦးက ပြောသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)သည် ထိုအချိန်က ကျောက်ဆည်မြို့နယ် မင်းစုကျေးရွာတွင်ရှိသော ဆေးဝါးစက်ရုံ၊ ကြွေရည်သုတ်စက်ရုံ တို့ထံ ရဟတ်ယာဉ်ဖြင့် လာရောက်လျှင် ဆင်းသက်ရန်အတွက် အဆိုပါကျေးရွာတွင် ရှိသော စက်ရုံအနီးနားရှိ လယ်မြေကွက်ကို ခေတ္တအသုံးပြုခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြော သည်။

ရန်ကုန်တက္ကသိုလ်နှင့် ကျောင်းသားသမဂ္ဂ ပြန်လည်အသက်ဝင်ရေး ဒေါက်တာဦးမြင့် အိတ်ဖွင့်ပေးစာပေး

7Day News Journal · ·
ရန်ကုန်၊ မေ - ၁၉
အစဉ်အလာကြီးခဲ့သော ရန်ကုန်တက္ကသိုလ်နှင့် ကျောင်းသားသမဂ္ဂ ပြန်လည်တည်ဆောက်ရန်အတွက် နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေးခေါင်းဆောင် ဒေါက်တာဦးမြင့်က မေလ ၁၉ ရက် ရက်စွဲဖြင့် ပြည်သူသို့ အိတ်ဖွင့်ပေးစာတစ်စောင် ပေးလိုက်သည်။ အဆိုပါအိတ်ဖွင့်ပေးစာတွင် `ရန်ကုန်တက္ကသိုလ်ကို ဧရာဝတီမြစ်ကြီးနဲ့ နှိုင်းယှဉ်ကြည့်နိုင်မယ် ထင်ပါတယ်။ ဧရာဝတီလိုပါပဲ။ ရန်ကုန်တက္ကသိုလ်ကို မြန်မာပြည်သူတစ်ရပ်လုံးက ပိုင်ဆိုင်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ အမျိုးသား အမွေအနှစ်ပါပဲ´ဟုပါရှိသည်။ `ကျောင်းသားသမဂ္ဂကို ရန်ကုန်တက္ကသိုလ်ပရ၀ုဏ်ထဲ ပြန်လည်တည်ဆောက်တဲ့ကိစ္စဟာ မြန်မာပြည်သူ တစ်ရပ်လုံးရဲ့ ကိစ္စပဲဖြစ်ဖို့ ကျွန်တော် အဆိုပြုပါရစေ။ ကျောင်းသားသမဂ္ဂ အဆောက်အဦးအသစ်ဟာ အမျိုးသားရင်ကြားစေ့ရေး ဖြစ်စဉ်ရဲ့ အထိမ်းအမှတ်ဖြစ်လာမှာပါပဲ´ ဟုလည်း ရေးသားထားသည်။ ပြီးခဲ့သည့် စက်တင်ဘာလကလည်း ဧရာဝတီကို ကာကွယ်ဖို့ အရင်တုန်းက ရှိခဲ့တဲ့ ထည်ဝါမှုမျိုး ပြန်ရဖို့ လိုအပ်ချက်အပေါ်မှာ မြန်မာပြည်သူတွေဟာ စည်းစည်းလုံးလုံး ပီပီသသ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ကြပါတယ်ဟုလည်း ရေးသားထားသည်။ ရန်ကုန်တက္ကသိုလ် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အကြံပြုစာများအား ဒေါက်တာဦးမြင့်သို့ ပေးနိုင်ကြောင်း ပြောကြားခဲ့သည်။

လူ့ အခွင့်အရေးကော်မရှင်ရုံးမှ၊ ကိုမြအေးသို့အကြောင်းပြန်စာ

Mya Aye
3 hours ago
ကချင်ပြည်နယ်မြစ်ဆုံဒေသရှိ တန်ဖဲကျေးရွာအားပြောင်းရွှေ့ ခြင်းကိစ္စနှင့်ပါတ်သက်၍ ၈၈မျိုးဆက်ကျောင်းသားများကိုယ်စား၊ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော ကိုမြအေးမှ သမ္မတ၊ ပြည်ထဲရေးဝန်ကြီး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်ရုံးသို့ ပေးပို့ ခဲ့သော တန်ဖဲကျေးရွာပြောင်းရွှေ့ ခြင်းကိစ္စနှင့်၊ ပါတ်သက်ပြီး မေတ္တာရပ်ခံချက်ကို မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်ရုံးမှ၊ အလေးထားဆောင်ရွက်သင့်သည့်ကိစ္စဟု ယူဆပါကြောင်း အောက်ပါအတိုင်း အကြောင်းပြန်စာပြန်လည်ပေးပို့ လာပါသည်။

ယခုကဲ့သို့  မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်ရုံးအနေဖြင့်၊ မြန်မာနိုင်ငံသားများ ကြုံတွေ့ နေရသည့်၊ မတရားမှု့ များစွာ အခက်အခဲများစွာထဲမှ တစ်ခုဖြစ်သောတန်ဖဲကျေးရွာပြောင်းရွှေ့ ခြင်းကိစ္စရပ်ကို အလေးထားဆောင်ရွှက်သင့်သည့်ကိစ္စဟု ယူဆခြင်းအပေါ်၊ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော၊ ကိုမြအေးမှ ကြိုဆိုလိုက်ကြောင်းနှင့် တန်ဖဲကျေးရွာပြောင်းရွှေ့ ခြင်းကိစ္စကို မှန်မှန်ကန်ကန် ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်မိပါကြောင်း။

မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူ့ အခွင့်အရေးချိုးဖောက်ခံနေရသော ကိစ္စရပ်များအတွက်လည်း၊ အမျိုးသားလူ့ အခွင့်အရေးကော်မရှင်ရုံးမှ တ၇ားမျှတစွာ ကူညီဆောင်ရွက်ပေးရန် အလေးအနက်တိုက်တွန်းလိုက်ပါသည်။ မိမိတို့ ၈၈မျိုးဆက်ကျောင်းသားများအနေဖြင့် တိုင်းရင်းသားဒေသများတွင်ဖြစ်ပွားနေသော ပဋိပက္ခများ၊ လူ့ အခွင့်အရေးချိုးဖောက်ခံရမှု့ များ၊ တိုင်းရင်းသားအခွင့်အရေးချိုးဖောက်ခံရမှု့ များ၊ ပပျောက်သွားရန်အတွက်၊ တိုင်းရင်းသားအရေး ကိစ္စရပ်များကို သမိုင်းပေးတာဝန်တစ်ရပ်အနေဖြင့်၊ ဆက်လက်အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါသည်။

..................................................
ယနေ့ ၁၉.၅.၂၀၁၂ ရက်နေ့တွင် ၈၈မျိုးဆက်ကျောင်းသားများအကူအညီဖြင့် ကယန်းဒေသ ဆီဘူးမြို့မှ မျက်စိကုသရန် ရောက်ရှိလာသော မောင်နှမနှစ်ယောက်အား ပန်းလှိုင်ဆေးရုံတွင် မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာဇော်မင်းဒင်နှင့် အဖွဲ့မှ ခတ်မှီစက်ကရိယာများဖြင့် စမ်းသပ်စစ်ဆေးရာတွင် လုံးဝပျောက်ကင်းရန်ကုသဖို့ မလွယ်ကူကြောင်း ၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့် စိတ်မကောင်းစွာ သိရှိခဲ့ရပြီး၊ အဆိုးထဲကအကောင်းအနေဖြင့် ၄င်းမောင်နှမနှစ်ယောက်၏ မျက်စိမှာ လုံးဝကွယ်သွားမည့်အနေအထားမရှိသည်ကို ဝမ်းမြောက်စွာဖြင့်သိရှိခဲ့သည်။ ရောဂါအခြေအနေအသေးစိတ်နှင့် နောက်ဆက်တွဲ အခြေအနေများကို ဆက်လက်ပြီး ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

မင်္ဂလာဒုံ ADK အထည်ချုပ် လုပ်သားများ အခွင့်အရေး တောင်းဆို

The Voice Weekly


ရန်ကုန်၊ မေ ၁၉

လုပ်ခလစာ ပြသနာဖြင့် ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပေါ်နေသော ရန်ကုန်မြို့တော် မင်္ဂလာဒုံ စက်မှုဇုန်ရှိ A Dream of Kindness အထည်ချုပ် စက်ရုံတွင် လုပ်ခလစာ တိုးမြင့်ပေးရန်၊ အလုပ်သမား အခွင့်အရေးများ တောင်းဆိုနေကြကြောင်း အဆိုပါစက်ရုံ အလုပ်သမားများက ပြောကြားသည်။

အနိမ့်ဆုံးလစာ ရှစ်သောင်းကျော် ရရှိရန် တောင်းဆိုသွားမည် ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

အလုပ်သမားများ လုပ်ခလစာ တိုးမြင့်ပေးရန်၊ အများပြည်သူ အလုပ်ပိတ်ရက် အစိုးရ ရုံးပိတ်ရက် များတွင် အလုပ်ပိတ်ပေးရန်၊ All Night (ညလုံးပေါက်) အလုပ်ကို အလုပ်သမား ဆန္ဒပါမှသာ လုပ်ကိုင်စေရန်၊ လုပ်ငန်းခွင် သာယာမှု ရှိစေရန်၊ အလုပ်သမား သမဂ္ဂ ဖွဲ့စည်းခွင့် ရရန် စသည့် အချက်များ အပါအဝင် အချက်များစွာကို တောင်းဆိုထားကြောင်း ယင်းအလုပ်သမားများက ပြောကြားသည်။

အလုပ်သမားများ လစာ တစ်လလျှင် ရက်မှန်ကြေး၊ အချိန်ပိုကြေး၊ Bonous (ဆုကြေး) အပါအဝင် စုစုပေါင်း ကျပ်လေးသောင်းကျော် ဝန်းကျင်မှ ကျပ်ခြောက်သောင်း ဝန်းကျင် အထိသာ ရရှိနေသဖြင့် စားဝတ်နေရေး အဆင်မပြေသဖြင့် ယင်းသို့ တောင်းဆိုခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။

“လစာထုတ်ရင် အိမ်ပို့နိုင်ဖို့က ဝေးသေး။ အကြွေးတောင် မဆပ်နိုင်ဘူး” ဟု အလုပ်သမား တစ်ဦးဖြစ်သူ ဦးနိုင်ထွန်းလင်းက ရှင်းပြသည်။

ယင်းပြဿနာကို မင်္ဂလာဒုံမြို့နယ် အလုပ်သမား ကြီးကြပ်ရေးရုံးကို တင်ပြတောင်းဆိုခဲ့ သော်လည်း မေလ ၁၇ ရက်နေ့တွင် မြို့နယ်ဝါဏိဇ္ဇ ပဋိပက္ခ ကော်မတီကို လွှဲပြောင်းလိုက်ပြီ ဖြစ်ကြောင်း ယင်းအလုပ်သမားများက ဆိုသည်။

အထက်ပါ ကိစ္စရပ်များနှင့် ပတ်သက်၍ A Dream of Kindness အထည်ချုပ် စက်ရုံကို ဖုန်းဆက်သွယ်သော်လည်း အဆက်သွယ် မရရှိသေးပေ။

အဆိုပါ စက်ရုံသည် မင်္ဂလာဒုံ ဥယျာဉ်မြို့တော်တွင် တည်ရှိပြီး စက်ရုံ အလုပ်သမား ၃၀၀၀ ကျော် ရှိကြောင်း အလုပ်သမားများထံမှ သိရသည်။

ရန်ကုန်မြို့တော် စက်မှုဇုန်များတွင် မေလ လဝက်အတွင်း စက်ရုံ ၁၀ ရုံကျော်တွင် ဆန္ဒပြမှု အကြိမ်ကြိမ် ဖြစ်ပွားလျှက် ရှိသည်။

ရွှေ့ပြောင်း အလုပ်သမားတွေ အကြောင်းမှတ်တမ်းရုပ်ရှင် ရိုက်ကူး

Published on May 18, 2012 by RFABurmeseVideo
ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ အကြောင်းကို ဟာသအနုပညာရှင် ကိုဇာဂနာနဲ့ အဖွဲ့က မှတ်တမ်းရုပ်ရှင်အဖြစ် ရိုက်ကူးနေပါတယ်။ အကြောင်းစုံကို ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်။

နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်တွေ ဝန်ကြီးဌာနအသီးသီးက တာဝန်ရှိသူတွေနဲ့တွေ့ဆုံ

Published on May 19, 2012 by

မေလ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့တွေက ကျင်းပခဲ့တဲ့ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ ၅ ကြိမ်မြောက် မြန်မာ့စီးပွားရေးညီလာခံအပြီး မေလ ၁၇ ရက်နေ့မှာ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်တွေဟာ နေပြည်တော်မှာရှိတဲ့ ဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ခဲ့ကြပါတယ်။ အဲဒီလိုတွေ့ဆုံရာမှာ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြုပ်နှံခြင်ကြတဲ့ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ ဝန်ကြီးဌနအလိုက် တာဝန်ရှိသူတွေကို သူတို့သိခြင်တဲ့အချက်အလက်တွေနဲ့ ပတ်သက်ပြီး တွေ့ဆုံ မေးမြန်းခဲ့ကြပါတယ်။

နိုင်ငံ့ခေါင်းဆောင်တစ်ဦး၏ ကျန်းမာရေးမှာ တိုင်းပြည်၏ အခြေအနေအပေါ် သက်ရောက်မှုများစွာရှိ


>နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ကျန်းမာသွားပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတအကြံပေးများ ပြောကြား Saturday, 19 May 2012 14:48
ts
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အား မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်နှင့်အတူ မေလ ၁၄ ရက်နေ့က နိုင်ငံတော်သမ္မတ အိမ်တော်၌ တွေ့ရစဉ် (ဓါတ်ပုံ-နိင်ငံတော် သမ္မတရုံး ၀က်ဘ်ဆိုက်)  
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ကျန်းမာသွားပြီဖြစ်ကြောင်း နိုင်ငံတော် သမ္မတ အကြံပေးများက မေလ ၁၉ ရက်နေ့တွင် အတည်ပြုပြောကြား ခဲ့ပါသည်။
''သမ္မတကြီး ကျန်းမာသွားပါပြီ။ အပရိကပါ။ ပင်ပန်းသွားလို့ ဖြစ်တာပါ''ဟု နိုင်ငံတော်သမ္မတ အကြံပေးက မေလ ၁၉ ရက်နေ့က ပြောကြားခဲ့သည်။ ထို့ပြင် အခြား နိုင်ငံတော် သမ္မတ အကြံပေးတစ်ဦးကလည်း နိုင်ငံတော်သမ္မတ ဘာမှ မဖြစ်ကြောင်း နှင့် နေပြည်တော်မှ ရန်ကုန်မြို့သို့လာသည့်အခါတွင် ခရီးပန်းသွား၍ ဖြစ်ကြောင်း မေလ ၁၉ ရက်နေ့က ပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်သည် ရန်ကုန်မြို့တွင် ရက်အနည်းငယ် နေထိုင်ပြီးနောက် နေပြည်တော်သို့ မေလ ၁၉ ရက်နေ့တွင် ပြန်ရန် စီစဉ်ထားကြောင်း ၄င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
နှလုံးခုန်ထိန်းညှိစက် ထည့်ထားရသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မူးလဲသွားပြီး နေမကောင်းဖြစ်နေသည်ဆိုသည့် သတင်းများမေလ ၁၇ ရက်နေ့မှစ၍ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီး နောက်ပိုင်း ပြည်သူများကြားတွင် စိုးရိမ်ပူပန်မှုများ ရှိခဲ့ပြီး နိုင်ငံတော်သမ္မတရုံးသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းမှုများ ရှိခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ စိုးရိမ်ပူပန်စွာဖြင့် မေးမြန်းလာသည့်အပေါ် နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ၄င်း၏ Facebook စာမျက်နှာတွင် ကောလာဟလများသာ ဖြစ်ပါကြောင်း၊ ခရီးသွားနေသည်မှာ မှန်ပါကြောင်း၊ ယင်းအချက်မှလွဲ၍ ကျန်သည့်သတင်းများ လုံးဝမဟုတ်ပါကြောင်း၊ ပူပန်မှုအတွက် ကျေးဇူးအထူးပင်တင်ရှိပါကြောင်း တုံ့ပြန် ရေးသားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ကျန်းမာရေးနှင့် စပ်လျဉ်း၍ Facebook စာမျက်နှာများတွင် သုံးစွဲသူများက ''အထူးဂရုစိုက်ပေးကြပါလို့ ပြောပါရစေ..မြန်မာပြည်က အခုမှ အသက်ရှုရတာ သက်သာသလိုရှိပါ သေးတယ်..သမ္မတကြီး သက်တော် ရာကျော် ရှည်ပါစေ..''၊ ''သမ္မတကြီး ကျန်းကျန်းမာမာရှိပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပါတယ်''၊ ''ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီး နိုင်ငံနှင့် လူမျိုးအကျိုး ဆထက်တပိုး ထမ်းရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းများနှင့်အတူ........''အစရှိ သဖြင့် ရေးသားထားကြသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံတွင် နိုင်ငံ့ခေါင်းဆောင်တစ်ဦး၏ ကျန်းမာရေးမှာ တိုင်းပြည်၏ အခြေအနေအပေါ် သက်ရောက်မှုများစွာရှိနိုင်၍ နိုင်ငံ့ခေါင်းဆောင်တစ်ဦး၏ ကျန်းမာရေးအခြေအနေနှင့် စပ်လျဉ်းသည့်သတင်းများကို သက်ဆိုင်ရာမှ တရားဝင်ထုတ် ပြန်လေ့ မရှိပေ။
news-eleven.com

ဂတ်စ်ပိုက်လိုင်းအတွက် သာသနာပိုင်မြေအချို့ သိမ်းခံရ


by Yangon Press International on Saturday, May 19, 2012 at 11:01am · ပြင်ဦးလွင်၊ မေလ ၁၉ ရက်၊ ၂၀၁၂ ခုနှစ်
ကျော်သူရမျိုး (YPI)

ရခိုင်ပြည်နယ် ကျောက်ဖြူမှ တရုတ်နိုင်ငံ ကူမင်းသို့ သွယ်တန်းဖောက်လုပ်လျှက်ရှိသည့် ဂက်စ်ပိုက်လိုင်းစီမံကိန်းအတွက် ပြင်ဦးလွင်မြို့သဲဘိုးရေ ရပ်ရှိ အာရှအလင်းရောင်းကျောင်းတိုက်ပိုင် သာသနာ့မြေ(၅)ဧကကျော် သိမ်းဆည်းခြင်း ခံရသည်ဟု ကျောင်းထိုင်ဆရာတော် ဘဒ္ဒ န္တစိန္တိတ က မိန့်ကြားသည်။

“အသိမ်းခံရတဲ့အထဲမှာ ဘုန်းကြီးကျောင်းနဲ့ ရွာသုံးရွာအတွက် အဓိကရေပေးဝေနေတဲ့ ရေစစ်ကန် လည်း ပါသွားတယ်”ဟု ဆရာတော်က မိန့်ကြားသည်။

ကျောင်းပိုင်မြေကို ဖြတ်ကျော်၍ ဂက်စ်ပိုက်လိုင်း မဖောက်လုပ်မီ ပိုက်လိုင်းတာဝန်ခံများက ဆရာတော်အား လာရောက်လျှောက်ထားစဉ်က ကျောင်းတိုက်နှင့် ရွာများအတွက် အဓိက လိုအပ်သည့် ရေစစ်ကန်ကို ရှောင်ကွင်း၍ ဖောက်လုပ်သွားမည်ဟု ကတိပေးပြောကြားခဲ့သော်လည်း ဆရာတော် ခရီးသွားနေစဉ် ရေစစ်ကန်ကို မြေထိုးစက်ဖြင့် ထိုးဖျက်သွားခဲ့ခြင်း ဖြစ်သည်ဟု အောင်ချမ်းသာကျေးရွာမှ ဦးကျော်ရှိန်က ပြောသည်။ သိရသည်။

ရွာများနဲ့ ဘုန်းကြီးကျောင်းအတွက် အဓိကရေပေးဝေနေသော ရေစစ်ကန်ပျက်စီးသွားသည့် အတွက် ကျောင်းထိုင်ဆရာတော်သည် ဂက်စ်ပိုက်လိုင်းဖောက်လုပ်လျှက်ရှိသည့် တရုတ်ကုမ္စဏီအား ခေါ်ယူတွေ့ဆုံပြီး ရေလိုအပ်ချက်အတွက် ဆောင်ရွက်ပေးရန် ကတိစာချုပ်တစ်ရပ် ချုပ်ဆိုထားကြောင်းလည်း ဆရာတော်၏ မိန့်ကြားချက်အရ သိရသည်။

“ကျောင်းနဲ့ ရွာတွေအတွက် အမြဲတမ်းရေရအောင်လုပ်ဖို့ ကတိစာချုပ်တစ်ခု တရုတ်ကုမ္စဏီနဲ့ချုပ်ဆို ထားတယ်။ ရေရအောင် လုပ်မပေးနိုင်ရင် ဂက်စ်ပိုက်လိုင်းကိုလည်း မချဖို့နဲ့ မြေမမြှုပ်ဖို့ ကတိတောင်း ထားပါတယ်”ဟု ကျောင်းထိုင်ဆရာတော်က ၀ိုင်ပီအိုင်သို့ မိန့်ကြားသည်။

ဂက်စ်ပိုက်လိုင်းလမ်းကြောင်းဖောက်လုပ်ရာတွင် ပြင်ဦးလွင်မြို့နေ တရုတ်လူမျိုးများပိုင်ဆိုင်သည့် ကြက်မွေးမြူရေးလုပ်ငန်း အဆောက်အဦးအချို့ကို ၀ယ်ယူရန် ကမ်းလှမ်းသည့်အခါ သိန်းသောင်းနှင့်ချီတောင်းခံသဖြင့် ယင်းနေရာကို ရှောင်ကွင်းကာ အနီးရှိ ဘုန်းတော်ကြီးကျောင်းပိုင် ရေစစ်ကန်အား ဖြတ်သန်းဖောက်လုပ်လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။            ။
အာရှ အလင်းရောင်ကျောင်းတိုက် ပိုင်မြေတွင် ရှိသည့် ရေစစ်ကန်အား ဖြတ်ဖောက်လုပ်ထားသည့် ဂက်စ် ပိုက်လိုင်းကို မေလ၁၉ ရက်နေ့က တွေ့ရစဉ်။ (သတင်းဓါတ်ပုံ-ကျော်သူရမျိုး YPI )

စက်မှုဇုန်များ ဓါတ်အားဖြတ်တောက်မည်၊ လူနေအိမ်များ အလှည့်ကျစနစ်ဖြင့်ပေးဝေ

ရွှေလီ-မန်စံ ဓါတ်အားလိုင်း တာဝါတိုင် ဖေါက်ခွဲဖျက်ဆီးခံရသဖြင့် ရန်ကုန်မြို့အတွင်းရှိ စက်မှုဇုန်များအားလုံးကို လျှပ်စစ်ဓါတ်အား ဖြတ်တောက်သွားမည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့ ပြောကြား၊ အများပြည်သူများကိုလည်း အလှည့်က မီးပေးစနစ်ဖြင့်သာ ပေးမည်ဟုဆို
Saturday, 19 May 2012 13:10
elec
ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူများကို မေလ ၁၉ ရက်နေ့ မီဒီယာတွေဆုံပွဲတွင် တွေ့ရစဉ်

ရွှေလီ-မန်စံဓာတ်အားလိုင်း တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရသဖြင့် ရန်ကုန်မြို့အတွင်းရှိ စက်မှုဇုန်များအားလုံးကို လျှပ်စစ်ဓာတ်အားဖြတ်တောက်သွားမည်ဖြစ်ပြီး အများပြည်သူကိုလည်း မေလ ၂၁ရက်နေ့မှစတင်ကာ အလှည့်ကျမီးပေးစနစ်ဖြင့် မီးပေးသွားမည်ဟု ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဥက္ကဌ ဦးအောင်ခိုင်က မေလ၁၉ရက်နေ့က ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းကြားရှိ ရွှေလီဓာတ်အားပေးစက်ရုံမှ ဓာတ်အားပို့လွှတ်လျက်ရှိသော ၂၃၀ကေဗွီ ရွှေလီ-မန်စံဓာတ်အားလိုင်းသည် မေလ ၁၉ ရက်နေ့ နံနက် ၂နာရီ ၄၇မိနစ်တွင် ဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် ဓာတ်အားပို့လွှတ်မှုများရပ်ဆိုင်းသွားခဲ့ ကြောင်း၊ရွှေလီဓာတ်အားပေးစက်ရုံမှ ဓာတ်အား ၂၀၀ မဂ၀ပ်ခန့်ကို ရရှိတော့မည်မဟုတ်သဖြင့် မေလ ၁၉ ရက်နေ့မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အားလုံး ဓာတ်အားဖြတ်တောက်ထားမည်ဖြစ်ကြောင်းနှင့် အများပြည်သူအား မေလ ၂၁ရက်နေ့မှစတင်ကာ အုပ်စု ၃စုခွဲကာ ၁အုပ်စုလျင် ၆နာရီအလှည့်ကျ ဓာတ်အားဖြတ်တောက်ပြီး ဓာတ်အားဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း ဦးအောင်ခိုင်က ဆက်လက်ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဥက္ကဌ ဦးအောင်ခိုင်က“မိုင်းခွဲခံရတဲ့အတွက် တာဝါတိုင်လဲသွားတယ်။ကျွန်တော်တို့ရဲ့ တာဝန်ရှိသူတွေအမြန်ဆုံးပြန်လည်ပြုပြင်သွားပါမယ်။ အခုဖြစ်တဲ့နေရာက လုံခြုံရေးကန့်သတ်ချက်ရှိတဲ့အတွက် လိုအပ်တာထက်ပိုကြာနိုင်ပါတယ်။ဘယ်လောက်ကြာနိုင်တယ်ဆိုတာတော့ အတိအကျခန့်မှန်းလို့မရသေးပါဘူး။ကျွန်တော်တို့အဖွဲ့က အစိုးရဆီကနေ လျှပ်စစ်ဓာတ်အားကိုဝယ်ပြီး အများပြည်သူကို လျှပ်စစ်ပြန်လည်ရောင်းချပေးရတဲ့ စီးပွားရေးအဖွဲ့အစည်းပါ။လျှပ်စစ်ဓာတ်အားရောင်းချလို့ရမှ ကျွန်တော်တို့ ၀န်ထမ်းတွေကိုလခပေးနိုင်မှာပါ။စောနိုင်သမျှစောအောင်မီးပြန်ပေးနိုင်ဖို့ဆောင်ရွက်သွားမှာပါ”ဟုပြောကြားခဲ့သည်။ ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းကြားရှိ ရွှေလီဓာတ်အားပေးစက်ရုံမှ ဓာတ်အားပို့လွှတ်လျက်ရှိသော ၂၃၀ကေဗွီ ရွှေလီ-မန်စံဓာတ်အားလိုင်းသည် မေလ ၁၉ ရက်နေ့ နံနက် ၂နာရီ ၄၇မိနစ်တွင် ဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် ဓာတ်အားပို့လွှတ်မှုများရပ်ဆိုင်းသွားခဲ့ ကြောင်း၊ရွှေလီဓာတ်အားပေးစက်ရုံမှ ဓာတ်အား ၂၀၀ မဂ၀ပ်ခန့်ကို ရရှိတော့မည်မဟုတ်သဖြင့် မေလ ၁၉ ရက်နေ့မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အားလုံး ဓာတ်အားဖြတ်တောက်ထားမည်ဖြစ်ကြောင်းနှင့် အများပြည်သူအား မေလ ၂၁ရက်နေ့မှစတင်ကာ အုပ်စု ၃စုခွဲကာ ၁အုပ်စုလျင် ၆နာရီအလှည့်ကျ ဓာတ်အားဖြတ်တောက်ပြီး ဓာတ်အားဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း ဦးအောင်ခိုင်က ဆက်လက်ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဥက္ကဌ ဦးအောင်ခိုင်က“မိုင်းခွဲခံရတဲ့အတွက် တာဝါတိုင်လဲသွားတယ်။ကျွန်တော်တို့ရဲ့ တာဝန်ရှိသူတွေအမြန်ဆုံးပြန်လည်ပြုပြင်သွားပါမယ်။ အခုဖြစ်တဲ့နေရာက လုံခြုံရေးကန့်သတ်ချက်ရှိတဲ့အတွက် လိုအပ်တာထက်ပိုကြာနိုင်ပါတယ်။ဘယ်လောက်ကြာနိုင်တယ်ဆိုတာတော့ အတိအကျခန့်မှန်းလို့မရသေးပါဘူး။ကျွန်တော်တို့အဖွဲ့က အစိုးရဆီကနေ လျှပ်စစ်ဓာတ်အားကိုဝယ်ပြီး အများပြည်သူကို လျှပ်စစ်ပြန်လည်ရောင်းချပေးရတဲ့ စီးပွားရေးအဖွဲ့အစည်းပါ။လျှပ်စစ်ဓာတ်အားရောင်းချလို့ရမှ ကျွန်တော်တို့ ၀န်ထမ်းတွေကိုလခပေးနိုင်မှာပါ။စောနိုင်သမျှစောအောင်မီးပြန်ပေးနိုင်ဖို့ဆောင်ရွက်သွားမှာပါ”ဟုပြောကြားခဲ့သည်။

Yangon Press International

မေလ ၁၉ ရက်၊ ၂၀၁၂ ခုနှစ်-YPI

ရွှေလီမန်ဆန် ဓါတ်အားလိုင်း ယနေ့နံနက် အစောပိုင်းက မိုင်းခွဲခံရသဖြင့် ရန်ကုန်မြို့ရှိ စက်မှုဇုန်များအား ယနေ့မှ စတင်၍ ဓါတ်အားဖြတ်တောက်ထားမည်ဖြစ်ပြီး လူနေအိမ်များနှင့် စီးပွားရေး လုပ်ငန်းများကိုမူ ယခုလ ၂၁ ရက်နေ့မှစတင်၍ အုပ်စုသုံးစုခွဲကာ အလှည့်ကျစနစ်ဖြင့် ပေးဝေသွားမည်ဟု အက်ဖ်အမ်အသံလွှင့်ဋ္ဌာနများ မှ ထုတ်လွှင့်လျှက်ရှိသည်။
ယခုကဲ့သို့ ထုတ်ပြန်ကြေညာခြင်း မပြုမီ သီတင်းပတ်အတွင်း ရန်ကုန်မြို့ အချို့မြို့နယ်များတွင် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှု မကြာခဏ ဖြစ်ပေါ်လျှက်ရှိသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။

ပျက်စီးသွားသည့် တာဝါတိုင်များ ပြင်ဆင်မှုမှာ မည်မျှကြာမြင့်မည်ကိုမူ မသိရှိရပေ။

မနန်းဝိုးဖန်၏ ဂျပန်နိုင်ငံသားခင်ပွန်းကို စသုံးလုံးမှ ဖမ်းဆီး


by Yangon Press International on Saturday, May 19, 2012 at 6:44am · မေလ ၁၉ ရက်၊ ၂၀၁၂ ခုနှစ်
ကျော်စိုးလင်း-အိမ့်ခိုင်ဦး (YPI)

လွန်ခဲ့သည့် မတ်လ ၂၄ ရက်နေ့က စသုံးလုံးရုံး ငါးထပ်မှ ပြုတ်ကျသေဆုံးခဲ့ရသည့် မနန်းဝိုးဖန်၏ ခင်ပွန်း ဂျပန်နိုင်ငံသား မစ္စတာနာမာဆဲကို ၁၉၅၀ ခုနှစ်အရေးပေါ် အက်ဥပဒေပုဒ်မ ၅ (ဇ) ဖြင့် စွဲဆိုကာ ဖမ်းဆီးလိုက်သည်ဟု သိရှိရသည်။

၎င်း ဂျပန်နိုင်ငံသားနှင့် အတူ အိမ်ခြံမြေ ပွဲစားလုပ်ပေးသူ ဦးသိန်းနိုင်၊ ယူနတီ အိမ်ခြံမြေကုမ္ပဏီမှ ၀န်ထမ်း အချို့တို့ကို မေလ ၁၇ ရက်နေ့က လှိုင်သာယာမြို့နယ် တရားရုံးတွင် ယင်းပုဒ်မ ၅ (ဇ) ဖြင့် ရီမန် တပတ်ယူကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။ စသုံးလုံးဘက်မှ ရီမန် အများဆုံး ၂ ပတ် (၂၈ ရက်) ယူခွင့်ရှိသဖြင့် ယင်းကာလအတွင်း အမှုတည်ဆောက်ကာ ရုံးတင်စွဲဆိုသွားမည်ဟုလည်း သိရသည်။

မနန်းဝိုးဖန် ၏ ခင်ပွန်းကို လိုက်လံကူညီနေပေးလျှက်ရှိသူ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ` အခုစွဲဆိုချက်ကို နေပြည်တော် ပြည်ထောင်စုရှေ့နေချုပ်ရုံးက  ပုဒ်မတပ်ပေးခဲ့တာ၊ မေလ ၁၄ ရက်နေ့က မစ္စတာ နာမာဆဲနဲ့ ကျွန်တော်တို့ နေပြည်တော်မှာ ပြည်ထဲရေးရုံးနဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးကို သွားခဲ့သေးတယ်´ ဟု YPI သို့ပြောသည်။

သွားရောက်တွေ့ဆုံသည့် ကိစ္စမှာ မေလ ၃ ရက်နေ့က  မစ္စတာ နာမာဆဲ ဂျပန်နိုင်ငံသို့ ပြန်မည်ပြုစဉ် လေဆိပ် လူဝင်မှုကြီးကြပ်ရေးမှ တားဆီးထားခဲ့ရာ တားဆီးထားသည့် အကြောင်းရင်းကို မေလ ၁၃ ရက်နေ့တွင် ရန်ကုန် စသုံးလုံးနှင့် လ၀ကတို့တွင် မေးမြန်းရာ ၎င်းတို့က နေပြည်တော်သို့ မေးရန်ညွှန်လိုက်သဖြင့် ၎င်းနှင့် မစ္စတာ နာမာဆဲတို့ နေပြည်တော်သို့ မေးမြန်းဖို့ သွားရောက်ခဲ့ကြခြင်းဖြစ်သည်ဟု ပြောသည်။

စသုံးလုံး ဘက်မှ ယခုပုဒ်မဖြင့်စွဲဆိုသည့် အဓိက အချက်မှာ မစ္စတာ နာမာဆဲက ၎င်းပိုင်ငွေကြေးကို ဂျပန်နိုင်ငံမှ မနန်းဝိုးဖန်သို့ တရားမ၀င်နည်းလမ်းဖြင့် ပေးအပ်ပြီး အိမ်ခြံမြေများ ၀ယ်ယူခဲ့သည့် အပေါ် နိုင်ငံစီးပွားရေး ထိခိုက်စေသည် ဆိုသည့် စွဲဆိုချက်ဖြင့် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

ယခုကဲ့သို့ စသုံးလုံးမှ မနန်းဝိုးဖန်၏ ခင်ပွန်းအပါအ၀င် အိမ်ခြံမြေ အကျိုးဆောင်များကို ဖမ်းဆီးခြင်းမှာ မနန်းဝိုးဖန် စသုံးလုံး ရုံး ငါးထပ်မှ ပြုတ်ကျ သေဆုံးခဲ့သည့်အဖြစ်အပျက်အပေါ် လူသိရှင်ကြား သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်း၊ မိသားစုဝင်များက စသုံးလုံးအား တရားစွဲဆိုနိုင်မည့် အချက်အလက်စုဆောင်း ပြင်ဆင်လျှက်ရှိသည်ကို လက်တုံ့ပြန်ခြင်းဖြစ်နိုင်သည်ဟု ရန်ကုန်မြို့ ရှေ့နေအသိုင်းအ၀ိုင်းမှ ဝေဖန် ပြောဆိုလျှက်ရှိသည်။

မတ်လ ၂၈ ရက်နေ့က မနန်းဝိုးဖန်၏ ခင်ပွန်းဖြစ်သူနှင့် ဖခင်၊ ရှေ့နေ ဒေါ်အိအိအောင်တို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် တွေ့မြင်ရသည့် မစ္စတာ နာမာဆဲ (၀ဲဘက်တွင် ထိုင်နေသူ) ၊

ယခုလောလောဆယ်တွင် မနန်းဝိုးဖန် သေဆုံးရသည့် အဖြစ်အပျက်အတွက် ကျောက်တံတား ရဲစခန်းမှ တရားလိုပြုလုပ်ကာ သေမှုသေခင်းပြစ်မှုဖြင့် စတင်စစ်ဆေး နေပြီဖြစ်သကဲ့သို့ မနန်းဝိုးဖန်သေဆုံးရသည့် အဖြစ်အပျက်အတွက် ၎င်း၏ ဖခင်ဖြစ်သူက စသုံးလုံး အဖွဲ့မှ တာဝန်ရှိသူများကို တရားစွဲဆိုရန် ရှေ့နေငှားကာ ပြင်ဆင်နေစဉ် ယခုကဲ့သို့ စသုံးလုံးဖက်မှ မနန်းဝိုးဖန်ခင်ပွန်းဖြစ်သူကို ပုဒ်မတပ်ဖမ်းဆီး လိုက်ခြင်းဖြစ်သည်ဟု ဦးဖုန်းမြင့်အောင်က ပြောသည်။

ဂျပန်နိုင်ငံသံရုံးမှ ၎င်းတို့ နိုင်ငံသား ဖြစ်သူအား တွေ့ခွင့်ရရှိရေးအတွက် ကြိုးစားလျှက်ရှိပြီး ယခုလောလောဆယ် မစ္စတာနာမာဆဲကို အင်းစိန်ထောင်တွင် ချုပ်နှောင်ထားရှိသည်ဟု စုံစမ်းသိရှိရသည်။

မနန်းဝိုးဖန် မတ်လ ၂၄ ရက်နေ့ သေဆုံးရသည့် အမှုကိစ္စကို တရားဝင်ခုံရုံးဖွဲ့စစ်ဆေးလျှက်ရှိသည်ဟု မတ်လ ကုန်ပိုင်းတွင် ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ ဗိုလ်မှူးကြီး တင်ဝင်းက ပြည်တွင်း အပတ်စဉ် ဂျာနယ်တစောင်သို့ ပြောကြားခဲ့သည်။                ။

စသုံးလုံး မှ ၄ ရက်ကြာ ခေါ်ယူစစ်ဆေးနေစဉ် ငါးထပ်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ရသူ မနန်းဝိုးဖန် ၊ ယင်းအမှုကို ကျောက်တံတား ရဲစခန်းမှ တရားလိုပြုလုပ် စစ်ဆေးနေသည်ဟု သိရှိရသည်။