Tuesday, May 22, 2012

ရန်ကုန်မြို့တွင်း လမ်းမီးများအတွက်မီးစက်အချို့မောင်းပေးမည်


by 7Day News Journal on Tuesday, May 22, 2012 at 5:25am · ရန်ကုန်၊ မေ-၁၉
လျှပ်စစ်မီးပြတ်တောက်ချိန်တွင် လူထုလုံခြုံမှုရှိစေရန် လူနေထူထပ်သော အမှောင်ကျသော နေရာများတွင် မီးစက်များ ထားရှိကာ လမ်းမီးများကို ပြတ်တောက်မှုမရှိစေရန်လျှပ်စစ်မီးပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ် အားပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လျှပ်စစ်မီး ပြတ်တောက်သည့်အချိန်တွင်အရေးကြီး နေရာများကို မီးပေးထားသော်လည်း လမ်းဆုံ၊ လမ်းခွများတွင် လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရန်အတွက် ယ ခုကဲ့သို့ မီးစက်များထားကာ စီစဉ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

မီးပြတ်တောက်ချိန်တွင် လူထုလုံခြုံမှုအတွက် မီးအလင်းရောင် ရရှိစေရန် ယခုကဲ့သို့မီးစက်များ စီစဉ်ပေးခြင်းမှာ ပထမဆုံးဖြစ်သည်။

လက်ရှိတွင် မီးပွိုင့်များနှင့် အရေးကြီးနေရာများအတွက် မီးစက် ၈ လုံးဖြင့် အလှည့်ကျ မီးပေးစဉ် မီးပြတ်တောက်ပါက စက် မောင်း၍ ပေးသွားမည်ဖြစ်သည်။ ယင်း နေရာများမှာ ဆိပ်ကမ်းနှင့် ကမ်းနားလမ်းများရှိ လမ်းမီးများအတွက် မော်တင်ဓာတ်အားခွဲရုံ၌ မီးစက်တစ်လုံး၊ ပြည်လမ်းနှင့် လှည်းတန်းလမ်းဆုံတွင် မီးစက်တစ်လုံး၊ ကုန်သည်လမ်းနှင့် ဗိုလ်အောင်ကျော် လမ်းထောင့်တွင် မီးစက်တစ်လုံး၊ ဗဟိုလမ်းအ၀င်ဖြစ်သော ပြည်လမ်း -စော်ဘွားကြီးကုန်း CNG   ဆိုင်ရှေ့တွင် မီးစက်တစ်လုံး၊ မြို့တော်ခန်း မနှင့် ကျောက်တံတားမြို့နယ် လုံခြုံမှုအတွက် ဆူးလေဘုရားလမ်း နှင့် ဗဟိုဘဏ်ဘေးတွင် မီးစက်တစ်လုံး၊ ရန်ကင်းနှင့် တောင်ဥက္က လာမြို့နယ်များအတွက် ဝေဇယန္တာလမ်းနှင့် သစ္စာလမ်းထောင့်တွင် မီးစက်တစ်လုံး၊ လူဦးရေထူထပ်သော ကမာရွတ်မြို့နယ်အတွက် လှည်းတန်းလမ်း စည်ပင်ရုံးရှေ့၌ မီးစက်တစ်လုံး၊ သာကေတမြို့နယ်အတွက် သာကေတအ၀ိုင်းစသော နေရာများတွင်ဖြစ်သည်။

လူငယ်တွေ စာဖက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ပြော

Published on May 22, 2012 by
လူငယ်တွေ စာဖက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ပြော
လူငယ်တွေအနေနဲ့ ဗဟုသုတရှာဖို့ စာဖက်ကြဖို့နဲ့ ကျောင်းပညာရေးတင်မကပဲ ဘဝပေးတဲ့ပညာတွေကိုလည်း ရှာဖွေသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အရေးမှာ ပြည်သူတွေ ကိုယ်တိုင် ပါဝင်လုပ်ဆောင်ဖို့ လိုအပ်တယ် ဆိုတာကိုလည်း သူကထောက်ပြသွားပါတယ်။တဆက်ထဲမှာလည်း မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့ပြဿနာ လူငယ်တွေရဲ့ အခြေခံပညာရေး နဲ့ ကျောင်းပြီးတဲ့ လူငယ်တွေ အတွက် အလုပ်အကိုင်ရနိုင်ဖို့အရေးဟာလည်း အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က အင်းစိန် NLD ရုံးခွဲဆိုင်းဘုတ်ဖွင့်လှစ်ပွဲမှာ တက်ရောက်လာတဲ့ ထောင်နဲ့ ချီတဲ့ ဒေသခံတွေကို ပြောဆိုခဲ့ပါတယ်။

တရုတ်ကိုမဂ္ဂါဝတ်ဘယ်လောက်ေ၇ာင်းထားလို့မလောက်တာမပါဖူး။

The Voice Weekly
အမှတ် ၂ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန မှ ပြည်သူလူထုသို့ မေတ္တာရပ်ခံချက် ထုတ်ပြန်

လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု လျော့နည်းခြင်းကြောင့် အလုံ အလောက် ပေးဝေနိုင်ခြင်း မရှိခြင်းကို နားလည်ပေးပါရန် အရပ်သား အစိုးရအဖွဲ့ လက်ထက်တွင် ပထမဆုံးအကြိမ်အဖြစ် ပြည်ထောင်စု အဆင့် ၀န်ကြီးဌာန တစ်ခုမှ ပြည်သူလူထုသို့ မေတ္တာရပ်ခံခဲ့သည့် ကြေငြာချက် တစ်စောင်ကို မေလ ၂၂ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းမီဒီယာ များတွင် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပေးနေသော ရေအား လျှပ်စစ်ဓါတ်အားပေး စက်ရုံ ၁၈ ရုံ သဘာဝ ဓါတ်ငွေ့ ဓါတ်အားပေးစက်ရုံ ၁၀ နှင့် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ ၁ ရုံ စုစုပေါင်း ၂၉ ရုံမှ လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်မှုမှာ မိုးရာသီ ၁၆၁၀ မဂ္ဂါဝတ် ရှိပြီး နွေရာသီ ၁၃၄၀ မဂ္ဂါဝတ်ခန့်သာ ထုတ်လုပ်နိုင်ကြောင်း၊ လျှပ်စစ်ဓါတ်အား သုံးစွဲမှု ပမာဏ မှာ မိုးရာသီ တွင် ၁၅၆၀ မဂ္ဂါဝတ်သာ ရှိသော်လည်း နွေရာသီ ကာလတွင် ၁၈၅၀ မဂ္ဂါဝတ်အထိ သုံးစွဲမှုကြောင့် အများဆုံး ထုတ်လုပ်နိုင်သည့် ၁၃၄၀ မဂ္ဂါဝတ် ထက် ကျော်လွန်နေသဖြင့် အလှည့်ကျစနစ်ဖြင့် ဓါတ်အားဖြန့်ဖြူးနေရပါကြောင်း ထိုကဲ့သို့ အလှည့်ကျစနစ်ဖြင့် ဆောင်ရွက်နေစဉ် အတောအတွင်းမှာပင် ရွှေလီ-မန်းစံ ၂၃၀ ကေဗွီ ဓါတ်အားလိုင်း တိုင်အချို့မိုင်းခွဲ ဖျက်ဆီးခံရမှုကြောင့် ၂၀၀ မဂ္ဂါဝတ် လျော့နည်းသွားသဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်မှုမှာ ၁၁၀၀ မဂ္ဂါဝတ်သာ ရှိပါကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဓါတ်အားထုတ်လုပ်နိုင်မှု မလုံလောက်မှုကြောင့် နိုင်ငံပိုင် စက်ရုံများနှင့် မြစ်ရေပြင် စီမံကိန်းများ ၊စက်မှုဇုန်များကို လျှပ်စစ်ဓါတ်အား ဖြတ်တောက် ထားရပြီး အများပြည်သူများကို ဦးစားပေး၍ ဓါတ်အားဖြန့်ဝေ ပေးလျှက်ရှိပြီး ရေရှည်စီမံချက်အနေဖြင့် ရန်ကုန်မြို့တော်တွင် ၆၀၀ မဂ္ဂါဝတ် ထုတ်လုပ်နိုင်မည့် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံကို ဂျပန်နိုင်ငံ (Jpower) ကုမ္ပဏီ နှင့်လည်းကောင်း ၅၀၀ မဂ္ဂါဝတ် ထုတ်လုပ်နိုင်မည့် ဓါတ်အားပေးစက်ရုံကို တောင်ကိုရီးယား သမ္မတနိုင်ငံ BKB နှင့်လည်းကောင်း ပူးပေါင်း တည်ဆောက်သွားရန် ရှိပါသဖြင့် အလှည့်ကျ ဓါတ်အားပေးနေရသော အခြေအနေကို နားလည်ပေးပါရန် အထူး မေတ္တာရပ်ခံပါကြောင်း အမှတ် (၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

ကိုအေးလွင်ထောင်၂လ

The Voice Weekly
ပါတီ ဥက္ကဌ ထောင်ဒဏ် နှစ်လ ချမှတ်ခံရ

ရန်ကုန် ၊ မေ ၂၂

၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့် ပထမဆုံး လျှောက်ထားခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် ပါတီ ဥက္ကဌ ဦးအေးလွင်ကို
လှည်းကူးတရားရုံးမှ ထောင်ဒဏ် နှစ် လ ချမှတ်လိုက်ကြောင်း ယင်းပါတီ၏
ညီနောင်ပါတီဖြစ်သည့် ၈၈မျိုးဆက်ကျောင်းသားလူငယ်များပါတီ(ပြည်ထောင်စု
မြန်မာနိုင်ငံ)မှ အထွေထွေ အတွင်းရေးမှူး ဦးလေးလွင်က The Voice Weekly
သို့ အတည်ပြုပြောကြားသည်။

“ တာဝန် ၀တ္တရား နှောက်ယှက်မှု ပုဒ်မ ၄၁၆ နဲ့ ဒီနေ့ အမိန့်ချလိုက်တာပါ” ဟု
ယနေ့ ညနေပိုင်း ၄ နာရီ ခန့်တွင် ပြောကြားသည်။

၂၀၁၁ ခုနှစ် ဇူလှိုင်လ ၂၆ ရက်နေ့တွင် နေပြည်တော် -ရန်ကုန်
အမြန်လမ်းမကြီးပေါ်ရှိ လှည်းကူးတန်ပိုဂိတ်မှ တာဝန်ရှိ ၀န်ထမ်းများနှင့်
အချေတင်စကားများရာမှ ဦးအေးလွင်က အော်ဟစ်ဆဲခဲ့သည်ကို
တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယနေ့အမိန့်ချလိုက်ခြင်းဖြစ်သည်။

ကားမောင်းရင်းကုသိုလ်ရှာသူ

Lu Mg
9 hours ago
ကျုပ်တို့တွေ စားဝတ်နေရေးအတွက် နေ့စဉ်ရှာဖွေနေကြပေမယ့်..ဒီကားဆရာကြီးလို စီးပွားရှာရင်း ကုသိုလ်မရှာမိခဲ့ကြဘူးလေ (လေးစားပါတယ် ကားဆရာကြီး)
ex="0">  

လိုင်မြို့နယ်NLD ရုံးခန်းဖွင့်ပွဲ

ဒီနေ့ ညနေ လိုင်မြို့နယ် သုခ nld ရုံးခန်ဖွင့်ပွဲမှာ လူထုပရိတ်သတ်များပြားလွန်းတာကြောင့် ကားလမ်းပိတ်သွားခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်မှ ကားသမားများနှင့်ခရီးသည်များကို တောင်းပန်ပြောကြားခဲ့ပါသည်။ တဆက်တည်းမှာပဲ ကားဆိုတာစက်ကောင်းမှ မောင်းလို့ရတာဖြစ်ပြီး ဘယ်လောက်စက်ကောင်းကောင်း လမ်းပိတ်ရင် မောင်းလို့မရပါဘူး ထို့အတူပြည်သူလူထုအတွက်လဲ ပိတ်ဆို့ထားမယ်ဆိုရင်လဲ မကောင်းပါဘူးလို့ပြောကြားခဲ့ပါသည်။

မှန်လိုက်တာ အမေရယ်(ပုံက လူထုရဲ့ အလယ်က ရိုက်လာတာနော် နောက်မှာ လဲ အားကြီးပဲ)

ဘေးသင်.နေသော မြန်မာနိုင်ငံ နှင်. ထိပ်တန်း ခြစား မှုတွေ

Burma at Risk and High-Profile Corruption Cases

by Aye Aye Soe Win
on Tuesday, May 22, 2012 at 2:30pm ·
ဦးသူရရွှေမန်း ရဲ. မကြာသေးခင်က ဖေဖေါ်ဝါရီ ၇ ရက် ၂၀၁၂ လွှတ်တော် မိန်.ခွန်းမှာ အကျင်.ပျက်ချစားမှုတွေနေရာတိုင်းမှာ ရှိနေတယ်လို. သွယ်ဝိုက် ပြောဆိုဝန်ခံခဲ.တယ်။ ဒါကို သူ.မိန်.ခွန်း ခေါင်းစဉ်က "သန်.ရှင်းသော၊ ကောင်းမွန်သော အစိုး ရ ဖြစ်ရေး" ဆိုတဲ. အထူးပြုပြောဆိုမှု က သက်သေပြခဲ.ပါတယ်။ သန်.ရှင်း ကောင်း မွန် တဲ.အစိုးရတရပ်ရှိပြီးသားဆို ဒီလိုမိန်.ခွန်းမျိုးက လုံးဝကိုမလိုအပ်တာ အမှန်ပါ။ ဘာ ပဲဖြစ်ဖြစ် နိုင်ငံရဲ. နာတာရှည် ပြဿနာဖြစ်နေတဲ.အစိတ်အပိုင်းတွေကို သွယ်ဝိုက် ပြီး ဝန်ခံ လိုက်တာဟာ နားထောင်လို.ကောင်းတဲ.မိန်. ခွန်းတခုပါ။ ဒီ.အပြင်နေရာတိုင်းမှာ ဆင်းရဲမွဲတေမှု၊ ချစားမှုတွေဖြစ်နေတာ ကို ဦးရွှေမန်းက တိုက်ရိုက်မပြောသော်လည်း ဝန်ကြီးဌာနတွေ အသီးသီးမှာ စွမ်းဆောင်ရည်နည်းပါး ညံ.ဖျင်း နေတာတွေကိုပြောခြင်း ဖြင်.၊ ဝန်ထမ်းတွေကို လစာတိုးပေးပေးမယ်လို.ပြောခြင်းဖြင်.၊ လူ.စွမ်းဆောင်ရည် မြင်. လုပ်ငန်း တွေ ဖွင်.ပေးတော.မယ်လို.ပြော ခြင်းဖြင်.စေတနာကောင်းလေးတွေ တစိုးတစ စီပေါ်လာပြီ ဆိုပြီး အကောင်းမြင်တဲ.သူတွေအများကြီး ရှိ ခဲ.ပါတယ်။ စိတ်လှုပ်ရှားလွယ်သူ အချို. က အဲဒီ. Speech ကို ဂန္ဓဝင်တွင်မဲ. မိန်.ခွန်းလို.တောင် ရေး ကြပြောကြ၊ ကုန်ဈေးနှုံးတွေ တက်သွားမှာ စိုးရိမ်လို. ထင်ပါ ရဲ.။

ဘာပဲဖြစ်ဖြစ် သန်.ရှင်း ကောင်းမွန် တဲ.အစိုးရတရပ် ဖြစ်ပေါ် ရေး နဲ. နိုင် ငံ ပုံ မှန် ပြန် တည်ဆောက်ရေး တွေကို ဦးရွှေမန်း ဒီလိုစိတ်ပါလက်ပါ ပြောကြား လိုက်တာဟာ တကယ်စေတနာမှန် တယ်ဆိုရင် အရေးပါတဲ. သမိုင်းအချက် တခု ဖြစ်လာပါ လိမ်.မယ်။ ။ ဒါပေမဲ. ဒီအကျင်.ပျက် ခြ စားမှုတွေကို ထိန်းသိမ်းဖို. လက်တွေ.အရ ဆောင် ရွက် ရ မယ် ဆို ရင် လွှတ်တော်မှာ ဒီမိန်.ခွန်းကို တရားဝင်ပြော ခဲ.တဲ. ဦး ရွှေမန်း အတွက် conflict of interest ကိုယ်.အကျိုး နဲ.သူ.အကျိုး ဘယ်ဟာ ရွေး ရမလဲ ဆိုတဲ. ပဋိပက္ခ ဖြစ်လာ နိုင် လိမ်.မယ်။

သန်.ရှင်း ကောင်းမွန် တဲ.အစိုးရတရပ် ဖြစ်ပေါ် ရေး နဲ. ထူးထူး ကဲကဲ Htoo Group ကိုဆက်စပ်ကြည်. ကြရအောင်...
အဲဒီ.ထူးထူး ကဲကဲ ထူး ထရိတ်ဒင်း ရဲ. လက်တံခြေတံတွေ ဘယ်ကထွက်လာ တယ်ဆိုတာ နဲနဲပါးပါး ပဲသိထား ရင် ဒီလက်ဝါးကြီးအုပ် ဂုတ်သွေးစုပ် သူ လူ တစု ရဲ. စီးပွား ရှာနည်းတွေ ကမ္ဘာ ပျက်မှ ပျောက်ပြယ်မှာ လား လို. တွေးမိပြီး နင်းပြားပြည်သူ တွေသာမက တိုးတက်သောအတွေးအခေါ် ရှိသူ များပါ မျှော်လင့် ချက် မဲ.၊စိတ်ငယ် တတ် ကြတာ သဘာဝကျပါတယ်။  Htoo Group ကသူတို.အကြောင်း ကိုတော. နိုင်ငံက တိုးတက်သော လူငယ်တွေ ရော၊ မတိုးတက်သောသူတွေ ရော အားလုံးသိကြမှာပါ...  ဒါပေမဲ. ကြီးပွားတိုးတက်လိုသော သူအပေါင်း နဲနဲ ပါးပါး အတုခိုးလို. ရ လိုရငြား ဆိုပြီး ဒီ postingလေး မှာ Htoo Tradingရဲ. တနင်္သာံရီက မြေပိုင်ဆိုင် မှုတွေ ကို တချက်အတူတူကြည်. ကြ ရအောင်။

တေဇ နဲ. ဦးရွှေမန်း မိသားစု ပိုင် ထူး ထရိတ်ဒင်း ရဲ. တနင်္သာ ရီ လုပ် ကွက်

(တည် နေ ရာ သိန်းခွန်း၊ စုစုပေါင်း ၃၉၃၁၀၀ ဧက၊ စုစုပေါင်း ၆၁၄ စကွဲယားမိုင်) Htoo Trading ( 393,100 acres  Thein Khon 614 square miles)

တိုင်ပြည် ရဲ. စိမ်းစိမ်းစိုစို တောရိုင်းတောအုပ် မှန်သမျှ သူတို.ပိုင် တယ် ။ ဒါ ပကတိ အရှိတရား။ လိုသောသူတွေ က သူတို. စီး ပွားရေးသူတို. လုပ်နေတာလို. ဆို ကြတယ်။ အမြတ်ထုတ်ပြီးရင်းထုတ်နေ တဲ. လူဆိုး ကြီး တွေကို တိုင်းပြည် မှာ မရှိမဖြစ် ဒေါက်တိုင် တွေအလားမရှက်မကြောက်ပြောနေ ကြတယ်။ ရုပ် ဝတ္ထုအမြင်တခု ထဲသက်သက် နဲ. ကြည်. ရင် ဟုတ်မှာပေါ.။ ကမ္ဘာ ပေါ်မှာ စီးပွားရေးသမား အကြီး စားတွေက ပဲ ချယ်လှယ်နေတာမို.လား..

’ဒါပေမဲ.အနောက်နိုင်ငံ တွေမှာ အဆင်းရဲဆုံး လူတန်းစား ကို သူဌေး တွေက သူတို.လို ချမ်းသာလာခွင်.မပေးပေမဲ. Welfareလို.ခေါ်တဲ. အခြေခံ လူမှုလိုအပ်ချက် နေစရာစားစရာ အိပ်စရာ တွေ ဆောင်ရွက်ပေးတဲ. ထုံးစံရှိနေတော. တော်လှန်ရေး တို.၊ အုံကြွ လှုပ်ရှား မှုတို. မအောင်မြင် လဲ ကိစ္စမရှိဘူး။ မခံချင် ကြတဲ.သူအများစု က intellectuals ဆိုတဲ. ခေါင်းသမား၊ အသိဥာဏ်နဲ. စဉ်းစား နိုင်သူ တွေပဲ။ သူတို.မှာလည်း စားစရာနေစရာ ပျော်ပါးဖျော်ဖြေစရာ ၊ စိတ်အရသာခံနိုင်စရာ ဝါသနာတွေ လိုက်စားဖို.အတွက် ငွေပို ၊ အချိန်ပို၊ အရင်းအမြစ် အပိုတွေရှိတယ်။ ဒီတော. ပြည်သူတွေကို တိုက်ရိုက် ထိပါးနေတဲ.အရေး တခုခု မြုပ် ချီ ပေါ်ချီ ဖြစ်တာ အရးမကြီးဘူး။ လူတွေမှာထောက်တည်စရာရှိတယ် ။ မြန်မာပြည်လို နေ ရာမျိုးမှာတော. အားလုံး ရှားပါးဆင်းရဲတယ်။အားလုံး ဒုက္ခရောက်နေ ကြတယ်။ သနားစရာအကောင်းဆုံးက ကျေးလက်တောရွာ တောပိုင်း နယ်ပိုင်း က ဘာမှမသိရှာတဲ. အောက်ခြေ လူတန်းစားတွေ ပါပဲ။ မြို. ပေါ်ကလူတွေလည်း ဒုက္ခ ပေါင်း စုံကမလွတ်ပါဘုး။ လူလက်တဆုပ်စာလူနည်းစု ရဲ. ဖန်တီးချယ်လှယ် မှု၊ တကိုယ်ကောင်းဆန်မှု၊ တရားလက်လွတ် နဲ.ဝိသမလောဘသမား အာဏာရှင်တွေအချင်းချင်းပူး ပေါင်းကာကွယ်ထောက်ခံမှု၊ဒါတွေကြောင်. သာ ပြည်သူတွေဒီလို ခံစားနေ ရတာဖြစ်တယ်။

အောက်ကစာရင်းလေး က သူတို. ကို အထူး status ပေးနေပါတယ်။ ၂ဒါဇင် မျှ ခရိုနီတွေကြားမှာ ထူး အုပ်စုကိုမြင် ရင် ကျန်တဲ.သူတွေကိုပါ မြင် ပါလိမ်.မယ်။ ဥပမာဆို တာ ပြောတဲ.အကြောင်းအရာတိုင်းမှာ အကောင်းဆုံး အထင်ရှားဆုံးဥပမာကို ပြ နိုင် ပါမှမဟုတ်လား။

ထူး ထရိတ် ဒင်း ဆိုတဲ.အတိုင်း ထူးခြားမှုတွေ အများ ကြီးရှိပါတယ်။

ထူး အုပ်စုရဲ.ပိုင်ဆိုင်မှုတွေ             
၁.....အာရိယန်နန်းတော် ဟိုတယ် များ
၂.....ပုဂံလေကြောင်း
၃.....ဧရာရွှေဝါ ကုမ္ပဏီ
၎.....ထူး ထရိတ်ဒင်း
၅.....ထူးသစ်တော သစ်ထွက်ပစ္စည်း ကုမ္ပဏီ
၆.....မြန်မာလေကြောင်း export ကုမ္ပဏီ (ရုရှား စစ်သုံးပစ္စည်း အရောင်း ကိုယ်စားလှယ်)
၇.....မြန်မာ ရတနာ အပန်းဖြေ ဟိုတယ်များ
၈.....ပါဗိုလေကြောင်း လေယဉ်ငှား ၇မ်း ကုမ္ပဏီ
၉....ပါဗို ထရိတ်ဒင်း

Htoo Group Subsidiaries
Aureum Palace Hotels & Resorts
Air Bagan Holdings Company Ltd.
Ayer Shwe Wah Company Ltd.: involved in construction, palm oil production,
import and export of chemical fertilizers and agricultural products.[6]
Htoo Trading Company
Htoo Wood Products Company Ltd. Myanmar
Avia Export Company Ltd.: exclusive representative in Burma for Russia’s Export Military Industrial Group (MAPO), and the Russian helicopter company Rostvertol; supplies the Burmese military with spare parts for its aircraft.[6]
Myanmar Treasure Resorts
Pavo Aircraft Leasing Company Ltd.
Pavo Trading Company Ltd.


Conflict of interest တွေ အကြီးအကျယ် ကို ထိပ်တိုက်ဖြစ်နေပြီ။

ဦးရွှေမန်းရဲ. သမိုင်း ဝင် ဖေဖေါ်ဝါရီ. ၇ ရက် ၂၀၁၂ မိန်.ခွန်း က ဤ အချက်တွေကို တချက် ပြန် ကြည်.ပါ။

၁...လူတွေမိမိတို.ဂုဏ်သိက္ခာ နှင်. အညီ နေထိုင်စားသောက်နိုင်ရန် ၊ သန်.ရှင်းသောအစိုးရ၊ ကောင်းမွန်သော အစိုးရဖြစ် လာရန် ၊ ဝန်ထမ်းတွေ လခ တိုးပေးရန် ၊ ပြည်သူ.အကျိုးဖြစ်ထွန်းမည်. စီမံကိန်းများ ကိုသာဥပဒေပြုပေးရန်၊ ထိုသို.မဖြစ်သည်.စီမံ့ ကိန်းများကိုငြင်းပယ်ရန်၊ လူသား အရင်းအမြစ် များဖွံ.ဖြိုးရေး အတွက် စီမံကိန်းတွေ နှင့် ရင်းနှီးမြှပ်နှံမှု ကို တင်ပြဆောင်ရွက်ရန် ၊ နိုင် ငံ နှင်.နိုင်ငံသားများ၏ အကျိုးစီးပွား ယုတ်လျော.စေသော ပြည်တွင်းပြည်ပ မှ မည်သည်. အဖွဲ.အစည်း ကို မဆို ဆန်. ကျင် သွားရန်

၂....တည်ဆဲဥပဒေများကို တတိုင်းပြည် လုံးက ရိုသေလေးစား လိုက်နာ ကြရန်.......

ရှေ.နောက်တွေတော. လွဲနေ သလားပဲ။ ကောင်းတာတွေ အများ ကြီး အကုန် လုပ်ပေးဖို. နိုင်ငံတော် အရှုံးပေါ် နေတယ် ဆိုတဲ.အချက် တွေကို ဝန်ခံသွားတဲ. မိန်. ခွန်းပြောကြားသူ ဦးရွှေမန်းက တဖက်ကလည်း တည် ဆဲ ဥပဒေတွေကို လေးစား ရမယ် ဆို ပဲ။ ထားပါတော… ရှေ.က အမှားတွေ ပြင်ဆင်ဖို. လွဲနေတာတွေအားလုံးကို ဒီ မိုကရေစီနည်းကျကျ လုပ်တော.မယ်၊ လုပ်ချင်ပြီဆိုရင်၊ ဦးရွှေမန်းက ဘယ်သူတွေရဲ. အကျိုးစီးပွားကို ကာကွယ်စောင်.ရှောက် မှာလဲ။

သူများတွေနိုင်ငံအသီးသီးမှာ cell phone ၊ land phone နှစ်မျိုး စလုံး (သို.) cellဖုန်းလေး တွေ ဘယ်မှာဝယ်ဝယ် ပေါပေါ လောလော ၊ အလွယ်တကူ ရ တဲ. ကာလကြီးမှာ Red Link Communication ကို ပိုင် ရုံ သာမက၊ တေဇ ပိုင်ထူးဂရု Htoo Group ရဲ. ထိပ်သီး ဘုတ်အဖွဲ.ဝင် ပိုင်ရှင် များ စာရင်းဝင်တွေ က အစိုးရ ထိပ်ဆုံးပိုင်းက သူတဦးရဲ.သားတွေ၊ ဆွေမျိုးတွေပဲ မဟုတ်လား။

အာဖရိကလို corruption တွေနဲ. အတော် နံမည် ကြီးတဲ. တိုက်ကြီး တခု လုံး မှာတောင် အကျင်.ပျက်မှုတိုက်ဖျက်ရေး တွေကို လွတ်လပ်သော ကျွမ်းကျင် ပညာရှင်အဖွဲ.အစည်းတွေနဲ. အစိုး ရ အချို. ပူးပေါင်း ပါဝင် ဆောင်ရွက်နေကြတယ်။ နေ.ခြင်းညခြင်းတော. ဒီပြဿနာတွေ လွင်.ပြယ်သွားမှာ မဖြစ်နိုင်သော် လည်း အရေး အကြီးဆုံး က စပထမဦးဆုံးအကျင်.ပျက်အဂတိမှုဆန်.ကျင် မှုကို သမိုင်းတွင်စေရ မဲ. ဗွေဆော် ဦး case တခုတော. မြန်မာပြည်မှာ ဖြစ်ဖို.ကောင်းနေပြီ။ ဖြစ်လည်းဖြစ်သင်.ပြီ။ နိုင်ငံတခုလုံးအတွက် ရေတို ရေရှည် မှာ တော်တော်. ကို အကျိုးများ မဲ. ၊စာရိတ္တ ဆိုင်ရာ၊ လူမှုစီးပွား ဆိုင်ရာ ၊ နိုင်ငံရေး လိုအပ်ချက်ကြီး ပဲဖြစ်တယ်။


ကမ္ဘာ ပေါ်က အတုယူရမဲ. စံနမူနာကောင်းများ နှင်. အကျင်.ပျက်ခြစားမှု တိုက် ဖျက်ရေးသမိုင်းကြောင်း

အရှင် မင်းမြတ် အမှု ကျွန်တော်မျိုးရဲ. အမှု ပေပဲပေါ.။
"He who sues in this matter for the king sues for himself as well"

Qui Tam ဆို အမည် ရ တဲ. လူကစ၊ လူကပြု ၊လူ က ဦးဆောင် ခွင်.ရတဲ. အကျင်.ပျက် ဝါဒတိုက်ဖျက် ဆန်.ကျင်ရေး ဆိုင်ရာ ဥပဒေတရပ် အေဒီ ၁၃ ရာစု ကအင်္ဂလန် မှာပေါ်ခဲ.တယ်။ "He who sues in this matter for the king sues for himself as well" ဆို တဲ. တရားမဥပဒေဆိုင်ရာ ပုဒ် တခု ကို အဆင်ပြေအောင် ပြန်ဆိုရမယ်ဆို ရင် လူတယောက်သည် သူ.နိုင်ငံတော် ၏အကျိုးဆောင်ခြင်းဖြင်. မိမိအကျိုးကိုပါ ဆောင်ပြီးသားဖြစ်သည် လို. ပဲပြောရမယ်။

အမေရိကမှာပြည်တွင်းစစ်ဖြစ်တော. (၁၈၆၁--၁၈၆၅ ) အဲဒီ.ကာလမှာ စစ်သုံးပစ္စည်းတွေသွင်းတဲ. အမြတ် ကြီးစား ၊ လူလိမ် ကန်ထရိုက် တာတွေ ကို တန်ပြန်အရေး ယူနိုင်ဖို. သမ္မတ လင် ကွန်း က ဒီ Qui Tamဆိုတဲ.အင်္ဂလန်က ရှေးဟောင်း ဥပဒေ ကို မှီးပြီးယနေ.ခေတ် အချိန် ထိ အလွန် အကျိုးများတဲ. False Claim Act ကို ၁၈၆၃ ခုနှစ်မှာ ပြဌန်း ခဲ.ပါတယ်။ အဲဒီ.အချိန်က စစ်သုံးပစ္စည်း ကန်ထရိုက်တာတွေကလဲ တော်တော် ဆိုး သား။ ပိုက်ဆံ တော.ယူထားပြီး စစ်တပ် ကို ပစ္စည်းသွင်းတဲ.အခါ တခါဝတ်လိုက် တာနဲ. လက် မောင်း ရင်း က ပြဲသွား တဲ. စစ်ယူနီဖေါင်းတွေ၊ ကျီမထွက်တဲ. သေနတ်တွေ အမြှောက်တွေ၊ပေးရတဲ.bill ထက်အများကြီး လျော.နည်းတဲ.နည်းနဲ.ပစ္စည်း သွင်း၊ အရေအတွက်အရ လိမ်ညာပြီး ခိုး၊အရည်အသွေးအရ လဲညံ.တာတွေပဲပေး။ ထိုကာလက စစ် အတွင်းမှာဆို တော. မှားယွင်းခဲ.သမျှ ပေါ်လာသမျှ စီးပွားရေးအရဖြစ်တဲ. Economic crimeတွေကို တခုစီ စေ.စေ. ငုံငုံ အရေး မယူနိုင်ခဲ.ပေမဲ.၊ ဘယ်ဒေါင်. က ကြည်.ကြည်. (နောင် တချိန် ရာစုနှစ်တွေအထိ) တကယ် ခြေလှမ်းကြဲ ခဲ.၊ တကယ် နှစ် ခြိုက် စရာကောင်း တဲ. ဥပဒေပြု မှု ၁၈၆၃ မှာ ဖြစ် ခဲ.တယ်.. ခေတ်မီ အမေရိကန်နိုင်ငံတော်မှာ လပ်စား၊ခြစား၊ အကျင်.ပျက် ဝန်ထမ်းတွေ ကို ခိုင်လုံတဲ.အချက် အလက် နဲ.တကွ အမှုဖေါ်နိုင်ဖို.၊ နိုင်ငံတော်က ဆုံးရှုံးသွားတဲ. ဘဏ္ဏာတွေ ပြန်သိမ်းနိုင် ဖို. အခြေခံ ကောင်းတွေကို ချပေးခဲ.တဲ. ၊ အလွန်ထူးခြားတဲ. ဥပဒေ ပါ။

ဒီနိုင် ငံမှာ ခု အလိမ်ဆုံး သူခိုးအကြီးစားကြီးများဟာ များသောအားဖြင်. စစ်သုံးပစ္စည်း သွင်းတဲ. ကန်ထရိုက်တာတွေ၊ ကျနးမာရေးဝန်ထမ်း ဆရာဝန်ဆေးခန်းနဲ.ဆေးရုံတွေ၊ လယ်မြေ ခြံမြေ နဲ. အဆောက်အဦ ငှားရောင်း property စီမံခန်.ခွဲအုပချုပ်သူ၊ပိုင်ဆိုင်သူတွေ နဲ.၊ Bond တွေ ချေးငွေ နဲ. Funds တွေ ကို ကိုင်တွယ် စီမံနေတဲ.financial groups တွေမှာ ချည်း တွေ.နေရပါတယ်။ ဒါပေမဲ. Corruption နဲ. စာ၇င်း လိမ် တောင်း မှု တွေ လိမ်ညာမှုတွေ ကို ပြန် ထိန်းသိမ်း တဲ. False Claim Act ကြောင်. မြန်မာပြည် လို ချိန်ခွင် ညှာ တဖက်စောင်း နင်း တွေ လုံးဝမရိုပါဘူး။ ဒီ.အပြင် သဘာဝရမြေတောတောင် များကို အမြတ်အစွန်းရဖို.ဖျက်ဆီးနေ တဲ.အချက်သက်သက်နဲ. .တင် တေ ဇ နဲ. ဦးရွှေမန်း၊ ဦးသန်းရွှေတို. တဖွဲ.ကြီး environmental law တွေနဲ. ညိ ပြီး ထောင်ထဲကကို ထွက်ရမှာမဟုတ်ပါဘူး။ ဒီက False Claim Act မှာ အတွင်းစည်း ထဲက နေ ပြီး စွန်.ပြီး ဖေါ်ကောင် လုပ်ပေးတဲ.သူတွေကို ဆုငွေပေးတယ်၊အကာအကွယ်ပေးတယ်။ အကျိုးအား ဖြင်. Corruption case များစွာ ကို Qui Tam lawနဲ. စနစ်တကျ ရှင်းတော. ဒီနိုင် ငံမှာ ၁၉၈၆ က စပြီး ပြန် သိမ်း လို. ရ တဲ. ငွေသား ပမာဏ က ၂၅ ဘီလီယံ ဖြစ်ပါတယ်။

Road to Perdition တွင်းမဲကြီးထဲ သို. သွား ရာ လမ်း

 အကျင်.ပျက်ခြစားမှုတွေကို ကမ္ဘာ. နိုင် ငံတိုင်းမှာ အတိုင်းအတာတခုအထိ တိုက်ဖျက် ကြတယ်။  ကမ္ဘာ မှာ အဆိုးဝါးဆုံး အယုတ်မာ ဆုံး အကျင်.ပျက် မှုတွေ၊ နိုင်ငံ ပစ္စည်း တွေ ကို လုပ်ချင်ရာလုပ် ၊သဘာဝရေမြေတောတောင်က အစ အကုန် ဖျ က်စီးနေတဲ. သူတွေ က ကျမတို. မြန်မာနိုင် ငံမှာ ကမ္ဘာ. စံချိန် ကျိုး အောင် ခပ်မိန်.မိန်.ကြီး တွေ ရှိနေဆဲ။။ သူတို.သာလျင် မယုတ်မလျော. ခိုင်မာနေ ဆဲ ၊ အာဏာလက်ကိုင်ထားဆဲပါ။ ဒါဘာကြောင်.လဲဆိုတော. သူတို.ကို အကာအကွယ်ပြုထားတဲ. ဥပဒေတွေနဲ.၊သူတို.အတွက်ပြည်သူတွေကို ဗိုလ်ကျကျ အမြဲထိန်းချုပ် နေ တဲ. ယန္တရား တွေပဲ မြန်မာပြည်မှာ အားကောင်းနေ ဆဲ မို.မဟုတ်ပါလား။ ဒါလူတိုင်း သိပြီးသားပါ။

 သို.သော် ဒီလို ဆိုးဆိုးဝါးဝါး အကျင်.ပျက်မှုတွေကို ကျန်တဲ.တိုင်းပြည်တွေမှာ ဆိုကောင်းကောင်း အရေးယူလို. ရပါတယ်။ နိုင်ငံတိုင်း မှာ အကျင်.ပျက် ခြစားမှုတွေကို တားမြစ် နိုင်တဲ. ပြဌန်းချက်တွေ ၊ high profile corruption တွေ ဖြစ်လာရင်လည်း ပြင်းထန်စွာ အေ၇းယူနိုင်တဲ.ဥပဒေတွေ နဲ. အတူ အကျင်.ပျက်မှု ကိစ္စ တွေ မှန်သမျှကို တိုက်ဖျက် ဖို. ထိရောက် ခိုင်မာ တဲ. Corruption enforcement agencies တွေ ရှိနေကြပါတယ်။ ဥပမာတခုပေးရ မယ် ဆို ရင် မြန်မာပြည် က ပြည်သူပိုင်ေ၇မြေတောတောင် မြေပေါ်မြေအောက် ၇တနာ အ၇င်းအမြစ်တွေ ကို အဓမ္မ ပြု သိမ်းပိုက်ပြီး ချမ်းသာနေတဲ. ဗိုလ်ချုပ်ကြီးတွေနဲ. သူတို. ရဲ. ခရိုနီတွေပိုက်ဆံ အပ်နှံထားတဲ. စင်ကာပူမှာ high profile corruption တွေကို ဘယ်လိုဖြေရှင်းသလဲ။ စင်ကာပူ မိုဒယ်လ် နဲ. ဟောင် ကောင် မိုဒယ်လ် ကို နိုင် ငံတော်တော် များများ က သူတို. နိုင်ငံအသီးသီး ရဲ. ထူးခြားတဲ.လိုအပ်ချက်တွေနဲ. အညီ အတုခိုးကြတယ်။ လေ.လာကြတယ်။

အစိုးရက ကမကထ ပြု ပြီး သူ. ရင်ခွင်ပိုက် သားကလေးကို ချစ်ခင် သကဲ.သို.ကာကွယ် စောင်.ရှောက် ထားသော ဖေါက်ပြန်မှု၊ အကျင်.ပျက် ခြစားမှု ကို ပြည်သူလူထု အနေ ဖြင်. ဆက်လက် သည်းခံ နေ ဖို. အကြောင်း လုံးလုံး မရှိ တော.ပြီ။

အကျင်ပျက်မှုတွေ ပြတ်ပြတ်သားသားရင်ဆိုင် ဖို.၊လူထုကြီးနိုး ကြားနေဖို.၊ အစိုးရမဟုတ် သည်. ပုဂ္ဂလိက မျိုးချစ်ကျွမ်းကျင် ပညာရှင် အဖွဲ. တခုခု ဦးဆောင် ပြီးက ပထမခြေလှမ်း စ ရ မည်. အချိန်ရောက် နေ ပြီ.. မဆန်.ကျင် လျှင် နိုင်ငံတခုလုံးကို ပျက်ဆီး နေစေသော အကျင်.များ အစဉ်အလာများ က လူတန်းစား အသီးသီး ကြား မှာ လက်ခံလို. ရ သည်. ယဉ်ကျေးမှု တရပ် လိုဖြစ် သွားလိမ်.မည်။ ဤသို. ဖြစ်သွားလျှင် ကမ္ဘာပျက် ၍မြန်မာ လူမျိုး တခုလုံး အစပျောက် သွား မဲ.အဖြစ် က ပို နှစ်သက်စရာ ကောင်း လိမ်.မည်။ ပွဲကြီး၊ အချီကြီး ၊ ထိပ်သီး အကျင်.ပျက်မှု တို.ကမြန်မာ လူ.ဘောင် ၏အလယ်အလတ် နှင်. အောက်ခြေ တန်းတို. က ပါမကောင်းတာမှန်သမျှကို ပျော်ပျော် ရွှင်ရွှင်ကြီး လိုက်လုပ်နေ ကြခြင်းဖြင်. ငါတို.ဗမာ ဘာကို လူမျိုး တခုအနေ နဲ. ဂုဏ်ယူစရာ ကြွားစရာ ရှိသနည်း။

လူမျိုးတခုလုံး စီးပွားရေး ဖွံ. ဖြိုး တိုးတက်မှု၊ စာရိတ္တ ဖွံ.ဖြိုးတိုးတက်မှု ကို သေသေချာချာ စောင်.ရှောက်နိုင်သော စနစ်တခုမရှိသရွေ. ထိပ်သီး တို.၏ high-profile corruptionသည်  မဟာအန္တရယ် ဖြစ် သည်..

အစိုးရက ကမကထ ပြု ပြီး သူ. ရင်ခွင်ပိုက် သားကလေးကို ချစ်ခင် သကဲ.သို.ကာကွယ် စောင်.ရှောက် ထားသော ဖေါက်ပြန်မှု၊ အကျင်.ပျက် ခြစားမှု ကို  အတိုင်းအတာတခုအထိ ဖြေရှင်းရန် Independent Commission Against Corruption တခု အမြန် ဆုံးပေါ်ပေါက် စေပြီး လောကပါလတရား  ရေးအတွက် အားလုံး ထကြွတောင်းဆို၇မည်ဖြစ်သည်။ အစိုးရ နှင်. ထိပ်တန်းအတိုက်အခံခေါင်းဆောင်များ ၊ လွတ်လပ်သော ပညာရှင်များ နှင်. ဥပဒေပညာရှင်များပါ ပူးပေါင်းပါဝင်သည်. Independent Commission Against Corruption တခု ကို ဘေးသင်.နေသော နိုင်ငံ ၏လိုအပ်ချက် အရ အမြန်ဆုံး အကောင်အထည် ဖေါ်ဖို. အချိန်သာဖြစ် သည်။ သို.မဟုတ်ပါက သူတို. ရွေးထားသော လမ်း သည် ဒီမိုကရေစီ မဟုတ်။ It is just an open road to perdition. ခေတ်သစ် ဂုတ်သွေးစုပ် ဝါဒ ဖြင်. corruption ကို စနစ်တကျ မဖြေရှင်းချင် ပဲ၊ ဖြေရှင်းဖို.မကြိုးစားပဲ ၊ စနစ်တကျ ကာကွယ်တယ်ဆို တာ လူမျိုး ဘာသာ သာသနာေ၇မြေတောတောင် ပြုတ်ပြုတ် ပြုန်းစေတဲ. လူမှု ငရဲ သို. သွားရာလမ်း သာဖြစ် သည် ။ ဒီလမ်းက မြန်မာပြည်မှာ အရမ်း ထွန်းကား စည်ပင်တယ် ဆိုတာ သိပ်ကြောက် ဖို.ကောင်း သည်။ ဒုက္ခတွင်းမဲကြီးစီ အရောက် အားလုံးကို ပို.နေတဲ. လမ်းဆိုးကြီးပဲဖြစ်သည်။ အစိုးရက ကမကထပြု တဲ. လမ်း ဆိုပေမဲ.ဒီလမ်းဖေါက်ထားသူတွေလဲ အနှေးနဲ.အမြန်ဆို ဒီလမ်း
ဆုံးပဲရောက်သွား လိမ်.မည်။ သံသရာကို စောင်.ဖို. ကမှ နဲနဲ ကြာ ပါဦးမည်။

တိုင်းပြည်ချစ် တဲ. သူမှန်သမျှ ကိုယ်.အလုပ် ကိုယ် လုပ် ကြရမယ်။

လူတွေ၊ သန်းပေါင်းများစွာသော မြန်မာ နိုင် ငံသားတွေ မှာ ဘဝတန်ဖိုး မရှိ။ လွတ်လပ်မှုမရှိ။ ပိုင်ဆိုင်မှုမရှိ။သူတို.ကို ထိခိုက် ဆင်းရဲစေသောအကြောင်းရင်းများ နင်. ဤ အကြောင်း တရားတို. ကို အမြဲလက်ခံနေရ မည်. ဥပဒေ(သို.)neo-military လူမှုယဉ်ကျေးမှု တရပ် ကို စနစ်တကျ ထိန်းချုပ် ထားချင်သော လက်တဆုပ်စာ လူတစု ၏ သွေးထိုးခြယ်လှယ် ခြင်း တို.ကို ဘယ်သူကမှ အားပေး အား မြှောက် မလုပ်သင်.တော.ပြီ။ ပါလီမန် ရှိရင် ဒေါ်စုလည်း ရှိနေပြီ ၊ အလိုလို အဖြည်းဖြည်း နဲ. အကျင်.ပျက်မှု တိုက်ဖျက်ရေး ဥပဒေတွေ ပေါ်လာမှာ ပဲလို. မျှော်ပြီးရင်းမျှော်ဆဲ ဆို လျှင် ကိုယ်. ကြမ္မာ ကိုယ် ဖန်တီးရ မည်. အနေအထားတွင် ၊ တကယ်ရင်ဆိုင်နေရသော နိုင်ငံ. စီးပွား လူမှုပြဿနာ ကြီး ကို အန္တရယ် ကြီးစွာ လျှော.၍ ဖေါ.၍ တွေးခေါ်မေ.လျော. လိုက်ခြင်း မဟုတ်ပါလား။ အလွန်.အလွန်အရေးပါ သော၊ အန္တရယ် ကြီးမားသော ၊ သူ.ကို မရှင်း လျင် ရှိသမျှကျန်တဲ.အရာအား လုံး တစစီ ပျက်စီး သွားစေ မည်. တကယ်.အရင်းခံပြဿနာ ဆိုးကြီးသာ မဟုတ်ပါလား။

ကြောင်တကောင် ပင်လျင် ဘုရင်မကြီးဆိုတာကို စိုက်ကြည်.လို. ရ တယ်ဆိုတဲ.English စကားပုံလေးရှိပါတယ်။
A cat may look at a Queen တဲ.။ မြန်မာပြည်က ဘုရင် မဟုတ်သော သူများ ကို ကမ်းနားသစ်ပင် လို.သာ သဘောထား ကြမယ်။ တိုင်းပြည်ချစ် တဲ. သူမှန်သမျှအတူတူ ငြိမ်းချမ်းစွာ ဒီပြဿနာ ကို ဖြေ ရှင်းကြမယ်။ သူတို.ကို အားလုံး တဖန်ပြန် စိုက်ကြည်.ကြမယ်။ နိုင်ငံသားတွေ ရဲ. အသေး၊အလတ်၊အကြီး ရဲဝင်.မှု အသီးသီးကို ခြွင်း ချက်မရှိ ဖိနှိပ် နိုင် ခဲ.တဲ. ဘုရင် ဆို တာ ဘယ်. ကမ္ဘာ. သမိုင်းမှာ မှ တခါ မှ မရှိ ခဲ.တာ သာအမှန်တရား။ 


Thanks.
aasw
May 22, 2012



Obama လိုပဲ ဦးသိန်းစိန်လဲ ခေါင်းစားနေမှာပါ

ဒီမှာတော့ အတည်လိုလို ပြောင်သလိုလိုနဲ့ မြန်မာပြည်သားတွေ ပြောကြတယ်၊

ဦးနေ၀င်း နဲ့ အသိုင်းအ၀်ုင်း မြန်မာနိုင်ငံကို စုတ်ပြတ်သတ်သွားအောင်လုပ်ဖို့  ၂၆ နှစ်လောက်အချိန်ယူရတယ်၊
George W. Bush ကတော့ အမေရိကန်ပြည်ကို ချွတ်ခြုံကျသွားအောင် လုပ်ဖို့  ၈ နှစ်ပဲအချိန်ယူတယ်၊ ( အဲဒီ တုံးက အမေရိကန်သမ္မတ အစစ် ဟာ Bush လား Cheney လားဆိုတာ ခွဲခြားဖို့ ခက်ပါတယ်.။)

အခုအချိန်မှာ မြန်မာပြည်ရဲ့လူဦးရေက ၅၄ သန်းရှိပြီး အမေရိကန်မှာတော့ ၃၁၃ သန်းရှိတယ်။
ပြည်ပကို အကြွေးတင်နေတာက မြန်မာပြည် က 7.14 ဘီလျံ ရှိပြီး အမေရိကန် က 14000ဘီလျံ ရှိပါတယ်၊
(အမေရိကန် က ကမ္ဘာပေါ်မှာ အကြွေးအများဆုံးနိုင်ငံဖြစ်ပါတယ်၊ မြန်မာနိုင်ငံကတော့ အဆင့် ၉၇ မှာရှိပါတယ်၊)

အချိန်ရှိလို့ ရှိရင် တွက်ချက်လို့ ရပါတယ်။. နိုင်ငံသားတစ်ဦးအနေနဲ့  အကြွေးဘယ်လောက်တင်နေလဲဆိုတာ၊

Obama တစ်ယောက် အမေရိကန်နိုင်ငံ ကို စီးပွားရေး ကပ်ကနေ ပြန် တက်လာဖို့   ကြိုးစားပန်းစားလုပ်နေတာ    ဆံပင်တွေ ဖြူ သထက်ဖြူလာတဲ့အထိ  အတိုက်အခံပါတီ (ရီပတ်ပရီကင်ပါတီ) က ပြတ်ပြတ် သားသား ဆန့် ကျင်နေတာကို ခံနေရပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်လည်း စုတ်ပြတ်နေတဲ့ တိုင်းပြည်ကို ပြန်ခေါင်းမော့လာဖို့  အမျိုးမျိုး ကြိုးစား နေရတာ မို့  ကျန်းမာရေးလည်းတော်တော် ကျသွားမှာပါ၊ ခေါင်းပေါင်းနဲ့ ဆို တော့ ဆံပင်ဘယ်လောက်ဖြူ သွားပြီ လည်းတော့ မသိပါ။ သေချာတာကတော့ ဆံပင်တွေ ကျွတ်နေမှာတော့ သေချာပါတယ်။

သမ္မတဦးသိန်းစိန် တစ်ယောက် ဒေါ်အောင်ဆန်းစုကြည် နဲ့  ပူးပေါင်း ပြီး  မြန်မာနိုင်ငံရဲ့ အကျိုးအတွက် ရေရှည် ဆောင်ရွက်နိုင်ဖို့  ကျန်းမာစေဖို့ ဆုတောင်း လိုက်ပါတယ်။
 http://www.presidentutheinsein.blogspot.ca/

သေဒဏ်ချမှတ် ခံရတဲ့ ကိုဖြိုးဝေအောင် အသည်း ရောဂါ ကြောင့် ရှင်သန်ရက် အနည်းငယ်သာကျန်

by FNG on May 22, 2012

HKT၂၀၁၀ ခုနှစ် သင်္ကြန် ကာလ ဗုံးပေါက် ကွဲ မှု နဲ့  မတရားဖမ်းဆီး ခံရပြီး သေဒဏ် ချမှတ် ခံရတဲ့
ကိုဖြိုးဝေအောင် ဟာ အသည်း ရောဂါ ကြောင့် ကြာရှည် စွာ နေထိုင် ရဖို့  မရှိ နိုင် တော့ ဘူး လို့ 
သူ့ ရဲ့  ညီဖြစ်သူ ကိုထက်ဝေအောင် က FNG ကို ပြောပါတယ်။အသည်း ရောဂါ ခံ စား နေရ ပေမယ့် အင်းစိန် အကျဉ်းထောင် အာဏာ ပိုင် တွေ ဟာ
ကိုဖြိုးဝေအောင် ကို ဆေးကုသခွင့် မပေး ဘဲ အကိုက်အခဲ ပျောက် ဆေး ၊ ပိုးသတ်ဆေး
စတာ တွေ ကို သာ ပေးခဲ့ ပါ တယ်။

ကိုဖြိုးဝေအောင် ကို သေဒဏ် ချမှတ် ပြီး နောက်တစ်နေ့ မှာ အင်းစိန် ထောင် တွင်း ဆေးရုံ
ကြီး ကို လွှဲ ပြောင်းခဲ့ ပေမယ့် အဲဒီမှာ အသည်း ရောဂါ ကု ဆရာဝန် မရှိ ပဲ အထွေထွေ ရောဂါ
ကု ဆရာဝန် နဲ့  သာ ကုသခံနေရပါတယ်။

ကိုဖြိုးဝေအောင် နဲ့  သူ့  မိသား စု က ပြင်ပ ဆေး ရုံကြီးမှာ တက်ရောက် ကုသ နိုင်ဖို့  အာဏာ
ပိုင် တွေ ကို တောင်း ဆိုထား ပေမယ့် လွှဲ ပြောင်း ပေး ခြင်း မပြု ပါဘူး ။

ကိုဖြိုးဝေအောင် ရဲ့  ညီ ကိုထက်ဝေအောင် က ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး
ကိုယ်စားလှယ် သောမတ်စ်အိုဟေး ကင်တားနား ကို အကို ဖြစ် သူ ရဲ့  ကျန်းမာ ရေး အခြေအနေ
အကြောင်း စာရေး သာ ဆက်သွယ် အကြောင်း ကြား ခဲ့ ပြီး ကင်တာနား ကလည်း ဒီကိစ္စကို အနီး
ကပ် စောင့် ကြည့် နေတယ် လို့  သတင်း ထုတ် ပြန်ထား ပါတယ်။

မြန်မာ အစိုးရ သစ် လက် ထက် မှာ ထင်ရှားတဲ့ နိုင်ငံ ရေး အကျဉ်းသား အချို့  ကို ပြန်လွှတ်ပေး
ခဲ့ ပေမယ့် ဦးမြင့်အေး ၊ ကိုအေးအောင်  စတဲ့ နိုင်ငံ ရေး အကျဉ်းသား တွေ ကို ဆက် လက် ဖမ်း
ဆီးထား ဆဲ ဖြစ်ပါတယ်။

စင်္ကာပူ နိုင်ငံ ဆီဘ၀န် ရပ် ကင်ဘာရာ လမ်း ပေါ် တွင်၁၃ ထပ် အမြင့် မှ မြန်မာ အိမ်ဖော်တစ်ဦး ပြုတ်ကျသေဆုံး

by FNG on May 22, 2012
canberra_road_350b_00001

စင်္ကာပူ နိုင်ငံ ဆီဘ၀န် ရပ် ကင်ဘာရာ လမ်း ပေါ် တွင် ၁၃ ထပ်တိုက် အမြင့် မှ ပြုတ်ကျ သေဆုံး
နေသည့် မြန်မာ မိန်းကလေး ငယ် တစ်ဦး ၏ အလောင်း ကို တွေ့  ရှိရသည် ဟု စင်္ကာ ပူ ရဲတပ်
ဖွဲ့  ၏ သတင်း ကို ကိုကား ပြီး The Strait Times သတင်း စာ တွင် ဖော် ပြထား သည်။
အသက် ၂၄ နှစ် အရွယ် သေဆုံးသူ မြန်မာ မိန်းကလေး ၏  အလုပ်ရှင် မှာ မဒမ် ဂို ဟု သာ
သိရပြီး ထွက်ပြေးရာ မှ မတော်တဆ ပြုတ် ကျခြင်း ဖြစ် နိုင်သည် ဟု သတင်း တွင် ဖော် ပြ
ထား သည်။
သေမှုသေခင်း ကို စင်္ကာ ပူ ရဲ တပ် ဖွဲ့  က စုံစမ်း စစ်ဆေး နေသည် ဟု သတင်း တွင် ဖော်ပြထား
သည်။ မသေးဆုံး ခင် ညက အထိ မှား ယွင်းမှု တစ်စုံ တစ်ရာ မတွေ့ ရ ဟု မဒမ်ဂိုက ရဲ တပ်
ဖွဲ့  ကို ပြောသည်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလ က စင်္ကာပူ ရှိ မြန်မာ အမျိုး သမီး တစ်ဦး ဖြစ်သူ မရင်ငြိမ်းပွင့် မှာ နေ
အိမ် မှ ခုန်ချ သတ်သေသွား ခဲ့ ပြီး အခြား တစ်ဦး မှာ လည်း ထွက် ပြေး စဉ် ပြုတ်ကျ သေဆုံး
ခဲ့ သည်။
စင်္ကာပူ နိုင်ငံ တွင် စာရင်း ကိုင် အဖြစ်တာဝန် ထမ်းဆောင် နေသည့် မဇာခြည်ဝင်း က ” မနက်
စောစော ဆို ရင် မြန်မာ အိမ်ဖော် တွေ က မနက် ငါး နာရီလောက် ထဲ က ထ ပြီး စားဖို့ သောက်
ဖို့  စီစဉ် ပေးထား ရတယ် ၊ အိပ်ယာထ နောက်ကျ ပြီး အချိန် မှီ မပြင် ဆင် ပေး ဘူး ဆို ရင်
နှိပ်စက် တာ တို့  ၊ ကိုယ်ထိ လက်ရောက် လုပ်တာ တို့  တွေ ပါ ရှိတယ် ဟု FNG သို့  ပြောသည်။

မန္တလေးကဖယောင်းတိုင်အဖမ်းအဆီးသတင်း

By CJMyanmar
ယနေ့မနက်ပိုင်းတွင် ယမန်နေ့ညများတွင်ပြုလုပ်ခဲ့သော ၂၄နာရီ လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်ပါတ်သက်ခဲ့သူ အချို့အား သက်ဆိုင်ရာမှ ခေါ်ယူမေးမြန်း စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိပါသည်။   ၂၀၁၂ခုမေလ၂၀ရက် ၂၁ရက် မန္တလေးမြို့ပြည်သူများ၏ မီးထွန်းဆန္ဒဖော်ထုတ်ပွဲနှင့် ဆက်စပ်၍ ယနေ့၂၂ရက်မနက်အစောပိုင်းက မန္တလေးတိုင်းဒေသကြီး NLD မှ ဦးဇော်ဝင်းအောင်၊ဦးလှမိုး၊ဦးချစ်တင်၊ဒေါ်ခင်သန်းညွှန့်(မန်းတိုင်း NLD ဘဏ္ဍငွေရှာဖွေရေးအဖွဲဝင်)တို့ကို သက်ဆိုင်ရာက ၀ရမ်းမပါဘဲ မန္တလေးတောင်ခြေအနီးရှိ SBရုံးသို့ ခေါ်ယူမေးမြန်လျှက်ရှိကြောင်းသိရသည်။
ထိုသူတို့၏ နောက်ဆက်တွဲအခြေအနေ မသိရှိရသေးပါ။
  အာရှအလင်းရောင်ဖောင်ဒေးရှင်း(ပြင်ဦးလွင်)၏ လက်ခွဲ အာရှအလင်းရောင်ဖောင်ဒေးရှင်း(မန္တလေး)တာဝန်ခံ၊ မန္တလေးတိုင်း NLD ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့ဝင် လူမှုရေးတက်ကြွလှုပ်ရှားသူ ဒေါ်ခင်သန်းမြင့် အား ယနေ့နံနက်အစောပိုင်းက SB (သို့) ရဲများက ဖမ်းဝရမ်းမပါဘဲ ခေါ်ဆောင်ဖမ်းဆီးသွားကြောင်း သိရသည်။   မန္တလေး လျှပ်စစ်မီးရရှိရေး ဖယောင်းတိုင်မီးထွန်းလှုပ်ရှားမှုနှင့် ပတ်သက်ပြီး မန္တလေးမှ စာရေးဆရာ၊ ကဗျာဆရာ၊ အယ်ဒီတာ ဥက္ကာကျော် (ကလေး ၄ ယောက်၏ ဖခင်)လည်း ၄င်းနေထိုင်ရာ မြို့သစ်နေအိမ်မှ ယနေ့ နံနက် ၅ နာရီခန့်က SB (သို့) ထောက်လှမ်းရေး (သို့) ရဲများ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံလိုက်ရကြောင်း သိရသည်။ ယခုအထိ ၄င်းနှင့် အဆက်အသွယ်မရရှိသေးပါ။   ၂၀၁၂ ခုနှစ်၊ မေ (၂၀/၂၁) ရက်များတွင် မန္တလေး၌ ဖြစ်ပွားခဲ့သော လျှပ်စစ်မီး ပုံမှန်ရရှိရေး ဆန္ဒပြု ဖယောင်းတိုင်မီးထွန်းလှုပ်ရှားမှုနှင့် ပတ်သက်ပြီးယခုအခါ မန္တလေးမြို့ပေါ်၌ တစ်ယောက်ပြီး တစ်ယောက် အဖမ်းခံ (သို့မဟုတ်) ခေါ်ယူစစ်ဆေးမေးမြန်းခံနေရရာ ယခုအထိ နောက်ဆုံးကြားသိရသော သတင်းအရ လူဦးရေ အယောက် ငါးဆယ် ကျော်သွားပြီဟု CJMyanmar က သတင်းရရှိပါသည်။

ယနေ့ (၂၂.၅.၂၀၁၂) ည ၇ နာရီတွင်လည်း မန္တလေးမြို့၌ လျှပ်စစ်မီးပုံမှန်ရရှိရေး ဆန္ဒပြု ဖယောင်းတိုင်မီးထွန်းလှုပ်ရှားမှု တတိယမြောက်ရက်အဖြစ် ဆက်လက်ဆင်နွှဲမည်ဖြစ်ကြောင်း ယမန်နေ့က ပြုလုပ်ခဲ့သော အလားတူ လှုပ်ရှားမှုတွင် ဖြန့်ဝေခဲ့သော အလင်းရောင်အဖွဲ့၏ လက်ကမ်းစာများအရ သိရှိခဲ့ရရာ ယနေ့အင်္ဂါနေ့ညတွင် တတိယရက်မြောက် ဖယောင်းတိုင်မီးထွန်းဆန္ဒပြုပွဲ မန္တလေးတွင် လုပ်ဖြစ်မဖြစ် စောင့်ကြည့်ရမည်ဖြစ်ကြောင်း မန္တလေးမြို့ခံတစ်ဦးက CJMyanmar သို့ ပြောကြားလိုက်သည်။
  လူထုဒေါ်အမာ၏ သားထွေး စာရေးဆရာ ညီပုလေး လည်း မန္တလေး လျှပ်စစ်မီးပုံမှန်ရရှိရေး ဖယောင်းတိုင်မီးထွန်း ငြိမ်းချမ်းစွာလှုပ်ရှားမှု၏ နောက်ဆက်တွဲအဖြစ် ယနေ့ နံနက်ပိုင်းက SB/ရဲများ၏ ခေါ်ဆောင်သွားခြင်း ခံလိုက်ရကြောင်း CJMyanmar က သတင်းရရှိသည်။   True News ဂျာနယ်၏ မန္တလေးသတင်းထောက်၊ စိမ်းရောင်စိုလှုမှုကူညီရေးအဖွဲ့နှင့် အခြားသော လှုမှုရေးရာအဖွဲ့များတွင် တက်ကြွစွာပါဝင်ဆောင်ရွက်နေသူ ကိုမင်းထက်ငြိမ်းချမ်းလည်း SB/ရဲများ၏ ခေါ်ဆောင်သွားခြင်း ခံလိုက်ရကြောင်း CJMyanmar က သတင်းရရှိသည်။ အလွှတ်   စာရေးဆရာ ဆရာညီပုလေး အိမ်သို့ပြန်လည်ရောက်ရှိပြီ ဖြစ်ကြောင်း CJMyanmar မှ သတင်းရရှိပါသည်။     SB အဖွဲ့မှ ခေါ်ယူ မေးမြန်းခြင်းခံရသော ဆရာညီပုလေးအား မန္တလေးတောင်ခြေ အနီးရှိ အထူးရဲတပ်ဖွဲ့ရုံး (SB) ရုံးတွင် ခေါ်ယူ မေးမြန်းခြင်း ဖြစ်ပြီး ယခုပြုလုပ်နေသော လျှပ်စစ်မီး ရရှိရေး ဆန္ဒ ထုတ်ဖော်ပွဲနှင့် ပတ်သက်သော အချက်အလက်များကိုသာ အဓိက မေးမြန်းခဲ့ကြောင်း ဆရာညီပုလေးမှ CJMyanmar ကို ပြောကြားပါသည်။ ဆရာညီပုလေးအား SB အဖွဲ့မှ လူကြီး လူကောင်းဆန်စွာ မေးမြန်းခဲ့ပြီး ကော်ဖီတိုက်၊ ထမင်းကျွေး ဧည့်ခံခဲ့ကြောင်းကို ဆရာညီပုလေးမှ ပြောကြားပါသည်။
SB ရုံးတွင် ဆရာ မင်းထက်ငြိမ်းချမ်းအား တွေ့ရှိခဲ့ကြောင်းနှင့် ဆရာ မင်းထက်ငြိမ်းချမ်း ယင်းရုံးသို့ ရောက်ရှိချိန် နောက်ကျခြင်းကြောင့် စစ်ဆေးမေးမြန်းမှု မပြီးသေးတာ ဖြစ်နိုင်ကြောင်း၊ NLD ပါတီဝင် ၃-၄ ယောက်ခန့်ကိုပါ တွေ့ခဲ့ရကြောင်းနှင့် စစ်ဆေးမေးမြန်းနေသည့် အခန်းများစွာ ရှိသည့် အတွက် ဘယ်နှစ်ယောက်ကို ခေါ်မေးမြန်းနေသည်ဆိုတာ မသိရကြောင်းကိုလည်း ဆရာညီပုလေးမှ CJMyanmar သို့ ပြောကြားသွားပါသည်။
  သက်ဆိုင်ရာမှ မေးမြန်းရန် ခေါ်ဆောင်သွားသော မ အမာနီ ပြန်လည်လွှတ်မြောက်လာပြီဟု သိရှိရပြီး ဆက်သွယ်မေးရာ ဆက်သွယ်လို့မရသေး။ကဗျာဆရာ ဥက္ကာကျော်ထံဖုန်းဆက်မေးမြန်းကြည့်ရာ ယခုထိ အိမ်သို့ပြန်လည်ရောက်ရှိမလာသေးပဲ မနက် ၅နာရီခွဲခန့်က ကားတစ်စီး နဲ့ ဆိုင်ကယ်တစ်စီး ဖြင့် လာရောက်ခေါ်ဆောင်သွားပြီး ခဏနေအိမ်သို့ပြန်လည် ပို့ဆောင်ပေးမည်ဟု ကိုဥက္ကာကျော်၏ အမျိုးသမီးသို့ပြောကြားသွားကြောင်းသိရသည်။   CJ Myanmar မှဆက်သွယ်မေးမြန်းရာ ကဗျာဆရာ ဥက္ကာကျော် ပြန်လည်လွတ်မြောက်ကြောင်း သိရပါသည်။   မန်းလျှပ်စစ်မီးပုံမှန်ရရှိရေး ဖယောင်းတိုင်မီးထွန်းလှုပ်ရှားနှင့် ပတ်သက်၍ ယနေ့နံနက်ပိုင်းအစောပိုင်းက မန်းတောင်ခြေစစ်ကြောရေးစခန်းသို့ ခေါ်ဆောင်စစ်ဆေးမေးမြန်းခံရသူ အားလုံးနီးပါး နာရီပိုင်းအတော်ကြာ အထိန်းသိမ်းခံခဲ့ရပြီးနောက် ယခုအခါ ပြန်လည်လွတ်မြောက်လာကြပြီဖြစ်ကြောင်း သိရသည်။

ပြန်လည်လွတ်မြောက်လာသူတစ်ဦးထံ ဆက်သွယ်မေးမြန်းရာ- ထိန်းသိမ်းခံရစဉ် ထိန်းသိမ်းခံရသူအချင်းချင်း တစ်ဦးနှင့် တစ်ဦး အခန်းခွဲထားကြောင်း၊ ဘယ်သူတွေ သူ့လို အထိန်းသိမ်းခံနေရကြောင်း သိရှိခွင့်မရခဲ့ကြောင်းနှင့် အဓိက မေးမြန်းသည်များမှာ
- ခင်ဗျားက ဘယ်ပါတီဝင်လဲ
- ဒီကိစ္စ ဘယ်သူ(ပါတီ/အဖွဲ့အစည်းတစ်ခုခု) ဦးဆောင်တာလဲ
- မီးထွန်းမယ့်ကိစ္စ ဘယ်ကဘယ်လိုသိရပြီး ပါဝင်ဆင်နွှဲတာလဲ
- အခြား ဘယ်သူတွေ ပါဝင်သေးလဲ

စသဖြင့် စသဖြင့် ဖြစ်ပြီး ပြန်လည်လွတ်မြောက်လာသူတစ်ဦးနှင့် အင်တာဗျူး အသေးစိတ်ကို မကြာမီ CJMyanmar က ဆက်လက် တင်ဆက်ပေးပါမည်။