Wednesday, May 23, 2012

မီးမလာလို့ရေမရ၊တိုင်းပြည်တခုလုံးအုတ်အော်သောင်းနင်းဖြစ်၊ ဒီမိုကရေစီနိုင်ငံတွေမှာအရေးပေါ်အခြေအနေဖြစ်ရင်သမ္မတဟာ အတိုက်အခံခေါင်းဆောင်တွေနဲ့ဆွေးနွေးရတယ်၊ အဘစိန်နှလုံးရောဂါအဖြစ်ခံမလား၊အမေစုနဲ့တွေ့ပြီး နိုင်ငံ့အခက်အခဲဖြေရှင်းမလား။

The Voice စာစောင်မှ သတင်းရေးသားသူ အမည်ထုတ်ဖော်ပေးရန် လျှောက်ထားမှု တရားရုံးမှပလပ် လိုက်ပြီ

Yangon Press International >
မေလ ၂၃ ရက်၊ ၂၀၁၂ ခုနှစ်-ဟံသာ >
(YPI) >
ပြီးခဲ့သည့် လပိုင်းက The Voice စာစောင်မှ သတ္တုတွင်းဝန်ကြီးဌာနနှင့် ငွေကြေး အလွဲသုံးမှုတွေ့ရှိ ဆိုသည့် သတင်းကို ရေးသား ဖော်ပြပြီး ၀န်ကြီးဌာနမှ စာစောင်ကို တရားစွဲဆိုရင်ဆိုင်နေစဉ် သတင်းရေးသားသူ အမည်ထုတ်ဖေါ်ပေးရန် လျှောက်ထားမှုကို ယနေ့ ဒဂုံမြို့နယ် တရားရုံးကအမှုကို ပလပ်လိုက်သည်။ >
တရားရုံးမှ အမှုကို ပလပ်လိုက်သည့်ကိစ္စနှင့်ပတ်သတ်၍ The Voice စာစောင်မှ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက >
“စွပ်စွဲခံရတဲ့ သတင်းထောက် နာမည်ကို အတင်းအကျပ်ဖော်ထုတ်ပေးဖို့ သူတို့တရားရုံးမှာက တာဝန်မရှိဘူး အယ်ဒီတာချုပ်အနေနဲ့လည်း တာဝန်မရှိဘူးဆိုပြီး ပလပ်လိုက်တာ”ဟု ၎င်းကဆိုသည်။ >
အကယ်၍ သတ္တုတွင်းဝန်ကြီးဌာနမှ သတင်းရေးသားသည့်တင်းထောက်နာမည်ကိုဖော်ထုတ်ချင်သည့်အခါ ၎င်းတို့ ကိုယ်တိုင် သတင်းထောက် အမည်ကိုကြိုးစာဖော်ထုတ်နိုင်ပါက ယင်းသို့ စုံစမ်းဖော်ထုတ်နိုင်သည့် အချိန်တွင် တရားရုံးသို့ထပ်မံတင်ပြပါက တရားရုံးကဥပဒေနှင့် အညီပြန်လည်စီ ရငျက်ချပေးမည်ဟုပြောကြောင်း ၎င်းကဆက်ပြောသည်။ >
ယခု ကဲ့သို့ တရားရုံးက အမှုကိုပလပ်လိုက်သည့် ဆုံးဖြတ်ချက်ချမှုအပေါ်သတ္တုတွင်း ၀န်ကြီးဋ္ဌာနဘက် မှအမည်မဖော်လိုသူ ဥပဒေအရာရှိတဦးက “သင့်တော်ပါတယ်။သင့်မြတ်တဲ့ဆုံးဖြတ်ချက် တခုပါ အထူးပြောစရာမရှိပါဘူး” ဟုပြန်လည်ဖြေကြားခဲ့သည်။ >
ပြီးခဲ့သည့် မတ်လ ၁၂-၁၈ ရက်စွဲပါ The Voice Weekly စာစောင်အတွဲ (၈)၊အမှတ် (၁၃) မျက်နှာဖုံး တွင် “၀န်ကြီးဌာနအချို့ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများစစ်ဆေးတွေ့ရှိ”ဟူသောခေါင်းစဉ်ဖြင့် သတ္တုတွင်း ၀န်ကြီးဋ္ဌာန၏ ငွေအလွဲသုံးစားလုပ်မှု နှင့်ပတ်သက်၍ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောဆိုခြင်း အပေါ်အခြေခံ၍ ရေးသားထားခြင်းဖြစ်သည်။ >
အဆိုပါရေးသားချက်မှာ မှန်ကန်မှုမရှိဟုဆိုကာသတ္တုတွင်း ၀န်ကြီးဋ္ဌာနက သတင်းရေးသားသူကိုဖော်ထုတ်ပေးရန်အပါအ၀င် အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် The Voice စာစောင် ကို တရားစွဲဆိုခဲ့ပြီးမတ်လကုန်ပိုင်းတွင် The Voice စာစောင်မှအမှုကို စတင်ရင်ဆိုင်ခဲ့သည်။ >
ယခု တရားရုံးတော်မှအမိန့်ချမှတ်လိုက်သည့် လျှောက်ထားမှု ပလပ်ချက်မှာ သတင်းရေးသားသူဖော်ထုတ် ပေးရန် သတ္တုတွင်းဝန်ကြီးဌာနက လျှောက်ထားသည့် အမှု ကိုသာ ပလပ်လိုက်ခြင်းဖြစ်ပြီး အသရေဖျက်မှု ပုဒ်မ ၅၀၀ အမှုကိုဆက်လက်စစ်ဆေးရန် လာမည့်ဇွန်လ ၆ရက်နေ့တွင် တရားရုံးမှ ထပ်မံချိန်းဆို ထားသည်။ >
အဆိုပါ ဇွန်လ ၆ရက်နေ့တွင် ၀န်ကြီးဌာနမှ စာစောင်သို့စွဲဆိုထားသည့် ပုဒ်မ ၅၀၀ အသက်ရေဖျက်အမှုကို အခြေခံဥပဒေခုံရုံးသို့ပို့ရန် စာတင်ထားခြင်းနှင့်ပတ်သတ်၍ ပို့သင့်မပို့သင့် လျှောက်လဲ ချက်ပေးသွားမည်ဟု The Voice စာစောင်ဘက်မှ အမှုလိုက်ပေးနေသည့် ရှေ့နေဦးသိန်းညွန့်က ပြောသည်။ ။ >
>

နိုင်ငံရေးတွင် ဗိုလ်ချုပ်မှူးကြီး ရာနှုန်းပြည့် မပါဝင်ဟုဆို

23 May 2012  |
By Venus News Journal
 height=









သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အရပ်သား အစိုးရသစ် လက်ထဲသို့ အာဏာ လွှဲပြောင်း ခဲ့သော နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ် မှူးကြီး သန်းရွှေနှင့် နိုင်ငံအတွက် အရေးကြီးသော ဆုံးဖြတ်ချက် အတွက် တိုင်ပင်ခြင်းမရှိဘဲ ဗုဒ္ဓဘာသာ ထုံးတမ်း အစဉ်အလာအရ သွားရောက် ဂါရဝ ပြုခြင်းသာ ရှိကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက လန်ဒန်မြို့သို့ရောက်ရှိစဉ် ဘီဘီစီမြန်မာပိုင်းအစီအစဉ်နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သည် နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ရာနှုန်းပြည့် ပါဝင်ခြင်းမရှိတော့ ကြောင်း၊ လက်ရှိ အစိုးရတာဝန် ရှိသူအချို့နှင့် ညှိနှိုင်းမှုအချို့ရှိသော် လည်း အရေးကြီးသော ဆုံးဖြတ် ချက်များအတွက် ၄င်းနှင့် တိုင်ပင် ခြင်းမရှိကြောင်း၊ သို့ရာတွင် အခါ ကြီး ရက်ကြီးများတွင် သွားရောက် ဂါရဝပြုမှုရှိကြောင်း သူရ ဦးရွှေမန်း က ဆိုသည်။
“လောလောဆယ်မှာ ဒီလို အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ အတွက် ဗိုလ်ချုပ်မှူးကြီးနဲ့ တိုင်ပင် မှုမရှိပါဘူး။ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ဖြစ်ပေါ်လာတဲ့ အစိုးရကို တာဝန် လွှဲပြီး နောက်ပိုင်းမှာ လက်ရှိ အစိုးရ မှာ တာဝန်ရှိတဲ့ ခေါင်းဆောင်ပိုင်း၊ သက်ဆိုင်သူများနဲ့ ညှိနှိုင်းဆောင် ရွက်တာပဲ ရှိပါတယ်။ ကျွန်တော်တို့ မြန်မာဗုဒ္ဓဘာ သာများ ထုံးတမ်း အစဉ်အလာအရ တစ်နှစ်ကို တစ်ကြိမ်လောက်တော့ စုပေါင်းပြီးတော့ လူကြီးကို ဂါရဝပြုတဲ့သဘော ရှိပါတယ်။ အလုပ် ကိစ္စနဲ့ ပတ်သက်လို့ ကတော့ မရှိဘူးလို့ ပြောလို့ရပါတယ်။ ဘယ် လောက်ထိမရှိဘူးလဲဆိုရင် ရာခိုင်နှုန်းပြည့်မရှိဘူးလို့ ပြောလို့ရပါ တယ်”ဟု သူရဦးရွှေမန်းက ဘီဘီစီ သတင်းဌာန၏ အမေးကို ပြန်လည် ဖြေကြားသည်။
သွားရောက် ဂါရဝ ပြုချိန်တွင်လည်း ဗိုလ်ချုပ်မှူးကြီး က နိုင်ငံရေးအကြောင်း ပြောဆို မေးမြန်းမှု မရှိကြောင်းလည်း ၄င်းက ဆက်လက်ပြောဆိုသည်။ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း ကလည်း ဗိုလ်ချုပ်မှူးကြီးသည် နေအိမ်တွင် အေးအေးဆေးဆေး စာဖတ်နေကြောင်း ၂၀၁၁ ခုနှစ် အတွင်း ပြည်ပ သတင်း ဌာန တစ်ခုနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြော ဆိုခဲ့သည်။
Venus News Journal

လိမ့်ကျလို့ရှိရင် အောက်ကသူတွေလဲ မသက်သာဖူး

DVB TV News

ဒုသမ္မတကြီးဒေါက်တာ စိုင်းမောက်ခမ်းရဲ့ စကား

အဘ ဥက္ကာကိုကို

အလုပ်သမားများဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်၍ ၈၈မျိုးဆက်ကျောင်းသားများကြေညာချက်

LED မီးစလောင်းကြီးများဖြင့် အရေးပေါ် ခွဲစိတ်ကုသ

ရန်ကုန်မြို့ရှိ အစိုးရဆေးရုံကြီးတစ်ခု၏ ဦးနှောက်နှင့် အာရုံကြောဌာန ခွဲစိတ်ခန်းတွင် ဆရာဝန်ကြီးများက ခေတ်မီ နောက်ဆုံးပေါ် Rechargeable LED မီးစလောင်းကြီးများဖြင့် အရေးပေါ် ခွဲစိတ်ကုသနေစဉ်
ဓါတ်ပုံ - ဒေါက်တာ KKAT


Messenger News Journal
လျှပ်စစ်မီးရရှိရေး အတွက်ဖယောင်းတိုင်ထွန်းဆန္ဒထုတ်ဖော်သူတစ်ဦး